Archives

ဒေါက်တာသန်းထွန်းရဲ့ သမိုင်းထဲက အလွဲများ

ဒီစာအုပ်ကတော့ မောင်သွေးချွန်ဆိုတဲ့ စာရေးဆရာတစ်ဦး သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းရဲ့ ရေးသားချက်တွေထဲက အမှားတွေ၊ အလွဲတွေကို စုစည်းပြီး ထောက်ပြဝေဖန်ထားတဲ့ စာအုပ်ပါ။ “မမှားသောရှေ့နေ မသေသောဆေးသမားဆို မရှိ” ဆိုတဲ့ ဆိုးရိုးစကားလိုပါပဲ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ရေးသားချက်တွေမှာလဲ အချို့သော အမှားအယွင်းတွေ၊ အားနည်းချက်တွေ ရှိမှာပါ။

ဒါပေမဲ့ သူတစ်ပါးအမှားကို ထောက်ပြတဲ့သူဟာ အထောက်အထား ခိုင်လုံစွာနဲ့ အတ္တစွဲ၊ ဂိုဏ်းဂဏအစွဲ၊ ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ကင်းပြီး မှန်မှန်ကန်ကန် ထောက်ပြဝေဖန် တည့်မတ်ပေးဖို့လိုပါတယ်။ မောင်သွေးချွန်ကတော့ အဲဒီအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ဝေဖန်ရေးသမားလို့ မထင်ပါဘူး။ မည်သို့ဆိုစေ ၎င်းရဲ့ရေးသားချက်တွေကို ဖတ်ရှုလေ့လာပြီး၊ ၎င်းရဲ့အမှားတွေကိုလဲ တည့်မတ်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Advertisements