အစ္စလာမ်ဆန့်ကျင်ရေးချက်ခြင်းရပ်တန့်ဖို့မြန်မာ အစိုးရကို PHR အဖွဲ့တောင်း ဆို

 

 

 

အစ္စလာမ်ဆန့်ကျင်ရေး ချက်ခြင်းရပ်တန့်ဖို့ မြန်မာအစိုးရကို PHR အဖွဲ့တောင်းဆို
=========================
April 7, 2013

 

အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့တစ်ခုဖြစ်တဲ့ Physicians for Human Rights (PHR) အဖွဲ့က မြန်မာနိုင်ငံအတွင်း တွင်ကျယ်စွာဖြစ်ပေါ်နေတဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တားဆီးဖို့နဲ့ လုပ်ဆောင်နေသူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဧပြီလ (၅) ရက်နေ့က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်က မိတ္ထီလာမြို့ အကြမ်းဖက်မှုတွေအတွင်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်းက ကျောင်းသား (၂) ဒါဇင်ကျော်လောက် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး မြန် မာနိုင် ငံအတွင်း တွင်ကျယ်စွာဖြစ်ပေါ်နေတဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ချက်ခြင်းရပ်တန့်ဖို့၊ နိုင်ငံတကာ အသိုင်းအဝန်းကသူတွေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့ဖို့အတွက် Physicians for Human Rights (PHR) အဖွဲ့က တောင်းဆိုလိုက်တာဖြစ်ကြောင်း အဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

 

မိတ္ထီလာမြို့ အကြမ်းဖက်မှုဖြစ်ပွါးစဉ် သေဆုံး/ပျောက်ဆုံး စာရင်းကို မန္တလေးမြို့မှာရှိတဲ့ PHR အဖွဲ့က လက်ခံရရှိခဲ့ကြောင်းနဲ့ PHR အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးသူတစ်ဦးက စာသင်ကျောင်းမှာ အသက်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ တွေ့ဆုံမေးမြန်းချက်တွေပေါ် မူတည်ပြီး ကျောင်းသား (၃၂) ဦးနဲ့ ပျောက်ဆုံးနေတဲ့ဆရာ (၄) ဦးဟာ သတ်ဖြတ်ခံလိုက်ရပြီလို့ ယုံကြည်ကြောင်း   ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ယခုလို အကြမ်းဖက် အသက်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း မြန်မာ အာဏာပိုင်တွေ အနေနဲ့ မိသားစုဝင်တွေ ထံ ပြန်လည်ပေး အပ်ဖို့ PHR က တောင်းဆိုထားပါတယ်။

 

“မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေအနေနဲ့ ယခုလို အကြမ်းဖက် လုပ်ရပ်တွေအပေါ် ပွင့်လင်းမြင်သာအောင် ရှုံချဖို့လိုအပ်ပါတယ်။ ဒီလို လက်နက်တွေကိုင်ပြီး တိုက်ခိုက်ကြဖို့အထိ အစွန်းရောက်စေလောက်အောင် ပြောဆိုမှုတွေကို ရပ်တန့်ရပါမယ်။ ဘာသာရေး၊ လူမျိုးရေး ကိစ္စရပ်တွေ ကို ငြိမ်းချမ်း စွာ ဖြေရှင်းနိုင် ရပါမယ်”လို့ PHR အဖွဲ့ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒိုနာမက်ကေး (Donna McKay) က ဆိုပါတယ်။

 

PHR အဖွဲ့က အစ္စလာမ်ဘာသာဝင်တွေအပေါ် မေးမြန်းချက်တွေအရ လူစုလူဝေးတွေနဲ့ အရက်သေစာ အလွန်အကျွံ သောက်စားမူးရစ်လေ့ရှိတဲ့ လာမယ့် နှစ်ကူးသင်္ကြန်ကာလအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထင်မြင်ယူဆနေကြောင်း သိရှိရပါတယ်။

 

PHR အဖွဲ့ဟာ ပြီးခဲ့တဲ့ လေးနှစ်ကတည်းက မြန်မာနိုင်ငံအတွင်း ချင်း၊ ကချင်၊ ကရင်၊ ရိုဟင်ဂျာ၊ ရှမ်းအစရှိတဲ့ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေကို မှတ်တမ်း တင် ထားကြောင်း၊ PHR အဖွဲ့ဝင်တွေဟာ မကြာသေးမီက မန္တလေး၊ ရခိုင်၊ စစ်ကိုင်းနဲ့ ရန်ကုန်ဒေသတွေမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းမှုတွေ ပြုလုပ် ထားကြောင်း၊ ပြီးခဲ့တဲ့ (၆) လအတွင်း အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေကို တွေ့ ဆုံမေးမြန်း မှုတွေ ပြုလုပ် ထားကြောင်း ပြောဆိုထားပါတယ်။

 

ဒါရိုက်တာ ဒိုနာမက်ကေးက မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုပြုလုပ်သူတွေကို ဖမ်းဆီးထားတယ်လို့ ဆိုပေမဲ့လည်း ဘယ်လို အရေးယူမလဲဆိုတာ တိတိပပ မသိရှိရသေးကြောင်း၊ ဒါ့အပြင်   အကြမ်း ဖက်မှု ဖြစ်ပွါးစဉ် တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲအရာရှိတွေအပေါ်မှာလည်း ဘယ်လိုအရေးယူမှု ပြုလုပ်မည်ဆိုတာကို မသိသေးကြောင်း၊ ဒီလို အကြမ်းဖက် မှု နောက် ကွယ် က ပါဝင်သူတွေကို ဖော်ထုတ်အရေးယူဖို့လည်း အထူးလိုအပ်ကြောင်း ပြောဆိုသွားပါတယ်။

 

MMV
ကိုးကား – Physicians for Human Rights

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s