ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများ၌ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေနှင့် ကြုံနေရကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က သတိပေး

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများ၌ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေနှင့် ကြုံနေရကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က သတိပေး
==========================================

ဆေးဝါးကုသရေး ဆိုင်ရာ အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မြန်မာနိုင်ငံ အနောက်ခြမ်းမှ ပဋိပက္ခဒဏ် ခံစားနေရသည့် လူထောင်ပေါင်း များစွာသည် အပူတပြင်း လိုအပ်နေ သော ဆေးဝါး ကုသမှုများကို မရရှိနိုင်ကြသဖြင့် “လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေ” နှင့် ကြုံနေ ရကြောင်း ကြာသပတေးနေ့တွင် သတိပေး ပြောကြားခဲ့သည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Medicine Sons Frontiers MSF) က ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်း လုပ်ကိုင်နေကြသော ယင်းတို့၏ အဖွဲ့များသည် ခြိမ်းခြောက်မှုများ၊ ရန်လိုမှုများ၊ မူဆလင် လူနည်းစု အုပ်စု အပေါ် ဘက်လိုက်ကြောင်း စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။ ရခိုင်ပြည်နယ် ရှိ ယာယီ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရသော အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ဒုက္ခသည်များမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ သန့်ရှင်းသော ရေနှင့် အခြေခံအသုံး အဆောင်များ ဖြတ်တောက်ခံထား ရကြောင်း၊ ထိုဒေသတွင် ဆယ်စု နှစ်စုကျော်ကြာ အလုပ်လုပ်ခဲ့သည့် အဆိုပါ လူသားချင်းစာနာမှုအဖွဲ့က ဆိုပါသည်။

“လယ်ကွင်းတွေနဲ့ ပြွတ်သိပ်ကျပ်ညပ်တဲ့ မြေနေရာ ကျဉ်းကျဉ်းလေးတွေက ယာယီ ဒုက္ခသည်စခန်း တွေမှာ နေ နေရတဲ့ သူတွေဟာ အထူးအရေးပေါ် ဆေးဝါးအကူအညီတွေ လိုနေတာကို ကျွန်တော်တို့ တွေ့မြင်နေရတယ်” ဟု MSF ညွှန်ကြားရေးမှူးချုပ် အာဂျန်ဟီဟင် ကမ့်(ပ)က ပြောသည်။ လုံခြုံရေး မကောင်းသေးတာရယ် ရခိုင် လူမှုအသိုက်အဝန်းထဲက သေးငယ်ပေမယ့် ပြောနိုင်ဆိုနိုင် ရှိတဲ့လူတွေရဲ့ အထပ်ထပ် ခြိမ်းခြောက်မှုတွေရယ် ကြောင့် ကျွန်တော်တို့ရဲ့ အသက်ကယ်ရေး ဆေးဝါးကုသမှု ပေးနိုင်စွမ်းအပေါ် အပြင်းအထန် ထိခိုက်ပါ တယ်” ဟု သူကဆိုပါသည်။

၂ဝ၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင် လူနည်းစုအကြား အဓိက အကြမ်းဖက်မှု နှစ်ကြိမ် ပေါက်ကွဲဖြစ်ပွားခဲ့ရာ မူဆလင် အများစုပါဝင်သော လူပေါင်း ၁ဝဝ,ဝဝဝ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။ အကြမ်းဖျင်း မူဆလင် ၈ဝဝ,ဝဝဝ ကို ဘင်္ဂလားဒေ့(ရှ) နိုင်ငံမှ တရားမဝင်ခိုးဝင်လာသူများ အဖြစ် မြန်မာနိုင်ငံက ရှုမြင်ပြီး နိုင်ငံသား အဖြစ် သတ်မှတ်ရန် ငြင်းဆန်ခဲ့သည်။ ထောင်ပေါင်း များစွာမှာ မကြာမီ လများ အတွင်း ဖြစ်ကတတ်ဆန်း လှေများဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြပြီး မလေးရှားနိုင်ငံသို့ အများစု ဦးတည်သွားရောက်ခဲ့ ကြကြောင်း ယုံကြည်ရသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီး အချို့မှာ ရွံ့နွံထူထပ်သော စခန်းများထဲတွင် ဆရာဝန် မပါဘဲ ကလေး မီးဖွားကြ ရပြီး အထူး အာဟာရချို့ တဲ့သူ ကလေးငယ်ပေါင်းများစွာမှာ ထိတ်လန့်ဖွယ်ရာ အတိုင်းအတာ ရှိကြောင်း သိရှိရသည်။ အချို့မှာ သန့်ရှင်းသော ရေ မရကြချေ။ “တစ်ခုတည်းသော သောက်ရေကန်ကို အနီးအနားရွာက ကျွဲတွေ၊ နွားတွေနဲ့ ကျွန်တော်တို့ မျှသောက်နေ ကြရတယ်။ တခြားလည်း မသွားရဲဘူး” ဟု ဒုက္ခသည် တစ်ဦးက ဆိုကြောင်း MSF က ပြောသည်။ အရေပြား ကူးစက်နာ များ၊ သန်ကောင်ရောဂါများ၊ နာတာရှည် ချောင်းဆိုးခြင်း နှင့် ဝမ်းပျက် ဝမ်းလျှောတို့မှာ ဖြစ်နေကျ ဝေဒနာ များ ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း ရှိ လူအားလုံးကို အကြမ်း ဖက်မှု၊ စော်ကားမှုနှင့် အနှောင့်အယှက်ပေးမှု မရှိဘဲ နေထိုင်နိုင်အောင် အာမခံ ချက်ပေးရန်နှင့် လိုအပ်ချက် အများဆုံး ရှိသူများထံ လူသားချင်း စာနာမှု အကူအညီ အဖွဲ့အစည်းများ သွားရောက် ထောက်ပံ့ခွင့်ပြုရန် မြန်မာ အစိုးရနှင့် လူမှု အသိုက်အဝန်း ခေါင်းဆောင်များကို MSF က တိုက်တွန်း ပြောကြားလိုက်သည်။

Leave a comment