ရခိုင်ပြည်နယ်ဒုက္ခသည်များအတွက်လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်ရန် နိုင်ငံတော် သမ္မတ ပြောကြား

Wednesday, April 10, 2013သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့တစ် ခု ဖွဲ့စည်းကာ ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက် လုပ်ရန်   နိုင်ငံတော် သမ္မတ က ပြောကြားခဲ့ သည်။

ဧပြီလ ၉ရက် နံနက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ပြည် ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင် အထည်ဖော် ဆောင်ရေး ကော် မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ဇွန်လမှ အောက်တိုဘာလကုန်အထိ ရခိုင်ပြည်နယ်အတွင်း နေထိုင် ကြသည့် ရခိုင်တိုင်းရင်းသား များနှင့်ဘင်္ဂါလီတို့အကြား အကြမ်းဖက် တိုက် ခိုက်မှုများ၊အကြမ်းဖက် သတ်ဖြတ် မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာ ရသူ ၂၂၃ ဦးရှိခဲ့ပြီး အိုးအိမ်နှင့် အခြားအဆောက်အအုံပေါင်း ၁၀၁၀၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က”ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီး ဌာန များမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များ အတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့ အတွက် လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန်” ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတက”ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း စားရေးနေရေး ကဏ္ဍများ အား လုပ်ဆောင်ပေးသည့် နည်းတူ ပညာရေး ကျန်း မာရေး စသည့် လူမှုရေး လုပ်ငန်းများကို လည်း ဆက်လက် လုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်သည်”ဟု ပြော ကြားခဲ့သည်။ရခိုင်ပြည်နယ်တွင် နေထိုင်သူ အများစုမှာ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ် ငန်းများအား အဓိက လုပ်ကိုင်လျက်ရှိရာ လာမည့်မိုးရာသီတွင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လယ်ယာ စိုက် ပျိုးရေး သုံး အထောက် အကူ ပစ္စည်းများနှင့် ငါးဖမ်းလှေ၊ ငါးဖမ်းပိုက် စသည်တို့ကို ပံပိုးပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြ ရန် လည်း နိုင် ငံတော်သမ္မတ က ပြောကြား ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာအား ဖြေရှင်းရာတွင် အခက်အ ခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသော်လည်း ပြဿနာများ ပိုမိုမကြီး ထွားလာစေ ရန် မဖြစ်မနေ ဖြေရှင်းဆောင် ရွက်ရ မည်ဖြစ်ကြောင်း၊ မိမိတို့ပြည်တွင်းရေး ကို မိမိတို့ဘာသာ အေးချမ်းစွာ ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ဒေသတည် ငြိမ်ရေးအတွက် လုံခြုံရေးအပြည့် အ၀ ဆောင် ရွက်ပေး ရမည် ဖြစ်ပြီး ပြန် လည် တည်ငြိမ်လာပါက လုံခြုံရေးတပ်ဖွဲ့အင်အား လျော့ချသွားရမည်ဖြစ် သည်”ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ပြဿနာများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် အင် အား ၅၀၀၀၊န.စ.ကတပ်ဖွဲ့ဝင် အင်အား ၁၀၀၀နှင့် တပ်မတော်တပ် ရင်း ၅၁ရင်းတို့အား ဖြန့်ကျက်ထားပြီး လုံခြုံရေး ရယူ ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသည့် ပဋိပက္ခဖြစ်စဉ်များစတင် ဖြစ်ပွားခဲ့သည့် ဇွန်လမှ အောက်တို လာလ ၂၆ရက်နေ့အထိ အကြမ်းဖက် ဖျက်စီးမှုများတွင် ပါဝင် သူ ၂၀၅၈ ဦး  ကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s