သမ္မတကြီးဦးသိန်းစိန်ကနိုင်ငံရေးဝန်ထုပ်ဝန်ပိုး များကို ဒေါ်အောင် ဆန်းစုကြည် ထံခွဲဝေပေးခဲ့ …

By The Light Of Mandalay (Mdy A Lin) 25 March, 2013 – 14:41

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ဟောင်းဖြစ်သူ Trevor Wilson က မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ နိုင်ငံရေး ဝန်ထုပ်ဝန်ပိုးတွေ ကို ဒေါ်အောင် ဆန်းစုကြည်ထံ ခွဲဝေပေး ခဲ့တယ်လို့ ပြောပါတယ်။ သမ္မတကြီးရဲ့ အဲဒီလို ဆောင်ရွက်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေ သုံးစွဲ တာ ဖြစ် သလို တစ်ဖက်က ကြည့်ရင်လည်း သမ္မတကြီး ဦးသိန်းစိန် ရဲ့ ပါးနပ်တဲ့ နိုင်ငံရေး ပရိယာယ်တစ်ခုလည်း ဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။ အလားတူ လူတွေရဲ့ အမြင် မှာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုပြီးတော့ လက်တွေ့ ကျ လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ခုလို နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးလိုက်ခြင်းဟာ အမည်ခံ အရပ်သားအစိုးရကို ကမ္ဘာ့အလယ်မှာ တရားဝင်ဖြစ်လာစေပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေလည်း ရပ်တန့် သွားစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်းပဲ ယခင်စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ အကျိုးစိးပွားကို ခြိမ်းခြောက် တဲ့ တောင်းဆို မှုတွေ မလုပ်ခဲ့သလို အရေးယူ စစ်ဆေးဖို့လည်း မတောင်းဆိုခဲ့ပါဘူး။ စစ်တပ်အတွက် ဝင်ငွေမြောက်များစွာ ရရှိစေတဲ့ နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီတွေ နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို သဘောတူခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း တစ်စုံ တစ်ရာ ပြောဆို ဖို့ နှုတ်ဆိတ်နေခဲ့ပါတယ်။

“အဲဒီလို ရေငုံနှုတ်ပိတ် နေခဲ့တာဟာ ဖိနှိပ်သူဘက်က ထောက်ခံသလိုဖြစ်ပြီး၊ သူမရဲ့ ရရှိထားပြီးဖြစ်တဲ့ နိုင်ငံရေး အရင်းအနှီးတွေကို သူမကိုင် တိုင် ဖြုန်းတီး ပစ်ရာ ကျတယ်” လို့ မလေးရှားနိုင် ငံ အခြေစိုက် တက္ကသိုလ်ဆရာ တစ်ဦးဖြစ်သူ ကိုဇာနည်က ပြောပါတယ်။ ဆက်လက်ပြီး သူကပြောရာမှာ “ဒေါ်အောင်ဆန်းစုကြည် ဟာ ယုံကြည်ချက်ကြောင့် ကျခံရတဲ့ အကျဉ်း သမားဘဝကနေ ၂၀၁၅ မှာ သမ္မတ ဖြစ်လာနိုင်တဲ့သူ တစ်ဦးအဖြစ် ပြောင်း လဲသွားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် အလွန်ခက် ခဲတဲ့ ကာလတစ်ခုကို ရောက်သွားတာပါ၊ ဒါ့အပြင် ပြည်သူလူထု ချစ်သော ဒေါ်အောင်ဆန်းစုကြည် ကနေ ပြည်သူအများစု ထောက်ခံသော   နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည် ဖြစ်သွားမှာ စိုးရိမ်ရတယ်” လို့ ပြောသွားခဲ့ပါတယ်။

Ref: http://www.npr.org/ မှာ ဂျကာတာ အခြေစိုက် နိုင်ငံခြား သတင်းထောက် Anthony Kuhn ရေးသော “Now A Politician, Aung San Suu Kyi is the Object of Protesters” ကို အကျဉ်းချုံး ဖော်ပြပါသည်။

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>ဂျာနယ်စုံ << Thank

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s