Archives

Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ

Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ

Samsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။

*#9125# : Smiley
*#9999# : Software Version

*#06# : IMEI Number
*#0001# : Serial Number

*#9998*523# : LCD Contrast
*#0228# or *#8999*228# : Battery Info

*#8999*636# : Display Storage Capacity
*#8999*778# : Display SIM Card Information

*#8999*782# : Show Date And Alarm Clock
*#8999*786# : The Display During Warning

*#8999*837# : Samsung Hardware Version
*#0523# – *#8999*523# : Display Contrast

*#8999*638# : Show Network Information
*#9998*246# : Battery Status- Memory Capacity

*#9998*324# – *#8999*324# : Debug Screen
*#9998*842# – *#8999*842# : Vibration Test

*#9998*289# – *#8999*289# : Alarm Beeper – Ringtone Test
*#8999*9266# : Display Received Channel Number And Received Intensity

*#8999*364# : Watchdog ON/OFF
*#8999*427# : WATCHDOG Signal Route Setup

*2767*3855# : Full Reset (Caution every stored data will be deleted.)
*2767*2878# : Custom Reset

*2767*927# : Wap Reset
*2767*226372# : Camera Reset (deletes photos)

*2767*688# : Reset Mobile TV
#7263867# : RAM Dump (On or Off)

#*4773# : Incremental Redundancy
#*7785# : Reset wake-up & RTK Timer Variables

#*7200# : Tone Generator Mute

#*3888# : BLUETOOTH Test Mode
#*7828# : Task Screen

#*2562# : Restarts Phone
#*2565# : No Blocking? General Defense.

#*3353# : General Defense, Code Erased.
#*3837# : Phone Hangs on White screen.

#*3849# : Restarts Phone
#*7337# : Restarts Phone (Resets Wap Settings)

#*2886# : Auto Answer ON/OFF
#*7288# : GPRS Detached/Attached

#*7287# : GPRS Attached
#*2077# : GPRS Switch

#*22671# : AMR REC START
#*22673# : Pause REC

#*22674# : Resume REC
#*22675# : AMR Playback

#*22676# : AMR Stop Play
#*22677# : Pause Play

#*22678# : Resume Play
#*77261# : PCM Rec Req

#*77262# : Stop PCM Rec
#*77263# : PCM Playback

#*77264# : PCM Stop Play
#*22679# : AMR Get Time

#*7666# : White Screen

#*7693# : Sleep Deactivate/Activate
#*2286# : Data Battery

#*2679# : Copycat Feature Active/Deactivate
#*3940# : External Loop-Test 9600 bps

#*4263# : Hands Free Mode Activate/Deactivate
#*2558# : Time ON

#*3941# : External Loop-Test 115200 bps
#*5176# : L1 Sleep

#*7462# : SIM Phase
#*7983# : Voltage/Freq

#*7986# : Voltage
#*8466# : Old Time

#*2255# : Call Failed

#*5376# : Delete All Sms!!!!
#*2337# : Permanent Registration Beep

#*2474# : Charging Duration
#*2834# : Audio Path (Hands-free)

#*3270# : DCS Support Activate/Deactivate
#*3282# : Data Activate/Deactivate

#*3476# : EGSM Activate/Deactivate
#*3676# : Format Flash Volume!!!

#*4760# : GSM Activate/Deactivate
#*4864# : White Screen

#*7326# : Accessory
#*7683# : Sleep Variable

#*3797# : Blinks 3D030300 In RED
#*7372# : Resetting The Time To DPB Variables

*#8999*667# : Debug Mode
*#92782# : Phone Model (Wap)

#*5737425# : JAVA Mode
*#2255# : Call List

*#232337# : Bluetooth MAC Address
*#5282837# : Java Version

*#8999*8376263# : All Versions Together
*#8999*8378# : Test Menu

*#4777*8665# : GPSR Tool
*#8999*523# : LCD Brightness

*#8999*377# : Error LOG Menu
*#8999*327# : EEP Menu

*7465625*228# : Active Lock ON
#7465625*228# : Active Lock OFF

*7465625*28638# : Auto Network Lock ON
#7465625*28638# : Auto Network Lock OFF

*7465625*28782# : Auto Subset Lock ON
#7465625*28782# : Auto Subset Lock OFF

*7465625*2877# : Auto SP Lock ON
#7465625*2877# : Auto SP Lock OFF

*7465625*2827# : Auto CP Lock ON
#7465625*2827# : Auto CP Lock OFF

*7465625*28746# : Auto SIM Lock ON
#7465625*28746# : Auto SIM Lock OFF

*#7465625# : Check the phone lock status
*7465625*638*Code# : Enables Network lock

#7465625*638*Code# : Disables Network lock
*7465625*782*Code# : Enables Subset lock

#7465625*782*Code# : Disables Subset lock
*7465625*77*Code# : Enables SP lock

#7465625*77*Code# : Disables SP lock
*7465625*27*Code# : Enables CP lock

#7465625*27*Code# : Disables CP lock
*7465625*746*Code# : Enables SIM lock

#7465625*746*Code# : Disables SIM lock

အချို့ ကုဒ်များ မှားယွင်းနိုင်သဖြင့် သတိထား အသုံးပြုရန် လိုအပ်ပါသည်။

Khin Lay

ရိုးရာလေး

Advertisements

ကျမ ဘယ်တော့မှ ကုလားလို့ မခေါ်ဘူး။

” ဒေါ်အောင်ဆန်းစုကြည် အတွက် တုံ့ပြန်ဖြေရှင်းချက် “

အမေစု ရဲ့ America ခရီးစဉ် မှာ Los Angeles ကို လာတုန်းက အမည် မဖေါ်လိုသူ မြန်မာပြည်က ထွက်လာတဲ့ ကုလား တစ်ဦး က စာနဲ့ မေးခဲ့တဲ့ မေးခွန်း တစ်ခု ကို သူမ က ယေဘုယျသဘောမျိုးနဲ့ ဖြေခဲ့တာ တစ်ခုရှိပါတယ်။

အမေးအဖြေအပြည့်အစုံဟာ ဒီ ပုံထဲက စာတွေအတိုင်း ပါဘဲ။

ဒါကို ခု တစ်လ ကျော်ကြာတော့မှ လူတစ်စုကနေပြီးတော့

(ကုလား ကို ကုလားလို့ ခေါ်ရင် မိမဆုံးမ ဖမဆုံးမ လို့ ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ခေါ်ဆိုလိုက်ပါတယ်) လို့

ကုလားတွေကို နာကျည်းနေတဲ့ ရိုးလွန်းတဲ့ မြန်မာတွေ အမေ့အပေါ် နားလည်မှု လွဲသွားအောင် စနစ်တစ်ကျ ရည်ရွယ်ချက် ရှိရှိနဲ့ လူအကြည်အညိုပျက်အောင် ကြံစည်အားထုတ်နေတာ တွေ့ရပါတယ်။

ဒါ မျိုး ကို Character Assasination လို့ ခေါ်တယ်ဆိုတာ ကျွန်တော့်ကို အတိုက်ခိုက် ခံရကထဲက ကျွန်တော် ရှင်းပြဖူးပါတယ်။

သိပ်ရွံမုန်းဖို့ ကောင်းတဲ့ အောက်တန်းကျတဲ့ လုပ်ကြံမှုပါဘဲ။

ဒါကို အကြောင်းရင်းမှန်အားလုံး သေချာ မသိတဲ့ သူတွေကလဲ အမေစု ကို လှောင်ပြောင်စော်ကားပြီး
ကုလား ကို ကုလားလို့ ခေါ်ရင် မိမဆုံးမ ဖမဆုံးမ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် ဘာညာတွေ စတင်ရေးသားလာကြသလို
ဒီချုံကိုထွင်ထားတဲ့သူ တွေကလဲ ဒီလို မြန်မာတွေရဲ့ လိုရာ ဆွဲတွေး အယုံလွယ်တဲ့ သီအိုရီ ကို အခွင့်ကောင်းယူပြီး အမေ့ကို စတင် တိုက်ခိုက်လာတာတွေဟာ ကျွန်တော် လုံးဝ သည်းမခံနိုင်တော့တဲ့ အနေအထားကိုရောက်လာလို့ ကျွန်တော် ချစ်တဲ့ အမေစု နဲ့ အမှန်တရားကို ကာကွယ်ဖို့ ကျွန်တော် ရှင်းပြပါ့မယ်။

အဲ့ဒိ အောက်တိုဘာ (၂) ရက်နေ့ က အမေစု ကို ပုရိသတ်က မေးခွန်းတွေ စာနဲ့ ရေးမေးပြီး အမေစု က အချိန်ရသလောက် အလျင်းသင့်သလို ပြန်ဖတ်ရင်းဖြေကြားတဲ့ စာတွေထဲမှာ အမေစု ကို ကုလား ရခိုင် အရေးအခင်း တိုင်းရင်းသားတွေ အရေးအခင်းတွေ မြန်မာ မွတ်ဆလင် ကိစ္စ တွေ နဲ့ပါတ်သက်ပြီး ပညာစမ်းသလိုလို စိန်ခေါ်သလိုလို မေးထားတဲ့ မေးခွန်းတွေလဲ ပါခဲ့ပါတယ်။

ဘယ်သူတွေ ဘာကြောင့် ရေးပြီး မေးခဲ့တဲ့ မေးခွန်းတွေ ဆိုတာလဲ ကျွန်တော် တပ်အပ်သေချာ သိပါတယ်။

ကျွန်တော် လက် နဲ့ မျက်စေ့တွေက အမေ့ကို ဓါတ်ပုံရိုက်ပေးနေရင်း သူပြောသမျှ အကုန်လုံး နားက နားထောင်ပြီး တစ်လုံးမကျန်မှတ်ထားပါတယ်။

သူပြောသွားတာ ဒီ အထက်ပါ ပုံထဲက စာတွေ အတိုင်းပါဘဲ။
စာ အသေးစိတ်ကို အောက်ဆုံးမှာ ပြန်ဖတ်ကြည့်နိုင်အောင် ထပ်ထည့်ပေးထားပါတယ်။

ရှင်းရှင်းပြောရရင် အဲ့ဒိတုန်းက ကချင် တွေ ချင်းတွေ အုပ်စုတွေထဲမှာ အမေစု က နိုင်ငံတကာ နဲ့ ပြောဆိုခဲ့တဲ့ စကားတွေထဲမှာ သူတို့ ဒေသ တွေ ငြိမ်းချမ်းရေးအတွက် ထည့်မပြောပေးလို့ ဆိုပြီး အမေစု ကို ဆန္ဒပြမယ်ဆိုတဲ့ အသံတွေ ထွက်နေတာပါ။

ဒါကိုလဲ အမေ့ကို သိအောင် ကျွန်တော်တို့ သူငယ်ချင်းတွေ ကြိုပြောပြထားလို့ အမေစု က သူ စင်ပေါ် စစရောက်ချင်းဘဲ ကဲ ကျမ ကို ဆန္ဒ ပြမယ် ဆိုတဲ့သူတွေရှိတယ် ဆို ဘယ်မှာလဲ ပြလေ ပြပါ ရပါတယ် လို့ ခပ်ပြုံးပြုံးဘဲ စိန်ခေါ်လိုက်တော့လဲ အဲ့ဒိလူစုတွေ ငြိမ်ကုတ်နေခဲ့ပါတယ်။

ထားပါတော့လေ ကုလား ဆိုတဲ့ အခေါ်အဝေါ်ကိစ္စ နဲ့ ပါတ်သက်ပြီး မေးလာတဲ့အခါ အမေ ပြောချင်တာက နှိမ်တတ်တဲ့ မြန်မာတွေ ရဲ့ နှိမ်ပြီး သုံးနှုံးပုံ နှိမ့်ချခေါ်ဝေါ်တတ်တဲ့ Attitude ကိုဘဲ ဆိုလိုတာပါ။

ဥပမာ ကုလားတွေကို

” စောက်ကုလား ” လို့ခေါ်တာမျိုးတွေ
(အမေစု က ” စောက် ” ဆိုတဲ့ စကားလုံး ကို ” သောက် ” လို့တောင် ဘယ်တုန်းကမှ မသုံးစွဲတတ်လို့ ထည့်မပြောတဲ့အတွက် လူတွေ နားမလည်နိုင်ဖြစ်စရာ ဖြစ်နေတာပါ)

နာမည်ရင်း သိရဲ့သားနဲ့

” ဟိုကုလားရော ”

” ဟေ့ကောင် ကုလား ” လို့

နှိမ့်ချခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေ ကိုပြောတာပါ။

ကုလား လူမျိုးတစ်ယောက်ကို ကုလား လို့ ခေါ်တာ ရိုင်းပျတာ လုံးဝ မဟုတ်ဘူးဆိုတာ မသိနားမလည် မေ့လျော့နေရလောက်အောင် ကျွန်တော်တို့ အမေ မကြောင်ပါဘူး မဒူပါဘူး။

အမေ ဆိုလိုတာက နှိမ်တတ်တဲ့ မြန်မာတစ်ချို့ ရဲ့ နှိမ်ပြီး သုံးနှုံးပုံ ကို ဘဲ ပြောတာပါ။

ကုလား ကို ကုလားလို့ ခေါ်တာဟာ
ကရင် ကို ကရင် လို့ ခေါ်သလို
ကချင် ကို ကချင် လို့ ခေါ်သလို ဘဲ

ဘာမှ ထူးခြား ရိုင်းပျနေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် တို့ ထက် အများကြီး ပညာတတ်တဲ့ အမေစု ကောင်းကောင်းသိပါတယ်။

ဒီတော့ တကယ်တမ်း အရေးကြီးတာက ဒီ စာကို အခမ်းအနားပြီးတာ တစ်လကျော်မှ ထရေးတင်တဲ့ သူ ရဲ့ မူရင်း အဓိက ရည်ရွယ်ချက် ကဘာကြောင့်ပါလဲ ?

ဒါ သက်သက်မဲ့ ယမယ်ရှာပြီး အမေစု ကို မြန်မာ တွေ နဲ့ ရန်တိုက်ပေးဖို့ ဖွလိုက်တာမှန်း သိသာထင်ရှား လွန်းနေပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော်တို့ အမေစု ကို ခုလို

ခပ်ထုံထုံ နလပိန်းတုံး ကျပ်မပြည့်တဲ့ ကလေးကလား (LOW IQ) TECHNIQUE တွေ
RETARTED IDEA တွေ နဲ့ ဘယ်တော့မှ လာမတိုက်ခိုက်ပါနဲ့

ဘယ်တော့မှ လူမျိုးရေးကို ခုတုံးလုပ်ပြီး အမေ့ကို မြန်မာ လူမျိုးတွေနဲ့ ပြန်ရန်တိုက်ပေးဖို့ မလုပ်ကြံပါနဲ့။

အောက်တန်းမကျပါနဲ့။

အမေစု မှာ ဥာဏ်ရှိတဲ့ သားတွေ အများကြီးရှိပါတယ်။

အဲ့ဒိ သားတွေ တစ်ကောင်မှ ငြိမ်ခံနေမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာ သတိပေးလိုက်တယ်။

ထာဝရ စစ်မှန်ခြင်းဖြင့်

မျိုးချစ်မြန်မာ

မှတ်ချက်။ ။ ဒီစာထဲမှာလဲ ကျွန်တော် ကုလား ကို ကုလား လို့ ဘဲ သုံးနှုံးထားပါတယ်။

မကျေနပ်ရင် ကျွန်တော့်ကိုလဲ မြန်မာ လို့ ကြိုက်သလောက် ခေါ်ပါ။
လုံးဝ စိတ်ဆိုးမည် မဟုတ်ပါ။

WHENEVER YOU’VE COME ACROSS A STRANGE OR UNLIKELY SITUATIONS IN LIFE,

DO NOT ONLY FOCUS ON ” WHAT “.

ALWAYS FOCUS ON ” WHY ” FIRST.

THAT’S WHAT WISE MEN DO.

M.C

(စာဖြင့်အမေးကို ဒေါ်အောင်ဆန်းစုကြည်ဖတ်ကြားခြင်း)

ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှုတွေ သိပ်ကို များပါတယ်။
မိဘ၊ ဆရာသမားများက အစ အဲဒီလိုလုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန်နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင်စသဖြင့် လူမျိုးရေးနှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ။

(ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်ဖြေကြားခြင်း)

အဲဒီဟာ တော်တော့ကို ဟုတ်တယ်။
ဒါမိဘတွေက မသင်တာပဲ။
ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားရမှာ။

ဥပမာဆိုရင် ကုလားပေါ့နော်။
ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။
ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မူစလင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။

ဒီဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့အသုံးအနှုန်းကို သုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။
အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။
နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။
ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။
အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။
အဲဒီတော့ ကျမတို့ကတော့ ဒါကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။
နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။ ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။

ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။
အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိယင် ဘယ်မှ ကျမတို့ ရောက်မှာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။

(FROM OCT 2ND, 2012 LOS ANGELES EVENT)

ခင်ပွန်းကြီးဆယ်ပါး ပြဿနာ

 Aye Chan Mon‘s photo.

ခင်ပွန်းကြီးဆယ်ပါး ပြဿနာ

(၁)
စာပေဗိမာန်က ထုတ်သော စာအုပ်တစ်အုပ်တွင်“ခင်ပွန်းကြီးဆယ်ပါးအား ရှိခိုးပါ၏’’ ဟု တွေ့ လိုက်ရရာကျွန်တော် ဤဆောင်းပါးကို မရေးပဲမနေနိုင်တာ့။

(၂)
ခင်ပွန်းဆယ်ပါးဟူသည် အဘယ်နည်း။
ခင်ပွန်းဆယ်ပါးကို အစောဆုံးရေတွက်ပြခဲ့သည့်တောင်တွင်းမင်းကျောင်းဆရာတော်၏ ကန်တော်မင်းကျောင်းမေတ္တာစာ အဖြေကျမ်းတွင်”မပြစ်မှားရာသော ခင်ပွန်းတို့ ကား

(၁) ဘုရား
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာ
(၄) အဂ္ဂသာဝက
(၅) အမိ
(၆) အဘ
(၇) ဆ၇ာ
(၈) အသက်ကြီးသသူ
(၉) တရားပေးသသူ
(၁၀) အဝတ်အစား ၊ အသုံးအဆောင်ကိုပေးသသူ

ဟူ၍ တစ်ကျိပ်တည်း-ဟုတွေ့ ရသည်။ နောက် ဆရာတို့ သည်ခင်ပွန်းကြီးဆယ်ပါး နှင့် ပတ်သက်လျှင် ထိုကျမ်းကိုကိုးကားကြသည် ထင်ပါသည်။

ဥပမာအားဖြင့် ဆရာတော် မင်းပူးဦးသြဘာသ ၏တေမိယဇာတ်တော်ကြီးတွင် “ဤလောက၌ ချစ်ခြင်းမေတ္တာကိုတစ်နေ့ မခြား ပွားစေအပ်သောသူကား

(၁) သဗ္ဗညုမြတ်စွာဘုရား
(၂) ပစ္စေက ဗုဒ္ဓါ
(၃) ကိလောကုန်ပြီးသော ရဟန္တာ
(၄) မြတ်စွာဘုရားတို့ ၏ လက်ယာရံ၊လက်ဝဲရံဖြစ်သော
အဂ္ဂသာဝက အရှင်မြတ်
(၅) အမိ
(၆) အဘ
(၇) အရွယ်ကြီးခြင်း ၊ အမျိုးမြတ်ခြင်း ၊ ပညာကြီးခြင်း
သီလသမာဓိရှိခြင်း အစရှိသော ဂုဏ်တို့ ကြောင့်
အလေးအမြတ်ပြုအပ်သောသူ
(၈) အကျိုးအကြောင်းကို ဆုံးမသွန်သင် ပဲ့ပြင်စေတတ်သောသူ
(၉) ထမင်းအဖျော် ၊ အိပ်ရာနေရာ ၊ အဝတ်ပုဆိုး စသည်
တစ်စုံတစ်ခု ပစ္စည်းအာမိသတို့ ကို ပေးဖူးပေသောသူ
(၁၀) သူခပ်သိမ်းတို့ ကို ကိုသိုလ်တရားပွားများစေခြင်းငှာ
တရားဟောပေးသောသူ”

ဟု တွေ့ ရပါသည်။

ထိုစကားသည် ”အဆွေခင်ပွန်းကို မပြစ်မှားသောသူသည်အစားအစာပေါများ၏။ အရပ်တစ်ပါးသို့ ရောက်သော်လည်းစီးပွားချမ်းသာ မယုတ်။ သူခပ်သိမ်းတို့ ၏မှီခိုအားထားရာဖြစ်မည်”ဟူသော မူရင်းစကားကို ချဲ့ ထွင်ဆိုထားသော စကားဖြစ်ပါသည်။

ခင်ပွန်းဆယ်ပါး ရေတွက်ပုံမှာ တောင်တွင်းနှင့် မင်းပူး အကွဲအလွဲမရှိပါ။

(၃)
ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါ စ၊
အရဟန္တာ အဂ္ဂသာဝကာ။
မာတာ ပိတု ဂုရု သတ္တာ
ဓမ္မဒေသနာ စ ဒါယကာ။
ဣမေဒသ မဟာဂုဏေ
အဟဲ ဝန္ဒာမိ သဗ္ဗဒါ။

ခင်ပွန်းဆယ်ပါးရှိလျှင် ခင်ပွန်းဆယ်ပါး ရှိခိုးဂါထာကလေးလည်းရှိမှကောင်းမည်။ဤသို့ စိတ်ကူးမိသော ပညာရှိသည် ခင်ပွန်းဆယ်ပါး ရှိခိုးလင်္ကာကို အလျင်အမြန် သီဖွဲ့ ခဲ့လိမ့်မည်။

ခင်ပွန်းဆယ်ပါး ရှိခိုးဂါထာသည် ခင်ပွန်းဆယ်ပါး အယူအဆကိုအသေအချာ အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပါသည်။ ခိုင်ခံ့သည်ထက်ခိုင်ခံ့အောင် ပြုလိုက်ခြင်းလည်းဖြစ်ပါသည်။ ခင်ပွန်းဆယ်ပါးကို ငါးပါးသီလကဲ့သို့ ၊ ဂုဏ်တော်ကိုးပါးကဲ့ သို့ တိကျသော အရေအတွက်ရှိအောင် လုပ်လိုက်ခြင်းလည်းဖြစ်နေပြန်ပါသည်။

(၄)
ခင်ပွန်းဟူသည် “ပွန်းပွန်းတီးတီး ခင်မင်ရမည့်သူ” ဟူ၍အဓိပ္ပါယ်ရှိပါသည်။မိန်းမတို့ အတွက် ပွန်းပွန်းတီးတီး (လက်ပွန်းတတတီး)ခင်မင်ရမည့်သူမှာလင်ယေက်ျားဖြစ်သည်။ ထို့ ကြောင့်လင်ယေက်ျားကို ခင်ပွန်းဟုခေါ်သည်။အကယ်၍ မောင်နီသည် မောင်ဖြူအတွက် ခင်ပွန်းဖြစ်သည်။အမှန်တော့ အရင်းနှီးဆုံးသော မိတ်ဆွေကို ခင်ပွန်းဟု ခေါ်ခဲ့ကြဟန်ရှိပါသည်။

ခင်ပွန်းဟူသော ဝေါဟာရသည် မြန်မာစကား ပီပီသသ နှင့် ထိမိ၍ လှပသောဝေါဟာရဖြစ်ပါသည်။ သို့ သော် သူသည်လည်းရွေ့ လျားပြောင်းလဲမှုဓမ္မသဘောကို လွန်ဆန်နိုင်သည်မဟုတ်ပါ။ စာပေနှင့် ဘာသာစကားတွင်သူယူခဲ့သော နေရာတော်တော်များများကို “မိတ်ဆွေ” အားပေးလိုက်ရပါသည်။“မိတ်ဆွေ” နှင့် ပူးတွဲကာ “အဆွေခင်ပွန်း” ဟုသုံးစွဲကြပါသေးသည်။သို့ သော် “ခင်ပွန်း” တဖြည်းဖြည်းအမှောင်ဘက်ရောက်သွားသည်။“လင်ယေက်ျား” သည် “ခင်ပွန်း” ကိုနောက်ဆုံးကယ်တင်သူဖြစ်ပါသည်။

ဇနီးမယားတိုင်းက လင်ယေက်ျားကို မိမိ၏ ခင်ပွန်းအဖြစ်သတ်မှတ်ကြသည်။ထိုအခါ အမျိုးသမီးတို့ ၏အမျိုးသား မိတ်ဆွေများကို “ခင်ပွန်း” ဟုမသတ်မှတ်ရဲတော့။ ဤသို့ ဖြင့် ခင်ပွန်းသည် ကျပ်တည်းသော ဝေါဟာရဖြစ်လာခဲ့သည်။ အသုံးနည်းသော ဝေါဟာရ ဖြစ်လာခဲ့ပါသည်။အသုံးနည်းသော မူရင်းအဓိပ္ပါယ်လည်း ငုပ်လျှိုးကွယ်ပျောက်ခဲ့ရပါသည်။

သတ္တနိပါတ် ၊ အဂုင်္တ္တိုရ်တွင် ခင်ပွန်းအင်္ဂါ ခုနှစ်ပါး ပြဆိုထားသည်။ယင်းတို့ မှာ –

၁ – ပေးနိုင်ခဲသော ဝတ္တုကိုပေးခြင်း
၂ – ပြုနိုင်ခဲသော အမှုကိုပြုခြင်း
၃ – သည်းခံနိုင်ခဲသော အမှုကို သည်းခံခြင်း
၎ – လျှို့ ဝှက်သောအမှုကို လျှို့ ဝှက်ခြင်း
၅ – ထင်စွာပြုအပ်သောဂုဏ်ကို ထင်စွာပြုခြင်း
၆ – ဘေးရန်ရှိသောကလ မစွန့် ခြင်း
၇ – ဥစ္စာမရှိ ကုန်ခန်းခဲ့သော်လည်း မထီမဲ့မြင်မပြုခြင်း

ဟု ဖြစ်ပါသည်။

စိတ်ထားမြင့်မြတ်သူတို့ သာ အဆွေခင်ပွန်းကောင်းဖြစ်နိုင်ပါသည်။များစွာသော သူတို့ သည် အဆွေခင်ပွန်းတို့ ၏ကျင့်ဝတ်အင်္ဂါများနှင့်ပြောင်းပြန်ကျင့်ကြပါသည်။ ပေးနိုင်ခဲသော ဝတ္တုကို မပေး။
မယူသင့်သော ဝတ္တုကိုပင် အရယူချေသးသည်။ထိုသို့ သော ပြောင်းပြန်အကျင့်များကြောင့် ခင်ပွန်း၏ အဓိပ္ပါယ်ကလည်းတလွဲဆောင်လာသည်။

မှန်ပါသည် ။ မုံရွေးဆရာတော်၏ မုံရွေးမှတ်စုတွင် “သူ့ ကိုခင်လျှင်ကိုယ်ကပွန်းသောကြောင့် ခင်ပွန်း ခေါ်ကြကုန်၏” ဟု တွေ့ ရပါသည်။ယင်းအဓိပ္ပါယ်ဖြင့် ခင်ပွန်းဆယ်ပါးကို နားလည်မှုလွဲခဲ့သော် … ။

မဖြစ်သင့်တာကို မတွေးဘဲနေတာ ကောင်းပါသည်။

(၅)
သွေးတော်စပ်မှုကြောင့် ခင်ပွန်းဖြစ်သည် မဟုတ်။ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုယူ၍ ခင်ပွန်းဖြစ်သည်မဟုတ်။ခင်ပွန်းကျင့်ဝတ် ရှိသူတိုင်းကို ခင်ပွန်းဟု သတ်မှတ်နိုင်စရာအကြောင်း
တော့ရှိပါသည်။ သို့ ရာတွင် ယင်းသည် ခင်ပွန်းအရေအတွက် သရုပ်သင်္ချာကို ရှုပ်ထွေးစေပါသည်။ ခင်ပွန်းဆယ်ပါး၊ ခင်ပွန်းဆယ့်နှစ်ပါး၊ခင်ပွန်းအပါးနှစ်ဆယ် စသည်ရေတွက်၍ဖြစ်နိုင်ပါသည်။ ရေတွက်၍မရဟု ဆိုလာလျှင်လည်း ငြင်းနိုင်မည်မဟုတ်ပါ။သို့ ဖြစ်လျှင် ခင်ပွန်းဆယ်ပါးဟု အဘယ့်ကြောင့် သတ်မှတ်ခဲ့ပါသနည်း။

ခင်ပွန်းဆယ်ပါး ၊ ခင်ပွန်းကြီးဆယ်ပါးဟုအဘယ်ကြောင့် သတ်မှတ်ခဲ့သည်ထက်အဘယ်သူက သတ်မှတ်ခဲ့သည်ဟု ဆန်းစစ်ခြင်းကအမှန်တရားကို ဖော်ထုတ်ရာ၌ အထောက်အကူပိုရပေလိမ့်မည်။

ခင်ပွန်းဆယ်ပါးကို ဘုရား သတ်မှတ်ခဲ့သည် မဟုတ်ပါ။ထေရဝါဒ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးဦး(မြန်မာနိုင်ငံက ဖြစ်နိုင်ပါသည်)ကဥာဏ်တော်ကွန့် မြူးထားခြင်းဖြစ်ပါသည်။

ဘုရားဟောမဟုတ်လျှင် ခြွင်းချက်ရှိတတ်သည့် ဓမ္မတာအတိုင်းခင်ပွန်းဆယ်ပါးတွင်လည်း ခြွင်းချက်ရှိနေပါသည်။လုံးတော်ဆရာတော်ဘုရားကြီးက “ကျမ်းဂန်၌ ခင်ပွန်းဆယ်ပါး ဟူ၍မလာသော်လည်း ဤဆယ်ပါးကို ခင်ပွန်းမဟုတ်ဟူ၍လည်းမဆိုရ။ အကယ်၍ဤဆယ်ပါးသာ ခင်ပွန်းဖြစ်ခဲ့အဲ့။ မဟာသာဝကတို့ သည် ခင်ပွန်းမဟုတ်ဟုဆိုရန်ရှိ၏။   ထို့ ကြောင့် ခင်ပွန်းဆယ်ပါးမဟုတ်။ အများပင်ဟူ၍မှတ်ရာ၏”ဟု ခြွင်းချက်ကို ထောက်ပြဝေဖန်ကာ အမှန်ကိုတင်ပြခဲ့ဖူးပါသည်။သို့ ရာတွင် သတိမမူမိကြပါ။

မုဂပက္ခမည်သော တေမိဇာတ်တော်တွင် ခင်ပွန်းအားမပြစ်မှားသောသူတို့ အား ရရာသောအကျိုးကို ဟောတော်မူသောအရာ ၁၀ ဂါထာဟူ၍သာကျမ်းဂန်လာသည်။ ခင်ပွန်း ၁၀ ပါးဟူ၍ ကျမ်းဂန်မရှိ။

လုံးတော်ဆရာတော်သည် ခင်ပွန်းဆယ်ပါးကို အခိုင်အမာငြင်းဆိုပယ်ဖျက်ခဲ့ပါသည်။သို့ ရာတွင် ခင်ပွန်း ၁၀ ပါးသည် အဖြူပေါ်ကျလာသောအစွန်းအထင်းတစ်ခုကဲ့သို့ လွယ်လွယ်ဖြင့် ပယ်ဖျက်၍မရပါ။ တင်ကျန်မြဲတင်ကျန်လျက်ရှိပါသည်။ လုံးတော်ဆရာတော်၏ စကားကို သတိမမူမိသောသူတို့ က ထိုအစွန်းအထင်းကို အလှအပဟု မြင်နေကြပါသေးသည်။

(၆)
အချို့ သောအရာများကို ကန့် သတ်မှကောင်းသည်။ အချို့ သောအရာများကိုမကန့် သတ်မှ ကောင်းသည်။ခင်ပွန်းသည်မကန့် သတ်မှ ကောင်းသောအရာဖြစ်ပါသည်။ထို့ ကြောင့်ဘုရားရှင်က ခင်ပွန်းဆယ်ပါးဟု မကန့် သတ်ခဲ့ပါ။ခင်ပွန်းဆယ်ပါးကို တွေ့ လျှင် အနည်းဆုံး စိတ်ထဲကလက်မခံဘဲ ငြင်းဆိုဖို့ သင့်သည်။အခွင့်သာလျှင် ရှင်းလင်းတင်ပြသင့်သည်။ ခင်ပွန်းကြီး ဆယ်ပါးအား ရှိခိုးပါ၏ …
ဟု အဆန်းအပြားနှင့် တခမ်းတနားကြီး လုပ်မချသင့်ပါ။

မောင်လှိုင်မွှေး

—————————————–

ခင်ပွန်းကြီး ၁၀ပါးအကြောင်းရေးပြီးတာနဲ့  နောက်ဆက်တွဲလေးရှိသေးတာမို့ မသိသေးသူများ သိရအောင် ကျနော်ကိုယ်တိုင် ရိုက်ပြီးတင်ပေးလိုက်ပါတယ် …
ကော်ပီဆိုပေမယ့် အလုပ်တွေများနေတဲ့ကြားက ကျနော်ကိုယ်တိုင် အချိန်ကုန်ခံ စာရိုက်ထားတာပါ …

မည်သည့်ရည်ရွယ်ချက်မှ မရှိပါ

ခင်ပွန်းကြီးဆယ်ပါးအကြောင်းနှင့် ဒီ ပိုစ့်လေးကို ဗဟုသုတအနေဖြင့်သာရေးသားခြင်းဖြစ်ပါသည်။

စေတနာများစွာဖြင့်

ရေးမိရေးရာလေးများ

အေးချမ်းမွန်မှ ရေးမိရေးရာလေးများ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရိုဟင်ဂျာသားသားလေးရဲ့ ရင်ဖွင့်သံ

Tim Cahill
ကျွန်တော့် သူငယ်ချင်းတွေထဲမှာ မွတ်စလင်က ၁၇၀ ကျော် ၊ မြန်မာနိုင်ငံမှာနေတာက ၇၀ နီးပါး ။ ဒါဟာ အလွန်ကို များတဲ့ လူဦးရေပါ ။

ကျွန်တော်ဘာကြောင့် အဲသလိုလုပ်လဲဆိုတော့ ပြေနေတဲ့ ၀ါးစည်းကိုပြန်စုပေးလိုက်တာပဲ ။

ဒီလိုမျိုးသာ ဒုက္ခရောက်နေတဲ့ မွတ်စလင်တွေကိုအခုလိုမျိုး တစ်စုတစ်စည်းတည်း ကူညီနိုင်မယ်ဆိုရင် တော့ အတိုင်းထက်အလွန်ပေါ့ ။
ဒီလိုမျိုး တစ်စုတစ်စည်း တည်း အမှန်တရားဘက်ကနေ ရပ်တည်ပေးမယ် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး ။

အဓိက ကဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ အစ္စလာမ် စိတ်ဓာတ်ပျောက်ကွယ်နေခြင်းပဲ ။ အားလုံးက စည်းလုံးနေဖို့လိုတယ် ။ တစ်ခြား ဘာသာဝင်တွေသူတို့ လူတစ်ယောက်ကို ထိရင် ဘယ်လိုတုန့်ပြန်တယ် ဆိုတာ မြင်ဖူးတယ်မဟုတ်လား ။

ကျွန်တော်တို့လည်း မွတ်စလင်တစ်ယောက်ကို ထိရင် သွေးက ပူနေရမယ် ။
လူသတ်ဖို့ပြောနေတာ မဟုတ်ဘူး ။ မတရားအလုပ်မခံရဖို့ တတ်နိုင်သမျှ ပြန်ဖြေရှင်းခိုင်းနေတာ ။

အခုက မွတ်စလင် အယောက် ၁၀၀ အသတ်ခံရလည်း ဘာမှ မနာ ။
မတရား အလုပ်ခံနေရလည်း တစ်ခွန်းမှ မဟရဲ ။ အဲဒီလို မွတ်စလင် ဟာ ရှက်ဖို့ ကောင်းတယ် ။ တမန်တော်မြတ်ရဲ့ နောက်လိုက်တွေဖြစ်ပြီးတော့အစ္စလာမ်ကို လည်း မစောင့်ရှောက်နိုင် ၊ ကိုယ့် မွတ်စလင်ညီနောင်တွေကိုလည်း မကာကွယ်နိုင်ဆိုရင်တော့ ငါဟာ ဘာမွတ်စလင် လဲဆိုတာ ကိုယ့် ကိုကိုယ် ပြန်မေးကြည့်လိုက် ။

အခု တွေ့နေရတာက ဒုက္ခရောက်နေတဲ့ မွတ်စလင် တွေကို ကူညီဖို့ မပြောနဲ့ မတရား လုပ်ခံနေရတာကိုတောင် မှ ပြန်ပြောဖို့ သတ္တိမရှိကြဘူး ။

ကျွန်တော်က ဒီပေါ်မှာ လာပြီးတော့ အသံကောင်းဟစ်နေတာမဟုတ်ဘူး ။
အပြင်မှာလည်း ကိုယ့် ညီနောင်တွေအတွက် အလုပ်တွေအများကြီး လုပ်ပေးနေတဲ့သူ ။

ကျွန်တော် ရခိုင်ပြဿနာ ဖြစ်တုန်းက ဂိမ်းဆိုင်တစ်ခုမှာ လူငါးယောက်နဲ့ကျွန်တော်တစ်ယောက်ထဲ ရိုဟင်ဂျာ ကိစ္စကို အငြင်းအခုံလုပ်ဖူးတယ် ။
ကျွန်တော်က အမှန်တရားအတွက်ဆိုရင် ဆွေးနွေးဖို့ ၀န်မလေးဘူး ။

အစ္စလာမ်ကို လာစော်ကားရင်လည်း နေရာမရွေး ကျွန်တော် ဖြေရှင်းနိုင်တယ် ။

အဲဒီလို သတ္တိမွေးထားကြ ။ မတရား အလုပ်ခံနေရရင် နှုတ်ဆိတ်မနေနဲ့ ။
တတ်နိုင် သမျှ ဖြေရှင်း ကြ ။

သူတို့ အထင်လွဲနေတာကို ကိုယ့်အမှန်တရားကို ဖြေရှင်းဖို့ ကြောက်မနေကြနဲ့ ။

အခုက လူသတ်ဖို့ စည်းရုံးနေတာ မဟုတ်သလို ၀ါဒဖြန့်နေတာလည်း မဟုတ်ဘူး ။ စည်းလုံးကြဖို့ ၊ အမှန်တရားကို ဖော်ထုတ်ကြဖို့ ၊ ဒုက္ခရောက်နေသူတွေကို ကူညီကြဖို့ ၊ အမှန်တရား ဘက်ကနေ မားမား မတ်မတ် ရပ်တည် ရဲ ဖို့ကို ပြောနေတာ ။

ကျွန်တော့်ကို မတရား ပြောလာတဲ့ မွတ်စလင် ညီအစ်ကို တွေရှိတယ် ။
အခုကျွန်တော်ပြောနေတာတွေဟာ ခင်ဗျား တို့ ကိုယ်တိုင် ဒုက္ခရောက်မှ သိလိမ့်မယ် ။

မစ်ရှီဂန်မှပေးသောစာ – ၃၉

မစ်ရှီဂန်မှပေးသောစာ – ၃၉

အောင်ဝေး

ဒီဇင်ဘာ ၂၊ ၂၀၁၀

 

မျိုးဆက်သစ် လူငယ်များ –
ကျော်ကိုကို၊ ဟန်နီဦး၊ စည်သူမောင်
ဒီငြိမ်းလင်း၊ နန့်ဇိုရာဖန်း၊ ဝေနှင်းပွင့်သုန်

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ဒီတစ်ခါတော့  ကျနော်တို့ လူငယ်ဘ၀က အကြောင်းတွေနဲ့ ဒီကနေ့ လူငယ်တွေ အကြောင်း စဉ်းစား တွေးတောမိတာလေး တချို့ ခင်ဗျားကို ပြောကြည့်ချင်လာတယ်။

တစ်ခါတုန်းကတော့  ကျနော်တို့လည်း ငယ်ခဲ့ကြဖူးတာကိုး ကိုဒေါင်းရဲ့။ သမိုင်းရဲ့ သံကြိုးကွင်းဆက် သဘောတရားနဲ့ ပြောရရင်၊ အခုလက်ရှိ ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့ ၂၀၀၇ ရွှေဝါရောင် ဗကသ မျိုးဆက် မတိုင်ခင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ရှစ်ဆယ့်ရှစ်-ရှစ်လေးလုံး အရေးတော်ပုံ ကျောင်း သားမျိုးဆက်၊ အဲဒီ မတိုင်ခင်က ၁၉၇၄-၇၅-၇၆ အလုပ်သမား၊ ဦးသန့်၊ ရွှေတိဂုံ၊ မိုင်းရာပြည့် စတဲ့ အရေးအခင်းတွေဆီက ကျနော်တို့ မျိုးဆက်၊ ကျနော်တို့ မတိုင်ခင်က ၁၉၆၂ ဆဲဗင်းဂျူလိုင် မျိုးဆက်၊ စတဲ့-စတဲ့ မျိုးဆက် ရေစီးကြောင်းကြီးကို ထင်ထင်ရှားရှား တွေ့ရလိမ့်မယ် ကိုဒေါင်း။

၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နောက်ပိုင်း ၇၀ ခုနှစ်တွေမှာ  တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ မျိုးဆက်ခေတ်ဟာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေ တင်းကျမ်းပြည့်၊ လှိုင်းထန် လှုပ်ရှားခဲ့တာ လူတိုင်းအသိပါ။ ဒီမျိုးဆက်ဟာ  သမိုင်းမှာ အထိအနာဆုံး မျိုးဆက်ဖြစ်ခဲ့တယ်လို့လည်း ဆိုကြတယ် မဟုတ်လား။ ဒီမျိုးဆက်ခေတ်မှာ ကျောင်းသားတွေအမြောက်အမြား ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ ကျောင်းသားတွေ အများအပြား အကျဉ်းထောင်တွေထဲကို ရောက်ခဲ့ကြရတယ်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်။

အခု NLD က ခွဲထွက်ပြီး သီးခြားပါတီထောင် ရပ်တည်နေတဲ့  ကိုကြည်ဝင်း-ဦးကြည်ဝင်း ဆိုရင် ကျနော်တို့ မျိုးဆက်ထဲကပါ။ ကိုကြည်ဝင်းဟာ  ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်းမှာ ဦးဆောင်ခဲ့တဲ့ ထိပ်တန်း ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ။ ဆိုပါတော့၊ အဲဒီ ဦးသန့် အရေးအခင်းတုန်းက ကိုကြည်ဝင်းနဲ့ အတူပဲ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ခဲ့ကြတဲ့ ကိုမောင်မောင်တိတ်- ကိုတိတ်ကြီး ဆိုရင် အခု လွတ်မြောက်နယ်မြေက ABSDF ကျောင်းသား တပ်မတော်မှာ ရှိနေတယ်။ ကိုစောလှငွေ ဆိုရင် အခု ဗိုလ်မှူးကြီးစောလှငွေ အဖြစ်နဲ့ KNU ကရင် အမျိုးသား အစည်းအရုံးမှာ အတွင်းရေးမှူး ဖြစ်နေတယ်။

၁၉၈၈ – ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်က အဲဒီ ၇၄-၇၅-၇၆ ထောင်ထွက် ကျောင်းသား ခေါင်းဆောင်တွေဟာ  မဆလ အစိုးရ ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှု UG အလုပ်တွေ ဆက်လုပ်ခဲ့ကြတယ်။ UG ပေါက်လို့ ပြန်အဖမ်းခံရတဲ့ သူတွေလည်း အဖမ်းခံရတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာတဲ့ အခါ အဲဒီ ၇၄-၇၅-၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေဟာ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်လာကြတဲ့  မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ကို အနီးကပ် ၀ိုင်းရံပေးခဲ့ကြတယ်။

ဆိုပါတော့၊ ၁၉၈၈ခုနှစ်၊ သြဂုတ်လ၂၇ရက်၊ ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင်ရင်ပြင်မှာ  ကျင်းပတဲ့  ကိုမင်းကိုနိုင်တို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည် ဖွဲ့စည်းတဲ့ အခမ်းအနားမှာ  မိန့်ခွန်းပြောသူ တစ်ဦးကတော့  ဘိုကလေးဦးလှရွှေပါ။ သူဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် ဗကသ – တကသ ကျောင်းသားခေါင်းဆောင် ကိုလှရွှေပေါ့။

ကိုဒေါင်းကြီး၊ မျိုးဆက်ဆိုတာ သမိုင်းသံကြိုးကွင်းဆက် သဘောတရားအတိုင်း အဲဒီလို မျိုးဆက် တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက် သယ်ဆောင်သွားခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ကတည်းက နီရဲချွန်မြခဲ့တဲ့ ခွပ်ဒေါင်းအစဉ်အလာဟာ  ဒီကနေ့အချိန်အထိ ရာဇ၀င် အဆက်ဆက် ထက်မြက် ရှင်သန်နေဆဲပဲ မဟုတ်လား ကိုဒေါင်း။

အရင်တုန်းက ၇၀ ခုနှစ်တွေမှာ တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ ၇၄-၇၅-၇၆ တိုက်ပွဲဝင် မျိုးဆက်ဟာ အထိအနာဆုံးလို့ အထင် ရောက်ခဲ့ကြဖူးတယ်။ အခုတော့ ဒီအထင်ဟာ မှားသွားပြီ ကိုဒေါင်း။ ကျနော်တို့နောက် မျိုးဆက်တွေကမှ ကျနော်တို့ထက် ပိုပြီး အထိနာခဲ့တယ် ဆိုတာ ဒီကနေ့ တွေ့နေရပြီ မဟုတ်လား ကိုဒေါင်း။

ကိုမင်းကိုနိုင်တို့မျိုးဆက်ဟာ  ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့ အချိန်တုန်းကလည်း အကျဉ်းထောင် အသီးသီးမှာ  နှစ်ပေါင်း ၂၀ လောက်စီ နေခဲ့ကြရတယ်။ သူတို့ ပထမ တစ်ကြိမ် ထောင်ကပြန်လွတ်လာပြီး သိပ်မကြာလိုက်ဘူး၊ နောက်တစ်ခါ ဒုတိယအကြိမ်အနေနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး မတိုင်ခင်မှာ သူတို့ အားလုံး ပြန်အဖမ်းခံရပြီး၊ အခု နယ်ဝေးထောင်တွေထဲမှာ အနှစ် ၆၀ ကျော် ၇၀ အကျဉ်းကျခံနေရပြန်ပြီ။

သူတို့မျိုးဆက်လောက် အထိနာတဲ့ မျိုးဆက် မြန်မာပြည်မှာ ရှိနိုင်ပါဦးမလား ကိုဒေါင်းရယ်။ ဒီလိုပဲ သူတို့ ကိုမင်းကိုနိုင်တို့ မျိုးဆက်နောက်မှာ ပေါ်ထွန်းလာတဲ့  ဗကသ မျိုးဆက်သစ်တွေ ဖြစ်ကြတဲ့  ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့၊ ဟန်နီဦးတို့ ဆိုရင်လည်း အခုအချိန်မှာ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ နယ်ဝေး အကျဉ်းထောင် အသီးသီးမှာ ရောက်နေတာပဲ  မဟုတ်လား။

တံတားအောက်မှာ  မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ ကိုဒေါင်း။ မျိုးဆက်တွေလည်း တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလို့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြတုန်းပါ။ မျိုးဆက်ဟောင်းတွေ အကျဉ်းထောင်ထဲရောက်၊ အဝေးရောက် ဖြစ်နေတဲ့ အချိန်မှာ၊ မျိုးဆက်သစ်တွေက ပြည်တွင်းမှာ၊ ပြည်ပမှာ ရဲရဲရင့်ရင့် ပေါက်ဖွားလာနေကြတုန်းပါ။

လူငယ်ဆိုတာ အသက်ငယ်တိုင်းကို လူငယ် ခေါ်တာ မဟုတ်ဘူး။ မျိုးဆက်သစ်ရဲ့ အဓိပ္ပာယ်ဟာ  တော်လှန်တဲ့ သမိုင်းအစဉ်အလာကို ဆက်ခံနိုင်စွမ်းရှိတဲ့ လူငယ်တွေကိုပဲ ဆိုလိုတာပါ။ လူက ငယ်ပေမဲ့ သမိုင်းသိစိတ်မရှိဘူး၊ တော်လှန်တိုးတက်တဲ့ အရိပ်လက္ခဏာ မတွေ့ဘူး၊ ပိုဆိုးတာက ဖောက်ပြန်တဲ့ အင်အားစုဘက်မှာလည်း ရောက်နေမယ်ဆိုရင် အဲဒီလိုလူငယ်မျိုးကိုတော့  မျိုးဆက်သစ်လို့ လုံးဝ မခေါ်ထိုက်ပါဘူး။

အခုအချိန်မှာ  ရဲရဲတောက် တိုက်ပွဲဝင်နေတဲ့  ပြည်တွင်းက NLD လူငယ်တွေဟာ  မျိုးဆက်သစ်ရဲ့ အကောင်းဆုံး ပြယုဂ်ပါပဲ။ ကျဆုံးသွားတဲ့ တိုင်းရင်းသားခေါင်းဆောင် ဖထီးပဒိုမန်းရှာရဲ့ သမီး နန့်ဇိုရာဖန်း၊ အထိန်းသိမ်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီး မဝေနှင်းပွင့်သုန်၊ သူတို့လို လူငယ်တွေဟာလည်း ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးမျိုးဆက်သစ် ပြယုဂ်တွေပါပဲ။

လူငယ်အားလုံးကို လေးစားယုံကြည်လျက်-

အောင်ဝေး
အောက်တိုဘာ ၁၂-၂၀၁၀