မြန်မာ နိုင်ငံသည်အာရှ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်

 

 

 

 

 

မြန်မာ နိုင်ငံသည် အာရှ၏ အရှေ့၊ အနောက် ဆက်သွယ်မှု ဆိုင်ရာ အချက်အချာ နေရာတွင် တည်ရှိ၊ အာရှ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်အာရှဒေသ ဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂ဝ၁၃သည် နိုင်ငံနှင့် နိုင်ငံသား အားလုံးတို့၏ အခြေခံကျသည့် ဖွံ့ဖြိုး တိုးတက်မှုများ အတွက် အမြင်၊ မဟာဗျူဟာ များနှင့် အောင်မြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေ အကောင်အထည် ဖော်နိုင် လိမ့်မည်ဟု ယုံကြည်. . .ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် ဘိုအော ဖိုရမ် အစည်း အဝေး(Boao Forum For Asia Annual Conference 2013) ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်၍ အဖွင့် မိန့်ခွန်း ပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ခေတ္တ တည်းခိုသည့် စန်းယမြို့မှ ဘိုအောမြို့ရှိ Boao International Conference Centerသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိပြီး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော် သမ္မတသည်Convention Hall၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်း အဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာ့ နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အာရှ ဘိုအောဖိုရမ် အမှုဆောင် ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး များ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးသန်းဌေး၊ ဒေါက်တာ မြင့်အောင်၊ ဒေါက်တာ ကံဇော်နှင့် တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦး တို့လည်း တက်ရောက်ကြ သည်။

အခမ်းအနားတွင် အာရှ ဘိုအောဖိုရမ် အမှုဆောင် ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဟောင်း မစ္စတာ ဆူအို ဖူကူဒါက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံ ဘုရင် စူလ်တန် ဟာဂျီဟာ ဆာနာ ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒိုလာနှင့် ကာဇက်စတန် သမ္မတ နိုင်ငံ သမ္မတ Mr. Nursultan Nazarbayev တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယခုကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့တွင် ကျင်းပသည့် ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေးမှာ အမှာစကား ပြောကြားခွင့် ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ပါကြောင်းကို ဦးစွာပထမ ပြောကြား လိုပါကြောင်း၊ ထို့အပြင် မိမိအနေဖြင့် အိမ်ရှင်နိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရနှင့် ဘိုအော ဖိုရမ် ကျင်းပရေးဆိုင်ရာ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ရှိ ကြောင်းကို ပြောကြား လိုပါ ကြောင်း၊ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၏ အဓိက ခေါင်းစဉ်အဖြစ် ဖွံ့ဖြိုး တိုးတက်မှုကို ရှာဖွေနေသော အာရှတိုက် (Asia Seeking Development for All)ကို သတ်မှတ် ထားရှိခြင်းသည် သင့်မြတ်မှု ရှိပြီး အချိန်နှင့် တစ်ပြေးညီလည်း ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့ စီးပွားရေး အခြေအနေကို လေ့လာကြည့်ပါက အာရှ ထွန်းသစ်စ စီးပွားရေး နိုင်ငံ များမှာ စီးပွားရေး တိုးတက်မှုကို အားရဖွယ် တွေ့ရှိရသော်လည်း ဥရောပမှာ ရင်ဆိုင်နေရ သည့် ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှု များကြောင့် ပြင်ပ ဝယ်လိုအား ကျဆင်းခဲ့ပြီး အာရှနှင့် ပစိဖိတ် ဒေသများ၌ စီးပွားရေး တိုးတက်မှုနှုန်း အပေါ် အကျိုးသက်ရောက် မှုများ ရှိခဲ့သည်ကို လေ့လာတွေ့ ရှိနိုင်ပါကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်း သာရှိပြီး ကုန်သွယ်မှုတိုး တက်မှု နှုန်းသည်လည်း ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အာရှဒေသတွင်း စီးပွားရေး တိုးတက်မှုကို ထိန်းသိမ်းနိုင်ရန် အတွက် ဒေသတွင်း ဝယ်လို အားကို မြှင့် တင်ပေးခြင်း၊ ဒေသတွင်းမှာ သာမက အခြားပြင်ပမှ ရင်းနှီးမြှုပ်နှံ မှုများအစ ဖိတ်ခေါ်၍ အလုပ်အကိုင် ဖန်တီးမှု များနှင့် ဒေသတွင်း ထုတ်လုပ်မှုတို့ကို ဖြစ်ထွန်းစေခြင်း၊ အာဆီယံ ဒေသတွင်း မှာလည်း အခြေခံ အဆောက်အအုံ များ၌ ရင်းနှီး မြှုပ်နှံမှုများကို သင့်တင့်သည့် မူဘောင်များ ချမှတ်ကာ မြှင့်တင်ပေးခြင်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) ထူထောင်ရေးမှ တစ်ဆင့် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိုလည်း ကြိုးပမ်း အကောင်အထည် ဖော်လျက် ရှိပါကြောင်း၊ ယနေ့ အချိန်အခါတွင် ကမ္ဘာ့နိုင်ငံ အများစုမှာ သမားရိုးကျ ကိစ္စများစွာကို ကိုင်တွယ်ဖြေ ရှင်း နေရသည့်အပြင် စိန်ခေါ်မှု အသစ်များကိုလည်း ရင်ဆိုင် နေကြရ ပါကြောင်း၊ ယင်းကဲ့သို့ မသေချာ မရေရာသော အရေးကိစ္စများ ကြုံတွေ့ နေရသော်လည်း ဆင်းရဲ၊ ချမ်းသာမဟူ ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့် သတိမပြတ်ဘဲ အကောင်းဘက်မှ ရှုမြင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများ၊ မရေရာ မသေချာ မှုများနှင့် စွန့်စားမရမှု အန္တရာယ်များ ပိုမိုများပြား လာသည့်အလျောက် မိမိတို့ ဒေသတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှု တို့အား ဆက်လက်ထိန်းသိမ်း နိုင်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင် လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် လုံခြုံမှုတို့အား ချိန်ညှိခြင်း၊ စီးပွားရေး တိုးတက်မှု တို့အား ဆက်လက်ထိန်းသိမ်း စေခြင်းတို့ကို ဆက်စပ်ကာ ပူးပေါင်းဖြေရှင်း နိုင်ခြင်းအားဖြင့် မိမိတို့ ဒေသတွင်း အောင်မြင်မှု များကို ထိန်းသိမ်း ထားနိုင်မည်ဟု ယုံကြည် မိပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အားလုံး တို့တွင် ပူးပေါင်းပါဝင်မှု၊ ပွင့်လင်း မြင်သာမှု၊ တာ ဝန်ခံနိုင်မှုနှင့် အားလုံး အကျုံးဝင်မှု တို့ကို အလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ နိုင်ငံသည် အာရှ၏ အရှေ့/ အနောက် ဆက်သွယ်မှုဆိုင်ရာ အချက်အချာ နေရာတွင် တည်ရှိ နေသည့် အတွက် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် အာရှ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၏ အဓိက ခေါင်းစဉ်ဖြစ်သည့် Asia Seeking Development for All: Restructuring, Responsibility & Cooperation အရ အားလုံးဖွံ့ဖြိုး တိုးတက်မှု အတွက် မိမိတို့ အာရှဒေသ အနေဖြင့် ကြုံတွေ့နေရသည့် ငွေကြေး အကျပ် အတည်း၊ သဘာဝ ဘေးအန္တရာယ်၊ စားနပ်ရိက္ခာ ဖူလုံစိတ်ချရမှု လျော့ကျလာခြင်းနှင့် စွမ်းအင် လိုအပ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်၍ လိုအပ်သလို တာဝန်ယူကာ ပူးပေါင်း ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊ အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် နိုင်ငံအဆင့်၊ ဒေသ အဆင့်နှင့် ကမ္ဘာတစ်ဝန်းမှာ ရှင်သန် တိုးတက်မှု၊ ခုခံနိုင် စွမ်းရည် မြှင့်တင်ရေးသည် အဓိက ကျပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့ နေရသည့် စိန်ခေါ်မှု အသစ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့ နေရခြင်း ဖြစ်၍ ဘက်ပေါင်းစုံမှ ချဉ်းကပ် အဖြေရှာသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဤသို့ ဖြေရှင်းရန်မှာ မလွယ်ကူသော်လည်း ကမ္ဘာ တစ်ဝန်း ဒေသများ၌ ဒေသတွင်း ပေါင်းစည်းရေး ဆောင်ရွက် မှုများသည် ကမ္ဘာ့ ကိစ္စရပ်များ အတွက် အဖြေရှာ နိုင်ရေးကို များစွာ အထောက် အကူ ဖြစ်စေမည် ဖြစ် ပါကြောင်း၊ ဒေသ တွင်း ပေါင်းစည်းမှု အစီအစဉ် အသီးသီးတွင် ပါဝင်သည့် နိုင်ငံ အသီးသီး၏ ကြိုးပမ်းမှုများကို စုစည်း နိုင်မှသာ ဒေသ အဖွဲ့အစည်း အောင်မြင်မှုကို ဖော်ဆောင်နိုင် မည် ဖြစ်ပါကြောင်း၊ ယခု ကျင်းပသည့် အာရှဒေသ ဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂ဝ၁၃ အနေဖြင့် နိုင်ငံအားလုံးနှင့် နိုင်ငံသား အားလုံးတို့၏ အခြေခံ ကျသည့် ဖွံ့ဖြိုး တိုးတက် မှုများ အတွက်အမြင်၊ မဟာဗျူဟာ များနှင့် အောင်မြင် နိုင်မည့် နည်းလမ်းများကို ရှာဖွေ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် ယနေ့ကျင်းပသည့် အာရှဒေသ ဆိုင်ရာ ဘိုအော ဖိုရမ် နှစ်ပတ်လည် အစည်း အဝေး၏ ရလဒ်များသည် အာရှ ဒေသ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း ကောင်းများကို ရှာဖွေ ဖော် ဆောင် ပေးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက် ၍ ဖင်လန်၊ မက္ကစီကို၊ ပီရူး၊ ဇမ္ဘီယာ၊ ၾသစေၾတးလ်၊ ကေမၻာ ဒီးယား၊ နယူးဇီလန်၊ အယ်လ် ဂျီးရီးယားနှင့် မွန်ဂိုလီးယား နိုင်ငံတို့မှ နိုင်ငံအကြီး အကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌနှင့် အပြည် ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ဦးဆောင် ညွှန်ကြားရေးမှူး တို့က မိန့်ခွန်းများ အသီးသီး ပြောကြားကြပြီး ဖွင့်ပွဲ အခမ်း အနားကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းလိုက်သည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် ဘိုအောဖိုရမ် အစည်းအဝေး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက် လာကြသူများအား တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု နေ့လယ် စာစားပွဲသို့ နိုင်ငံ အကြီး အကဲ၊ အစိုးရ အဖွဲ့ အကြီးအကဲများနှင့် တက်ရောက် လာကြသူများ နှင့်အတူ တက် ရောက်သည်။

နိုင်ငံတော် သမ္မတသည် ညနေပိုင်းတွင် ဟိုင်နန်ပြည်နယ် စန်းယမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ် တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။

နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာန ဆိုင်ရာ အကြီးအကဲ များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံရုံး ယာယီ တာဝန်ခံ Mr.Lu Zhi တို့ က နေပြည်တော် လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
မြ၀တီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s