“ရခိုင်”၊“ကမန်”နှင့်“မရမာကြီး”တို့အကြား အပြန်အလှန်နားလည်မှုတည်ဆောက်ရေး ဆွေးနွေး

၈၈မျိုးဆက်ကျောင်းသားများ၏ “၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း”က စီစဉ်ပြုလုပ်သော ရခိုင်ပြည် နယ် အတွင်း “ရခိုင်”၊ “ကမန်” နှင့် “မရမာကြီး”တို့ အကြား အပြန်အလှန် နားလည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို ယနေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁း ၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းတည်ရှိရာ အမှတ် ၁၀၃၉ ၊ ၁၀၄၀ ၊ သုမင်္ဂလာလမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကျင်းပပြုလုပ်ရာ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(၁၉၉၀)၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန်အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်(၁၉၉၀)၊ မရမာကြီး လူမျိုးများနှင့် ၈၈မျိုးဆက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။   ဆွေးနွေးပွဲတွင် အခြေခံဥပဒေများအရနှင့် ပေါ်ပေါက်တည်ရှိခဲ့သော သမိုင်းရေး ဆိုင်ရာ အချက်အလက်များအရ တိုင်း ရင်း သားအဖြစ် သတ်မှတ်တည်ရှိပြီးသော လူမျိုးစုများအကြား ပုံမှန်အခြေအနေပြန်လည်ရောက်ရှိစေရေးကို ဦးစားပေး  ၍ ဆွေးနွေးခဲ့ကြသည်။

Leave a comment