ထူးးခြားသတင်း – နှစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အိတ်ခ်ျအိုင်ဗွီကို ပထမဆုံးအကြိမ် ကုသပျောက်ကင်း ခဲ့ကြောင်း သုတေသန ပညာရှင်များ ပြောကြား …

နှစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အိတ်ခ်ျအိုင်ဗွီကို ပထမဆုံးအကြိမ် ကုသပျောက်ကင်းခဲ့ကြောင်း သုတေသန ပညာရှင်များ ပြောကြား

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သုတေသန ပညာရှင်များက မတ်လ ၃ ရက်နေ့တွင်ကြေညာခဲ့သည်။ အိတ်ခ်ျအိုင်ဗွီကို ယခုကဲ့သို့ ကုသနိုင်ခဲ့မှုက မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ကလေးငယ်များကို ကုသရာတွင် တိုးတက်မှု ရှိလာနိုင်မည် ဖြစ်သည်။ သုတေသန ပညာရှင်များက စောစီးစွာ ကုသနိုင်မှုနှင့် (ယခုကုသမှုတွင်မွေးဖွားပြီး နာရီ ၃၀ အတွင်း) အေအာဗီ (antiretroviral therapy)ဆေးသုံးမျိုးသည် ကုသမှုရလဒ်အတွက် အဓိက   ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အရေးကြီးသော နည်းပညာ ကွဲလွဲချက်တစ်ခုမှာ ယခုကုသပျောက်ကင်းမှု သည် အလုံးစုံ ကုသပျောက်ကင်းမှု မဟုတ်ဘဲ “functional cure” ဆေးပညာ ဆိုင်ရာ ကုသပျောက်ကင်းမှုဖြစ်ကြောင်း သုတေသန ပညာရှင်များက အခိုင်အမာ   ပြောကြား ခဲ့သည်။

“functional cure” ဆိုသည်မှာ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် အနည်းငယ်သာ ရှိနေပြီး ရေရှည်ကုသမှု မလိုအပ်တော့ဘဲ ပုံမှန်ဓာတ်ခွဲ စမ်းသပ်မှုများကသွေးအတွင်းတွင် ဗိုင်းရပ်စ်ရှိနေမှုကို မသိ ရှိနိုင်ပေ။ ယခုတွေ့ရှိမှုများကို အတ္တလန္တာတွင် ပြုလုပ်သည့် Conference on Retroviruses and Opportunistic Infections ကွန်ဖရင့် တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

အိတ်ခ်ျအိုင်ဗွီကို အပြည့်အ၀ ပျောက်ကင်းကုသခဲ့သူမှာ Berlin patient ဟု သိကြသည့် အမေရိကန်နိုင်ငံသား တင်မိုသီဘရောင်းဖြစ်သည်။ သဘာဝအတိုင်း အိပ်ခ်ျအိုင်ဗွီ ခံနိုင်ရည် ရှိသော သွေးလှူရှင်တစ်ဦးထံမှ ရိုးတွင်းခြင်ဆီ အစားထိုးမှုကို ခံယူပြီးနောက် ၅ နှစ်အကြာတွင် ဘရောင်းသည် အိတ်ခ်ျအိုင်ဗွီနှင့် သွေးကင်ဆာရှိ ပျောက်ကင်းသွားခဲ့သူဟု သတ်မှတ်ခံ ရသူ ဖြစ် သည်။

အမည်မဖော်ပြထားသော မိန်းကလေးငယ်သည် အိတ်ခ်ျအိုင်ဗွီရှိသူ မိခင်မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မိခင်သည် သူမကို မမွေးဖွားမီအထိ အိတ်ခ်ျအိုင်ဗွီအတွက် ကုသမှု မခံယူခဲ့ပေ။ “ကလေး ကို ရောဂါကူးစက်မှုကနေ ကာကွယ်လိုတာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မိခင်ကို ကုသဖို့ ကျွန်တော်တို့ အခွင့်အရေး မရှိခဲ့ပါဘူး” ဟု မစ္စစ္စပီ တက္ကသိုလ်ဆေးပညာဌာနမှ အိတ်ခ်ျ အိုင်ဗွီ ကုသမှု ကျွမ်းကျင်သူ ဆရာဝန် ဟန်နာဂေးက ပြောကြားခဲ့သည်။ မွေးကင်းစ ကလေးငယ်များအတွက် အန္တရာယ်ကြီးမားသည့် အခြေအနေကြောင့် ခြောက်ပတ်အတွင်း အိတ်ခ်ျအိုင်ဗွီ သွေးအဖြေ မရခင်အထိ ဆေးအနည်းငယ်သာ ပေးခဲ့ရသည်။ စမ်းသပ်မှုများအရ ကလေးငယ်တွင် ပိုးကောင်ရေ တဖြည်းဖြည်းခြင်းကျဆင်းခဲ့ပြီး မွေးဖွားပြီးနောက်၂၉ ရက်အကြာ တွင် အိတ်ခ်ျ အိုင်ဗွီကိုစစ်ဆေး မတွေ့ရှိနိုင်တော့ကြောင်း စမ်းသပ်မှုများက ဖော်ပြခဲ့သည်။ ထို့နောက် ကလေးငယ်ကို ၁၈ လထိ ကုသမှုပေးခဲ့ပြီး ထိုနောက်ပိုင်းတွင် ၁၀ လခန့် အဆက် သွယ်ပြတ် သွားခဲ့ပြီး ထိုကာလအတွင်းကလေးငယ်သည် အေအာဗီဆေး သောက်သုံးခဲ့ခြင်းမရှိပေ။ ထိုနောက်ပိုင်းတွင်သုတေသနပညာရှင်များက သွေးအကြိမ်ကြိမ်စမ်းသပ်ခဲ့သော်လည်း အိတ်ခ်ျအိုင်ဗွီရှိကြောင်း မတွေ့ရတော့ပေ။

ယခုကဲ့သို့ ကုသနိုင်ခဲ့မှုက မွေးကင်းစကလေးများတွင် အေအာဗီကုထုံး ချက်ခြင်းပေးနိုင်ပါက အိတ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းနိုင်ကြောင်း အလားအလာ   တွေ့ရှိခဲ့သဖြင့် မျှော်လင့် ချက်များ   မြင့်မား လာပြီဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

You might also like:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s