မိထ္ထီလာမြို့ ရွေဆိုင်တွင်ရွေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုများအားရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိ ….

မိထ္ထီလာမြို့ ရွေဆိုင်တွင်ရွေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုများအားရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိ
Credit to : http://myanmarpoliceforce.org/
၂ဝ-၃-၂ဝ၁၃ ရက်နေ့ ဝ၉၃ဝ အချိန်မိထ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွေဆိုင်သို့ မိထ္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်သည့် ဦးခင်မောင်ဝင်း (၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း(၃၆)နှစ်တို့ ၃ ဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ် (၁၄ဝဝဝဝိ/-)ခန့်တန်ဘိုးရှိ ရွေဆံညှပ်တစ်ခုအား သွားရောက် ရောင်းချရာ ဆိုင်ရှင် ဒေါ်တင်အေး၏ သမက် ထွန်းထွန်းဦး(ခ)အာရှစ် (၂၃)နှစ်မှ ငွေကျပ်(၁ဝ၅ဝဝဝိ/-)သာပေးမည် ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့သည်။ ထို့နောက် ဆိုင်သို့ပြန်ရောက်စဉ် ရွေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဘိုးငွေကျပ်(၅ဝဝဝဝိ/-)သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများကာ ဆိုင်ရှင် မမြင့်မြင့်အေးက ရွေဆံညှပ်အား လွင့်ပစ်ပြီး ထွန်းထွန်းဦး(ခ)အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့်ထိုး/သစ်သားတုတ်နှင့်ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဦးခေါင်းဝဲဘက်ချိုစောင်းပေါက်ပြဲ၊ မျက်နှာဖူးရောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္ဃီလာဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ)မင်းအောင်နှင့် မြင့်မြင့်အေးတို့ ၃ ဦးအား မိတ္ဃီလာအမှတ်(၂)ရဲစခန်း (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/ ၄၂၇/၁၁၄ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့သည်။၎င်းဖြစ်စဉ်အားကြားသိသော လူ(၂ဝဝ)ခန့်က ၁၄၁၅ အချိန်တွင် ထွန်းထွန်းဦး (ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအရှေ့ဘက်တိုက်(၃)လုံး၌ရှိသော ဆိုင်ခန်း(၆)ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်း ဝင်၍ ပစ္စည်းများရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိ ရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ ၁၄၃ဝ အချိန်တွင် အဆောက်အဦ ဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါဆိုင်ခန်း(၆)ခန်း ပျက်စီးခဲ့ကြောင်း၊ ၁၅၁ဝ အချိန်တွင် ၎င်းလူအုပ်စုမှ အဆိုပါတိုက်(၃)လုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိထ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၁၇၁၅ အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅ဝ)ဦးခန့် ဝင်ရောက်ခဲ့ပြီး ၁၇၂ဝ အချိန်တွင် လူအင်အား(၁ဝဝ)ခန့် ဖြစ်လာခဲ့သည်။ ၎င်းနောက် ဗလီအတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန်တွင် ဗလီထိပ်ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅)စီးခန့်အား ဖျက်ဆီးခဲ့သည်။ ၁၇၃၀ အချိန်တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ၁၇၄၅ အချိန်တွင် အဆိုပါ လူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ (၂ဝဝ)ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်း ထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ္ဃီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာ တစ်ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ္ဃီလာဆေးရုံသို့ ရောက်ရှိဆေးကုသ မှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ဝဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွေ၊ ရွေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ဝဲလက်ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(ဃ) ခင်မောင်လွင်(၅ဝ)နှစ် (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ္ထီလာမြို့နေသူ၏ ဝဲဂျိုစောင်း/ဝဲနားရွက်/ဝဲနားထင်ပေါက်ပြဲ၊ ဝဲလက်ဖျံဖူးရောင် ဒဏ်ရာ(မစိုးရိမ်ရ)။
(င ) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ္ဃီလာမြို့နေသူ၏ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
၂ဝ၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Police Force

myanmarpoliceforce.org

ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အောက…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s