ခိုးဝင်လာသူမရှိသည်ကိုအစိုးရမှပြောရန်လိုအပ်ဟု ဦးရွှေမောင်မှပြော

 

 
RB News 
8.3.2012 
 
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန် လနှင့်အောက်တို ဘာလများတွင် အကြမ်းဖက်မှု များဖြစ်ပွားပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာနှင့် ကမန် မွတ်စလင် ၁၂၀၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ဖြစ် ခဲ့ရသည်။ ၎င်းတို့၏ ဒုက္ခသည်စခန်း များအခြေ အနေဆိုးရွားနေ သည်ကို ကုလသမဂ္ဂမှ အဆင့်မြင့် ကိုယ်စားလှယ်များမှ ဒုက္ခသည် စခန်းများ သို့သွားရောက်ကြည့်ရှူ စစ်ဆေးခဲ့ပြီးဖြစ်သည်။ 
 
ယခုအခါ တူရကီနိုင်ငံမှ တန်ဖိုးနည်း အိမ်များကို ဆောက်လုပ်ပေး ရန်အတွက် မြန်မာနိုင်ငံအစိုး ရနှင့်  ဆွေး နွေး ညှိနှိုင်း ပြီးနောက် ယမန်နေ့က ရခိုင် အစွန်းရောက် အချို့၏ ဆော်သြ မှုကြောင့် စစ်တွေမြို့ နှင့် အခြား မြို့အချို့ တွင် အိမ်ရာဆောက် လုပ်မှုကို ရပ်တန့်ရန် အတွက် ဆန္ဒပြပွဲများ ကို အာဏာပိုင်များ၏ ခွင့်ပြုချက် မရရှိ ဘဲပြု လုပ်ခဲ့ကြောင်း သိရှိရပါသည်။ 
 
အဆိုပါ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဗွီအိုအေမြန်မာပိုင်း အစီအစဉ်မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အားမေးမြန်းရာတွင် ၎င်းမှ လူဝင် မှုကြီး ကြပ် ရေး ၀န်ကြီးဌာ နမှ တာဝန်ရှိ သူများကို တရားမ၀င်ခိုး ၀င်နေထိုင်သူရှိ/မရှိ ကိုမေးမြန်း ခဲ့ကြောင်းနှင့် မရှိဟု သိခဲ့ရကြောင်း၊ ထို့ကြောင့် အစိုးရ အနေနှင့်မီဒီ ယာများမှတဆင့် သံသယစိတ်များပျောက် သွား ရန်ပြော ဆိုရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ 
 
ဗွီအိုအေမြန်မာပိုင်းနှင့် အင်တာဗျူး အပြည့်အစုံ ကိုအောက် တွင်နားထောင်နိုင် ပါသည်။ ဦးရွှေမောင်နှင့် အင်တာဗျူး ကို တိုက်ရိုက် နားထောင် လိုလျှင် ၂း၄၆ မိနစ်သို့သွားပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s