ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေးသည်မှာ ယုတ္တိမရှိ

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေးသည်မှာ ယုတ္တိမရှိ။ဤသတင်းကို ပုံကြီးချဲ့ပြီး ရိုဟင်ဂျာ လူမျိုး အပေါ်ပိုပြိး မုန်တိးလာစေရန်ဝါဒဖြန့်ခြင်းဖြစ်သည်။
ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှ လည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထား သည်ဟု သတင်း ရရှိသည်။

အစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိပေးထားသဖြင့် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကောလဟလ သတင်း မဟုတ်ပါကြောင်း ဘူးသီးတောင် အမှတ် (၆) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

“ ခုဖြစ်နေတဲ့ သတင်းက ကောလဟလ သတင်းဆိုပီး ပြောလို့ မရဘူး။ အာဏာပိုင်တွေ ကိုယ်တိုင်က လူထုကို သတိထားပြီး နေထိုင်ကြ ဖို့ ပြောထားတဲ့ အတွက် ဒါ ဖြစ်နိုင်ချေ ရှိနေပါတယ်” ဟု သူက ပြောသည်။

လက်ရှိ ရထားသော သတင်းများ အရ ဧပြီ (၆) ရက်နှင့် (၁၁) ရက်နေ့များ တွင် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ တစ်ခုမှ ဗုံးခွဲ တိုက်ခိုက်ရန် အစီအစဉ် ရှိသည် ဆိုသော    သတင်းအား ရရှိထားကြောင်း အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့အတွက် လူထုအား စားသတိ၊ လာသတိ ထားရှိကြရန် ဒေသ အာဏာပိုင်များက နီးစပ်ရာမှ တဆင့် သတိပေး ပြောကြားထားကြောင်း သူက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ရတပ ပါတီ အဖွဲ့ဝင် တစ်ဦးမှလည်း ဘူးသီးတောင်တွင် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ လူထု အား သတိထား နေထိုင်ကြရန် အာဏာပိုင်များက ပြောကြားထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

၎င်းပြင် နယ်စပ် တလျှောက်တွင် တပ်မတော်မှ လုံခြုံရေး အစီအမံများကို ယခင်ကထက် တိုးမြှင့် ဆောင်ရွက်နေပြီး နယ်မြေလုံခြုံရေးကိုလည်း အထူး ဂရုစိုက်လျှက်ရှိ သည်ဟု သူက ဆိုသည်။

http://www.narinjara.com/burmese/?p=4969

Posted From Share Arakan News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s