ကြားဖြတ်သတင်း – အပြစ်မဲ့ကလေး (၄) ဦးကိုသတ်ဖြတ်ပြီး မိခင်ကိုဖမ်းဆီးသွား

ကြားဖြတ်သတင်း – အပြစ်မဲ့ကလေး (၄) ဦးကိုသတ်ဖြတ်ပြီး မိခင်ကိုဖမ်းဆီးသွား

M.S. Anwar
RB News
10.2.2013
မောင်တော ။ ။ ယမန်နေ့ ညတွင် မောင်တောမြို့မြောက်ပိုင်း၊ မြို့သိုက်ရွာ (ရူစူဖာရာ) ရှိရခိုင်လူမျိုး ဦးဘတင်၏နေအိမ်ကို နစက ၀တ်စုံများ ၀တ်ဆင်ထားသောဓါးပြများ (သို့မဟုတ်) အကြမ်း ဖက်များ ဖောက်ထွင်း ၀င်ရောက်ခဲ့သည်။ ထိုသို့ ဖောက်ထွင်း ၀င်ရောက်ပြီး  နောက်တိုက်ခိုက်မှုဖြစ် ပွားခဲ့ရာ ရခိုင်လူ မျိုးတစ်ဦးသေ ဆုံးခဲ့ပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။ ထိုဖြစ် စဉ်နှင့် ပတ်သက်၍ လူဒိုင်း (ဒူဒန်း) ရွာမှ အပြစ်မဲ့ရိုဟင်ဂျာ ၃၆ ဦးကို ဗိုလ်မှူးသန်းနိုင်ဦးဆောင်သည့် နစက နယ်မြေ (၅) မှ လာရောက် ဖမ်း ဆီးခေါ်ဆောင်သွားသည်။
“မနေ့ ညက ဓါးပြ (သို့မဟုတ်) အကြမ်းဖက်သ မားတွေဖြစ်နိုင်တဲ့ သူအချို့ နစက ၀တ်စုံတွေ ၀တ်ပြီး ရခိုင် လူမျိုးဖြစ်တဲ့ ဦးဘတင်ရဲ့ အိမ်ကိုဖောက်တယ်။ အဲဒါ မြို့သိုက် (ရူစူဖာရာ) ရွာမှာပါ။ သူတို့ အချင်းချင်း တိုက်ခိုက် တာမှ တစ်ယောက်သေပြီး၊ သုံးယောက်ဒဏ်ရာ ရတယ်။ သူတို့ အချင်းချင်း တိုက်တာ မှာ သေ နတ်တွေ သုံးတယ်။ အဲဒီဓါးပြတွေက အမှန်တကယ် နစကတွေ ဓါးပြတိုက်ဖို့ ထွက်လာ တာဖြစ်နိုင်သ လို၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု နောက် တစ်ကြိမ် အကြမ်း ဖက်မှုဖြစ်အောင်ကြိုး စားနေ တဲ့ရခိုင် လွတ် မြောက် ရေး ပါတီ (ALP) ကအကြမ်းဖက် သမားတွေလည်းဖြစ်နိုင်တယ်။
မောင်တောမြို့က အာဏာပိုင် တွေကတော့ စုံစမ်းရေးလုပ်ဖို့ သွားခဲ့တယ်။ စုံစမ်းရေး သွားတဲ့ အချိန် မှာရခိုင် တွေက သူတို့ လက်နက်တွေ ကိုင်ဆောင်ထား တယ်ဆိုတာပေါ် ကုန်မှာကို စိုးရိမ်ပြီး ရိုဟင်ဂျာတွေ လုပ် တယ်လို့ ထိုးချတယ်။ ဒါပေမယ့် ဒဏ်ရာရရှိခဲ့တဲ့ ရခိုင်လူမျိုး ဦးဘတင် ကတော့ နစက ၀တ်စုံဝတ် ထားတဲ့ လူအချို့မြင် လိုက်ပြီး၊ ဘယ် သူတွေ မှန်းတော့ မသိ လိုက်ဘူးလို့ စုံစမ်းရေးအဖွဲ့ ကိုပြောပါတယ်။
အခုတော့ နစကနဲ့ စစ်တပ်က အကြောင်းမဲ့၊ အပြစ်မဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံ လိုက်ဖမ်းဆီးနေ တယ်။ ဖြစ်စဉ်နဲ့ဘာမှ မဆိုင်တဲ့ လူဒိုင်းရွာကရိုဟင်ဂျာ ၃၆ ယောက်ကို နစကနယ်မြေ (၅) ကဖမ်းဆီး သွားတယ်” ဟု ထိုရွာအနီးမှ ရိုဟင်ဂျာလူကြီးတစ်ဦးမှပြောပါသည်။
ကလေး (၄) ဦးကိုသတ်ဖြတ်ပြီး၊ မိခင်အားဖမ်းဆီးသွားခဲ့ 
အခြားဖြစ်စဉ် တစ်ခုမှာ – မောင်တောမြို့နယ်မြောက်ပိုင်း၊ ခါဇီဘီလ် (စံပယ်ကုန်း) ရွာမှအပြစ်မဲ့ ရိုဟင်ဂျာ ကလေး (၄) ဦးကို သတ်ဖြတ်ပြီး၊ ကလေးများ၏ မိခင်ကို ဖမ်းဆီး  ခေါ်ဆောင်သွား ခဲ့သည်။ ထိုကလေး ငယ် (၄) ဦးကို ၎င်းတို့နေ အိမ်၏ ပေ ၆၀ ခန့်အကွာတွင် သတ်ဖြတ်ခဲ့ပြီး၊ သတ်ဖြတ်ပြီးနောက်နေအိမ် တွင်စွန့် ပစ်ခဲ့သည်။ ရက်စက်စွာ သတ်ဖြတ်ခံ ရသည့်ကလေးငယ်များမှာ –
(၁) မနူးရ်ဆေမွန် (အသက် ၁၀ နှစ်)
(၂) မောင်အဒူရာမန် (အသက် ၈ နှစ်)
(၃) မရာဘီနာ (အသက် ၅ နှစ်)
(၄) မရာစ်မီးန်အာရာ (အသက် ၂ နှစ်ခွဲ) – တို့ဖြစ်သည်။
“မနေ့ညက အဲဒီ ကလေးငယ်တွေရဲ့ အဖေ ဦးဒိလ်မိုဟာမတ် (ဘ) ဦးရှူကူရ် (အသက် ၃၇ နှစ်) အလုပ် သွားနေတဲ့ အချိန်ဖြစ်ခဲ့တာ။ ဦးဒိလ်မိုဟာမတ်က မောင်တောနယ်စပ် ဂျီအီးတပ်မှာ အလုပ်လုပ်တယ်။ ကလေးတွေရဲ့ အမေ ဒေါ်ရိုဇာဝါ (ဘ) ဦးအဲဇာမျာ (အသက် ၃၃ နှစ်) ကိုတောစပ်မှာ ကြိုးနှင့် တင်းတင်း ချည်ထားတယ်။ အခုတော့ သူ့ကို နစက နယ်မြေ (၅) မှရှိတဲ့ နစကရုံးကို စုံစမ်းစစ်ဆေးဖို့ခေါ်သွားပြီ။
သတ်ဖြတ်ခံရတဲ့ ကလေးတွေရဲ့ အလောင်းတွေကို မောင်တောမြို့ဆေးရုံကို ပို့မယ်ဆိုပြီး နစကတွေကရွာ ထဲကနေ ထုတ်ယူသွားတယ်။ ဒါပေမယ့် အဲဒီကလေးငယ်တွေရဲ့ အလောင်းတွေကို ဆေးရုံကို မပို့ခဲ့ဘူး။ လမ်းမှာမြှပ် လိုက်တယ်လို့ ယူဆရတယ်။ ရွာသားတွေ ကတော့ အကြမ်းဖက် သမားတွေက ရခိုင်လွတ် မြောက်ရေးပါတီ (ALP) ကဒီလို ရက်ရက်စက်စက်သတ်ဖြတ်မှုကို လုပ်သွားတယ်လို့ ယူ ဆနေကြ တယ်။ ရိုဟင်ဂျာ လယ်သမားတွေက ALP အဖွဲ့ဝင်တွေ ကိုတောထဲမှာ ဒီနေ့မနက်တွေ့ လိုက်တယ်” ဟုအမည် မဖော်လိုသူတစ်ဦးမှပြောပါသည်။
နိုင်ငံရေး လှည့်ကွက် များအတွက် ရိုဟင်ဂျာ လူမျိုးများသည် ဘောလုံး တစ်လုံး သဖွယ်ဖြစ်နေပြီး၊ တဘက် မှ တဘက်သို့ ပို့၍ ကစားနေကြသည်။ ရိုဟင်ဂျာ လူမျိုးများကို မျိုးဖြုတ်ရန် အထိ ကြံရွယ်၍ြ ပုလုပ်နေကြ သည်။ ဤကဲ့သို့ မျိုးဖြုတ်နေခြင်း ထိထိရောက်ရောက် ကာကွယ်ပေးရန် လွန်စွာအရေး တကြီးလို အပ်နေပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s