မွတ်စလင်မ်တွေကို စော်ကားနေခြင်း ကိစ္စ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် သံဃာတော်မှ ပြောကြား

မွတ်စလင်မ်တွေကို စော်ကားနေခြင်းသည် ဗုဒ္ဓဘာသာဝင်များကို စော်ကားသလို ခံစားရကြောင်း ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် သံဃာတော်မှ ပြောကြား
Location: Yangon, Burma ကဏ္ဍ သတင်း


http://burmese.dvb.no/wp-content/uploads/2012/12/MDY-monks.jpg
ရွှေဝါရောင် တော်လှန်ရေး မြင်ကွင်း (ဓာတ်ပုံ – အင်တာနက်)

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သံဃာတစ်ပါးဖြစ်သော ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်မှ မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် များသည် ဗုဒ္ဓဘာသာဝင်များနှင့် အတူတူပင်ဖြစ်ကြပြီး မွတ်စလင်မ်များရင်ဆိုင်ရသော ဒုက္ခသည် ဗုဒ္ဓဘာသာဝင်များနှင့်လည်း အပြန်အလှန် အကျိုးသက်ရောက် မူရှိကြောင်း ရန်ကုန်မြို့ရှိ Crystal Jade စားသောက်ဆိုင်တွင်ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေး အနုပညာပြပွဲတစ်ခုသို့ တက်ရောက်လာစဉ် mmedia အင်တာနက် စာမျက်နှာ ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားမှု၌ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

`မြန်မာနိုင်ငံဆိုတဲ့ ဒီမြေပေါ်မှာ အတူတူ မှီတင်း နေထိုင်ကြတဲ့ သူတွေ ဖြစ်တာကြောင့် ကျွန်တော်တို့ကို စော်ကားသလို ကျွန်တော်တို့ ပြုကျင့်ခံရသလို ခံစားရတယ်။ ဒီလို အကြမ်းဖက်တာတွေ၊ ဒီလို မုန်းတီးမူတွေ အမုန်းတရားတွေကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။´ ကိုညီညီလွင်က PRAY FOR MYANMAR ပွဲသို့ တက်ရောက် လာစဉ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဘာသာရေး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် အကြမ်းဖက်မှုတွေကို လက်မခံနိုင်တာကြောင့် တတ်နိုင်သမျှ ဆန့်ကျင်နေကြောင်း၊ အကြမ်းဖက် မှုတွေ ဟာ စစ်အာဏာရှင်တွေ အဆက်ဆက် အာဏာ အလွှဲအပြောင်းလုပ်ပြီး စစ်အာဏာရှင်တွေ အဓွန့်ရှည်ရေးအတွက် ဖန်တီးလေ့ရှိတဲ့ နည်းလမ်းတစ်ခုသာဖြစ်လို့ ရလာဒ်ဆိုးတွေနဲ့ ဒီလို မရိုးသားသော မှားယွင်းသည့် နည်းလမ်းများကို မကျင့်သုံးသင့်တော့ကြောင်း၊ နိုင်ငံရေးသမားများအနေဖြင့် မှန်ကန် ရိုးသားစွာဖြင့် လူထုထောက်ခံမူ ရရှိအောင် ကြိုးစားခြင်းဖြင့် ရလဒ်ကောင်းတွေ ရရှိနိုင်ကြောင်းကို ပြောကြားပါတယ်။

ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများတွင် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်းကို `တာဝန်မဲ့တာတော့ လုံးဝ သေချာတယ်။ ဖြစ်နေတဲ့ အချိန်မှာ သူတို့တားနိုင် ရဲ့နဲ့ မတားခဲ့ဘူး။ တော်တော် အခြေအနေဆိုးမှ သူတို့က ၀င်ပြီးတော့ ထိန်းတယ်။ ဒါဆို အဲလိုပဲ ခံနေကြရမှာလား။ အစိုးရအဖြစ် တာဝန်ယူထားရတဲ့ သူတွေမှာ တာဝန် ရှိ တဲ့အတိုင်း တာဝန်ယူရလိမ့်မယ်။´ဟု ပြောကြားသွားပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် မွတ်စလင်မ်များ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြကြောင်းကိုလည်း ကိုညီညီလွင်မှ ပြောကြားသွားပြီး ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေး တွင် မွတ်စလင်မ်ကျောင်းသားများ ဦးဆောင်ပါဝင်ခဲ့ပုံ၊ ဘုန်းကြီးများအား ရေတိုက်သူကို ဖမ်းဆီးတဲ့အချိန်မှာ ဘုန်းကြီးကို မွတ်စလင်မ်တွေက ရေဗူး များ ပေး ကမ်းခဲ့ပုံ၊ ချီတက်လမ်းလျှောက်ရာတွင် မွတ်စလင်မ်များမှ ခြံရံလိုက်ပါ၍ လက်တွဲကာ သံဃာများကို ကာကွယ်ပေးထားပုံ၊ အစိုးရမှ ပစ်ခတ်ဖမ်းဆီးစဉ် မွတ်စလင်မ်များမှ ကာကွယ် စောင့်ရှောက်ပေးခဲ့ပုံများအပြင် အစ္စလာမ်ဘာသာဝင်များဝတ်ဆင်လေ့ရှိတဲ့ ၀တ်စုံကိုလည်း အသိအမှတ်ပြု ပြောကြားသွားပါတယ်။

`မေတ္တာပို့ပြီး ချီတက်နေတဲ့ သံဃာတော်တွေကို ဘေးကနေ လက်တွဲပေးတဲ့ အထဲမှာ အစ္စလာမ် ဘာသာဝင်တွေ အများကြီးဆိုတာ အတိအကျပဲ။ ဟို ခရစ်ယာန်တွေ ဟိန္ဒူတွေက မမြင်သာရင် နေအုန်းမယ်၊ အစ္စလာမ်ဘာသာဝင်တွေက သူတို့ ၀တ်စုံလေးတွေ ၀တ်ထားတဲ့ သူတွေလည်း ပါတော့ သိသာတယ်၊ မြင်သာ တယ်။´ လို့ ပြော ခဲ့ပါတယ်။

ယခုနောက်ပိုင်း ပေါ်ပေါက်လာသည့် 969 အကြမ်းဖက်ဂိုဏ်းနှင့် ဂိုဏ်းခေါင်းဆောင် အကြမ်းဖက်သမား ၀ီရသူတို့ရဲ့ လုပ်ရပ်များအပေါ် ဟာသတစ်ခုအဖြစ် ရှုမြင်ကြောင်းနှင့် ဗုဒ္ဓမှ ခိုင်းစေခြင်းမရှိသောလုပ်ရပ်အပေါ် လုပ်ဆောင်နေသည့် 969 နှင့်ပတ်သက်၍ ခရစ်တော် အီစာ (အီစာအလိုင်ဟ်စလာမ်) ၏ `ကိုယ်မကြိုက် ဆုံးသော လုပ် ရပ်ကို တခြားသူအပေါ်မှာ မလုပ်မိပါစေနဲ့´ဟူသည့် ဆုံးမစကားဖြင့် ကိုယ်းကား ပြောဆိုသွားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s