Archive | December 22, 2012

ရခိုင်ရှေးဟောင်းကျောက်စာတွေမှာရေးထားတဲ့ ဘာသာစကား ရိုဟင်ဂျာများတို့ပြောဆိုနေသော ဘာသာစကားဖြစ် …

 

Sithu Htun Win

ရခိုင်ရှေးဟောင်းကျောက်စာတွေမှာရေးထားတဲ့ ဘာသာစကားဟာ ဘယ် ဘာသာစကားပါလဲ။ရခိုင်စကား လည်း မဟုတ်၊ ပါဠိလည်း မဟုတ်၊ ဗမာ စကား လည်းမဟုတ်၊ ယခုရိုဟင်ဂျာများပြော ဆိုနေသော စကားဖြင့်ရေး သားထားခြင်းဖြစ်တယ်။ ဒိုင်းနက်၊ သက် လူမျိုးများလည်း ရိုဟင်ဂျာ များပြောသောစကား ကို သာပြောကြတယ်။ မယုံရင်ရခိုင်ကိုသွားကြည့်၊ လေ့လာကြည့်၊ အွန်လိုင်းပေါ်တက်ပြီး ဘာမှမသိပဲ လေဖန်းဒန်း မစီးကြနဲ့။ ဘာ ဗဟုသုတ မှမရှိပဲ တတ်ယောင်ကားတွေ တွေ့ရပေါင်းများပြီ။

ဟိန္ဒူကနေအစ္စလာမ်ဘာသာကူးပြောင်းကိုးကွယ်လာသူတွေက ရိုဟင်ဂျာတွေ။အခုရခိုင်ပါလို့ပြောနေတဲ့ဗုဒ္ဓဘာသာဝင်တွေဟာ ဗမာဘုရင်ရခိုင် ကိုသိမ်းပြီး မှ ဗုဒ္ဒဘာသာပြောင်းလာတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းတွေ။ အရင်တုန်းကအဲဒီဒေသမှာ ဟိန္ဒူတွေပဲရှိတယ်။ ရခိုင်ကတပ်တွေလာတိုက်လို့ နန်းကျ၊ သေတဲ့ ဗမာဘုရင်နရသူကို ကုလားကျမင်းလို့ခေါ်တာကိုယ်တိုင်က အဲဒီဝေသာလီခေတ်ကလူမျိုးတွေဆိုတာ ဟိန္ဒူ ကုလား တွေဖြစ်ကြောင်း အကောင်း ဆုံးသက်သေပဲ။

ကုလကိုယ်စားလှယ် Vijay Nambiar ၏ခရီးစဉ်ပြီးဆုံး

ကုလကိုယ်စားလှယ် Vijay Nambiar ၏ခရီးစဉ်ပြီးဆုံး

ကျော်စွာဝင်း

RB News
၂၀၁၂ ဒီဇင်ဘာ ၂၁
ရန်ကုန် ။ ။ မြန်မာနိုင်ငံသို့ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့ထိ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Vijay Nambair လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိဒုက္ခသည် စခန်းများသို့ သွား ရောက် ခဲ့သည်။ ရခိုင်ပြည် နယ်ခရီးစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၀န်ကြီးဦးခင်ရီလည်း အတူလိုက်ပါခဲ့ကြောင်း သတင်း ရရှိပါသည်။
Mr. Nambair သည်ရခိုင်ပြည်နယ်မောင်းတောမြို့သို့သွားရောက်ခဲ့သော်လည်း မောင်းတောမြို့ရှိရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှူခဲ့ခြင်း မရှိခဲ့ဟု ဒေသခံများ မှ တဆင့်သိရ သည်။ မောင်းတောမြို့တွင်ရခိုင် ဒုက္ခသည် အနည်းငယ်ရှိသော်လည်း အလယ်သံကျော်ကား လမ်းဘေး တွင်ယာ ယီတဲများထိုး၍ အလုပ်အကိုင်မရှိသော ရခိုင်လူမျိုး များကို ဒုက္ခသည်စခန်းတွင် ခဏထား၍ ဇွန်လအကြမ်း ဖက်မှုကြီးတွင် ရခိုင်လူမျိုးအများအပြားထိ ခိုက်ခဲ့သယောင်စီစဉ်၍ ပြသခဲ့သည်။
စစ်တွေမြို့နှင့်မြေပုံမြို့ ရှိဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှူခဲ့ပြီး၊ စစ်တွေမြို့တွင်လ၀က၀န်ကြီး ဦးခင်ရီနှင့် အတူ ရခိုင်နှင့်ရိုဟင်ဂျာလူမျိုးများမှ ကိုယ်စားလှယ် ၅ ဦးစီကိုတွေ့ဆုံ ၍ဆွေးနွေး ခဲ့သည်။ (အဆိုပါတွေ့ ဆုံပွဲကို ရခိုင်ဘက်မှ ၅ ဦးနှင့် ကျူးကျော်နေ ထိုင်သူများဖက်မှ ၅ ဦးတက်ရောက်ခဲ့သည်ဟု RFA (Radio Free Asia) မြန်မာပိုင်း အစီအစဉ်တွင်ဖော်ပြ ရေးသား ထားသည်။ အဆိုပါသတင်းကိုပင် အင်္ဂလိပ် ဘာသာသို့ပြန် ဆိုရေးသားထားရာတွင် ရိုဟင်ဂျာဟုသုံးနှုန်းထားသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါ RFA ၏သတင်းတွင် Mr. Vijay Nambiar မှရိုဟင်ဂျာဟုသည့် အသုံးအနှုန်းအား မသုံးရန်တားမြစ်ခဲ့ သယောင်ရေးသား ထားသော်လည်း UN News Centre မှ တရားဝင် ထုတ်ပြန်သည့် သ တင်းနှင့် နိုင်ငံတကာ သတင်း ဌာန များမှ ထုတ်ပြန်သည့် သတင်းများနှင့် ကွဲပြားနေသည် ကိုတွေ့ရပါသည်။ ရိုဟင်ဂျာများသည် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် ပင်ဝင်ရောက်နေ ထိုင်ခဲ့ခြင်း မရှိဟု သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ၀န်ခံထားသည်။ RFA မြန်မာပိုင်း ၀န်ထမ်းများသည်မြန်မာနိုင်ငံ အစိုးရထက် ပင်ပိုမို၍ အစွန်းရောက်နေပြီး ပြဿနာကို ဖန်တီးပေးရန် ရည်ရွယ်ချက် များ ရှိနေသည်ကို ကွက်ကွက် ကွင်းကွင်းမြင်နေရသည်။ ထိုကဲ့သို့ကျူးကျော်နေ ထိုင်သူများဟု အခြေ အမြစ်မရှိ စွပ်စွဲသုံးစွဲခြင်းသည် RFA ကဲ့သို့ ကမ္ဘာကျော်မီဒီယာ အတွက် ရှက်ဖွယ်ဖြစ်သည်။ သို့သော်လည်း ဤအသုံး အနှုန်း ကို မြန်မာဝန်ထမ်းများက သုံးစွဲ ခဲ့ပြီး၊ မြန်မာ ၀န်ထမ်းများ၏တာဝန် သာဖြစ် သည်။) ထိုသို့ကိုယ်စား လှယ်များတွေ့ဆုံပွဲတွင် ရခိုင်ကိုယ်စားလှယ်များမှ ရိုဟင်ဂျာကိုယ်စား လှယ်များ အားအပြစ် တင်ဝေ ဖန်ခဲ့ပြီး၊ ရိုဟင်ဂျာကိုယ်စားလှယ်များမှလည်း ရခိုင်ကိုယ်စားလှယ်များအား အပြစ် တင်ဝေဖန်ခြင်း များအပြန်အလှန်ဖြစ်ပွားခဲ့သည်။ ရိုဟင်ဂျာဆို သည့်အသုံး အနှုန်းနှင့် ပတ် သက် ၍ နိုင်ငံတကာ ပညာ ရှင် များနှင့်ဆွေးနွေးရန်ရိုဟင်ဂျာကိုယ်စားလှယ်များက တင်ပြခဲ့ကြောင်း သတင်း ရရှိ ပါသည်။

The Trip of UN Special Envoy Mr. Vijay Nambiar to Myanmar Ends

The Trip of UN Special Envoy Mr. Vijay Nambiar to Myanmar Ends

Kyaw Swar Win
RB News
December 21, 2012
(Translated into English by M.S. Anwar)
Yangon, Myanmar- UN Special Envoy Mr. Vijay Nambiar visited refugee camps in Arakan, Myanmar from December 16 to December 20. During his trip to Arakan, he was accompanied by U Khin Yi, the Minister for Immigration and Population Affairs of the country.
Even though Mr. Nambiar visited Maung Daw in Arakan, he did not visit Rohingya refugees over there according to the locals of Maung Daw. Although there are only few Rakhine refugees in Maung Daw, government set up some temporary tents with the unemployed and poor Rakhines along the road of HaisshuRate (Alay Than Kyaw)-Maung Daw Highway in order to portray that there are many Rakhines affected by the recent violence. And government showed these unemployed Rakhines to Mr. Nambiar as though they are genuine refugees displaced during the violence.
And then, he visited refugee camps in Akyab (Sittwe) and Mye-bun. He, together with U Khin Yi, held a meeting and discussion with five representatives from Rakhine community and five from Rohingya community respectively. (That meeting was stated by Radio Free Asia (RFA), Burmese Program, as “Five Representatives from Rakhine Community and other Five Representatives from ILLEGAL INVADERS attended the meeting.” RFA used the term ROHINGYA instead of ILLEGAL INVADERS in translating the same news into English. Besides, in the news by RFA, they have written the report as if Mr. Vijay Nambiar has prevented using the term “Rohingya.” However, it is found that the news by RFA is different from the news officially released by UN News Centre. Even the President of the Country, U Thein Sein, himself, has admitted that there were NO Rohingyas (Bengali in his term) entered and settled in Arakan after the independence of the country. Therefore, the staffs of Radio Free Asia (RFA) in Burmese Language Section have become worse extremists than the Myanmar government has. And hence, it has become clearer that they have intentions to create more problems in Arakan. It is really SHAMEFUL for such a World-Famous Media like RFA to make such arbitrary and baseless accusations. However, the accusation was made by the staffs in its Burmese Language Section and they must bear the responsibility for that.) 
In the meeting, the representatives of the two communities criticize and blamed each other. Moreover, as to whether to or not to use the term “Rohingya,” Rohingya representatives demanded to hold meetings with internationals scholars and historians to discuss the matter.

ဥရောပကော်မရှင်မှ ယူရိုငါးသန်းခွဲ ရခိုင်နှင့်ကချင်ဒုက္ခသည်များအတွက်ပေးအပ်

ဥရောပကော်မရှင်မှ ယူရိုငါးသန်းခွဲ ရခိုင်နှင့်ကချင်ဒုက္ခသည်များအတွက်ပေးအပ်

ဥရောပကော်မရှင်မှ Ms. Kristalina Georgieva နှင့် UN အကြီးအကဲ Ms. Valerie Amos (ဓါတ်ပုံ – European Commission)
ကျော်စွာဝင်း
RB News
၂၀၁၂ ဒီဇင်ဘာ ၂၁

ဥရောပကော်မရှင်မှ  မြန်မာနိုင်ငံတွင်လူသားချင်း စာနာသော အထောက်အပံ့များ အပူတပြင်း လိုအပ်နေသည့် ရခိုင်နှင့်ကချင်ပြည်နယ်များရှိ ဒုက္ခသည်ပေါင်း နှစ်သိန်းခန့်အတွက် ယူရို ငါးသန်းခွဲ ထပ်မံထောက်ပံ့ လိုက်ကြောင်း ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းစာတွင်ယနေ့ဖော်ပြထားသည်။

ဥရောပကော်မရှင်၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ကပ်ဆိုက်မှု တုန့်ပြန်ရေးဌာန၏ မဟာမင်းကြီး Ms. Kristalina Georgieva မှအဆိုပါ ထောက်ပံ့ရေး အစီအစဉ်ကို ယနေ့ကြေညာလိုက်ခြင်းဖြစ်ပြီး၊ ထိုအစီအစဉ်တွင် အစားအသောက်များ၊ အခြေခံအိမ်သုံး ပစ္စည်းများ၊ ယာယီတဲများနှင့်ဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သည်များပါဝင်သည်။ “ကျွန်မ စက်တင်ဘာ လသွားခဲ့တုန်းက ပြောင်းလဲနေတာတွေမြင်ခဲ့ရတယ်။ ပြောင်းလဲနေတဲ့တိုင်အောင်အကြမ်းဖက်မှုတွေကြောင့် လူပေါင်းမြောက်မြားစွာ ဒုက္ခရောက်နေရတယ်” ဟု Ms. Georgieva မှပြော သည်။

ရခိုင်ပြည်နယ်တွင် ဇွန်လနှင့်အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူဦးရေ ၁၁၅,၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ပြီး၊ ယခုအခါယာယီ ဒုက္ခစခန်း များတွင် နေထိုင်နေရသည်။ အကြမ်း ဖက်မှု များမဖြစ်ပွားမှီတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်နေထိုင်သူ ၆၁ရာခိုင်နှုန်းမှာ နေ့စဉ်စားဝတ်နေရေး လုံခြုံမှုကင်းမဲ့နေခဲ့ပြီး၊ လူဦးရေ ၃ သိန်းလျှင် ပျှမ်းမျှ ဆရာဝန်တစ်ဦးသာရှိနေသည်။ ထိုကဲ့သို့ဖြစ်နေရခြင်း မှာ အစိုးရအဖွဲ့အစည်းများ၏ တားဆီးပိတ်ပင်ခြင်းများကြောင့်သာဖြစ်သည်။

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့်ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး၊ အစိုးရမှ မထိန်းချုပ်နိုင်သည့်နေရာများသို့ လုံခြုံရေးအခြေအနေများ၊ ခရီးသွားလာခွင့်ကန့်သတ် ထားမှုတို့ကြောင့် ကုလသမဂ္ဂနှင့်အခြားသောအဖွဲ့အစည်းများ၏အထောက်အပံ့များလွယ်ကူစွာ မရောက်နိုင်ဘဲရှိနေသည်ဟု အဆိုပါသတင်းတွင်ရေးသားဖော်ပြထားသည်။

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး

  • အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး

    ဗွီအိုအေ (မြန်မာပိုင်း)

    21.12.2012
    အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အထက်လွှတ်တော်အမတ် John Kerry ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဆက်ခံဖို့အတွက် အမည်စာရင်းတင်သွင်း အဆိုပြုလိုက်ပါတယ်။ John Kerry ဟာ ရှေ့လာမယ့်နှစ်တွေအတွင်း အမေရိကန် သံတမန်ရေး လုပ်ငန်းစဉ်တွေအတွက် ပြီးပြည့်စုံတဲ့ရွေးချယ်မှု ဖြစ်တယ်လို့ သမ္မတအို ဘားမား က အိမ်ဖြူတော်မှာ သောကြာနေ့က ချီးကျူးပြောကြားလိုက်ပါတယ်။ ပြီးခဲ့ တဲ့နှစ်တွေ အတွင်း သူ့လုပ်ခဲ့တာတွေကြောင့် John Kerry ဟာ အထက်လွှတ်တော် အမတ်တွေနဲ့ ကမ္ဘာတ၀ှမ်းကခေါင်းဆောင်တွေကြားမှာ ယုံကြည်ကိုးစားမှုကို ခံရသူ၊ အများက လေးစားခြင်းခံရသူဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။
    ရှေ့လာမယ့်နှစ်တွေမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်ကြောင်း ဒါပေမဲ့ အမေရိကန်နိုင်ငံအနေနဲ့ ဆက်ပြီးတော့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

    မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ John Kerry ဟာ အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ အာဖရိက ကနေ ပါကစ္စတန်လိုမျိုး ပြဿနာအကြီးအကျယ်တက်နေတဲ့ ဒေသတွေကိုလည်း သွားရောက်ခဲ့ သူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဗီယက်နမ်စစ်ပြန်တဦးလည်းဖြစ်ပါတယ်။ အသက် ၆၉ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ ကယ်ရီဟာ ၂၀၀၄ ခုနှစ်တုန်းက ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီးတော့ သမ္မတရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ အဲဒီတုန်းက သူဟာ သမ္မတ George W. Bush ကို ရှုံးနိမ့်ခဲ့တာပါ။ အထက်လွှတ်တော်ကသာ အတည်ပြုခဲ့မယ်ဆိုရင်တော့ ဂျွန်ကယ်ရီဟာဟီလရီကလင်တန် ဆီကနေ နိုင်ငံခြားရေး ၀န်ကြီး   ရာထူးကို ဆက်ခံရမှာဖြစ်ပါတယ်။

    VOA

    အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အထက်လွှတ်တော်အမတ် John Kerry ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဆက်ခံဖို့ အိမ်ဖြူတော်တွင် အဆိုပြုစဉ်။

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများ

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်း တို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့ အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင် လုပ်သလဲ ဆိုတာကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲး တဲ့ ကိစ္စတစ်ခုဘဲ။ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်း ရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော် အနေနဲ့ လည်း ပြန်စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေး မယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ် ကျွန်တော်   တော်တော်အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော် တစ်ခုသွား သတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေး တစ်ခုဖြစ်ခဲ့ဘူးတယ်။ အဲဒါလေးကို ကျွန်တော် အရင်ရှင်းပြပါမယ်။တစ်ချိန်က ငွေဝယ် ကျွန်အဖြစ်အသုံးပြုခြင်းခံခဲ့ရသော နီဂရိုးလူမည်းများကို အမေရိကန် သမ္မတ အီဗရာဟင်မ် လင်ကွန်းလက်ထက်မှာ ကျွန်အဖြစ်မှ လွပ်လပ်ခွင့်ပေးခဲ့ပါတယ်။ထိုကစ္စကိုမကြေနပ်တဲ့ လူဖြူတစ်ဦးက သမ္မတအီဗရာဟင်မ် လင်ကွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ နောင်တွင် (Ku Klux Klan) ဆိုတဲ့ ကေသုံးလုံး ကိုဏ်းကိုထူထောင်ပြီး လူမည်းတွေ ကို သတ်ဖြတ်ခဲ့ပါတယ်။ လူမည်းထောင်ပေါင်းများစွာဟာ လူငါးသိန်ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေသုံးလုံး ကိုဏ်မှ မတရာ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုကေသုံးလုံးကိုဏ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော် က ဥပဒေဖြင့် (မတရားအသင်းဟု) ကြေငြာခဲ့ပါတယ်။လူဖြူတွေရဲ့အဓိက ရည်ရွယ်ချက် ကတော့ လူမည်မှန်သမျှဟာ ငွေဝယ်ကျွန်အဖြစ်နဲ့ ဘဲနေထိုင်ဖို့ပါ။

(၁)လူမဲများသည် လူဖြူများအသုံးပြုသော အိမ်သာကို မတက်ရ။
(၂)ဘစ်ကားပေါ်တွင် လူဖြူများဝင်လာပါက လူမဲမှထပေးရမည်။
(၃)လူဖြူကလေးငယ် တက်သောကျောင်းတွင် လူမဲကလေးမတက်ရ။
(၄)လူဖြူစားသောင်ဆိုင်အတွင် လူမဲမ၀င်ရ။
(၅)လူဖြူကြိုက်သောနေရာတွင် လူမဲများ အိမ်ငှားနေခွင့်မရှိ။
(၆)လမ်းမကြီးပလက်ဖောင်းပေါ်တွင် လူဖြူက လမ်းလျှောက်လာပါက လူမဲမှပလက်ဖောင်အောက်ကို ဆင်းပေးရသည်။
(၇)(၁၄)နှစ်သားလူမဲမှ မျက်နှာဖြူမလေးကို ရည်းစားစကားလိုက်ပြေားသဖြင့် ကေသုံးမှ လိုက်လံ ရှာဖွေသတ်ဖြတ် ခဲ့သည်။ (၈)လူမဲများ မဲပေးပိုင်ခွင့်မရှိ။
ဒီလိုမျိုးတွေခွဲးခြားကန်သတ်လာခဲ့ကြတာ နှစ်ပေါင်းတော်တော်များများပေါ့။ နောက်တော့လူမဲတွေ ကို ဦးဆောင်မှု့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာခဲ့ပါတယ် သူ့နာမည် က Malcolm X တဲ့ သူဟာလူမဲတွေ အနှိမ်ခံဘ၀မှာနေရတဲ့အတွက် များစွာဝမ်းနဲးခဲ့ပါ တယ်။ နောက်တော့ သူထောင် ကျတယ် ထောင်ထဲမှာ တကယ်နိုင်ငံခေါင်းဆောင်တွေနဲ့သူတွေ့ခဲ့တယ် စာအုပ် စာပေတွေ ကို သူလေ့လာတယ်။ အဲဒီမှာသူတကယ်လိုချင်တဲ့ လူဖြူလူမဲခွဲးခြား တဲ့ပြသနာကို သူသွားတွေ့တယ် အစ္စလာမ်သာသနာမှာ လူဖြူလူမဲခွဲးခြားမှူ မရှိတာကို သူသွားတွေ့တယ် ထောင် ထဲမှာအစ္စလာမ်ကို လက်ခံလိုက်တယ် ကမ္ဘာကြီးတိုးတက် ပြောင်းလဲ လာသည်နှင့် တစ်ပြေးညီ ဒီမိုကရေစီဆောင် ရွက် ချက်တွေဟာလည်း တစ်ဖြေးဖြေးနဲ့ ရှင်သန်လာခဲ့ပါတယ်။ သူထောင်ကနေထွက်လာတော့ လူမဲတွေကို မိန်ခွန်တွေခဏခဏပြေားခွင့်ရတယ်။ လူမဲတွေလဲသူ လက်ခံတဲ့ အစ္စလာမ်ကို လက်ခံလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ Malcolm X မိန့်ခွန်းပြေားနေစဉ်မှာဘဲ လူဖြူ ကေသုံး လုံဂိုဏ်မှ လူသတ်သမားသုံဦးရဲ အကြမ်းဖက် ၀င်ရောက်ခါ တရစက်ပြစ်ခတ်ခြင်းကို ခံလိုက်ရရှာပါ တယ်။ အဲဒီမှာဘဲ သတ်နပ် ဆယ်နှစ်ချက်ထိမှန်ပြီး အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခဲ့ပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဘာကြောင့်အခုလို Malcolm X နဲ့ လူမဲအကြောင်း ကိုမှ ရွေး ချယ်ပြီး   ပြေား ခဲ့ ရသလဲဆိုတာ ပြန်ရှင်းပြပါ့မယ်။ လက်ရှိကျွန်တော် တို နိုင်ငံတွင် ဖြစ် ပွားခဲ့ တဲ့ ပြသနာများ ကို ပြန်သုံး သတ်မိလို့ပါ။ သေချာလေ့ လာကြည့်ပါ။ နောက် ဆုံးမှာအချက်နှစ်ခုဘဲ ကွားခြားနေတာကို တွေရ မှာဖြစ်ပြီး အကုန်တူညီနေတာကိုတွေ့ရမှာပါ။

(၁)ကုလား ကုလားဟုခေါ်ပြီး လူကို အနိမ်ခံဘ၀မှာထားခြင်း
(၂)ရခိုင်တွေဘဲ မြန်မာပြည်အနှံ မည်သည့်နေရာမဆိုသွားခွင့်ရှိပြီး ကုလားဆိုတဲ့ အနှိမ်ခံတွေ က တောင် ကုပ်လောက်ထိလာ လို့ လူဆယ်ဦးကိုသတ်ပြစ်ခြင်း။
(၃)ဒီရပ်ကွက်၊ ဒီလမ်း၊ ဒီမြေ၊ ဒီနေရာဟာ ငါတို့နေရာ ကုလားတွေလာနေပိုင်ခွင့်မရှိဟု ခွဲးခြားထားခြင်း။
(၄)ခေတ်အဆက်ဆက်ကနေမှ စရ်ျ ကုလားမျာကို သုတ်သင်ရှင်လင်းလာခဲ့တာ သမ္မတဦးသိန်းစိန်အလှည့်တွင် ကုလားများ မျိုးတုန်းသတ်ဖြတ်ခံလိုက်ရခြင်း။
(၅) ကုလားများကို လွှတ်တော်ဆိုတဲ့နေရာတွင် မထိုက်တန်ပါဟုဆိုကာ ဖယ်ထုတ်ပေးရန်တောင်ဆိုနေကြခြင်း။
(၆)ကုလားများဆိုင်တွင်ဈေးမ၀ယ်ရ၊ ကုလားများနှင့်အိမ်ထောင်မပြုရ၊ ကုလားဆိုသူနှင့်လုံးဝ ပတ်သတ်မှူမရှိစေရလို့ တောင်း ဆိုနေခြင်း။
(၇)မည်သည့်ဥပဒေနှင့်မျှ ကုလားများကို နိုင်ငံသား/တိုင်းရင်းသားထဲသို့ မ၀င်လာအောင် အာ ဏာပိုင်း များမှ အစပြုရ်ျဖန်တီးနေခြင်းတို့သည်။ လူသားချင်းခွဲးခြား ဆက်စံမှူသာဖြစ်ပြီး ။မြန် မာပြည် ၏ ဒီမိုကရေစီပင်လျှင် ကုလားများအား ငရဲးတွင်းသို့တွန်းချခံလိုက်ရခြင်းပင်ဖြစ်သည်။ အဲတော့ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့်  ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ် လျှားဆောင် ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူး သတိပေး အပ်ပါသည်။

ကောင်းပါပြီ အထက်တွင်ဖော်ပြခဲ့သေား လူမဲများအကြောင်းနှင့် ကုလားများအကြောင်း ကို ကောင်းမွန်စွာသိရှိပြီးဖြစ်သည်ဟု မျော်လင့်မိပါသည်။ ဆက်လက်တင်ပြရန် အနည်းငယ်သာကျန်ပါတော့သည်။ အခုလိုစိတ်ရှည်သည်းခံစွာ ဖက်ကြားပေး သူတိုင်းအား ကျွန်တော် အောင်ကျော်မိုး ကျေးဇူးတင်မဆုံးဖြစ်မိပါသည်။နိဂရိုးလူမျိုးများဟု လူဖြူများမှ လူမဲများအား ခေါ် ဝေါ်ခြင်းကို လူမဲများအလွန်စိတ်ဆိုးသည် ဒီလိုခေါ်ဝေါ်နေခြင်းမျိုးကို မကြိုက်ပါ။သို့သော်လည်း လူဖြူများက ခေါ်သည်။ မကြိုက်မှန်သိသည်။ သို့သော်ခေါ်သည်။ အဲဒီလိုဘဲကုလားများဟုခေါ်ဝေါ်ခံနေကြသူများသည် အစ္စလာမ်ဘာသာ ကိုးကွယ် ပြီး မွတ်စလင်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဝေါ်နေကြသော်လည်း မြန်မာပြည်ရှိ စာတက်ပေတက်ပုဂ္ဂိုလ်ကြီးများက ကုလားဟုပင်ခေါ်ဝေါ်နေကြသည်။ ကုလားဟုခေါ်သော် မကြိုက်ပါ၊သို့သော် မကြိုက်မှန်းသိသည် ခေါ်သည်။မည်သို့ပင်ဖြစ် ပါစေ လူတစ်ဦးတစ်ယောက်က မကြိုက်သည်ကို ပြုမူခြင်း၊ ပြေားဆိုခြင်း၊ ပြုလုပ်ခြင်း အစရှိသည်တို့သည် မည်သည့် တရာတော်နှင့်မျှ မကိုက်ညီပါသဖြင့် ဒီစာကိုဖက်ပြီး ပြုပြင်မည်ဆိုပါက များစွာဝမ်းသာမိပါသည်။ အမေရိကန်နိုင်ငံတွင် လူဖြူ/လူမဲ ပြသနာသည် တစ်ဖြေးဖြေးနှင့် လျှော့သွားပြီး လက်ရှိအချိန်တွင် လူမဲဘက်မှ သမ္မတအဆင့်ထိ ဖြစ်ခွင့်ရရှိခဲ့ပြီး မိမိတို့နိုင်ငံမက တစ်ခြားသော နိုင်ငံများအပေါ်သို့ပါလွှမ်းမိုးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် လူမဲထဲမှ ပေါက်ဖွားလာသော်လည်း အမေရိကန် တစ်မျိုးသားလုံးက လေးစားကြည်ညိုကြသည်။ အားကိုးကြသည်။ မိမိတို့သည် မိမိတို့နိုင်ငံတွင် လူဖြူ/လူမဲ မခွဲးခြားဘဲ ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ်းများကို မှန်မှန်ကန်ကန် သိမြင်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကိုရင်ဝယ်ပိုက်ခါ မိမိတို့၏ တိုတောင်းသော ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်း နေကြသည်။ထိုကဲ့သို ပင်ကျွုန်ုပ်တို့ နိုင်ငံသည်ပင် အီကဲ့သို့ဖြစ်လာစေချင်သည် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။ မိမိတို့ဘ၀မှာ အသက်အိုးအိမ် အတွက် ဘစ၏အာမခံချက်လိုချင်သည်။ မည်သည့်ဘာသာဝင်မဆို ခွဲးခြားဆက်စံခြင်းမပြုဘဲ တစ်ဦးကို တစ်ဦး လူ့ဂုဏ်သိက္ခာရှိခြင်းကို သိရှိပြီး အပြန်အလှန်လေးစားစွာ အတူယှဉ်တွဲနေထိုင်ချင်သည်။ ဖွံဖြိုးတိုးတက်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လာနိုင်သည့် အချိန်တွင် မိမိတို့၏ အတူတစ်ကွ ကြိုးစားအားထုတ်မှူကို ပုံဖော်ကာ ကြည်နူးဝမ်း သာရခြင်းဟူသော အရသာကို ခံစားချင်သည်။လက်ရှိအစိုးရတစ်ရပ်သည် နောက်နှစ်ပေါင်းများစွာ ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်မည်ဆိုပါက များစွာဂုဏ်ပြုဝမ်းသာမိပါသည်။ သို့သော်လည်း လက်ရှိအခြေနေတွင် ဖြစ်ပွားခဲ့သော်ပြသနာများအား တာဝန်ယူရန် အထက်ပါစာကြောင်းများမှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဟု မဆိုထားနှင့် မည်သည့်ကိစ္စအသေးအဖွဲး ပင်ဖြစ်နေပါစေ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိစမြဲပင်၊ ဒါကြောင့် နိုင်ငံတော်သမ္မကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်တော်၏ အားနည်းချက်ကြောင့် ပုံဖော်ပြေားဆိုနိုင်ခြင်း မရှိသော အကြောင်အရာကိစ္စတစ်ချိုကိ အမေရိကန် နိုင်ငံ၏ လူမဲပြသနာတစ်ရပ်ဖြင့် ပုံဖော်ပြခြင်းဖြစ်ပါသည်။ ဒီစာကိုဖက်နေစဉ်အချိန်အတွင် အောင်ကျော်မိုး၏ ရင်တွင်စိတ်စေတနာ အမှန်ကို သိရှိနိုင်မည်ဟု မျော်လင့်မိပါသည်။တစ်ခါတစ်ရံ လူ့သဘာဝနှင့် အညီ ဒေါးသဖြစ်မှူများကိုလည်း ပွင့်လင်းစွာ ပုံဖော်ပြသလျှက်ရှိပါသည်။သိုသော် အောင်ကျော်မိုး၏ မည်သည့် ပုံဖော်မှူကိုမဆို နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံးကို ကောင်းစားစေလိုသော ကြောင့်ဖြစ်သည်ကို မိမိရင်ဝယ်အတွင် မှတ်သားပေးပါရန်တောင်ဆိုအပ်ပါသည်။ ဆက်လက် ရ်ျလည်း တိုင်ပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဟု အဆုံးအဖြတ်ပြုပါသည်။ နိုင်ငံတစ်ဝှမ်း ချစ်ခင် လေးစားစွာဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com,

ICC က လက်ခံကိုင်တွယ်နိုင်သည့် ရာဇဝတ်ပြစ်မှုအမျိုးအစားများ၊

ICC က လက်ခံကိုင်တွယ်နိုင်သည့် ရာဇဝတ်ပြစ်မှုအမျိုးအစားများ၊

ယခုပေါ်ပေါက်လာသောတရားရုံးသည် လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide)၊လူသားမျိုးနွယ် တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime Against Humanity)၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှု များ(War Crime) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်တဦးတယောက်တိုင်းကို ခုံရုံးတင် အရေးယူနိုင်ပါသည်။ ထိုအမှု(၃)မျိုးနှင့် အကျူံးမဝင်သည့် ကျန်သည့်အမှုများကို မတိုင်ကြားနိုင်ပေ။

တိုင်ကြားနိုင်သောအမှုများ

လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ “နိုင်ငံသား၊ မျိုးနွယ်စု၊ လူမျိုးစု (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ အားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ (သို့မဟုတ်) အချို့အစိတ် အပိုင်း ကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ” ကို ဆိုလိုသည်။

အပိုဒ် (၇)အရ “လူမျိုးတုံး သတ်ဖြတ်မှု” နှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ငါးမျိုးမှာ-

(၁) လူတစ်စု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း။
(၂) လူတစ်စု၏ အဖွဲ့ဝင်များကို ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။
(၃) အသင်းအဖွဲ့တစ်ခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှု ဖြစ်ပေါ်စေရန် တမင်တကာ ရည်ရွယ်၍ ထိုအုပ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း။
(၄) လူတစ်စုအတွင်း၌ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း။
(၅) ကလေးသူငယ်များကို လူအုပ်စုတစ်စုမှ အခြားလူအုပ်စုတစ်စုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း။