Archives

Prophet Mohammed(SS) and other Image: တမန်တော်မိုဟမ္မဒ်(စ)နှင့်အခြား ဓါတ်ပုံ

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အေမာမာဟ် ရှရိဖ်တော်……..

Belongings Of Prophet Muhammad (SallallahuAlaaihiwasallam)


တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အချစ်ဆုံး သ္မီးတော် ဟဇရသ် ဖာသွေမာဟ်(ရသွေ)သ္ခင်မရဲ့ အကျီ င်္တော်…….

ဟဇရသ် အလီ(ရသွေ)သ္ခင် ရဲ့ မဇာရ် ရှရိဖ်တော်……

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ မိုဘာရက် ခြေရာတော်……


တမန်တော်မြတ်ကြီး(ဆွ)သောက်သုံးတော်မူခဲ့သော ရေခွက် တော်…..

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ လိုတာ တော်မြတ်……..

1850 ခုနှစ်က ကအ်ဗာ ကျောင်းတော်မြင်ကွင်း…..

1940 ခုနှစ် ရေကြီးနေတာတောင် ဒုက္ခခံပြီး ဟဂ်ျလုပ်နေကြသော အလွန် နဖူးစာ ကောင်းသော သူများ….


တတိယ ခလီဖာဟ်ကြီး ဟဇရသ် အွစ်မာန်း ဂနီ(ရသွိ)သ္ခင်ရဲ့ ကဗရ် တော်


တမန်တော်မြတ်ကြီး(ဆွ)နဗူဝသ် မရမှီ တရားအားထုပ်တော်မူခဲ့သော.ဟေရာ လိုင်ဂူတော်………


ရှေး ယ္ခင် ကအ်ဗာ ၀တ်ကျောင်းတော်မြတ်….

အလွန် ကြည်နူးဖွယ် ကောင်းတဲ့ မြင်ကွင်းလေးပါ.အလ္လာဟ် ကျွန်တော်မျိုးတို့ ကိုလည်း (ဟရမိုင်းန်)ကို ဇေယာရသ်

လုပ်ခွင့် ချီးမြှင့်တော်မူပါ……


ကအ်ဗအ် ရှရီးဖ် ရဲ့ ရွှေ သော့ တော် …….

ဟိုး ရှေးရှေး တုန်းက ကအ်ဗာဝတ် ကျောင်းတော်ပုံလေးပါ……

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ပလီဝတ် ကျောင်းတော်မြတ်…..

ဟဇရသ် ဘေလာလ်(ရသွေ)ရဲ့ မဇာရ် ရှရိဖ် တော်မြတ်……

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အချစ်ဆုံး သ္မီးတော် ဟဇရသ် ဖာသွေမာဟ်(ရသွေ)သ္ခင်မရဲ့ အိမ်တော်….

တမန်တော်ရဲ့သားသမီးခြောက်ဦးရှိတဲ့အနက်အငယ်ဆုံးနဲ့ တမန်တော်ရဲ့အချစ်ဆုံးသူပါ…
တမန်တော်မြတ် ခရီးထွက်တဲ့အခါ မိမိမိသားစုဝင်များနဲ့ ရောင်းရင်းများကိုနှုတ်ဆက်လေ့ရှိတယ် ..

ဒါကြောင့်ခရီးထွက်တဲ့အခါတိုင်း သမီးတော်ကိုနောက်ဆုံးလာနှုတ်ဆက်တယ် သမီးတော်ဆီမှာ

အချိန်တွေအများကြီး သုံးလို့ ရအောင်လို့ ပါ . ဒါပေမယ့်ခရီးကနေပြန်ရောက်တဲ့အခါသမီးတော်ဆီကို

အရင်ဆုံးသွားလေ့ရှိတယ် .. ယူဆောင်လာတဲ့
လက်ဆောင်တွေ အသုံးအဆောင်ပစ္စည်းတွေအနက်သမီးတော်ကြိုက်တာတွေကိုစိတ်
ကြိုက်အရင်ဆုံးရွေးယူလို့ ရအောင်ပါ…
လောကမှာကတည်းက ဂျန္နတ်( သုခဘုံ ) ရမည်ဟုသတင်းကောင်းပေးခြင်းခံခဲ့ရတယ်…
ဂျိဗ်ရာအီးလ် ကောင်းကင်တမန်က သမီးတော်ကိုစလာမ်ပေးခဲ့တယ် .. သူနဲ့ လည်းသမီး
တော်ဟာ စကားပြောခွင့်ရခဲ့တယ်…
ဂျန္နတ်မှာအမျိုးသမီးတို့ ရဲ့ခေါင်းဆောင်ဖြစ်မယ်လို့ တမန်တော်ကမကွယ်လွန်ခင်ကတည်းသတင်း
ကောင်းပေးခဲ့တယ်…
သမီးတော်ရဲ့ကိုယ်သင်းရနံ့ ကပန်းသီးရနံ့ ကဲ့သို့ ဖြစ်တယ်…
တမန်တော်ကမကွယ်လွန်ခင် သမီးတော်ကိုသတင်းပေးခဲ့တယ် … သမီးတော် ဟာနောင်တမလွန်
မှာဖခင်တမန်တော်မြတ်ရဲ့အိမ်သူအိမ်သားတွေအနက်မှ တမန်တော်နဲ့ ပထမဆုံးဆုံဆည်းရမယ့် သူလို့ 
မကွယ်လွန်ခင်လေးတမန်တော်ဟာသတင်းပေးခဲ့တယ် .. ဒါကြောင့်မို့ .. သမီးတော်ဟာ
တမန်တော်မြတ်ကွယ်လွန်ပြီး 6 လမှာကွယ်လွန်ခဲ့တယ် ကွယ်လွန်စဉ်သမီးတော်ရဲ့အသက်
ဟာ 29 နှစ်ပါ ။

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ မျိုးရိုး စင်ဆက်တော်…….

Advertisements

ရခိုင်ပြည်နှင့် ရိုဟင်ဂျာလူမျိုးသမိုင်း အကျဉ်းချုပ်

ရခိုင်ပြည်နှင့် ရိုဟင်ဂျာလူမျိုးသမိုင်း အကျဉ်းချုပ်

A Short History of Arakan & Rohingyas

ဒေါက်တာသန်းထွန်းရဲ့ သမိုင်းမသိရင် အတယ်ဆိုတဲ့စကားဟာ အလွန် ပြောင်မြောက်တယ်လို့် ပညာတတ် လူယဉ်ကျေးအသိုင်းအ၀ိုင်းမှာရော၊ ပညာတတ် လူယုတ်မာ အသိုင်းအ၀ိုင်းမှာရော အလွန်ပင် ခေတ်စားလှပါတယ်။ သမိုင်းမသိရင် အ ယုံတင်မဟုတ်ပါဘူး။ ကန်းပါတယ်။ ပင်းပါတယ်။ လူကို လူလို မမြင်တတ်တော့ပါဘူး။ တိရိစ္ဆာတစ်ကောင်ကို သတ်ရင် အလွန်ပင် အပြစ်ငရဲကြီးလှတယ်၊ သံသရာမှာ ၀ဋ်ခံရမှာကြောက်လှပါတယ်ဆိုတဲ့လူတွေ၊ ဘာကြောင့် အပြစ်မဲ့ လူသားတွေကို သတ်ဖြတ်ခဲ့ကြရတာလဲ။ သမိုင်းကို မသိကြတဲ့အချက်တစ်ချက်လဲ ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဟာ မနေ့တစ်နေ့ကမှ ကျူးကျော်ဝင်ရောက်လာတဲ့ လူမျိုးဖြစ်တယ်ဆိုတဲ့ မျက်ကန်းမျိုးချစ်၊ အရေးအခင်းဖြစ်အောင် အမျိုးမျိုးအဖုံဖုံ လုံ့လစိုက်ထုတ်၊ လှုံ့ဆော်ခဲ့တဲ့ တိရိစ္ဆာန်ဆရာဝန် အေးမောင်နဲ့ ၎င်းရဲ့မိစ္ဆာအပေါင်းအပါတွေဟာ ရိုဟင်ဂျာသမိုင်းကို လေ့လာသင့်ပါတယ်။ လူတိုင်းလိုက်နာသင့်တဲ့ အချက်ကတော့ ကိုယ့်မှာ အသိပညာမရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ မပြုဖို့ လိုပါတယ်။ ကိုယ်မသိလို့ မရှိဘူးလို့လည်း မပြောပါနဲ့။ သမိုင်းဆိုတာ လိမ်လို့မရပါ။ လုပ်ကြံဇာတ်လမ်းမဟုတ်။ ဒီလိုပါပဲ လုပ်ကြံဇာတ်လမ်းတွေဟာလဲ သမိုင်း မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင် နေ၀င်းရဲ့ သမိုင်းလိမ်မှု၊ သမိုင်းဖြောက်မှုတွေကြောင့် ကျောင်းပြဌာန်းစာအုပ်တွေမှာတောင် မမှန်ကန်တဲ့ အချက်အလက်တွေ ပါရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါက်တာသန်းထွန်းက အစာငတ်ခံဆန္ဒပြပြီး သေအံ့ဆဲဆဲဖြစ်နေတဲ့ ဆရာတော်ဦးဥတ္တမက လိမ်မှာရစ်ကြပါလို့ မှာနိုင်မယ်မထင်ဘူးလို့ လှောင်ပြောင် ကဲ့ရဲ့ထောက်ပြထားတာကို ဆရာရေးသားခဲ့တဲ့ ငါပြောချင်တဲ့ ငါ့အကြောင်း စာအုပ်ငယ်လေးမှာ တွေ့နိုင်ပါတယ်။

ဒီ“ရခိုင်ပြည်နှင့် ရိုဟင်ဂျာလူမျိုးသမိုင်း အကျဉ်းချုပ်”ဆိုတဲ့ သမိုင်းစာအုပ်ငယ်လေးဟာ စစ်အာဏာရှင်ဗိုလ်နေ၀င်းရဲ့ မဆလ ပါတီစုံ ဒီမိုကရေစီခေတ်တုန်းက တရားဝင် ပါတီတစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ “အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ”ကနေပြီး ၁၉၈၃ ခုနှစ်က ပြည်တွင်းမှာ စာပေကင်ပေတိုင်လို့ခေါ်တဲ့ ဗိုလ်နေ၀င်းဖန်တီးထားတဲ့ စာပေစိစစ်ရေးတင်ပြီး တရားဝင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီ “အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ”ဟာ အခုလက်ရှိ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ လက်ထက်မှာ မှတ်ပုံပြန်တင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မမြင် ဖြစ်နေဆဲ ဖြစ်တဲ့အတွက် ပြည်ပမှာပဲ အဝေးရောက်ပါတီအဖြစ် ရပ်တည်လျှက်ရှိနေပါတယ်။

အာဏာရှင်ကြီး၏ အတွင်းရေးများ

ဗမာပြည်ကြီးအား သူ့ကျွန်ဘ၀မှ စစ်ကျွန်ဘ၀ရောက်အောင် ဖန်တီးခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အတွင်းရေးတွေအကြောင်း ရေးသားပြုထားတဲ့ စာတမ်းလေးပါ။ ဖတ်ကြည့်ရင် အကျိုးရှိမယ်ထင်လို့ ရှယ်ပေးလိုက်ပါတယ်။

ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ

ဦးပုကလေးရေးသားခဲ့တဲ့ ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့စာအုပ်ကို ဗိုလ်ချုပ်ကို ချစ်မြတ်နိုးတဲ့၊ လေးစားတဲ့ စာရှုသူတွေအားလုံး ဖတ်ရှုလို့ရအောင် ရှယ်ပေးလိုက်ပါတယ်။

AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

Posted by danyawadi

 အမှာစာ

မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန် ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက် အထားခိုင်လုံစွာ တွေ့ရှိ ရသည်။

မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ(နှစ်ပေါင်း ၁၀၀၀)ကျော်  ကပင်  ရောက်  ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။

မြန်မာနိုင်ငံသားဥပဒေတွင် ၁၈၂၃ ခုမတိုင်မီက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ် နေထိုင် သူ များ သည် တိုင်းရင်းသားများဖြစ်သည်ဟုပြဌာန်ထားသဖြင့်  မြန်မာ နိုင်ငံ သား ဥပဒေ နှင့် အ ကျုံ့ဝင် သော ၁၈၂၃ ခု မတိုင်မီက မြန်မာ့သမိုင်းထဲက မွတ်ဆလင် များအ ကြောင်း ကိုရှာဖွေ၍ စာဖတ် ပရိသတ် ဖတ်ရှူ လေ့လာ သိရှိ နိုင် ရန်အ လို့ ငှါ ဤ မှတ်စု ကိုရှာ ဖွေစုစည်း တင်ပြခြင်းဖြစ် ပါ သည်။ မြန်မာ့သမိုင်း`၌မွတ် ဆလင်များ ထဲတွင် (၁) ဗမာ မွတ် ဆလင် (၂) ရခိုင် မွတ် ဆလင် (၃)ကမန် မွတ်ဆလင် (၄)ပသျှူးမွတ်ဆလင် (၅)ပန်းသေး မွတ် ဆလင် ဟူ၍ (၅)မျိုး ခွဲခြား လေ့လာ နိုင် သည်။ များပြားသော ရာဇ၀င်၊ သမိုင်းများကို လေ့လာ ရန် အခက်ခဲ ရှိသူများ အနေဖြင့် ဤမှတ်စု ကို လေ့လာ ခြင်း ဖြင့် အချိန် တိုတို အတွင်း အလွယ်တကူ ဗဟုသုတ တိုးပွါးနိုင်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်ကချ မှတ်သော မူဝါဒအညီ … ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး သည်  … တို့အရေး … ဟူသော ဆောင်ပုဒ် ကိုဦးထိပ်ထားလျက် တိုင်းရင်းသားအချင်းချင်း စည်းလုံးရေး၊ အပြန်အလှန် ခင်မင် လေးစား ရေးတွက်  သမိုင်း ထဲ က မြန်မာ့မွတ်ဆလင် အကြောင်း ကို ရေး သား ဖေါ်ပြပါသည်။

  ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကပင်ရင်းနှိုင်ငံအဖြစ်

မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်သောမြန်မာမွတ်ဆလင်များ

(1)
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက် ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား  ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊   ကျောက် ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း   နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။
(2)
အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ၀လီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ ဤသည်များမှာ များစွာသော သမိုင်းအထောက် အထားများမှ အချို့သာ ဖြစ်သည်။
(3)
သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက် မေယုတောင်ကြားက မွတ်ဆလင်များ သည် (ယနေ့ရိုဟင်ဂျာ)တွေဖြစ်သည်။သူတို့၎င်း ဒေသမှာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင် ကျော်ပြီ လို့ပြောသည်။ Ref : ဒေါက်တာ သန်းထွန်း-Kalya Magazine p-27,1994,August
(4)
အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန်သည်   နှင့် ရောမကုန်သည် တို့သည် မိမိတို့ ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့ လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်း သွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်းဝယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏ တည်နေပုံ၊ မျက်နှာပြင်အနေ အထား၊ နေထိုင် သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာ သုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများ အကြောင်း ကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက် အထားများ ကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါ အတိုင်း ရေး သားဖော်ပြထားပါသည်။

(5)
“ရခိုင်ဘုရင် မဟာတိုင်း စန္ဒြမင်း (အေဒီ ၇၈၈ – ၈၁၀) လက်ထက်တွင် ရမ်းဗြဲကျွန်းအနီး အာရပ်သင်္ဘောများစွာ ပျက် စီးခဲ့ကြောင်း၊ သင်္ဘောသားများက သေဘေးမှလွတ်ကာ နီးရာ ကမ်းခြေဒေ သဖြစ်သော ရမ်းဗြဲကျွန်းသို့ ၀င်ရောက်ခိုလှုံခဲ့ ကြောင်း၊ ရခိုင်ဘုရင် ကြား သိသော အခါ ယင်းတို့အား ကောင်းမွန်စွာ ပြုစုဧည့်ခံပြီး လယ်ယာမြေများပေးကာ အခြေတ ကျနေထိုင်ခွင့် ပေးခဲ့ကြောင်း” ပါရှိသည်။၎ အေဒီ ၁၈၇၉ ခုထုတ် ဗြိတိသျှဘားမားဂေဇက် (British Burma Gazetters) ကို ကိုးကား၍ အာရ်ဘီ စမတ် (R. B. Smart) ကလည်း “အေဒီ ၇၈၈ – ခုနှစ် တွင် မဟာတိုင်း စန္ဒြမင်း သည် ရခိုင်ထီးနန်းကို ဆက်ခံခဲ့ကြောင်း၊ ၄င်းသည် ယခင် ရာမ၀တီ မြို့ဟောင်းကို မြို့သစ်တည်ထောင်ကာ နှစ်ပေါင်း ၂၂ နှစ်တိုင် စိုးစံခဲ့ကြောင်း၊ ယင်းမင်းလက် ထက် တွင် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ကြောင်း၊ သင်္ဘောသားများမှာ မဟာမေဒင် ဘာသာဝင်များဖြစ်ကြ ကြောင်း၊ ယင်းတို့ကို ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည် တကျ နေရာချထားပေးကြောင်း” စစ်တွေဂေးဇတ် (Akyab Gazette) တွင် ရေးသား ထားသည်။၅ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သော ဗိုလ်မှူးဘရှင် က လည်း-   မြန်မာနိုင်ငံ ပင်လယ် ဆိပ်ခံမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများ ပျက်ပြားခြင်းဆိုင်ရာ အကြာင်းအရာများ အချိန် ကာလ စောစွာကပင် ရှိခဲ့ကြောင်း၊ မွန်-မြန်မာ ရာဇ၀င်များနှင့် အချို့ သော ဘုရားသမိုင်း များတွင် သင်္ဘောပျက် စစ်သား များအကြာင်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း – ၁၉၆၁ -ခု နှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော အာရှသမိုင်း နှီးနှောဖလှယ်ပွဲတွင် တင်ပြသော “မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဝင်များ ၀င်ရောက် လာပုံ (အေဒီ ၁ရ၀၀)” စာတမ်း တွင် ရေးသားထားပါသည်။

( 6)

မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း က လည်း    အ ဆန်း မဟုတ်ပေ။ ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျသည်ကုလားပြည်မှ ကုလား ဘုရင်နှင့် တကွ သုံ့ပန်းတို့ကို ဖမ်းဆီး ခဲ့ရာတွင် ကုလား (၁၀၀၀၀) ကို ဆင်စာမြင်း စာရိတ် အစု၊ကုလား(၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ ကုလား (၁၀၀၀) ကိုလယ်လုပ်၊ ကုလား(၁၀၀၀၀) ကိုဟင်းသီး ဟင်ရွက်၊ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့ အစု ကုလား (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော် များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ ကုလား (၂၀၀၀) လေးကိုင်းစစ်သည်၊ကုလား (၁၀၀၀) ရက်ကန်းရက် ၊ကုလား (၁၀၀၀) ယာဉ်ထမ်း၊ ကုလား(၁၀၀၀) ဆားချက်၊ ကုလား(၁၀၀၀) မြို့တွင်းမြို့ပြင် အမှိုက်ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း (၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည်ဟုရေးသားဖေါ်ပြ ထားသည်။(စာ ၂၅၇-၂၅၈)(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီ သစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)  (သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေ သည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့် (ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင် အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။)

( 7 )
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ တို့ တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုးရာ သုံ့ပန်း အဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊ မင်းသားသုံး၊ မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။
(ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃)

( 8 )
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်း ဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူ ဦးရေးသည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင် ကထိုဖမ်း ဆီးယူလာ သောလူထဲတွင် အတတ် ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦး လျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင်ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့် ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည် ဟုဆို၏။(Harvey,Outlineof Burmese History Page, 94 )

( 9 )
(က)- မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်း ထီး ကျွန်းမှကုလားလေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း)သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။မောရစ်ကော လစ် ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်း ကုလားမင်းများအဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင်ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီကရခိုင်ပြည်သည် ကုလား ပြည် တစ်ပြည်ဖြစ်ခဲ့ သည်ကတော မှန်ပေ၏ ဟူ၍ လည်းကောင်း – စသည်ဖြင့်   ဖေါ်ပြထားသည် ။ရခိုင်ပြည်ကို ဟိန္ဒူဘာသာဝင်များက အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။

(ခ) –  အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး သောက်ကြယ်က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား လေသော် ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်းထင်ရှားနေသည်။
ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင် ဦးရေ အများ အပြားရှိသည်ကိုခန့်မှန်း နိုင်သည်။ ဤ အရပ်ရပ် မူဆလင်များသည် ရှူးဂျား မင်းသား ၁၆၆၀ ခုနှစ်ရခိုင် သို့ခိုလှုံလာသည့် ကာလ ထက်အချိန်ကာလ အားဖြင့် စော နေသည်ကိုတွေ့ ရ သည်။ရခိုင်ဘုရငသည် လေးသညတော် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များ ထက်ရှေးကျသူများဖြစ်သည်ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင်တစ်ချို့အစ္စလာမ်ဘာသာ သို့ ကူးပြောင်း   ခဲ့ သည် ဟုဓညဝတီဆရာ တော် ဦးညာဏ၏ရခိုင်ရာဇဝင်ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်း ကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း ကောင်းရေး သား ဖေါ်ပြထားသည် ကိုတွေ့ရှိရသည်။

( 10 )
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆို ရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်း ပါဝင်ခဲ့၍ နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလား ပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုး စလုံးပြိုင် တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။အိန္ဒိယ တိုက် ငယ်တွင် အထူး သဖြင့်ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစုသည် အစ္စလာမ် ဘာသာသို့ကူးပြောင်းကိုးကွယ်ရာဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသောရခိုင်ပြည်`၌လည်းမြောက်ပိုင်း`၌လည်းရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုး ကွယ် လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။ တစ်ချိန်ကပြည်သည် ဘင်္ဂလား သစ္စာတော် ခံအဖြစ်လည်းကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည်ရခိုင် ပြည်၏ အင်ပါယာ အဖြစ် သို့လည်းကောင်း အပြန်အလှန်ကျရောက် ခဲ့ကြကြောင်း History Of Burma နှင့် သမိုင်းစာအုပ်များ တွင်ဖေါ်ပြထား သည်ကိုတွေ့ရသည်။
( 11 )
(က)-  ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို
ဗမာ ဘုရင် သိမ်း ပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ဂေါလ်ကကောင်းမွန်စွာလက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင်   မြောက်ဦးမြို့ တည် ၍ မြောက် ဦးခေတ် ကို စတင် တည်ထောင်ခဲ့ပါသည်။
(ခ) – မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရဗ်မှစစ် သည်တော်များ၊ ဥရောပ မှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော် တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ် သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင်   နေထိုင်ကြ ပါသည်။ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စု အဖြစ်အသိ အမှတ်ပြု ထား ပါသည်။ယင်းမူဆလင် ဘာသာဝင် ကမန်တို့ သည် ရခိုင်ပြည် ၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိက ရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူပူအမျှ ငြိမ်းချမ်း စွာ နေထိုင်လာခဲ့ကြသော ကမန် လူမျိုး တစ်မျိုးများ ရှိသကဲ့သို့ အထက်တွင် ဖေါ်ပြခဲ့သော ဗုဒ္ဓဘာသာမှ အစ္စလာမ် ဘာသာသို့ ကူးပြောင်းကိုး ကွယ်ကြသောလူတစ်စု လည်းရှိ နေသေးသည်။

(ဂ)-  မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ် များ တွင်ပင် လယ်များတွင် လွှမ်းမိုး ခဲ့သည်။၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ် ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေ ချ နေထိုင်ခဲ့သည်။
(ဃ)-  အေဒီ ၁၆၆၀ တွင်အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာ သည် နောင်တော် သြရန်အဇစ်နှင့်နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။စန္ဒသုဓမ္မ မင်းအား ကတိ မတည် ဟုဆိုရာ ရှာရှုဂျာက ပုန်ကန် ခဲ့ရာ ရှားရှုဂျား ကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေး သည်တော်) တို့အား ရခိုင် ဘုရင်၏ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
(င)- စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန် တို့အား ရမ်းဗြဲကျွန်း၊စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ် စလင်မ် တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြ သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။

(စ) – ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူ ဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင်ဖမ်းဆီးရမိသော မွတ်စလင်မ်များ အေဒီ – ၁၅၄၇ီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့်၁၇၀၇ အေဒီတွင်စနေမင်း၏အရာရှိ များ သံတွဲကို တိုက်ခိုက် ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့ စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက်မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီး စ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘို ခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်း ကောင်း၊ ရမည်းသင်းခရိုင်ယင်းတော် တို့၌လည်းကောင်း နေရာ ချထား ခဲ့ ကြောင်းတွေ့ရသည်။

(ဆ) – ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန် လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲ လှ ကျော် ထင် ရေးကူးသော စစ်တမ်း တွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင် ဘက်မှ ၀င် ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာ သက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက် ဖော်ပြပါ ၁၂-နေရာ ၌ နေရာချ ထားခဲ့   ကြောင်းတွေ့ ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ(၉)သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။အ ထက် ဖော်ပြ ပါ အတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘော များပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်း   ရောင်းဝယ် ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်း ကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။(နဝတ-ဦးစီး ထုတ်ဝေသော သာသနာရောထွန်းစေဖို့ – စာအုပ်စာမျက်နှာ ၆၇ )
( 12)
ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ ၊မကွဲခြားဘဲမျှမျှတတအုပ်ချုပ်ခြင်း၊ ဘာ သာရေး လွပ်လတ်ခွင့်ပေးခြင်း ၊ဘုရင်ကိုယ်တိုင် တိုင်းပြည်စည်းလုံးရေးအတွက် အစ္စလာမ် အမည်ဘွဲ့ ကိုခံယူခြင်း ရှေးရခိုင် ဘုရင်များ၏ အမြော်အမြင်ကြီးမားပုံကိုစံနမူနာ ယူစရာဖြစ် သည် ဟု ဦးကြည်(B.A )ရေးမြန်မာရာဇဝင်သိမှတ်ဖွယ်ရာအဖြာဖြာ ကို ကိုးကား ၍တိုင်းရင်း သား လူမျိုးစု သတင်လွှာက ရေသားဖေါ်ပြထားသည်။
( 13 )
စန္ဒသုဓမ္မရာဇမင်း(၁၆၅၂-၁၆၈၄) လက်ထက်တွင် အိန္ဒိယ မဂိုဧကရာဇ် ရှဂျီဟန်၏ ဒုတိယ သား တော် ရှားရှူးဂျားနျင့် အတူ နောက်လိုက်အင်အား(၃၀၀) နှင့် ၁၆၆၀ ပြည့် ရခိုင်ပြည် သို့ဝင်ရောက် ခိုလှုံကြောင်း ရခိုင် သမိုင်း၊မြန်မာသမိုင်း၊ကမ္ဘာ့သမိုင်း တို့တွင် တွေ့ရှိရသည်။
(14 )
၁၆၆၈ ခုနှစ် မြောက်ဦးမြို့တွင် ရှားရှူးဂျားဗလီကြီးကို တည်ဆောက်ထားသည်ကို ယနေ့တိုင်   တွေ့မြင်ရသော ရှေးခေ တ် ကပင်မွတ်ဆလင်များ ရှိနေကြောင်းသမိုင်း အထောက်ဖြစ်သည်။( အမှတ်စဉ် – ၅၆ – ကု ရှု )

(15)
ရခိုင် သမိုင်ဆရာဦးစံရွှေပုက ဘင်္ဂလားဒေရှ် နှင့် ရခိုင်ဒေသသည် နယ်စပ်ချင်းဆက် စပ်နေ၍ ရခိုင်ဘက်တွင် အစ္စလာမ်သာရှိနေခြင်းကို သံသယပွါးမရှိဟုသုံးသပ်ဖေါ်ပြထားသည်။
(16)
AD  ၇၀၀ ကျော်မှာ ရခိုင်ပြည်ရမ်းဗြဲ(ရမ္မာဝတီ) ကျွန်းတဝိုက် အာရဗ်သဘောင်္များ လေမုန် တိုင်းပြီးပျက်စီးသွားရာ အာရဗ်ျွါတ်ဆလင်များသည် ရမ်းဗြဲ ကျွန်းအခြေချ နေခဲ့သည် ဖေါ်ပြသည်။ (၁၉၅၇ ခုနှစ် ထုတ် Burmese GezetteerVol. 1 , District- P-19)
(17)
ကဝိဿရ ဘိ သီရိဝရ အဂ္ဂမဟာ ဓမ္မရာဇဝိရာဇ် ဂုရု ရခိုင်ဆရာတော်ဘုရား ပြုစုရေးသားသော ဓညဝတီ အရေးတော်ပုံစာအုပ်တွင် မူဿလံလူမျိုးဆိုပြီး ယခုအခေါ် မူဆလ်မံ ၊ ( ဆ ) နေရာတွင် ( ဿ ) ရေးသားထားကြောင်းတွေ့ရသည်။ ၁၉၃၉ ခုနှစ် ဇူလိုင်၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ဆရာဘိုးချယ် (ဆရာချယ်၊ပါတီဒီမိုကရေစ အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်)   ရေးသော ဗမာမွတ် ဆလင် တို့၏ ရှေးဟောင် အတ္ထုပ္ပတ္တိ စာအုပ် စာမျက် နှာ (၁၆) တွင်၁၈၇၉ ခုနှစ် ထုတ်ဗြိတိသျှဂေတိယ အရရမ်းဇြဲကျွန်းအနီး`၌ပျက်စီးသော အာရဗ် သဘောင်္သား မွတ်ဆလင် များ ထိုအချိန်မှစ၍ ရမ်းဗြဲကျွန်းတွင် အတည်တကျ နေထိုင်ဖေါ်ပြထားသည်။
(18)
မြန်မာနိုင်ငံရှေးဟောင်းသုတေသနမှူး ဂျာမန်လူမျိုးပညာရှင် ရန်ကုန်ကောလိပ်ပါမောက္ခ အာမိလ် ဖိုခင်ဖါ( Emil Forchamfer )၏ ရခိုင်ရှေးဟောင် လက်ရာအစီရင်ခံစာ(၁၈၉၂)ခုနှစ် ၊ ဓါတ်ပုံ ၆၈ (၄၂) ၊ စာမျက်ျနှာ ၆၀`၌ထင်ရှားကြီးကျယ်သော မွတ်ဆလင်သူတော်စင် ဗုဒ္ဒေါရေ အော်လီယာ (Budder Auliah )ကိုရည်မှန်းပြီး ဗုဒေါရ်မုကာန်(စစ်တွေ) အားခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် တည်ဆောက် ထားသည်။
(19)
ရခိုင်ဒုတိယအရေးပိုင် Deputy Commissioner Col: Nelson Devies ၏မှတ်တမ်းအရ ၁၇၃၆ ခုနှစ် တွင်စစ်တကောင်းမှစစ်တွေသို့ မာနိခ်ျ နှင့်ကျန်ညီနောင် ရောက်ရှိကြောင်းကို ဖေါ်ပြ ထား သည် ။
(ခ) – ၁၆၆၈ ခုနှစ် မင်းပြားမြို့နယ် ၊ပန်မြောင်းရွာတွင်  အာလောင်မ် လောန်ကာ ဗလီ ၊ ကန်ကြီ (၁၂) ရွာ ကိုတည်ဆောက်ထားကြောင်း တွေ့ရသည်။(ရုပ်ရှင်တေးကဗျာ ရသ စုံ မဂ္ဂဇင်း ၊ သန်းထွန်း(သမိုင်းပညာရှင်)
(20)
၁၆၆၈ ခု၊နှစ် မင်းပြားမြို့နယ်၊ပန်းမြောင်းရွာတွင် အာလောင်မ် လောန်ကာဗလီ ၊ကန်ကြီး (၁၂) ရွာကိုတည်ဆောက်ထားတွေ့ရသည်။
(21)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စ လာမ် ဘာသာ သည်ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင်သည်။ ပုဂံ ကျောက် စာ အချို့တွင် ”ပန်သိယ်”” ပ သည်” ဟုရေးသားထား သဖြင့် ပုဂံခေတ် ကပင် အစ္စလာမ် ဘာသာဝင် များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။
[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ ရန်ကုန်၊ တက္ကသိုလ် များပုံနှိပ်တိုက်၊အတွဲ၃၊အပိုင်း၎၊စာ-၇၅၊၁၉၇၃၊ဇူလိုင်။]

(22)
ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါ သည်။ ‘ပုဂံခေတ်၏ အစောပိုင်းကာလပိတ်သုံမင်း(အေဒီ ၆၅၂-၆၆၀)လက်ထက်တွင် အာရပ်လူမျိုး ကုန်သည် တို့သည် သထုံ၊ မုတ္တမအစရှိသော ဆိပ်ကမ်း မြို့များသို့ရောက်ရှိလာခဲ့ကြသည်။ အာရပ် သင်္ဘော များ သည် အနောက်ဘက် မဒဂတ်စကားကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ သွားလာ လျက် မြန်မာ ပြည်သို့လည်း ၀င်ထွက်ခြင်းပြုခဲ့ကြသည်။
[ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာရာဇ၀င်သိအပ်ဖွယ်ရာအဖြာဖြာ၊ စာ-၈၁-၈၃၊ မန္တလေး၊ ပိဋကတ်တော်ပြန့်ပွားရေး၊၁၉၅၀။]
(23)
(က)-  ပုဂံခေတ်တွင် မြန်မာမှုပြု အစ္စလာမ်စာပေဟူ၍ သီးခြားမတွေ့ရပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် သာသနာသည်ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အစ္စလာမ်စာပေ များ လည်း ရောက်ရှိလာနိုင်သည်။ ပုဂံခေတ် မြန်မာစာပေ တွင်’ကျောက်စာ ‘ များကိုသာ အများ ဆုံးတွေ့ရသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေး ထိုးသည့်အလေ့အထကို အီဂျစ်လူမျိုးများက စတင်သည်။အီဂျစ်နှင့်အခြားမြေထဲပင်လယ်ဒေသများတွင် တွေ့ရသည့် ကျောက်စာများမှာ ရှေးအကျဆုံးဖြစ်သည်။ ပုဂံခေတ်၌ပင် အရဗီဘာသာနှင့် ရေးထိုးထားသော ကျောက်စာ များရှိသည်ဟု သိရှိသည်။( အမှတ်စဉ် -၂၁ – ကိုကြည့် )

(ခ)-  ၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ် ရွာမှရသော အလျား၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ ၈ ကြောင်းပါ သည့်ရှေး   ဟောင်းပါရှားနှင့်အူရ်ဒူဘာသာစာ ရောပြွန်းရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရ သည်။ ရှေးရခိုင် မင်း လက်ထက်က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံ သည့်အခါ   ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။(၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက် ကို အထောက် အထားပြု၍ မြန်မာနိုင်ငံ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက် စာများရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။
(24)
ပုဂံကျောက်စာအချို့တွင် ပသီ၊ ပန်းသေး ဟူသော ဝေါဟာရများကိုတွေ့ရသည်။ သာဓက အားဖြင့် ‘သ္မီ မြက်ရ ပသီ’သက္ကရာဇ် ၅၈၅ခုထိုး၊ မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက် စာ ကြောင်းရေ ၃၉-၄၀)’ငီ ငာ ပန်သိယ် ၁’ သက္ကရာဇ်၆၀၄ ခုထိုး၊ ညောင်ရမ်းမင်းကြီးသမီး (အိမ်ရာကျောင်းကျောက်စာ) တောင်ဖက်ကျောက်ချပ်၊ စာကြောင်းရေ ၅) တို့ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်း ခေါ်ဆိုသည့် လူမျိုးအခေါ်အဝေါ်များကို ကျောက်စာ များတွင် တွေ့ရှိရသည်ကိုအထောက်အထားပြ၍ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ် ကပင် စတင်ရောက်ရှိနေပြီဟု အခိုင်အမာ ဆိုနိုင် ပါသည်။ ပေ၊ ပုရပိုက်တို့ကို စာရေး ကိရိယာ အဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့မည်ဟု ယုံကြည် ရသောကြောင့် ပေ၊ ပုရပိုက် တွင်ရေးသား ထားသော စာပေများရှိကောင်း ရှိနိုင် မည်ဖြစ် သော်လည်း ရှာဖွေရန် ခဲယဉ်းနေ ပါသည်။ ထို့ကြောင့်ပုဂံခေတ်တွင် မြန်မာမူပြုအစ္စလာမ်စာပေ မရှိဟု ယတိပြတ် မဆိုသာပါ။
(25)
ကုန်းဘောင်ခေတ် (အေဒီ ၁၇၂၅-၁၈၈၅)တွင် အစ္စလာမ်စာပေ အမြောက်အမြား တွေ့ရှိရ သည်။ ကုန်းဘောင်ခေတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်အား မြန်မာဘာသာပြန်ဆိုမှုကို စတင်တွေ့ရှိရသည်။ ကျမ်းမြတ် ကုရ်အာန်သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အတွင်းရေးမှူး များ အဖွဲ့ချုပ်က ထုတ်ပြန် ထားသော နိုင်ငံတကာစာပေ၌ အကျော်ကြားအထင်ရှားဆုံး စာအုပ်(၁၀၀) စာရင်း အရ ဘာသာ ရေးကဏ္ဍ၌တစ်အုပ်အပါအ၀င်ဖြစ်သည့် ကမ္ဘာ့ဂန္ထ၀င်စာပေ ကျမ်းတစ် ဆူဖြစ်ပါသည်။
[မောင်ဆုရှင်၊ ဂန္ထ၀င်စာပေဟူသည်၊ ဂန္ထ၀င်စာပေစာတမ်းများ (ပထမတွဲ)၊ စာ-၉၅၊ ရန်ကုန်၊ စာပေဗိမာန်၊၁၉၉၁]

(26)
ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကိုရမ်ကျမ်းကို မြန်မာဘာသာ မပြန်ဆိုရသေး လို့ အာရေဗျ ဘာသာ နဲ့ဖတ်နိုင်အောင် သင်ပေးတယ်။ နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ ပြန်ဆိုစေခဲ့တယ်။”[တတိယနှစ် ၀ိဇ္ဇာသင်တန်း (သမိုင်းသာမန်) သမိုင်းဘာသာပို့ချချက်များ၊ စာ-၃၇၊ မြန်မာနိုင်ငံသမိုင်း သင်ရိုး အမှတ်(၃၀၃)အတွဲ(၂)၊ တက္ကသိုလ်စာပေး စာယူသင်တန်း၊ စာစဉ် (၁၁၅) ၁၉၈၇၊ စက်တင်ဘာ]
ထို့ကြောင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ် ကုရ်အာန်ကို အရဗီ ဘာသာနှင့်ပင် လေ့လာခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်းဘောင်ခေတ် အမရပူရမြို့ တည် နန်းတည်ဘိုးတော် ဘုရားဗဒုံမင်း(သက္ကရာဇ် ၁၁၄၃-၁၁၈၀)လက်ထက်တွင် ကျမ်းမြတ် ကုရ်အာန် မြန်မာပြန်ဆိုမှုကိုစတင် တွေ့ရှိရသည်။ ဘာသာပြန်ဆိုသူ ပညာရှိကြီးမှာ ရွှေတောင် သာဂသူ ဆရာကြီးဦးနုဖြစ်သည်။
(27)
သံတော်ဦးတင်လွှာကျမ်းမှာ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းထံတင်သွင်းသော ကျမ်း ဖြစ်သည်။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၀)ခုလက်ထက်တွင် သာသနာပေါင်းစုံနှင့် စပ်လျဉ်း ၍ ဘုရင်ဧကရာဇ်က စူးစမ်းမေးမြန်းလေ့လာတော်မူရာတွင် အစ္စလာမ်သာသနာ အတွက် ဦးနုက ရေးသား တင် ဆက်သော အစ္စလာမ်သာသနာလျှောက်စာတမ်း ပင်ဖြစ်ပေ သည်။ [သံတော်ဦးတင်လွှာကျမ်း၊ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ကျမ်းဦး စကား၊ စာ-(ဈ)၊ အစ္စလာမ် စာ ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀]
(28)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန် မာနိုင်ငံ တော် ကြီး ဖြစ်သည့် ပုဂံခေတ်ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင်ထား သည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံအနီးရှိ မြန်မာ နိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။
Ref : (“The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2, paragraph 3, line 1,2&3 )
(29)
အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည်   တော်များနှင့် ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန်(တလိုင်း) တို့ ၏ မြို့တော်မုတ္တမမြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက် ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။ (Luce & Tin 1960, pp. 80-81)
(30)
တောင်ပြုန်းရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာဌာနေ တစ်ခု ဖြစ်လာ သည်။ မန္တလေးမြို့မြောက်ဖက်၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည်ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထား ခြင်း ဖြစ် သည်။( Various Myanmar History tax-books of Ministry of Education, Myanmar.)
(31)
ယနေ့တိုင် အယုံအကြည်ရှိသူများ သည်နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြ သည်။ ထို ကိုးကွယ်သူ များသည် မိရိုး ဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှဝက်သားကို သယ် ဆောင် သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်း ခံ သည့် အုပ် ချပ်နှစ်ချပ် စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။( a b “The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden.)

(32)
ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ် စာ နေရာ ကို အနော်ရထာ မင်းကြီးမြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရ ထာမင်း ကြီးသည် အမှု သွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးေ တာ် မူပြီးနောက် ၎င်းညီနောင်နှစ်ဦး အား အမိန့် တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင် တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာ မင်း ကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေ ခဲ့သည်။ ဤသို့   ဖြစ်ရခြင်းမှာ ရွှေဖျင်းညီ နောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှု ထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်ကတော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များက ရွှေဖျင်းညီနောင်တို့သည် အနော်ရထာ မင်း ကြီး အားသစ္စ္စာစောင့်သိစွာ အမှုတော် ထမ်း ခဲ့သော် လည်းမတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ် ချက် ကို ဖော်ပြ သည့်အနေဖြင့် တော် ဝင်ဖောင်   တော်၏တက်မ ကို ဆွဲကိုင် ထားသောကြောင့်   ဖောင်တော်ရွေ့ လျားမရ ဖြစ်နေ သည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက် တင်ကြ သောအခါ အနော်ရထာမင်းကြီး သည်   ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီး တစ် ခု ဆောက်လုပ်စေပြီး လူတို့ အား   ထိုညီနောင်ကို ကိုးကွယ်ပသ စေသည်။
(Online Burma/Myanmar Library )

(33)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန် မာနိုင်ငံ တော်ကြီးဖြစ်သည့်ပုဂံခေတ်ခရစ်သက္ကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင် ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော ဗျတ်မျိုးနွယ်ဝင်အာရပ် သင်္ဘော သား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ်ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။(“The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2,
paragraph 3, line 1,2&3 )
(34)
ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီ နောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့ သော ဘုန်း ကြီး ဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီအသေ(ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီး နောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြ ထား သည်။ သထုံ ဘုရင်သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား၎င်း ၏ ဇနီးမယား ၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။ညီငယ်ဖြစ်သူ သည် ပုဂံသို့ ထွက်ပြေး လွတ်မြောက်သွားပြီးအနော်ရထာမင်းကြီးအပါးတော်တွင်ဝင် ရောက်ခို လှုံ ခစားခဲ့သည်။သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ် နေ့ လျှင် ဆယ်ကြိမ် သွား၍ ပန်းများကိုယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်း ပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။
( Pe Maung Tin and G.H.Luce, The Glass Palace Chronicle of the Kings of Burma)

(35)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀) ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်းနှစ်ဦးချင်းအားဖြင့်လည်းကောင်းပျံ့နှံ့ဝင် ရောက် ခဲ့ပါ သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ် ဘာသာမြန်မာနိုင်ငံသို့ စတင်ရော က် ရှိ လာ ခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာ နိုင် ငံသို့လာရောက်သာသနာပြု သဖြင့် ရောက် ရှိလာခဲ့ခြင်း မျိုး မဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် ဘာသာ ရောက်ရှိလာ ပုံနှင့် ပတ်သက် ၍အောက် ပါသမိုင်း မှတ်တမ်း အထောက် အထားများ အရ လေ့လာသိရှိပါသည်။ နိုင်ငံတော် အစိုးရကထုတ်ဝေသော(စာမူခွင့်ပြုချက်-၃၄/၉၇(၃)၊ ပထမအကြိမ်ပုံနှိပ်)   သောသာ သနရောင်ဝါ ထွန်း စေဖို့ စာအုပ်စာမျက်နှာ (၆၅-၆၈)နှင့်(၇၁-၇၃ )မှ ကူးယူဖေါ်ပြခြင်းဖြစ် ပါသည်။)
(36)
အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များ မှ တစ်ဆင့် အာရဗ် ကုန်သည်များသည်မြိတ်မြို့သို့ရောက် ရှိနေကြပြီးဖြစ် သည်။ (ဦးခင်မောင်ကြီး   မြန်မာပြန်၊   မောရစ်ကော    လစ်ရေး Into HiddenBurma စာ-၂ )

(37)
သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ် ကုန်သည်များရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ် ကျွန်းမှအရှေ့အိန္ဒိယ ကျွန်းစု များနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်းဖော်ပြထား သည်။(ဦးကြည်၊ ဘီအေ၊ ရာဇ၀င် ဂုဏ်ထူး ရေး၊   မြန်မာ ရာဇ၀င် မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇)

(38)
တပင်ရွှေထီး လက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလား ပန်းသေး တို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်း သုတေသီ ပညာရှင် များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ် ဘာသာ သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ရောက်ရှိ အခြေချ နေထိုင် ခဲ့ကြကြောင်း သိရှိရပါသည်။((နဝတ-ဦးစီးထုတ်ဝေသော သာသနာရောင်ဝါ ထွန်းစေဖို့ – စာအုပ်စာမျက်နှာ ၆၅- ၆၈)၊ အမှတ်စဉ် ၃၅ – ကိုရှု

(39)
ဓမ္မစေတီမင်း ပုသိမ်ကို တိုက်ခိုက်သိမ်းယူပြီးနောက် သူဋေးသူကြွယ်များ၊ကုန်သည်များ ၊ ကု လား ပသီများသည် လက်ဆောင် ပစ္စည်း များဆက်သ ကြသည်ဟု ရာဇဝင်ဟောင်းများ တွင် တွေ့ ရကြောင်း ၊ပသီတွင် ကုလားပသီမင်းမျှ အုပ်စိုးရုံမျှမက လူဦးရေအားဖြင့် လည်းအများ အပြား ရှိကြဟန်တူသည်ဟုဆိုထားသည်။ (ဆရာမာဃ၏ ပုသိမ်ရာဇဝင် စာမျက်နှာ ၁၅၇)
(40)
၁၇ ရာစု အလယ်(၁၆၄၇) ခှုစ်တွင် အင်္ဂလိပ်အရှေ့ အိန္ဒိယ ကုမ္ပဏီက မြန်မာနိုင်ငံ`၌ ကုန် တိုက်ဖွင့်၍မွတ်ဆလင်များ မှတဆင့်ကူးသန်းရောင်းဝယ် မှုပြုလုပ်ခဲ့သည်။(D.G.E. Hall Early English Intercourse with Burma P . 32,Ibid p.25 ,Ibid p. 87)
(41)
အနောက်လွန်မင်းသန်လျင်ကိုအောင်နိုင်ပြီး နောက် ယခင်ပေါ်တူဂီတို့အုပ်စိုးခဲ့ သော ကူးသန်း   ရောင်းရောင်းဝယ်ရေးသည် မွတ်ဆလင်လက်သို့ရောက်ရှိသွားသည်။(Aoyage of Floristhothu Indies p.119)
(42)
၁၇၅၆ ခုနှစ်တွင် သန်လျင်မြို့ကိုအလောင်းဘုရားအောင်တော်မူရာတွင် ဖမ်းစီးသောသုံ့ပန့် များတွင် ကုလားသင်္ဘော ခလာသီများ လည်းပါဝင်သည်။ရန်ကုန် ရောက်ပြီးသွေးသောက်ကြီး ခန့်ရာတွင် ပီယာမဟာမတ် တို့အပါ အစ္စလာမ်ဘာသာဝင် (၂) ဦးပါဝင် သည်ကို တွေ့ရသည်။ (Konbanzet Mahayazawindawgyi (KBZ) Vol.1,p.187)
(43)
အလောင်းဘုရားလက်ထက် အစ္စလာမ်ဘာသာဝင်များကို အရေးကြီးသော ဘုရင့်သက်   တော်စောင့်   ခန့်ထားသည်သာမက ကုလားပျိုသေနတ်စု ကိုဖွဲ့စည်းသည်။ ၁၇၅၈ ခုနှစ်တွင် ဘုရင့်ကောင်းမှုဌာပနာတော် ထွက်တော်မူခန်း`၌် ကုလားပျိုသေတ် စုများလည်း ပါဝင် သည်။(Konbanzet Mahayazawindawgyi (KBZ) Vol.1,p.254)
(44)
မင်းတုန်းမင်းတရားလက်ထက် တွင်ရွှေ လင်္ကျာတပ်၏ အမှုထမ်းတို့မှာ အစ္စလာမ် ဘာသာဝင် များဖြစ်သည်။(An account of Burmese Published on the centenary of the founding of Mandalay U Ba U p.8 ,(from now be refrrence U Ba U)
(45)
၁၇၆၄ ခုနှစ်တွင် ယိုးဒယားသို့ချီတက်တော်ရမူသောမြန်မာ တပ်များတွင် ကုလားဗိုလ်တပ် တပ် လည်း ပါဝင်ခဲ့သည်။(Konbanzet Mahayazawindawgyi (KBZ) 1373)
(46)
ဘိုးတော်ဘုရားနန်းတက်ပြီးစ (၁၇၈၂)ခုတွင်မင်းလောင်း ငမြတ်ဖုန်း ရှမ်းအမျိုးသား တစ်   ယောက်   သည် လူအင်အား (၂၀၀၀)နှင့် ညဘအချိန်တိတ်တဆိတ် ရွှေနန်းတော် ကို ဝင်   ရောက် စီး  နင်း ချိန်တွင် ရွှေနန်းတော်တာဝန်ကျဝန်သူ ကုလားပျို အစုလည်း ခုခံတိုက်ခိုက် ခဲ့သည်။ (Ibid 554)
(47)
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားသည် (၁၇၈၃) ခှုစ်တွင်အမရပူရ ကိုတည်ထောင်ရာ`၌ အစ္စလာမ် ဘာသာ ဝင်များလည်းပါဝင်ခဲ့သည်။၎င်းတွင် ကုလားဝန်၊ကုလားစာရေးနှင့်ရွှေလက်ယာ အစုသား များ ပါဝင်ခဲ့သည်။(Parabike No.509 , Bernard library)
(48)
တရုတ်ပြည်မွန်ဂိုမင်းဆက်(ယွန်မင်းဆက်) ရာဇ၀င်များအရ တရုတ်ပြည်ယူနန်ပြည်မှ တဆင့်မြန် မာနိုင်ငံ သို့အစ္စလာမ်ဘာသာဆက်မိသညိ။ ရောက်ရှိလာသည်။The Mongol or Yuan Dynasty (1280-1368)
(49)
စိုင်ယဒ်အလ်ရှမ်ရွတ်ဒင်န် သည် ယူနန်ပြည်နယ်ကိုငြိမ်ဝပ်အောင်အုပ်ချုပ်ခဲ့သည်။၎င်း၏သား နဇဥဒ္ဒင် သည်မွန်ဂိုတိုမြန်မာနိုင်ငံကို ပထမအကြိမ်ဝင်ရောက်တိုက်ခိုက်စဉ်( ၁၂၈၅ – ၈၇ ) က မွန်ဂိုတပ်များကိုကွပ်ကဲသော စစ်ဇိုလ်ချုပ်ဖြစ်သည်။(For the Biographies of the three official see Yunamshih chapter 125 , and for the Mongol invasion of Burma G.H. luce Early Syam . Journal of Siam Society (Vol.xLvi part 2 )
(50)
မွန်ဂိုမင်းလက်ထက် ပုဂံပြည်ကို မွန်တို့က (၃)ကြ၇ိမ် ၀င်ရောက်တိုက်၍ မြန်မာပြည် မြောက် ဖက်တွင် (၁၃၀၃ )ခု အထိ အုပ်ချုပ်ခဲ့သည်။ထိုအချိန်ကပင် အစ္စလာမ်ဘာ သာသည် တရုတ်ပြည် ဖက်မှမြန်မာနိုင်ငံဆက်စပ်မိသည်။
(The Mongol Set up Cheng-mien -Province about Katha and Bhamon
district west of Irrawady river.It was abolished only in 1303 )

(51)
၁၄၂၉ – ခုနှစ်တွင် ရခိုင်ဘုရင်နရမိတ်လှ ကို နန်းတင်ပေးရန် စေလွှတ်ခြင်းခံရသော စစ်ဗိုလ်ချုပ် ၀လီခန် (ဥလုံခင်) သည်နရမိတ်လှကို သစ္စာဖေါက်ပြီး တစ်ျနှစ်ကျော်ဖမ်းစီးချုပ်နှောင်ထား ကာ စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) ကရခိုင်ပြည်ကို အစ္စလာမ်တရားဓမ္မ နှင့် အညီ တရားစီရင်ရေးစနစ် ကိုကျင့်သုံးခဲ့သည်။
က- (Bangla District Gezetteer, Chittagong ,Page-63,AD 1798)
ခ – (Harvey Outline of Burmese History , Page-97)

(52)
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမ္ခောဖြစ်ခဲ့သူ G.H. Luce က ၁၄ ရာစု ချင်းတွင်းမြစ်   ကျောက်စာတွင် ရခိုင်မင်းများသည်အိန္ဒိယ ဘွဲ့ အမည်ရှိကြပြီး မူဆလင် များဖြစ် သည် ဟုဆိုထားသည်။ ( ဘုရင် များ သည် မွတ်ဟုတ်မဟုတ် တပ်အပ်သေ ချာမပြောနိုင်သော်လည်း ပြည်သူထုများတွင် မွတ်ဆလင် ရှိနေသည်မှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။)
(G.H Luce . Phases of Pre Pagan Burma, Language History စာအုပ် Page- 95. Oxford University 1985)

(53)
၁၆၆၃ ခုနှစ် ရခိုင်ဘုရင်သုဓမ္မလက်ထက် ဘင်္ဂလားမှ ရခိုင်ဒေသ သို့ခိုလုံလာကြသော ရှားရှူး ဂျား၏   နောက်လိုက်များလေးသည်တော် တပ်တွင် သွပ်သွင်းပြီး တစ်လလျှင် လခ ရူပီငွေ 4 Rs ခဲ့သည်။ ကမန် ဆိုသောစကားသည်ပါရှန်စကားဖြစ်၍် (လေး) = Bow ဟုအဓိပ္ပါယ်ရသည်။
၁။ -ကမန်လူမျိုးသမိုင်း ၊ကမန်ဒီကရေစီအဖွဲ့ချုပ် (၁၉၉၀)
၂။- Hla Tun Pru .The Fall of the great Arkanese Empire
(54)
၁၆၆၆ – ခုနှစ်မှ ၁၇၁၀ ထိ ရခိုင်ပြည်၏ နိုင်ငံရေးသည် ကမန်လက်ထဲတွင်ရှိ ၍ ဘုရင်များကို သူတို့ သဘော ဆန္ဒအလျောက်နန်းတင်ခြင်း၊ဖြုတ်ချခြင်းများ ပြုလုပ်နိုင်သည် ထိ ကမန်မွတ် ဆလင်တို့မှာ အင်အား ရှိခဲ့သည်။
(က- Harvey, Outline Burmese History Page 96,97)
(ခ- Moshe Yegar ,The Muslim of Burmese Page 35 )
(55)
အာရဗ်တို့သည် ဂျာဗား၊စုမတြား၊မလက္ကား၊မြန်မာ၊ရခိုင် စသည့် တောင်အာရှ နှင့် အရှေ့တောင် အာရှတွင် ခရစ်သက္ကရာဇ်အစော ပိုင်းမှ၍ ကုန်သွယ်ကိုလိုနီ များထူ ထောင်ခဲ့သည်။
(Nafis Ahamed (P.hd.) Muslim Contribution to the geography, Page 121 )
(56)
ရခိုင်ဘုရင်များသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်းဗြဟ္မဏ၊ခရစ်ယန်၊အစ္စလာမ်ဘာသာမျာကို လွတ်လပ်စွာကိုးကွယ်ခွင့်တရားဟောခွင့်ပြုထားကြောင့်၊ဝေသာလီကျောက်လှေကားနှင့်မြောက်ဦးခေတ်မှစ၍ ခရစ်ယန်နှင့်အစ္စလာမ်ဘာသာ အဆောက်အဦးဆောက် လုပ်ခွင့်ပေးထား သည်ဟုဆိုသည်။ (မဆလ ပါတီဌာနချုပ်၊၁၉၇၆ ဇူလိုင်လ ထုတ် တိုင်းရင်း သားရိုးရာဓလေ့ ထုံးစံများ(ရခိုင်) စာမျက်နှာ ၁၄၉၊၁၅၀)

(57)
ဒေလီ အက်ဘာရ် (Akbar) ဘုရင် (၁၅၅၆-၁၆၀၆) သည် အေဒီ ၁၅၇၆ တွင်ဘင်္ဂလားကို အပြီး အပိုင်သိမ်းယူသော အခါဂေါ်ရီပထန်မြောက်များ စွာ တို့သည် ရခိုင်ဒေသ သို့ခိုလှုံ လာကြ သည်။ ရခိုင်ဘုရင်ကလည်း ခိုလှုံလာကြသောပထန်များအား ရက်ရောစွာလက်ခံပြီး ရာထူးနေ ရာ၊မြို့ စား၊နယ်စား ခန့်အပ်ခဲ့သည်။
( Dr. Kanungo ,The History ofChittagong Vol.!, 197 P )
(58)
ပဲခူးမြို့တွင်(၁၆၁၇) `၌ ဆင်မြူရယ် ရှိတ် အနိစ္စရောက်၍၎င်း၏ပစ္စည်းများကို ၎င်းအား ဆက်ခံ သူံ တောင်းလာမှ ပေးရန် မြန်မာဘုရင်က သိမ်ဆည်းထားသည် ဆိုသော သတင်းကို ပဲခူမြို့မှပြန် လာ သော မွတ်ဆလင်ကုန်သည် များ က အိန္ဒိယ ကုမ္ပဏီ မဆူလီပထန်ရှိ ကုန်တိုက် သို့ အကြောင်း ကြားခဲ့သည်။(ဆိုလိုရင်းမှာ ပဲခူးမြို့တွင်(၁၆၁၇) ခု ကတည်း ကမွတ်ဆလင် ရှိ နေ ကြောင်း ထင်ရှားသည်။)
(D.G.Hall Early English Intercourse with Burma p.34 )
(59)
ကျန်စစ်သားမင်းနန်းသစ်တည်ဆောက်ပွဲ`၌ မြန်မာ သီချင်း၊မွန်သီချင်း၊ ကုလားသီချင်းများ သီဆိုကြ ဟန်ရှိသည်။ ပုဂံကျောက်စာတွင်မြန်မာ ပန်တျာ ၊ကုလားပန်တျာ ၊မြန်မာစည်၊ ကုလား စည်၊ မြန်မာ ကခြိယ်သည် ၊ ကုလား ကခြိယ်သည် ဟုရေးထိုးဖေါက်ကြသည်။ ပုဂံကျောက်စာ အထောက် အထားများအရ ကုလားပန်တျာ၊ ကုလားစည်၊ကုလားကခြိယ်များ ကုလားများ၊ ကုလားကျွန်များ ပုဂံခေတ် ပျူမြန်မာနိုင်ငံတွင် နေထိုင်ကြောင်းတွေ့ရသည်။
( ဘုန်းတင့်ကျော်၊ ပိတောက်ပွင့် သစ် ၊အနုပညာမဂ္ဂဇင်း အမှတ်(၁၆) ဖေဖေါ်ဝါရီလ -၂၀၀၈ )
(60)
ကောဇ သက္ကရာဇ် (၆၉၅) ခုတွင် အရှေ့ဘက်ရှိ သက်တို့သည် တောင် စဉ်ကျေးရွာများ ဖျက်စီး နေသည် ကို ချေမုန်းရန်စစ်ကြော င်းအမျိုးမျိုးခွဲ၍ချီတက်ရာ`၌ အမတ်ကြီး(စနဲ) ပါသောစစ် ကြောင်း ကိုယ်တော် သူရဲ ၂၀၀၀၀ (နှစ်သောင်း) ၊ ကုလား၃၀၀၀၀(သုံးသောင်း) ၊ဘီပေါင်း ၅၀၀၀၀(ငါးသောင်း) နှင့်အတူ မအီလမ်းမှ စစ်ချီတက်သည်ဟု တွေ့ရှိရသည်။
(ရက္ခပူရ ကြေးမုန်ကျမ်း စာမျက်နှာ ၉၇ ၊၉၈ ၊စာမူခွင့်ပြုချက်အမှတ်၃၇၁ / ၂၀၀၄(၇) )

(61)
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာ ဗန္ဓုလဦး ဆောင် တဲ့ ရမူး-ပန်းဝါတိုက်ပွဲမှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော် (၂၀၀) ကျော် ပါဝင်စေခဲ့သည်။ Ref : ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ (၃၇၇)မှာ တွေ့ရပါတယ်။

(62)
အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများဝင်ရောက်လာကြခြင်း ၁၇-ရာစုနှစ်များအတွင်း အာရဗ်တွေ ပါရှင်းတွေနှင့် အိန္ဒိယ အနွယ် ၀င်တွေဟာ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည် အထိ ပင်လယ်ရေ ကြောင်းဖြင့် ဖြတ်သန်းသွားလာကြရမှာ မြန်မာနိုင်ငံ မုတ္တမ၊ သထုံ၊ ပုသိမ်ဆိပ်ကမ်း တို့မှာ ဆိုက်ကပ် စခန်းချခဲ့ကြတယ်လို့ သမိုင်းမှာတွေ့ရပါတယ်။
ထူးခြားမှုများ
ဖြတ်သန်းသွားလာကြတဲ့ အာရဗ်သင်္ဘောတွေထဲက သင်္ဘောတစ်စင်းဟာ ရခိုင်ပြည် ရမ်းဗြဲကျွန်း အနီးမှာ ပျက်ခဲ့ပါတယ်။ အဲဒီသဘောင်္ာနှင့်ပါလာတဲ့ အာရဗ်တွေ ရမ်းဗြဲကျွန်း(ရမ္မာဝတီ)မှာ အတည် တကျ နေထိုင် ခဲ့ကြသည်။ Ref : (၁၈၉၇) ခုနှစ်ထုတ် ‘ဗြိတိသျှ-ဘားမားဂေ ဇက်’မှာ တွေ့ ရတယ်လို့ ဆရာချယ် ရေး ‘ဗမာမွတ် စလင်မ် တို့၏ ရှေးဟောင်း အတ္ထုပ္ပတ္တိ’ စာအုပ်၊ စာမျက်နှာ (၁၆)မှာ တွေ့ရပါတယ်။
(63)
‘၁၃-ရာစုနှစ်များအတွင်းမှာပဲ ပါရှင်းလူမျိုးတို့က ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး ၁၂-နှစ်တိုင်၊ မင်းသုံးဆက်မင်းလုပ် အုပ်ချုပ် ခဲ့ကြသည်။ Ref : ‘မြန်မာ့စွယ်စုံကျမ်း’ အတွဲ(၆)၊ စာမျက်နှာ (၃၅၀)၊ ‘ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်း သား များ မဂ္ဂဇင်း’ (၁၉၅၅-၅၆)၊ စာမျက်နှာ(၅)နှင့် စာရေး ဆရာကြီး ဘကြီးဦးမာဃရေး ‘ပုသိမ်ရာဇ၀င်’တို့မှာ တွေ့ရပါတယ်။
(64)
ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူး နဇရွတ်ဒင် အုပ်ချုပ်ရတဲ့ တာရ်တာရ်စစ်သည်များဟာ ကောင်းစင်မြို့(ယခု ဗန်းမော်မြို့) ကို သိမ်းပိုက် အခြေချနေထိုင် ခဲ့ကြသည်။ Ref :  ဦးကြည် (ရာဇ၀င် ဂုဏ်ထူး)ရေး ‘မြန်မာရာဇ၀င် မှ သိမှတ်ဖွယ်ရာ အဖြာဖြာ’ စာအုပ်၊ စာမျက်နှာ(၈၂-၈၃)
(65)
၁၄-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ကို အသုံးချရာမှ (ယခု-နောက်လယ်ရပ်) လို့ခေါ်တဲ့ နေရာမှာ အခြေ တကျနေထိုင်ခဲ့ကြသည်။ Ref : မောရစ်ကောလစ်ရေး Into Hidden Burma စာအုပ် ဦးခင်မောင်ကြီး ဘာသာပြန် စာမျက် နှာ(၂၁၁)မှာ တွေ့ရပါတယ်။
(66)
၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက် ထက်၌ ငဇင်ကာ နှင့် စစ်ဖြစ်ပွားပြီး သင်္ဘော(၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀)ကျော်ဖမ်းဆီးရမိရာ မွတ်စ လင်မ်များ ပါဝင်ခဲ့သည်။ Ref :  ‘မှန်နန်းရာဇ၀င်’ တတိယအတွဲ စာမျက်နှာ(၁၇၂) မှာ တွေ့ ရပါ တယ်။
(67)
၁၈-ရာစုနှစ်များအတွင်း အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာကြသူများတွင် များစွာသော မွတ်စ လင်မ်များ ပါခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပတဲ့ အာရှသမိုင်းဆိုင်ရာ ကွန်ဂရက် တွင် ဗိုလ်မှူးဘရှင် တင်သွင်း တဲ့ Coming of Islam to Burma Down စာတမ်း စာမျက်နှာ (၆)မှာ တွေ့ရပါတယ်။
(68)
၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက်တွင် ဟိုင်းကြီး ကျွန်း ကို ချီတက် တိုက် ခိုက် ရာအောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် သုံ့ပန်းများ တွင် အစ္စလာမ် သာသနာဝင်များ ပါဝင်ခဲ့သည်။ Ref : ‘ကုန်း ဘောင်   ခေတ်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ (၁၄၄)မှာ တွေ့ရပါတယ်။
(69)
ကုန်းဘောင်မင်းဆက်များအတွင်း ကသည်းတို့နှင့်အကြိမ်ကြိမ်စစ်ဖြစ်ပွားရာမှာလည်း ဖမ်းဆီးရမိ တဲ့ သုံ့ပန်းများ၊ ၀င်ရောက် ခိုလှုံသူများ လေးသောင်းကျော်ထဲမှာ အစ္စလာမ်သာ သနာဝင်များ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကသည်း ပြည် တွင် အစ္စလာမ် သာသနာထွန်းကားနေသည်မှာ ၁၂- ရာစုနှစ်များကပင်ဖြစ်သည်။ Ref : ဟာဗေးရေး တဲ့ ‘မြန်မာရာဇ၀င်’
(70)
ညောင်ရမ်းခတ်၊ အနောက်ဘက်လွန်မင်းလက်ထက်(၁၆၁၂-၁၆၂၈)ခုနှစ်များအတွင်း ငဇင်ကာနှင့် စစ်ဖြစ်ရာ ဖမ်းဆီး ခေါ်ဆောင် လာတဲ့ မွတ်စလင်မ်တို့ကို အင်းဝမြို့ရဲ့မြောက်ဘက် မြစ်သာမြို့မှာ လုပ်မြေနေမြေပေးပြီး အတည်တကျ နေထိုင်စေခဲ့တယ်။ မင်းမှုထမ်းစေခဲ့သည်။ Ref : ‘မှန်နန်းရာဇ၀င်’ တတိယတွဲ၊ စာမျက်နှာ(၁၇)မှာ တွေ့ရှိရပါတယ်။ (ဒါ – ပထမအကြိမ်ဖြစ်သည်)
(71)
ညောင်ရမ်း ခေတ် အတွင်းမှာပဲ သာလွန်မင်းတရားကြီး(၁၆၂၈-၁၆၄၆)လက်ထက်မှာ အတည် တကျ လုပ် မြေနေ မြေပေးပြီး နေထိုင်စေခဲ့သည်။ Ref : ဦးဘသန်းရေး ‘ကျောင်းသုံးမြန် မာရာ ဇ၀င်’  စာအုပ်၊ စာမျက်နှာ (၂၇၀)မှာ တွေ့ရပါတယ်။(ဒါ –  ဒုတိယ အကြိမ်   နှစ်ပေါင်း(၃၇၀)ကျော်ပါသည်။)
(72)
ကုန်းဘောင်ခေတ်ဦးရောက်လာခဲ့အခါ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ လက်ထက် (၁၇၅၃-၁၇၆၀) အတွင်းမှာ သန်လျင်ကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ အစ္စလာမ် သာသနာဝင်များ၊ အကြိမ်ကြိမ် ကသည်း ပြည် တိုက်ခိုက်ရာမှ ရရှိသူ၊ ၀င်ရောက်ခိုလှုံကြသူ ကသည်းမွတ်စ လင်မ် တို့ကို ရှိရင်းစွဲ မွတ်စလင်မ်အစုအဝေးများရှိရာဒေ သတို့မှာ ခွဲခြားနေရာချ ထားကြောင်း‘ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီး’  ပထမတွဲ၊ စာမျက်နှာ(၂၉၈-၂၉၉)မှာ   တွေ့ ရပါတယ်။
(73)
ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း(၁၈၇၁-၁၈၁၉)ခေတ်မှာ အစ္စလာမ် သာသနာဝင်တို့ သည် အထက်ပါနေရာဒေသတိှု့မှာ အတည်တကျလည်း ရှိနေကြပြီး ဘုရင့်သစ္စာ တော်ခံများလည်း ဖြစ်ကြတယ်။ ဒေသများမှာ လည်း ပြန့်ကျဲနေ ထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာ တရားအရ ဆုံးဖြတ်ရမယ့်ပြဿ နာ တို့လည်းရှိ လာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင် တဲ့ဆုံးဖြတ် ချက် တို့ကိုပေးနိုင်ရန် သာသနာ့ ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုစိုင်နီ သခင်ကြီး’ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ် တယ် လို့ အမိန့်တော် ပြန်တမ်းထုတ်ခဲ့တယ်။
(74)
အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က အရပ်ရပ်မြို့ရွာများမှာနေသည့် (ရခိုင်ပြည် အပါအ၀င်) ပသီ ကုလားတို့သည် ဘာသာကျမ်းရှိသည့်အတိုင်း အာဗိရှားဟ် ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့ပြသရာ နာခံကြစေ”လို့ ၁၁၆၉-ခု၊ တန်ဆောင် မုန်းလပြည့်ကျော်(၃)ရက်၊ ၁၈၇၀-ခု၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှာ နာခံတော် ဘယကျော်ထင်တွင် ပြန်သည်လို့ ‘ဘိုးတော် မင်းတရားကြီး၏ ရာဇသတ်ကြီး’စာအုပ် အတွဲ-၄၊ စာမျက်နှာ(၂၇၆)မှာ တွေ့ရပါတယ်။
(75)
အနော်ရထာဘုရင် (၁၀၄၄-၁၀၇၇) ဘုရင်အဖြစ် (၃၃)နှစ်အုပ်ချုပ်ခဲ့ရာ နန်းစံသက်(၁၃)နှစ်အရမှာ မိတ္ထီလာကန် ဆယ်ဖို့ခဲ့တယ်။ ‘ပသီ’လက်နက်ကိုင်တပ်သားတို့ ပါဝင်စေခဲ့တယ်လို့ ဟံသာဝတီဦး ဘရင်ရေးတဲ့ ‘မြန်မာ့ယဉ်ကျေးမှုနဲ့ လယ်သမားရေးရာ’စာအုပ် စာမျက်နှာ(၂၅)မှာ တွေ့ရပါတယ်။
(76)
တောင်ငူခေတ်ဖြစ်တဲ့ မင်းခေါင်နော်ရထာလက်ထက် (၁၄၀၁-၁၄၁၂)အတွင်း ဒုတိယအကြိမ် မိတ္ထီ လာကန်ဆည်ဖို့ ပြန်ရာ ‘ပသီ’လက်နက်ကိုင်တပ်သား(၁၀၀၀)၊ ရွေးလက်ျာတပ်သား (၁၀၀၀) လိုက်ပါ ဆည်ဖို့စေခဲ့သည်။ Ref : ‘ကင်းဝန်မင်းကြီး စာပေါင်းစု’စာအုပ်၊ စာမျက်နှာ(၈၆) မှာ တွေ့ ရတယ်။ အဲဒီအချိန် ကာလဟာ အတည်တကျနေထိုင်ကြရသေးတဲ့ ကာလ မဟုတ် သေးပါဘူး။
(77)
ကုန်ဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက် သန်လျင်ကို ချီတက် တိုက်ခိုက်ရာ အောင်မြင် သဖြင့် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အစ္စလာမ်သာသနာ ၀င် အစု(၂၅၀၀)ကျော်ပါတယ်လို့ ဆိုတယ်။ ‘ဒါဝတ်’ဆိုသူနဲ့ ‘ပီးရ်မာမက်’ ဆိုသူတို့ကို သွေးသောက်ကြီး များခန့် အပ်တာဝန်ပေးခဲ့တယ်။ ကိုယ်ရံတော်တပ်မှာ အမှုထမ်း   စေခဲ့သည်။ Ref : ‘ကုန်းဘောင် ခေတ် မဟာရာဇ၀င်တော်ကြီး’ပထမတွဲ စာမျက်နှာ(၁၈၅-၁၈၆)
(78)
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာဗန္ဓု လ ဦးဆောင်တဲ့ ရမူး-ပန်းဝါတိုက်ပွဲ မှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော် (၂၀၀)ကျော်ပါဝင်စေခဲ့သည်။ Ref : ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ (၃၇၇) မှာ တွေ့ရပါတယ်။
(79)

ရခိုင် ဘုရင် နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ၌ လည်းကောင်း ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ် တို့၏ အစုအဝေးလူမျိုးစု ပင်ဖြစ်သည်။မွတ်စ လင်မ်စာဆိုတော် စိုင်ယက်ဒ်ရှားအာလ်ဝါလ် (Sayued Shah Al wal) ၏ အဆိုအရ စန္ဒသူဓမ္မဘုရင်၏ နန်းရင်းဝန် ]`မာဂန်´မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်း ၀န်ကြီးများ  ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီးဖြစ် သည်။ Ref :  ၁။ – MKရာမန်-ရ   ၊  ၂။ – မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀-ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူမျိုးများ။
(80)
မဇ္စိုမဒေသ အန္ဒိယတိုက်၏ အရှေ့ဘက်ဒေသနေထိုင်သူများကို အနောက်ဘက်ဒေသအခေါ် အဝေါ်ဖြင့် ရွမ်းကိုင်ညာ၊ ရွမ်းသား ဟု ခေါ်ဆိုသကဲ့သို့ ရခိုင်တောင်ပိုင်းသားတို့ကလည်း ရွမ်းကိုင် ညာ၊ ရွမ်းကိုင်ညာ ခေါ်ဆိုကြရာမှ ရိုဟင်ညာ၊ ရိုဟင်ဂျာ ဖြစ်လာ သည်။ “ဘင်္ဂါလီဒေသ၏ အရှေ့ ကမ်းရှိ လူ့အစုအဝေး´´ဟု အဓိပ္ပါယ်ရသည်။အချို့က ရွာဟောင်းနေထိုင်ကြသည့် ကျားကဲ့သို့ စွမ်းရည်သတ္တိရှိသည့် လူမျိုး၊ ရွာဟောင်းမှကျား၊ ရွာဟိန်းကျားမှာ ရိုဟင်ဂျာ ဟု ကောက် ချက်ပြုခဲ့သည်။
ရိုဟင်ဂျာလူမျိုးအား ၁၉၅၄-ခု၊ စက်တင်ဘာလ(၂၅)ရက်၊ ည(၈)နာရီ ၀န်ကြီးချုပ် ဦးနု၏ အသံလွှင့်မိန့်ခွန်းဖြင့် အသိအမှတ်ပြုသကဲ့သို့ ၁၉၆၁-ခု၊ မေလ(၁၅) ရက်မှစတင်ကာ တပတ် (၃)ကြိမ် ရိုဟင်ဂျာ ဘာသာဖြင့် မြန်မာ့အသံမှ အသံလွှင့်ပေးခဲ့သည်။ Ref :၁။ – ဦးကျော်ငြိမ်း၊ မာတလိ၊ နှစ်၃၀ မြန်မာ့အသံ၊ စာမျက်နှာ-၇၁ခိုင် နှင့်  မြန်မာပြည်ရှိ မွတ်စလင်မ် လူမျိုးများ ရာဇ၀င်။
(81)

အင်ဒိုအာယိယာန်နှင့် မွန်ဂိုဂျွိုက်တို့မှာဟိမ၀န္တာတောင်၏တောင်ဖက် ကမ္မရုပဒေသ မာဂဒတိုင်း၊ ဂင်္ဂါမြစ်ဝှမ်းဒေသဖြစ်သည့် ဘင်္ဂလားနယ်၊ အရှေ့မြောက်ဒေသမှ ရခိုင်ပြည်ရောက်ရှိကာ ကမန် လူမျိုး အခြေစိုက် နေထိုင်ခဲ့သည်။ Ref :1.E.B.Harell; The History of Aryan Rule in India.page 34; 2.S.K.Chatterji;Ki-Ar-A-yana-Krit. page 22.
(82)
ကမန်လေးလံကိုင် သူရဲကောင်းဟု ပါရှင်းစကားဖြင့် ခေါ်ဝေါ်မှုကို ရခိုင်မူပြု ၍ ခေါ်ဆို ပညတ် ထားသည်။မူလက ဟိန္ဒူဘာသာကိုး ကွယ်ရာမှ ဗုဒ္ဓသာသနာနှင့် ထိတွေ့ကာ ဗုဒ္ဓဘာ သာဝင် များ ဖြစ်ခဲ့ရာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ် ခဲ့ကြသည်။ ရခိုင်ဘုရင် မင်းဘာကြီး (ခ)မင်းဘင်ကြီး(ခ) သီရိ သူရိယာ စန္ဒမဟာဓမ္မရာဇာ၊ ဇဘာရ်ရှား(1531-1553) လက်ထက် ဘင်္ဂလားကြည်း ကြောင်း၊ ရေကြောင်း ချီတက်ရာတွင် ကမန်လေးကိုင် သူရဲကောင်း (၅၀ ၀၀၀) ငါးသောင်းကျော် တို့မှာ လေး၊ လှံ၊ သိုင်း၊ ဓါး၊ သူရဲကောင်းတပ်အဖြစ် ပါဝင်ခဲ့ကြောင်းဖေါ်ပြ ထားသည်။ Ref :  ၁။ – အရှင်ဥက္ကံ-စောမဲကျီစာအုပ်၂။ – ဦးလှထွန်းဖြူ-ရခိုင်ပြည်နယ် တိုင်းရင်း သား လူမျိုးများ-  (စာမျက်နှာ-၄၇ )`၌ကမန်သူရဲကောင်း တပ် တွင် ဘင်္ဂလားဘုရင် ဒေါ့ဒါအုပ်၏ အရေးနိမ့်ခဲ့သည့် စစ်သည်များ (၁၅၇၆) နှင့် မဂိုဘုရင် Shah Jahan ၏ သားတော် ရှာရူဂျာ ဘုရင်တပ်မှ စစ်သည်များ (၁၆၃၉) မှ တပ်သားများ၊ ဘာသာရေးအခြေခံတူညီမှုအပေါ် ကမန်သူရဲကောင်း တပ်တွင် ဖြည့်တင်းပေးခဲ့သည်။ကမန်လူမျိုး တို့၏ H Civil Society လူယဉ်လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှ အသိအမှတ်ပြု ထားသည်။
(83)

ပန်းသေးလူမျိုးများ
ပုဂံကျောက်စာ အနန္တသူ(လေးမျက်နှာဘုရား) အိမ်တော်ရာကျောက် စာ၊ ညောင်းရမ်းကြီး သမီး တောင်ဘက်မျက်နှာကျောက်စာ၊ ပုဂံဆုတောင်းပြည့်ဘုရားကျောက်စာ တို့တွင် ဖော်ပြချက် အရ ပုဂံခေတ်ကပင် ကုန်သည်တော်၊ အမြောက် တပ်အမှုထမ်း များ အ ဖြေစ်နေထိုင် လျက် ရှိကြောင်း တွေ့ရသည်။တရုတ်ပြေးမင်းလက်ထက်၌ တာတာတို့ မြန်မာပြည်သို့ ၀င်ရောက် ထိုက်ခိုက်ရာ ယူနန်ပြည်နယ်မှ မွတ်စလင်မ်စစ်သည်များ ခေါ်ဆောင်ခဲ့သည်။နန်ပေါ့၇ွာသို့ ပန်းသေး များ စုစည်းမိရာ ပန်လုံဟု ပညတ်ခဲ့သည်။ မင်းခေါင်ကြီး (အေဒီ-၁၄၀၁-၁၄၂၂) သားတော် မင်းရဲကျော်စွာ ပုသိမ်မြို့သိမ်းယူရာ ပန်းသေးတို့က ရွှေ၊ငွေ၊ပုဆိုးသက္ကလပ်၊ ပရပတ်၊ နီပါးဆက်ကြ၏။Ref : ၁။BaShin;ComingofIslam ;၂။ ဦးယူစွတ်-ပန်းလုံ ပန်းသေးအမျိုး သားသမိုင်း ;၃။ W.S.De Saj; History of the British Residency in Burma. Page-154.; ၄။ မြန်မာမင်းများ အရေးတော်ပုံ၊ စာမျက်နှာ- ၂၉၈
(84)
မင်မင်းဆက်၏ ယုန်လီ၏ နောက်လိုက်အကြီးအကဲနှစ်ဦးတွင် တိုက်ခွန့်ခွန့်မှာမှာ ပန်းသေးဖြစ်၍ ချဲန်ရှမ်းတုန်းမှာ ဗုဒ္ဓဘာသာ ၀င်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များနှင့် သင့်မြတ်စွာယှဉ်တွဲလျက် တုက်ခွန့်ခွန့်(တိုက်ခုံခုံ)မှာ ကိုးကန့်ဒေသနမ့်ဟန်မော်အရပ် အ ခြေပြု နေထိုင်ခဲ့သည်။ နောင်တွင် “မာ´´ အုပ်စုလူမျိုးအကြီးအကဲမှ ဆက်လက်စီမံအုပ်ချုပ်ခဲ့သည်။ အေဒီ ၁၈၆၀ တွင် အကြီး အကဲ မာလင်ယွီ(၁၉၃၄-၃၅)တွင် မာမေတင်၊ နယ်မြေအုပ်ချုပ်ရေးကို လက်ခံပြီး၊ ၀နယ်ကွမ်ပြယ်စော် ဘွား ၏ သမီးနှင့် လက် ဆက်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ ပန်လုံလူငယ်များ အား ခေါင်းဆောင် မာကွမ်းကွေ့ ဥိးဆောင် တိုက်ခိုက် သကဲ့ သို့  မာမေတင်က မြန်မာတို့ဘက်မှ ရပ်တည်ကာ ပန်လုံမြို့ကို မြန်မာနယ်မြေပိုင်နက်အဖြစ် ရပ်တည်ခဲ့သည်။
85
(၄)“ပသီ´´-မြန်မာမွတ်စလင်မ် လူမျိုး Par-thi, Far-si

ပသီလူမျိုးတို့မှ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကာလကပင် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မန်ချုး မှတ်တမ်းနှင့် မှန်နန်းရာဇ၀င်နှင့် ကုန်းဘောင် ဆက်မဟာ ရာဇ၀င်များ တွင် ပါရှိသည်။အေဒီ ၁၂၂၁-ခု၊ အနော်ရထာမင်း တည်ထောင်ခဲ့သည့် ပုဂံနေပြည်တော် ယိမ်းယိုင်လာ၍ နိုင်ငံတော်ရေပိုက် နက်လုံခြုံရေးနှငင့် ကာကါယ် ရေးတာဝ န်ဆောင် ရွက် နေရသည့် ပသီတပ်မှ၊ မိမိတို့ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးမည့် အခြေအ နေ သို့ရောက်ရှိလာကာ ပုသိမ်ဟု ခေါ်မည့်ဒေသတွင် ပသီမြို့ပြနိုင်ငံ ပသီမင်းဆက် (၃)ဆက်၊ (၁၂)နှစ် တိုင်တိုင် တည်ထောင်အုပ်ချုပ်ခဲ့သည်။ကရင်တို့မှ ၀ိန့်ပသီ၊ ဝေ့ပသီ ဟူ၍လည်းကောင်း၊ မွန်တို့မှ ဒုံးပသီ၊ဥုင်းပသီ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ဝိဋဋူပနှင့် သာကီဝင်တို့ မသင့် မတင့်ဖြစ်၍ စစ်ခင်းကြ သည်တွင် သာကီဝင် ဓဇရာဇာမင်း၊ မဇ္ဈိမဒေသမှ စွန့်ခွာလာသကဲ့သို့ တပ်မှူး၊ ဗိုလ်မှူး၊ ၀န်ကြီး၊ ပညာရှိတပ်သား မကျန် နန်းမျိုးနွယ် (၃၇၀၀) တို့အစုခွဲကာ အင်းဝ ဘုရင် စနေမင်းထံ သစ္စာနှံကာ ခိုလှုံခဲ့ကြသည်။ တောင်ငူ၊ ရမည်းသင်း၊ ယင်းတော်၊ မိတ္ထီလာ၊ စည်သာ၊ ဒီပဲယင်း၊ ညောင်းရမ်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ ဘောဓိ၊ စည်ပုတ္တရာ၊ မြေထူး တွင် အစုခွဲနေ ထိုင်သူတို့မှာ မင်းမှုထမ်းရင်း အမြှောက်တပ်၊ သေနတ်တပ်၊ မြင်းတပ်၊ ကိုယ်ရံတော်တပ်၊ ကင်းတားကုလားပျိုတပ်၊ စာဆိုများ ကုန်သည်တော်များအဖြစ် အမှုတော်ထမ်း ရွက် ခဲ့ကြသည်။ Ref : ၁။ ဆရာမာဃ-ပုသိမ်ရာဇ၀င်၊ စာမျက်နှာ-၁၃၇
(86)
(၅)ပသျှူးလူမျိုး

မြန်မာနိုင်ငံ၏ Rocial Gene မူလလူမျိုးနွယ်ရင် Primitive Man ရှေးကျသော လူများဖြစ် ၍ မြန်မာစာပေ လောကတွင် ဘီလူးဟု ပညတ်ပြီး ရက္ခပူရတိုင်းသား ရေဘီလူးဟု ဓမ္မစေတီကျောက်စာ၊ မွန်တို့၏ ကလျာဏီကျောက်စာတို့တွင် ရေးထိုးထားသည်။ သမိုင်း သုတေသီ များလေ့လာရာတွင် ပသျှူးလူမျိုး+ဆလုံ လူမျိုးတို့မှ Australied သြစတြီး လွိုက်လူမျိုး တို့၏ အသွင်အပြင် လက္ခဏာ ယဉ်ကျေးမှု အကြွင်းအကျန် များတွေ့ရပြီး ပင်ကိုယ် အရည် အသွေး၊ အရည်အချင်းရှိပြီး ရိုးသားမှုအပြည့်အ၀ရှိကြောင်း မှတ်ချက်ချကြသည်။မွန်ခမာ၊ တိဗက် တို့အား မင်းတို့အင်အားမလွန်ဆန်နိုင်၍ သဘာသတရားအရ ပင်လယ်ကမ်းစပ် ကျွန်းများ သိုပပင် အုပ်စုဖွဲ့ကာ ဆုတ်ခွာခဲ့ရသည်။ Historical life သမိုင်းဖြစ်စဉ်အရ ကော့သေ ကျွန်းဒေသများသို့ အခြေစိုက်နေ ထိုင် လျက်ရှိသည်။
ဆလုံဟု နတ်ကိုးကွယ်သူများကို ပညတ်ခေါ်ဆိုပြီး အစ္စလာမ်သာသနာ အငွေ့အသက်ရရှိပြီး လက်ခံ ကျင့်သုံးသူများကို ပသျှူးဟု ပညတ်ခေါ်ဝေါ်ခဲ့ကြသည်။ပသျှူးအမျိုးသား အမျိုးသမီးတို့၏ ခံယူချက်မှာ “မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကါယ်ရန်မှာ မိမိတို့တာဝန် သာဖြစ်ကြောင်း´´ အဆင့်ဆင့်သော ဘ၀ပေး အသိက တပ်လှန့်ထားသည်။Ref : ၁။ ကွင်းဆင်း သုတေ သနမှတ် တမ်း (Field Work, 1982) ; ၂။ ကမ္ဘာလှည့်သူတေသီ အိဗနေဘတူတာ (Ibni Batuata) မှတ်တမ်း၊ အေဒီ ၁၃၄၅ ; ၃။ မောင်မောင်ကြီးမန်း- မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ အစ္စလာမ်ဘာသာဝင် ပသျှူးလူများ (သုတစာစောင် ၁၉၉၁၊ နိုဝင်ဘာ)
(87)
ပဲခူး (ဟံသာဝတီ)သို့ မွတ်စလင်(မ်)များ ရောက်ရှိလာပုံ
အာရဗ် မွတ်စလင်(မ်)နှင့် ပါရှင်းအစုအဝေးတို့မှာ အရှေ့ဖက်သို့ လျင်မြန်စွာပြန့်နှံလာခဲ့ကြသည်။ (၈)ရာစု အလယ်အဦးပိုင်း ကျကျတွင် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ၌ မွတ်စလင်(မ်) ဦးရေမှာ အတော်ပင် ကြီးထွား နေပြီဖြစ်သည်။ အာရှ တလွှား မွတ်စလင်(မ်) သင်္ဘောခရီးလွှင့်မှုက (၄)ရာစုမှ (၁၅)ရာစုအဆုံးထိတိုင် တည်ရှိခဲ့သည်။ မွတ်စ လင်(မ်)ကုန် သည်တို့မှ အိန္ဒိယ ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် အရှေ့တိုင်းမှ နိုင်ငံများအထိရောက် ရှိခဲ့ကြသည်။ နေရာများစွာတွင် အခြေချ ခဲ့ကြရုံမက ကုန်သွယ်မှုကို ကိုလိုနီများကို ဖန်တီးခဲ့ကြသည်။ ဘင်္ဂလားတွင် ဗဟိုပြုပြီး ဗမာပြည် နှင့်လည်းကောင်း၊ ရခိုင်ပြည်`၌လည်းကောင်း ၊ မာလ တာမြို့ များနှင့်လည်းကောင်း၊ သီရိလင်္ကာနှင့် လည်းကောင်း၊ မာလက္ကားနှင့် လည်းကောင်း ကုန်သွယ် မှုပြုခဲ့ကြသည်။Ref :သမိုင်းသုတေသီကြီး မိုရှေးယာရ်ရေးသားခဲ့သည့် “The Muslim of Burma” စာအုပ် စာမျက်နှာ (၁) ၄င်းစာအုပ်ကို ဘာသာပြန် ဆိုသူ ဝါးခယ်မမောင်မင်းနိုင် “မြန်မာ့မြေမှမွတ်စလင်များ” စာအုပ် စာမျက်နှာ(၁-၂) တွင်ဖော်ပြ ထားသည်။(ရှူ)
(88)

စစ်တွေမြို့ သမိုင်းဝင် သင်္ချိုင်း နေရာပြောင်းရွှေ့ပြောင်းခံရခြင်း

ရခိုင်ပြည် နယ်မြို့တော် စစ်တွေမြို့မှ ၂၂၅ နှစ် သက်တမ်းရှိ အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းဟောင်း ကို ၁၇၈၄ ခုနှစ် စစ်တွေမြို့တည်ကတည်းက တည်ရှိခဲ့ပြီး ဗုဒ္ဓဘာသာ၊ မူဆလင် ဘာသာဝင်များနှင့် တရုတ်လူမျိုးများအတွက် သီးခြားခွဲ ထားရှိခဲ့သည်ဟု   ဒေသခံများ က ပြောသည်။သင်္ချိုင်း၌ လွတ်လပ် ရေးကြိုးပမ်းစဉ် ကျဆုံးခဲ့သော ဗိုလ်မှူးမြတောင်ရည် အပါ အဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ စစ်တွေဆန်ပြဿနာတွင် အာဏာ ပိုင်များ က ပစ်ခတ် သဖြင့် သေဆုံးခဲ့သူများလည်း မြှပ်နှံခဲ့သည်။Ref ဒါကာ –  (မဇ္ဈိမ)  )

(89)
၁၇၉၅ ခုနှစ် အင်းဝရှိဗြိသျှသံတမန် Michael Symes ၏အဖွဲ့သံအဖွဲ့ဝင်တစ်ဦးဖြစ်သူ   Francis Buchanin  က မြန်မာအင်ပါယာ အ တွင်း ဘာသာ စကားများကိုလေ့လာခဲ့ရာတွင် ရခိုင် ၊ထား ၀ယ်၊ ယော့  မြန်မာ ဟု မြန်မာ ဘာသာစကား လေးမျိုးကို နှင့် ဂင်္ဂါမြစ် ၀ှမ်း တ၀ိုက်သုံးသော ဘာသာ စကား နှင့် ဆင် တူ ရိုးမှား (အိန္ဒိယ နွယ်သော) စကားသုံးမျိုးကို သုံးမျိုးကိုတွေ့ခဲ့ရသည်။
၎င်းစကားစကား(၃) မျိုးမှာ–
(၁)။ – ဘိုးတော်ဘုရားလက်ထက်ဖမ်းဆီးခေါ်ဆောင်လာသော Banga ဟုဆိုသူ လူမျိုး တို့ပြော   သော ဘာသာစကား
(၂)။ – ရခိုင်ပြည်ရှိ ဟိန္ဒူများပြောသောစကားဖြစ်ပြီး
(၃)။ – ရခိုင်ဒေသရှိအစ္စလာမ်ဘာသာဝင်များပြော သောစကား တို့ဖြစ်သည်။
ဟိန္ဒူတို့ကမိမိကိုယ်ကို Rosswan ဟုခေါ်ဆို၍  မူဆလင်တို့ကမူ   Rovinga  ဟုခေါ်ကြသည်။ ၎င်းတို့နေ ထိုင်ရာဒေသကို Rovinga (Rowang Shor)  ခေါ်ကြသည်။ Buchanin က အမရပူရ တွင်သူတွ့ရှိ ခဲ့သောသူ့တပည့်တို့က သူတို့ပြောသော Roinga နှင့် Rosswan ဘာသာစကားသည် ရခိုင်ဒေသ ရှိ လူမျိုးစုက နားလည်သုံးနုံးသော ဘာသာစကားဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ သည်ဟု ရေးသားထားသည်။18
(18)- Bangla Distric Gezetter,Chittagong,Page-115 AD-1798
(90)
နေနှင့်လ တံဆိပ်အမှတ်အသားသည် ရခိုင်ပြည်သားရှေးဦးစွာအာရီယံလူမျိုးတို့၏တံဆိပ်အမှတ် သားဖြစ်ပြီး ဝေသာလီခေတ် အေဒီ ၄ ရာစု နောက်ပိုင်းကာလတွင်ခပ်နှိပ်သုံးစွဲခဲ့သော ဒင်္ဂါးများ တွင် နေနှင့်လ တံဆိပ်ကိုကိုတွေ့ရသည်။ထိုခေတ်ကာလာက ဒင်္ဂါးစာ၊ ကြေးနီးပြား စာ၊ကဗျည်း စာများ တွင် ယခုခေတ်ရိုဟင်ဂျာတို့ပြော ဆိုနေသောအသံထွက် တစ်နည်းပါဠိဘာ သာဖြင့် ရေး သားထားသည် ကို တွေ့ ရသည်။ Ref : ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ်နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ-၂၆/၃၀)ဗိုလ်မှူး ထွန်ကျော်ဦး ၏အထက်ပါသုတေသနအရ ရိုဟင်ဂျာသည် ရခိုင်ဝေသာလီခေတ် အင်ဒို အာရီ ယန်နှင့ှ်  ဆက်နွယ်နေကြောင်းတွေ့ရပေသည်။
(91)
ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေးဟောင်း သုတေ သနကျောက်စာ လိုက်စား သူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည်ရှိခဲ့ဘူးသော ဓညဝတီမြို့ဟောင်း၏ အရှေ့မြောက်ဖက် တွင်တည်ရှိ ကြောင်း ထိုမြို့တော်၏မြို့ရိုးဟောင်း များကို ယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက်စော၍တည်ထောင်ခဲ့သော အိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာအထောက်အထားများ အကိုး အကား များ စွာ ဖြင့်ပြကြ သည်။
(92 )
ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေး ဟောင်း သုတေ သနကျောက်စာလိုက်စားသူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည် ရှိခဲ့ဘူးသော ဓည ဝတီမြို့ ဟောင်း၏အရှေ့မြောက်ဖက်တွင်တည် ရှိကြောင်း ထိုမြို့တော် ၏မြို့ရိုး ဟောင်း များကို ယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက် စော ၍တည်ထောင် ခဲ့သောအိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာ အထောက် အထားများ အကိုး အကား များ စွာ ဖြင့်ပြကြသည်။
( ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ )
(93)
ရခိုင်ဘုရင်ဘစောဖြူလက်ထက်သုံးသော ဒင်္ဂါးများတွင် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ကိုတံးဆိပ်အဖြစ်ထု ထားသော အ ထောက် အထားများသည် အစ္စလာမ်ဘာသာ သည် ရှေးနှစ်ပေါင်း (၁၀၀၀) ကျော်ကတည်း က ပင် မြန်မာနိုင်ငံတွင် ရောက်ရှိနေကြောင်း သာဓက ဖြစ်သည်။
(94)
သမိုင်း D.G. E Hall က ခရစ်နှစ်ဦးကာလတွင် ရခိုင်ပြည်တွင် ဗုဒ္ဓဘာသာ ထွန်းကား ခဲ့သည်။ ၎င်းနှင့်တစ်ဆက်တည်းအာရဗ်တို့မှ တဆင့်အစ္စလာမ်ဘာသာအမြစ်တွယ် လာခဲ့ သည်ဟု ဖေါ်ပြ ထား ကြောင်း တွေ့ရသည်။
(95)
မြန်မာသမိုင်းအထူးပြုလေ့လာသူ Martin Smith က (၉) ရာစု `၌ အစ္စလာမ်ဘာသာ ဝင်များ ရခိုင်ပြည်`၌ အခြေချနေထိုင်ခဲ့သည် ဟု ဖေါ်ပြထားသည်။
(96)
G.E Harvey က မူ (၁၀) ရာစုမတိုင်ကတည်း အစ္စလာမ်ဘာသာဝင်များ ရခိုင်ဒေသ တွင် နေထိုင်ခဲ့ သည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်။
(97)
ရခိုင့်သမိုင်းများအရ – တိုင်းစန္ဒြမင်းလက်ထက် ဝေသာလီသည် အထူးစည်းကားခဲ့ကြောင်း၊   နှစ်စဉ် သင်္ဘော အစီး တစ် သောင်း ကျော် ဝေသာလီသို့လာရောက် ကုန်သွယ် မှုပြုခဲ့ကြောင်း၊ ဝေသာလီသည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင် အရေးပါသော ကုန်သွယ် စခန်း တစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။၆ ဂ – ရာစုတွင်း တရုတ်ခရီးသည်တို့၏ မှတ် တမ်းများ အရလည်း – ဘင်္ဂလားနှင့် ဝေသာလီတွင် အာရပ်နှင့် မိုးလူမျိုးပိုင် သင်္ဘောများစွာ တွေ့ရှိကြောင်း ပါရှိသည်။ အာရပ်နှင့် ပါရှန်းသမိုင်း အထောက် အထားများအရလည်း အိန္ဒိယသမုဒ္ဒရာကို “အာရပ်ရေကန်” ဟုခေါ်ဆိုရလောက် အောင် အိန္ဒိယသမုဒ္ဒရာတွင် အာရပ် သင်္ဘောများ ဥဒဟို သွားလာ ခဲ့ကြောင်း ပါရှိသည်။၇ ဆရာဦးကြည်ကလည်း ၈ -ရာ စုအတွင်းက ပုဂံဘုရင် ပိတ်သုံမင်း လက်ထက် သထုံ၊ မုတ္တမ ဒေသများသို့ အာရပ်ကုန်သည်များရောက်ရှိ ၀င်ထွက် သွားလာလေ့ ရှိခဲ့သည်ကို သက္ကရာဇ် ၈၀၀ ကျော်လောက်က ရေးသားထားသော အာရပ် မှတ်တမ်းများမှ သိရကြောင်း၊ အာရပ်သင်္ဘောများသည် အနောက်ဖက် ဒမတ်စကတ် ကျွန်းမှ အရှေ့အိန္ဒိယ ကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ခရီးပေါက်ရောက်နေပြီဖြစ်ကြောင်း   ဖေါ်ပြထားသည်။၈
(98)
ပါရှန်နှင့် အာရပ်ကုန်သည်တို့မှာ ပင်လယ်ရေကြောင်း ကူးလူးသွားလာရင်း အချက်အချာ ကျသောဒေ သများနှင့် ကမ်း သာယာ အရပ်များတွင် ရောင်းဝယ်ရေးစခန်းများပြုလုပ်ကာ အခြေ ချနေထိုင်လာခဲ့သည်။ အလားတူ ရခိုင်ပြည်အပါအ ၀င် မြန်မာနိုင်ငံ၏ ရောင်း ၀ယ်ရေးစခန်း များ၌လည်း ပါရှန်နှင့် အာရပ်ကုန်သည်တို့သည် အခြေချနေထိုင်ခဲ့သည်။၉ ထို့ ပြင် ရခိုင်ကမ်းရိုး တန်းနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတလျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါ (ခေါ်) သူတော် စင်များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များ အပြင် သူတော်စင်တို့က လည်း   ရောနှော ၀င်ရောက် နေထိုင်လာခဲ့ ကြောင်း သက်သေခံနေသည်။၁၀

(99)
ဥရောပလူမျိုးများဖြစ်ကြသော ဗဲတေမာ (Varthema)၊ ဘာဘို့(စ) (Barbose)၊ ဆီဇာ ဖဲဒရိဒ် (Caesar Frederide)၊ ရဲလ(ဖ) ဖီတ်(ရှ) (Ralph Fitch) နှင့်   ပေါ်တူဂီ လူမျိုးများ ၏ ရေးသား ချက်များအရ ဘင်္ဂလားကမ်းခြေဒေသများတွင် မူဆလင်ကုန်သည် အမြောက် အမြား အခြေစိုက်နေ ထိုင်လျက်ရှိခဲ့ကြောင်း၊ အများအားဖြင့် အာရပ်လူမျိုး များဖြစ်ကြ ကြောင်း၊ မူဆလင်များ က စစ်တကောင်းကို သိမ်းသွင်းနိုင်ခဲ့သော အေဒီ ၁၃၃၈ – ခု မတိုင်မီကပင် မူဆလင်မြောက် မြားစွာတို့သည် စစ်တကောင်းနှင့် ရခိုင်ကမ်းရိုးတန်းအထိ ပျံ့နှံ့နေထိုင် ခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။၁၁

(100)
အေဒီ ၁၅ – ရာစုသို့ ရောက်သောအခါ အစ္စလာမ်ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက် လာရန် အကြောင်းတရား က ဖန်တီး လာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ – နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ – ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ – ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည် အင် အားရှိသည့် စစ်တပ်ကို လည်းကောင်း စေလွှတ်ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည် ရယူစေခဲ့ပြီး – ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာ ခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည် များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(101)
သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ – မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ် ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည် များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

102
စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ – ခုနှစ်မှ ၁၅၃၈ – ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ – ခုနှစ်မှ ၁၆၆၆ – ခုနှစ် ထိ စစ်တ ကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦး နေပြည်တော် သည် အိမ်ဦးနှင့် ကြမ်းပြင် အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ်မှုမှအစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော်အတွင်း မူဆလင် မြောက်များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေ ထိုင် လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

(103)
အေဒီ ၁၆ – ရာစုနှောင်းပိုင်းမှ ၁၇ – ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေး မတည် မငြိမ် ဖြစ်ခဲ့သော ကာလဖြစ် သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့ လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိ ပညာရှင်များနှင့် မင်းမှူးထမ်း မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင် လာလေ သည်။ ယင်းတို့အနက်မှ အချို့မှာ မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာ သည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါ ယာ သို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာတို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက် ခိုလှုံ နေထိုင်လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ – ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့ သည်။
(104)
ရခိုင်ပြည်တွင် ပြင်ပမှရောက်လာသော မူဆလင်လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ်ဘာသာကို ကိုးကွယ် နေသည် မဟုတ်ဘဲ၊ ဟိန္ဒူဘာသာဝင်အချို့လည်း အစ္စလာမ် ဘာသာ သို့ ကူးပြောင်းလာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုး ကွယ်နေကြပြီး သူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤ အ ကြောင်း ကို ရခိုင် မဟာ ရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုး ဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင်သူအပေါင်း တို့အား ဟောပြောပြ သလျက် နေ့စဉ် မပြတ်  ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည် လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ် ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ +ဖစ် ရှိလေသည်။ ဘုရင် မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက် ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။
(105)
၁၅ – ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာ ရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ် တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူ ကလည်း – ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည် သူများနှင့် လက်ထပ် ထိမ်းမြား နိုင် သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယား များကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီး မယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်း သွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း – ဒတ်(ချ) မှတ်တမ်း များတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ကိုးကွယ်သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။
ကျမ်းကိုးစာရင်း –

၁။ ဆရာတော် စန္ဒမာလာလင်္ကာရ – ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒု-တွဲ)၊ မန္တလေး (၁၉၃၁)၊ စာ – ၃၁၂

၂။ ဒု-ဗိုလ်မှူးကြီး ၀င်းမောင် (ကာကွယ်ရေးဝန်ကြီးဌာန) “သာသနာ့ရောင်ဝါ ထွန်းစေဖို့”၊ ရန်ကုန် (၁၉၉၇)၊ စာ-၆၅

၃။ ကိုး (၂)၊ စာ – ၆၅

၎။ JASB – Vol. XIII, Calcutta (1844), p – 36

Dr. S.B Qanungo “ A History of Chiitagong”, Vol. I, Chittagong (1988), p – 111

၅။ R. B Smart – Burma Gazetters (Akyab Distric) Vol. A, Ragoon (1957), p – 19

၆။ ဦးကြည် (ဘီအေ- ရာဇ၀င် ဂုဏ်ထူး) “မြန်မာရာဇ၀င်မှ သိကောင်းစရာများ”၊ စာ ၁၅၆

၇။ Mohammed Abdur Rahim “Social and Cultural History of Bengal”, Vol. I, Karachi (1966), p – 37

၈။ ကိုး (၆)၊ စာ – ၁၅၇

၉။ S. N. H Rizvi “Bangladesh Distric Gazetteers (Chittagong)”, Dacca (1975), p – 122

၁၀။ ဆရာချေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) “ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပတ္တိ”၊ စာ – ၁၆

“သာသနာရောင်ဝါ ထွန်းစေဖို့”၊ စာ – ၆၆

၁၁။ S. N. H Rizvi – “East Pakistan Dicstric Gazetteers (Chittagong Dist)”, Dacca (1970), p – 111

၁၂။ Mohammed Enamul Huq and Abdul Karim – “Bengali Litrature in Arakanese Court (1600 ~ 1700 AD)

Calcutta (1935), p – 4 ~9

၁၃။ တိုင်းရင်းသားလူမျိုးစု ဘ၀သစ်ထူထောင်ရေးပါတီ – သတင်းလွှာ၊ ရန်ကုန် (၁၉၈၉)၊ စာ – ၄၅

၁၄။ Muhammad Mohar Ali “History of The Muslim Bengle” Vol. I (B), Riyadh, 1985, p – 865

၁၅။ J. A. S. B – Vol. X, Calcutta (1941), p – 681

မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ရန်ကုန် (၁၉၆၀)၊ စာ – ၇၂

၁၆။ Qanungo, p – 322

၁၇။ ၄င်း စာ – ၃၂၄

၁၈။ ၄င်း စာ – ၂၉၁

၁၉။ Secrect Consultation (SC) of the Government of Bengal, Preserved in the National Acrhives of India, New Delhi, Jun 9, 1926, No. 10

Also Robertson’s Report dated July 21, 1825 (SC- August 26, 1825, No. 41)

ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်ရေးသားပြုစုခဲ့သော အနော်ရထာအရင်က မြန်မာနိုင်ငံ

မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသောစကားကို
ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ
ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်န၀ါရီ ၁၉၇၀)
ပျဉ်းမနာမြို့နေ၊ ရွာကောက်ရပ်ဇာတိဖြစ်သည်။ ၁၉၁၅ ခု ဒီဇင်ဘာ ၂၇ ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ အဖ ကျောင်းဆရာ ဦးဟိန်၊ အမိ ဒေါ်စောရင်ဖြစ်သည်။ အမည်ရင်းမှာ ဘရှင်ဖြစ်သည်။ အရဗီအမည်မှာ မုဟမ္မဒ်ဒါဝူဒ်ဖြစ်သည်။ ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်၌ ပညာသင်ကြားသည်။ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇ၀င် ဂုဏ်ထူးတန်းအောင်မြင်ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရသည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ၁၉၄၀ ပြည့်နှစ်တွင် လက်ထောက်ကထိကရာထူး တိုးမြှင့်ခံရသည်။ ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊ ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော်ပညာရေးအရာရှိ၊ ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။ ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိကတာဝန်များကို ထမ်းဆောင်ခဲ့သည်။
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးဘရှင်သည် မြန်မာတိုင်းရင်းသားဘာသာစကားအချို့နှင့် မွန်ခမာ၊ တိဘက်မြန်မာ၊ ရှမ်းတရုတ်နှင့် အိန္ဒိယဘာသာစကားတို့ကို လေ့လာလိုက်စားခဲ့သည်။ အင်္ဂလိပ်အရေးအသားနှင့် အပြောအဆိုကျွမ်းကျင်မှုမှာ နိုင်ငံတကာပညာရှင်အဆင့်ကို ကောင်းစွာမီသည်။ တက္ကသိုလ်ကျောင်းသားဘ၀ကပင် မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာတို့၏ ယုဒသန်ကောလိပ်သတင်းထောက်၊ ]ခြင်’လက်ရေး စာစောင်အယ်ဒီတာ၊ ကောလိပ်မဂ္ဂဇင်း၊ မြန်မာပိုင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျေးလက်ပြုပြင်ရေးအတွက် “Socrate at School”ကို ခေတ်သစ်မာဃ} အမည်ဖြင့် ဘာသာပြန်ဆိုထုတ်ဝေခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ကျေးလက်ပြုပြင်ရေး စာစောင်ကို ဒေါက်တာဂျေ၊ အာရ် အန်ဒရပ်၊ ဦးသာဆိုင်တို့နှင့်အတူ ပူးတွဲရေးသားခဲ့သည်။ ထို့အပြင် မြ၀တီ၊ ငွေတာရီ၊ ရှုမ၀ မဂ္ဂဇင်းစသည့် စာနယ်ဇင်းများတွင် စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ သုတေသနစာတမ်း၊ ဆောင်းပါးများကို ရေးသားခဲ့သည်။ဲJBRSနှင့် Working People Daily တို့တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် စာတမ်းဆောင်းပါးများ ရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင်သည် စံမောင်၊ သုတေသီ၊ ဗိုလ်မှူးဥာဏ၊ တိုင်း ၄ ရဲဘော်ဟောင်း၊ မောင်ပင်တည်၊ ကင်းထောက်မောင်၊ ၀ရီးစံ၊ ဒုဗိုလ်မှူးကြီး ဘရှင်၊ ဦးဘရှင်ဟူသော ကလောင်အမည်များဖြင့်လည်း စာပေရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင်ဟူသော ကလောင်အမည်ကို လူသိများထင်ရှားသည်။ ဗိုလ်မှူးဘရှင်သည် မြန်မာ့စွယ်စုံကျမ်းတွင် ဦးဘရှင်ဟူသော အမည်ဖြင့် တိုင်းသားများအကြောင်း ရေးသားခဲ့သည်။ ကချင်လူမျိုး(တွဲ၁၊ စာ၁၅)၊ ကယားလူမျိုး(တွဲ၁၊ စာ၇၃)၊ ကရင်လူမျိုး (တွဲ၁၊ စာ၁၅၂)၊ ကောလူမျိုး(တွဲ၁၊ စာ၂၆၆)၊ ခမာလူမျိုး(တွဲ၂၊ စာ၂၄၈)၊ ခါစီလူမျိုး(တွဲ၂၊ စာ၂၈၇)၊ ခန္တီးရှမ်း(တွဲ၂၊ စာ၃၂၃)၊ ချင်းလူမျိုး(တွဲ၂၊ စာ၃၈၉)၊ နီဂတိုလူမျိုး(တွဲ၆၊ စာ၁)၊ ပကု(တွဲ၆၊ စာ၁၉၉)၊ ပဒေါင်လူမျိုး(တွဲ၆၊ စာ၂၂၆)၊ ပလောင်နှင့်ပလေး(တွဲ၆၊ စာ၂၆၁)၊ ပိုးကရင်(တွဲ၆၊ စာ၃၈၉)၊ ပျူလူမျိုး(တွဲ၇၊ စာ၉၀-၉၄)၊ မြန်မာနိုင်ငံတိုင်းရင်းဘာသာများ (တွဲ၁၀၊စာ၁၃၁)၊ မြန်မာလူမျိုး(တွဲ၁၀၊ စာ၃၃၇-၃၅၃)၊ ရှမ်းလူမျိုး (တွဲ၁၁၊ စာ၃၆၉-၄၀၈) တို့ကို ပြုစုရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင်သည် မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင်ထင်ရှားပြီး ကမ္ဘာ့အဆင့်မီ မြန်မာသုတေသနပညာရှင်တစ်ဦး ဖြစ်သည်။
ခေတ်ဟောင်းမြန်မာ့သမိုင်း ပါရဂူတစ်ဦးဖြစ်သည့် ပါမောက္ခ G.H. Luce ကိုယ်တိုင်က အထူးချွန်ဆုံးသော မြန်မာ့သမိုင်းပညာရှင်၊ မြန်မာကျောက်စာပညာရှင်တစ်ဦးအဖြစ် ယုံကြည်စိတ်ချ အားထားခဲ့သည်။ ဗိုလ်မှူးဘရှင်သည် စစ်ပြီးခေတ်တပ်မတော်၌ ဆက်လက်အမှုထမ်းနေစဉ် ] ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်း} စာအုပ်ကို ရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင် ဘီအေ(ဂုဏ်ထူး)အမည်ဖြင့် ရေးသည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ရေးသားပြီးစီးခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နောင်အခါ တက္ကသိုလ်ဝင်တန်း၌ ကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်းခြင်း ခံရသည်။ ထိုစာအုပ်သည် မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား ] မြန်မာ့သမိုင်း } ဟူသောစကားကို ပထမဆုံး အသုံးပြုသည့် သမိုင်းဘာသာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ရှေးဟောင်းမြန်မာနိုင်ငံ၊ မြို့စားရွာစား ဘုရင်ခေတ်( ၁၀၀၀ မှ ၁၈၂၄ထိ)၊ အရင်းရှင်စနစ်ဝင်ခေတ်(၁၈၂၄မှ ၁၈၄၅ထိ)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ခေတ်(၁၉၄၅) ဟူ၍အခန်းကြီး ၄ ခန်းခွဲခြားကာ အမြင်သစ်ဖြင့် ပြုစုတင်ပြထားသည်။ ၁၉၄၅ ခု ပဉ္စမ အကြိမ်ထုတ်စာအုပ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့နိုင်ငံသမိုင်း ပါမောက္ခဟောင်းဆရာကြီး လုစ်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ထင်မြင်ချက်၊ သက်ကြီးတက္ကသိုလ် မြန်မာဘာသာပါမောက္ခ ဦးသက်တင်၊ မြန်မာ့တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဇော၏ ထင်မြင်ချက်များနှင့် ထိုစဉ်က နိုင်ငံတော် ၀န်ကြီးချုပ် သခင်နု၏နိဒါန်း၊ မြန်မာ့တပ်မတော် ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးဘရှင်၏ အချီးတို့ကို ဖော်ပြထားပါသည်။ စာအုပ်အဖွင့်တွင် တင်ကြိုသိရှိထားစေလိုသော အချက်များဟူသောခေါင်းစဉ်ဖြင့် ဗိုလ်မှူးဘရှင်က ရာဇ၀င်နှင့်သမိုင်းကို ဤသို့ ခွဲခြားရှင်းပြထားပါသည်။
ရာဇ၀င်နှင့် သမိုင်း
ယခင်က ရာဇ၀င်ဟု ခေါ်သောစကားကို ယခု နိုင်ငံသမိုင်းဟု သုံးစွဲကြသည်။ မြန်မာနိုင်ငံတော်သမိုင်းကို မသင်ကြားမီ ထိုသမိုင်းဟူသော စကား၏ ဆိုလိုရင်းသဘောကို နားလည်ထားရန် အရေးကြီး၏။ ရှေးကရေးခဲ့သော ရာဇ၀င်စာအုပ်တို့တွင် မင်းပြောင်းမင်းလွှဲ၊ ခုနှစ်သက္ကရာဇ်၊ နန်းတွင်းအဖြစ်အပျက်များ၊ မင်း၏ ဆွေစဉ်မျိုးဆက်များ၊ တိုက်ခိုက်ခဲ့သော စစ်မက်များနှင့် သာသနာထွန်းကားပုံများ စသည်တို့ကိုမူတည်၍ ရေးသားထားခဲ့ကြသည်။ သို့ဖြစ်၍ ရာဇ၀င်ပညာဆိုလျှင် အထက်ပါအကြောင်းရပ်များကို လေ့လာသော ပညာဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ဤမျှဖြင့် ရာဇ၀င်ပညာ၏သဘောမှာ မပြည့်စုံသေးပေ။ သို့ဖြစ်၍ အနက်သဘော ပိုမိုကျယ်ဝန်းသည့် နိုင်ငံသမိုင်းဟူသောစကားသို့ ပြောင်းလွှဲသုံးခြင်းပင်ဖြစ်သည်။ နိုင်ငံသမိုင်းဆိုသည်မှာ။ ။ သမိုင်းဟူသောစကားမှာ ဖြစ်ခဲ့သည့်အကြောင်းစဉ်ဟု ဆိုရပေမည်။ ဘုရားသမိုင်း၊ မြို့သမိုင်း၊ ထင်ပေါ်သောတောင်သမိုင်းစသည်ဖြင့် သမိုင်းဆိုသောစကားကို သုံးကြသည်။ နိုင်ငံသမိုင်းဆိုလျှင် နိုင်ငံတစ်ခု၏ ဖြစ်ခဲ့သည့် အကြောင်းအစဉ်ပင်ဖြစ်ပေသည်။ နိုင်ငံ၏ဖြစ်ပျက်ခဲ့သော အကြောင်းစဉ်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ ဤစကား၌နိုင်ငံ၏ အဓိပ္ပါယ်ကို နားလည်ရန်လိုသေးသည်။ နိုင်ငံဆိုရာ၌ နယ်နိမိတ်အားဖြင့် သတ်မှတ်ထားသော မြေပြင်ကျယ်၊ ကျွန်း၊ တောတောင်တို့ဖြစ်သည်ဟု ဆိုရုံမျှနှင့် အဓိပ္ပါယ်မပြည့်စုံသေး။ နိုင်ငံဆိုလျှင် ထိုနယ်နိမိတ်အတွင်းရှိ မြေပြင်ကျယ်နှင့်တကွ ထိုဒေသတွင် နေထိုင်ကြသော လူများကိုပါပူးတွဲ၍ နားလည်ရန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသမိုင်းဟုဆိုလျှင် ထိုနိုင်ငံရှိလူများ၏ ရှေးကဖြစ်ခဲ့သည့် အကြောင်းစဉ်ကို ဖော်ပြထားသော အကြောင်းသာဖြစ်ရချိမ့်မည်။ လူတို့သည် ကမ္ဘာဦးမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ၍လာကြသည်။ သို့ပြောင်းလဲရာတွင် နိုင်ငံတစ်ခုအတွင်း၌ လူများ၏ပြောင်းလဲမှုသည် အခြားနိုင်ငံရှိ လူများ၏ပြောင်းလဲမှုနှင့် မတူပေ။ မြန်မာနိုင်ငံအတွင်းရှိ လူများသည် တစ်ဆင့်ပြီးတစ်ဆင့် မည်သို့ပြောင်းလဲလာသနည်း။ ထိုသို့ ပြောင်းလဲလာရပုံကို လေ့လာလိုက်စားခြင်းပင်လျှင် မြန်မာနိုင်ငံ သမိုင်းကို လေ့လာခြင်းဖြစ်ရပေမည်။ ဟူ၍ဖြစ်သည်။ ဗိုလ်မှူးဘရှင်၏ထင်ရှားသော အကောင်းဆုံးသုတေသနလက်ရာစာအုပ်မှာ မြန်မာနိုင်ငံသမိုင်းကော်မရှင်က ၁၉၆၂ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည့် Lokahteikpan လောကထိပ်ပန်} စာအုပ်ဖြစ်သည်။ ရှေးဟောင်းမွန်၊ ရှေးဟောင်းမြန်မာ အက္ခရာအရေးအသားနှင့်ပတ်သက်ပြီး အလွန်အားထားရသော အရေးပါသည့်စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင်အခန်း ၅ ခန်း ခွဲခြားတင်ပြထားသည်။ အခန်း ၁ တွင် လောကထိပန်ဂူဘုရား၏ သမိုင်းအကျဉ်းနှင့် ဗိသုကာလက်ရာပုံစံကို ဖော်ပြထားသည်။ အခန်း ၂ နှင့် ၃ တွင် ဂူဘုရားနံရံရှိပန်းချီရုပ်ပုံများနှင့် စာပေအက္ခရာအရေးအသား ဆွေးနွေးချက်များကို ဖော်ပြထားသည်။ အခန်း ၄ တွင်မင်စာများကို ခေတ်မြန်မာအက္ခရာ၊ ရောမအက္ခရာများနှင့် ဖလှယ်၍ တင်ပြထားသည်။ အခန်း ၅ တွင် အင်္ဂလိပ်ဘာသာပြန်ဆိုချက်များ ပါဝင်သည်။ နောက်ဆက်တွဲအဖြစ် ရှင်းလင်းချက်များ၊ ရှေးဟောင်းမွန်စကား ဝေါဟာရများ၊ သရုပ်ဖော်ပုံ၊ ဓာတ်ပုံများ၊ မြေပုံများဖြင့် စနစ်တကျ ပြုစုဖော်ပြထားသည့် သုတေသနလက်ရာ ဖြစ်သည်။ စာပေသုတေသီသို့ လက်ကိုင်ပြုကိုးကားရာစာအုပ် ဖြစ်သည်။ ဗိုလ်မှူးဘရှင်၏ ကြိုးပမ်းမှုဖြင့် လောကထိပ်ပန်မင်စာစာအုပ်ကြီး တခမ်းတနားထွက်ပေါ်ခဲ့သည့်အတွက် ထိုမင်စာများကို ပို၍လူသိများလာရပါသည်။ ထိုစာအုပ်နှင့် ပတ်သက်ပြီး ခေတ်ပြိုင်မြန်မာ့သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဆရာကြီးဒေါက်တာသန်းထွန်းက ၂၀၀၂ ခု သြဂုတ်လထုတ် အတွေးအမြင်စာစဉ် ၁၅၆ တွင် ] မြန်မာသမိုင်းအဖွဲ့နှင့် ထုတ်ဝေပြီး ထုတ်ဝေမည့်ကျမ်းများ} ဆောင်းပါးတွင် ဤသို့ ချီးကျူးထားပါသည်။
ရှင်၊ လောကထိပ်ပန်၊ ၁၉၆၂
လောကထိပ်ပန်ဟုခေါ်နေကြတဲ့ ဂူဘုရားငယ်တစ်ဆူဟာ ပုဂံရွှေဆံတော်ဘုရားမြောက်ဘက် မနီးမဝေးမှာရှိပါတယ်။ ဂူနံရံမှာ ရှေးမွန်ဘာသာ၊ ရှေးမြန်မာဘာသာနှင့် စာတမ်းထိုးထားတဲ့ ဇာတ်ငါးရာ၊ ပန်းချီပုံတွေရှိတယ်။ ဒီလိုရှိတာကို ဘယ်သူမှအလေးဂရုပြုပြီး မလေ့လာခဲ့ဘူးပါ။ ၁၉၅၈ ရောက်တဲ့အခါကျမှ အရှေ့တိုင်းပညာ ပါမောက္ခ လုစ်(G.H. Luce)နှင့် ဗိုလ်မှူးဘရှင်တို့ ပုဂံလေ့လာရေးခရီးထွက်လာကြတဲ့အခါက သတိပြုမိလေ့လာမိကြတယ်။ မွန်နှင့်မြန်မာစာတွေကို အကျအနလေ့လာကြပြီး ဗိုလ်မှူးဘရှင်က စာတစ်အုပ်အနေနှင့် ရေးသားထုတ်ဝေဖို့ တာဝန်ယူလိုက်ပါတယ်။ စာအုပ်က ၁၉၆၂ မှာ ပုံနှိပ်ဖြန့်ဝေနိုင်ပါတယ်။ အဲဒီစာအုပ်ဟာ ပုဂံအနုပညာနှင့် ဗိသုကာပညာကို ကျမ်းပြုသူက အကျယ်တ၀င့် ရှင်းလင်းတင်ပြထားတာကို တွေ့နိုင်ပါတယ်။ သုတေသနတန်ဖိုး အများကြီးရှိတဲ့ တင်ပြချက်ဖြစ်လို့ အားရနှစ်သက်စရာရှိပါတယ်။ လောကထိပ်ပန်ဂူကို မွန်ခေတ်ဦး ပုံစံလို့သတ်မှတ်တယ်။ ရာဇကုမာရဲ့မြင်းကပါဂူပြောက်ကြီးနှင့် ခေတ်ပြိုင်( ခရစ်နှစ် ၁၁၁၃) ဖြစ်နိုင်စရာရှိတယ်လို့ ဆိုပါတယ်။ နံရံဆေးရေးကားတွေက မြန်မာစာ၊ မွန်စာတွေကို အသေးစိတ်ရှင်းလင်းပြီး မြန်မာစာပေရဲ့အစကို ဖော်ထုတ်ပေးတယ်။ မြန်မာသမိုင်းအဖွဲ့ရဲ့ ပထမစာအုပ်ပဲလို့ ဂုဏ်ယူနိုင်လောက်အောက် ပထမစွဲတဲ့ စာအုပ်ဖြစ်ပါတယ်။ ဟုသုံးသပ်ကာ ချီးကျူးခဲ့ပါသည်။ ဗိုလ်မှူးဘရှင်သည် ၁၉၇၀ ပြည့် ဇန်န၀ါရီလ ၇ ရက်ညနေ ၅ နာရီ မိနစ် ၅၀ တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်မေကြီး(သတ္တဗေဒကထိက)နှင့် သားတစ်ဦး၊ သမီးလေးဦး ကျန်ရစ်သည်။
ရေးသားသူ …ဒေါက်တာဦးသန်းဝင်း(မြန်မာစာ)

Sayargyi U Razak of Burma: A Teacher, a Leader, a Martyr

ဆရာဒေါက်တာညီညီအပါအ၀င် စာရေးဆရာအချို့မှ အင်္ဂလိပ်ဘာသာဖြင့် ကျွန်ုပ်တို့ရဲ့ ချစ်ခင်လေးစား ရိုသေရသော ဗမာမွတ်စလင်မ်၊ အမျိုးသားခေါင်းဆောင်၊ အာဇာနည် ဆရာကြီးဦးရာဇတ်၏အထ္တိုပ္ပတိအား ရေးသားပြုစုခဲ့တဲ့ဆောင်းပါးများကို ပေါင်းစုပြီး ပြန်လည် ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ကို စာရှုသူများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် ရှယ်ပေးလိုက်ပါတယ်။

ဗမာမွတ်စလင်မ်အမျိုးသားခေါင်းဆောင် အာဇာနည် ဆရာကြီးဦးရာဇတ်

ဆရာကြီးဝမ်းအိုဝမ်းကျော်ဝင်းမောင်ရေးသားပြုစုသုတေသနလုပ်ထားတဲ့ ကျွန်ုပ်တို့ရဲ့ ချစ်ခင်လေးစား ရိုသေရသော ဗမာမွတ်စလင်မ်၊ အမျိုးသားခေါင်းဆောင်၊ အာဇာနည် ဆရာကြီးဦးရာဇတ်၏အထ္တိုပ္ပတိအား စာရှုသူများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် ရှယ်ပေးလိုက်ပါတယ်။

ဦးပိန်တံတားသမိုင်း

ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုပုဂံမင်း လက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ  အမရပူရမြို့ ၀န် ဦးဘိုင်ဆပ်နဲ့ မြို့စာရေး မောင်ပိန် တို့ဦးဆောင်  ဆောက်လုပ်ခဲ့ပါတယ် ။ အဲဒီတံတား ဟာဒီကနေ့ မြန်မာ ပြည်ရဲ့ ဂုဏ်ဆောင်တံတား  ဖြစ်နေပါပြီး။ အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး သစ်သားတံတားအဖြစ် ကျွန်တော်တို့  ဂုဏ်ယူ ၀င့်ကြွားနေ ရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့မျက်စိ ပသေဒ ဆွဲဆောင်ခြင်းခံနေရတဲ့ နေရာလည်းဖြစ် ၊ နိုင်ငံခြားငွေရှာပေးနေတဲ့ နေရာလည်းဖြစ်ပါတယ် ။

ဒါသမိုင်း ၊ အမွေ၊ မြန်မာ့ယဉ်ကျေးမှုအမွေတစ်ခုပါ။ ကျွန်တော်တို့ ထိန်းသိမ်းရမှာပါ။ ဒီအကြောင်းကို စာရေးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖော် ရေးသားကြပါတယ်။ အဲဒီလိုရေး တဲ့အခါမှာလည်း တစ်ခါတစ်ခါ မြန်မာဘုရင်နဲ့  မြန်မာဘုရင်ရဲ့မြှောက်စား ခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြားသားများ ရဲ့စွပ်စွဲ
နှိမ်ချရေးသာချက်တွေကို အထောက် အကူ ပြုမဲ့ အရေးသားတွေ ဖေါ်ပြလာတာကို မကြာခဏတွေ့ရတဲ့အတွက် အတော်ပဲ ၀မ်းနည်းကြေကွဲရပါတယ် ။

ဒီကနေ့ ဒီလောက်တောင် အရေးထား ဂုဏ်ယူနေရတဲ့အဆင်ရောက်ရတဲ့ဦးပိန် တံတားဆောက် လုပ်ခြင်း ရည်ရွယ်ချက်ကိုလည်း မဟုတ်တလျား စွပ်စွဲရေးသား တာလည်း တွေ့ရတက်ပါတယ် .. မြို့ဝန်ကုလား ဘိုင်ဆပ်တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက်မှာရှိတဲ့ ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့ အမျိုးအနွယ်တွေကို  ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန် အလွယ်တကူရောက်ရှိပြီ အမရပူရ ထီးနန်းကိုတောင် အရယူဖို့ကြံစည် ထားတယ်… လို့စွပ်စွဲ ထားချက်ကို
ဖေါ်ပြလေ့ရှိပါတယ်။

အဲဒီလိုစွပ်စွဲရအောင် ခိုင်လုံတဲ့ အထောက်အထားလည်း မရှိပါဘူး။ ခိုင်မာတဲ့သမိုင်းစာအုပ် တွေဖြစ်တဲ့ ဦးကုလား ရာဇ၀င် ၊ မှန်နန်းရာဇ၀င်၊ ကုန်းဘောင်မဟာ ရာဇ၀င်များမှာလည်း လုံးဝမပါပါဘူး။ စာဖတ်ပရိသတ် များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အရှိကိုအရှိတိုင်းသိရှိအောင် ဖေါ်ပြလိုက်ပါတယ် ။ အဲဒီတံတားကြီး မဆောက်ခင် အသာဖယ်ယာ ခေါင်းဆောင်တဲ့သံအဖွဲ့ အင်းဝမြို့ကို လာကြတုန်းက တောင်သမန်ကို သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး ၀င်လာကြတာ  နန်းတော်မြို့ရိုးအထိ ပေါက်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းရှိဘုးတယ်။ ဒီဦးပိန်တံတား ဆောက်ပြီးနောက်မှာတော့ နယ်ချဲ့သင်္ဘောတွေဟာ နန်းတော်ဦးထိ မရောက်နိုင်တော့ပါဘူး။ ဒါကိုတော့မြင်တက်ဖို့ လိုပါတယ်။

(အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀ပြည့် အထူးစာစောင် စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား အစ္စလာမ့်သာသနာ ၀င်လောကမှာ မြန်မာ့သမိုင်း နှင့်ပတ်သက်ပြီး လေးစားခံရဆုံး ဆရာကြီး ပသီဦးကိုကိုလေး ၏ ဟောပြောချက် (ချက် (၃) ချက် ဆောင်းပါးမှ)

ဤသို့ နယ်ချဲ့အန္တရယ်မှ လွတ်ကင်းအောင် ပရိယယ်ကြွယ်ကြွယ်ဖြင့် တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရ မြို့ပတ်ဝန်ကျင် ကိုတစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျက်ရှိရာ လူများစီးပွားရေး အတွက်ကုန်ပစ္စည်းများ ၀ယ်ယူဖြတ်သန်းသွားနိုင်ရန်အတွက် အမျှော်အမြင်ကြီးစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ (တက္ကသိုလ်နေ၀င်း ဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ) မြို့စာရေးဦးပိန်သစ်သားတံတား တစ်ခုဆောက်လုပ်ရခြင်းရဲ့ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၄) အမရပုရမြို့အကြောင်း မှာ- ပုဂံမင်း လက်ထက်က မြိုစာရေးမောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်တားတံတားကြီးတစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင်ရှိသေးသည်။ တောင်သမာန် အင်းတစ်ဖတ်တွင် ပုဂံမင်းတည်ထားခဲ့သော ကျောက်တော်ကြီးဘုရားရှိသည်။ …လို့ဖေါ်ပြထားတော့ အစ္စလာမ် ဘာ သာ ၀င်
တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန် ဟာစေတနာအလျောက် တံတားဆောက်လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ရွာများက မြန်မာ ဗုဒ္ဓဘာသာ ၀င်တွေ လွယ်လင့်တကူ အန္တရယ်ကင်းရှင်စွာနဲ့ ဘုရားဖူး သွားနိုင်ပါစေ ဖို့ဆိုတဲ့ စေတနာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး ။

မြန်မာစွယ်စုံကျမ်း လိုခိုင်မာတဲ့ကျမ်းကြီးက ဆောက်လုပ်လှူဒါန်း ခဲ့သည် ဟု ဖေါ် ပြထားပါသည်။ မြို့စာရေးမင်း ဦးပိန်ဆောက်လုပ်ခဲ့သည်မှာ ဦးပိန်တံတာား တစ်ခုတည်းသာမက ဦပိန်သည် စကျင်ဝချောင်းကိုဖြတ်လျက် တောင်ကြီးတံတား ဟင်္သာတံတား ၊ ပန်ဘဲတဲ့တား၊ ဗုံအိုးတံတား ၊ စကျင်ဝတံတား ၊ ကုက္ကိုင်တံတား များကိုလည်း ဆောက်လုပ်ခဲ့ပါသည်။

တံတားများဆောက်လုပ်၇န် လိုအပ်သော ပန်းဘဲသမားများနှင့် လက်သမားများ နေထိုင်ရန် ပန်းဘဲရွာ နှင့် လက်သမားရွာကိုလည်း တည်ပေးခဲ့ပါသည်။ နောက်စွပ်စွဲချက် တစ်ခု ရှိသေးတယ်။ အမရပူရမြို့သစ်တည်တဲ့အခါ အင်းဝနဲ့ စစ်ကိုင်းဘက် က နန်းတော် ဟောင်းတွေ အိမ်တော်ဟောင်းတွေ ၊ ကြမ်းအဟောင်းတွေ ကို ဖျက်ပြီး တောင်သမန် တံတားကြီးမှာ အသုံးပြုတာပေါ့ ဆိုတဲ့ စွပ်စွဲချက် ။ ထိုစွပ်စွဲချက် ပါးစပ်စကားသည် လုံးဝ ယုတ္တိ မရှိပေ။ နန်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ မင်းစိုးရာဇာ များ၏ အိမ်များတွင် မည်သူမျှ ဖိနပ်မစီးတက်ရပါ။ တံတားဆောက်၇ာတွင် သုံးသည် ဟုဆိုလျှင် မြန်မာ့အယူအဆအရ နာမ်နှိမ်ရာကျဘုရင် လာခွင့်ပြုမည် မဟုတ်ပါ.။ နန်းတော်တိုင်သည် လူကြီး တစ်ပိုက်ကျော်ကျော် ရှိပါသည်။ ဦးပိန်တံတားမှာ လူကြီးတစ်ပိုက်လုံးပတ်မရှိပါ။ နန်းတော်ကို မမြင်ဖူး သော မန္တလေးသား  မဟုတ်သည့် သမိုင်းဆရာတစ်ချို့ ရဲ့စွပ်စွဲချက်သာဖြစ်တန်ရာ၏ လို့ မောင်မောင်ခင် (BSc. Dip Ed )က ၁၉၉၅ ခု၊ ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ်မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

ဦးပိန်သည် တံတားများဆောက်လုပ်၇န် အတွက်ကျွန်းသစ် ခုတ်ခွင့်ရရှိလေသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များဖောင်ဖွဲ့ပြီး သယ်ဆောင်ခဲ့လေသည်။ အဟောင်းများ မပါပဲ သစ်သားဖြင့် ဆောက်ခဲ့သည်။ အမရပုရ ရောက် အင်္ဂလိပ်သံမှူး ဟာင်နရီ ယူးက ဦးပိန်တံတားကြီးပုံတူကို ရေးဆွဲဖေါ်ပြခဲ့ပေသည်။ တံတားကြီးသည် အသစ်စက်စက် ဖြစ်ပြီး ကျွန်းဝရန်တာနှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့် ပြုလုပ်ထားသည်ဟု အတိအကျဖေါ်ပြထားသည်။ …လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက် ဗြိတိသျှ )စာအုပ်မှာ ရေးသားထားပါတယ်။

ဒါကြောင့် စွပ်စွဲချက် ဟာလည်း အခြေအမြစ်မရှိပါဘူး။ နောက်စွပ်စွဲချက်တစ်ခုက မြို့ဝန်ဘိုင်ဆပ် က သူရဲ့ရဲစွမ်းသတ္တိကြောင့်မြို့ဝန်ဖြစ်လာတာမဟုတ်ပါဘူး။ သူကကြက်တိုက် ငှက်တိုက် နွားတိုက်၊ ဆိတ်တိုက ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့ မြို့ဝန်ဖြစ်လာရတော့ နာယဂုဏ်ခြောက်ပါး နဲ့ ဘယ်ညီနိုင်မှာလဲ …လို့စွပ်စွဲ ပါသေးတယ်… အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့ မြန်မာဘုရင်တွေကို ဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာ ကျပါတယ် ။ ဘုရားကျောင်းကန် များနဲ့ စည်းကားအောင် လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့ မြိုတော်စည်ပင်အောင် တာဝန်ယူနိုင်တဲ့ မြို့တော်ဝန်တစ်ဦးကို တာဝန်ပေး ရွေးချယ်ရာမှာလဲ ပေါ့ပေါ့တန်တန်ရွေးမှာ မဟုတ်ပါဘူး ။ မြိုတော်ဝန် တာဝန်ကလည်း ကြီးမားတဲ့ အတွက် တော်ရုံတန်ရုံ အရည်အချင်းနဲ့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။

ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ မြန်မာအရေးကို နှိမ်ချင်ကြတဲ့ အနောက်နိုင်ငံသားတွေ ရဲ့လေသံမျိုးဖြစ်နေပါတယ် ။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့ အဆင့် တွေဟာ သာမန် မဟုတ်ပါ့ဘုး။ သူတို့မှာ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ အဲဒီနေရာကို ရောက်ရတာပါ။
မြန်မာနန်းတွင်းအမှုထမ်းတွေမှာ အရည်အချင်း သတ်မှတ်ချက်တွေ ရှိပါတယ် ။ သေဖော်ရှင်ဖတ် ငါးယောက်တစ်စုကို တစ်အိုးစားလို့ ခေါ်ပါတယ်။ နှစ်အိုးစားကို အကြပ်တစ်ယောက်ထားပါတယ်။ အကြပ်ငါးယောက်ပါတဲ့ အိုးစားအစုကို သွေးသောက်တစ်ယောက် ထားပါတယ်။ သွေးသောက်နှစ်ယောက်ကို တပ်မှုးတစ်ယောက် ထားပါတယ် အဲဒီတပ်မှူးငါးယောက်ကိုအုပ်ချုပ်ရတဲ့အစုကို ဗိုလ်တစ်ယောက်ထားတယ်။ အဲဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို ၀င်ရတယ်။ ဆင်တယ်ပွဲရမှ သွေးသောက်အစုကို ရောက်တယ် ။ အဲဒီအဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊ ရွာစား၊ မြို့ဝန် မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သားနဲ့  မြို့ဝန်ရာထူးကို လွယ်လွယ်ခန့်လိုက်တယ်လို့ပြောတာဟာ ဘုရင်ကို အရည်အချင်းမဲ့သူအဖြစ် စွပ်စွဲလိုက်တာသာ ဖြစ်ပါတယ်။

ဒါကြောင့် သမိုင်းဆရာ ဒေါက်တာကျော်သက်က သူရေးတဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်စာမျက်နှာ ( ၃၇၄ ) မှ ပုဂံမင်း ( ၁၈၄၆- ၁၈၅၂)နဲ့ပတ်သက်ပြီး ထီးနန်းကို သာယာဝတီမင်း၏သားတော်ကြီးပုဂံမင်းက ဆက်ခံလေသည်။ ပုဂံမင်းလက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင်ရာဇ၀င်တွင် ပုဂံမင်းကို ရှေးအစဉ်အလာမင်းများကဲ့သို့မင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ပုဂံမင်းသည် စတုတွင် ဆည်မြောင်း၊ ကန်ချောင်းများကို ဖေါက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုး တည်ထားသည့် သာသနာဘောင်သို့ ဆွေမျိုးများအား သွတ်သွင်းချီမြင့် ၍ သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။ ညောင်ရွှေစော်ဘွား၏သမီးတော်နှင့် လက်ဆက်သည်။ သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။

တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်း တူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစုသည်ဟု ပါရှိလေသည်။ အဲလိုပုဂံမင်းကောင်းကြောင်း ရေးသားထားချက်များကို တွေ့ရှိနေပါတယ်။ နိုင်ငံခြားသားများက ပုဂံမင်း၏အကြောင်းကို ပြောဆိုကြသည်မှာ တစ်မျိုးတစ်ဖုံ ကွဲလေသည်။ ၄င်းတို့အဆိုအရ ထင်ရှားသည့်အချက်ကား ပုဂံမင်းသည် တန်ခိုးအာဏာ ကို အလွဲသုံးစား ပြုသည် ဟုလည်းကောင်း၊ တိုင်းကျိုး ပြည်ကျိုး ကိုဆောင်ရွက်ခြင်း မပြုဟုလည်ကောင်း ဆိုကြသောအချက် ဖြစ်လေသည်။ တိုင်းရေးပြည် ရာကို မင်းက လစ်လျူရှူ ထားသည့်အတွက် တန်ခိုးအာဏာကို အလွဲသုံးစား၍ ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

နောက်စွပ်စွဲမှု တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ ဘိုင်ဆပ်မြို့ဝန်ဖြစ်တာနဲ့ အမရပူရ ကအမျိုးသားကောင်း၊ အမျိုးသမီးကောင်းတွေမှာ အသက်သေတဲ့ သူနဲ့ ဘ၀ပျက်တဲ့သူနဲ့ ဆွေတော်မျိုးတော်တွေမှာ တောင်အရှက်ကွဲခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက် ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်။ မြန်မာရာဇ၀င်တွင် အာဏာ အတွက်အဖေကိုသားသတ်၊ သားကိုအဖေသတ်၊ အစ်ကိုကို ညီသတ် ၊ ညီကို အစ်ကိုသတ်၊ စသော ရှုပ်ထွေးလှသော နန်းတွင်ရေးရာမှာ မင်းညီမင်းသား သို့မဟုတ် ဘုရင်တစ်ပါးပါးရဲ့ သစ္စာတော်ခံအဖြစ် တာဝန်ထမ်းဆောင်ရတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ အဲဒီအခြေအနေတွင် ဦးဘိုင်ဆပ်တို့  အမှုတော်ထမ်းခဲ့ရတဲ့အဖြစ်က ကြိုးတန်းပေါ်လမ်းလျှောက်ရသကဲ့သို့ အန္တရယ်များလှပါတယ်။

ဒီနေရာမှာ မြို့တော် ၀န်ဘိုင် ဆပ်နှင့် မြို့စာရေးဦးပိန်တို့အကြောင်း ကို ၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ်မဂ္ဂဇင်းပါ သမိုင်းသုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed) ရဲ့ ရာဇ၀င်အဆောင်ဆောင်မှ မွှေနှောက်စုစည်းထားသော ရွှေမြို့တော်ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် စွပ်စွဲချေပချက်မှ ထုတ်နှတ်ပြီး အနည်းငယ် တင်ပြချင်ပါတယ်။ မြို့တော်ဦးဘိုင်ဆပ်၊ ဦးပိန်နှင့် ပုဂံမင်းတို့သည် ငယ်စဉ်က တောင်သမန်အင်းအနောက်ထိပ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် စာအတု သင်အံခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်းသား၏ယုံကြည်ချက် သဒ္ဒါ ရင်းနှီးစွာ ဆက်ဆံရသော လူပျိုတော် တစ်ဦးဖြစ်ပြီး မင်းသားအလိုကျ တာဝန်များ ဆောင်ရွက်ခံစား နေရလေသည်။

သာယာဝတီမင်းသည် မိမိ၏ သားကြီး ပြည်မင်းသားအား ဒဂုံမြို့မှအပြန် အထင်မှားပြီး သာယာဝတီမင်း၏ မိဖုရား မမြကလေး၊ ပြည်မင်းသားနှင့် မြေးတော်ကလေးများသည် မင်းမိန်ဖြင့် အကွပ်မျက်ခံရလေသည်။ ပြည်မင်းသားအသတ်ခံရပြီးနောက် သာယာဝတီမင်း နတ်ရွာစံလေသည်။ ပုဂံမင်းက ခမည်းတော် အရိုက်အရာကို ဆက်ခံခဲ့လေသည်။ ပုဂံမင်းသည် မိမိနန်းတက်သောအခါ ဦးဘိုင်ဆပ်၏ အရည်အသွေကို ငယ်စဉ်ကတည်းကပင်သိရှိပြီးဖြစ်၍ မြို့တော်ဝန်ခန့်ပြီး ဦးပိန်ကို စာရေးခန့်ခဲ့ပေသည်။ ဦးဘိုင်ဆပ်သည် နန်းမြိုတော်အတွင်းနှင့် မြို့ပြင် နှစ်ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင် ဖြစ်သည်။ မြို့တော်ဝန် ဦးဘိုင်ဆပ်သည် အမရပူရ မြို့တော်တွင် ဘုန်းတော်ကြီးကျောင်းများအနက် ရှားရှားပါးပါး အုတ်တိုက်ကျောင်းကြီးတစ်ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့သည်။

မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အခွန် အတုပ်ကောက်ရာတွင် တိုင်းသူပြည်သားနှင့် မင်းမှုထမ်းများအပေါ် ခြားနားခြင်းမပြုပဲ မင်းမိန်အတိုင်း စည်းကြပ်ကောက်ခံခဲ့သည်။ထို့ကြောင့် အခွန်မဆောင်လိုသော မင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်းခံရလေသည်။ နေပြည်တော်၌ ပြည်မင်းသားသစ္စာခံဘက်တော်သားများကလည်း ရှိနေပါသည်။ ပုဂံမင်း၏ သစ္စာခံဘက်တော်သားအပေါ် မလိုမုန်းထားမှုများလည်းရှိကြပေမည်။ ဤသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အပြစ်ဆိုဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည်လည်း ကျမ်းတော်ရွက် သစ္စာတော်ခံတစ်ဦးဖြစ်သည်နှင့်အညီ စေသည့်ကျွန်၊ ထယ်သည့်နွားကဲ့သို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း၏ အတိုက်ခံများအားလုံးမှာလည်း အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း၏ အတိုက်အခံအားလူံးမှာလည်း ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်တို့ကို မလိုမုန်းတီးကြပေမည်။ ၄င်းတို့ကဲ့သို့ သစ္စာရှိ မင်းမှုထမ်းလူယုံများရှိနေ၍ ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့် တောင်သမန်တံတား ဒါယကာဦးပိန်တို့ကို အပြစ်ရှာမှာသာလျှင် ပုဂံမင်း၏ ထီးနန်းကို လွယ်လင့်တကူ ရရှိပေမည်။ ကနောင်းမင်းသား ၏နောက်လိုက် အဖွဲ့များသည်လည်း ပုဂံမင်းနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများ ဖြစ်ကြပေသည်။

ဤအခြေအနေတွင် ဦးဘိုင်ဆပ်တို့ကို ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်းရှိနေသည်။ ယင်းသည် အခြားမဟုတ်၊ ပုဂံမင်းမိဖုရား၏ မောင်တော် ဦးကျောက်လုံးတို့အုပ်စု ဖြစ်သည်။ ၄င်းဦးကျောက်လုံးက ဦးဘိုင်ဆပ် ကိုမြို့ဝန် ရာထူးမှ ဖြုတ်ချ၍ မိမိမြို့ဝန် ဖြစ်လိုသည်.။ တစ်နေ့ ဦးဘိုင်ဆပ်သမီးကို ဦးကျောက်လုံးက ခိုးယူပေါင်းသင်းသည်။ ဦးဘိုင်ဆပ်က သမီးခိုးမှုကို မင်းကြီးအား တိုင်တန်းရန် နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရားကြီးက မိမိ၏မောင်တော် ဦးကျောက်လုံး မယားလိုလားမှုကို ပုဂံမင်းအား ကြိုတင်လျှောက်ထားခဲ့လေသည်။ ဦးဘိုင်ဆပ် ပုဂံမင်းရှေ့တော်သို့ ရောက်၇ှိလာသောအခါ ဘုရင်က အရိပ်အကဲကြည်ပြီး …ယောက်ဖတော် မောင်ကျောက်လုံး၏ ယောက္ခထီးကြီးနောက်ကျလှချည်လား …ကျီဆည် တော်မူခဲ့လေသည်။ ဦးဘိုင်ဆပ်နှင့်မောင်ကျောက်လုံး တို့လည်း သမီးကိစ္စနှင်ပတ်သက်ပြီး တစ်ဦးနှစ်တစ်ဦး ကျားနှင့်ဆင်ကဲ့သို့ ရန်စောင်နေခဲ့ကြသည်။ ထိုအတောအတွင်း မင်းမှုထမ်းနာခံတော် ဦရွှေရသမီးမနှစ်ကို ရွှေနားဋောင်းအမှုနှင့် ချုပ်ထားခဲ့ရမှ နာခံတော် ဦးရွှေရ တောင်းပန်မှုကို ထောက်ထားပြီး မနှစ်အား လက်မဖောက်တန်း အချုပ်ထောင်မှ လွှတ်ပေးခဲ့လေသည်။ ဒုတိယအကြိမ် မနစ်ကို ဥိကျောက်လုံး၏ အစ်မတော်မိဖုရားကြီးက သောက်တော်ရွှေဖလားတစ်လုံး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မနှစ်က ကိုယ်လုပ်တော်တစ်ပါး ခိုးယူထားကြောင်း ချေပခဲ့သည်။

မိဖုရားကြီးလည်း ဦးဘိုင်ဆပ်အား ကိုယ်လုပ်တော်မိဖုရားငယ်တစ်ပါး ခိုးဝှက်ထားသည်ဟူ၍ပင် ထင်မြင်ချက်ပေးပြီး စုံစမ်းခိုင်လေသည်။ တစ်နေ့ ပုဂံမင်းတရားကြီး ရုပ်စုံသဘင် ကြည့်ရှုတော်မူနေရာ မှရုတ်တရက် ကိုယ်လုပ်တော် မိဖုရားငယ်ထံ ကြွမြန်းတော်မူခဲ့လေသည်။ ဦးဘိုင်ဆပ်သည် ရွှေဖလားပျောက်ဆုံးမှုကို စုံစမ်းရန် ကိုယ်လုပ်တော် မိဖုရားငယ်ထံ ၀င်ရောက်ခဲ့လေသည်။ စစ်ဆေးမေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည် ပုဂံမင်းတရားကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံမင်းတရားကြီး ရုပ်စုံ သဘင် ကြည့်တော်မူနေရာမှ ရုတ်တရက် မိဖုရား ကြွရောက်မူခြင်းသည် မလိုမုန်းထားသူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။ မိဖုရားငယ်ကလည်း မိမိအပေါ် ယုံမှားသံသယ ရှိနေမှုကို ရှက်တော်မူပြီး လွတ်အောင် တိုင်ကြားပေမည်။ နောက်ဆုံး ကုန်ဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယအတွဲ စာမျက်နှာ ၈၆- ၈၈ အရ ဦးဘိုင်ဆပ်၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန်၊ ငရှင်ကလေး ၊ ငကျားကြီး၊ ငကြံတို့ ကွပ်မျက်ခြင်း ခံရပေသည်။ တစ်နေ့သောအခါ ပုဂံမင်းကိုယ်တိုင် သူအချစ်ဆုံး ဦးဘိုင်ဆပ်ကို မသတ်ချင်ဘဲ သတ်ခဲ့ရကြောင်း အင်းဝရောက် သံတွင် ဖော်ပြထားပါသည်။ ဒါတွေကတော့ ဦးဘိုင်ဆပ်၊ ဦးပိန်တို့ကို မလိုမုန်းတီစွာ မကြာခဏ အရေးယူခံရခြင်းရဲ့ အဓိကအချက်များသာဖြစ်ပါတယ်။ မင်းလိုလိုက် မင်းကြိုက်ဆောင်ရာတွင် အခွင့်အရေး ယူကောင်းယူခဲ့နိုင်ပါသည်။

သို့သော် အာဏာသိမ်းရန်ကြံစည် သည်ဟူသော အရေးအသား မှာသမိုင်းတွင်ရှာမတွေ့ခဲ့ရပါ။ ဦးဘိုင်ဆပ် ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး ရွှေမြို့တော်ဝန်ဖြစ်လာခြင်း ဖြင့် ဦးဘိုငဆပ်အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများမှ မည်သူဘက်ကနေ လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။ ပုဂံမင်းသစ္စာခံ ဘကတော်သား ဆူးငြောက်ခုတ် အားလုံးကို တောရှင်းထားပြီဖြစ်သောကြောင့် ပုဂံမင်းအား လွယ်လင့်တကူ နန်းချ
နိုင်ခဲ့လေသည်။

မှားယွင်းတဲ့အကိုးကား တွေ ထင်ရာစွပ်စွဲ လွဲမှားတဲ့ကောက်ချက်တွေကို တစ်ဖတ်သတ် ရေးကြတာ တွေဟာမကြာမဏ တွေ့ရပါတယ်။ ၁၉၉၈ ခုနှစ်၊ သြဂုတ်လထုတ်
ရနံသစ်မဂ္ဂဇင်းမှာ မောင်ဝမ်းဆန်း (သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊ တောင်သမာန်အင်းဖြတ် ဦးပိန်တံတားအကြောင်း တစ်လွဲတွေ ရေးလို့ စာရေးသူက အိတ်ဖွင့်ပေးစာလေးတစ်ခု ရေးပေးဖုးတယ်။

အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ် News Watch Weekly စောင့်ကြည့်သတင်း ဂျာနယ်မှာ ယဉ်ကျေးမှု အမွေခံ တောင်သမာန် တံတာကြီး ဂုဏ်ဒြပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။သမိုင်းတစ်ခေတ်မှာ သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး တက်ကြတဲ့ အစဉ်အလာ
အရရေး သားထားတဲ့ သို့မဟုတ် စွပ်စွဲပြောဆိုတက်တဲ့ အတင်းစကားတွေကို အလေးထား ရေးသားလာကြတော့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဘယ်စာရေးဆရာပဲဖြစ်ဖြစ် တိုင်းရင်းသား နိုင်ငံသားမြန်မာမွတ်စလင်အကြောင်းရေးတော့မယ်ဆိုရင် ၁၉၅၉ ခုနှစ်ထုတ် ရာဇ၀င် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင် တည်းဖြတ်ပြီး ရာဇ၀င်သုတေသီဆရာကြီး ရွှေဘိုဦးဘဦး ရေးတဲ့ေ၇ွှမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့၏ အထ္တုပတ္တိ စာအုပ်အပါအ၀င် ဆရာချယ်တို့ပသီဦးကိုကိုလေးတို့လို သမိုင်းသုတေသီတွေရဲ့စာအုပ်တွေကိုလည်း လေ့လာပြီးမှ ရေးသားသင့်ကြပါတယ် ။

ဒါမှလည်း ကျွန်တော် တို့ရဲ့ မြန်မာယဉ်ကျေးမှု အမွေကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်း နိုင်ကြမှာ ပါ ဖြစ်ကြောင်း တင်ပြရင်း………..

စာရေးဆရာ မောင်သဲနီ တင်ပြသည်။ မွတ်စလင်သတင်းစဉ်မှကူးပါသည်။

BURMA PROJECT – SITUATION OF THE ROHINGYAS IN NORTH ARAKAN STATE

In August 2008 the Irish Centre for Human Rights received funding from Irish Aid to launch a project on the human rights situation of the Rohingyas/Muslims of Rakhine State in Western Burma/Myanmar. As part of the project a research unit was established at the Irish Centre for Human Rights to carry an open source research and take part in a fact-finding mission and the drafting of a report under the supervision of Prof. William Schabas.

In 2009, Nancie Prudhomme (project manager and researcher) and Joseph Powderly (project researcher) undertook a 4-week fact-finding mission to gather more detailed, first-hand and new information about the situation of the Rohingyas in Western Burma. As part of their mission Nancie and Joseph visited Burma and Thailand. In Thailand, they had meetings on the  situation of the Rohingya “boat people” pushed back to sea at the beginning of 2009 and on the status of the Rohingya issue within Asia generally and more specifically at the ASEAN level.

As part of the fact-finding mission the researchers also spent two weeks in Bangladesh visiting refugee camps and interviewing Rohingya refugees and human rights and humanitarian workers. The researchers were joined in Bangladesh by Mr. John Ralston, Executive Director of the International Institution for Criminal Investigation and former Chief of Investigations at the International Criminal Tribunal for the former Yugoslavia and for the UN Independent Commission of Inquiry for Darfur. The team interviewed Rohingya victims in and around refugee camps in Bangladesh. The mission in Bangladesh provided detailed information on the causes for flight to Bangladesh and the current situation in Western Burma.

The report of the Rohingya project was officially launched on June 16 th, 2010 by Micheál Martin, the Irish Minister for Foreign Affairs, at Iveagh House.

Source: IRISH CENTRE FOR HUMAN RIGHTS at http://www.nuigalway.ie/human_rights/documents/ichr_rohingya_report_2010.pdf

“The Government Could Have Stopped This”

AUGUST 1, 2012
This report describes how the Burmese authorities failed to take adequate measures to stem rising tensions and the outbreak of sectarian violence in Arakan State. Though the army eventually contained the mob violence in the state capital, Sittwe, both Arakan and Rohingya witnesses told Human Rights Watch that government forces stood by while members from each community attacked the other, razing villages and committing an unknown number of killings.The report is based on 57 interviews conducted in June and July 2012 with affected Arakan, Rohingya, and others in Burma and in Bangladesh, where Rohingya have sought refuge from the violence and abuses.

Source: Human Rights Watch at http://www.hrw.org/reports/2012/07/31/government-could-have-stopped

ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)၏ ပန်ကြားတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးနှင့်တကွ

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဌတို့ထံ တင်ပြသော

 

မြန်မာနွယ်ဖွားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ၏ဆုံးရှုံးနေသော

တိုင်းရင်းသား အခွင့်အရေးများ၊ လူ့အခွင့်အရေးများကို

ကာကွယ်စောင့်ရှောက်ပေးပါရန် ပန်ကြားတင်ပြချက်။

ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)တင်ပြသည်။

၂၀၁၂-ခုနှစ်၊ သြဂုတ်လ(၁၅)ရက်

သို့

(၁) ဦးသိန်းစိန်

သမ္မတကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့

(၂) သူရဦးရွှေမန်း

ဥက္ကဌ

ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

(၃) ဦးခင်အောင်မြင့်

ဥက္ကဌ

အမျိုးသားလွှတ်တော်၊ နေပြည်တော်။

ရက်စွဲ ။ ၂၀၁၂-ခုနှစ်၊ သြဂုတ်လ (၁၅)ရက်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ဥက္ကဌနှင့်အမျိုးသားလွှတ်တော် ဥက္ကဌတို့ထံ တင်ပြသော

မြန်မာနွယ်ဖွားတိုင်းရင်းသာမြန်မ်မာနွယွယ်ဖ်ဖွာားတိုငိုင်းးရင်းးသား

အစ္စလ္စလာမ်ဘ်ဘာသာဝင်မ်မ်များ၏ဆုံုးံုးံးရှုံှးုံှးုံးနေသော

တိုငိုင်းးရင်းးသား အခွငွင့်အ့်အရေးများ၊

လူ့အူ့အခွငွင့်အ့်အရေးများကို

ကာကွယွယ်ေ်စောင့်ေ့်ရှောာက်ေ်ပေးပါရန် ပန်ြ်ကြားတင်ြ်ပြချက်။်။

ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)တင်ပြသည်။

၂၀၁၂-ခုနှစ်၊ သြဂုတ်လ(၁၅)ရက်

2

သို့

(၁) ဦးသိန်းစိန်

သမ္မတကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့

(၂) သူရဦးရွှေမန်း

ဥက္ကဌ

ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

(၃) ဦးခင်အောင်မြင့်

ဥက္ကဌ

အမျိုးသားလွှတ်တော်၊ နေပြည်တော်။

ရက်စွဲ ။ ၂၀၁၂-ခုနှစ်၊ သြဂုတ်လ (၁၅)ရက်။

အကြောင်းအရာ ။    ။ မြန်မာနွယ်ဖွားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ၏ ဆုံးရှုံးနေသော တိုင်းရင်းသား အခွင့်အရေးများ၊ လူ့အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးပါရန် ပန်ကြားတင်ပြခြင်း။

နိုင်ငံတော်သမ္မတကြီနှင့်တကွ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော်ဥက္ကဌကြီးခင်ဗျား –

အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ကျွန်တော်ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ အောက်ပါအတိုင်း ရိုးသားစွာအကြံပြုတင်ပြအပ်ပါသည်။

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က စတင်တည်ရှိခဲ့သော မြန်မာနွယ်ဖွားတိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များ၏ ဆုံးရှုံးနေသော တိုင်းရင်းသားအခွင့်အရေးများ၊ လူ့အခွင့်အရေးများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အကြီးအကဲများအား ယုံကြည်အားထား၍ တင်ပြခြင်း ဖြစ်ပါသည်။ အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာကို ဖတ်ရှုရသကဲ့သို့ သဘောပိုက်ကာ ကျွန်တော်တို့၏ တိုင်းရင်းသားအခွင့်အရေးများ၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ (မှတ်စု ၁ မှ ၂၅ အထိ ရှုပါ။)

၂။ ထိုခေတ်ထိုအခါများက ရှေးမြန်မာနွယ်ဖွား တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များသည် မြန်မာဘုရင်များထံ သစ္စာခံ၍ စစ်ဗိုလ်၊ စစ်မှူး၊ သွေးသောက်ကြီး၊ နာခံစစ်သား၊ ကိုယ်ရံတော်၊ စသည့် ရာထူးရာခံအမျိုးမျိုးဖြင့် အသက်စွန့်ကာ ကျရာနိုင်ငံတာဝန်များကို ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသဖြင့် အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်အမိန့်ရှိခဲ့ဖူးသကဲ့သို့ စစ်သားမျိုးများ ဖြစ်ခဲ့ကြပါသည်။ (မှတ်စု – ၅၄ ရှုပါ။)

၃။ ထိုစဉ်က အစ္စလာမ်ဘာသာဝင်တိုင်းရင်းသားများအနက် မြန်မာစာပေ၊ ဂန္တ၀င်၊ ပါဠိ၊ ရာဇ၀င်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ သဒ္ဒါ၊ သဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓါန်၊ ဧချင်း၊ ရတု၊ ကဗျာလင်္ကာ၊ ပျို့၊ အတတ်များကို ကျွမ်းကျင် တတ်မြောက်ကြသူများ ပေါ်ထွန်းခဲ့ရာ မြန်မာစာပေသမိုင်းတွင် အစောဆုံးသော နိုင်ငံခြား ခရီးသွားမှတ်တမ်းအဖြစ် အသိအမှတ်ပြုခံရသည့် စာဆိုတော် ရွှေတောင်သာဂသူဦးနု၏ ဗဒုံမင်းတရားကြီးထံ တင်ဆက်သော ဘင်္ဂလားသွား မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်သည် အထင်အရှားဖြစ်ပြီး အခြားစာဆိုတော် အကျော်အမော်များ အများအပြားလည်း ပေါ်ထွန်းခဲ့ပါသည်။ စာပေတွင်သာမက မြန်မာ့ယဉ်ကျေးမှုအ၀တ်တန်ဆာများဖြစ်သော မောက်တိုရွှေပိန်း၊ မျဉ်းတို သက္ကလပ်စိမ်း၊ သက္ကလပ်ပြာ၊ မျဉ်းရှည်သက္ကလပ်နီစသည်တို့ကို ၀တ်စားဆင်ယင်၍ ဂုဏ်ယူဝင့်ကြွားစွာ မြန်မာ့ ယဉ်ကျေးမှုကို အပြည့်အ၀ လက်ခံကျင့်သုံးခဲ့ကြပါသည်။ မြန်မာဘုရင်များကလည်း ရာထူး၊ ရာခံ၊ ဘွဲ့၊ မြို့စား၊ နယ်စား၊ အပိုင်စားများအမျိုးမျိုးကို ကျောသားရင်သားမခွဲခြားဘဲ ချီးမြှင့် မြှောက်စားခဲ့ပါသည်။ (မှတ်စု – ၂၁၊ ၂၂၊ ၂၆ မှ ၃၀ အထိ ရှုပါ။)

၎။ ကုန်းဘောင်ခေတ်က ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် မိမိ၏နိုင်ငံသား အစ္စလာမ်ဘာသာဝင်များအတွက် စတုဒီသာတည်းခိုနိုင်ရန် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာဟ်မြို့တွင် မြန်မာ့ဦးစွန်းဒေါင်းတံဆိပ် ခတ်နှိပ်ထားသော ကုသိုလ်တော်ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။မင်းတုန်းမင်းလက်ထက် မန္တလေးမြို့သစ်တည်ရာတွင် အစ္စလာမ်ဘာသာဝင်များနေထိုင်ရန် ရပ်ကွက်(၁၆)ကွက် သတ်မှတ်ပေးပြီး ရပ်ကွက်တိုင်း တွင် ဗလီဆောက်လုပ်ရန်မြေနေရာ သတ်မှတ်ပေးခဲ့ပါသည်။ အမရပူရခေတ်နေပြည်တော်တွင်လည်း အစ္စလာမ် ဘာသာဝင်မိသားစု(၉၀၀၀)ကိုးထောင်ခန့်ရှိပြီး ဗလီပေါင်း(၄၀)ခန့်ရှိခဲ့ပါသည်။

ဘိုးတော်မင်းတရားကြီးသည် အင်းဝမှ အမရပူရသို့ ပြောင်းရွေှ့စံတော်မူရာ မိမိ၏ အစ္စလာမ်ဘာသာဝင်အမှုတော်ထမ်းများအတွက် ဘုံးအိုး၊ စားကြင်ဝ၊ ကြည့်မြင်တိုင်၊ ကိုယ်ရံတော်၊ အပ်ချုပ်ရပ်ကွက်ဟူ၍ ရပ်ကွက်များ သီးသန့်သတ်မှတ်နေရာချပေးထားပြီး ရပ်ကွက်တိုင်းတွင်လည်း ဗလီများဆောက်လုပ်ရန် မြေနေရာများ သတ်မှတ်ပေးခဲ့ပါသည်။ ရွှေဘိုနယ်မြေထူးမြို့မှာလည်း မှန်စီ ရွှေချဗလီကြီး(၄)လုံးရှိခဲ့ပါသည်။ ဘုရင့်ကိုယ်ရံတော်တပ်မှ အစ္စလာမ်ဘာသာဝင်များဝတ်ပြုနိုင်ရန် နန်းမြို့ရိုးအတွင်း အရှေ့တောင်ထောင့်တွင် ဗလီတစ်လုံးဆောက်ပေးခဲ့ပြီး မင်းတုန်းမင်းကိုယ်တိုင် ပန္နတ်ရိုက်ခဲ့၍ ‘ရွှေပန္နတ်ဗလီ’ဟု အမည်တွင်ခဲ့ပါသည်။ အမှုအခင်းများကိုလည်း အစ္စလာမ်ဘာသာတရားဥပဒေအရ ဆုံးဖြတ်စေခဲ့သည်။ သာသနာပိုင် များလည်း ခန့်ထားခဲ့သည်။ မြန်မာဘုရင်များအဆက်ဆက်တွင် အစ္စလာမ်ဘာသာဝင်များ၏ တိုင်းရင်းသား အခွင့်အရေးများ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်သာမက ဘာသာရေးလွတ်လပ်ခွင့်များ တင်းပြည့်ကျပ်ပြည့် ရရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။

(မှတ်စု ၃၁ မှ ၄၂ အထိ ရှုပါ။)

၅။ မြန်မာနွယ်ဖွား တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များသည် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်အဆက်ဆက်တွင်သာမက အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအသီးသီးတွင်လည်း မြန်မာ့လွတ်လပ်ရေးအတွက် အစ္စလာမ်ဘာသာဝင်များ အသက်စတေး၍ အများအပြား ပါဝင်ခဲ့ကြပါသည်။ မြန်မာ့အာဇာနည်ခေါင်းဆောင်များအဖြစ် တိုင်းပြည်အတွက် အသက်စွန့်လှူခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်တွင် မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးနေစဉ် ရှမ်းပြည်လူထုက ဗိုလ်ချုပ်အောင်ဆန်းအား ထောက်ခံ ကြောင်း ကြေးနန်းပို့ခဲ့ကြသကဲ့သို့ ထိုစဉ်က အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားများ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် ဖဆပလတပ်ပေါင်းစုဝင် ဗ.မ.ကသည် ဗမာမွတ်စလင်မ်လူထု၏ကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းအား လုံးဝထောက်ခံကြောင်း ကြေးနန်းပေးပို့ခဲ့ပါသည်။ ၁၉၄၆-ခုနှစ် ရွှေတိဂုံဘုရား အလယ်ပစ္စယံတွင်ကျင်းပသော ဖ.ဆ.ပ.လ ညီလာခံကြီးတွင် ဒီးဒုတ်ဦးဘချိုတင်သွင်းသော အဆိုအမှတ်-၆ ဖြစ်သည့် ‘တိုင်းရင်းသားလူနည်းစုများအရေး’အဆိုတွင် ဗမာမွတ်စလင်မ်လူထုသည် ၎င်းတို့ကို လူနည်းစုများရသင့်ရထိုက်သော အခွင့်အရေးများ တန်းတူပေးရန် ဖ.ဆ.ပ.လ မှ တာဝန်ယူကြောင်း အဆိုတင်သွင်းဆုံးဖြတ် လက်ခံခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း မြန်မာအစ္စလာမ်ဘာသာဝင်တိုင်းရင်းသားများသည် နိုင်ငံရေးအရလည်း အခွင့်အရေးအပြည့်အ၀ရရှိခဲ့ကြ ပါသည်။ (မှတ်စု ၄၃ မှ ၅၁ အထိ၊ ၅၅၊ ၅၆၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈ ရှုပါ။)

၆။ သို့သော် ယခုအခါ မြန်မာနွယ်ဖွားအစ္စလာမ်ဘာသာဝင်များသည် တိုင်းရင်းသား အခွင့်အရေးများ၊ လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်။

(က) – သမိုင်းအထောက်အထားများအရ ကုန်းဘောင်ခေတ်အထိ ပသီလူမျိုးဟု တရားဝင် သတ်မှတ်ခံရခြင်း။

(ကုန်းဘောင်ခေတ် မှတ်စုများ)

– ၁၉၄၁-ခုနှစ်တွင် အင်္ဂလိပ်ရော ဂျပန်ကပါ ဗမာမွတ်စလင်မ်ဟု တရားဝင်သတ်မှတ်ခြင်း (မှတ်စု ၅၂၊ ၅၃)

– လက်တွေ့သဘော (de facto)အရ ‘ဗမာ’ဟု တရားဝင်အသိအမှတ်ပြုခံခဲ့ရခြင်း။ (မှတ်စု ၅၅၊ ၆၃)

– ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃(၁)အရ ‘တိုင်းရင်းသား’အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ဥပဒေသဘော(de jure)အရ အကျုံးဝင်ခဲ့ခြင်း။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ကျင်းပသော ရခိုင်ပြည်နယ်အရေး အထူးသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင် ၁၈၂၄ မတိုင်မီက မည်သည့် နိုင်ငံခြားသားမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့ရာ သမိုင်းအထောက်အထားများအရ မြန်မာနွယ်ဖွား အစ္စလာမ်ဘာသာဝင်များသည် တိုင်းရင်းသားဖြစ်ကြောင်း အငြင်းပွားဖွယ်ရာ မရှိတော့ပါ။  သို့သော် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ပထမတန်းစားနိုင်ငံသားနှင့် ဒုတိယတန်းစားနိုင်ငံသားဟူ၍ ခွဲခြားမှု ပေါ်ပေါက်နေပါသည်။ ပထမတန်းစားနိုင်ငံသားသည် မွေးရာပါအခွင့်အရေးအရ နိုင်ငံသားများဖြစ်ပြီး ဒုတိယတန်းစားနိုင်ငံသားသည် ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများဖြစ်ပါသည်။ ကွာခြားချက်မှာ ပထမတန်းစားနိုင်ငံသားကို တိုင်းတစ်ပါး နိုင်ငံသားအဖြစ် ခံယူခြင်း၊ တိုင်းတစ်ပါးသို့ အပြီးအပိုင်ထွက်ခွာခြင်းကိစ္စများမှအပ အခြားမည်သည့်အကြောင်းနှင့်မျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်း၍မရပါ။ ဒုတိယတန်းစားနိုင်ငံသားကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းနိုင်ပါသည်။ ရုပ်သိမ်းခဲ့သော် ထိုသူများသည် နိုင်ငံမဲ့ (Stateless)များဖြစ်သွားနိုင်ပါသည်။ ဤတွင် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာ ကွန်ဗင်းရှင်းများ၊ စာချုပ်စာတမ်းများနှင့်ညီညွတ်ရန်လိုအပ်လာပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုအတွင်း နွေးထွေးစွာဆက်ဆံလျက်ရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံလည်းဖြစ်ခြင်းကြောင့် နိုင်ငံတကာဥပဒေများနှင့် ညီညွတ်ရန် လိုအပ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မည်သည့်လူမျိုးသည် တိုင်းရင်းသားဖြစ်/မဖြစ် နိုင်ငံတော်ကောင်စီက ဆုံးဖြတ်နိုင်ကြောင်း ဥပဒေပုဒ်မ(၄)တွင် ဖော်ပြထားရာ ‘တိုင်းရင်းသား’ အဓိပ္ပါယ်ဖွင့်ဆိုခွင့်အာဏာနှင့်စပ်လျဉ်း၍ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရန် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြင်ဆင်ရေးဆွဲရမည်ဖြစ်ပါသည်။ မြန်မာနွယ်ဖွား အစ္စလာမ်ဘာသာဝင်များသည် တိုင်းရင်းသားများဖြစ်ပါလျက် ဤ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မွေးရာပါ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနစ်နာလျက်ရှိပါသည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းများစွာ ရရှိခံစားခဲ့ရသော နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးနစ်နာလျက်ရှိပါသည်။ အစ္စလာမ်ဘာသာဝင်ဖြစ်လျှင် ပြည်သူ့လွှတ်တော်တွင် ပါဝင်ခွင့်မရရှိခြင်း၊ ရာထူး ဌာနန္တရများခန့်ထားရာတွင် ခွဲခြားမှုမရှိခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးရာတွင် ခွဲခြားမှုများရှိလာပါသည်။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံပုဒ်မ-၂၁(က)၊ ၃၄၈ များနှင့်လည်း ဆန့်ကျင်လျက်ရှိပါသည်။

အထက်ပါအချက်အလက်များအရ ဤသို့သောသမိုင်းကြောင်းရှိခဲ့၍ ယခုကျင်းပလျက်ရှိသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ‘တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး’အဆိုကို လက်ခံဆွေးနွေးလျက်ရှိရာ ‘တိုင်းရင်းသား’ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုရာ တွင် မြန်မာနွယ်ဖွားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအတွက် တရားဝင်လူမျိုးရေးအသုံးအနှုန်းကို နောက်ဆုံးသတ်မှတ်ခဲ့သည့်အတိုင်း တပြေးညီ ဖြစ်စေရန်အတွက် ထည့်သွင်းဆွေးနွေးစဉ်းစားပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

(ခ) မြန်မာနိုင်ငံတွင် မြန်မာနွယ်ဖွားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်သာမက ဘာသာရေးလွတ်လပ်ခွင့်များ တင်းပြည့်ကျပ်ပြည့်ရရှိခဲ့ကြောင်း မြန်မာ့သမိုင်းအရ ထင်ရှားပါသည်။ ဘာသာရေးလွတ်လပ်ခွင့်ဟုဆိုရာတွင် အခြားဘာသာတရားများ ကိုးကွယ်သူများအား မထိခိုက်စေရန်တာဝန်ခံရမည်ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ပါသည်။ သို့သော် ဗလီများဆောက်လုပ်ခွင့်၊ တိုးချဲ့မွမ်းမံပြင်ဆင်ခွင့်များ၊ ဘာသာရေး စာသင်ကျောင်းများဖွင့်လှစ်ခြင်းများ ကန့်သတ်ခံရခြင်းများ ရှိနေပါသည်။ သာဓကအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ကဲ့သို့သော အစ္စလာမ်ဘာသာဝင်အိမ်ခြေ(၂၈၀၀)ကျော်၊ မွတ်စလင်မ်လူဦးရေ (၁၄၀၀၀)ကျော်ခန့်ရှိရာ ၎င်းတို့ဝတ်ပြုရန်အတွက် ဗလီနေရာသတ်မှတ်ပေးခြင်း မရှိသဖြင့် ဘာသာရေးစာသင်ကြားခြင်း၊ ၀တ်ပြုခြင်းများပြလုပ်သောနေရာများကို ချိတ်ပိတ်ခံရခြင်များ ကြုံတွေ့နေရပါသည်။ အချို့မြို့နယ်များတွင် ဗလီများချိတ်ပိတ်ခံရခြင်း၊ ဘာသာရေးစာသင်ကျောင်းများ ချိတ်ပိတ်ခံရခြင်းများ မကြာခဏ ကြားသိနေရပါသည်။

(ဂ) ၂၀၁၄-ခုနှစ်သန်းခေါင်စာရင်း (လူဦးရေစာရင်း)ကောက်ယူရာတွင် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏အရေအတွက်ကို သိရှိနိုင်ရန် ကိုးကွယ်သည့် ဘာသာတွင် ‘အစ္စလာမ်’ဟူ၍ စာလုံးပေါင်းပီပီသသရေးသားဖော်ပြကြရန် အရေးကြီးပါသည်။ (မိုဟာမေဒင်၊ မိုဟာမက်ဘာသာ၊ မူစလင်၊ မဟာမေဒင်၊ ဇေဘာဒီဟူ၍ မဖော်ပြမိရန် အထူးသတိပြုရပါမည်။)

(ဃ) လွှတ်တော်အစည်းအဝေးများတွင် ‘အစ္စလာမ်’ဘာသာနှင့်သက်ဆိုင်သောအကြောင်းအရာများ ပေါ်ပေါက်လာခဲ့လျှင်လည်း ဆွေးနွေးမေးမြန်းခွင့်ပြုစေလိုပါသည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ရပ်တွင် အစ္စလာမ်ဘာသာဝင်များသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာဟ်မြို့သို့ ဟဂ်ျဘုရားဖူးသွားရောက်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ မွေးခွန်းများတင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်အတွင်း၌ ဖြေကြားခြင်းမရှိဘဲ ‘ထိပ်တန်းလျှို့ဝှက်’ခေါင်းစီးဖြင့် ရေးသားဖြေကြားခဲ့ခြင်း ကြုံတွေ့ခဲ့ရပါသည်။

(င) အဓိကရုဏ်းများနှင့်ပတ်သက်၍လည်း တင်ပြလိုပါသည်။ အဓိကရုဏ်းများသည် မလိုလားအပ်သောကိစ္စများဖြစ်ပါသည်။ လူနည်းစုများအနေနှင့် စိုးရိမ်ပူပန်မှုများရှိပါသည်။ နိုင်ငံရေးအာရုံပြောင်းလဲစေရန်အတွက်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဘာသာရေအရသော်လည်းကောင်း၊ မုန်းတီးမှုများ ဖန်တီးလှုံ့ဆော်သူများအား ဟန့်တားအရေးယူနိုင်ရန် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၆၄နှင့်အညီ ဥပဒေပြဋ္ဌာန်းရန်အချိန်သင့်နေပါပြီ။ စီမံချက်များရေးဆွဲလျက်ရှိကြောင်း သိရှိရပါသဖြင့် ယင်းဥပေဒပြဋ္ဌာန်းရန် ဆောင်ရွက်သင့်ပါသည်။

၇။ အချုပ်အားဖြင့်တင်ပြရလျှင် တစ်ချိန်ကသုံးနှုန်းခဲ့သော ဗမာမွတ်စလင်မ် (ခ) မြန်မာနွယ်ဖွားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များသည် နိုင်ငံတော်အကျိုးကို အစဉ်အမြဲသယ်ပိုးထမ်းဆောင်ခဲ့သူများဖြစ်ကြပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ ပေါ်ပေါက်လာခြင်း၏ ပင်ပမျိုးစေ့ဖြစ်သော ပင်လုံစာချုပ်ချုပ် ဆိုရာတွင် ထိုစဉ်က မြန်မာနွယ်ဖွား အစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)သည် အခြားတိုင်းရင်းသားများကဲ့သို့ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ (မှတ်စု – ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁ ရှုပါ။)

၈။ မဏ္ဍပ်တိုင်တက်ပြနေခြင်းမဟုတ်ပါ။ ဤမျှ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပြီး နိုင်ငံတော်၏အကျိုးအတွက် ခေတ်အဆက်ဆက်ပါဝင်၍ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် စွမ်းစွမ်းတမံပါဝင်ခဲ့ကြသူများဖြစ်ပါလျက် ယခုခေတ်အခါတွင် ခွဲခြားဆက်ဆံခံရခြင်းအတွက် ရင်ထုမနာဖြစ်ရပါသဖြင့် နိုင်ငံတော်အကြီးအကဲများအား မေတ္တာရပ်ခံ၍ ဆုံးရှုံးခဲ့ရသော မြန်မာနွယ်ဖွားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ၏ တိုင်းရင်းသား အခွင့်အရေးများ၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်။

၉။ ပြန်ပြောင်းသတိရစေရန် ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ‘လွတ်လပ်ရေးကြေညာစာတမ်း’ပါ အပိုဒ်(၆)ကို ဖော်ပြ၍ နိဂုံးချုပ်အပ်ပါသည်။

“လွတ်လပ်ရေးကြေညာစာတမ်း”

၆။ သိကြကုန်လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသား အပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ပြီး ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သော နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော လူ့ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ သူတစ်ပါးတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် သိကြားစေသတည်း။

ရိုသေလေးစားစွာဖြင့်

ခင်မောင်ချို

၁၂/ဥကတ(နိုင်)၀၀၇၃၇၈

တရားလွှတ်တော်ရှေ့နေ

အမှတ်(၆)၊ ၈-လွှာ(၀ဲ)၊ ၁၀၁-လမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

* * * * * *

‘မြန်မာနွယ်ဖွား တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ’

သမိုင်းမှတ်စုများ

၁။ အေဒီ ၇၈၈ မှ ၈၁၀ ရာစုနှစ်များအတွင်း မဟာတိုင်စန္ဒြာမင်းလက်ထက်တွင် ရမ်းဗြဲကျွန်းအနီး၌ အာရဗ်သင်္ဘောများပျက်၍ ထိုစဉ်ကပင် ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း (ရမ္မာဝတီ)တွင် အစ္စလာမ်ဘာသာဝင်များ စတင်အခြေချနေထိုင်ခဲ့ကြောင်း (၁၈၉၇)ခုနှစ် ဗြိတိသျှ ဘာမားဂေဇတ်အရ သိရှိရသည်။ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဆရာချယ် (ခ) ဦးဘိုးချယ်ရေး ‘ဗမာမွတ်စလင်မ်တို့၏ ရှေးဟောင်း အတ္ထုပ္ပတ္တိစာအုပ်၊ စာ – ၂၅’

၂။ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ကျော်ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့် လည်းကောင်း ပြန့်နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်းအထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါသမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိရပါသည်။ (သာသနာရောင်ဝါထွန်းစေဖို့၊ ဒုတိယဗိုလ်မှူးကြီးဝင်းမေင်ဦးစီးအရာရှိ(ပထမတန်း) ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စာ-၆၅)

၃။ သက္ကရာဇ် ၈-ရာစုနှစ်များအတွင်း ပုဂံတွင်စိုးစံခဲ့သော ပိဿုံမင်းလက်ထက်၌ အာရဗ်သင်္ဘောများသည် ဒမတ်စကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ အ၀င်အထွက်ပြုခဲ့ကြသည်။ သထုံ၊ မုတ္တမဆိပ်ကမ်းများတွင် ရပ်နားခဲ့ကြသည်ဟု ရှေးအာရဗ်မှတ်တမ်းများတွင် တွေ့ရှိရသည်။ (ဦးကြည် ရာဇ၀င် ဂုဏ်ထူးရေး၊ မြန်မာ့ရာဇ၀င်မှ သိမှတ်ဖွယ်ရာအဖြာဖြာစာအုပ်၊ စာ – ၁၅၆၊ ၁၅၇)

၎။ သက္ကရာဇ် (၇၃၅ – ၇၃၆)ခုနှစ်တွင် ရေးသားခဲ့သော စစ်ကိုင်းရတနာစေတီကျောက်စာတွင် ‘မြင်စိုင်းရောက် တရုတ်မင်းကို ခန်းတရုတ်မင်းကြီး’ဟုဆိုသည်။ ခန်းကာဘွဲ့ဖြစ်သည်။ ကုဘလိုင်ခန်ကို ဆိုလိုဟန်တူသည်။ တရုတ်ကား ကာရကီဆိုသော စကားမှ ပျက်ဟန်တူသည်။ တရုတ်လူမျိုးတို့ကို မွန်ဂို(မောင်းဂွတ်)လူမျိုး၊ မန်ချူးရီးယားလူမျိုး၊ မဟာမက်ဘာသာဝင်ဖြစ်သော တရုတ်ပန်းသေးလူမျိုး စသည်ဖြင့် အမျိုးမျိုးယူဆခေါ်ဝေါ်သည်။ (ဦးဘသန်းရေး ကျောင်းသုံး မြန်မာရာဇ၀င်၊ စာ – ၉၆)

၅။ အနော်ရထာဘုရင် (၁၀၄၄ – ၁၀၇၇) နန်းသက်စံ (၁၄)နှစ်အကြာ မိတ္ထီလာကန် ဆယ်ဖို့ရာတွင် ပသီလက်နက်ကိုင်တပ်သားများ ပါဝင်သည်။ (ဟံသာဝတီ ဦးဘရင်ရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာ စာအုပ်၊ စာ – ၂၅)

၆။ သက္ကရာဇ် (၁၂၀၃)ခုနှစ်တွင် သာယာဝတီမင်းတရားကြီး ဥက္ကလာပသို့ချီတက်တော်မူရာ တပ်ရေးဆင်၍ အစုအဝေးနှင့်လိုက်ကြရသည်တွင် အမြောက်သုံးဆယ်ကျော်နှင့် ပသီကုလား အမြောက်အမြားဖြင့် အမှုထမ်း လူတစ်ရာကျော်ပါဝင်ခဲ့သည်။ (ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး၊ တတိယတွဲ၊ စာ – ၆)

၇။ ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း (၁၂၅၄ – ၁၂၈၇)ခုနှစ် လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ၁၂၇၇-ခုနှစ် ငဆောင်ချမ်းတိုက်ပွဲတွင် တတာတို့က အနိုင်ရလိုက်သည်။ ဗိုလ်မှူးနဇရွတ်ဒင်အုပ်ချုပ်သော တာတာစစ်သည်များ (တူရကီနွယ်ဝင်များ)သည် ကောင်းစင်မြို့ (ယခု ဗန်းမော်မြို့)ကို သိမ်းပိုက်အခြေချ နေထိုင်ခဲ့ကြကြောင်း စစ်ကိုင်းမြို့ ရတနာစေတီကျောက်စာတွင် ပါရှိသည်။ (ဦးကြည် (ရာဇ၀င်ဂုဏ်ထူး)ရေး၊ မြန်မာ့ရာဇ၀င်မှ သိမှတ်ဖွယ်ရာအဖြာဖြာစာအုပ်၊ စာ ၈၂-၈၃) (ရာဇ၀င်ဆရာကြီးဦးဘသန်းရေး၊ ကျောင်းသုံးမြန်မာရာဇ၀င်စာအုပ် စာ ၁၉၅-၁၉၆)

၈။ ၁၃-ရာစုနှစ်အတွင်း ပါရှင်းလူမျိုးတို့သည် ပုသိမ်မြို့ကိုသိမ်းပိုက်ကြပြီး (၁၂)နှစ်တိုင် မင်းသုံးဆက်က မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ ကုလားပသီမင်းတို့ကိုစွဲ၍ ပသီမြို့ဟု ခေါ်တွင်ခဲ့သည်။ ပသီမင်သားကို မွန်ညီနောင်တို့ လုပ်ကြံကြပြီးနောက် ပုသိမ်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၆၊ စာ-၃၅၀၊ ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်းသား/သူများ မဂ္ဂဇင်း (၁၉၅၅-၅၆)ခုနှစ်၊ စာ-၅ နှင့် စာရေးဆရာကြီး ဦးမာဃရေး ပုသိမ်ရာဇ၀င်၊ စာ – ၁၃၇)

၉။ တောင်ငူခေတ်၊ တပင်ရွှေထီးလက်ထက်တွင် မင်းခေါင်နော်ရထာ (၁၄၀၁-၁၀၁၂)ဦးဆောင်သည့် ဒုတိယအကြိမ် မိတ္ထီလာကန်ဆယ်ဖို့ရာတွင် ပသီသေနတ်ကိုင် တပ်သားတစ်ထောင်၊ ရွေးလက်ျာတပ်သားတစ်ထောင် ပါဝင်ခဲ့သည်။ (ကင်းဝန်မင်းကြီး စာပေါင်းစု၊ စာ – ၈၆)

၁၀။ တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခဲ့သည်။ (မှန်နန်းရာဇ၀င် ၁၂ ဒုတိယတွဲ၊ စာ ၁၈၆)

၁၁။ ၁၄-ရာစုများအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ (ယခု နောက်လယ်ရပ်)တွင် အခြေချနေထိုင်ခဲ့သည်။ (မောရစ်ကောလစ်ရေး၊ Into Hidden Burma)စာအုပ်၊ ဦးခင်မောင်ကြီး ဘာသာပြန်၊ စာ – ၂၁၁)

၁၂။ ပဲခူးဘုရင် ‘ဗျားငယားဦး’မကျန်းမမာစဉ် သားတော် ‘ဘားဂရားငွေ’မင်းသားသည် ပဲခူး၊ မာတပင်လမ်းမြေတလျှောက်ရှိ အထက်နှစ်ပေါင်းများစွာက လာရောက် နေထိုင်လျက်ရှိသော မွတ်စလင်မ်လူမျိုးတို့အားအကြောင်းကြားခေါ်ယူပြီး ၎င်းတို့၏အကူအညီဖြင့် တလိုင်းစစ်သည်တို့ကိုအောင်နိုင်ကာ ‘ရာဇဓိရာဇ်ဘွဲ့အမည်ခံယူ၍ ပဲခူးဘုရင်အဖြစ် ထီးနန်းစိုးစံမင်းပြုတော်မူသည်။ (ဂေဇက်တီးယား အော်ဖ်ဘားမား၊ မြို့ရွာမှတ်တမ်း၊ စာ-၂၆၂၊ ရှေ့နေကြီးဦးမြရေး၊ ဗမာမွတ်စလင်မ်သမိုင်း၊ စာ-၁၃)

၁၃။ သက္ကရာဇ်(၁၅၅၀) မှ (၁၅၈၁)ခုတိုင် ထီးနန်းစိုစံတော်မူခဲ့သော မြန်မာဘုရင်တို့တွင် ထင်ရှားသော ဘုရင့်နောင် (ခ) ဟံသာဝတီဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တော်တွင် မြန်မာပြည်အတွင်း နေထိုင်ကြသော ပသီလူမျိုးတို့၏ နွား၊ ဆိတ်တို့ကိုသတ်၍ ကွရ်ဘာနီပြုသော ဘက္ကရီအစ်ပွဲတော်ကို တားဆီးပိတ်ပင်ခဲ့သည်။ (မစ္စတာ ဟာဗေးရေး၊ မြန်မာရာဇ၀င်အကျဉ်းချုပ်၊ စာ – ၁၉၁)

၁၄။ ထိုမင်းတရားကြီးလက်ထက်တော်မှာပင် ကာလကတ္တားသံစာရောက်ရှိလေလျှင် လှော်ကားနှင့် ငှက်ကြီးသိုက်စားနှင့် ဇင်းမယ်ကုလား၊ ပီယာမဟာမက် နှစ်ယောက်တို့ တင်ရသည်။ (မှန်နန်းရာဇ၀င် တတိယတွဲ၊ စာ ၁၈၇)

၁၅။ ၁၇-ရာစုနှစ်များအတွင်း ညောင်ရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း (၁၆၁၂ – ၁၆၂၈ ခုနှစ်)လက်ထက်၌ ငဇင်ကာနှင့် စစ်ဖြစ်ပွားပြီ သင်္ဘော ၄-စီးပါ အိန္ဒိယသား (၃၀၀၀)ကျော် ဖမ်းဆီးရမိရာ မွတ်စ်လင်မ်များပါဝင်ခဲ့သည်။

၁၆။ ညောင်ရမ်းခေတ် သာလွန်မင်းတရားကြီး (၁၆၂၈ – ၁၆၄၆)လက်ထက် စစ်သုံ့ပန်းလူသူတို့ကို အမြို့မြို့အရွာရွာတို့တွင် နေရာချမှုများလှ၏။ ပဲခူးတိုက်၊ သံလျင်တိုက်၊ ရခိုင်တိုက်တ့မှိုရသော ကုလားပန်းသေးတို့ကို ရွှေဘိုနယ်၊ စစ်ကိုင်းနယ်၊ ရမည်းသင်းနယ်၊ ကျောက်ဆည်နယ်တို့တွင် လုပ်မြေနေမြေပေး၍ နေထိုင်စေသည်။ ၎င်းကုလားတို့အား အစဉ်အဆက် ကိုယ်ရံတော်တပ်တွင် သေနတ်ကိုင်အမှုထမ်းများ ဖြစ်ကြသည်။ (ဦးဘသန်း ကျောင်းသုံးမြန်မာရာဇ၀င်၊ စာ – ၂၇၀)

၁၇။ အနောက်ဘက်လွန်မင်းလက်ထက်တွင် ငဇင်ကာနှင့်စစ်ဖြစ်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၃၀၀၀)အနက် အစ္စလာမ်သာသနာဝင်တို့ကို အင်းဝမြို့အနီး မြစ်သာမြို့၏မြောက်ဘက်တွင် လုပ်မြေနေမြေပေး၍ အတည်တကျ နေထိုင်စေခဲ့သည်။ မင်းမှုထမ်းများအဖြစ် ခန့်ခဲ့သည်။ (မှန်နန်းရာဇ၀င်၊ တတိယတွဲ၊ စာ – ၁၇၂)

၁၈။ အင်းဝခေတ်အစ စနေမင်း (၁၆၉၈ – ၁၇၁၄)တွင် အစ္စလာမ်သာသနာဝင်တို့ကို နေရာချထားပေးသော မြို့ (၁၂) မြို့မှာ (၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) စည်သာ (၁၀) စည်ပုတ္တရာ (၁၁) မြေထူး (၁၂) ဒီပဲယင်း မြို့ပေါင်း (၁၂)မြို့တွင် နေရာချထားခဲ့ည်။ (အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တင်ွကျင်းပသော ‘အာရှ သမိုင်း

ကွန်ဂရက်’တွင် ဗိုလ်မှူးဘရှင် တင်သွင်းသောစာတမ်း)

၁၉။ အင်းဝခေတ် စနေမင်းလက်ထက်၌ အုပ်စု (၃၇)စုတို့ကို နေရာချထားရာ မွတ်စလင်မ်တို့ကို တောင်ငူ၊ရမည်းသင်း၊ ညောင်ရမ်း၊ ယင်းတော်၊ မိတ္ထီလာ၊ ပင်းဒလဲ၊ တဘက်ဆွဲ၊ ဗောဓိ၊ စည်သာ၊ စည်ပုတ္တရာ၊မြေထူး၊ ဒီပဲရင်း တို့ပါဝင်သည်။ (၁၈၀၁-ခုနှစ် အမရပူရဘုရင်၏ ပိဋကတ်တိုက်တော်မှ ကျောက်တစ်လုံး ဗိုလ်မျိုး ရဲမင်းလှကျော်ထင် ကူးယူသောစစ်တမ်း)

၂၀။ အင်းဝခေတ်တွင် ပသီကုလားတပ်သားပေါင်း (၃၀၀၀)နိုင်ငံတော်၏ စစ်မှုထမ်းရွက်လျက်ရှိကြပြီး ကုလားပျိုစုဝန်ဟူ၍ ခန့်ထားခဲ့သည်။ (လောကဗျူဟာကျမ်း)

၂၁။ မြန်မ်မ်မာဘုရုရုရင်မ်မ်များလက်ထ်ထ်ထက် ချီးီးးမြှငှငှင့်ေ့်ေ့်မြှေှာာာက်စ်စ်စားခံရံရံရသော ပသီမီမီများ

(၁) မင်းကြီးမဟာမင်းထင်ရာဇာ ငယ်မည် ဦးချုံ အက္ကပတ်မြင်းဝန်ပင်လယ်မြို့စား

(၂) မဟာမင်းကျော်သီဟမင်းထင် ငယ်မည် ဦးဘိုရစ် တပယ်မြို့စား

(၃) မင်းလှမင်းထင်ရာဇာ ငယ်မည် ဦးနေထွန်း ကုလားဝန်

(၄) မဟာဘောဂဓန သီရိရာဇာ ငယ်မည်မွလ္လာအစ္စမာအီလ် အကောက်ဝန်ကျောက်ရဲမြို့စား

(၅) မဟာမင်းလှမင်းထင်ရာဇာ ငယ်မည် ဦးနော်ခန် ကလေးထိန်းညင်ရာဇဂျိုမြို့ဝန်

(၆) ရွှေတောင်သာဂသူ ငယ်မည် ဦးနု ရမ္မာဝတီမြို့ဝန်

(၇) မဟာမင်းခေါင်ကျော်ထင် ငယ်မည် ဦးပြား စဥ့်ကူမြို့ဝန်

(၈) မင်းလှမင်းထင်သူရိန် ငယ်မည် ဦးအုံး အနောက်ပြင်ထောင်မှူး

(၉) မင်းထင်ရာဇာ ငယ်မည် ဦးတာ အသည်စာရေး

(၁၀) နေမျိုးသီဟကျော်ထင် ငယ်မည် ဦးပန်းညို အမိန့်တော်ရ

(၁၁) နေမျိုးရာဇာသင်္ခရာ ငယ်မည် မာမက်အီဗရာဟင် အမိန့်တော်ရ

(၁၂) နေမျိုးရာဇာသင်္ခရာ ငယ်မည် ဦးအပဒူရာမန် အမိန့်တော်ရ

(၁၃) နေမျိုးမင်းလှရာဇသူ ငယ်မည် ဦးကျင်ဥ ရွေးလက်ျာဗိုလ်

(၁၄) မင်းထင်သိဒ္ဓိရာဇာ ငယ်မည် ဦးခေါင် ရွေးလက်ျာဗိုလ်

(၁၅) မဟာသုဝဏ္ဏသေဋ္ဌ ငယ်မည် ဦးမောင်ကြီး သူဋ္ဌေး

(၁၆) မဟာဘောဂဓနသေဋ္ဌသီရိရာဇာ ငယ်မည် ဦးရန်အောင် သူဋ္ဌေး

(၁၇) မဟာသီရိသုခသေနအနာထပိန် ငယ်မည် ဦးမောင်စိန် သူဋ္ဌေး

(၁၈) မေဏ္ဍကမဟာသလ ငယ်မည် ဦးစံပျော် သူကြွယ်

(ကုန်းဘောင်မင်းဆက် မဟာရာဇ၀င်တော်ကြီး၊ တတိယတွဲပါ စာရင်းအရ)

၂၂။ သူရဲသေနတ်ထောင့်သုံးရာ၊ သေနတ်ကုလားပျို၊ သေနတ်အစုသားတို့ကို မောက်တိုရွှေပိန်း၊ မျဉ်းတို၊

သက္ကလပ်စိမ်း၊ သက္ကလပ်ပြာ၊ မျဉ်းရှည်၊ သက္ကလပ်နီ စသည်တို့ဖြင့် ဆင်ယင်ခွင့်ပြုခဲ့သည်။

(ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး၊ ဒုတိယတွဲ၊ စာ – ၄၄၇)

၂၃။ ကုန်းဘောင်ခေတ်ဦး ၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (၁၇၅၃ – ၁၇၆၀)

လက်ထက်တွင် ဟိုင်းကြီးကျွန်းကို ချီတက်တိုက်ခိုက်ရာ အောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ

သုံ့ပန်းများတွင် အစ္စလာမ်သာသနာဝင်များ ပါဝင်သည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး

ပထမတွဲ၊ စာ – ၁၄၄)

၂၄။ အလောင်းမင်းတရားကြီး သံလျင်ကိုအောင်နိုင်၍ ရန်ကုန်သို့ရောက်လျှင် သံလျင်ရန်ကုန်တွင်ရှိသည့်

ပသီစု ပီယာမာမက်(ပီရ်မာမက်)နှင့် ဒါဝတ်တို့ကို သွေးသောက်ကြီးများခန့်၍ သက္ကရာဇ် (၁၁၁၈)ခု

ဝါခေါင်လဆန်း (၃)ရက်၊ အင်္ဂါနေ့တွင် ကိုယ်ရံတော် သေနတ်အစုကို ဖွဲ့တော်မူသည်။ (ကုန်းဘောင်ခေတ်

မဟာရာဇ၀င်တော်ကြီး ပတွဲ၊ စာ ၁၄၈၊ ၁၈၅၊ ၁၈၆)

12

၂၅။ အလောင်းမင်းတရားကြီး မဏိပူရကသည်းပြည်ကို အောင်မြင်ရာ ကသည်းလူမျိုး (၄၀၀၀)ကျော်

ပါဝင်ခဲ့ရာ အစ္စလာမ်သာသနာဝင်များ ပါခဲ့သဖြင့် ခြေတော်ရင်း၌ ခိုလှုံခငွ့်ပေးတော်မူသည်။

(ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး၊ စာ ၂၉၈၊ ၂၉၉)

၂၆။ ‘ဗဒုံမင်း (၁၁၄၃ – ၁၁၈၁)လက်ထက် သက္ကရာဇ် ၁၁၆၇၊ နတ်တော်လဆန်း ၁၀-ရက် စနေနေ့ (၃၀

နိုဝင်ဘာ ၁၈၀၅)မှ ဘင်္ဂလားကို သွားခဲ့တဲ့ ဦးနုရဲ့ ခရီးစဉ်မှတ်တမ်း လင်္ကာ ၅၅-ပိုဒ်ကို ဆက်လက်တင်ပြ

လိုပါသေးတယ်။ ဗမာစာပေလောကမှာ အစောဆုံး နိုင်ငံခြားသွားမှတ်တမ်းလို့ဆိုရမှာပဲ။ ဒီမှတ်တမ်းဟာ

ဝန်ကြီးမဟာသည်သူဦးရွဲရဲ့ လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းတို့ထက် အဆင့်အတန်းမနိမ့်ဘူးလို့ ဆိုချင်ပါ

တယ်။ ဦးနုရဲ့ မှတ်တမ်းန့ပဲ တ်သက်ပြီး ဆက်စပ်ပါဝင်နေတ့ဲ ဘာသာရေးအကြောင်းကိုလည်း

ပြောဖို့လိုပါဦးမယ်။ ဦးနုဟာ မွတ်စလင်မ်တစ်ဦးပါ။ အဲဒါကြောင့်လဲ သူ့ရဲ့ခရီးစဉ် မှတ်တမ်းထဲမှာ

အစ္စလာမ်ဘာသာရဲ့ သဘောသဘာဝနဲ့ တရားတော်တွေအကြောင်း နှလုံးသွင်းစပ်ဆိုသွားခဲ့တာဖြစ်ပါ

တယ်။’ (သမိုင်းသုတေသီ တိုးလှ၏ လူမှုဘ၀ပုံဖော်တဲံ ခေတ်ဟောင်းစာပေတွေ ဖော်ထုတ်ရေး စာတမ်း၊

စာပေအင်အားစာအုပ်၊ ပုံနှိပ်သူဦးလှ၊ စာမျက်နှာ ၃၄၄-၃၄၈)

၂၇။ ဦးနုသည် ရွှေတောင်သာဂသူဘွဲ့ချီးမြှင့်ခံရသည့်အပြင် ရမ္မာဝတီမြို့ဝန်အဖြစ်လည်း ချီးမြှင့်မြှောက်စားခဲ့

သည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး၊ ဒုတိယတွဲ၊ စာ ၁၆၆)

၂၈။ ဗဒုမင်းလက်ထက်တွင် ကုလားပြည်သို့သွား၍ ကျောက်ဆင်းတု (၂)ဆူ သက္ကတကျမ်း၊ ဟိန္ဒူကျမ်းနှင့်

ပသီကျမ်းများ စုဆောင်းရေးအတွက် စေလွှတ်ရာတွင် ဆရာကြီးဦးနုကို ခေါင်းဆောင်အဖြစ်နှင့်

တာဝန်ပေးအပ်ခဲ့သည်။ (ပါမောက္ခ ဒေါက်တာအောင်ဇော်ရေး၊ တိုင်းရင်းသားမွတ်စလင်မ်စာပြုစာဆို

ပုဂ္ဂိုလ်ကျော်များ၊ စာ – ၁၂)

၂၉။ ဦးနုသည်ကျမ်းဂန်စုဆောင်းရေးတာဝန်အဖြစ် နိုင်ငံရေးတာဝန်ကိုပါ ထမ်းဆောင်ရသည်။ ဗာရာဏသီ၊

ကာသိ၊ ပဉ္စာလ၊ လက္ခနောင် နေပံစသော မင်းများနှင့်ဆက်သွယ်ပြီး မြန်မာမင်းများနှင့် ပူးပေါင်း၍

အင်္ဂလိပ်ကို နှင်ထုတ်ရန် အကြံပြုကြသည်။ (ပုဂံဝန်ထောက်မင်း ဦးတင်၊ မြန်မာအုပ်ချုပ်ပုံစာတမ်း၊

တတိယတွဲ၊ စာ – ၆၂)

၃၀။ ဘိုးတော်ဦးဝိုင်းခေတ်မှာ စာဆိုတော်ကြီး မုဟမ္မဒ်ကာစင် (ခ) ဆရာကြီးဦးနုက အစ္စလာမ်သာသနာရေးရာ

တို့ကို ‘သံတော်ဦးတင်လွှာ’အဖြစ်ရေးပြီး ဘိုးတော်ကြီးဦးဝိုင်းသို့ ဆက်သငွ်းခ့သဲ ည်။ ဘုရင်က လက်ခံ

ကြားနာခဲ့ပါသည်။ ၁၁၇၉-ခု (၁၈၁၈ အေဒီ)တွင် ရေးသား၍ ဆဒ္ဒန်မင်းသခင်ဘ၀ရှင်မင်းတရားကြီး

စစ်ကိုင်း တောင်ရိုး ဧရာဝတီမြစ်ဆိပ် (ကြက် ထောင့်)အရပ်တွင် စံတော်မူစဉ် တင်သွင်းသည်။ (ခေါင်းမင်း

သိဒ္ဓိရာ ဆရာဦးရစ်ကြီး၏ လက်ရေးမူအရ ၁၉၆၀-ခုနှစ် မတ်လတွင် အစ္စလာမ်သာသနာရေးရာ ကောင်စီ

ဌာနချုပ်မှ ၃၀၀၀ ဖြန့်ချီသည်။)

13

၃၁။ ‘ဦးနုဟာ ခုလို ဗမာစာပေထဲ အစ္စလာမ်ဘာသာအယူဝါဒကို သွတ်သွင်းလာနိုင်တဲ့အကြောင်းကတော့

ဗဒုံမင်းအနေနဲ့ ဗမာနိုင်ငံအတွင်းမှာ နေထိုင်ကြသူအားလုံးကို လွတ်လွတ်လပ်လပ်ပဲ ကြိုက်ရာအယူဝါဒကို

ကိုးကွယ်ယု့ကြည်ခွင့်ပြုခဲ့လို့ပါပဲ။ ခွင့်ပြုရုံမက အားလဲအားပေးခဲ့ပါသေးတယ်။ ဥပမာပြောရရင် –

(၁) ၁၁၄၉-ခု၊ တန်ခူးလဆန်း ၁-ရက်၊ (၇ မတ် ၁၇၈၇) ဗုဒ္ဓသာသနာလွှဲအပ်တဲ့ အမိန့်တော်

(၂) ၁၁၆၇-ခု၊ တန်ခူးလဆန်း ၆-ရက်၊ (၂၄ မတ် ၁၈၀၆) ဟိန္ဒူသာသနာလအွှဲ ပ်တ့ဲ အမိန့်တော်

(၃) ၁၁၆၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက် (၁၇ နိုဝင်ဘာ ၁၈၀၇) ပသီ(မွတ်စလင်မ်)

ဘာသာ လွှဲအပ်တဲ့ အမိန့်တော်’ တွေ ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဘာသာနဲ့တန်းတူ အခွင့်အရေးပေးခဲ့

တယ်။ ဒါတင်မကသေးဘူး။ အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ တရားအမှုအခင်း

တွေကိုလည် မွတ်စလင်မ်ထုံးစံအရသာ စစ်ဆေးစေခဲ့တယ်။ မွတ်စလင်မ် အမျိုးသမီးတစ်ဦးကို လက်ထပ်

လိုသူကိုလည်း မွတ်စလင်မ်ထုံးစံအရ လိုက်နာစေခဲ့ပါတယ်။ အဲလောက်ထိ ဘာသာလွတ်လပ်ခွင့်

ပေးခဲ့ပါတယ်။” (မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒု) ဦးတင်၊ အစိုးရပုံနှိပ်တိုက်၊ ၁၉၆၅၊ စာ-၂၇၅၊ ၂၇၆)

(ရေစကြိုခုံတော်ဖြတ်ထုံး၊ ရန္တမိတ်ကျော်ထင်၊ ဟံသာဝတီတိုက် ဒုတိယအကြိမ်၊ ၁၉၆၄၊ စာ ၂၁၊ ၂၃၊ ၃၀၊

၃၁) (စာပေအင်အားစာအုပ်(အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း) ၁၉၇၀၊ ဒုတိယအကြိမ်၊ ပုံနှိပ်သူ

ဦးလှ၊ စာ – ၃၄၉)

၃၂။ ဗဒုံမင်းလက်ထက်၌ အာဗစ်ရှားဟူစိုင်နီသခင်ကြီးသို့ ၁၁၁၆-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်၊

(၁၈၀၇-ခု၊ နိုဝင်ဘာလ ၁၇-ရက်)နေ့ ပသီ(အစ္စလာမ်ဘာသာ)လွှဲအပ်သည့် အမိန့်တော်ကို အောက်ပါအတိုင်း

ထုတ်ပြန်ခဲ့သည်။ ‘အာဗစ်ရှာဟိုစိုင်နီတပည့် ငရွှေလူး ၊ ငရွှေအေးတို့က နိုင်ငံတော်အတွင်း အရပ်ရပ်မြို့ရွာများမှာ

ရှိနေသည့် ပသီကုလားတို့ကို ဘာသာကျမ်းရှိအတိုင်း အာဗစ်ရှာဟိုစိုင်နီပြသရာနာခံကြစေ (အမိန့်တော်ထုတ်ပြန်

ချက်) ထို့နောက် အမိန့်တော်ထုတ်ပြန်သည်မှာ ရခိုင် ၄-မြို့၊ ပုသိမ် ၄-မြို့၊ ဟံသာဝတီ ၃၂-မြို့၊ ရေး၊ မြိတ်၊

ထားဝယ်၊ တနင်္သာရီ၊ အာသံ၊ မဏိပူရ၊ ယိုးဒယား၊ ကင်းမင်၊ ရှမ်းပြည်နိုင်ငံတော်အတွင်းရှိ ကုလားများအပေါ်

ယနေ့မှစ၍ ဆရာတော်ဘုရားဟုခေါ်စေ၊ အာဗစ်ရှားဟ်ဟုခေါ်လျှင် လျှာကိုဖြစ်စေ၊ ကျောက်စီတောင်ဝှေးနှင့်

ကျောက်စီခြေနင်းစီးနင်းစေ၊ ဆရာတော်ဘုရားအလိုရှိ၍ ဆင့်ခေါ်လျှင် နန်တော်တိုင်ကို ဖက်ငြားသော်လည်း

ခွာယူစေ၊ နိုင်ငံတော်အရပ်ရပ် မြို့ရွာများမှာရှိနေသည့် ပသီကုလားတို့ကို ဘာသာကျမ်းရှိသည်အတိုင်း (အာဗစ်ရှာ

ဟို့သိန္ဒီ)ပြသရာ နာခံကြစေ (အမိန့်တော်) ၁၁၆၉-ခု တန်ဆေင်မုန်းလပြည့်ကျော် (၃)ရက်၊ ၁၈၀၇-ခု၊ နိုဝင်ဘာလ

(၁၇)ရက်နေ့မှာ နာခံတော်ဘယကျော်ထင်တွင်ပြန်သည်။ (ယဉ်ကျေးမှုဌာန၊ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနမှ

ထုတ်ဝေသည့် မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ အတွဲ-၄၊ ဦးတင်၊ စာ – ၂၇၆ နှင့် ဘိုးတော်ဘုရား၏ ရာဇသတ်

ခေါ်သော အမိန့်တော်ကြီး၊ အတွဲ-၄၊ စာ-၂၇၆)

၃၃။ ငမြတ်ထွေးသမိး မိရမ္ဘီ (မရ်ရမ်ဘီ)နှင့် ငဦးတို့ သူငယ်ချင်းရည်ငံ၍ အိမ်အောက်တွင် ငဦးကိုဖမ်းမိရာ

စစ်မေးလျှင် လူဆိုးသူခိုးမဟုတ်ကြောင်းအစစ်ခံ၍ ထောင်မှလွတ်သည်၊ မိရမ္ဘီနှင့် ငဦးချစ်ကြိုက်ကြောင်းကိုလည်း

နှစ်ဦးအဆိုတွင် ဖြောင့်ညီကြသည်။ မိရမ္ဘီအဖ ငမြတ်ထွေးက အမျိုးဇာတ်ဘ၀မတူ ကွဲပြားသူကိုမပေး

မထိမ်းမြားလို၊ ကြိုက်သည်မှန်လျှင် ဇာတ်အစကိုဝင်၍ သင်နေ၀ံ့မှ ပေးစားလိုသည်အဆိုရှိ၍ ငဦးကိုစစ်ပြန်လျှင်

ကာလအဓွန့်ရှည်စွာ ကြိုက်ချစ်၍ရှိသည်။ မိရမ္ဘီနှင့် မကွဲမကွာလိုပါဟုဆို၍ ကုလားတို့ဘ၀ထုံးစံကိုစစ်လျှင်

ငမြတ်ထွေးသမီးနှင့် ထိမ်းမြားရမည်မှာ မင်းဘူးအရပ်တငွ် မင်္ဂလ၊ အမဂင်္လ ကို ကျွမ်းသိသူကုလားဆရာမရှိ၊

14

ရွှေဖ၀ါးတော်အောက်မှသာရှိသည်။ ကုလားဆရာရှိရာ ငဦးကိုခေါ်သွားပြီးလျှင် ကုလားတို့ထုံးစံရှိရာ နာခံ၍ပြီးမှ

ပေးစားခြင်းပြုစေ (အိမ်ထောင်မှုတရားဖြတ်ထုံး၊ ရေစကြို ခုံတော်ဖြတ်ထုံး – ၃၀)

၃၄။ ဗဒုံမင်းသည် ပြည်သူပြည်သားအများစု ကိုးကွယ်ဆည်းကပ်ရာဖြစ်သော ဗုဒ္ဓသာသနာကို (စင်ကြယ်

သန့်ရှင်းအောင်) ဆောင်ရွက်သကဲ့သို့ လူနည်းစုများအတွက် သက်ဆိုင်ရာ သာသနာရေးရာကိစ္စများတွင်

လျစ်လျူမရှုပဲ သာသနာရေးဦးစီးခေါင်းဆောင်တို့အား တာဝန်လွှဲပေးလျက် မိမိတို့သာသနာဝင်များအတွက်

အကွဲအပြားမရှိစေရန် စီံဆောင်ရွက်စေသည်။ ထို့ပြင် ထိုသာသနာရေးအကြီးအကဲတို့၏ ဆုံးမသြ၀ါဒပေးသည့်

အတိုင်း လိုက်နာကျင့်သုံးကြစေရန် အမိန့်ထုတ်ပြန်ပေးသည်။ ၁၁၄၉-ခုနှစ်ထုတ် အမိန့်တွင် ဗုဒ္ဓဘာသာကို

လိုက်နာသော သံဃာမှုများမှာ သံဃာအမှူးအကြီးတို့က ဟိန္ဒူဘာသာလိုက်နာသော ဟိန္ဒူအကြီးအမှူးတို့က ပသီ

သာသနာကို လိုက်နာသော အယူဝါဒအမှုများမှာ ပသီအကြီးအမှူးတို့က ဆုံးဖြတ်စီရင်စေရန် လွှဲပေးခဲ့သည်။

(ဗဒုံမင်းခေါ် ဘိုးတော်ဘုရားလက်ထက်တော်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်”ဟူသော ခေါင်းစဉ်ဖြင့် လုပ်သား

ပြည်သူ့နေ့စဉ် (၆-၁၂-၁၉၆၈)သောကြာနေ့ထုတ် သတင်းစာ၊ စာ-၆)

၃၅။ အမရပူရ မြန်မာ အမြောက်တပ်တွင် စစ်သည်တော် အမှုထမ်း ၅၀၀-ရှိသည်။ ၎င်းတို့အနက်

ရှစ်ယောက်မှာ အမရပူရမြို့တွင် နေထိုင်ကြသည့် ကုလားစစ်ပါရီများဖြစ်သည်။ ကျန်သူများမှာ ကသည်းနှင့် ပသီ

ကုလားများဖြစ်သည်။ (၎င်းတို့သည် ဗုံးအိုးကျေးရွာတွင်နေထိုင်သူများလည်းပါသည်။)ကသည်းများနှင့် မွတ်စလင်မ်

စစ်မှုထမ်းများသည် တစ်လျှင် ရိက္ခာဆန် နှစ်တင်းသာရသည်။ မြန်မာများမှာ လယ်မြေများကို အခမဲ့ ထွက်ယက်

စားသောက်ခွင့်ရသည်။ ပသီကုလားများကိုမူ အခွန်တော်အမျိုးမျိုးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ စစ်မှုထမ်းစေ

ပါသည်။ (ကပ္ပတိန်အာသာယူးလ်၏ အိန္ဒိယဘုရင်ခံချုပ်ထံ မြန်မာပြည် အခြေအနေအရပ်ရပ်နှင့်ပတ်သက်သော

အစီရင်ခံစာ)

၃၆။ အမရပူရခေတ်၌ နေပြည်တော်တွင်ပင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် အိမ်ထောင်စု မိသားစု (၉၀၀၀)

ကိုးထောင်ခန့်ရှိ၍ ဗလီပေါင်း(၄၀)ခန့်ရှိသည်။ (Captain Henry Yule ရေး တက္ကသိုလ်နေ၀င်း ဘာသာပြန်၊ အင်းဝ

ရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း)

၃၇။ ဘိုးတော်မင်းတရားကြီး အင်းဝမှ အမရပူရသို့ ပြောင်းရွေှ့ခဲ့ရာ ဘုရင့်အမှုထမ်းများအတွက် အတည်တကျ

နေထိုင်ရန် ဗုံးအိုး၊ ဆကျင်ဝ၊ ကြည့်မြင်တိုင်၊ ကိုယ်ရံတော်၊ အုပ်ချုပ်ရပ်နှင့် အစ္စလာမ်ဘာသာဝင်များအတွက်

သီးသီးသန့်သန့် ရပ်ကွက်များ သတ်မှတ်ပေးခဲ့သည်။ ရပ်ကွက်တိုင်းတွင် ဗလီများဆောက်လုပ်ရန် မြေနေရာများ

သတ်မှတ်ပေးခဲ့သည်။ တောင်သမန်ရွာအုပ်ကြီး ဦးပိန်၏ ထင်ပေါ်ကျော်စောသော အလှူသည်ကား အမရပူရ

တောင်သမန်အင်းကြီးကို ဖြတ်ကူးရန် တံတားကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခ့သဲ ည်။ (ရတနာသိခ င်္ မဟာရာဇ၀င်

၃၆၈)

၃၈။ ရှေးမြန်မာဧကရာဇ်တို့လက်ထက်အခါက ဒေါနပန်းတော် (၁၇)ဦးကို တစ်လလျှင် စပါးတင်းရေ

(၁၉၀)ပေး၍ ခန့်ထားကြောင်း နှစ်စဉ် တန်ဆောင်မုန်း နတ်တော်ပြာသို တပို့တွဲလများတွင် (ဒေါနခြံရပ်) (မန္တလေး

တောင်ပြင်အမရပူရကားလမ်း အနောက်ဘက်၌ ဒေါနပန်းတော်များကို စိုက်ပျိုး၍ ဥယျာဉ်အုပ်က တဆင့်ဆက်သ

15

ရကြောင်းကို ၀န်ထောက်မင်းဦးမောင်မောင်တင်၏ ရွှေနန်းသုံးဝေါဟာရ အဘိဓါန်တွင် ပြဆိုလျက်ရှိသည်။ ဒေါန

ပန်းတော်များကိုစိုက်ပျိုးသော အမှုထမ်းများမှာ အားလုံး ပသီကုလားများဖြစ်ကြလေသည်။ (ဆရာမင်းသုဝဏ်၏

မြန်မာစာ မြန်မာမှုကျမ်း၊ စာ – ၃၂၆)

၃၉။ ၁၈-ရာစုနှစ်များအတွင်း အိန္ဒိယမှ ရခိုင်ပြည်နယ်သို့ဝင်ရောက်လာကြသူများတွင် များစွာသော မွတ်စလင်မ်

များ ပါဝင်ခဲ့သည်။ (အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပသော အာရှသမိုင်းဆိုင်ရာ ကွန်ဂရက်တွင် ဗိုလ်မှူးဘရှင်

တင်သွင်းသော Coming of Islam to Burma Down စာတမ်း၊ စာ-၆)

၄၀။ ကုန်းဘောင်ခေတ်ဘုရင် မင်းတုန်းမင်းတရားကြီးလက်ထက်တော်တွင် မန္တလေးမြို့တော်သစ်တည်ရာတွင်

အစ္စလာမ်ဘာသာဝင်များအတွက် ရပ်ကွက်ကြီးများ သီးသန့်သတ်မှတ်ပေးခဲ့ပါသည်။ စကြာနွယ်စဉ်ရပ်ကွက်

(၈)ကွက်၊ ကိုယ်ရံတော်ရပ်ကွက်၊ အပ်ချုပ်ရပ်ကွက်၊ တောင်ပလူရပ်ကွက်၊ ဂျွန်းတန်းရပ်ကွက်၊ စစ်ကိုင်းတန်း

ရပ်ကွက်၊ ကုန်းရိုးရပ်ကွက်၊ ၀လီခန်ရပ်ကွက်၊ ကင်းတားကုလားပျိုရပ်ကွက်ဟူ၍ ရပ်ကွက်ပေါင်း (၁၆)ကွက်

သတ်မှတ်ပေးခဲ့ပြီး ရပ်ကွက်တိုင်းတွင် ဗလီဆောက်လုပ်ရန်မြေနေရာများ သတ်မှတ်ပေးခဲ့ပါသည်။ ထိုစဉ်က

အဆက်အနွယ်များ ယနေ့တိုင် အခြေတကျနေထိုင်လျက် ရှိကြပါသည်။ (ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ မြန်မာ

မင်းလက်ထက်တော်စာတမ်း၊ စာ-၇၂)

၄၁။ မင်းတုန်းမင်းတရားကြီး၏ သံဝစ္စရ အလှူတော်စာရင်း၌ မက္ကဟ်မြို့ရှိ ပသီလူမျိုးတို့ ကိုးကွယ်သည့်

ပသီကျောင်းကြီးအနီး စတုဒီသာတည်းခိုရန် အုတ်ဇရပ်တော်ကြိးဆောက်လုပ်လှူဒါန်းတော်မူသည်။ (ကုန်းဘောင်

ဆက် မဟာရာဇ၀င်တော်ကြီး၊ တတိယအုပ်၊ စာ – ၄၄)

၄၂။ ဘုရင့်ကိုယ်ရံတော်တပ်က အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုနိုင်ရန် နန်းတွင်းမြို့ရိုးအတွင်း အရှေ့တောင်

ထောင့်မှာ ဗလီတစ်လုံးဆောက်လုပ်ပြီး မင်းတရားကြီးကိုယ်တိုင် ရွှေပန္နတ်ရိုက်ပေးခ့လဲို့ ‘ရွှေပန္နတ်ဗလ’ီဆိုပြီး

အမည်တွင်ခဲ့တယ်။ (ပသီဦးကိုကိုလေးရေး၊ မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ၊ စာ – ၃၅)

၄၃။ ၀န်ကြီးသတိုး မဟာဗန္ဓုလသည် ကုလားတို့၏ ဗုံးအမြောက်တို့ကို လက်နက်မမှတ်၊ ရွှေထီးဖြန့်လျက်

တပ်ထိပ်သို့လှည့်ကာပတ်ကာမပြတ်သွားလာ၏။ တင်ပြင်သို့လည်း မြင်းနှင့် မြင်းစီးသူရဲတို့ကို လှံရှည်အဲမောင်း

တို့ကိုစွဲကိုင်လျက် တပ်ဗိုလ်နေမျိုးဂုဏ်နရတ်နှင့် မြင်းစီးရေ(၇၀)ကျော်တို့ မြင်းရေးကစားစေသည်။

(ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး၊ ဒု-တွဲ၊ စာ-၃၉၂) (နေမျိုးဂုဏ်နရတ်မှာ ခန်ဆပ်ဗိုလ်ဆိုသူဖြစ်ပြီး

မင်းတုန်းမင်းနှင့် သီပေါင်မင်းနှစ်ဆက် နာမည်ကျော် မြင်းတပ်ဗိုလ်ဝလီခန်၏ဖခင်ဖြစ်သည်။) ကုန်းဘောင်ဆက်

ဘကြီးတော်မင်း (၁၈၁၉ – ၁၈၃၇) ခေတ် စစ်သူကြီးမဟာဗန္ဓုလဦးဆောင်သော ရမူး-ပန်းဝါတိုက်ပွဲမှာ ခန်ဆပ်ဗိုလ်

(၀လီခန်၏ဖခင်)ဦးဆောင်သောမြင်းတပ်ပါဝင်ခဲ့သည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်၊ ဒုတိယတွဲ၊ စာမျက်နှာ

၃၇၇)

၄၄။ မင်းတုန်းမင်းတရားကြီး ဘုရင်ဖြစ်လာခဲ့ပြီးနောက် ညီတော် ကနောင်မင်းသားကြီးနှင့်တိုင်ပင်၍

စပါးကြိတ်စက်၊ စာပုံနှိပ်စက်၊ ရက္ကန်းစက်၊ လွှဝိုင်းစက်၊ ပဲနက်လုပ်စက်များကို အနောက်နိုင်ငံနှင့် ကာလကတ္တားမြို့

16

များမှဝယ်ယူပြီး စက်မှုနိုင်ငံထူထောင်ရာတွင် အစ္စလာမ်ဘာသာဝင် အလုပ်သမားများပါဝင်၍ မာလာမွန်(ခ)ဦးပွင့်

(အစ္စလာမ်ဘာသာဝင်)သည် အတတ်ပညာသင်သွားရပြီး ပညာသင်ပြန်လာသောအခါ ယမ်းချက်ဝန်အဖြစ်

တာဝန် ပေးအပ်ခံခဲ့ရသည်။ ယင်းစက်မှုလုပ်ငန်းများတွင်သာမက ပသီများဖြစ်ကြသော ကုလားပျိုကင်းတား

အမှုထမ်းတို့သည် (၁) ရန်ပြိုအမြောက် (၂) ရန်ပုံခွင်းအမြောက် (၃) ရန်ကင်းအမြောက် (၄) ရန်လင်းကြီး

အမြောက် (၅) လက်မနှိပ်အမြောက်စသော အမြောက်စုအမှုတော်ထမ်းတို့၌တစ်သင်းတွင် လူ(၁၀၀၀)ခန့်

အမှုတော်ထမ်းရွက်ကြသည်။ ကုလားအမှုထမ်းတို့မှာကား ကုလားပျို ကင်းတားအမြောက်စစ်သည်တို့အဖြစ် မိမိတို့

တတ်စွမ်းရာက အမှုထမ်းရွက်စေခ့ပဲါသည်။ (ဦးမောင်မောင်တင(် မဟာဝိဇ္ဇာ)၊ ပုဂံစာအုပ်တိုက်ထုတ်၊

မြန်မာမင်းလက်ထက်တော်စာတမ်းများစာအုပ်၊ စာ ၆၆၊ ၇၁၊ ၇၂)

၄၅။ ၁၈၈၅-ခု အထက်မြန်မာနိုင်ငံကိုသိမ်းရန် သရက်မြို့မှ အင်္ဂလိပ်တပ်များ ချီတက်လာသောအခါ

သီပေါဘုရင်က စစ်ကြောင်းသုံးကြောင်း (၁) တောင်ငူစစ်ကြောင်း (၂) အောက်မြစ်စစ်ကြောင်း၊ (၃) ဧရာဝတီ

စစ်ကြောင်းနှင့် ခုခံရန် အမိန့်တော်ထုတ်ပြန်ခဲ့ရာ အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး မဟာမင်းထင်ရာဇာ

(ငယ်မည် – ဦးချုံ၊ အစ္စလာမ်ဘာသာဝင်)က တောင်ငူစစ်ကြောင်းကို ဦးဆောင်စေခဲ့သည်။ (ကုန်းဘောင်ဆက်

မဟာရာဇ၀င်တော်ကြိး တတိယတွဲ စာ-၇၀၀)

၄၆။ ၁၈၈၅-ခု၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီး ခေတ်ဦးနယ်ချဲ့ဆန့်ကျင်တော်လှန်ရေး

ကာလမှာ (ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်တို့နှင့်ခေတ်တူ) ပခုက္ကူ၊ မိတ္ထီလာ၊ ကျောက်ဆည်နယ်

တစ်ဝိုက်မှာ သူပုန်အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဗိုလ်ရာကွတ်ကို အင်္ဂလိပ်က ဖမ်းမိသည့်အခါ သစ္စာခံလျှင်

ရာထူးပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းကိုလက်မခံဘဲ ဘုရင်ချီးမြှင့်ထားသော ကတ္တီပါအင်္ကျီစိမ်းကိုဝတ်ပြီး ကြိုးစင်

တက်ခဲ့သည်။ (ဆင်ဖြူကျွန်းအောင်သိန်းရေး ‘နယ်ချဲ့ခေတ်ဦးတော်လှန်ရေးသမားကြီးများ’စာအုပ်)

၄၇။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)တို့တွင် သိရှိရ

သလောက် စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ရဲဘော်မောင်မောင် (ဗိုလ်မောင်မောင်)သည် ဒုတိယပတ်ဗိုလ်သင်တန်းဆင်းပြီး ဘီဒီအေ တပ်ရင်း(၆)တွင်

တာဝန်ကျ၍ အဓိပတိတပ် ကိုယ်ရံတော်တပ်တွင် ကင်းဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၂) ရဲဘော်ဘလှ(ကန့်ဘလူ)သည် တတိယပတ်ဗိုလ်သင်တန်းဆင်း၍ တိုင်း(၇)၌ ဂျပန်တော်လှန်ရေး တွင်

ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး တပ်မတော်မှ အနားယူခဲ့သည်။

(၃) ကိုဝင်းမောင်(ကသာ)သည် တတိယပတ်ဗိုလ်သင်တန်းဆင်း၍ အမေရိကန်တပ်ဦးနှင့်

ဆက်သွယ်ရေးတာဝန်ပေးအပ်ခံခဲ့၇သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တပ်မတော်မှ အနားယူခဲ့သည်။

(၄) ဗိုလ်အောင်ဇေယျ (ကိုတင်ကြီး)သည် ဘီဒီအေတွင်ပါဝင်ခဲ့၍ ဂျပန်တော်လှန်ရေးတွင်ပါဝင်ခဲ့ပြီး ဂျပန်များ

ဖမ်းမိ၍ သတ်ပစ်ခံခဲ့ရသည်။

(၅) ဗိုလ်ဘရှင် (သမိုင်းကော်မရှင် ဗိုလ်မှူးဘရှင်)သည် ဂျပန်ခေတ်တွင် အာရှလူငယ်အဖွဲ့ချုပ်၏ ဥာဏဗလ

တာဝန်ယူခဲ့သည်။ ဘီဒီအေသို့ဝင်ရောက်၍ ဂျပန်တော်လှန်ရေးတွင် တိုင်း(၄)တွင် တာန်ယူခဲ့သည်။

(၆) ဗိုလ်တင်မောင်(ပျဉ်းမနား)သည် ဘီဒီအေတွင် ဗိုလ်အဆင့်တာဝန်ထမ်းဆောင်သည်။ ဂျပန်တော်လှန်ရေး

တွင်ပါဝင်ခဲ့ပြီး ဗမာ့တပ်မတော်တွင်ဆက်လက်တာဝန်ထမ်းဆောင်သည်။

17

(၇) ရဲဘော်ဦးသည် ဘီဒီအေတွင်ပါဝင်ခဲ့၍ အထက်ဗမာပြည်ဗိုလ်မှူးဗထူး၏ ဗိုလ်အာဠာဝကတပ်တွင်

တာဝန်ယူ၍ ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

(၈) ရဲဘော်လှမြင့်(ပေါင်းတည်)သည် ဘီဒီအေတွင်ဝင်ရောက်ခဲ့ပြီး ဂျပန်တော်လှန်ရေး မြစ်ဝကျွန်းပေါ်တိုင်း၌

ပါဝင်ထမ်းဆောင်၍ တပ်မတော်၌ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

(၉) ရဲဘော်ဘူရှန်(လယ်ဝေး)သည် ဘီဒီအေတွင် ပါဝင်ခဲ့ပြီး ဂျပန်တော်လှန်ရေး တိုင်း(၆)၌ တာဝန်ကျခဲ့သည်။

(၁၀) ဗိုလ်ကျော်မြ(လယ်ဝေး)သည် ဘီဒီအေတွင်ပါဝင်ခဲ့ပြီး ဂျပန်တော်လှန်ရေးတွင် တိုင်း(၄)၌ တာဝန်ထမ်း

ဆောင်ခဲ့သည်။

(၁၁) ရဲဘော်လှအောင်(အင်းစိန်)သည် ဘီဒီအေတွင်ပါဝင်ခဲ့ပြီး ဂျပန်တော်လှန်ရေးတိုင်း (၄)၌ ပါဝင်ခဲ့သည်။

(ပသီဦးကိုကိုလေးပြုစုသော ‘မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ’စာအုပ်၊ စာ ၁၂၆ – ၁၂၇)

၄၈။ ၁၉၀၆-ခုနှစ်တွင် ‘ဗုဒ္ဓကလျာနယုဝအသင်း’(၀ိုင်အမ်ဘီအေ)ကဲ့သို့ ၁၉၀၉-ခုနှစ်မှာ ‘ဘားမားမွတ်စလင်မ်

ဆိုဆိုက်တီ’က ဆောင်ရွက်ခဲ့သည်။ (ပသီဦးကိုကိုလေးရေး၊ မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ၊ စာ – ၃၈)

၄၉။ ကျောင်းသားခေါင်းဆောင်များသည် တန်ဆောင်မုန်းလပြည့်ကျော် (၈)၇က်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင်

ရွှေတိဂုံစေတီရင်ပြင်တော်စနေထောင့်၌ စည်းဝေးတိုင်ပင်လျက် သစ္စာဆို လက်မှတ်ရေးထိုးပြီး သပိတ်မှောက်ရန်

ဆုံးဖြတ်ချက် ချကြသည်။ ထိုကျောင်းသားခေါင်းဆောင် (၁၁)ဦးအား (၁) ဦးဘဦး (၂) ကိုဘိုးဘကွန်း (၃) သံတွဲ

ကိုဘရှင် (၄) တောင်ငူကိုသာညွန့် (၅) ကိုလှတင် (၆) ကိုအေး (၇) ကိုညီပိုက် (၈) ကိုအောင်ဒင် (၉) ကိုဖေသိန်း

(၁၀) ကိုဘရှင် (၁၁) ကိုထွန်းဝင်းတို့ဖြစ်ကြသည်။ (၁၉၂၀-ပြည့်နှစ် တက္ကသိုလ်ကျောင်းသားများ သပိတ်

ဦးဆောင် ခဲ့သူ(၁၁)ဦးတါင် ဦးဘရှင်-သံတွဲ သည် အစ္စလာမ်ဘာသာဝင်ဖြစ်သည်။) (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်

ပါတီထုတ် ‘မြန်မာ့နိုင်ငံရေးအခြေပြသမိုင်း၊ စာ-၂၀၀) (အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင်ဆောင်းပါးများ၊ ဒု-

ကြိမ်၊ စာ – ၂၀၁)

၅၀။ ဤဆုံးဖြတ်ချက်အရ ဘီအေတန်းမှ ကိုဘဦး၊ ကိုလူဖေ၀င်း၊ မစ္စတာရာဇတ်တို့အပါအ၀င်

ကျောင်းသား(၈၀)ဘီဘက်စီအထက်တန်းမှ ကိုဘိုးကွန်းအပါအ၀င် (၃၀)၊ ဘီအေ အောက်တန်းမှ (၂၈)၊

ဘီအက်စီအောက်တန်းမှ (၁၃)၊ အိုင်အေအထက်တန်းမှ (၇၈)၊ ဘီအက်စီအထက်တန်းမှ (၇၈)၊ ဘီအက်စီ

အထက်တန်းမှ(၈၆)၊ အိုင်အေကောက်တန်းမှ (၃၇)၊ အိုင်အက်စီအောက်တန်းမှ (၁၀၀)ကျော်တို့သည် အာဏာပိုင်

တို့အနေဖြင့် မိမိတို့ လိုလားချက်များကို လိုက်လျောသည်ဖြစ်စေ။ မလိုက်လျောသည်ဖြစ်စေ မည်သည့်နည်းနှင့်မျှ

သပိတ်မလှန် (Unconditional Boycott) တော့ရန်ဆုံးဖြတ်လိုက်ကြသည်။ နောက်ဆုံးတွင် တင်းလွန်းတော့

ပြတ်ခဲ့ကြပေသည်။ (အိုးဝေ၏ ရွှေရတုသခင် လက်ရွေးစင်ဆောင်းပါးများ၊ ဒုကြိမ်၊ စာ-၂၀၂)

၅၁။ ၁၉၃၀-ပြည့်နှစ် ဆရာစံတောင်သူလယ်သမား ပုန်ကန်မှုတွင်ပါဝင်ခဲ့သည့် ဆရာစံ သူပုန်ဌာနချုပ်

အလံတောင်အနီးရှိ ၀ံကိုက်ရွာ (ဥက္ကံမြို့မြောက်ဖက် သူပုန်ဌာနချုပ်၏ အနောက်ဖက်)မှ ‘ဦဒူဒူး’ဆိုသူသည်

အစ္စလာမ်ဘာသာဝင်ဖြစ်သည်။ ၎င်းရွာတွင် အိမ်ခြေ(၁၈၀)ရှိပြီး၊ ဗလီနှစ်လုံးရှိသည်။ (ကြိုးကျကျွန်းပြန် ဦးဘိုးဖြူ

ပြုစုသော ဗြိတိသျှအစိုးရအား ကျွန်ုပ်တို့ တော်လှန်ခဲ့စဉ်က စာအုပ်၊ စာ ၄၁၊ ၄၆-၄၇)

18

၅၂။ ကိုယ်စားလှယ်လူကြီးများက မြန်မာမွတ်စလင်မ်လူမျိုးများသည် ဇေရ်ဘာဒီဟုခေါ်ဝေါ်ခြင်းကို အမြဲပင်

မနှစ်သက်ခဲ့ကြကြောင်း၊ ၎င်းတို့မှာ မြန်မာပြည်တွင် ဆင်းသက်ပေါက်ပွားလာခဲ့၍ မြန်မာလူမျိုးများနှင့်အတူ

ဖြစ်လိုသောဆန္ဒအမြဲရှိခဲ့ကြသဖြင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ၎င်းတို့အား မြန်မာမွတ်စလင်မ်လူမျိုးဟု

ခေါ်ဝေါ်စေလိုကြောင်းပြောပြကြ၍ ဦးစော နန်းရင်းဝန်ဖြစ်စဉ်က ‘မြန်မာမွတ်စလင်မ်’ဟု ခေါ်ဝေါ်သုံးစွဲရန် ပြန်တမ်း

တစ်စောင် တရားဝင်ကြေညာခဲ့သည်။ (ပသီဦးကိုကိုလေးရေး၊ မြန်မာနိုင်ငံနှင့် အစ္စလာမ်ဘာသာစာအုပ်၊ စာ-၁၅၈)

၅၃။ ၁၉၄၁-ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့စွဲဖြင့် နောင်အခါတွင် မြန်မာနိုင်ငံဆိုင်ရာ ဘုရင်ခံမင်းကြီး

ဆာဒေါ်မန်စမစ်က ‘ဇေတဘာဒီ’ဟူသည် စကားရပ်အစား ‘ဗမာမွတ်စလင်မ်’ဟု ခေါ်ဝေါ်သုံးစွဲရန် ပြန်တမ်း

တစ်စောင် တရားဝင်ကြေညာခဲ့သည်။ (ပသီဦးကိုကိုလေးရေ၊ မြန်မာနိုင်ငံနှင့် အစ္စလာမ်ဘာသာစာအုပ်၊ စာ-၁၅၈)

၅၄။ ၁၉၄၁-ခုနှစ် မေလ(၃)၇က်နေ့တွင် ရမည်းသင်းခရိုင် ယင်းတော်ရွာကြီး၌ တတိယအကြိမ် နိုးကြားရေး

ညီလာခံကြီးကိုကျင်းပခဲ့ရာ ထိုညီလာခံကြီးတွင် ဆရာကြီးဦးရာဇတ်ဦးဆောင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်

တင်မြှောက်ကြသည်။ ထိုညီလာခံတွင် ဆရာကြီးက သဘာပတိမိန့်ခွန်းပြောကြားရာတွင် အောက်ပါအတိုင်း

ပြောကြားခဲ့သည်။

“ဆရာကြီးဦးရာဇတ်၏မိန့်ခွန်းတွင် ဗမာမွတ်စလင်မ်တို့သည် စစ်သားမျိုးဖြစ်ကြောင်း၊ မန္တလေးရှိ ဗမာမွတ်စလင်မ်

များ နေထိုင်ရာရပ်ကွက်ကြီးများ၏ အမည်များကို ထောက်ပြသွားကြောင်း၊ ဗမာဘုရင်လက်ထက်က

ဗမာမွတ်စလင်မ် အမြောက်တပ်သားများနေထိုင်ခဲ့ရာကို ဂျွန်းတန်းဟူ၍လည်းကောင်း၊ ကင်းတားကုလားပျိုစစ်သား

များနေထိုင်ခဲ့ရာရပ်ကွက်ကို ကုလားပျိုတန်းဟူ၍ လည်းကောင်း၊ ဗုံးတပ်သားများနေထိုင်ရာအရပ်ကို ဗုံးအိုးဟူ၍

လည်းကောင်း စသည်ဖြင့်ခေါ်တွင်ခဲ့ရာ ယခုထက်တိုင် အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားများ နေထိုင်လျက်

ရှိကြောင်း ထောက်ပြသွားခဲ့လေသည်။ (ဆရာချယ်(ခ)ဦးဘိုးချယ်ရေး ‘ကျွန်ုပ်အကြောင်းမှ သိကောင်းစရာများ၊ စာ

၁၈၄-၁၈၅)

၅၅။ ၁၉၄၆-ခုနှစ် ဇန်န၀ါရီလ (၁၈)ရက်မှ (၂၁)ရက်အထိ ရွှေတိဂုံအလယ်ပစ္စယံတွင်ကျင်းပသော ဖဆပလ

ညီလာခံကြီးမှာ –

(က) အဆိုအမှတ်(၁) – လုံးဝလွတ်လပ်ရေးအဆိုကို သခင်မြက တင်သွင်းပြိး၊ သခင်စိုး၊ သခင်အောင်စိန်

(ဗမက)နှင့် မြင်းခြံကိုယ်စားလှယ် ဦးကြည်လွင်တို့က ထောက်ခံကြသည်။

(ခ) ဘိလပ်သွားအဆိုကို ဦးဘဦး(မန္တလေး)ကတင်သွင်းပြီး ဦးညီညီ(ဗမက)က ထောက်ခံခဲ့သည်။

(ဂ) အဆိုအမှတ်(၆) – တိုင်းရင်းသားလူနည်းစုများအရေးကို ဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့သည်။ ၎င်းအဆို

တွင် ‘ဗမာမွတ်စလင်မ်လူထုသည် အိန္ဒိယသားများနှင့် လမ်းခွဲကြပြီး မြန်မာများအဖြစ် ခံယူလာကြသည်ကို

ကြိုဆိုကြောင်း၊ ၎င်းတို့ကို လူနည်းစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများ တန်းတူပေးရန် ဖဆပလမှ

တာဝန်ယူကြောင်း ဖော်ပြထားသည်။

(ဃ) ပြည်နယ်ပြည်မ မခွဲထားရေးအဆိုကို ဦးဖေခင် (သံအမတ်ကြီး-ငြိမ်း) (ဗမက)က အဆိုတင်သွင်းခဲ့သည်။

(င) နိုင်ငံတကာရေးရာအဆိုကို ဦးသိန်းဖေက တင်သွင်းပြီး ဦးကြွယ်ဝ (ဗမက)က ထောက်ခံခဲ့သည်။

(ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်မှတ်တမ်းစာအုပ်၊ စာ-၂၅၅၊ မေမြို့ချစ်ဆွေရေး၊

၁၉၈၁-ခု၊ ပုဂံစာအုပ်တိုက်)

19

၅၆။ ဖဆပလညီလာခံကြီးမှာ ဆရာကြီးဒီးဒုတ်ဦးဘချိုတင်သွင်းသော အဆိုအမှတ်(၆)တွင် ဖော်ပြထားသော

‘ဗမာမွတ်စလင်မ်’ဆိုသူတို့ကို လူနည်းစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများပေးရန် ဖဆပလအဖွဲ့ချုပ်ကြီးက

တာဝန်ယူသည်’အဆိုနှင့်ပတ်သက်ပြီး ၁၉၄၆-ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော ဗမကအဖွဲ့ချုပ် နှစ်ပတ်လည်

ညီလာခံကြီးတွင် လူနည်းစုအခွင့်အရေးယူလိုသူများက (၃၇)မဲ၊ လူနည်းစု အခွင့်အရေးမယူလိုသူများက (၃၇)မဲ

နှင့် မဲချင်းတူနေရာ သဘာပတိအဆုံးအဖြတ်မဲကို ဆရာကြီးဦးရာဇတ်က လူနည်းစု အခွင့်အရေးမယူသင့်သည့်

ဘက်မှ မဲပေးဆုံးဖြတ်ခဲ့သည်။ (ပသီဦးကိုကိုလေးရေး၊ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့အတွက်

ခေါင်းစဉ်(၄)ရပ်၊ စာ-၄၅)

၅၇။ ကိုးကွယ်သည့်ဘာသာရေးမှာ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်၏။ နိုင်ငံရေးမှာကား လူအသီးသီး

တို့၏ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတတ်သာလျှင်ဖြစ်၏။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီး

တို့၏ အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။ အခွင့်အရေးများတွင် လွတ်လပ်စွာဘာသာကိုးကွယ်နိုင်မှုလည်း

ပါဝင်လေ၏။ ဤအခွင့်အရေးပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် ကိုးကွယ်သည့်ဘာသာရေးနှစ်ဋ္ဌာနစပ်ကြား

တွင် စည်းထားရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘောမတူမှု အမှု ကွဲပြား

တစ်ခြားစ ဖြစ်သောကြောင့်တည်း။ ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို

ဆန့်ကျင်ရာရောက်ပေ၏။” (၁၉၄၆-ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင်ကျင်းပသော ပထမအကြိမ် ဖဆပလ

ညီလာခံမှ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်)

၅၈။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေ

ရှိတယ်။ အစတုံးက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အဲဒီ တောင်တန်းသားတွေဟာ

အင်္ဂလိပ် လက်အောက်တုန်းက အချို့ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တတွေဟာ အားလုံး

နိုင်ငံသားတွေပါပဲ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင်တိုက်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။

သူတို့တစ်တွေပါ ပါကြတယ်။ အခုကျွန်တွင်းက လွတ်မည်မကြံသေးဘူး။ သူတို့တတွေပေါ်မှာအနိုင်ကျင့်ပြီး

ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ

ရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကဘွဲ ခထွဲက်သွားမယ့်လူတွေ မလာစေဘဲ

နိုင်ငံစိတ်ဓါတ် တစ်ခုတည်းရှိအောင် သွင်းပြီး၊ စည်းလုံးဖို့။ (၁၉၄၇-ခုနှစ် မေလတွင်ကျင်းပသော ဖဆပလပြင်ဆင်မှု

ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်)

၅၉။ ရှမ်းပြည် အထူးသဖြင့် တောင်ကြီးက ကျွန်တော်တို့ ကျောင်းသားလူငယ်များနှင့်လည်း ခင်မင်ရင်းနှီးသဖြစ်

လေသည်။ ထို့ကြောင့် တိုင်းရင်းသားချစ်ကြည် ညီညွတ်ရေး ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်အောင် ကျွန်တော်တို့

ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရာ၌ ဦးဖေခင်သည် ဖဆပလအဖွဲ့ချုပ်နှင့် ကျွန်တော်တို့ ရှမ်းပြည်လွတ်လပ်ရေး

အဖွဲ့ချုပ်တို့ကြား အောင်သွယ်တော်ကြီးသဖွယ်ဖြစ်ခဲ့ပေသည်။ (ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူတစ်ဦးဖြစ်သော

နိုင်ငံတော်ကောင်စီဝင်(အငြိမ်းစား)ဦးတင်ဧ၊ ပင်လုံ ကိုယ်တွေ့၊ စာ-၁၅)

20

၆၀။ ဤစာအုပ်တွင် သံအမတ်ကြီး(အငြိမ်းစား)ဦးဖေခင်သည် ရွေတိဂုံအလယ်ပစ္စယံညီလာခံကြီးမှသည် ၁၂-

၂-၄၇ နေ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုပြီးသည်အထိ သူကိုယ်တိုင် တောက်လျှောက်ပါဝင်ခဲ့သော

တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးကြိုးပမ်းမှုအကြောင်းကို ကက်ွကွက်ကငွ်းကငွ်း အသေးစိတ်

ရေးသားဖော်ပြထားခြင်းဖြစ်သည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အတငွ်းဝန်ဟောင်း၊ နိုင်ငံ့ဂုဏ်ရည်

ပထမအဆင့် ဗိုလ်ထွန်းလှ(တက္ကသိုလ်နေ၀င်း) ပင်လုံကိုယ်တွေ့၊ စာ-၁၉)

၆၁။ ကျွန်တော်သည် ဖဆပလအဖွဲ့ချုပ်၏ တောင်တန်းနယ်ဒေသရေးရာဌာနတွင် အတွင်းရေးမှူးအဖြစ်

ဆောင်ရွက်ရသူဖြစ်သည့်အားလျော်စွာ အစည်းအဝေးတိုင်းတွင်လည်းကောင်း၊ အလွတ်သဘော တွေ့ဆုံမှုများ

တွင်လည်းကောင်း ပါဝင်ခဲ့ရပေသည်။ ယင်းသို့ ပါဝင်ရာတွင် တစ်ဖက်နှင့်တစ်ဖက် သဘောထားအမြင်များ ညှိနှိုင်း

ပေါင်းစပ်ပေးရခြင်း၊ ရှင်းလင်းဆွေးနွေးရခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။” (မဟာသရေစည်သူ အငြိမ်းစား

သံအမတ်ကြီး နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ ဦးဖေခင်ရေး၊ ပင်လုံ ကိုယ်တွေ့၊ စာ-၇၈)

၆၂။ တိုင်းပြုပြည်ပြုလွှတ်တော်၏ ရွေးကောက်ပွဲကြီးပြီးသည့်နောက် ဖွဲ့ စည်းသည့် ဖဆပလအစိုးရအဖွဲ့ တငွ်

(ဗမကဥက္ကဌ)ဆရာကြီး ဦးရာဇတ်သည် အမျိုးသားစီမံကိန်းနှင့် ပညာရေးဋ္ဌာန၀န်ကြီးဖြစ်လာပြီး ဦးခင်မောင်လတ်

သည် ပညာရေးပါလီမန်အတွင်းဝန်ဖြစ်လာခဲ့သည်။ (တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံမှတ်တမ်း အတွဲ(၁)၊

အစည်းအဝေးအမှတ်-၄)

၆၃။ ဗမာတွေဟာ ဗမာတွေပါ။ မွတ်စလင်မ်ဘာသာယူထားတဲ့ဗမာတွေပါ။ မွတ်စလင်မ်ဘာသာယူထား ပိုလို့

သီးခြားဖွဲ့သင့်တယ်လို့ ခင်ဗျားတို့က ပြောလာရင်၊ ဗမာခရစ်ယာန်တွေကလည်းဖွဲ့၊ ဗမာဟိန္ဒူတွေကလည်းဖွဲ့လာ

လိမ့်မယ်။ ဗမာဗုဒ္ဓဘာသာတွေကလည်းဖွဲ့လာကြလိမ့်မယ်။ ပြည်တော်သာလုပ်ငန်းတွေပြပြီး စည်းရုံးတာနဲ့

ဘာသာရေးကိုပြပြီး စည်းရုံးတာက ပိုပြီးလွယ်ကူပါတယ်။ ဘာသာပြပြီး စည်းရုံးတဲ့အဖွဲ့အစည်းပေါ်လာရင်

တိုင်းပြည် အတွက် မကောင်းပါ။ ဘာသာရေးကို လွတ်လပ်စွာကိုးကွယ်နိုင်ပေမယ့် ဘာသာရေးညီညွတ်မှုမရှိရင်

ဘသာရေးအဓိကရုဏ်းဖြစ်ပြီး တိုင်းပြည်အတွင်း သွေးချောင်းစီးပါလိမ့်မယ်။ ဗမကတွေထဲမှာရှိတဲ့အယူသည်းတဲ့

လူတွေကို ထိန်းသိမ်းထားဖို့လည်း အရေးကြီးပါတယ်။ ဗမကကို အချိန်မီ မဖျက်သိမ်းရင် အခြားဘာသာရေးအဖွဲ့

အစည်းတွေ မှိုလိုပေါက်လာပြီး လွတ်လပ်ရေးကို ထိခိုက်နိုင်ပါတယ်။ ၁၉၄၈-ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက

ဗမက မရှိသင့်တော့ကြောင်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ (ဗမကကိုဖျက်သိမ်းရန် ၁၉၅၅-ခုနှစ် ဒီဇင်ဘာလ ၂၇-

ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနုက ညွှန်ကြားခဲ့၍ ပြောကြားသော မိန့်ခွန်း)

၆၄။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဖဆပလအမတ်များအဖြစ် ရွေးချယ်ခံရသူများ

(၁) ဦးရာဇတ် (မန္တလေး၊ မြိုမရှေ့ပိုင်း)

(၂) ဦးသန်းညွန့်(မေမြို့) (မန္တလေး၊ ကျေးလက်တောင်ပိုင်း)

(၃) ဦးခင်မောင်လတ် (မြောင်းမြ၊ ကျေးလက်တောင်ပိုင်း)

(၄) ဦးဖေခင် (ရမည်းသင်း၊ ကျေးလက်မြောက်ပိုင်း)

(၅) ဦးသန်းမြင့် (မော်လမြိုင်၊ မြောက်ပိုင်း)

(၆) ဒေါ်စောရွှေ (ရန်ကုန်မြို့မ၊ လမ်းမတော်)

21

(ပသီဦးကိုကိုလေးရေး၊ တိုင်းရင်းသားနိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ်၊ စာ-၂၀)

၆၅။ တိုင်းပြုပြည်ပြုလွှတ်တော်မှ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေး

စဉ်းစားကြသည်။ လွှတ်တော်ကျင်းပခြဲ့ကသည်။ လွှတ်တော်တငွ် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏

အနာဂတ် အတွက် ဥပဒေကြမ်းကို တင်ခဲ့သည်။ အမတ်များက ထောက်ခံခဲ့ကြသည်။ ဆရာမကြိး ဒေါ်စောရွှေ၏

ထောက်ခံမှုတွင် “ဗမာအမျိုးသမီးတွေကို ကမ္ဘာ့အဆင့်အတန်းမီအောင် လိုက်နိုင်ဖို့ ဥပဒေမှာ မြှင့်တင်ပေးထားတာ

ထင်ရှးပါတယ်။ ဒါကြောင့် ဒီအဆိုကို လုံးဝထောက်ခံပါတယ်။ အခြားတချက်ကတော့ ကျမတို့ ဗမာမွတ်စလင်မ်

တွေဟာ ဗမာပါလို့ကြေငြာပြီး ဗမာတိုင်းရင်းသားတွေနဲ့ ရင်ပေါင်တန်းပြီး ဗမာပြည်ကြီးရဲ့ လုံးဝ လွတ်လပ်ရေးရဖို့

အသက်ကို ပဓါနမထားဘဲ ကြိုးစားဆောင်ရွက်ပါ့မယ်ဆိုတဲ့ကတိပေးပါတယ်။ (တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံ

မှတ်တမ်း အတွဲ(၁)၊ အစည်းအဝေးအမှတ်(၄)မှ ကောက်နှုတ်ချက်)

၆၆။ ဤကား အမျိုးသားအောင်ပွဲနေ့၏ ၉-ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ကျွန်တော်မှတ်မိသမျှ

တင်ပြခြင်းဖြစ်၏ အဖြစ်အပျက်အားလုံးကိုကား သေချာကျန မမှတ်မိတော့ပေ။ အမှန်ဆိုသော် သပိတ်မှောက်

ခဲ့သော နေ့များကို ကျွန်တော်တို့သည် အစဉ်သတိရနေလျက် အောင်မြင်မှုများအတွက် ဂုဏ်ယူဝင့်ကြွားနေရဦး

မည်ဖြစ်၏။ ဤ ၉-ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ကျွန်တော်တို့ သပိတ်မှောက်ရဲဘော် ကျောင်းသားများ

အားလုံး ရွှင်ပြုံးချမ်းသာရှိကြစေရန် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ အမျိုးသားအထက်တန်းကျောင်း၏

ကျောင်းအုပ်ဆရာကြီးတစ်ဦးအနေဖြင့် ကျွန်တော့်ကျောင်းမှ ကျောင်းသားကျောင်းသူများသည် အမိနိုင်ငံနှင့်

အမျိုးသားတို့၏ တိုးတက်မြင့်မားရေးတာဝန်များကို ထမ်းဆောင်လိုသောစိတ်ဓါတ်မြင့်မားလာစေရန် အတတ်နိုင်

ဆုံး ကြိုးပမ်းတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါသည်။ (“ဗမာဆိုတာ ဘယ်မှာစည်းကမ်းမဲ့လို့လဲ” ရေးသူ ဦးရာဇတ်၊

အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင်ဆောင်းပါးများ၊ စာ-၂၄)

၆၇။ ကျောင်းသားရဲဘော်အပေါင်းတို့ ကျွန်တော်ဒီနေရာကနေပြီး စကားအနည်းငယ်ပြောပါရစေ။ ဒီမှာရောက်နေ

ကြတဲ့ ကျွန်တော်တို့တစ်တွေဟာ မြန်မာတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ အင်္ဂလိပ်ကလာပြီး စာသင်နေကြတဲ့

အင်္ဂလိပ်မျက်နှာဖြူလူမျိုး ကျောင်းသားရယ်လို့ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ယခု မြန်မာတိုင်းရင်းသား

ကျောင်းသားတွေရဲ့ အစည်းအဝေးမဖွင့်ခင် ခင်ဗျားတို့သီဆိုခဲ့ကြတဲ့ အမျိုးသားသီချင်းဆိုတာက (ဘုရားသခင်

သည် ကျွန်ုပ်တို့၏ ဘုရင်မြင်းမြတ်ကို ကယ်တင်နိုင်ပါစေသတည်း)တဲ့။ သေချာစဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့

ဆိုတဲ့ စကားတစ်လုံးဟာ အင်မတန်မှ အရေးကြီးပါတယ်။ အင်္ဂလန်မှာရှိနေတဲ့ အင်္ဂလိပ်ဘုရင်ဟာ မျက်နှာဖြူ

လူမျိုးတွေရဲ့ ဘုရင်ဖြစ်တယ်။ ဗမာတိုင်းရင်းသားတွေရဲ့ ဘုရင်မဟုတ်ပါဘူး ဆိုတာစဉ်းစားပြီး အမှန်တရားကို

မြင်တဲ့အတိုင်း အလွယ်တကူနှင့်ပင် သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ဗမာတိုင်းပြည်ကြီးကို အနိုင်ကျင့်ပြီး

သိမ်းပိုက်ထားတဲ့ နယ်ချဲ့တွေရဲ့ ဘုရင်မင်းမြတ်ကိုကယ်တင်ပါစေလို့ ဆုတောင်းနေကြတာဟာ အလွန်တရာမှ

ရှက်စရာကောင်းလှပါတယ်ဆိုတာ ကျွန်တော်ရဲဘော်တို့အားလုံးကို ပြောပြချင်ပါတယ်။

သည်အကြောင်းနှင့်ပတ်သက်ပြီး ယခုရောက်ရှိလာကြတဲ့ ရဲဘော်ကျောင်းသားအားလုံး ဤနေ့ဤရက်

ဤအချိန်မှစပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး အစည်းအဝေးပွဲမှာဖြစ်စေ၊ အခြားသော ကျောင်းသား ပွဲလမ်း

သဘင်မှာဖြစ်စေ ဒီသီချင်းကို လုံးဝမဆိုဘဲနေကြရန် အဆိုတင်သွင်းပါတယ်။ (ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏

ပထမဆုံး ဥက္ကဌ ကိုထွန်းစိန်၏ ပြောကြားချက်၊ အိုးဝေ၏ ရွှေရတုသဘင် လက်ရွေစင်ဆောင်းပါးများ၊ စာ ၆၄-၆၅)

22

၆၈။ “အကြောင်း(၄)က အဲဒီလို ဦးနုရော၊ ကိုအောင်ဆန်းရော ကျောင်းထုတ်ပြီးချိန်မှာ တစ်ဗိုလ်ကျ

တစ်ဗိုလ်တက်ဆိုသလို သမဂ္ဂ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးရာရှစ်က ခေါင်းဆောင်တာဝန်များကို ခံယူတယ်။ ကျောင်းသားထု

စည်းဝေးပွဲကြီးကျင်းပတယ်။ သပိတ်မှောက်ဖို့ လှုံ့ဆော်တယ်။ သပိတ်မှောက်တော့လည်း ရွပ်ရွပ်ချွံချွံ

ခေါင်းဆောင်မှု ပေးခဲ့တယ်။ အဲဒီ အဓိကသပိတ်တရားခံ (၄)ဦးဟာ ၁၉၃၆-ခု တက္ကသိုလ်သပိတ်အရေးတော်ပုံရဲ့

လျှမ်းလျှမ်းတောက် ဇာတ်လိုက်ကြီးတွေလို့ မဆိုလိုပါဘးခင်ဗျား။ ရင်ဘတ်စည်တီး ပါကြွားခြင်းမဟုတ်ပါခင်ဗျားး၊

ဖြစ်ပုံဖြစ်ရပ်ကို အရှင်းဆုံးနားလည်အောင်သာတင်ပြခြင်းပါ။ အမှန်မှာ တရားခံ(၄)ဦးဟာ စစ်ဦးဘီလူးဆိုသလို

ပွဲဦးထွက် ဇတ်ကောင်များသာဖြစ်ပါတယ်။” (‘ကျွန်တော် ငရဲခွေးဆောင်းပါးရေးစဉ်က’ ရေးသူ ညိုမြ၊ အိုးဝေ၏

ရွှေရတုသဘင် လက်ရွေးစင်ဆောင်းပါများ၊ စာ-၇၆)

၆၉။ “သာသနာရောင်ဝါထွန်းစေဖို့”ကို ဒုတိယဗိုလ်မှူးကြီးဝင်းမောင်၊ ဦးစီးအရာရှိ (ပထမတန်း) ပြန်လည်နေရာ

ချထားရေး၊ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ၁၉၉၇-ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့ရာ ‘အစ္စလာမ်

ဘာသာနှင့် မြန်မာနိုင်ငံ’အကြောင်း နောက်ဆက်တွဲ(က)အဖြစ် ပူးတွဲတင်ပြအပ်ပါသည်။

23

နောက်ဆက်တွဲ(က)

အစ္စလ္စလာမ်ဘ်ဘာသာနှငှင့် မြန်မ်မ်မာနိုငိုငိုင်င်င်ငံ

အစ္စလ္စလာမ်ဘ်ဘာသာစတင၀်ဝ် င်ေ်ေ်ရောက်ပ်ပ်ပုံ

အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍

အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း

အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်

သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။

မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထား

များအရ လေ့လာသိရှိပါသည်။ အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များ

မှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊

မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁) အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ

အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည် တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများ

ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည်

ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော

အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။

ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာ

ပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင်

အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊

ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ

အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သောဘုရားသမိုင်းများတွင် သင်္ဘောပျက်

စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏

ဂူဗိမာန်များက သက်သေခံနေသည်။ (၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး

ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက်

သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများ

သည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ

ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှ

သိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ

ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င(် ဒုတိယတ)ွဲ စာ ၁၈၆) အရလည်းကောင်း

သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည်

မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း

သိရှိရပါသည်။

24

ပြန့်န့်နှံ့ပှံ့ပုံ

မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း

ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင်

မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ

၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့်

နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။

စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ

ကမန်(လေးသည်တော်)တို့အား ရခိုင်ဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့ ခန့်ထားခဲ့သည်။ စန္ဒ၀ိဇယ (၁၇၁၀-

၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး

သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန် မွတ်စလင်မ်တို့အပြင် စစ်တွေမြို့

အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသား ဖြစ်ကြသော အစ္စလာမ်ဘာသာ

ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။ ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉

အေဒီတငွ် တောင်ငူဘုရင် ပခဲူးကို တိုက်ခိုက်ခဲ့စဉ်တငွ် ဖမ်းဆီးရမိသော မတ်ွစလင်မ်များ ၁၅၄၇ အေဒီတငွ်

တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို

တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက် လွန်မင်း သန်လျင်ကို

တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ

အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့်

ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း

နေရာချထားခဲ့ကြောင်း တွေ့ရသည်။ ဘိုးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ)

နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော

စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ

ဝင်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ

၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။ (၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော်

(၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂)

ဒီပဲယင်း စသည်တို့တငွ် ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တ့သို ည် အာရဗ်သင်္ဘောများ

ပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန် ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ

ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့

ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ

မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ %

မျှရှိလေသည်။ အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-

ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။

(သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ

* * * * * *__

ရဲဘော်သုံးကျိပ် စာရင်း

Myanmar Political Review‘s photo.

ရဲဘော်သုံးကျိပ် သွေးသစ္စာနေ့ အလှူ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကွယ်လွန်လေပြီးသော  ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်းပွဲကို တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ပြုလုပ်ခဲ့ သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၁၉၄၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်ဝင်များ လွတ်လပ်ရေးအတွက် လက်မောင်းသွေးကို ဖောက်ကာ သွေးသစ္စာ ဆိုခဲ့ကြသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ဤနေ့ ရောက်တိုင်း ရဲဘော် သုံးကျိပ်ဝင် မိသားစုများက တွေ့ဆုံပွဲ လုပ်ခဲ့ကြသည်မှာ ၂၈ နှစ် ကြာပြီဖြစ်၍ ယခုနှစ်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံမှ ပင့်သံဃာတော် ၂၈ ပါးကို အလှူအတမ်း ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ အမျိုးသား တပ်မတော်ဖြစ်သည့် ‘ဗမာ့ကာကွယ်ရေး တပ်မတော် BIA’ ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ၂၈ ဦးမှာ ကွယ်လွန်သွားကြပြီ ဖြစ်သည်။

30army3ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်း (ဓါတ်ပုံ မဇ္ဈိမ)

သခင်ရွှေ (ခေါ်) ဗိုလ်ကျော်ဇောနှင့် ကိုအောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိနေတော့ကြောင်း ရဲဘော်သုံးကျိပ်ထဲမှ မိသားစုဝင် တဦးက ပြောသည်။

“ကျနော်က နှစ်စဉ်နှစ်တိုင်း ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံပွဲကို တက်ဖြစ်ပါတယ်။ ဒီနှစ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတယ်လို့ သိရပါတယ်။ ဦးနေဝင်း မိသားစုတော့ မသိပါဘူး။ အယူအဆတွေ ဘယ်လိုပဲ ကွဲပြားနေစေကာ ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံနိုင်အောင် အရင်ကပဲ ရဲဘော် သုံးကျိပ်ဝင်တွေ ကိုယ်တိုင် လုပ်ခဲ့တာ။ အခုဆိုရင် သက်ရှိထင်ရှား နှစ်ယောက်ပဲ ကျန်တော့တယ်။ သခင်ရွှေ (ဗိုလ်ကျော်ဇော) ကတော့ ကူမင်းမှာ မိသားစုဝင်တွေနဲ့ နေတယ်လို့ ကြားတယ်။ ကိုအောင်သိန်းကတော့ လက်တွန်း ကုလားထိုင်နဲ့ ပဲ နေရတော့ တယ်။ မသွားနိုင် ဘူးလေ။ အသက်က ၉၀ ဆိုတော့လေ” ဟု သူက ပြောသည်။

‘ရဲဘော်သုံးကျိပ်ဝင် မိသားစုများ သာရေးနာရေးအဖွဲ့’ ကိုလည်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဖွဲ့စည်းထား သည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ နေထိုင်သည့် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက “ကျနော် ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ အားလုံးပဲ ကျန်းမာပါစေ။ ဒီမိုကရေစီ အမြန်ရပါစေ။” ဟု ၂၀၁၁ ခု ဒီဇင်္ဘာ ၃ ရက်နေ့က ကျရောက်သော မွေးနေ့ နှုတ်ခွန်းဆက်စကားတွင် ပါရှိသည်။

 

 

 

ရိုဟင်ဂျာလူမျိုးတရားဝင် ရပ်တည်မှု နဲ့ မြန်မာနိုင်ငံ …

 
(၁) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် – နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု ၏ အသံ လွှင့်မိန့်ခွန်း တွင်မောင်တောနှင့်ဘူးသီး တောင်မြို့နယ်များတွင်နေထိုင် လျက် ရှိသောပြည်ထောင်စု သား များ သည်များသောအားဖြင့် ရိုဟင်ဂျာအမျိုး သားဖြစ်ကြ သည် ပြောကြား ခဲ့သည်။
(၂) နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထုအစည်း အဝေး များတွင်ရိုဟင်ဂျာများ သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းတိုင်းရင်း သား ကဲ့သို့ တိုင်းရင်းသား လူမျိုး စု တ စု ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ သည်။
(၃) နိုင်ငံတော်ဝန်ကြီးချုပ်ရုံးလက်အောက်နယ်ခြားဒေသအုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ – ၂၀. ၁၁. ၆၁) တွင်မေယုဒေသအတွင်းနေ ထိုင်ကြသူများ ခဲ့သည်တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး များဖြစ် ကြောင်း ပါ ရှိ သည်။ (မေယုဒေသ = ယခုမောင်းတောခရိုင်)
(၄) ၁၉၆၁ မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံတိုင်း ရင်းသား လူမျိုးများ ဘာသာ စကားအစီ အစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃၀ နာရီတွင် ရိုဟင်ဂျာ ဘာသာစကားဖြင့် အသံလွှင့်ပေး ခဲ့ပါသည်။ (နှစ်သုံးဆယ် မြန်မာ့  အသံ – ဦးကျော်ငြိမ်း မာတလိ)
(၅) စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ ၈၉-၉၀ တွင် ၁၉၆၄ ခုနှစ်တွင် ရခိုင်တိုင်းမြောက်ပိုင်း   မေယုခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့်ရှိပြီး ၇၅%သည် ရိုဟင်ဂျာ လူမျိုးများဖြစ်သည် ဟူ၍ အကျယ် တ၀န်းရေးသားဖော်ပြထားသည်။
(၆) ကာကွယ်ရေးဌာနမှထုတ်ဝေသော တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁) နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင်မေယု ခရိုင်၊ မောင်းတော၊ ဘူးသီး တောင်၊ ရသေ့တောင် အနောက်မြောက်မြို့ နယ်များ တွင် အများစုအားဖြင့် ရိုဟင်ဂျာလူမျိုးများ နေ ထိုင် ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ စသောလူနည်းစုများ စွာပါဝင်နေထိုင် သည့်ခရိုင် ဒေသ တခုဖြစ်ပါသည် ဟူ၍ဖော်ပြပါ ရှိပါသည်။
(၇) ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈.၇.၆၁)   ပြောကြားသော မိန့်ခွန်း တွင် “ကျွန်ုပ်တို့ ဒီခရိုင်မှာနေထိုင်တဲ့လူတွေကို ရိုဟင်ဂျာ လို့ခေါ်ပါ တယ်။ မေယုခရိုင်၏ အနောက် ဘက် တွင် ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက် မှာနေ သူများ ကို ပါကစ္စတန်ဟုခေါ်ပြီး၊   မြန်မာပြည် မှာရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တခုတည်း မှာ သာ လူမျိုးတမျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ် နေသော နယ်စပ်တွင်လည်း ဤသို့လူမျိုးချင်း ဆက်စပ်နေကြသည်။ ဥပမာ – ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့်လူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း ၄င်းလူမျိုးများ ရှိသည်။ ထို  နည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း တိုင် ဆိုသော ရှမ်းလူမျိုး များရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိသလို ယိုးဒယား ဘက်တွင်လည်း ထိုလူမျိုးများ ရှိကြပါ သည်။ အိန္ဒိယ-မြန်မာ နယ်စပ်တွင်လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာရှိသကဲ့သို့ အိန္ဒိယနိုင်ငံ မှာ လည်း ရှိကြသည်။ အဲဒီ တော့ ဒီနေ့ဒီအချိန်ကစပြီး ကျွန်တော်ပွင့်ပွင့် လင်းလင်းပြောချင် တယ်။          မေယုခရိုင်ကို ပြည်ထောင်စုထဲမှာရှိတဲ့ လူနည်းစုတစုလို့သဘောထားမယ်။ အဲဒီတော့အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာတွေရှိရင် ခင်ဗျားတို့အားလုံးမေ့ကြ၊ ဒီအချိန်ကစပြီး ခင်ဗျားတို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ဗမာပြည်ထောင်စု ထဲက လူမျိုးစုတစုလို့သဘောထားကြပါ။ “ စသည်ဖြင့် အကျယ် တ၀န့်ပြောကြားခဲ့သည်။
(၈) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ ၁၉၇၈ ခုနှစ် ထုတ်မြန် မာနိုင်ငံ အထက်တန်း ပထ၀ီဝင်ဖတ်စာအုပ်၊ စာမျက်နှာ ၈၆ တွင်တိုင်း ရင်း သား လူမျိုး များပြန့် နှံ့ နေ ထိုင်ကြပုံပြရာမှာ ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာ များနေ ထိုင် ရာဒေသ အဖြစ်ပြ သထား ပါသည်။
(၉) ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသား၊ ကျောင်းသူအသင်း အဖွဲ့လည်း ထူထောင် ခွင့်လျှောက် ထားခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။
(၁၀) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာ ယဥ် ကျေး မှုပြပွဲကို သိမ်ဖြူအားကစားပြိုင်ဝင်းအတွင်းကျင်းပပေးခဲ့ရာ ရိုဟင်ဂျာ ယဉ်ကျေး မှုပြပွဲ တခုဖြစ်သော ကျင် ပွဲကိုပြသခွင့်ရရှိခဲ့ပါသည်။
(၁၁) မြန်မာအသံ (၂၅) နှစ်မြောက်ငွေရတုသဘင်အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလတွင် သော တ ရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ စာမျက်နှာ ၅၅ တွင် ၁၉၄၇ ခုနှစ်မှစ၍ တိုင်းရင်း သား ဘာသာစကား အဖြစ်စတင်အသံလွှင့်ခွင့်ပြုသည့်ရက်စွဲများကိုဖော်ပြရာတွင်၁၉၄၇တင် ရှမ်း နှင့်ကချင်ဘာသာ၊ ၁၉၄၉ တွင်စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ ခုနှစ် တွင် ချင်း ဘာသာ၊ ၁၉၆၁ တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယား ဘာသာတို့ အသံ လွှင့်ခဲ့ကြောင်းဖော်ပြထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာတို့ဖြင့် အသံ လွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ခွင့်ပြုခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်း ခဲ့သည်။
(၁၂) ၁၉၆၀ ခုနှစ် ပြည်ထောင်စုနေ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြပွဲကို အောင်ဆန်း အားကစား ကွင်းတွင် နိုင်ငံတော်မှကျင်းပခဲ့ရာ ရိုဟင်ဂျာရိုးရာကျင်ပွဲခေါင်းစဉ်ဖြင့် တခမ်း တနား ကျင်းပခွင့်ပြုခဲ့သည်။
(၁၃) ၂၀.၁၁.၆၀ နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြား ဒေ သအုပ်ချုပ်ရေးအရာရှိ ရခိုင်တိုင်းမင်းကြီးနှင့်အဖွဲ့ဝင်များ မေယုနယ်ခြား ခရိုင် သို့ ရောက်ရှိခဲ့ကြရာ ရိုဟင်ဂျာ များမှလှိုက်လှဲစွာ ကြိုဆိုကြကြောင်း၊ သူရသတ္တိရှိ သူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို မြတ်နိုးလိုလားပြီး သစ္စာရှိသောစိတ်ဝင် စားဖွယ် ပြည်ထောင်စု ၏လူမျိုး တမျိုးဖြစ်ကြောင်းဖော်ပြခဲ့ သည့်အပြင်မြန်မာ့အသံ(ရေဒီယို  အစအ စဉ်) မှလည်း ထိုအကြောင်းအရာကိုထုတ်လွှင့်ခဲ့သည်။
(၁၄) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ်မှလေ ဘယ်လိုအခြေရှိပါလိမ့်” ခေါင်းစဉ်ဖြင့်ရေးသားခဲ့သည်။ ထိုဒေသ၏ လူအများစုသည် ရိုဟင်ဂျာဖြစ်ကြောင်းရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။
(၁၅) ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့်စိတ်ဓါတ်ရေးရာညွှန်ကြားရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော တပ်မတော်ခေတ်ရေးစာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက် ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေ့သည့်ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူး သီးတောင်၊ မောင်းတော တွင် ရိုဟင်ဂျာလူမျိုး ၉၇% ရှိကြောင်းရေးသားခဲ့သည်။

 

 

 

ဗမာမွတ်စလင် လူမျိုးစုပြဿနာ

ဗမာမွတ်စလင်မ် လူမျိုးစုပြဿနာ

ဦးကိုကိုလေး

အထွေထွေအတွင်းရေးမှူး

ဗ-မ-က ဌာနချုပ်

The Ethnic Problems of Burmese Muslim

By

Mr. Ko Ko Lay

General Secretary

Burmese Muslim Congress

Published on January 15, 1962