“အစၥလာမ္ဘာသာကို သက္ဝင္ယံုၾကည္လာသူ British အမ်ိဳးသမီး တစ္ဦး အေၾကာင္း”

Mohammed Naeem‘s photo.

‎”အစၥလာမ္ဘာသာကို သက္ဝင္ယံုၾကည္လာသူ British အမ်ိဳးသမီး တစ္ဦး အကြောင်း”

အသက် ၂၂ နှစ်အရွယ် “Aisha Uddin” ဟာ ကျမ်းမြတ်ကုရ်အာန်မှ အဖွင့်ကဏ္ဌတော်ဖြစ်တဲ့ ‘Surah Al-Fatiha’ ကို သူမရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်တဲ့ “Sameeah Karim” နဲ့အတူ အိမ်မှာ ဖတ်ရွတ် သရဇ္ဈာယ် နေပါတယ်။ သူမဟာ ရွတ်ဖတ်ရာမှာ နားလိုက် ဖတ်လိုက် လုပ်နေရပေမဲ့ စာသားတွေကိုတော့ ပြည့်စုံစွာ ဖတ်ရွတ်နိုင်ခဲ့ပါတယ်။

Aisha နဲ့ Sameeah တို့နှစ်ဦးမှာ မတူညီတဲ့ အချက်က အသက် ၃၅ နှစ် အရွယ်ရှိသူ Sameeah ဟာ ပါကစ္စတန်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်လာတဲ့ မိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ငယ်စဉ်ဘဝကစပြီး ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်ရင်း ကြီးပြင်းလာသူ ဖြစ်ပေမဲ့ Aisha အတွက်ကတော့ လုံးဝကို ဆန်းသစ်တဲ့ ကျမ်းစာတွေပါ။

Aisha ဟာ အစ္စလာမ်ဘာသာကို လက်ခံတာ (ဒီဆောင်းပါး မူရင်း ရေးသားချိန်အထိ) ၂ နှစ်သာရှိပါသေးတယ်။ သူမရဲ့ ယခင်အမည်က “Laura” ဖြစ်ပြီး အသားအရေ ဖြူပြီး တောက်ပတဲ့ အပြာရောင် မျက်လုံးတွေရဲ့ ပိုင်ရှင်ပါ။ Birmingham မှာ နေထိုင်သူ ဖြစ်ပြီး အစ္စလာမ်ဘာသာကို လက်မခံမီအထိ အခြားသော British အမျိုးသမီးများလို ဝတ်စား ဆင်ယဉ် ချယ်သလေ့ရှိသူပါ။

အခုတော့ Laura တစ်ဖြစ်လည်း Aisha ဟာ မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးလို ခန္ဓာကိုယ်ကို လုံခြုံစွာ ဖုံးအုပ်နိုင်တဲ့ (Jilbab) လို့ခေါ်တဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားရောင် ခေါင်းဆောင်းပုဝါကို ခြုံထားပါတယ်။

“ကျွန်မအတွက်တော့ အခု အခြေအနေတွေဟာ ထူးခြား စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပြောင်းလဲမှုတွေပါ။ ဒါပေမဲ့ ဒါဟာ ကျွန်မကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ပျော်ရွှင်ကြည်နူးစရာ ပြောင်းလဲမှု တစ်ခုပါ။ အခု ကျွန်မဟာ ဘယ်သူဆိုတာကို ဘယ်သူ့ကိုမျှ သက်သေပြနေစရာ မလိုတော့ဘူးလေ” လို့ Aisha က ပြောခဲ့ပါတယ်။

Aisha ဟာ ကျောင်းသူဘဝမှာ စတင်ပြီး အစ္စလာမ်ဘာသာ အပါအဝင် ဘာသာတရားတွေကို စိတ်ဝင်စားခဲ့ပါတယ်။ သူမ နေထိုင်ရာနေရာနဲ့ နီးစပ်တဲ့ ဗလီဝတ်ကျောင်းကို တိတ်တဆိတ် သွားလာခဲ့ပြီး လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

“အစ္စလာမ်ဘာသာဟာ ကျွန်မ မျက်လုံးတွေကို ဖမ်းစားထားပါတယ်။ ကျွန်မဟာ အစ္စလာမ်ဘာသာကို အတွင်းကျကျ စူးစမ်းချင်နေမိတယ်။ အစ္စလာမ်ဘာသာဝင်တွေရယ်၊ သူတို့ရဲ့ နေထိုင်မှုစနစ်တွေရယ် စတာတွေကို လေ့လာစမ်းစစ်မှုတွေ ကျောင်းအားချိန်တွေမှာ လုပ်ခဲ့ပါတယ်။ Birmingham မှာနေတဲ့ ကျွန်မဟာ ဘာသာတရားတစ်ခုရဲ့ အသိုက်အဝန်းထဲမှာ လွှမ်းခြုံမိနေခဲ့ပါတယ်။” လို့ Aisha က သူမရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

သူမဟာ အခုလို ဝတ်စားဆင်ယဉ်ပုံတွေ၊ နေ့စဉ် ၅ကြိမ် ဝတ်ပြုတာတွေ စတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ဦးအဖြင့် မပြောင်းလဲမီ နှစ်အတန်ကြာ အစ္စလာမ်ဘာသာကို ထဲထဲဝင်ဝင် လေ့လာခဲ့ပါတယ်။

“ကျွန်မဘဝဟာ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲခဲ့ပါတယ်။ အရင်က အမြဲဆိုးခဲ့ပါတယ်။ အိမ်မှာလည်း အမြဲ ဒုက္ခပေးပါတယ်။ အပြင်မှာနေရတာ၊ အိမ်ပြင်သွားရတာ၊ ကျောင်းမှာ စာမကျိုးစားတာတွေဟာ ကျွန်မ အစ္စလာမ်ဘာသာကို လက်မခံခင်က အခြေအနေတွေပါ။

အစ္စလာမ်ဘာသာကို လက်ခံလိုက်တဲ့ အချိန်ကစလို့ တည်ငြိမ်အေးချမ်းမှုတွေ ရလာပါတယ်။ အိမ်မှာနေပြီး အင်တာနက်ကနေ ပညာဆည်းပူးခြင်းနဲ့ စာဖတ်ခြင်းတွေမှာ အချိန်ပေးလာပါတယ်။ အရင်ကထက် ပိုပြီး ပျော်ရွှင်လာပါတယ်။ ကျွန်မကိုယ် ကျွန်မလည်း ဂုဏ်ယူတတ်လာပါတယ်။ ကျွန်မဘဝမှာ တိကျတဲ့ တန်ဖိုးတစ်ခု ရှိလာခဲ့ပါတယ်။” လို့ Aisha က ရှင်းပြပါတယ်။

Swansea တက္ကသိုလ်ရဲ့ ‘The Charity Faith Matters ‘က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အစ္စလာမ်ဘာသာကို လက်ခံမှုတွေ တိုးပွားလာတဲ့ British လူမျိုးတွေအထဲက Aisha Uddin ဆိုတဲ့ အမျိုးသမီး တစ်ဦးလည်း အပါအဝင်ပါ။

စာရင်းစစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်တွေကို စီစစ်ကြည့်မယ်ဆိုရင် ၂၀၀၁ခုနှစ်ကစပြီး British ဗလီဝတ်ကျောင်းတော်ပေါင်း ၂၅၀ကျော် ရဲ့ ဥရောပတစ်ခွင်မှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ဝင်ရောက်လာသူ လူဦးရေ စစ်တမ်းအရ United Kingdom မှာတင် ၁သိန်းခန့်ရှိပြီး အဲဒီထဲမှာ လူမျိုးပေါင်းစုံ ပါဝင်ကြပါတယ်။ အဲဒီ
စစ်တမ်းအရ ၂၀၀၁ခုနှစ် တစ်နှစ်ထဲမှာတင် လူ ၆သောင်းခန့်ဟာ အစ္စလာမ်ဘာသာကို လက်ခံကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာကို အခုလို ကူးပြောင်းလာသူတွေကို စစ်တမ်းကောက်ယူ လေ့လာနေသူများက ငယ်ရွယ်သူ ဥရောပတိုက်သူ အမျိုးသမီး ၁၂၀ကို သူမတို့ရဲ့ အစ္စလာမ်ဘာသာကို လက်ခံခဲ့ရပုံ အတွေ့အကြုံတွေကို အတွင်းကျကျ လေ့လာစမ်းစစ်ခဲ့ပါတယ်။

Aisha Uddin လို အစ္စလာမ်ဘာသာကို ကူးပြောင်းလာသူ အများစုဟာ ကိုယ့်မိသားစုဝင် အရင်းအချာတွေရဲ့ ရန်လိုမုန်းတီးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ Aisha ရဲ့ မိဘတွေဆိုရင် သူမ အစ္စလာမ်ဘာသာကို လက်ခံလိုက်တာဟာ မွေးကျေးဇူးကန်းလိုက်တာပဲလို့ ပြောခဲ့ကြပါတယ်။

“ကျွန်မရဲ့ မိဘတွေဟာ ကျွန်မ အစ္စလာမ်ဘာသာကို လက်ခံလိုက်တာကို တော်တော်လေး မကျေမနပ်ဖြစ်ကြပါတယ်။ သူတို့က ကျွန်မဟာ ဘာကြောင့် အမည်ပြောင်းလိုက်ရတာလဲ။ ဘာကြောင့် ဆံကေသာကို ဖုံးအုပ်လိုက်တာလဲ။ ဘာကြောင့် ဒီလို လုံခြုံတဲ့ အဝတ်အစားတွေ ပြောင်းပြီး ဝတ်ရသလဲ စတဲ့ မေးခွန်းတွေ မေးကြပါတယ်။

လူ့အဖွဲ့အစည်း တစ်ခုအတွင်းမှာ မဟုတ်မမှန် ဝါဒဖြန့်လို့ သတင်းဆိုးတွေသာ ပြန့်နှံ့နေတဲ့ အစ္စလာမ်ဘာသာကို လေ့လာကြည့်တော့မှ အဲဒီ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ မွတ်စ်လင်မ်တွေဟာ အလွန်ခင်မင် ရင်းနှီးစရာကောင်းတဲ့ သူတွေဆိုတာ ကျွန်မသိခဲ့ရပါတယ်။ ကျွန်မ မွတ်စ်လင်မ် ဖြစ်ရတာ ဂုဏ်ယူပါတယ်။ ကျွန်မ မိသားစုရဲ့ ဝေဖန်မှုတွေကိုလည်း လစ်လျူရှုထားလိုက်ပါတယ်။” လို့ Aisha က သူမရဲ့ ခံစားချက်ကို ပြောပြပါတယ်။

အခုတော့ Aisha မှာ ကူညီပေးမဲ့သူတွေ ရှိလာခဲ့ပါပြီ။ မကြာသေးမီကပဲ အာရှရိုးရာဓလေ့ British Bangladeshi အမျိုးသား တစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့ပြီး အမျိုးသားဘက်က ဆွေမျိုးများနဲ့ အတူနေထိုင်နေပါတယ်။

သူမမှာ သူမလို အစ္စလာမ်ဘာသာကို လေ့လာပြီးမှ လက်ခံခဲ့တဲ့ မွတ်စ်လင်မ် မိတ်ဆွေတွေလည်း ရှိနေပါပြီ။ အဲဒီ သူငယ်ချင်းတွေကိုတော့ အစ္စလာမ်ဘာသာကို အခုမှ ကူးပြောင်းလက်ခံလာသူတွေရဲ့ အုပ်စုတွေကနေ ရရှိခဲ့တာပါ။

“သူက Lailah, သူက Hanan, သူက Mary နဲ့ သူကတော့ တစ်ဦးတည်းသော အာရှတိုက်သူ Sameeah ပါ” ဆိုပြီး ရောင်စုံ ခေါင်းဆောင်းပုဝါ ကိုယ်စီနဲ့ သူငယ်ချင်းတွေနဲ့အတူ တန်းစီပြီး ရိုက်ထားတဲ့ သူမ မင်္ဂလာဆောင်စဉ်က ဓာတ်ပုံကို Aisha က ပြုံးရွှင်စွာ ထုတ်ပြပါတယ်။

လန်ဒန်မြို့ရဲ့ အချက်အချာမှာရှိတဲ့ Regent’s Park ဗလီဝတ်ကျောင်းတော်မှာ ဆိုရင် သောကြာနေ့ လာရောက်ဝတ်ပြုကြတဲ့ လူစုလူဝေးထဲမှာ အနောက်တိုင်းသား အများအပြား လာရောက်ဝတ်ပြုကြပါတယ်။

အပတ်စဉ် များသောအားဖြင့် စနေနေ့မှာ အစ္စလာမ်ဘာသာကို လက်ခံလိုသူများဟာ အဲဒီ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြပါတယ်။ လာရောက်ကြသူ အများစုက အမျိုးသမီးတွေပါ။

British ဝန်ကြီးချုပ်ဟောင်း Tony Blair ရဲ့ ခယ်မဖြစ်သူ Lauren Booth လည်း အဲဒီ ဗလီဝတ်ကျောင်းတော်မှာပဲ ဝတ်ပြုလေ့ရှိပါတယ်။

လန်ဒန်မြို့ရဲ့ ရှေ့ဆောင်ဆရာ တစ်ဦးဖြစ်သူ Ajmaal Masroor က
“အစ္စလာမ်ဘာသာကို လက်ခံကူးပြောင်းလာသူတွေထဲမှာ ၄ပုံ ၃ပုံဟာ အမျိုးသမီးတွေဖြစ်နေတာကို တွေ့ရပါတယ်” လို့ သူ့ရဲ့ လေ့လာတွေ့ရှိမှု အတွေ့အကြုံကို အံ့အားသင့်စွာ ပြောပြခဲ့ပါတယ်။

သူကပဲ ဆက်လက်ပြီး “ဒီနေ့ လူတွေဟာ ပတ်ဝန်းကျင်မှာ ခေတ်စားနေတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပျော်ရွှင်မှုရှာနေကြတဲ့ အနေအထားကနေ နာမ်ဝိဥာဉ်ပိုင်းအေးချမ်းသာယာမှု ရစေတဲ့ လူ့ဘဝနေထိုင်မှုကို လိုလားနေကြပါတယ်။

သူတို့ဟာ အဲဒီအချက်တွေကို အစ္စလာမ်ဘာသာမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ များသောအားဖြင့် အမျိုးသမီးများဟာ ဆယ်ကျော်သက်အရွယ်တွေက စပြီး အကြောင်းအရာ အချက်အလက်တွေနဲ့ ပတ်သက်လာရင် အတွေးအခေါ်ပိုင်းဆိုင်ရာမှာ၊ စဉ်းစားဆင်ခြင်ရာမှာ ပိုပြီး အရေးတယူရှိတတ်ကြတယ်။

ဒီလိုမျိုး ဥရောပတိုက်သားတွေ အစ္စလာမ်ဘာသာကို ပြောင်းလက်ခံလာနေတာ နှစ်ပေါင်း ၂၀ကျော်ရှိပါပြီ။ စက်တင်ဘာ ၁၁ အရေးအခင်းပြီးတော့ ပိုများလာပါတယ်။ လူတွေဟာ အစ္စလာမ်ဘာသာနဲ့ ပတ်သက်လို့ ပိုပြီးစူးစမ်းလေ့လာလိုလာခဲ့ပါတယ်။ဒါကြောင့် လေ့လာသူများဟာ တစ်ဘက်စောင်းနင်း ဝါဒဖြန့်နေတဲ့ မီဒီယာတွေကို ဘေးဖယ်ထားပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့ ကျမ်းစာအုပ် (ကုရ်အာန်ကျမ်းမြတ်) ကို အဓိကထားလေ့လာကြပါတယ်။

သူတို့အတွက် အစ္စလာမ်ဘာသာဟာ ပြည့်စုံတဲ့ လူသားတစ်ယောက်ရဲ့ ခရီးစဉ် (လူနေထိုင်မှုစနစ်) ကို သင်ယူနိုင်ခဲ့သလို အမှားနဲ့အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေလည်း ရရှိခဲ့ကြပါတယ်” လို့ ရှင်းပြပါတယ်။

မွတ်စ်လင်မ် Lifestyle Magazine တစ်ခုဖြစ်တဲ့ Emel မဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်သူ Sarah Joseph ကတော့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာတဲ့ ဥရောပတိုက်သူပါ။ သူမဟာ သူမရဲ့ ရုံးခန်းမှာ အသစ်ထွက်မဲ့ မဂ္ဂဇင်းကို ဖတ်ရှုနေပါတယ်။

သူမဟာ အစ္စလာမ်ဘာသာကို ဆယ်ကျော်သက်အရွယ်ထဲက လက်ခံခဲ့သူဖြစ်ပြီး ဦးခေါင်းဆံကေသာကို ဖုံးအုပ်တဲ့ Hijab ကို ဝတ်ဆင်ထားပါတယ်။ သူမဟာ သူမဘဝအတွက် ပိုပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အရာတွေကို လေ့လာနေပါတယ်လို့ ပြောပြပါတယ်။

“ကျွန်မဟာ မော်ဒလ် အေဂျင်စီ တစ်ခုမှာ ကြီးပြင်းလာသူပါ။ ပတ်ဝန်းကျင်မှာလည်း အပြင်ပန်း ခန္ဓာကိုယ် လှပရေး အတွက်သာ ကျွန်မဘဝကို အသုံးချခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ အခုဝတ်ဆင်ထားတဲ့ Hijab နဲ့ ဝိဥာဉ်နဲ့နာမ်ပိုင်းဆိုင်ရာ အလှကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ သူမရဲ့ ခံစားချက်ကို ပြောပြပါတယ်။

“အမျိုးမျိုးသော အခက်အခဲတွေကြားထဲက အစ္စလာမ်ဘာသာကို ကူးပြောင်းလာကြတဲ့ British လူမျိုးတွေဟာ အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဌကနေ ပါဝင်ကြရပါတယ်။ British မွတ်စ်လင်မ်တွေနဲ့ မွတ်စ်လင်မ် မဟုတ်သူများထံမှာ နှစ်ဘက်စလုံး နားလည်မှု ရှိလာအောင် ရှင်းပြပေးကြရပါတယ်” လို့ သူမတို့ရဲ့ အခန်းကဏ္ဌကို Sarah Joseph ကပဲ ရှင်းပြပါတယ်။

အစ္စလာမ်ဘာသာကို ကူးပြောင်းလက်ခံလာသူများဟာ ယခင် မိရိုးဖလာ ယဉ်ကျေးမှုနဲ့ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တို့ရဲ့ ယဉ်ကျေးမှု နှစ်မျိုး စလုံးမှာပါ နေထိုင်ခဲ့သူများဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ကူးလူးဆက်ဆံပြီး မျှဝေခံစားပေးသလို ကွဲပြားမှုတွေထက် တူညီတဲ့ အချက်တွေကို ဝေမျှကြရတာပဲ ဖြစ်ပါတယ်။

original link : http://www.bbc.co.uk/news/uk-12075931

Mohammed Naeem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s