Archives

သိန်းစိန်-အောင်မင်းဂိုဏ်းရဲ့ အကြံအဖန်လှိုင်း အလိမ်ညာမှိုင်းကို မီးအိမ်ရှင်မလေး ဒေါက်တာစင်သီယာမောင်က ဖွင့်ချခြင်း

မြန်မာနိုင်ငံပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် မယ်တော်ဆေးခန်းဝန်ထမ်းအဖွဲ့တို့ တွေ့ဆုံမှုအပေါ် သဘောထားထုတ်ပြန်ကြေညာချက်

(စက်တင်ဘာ ၁၅ ရက် ၂၀၁၂ ခုနှစ်)

အနှစ်ချုပ်

ဇွန်လ နှင့် သြဂုတ်လများတွင် သမတရုံးဝန်ကြီးဌာန ဝန်ကြီး(တွေ့ဆုံစဉ်ကမီးရထားဝန်ကြီး) ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် အပါအဝင် အခြားသောမယ်တော်ဆေးခန်းဝန်ထမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ ဝန်ကြီးနှင့်အဖွဲ့သည် မယ်တော်ဆေးခန်း သို့လည်း အလည်အပတ်လာရောက်ခဲ့ပြီး ပြုလုပ်ခဲ့သောအစည်းအဝေးများသည် အလွတ်သဘောသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ဒေါက်တာစင်သီယာမောင်သည် ဦးအောင်မင်းအဖွဲ့နှင့် ဆွေးနွေးလိုသည့် အဓိကအကြောင်းအရာ (၃) ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။

  • ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ရန်၊ အထူးသဖြင့် မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြား လူနာလွဲပြောင်းမှုစနစ် (Referral System) လိုအပ်နေမှု။
  • ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာပြည်သားမိဘများမှ မွေးဖွားလာသောကလေးသူငယ်များ နိုင်ငံမဲ့ဖြစ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများ ရှာဖွေချမှတ်ရန်၊ အထူးသဖြင့် မြန်မာနိုင်ငံသားမိဘများမှ မယ်တော် ဆေးခန်းနှင့် မဲဆောက်ဆေးရုံတို့တွင် မွေးဖွားခဲ့သောကလေးသူငယ်များ၏ နိုင်ငံသားခံယူခွင့်ရရှိရန် လိုအပ်နေမှု။
  • ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများအတွက် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်အလိုက် တတ်ကျွမ်းမှုများအပေါ် တရားဝင် အသိအမှတ်ပြုမှုရရှိရန် လိုအပ်နေမှု။

ဤအချက် (၃) ချက်ကို ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသည့်အပြင် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့မှ သတင်းဌာနများသို့ ဒေါက်တာစင်သီယာမောင် မြန်မာပြည်တွင် ဆေးရုံပြန်လည် ဖွင့်လှစ်မည်ဟု အဓိပ္ပါယ်သက်ရောက်စေသည့် တရားဝင်မဟုတ်သည့် ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အများပြည်သူများအကြား နားလည်မှုလွဲမှားခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။ ဒေါက်တာစင်သီယာ မောင်သည် မြန်မာပြည်အတွင်းတွင် တရားဝင် ဆေးရုံတည်ထောင်ရန် ရည်ရွယ်ချက် လုံးဝမရှိသေးပေ။ ထို့ပြင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (ethnic health organisations) နှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ (community-based organisations) ၏ ကျန်းမာရေးလုပ်ငန်းများအပါအဝင် ရှိထားပြီးသောကျန်းမာရေးအဆောက်အအုံများကို အရည်အသွေးတိုးမြှင့်ပေးရန်နှင့် ပိုမိုခိုင်မာလာအောင် ပြုလုပ်ရန် အစိုးရတွင် အဓိက တာဝန်ရှိသည်ဟု မယ်တော်ဆေးခန်းမှ ခံယူထားသည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ၏ ရှိပြီးသားကျန်းမာရေးဝန်ဆောင်မှုပစ္စည်းများနှင့် နယ်လှည့်ကျန်းမာရေးအဖွဲ့များမှတဆင့် ရရှိထားသောအတွေ့အကြုံများ၊ အများလက်ခံယုံကြည်မှုများနှင့် လုပ်နိုင်ခွင့်များသည် ထိရောက်ပြီး ပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုစနစ်တခုတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အရာများဖြစ်သည်။ သို့မှသာ မြန်မာပြည်သားများ “အားလုံးအတွက်ကျန်းမာရေး” Health for All ထောက်ပံ့ပေးခြင်းဆိုသောရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ ဤရည်ရွယ်ချက်ကို တိုင်းရင်းသားဒေသများတွင် စတင်အကောင်အထည်ဖော်ရန် လေးနက်သောဆွေးနွေးမှုများ ယနေ့အချိန်အထိ မရှိသေးပေ။ အထူးသဖြင့် တိုင်းရင်းသားဒေသအများအပြားတွင် ကျန်းမာရေးဝန်ဆောင်မှုများ ချဲ့ထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိသော ဒေသတွင်းကျန်းမာရေးဝန်ဆောင်မှုများကို အလေးထားအသိအမှတ်ပြု ထောက်ပံ့ပေးရမည်။ ဤဒေသတွင်းကျန်းမာရေးဝန်ဆောင်မှုများသည် မြန်မာပြည်အတွင်းရှိ ထောင်ပေါင်းများစွာသောပြည်သူများ၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသများတွင် နေထိုင်နေကြသော တိုင်းသားလူမျိုးများအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်အောင် မဖြစ်မနေပံ့ပိုးပေးရမည်။ လက်ရှိတွင် အသုံးစရိတ်အလွန်နည်းပါးပြီး ဗဟိုချုပ်ကိုင်မှု အလွန်မြင့်မားသောအစိုးရကျန်းမာရေးစနစ်အောက်၌ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပေ။

ဒေါက်တာစင်သီယာမောင် တင်ပြသည့် အကြောင်းအရာသုံးချက်မှာ ထိုသို့သောအခြေအနေများကို ကိုင်တွယ်ရန် အခြေခံကျသောကနဦးခြေလှမ်းများ ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုများ၊ မယ်တော်ဆေးခန်းဝန်ထမ်းများနှင့် အခြားမြန်မာပြည်မှ ကျန်းမာရေးလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံဆွေးနွေးမှုများအပေါ် မယ်တော်ဆေးခန်းအနေဖြင့် ကြိုဆိုပါသည်။ ထိုသို့သောကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်မည့်အပြင် မြန်မာပြည်သူများ အတွက် ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စစ်မှန်သောလက်တွဲလုပ်ဆောင်မှုများ ရှိလာလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ မိမိတို့အနေဖြင့် ဒေသတွင်းစီမံမှုဗဟိုပြုသော (Community-managed) အခြေခံကျန်းမာရေးဝန်ဆောင်မှုနည်းစနစ်ကို ဆက်လက်ထောက်ခံတောင်းဆိုသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှု အခွင့်အလမ်းများကို ချဲ့ထွင်နိုင်ရန် မိမိတို့၏ မိတ်ဆွေအဖွဲ့အစည်းများ၊ မြန်မာပြည်အရှေ့ပိုင်းတွင် လုပ်ကိုင်လျက်ရှိသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ (EHOs)၊ မဲဆောက်ဆေးရုံအပါအဝင် အခြားသော ထိုင်းနိုင်ငံကျန်းမာရေးဌာနများနှင့် အတူ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လိုပါသည်။ သို့သော် မယ်တော်ဆေးခန်းမှ အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်သော အကြောင်းအရာ (၃) ချက်အတွက် အဖြေရှာနိုင်ရန် ထိုသို့တွေ့ဆုံဆွေးနွေးမှုများသည် တရားဝင်ဖြစ်ပြီး အများပါဝင်မှုရှိကာ တိကျသော ဆွေးနွေးချက်အကြောင်းအရာများ၊ ခိုင်မာပြီးအချိန်သတ်မှတ်ချက်ရှိသော အဆိုပြုချက်များပါဝင်ရပါမည်။ ဤကနဦးဖြစ်စဉ်ကို မိမိတို့လူနာများနှင့် ဒေသခံရပ်ရွာလူထုအတွက် အကျိုးဖြစ်ထွန်း စေမည့် ခိုင်မာသောလုပ်ဆောင်ချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အစည်းအဝေးအသေးစိတ်

ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်သည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ နေ့လည်စာစားရင်း တွေ့ဆုံမှုပြုရန် ဖိတ်ကြားထားချက်အရ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ Wattana Village Resort တွင် ဝန်ကြီးဦးအောင်မင်းနှင့် အလွတ်သဘောတွေ့ဆုံရန် သွားရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် အလွန်တိုတောင်းခဲ့ပြီး ဒေါက်တာစင်သီယာ မောင်မှ အဓိကအကြောင်းအရာ (၃) ချက်ကို ငြိမ်းချမ်းရေးအဖွဲ့ထံ တင်ပြနိုင်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးခင်ရီ၊ Dawei Princess နှင့် Myanmar Egress ဦးဆောင်အဖွဲ့ဝင်များအပါအဝင် ဦးအောင်မင်းနှင့်အဖွဲ့သည် မယ်တော်ဆေးခန်းသို့ အလည်အပတ် လာရောက်ခဲ့သည်။ ဤနှစ်ကြိမ်တိုင် တွေ့ဆုံမှုသည် အလွတ်သဘောသာဖြစ်ခဲ့သလို ဆွေးနွေးချက်များအနည်းအကျဉ်းသာရှိခဲ့ပြီး တိကျသောဆွေးနွေးမှုများနှင့် ခိုင်မာသောရလာဒ်များ မရှိခဲ့သော်လည်း အလည်အပတ်လာရောက်မှုအပေါ် ဒေသခံ မီဒီယာများ၊ အာရှဒေသတွင်းမီဒီယာများနှင့် နိုင်ငံတကာမီဒီယာများမှ အလုံးအရင်းနှင့် ပြန်လည်ဖော်ပြ အစီရင်ခံမှုများ ရှိခဲ့သည်။

ဝန်ကြီးဦးအောင်မင်းမှ ဇနီးဖြစ်သူဒေါက်တာဝေဝေသာကို မယ်တော်ဆေးခန်းသို့ အလည်လိုက်လာစေလို၍ အစိုးရ အဖွဲ့၏ တောင်းဆိုမှုအရ သြဂုတ်လ ၅ ရက်နေ့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထို့ကြောင့် ဒေသတွင်းနယ်စပ်ဖြတ်ကျော် ပူးပေါင်းလုပ်ဆောင်မှုများအကြောင်း စတင်ဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဒေါက်တာစင်သီယာ မောင်မှ မြဝတီဆေးရုံမှ ဆရာဝန်များကိုပါ အစည်းအဝေးသို့ ဖိတ်ခေါ်ရန် တောင်းဆိုခဲ့သည်။ ဤအစည်းအဝေးသည် လည်း အလွတ်သဘောသာဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားခဲ့သော တက်ရောက်သူများ၏ အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ ဇွန်လ ၂၆ ရက်နေ့တွင် တင်ပြခဲ့သော အဓိကအကြောင်းအရာ (၃) ချက်အပေါ် ဒေါက်တာစင်သီယာမောင်မှ ထပ်မံတင်ပြခဲ့သည်။ နေ့လည်ထမင်းစားချိန်အပြီးတွင် ဦးအောင်မင်းနှင့်အဖွဲ့မှ ၎င်း၏ဇနီးကို လာကြိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်လည်း မီဒီယာများစွာမှ လာရောက်သတင်းယူနေခဲ့သည်။ ဤအလည်အပတ်လာရောက်မှုအပေါ် ဒေသခံထိုင်းအာဏာပိုင်များမှ များစွာသတိထားအာရုံစိုက်လာပြီး မေးခွန်းများစွာ မေးမြန်းလာခဲ့သည်။ ဒေါက်တာဝေဝေသာ၊ မြဝတီမှဒေါက်တာတဦး၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် တဦး၊ မဲဆောက်ဆေးရုံညွှန်ကြားရေးမှူးနှင့် မယ်တော်ဆေးခန်းတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် အစည်းအဝေးတခုကို မယ်တော်ဆေးခန်းမှ စီစဉ်ပြုလုပ်ခဲ့သည်။

အောက်ပါ အဓိကအကြောင်းအရာ (၃) ချက်ကို ဖြေရှင်းနိုင်ရန် များစွာသောလုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် ကျန်ရှိနေသေးသည်မှာ ဆွေးနွေးမှုများအရ ထင်ရှားနေသည်။

လွှဲပြောင်းမှုစနစ်

မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံတို့ တခုစီ၌ လက်ခံတာဝန်ယူပေးသော လူနာအရေအတွက်နှင့် တပ်ဆင်ထားရှိသော ပစ္စည်းကိရိယာများကို နှိုင်းယှဉ်ကြည့်သောအခါ မြန်မာအစိုးရ၏ဆေးရုံကို အရည်အသွေး မြှင့်တင်ရန်နှင့် ပစ္စည်းကိရိယာများထပ်မံတိုးချဲ့ထားရှိရန် လိုအပ်နေသည်မှာအထင်အရှားပင်ဖြစ်သည်။  လက်ရှိအချိန်တွင် မြဝတီဆေးရုံ၌ လူနာကုတင် ၅၀ သာရှိပြီး မွေးကင်းစကလေးငယ်များစောင့်ရှောက်မှုအတွက် ပစ္စည်းကိရိယာများ မရှိပေ။ ကေ့စ် (case) အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက မယ်တော်ဆေးခန်းမှ နှစ်စဉ် ကလေးငယ် ၃၀၀၀ ခန့်ကို မွေးပေးပြီး မဲဆောက်ဆေးရုံမှလည်း နှစ်စဉ်ကလေးငယ် ၃၀၀၀ ခန့်ကို မွေးပေးလျက်ရှိသည်။ မဲဆောက်ဆေးရုံမှ မွေးပေးသောကလေးတဝက်နီးပါးမှာ မြန်မာပြည်သားကလေးငယ်များ ဖြစ်သည်။ မြဝတီဆေးရုံမှ နှစ်စဉ် ကလေးငယ် ၁၂၀၀ ခန့်ကိုသာ မွေးပေးခဲ့သည်။ မြဝတီဆေးရုံမှ ကုသမှုမပြုနိုင်သောလူနာများကို မယ်တော်ဆေးခန်း (သို့မဟုတ်)မဲဆောက်ဆေးရုံသို့ ပို့လွှတ်သည်။ ထို့သို့ ပို့လွှတ်သော်လည်း လူနာလွှဲပြောင်းမှုစာရွက်စာတမ်းများ မပေးပို့သည့်အပြင် ဆေးရုံဆေးခန်းနှစ်ခုကြား နောက်ဆက်တွဲဆွေးနွေးမှုများလည်း မရှိပေ။ ထို့ကြောင့် ရပ်ရွာဒေသအတွင်းအဆင့်ဆင့် ချိတ်ဆက်လုပ်ဆောင်မှုများကို ခွင့်ပြုထားခြင်းမရှိသည်မှာ ထင်ရှားနေသည်။ ထိုင်းနိုင်ငံရှိဆေးရုံများနှင့် ဆက်သွယ်ရေး ပြုလုပ်ရာတွင် ဗဟိုမှတဆင့်သာ ပြုလုပ်နေရပြီး လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။

 

မွေးစာရင်း

ယနေ့အချိန်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့သည် ဤပြဿနာအပေါ် အမှန်တကယ်နားလည်သဘောပေါက်ခြင်း မရှိပေ။ လက်ရှိအစိုးရ၏ စည်းမျဉ်းစည်းကမ်းများသည် နယ်စပ်ရှိ နိုင်ငံမဲ့ကလေးငယ်များပြဿနာကို ဖြေရှင်းရာတွင် အတားအဆီးများစွာ ဖြစ်စေသည်။

ကျွမ်းကျင်ဝန်ထမ်းများကို တရားဝင်ထောက်ခံအသိအမှတ်ပြုမှု

ဒေါက်တာစင်သီယာမောင်သည် ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိကျင့်သုံးနေသော ကျန်းမာရေးလုပ်သားများအတွက် တရားဝင်အသိအမှတ်ပြုမှုစံနှင့် ၎င်းစံနှုန်းအဆင့်တခုစီတွင်ရှိသော ကျန်းမာရေးလုပ်သားများ ပံ့ပိုးပေးနိုင်သော ကျန်းမာရေးဝန်ဆောင်မှုအဆင့်များကို တင်ပြနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ အတွင်းရှိ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၏ တင်ပြချက်အပေါ် အားရကျေနပ်မှုရှိခဲ့ပြီး ခိုင်မာသောလုပ်ငန်းအစီစဉ်များ (သို့မဟုတ်) အဆိုပြုချက်များရေးဆွဲချမှတ်မှုနှင့် နောက်ဆက်တွဲလုပ်ငန်းအစီအစဉ်များ ချမှတ်ခြင်းအထိမရှိခဲ့သော်လည်း ၎င်းကိစ္စအတွက် ဖြစ်နိုင်ခြေရှေ့ဆက် ချိတ်ဆက်လုပ်ဆောင်မှုအပေါ် မှတ်ချက်ပြုသွားခဲ့သည်။

နိဂုံး

မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ချိတ်ဆက်၍ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံ အစိုးရ၏ ယခုကဲ့သို့ အစပြုကမ်းလှမ်းလာမှုအပေါ် မယ်တော်ဆေးခန်းမှ ကြိုဆိုပါသည်။ သို့သော်လည်း ဤရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ခိုင်မာသည့်ရလာဒ်များနှင့်တိုးတက်ဖြစ်ထွန်းမှုများ မရှိသေးပေ။ ဖြစ်စဉ် ရှေ့ဆက်ရွေ့လျားနိုင်ရန် မယ်တော်ဆေးခန်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ထားသော်လည်း အောက်ပါအခြေအနေများတွင်သာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

  • အနာဂတ်တွေ့ဆုံမှုများသည် တရားဝင်တွေ့ဆုံမှု ဖြစ်ရမည်။ ရှင်းလင်းစွာချမှတ်ထားသော တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများမှတဆင့် နှစ်ဦးနှစ်ဘက် သဘောတူညီထားသည့် ရှင်းလင်းသော အစည်းအဝေးအစီအစဉ် ရှိရမည်။
  • လူနာများအတွက် လျှို့ဝှက်ထားရန်လိုအပ်မှုအပေါ်ရှေးရှု၍လည်းကောင်း၊ အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အနှောက်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း အနာဂတ်အစည်းအဝေးများကို မည်သည့်အဖွဲ့၏ လွှမ်းမိုးမှုအောက်တွင်မှ မရှိသော ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကြားနေ နေရာ တခုတွင် ပြုလုပ်ရမည်။
  • ထိုအစည်းအဝေးများအကြောင်းကို မီဒီယာများတွင် ပြန်လည်ဖော်ပြမှုနှင့်စပ်လျဉ်းပြီး မယ်တော်ဆေးခန်းမှ ကြိုတင်သဘောတူညီထားမှု ရှိရမည်။
  • ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ အနာဂတ်အစည်းအဝေးများ တက်ရောက်မည့်သူများသည် မယ်တော် ဆေးခန်းမှ တင်ပြထားသော အဓိကဦးစားပေးအကြောင်းအရာ (၃) ခုကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော ကျောထောက်နောက်ခံနှင့် ရာထူးရှိသူများ ဖြစ်ရမည်။
  • လုံခြုံရေးနှင့် ပွင့်လင်းမြင်သာရေးတို့ကိုရှေးရှု၍ အစည်းအဝေးတက်ရောက်မည့်သူများ၏ နောက်ခံသမိုင်း ကြောင်းများနှင့် အစည်းအဝေးအတွင်း ၎င်းတို့၏အခန်းကဏ္ဍ နှင့်စပ်လျဉ်းသည့် အချက်အလက်များကို အစည်းအဝေးမပြုလုပ်မီ ကြိုတင်ဖလှယ်ထားရမည်။
  • ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် အနာဂတ်တွင်ပြုလုပ်မည့် အစည်းအဝေးများအတွက် ထိုင်းအာဏာပိုင် များထံမှ ကြိုတင်ခွင့်တောင်းမှု ပြုရမည်။ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် မယ်တော်ဆေးခန်းအနေဖြင့် အဆိုပါကြိုတင်ခွင့်တောင်းမှု တောင်းဆိုရန် သင့်လျော်မှု မရှိပေ။

မယ်တော်ဆေးခန်းအနေဖြင့် အနာဂတ်ဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်မှ တင်ပြခဲ့သောအကြောင်းအရာ (၃) ချက်အပါအဝင် အခြားသော မြန်မာပြည်သူများ နှစ်ပေါင်းများစွာရင်ဆိုင်နေရသော ပြဿနာအခက်အခဲများကို ဖြေရှင်းနိုင်မည့် ခိုင်မာသောခြေလှမ်းများကို အစပြုပေးနိုင်လိမ့်မည့်ဟု မျှော်လင့်မိပါသည်။ နိုင်ငံတော်အစိုးရသည် ဤအခွင့်အရေးကိုယူ၍ မယ်တော်ဆေးခန်းနှင့် မြန်မာနိုင်ငံအတွင်းရှိံ လူထုအခြေပြုလူမှုအသင်းအဖွဲ့များနှင့် စစ်မှန်သောပူးပေါင်းမှုနှင့်အတူ လက်တွဲဆောင်ရွက်မှုများပြုလုပ်ကာ တိုင်းပြည်နှင့် ဒေသတွင်းရှိ ပြည်သူ့ကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် နောက်တဆင့်တွေ့ဆုံဆွေးနွေးရန် အခြေအနေသဘောထားနှင့် စပ်လျဉ်းပြီး မယ်တော်ဆေးခန်းအနေဖြင့် သမတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်းနှင့် ကျန်းမာရေးဝန်ကြီးတို့ထံသို့ တရားဝင် တောင်းဆိုမှု ပြုလုပ်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးပါတီများထံသို့လည်း မယ်တော်ဆေးခန်း၏ ရပ်တည်မှုအပေါ် အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။

အနာဂတ်တွေ့ဆုံဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် ဒေါက်တာစင်သီယာမောင် တင်ပြခဲ့သော ကိစ္စရပ်များအတွက် တိုးတက်ဖြစ်ထွန်းမှုများယူဆောင်လာပေးလိမ့်မည်ဟု မိမိတို့မယ်တော်ဆေးခန်းမှ မျှော်လင့်ပါသည်။

မယ်တော်ဆေးခန်းသည် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် အလုပ်လုပ်နေသော ကျန်းမာရေးလုပ်သားများအား လေ့ကျင့်သင်ကြားပေးခြင်း နှင့် ကလေးငယ်များကိုကာကွယ်ခြင်း၊ အထူးသဖြင့် နိုင်ငံမဲ့ဖြစ်မှုမှ ကာကွယ်ရန်အတွက် စည်ရုံးမှုလှုံ့ဆော်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေသည့်အလျောက် ထိုသို့ မယ်တော်ဆေးခန်းကဝန်ဆောင်မှုပေးနေသော လူထု၏ဘဝများတိုးတက်ကောင်းမွန်လာစေရေးအတွက် အထက်တွင် ဖော်ပြထားသောကိစ္စရပ်များကို တိုးတက်အောင် လုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်သည်။

တိုင်းရင်းသားဒေသများတွင် နေထိုင်နေကြသော ပြည်သူများမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယုံကြည်မှု စတင်တည်ဆောက်နိုင်ရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (Ethnic Health Organizations) နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အမြန်ဆုံးစတင်လုပ်ဆောင်သင့်ပါသည်။ စစ်ဒဏ်အတွင်းကျရောက်နေသော တိုင်းရင်းသား ဒေသများတွင် အများပြည်သူမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပိုမိုယုံကြည်မှုရှိလာစေရန် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းသည်ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့၏ အဓိကလုပ်ဆောင်မှုအစီအစဉ် တစ်ခုအဖြစ် ထားရှိသင့်သည်။     ။

ဆက်သွယ်ရန်

ဒေါက်တာစင်သီယာမောင် (စက်တင်ဘာ ၁၈ မှ ၂၃ အထိ)

အမေရိကန်- +1 240 370 5908

အယ်သဝါး (ထိုင်းနိုင်ငံ)+66 810448521

ဗမာမွတ်စလင်မ်အစည်းအရုံးမှ သဘောထားထုတ်ပြန်

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေခဲ့သော အဓိကရုဏ်းများနှင့်ပတ်သက်၍

သဘောထားထုတ်ပြန်ခြင်း

B.M.A(Germany)၁။ ဇွန်လ(၅)ရက်၊ ၂၀၁၂ခုထုတ် အစိုးရသတင်းစာများက “မွတ်စလင်ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာမှုများ” ဟူသော ရေးသားချက်များဖြင့် သာမန်ရာဇဝတ်မှုတစ်ခုကို လူမျိုးရေး ဘာသာရေး မုန်းတီးမှု ပဋိပက္ခအသွင် ဖြစ်ပေါ်လာအောင် စတင်လှုံ့ဆော်ခဲ့သည်။

၂။ သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးက မှူးဇော်အမည်ဖြင့် “ဘင်္ဂလားဒက်ရှ်က ရိုဟင်ဂျာ လက်နက်ကိုင်တွေ ဗမာပြည်ထဲ ကျူးကျော်လာပြီဆိုသော မမှန်သတင်းမှစ၍ လူသားချင်းစာနာ ထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုကြောင်းက အလယ် ရခိုင်လူထုရဲ့ အသက်ကို အကာအကွယ်ပေးဖို့က အဆုံး” ၄င်း၏ Facebookမှ တာဝန်မဲ့ ဆက်တိုက်ရေးသား သွေးထိုးလှုံ့ဆော်လာခဲ့သည်။

၃။ ထို့နောက် အပြန်အလှန် စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများအပြင် သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်၏ မမျှမတ ဘက်လိုက် ကျင့်သုံးသည့် သတင်းများလည်း ရှေ့ဆင့် နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။

၎။ တစ်ဖန် တရားမဝင် ခိုးဝင်လာသူများကို ဆန့်ကျင်ရေးနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆက်ဆက်က အသိအမှတ်ပြုထားသော အစ္စလာမ်ဘာသာနှင့် နိုင်ငံသား မြန်မာမွတ်စလင်များကို ဆန့်ကျင်တိုက်ခိုက်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာသည်။

၅။ ပြည်တွင်းမီဒီယာ အချို့နှင့် Facebooks များက ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်ရေးများကို ထွေးရောယှက်တင် ဖေါ်ပြနေကြသော်လည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများ၊ အိုအိုင်စီ(OIC)၊ မွတ်စလင်နိုင်ငံများက ပြည်သူများနှင့် ကုလသမဂ္ဂစသည်တို့က လူနည်းစု အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများ နှိပ်စက်သတ်ဖြတ်မှု ခံနေရသော သတင်းများအပေါ်တွင် စိုးရိမ်မကင်းဖြစ်ကြကြောင်း ထုတ်ဖေါ်ပြောဆိုလာကြသည်။

၆။ တစ်ဆက်တည်းမှာပင် နိုင်ငံအချို့ရှိ မွတ်စလင်အစွန်းရောက်များကလည်း မြန်မာပြည်ကို ဘာသာရေးစစ်ပွဲ(ဂျီဟတ်) ဆင်နွှဲမည်ဟူသော ခြိမ်းချောက်မှုများကိုလည်း စိုးရိမ်ဖွယ်ရာ ကြားသိလာရသည်။

၇။ အစွန်းရောက်များ၏ လှုံ့ဆော်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော အထိကရုဏ်းများတွင် သေကြေ ပျက်ဆီး ဆုံးရှုံးခဲ့ကြသော နှစ်ဖက်သော ပြည်သူများအတွက် အထူးဝမ်းနည်း ကြေကွဲရပါသည်။ ထိုအရေးအခင်းကြောင့် ပြည်သူတစ်ရပ်လုံးလိုလားသော လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ကျန်ရှိသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အလုပ်သမားနှင့် လယ်သမားအခွင့်အရေးစသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအားလုံးသည် နိုင်ငံတော်လုံခြုံရေးဟူသော ခေါင်းစဉ်အောက်တွင် တင်းမာသူများအလိုကျ မှေးမှိန်အားပျော့လာသည်ကိုလည်း စိတ်မကောင်းကြီးစွာဖြင့် တွေ့မြင်နေရသည်။ထို့ကြောင့် မြန်မာမွတ်စလင်အစည်းအရုံး၏ သဘောထားကို ယခုကဲ့သို့ ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။

(က) ရိုဟင်ဂျာကိစ္စအပါအဝင် တိုင်းရင်းသား၊ နိုင်ငံသားပြသနာများကို (တိုင်းရင်းသားလူမျိုးများဟူသော ဝေါဟာရအား အခြေခံဥပဒေတွင် သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖေါ်ပြထားခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။) အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များပါဝင်ပြီး နိုင်ငံတော် လုံခြုံရေးကိုလည်း မထိခိုက်စေ၊ နိုင်ငံတကာစံများနှင့်လည်း ညီစေသော ကွန်ဖရင့်ကြီးတစ်ခုဖြင့် အပြီးသတ် ဆုံးဖြတ်ချက်များရယူရန်။

(ခ) နိုင်ငံတော်အတွင်း တရားဝင်နေထိုင်သူ နိုင်ငံသားများကို မည်သည့်ဘာသာ၊ မည်သည့်လူမျိုးပင်ဖြစ်စေ တည်ဆဲတရားဥပဒေများအရ တန်းတူရည်တူ အသိအမှတ်ပြု အကာအကွယ်ပေးရန်။

(ဂ) တရားမဝင် ခိုးဝင်လာသူများနှင့် ခိုးဝင်ခွင့်ပြုသူများကို ထိရောက်စွာ အရေးယူရန်။

(ဃ) အထိကရုဏ်းဖြစ်ပွါးအောင် လှုံ့ဆော်သူများနှင့် အထိကရုဏ်းကာလအတွင်း ဥပဒေမဲ့ကျူးလွန်သော ရာဇဝတ်မှုများကို ဖေါ်ထုတ်၍ ကျောသား ရင်သား မခွဲခြားဘဲ နောက်နောင် မကျူးလွန်ဝံ့အောင် ထိရောက်ဟန့်တားသော အပြစ်ဒါဏ်များ ချမှတ်ရန်။

(င) အထိကရုဏ်းများကြောင့် ကျိုးကြေသွားရရှာသော လူ့အဖွဲ့အစည်းနှစ်ခု ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်း ပြည်ပမှ ထိရောက်အားကောင်းသော အကူအညီများကို အလျှင်အမြန်ရယူရန်။

(စ) နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စိုးရိမ်ပူမှုများနှင့် ကောလာဟလများ၏ အခြေခံအကြောင်းရင်းမှာ သတင်းလွတ်လပ်ခွင့် မရှိခြင်းကြောင့် ဖြစ်ရသဖြင့် နိုင်ငံတော်အစိုးရသည် တစ်စုံတစ်ရာ ဖုံးကွယ်ထားရန် အကြောင်းမရှိဟု မိမိကိုယ်ကို ယုံကြည်မှုရှိပါက နိုင်ငံတကာ သတင်းဌာနများကို လွတ်လပ်စွာ လာရောက်ခွင့်ပြုရန်။

(ဆ) ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိုင်ငံသားအချင်းချင်း ပြည်ထောင်စုအတွင်း ချစ်ကြည်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကော်မရှင်တစ်ခုဖွဲ့စည်း ဆောင်ရွက်ပေးရန်။

(ဇ) လက်ရှိအကြပ်အတည်းကို အခွင့်ကောင်းယူ၍ မွတ်စလင်အစွန်းရောက်များ၏ ဘာသာရေးဆိုင်ရာ အမြတ်ထုတ် သွေးထိုး လှုံ့ဆော်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်။ မြန်မာမွတ်စလင်များသည် သမိုင်းစဉ်လာအရ တိုင်းပြည်ကို သစ္စာခံသော တိုင်းချစ်ပြည်ချစ် မြန်မာတိုင်းရင်းသားများသာဖြစ်သဖြင့် ပြည်ပက ဘာသာရေး၊ လူမျိုးရေး သွေးထိုးစွက်ဖက်မှုမှန်သမျှကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ ပြည်ထောင်စု၏ အချုပ်အခြာကို သက်စွန့်ကြိုးပမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။

မြန်မာမွတ်စလင် အစည်းအရုံး

ဇူလိုင်လ (၂၇) ရက်၊ ၂၀၁၂

မီဒီယာကိစ္စဆက်သွယ်ရန်

  1. ကိုကျော်စွာ၊ ဖုံး- +၄၄ ၇၈၂ ၈၄၂ ၆၈၀၁၊ အင်္ဂလန်နိုင်ငံ၊ အီးမေးလ် – kyawzwa@b-m-a.org
  2. ဒေါ်မော်လီ၊ ဖုံး- +၁ ၄၁၆ ၅၁၆ ၇၃၈၃၊ အမေရိကန်ပြည်ထောင်စု၊ အီးမေးလ် – law4women@gmail.com
  3. မယာစမင်းန်၊ +၁ ၄၀၈ ၂၅၀ ၆၆၂၇၊ အမေရိကန်ပြည်ထောင်စု – အီးမေးလ် – yasnohana@sbcglobal.net

BURMA PROJECT – SITUATION OF THE ROHINGYAS IN NORTH ARAKAN STATE

In August 2008 the Irish Centre for Human Rights received funding from Irish Aid to launch a project on the human rights situation of the Rohingyas/Muslims of Rakhine State in Western Burma/Myanmar. As part of the project a research unit was established at the Irish Centre for Human Rights to carry an open source research and take part in a fact-finding mission and the drafting of a report under the supervision of Prof. William Schabas.

In 2009, Nancie Prudhomme (project manager and researcher) and Joseph Powderly (project researcher) undertook a 4-week fact-finding mission to gather more detailed, first-hand and new information about the situation of the Rohingyas in Western Burma. As part of their mission Nancie and Joseph visited Burma and Thailand. In Thailand, they had meetings on the  situation of the Rohingya “boat people” pushed back to sea at the beginning of 2009 and on the status of the Rohingya issue within Asia generally and more specifically at the ASEAN level.

As part of the fact-finding mission the researchers also spent two weeks in Bangladesh visiting refugee camps and interviewing Rohingya refugees and human rights and humanitarian workers. The researchers were joined in Bangladesh by Mr. John Ralston, Executive Director of the International Institution for Criminal Investigation and former Chief of Investigations at the International Criminal Tribunal for the former Yugoslavia and for the UN Independent Commission of Inquiry for Darfur. The team interviewed Rohingya victims in and around refugee camps in Bangladesh. The mission in Bangladesh provided detailed information on the causes for flight to Bangladesh and the current situation in Western Burma.

The report of the Rohingya project was officially launched on June 16 th, 2010 by Micheál Martin, the Irish Minister for Foreign Affairs, at Iveagh House.

Source: IRISH CENTRE FOR HUMAN RIGHTS at http://www.nuigalway.ie/human_rights/documents/ichr_rohingya_report_2010.pdf

“The Government Could Have Stopped This”

AUGUST 1, 2012
This report describes how the Burmese authorities failed to take adequate measures to stem rising tensions and the outbreak of sectarian violence in Arakan State. Though the army eventually contained the mob violence in the state capital, Sittwe, both Arakan and Rohingya witnesses told Human Rights Watch that government forces stood by while members from each community attacked the other, razing villages and committing an unknown number of killings.The report is based on 57 interviews conducted in June and July 2012 with affected Arakan, Rohingya, and others in Burma and in Bangladesh, where Rohingya have sought refuge from the violence and abuses.

Source: Human Rights Watch at http://www.hrw.org/reports/2012/07/31/government-could-have-stopped

Genocide ဆိုတာဘာလဲ(ရိုဟင်ဂျာလူမျိုး သတ်ဖြတ်မှုအတွက်အထောက် အထားပို့ပေးရန်) …

ရခိုင်ပြည်နယ် အတွင်း ဒေသ အသီးသီး၌ ရိုဟင်ဂျာ မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟုနိုင်ငံတကာမှ ပြောခဲ့ပြီးဖြစ်သည့်။ဤအချက်ကို အတည်ပြုနိုင်ရန် သက်သေ အ ထောက် အထား များလည်းပြည့်စုံဖို့ အလွန် လိုအပ်ပါသည်။မိမိတို့ဒေသ အသီးသီး၌ မတရားသတ်ဖြတ်ခံရသည့် ညီကိုမောင်နှမ၊ဆွေမျိုးသားချင်းများ၊ရပ်သူ/သားများ၊နေအိမ်၊ဗလီ များ၊မဒရဆာကျောင်းများမီးရှို့ခံရခြင်း၊စီးပွါးဥစ္စာ ဖျက်စီးခံရခြင်း စသည့်အမည်စာရင်း များ၊ သတင်းအမှန်ကို ဤနေရာ သို့ပေးပိုနိုင်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။

ဒေသခံ အာဏာပိုင်များကလည်း လူမျိုးတုန်သတ်ဖြတ်မှုပါဝင်ခဲ့သည်။၎င်းကိစ္စတွင် RNDP ဥက္ကဌ ဦးအေးမောင်(တိရစ္ဆာန် ဆရာဝန်) ကဦးဆောင်ခဲ့သည်။ထိုကဲ့သို့ လူသတ် တရားခံ များ ပါဝင်း ကို ဖေါ်ထုတ်နိုင်ရန် ရိုဟင်ဂျာလူမျိုးစုအပြင် တိုင်းရင်းသားများ၊နိုင်ငံတကာတွင်လည်းတာဝန်ရှိပေသည်။သို့ဖြစ်ရာ ဖြစ်ရပ်အမျန် ကိုရဲရင့်စွာ တင်ပြရန် လိုပေမည်။

ပေးပို့ရန်လိပ်စာ – feedbackvorohingyas@gmail.com

မောင်တောမြို့၊ ဘဂုံးနားရွာတွင် ဇွန်လအတွင်းက နစကလက်နက်ကိုင်များ၊ ရဲများနှင့် ရခိုင်လူမျိုးအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးခံရမှုစာရင်းများကိုအောက်ဖေါ်ပြပါ ဇယား တွင် ဆက်လက်ဖတ်ရှုပါရန်—
Photo: မောင်တောမြို့၊ ဘဂုံးနားရွာတွင် ဇွန်လအတွင်းက နစကလက်နက်ကိုင်များ၊ ရဲများနှင့် ရခိုင်လူမျိုးအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးခံရမှုစာရင်းများ<br /><br />
ကိုအောက်ဖေါ်ပြပါ ဇယား တွင် ဆက်လက်ဖတ်ရှုပါရန်---
‏Photo: شهداء أراكان بورما‏
ဇွန်လ ၃ ရက်နေ့တွင် သံတွဲမြို့ ဘာသာရေးခရီးစဉ်မှ ပြန်လာသော မြန်မာမွတ်စလင်(၁၀)ဦးမှာ အကြမ်းဖက်သမား လူတစုရဲ့ ကြိုတင်ကြံစည်မှုဖြင့် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်မှာ ယနေ့တွင် (၂) လ တင်းတင်းပြည့်ခဲ့ပါပြီ။

အကြမ်းဖက်သတ်ဖြတ်မှုတွင် ပါ…See More

Photo: ဇွန်လ ၃ ရက်နေ့တွင် သံတွဲမြို့ ဘာသာရေးခရီးစဉ်မှ ပြန်လာသော မြန်မာမွတ်စလင်(၁၀)ဦးမှာ အကြမ်းဖက်သမား လူတစုရဲ့ ကြိုတင်ကြံစည်မှုဖြင့် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်မှာ ယနေ့တွင် (၂) လ တင်းတင်းပြည့်ခဲ့ပါပြီ။ </p><br />
<p>အကြမ်းဖက်သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ မည်သူတဦးတယောက်ကိုမျှ ယနေ့အထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးသည်ကိုတွေ့ရပါသည်။ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သော ပြည်ထဲရေးဒု-ဝန်ကြီး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အဆိုပါ အကြမ်းဖက်လူသတ်မှုကို မျက်မြင်သတ်သေမရှိသောကြောင့် လူသတ်မှုမှ သူသေမှုအဖြစ် သတင်းထုတ်ပြန်မှုကို မီဒီယာတွင် ဖော်ပြခဲ့ပါသည်။</p><br />
<p>အဆိုပါဥပဒမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့သူအားလုံးကို ထိုက်တန်သည့် အရေးယူဆောင်ရွက်မှုမျိုးကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကျွန်ုပ်တို့ မြန်မာမွတ်စလင် မီဒီယာမှ တောင်းဆိုပါသည်။</p><br />
<p>(ဓါတ်ပုံမှာ တောင်ကုတ်အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသော မြန်မာမွတ်စလင်(၁၀) ဦးအား သံတွဲမြို့ အစ္စလာမ်သုဿာန်တွင်  မြေမြုပ်  သဂြိုလ်နေပုံများဖြစ်သည်။)
We,as human being should respect others as human being. Let us think logically Rohingyas’ status in Burma. As they are deprived their Citizenship they denied all the basic rights 4 having normal life like you. Their entry in Thailand is neither legal nor illegal. They are Stateless and Refugees. Should be given UNHCR & NGOs Access. Burma Junta is responsible. Why not they come by AirBus A380, why risking life by sea?
xxxxxxxxxxxxxxxxxxxxxxxxxxx
This is Hisan Ahmad from Ngakhura village of Moung daw .last day the mogh(rakhine) and Nasaka held meeting to kill Rohingya then they kill a Rohingya young man. May Allah keep his soul in Paradise.He is 24 years ,his name is Husan Ahmad.
Photo: This is  Hisan Ahmad   from Ngakhura village of Moung daw .last day the mogh(rakhine) and Nasaka held meeting to kill Rohingya  then they kill a Rohingya young man. May Allah keep his soul in Paradise.</p><br />
<p>He is 24 years  ,his name is Husan Ahmad.
How Inhumane Rakhine Buddhist, Burmese and Bangladesh Government are! ROHINGYA dead bodies who lost lives by drowning. The World is still watching the Ethnic Cleansing.
Muslim (Rohingya) terrorist attack Arakan Burma .
Photo: Muslim (Rohingya) terrorist attack Arakan Burma .
2012 Rohingya Massacre – Photos and Videos‘s photo.
How Inhumane Rakhine Buddhist, Burmese and Bangladesh Government are! ROHINGYA dead bodies who lost lives by drowning. The World is still watching the Ethnic Cleansing.
Image4- #Rohingya community in Refugee camp as Tomas quintana visits #Arakan
Photo: Image4- #Rohingya community in Refugee camp as Tomas quintana visits #Arakan
Rohangya Refugees
Photo: Rohangya Refugees
هذا هو حال الإنسان في مخيم اللاجئين الروهنجيين في بنجلاديش
‏Photo: هذا هو حال الإنسان في مخيم اللاجئين الروهنجيين في بنجلاديش‏
Photo
Untitled Album (118 photos)
Photo

Burned the day before yesterday night for the Muslims of two villages in the province of Arakan Chukto cited around twenty and neighborhoods are surrounded by the army and forbidden from providing any aid God and to God and to Him we shall return

‏Photo: أحرقت أول أمس ليلاً قريتان لمسلمي محافظة تشوكتو في أراكان واستشهد نحو عشرين والأحياء محاصرون من الجيش وممنوعون من تقديم أي مساعدات إنا لله وإنا لله وإنا إليه راجعون<br /><br />
_________________<br /><br />
Burned the day before yesterday night for the Muslims of two villages in the province of Arakan Chukto cited around twenty and neighborhoods are surrounded by the army and forbidden from providing any aid God and to God and to Him we shall return‏
Photo
Rakhine Buddhist terrorist busy with the weapons to attack Muslims.
Photo: akhine Buddhist terrorist busy with the weapons to attack Muslims.
Muslims houses were burning. No helps available to extinguish the flame. Alomost every Muslim houses were burned by the Buddhist Rakhine extremist. Such picture will never appear on media.
Photo: Muslims houses were burning. No helps available to extinguish the flame. Alomost every Muslim houses were burned by the Buddhist Rakhine extremist. Such picture will never appear on media.
Photo
ဇော်မတက်အုပ်စု၊ ဟင်္သာရပ်ကွက်မှ သေဆုံးမှု သတင်းဖော်ထုတ်ချက်ရခိုင်ပြည်နယ် မောင်တော ခရိုင် ဇော်မတက် အုပ်စု၊ ဟင်္သာရပ် ကွက် နေထိုင်သူ အဒူဆလန်း ၊(၅၀)နှစ် (ဘ) အာမီဟူဆောင်း မှာ ရတခမရ (၃၂၅)မှ စစ်သည်များမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် တွင် ထိမှန်ေ…See More
Photo: ဇော်မတက်အုပ်စု၊ ဟင်္သာရပ်ကွက်မှ သေဆုံးမှု သတင်းဖော်ထုတ်ချက် </p><br />
<p>ရခိုင်ပြည်နယ် မောင်တော ခရိုင် ဇော်မတက် အုပ်စု၊ ဟင်္သာရပ် ကွက် နေထိုင်သူ အဒူဆလန်း ၊(၅၀)နှစ် (ဘ) အာမီဟူဆောင်း မှာ ရတခမရ (၃၂၅)မှ စစ်သည်များမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် တွင် ထိမှန်သေဆုံး သွားကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်ခြင်းနှင့်  ၄င်းအား ဇော်မ တက် ကျေးရွာ ဘင်္ဂါလီ သင်္ချိုင်းတွင် မြေမြှုပ်ထားကြောင်း သတင်း ရရှိ ခဲ့ပါသည်။ </p><br />
<p>အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး  အဖြစ်မှန် ပေါ်ပေါက် စေရေး နှင့် လိုအပ် သလို အရေးယူ ဆောင်ရွက် နိုင်ရန် အတွက် သက်ဆိုင်ရာမှ ညွှန်ကြားချက် အရ နယ်မြေခံ တပ်ရင်းမှ ဗိုလ်ဝင်းမင်းထွန်း ဦးစီး တပ်စု တစ်စု သည် ၂၀၁၂ခုနှစ် သြဂုတ်လ ၁၆ရက် ၁၄၃၀ နာရီတွင် သေဆုံးသူ မိသားစု ၀င်များ၊ ၄င်း ကျေးရွာမှ တာဝန်ရှိသူ များ၏ အကူ အညီဖြင့် မြေမြှုပ် ထားသော နေရာသို့ သွားရောက် တူးဖော်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့  ၁၆၀၀ နာရီ တွင် ပို့ဆောင်၍ ရင်ခွဲ စစ်ဆေးမှု ပြုလုပ်ရာတွင် သေနတ် ဒဏ်ရာ ကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ၄င်းတွင် ရှိသည့် နှလုံးရောဂါ ဖြင့်သာ သေဆုံးကြောင်း ဆရာဝန်မှ စစ်ဆေး ချက်အရ အတည်ပြု ခဲ့ကြောင်း သတင်း ရရှိပါသည်။</p><br />
<p>http://www.mwdmedia.net/2012/08/blog-post_2695.html
A Mass Protest in front of Burma Embassy New Delhi, #India against mass massacres of #Rohingya Muslims in Burma, SIO, WPI, JIH, along with other Political Parties
Photo: A Mass Protest in front of Burma Embassy New Delhi, #India against mass massacres of #Rohingya Muslims in Burma, SIO, WPI, JIH, along with other Political Parties
Photo
Police and Army is not playing their role for Peace in Burma, they are completely supporting bloody monks for the massacre, Please share for the safety of muslims on the front of Social Media – Jamaat-e-Islami Pakistan
Photo: Police and Army is not playing their role for Peace in Burma, they are completely supporting bloody monks for the massacre, Please share for the safety of muslims on the front of Social Media - Jamaat-e-Islami Pakistan
Myanmar Police open fire to innocent Rohingya in Arakan, Burma
Photo: Myanmar Police open fire to innocent Rohingya in Arakan, Burma
Photo
Photo
Photo
‏Photo: شهداء أراكان بورما‏
نداء عاجل: لم يتوقف أعمال العنف ولم يهدأ الحقد بل إنهم ماضون في خططهم ، اليوم الأحد بعد الظهر هاجم البوذيون الحاقدون ببتعاون القوات المسلحة والأمن في منطقة جديدة وهي مدينة كيوكتو حيث أحرق قريتين بأكملها أمام أعين الأمن وهم يتفرجون ، وكم قتل واختطف حتى لايعرفون .
‏Photo: نداء عاجل: لم يتوقف أعمال العنف ولم يهدأ الحقد بل إنهم ماضون في خططهم ، اليوم الأحد بعد الظهر هاجم البوذيون الحاقدون ببتعاون القوات المسلحة والأمن في منطقة جديدة وهي مدينة كيوكتو حيث أحرق قريتين بأكملها أمام أعين الأمن وهم يتفرجون ، وكم قتل واختطف حتى لايعرفون .‏
Photo
Image5- #Rohingya community in Refugee camp as Tomas quintana visits #Arakan
Photo: Image5- #Rohingya community in Refugee camp as Tomas quintana visits #Arakan
Rakhine Buddhist terrorist are waiting to ambush Rohingya Muslims who escape from the attack.
Photo: Rakhine Buddhist terrorist are waiting to ambush Rohingya Muslims who escape from the attack.
သမ္မတ သဝဏ်လွှာ စာတမ်းအပြည့်အစုံ    http://news.mmsy.info/news/5242

Genocide ဆိုတာဘာလဲ

ဂျီနိုဆိုက်ဒ်သည် လူမျိုးတုန်းရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလအတွက်သာမက စစ်မဖြစ်သည့်ကာလအတွက်လည်း အကျုံးဝင်သည်။ ကျူးလွန်သည့် နိုင်ငံများ တွင် လူ့ အသက် ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများ ပျံ့နှံ့နေပြီး အာဏာရှင်ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်း အစိုင်းများ၊ ဥပဒေ ဘောင် ပြင်ပ ကလူများ၊ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမား များ၊ နယ်ချဲ့လက်ပါးစေများ၊ ပုဆိန်ရိုး များ၊ လူတန်း စားရန်သူများ၊ တန်ပြန်တော်လှန်ရေးသမားများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး ဂျီနိုဆိုက်ဒ်ကို အများနဲ့မတူ သည့် နေ ရာ သို့ရောက်အောင်။ ကွဲပြားစေရန်ကြို တင် လုပ် ဆောင် လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ မြင့်မြတ်သောတာဝန်ထမ်းဆောင်နေသူများ၊ မြင့်မြတ်သောလူမျိုးများ၊ အမျိုး ဘာသာ သာသနာသန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည် ကို အဓိကစောင့်ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိကအနစ်နာခံနေသူများ၊ အမျိုး သား နိုင်ငံ ရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေးသမားများ စသည်ဖြင့် မိမိတို့ ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့်၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်း လုံး ညီ ညွတ် ရေး ဟူသော စကားလုံးများကို အသုံးပြုကာ မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန် အောင်ပြု လုပ် ကာ မီဒီယာများမှတဆင့်တွန်းပို့လေ့ရှိကြသည်။ ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနို ဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခု အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံ အတည်ပြု ထားသည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။

“နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်း သော် လည်း ကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။
(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊
(ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊
(ဂ) တစ်ခုလုံးအရ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ် ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက် ရောက် စေခြင်း၊
(ဃ) ယင်းလူအုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊
(င) ယင်းလူ အုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”

၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

“လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံးလိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း၊ ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ဖျက်ဆီးပစ်ရန် အထူးရည်ရွယ်ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။”

ဟူ၍ဖြစ်လေသည်။

ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံးအာဏာရှင်တို့ကို ပြင်ပမှအင်အားသုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက်သေ သာဓကများဖြစ်သည်။သတိချပ်စရာပင်ဖြစ်သည်။

ကဲ ဒီနေ့တော့ သုံးသပ်တင်ပြမှုကို ဒီလောက်နဲ့ပဲရပ်နားပါရစေ။ ရဝမ်ဒါဖြစ်စဉ်များကို အသေးစိတ်ဆက်လက်လေ့လာချင်သူများကတော့ “ဟိုတယ်ရဝမ်ဒါ” ဆိုတဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ယူကျူ့ပေါ်မှာ သွားရောက်ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။

Rwanda Genocide documentary Part I
Rwanda Genocide documentary Part II
Rwanda Genocide documentary Part III
Rwanda Genocide documentary Part IV
Rwanda Genocide documentary Part V
Rwanda Genocide documentary Part VI
Rwanda Genocide documentary Part VII
Rwanda Genocide documentary Part VIII
Hotel Rwanda

ဝါးလုံးရှည် အတီး ရဲ့ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
ဝါးလုံးရှည်အတီး၏ ခွင့်ပြုချက်ဖြင့် စာလုံးပေါင်းသတ်ပုံအပါအဝင် အနည်းငယ် ပြင်ဆင်မှုရှိပါသည်။

Tags

အပြည့်အစုံဖတ်ရန် ကို နှိပ် ကိုပါ ,

၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှု (ယနေ့ ရိုဟင်ဂျာ ကို အစားထိုး ကြည့်ပါ)

 http://news.mmsy.info/news/5678