မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ မကြာမီဖွဲ့မည်

မြန်မာနိုင်ငံက တရားရုံးတွေမှာ စစ်ဆေးတဲ့ အမှုအခင်းတွေကို သက်သေအထောက်အထား ရယူဖို့အတွက် မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

အဲ့ဒီအဖွဲ့ ဖွဲ့စည်းဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားလွှတ်တော်ချုပ်ရုံးတို့က ညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည်ဖော်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်ကလည်း တရားရုံးတွေမှာ DNA စစ်ဆေးချက်တွေကို သက်သေခံအဖြစ်နဲ့ အသုံးပြုခွင့်ပေးတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဒီမေးမြန်းချက်ကို ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးအေးက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားလွှတ်တော်ချုပ်ရုံးတို့က ပြန်လည်ဖြေကြားတာ ဖြစ်ပါတယ်။

RFA Burmese

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s