လွှတ်တော်တွင်ရိုဟင်ဂျာမရှိဘူးဟုပြောဆိုခြင်းကို MPဦးရွှေမောင်မှပြန်လည်ချေပ ….

လွှတ်တော်တွင်ရိုဟင်ဂျာမရှိဘူးဟုပြောဆိုခြင်းကို ဦးရွှေမောင်မှပြန်လည်ချေပ

Friday, February 22, 2013ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးမှာ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အား ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က မြန်မာနိုင်ငံ မှာ ရိုဟင်ဂျာမရှိဘူး လို့ ငြင်းဆို လိုက်တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ် တဲ့ဦးရွှေမောင်က ရိုဟင်ဂျာ ဆိုတာမြန် မာနိုင်ငံမှာ ရှိတယ်ဆိုပြီး ပြန်လည်ချေပလိုက်ပါတယ်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ြ ဖစ်ပါတယ်။ လ၀က ဒုတိယ၀န်ကြီးရဲ့ စွပ်စွဲ ချက်ကို DVB သတင်းဌာနနဲ့ အင်တာဗျူးမှာပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

“ရိုဟင်ဂျာ မရှိဘူး ဆိုပြီးတော့ ကျွန်တော်တို့ ရိုးရိုးရှင်းရှင်း လေးငြင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ အဲဒီ လို လုပ်မယ်ဆိုရင် တာဝန်မဲ့ရာ ရောက်ပါမယ်။ ကျွန်တော်တို့ အနေနဲ့ လေ့လာဖို့ လိုပါမယ်” လို့ DVB ကို ပြောပါတယ်။

ဦးရွှေမောင်က မောင်တောခရိုင်က ရိုဟင်ဂျာ လူမျိုး လွှတ်တော်အမတ် သုံးဦးထဲက တစ်ဦးဖြစ်ပြီးတော့ အဲဒီ လွှတ်တော်အမတ်တွေက စစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီကို ကိုယ်စားပြုကြပါတယ်။ ဦးရွှေမောင်ဟာ လွန်ခဲ့တဲ့ လတွေကစပြီး အစိုးရ ကနိုင်ငံသား အဖြစ်ငြင်း ဆိုနေပြီး၊ တရားမ၀င် အခြေချနေ ထိုင်တဲ့ ဘင်္ဂလီ တွေလို့ စွပ်စွဲပြောဆိုနေ တဲ့ နိုင်ငံမဲ့ လူနည်းစု အသိုင်းအ ၀ိုင်းအတွက် အသံကျယ်ကျယ်လောင်လောင်နဲ့ ကာကွယ်ပြော ဆိုနေပါတယ်။

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား အကြမ်းဖက်မှုတွေဖြစ် ပွားပြီးတဲ့နောက်မှာ ထိပ်တန်းနိုင်ငံရေး သမားတွေ၊ စစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီဝင်တွေ အများစုက ရိုဟင် ဂျာတွေကို တတိယနိုင်ငံကို ပို့ဖို့ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဦးရွှေမောင်ကတော့ အခုဆိုရင် လွှတ်တော် ထဲမှာ မောင်တောခရိုင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနဲ့ အတူ ရိုဟင်ဂျာ များရဲ့အခွင့်အရေး ရရှိ ရေး အ တွက်စတင် လုပ်ဆောင်နေပြီးလို့ DVB ကိုပြောပါတယ်။ သူတို့အနေနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးရွှေ မန်းကို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိ/မရှိကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ တောင်းဆို ထား တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ သီးခြား မှတ်တမ်းလုပ်ပြီး လုပ်ဖော် ကိုင်ဖက်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မျှဝေ ပါတယ်။ အပြုသဘောနဲ့ အကောင်းဘက်ကို ဆောင်တဲ့ မှတ်ချက်တွေ အများကြီး ရပါတယ်။ ကျွန်တော်တို့ က အထူးသဖြင့် အစိုးရသတင်းဌာနတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့တဲ့ စာရွက်စာတမ်း၊ အချက်အလက်တွေကို အာရုံစိုက် ခဲ့တယ်။ အဲဒါတွေကို လွှတ်တော်ကိုယ်စားလှယ် အများစုက သဘော ကျပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိ တယ်ဆိုတာကို သဘောတူကြတယ်” လို့ ဦးရွှေမောင်က ဆိုပါတယ်။

ဦးရွှေမောင်က ၁၈၂၄ ဗြိတိသျှ ကိုလိုနီမတိုင်မှီ သမိုင်းသုတေသနတွေကို အထောက်အထား အဖြစ်ကိုး ကားပါတယ်။ အဲဒီအထောက်အထားတွေမှာတော့ ရခိုင်ပြည်နယ်မှာရိုဟင်ဂျာ ၃၀၀၀၀ ရှိခဲ့တယ်လို့ တရား ၀င် အသိအမှတ်ပြု ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်ခဲ့တဲ့ စပ်ရွှေသိုက်နဲ့ ပထမ ဦးဆုံး ၀န်ကြီးချုပ် ဦးနုတို့ကလည်း ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ဒေသခံ တိုင်းရင်းသား လူမျိုး တစ်မျိုး အဖြစ်နဲ့ အသိအမှတ်ပြုခဲ့ တယ်။

နောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်မှုကို စစ်အာဏာရှင် ဦးနေ၀င်းက ဖျက်ပစ်ခဲ့တယ်။

“သိပ်မကြာခင်က စစ်တွေမြို့ကို သွားခဲ့တာမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်နဲ့ မွေးစာရင်းတွေ ထုတ်ပေး ထားတဲ့ မိသားစုပေါင်းများစွာကို တွေ့ခဲ့တယ်။ ဒါပေမယ့် အခုထိငြင်းနေတုန်းပါဘဲ” လို့ ဦးရွှေမောင် က ပြောရင်းနဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ အခြေချနေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချ လိုက် ပါတယ်။

“လူတွေက၀င် လာနေတာ မဟုတ်ဘူး၊ ထွက်သွားနေကြတာပါ။ ရခိုင် မွတ်စလင်တွေကို ရိုဟင်ဂျာလို့ခေါ် ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မှာ နေတဲ့မွတ်စလင်တွေဖြစ်ပါတယ်”

ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာဆွေးနွေးခဲ့တာကို မြန်မာအစိုးရရဲ့အင်္ဂလိပ်သတင်းစာဖြစ်တဲ့ New Light of Myanmar ကဘာသာပြန်တာမှားတယ်လို့ဦးရွှေမောင်ကဆိုပါတယ်။

“ဦးကျော်ကျော်ဝင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ ထည့်မပြောဘူး။ ဒါပေမယ့် အင်္ဂလိပ်သတင်းစာ မှာ အဲဒီလို ပါလာတယ်”

ဦးရွှေမောင်ကတော့သူ့ရဲ့ မဲဆန္ဒရှင်တွေရဲ့ အသံကို လွှတ်တော်ထဲကို ဆက်လက်သယ် ဆောင်သွားမယ် လို့ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာတွေကို ဒေသခံတိုင်းရင်းသား အဖြစ်အသိအမှတ်ပြုဖို့အတွက် တွန်း အားပေးဖို့ မလိုအပ်ပေမယ့် အခြေခံ လူ့အခွင့်အရေးကို တော့လေးစား ရမယ်လို့ဆိုပါတယ်။

“အခုအချိန်မှာ တော့အရေးကြီးဆုံးက လူတွေဖြစ်ပါတယ်။ လူတွေက အစားအသောက် ချိုတဲ့စွာနေနေရ တယ်။ သူတို့မသွားလာနိုင်ဘူး။ ဈေးတွေကိုမသွားနိုင်ကြဘူး။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အထောက် အပံ့တွေရ ဖို့အခွင့်မသာဘူး”

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အားရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ မေးမြန်းရာတွင်-

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာ ရှေးဟောင်းစေတီ ပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင် ပြည့်စုံကြွယ်ဝတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှ စပြီးတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံ မတည်ငြိမ်တဲ့ အခြေအနေများကြောင့် လည်းကောင်း၊ ယခင်ခေတ်အဆက်ဆက်က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ဒေသဝန်ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေး ခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်းတစ်ပါးသားများ တရားမဝင် လာရောက်မှု စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်ရှင့်။ တိုင်းရင်းသား မဟုတ်တဲ့ တိုင်းတစ်ပါးသားတို့ရဲ့ လူဦးရေ ပျံ့ပွားမှု များ၊ တရားမဝင် ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ရှင့်။
၁၉၈၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်းရင်းနိုင်ငံ အဖြစ် မှီတင်းနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ မြန်မာနိုင်ငံသားများဖြစ်တယ်လို့ တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါ တယ်ရှင်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီး တော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့အသုံးနှုန်းကို သုံးနှုန်းပြောဆိုကြခြင်းများ ပြုနေကြ ကြောင်းကိုလည်း တွေ့မြင်သိရှိနေရပါတယ်ရှင်။ အဲ့ဒီအခေါ်အဝေါ်ပေါ် မူတည်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း သိနေရပါတယ်ရှင်။ အဲ့ဒီအတွက် ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်သောဝန်ကြီးဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။ (က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါသလားရှင်။ (ခ) ရှိသည် ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့ ညွှန်းဆိုပြောပြနိုင်ပါသလားရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

One thought on “လွှတ်တော်တွင်ရိုဟင်ဂျာမရှိဘူးဟုပြောဆိုခြင်းကို MPဦးရွှေမောင်မှပြန်လည်ချေပ ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s