NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကအေးချမ်း သော မြန်မာနိုင်ငံဖြစ်စေချင်ကြောင်း၊အစ္စလာမ်ဘာသာရေး ခေါင်ဆောင် များနှင့် တွေ့ ဆုံ စဉ် ပြော ကြား …

မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


==========================
April 9, 2013

မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာ သာရေးခေါင်းဆောင်     များနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်က “ကျမ်းဂန်တစ်ခုထဲမှာပါတယ်။ ခရစ်ယာန်ကျမ်းစာထဲမှာလားတော့ မသိဘူး။ ပေါင်မုန့်တောင်းတဲ့သူကို ခဲလုံးမပေးရဘူးဆိုတာ။ အဲဒီတော့ ကျွန်မတို့ကို ယုံယုံ ကြည်ကြည် နဲ့ အကူအညီလာတောင်းတဲ့သူတွေကို ခဲလုံးပေးတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ဘာပဲပြောပြော ကျွန်မတို့ရဲ့ ခံစားမှု အရ၊မျှော် လင့်ချက်အရ၊ဦးတည်ချက်အရ ဒီနိုင်ငံမှာ အားလုံး   အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တဲ့ နိုင်ငံမျိုးဖြစ်စေချင်တယ်” ဟု ပြောသည်။


တရားဥပဒေစိုးမိုးရေးအတွက် ဘာတွေလုပ်ရန်လိုသလဲဆိုသည်ကို လွှတ်တော်မှ တဆင့်လေ့လာတင်ပြပြီး တတ်နိုင်သမျှဖြစ်မြောက်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ ၎င်းဦးဆောင်သည့် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကော်မတီအနေဖြင့်လည်းလုပ်ချင်ရာကို တိုက်ရိုက် လုပ်ဆောင်၍မရဘဲ ၎င်းတို့၏ တင်ပြချက်များ ကို အခြေခံပြီး လွှတ်တော်မှ အကောင် အထည်ဖော် ဖို့သာ ဖြစ်ကြောင်း စသည်ဖြင့်လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။


”အားလုံးလုံခြုံမှ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းလို့ရမယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ လုပ်လို့ရမယ်။ အဲဒီလိုအခြေအနေဖြစ်ဖို့က နိုင်ငံသားဥပဒေ လည်း ပါမယ်။ တရားဥပဒေ စိုးမိုးရေး ဆိုတာ ကျွန်မက ဥပဒေစိုးမိုးရေးလို့ ပြောလေ့မရှိဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံမှာရှိတဲ့ ဥပဒေတွေဟာ တရားမျှတ ရမယ်။ ရှိတဲ့ ဥပဒေအောက်မှာလည်း အားလုံးဟာ တန်းတူရည်တူ ရှိမယ်။ ကျွန်မဖြစ်စေချင်တာကတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ငါတို့ဟာ ဒီနိုင်ငံသူ နိုင်ငံ သား ဖြစ်တယ်ဆိုတာကို ဂုဏ်ယူနိုင် ရမယ်။ ကျေနပ်နိုင်ရမယ်။ စောစောက ပြောသလို ငါတို့ဟာ ဒီနိုင်ငံထဲကသူတွေမှ ဟုတ်ရဲ့လား ဆိုတဲ့ဟာကို ကျွန်မတို့ နိုင်ငံသူ နိုင်ငံသား ဘယ်သူမှ စိတ်ထဲမှာ သံသယမရှိပါနဲ့” ဟု လည်း   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှ စတင်ကာ ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး စသည့်မြို့နယ်များနှင့် ဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊   နတ္တလင်း စသည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုကြောင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွား ခဲ့သည်။


ရန်ကုန်မြို့တွင်လည်း မတ် ၂၄ ရက်မှစကာ ဆူပူလှုံ့ဆော်သူများက စာရွက်စာတမ်းများ ဝေငှခြင်း၊ ကားဖြင့်လှည့်လည်ကာ လှုံ့ဆော်ခြင်းများ ပြုလုပ် ခဲ့၍ ပြည်သူ များ အကြား စိုးရိမ်ထိတ် လန့်မှုများ ရှိခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ ဆုံခဲ့ပြီး စုရုံးလှုံ့ဆော်မှုဖြစ်စဉ်များတွင် နိုင်ငံရေး ပါတီဝင် များ ပါဝင်ပတ်သက်နေမှုကို ထိန်းသိမ်းပေးရန် ပြောဆိုခဲ့သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s