The Best Doccuments of Rohingyas in Burma, အကောင်းဆုံးရိုဟင်ဂျာ အထောက်အထားများ : Compiled by N.D.P.D. (Revised and New addition)

Posted by danyawadi

N.D.P.D. presentation for the native inhabitants (Whose Faith Is Islam) residing in Rakhine State (Arakan State) as   the citizen by law and by natural or birth right as well as the indenous national of Republic of Union of Myanmar

ထူးဆန်းသောနည်းဖြင့် သေဆုံးခဲ့သည့် ကမ္ဘာကျော်များ

– ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

– ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

– ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

– အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

– ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာ အကျီ င်္ရဲ့အလေး ချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

– ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

– စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

– ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကို သတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။အဲဒီလိုလုပ်နေရင်းနဲ့ပဲသူ အအေးပတ်ပြီးသေသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကိုအ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထား တဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။

အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။တစ်လုတ်တည်းနဲ့ နင်ပြီး   သေ သွားပါတယ်။

– ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ကြိုးဆွဲချသေသွားပါတယ်။

– ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီးမီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲ ကျသေ ပါတယ်။

– ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီးရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက် ဖိုက်ရောဂါ ရပြီး သူသေသွားပါတယ်။

– ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

– ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ် ခတ် လုပ်ကြံပေမယ့်လည်း မသေပါဘူး။နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

– အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။

– အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက် ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

– ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

ဂျွန်ဒီလင်းဂါးဆိုတာ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အသေပဲဖြစ်ဖြစ်အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာ တစ်သောင်း   ပေး   မယ်လို့အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာဝန် တစ်ယောက် ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။ဆရာက၀န်က အတတ်နိုင်ဆုံးကူညီပေ မယ့်   မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။

Credit – Original Writer

First Yr. Geography Syllabus existence of Rohingya: တက္ကသိုလ် ပထမနှစ် ပ ထ ဝီ ဝင် ဘာ သာ ရပ် တွင် “ရိုဟင်ဂျာ” အ ကြောင်း သင် ရိုး တွင် ပြ ဌာန်း ထား ခြင်း

ရခိုင်ပြည်မြောက်ပိုင်း၊ဘင်္ဂလားဒေရှ်နယ်စပ်အနီး၊ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များတွင် ရိုဟင်ဂျာနှင့်၊ ရခိုင်စစ်တကောင်း လူမျိုးများနေထိုင်ကြသည်။ ထို လူမျိုးများ သည်။ ရှေးပဝေသဏီကပင် နေထိုင်ခဲ့ကြသော တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်ကြသည် ဟု အောက်ပါအတိုင်း အင်္ဂလိပ်လို ရေးသား ထားသည်ကို ဘာသာ ပြန်ခြင်းဖြစ် သည်။

………… In northern Rakhine State close the boder with the Bangladesh at Butheetaung and Maundaw township are where the Rohinggas and chittagarean live.These minority ethnic groups had settled in the boder region since early days.

 

 

“ အီဒုလ်ဖိသွိရ်ပွဲတော်နေ့ ”

ကမ္ဘာအရပ်ရပ်ရှိ မွတ်စ်လင်မ်လူထုကြီးတစ်ရပ်လုံးသည် နှစ်စဉ်နှင့်အမျှ ရမဒွါန်လမြတ်တွင် တစ်လတိတိ ဆွိယာမ် ဥပုသ်သီတင်း ဆောက်တည်ကြတယ်။ တစ်လတိတိ ဥပုသ်သီတင်း ဆောက်တည်ပြီးသည့်နောက် ရှောင်ဝါလ်လဆန်း(၁)ရက်နေ့တွင် အီဒုလ်ဖိသွိရ် ပွဲတော်ကြီးကို တပျော်တပါး ဆင်ယင်ကျင်းပကြတယ်။

အီးဒ်ရဲ့ အဓိပ္ပာယ်ကတော့ ပျော်ရွှင်ခြင်း၊ အဖန်တလဲလဲ ပြန်လာခြင်းလို့ ရပါတယ်။ ဒါကြောင့် နှစ်စဉ်နဲ့အမျှ အဖန်တလဲလဲ ပျော်ပွဲရွှင်ပွဲဆင်နွှဲသည်ကို အကြောင်းပြုပြီး အီးဒ်နေ့လို့ ခေါ်ခြင်းဖြစ်ပါတယ်။

ပျော်ပွဲရွှင်ပွဲများသည် လူမျိုးတိုင်း၊ ဘာသာတိုင်းလိုလိုမှာပင် ရှိကြပါတယ်။ အစ္စလာမ်သာသနာ မထွန်းကားမီခေတ်တွင် အာရေဗျလူမျိုးများတွင်လည်း ၄င်းတို့ ထုံးတမ်းစဉ်လာအရ ပျော်ရွှင်ရန်အတွက် ရက် ၂ ရက် သတ်မှတ်ထားခဲ့ကြတယ်။ ဒါပေမဲ့ ၄င်းတို့ဟာ ထိုပျော်ပွဲရွှင်ပွဲများတွင် ရိုးရိုးပျော်ရွှင်မှုများသာမက အပျော်ကျူးပြီး မဖွယ်မရာကိစ္စတွေ၊ ရိုင်းပြသော အပြုအမူတွေ၊ လူမျိုးရေးမုန်းတီးမှုတွေ အလွန်အကျွံ ပါဝင်နေခဲ့တယ်။ ဒီကဲ့သို့ တရားမဲ့ ပရမ်းပတာ ဖြစ်နေတာကို တမန်တော် မုဟမ္မဒ်သခင် တွေ့မြင်သည့်အခါ ပျော်ရွှင်မှုလည်းပါ၊ လူထုမှာလည်း အကျိုးရှိ၊ သဘာဝလည်းကျ၊ ချစ်ကြည်ရေးလည်းရ၊ အစ္စလာမ်ဝါဒလည်းပြန့်၍ တကယ့်လူထု အင်အားပြနိုင်ရန် အလို့ငှာ ယခင်ပျော်ပွဲရွှင်ပွဲများကို ဖျက်သိမ်းပြီး ပျော်ရွှင်ရန်အတွက် ထိုနှစ်ရက်အစား အခြားနှစ်ရက်ကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။ ပထမရက်ကို (အီဒုလ်ဖိသွိရ်)လို့ ခေါ်ပါတယ်။ ဒုတိယရက်ကို (အီဒုလ်အဒ်ွဟာ)လို့ ခေါ်ပါတယ်။

မွတ်စ်လင်မ်များသည် တရားတော်နှင့်အညီ တစ်လတိတိ ဆွိယာမ် ဥပုသ်ဆောက်တည်နိုင်သည့်အတွက် ဝမ်းသာခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်းနှင့် ဥပုသ်ဆောက်တည်ရာတွင် အငတ်ပြဿနာနှင့် အမြဲတန်း ရင်ဆိုင်နေရသော ဆင်းရဲသားများ၏ ဒုက္ခတွေကို လက်တွေ့သိရှိလာပြီး ဆင်းရဲသား ကျောမွဲများအား ကူညီထောက်ပံ့ခြင်းများကို အကြောင်းပြုပြီး ပထမအီးဒ်ဖြစ်သော (အီဒုလ်ဖိသွိရ်)ကို ကျင်းပခြင်းဖြစ်ပါတယ်။

အီဒုလ်ဖိသွိရ်ပွဲတော်နေ့မှာ မွတ်စ်လင်မ်များဟာ တရားတော်နှင့်အညီ “ ဖိသ်ွသွရဟ် ”အလှူဒါနကို ဆင်းရဲသူ၊ ဆင်းရဲသားတို့အား ပေးလှူကြရပါတယ်။ မွတ်စ်လင်မ်တစ်ဦးဟာ ဖိသ်ွသွရဟ်အလှူကြေးကို မိမိအတွက်လည်း ပေးရပါတယ်။ မိမိရဲ့ ဇနီးနှင့် သမီး၊ သားများအတွက်လည်း ပေးရပါတယ်။ ဖိသ်ွသွရဟ်ပေးလှူရန် တာဝန်ရှိတဲ့ မွတ်စ်လင်မ်တစ်ဦးဟာ အကယ်၍ ဖိသ်ွသွရဟ် မပေးလှူလျှင် အလ္လာဟ်အရှင်မြတ်သည် သူရဲ့ ဥပုသ်ဆောက်တည်မှုကို လက်ခံတော်မူမှာ မဟုတ်ဘူး။ ဒါကြောင့် မွတ်စ်လင်မ်တွေဟာ အီးဒ်ပွဲတော်မကျင်းပမီ ဆင်းရဲသူ၊ ဆင်းရဲသားတို့အား “ ဖိသ်ွသွရဟ် ”ပေးလှူကြပါတယ်။ ဒီလို “ ဖိသ်ွသွရဟ် ”ပေးလှူကြခြင်းကို အကြောင်းပြု၍ ဒီအီးဒ်ပွဲတော်ကို “ အီဒုလ်ဖိသွိရ် ”တစ်နည်း “ ဖိသ်ွသွရဟ် ” ပွဲတော်လို့ ခေါ်ဆိုခြင်းဖြစ်တယ်။

ဒီလို ဖိသ်ွသွရဟ်ပေးလှူခြင်းကြောင့် အီးဒ်ပွဲတော်မှာ ပိုက်ဆံမရှိလို့ မျက်နှာငယ်ရသူ တစ်ယောက်မျှမရှိ။ ပိုက်ဆံမရှိလို့ မပါဝင်လိုက်ရဘူးဆိုတဲ့ အဖြစ်မျိုးဟာ ပေါ်ပေါက်စရာအကြောင်း မရှိတော့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကုံလုံကြွယ်ဝတဲ့လူရော၊ မရှိဆင်းရဲတဲ့လူရော၊ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ဆိုသလို မွတ်စ်လင်မ်တစ်မျိုးသားလုံးဟာ ပါဝင်ဆင်နွှဲ နိုင်ကြပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီပွဲတော်ဟာ ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားမခွဲ၊ သူတော်စင်မှန်သမျှ ပါဝင်ဆင်နွှဲကြတဲ့ “ သူတော်စင်တို့ရဲ့ အောင်ပွဲကြီးပဲ” ဖြစ်ပါတယ်။

မွတ်စ်လင်မ်တွေ ပထမအီးဒ်ပွဲတော်ကို ဘယ်လိုများ ကျင်းပကြပါလိမ့်?

အီးဒ်နေ့ မိုးလင်းသည်နှင့် တစ်ပြိုင်နက် မွတ်စ်လင်မ်များသည် အယုတ် အလတ် အမြတ် မရွေး၊ ကြီးငယ်မဟူ၊ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လူထုကြီးတစ်ရပ်လုံးသည် ရေမိုးချိုးကြတယ်။ အဝတ်ကောင်း ဝတ်ကြတယ်။ အမွှေးအကြိုင်များ လိမ်းကြတယ်။ ကိုယ်နှုတ်နှလုံးသုံးပါးလုံးဖြင့် နိစ္စထာဝရ မဟာကာရုဏိက ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကာ (မုဆွလ္လာ)ခေါ် လူထုဝတ်ပြုရာဌာနသို့ တပျော်တပါး သွားကြတယ်။ ဓနရှင်နဲ့ ဆင်းရဲသား၊ သမ္မတနဲ့ သူတောင်းစား၊ ဖြူနက်မခြား၊ လူတန်းစားမခွဲဘဲ နေထားကျကျ အတန်းများစီကြတယ်။ အရှင့်ကျောင်းတော် (ကအ်ဗာဟ်)ဘက်သို့ မျက်နှာမူ၍ တစ်ဦးတည်းသော ရှေ့ဆောင်ဆရာတော်ရဲ့ နောက်မှနေ၍ တစ်ဆူတည်းဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်အား တညီတညွတ်တည်း၊ တစ်စိတ်တစ်လက်တည်း၊ တစ်သဘောတည်း၊ တစ်မျိုးတစ်စားတည်း ခဝပ်ကိုးကွယ် ဝတ်ပြုကြတယ်။ ဒီကဲ့သို့ တပျော်တပါး ခန့်ခန့်ညားညား ဝတ်ပြုပြီးသည့်နောက် မွန်မြတ်သော တရားဒေသနာများကို နာကြားကြရပါတယ်။

“ အလ္လာဟုအတ်က်ဗရ်၊ အလ္လာဟုအတ်က်ဗရ်၊ လားအီလားဟ အိလ္လလ္လာဟု ဝလ္လာဟုအတ်က်ဗရ်၊ အလ္လာဟုအတ်က်ဗရ်၊ ဝလိလ္လာဟိလ်ဟမ်ဒ်”
အလ္လာဟ်အရှင်မြတ်သည် အဒုတိယော၊ အသမာသမော၊ အတုလော၊ အပမေယျော၊ သဿတော အစရှိသည့် အနန္တော အနန္တ တန်ခိုးတော်၊ ဂုဏ်တော်များနှင့် ပြည့်စုံတော်မူထသောအရှင် ဖြစ်တော်မူပါ၏။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရာဟူ၍ လုံးဝဘာမှမရှိ။ အထူးထူး အထွေထွေသော ချီးမွမ်းထောပနာခြင်းများကို အလ္လာဟ်အရှင်မြတ်သာလျင် ခံထိုက်တော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်ချုပ်ဖြစ်တော်မူသော မုဟမ္မဒ်သခင်အပေါ် ကောင်းချီးမင်္ဂလာ မေတ္တာများ ပို့သကြပါ၏။

လူကြီးမင်းများခင်ဗျား –
ဒီနေ့ ဒီရက်ဟာ အလွန်မွန်မြတ်တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ဒီနေ့ဟာ သူမွန်သူမြတ်များအဖို့တော့ ပျော်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ မသူတော်များအဖို့မှာတော့ ငိုပွဲကြီးတမျှ ဖြစ်ပါတယ်။
အကြင်မည်သူမဆို လမြတ်ရမဒွါန်၏ ဆွိယာမ် – ဥပုသ်များကို စောင့်ထိန်း၏။ အီဒ်ဆွလာသ်ကို ဝတ်ပြု၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပြုတော်မူ၏။ ထိုသူ၏ မကောင်းမှုများကို ကောင်းမှုဖြင့် အစားပေးသနားတော်မူမည်။
(ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း)

လူကြီးမင်းများခင်ဗျား –
ဒီလောကကြီးဟာ အရိပ်ပမာ ပျောက်ကွယ်သွားမည့် သင်္ခါရ လောကမျှဖြစ်ပါတယ်။ အိုခြင်း နာခြင်း သေခြင်း တရားကို အမြဲတစေ သတိချပ်ကြစေလိုပါတယ်။ မနှစ်က ကျွန်တော်တို့နဲ့အတူတူ ဥပုသ်ဆောက်တည်ကြပြီး အီးဒ်ပွဲတော် ဆင်နွှဲခဲ့ကြတဲ့ မိဘတွေ၊ သားသမီးတွေ၊ မိတ်ဆွေတွေ အားလုံးတို့ဟာ ယခု အပြည့်အစုံရှိကောင်းမှ ရှိကြတော့မည်။ အချို့သေဆုံးသွားခဲ့ကြပြီ။

လူကြီးမင်းများခင်ဗျား –
ယခုကဲ့သို့ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် အီးဒ်ပွဲတော်ကို ဆင်နွှဲနိုင်ကြသည့်အတွက် အရှင်မြတ်အား အထူးကျေးဇူးတင်ကြပါ။ အထူး ခယရိုကျိုး ဝတ်ပြုဆုတောင်းကြပါ။

လူကြီးမင်းများခင်ဗျား –
မိမိတို့နှင့် အဖက်ဖက်မှ ဆက်စပ်လျက်ရှိသော ဆင်းရဲသားလူထုအား တရားတော်နှင့်အညီ မိမိတို့၏ ချွေးနှဲစာများကို ရက်ရက်ရောရော လှူဒါန်းကြပါ။ ခပ်သိမ်းကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့သည် အရှင့်အိမ်တော်သားများဖြစ်ကြပါတယ်။ အိမ်တော်သား အချင်းချင်း လစ်လျူပြု မထားကြပါနဲ့။ ကူညီယိုင်းပင်းကြပါ။ ချစ်ခင်ကြပါ။ တစ်ဦးနဲ့ တစ်ဦး မေတ္တာလက်ဆောင် ကမ်းလှမ်းကြပါ။

လူကြီးမင်းများခင်ဗျား –
မိမိတို့၏ အဝတ်အစားမျာကို သန့်သန့်ရှင်းရှင်း လှလှပပ သပ်သပ်ရပ်ရပ် ပြုလုပ်ကြသလို မိမိတို့၏ အတွင်းစိတ်ဓာတ်များကိုလည်း တကယ်တမ်း သန့်ရှင်းအောင် ပြုလုပ်ကြပါ။

လူကြီးမင်းများခင်ဗျား –
တမန်တော်မြတ်မုဟမ္မဒ်သခင်က မိန့်မှာတော်မူခဲ့ပါတယ်။ အီးဒ်နေ့များတွင် ဆွိယာမ်ဥပုသ်မစောင့်ထိန်းရ။ အီးဒ်နေ့ဟာ စားဖို့သောက်ဖို့၊ အိမ်သူအိမ်သားများနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြဖို့ဖြစ်တယ်။

မွန်မြတ်သော တရားဒေသနာများကို နာကြားကြပြီးနောက် အရှင်မြတ်အထံတော်၌ ဆုမွန်ကောင်းများတောင်းဆိုကြပြီး အချင်းချင်း ဖက်လဲတကင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ကြကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရုပ်သိမ်းလိုက်ကြပါတယ်။

ဒါကြောင့် အီးဒ်နေ့သည် –
၁။ အရှင့်အား ခဝပ်ကိုးကွယ်ဝတ်ပြုတဲ့နေ့
၂။ အရှင့်အား ကျေးဇူးတင်တဲ့နေ့
၃။ လူထုချစ်ကြည်ရေးနေ့
၎။ လူထုညီညွတ်ရေးနေ့
၅။ လူထုထောက်ပံ့ရေးနေ့
၆။ လူထုပျော်ရွှင်ရေးနေ့
၇။ လူထုမေတ္တာ ကမ်းလှမ်းတဲ့နေ့ ….. ဖြစ်တယ်ဆိုတာ အလွန်ထင်ရှားလှပါတယ်။
လူထုအပေါင်း ဘေးဘယာဝေးကွာ စိတ်ကြည်ကိုယ်ချမ်း ရွှင်လန်းသာယာကြပါစေကုန်သတည်း။

(သီရိပျံချီ အလ်ဟာဂ်ျ အလ္လာမဟ် ဃာဇီမုဟမ္မဒ်ဟာရှင်မ်)

အစ္စလာမ်သာသနာရေးရာကောင်စီ သာသနာ့စာစဉ် (၂၃) ဃာဇီ၏အသံ စာအုပ်မှ စုစည်းတင်ပြပါသည်။

Myanmar’s Rohingya Muslims flee to Australia

Myanmar’s Rohingya Muslims flee to Australia

Press TV

December 31, 2012
Thousands of Rohingya Muslims in Myanmar have fled the country, with many taking incredible risks to reach Australia, to avoid religious persecution, Press TV reports.
Myanmar’s government refuses to recognize Rohingya Muslims as citizens and labels the minority of about 800,000 as “illegal” immigrants.
The persecuted minority have faced torture, neglect, and repression in Myanmar since it achieved independence in 1948.

Saeed Kazim, a Rohingya Muslim who fled to Australia, told Press TV on Monday, “The Burmese military came and arrested me. They took me to a military camp. They really tortured me. They beat me.”

On December 25, the United Nations General Assembly issued a resolution expressing concern over the persecution of Muslims in Myanmar. The resolution called on Myanmar’s government to “protect all their (Muslims) human rights, including their right to a nationality.”
The UN resolution also stated that there are “systematic violations of human rights and fundamental freedoms” in Myanmar.
Hundreds of Rohingyas are believed to have been killed and thousands displaced in attacks by the Buddhist extremists. The assaults have been mainly carried out in the western state of Rakhine.
Myanmar’s army forces have reportedly provided the extremists with containers of petrol for torching the houses of Muslim villagers.
Aung San Suu Kyi, the opposition leader in Myanmar, has come under fire for her stance on the ethnic violence. The Nobel Peace laureate has refused to censure Myanmar’s military for its persecution of the Rohingyas.
Rohingya Muslims are said to be descendants of Persian, Turkish, Bengali, and Pathan origins, who immigrated to Myanmar as early as the 8th century.

ဥပဒေပြဌာန်း၍ခွဲခြားဆက်ဆံခြင်းခံရကြောင်း၊ ပြည်သူ ကြား က ရိုဟင်ဂျာ စကား

OICကဘဂါင်္လီကိုရိုဟင်ဂျာပြုလုပ်ခြင်းမဟုတ်၊သမိုင်း အထောက် အထားအရရိုဟင်ဂျာ လူမျိုးမူလကတည်း က  တိုင်းရင်း သား အဖြစ်ရပ် တည်ခဲ့ကြောင်း ရှင်း လင်း ချက်

ရန်ကုန်တိုင်း၊ဒေသကြီး၊အစိုးရရုံးအဖွဲ့ရုံး၊အစည်းခန်းမ၌ ပြုလုပ်သော ဘာသာပေါင်းစုံမှချစ်ကြည်ညီညွတ်ရေး အဖွဲ့ နှင့်မြန် မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော် မရှင် အဖွဲ့ တို့ ကို တွေ့ဆုံပွဲ တွင်  သမ္မတ ဦးသိန်းစိန်က မိမိနိုင်ငံ တွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို လုံ့ဝလက်မခံဟု မိန့်ကြားခဲ့ သည့်အပြင် အောက်ပါစာပိုဒ်ကိုလည်း တင်ပြခဲ့ကြောင်းတွေ့ ရ သည်။

OIC အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ အချက်အ လက်နှင့် တင်ပြ သွားရန် ရှိသည့် အပေါ် မြန်မာနိုင်ငံမှလည်း OIC တင်ပြမည့်အပေါ် ကုလသမဂ္ဂအား အချက် အလက် များနှင့် ဖြေရှင်းတင်ပြသွားရန် သမ္မတက တိုက်တွန်းခဲ့ကြောင်း ခရစ် ယာန် ချစ်ကြည်ရေး အသင်းအဖွဲ့မှ အထွေထွေ အတွင်းရေး မှူး ဒေါက် တာ သာဥာဏ် က ပြောကြားသည်။

ထိုကဲ့သိုမိန့်ကြားခဲ့သည်မှာ သမိုင်းအထောက်အထားများလုံ့ဝလွှဲချော်နေပါကြောင်း၊အောက်တွင် သမိုင်းနှင့်အထောက်အထားတကွရှင်းလင်းတင်ပြ ပါသည်။

ဥပဒေပြဌာန်းပြီးတိုင်းရင်းသား(၁၄၃)မျိုးမှရိုဟင်ဂျာအပေါင်းပါလူမျိုး(၉)မျိုးကိုဖြုတ်ချြ့ပီး နိုင်ငံတကာစံမမီသော ၁၉၈၂ ခု နိုင်ငံသား ဥပဒေ ဖြင့်လူမျိုး(၁၃၅)မျိုးဟု တစ်ဖက်သတ် သတ် မှတ် ၍ရခိုင်ပြည်နယ်မွတ်ဆလင်များကို လူမျိုးဘာသာ ခွဲခြား ဆက်ဆံလျက်ရှိသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ ကပင် အသိအမှတ်ပြု ထားပြီးဖြစ်သည်။

လိုရင်းကိုအတိုချုပ်တင်ပြရလျှင် ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူ များကို သမိုင်းမှတ်တမ်း အထောက် အထားများအရ ရိုဟင်ဂျာ လူမျိုးသာဖြစ်ကြောင်း၊ အကိုးအကား အထေားပေါင်းမြောက်များတင်ပြခဲ့ သော်လည်း ထို အထောက်အ ထားများ ကို လက်မခံဘဲ၊ မည်သည့်သမိုင်း တွင် မရှိသော ဘင်္ဂလီ အမည်ကို ပေါ်လစီတရပ်အဖြစ် ချမှတ်ပြီး အဓမ္မ သတ်မှတ် ခဲ့ခြင်းသည် ရခိုင်းပြည်နယ် မွတ်ဆလင်များအတွက် အခြေခံ အကျဆုံး၊ပြသနာ ဇစ်မြစ်ဖြစ်ပါသည်။
ယခင်ရိုဟင်ဂျာ အမည်ကို အသိပြုထားပြီး၊ ရေဒီယိုမှတဆင့် တိုင်းရင်းသား အစီစဉ် ကို တပတ်လျှင် ၂ ကြိမ်ကျ အသံလွင့် ခဲ့ကြောင်း ၊စွယ်စုံကျမ်း အတွဲ(၉)မေယု ခရိုင် ခေါင်း စဉ်အောက်တွင် ၎င်းနေရာတွင် နေထိုင် သော လူမျိုးများသည် အစ္စလာမ်ဘာသာ ကိုးကွယ် သော ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း၊နေထိုင်သူလူဦးရေ၏ ၉၇% ဖြစ်ကြောင်း ရေးသား ထားကြောင်းတွေ့နိုင်သော်လည်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံ့ဝမရှိဟု အကြိမ်ကြိမ်ငြင်းဆန်နေသည် ပြသနာတစ်ခုကို   ပြေလေ အောင်ဖြေရှင်းနိုင်မည် မဟုတ် ပေ။
ကမ္ဘာ့နိုင်ငံပေါင်း (၁၈၂) နိုင်ငံမှ ရိုဟင်ဂျာလူမျိုးများ၏ ခိုင်လုံသော အထောက် အထားအရ အသိအမှပြုထားသော်လည်း မြန်မာနိုင်ငံအစိုးရက ဘင်္ဂါလီဟု သုံးနုံးလျက် သည်။လူဦးရေစစ်ဆေးနေသည် အချိန်တွင် ပုံစံစာရွက်၏ခေါင်းစည်းတွင် (ဘင်္ဂလီ ဆွဲ တင် စစ်ဆေး) ဆို၍ပါသည့် အတွက် ဒေသခံ ရိုဟင်ဂျာမွတ်ဆလင် ထိပ်တိုက်ရင် ဆိုင် မှု များဖြစ် လာခဲ့သည်။
ထိုကဲ့သို့ စစ်ဆေးချက်အပေါ် တာဝန်ဝတ္တရားနှောက်ယှက်သည်ဟုဆိုပြီး ဦးကျော်မြင့်နှင့် အပေါင်းပါ တစ်စု ကို ဖမ်းစီးစစ်ဆေး လျက်ရှိသည်။ထို အပြင် မကြာသေမီးက ရှေ့နေ ဦးကျော်လှအောင် ရိုဟင်ဂျာလူမျိုးစု ခေါင်ဆောင်ဖြစ်နေ၍ ၎င်းရှေ့နေ ဦးကျော်လှအောင် ကို လည်း ဖမ်းစီးစစ်ဆေးလျက် ရှိသည်။
အချုပ်ဆိုရလျှင် ရိုဟင်ဂျာလူမျိုး၊မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် မပြုသရွေး ကာလပတ်လုံး ပြသနာတက်နေမည် သာဖြစ်ပြီး။ပြည်တွင်းပြ သနာ မှဒေသ တွင်းပြသနာ၊ ကမ္ဘာ့ပြသနာအထိရောက် သွားနေပြီဖြစ်သည်။
ရခိုင်ပြည်ရှိမွတ်ဆလင်များက ဘင်္ဂလီ မဟုတ်ဘဲ ဘင်္ဂလီဟု သတ် မှတ်ခြင်း၊ ထိုကဲ့ သို့ သတ်မှတ်ပြီးလျှင် ဘင်္ဂလားဒေရှ် ခိုးဝင်လာသူများဖြစ်၍ ၎င်းတို့ အားလုံးဧည့် နိုင်ငံ သား၊ပြုနိုင်ငံ သား၊နိုင်ငံခြားသား ဟု သတ်မှတ်ရန် ရယ်ရွယ်သည်ဟုရိုဟင်ဂျာလူမျိုးများက ယုံကြည်ထားသည်။
ယခင်ရိုဟင်ဂျာ လူမျိုး ၊တိုင်းရင်းသား အစီစဉ်တွင် အသံလွင့်ခွင့်ရရှိခဲ့သော လူမျိုးတစ်မျိုးကို အခု နိုင်ငံခြားသား အဆင့်၊ ဒုတိယအဆင့်၊ တတိယ အဆင့် လျော့ချသတ်မှတ်သည်ကို လက်ဖြစ်ကြောင်းသုံးသပ်တင်ပြ လိုက်ရပေသည်။
အကိုးအကားအနည်းငယ်ဤနေရာတွင် တင်ပြရလျှင် အောက်ပါ အတိုင်းဖြစ်သည်။

Short History fact of Rohingya, ရိုဟင်ဂျာလူများ၏ သမိုင်းအကျဉ်း

၁၉၉၇ခုနှစ်၊ မတ်လ၊ စာမူခွင့်ပြုချက်အမှတ်-၃၄/၉၇(၃)ဖြင့် “သာသနာရောင် ၀ါထွန်း စေဖို့စာအုပ်ကိုဒုတိယ ဗိုလ်မှူးကြီး ၀င်းမောင်၊ ဦးစီးအရာရှိ (ပထမ တန်း) ပြန် လည်နေ ရာ ချထားရေးညွှန် ကြားရေးမှူးရုံး ကာကွယ်ရေး ၀န်ကြီး ဌာနမှ ထုတ်ဝေသည့်စာအုပ်တွင် ရမ်းဗြဲကျွန်းအနီး သဘောင်္များ ပျက် ခဲ့ သဖြင့် အစ္စလာမ်ဘာသာဝင် သဘောင်္ သား များ ထို စဉ် အခါကပင် ရမ်းဗြဲကျွန်း တွင် အခြေချ နေထိုင်ခဲ့ကြောင်း တွေ့ရှိရပေသည်။

ရခိုင်ဘုရင်မဟာတိုင်စန္ဒလက်ထက် အေဒီ၇၈၈-၈၁၀တွင် ရမ်းဗြဲကျွန်းအနီး သဘောင်္ များစွာပျက်ခဲ့ကြောင်း အစ္စလာမ် ဘာသာ ၀င် သဘောင်္သားများအား ရခိုင်ပြည်မ သို့ပို့ ကာ ကျေး ရွာများတွင် အတည်တကျနေရာ ချထားပေး ခဲ့ ကြောင်း   တွေ့ရ၏ ဟုဖော်ပြ ထားပါသည်။

ရခိုင်ဒေသကို မြန်မာဘုရင် ဘိုးတော်ဘုရားအုပ်ချုပ်ခဲ့သည့် ကာလအတွင်း ရခိုင် ဒေသရှိ အစ္စလာမ်ဘာသာဝင် အားလုံး ကို မြန်မာပြည်မရှိ အစ္စလာမ် ဘာသာဝင်များ နည်းတူ ပသီ ကုလားဟု တရားဝင်သုံးနှုန်းဖော်ပြခဲ့ပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ မှထုတ်ဝေ သော မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့်ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်   တော်ပြန်တမ်းကြီးစတုတ္ထပိုင်း၊ စာ(၂၅၄)။အေဒီ၁၇၉၉ ခုနှစ် ထုတ် သုတေသီ Francis Buchanan, M.D\A Comprative Vocabulary of Some of the Languages Spoken in the Burma Empire အမည်ရှိ စာအုပ် မှာ အေဒီ(၁၇၇၉) တွင် အင်းဝ၌ရုံးစိုက်သော ဗြိတိသျှသံအဖွဲ့ဝင် Francis Buchanan ကမြန်မာ နိုင်ငံအတွင်းရှိ တိုင်းရင်း သားစကားများကို သုတေသနပြုခဲ့ရာ အာရ်ကန်ဒေသ အတွင်းရှိ စကားများ တွင် Rosswan နှင့် Rooinga (ရိုဟင်ဂျာ) စကားနှစ်မျိုးနှင့် စပ်လျဉ်း ၍လေ့ လာ သုံးသပ်တင်ပြထားပါသည်။ ထိုသုတေသနစာတမ်း၏ စာမျက်နှာ (၄၃) တွင် Mr. Rennell has been induced to make a country named Roshaum occupy part of his map ဟူ၍လည်းကောင်း၊ The Mahommedanssettled at Arkan, call the country Rovingaw, the Persians call it Rekan ဟူ၍လည်းကောင်း၊ စာမျက်နှာ (၅၅၊ ၅၆၊ ၅၇)တို့တွင် the first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arkan ဟူ၍လည်းကောင်း ရေးသားပါရှိပြီး Rooinga စကား၊ Rossawan စကား၊ Banga စကားတို့၏ ခြားနားချက်အဖြစ် စကားလုံး(၅၀) ကိုဥပမာအဖြစ် ဖော်ပြထားသဖြင့် ရိုဟင်ဂျာစကားနှင့် ဘင်္ဂါစကား ကွာခြားချက်ရှိကြောင်း တွေ့မြင် နိုင်ပါသည်။

ယနေ့ရိုဟင်ဂျာများပြောသော စကားကို ဘင်္ဂါလီစကားထင်ယောင်ထင်မှား ရှိသော် လည်း အမှန်မှာရိုဟင်ဂျာ များပြော   သော   စကားမှာ သမိုင်းတင် ဝေသာလီစကားပင်ဖြစ် ပါ သည်။

အေဒီ ၁၈၁၁ ခုနှစ်၊ လန်ဒန်မြို့မှ ထုတ်ဝေသည့် The classic Journal Vol:4, By A-J Valpy ဆိုသူမှ ပုံနှိပ်ထုတ်ဝေခဲ့ရာ ထိုစာ အုပ်၏ စာမျက်နှာ (၃၄၈) နှင့်  (၅၃၅) တို့တွင် ရိုဟင်ဂျာ အမည် ကိုထည့်သွင်းဖော်ပြ ထားခြင်း တို့ ကိုတွေ့ရှိရပါ သည်။*

ပထမ အင်္ဂလိပ် -မြန်မာစစ်ပွဲပြီးနောက် ရန္တပိုစာချုပ်အရ အာရကန်ဒေသနှင့်တနင်္သာရဒေသကို အရှေ့အိန္ဒိယကုမ္ပဏီ သို့လွှဲပေးခဲ့ရာ Mr.Charles Paton သည် ၁၈၂၆ခုနှစ်မှစ၍ ရခိုင်ဒေသ ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့သည်။

အာရကန်ဒေသစစ်တွေခရိုင် တစ်ခုလုံး၏လူဦးရေသည် ၁၈၂၆ ခုနှစ် စာရင်း အရ Mughs 60%, Mussalman 30%, Burmese 10% ရှိကြောင်း ဖော်ပြ ထားပါသည်။ အာရကန်   ဒေသမြောက်ဦးမြို့တွင် အရေးပိုင်ခန့်ပြီး ကျန်လေး ၀တီ တွင် ကျွန်းအုပ်များ ခန့်အပ်အုပ်ချုပ်ခဲ့ ရာ၊ ကျွန်းအုပ်ရာထူးများတွင် Arrancan Mussalman, Ramoo Mug, Arrancan Mug များအားခန့်အပ် ထားခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသဖြင့် ၁၈၂၆ ခုနှစ်အစီရင်ခံစာအရ ဆိုလျှင် ရိုဟင်ဂျာ များအား ArracanMussulman ဟုလည်းကောင်း၊ ယခု ရခိုင် ဆိုသူများအား Arracan Mug ဟုလည်းကောင်း၊ ဗမာများ အား Burmese ဟုလည်းကောင်းတရားဝင် ခေါ်ဝေါ်သုံးခဲ့ကြောင်း တွေ့ရှိရပါ သည်။ အဆိုပါ အစီ ရင်ခံစာ၏ စာမျက်နှာ (၂၄) တွင်အာရကန် ဒေသဖွား Arracan Mussalman တစ်ဦးဖြစ် သော Sheikh Soojah Kazee ကိုအုပ်ချုပ် ရေးနယ်မြေ အမှတ်(၃၅)၊ ၃၆) နှင့်(၃၇) တို့တွင် ကျွန်းအုပ်ခန့် ထားကြောင်း ရေးသား ထားပါသည်။လွတ်လပ်ရေး ရပြီးနောက် (၂၅-၉-၅၄)ရက်နေ့တွင် နိုင်ငံ တော် ၀န်ကြီးချုပ်ဦးနုက မြန်မာ့ အသံလွှင့် မိန့်ခွန်း တစ်ရပ်တွင် ရှင်းလင်းပြောကြား ရာ၌ဘူး သီးတောင် နှင့် မောင်တောမြို့နယ် အတွင်း မှာ နေ ထိုင်ကြသည့် ပြည်ထောင်စုသားများမှာ ရိုဟင်ဂျာ အမျိုး သားများ   ဖြစ်ကြောင်းမိန့် ကြားခဲ့ပါသည်။(၃.၁၁.၅၉) နေ့ နှင့် (၄.၁၁.၅၉)နေ့ တို့ တွင် ဘူးသီးတောင် မြို့ နယ်နှင့်   မောင်တောမြို့နယ် တို့၌ နိုင်ငံတော် ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဘဆွေ မိန့်ခွန်းတွင် ကချင်၊ ကရင်၊ ကယား၊    ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများ သည်လည်း တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်ကြောင်း မိန့် ကြား ခဲ့ပါသည်။

(၄.၇.၆၁) တွင် မေယုခရိုင်မောင်တောမြို့၌ ဒုတိယကာကွယ် ရေးဦးစီး ချုပ် (ကြည်း) ဗိုလ်မှူး ချုပ်အောင်ကြီး က နိုင် ငံတော် ကိုယ်စားမိန့် ခွန်းပြောကြား ရာ၌ ကျွန်ုပ်တို့ ဒီခရိုင် မှာနေ ထိုင်တဲ့လူတွေ ကိုရိုဟင်ဂျာလို့ခေါ်ပါတယ်။

မေယုခရိုင်ကို ပြည်ထောင် စုထဲမှာရှိတဲ့ လူနည်းစုတစ်စုလိုဘဲသဘောထား မယ်ဟု ရှင်းလင်းမိန့်ကြားခဲ့ပါ သည်။ ရေ တပ်အကြီးအကဲဖြစ်သည့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေ ကလည်း ရိုဟင်ဂျာဟု သုံး နှုန်း မိန့်ကြားခဲ့ပါသည်။မြန်မာ့အသံမှ တိုင်းရင်းသား ဘာသာ စကားဖြင့် ထုတ်လွှင့်သည့်အစီအစဉ်တွင် ရှမ်း၊ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယားဘာသာတို့ကိုထုတ်လွှင့်ခဲ့ရာရိုဟင်ဂျာဘာသာအစီအ စဉ် ကို(၁၅.၅.၆၁) မှစ၍(၁.၁၀.၆၅)ရက်နေ့အထိထုတ်လွှင့်ခွင့်ရရှိခဲ့ပါသည်။*

(၁၉၆၄)ခုနှစ် မြန်မာ့စွယ်စုံကျမ်းထုတ်ဝေခဲ့ရာ စွယ်စုံကျမ်းအတွဲ(၉)၊ စာ မျက် နှာ(၈၉) နှင့် (၉၀)တွင် မေယုနယ်ခြား ခရိုင် တွင် လူဦးရေ (၄)သိန်းကျော် (၅) သိန်း နီးပါး ရှိ၍ များသော   အားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တံငါ လုပ် ငန်း များဖြင့် သာ အသက်မွေးကြသည်။ လူများစု ၇၅% မှာရိုဟင်ဂျာ လူမျိုးများဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီးစသော တိုင်းရင်း သားလူမျိုးစုများ ရှိကြသည်ဟုဖော်ပြထားပါသည်။ဗြိတိသျှ စွယ်စုံ ကျမ်းတွင်လည်း ရိုဟင်ဂျာ နှင့် ပတ်သက်၍ ”Islamic Arakanese are known as Rohingyas, a name based on the historical name of the region, Rohang” ဟုဖော်ပြထားပါသည်။

တပ်မတော်ခေတ်ရေး စာစောင်များအနက် (၈.၈.၆၁) နေ့ထုတ် စာစောင် အတွဲ(၁၂)၊ အမှတ်(၉)တွင် “ပျောက်သော သူပြန် ၍   တွေ့သည့်ပမာ”ခေါင်းစဉ်ဖြင့် မေယုနယ်ခြား ခရိုင်မှ ရိုဟင်ဂျာအမျိုးသားထု၏ မျိုးရိုးစဉ် ဆက်လေ့လာ တင်ပြ ချက်တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးကိုထည့်သွင်း ဖော်ပြခဲ့ရာ မေယုနယ်ဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊   မောင်   တော နယ် များတွင် (၉၇%) သည် ရိုဟင်ဂျာလူမျိုးများ နေထိုင်ကြ၏ ဟု ဖော်ပြထားပါသည်။

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ အထက် တန်းကျောင်းသုံး မြန်မာ ပထ၀ီဝင် ဖတ်စာ(၁၉၇၈)ခုနှစ် ပြဌာန်း စာအုပ်၏ တိုင်းရင်းသား လူမျိုးများပျံ့နှံ့နေထိုင်ရာ မြန်မာနိုင်ငံမြေပုံကိုဖော်ပြထားပါသည်။ ရခိုင်ပြည် နယ် မြောက်ပိုင်း(စစ်တွေလွင်ပြင် ဒေသ တ၀ိုက် တနည်းအားဖြင့်ဘူး သီးတောင်နှင့်   မောင်တော   ဒေသ အပါအ၀င်) လူမျိုးများကို ရိုဟင်ဂျာနှင့်သက် လူမျိုးများနေထိုင်ရာ ဒေသအဖြစ် ထည့်သွင်းဖော်ပြ ပုံနှိပ် ထားခြင်း   ဖြစ် ပါ သည်။ ရန်ကုန် တက္ကသိုလ် တွင် ရိုဟင်ဂျာ   ကျောင်းသူ /ကျောင်းသားများအသင်းချုပ် အဖွဲ့အစည်းလည်း ထူထောင် ခွင့်လျှောက်ထားခဲ့ရာ (၃-၁၂-၅၉)ရက်စွဲပါ မှတ်ပုံတင် အမှတ်-၁၃၃/၅၉ ဖြင့် ”This is to certify that Rangoon University RohingyaStudents Association is one of the Registered Association of the University of Rangon for the Academic year 1959-1960 ” ဟူ၍ မှတ်ပုံ တင် ခွင့်ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၏ ၁၉၆၀ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်စွဲ ပါ စာအမှတ်- RG.7/60 ဖြင့် ၁၉၆၀-၁၉၆၁ ခုနှစ်အတွက် ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ ကျောင်း သူ/ကျောင်းသားများ အသင်းချုပ်ကိုထပ်မံသက်တမ်းတိုး ခွင့်ရရှိ သည်ကိုတွေ့ ရှိရပါသည်။

ရိုဟင်ဂျာဆိုသောအခေါ်အဝေါ်အသုံးအနှုန်းနှင့် ရိုဟင်ဂျာလူမျိုးနှုင့် ရိုဟင်ဂျာစကား တည်ရှိနေမှုကို (၁)ရခိုင်ဘုရင် များ    ခေတ်နှင့်   မြန်မာ ဘုရင်များခေတ် (၂)အင်္ဂလိပ် အစိုးရ အုပ်ချုပ် သည့်ခေတ် (၃) မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောခေတ်   ဟူ၍ ခေတ်သုံးခေတ်တွင် ခေါ်ဝေါ်သုံးစွဲအသိ အမှတ်ပြုခဲ့ သည့် သမိုင်းအထောက် အထား အချို့ ကိုကောက်နှုတ် တင်ပြ ထား သည့် စာတမ်း ဖြစ်ပါသည်။ အထက်ပါ ခေတ်သုံး ခေတ်တွင် လေ့လာသုံးသပ်ပါကယနေ့ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာ နိုင်ငံ ၏ တိုင်းရင်း သားနိုင် ငံသား များ   ဖြစ်ကြောင်း ထင်ထင် ရှားရှား တွေ့ မြင်နိုင် ပါသည်။

နှုတ် တစ်ရာစာတစ်လုံးဆိုသကဲ့သို့ နှုတ်အားဖြင့်ကြီးနိုင်ငယ်ညှင်း၊ သမိုင်း ထိန်ချန်စွပ်စွဲမှုများ ပြု လုပ်နိုင် သော်လည်း သမိုင်းအထောက်အထားများ၊အစီရင်ခံစာများ၊ နိုင်ငံတော် ၏ခေတ် အလိုက် အစိုးရများ၏ ကြေငြာချက်များ အသိ အမှတ်ပြုချက် များကိုမှု သမိုင်းလိမ်ဟု ငြင်းဆိုနိုင်မည်မဟုတ်သည့် အပြင် အစိုးရအဆင့်ဆင့်၏ ထုတ်ပြန်ချက် များသည် ပင်ရင်းအထောက် အထား Primary Source ဟုသမိုင်းသုတေသီများက မှတ်ယူသည်မှာ အစဉ်အလာဖြစ်ပါသည်။ ယခုအခါ သမိုင်းကိုပင်မဆိုထားဘိ၊ မြန်မာနိုင်ငံလွတ်လွပ်ရေး ရရှိပြီးခေတ်အဆက်ဆက် အစိုးရမင်း များ၏ အသိ အမှတ် ပြုချက်များ၊ အစိုးရဌာနများမှ တရားဝင် ထုတ်ဝေ သည့်စာအုပ်များ၊ စွယ်စုံကျမ်းနှင့် ကျောက်စာများစသည့် ပင်ရင်း အထောက်အထားများကိုပင် မသိကျိုးကျွံပြု၍ ရိုဟင်ဂျာလူမျိုးများမရှိ၊ ဘင်္ဂါလီသာရှိသည်၊ အင်္ဂလိပ် အစိုးရခေတ်မှ စ၍  ၀င်ရောက် လာသူများဖြစ် သည်ဟု ပြော ဆိုသုံးနှုန်းနေမှု များသည် အမှန်တရားကိုလက် ကိုင် ပြုခြင်းမရှိ ဘဲ နိုင်လိုမင်း ထက်ပြုလိုသည့် သဘောဖြင့် ပြောဆိုစွပ်စွဲ မှုများဖြစ်၍ ဤစာတမ်းပါ အချက် အလက် များ၊ ဖြစ် ရန်မှန်များ၊ သမိုင်းမှန် များ၊အစီရင်ခံစာများစသည့် ပင်ရင်းအထောက်အထားများ၊ စာအုပ်စာပေမှတ် တမ်းများအရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာစကားနှင့် ရိုဟင်ဂျာ လူမျိုး များ ရှေး ပဝေသဏီ ကပင် ဖြစ် တည်နေ သည့် အထောက်အထားများလေ့လာပါက ရိုဟင်ဂျာများသည် ခိုးဝင်လာသူ လုံးဝမဟုတ် ကြောင်းသိရှိနိုင်ပါသည်။

လွတ်လပ်ရေးရပြီးဒီမိုကရေစီခေတ်မှ တော်လှန်ရေးကောင်စီခေတ် အထိ ရိုဟင်ဂျာ တိုင်းရင်းသား ဟူ၍လည်းကောင်း၊ လ.၀.က မှတ်တမ်းတွင် တိုင်းရင်းသား စာရင်းခေါင်း စဉ်   အောက် တွင် ရခိုင်စစ်တကောင်းလူမျိုးဟု လည်းကောင်း မှတ် တမ်း   မှတ်ရာများ ရှိခဲ့ သော်လည်း မည်သည့်မှတ်တမ်း မှတ်ရာတွင်မှ ရခိုင်ပြည်တွင်းနေမူစလင်များအား ဘင်္ဂါလီ ဖြစ်ကြောင်း  မှတ် တမ်း တင် ခဲ့ဘူးခြင်းမရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

အထက်ပါအတိုင်းခိုင်မာသော သမိုင်းအထောက်အထားများ၊ ခေတ် အဆက် ဆက် အစိုးရများ၏ အသိအမှတ်ပြုချက် များရှိနေပါလျှက် လက်ရှိအစိုးရအဖွဲ့ဝင်များသည် ဖြစ်ရပ် မှန် ကို မသိချင်ယောင်ဆောင်၍ ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီဖြစ် သည်ဟု မျက်စိ မှိတ် စွပ်စွဲနေခြင်းမှာ လူနည်းစုလူမျိုးစု တစ်ရပ်ကိုရေများရေနိုင် မီးများ မီးနိုင်ဆိုသလို   မြန်မာပြည် သူများ အထင်အမြင်မှားစေလိုသော ဖန်တီးမှုဟု ရှုမြင်ရမည်သာဖြစ်ပါသည်။

 

ပညာရေးဌာနတွင်ဘာသာခြားအားရှစ်ခိုးခိုင်းခြင်း မရှိဘဲ နမ္မတူး အမက(၃)၊ ကျောင်းအုပ်က အဓမ္မ ရှစ်ခိုး ခိုင်းခြင်း အပေါ် ပြသနာ တက်

ဇွန် ၂၁၊ ၂၀၁၃
M-Media, ဇာဏီ

နမ္မတူ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ အစိုးရကျောင်းတွင် တက်ရောက်သင်ကြားနေသော မွတ်စလင်မ်ကလေးငယ်များအား ကျောင်း အုပ် ဆရာမကြီး မှ ဘာသာရေးအရ ဖိနှိပ်ပြီး ဘုရားရှိခိုးခိုင်းရာ ကလေးမှ ဘုရားရှိမခိုးသဖြင့် ကျောင်းထွက်လက်မှတ်ပေးပြီး ကျောင်း မှထွက်ရန် ဇွန်လ(၁၉) ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

နမ္မတူ ဗိုလ်ချုပ်လမ်းရှိ အမက(၃) မူလတန်းလွန်ကျောင်းတွင် ဇွန်လ (၁၉)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါကျောင်းတွင် ဗုဒ္ဓ ဘာသာဘုရား ရှိခိုးမှုများပြုလုပ် ရပြီး   ကျောင်း တက်နေသော မွတ်စလင်မ်ကျောင်းသူ ကလေးများအားလည်း ရှိခိုးခိုင်းရာ မွတ်စ လင်မ် ကျောင်းသူလေး တစ်ဦးမှ ရှိခိုးမှုမပြု သဖြင့် ကျောင်းအုပ် ဆရာမကြီး   ဒေါ်စန်းစန်းမြင့် က ဆူပူငေါက်ငမ်းခဲ့ပါတယ်။ တဆက်တည်း ဘုရား မရှစ် ခိုး နိုင်လျှင် ကျောင်းထွက် လက်မှတ် ယူပြီး ကျောင်းထွက်သွားဟု ပြောဆိုခဲ့ပါတယ်။

နောက်တစ်ရက် ကျောင်းတက်ရန် ကျောင်းသို့ရောက်ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းထွက်လက်မှတ်အဆင်သင့်လုပ်ထားပြီး ကျောင်း ထွက် လက်မှတ် ယူပြီး ကျောင်း ထွက်ရန် ပြောကြားသောကြောင့် ကျောင်းသူလေးမှ သူ့မိခင်အားလာရောက်ခေါ်သောကြောင့် အခြားသော မွတ်လင်မ် လူကြီး တချို့နှင့်အတူ ကျောင်းသို့ လိုက်သွား ၍ ကျောင်းအုပ် ဆရာမကြီးအား မနက်ခင်းပိုင်းတွင်ပင် သွားရောက်တွေ့ဆုံ ခဲ့ ကြောင်း သိရတယ်။

သို့သော် ကျောင်းအုပ်ဆရာမကြီးမှ ‘ဒီအမိန့်ဟာ ပညာရေးဌာနကနေ ရှိခိုးဖို့အတွက် ပြဌာန်းထားတာဖြစ်တယ်။ ပြဌာန်းထားတာကို မလိုက်နာ တဲ့ အတွက် ကျောင်းထုတ် ဖို့ ကျောင်း ထွက် လက်မှတ် လုပ်ပေးတာ’ဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် ကျောင်းသူလေး မိခင်နှင့်အတူ လိုက်ပါသွား သော မွတ်စ လင်မ်လူကြီးများက ‘ဘုရားရှိခိုးရမယ်ဆိုရင် အခြားသော   မွတ်စလင်မ်ကလေးတွေလည်း ရှိမခိုးနိုင်တဲ့အတွက် သူ တို့ အားလုံး ကိုလည်း ကျောင်း ထွက် လက်မှတ်ပေးပါ’လို့ တောင်းဆိုကြောင်း ပြန်လည်ပြောကြားလိုက်သည့် အတွက် ကျောင်းအုပ် ဆရာမကြီး မှ နမ္မတူ မြို့ဦး ဘုန်းကြီးကျောင်းသို့ ဖုန်းဆက်ပြီး ခေါ်လိုက်သည်ဟု သိရပါတယ်။ ထိုကဲ့သို့ ကျောင်းအုပ် ဆရာမကြီးမှ ဖုန်းဆက် လိုက် သည့်အတွက် မြို့ဦးကျောင်းမှ ဘုန်းတော်ကြီး ၂-ပါးရောက်ရှိလာပြီး ၎င်းတို့နောက်မှ ဆိုင်ကယ် အစီး(၃၀)ခန့် လူအုပ်ကြီးက တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ရောက်ရှိလာကြပါတယ်။

မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးက မေးမြန်းပြီးသည့်နောက် ‘ဒါဟာ ဘာသာရေးကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိတယ်’ ဟုပြောပြီး ပြန်သွားခဲ့ပါတယ်။ သို့သော် ကျောင်းအုပ်ဆရာမကြီးမှ ‘ဒါဟာ ပညာရေးဌာနက ပြဋ္ဌာန်းထားတာဖြစ်လို့ လုပ်ကို လုပ်ရ မယ်’လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တုတ်၊ ဓါးများ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကျောင်းဝင်းအပြင်ဘက်တွင် စုရုံးနေသော်လည်း လုံခြုံ ရေး မှ မတားဆီးပဲ ရှိနေခဲ့ပါတယ်။ အဆိုပါ ကိစ္စမှာ မနက် ၁၁း၃၀ နာရီ ခန့်တွင် လူစုကွဲပြီး ပြန်လည် ငြိမ်သက် သွားခဲ့ကြောင်း သိရ ပါတယ်။

နေ့လည် ၃-နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူပြီး ပြောကြားရာတွင် ‘ကုလားတွေဟာ လက် တစ်ဆုတ် စာသာရှိကြောင်း၊ တို့ဗမာတွေ က အင်အားများတယ်၊ တို့လုပ်လိုက်ရင် သူတို့သေကုန်မယ်’ဆိုသော စကားအား ထပ်ပြန်တလဲ ပြောကြား ခဲ့ပြီး ထိုနေ့မှစ၍ ယခုအချိန်အထိ နမ္မတူမြို့တွင်းတွင် လုံခြုံရေး များ ချထားကြောင်း နမ္မတူမြို့သို့ ဆက်သွယ်မေးမြန်းမှုများမှ သိရှိခဲ့ရပါသည်။

နမ္မတူတစ်မြို့လုံးတွင် စုစုပေါင်းအိမ်ခြေ (၁၀၀၀)၀န်းကျင်ခန့်နှင့် လူဦးရေ (၂၀၀၀၀)ကျော်ရှိပြီး ထိုအထဲတွင် မွတ်စလင်မ်အိမ်ခြေ (၁၈၆) အိမ်၊ လူဦးရေ (၄၀၀) ၀န်းကျင်ခန့်သာ ရှိပြီး ဗလီ (၄) လုံးလည်းရှိကြောင်း သိရပါတယ်။

နိုင်ငံတ၀န်းတွင် ယခုကဲ့သို့ ဘာသာရေးအရခွဲခြားမှုများ ကျောင်းတော်တော်များများတွင် လုပ်ဆောင်နေခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိ သော မြို့ကြီးများနှင့် အခြားသော နေရာ အနှံ့အပြားက ကျောင်းများတွင်လည်း လုပ်ဆောင်နေကြောင်း သိရသည်။ ကျောင်းများတွင် ဘာသာ ရေးအရ ခွဲခြားဖိနှိပ်ပြီး ကလေးငယ်များကို စိတ်ဓါတ် ကျစေ ရန် လုပ်ဆောင်မှုများသည် တိုင်းပြည်တိုးတက်ရေးကို ပိတ်ပင်တားဆီး နေ သော အရာတစ်ခုဖြစ်နေကြောင်း သုံးသပ်လိုက်ရပါတယ်။

Time မဂ္ဂဇင်း ဖော်ပြချက် အပေါ် မြန်မာလူထု အမြင်

 

မှော်ဘီမြို့နယ်မှာ ပြုလုပ်ကျင်းပတဲ့ သံဃာ့ညီလာခံ တွင် အရှင်ဝီရသူ လျောက်ထားနေစဉ်။ ( ဇွန် ၁၃၊ ၂၀၁၃)

 

မဆုမွန်

 

 

22.6.2013

 

 

 

ဒီသီတင်း ပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးရဲ့ မျက်နှာကို ဘာသာရေး အကြမ်းဖက် သူတစ်ဦး အဖြစ် ဖော်ပြ လိုက်တာဟာ လက်ရှိ မြန်မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ မျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ကို သွေးထိုး လှုံ့ဆော်ပေး သ လို ဖြစ်စေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို နိုင်ငံတကာ သတင်း မီဒီယာမှာ မြန်မာ နိုင်ငံတွင်းက မတူ ကွဲပြားတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်း ပါးရေးသား ဖော်ပြမှု တွေကြောင့် အုပ်စု မတူ သူတွေ ကြား အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ ဝေဖန် သုံးသပ် မှုတွေ ရှိနေပါ တယ်။ မြန် မာ ပြည်သူ အချို့ရဲ့ သဘောထား တုန့်ပြန်ချက် တွေကို မဆုမွန်က စုစည်း တင်ပြ ပေး ထား ပါတယ်။

 

 

 

ကမ္ဘာမှာ သြဇာ ကြီးမားတဲ့ မဂ္ဂဇင်း ကြီးမှာ အစွန်းရောက် ဗုဒ္ဓဘာသာ ဝင်တွေက ရန်လို အကြမ်းဖက် တယ် လို့ ရေးသား ဖော်ပြချက်ဟာ ကမ္ဘာ့ ဘာသာကြီး တခုဖြစ်တဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ ထိပါး စော်ကား သ လို ဖြစ်စေတဲ့ အတွက် သူ့အနေနဲ့ ဝမ်းနည်း မိပြီးတော့ နိုင်ငံ မှာလည်း ဒီလို လူမျိုးရေး မုန်းတီးမှုတွေ မဖြစ်ပေါ်အောင် အုပ်ချုပ် သူကနေ စ ပြည်သူအထိ အခြေခံ ဥပဒေနဲ့ အညီ နေထိုင်ကျင့်ကြံ ပြောဆို သင့် တယ် လို့ အစ္စလာမ် ဘာသာဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် က သုံးသပ် ပါ တယ်။

 

 

 

“ဒီလို ဖော်ပြ ခံရတဲ့ အတွက် ကျနော် အနေနဲ့ စိတ်မကောင်း ပါဘူး။ သတင်းမှာ ဖော်ပြချက် အရ ကတော့ ဗုဒ္ဓဘာသာ တခုလုံးကို စော်ကား လိုက်သလိုပဲ ကျနော် အဲ့သလို ခံစားရတယ်။ ဆိုတော့ လူပုဂ္ဂိုလ် တစ်ဦးကြောင့်၊ အဖွဲ့အစည်း တစ်ခုကြောင့် ကမ္ဘာ့ ဘာသာကြီး တခုက နစ်နာ ရတယ်။ ကမ္ဘာ့ ဘာသာကြီး တစ်ခုက အဝေဖန် ခံရတယ် ဆိုတဲ့ဟာက တော်တော် စိတ်မချမ်းသာ စရာပါ။ ဒါမျိုးတွေ လုပ်လို့ မရအောင် ဒါမျိုးတွေ မဖြစ်အောင် ကျနော်တို့ စည်းကမ်း ရှိတဲ့ ဒီမိုကရေစီ စနစ်ကို သွားတဲ့ အခါမှာ နိုင်ငံ ထဲမှာ ရှိတဲ့ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသားများ၊ နိုင်ငံရေး သမားများ အကုန်လုံး ပေါ့နော်။ အကုန်လုံး လွှတ်တော် ကိုယ်စားလှယ် ကအစ နိုင်ငံတော် အစိုးရ အဖွဲ့ လူကြီးတွေက အစ အကုန်လုံးက လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် စေတဲ့ စကားတွေကို မပြောပဲနဲ့၊ ဖြစ်ရပ်မှန် ကိုပဲ တင်ပြပြောဆို ဆွေးနွေးလို့ ရှိရင်၊ ကျနော်တို့ မလိုလား အပ်တဲ့ ပြဿနာတွေ နည်း သွားနိုင် ပါတယ်။ အခု လို ကမ္ဘာ့ နံမည်ကြီး ဘာသာ တခု ဖြစ်တဲ့ ဗုဒ္ဓ ဘာသာနဲ့ ပတ်သက် ပြီးတော့ ဒါမျိုး ရေးထားသည် Time မဂ္ဂဇင်း တခု ပေါ်မှာ ဖော်ပြ ခံရတာဟာ ကျနော် ထင်ပါတယ်။ ကျနော်တို့ နိုင်ငံတော် အတွက် နစ်နာမှု၊ ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာလည်း ထိခိုက် တယ်လို့ ကျနော် ယုံကြည် ပါတယ်။”

 

 

 

Time မဂ္ဂဇင်း မျက်နှာဖုံးပါ ပုံစာ ရေးသားချက် နောက် သတင်း ခေါင်းစဉ် ဖော်ပြ ချက်ဟာ ပြင်းထန် လွန်းပြီးတော့ လတ်တလော ဘာသာရေး အသွင် ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တဲ့ မြန်မာ နိုင်ငံ အ တွက် အခြေ အနေ တွေဟာ ပိုပြီးတော့ ဆိုးဝါး သွားစေ နိုင်တယ်လို့ ဘလော့ခ်ကာ နေဘုန်းလတ်က သုံး သပ် ပါတယ်။

 

 

 

“ဆောင်ပါးမှာ ခေါင်းစဉ် ကလည်း နည်းနည်း ပြင်းထန်တယ်။ ဖတ်တဲ့ သူတွေ ဖတ်ပြီးတဲ့ အခါမှာ ဦးတည် ချက် လွဲသွား နိုင်တယ်။ ဦးဝီရသူပုံကို သုံးထားတယ်။ ခေါင်းစဉ် ကလည်း The Face of Buddhist Terror ဆိုပြီး တပ်ထားတယ်။ အဲ့ဒီ့ အနေ အထား တခုက အခု လက်ရှိ ဖြစ်နေတဲ့ အဖြစ် အပျက် တွေအပေါ်မှာ ပိုပြီးတော့ ဆိုးလာအောင်၊ အရှိန် အဟုန် ပိုပြီးတော့ ကောင်းလာအောင် သူက သွေးထိုးတဲ့ ပုံစံမျိုး အဲ့ လိုမျိုး ဖြစ်နေ တယ်။ ဒီအချိန်မှာ ဖြန်ဖြေတဲ့ သဘော တရားတွေပဲ ရေးသင့်တဲ့ အချိန်မှာ အဲ့လိုမျိုး တ ဘက်သတ် ရေးတဲ့ အခါကျတော့ ရေးထားတဲ့အကြောင်း အရာတွေ ကမှန်သည်ဖြစ်စေ၊ မှား သည် ဖြစ်စေ၊ ဖြစ်ပျက် နေတဲ့ အဖြစ် အပျက်တွေ အပေါ်မှာ သေးငယ် သွားအောင်၊ ငြိမ်သွားအောင် လုပ် တဲ့ဟာမျိုး မဟုတ်ဘဲနဲ့၊ ပိုပြီးတော့ ဒီအဖြစ် အပျက်ကြီးက ပိုပြီးတော့ ကြီးထွား လာနိုင်တယ်။ ဒီဆောင်း ပါး ကြောင့်လေ။ Time အနေနဲ့ ကလည်း ဒီကိစ္စကို ဖွတဲ့ သဘော ပေါ့လေ။ အဲ့လိုမျိုး ဖြစ်တယ်လို့ ထင်တယ်။ ခက်တာက Buddhist ဆိုတဲ့ စကားလုံးကို သုံးထားတဲ့ အခါကျတော့ ဦးဝီရသူကို တိုက်ခိုက်တယ် ဆိုပေမဲ့ အားလုံးက ဗုဒ္ဓဘာသာကို တိုက်ခိုက်တဲ့ သဘောမျိုးတွေ မြင်လာ ပြီးတော့ တုန့်ပြန်မှု တွေကလည်း ရှိလာတဲ့ အခါ ကျတော့ မကောင်းဘူးပေါ့။ လက်ရှိ ဖြစ်လာတဲ့ အဖြစ် အပျက်က ပိုပြီးတော့ ဆိုးလာ နိုင်တာပေါ့။”

 

 

 

ဒီသတင်း ဆောင်းပါးကို ရေးသားသူ အနေနဲ့လည်း ကိုယ်ရေး လိုက်တဲ့ သတင်း ဆောင်းပါးကြောင့် ဘယ်လိုမျိုး အကျိုး သက်ရောက် မှုတွေဖြစ် သွားနိုင်မလဲ ဆိုတဲ့ စဉ်းစားချက်နဲ့ သတင်း သမား ကျင့်ဝတ်နဲ့ အညီ ရေးသား သင့်တယ် လို့လည်း ကိုနေဘုန်းလတ်က ထောက်ပြ ပြောဆို ပါတယ်။

 

 

 

တဆက် တည်းပါပဲ မန္တလေးတိုင်း မုံရွာမြို့က ဒေသခံသတင်းသမား တစ်ဦးဖြစ်တဲ့ ကိုတိုးကြီး က လည်း မြန် မာနိုင်ငံ အလယ်ပိုင်းက ဒေသ တချို့ မှာ မတည်ငြိမ် မှုတွေ ဖြစ်ခဲ့ပြီး တဲ့နောက် အခုလို မျိုး နိုင် ငံ တကာ သတင်း စာနယ်ဇင်း တွေရဲ့ သတင်း ဖော်ပြချက်ဟာ မီးလောင်ရာ လေပင့် သလိုမျိုး ပဋိပက္ခတွေ ကို ပိုတွန်း အားပေး သလို ဖြစ်သွား နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

 

 

 

“မြန်မာ ပြည်တွင်း ထဲမှာ Crusade တွေနဲ့ ပတ်သက် ပြီးတော့ မတည်မငြိမ် ဖြစ်နေတဲ့ ကာလမှာ Time မဂ္ဂဇင်းက ဒါကို အောက်ဆီဂျင် လုပ်ပေး လိုက်တယ် လို့ပဲ မြင်တယ်။ မီးလောင်ရာ လေပင့်တယ် ဆိုတဲ့ ပုံစံမျိုးပေါ့ ။ အဲ့တော့ ဒါတွေဟာ မလိုလား အပ်ပါဘူး။ တကယ်ပဲ မြန်မာ ပြည်ရဲ့ ပြုပြင် ပြောင်းလဲ ရေးကို တ စိုက် မတ်မတ်နဲ့ ဝိုင်းဝန်းပြီး စိတ်ရင်း စေတနာ အမှန်နဲ့ ကူညီ စောင့်ရှောက် ချင်တယ် ဆိုရင်၊ ဒီလို ပုံစံတွေ မလုပ်သင့် ပါဘူးလို့ ကျနော်ရဲ့ ကိုယ်ပိုင် အမြင် ဖြစ်ပါတယ်။”

 

 

 

ဘယ်လူမျိုး၊ ဘယ် ဘာသာ မဆို အစွန်းရောက် သွားရင် အကျိုး ရလာဒ် မကောင်း နိုင်သလို မိမိ လုပ်ဆောင်ချက် ကောင်းအောင် စွမ်းဆောင်ဖို့ နိုင်ဖို့ကလည်း အဓိက ကျတယ် လို့လည်း နာရေး ကူညီမှု အသင်း ရန်ကုန်ရဲ့ ဥက္ကဌ ဦးကျော်သူက တိုက်တွန်း ပြောဆို လိုက်ပါတယ်။

 

 

 

“ဒါကတော့ ကိုယ်ကောင်းကောင်း နေတယ် ဆိုရင် ဘယ်သူတွေ၊ ဘယ်လို ဘာရေးရေးပေါ့၊ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကောင်းနေဖို့ပဲ အရေးကြီးပါတယ်။ကိုယ်တွေ၊ကိုယ်နိုင်ငံကဗုဒ္ဓဘာ သာတွေ ကောင်းနေ ဖို့ပဲ အရေးကြီးတယ်။ ကောင်းကောင်း မနေပဲ အစွန်းရောက် လုပ်တယ် ဆိုရင်တော့ နံမည် ကတော့ ပျက်သထက် ပျက်မှာပဲ။ ဒါဘယ် ဘာသာပဲ ဖြစ်ဖြစ် ပေါ့လေ။ ခရစ်ယာန်ပဲ ဖြစ်ဖြစ်၊ ဟိန္ဒူပဲ ဖြစ်ဖြစ်၊ အစ္စလာမ်ပဲ ဖြစ်ဖြစ် ဖြစ်တာက အစွန်း ရောက်တယ် ဆိုရင် မကောင်းဘူး။”

 

 

 

ဒီသတင်း ဆောင်းပါးပါ အချက် အလက် တွေကြောင့် နိုင်ငံတွင်း နှစ်ပေါင်း များစွာ အတူ ယှဉ်တွဲ နေထိုင် လာကြတဲ့ ဘာသာ မတူသူ တွေကြား အကြမ်းဖက် တိုက်ခိုက် မှုတွေကို ဆက်မဖြစ်စေချင် တော့ဘူး လို့လည်း မန္တလေး ဒေသခံ တစ်ဦး ဖြစ်တဲ့ ကိုလှိုင်ဘွားက ဆိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက် မှုတွေကို ဖန်တီး ပေးနေသူ တွေကိုလည်း လုပ်ရပ် တွေကို ရပ်တန်း ကရပ်ဖို့ မေတ္တာ ရပ်ခံ ချင်ပါတယ် လို့သူက ပြောပါတယ်။

 

 

 

“ဒီမှာ မိထ္ထီလာမှာ ဖြစ်တယ်။ လားရှိုးမှာ ဖြစ်တယ်။ ဥက္ကံမှာ ဖြစ်တယ် ဆိုတာက မပြေးသော် ကန်ရာ ရှိပေါ့ ဗျာ။ နောက်သူတို့ ပြောခဲ့တဲ့ စကားလေး တွေလည်း ရှိတာ ပါပဲ။ အဓိက ကတော့ ရောင်တော် ပြန် လွှတ်ပြီး အစိုးရက ဖန်တီး ပေးနေတယ် လို့လည်း ယူဆ လို့ရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗုဒ္ဓဘာသာ အဖွဲ့အစည်း တွေက အကြမ်းဖက် အဖွဲ့အစည်း တွေလို့ ကျနော် ကတော့ မယုံကြည် ပါဘူး။ ဒါပေမဲ့ သူပြောတာ လေးတွေနဲ့ တိုက်ဆိုင် ပြီးတော့ နောက်မှာ ဖြစ်လာတဲ့ ဇာတ်လမ်း လေးတွေ ရှိတာ ပေါ့လေ။ အဲ့ တာ မျိုးလေး တွေဖြစ် လာတော့ အသုံးချ ခံနေရ တာလည်း ဖြစ်ရင် ဖြစ်မှာပေါ့။ မဖြစ်စေ ချင် ဘူး ပေါ့ ဗျာ။ ပြည်တွင်း မှာနေတာ မွတ်စလင် ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ် အကုန်လုံးက ဒီနိုင်ငံ သား တွေချည်း ပါပဲ ဟုတ်တယ် မဟုတ်လား။ အစိုးရ အနေနဲ့ ဒီဟာကို စီမံကိန်း ချပြီး လုပ်နေတယ် ဆိုလို့ ရှိရင်လည်း ဆက်ပြီးတော့ မလုပ်သင့် တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးက အတူမွေး၊ အတူကြီး ပြင် ပြီးတော့ အတူ လက်တွဲ ပြီးတော့ လုပ်ခဲ့ ကြတဲ့ သူတွေ ချည်းပါပဲ။”

 

 

 

ဘာသာ မတူ၊ လူမျိုး မတူသူတွေ အတူ ယှဉ်တွဲ နေထိုင် လာခဲ့တဲ့ မြန်မာ နိုင်ငံ တွင်းမှာ ပဋိပက္ခ တွေ မဖြစ်ပဲ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေနိုင်ရေးနဲ့ မတူညီမှု တွေအပေါ် ခွဲခြား ဆက်ဆံမှု တွေကို လက်မ ခံ နိုင်ဘူး လို့လည်း ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကပြော ပါတယ်။

 

 

 

“ကျနော်တို့ သမဂ္ဂရဲ့ မူက ငြိမ်းချမ်းရေးကို သွားတာဗျ။ ဘာသာ မတူ၊ လူမျိုး မတူတွေ ကျနော်တို့ နိုင်ငံမှာ အတူ ယှဉ်တွဲ နေထိုင် ကြတဲ့ အခြေ အနေမှာ တဖက်နဲ့ တဖက် ပဋိပက္ခ ဖြစ်မှာကို ကျနော်တို့ မလိုလား ဘူး။ တဖက်နဲ့ တဖက်ကို အုပ်စု ဖွဲ့ပြီး အကြမ်းဖက် တိုက်ခိုက် တာကို ကျနော်တို့ လုံးဝ မလိုလားဘူး။ အဲ့သလို အုပ်စုဖွဲ့ အကြမ်းဖက် မှုရဲ့ နောက်ကွယ်မှာ ဘယ်သူပဲ ရှိနေ ရှိနေ ဒီဟာကို ကျနော် တို့လုံးဝ ဆန့် ကျင် ရမယ်။ ဒါကို လုံးဝ ကန့်ကွက် ရမယ်၊ ရှုံ့ချ ရမယ်။ကျနော် တို့က ပြဿနာ ဖန်တီး မှုတွေကို လုံးဝ လက်မခံ ပဲနဲ့၊ ကျောင်းသားထု အချင်းချင်း ပြည်သူ လူထု အချင်း ချင်းရော၊ ညီညီ ညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ အလေ့ အထ ရတဲ့ အထိကို ကျနော် တို့က ကြိုးစား ပြီးတော့ ကျနော် တို့က စည်း ရုံး ရမှာပဲ။

 

 

 

Time `မဂ္ဂဇင်း မျက်နှာဖုံး မှာပါတဲ့ မြန်မာ သံဃာတော် တပါး ဖြစ်တဲ့ အရှင် ဝီရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး အကြမ်းဖက်မှု ကိုလိုလားသူ နဲ့အဖြစ် မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ ဝင်တွေ အပေါ် သတင်း ခေါင်း စီးပေး ရေးသား ဖော်ပြချက် အပေါ် နိုင်ငံရေး သမား ကျောင်းသား လူငယ် တွေနဲ့ လူမှုရေး လှုပ်ရှား သူတွေရဲ့ အမြင် တချို့ကို စုစည်း တင်ပြခဲ့ တာဖြစ် ပါတယ်။

 

အလယ်အလတ်လမ်းစဉ်မှ သွေဖယ်ခြင်း

(July 1 2013 တွင် ထွက်ရှိမည့် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ကို မူရင်း အ တိုင်း မြန်မာ့ခေတ်မှ ဘာသာပြန်ဆိုသည်။)

တိုက်ခိုက်မှု ဆန့်ကျင်ခြင်း သည်းခံခြင်း တို့ကြောင့် ကျော်ကြားသည့် ဘာသာတရား ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာ အများစု အာရှနိုင်ငံ များတွင် မွတ်ဆလင် အများအားဖြင့် ဆန့်ကျင်သည့် ဆူပူမှုနှင့် သည်းမ ခံရန် ဟောပြောမှုကို ဘုန်းကြီးတို့က လုပ်နေကြပြီ ဖြစ်သည်။
ဗမာ ဘင်လာဒင်ဟု အမည်တပ် ခံရသော ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး မျက်နှာက ရုပ်တု မျက်နှာ ကဲ့သို့ တည်ငြိမ်ပြီး ကြည်လင် နေပြီး တရားစ ဟောသည်။ သူ့ရှေ့တွင် ဒကာ ဒကာမ များရာနှင့် ချီရှိနေပြီး လက် အုပ် မိုး ကာ၊ ကျောပြင်များ၌ ချွေးစေးများ စီးကျ နေကြသည်။
ဘုန်းကြီးက “ခုချိန်ဟာ ငြိမ်နေရမယ့် အချိန် မဟုတ်တော့ဘူး” ဟု အမုန်းတရား ပြည့်နှက် သည့် လေ သံနှင့်ပြောသည်။ ဗုဒ္ဓဘာသာ အများစု နေထိုင်သည့် ဤမြေမှ မွတ်ဆလင် လူနည်းစုအား မုန်းစေမည့် စ ကား များကို နည်းလမ်း ပေါင်းများစွာနှင့် တစ်နာရီခွဲခန့် ဟောပြောသည်။
“ခုချိန်မှာ မင်းတို့ သွေးတွေ ဆူလာအောင် ထကြွရမယ့် အချိန်ပဲ” ဟု ပြောကြားသည်။
မြန်မာ နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များ၏ သွေးများ ဆူပွက် နေပြီး မွတ်ဆလင် အများစု သွေးများလည်း ဖိတ်စင် ခဲ့ရပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အတွင်း ဗုဒ္ဓဘာသာ လူအုပ်သည် ကိုးကွယ်မှု မတူသည့် လူနည်းစုကို ဦးတည် တိုက်ခိုက် ကြပြီး ဦးဝီရသူနှင့် အခြား သဘောထား တင်းမာသည့် ဘုန်းကြီး များက ဘာသာရေး ဝါဒီ မီးတောက်ကို မီးလောင် လေပင့် ပေးခဲ့ ကြသည်။
အစိုးရ စာရင်း ဇယားများ အရ မွတ်ဆလင် များစွာ သေဆုံး ခဲ့ပြီး နိုင်ငံ တကာ လူ့အခွင့် အရေး လုပ်သား များက ရာနှင့်ချီ၍ စာရင်း ထုတ်ပြန် ထားသည်။ ပဋိပက္ခသည် ဦးဝီရသူ နေထိုင်ပြီး တရား ဟော သည့် နေ ရာ များတွင် ဆက်လက် ပျံ့နှံ့ ခဲ့သည်။
၎င်းအစွန်းရောက် ဘုန်းကြီးသည် သန်းခြောက်ဆယ်ခန့် နေထိုင် ကြသည့် မြန်မာ နိုင်ငံတွင် အနည်းဆုံး ငါးရာခိုင်နှုန်း ရှိသည့် မွတ်ဆလင် များသည် နိုင်ငံနှင့် ယဉ်ကျေးမှု အပေါ် ခြိမ်းခြောက်မှု အဖြစ် မြင်နေ သည်။
“မွတ်ဆလင် တွေဟာ သွားဖွားနှုန်း အရမ်းမြန်တယ်၊ ပြီးတော့ ဦးဇင်းတို့ လူမျိုး အမျိုးသမီး တွေကို ခိုးယူ တယ်၊ အဓမ္မကျင့်တယ်” ဟု သူက ဆိုသည်။
“သူတို့တွေက ဦးဇင်းတို့ နိုင်ငံကို သိမ်းပိုက် ချင်ကြတယ်၊ ဒါပေမယ့် ဦးဇင်းက သူတို့ အဲလို လုပ်မှာကို ခွင့် မပြု နိုင်ဘူး၊ ဦးဇင်း တို့ဟာ မြန်မာ ဗုဒ္ဓဘာသာ အဖြစ် ဆက်လက် တည်ရှိ ရမယ်”ဟု ဆက်လက် ပြော ကြားသည်။
ထိုကဲ့သို့သော အမုန်းတရား ဟောပြောမှု များကြောင့် ရာစု နှစ်ဝက်ကြာ စစ်အုပ်ချုပ်မှုမှ လွတ်မြောက် ခါစ ရှိသေးသည့် တိုင်းရင်းသား ၁၃၅မျိုးခန့် နေထိုင် ကြသည့် မြန်မာ နိုင်ငံ အဖို့ အထိ မခံသည့် နိုင် ငံရေး ဂေ ဟ စနစ်ကို ခြိမ်းခြောက် နေသည်။
တချို့အစိုးရ အရာရှိ များက ရိုဟင်ဂျာ အမျိုးသမီး များအား ကလေး နှစ်ယောက်သာ ယူရမည့် အစီ အစဉ်ကို တောင်းဆို နေကြပြီး နိုင်ငံမြောက်ပိုင်း ရှိ ခရစ်ယာန် အများစု ကလည်း မကြာမီ က ဖြစ် ပွား သည့် ဗမာစစ်တပ်နှင့် ခရစ်ယာန် ဘာသာဝင် ကချင် စစ်တပ်ကြား တိုက်ခိုက်မှု များသည် ဘာ သာရေး ကွဲပြားမှု အားဖြင့် ပိုမို ဆိုးဝါး လာစေကြောင်း ဆိုသည်။
ဗမာရွှေ့ပြောင်း လုပ်သား ထောင်ပေါင်း များစွာ လုပ်ကိုင်ကြသည့် မလေးရှားတွင် ဇွန်လ အစောပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဗမာများ အသတ်ခံ ရပြီး နောက် မြန်မာနိုင်ငံတွင်း ဖြစ်ပွားသော ပဋိပက္ခ များသည် နယ်စပ် ကို ကျော်လွှား သွားသည်။ မလေး အာဏာပိုင် များက မြန်မာ နိုင်ငံတွင်း မွတ်ဆလင် သေဆုံး ခဲ့မှုများ အ တွက်ပြန်လည် လက်စားချေခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
ဘာသာရေး အစွန်းရောက်မှု များတွင် ဟိန္ဒူ အမျိုးသားရေး ဝါဒ၊ မွတ်ဆလင် စစ်သွေး ကြွများ၊ ခရစ်ယာန် အခြေခံ သမားများနဲ့ ဂျူးဘာသာရေးရိုးရာ နည်းဥပဒေ လိုက်နာမှုများရှိသည်။ ဗုဒ္ဓဘာသာသည် အ စွန်းရောက် မှုများ လွတ်ကင်းပြီး ဗုဒ္ဓဘာသာ၏ အကြမ်းမဖက်ရေး မေတ္တာတရား တို့သည် လွန်ခဲ့ သည် နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓ ဟောကြား ခဲ့သည့် ဝါဒများ ဖြစ်သည်။
သက်ဦး ဆံပိုင် ဘုရင် များနှင့် ဖိနှိပ်သူတို့ကြား အာရှ နိုးထ လာသောအခါ ဗုဒ္ဓဘာသာ ဘုန်းကြီး များသည် ကိုယ်ကျင့် တရား ပညတ်ချက်နှင့် ဝိနည်း များဖြင့် ကိုလိုနီ ဆန့်ကျင် လှုပ်ရှားမှု ဦးဆောင် ခဲ့ကြသည်။
နှစ်ပေါင်း ငါးဆယ်ကြာ ဖိနှိပ် အုပ်ချုပ်နေသော တောင်ပိုင်း အစိုးရအား ဆန့်ကျင် ဆန္ဒပြသည့် အနေနှင့် တပလ္လင်ခွေ ထိုင်ကာ အသေခံ မီးရှို့ခဲ့သည့် ဗီယက်နမ် ဘုန်းတော်ကြီး တစ်ပါးသည် စံပြဖြစ်သည်။
၂၀၀၇ ခုနှစ် အတွင်း မြန်မာ နိုင်ငံ၌ ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲကို ဘုန်းတော်ကြီးများ ဦးဆောင် ခဲ့ကြပြီး သပိတ်မှောက်သည့် ဘုန်းကြီး များသည် စစ်အာဏာရှင်ကို ဆန့်ကျင် ငြိမ်းချမ်းစွာ လျှောက်လှမ်း ကြသည်။ တိုက်ခိုက်သည့် စစ်သား များက လွဲ၍ ၎င်းတို့အား ကမ္ဘာတဝှမ်းမှ မေတ္တာ များစွာ ပေးခဲ့ကြသည်။
ဘာသာရေး တိုင်းသည် အခြေခံ သဘော တရား များနှင့် ဆန့်ကျင်သည့် အတွေး များဖြင့် အဆိပ် သင့် သည့် ပျက်စီးမှု အားများဖြစ် သွားစေ နိုင်သည်။ ယခုအခါ ဗုဒ္ဓဘာသာ အလှည့် ရောက် လာ ပြီ ဖြစ်သည်။
မြန်မာ ဘုန်းကြီး များသည် ဗုဒ္ဓဘာသာဝင် လူအုပ် ရှေ့တွင် ဘုန်းကြီးများ ဦးဆောင်ခဲ့ ကြပြီး တချို့က ပဋိပက္ခ အတွက် အာဏာပိုင် များအား သံသယ ရှိခဲ့သော်လည်း အစိုးရပိုင်းက ငြင်းဆို ထားသည်။
အကြမ်းဖက် မှုများ တိုးများ လာသောအခါ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ယုံကြည်မှု စွမ်းအားနှင့် ဘာ သာရေး ဝါဒကို ကျော်လွှားမည် ငြိမ်းချမ်းရေး ကို ဗုဒ္ဓဘာသာဝင်များ ရရှိပါမည်လော။
အစ္စလာမ်ဘာသာ ဆန့်ကျင်သည့် ၎င်း၏ နောက်လိုက်များအား ထကြွစေမှုကိုဦးဆောင်စေ ခဲ့သည့် အ စွန်းရောက် မြန်မာ ဘုန်းကြီး ဦးဝီရသူ၏ မုန်းတီးရေး တရား များကို ကျော်လွှား နိုင်မည်လော။
ကမ္ဘာ ဝန်းကျင်မှ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသည်။

Ref: TIME (www.time.com)

Translated by ATL

မြန်မာ့ခေတ်မှ ကူးယူဖော်ပြသည်။ မူရင်းလင့်ခ် ။ ။ http://themyanmaage.com/?p=8069

သင်္ကန်းဝတ် ဦးဝီရသူ ဦးဆောင် သော အဖွဲ့ သည် စနစ်တကျကြိုတင် စီစဉ် ကာ လူသတ်မှု များ ကို ဆက်တိုက် ကျူးလွန်နေကြကြောင်း စင်ကာပူထုတ် စထရိတ်တိုင်မ်း သတင်းစာ မှ တရားဝင် ရေးသား


မကောင်းဆိုးရွာကောင်ကြီးများ ပြသနာ မီးမွေးနေ သော မြန်မာပြည် ဟု ခေါင်းစဉ် တပ်ကာ –
သင်္ကန်းဝတ် ဦးဝီရသူ ဦးဆောင် သော အဖွဲ့ သည် ၂၀၀၃ ဒီပဲရင်း အရေးအခင်းမှာ (အမေစုကိုလုပ်ကြံခဲ့သော) လူသတ်ခဲ့တဲ့မကောင်းဆိုးဝါးများ နှင့် ပူးပေါင်းကာ – ၂၀၁၂-၂၀၁၃ တွင် လားရှိုး၊ မိတ္ထီလာ တို့  တွင် စနစ်တကျကြိုတင် စီစဉ် ကာ လူသတ်မှု များ ကို ဆက်တိုက် ကျူးလွန်နေကြကြောင်း သက်သေများရှိကြောင်း (MONSTERS OF MYANMAR ) ဟုခေါင်းစဉ် တပ်ကာ စင်ကာပူထုတ် စထရိတ်တိုင်မ်း သတင်းစာ မှ တရားဝင် ကြေငြာ ရေးသားခြင်း(((တိုင်းပြည်ရဲ့ အမှိုက် သရိုက် ဦးဝီရသူက နိုင်ငံအကျိုး ကို နှစ်ပေါင်းများ စွာ အလုပ် လုပ်ပြနေသော ဒေါ်အောင်ဆန်းစုကြည် ကို သဲကြီးမဲ ကြီး ဘာကြောင့် လုပ်ကြံ သလဲ – အဖြေကို ဒီမှာ ကြည့်ပါ။)))
မြန်မာပြန် အနှစ်ချုပ်
==========

မြန်မာ ဒီမိုကရေစီ ပြောင်းလဲရေး ကို ဖျက်ဆီးရန် အုပ်ကြားမျက်ပေါက် မကောင်းဆိုးရွား များဥပဒေ ကို ချိုးဖေါက်ကာ ပစ်မှု တွေ ကို စနစ် တကျကျူး လွန် နေကြပြီ။

မီးရွှံ့  လူသတ်မှုများ ဖြင့် ဘာသာရေး အဓိကရုန်း များ ဖြစ် နေသော လားရှိုး မြို့  ရှိ – ရှမ်းလူမျိုး ရဟန်းသံဃာတော် များ က မြို့ခံ လူထု ကို လူမျိုးမရွေး ဘာသာ မရွေး အကူညီပေး ကယ်တင်ပေးနေခဲ့ ပါသည်။

လားရှိုး၊မိတ္ထီလာ တို့ တွင်ဖြစ် ခဲ့ သော ဖြစ် ရပ် များတွင် မြို့ခံ လူထု ၏ သက်သေ များ အရ – ဦးဝီရသူ မှ စတင်ကာ မုန်တီးရေး ဟောပြော မှု များ ကို ပြု လုပ် အပြီးတွင် – စနစ် တကျ ဖွဲ့ စည်းထားသော – လူသတ် အဖွဲ့  – ယခင် ဒေါ်အောင် ဆန်းစုကြည်ကို ၂၀၀၃ တွင် သတ်ဖြတ်ရန် ကြံစည် ခဲ့ သော ဒီပဲ ရင်း အဖွဲ့ နှင့် ပုံစံတူ မကောင်းဆိုးရွား များရောက်ရှိ လာ ပြီး စနစ် တကျ တိုက် ခို်က် သတ်ဖြတ်ကြသည် ဟု သက်သေ များ ရရှိပါသည်။

ထို လူသတ် အဖွဲ့  ကို တောင်သာ တပ်မ ဟု၎င်း စွမ်းအားရှင် ဟု ၄င်း ခေါဝေါ်ကြပါသည်။ ယခင်အစိုးရ၏ လက်ကျန် တောက်ငာ မြို့ ခံ ဦးအောင်သောင်း ၏အမာ ခံ အဖွဲ့ ဟု လူသိများပါသည်။

ထို အဖွဲ့ များ၏ စနစ်တကျ သတ်ဖြတ် တိုက်ခို်က် မှု များ နှင့် ၉ ၆၉ အဖွဲ့ ကိ ခေါင်းဆောင်နေသော ဦးဝီရသူ ၏ မုန်းတီးရေး ဟောပြော မှု များ ဆက်စပ် ကာ တဆက် ထဲ ပူပေါင်းလုပ်ကြံ နေသည်ကို သက်သေ များ အရ သိရှိ နေပါသည်။

ထိုလုပ်ရပ် များသည် သမတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ၏ ဒီမိုကရေစီ အသွင် ပြောင်းရေး ကို လွန်စွာထိခိုက်စေ ပါသည်။

Old monsters stirring up trouble ******************* Some say gangs from past regime provoked clashes to undermine Myanmar’s democracy

Published on Jun 02, 2013

Firefighters extinguishing a fire during a riot between Buddhists and Muslims in Lashio township last Wednesday. Some observers believe organised mobs are injected into towns to target Muslims. — PHOTO: REUTERS

By Nirmal Ghosh, Indochina Bureau Chief in Bangkok

Two days of violence this past week that may have left up to eight dead – the official figure remains at two – in sleepy Lashio in Shan state further defined an emerging pattern to the bloodshed rocking Myanmar in recent months: Organised mobs are injected into a town to target Muslims.

Who is behind this remains a subject of speculation but the episodes are challenging the government’s ability to maintain law and order. More importantly, they are a severe test of Myanmar’s experiment with democracy in a multi-ethnic, multi-religious society.

Ahead of this week’s World Economic Forum in Naypyidaw, the army has again been deployed to enforce order in the northern town of Lashio.

That underlines the contradictions that can baffle outsiders expecting clear answers from a complex country that has been at war externally and with itself, in some form or the other, for decades.

Shan Buddhists have no issues with Muslims living in the northern state. Shan monks in Lashio sheltered Muslims last week to save them.

A group of Shan monks stated that it was Burmans who perpetrated the violence, not Shan. The man who started it all, allegedly a Muslim, by setting fire to a Buddhist woman was not a local, real residents say.

They say the mobs which suddenly showed up and started smashing Muslim homes, shops, a mosque and an orphanage were outsiders too.

Residents of Meikhtila say outsiders were also behind violence there in March, when more than 40 people were killed. Outsiders were also the perpetrators in Bago when riots hit that township days later.

Security sources in Myanmar say the mobs are mainly men from the Swan Arshin – a loose cadre of thugs, criminals and ex-convicts used by the old military regime to intimidate and break up protests. Swan Arshin means “masters of power” or “possessors of power”.

Squads of Swan Arshin are believed to have been among those who attacked opposition politician Aung San Suu Kyi’s convoy at Depayin in 2003. They were also active in breaking up protests in Yangon in 2007 until the army was deployed.

A 2008 paper by the independent Asian Human Rights Commission says: “While the group’s existence and activities have been known, it is not an officially recognised organisation. It does not feature in the state media and has no public face.”

It was then a tool of the pro-military Union Solidarity and Development Association which evolved into the Union Solidarity and Development Party (USDP) which is now the ruling party. The USDP recently however flatly denied it had anything to do with the Swan Arshin.

A newer “Buddhist militia” called the Taung Tha army has also apparently appeared, according to the sources. Taung Tha is a town which happens to be home to the notoriously hardline Aung Thaung, a former senior general and combat veteran who is now a key figure in the USDP.

The attacks in Meikhtila and Lashio were well planned and executed. Just days before the Lashio violence, the right-wing Buddhist monk U Wirathu was preaching his characteristic anti-Muslim sermons in a town some 50km away. The Swan Arshin and the Buddhist 969 movement spearheaded by U Wirathu complement each other, Myanmar analysts say.

The security source said the Swan Arshin fire up poor illiterate peasants to swell their numbers – and then wait for an incident to light a match to the tinder. The incident could even be staged.

The mobs, well equipped with swords and machetes, iron rods and sledgehammers, are then transported into town to attack Muslims.

It is a ruthless but time-honoured tactic to attack an enemy with no accountability, or to create an enemy and then attack them, or just to sow instability and chaos which may then be guided to the benefit of those controlling the mobs.

The tactic is also used to maintain an extra-parliamentary power base, a sort of insurance policy if Myanmar’s fledgling democracy disintegrates – or becomes stronger and nudges people once in lucrative positions of power to the sidelines

The attack in Lashio drew a swifter government response than the Meikhtila violence in March. Ironically for mostly Western human rights groups and pro-democracy activists clamouring for a reduction in the role of the army, the Tatmadaw is back in the streets as the only agency capable of keeping the peace.

Muslims today see themselves as pawns in a larger game designed to rouse Burman Buddhist nationalism, discredit President Thein Sein and Ms Suu Kyi, deflect anti-Chinese sentiment to Muslims, and prove that the army is still required to maintain order.

President Thein Sein has talked tough and warned against extremists derailing the democratic transition. But politics and power in Myanmar have always been ruthless.

Analysts say the President will appear increasingly weak if the old monsters cannot be tamed.

nirmal@sph.com.sg
DNWD

လားရှိုးတွင်ပဋိပက္ခဖြစ်၊အဆောက်အအုံနှင့် ဆိုင်ခန်းများ မီးရှို့ ဖျက် ဆီး ခံ ရ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အမျိုးသမီးတဦး မီးရှို့ခံရပြီးတဲ့နောက် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားပြီး အဆောက်အအုံနဲ့ ဈေးဆိုင်ခန်းတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။မေ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က လားရှိုးမြို့ ၈ ရပ်ကွက်ထဲမှာ ဓာတ်ဆီရောင်းတဲ့ အမျိုးသမီးတဦးကို လာဝယ်သူ အမျိုးသားတဦးက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ရာကနေ လူစုလူဝေးနဲ့ ဆူပူမှုတွေ ဖြစ်ပွားပြီး ဗလီနဲ့ ဈေးဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လားရှိုးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းမြင့်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျိုင်းတုံကလာတဲ့ မှတ်ပုံတင်ကိုင်ထားတဲ့ အသက် ၄၈ နှစ်အရွယ် ကိုနေ၀င်းဆိုတဲ့လူက၊ ရဲတပ်ဖွဲ့က ဆေးကြောင်နေတယ်လို့လည်း ပြောတယ်။ ဆေးပြား ၂ ပြားတွေ့ တယ်တဲ့။ သူက လမ်းဘေးမှာ ဓာတ်ဆီရောင်းနေတဲ့ အေးအေးဝင်းဆီက ဓာတ်ဆီဝယ်တယ်၊ ပက်တယ်၊ မီးခြစ်နဲ့လိုက်ရှို့တော့ ထွက်ပြေးတယ်။ ဒါပေမယ့် အေးအေး ၀င်း   မီးလောင်သွားတယ်။ သူလည်း လောင်တယ်။ ရပ်ကွက်က ၀ိုင်းဖမ်းပြီး အမှတ် ၁ ရဲစခန်းကို ပို့လိုက်တယ်။”

ကျူးလွန်သူကို ရပ်ကွက်ထဲက လူတွေက လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ညနေ ၆ နာရီလောက်မှာ လူပေါင်း ၁၅၀ လောက် ရဲစခန်းကို လာဝိုင်းပြီး တရားခံ ကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ သံဃာတော်အပါး ၅၀ လောက်လည်း ရောက်လာပြီး ရဲစခန်းက ပြေရာပြေကြောင်း ပြောတဲ့အတွက် ပြန်သွားကြတယ်လို့ ဆိုပြောပါတယ်။

ဒါပေမယ့်လည်း ည ၇ နာရီလောက်မှာ လူ ၄၀ လောက်က ဆိုင်ကယ်တွေ၊ ဓာတ်ဆီပုလင်း၊ တုတ်တွေ၊ ဓားတွေနဲ့ ဟံသာဝတီလမ်းဘက်ကနေ လာပြီး မြို့မဗလီနားက ဈေးဆိုင်တခုကို စပြီးဖျက်ဆီးတယ်။ အဲဒီနောက် မြို့မဗလီ၊ မော်လ၀ီ သင်တန်းကျောင်းနဲ့အနီးက ဈေးဆိုင်တွေကို မီးရှို့ခဲ့တယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

ရပ်ကွက်သူရပ်ကွက်သားတွေက မီးမရှို့ဖို့ ၀ိုင်းဝန်းတောင်းပန်တဲ့အတွက် ဈေးဆိုင်တချို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ အဖျက်ခံရတဲ့ ဆိုင်ခန်းထဲက ပစ္စည်းတွေကို လူတချို့ က အိတ် တွေနဲ့ သယ်ယူထွက်ပြေးကြောင်း၊ စတင်ဆူပူသူတွေကို ဒေသခံတွေက အရင်က မမြင်ဖူးဘူးလို့လည်း သူက ပြောပါတယ်။

မီးလောင်ရာကို မီးသတ်ကားပေါင်း ၁၀ စီးထက်မနည်း လာရောက်ငြိမ်းသတ်ကြပြီး ည ၉ နာရီမှာ လားရှိုးအာဏာပိုင်တွေက ကာဖျူးအမိန့်ထုတ်ခဲ့တယ်။ ည ၁၂ နာရီနောက်ပိုင်း အခြေအနေတွေ ငြိမ်သက်သွားပြီး ဒီမနက်မှာတော့ ဈေးဆိုင်တော်တော်များများ ပိတ်ထားကာ ကြောက်စိတ်မပြေသေးတဲ့ပုံတွေ ဖြစ်နေတယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

လားရှိုးမြို့က သံဃာတော် တပါးဖြစ်သူ အရှင်အင်္ကုရကတော့ ပဋိပက္ခတွေဟာ ဘာသာရေးနဲ့ မပတ်သက်ကြောင်း ရဲစခန်းက ထုတ်ပြန်ပေးဖို့အတွက် မနေ့ညနေက သံဃာတော်တွေ စုပြီး သွားရောက်တောင်းဆိုခဲ့တာလို့ မိန့်ပါတယ်။

“အဲလိုဖြစ်ပြီး ဦးဇင်းတို့ ရဲစခန်းသွားတယ်။ သူတို့ဘက်က ဗုဒ္ဓဘာသာကို အကြမ်းဖက်လုပ်နေတဲ့အကြောင်း၊ ဗုဒ္ဓဘာသာက ဘာမှအကြမ်းမဖက်ဘူးဆိုတာ ကြေညာ ချက် ထုတ်ပြန်ပေးဖို့၊ ခဏနေ ဗုဒ္ဓဘာသာက ဘာညာ အပြောမခံနိုင်ဘူးလေ။ အဲဒါ သွားတောင်းဆိုတယ်။”

ဒဏ်ရာရသူအမျိုးသမီးကိုလည်း ဒီမနက်က လားရှိုးဆေးရုံမှာ သွားရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ အဲဒီသံဃာက မိန့်ပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ မွန်းလွဲ မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါ တယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ၃၊ ၉ နဲ့ ၂ ရပ်ကွက်ထဲက ဗလီတခု၊ ဗလီဆရာ သင်တန်းကျောင်းတခု မီးရှို့ခံရပြီး လက်ဖက်ရည်ဆိုင် ၃ ဆိုင်၊ ဒန်အိုးဒန်ခွက် အရောင်း ဆိုင် ၅ ဆိုင်၊ လားရှိုးဓာတ်ပုံတိုက်၊ စိန်ကြယ် ဒံပေါက်ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ အရှင်အင်္ကုရက မိန့်ပါတယ်။

လားရှိုးမြို့မှာ မနေ့ညကတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း အတည်ပြုချက်နဲ့ လားရှိုးမြို့ လုံခြုံရေးအခြေအနေသိရဖို့အတွက် သက်ဆိုင် ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ထားဆဲ ဖြစ်ပါတယ်။

နန်းမြနဒီ – DVB

သစ်ထူးလွင်

Photo News Lashio, Police accompanied with terrorist: ဓါတ်ပုံ သတင်း

Shine Win
From Facebook
Islamic Religious Buildings, Muslim Populations and properties of Muslims are being targeted for the Terrorist in Myanmar since last year and the Government have not taking responsibilities for it. Since last year, there were Anti-Islamic Campaign was spread around the country step by step and town by town, at first, peoples think it is only concern for Border area affair. But continuously spread to other parts of the country and government officials and Authority leaders have been keep saying that they are investigating the hidden group but nothing come out yet. The President of the Union of the Republic of Myanmar formed several Investigation commissions and the results didn’t meet the peoples concern and those results also become encouraging the Terrorists group to continue their Terror one place to another place.In this kind of situation The Government should make a strong announcement and take action by showing Accountability and Responsibilities of what Peoples of the country wanted and why they have elected them to be in Governing Body of the country.

Most of the International Communities and organizations have been concerning this issues and one of the most powerful country on the World, U.S’s President Mr. Barak Obama also addressed about the violence on Muslim Population in Myanmar when he received Myanmar President U Thein Sein to his White House which created a Historical bilateral meeting of U.S and Myanmar.

I here by Urged Myanmar Government to take action very quickly and make a strong defense Strategy to save the country when it is at the time of Political changes and period of Democratizing and Opening up to the World by lifting Sanctions by World Powerful countries and Organizations.

— with Shine Win.

မိတ်ဆွေနည်းကံမွဲလှတဲ့မြန်မာမွတ်စလင် (သို့မဟုတ်) ဦးအောင်တင်က မင်းကိုနိုင်ဝေဖန်ခြင်း

သမီးလုပ်သူက ဆွမ်းပို့ပြီးရင် “တပည့်တော်မ ပြန်ကြွပါအုံးမယ် ဘုရား”လို့ ဆိုသတဲ့။ ဆရာတော်က မအေကို တိုင်တော့ မအေက “အလိုလေး၊ သမီးတော်က အခုလို မိန့်ကြားလိုက်သလား ဘုရား”တဲ့။ ဒါနဲ့ ဆရာတော်က မဖြစ်ချေဘူးဆိုပြီး တကာသူဌေးမင်းကို တိုင်ရပြန်တယ်။ “တော်တော်ဆိုးတဲ့ သားအမိတွေဘဲ။ ဒီအတိုင်းဆိုရင် ဆရာတော်ရဲ့ ကျောင်းကို ဒီသားအမိ နောင်ဘယ်တော့မှ ခြေတော်ရာတောင် မချစေရဘူး ဘုရား”လို့ လျှောက်ပြန်သတဲ့။ မြန်မာမွတ်စလင်တွေအတွက်ကတော့ အရင် ဘုန်းကြီး နှစ်ချက်ခေါက်က နောက်ဘုန်းကြီး သုံးချက်ခေါက်ဖြစ်နဲ့ ကြာလေ နစ်လေ၊ လှုပ်လေ၊ မြုပ်လေ ဖြစ်နေပြီလား။

ကမ္ဘာပေါ်မှာ ကပြားမဖြစ်၊ သွေးမစပ်တဲ့လူမျိုး မရှိဘူးလို့ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက UNESCO က ကြေငြာခဲ့တယ်။ ကျနော်တို့ မြန်မာပြည်သူတွေကတော့ အခု ထက် ထိ မြန်မာလူမျိုးစစ်စစ်၊ မွန်လူမျိုးစစ်စစ်၊ ရခိုင်လူမျိုးစစ်စစ်လို့ ဂုဏ်ယူလို့ ကောင်းနေတုန်းပါဘဲ။

မြန်မာပြည်မှာရောက်နေကြတဲ့ ကပြားချင်းအတူတူ အရင်ရောက်တဲ့ကပြားက တိုင်းရင်းသားတွေဖြစ်၊ နောက်ရောက်တဲ့ ကပြားလည်း မွတ်စလင်မဟုတ်ရင် တိုင်းရင်း သား ဖြစ်၊ မြန်မာမွတ်စလင်(ပသီ)လူမျိုးအပါအဝင် မြေဒူး၊ ရိုဟင်ဂျာ၊ ၃၇၀၀၊ ပသျှူး(မလေး)တွေကတော့ မွတ်စလင်တွေဖြစ်တာနဲ့ ရှိပြီးသား တိုင်းရင်းသားစာရင်း ကနေ အရှင်လတ်လတ် အပယ်ခံနေရတယ်။ မွတ်စလင်ဖြစ်ရင် ၁၈၂၄ ခုနှစ် မတိုင်မီက နေထိုင်ခဲ့ကြောင်း သက်သေထူခိုင်းတယ်။ တစ်ဖအေ၊ တစ်မအေက မွေးချင်း အရင်းတောင် အကိုဖြစ်သူက မွတ်စလင်ဖြစ်ရင် ဘင်္ဂါလီနွယ်ဖွား နိုင်ငံသားပြုဖြစ်သွားတယ်။ ညီဖြစ်သူက ဗုဒ္ဓဘာသာဖြစ်ရင် ဘာမှသက်သေ ထူစရာမလိုတော့ဘူး။ အလိုအလျောက် မြန်မာတိုင်းရင်းသားစစ်စစ် ဖြစ်သွားကော။ ရုပ်ရှင်မင်းသား မောင်မောင်တာရဲ့ အဖြစ်အပျက်ပါ။ ဒီဖြစ်ရပ်မျိုးတွေက တစ်နိုင်ငံလုံး ပြည့်နေပါတယ်။ ကိုမင်းကိုနိုင် ပြောတဲ့ နိုင်ငံသား ဥပဒေဆိုတာ ဒါလားဗျာ။

ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တရုပ်ကပြားတွေကျတော့ မြန်မာတိုင်းရင်းသားစစ်စစ်ကြီးတင်မက ဖအေ၊ မအေ တရုပ်အစစ်၊ ဗိုလ်နေဝင်းက ကနောင်မင်းဆက်တောင် ဖြစ် သွားတယ်။ မြန်မာတောင် ရိုးရိုးမြန်မာ မဟုတ်ဘူး။ ရှိခိုးခံရတဲ့ မြန်မာနော်။ တရုပ်နာမည် ရှုမောင်ကလည်း ရှုမဝတဲ့သားလေး မြန်မာ ရှုမောင်ဖြစ်သွားတယ်။ ဘုန်းကြီး ရူးနဲ့ လှေလူးလို တတ်လဲ တတ်နိုင်တဲ့ လူတွေပါ။ ကျောင်းတက်သည်အထိ မြန်မာနာမည်တောင် မရှိပါဘူးလို့ ကိုယ်တိုင်ဝန်ခံထားတဲ့ တရုပ်ဗိုလ်အောင်ကြီး လည်း ဗုဒ္ဓဘာသာကိုးကွယ်တော့ မြန်မာတိုင်းရင်းသားစစ်စစ် ဖြစ်သွားကော။ မြန်မာဖြစ်သွားတဲ့ တရုပ်တွေ၊ တရုပ်ကပြားတွေက ဝန်ကြီးတွေလည်း ဖြစ်လို့ရတယ်။ ဗိုလ်ချုပ်ကြီးတွေလည်း ဖြစ်လို့ရတယ်။ နောင်လည်းဖြစ်အုံးမှာတွေ အများကြီးဘဲ။ တရုပ်မျက်လုံးနဲ့ ကုလားအသားအရေရှိတဲ့ ဦးခင်ရီသာ ဗုဒ္ဓဘာသာမဟုတ်ရင် သူ့အဆက်အနွယ်တွေဟာ ၁၈၂၄ကတည်းက မြန်မာပြည်မှာ နေထိုင်ခဲ့တယ်လို့ ဘယ်လိုသက်သေပြမလဲ။ ဦးအစ်စမိုင်ကမွေးတဲ့ ဦးသိန်းညွန့်လည်း ဗုဒ္ဓဘာသာဖြစ် တော့ မြန်မာဖြစ်၊ အမတ်ဖြစ်ပေါ့။ မွတ်စလင်ကမွေးတဲ့ ဘကြီးဘဖေတို့၊ ဦးသန့်တို့လည်း ဗုဒ္ဓဘာသာဖြစ်တော့ မြန်မာတိုင်းရင်းသား စစ်စစ်တွေပေါ့။ အဲ အစ္စလာမ် ဘာသာ ကို ပြောင်းလဲကိုးကွယ်တယ်ဆိုရင် ဖအေ၊ မအေ မြန်မာဖြစ်နေလျှက်နဲ့ ဘင်္ဂါလီသွေးရောလို့ ရေးထားတဲ့ မှတ်ပုံတင်ထုတ်ပေးတာကို အထောက် အထားနဲ့ ပြမယ်ဆိုရင် ကိုမင်းကိုနိုင် ဘာပြောချင်ပါသလဲ။ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သုံးနေရအုံးမယ်လို့ ကိုမင်းကိုနိုင်က ဆိုလိုက်တဲ့ နိုင်ငံသား ဥပဒေဆိုတာ ဒါလားဗျာ။

၁၉၄၆ခု ဇန္နဝါရီလ (၁၇)က (၂၃)ရက်အထိ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံမှာ လွတ်လပ်ရေးတိုက်ပွဲဝင် အဖွဲ့အစည်းပေါင်း (၁၅)ဖွဲ့ တက်ရောက်ပြီး မြန်မာမွတ် စလင်ကြီး ဦးဖေခင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်အမှတ်(၇)ကြောင့် ပြည်ထောင်စုဆိုတာ ပေါ်ခဲ့ရတယ်။ ဆုံးဖြတ်ချက်(၇)ဟာ ပင်လုံရဲ့ မိခင်ဖြစ်တယ်။ ဆုံးဖြတ်ချက်(၇) မရှိရင် ပင်လုံ မရှိဘူး။ ပင်လုံမရှိရင် ပြည်ထောင်စုဆိုတာ မရှိဘူး။ ဒီးဒုတ်ဦးဘချိုတင်သွင်းတဲ့ ဆုံးဖြတ်ချက်အမှတ်(၆)အရ ကပြားမြန်မာ-မွတ်စလင်တွေကို ဗမာမွတ် စလင်(မြန်မာမွတ်စလင်)လူမျိုးရယ်လို့ ခေါ်ဝေါ်သတ်မှတ်ပြီး လူနည်းစုတိုင်းရင်းသား အခွင့်အရေးပေးကြောင်း ချမှတ်ခဲ့တယ်။ မြန်မာမွတ်စလင်တွေကို နာမည် အမျိုးမျိုး နဲ့ ခေါ်ဝေါ်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် သမိုင်းကို ဖျောက်လို့ရတယ်လို့ ကိုမင်းကိုနိုင် ထင်ပါသလား။

ဒို့ဗမာအစည်းအရုံးရဲ့ ပထမဆုံးကြေငြာချက်(၁၉၃၀)မှာ “အို ဗမာမွတ်စလင် အပေါင်းတို့ သင်တို့သည် ဗမာများပင် မဟုတ်လော” လို့ဆိုပြီး လွတ်လပ်ရေးတိုက်ပွဲကို ဖိတ်ခေါ်ခဲ့တယ်။ ဗမာမွတ်စလင်တွေ အများအပြား သခင်ဘွဲ့ခံကြရုံတင်မက ဒိုဗမာမွတ်စလင် အစည်းအရုံးဆိုပြီး ထပ်အားဖြည့်လိုက်ကြသေးတယ်။ ဒီသမိုင်းကော ဘယ်နားထားမလဲ ကိုမင်းကိုနိုင်။

၂၀၁၂ခု စက်တင်္ဘာ(၉)ရက်နေ့ ရန်ကုန်မြို့ အိဒ်ပွဲတော်မှာ ဦးတင်ဦး(NLD နာယကကြီး)က (၁) မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသားတွေဖြစ်တယ်။ (၂) မြန်မာမွတ် စလင်တွေဟာ လွတ်လပ်ရေးအတွက် ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့သူတွေဖြစ်တယ်လို့ ပြောခဲ့တယ်။ ဘာကြောင့် အခုလို ပြောခဲ့သလဲဆိုတာကို အသက် ထင်ရှား ရှိနေသေးတဲ့ ဦးတင်ဦးကို မေးကြည့်ပါလား ကိုမင်းကိုနိုင်။

ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ် မချုပ်ဆိုမီ ဖေဖေါ်ဝါရီ(၁၁)၊ ၁၉၄ရမှာ “အမျိုး ဘာသာ သာသနာကို စွဲပြီး ပြည်ထောင်စု တည်ဆောက်လို့ မရဘူးဆိုပြီး တိုင်းရင်း သား မွတ်စလင်တွေကိုလည်း ထည့်သွင်း မိန့်ကြားခဲ့တယ်။ ဒီသမိုင်းကိုကော ဘယ်လိုသဘောရသလဲ ကိုမင်းကိုနိုင်။

၁၉၄၇ ရွေးကောက်ပွဲပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်အမတ်များ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ်ရေးကိစ္စ ဆွေးနွေးရာမှာလည်း “တိုင်းပြည်ကို ကျွန်တွင်းက လွတ်မြောက်အောင် တိုက်ကြစဉ်က ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့(ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ)လည်း ပါ တယ်။ အခုကျွန်တွင်းကတောင် လွတ်မယ်မှ မကြံကြသေးဘူး။ သူတို့တွေပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုဘာသာကို နိုင်ငံတော်ဘာသာလုပ်လိုက်ကြရင်” ဆိုပြီး တားမြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကိုမင်းကိုနိုင်ရဲ့ အမြင်ကို သိချင်ပါတယ်။

ခိုးဝင်လာသူမှန်သမျှ မောင်းထုတ်ရမှာပါ ကိုမင်းကိုနိုင်။ ဘင်္ဂါလီလည်း ခိုးဝင်လာရင် မောင်းထုတ်ပါ။ သို့သော် ဘင်္ဂလားဒက်က ရခိုင်တွေ မြန်မာပြည်ထဲ အချိန်မရွေး တံခါးမရှိ၊ ဓါးမရှိဝင်ပြီး မြန်မာတိုင်းရင်းသားလုပ်လို့ရမယ်ဆိုရင် မြန်မာနှင့်နယ်စပ်ချင်း ထိနေတဲ့ နိုင်ငံအားလုံးမှာ နှစ်ဖက်ခွနေတဲ့ တိုင်းရင်းသားတွေက သန်းရာကျော် အနည်းဆုံးရှိပါတယ်။ သူတို့က မြန်မာပြည်ဖက်ကို ရခိုင်တွေလိုဘဲ ကူးလာမယ်ဆိုရင် ကိုမင်းကိုနိုင် လက်ခံနိုင်ပါသလားဆိုတာကို သိချင်ပါတယ်။ နိုင်ငံသားဥပဒေကို ရခိုင်အတွက် သတ်သတ်၊ တစ်နိုင်ငံလုံးအတွက် သတ်သတ် နှစ်မျိုးထားသင့်သလား ကိုမင်းကိုနိုင်။

၁၉၄၇ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ မြန်မာမွတ်စလင်တွေကို ၁၉၇၄ အရဘဲ ဖြစ်ဖြစ်၊ ၁၉၈၂ နိုင်ငံသားဥပဒေအရဘဲ ဖြစ်ဖြစ်၊ ၂၀၀၈ အရဘဲ ဖြစ်ဖြစ် နိုင်ငံသားအဖြစ်က ပြန်ပယ်ဖျက်ဖို့ အစိုးရလုပ်သူတွေတင်မက ဒီမိုကရေစီနည်းအရဆိုပြီး လူများစုသဘောအရပင် လုပ်လို့ ရနိုင်တယ်၊ လုပ်ခွင့်ရှိတယ်လို့ ကိုမင်းကိုနိုင်ထင်ပါသလား။

နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ပြီးတဲ့ ရခိုင်ပြည်က မွတ်စလင်တွေကို ဘင်္ဂါလီဆိုပြီး မောင်းထုတ်သင့်သလား ကိုမင်းကိုနိုင်။ သူတို့ကို အခြားနိုင်ငံသားတွေလို တန်းတူ ဆက် ဆံဖို့၊ ကာကွယ်ပေးဖို့ လိုမယ်လို့ ကိုမင်းကိုနိုင် ယူဆပါသလား။ ဒုက္ခရောက်နေတဲ့ သူတို့ကို ရခိုင်အစွန်းရောက် လူ၊ ဘုန်းကြီး၊ နိုင်ငံရေးသမားတွေက အစည်း အဝေး တွေ ထိုင်၊ စာရွက်စာတန်းတွေ ထုတ်ပြီး အခုထက်တိုင် လူသားမဆန်စွာ အစာရေစာ ဖြတ်၊ ဆေးဝါး ဖြတ်၊ အဆက်အဆံ ဖြတ်၊ အလုပ်အကိုင် အရောင်းအဝယ် ဖြတ်နေတာ တစ်နှစ်ပြည့်တော့ပါမယ်။ ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံးအဖွဲ့က ဒီလိုမလုပ်သင့် မလုပ်အပ်ဘူးဆိုပြီး ဘာဖြစ်လို့ မကန့်ကွက်ကြဘဲ ယနေ့တိုင် မသိ ချင် ယောင် ဆောင် နှုတ်ပိတ်ရေငုံနေရတာလဲ ကိုမင်းကိုနိုင်။ သူတို့တွေ အများအပြားဟာ မိုးထဲရေထဲမှာ တိရစ္ဆာန်ထက်တောင် ဆိုးဝါးတဲ့ အခြေအနေ ရောက်နေပါ တယ်။ ရောဂါတွေ၊ အဟာရချို့တဲ့မှုတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေ နေ့စဉ်သေနေကြရတယ်။ သူတို့အတွက် ကိုမင်းကိုနိုင်ရဲ့ စာနာစကား ကို ကြားချင်ပါတယ်။

ကိုမင်းကိုနိုင်က “ကျွန်တော်တို့တိုင်းပြည်ထဲမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ၁၃၅-မျိုးသော ဘာသာစကားကို တစ်ခုမှမတတ်ပဲနဲ့၊ သူ့ဘာသာသူပြောနေတဲ့၊ သူ့ဘာသာ တစ်ခုပဲတတ်တဲ့ လူမျိုးတွေအများကြီးရှိပါတယ်။” ရိုဟင်ဂျာကို ဆိုလိုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒိုင်းနက်က တိုင်းရင်းသား(၁၃၅)မျိုး စာရင်းဝင်ဖြစ်ပါတယ် ကိုမင်းကိုနိုင်။ ဒိုင်းနက်တွေပြောတဲ့စကားနဲ့ ရိုဟင်ဂျာတွေပြောတဲ့စကား ၁၀၀% တူတယ်ဆိုတာ ကိုမင်းကိုနိုင် သိပါသလား။

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ပါဘူး။ ဘာကြောင့် လက်မခံနိုင်တာပါလို့ သတ္တိရှိရှိ ပြောရင် ပြောကြပါ။ ဒါဆို အဖြေရအောင် ဆွေးနွေးလို့ရနိုင်တယ်။ သို့သော် ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ကြောင်းကို အစိုးရထုတ်စာစောင်တွေ၊ သတင်းစာ မဂ္ဂဇင်းတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ စွယ်စုံကျမ်းတွေ၊ မြန်မာ့အသံက ရိုဟင်ဂျာ အသံလွှင့်ချက်တွေစတဲ့ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းအထောက်အထားတွေ အခိုင်အမာရှိလျှက်နဲ့ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု မခံခဲ့ရပါဘူးဆိုပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး လူမှုရေး ဘာသာရေးခေါင်းဆောင်တွေက ဘာဖြစ်လို့ ဗြောင်လိမ်နေကြတာလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရပါတယ် ကိုမင်းကိုနိုင်။ ကိုမင်းကိုနိုင် အမြင်ကို သိပါရစေလား။

မည်သို့ပင်ဆိုစေကာမူ ကိုမင်းကိုနိုင်က မေလ(၂၅)ရက် နယူးယော့မှာ “အဲဒီလောလောဆယ်မှာတော့နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်/မဖြစ်..။ ဘိုးဘွားလက်ထက် ကတည်းက နေထိုင်လာပြီးတော့ နိုင်ငံသားစစ်စစ်ဖြစ်တယ်ဆိုရင် ကျွန်တော်ရဲရဲတင်းတင်း အာမခံပါတယ်။ နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်တယ်လို့ ကျွန်တော် တို့ကိုယ်တိုင် ရပ်တည်ပေးမယ်။ သူ့အခွင့်အရေးအတွက် ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ်။” ဆိုလိုက်တဲ့အတွက် ကျေးဇူးတင် ဝမ်းသာပါတယ်။ ဒီနေ့ မြန်မာ မွတ် စလင် တွေဟာ ၉၉.၉၉၉၉၉%က ဘယ်နိုင်ငံကမှ ခိုးဝင်လာသူတွေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချစ်စရာ၊ ကာကွယ်စရာ၊ သေစရာ နိုင်ငံရှိသူတွေ မဟုတ်ကြဘူး။ ဘိုး ဘွား စဉ်ဆက်နေထိုင်ကြသူ တိုင်းရင်းသားတွေချည်းပါ။

သို့သော် ကိုမင်းကိုနိုင်က တစ်ဆက်တည်း ဆက်ပြောလိုက်တဲ့ “သို့သော်အဲဒီ သို့သော်ရဲ့ နောက်မှာ ပိုပြီးအရေးကြီးတဲ့အချက်ရှိပါတယ်။ “အခွင့်အရေးလိုချင်ရင်၊ တာဝန် ယူမှု ရှိရမယ်။ ”ဘယ်ကိစ္စမျိုး မဆိုပါ။” ပြောကြားချက်ကိုတော့ သစ္စာစကားဆိုရရင် သိပ်မကြိုက်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာမွတ်စလင်တွေကို သံသယနဲ့၊ ဆန်းစစ်တဲ့အနေနဲ့ အခွင့်အရေးလိုချင်ရင် တာဝန်ယူမှု ရှိရမယ်ဆိုတဲ့ စကားမျိုး ပြောနိုင်သူဟာ မြန်မာ့သမိုင်း မှာ အရင်ကလည်း မပေါ်ပေါက်ဖူးဘူး။ အခုလည်း မရှိဘူး။ နောင်လည်း ရှိမယ် မထင်လို့ပါဗျာ။

မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်တွေဟာ နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းမှာ မကြုံဘူးလောက်အောင် မိတ်ဆွေနည်းပါးမှု၊ စာနာမှု ခေါင်းပါးမှုကို နိုင်ငံနဲ့ အဝှမ်း ယနေ့ကြုံတွေ့နေရတယ်။ ကျနော်တို့ရဲ့ သွေးချင်းတွေကို မေတ္တာရပ်ခံချင်တာ ကျနော်တို့မှာ အားနည်းချက်ရှိတယ်ထင်ရင် အပြန်အလှန်လေးစားမှု အခြေခံပြီး သွေးချင်းစိတ်နဲ့ ထောက်ပြကြစေချင်ပါတယ်။ ဧည့်သည်၊ အိမ်ရှင်ဆိုတဲ့ ပုံစံမျိုးတော့ မလုပ်ကြစေချင်ဘူး။ မလုပ်သင့်ဘူး။ လုပ်ခွင့် မရှိဘူး။

အောင်တင်
မေလ (၂၆)၊ ၂၀၁၃

View of Lashio, Burma: လားရှိုးမြို့ ယနေ့ နေ့  လည်မြင်းကွင်း (ဓါတ်ပုံများ)

ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း . တပ်မတော်မှ လုံခြုံရေး ယူပြီးနောက် လားရှိုးမြို့ မှာ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ ခံတဦးက Myanmar News Now ကို ပြောပါတယ်။  လားရှိုးမြို့မဈေးကြီးနှင့် ပျက်စီးနေသော ဆိုင်ခန်းများမှာ တပ်မတော်မှ လုံခြုံရေး ယူထားပြီး ၊ မြို့မဈေးကြီးကို ပိတ်ထားရပါယ်။ တစ်မြို့လုံးနီးပါး ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း မရှိတော့ ကြောင်းလည်း သိရပါတယ်။Myanmar News Now

သစ်ထူးလွင်

 

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်၊ ( ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် ၊သစ်ထူးလွင်)

 

မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား နှစ်ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်။

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့ က ဖျောင်းဖျ လူစုခွဲခဲ့ပါတယ်။

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ ၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။ ၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်းများပြုလုပ်ပါတယ်။

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။ ၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။ ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေးပါဘူး။

လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့ အစည်း များက နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။

 ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် (Facebook)

သစ်ထူးလွင်

လားရှိုးမြို့ အကြမ်းဖက်မှုမှတ်တမ်း ဓာတ်ပုံများ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် (၂၈-၅-၂၀၁၃) ရက်နေ့က
မွတ်စလင်မ်များရဲ့ နေအိမ်များနဲ့ အစ္စလာမ်ဘာသာရေး အခြေခံ အဆောက်အအုံများအား
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဦးဆောင်၍ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့
သိရပါတယ်။
အကြမ်းဖက်မှုစတင် မြစ်ဖျားခံရာ အကြောင်းရင်းမှာ ဒေါ်အေးအေးဝင်းဆိုသူ
ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးအား ပုံတွင်မြင်တွေ့ရသည့်အတိုင်း ရက်စက်စွာ မီးရှို့ခြင်းကြောင့် ဖြစ်ပါတယ်။
ဒေါ်အေးအေးဝင်းအား အစောပိုင်းမှာတော့ ရှမ်းတိုင်းရင်းသူတစ်ဦးလို့ ပြောခဲ့ကြပေမယ့် မဟုတ်မှန်းကြောင်း စုံစမ်းသိရှိရပြီး
ဗမာလူမျိုးစစ်စစ်တစ်ဦးသာဖြစ်ကြောင်း သိရှိရပါတယ်။
ဒေါ်အေးအေးဝင်းမှာ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ခံစားခဲ့ရပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင်
အရေးပေါ်လူနာအဖြစ် တင်ပို့ထားရတယ်လို့ သိရပါတယ်။
ဆေးရုံတက်ရောက် ကုသနေစဉ် ဒေါ်အေးအေးဝင်းမှာ သေဆုံးသွားခဲ့ရသည်ဟု
သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းများမှာ
မှားယွင်းခဲ့ပြီး ယခုအချိန်အထိ အသက်ရှင်ဆဲဖြစ်ကြောင်း သိရပါတယ်။
ဒေါ်အေးအေးဝင်း၏ ဆိုးရွားသည့် ရောဂါဝေဒနာများအား
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနဲ့နောက်လိုက် ဗုဒ္ဓဘာသာဝင်များက
ဆေးရုံတွင် သွားရောက် ကြည့်ရှုခဲ့ကြပြီးနောက် မခံမရပ် ဖြစ်ခဲ့ကြရပါတယ်။
ဒေါ်အေးအေးဝင်းအား မီးရှို့သူဟု သတင်းထွက်ပေါ်နေသူအား ထိန်းသိမ်းထားသည့်
ရဲစခန်းတွင် လူပေါင်းများစွာနဲ့အတူ ဘုန်းကြီးများက ၀ိုင်းခဲ့ပြီးနောက် မီးရှို့သတ်ဖြတ်သူ
တရားခံအဖြစ် စွတ်စွဲခံရသူအား ထုတ်ပေးရန် ရဲစခန်းတွင် တောင်းဆိုခဲ့ကြပါတယ်။
ထိုသို့ တောင်းဆိုနေရင်း နေ၀င်ချိန်ရောက်လာသည့်အခါ ဆေးရုံတင်ပို့ထားသည့်
ဒေါ်အေးအေးဝင်းမှာ ကွယ်လွန်သွားသည်ဟူသောသတင်းများ
အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် အကြမ်းဖက်လိုသူများမှာ
ပိုမိုသွေးကြွလာပြီး၊ အကြမ်းဖက်မှုဆီသို့ ဦးတည်သွားပါတော့တယ်။
ဒေါ်အေးအေးဝင်း သေဆုံးသည်ဟု လိမ်လည်သတင်းများ ထုတ်ပြန်ထားစဉ်
ဒေါ်အေးအေးဝင်းကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။
969 အကြမ်းဖက်ဂိုဏ်း၏ တရားမ၀င် အကြမ်းဖဂိုဏ်းခေါင်းဆောင်ဆိုသူ
ဝီရသူကတော့ ၎င်းရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် တရားခံဖြစ်နေသူကို
လျင်မြန်စွာ ဖော်ထုတ်ပြခဲ့ပါတယ်။
ဝီရသူအား အစိုးရ တာဝန်ရှိသူ ဆက်သွယ်ရေးအင်ဖော်မာများက
အချိန်နဲ့တပြေးညီ သတင်းများအား ပံ့ပိုးပေးနေတာကြောင့်
ယခုလို တင်ပြနိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပုံတွင် မြင်တွေ့ရသည့်အတိုင်း ဒေါ်အေးအေးဝင်းအား
ယခုလို ရက်စက်စွာ မီးရှို့ခဲ့သူကတော့…
ကိုနေ၀င်းဆိုသူ ကုလားတစ်ဦးဖြစ်ပြီး၊ အစောပိုင်းကတော့ ပန်ချာပီကုလားဟု
သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တမ်းမှာမူ ဟိန္ဒူဘုရားကိုးကွယ်သည့်
ဂေါ်ရခါး ကုလားတစ်ဦးဖြစ်နေကြောင်း ပုံတွင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။၎င်းဂေါ်ရခါးကုလား ကိုနေ၀င်းအား အစောပိုင်းက မေးမြန်းကြရာတွင် မွတ်စလင်မ်ဟုသာ တွင်တွင်ပြောနေခဲ့ပြီး၊
၎င်း၏ မှတ်ပုံတင်အား ရှာဖွေစစ်ဆေးရာတွင် ဂေါ်ရခါးကုလားဖြစ်နေကြောင်း တွေ့ရှိရသော်လည်း…
မိတ္ထီလာမြိ့ကဲ့သို့ပင် ဗလီများ၊ ကျောင်းများနဲ့ လူနေအိမ်ဆိုင်ခန်းများကတော့
မီးရှို့ ဖျက်ဆီးခံလိုက်ကြရပြီးဖြစ်သလို၊ ကောလ ဟလ သတင်းများအရ မွတ်စလင်မ်ဟု
ပြောဆိုခဲ့သူ ကိုနေ၀င်းကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက
အတင်း အဓမ္မ ဂေါ်ရခါးမဟုတ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း အစရှိသဖြင့်
ဖိအားပေး၍ ခိုင်းစေကြအုံးမည်လားလို့ မေးခွန်းများ မေးမြန်းလိုချင်နေကြပါတယ်။
   အလင်းမျက်ဝန်းမီဒီယာ

The 8 Stages of Genocide Against Burma’s Rohingya

 

Posted: 28 May 2013

These three siblings lost their dad. He was killed when he was trying to get food for his family. Something is very wrong in a country when finding food for your children to save their lives is a crime worthy of death. Photo: Oddny Blog

Faine Greenwood

May 27, 2013
Rohingya Muslim’s in Burma’s Rakhine state have now been ordered to adhere to a years-old two child policy by the government, in what authorities claim is an effort to defang ongoing tension between the Buddhist and Muslim communities. In reality, this is ethnic cleansing. And it is ongoing in Burma today.
Restricting the reproduction of a less-than-loved ethnic group is a tactic that’s been trotted out repeatedly through generations of ethnic cleansing and genocide: a bad sign that’s all the more ominous in the face of increasing strife between Rohingya Muslim’s and the overwhelmingly Buddhist population of Burma.
Human Rights Watch unambiguously identifies the Burmese government as complicit in the abuses against Rohingya, calling it a government-backed “campaign of ethnic cleansing.” Even national icon Aung Sang Suu Kyi has denounced the two-child policy as of May 27th, stating that “They shouldn’t discriminate. This is against human rights” — one of her first statements in defense of the Rohingya, whom she has been largely silent on during the past year.
More warning signs of potential ethnic cleansing exist. Genocide Watch provides a list of the “Eight Stages of Genocide,” which I feel is decidedly instructive in this situation — an opinion that Genocide Watch appears to share, as they have recently issued a “Genocide Emergency Alert” for Myanmar. 
The stages are, in order: Classification, Symbolization, Dehumanization, Organization, Polarization, Preparation, Extermination and Denial, and they are rolling by at a distressingly speedy clip in 2013 Burma. (Genocide Watch is not the only entity to create such a “warning signs” list: it’s also worth checking out the United Nations version, which is more detailed).
First, by the Genocide Watch metric, Rohingya are classified as “other” as compared to the mainstream Burmese population, marginalized both by their Muslim religion and their ethnicity. Although not forced to wear a distinguishing clothing item, Rohingyas are often referred to as “Bengalis” by those who wish to disparage their origins, a powerfully symbolic word that a Rohingya group was recently arrested for rejecting. 
The Rohingya are dehumanized: forced to live in substandard ethnic enclaves with curfews and other restrictions on their freedom — and now with the recent two-child rule, treated rather like an invasive species by the majority Buddhists of Rakhine.
Violence against the Rohingya is also decidedly organized: although many Rohingya have been victimized by angry mob justice and the like, the government has also been proven to be complicit in the violence, restricting their movements and “looking the other way” during many of 2012′s most violent bloodbaths.
Polarization is downright obvious when it comes to relations between Rohingya and Muslims: violence against them has been drummed up since the June rape of a Buddhist woman by purportedly Muslim perpetrators, and the government has done little to stop the upswelling of ethnic hatred. Local groups regularly put out pamphlets and other documents disparaging the Rohingya people and casting doubt on their ethnicity — in some cases, explicitly calling for “ethnic cleansing.”
The preparation stage of an impending genocide or ethnic cleansing is well underway in Myanmar, as Rohingya are regularly herded into ethnic enclaves, denied aid, and separated from non-Muslims in increasingly desperate areas. Increasingly isolated from the outside world and from the resources they need, the Rohingya are necessarily becoming more and more helpless — and, recognizing the “writing on the wall,” are taking to the dangerous sea in ever-increasing numbers.
Then, there’s the extermination stage, which is arguably already under way after the June 2012 ethnic cleansing. Although the killings aren’t explicitly state-sanctioned, there’s plenty of potential for them to get considerably worse if the Burmese government doesn’t reverse discriminatory policies against the Rohingya, and there appears to be little in the way of political will to stop such an eventuality. It remains to be seen if pressure from Western governments will have much influence, as the Burmese government may hope that the “small problem” of the Rohingya will be overshadowed by other positive moves towards democracy and international commerce.
Denial is the final “stage” of genocide, and although this hasn’t yet happened to the Rohingya, it seems likely that if it does, the agressors will claim they “brought it on themselves,” mentality already evidenced by the two child policy, which shifts the burden of peacekeeping onto the Rohingya and away from Buddhists.
As the US and other international power-players hustle to form friendly relationships with Myanmar’s top brass, they should keep in mind a certain disturbing fact about their new business player: the formenting of a possible genocide, with terrible consequences for the Rohingya people, and for the national conscience of the increasingly confident Burmese people.

Prophet Mohammed(SS) and other Image: တမန်တော်မိုဟမ္မဒ်(စ)နှင့်အခြား ဓါတ်ပုံ

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အေမာမာဟ် ရှရိဖ်တော်……..

Belongings Of Prophet Muhammad (SallallahuAlaaihiwasallam)


တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အချစ်ဆုံး သ္မီးတော် ဟဇရသ် ဖာသွေမာဟ်(ရသွေ)သ္ခင်မရဲ့ အကျီ င်္တော်…….

ဟဇရသ် အလီ(ရသွေ)သ္ခင် ရဲ့ မဇာရ် ရှရိဖ်တော်……

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ မိုဘာရက် ခြေရာတော်……


တမန်တော်မြတ်ကြီး(ဆွ)သောက်သုံးတော်မူခဲ့သော ရေခွက် တော်…..

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ လိုတာ တော်မြတ်……..

1850 ခုနှစ်က ကအ်ဗာ ကျောင်းတော်မြင်ကွင်း…..

1940 ခုနှစ် ရေကြီးနေတာတောင် ဒုက္ခခံပြီး ဟဂ်ျလုပ်နေကြသော အလွန် နဖူးစာ ကောင်းသော သူများ….


တတိယ ခလီဖာဟ်ကြီး ဟဇရသ် အွစ်မာန်း ဂနီ(ရသွိ)သ္ခင်ရဲ့ ကဗရ် တော်


တမန်တော်မြတ်ကြီး(ဆွ)နဗူဝသ် မရမှီ တရားအားထုပ်တော်မူခဲ့သော.ဟေရာ လိုင်ဂူတော်………


ရှေး ယ္ခင် ကအ်ဗာ ၀တ်ကျောင်းတော်မြတ်….

အလွန် ကြည်နူးဖွယ် ကောင်းတဲ့ မြင်ကွင်းလေးပါ.အလ္လာဟ် ကျွန်တော်မျိုးတို့ ကိုလည်း (ဟရမိုင်းန်)ကို ဇေယာရသ်

လုပ်ခွင့် ချီးမြှင့်တော်မူပါ……


ကအ်ဗအ် ရှရီးဖ် ရဲ့ ရွှေ သော့ တော် …….

ဟိုး ရှေးရှေး တုန်းက ကအ်ဗာဝတ် ကျောင်းတော်ပုံလေးပါ……

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ပလီဝတ် ကျောင်းတော်မြတ်…..

ဟဇရသ် ဘေလာလ်(ရသွေ)ရဲ့ မဇာရ် ရှရိဖ် တော်မြတ်……

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အချစ်ဆုံး သ္မီးတော် ဟဇရသ် ဖာသွေမာဟ်(ရသွေ)သ္ခင်မရဲ့ အိမ်တော်….

တမန်တော်ရဲ့သားသမီးခြောက်ဦးရှိတဲ့အနက်အငယ်ဆုံးနဲ့ တမန်တော်ရဲ့အချစ်ဆုံးသူပါ…
တမန်တော်မြတ် ခရီးထွက်တဲ့အခါ မိမိမိသားစုဝင်များနဲ့ ရောင်းရင်းများကိုနှုတ်ဆက်လေ့ရှိတယ် ..

ဒါကြောင့်ခရီးထွက်တဲ့အခါတိုင်း သမီးတော်ကိုနောက်ဆုံးလာနှုတ်ဆက်တယ် သမီးတော်ဆီမှာ

အချိန်တွေအများကြီး သုံးလို့ ရအောင်လို့ ပါ . ဒါပေမယ့်ခရီးကနေပြန်ရောက်တဲ့အခါသမီးတော်ဆီကို

အရင်ဆုံးသွားလေ့ရှိတယ် .. ယူဆောင်လာတဲ့
လက်ဆောင်တွေ အသုံးအဆောင်ပစ္စည်းတွေအနက်သမီးတော်ကြိုက်တာတွေကိုစိတ်
ကြိုက်အရင်ဆုံးရွေးယူလို့ ရအောင်ပါ…
လောကမှာကတည်းက ဂျန္နတ်( သုခဘုံ ) ရမည်ဟုသတင်းကောင်းပေးခြင်းခံခဲ့ရတယ်…
ဂျိဗ်ရာအီးလ် ကောင်းကင်တမန်က သမီးတော်ကိုစလာမ်ပေးခဲ့တယ် .. သူနဲ့ လည်းသမီး
တော်ဟာ စကားပြောခွင့်ရခဲ့တယ်…
ဂျန္နတ်မှာအမျိုးသမီးတို့ ရဲ့ခေါင်းဆောင်ဖြစ်မယ်လို့ တမန်တော်ကမကွယ်လွန်ခင်ကတည်းသတင်း
ကောင်းပေးခဲ့တယ်…
သမီးတော်ရဲ့ကိုယ်သင်းရနံ့ ကပန်းသီးရနံ့ ကဲ့သို့ ဖြစ်တယ်…
တမန်တော်ကမကွယ်လွန်ခင် သမီးတော်ကိုသတင်းပေးခဲ့တယ် … သမီးတော် ဟာနောင်တမလွန်
မှာဖခင်တမန်တော်မြတ်ရဲ့အိမ်သူအိမ်သားတွေအနက်မှ တမန်တော်နဲ့ ပထမဆုံးဆုံဆည်းရမယ့် သူလို့ 
မကွယ်လွန်ခင်လေးတမန်တော်ဟာသတင်းပေးခဲ့တယ် .. ဒါကြောင့်မို့ .. သမီးတော်ဟာ
တမန်တော်မြတ်ကွယ်လွန်ပြီး 6 လမှာကွယ်လွန်ခဲ့တယ် ကွယ်လွန်စဉ်သမီးတော်ရဲ့အသက်
ဟာ 29 နှစ်ပါ ။

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ မျိုးရိုး စင်ဆက်တော်…….

မိတ္ထီလာမြို့ဦး ဗလီနား အောင်ဇေယျာ နယ်မြေရှိ မွတ်စလင် သုဿန်ဟောင်းအား ယနေ့ မနက် ၁၀ နာရီ အချိန်ခန့်က မြေထိုးစက်များ အသုံးပြုပြီး ဖျက်သိမ်းနေ

M-Media

မိတ္တီလာမြို့ရှိ မွတ်စလင်မ် သုဿန်ဟောင်းကို ယနေ့မနက်မှ စတင်ပြီး ဖျက်သိမ်းလျက်ရှိ
=============
မေ-၂၇၊၂၀၁၃
M-Media
KK

မိတ္ထီလာမြို့ဦး ဗလီနား အောင်ဇေယျာ နယ်မြေရှိ မွတ်စလင် သုဿန်ဟောင်းအား ယနေ့ မနက် ၁၀ နာရီ အချိန်ခန့်က မြေထိုးစက်များ အသုံးပြုပြီး ဖျက်သိမ်းနေကြောင်း သတင်းရရှိ ပါသည်။

မွတ်စလင်မ် သုဿန်ကို ဖျက်သိမ်းနေချိန်တွင် လုံခြုံရေးအပြည့်ယူထားကြောင်း၊ စစ်သားများ၊ရဲများ၊လုံခြုံရေး လက်ပတ်များ ပတ်ထားသော အရပ်သားများပါ စောင့်ကြပ်နေကြကြောင်း   မြို့ခံတဦးက အတည်ပြုပြောကြား လာပါသည်။

မိတ္ထီလာမြို့ ပုံမှန် မရောက်သေးချိန်တွင် အာဏာပိုင်များမှ ယခုလိုပြုလုပ်ခြင်းကြောင့် မြို့ခံများ ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ အဆိုပါ မွတ်စလင်မ်သုဿန်ကို ဖျက်သိမ်းရှင်းလင်းပြီး အဝေးပြေးကားဝင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မွတ်စလင်မ်သုဿန်ဟောင်းမှာ သဂြိင်္ုလ်မှု့ကို ပိတ်ပင်ထားသည်မှာ နှစ်အတန်ငယ်ကြာပြီဖြစ်ကြောင်းနှင့် အဆိုပါမြေနေရာကို မနှစ်က ဦးပိုင် ကုမ္ပဏီကို ရောင်းချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး မြို့ခံ အစ္စလာမ် ဘာသာဝင်များမှ နိုင်ငံတော် သမ္မတထံ အသနားခံစာ ပို့ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဦးပိုင်ကို ရောင်းချသည့် အစီအစဉ်ပျက်သွားပြီး ယခု အဝေးပြေးကားဝင်း တည်ဆောက်မည့် စီမံကိန်းကို ဖြစ်လာကြောင်းသိရသည်။

အစ္စလာမ်ဘာသာဝင်များ မှာ ၄င်းတို့ ကွယ်လွန်သွားသော ဆွေးမျိုး မိဘများကို ကောင်းရာသုဂတိလားစေရန် မကြာခဏသွားရောက်ပြီး သုဿန်များသို့သွားရောက်ပြီး ဆုတောင်း   မေတ္တာများ ပို့သလေ့ရှိကြောင်းနှင့် သုဿန် ဥယျာဉ်တော်များကို တန်ဖိုးထားကြကြောင်း သိရှိရပါသည်။

အကြမ်းဘက်ပဋိပက္ခများအားဥပဒေစိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း အပိုင်း-၁ ( ဦးအောင်ထူး- ရှေ့နေ)

 

မေလ-၂၀၁၃ , ရေးသူ- ဦးအောင်ထူး (ရှေ့နေ)
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း အပိုင်း (၁)

နိဒါန်း

ဒီမိုကရေစီကို အသွင်ကူးပြောင်းနေသည်ဟု ကြွေးကြော်ဖေါ်ဆောင်နေသောဦးသိန်းစိန်အစိုးရလက်ထက်တွင်တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည် တွင်းငြိမ်းချမ်းရေးရရန် အလားအလာမတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ် ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက်ပဋိပက္ခများတိုးများလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက် မှု များပေါ်လာလျှက်ရှိနေကြောင်းတွေ့ရသည်။ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များကိုထိတ်လန့်ရ၊ ဘာသာရေး အစွန်း ရောက်များကို ကြောက်ရ၊ အကြမ်းဘက်သမားများ၏ အန္တရာယ်ကို သတိထားနေရနှင့် တိုင်းပြည်၏ ဒေသ အမြောက်အများ၌ သာမန် လူထုပေါင်းမြောက်များစွာမှာ ယုန်သူငယ်များ ဘ၀ သို့ကျဆင်းနေရသည်။ ဥပဒေစိုးမိုးရေးသည် ပြိုကျ တော့ မည်လားဟု စိုးရိမ်ရ သည် အထိပင် ယိုင်လဲ ချိနဲ့လာခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်ကာ အခြေခံလူထု စီးပွား ရေး တိုးတက်မှုရနိုင်ရေးအတွက် “စစ်မှန် သည့် ဥပဒေ စိုးမိုးရေး အခြေခံများ” ကို တည်ဆောက်ရန်မှာ အရေး တကြီး လိုအပ်ချက် ဖြစ်လာသည်။

“စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံများ”[1] ဟူသော စကားလုံးကို သုံးစွဲရခြင်းမှာ ဥပဒေစိုးမိုးရေး အတု လွှမ်းမိုး သောကြောင့် ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ဥပဒေစိုးမိုးရေး ကို စကားလုံးအရ သုံးစွဲခဲ့သော်လည်း ယင်းမှာ မည်သို့ အဓိပ္ပါယ်ရှိ ကြောင်းကို မည်သည့်အခါကမျှ လူထုကိုရှင်းပြခဲ့ခြင်းမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူများ ဟူသော ကဏ္ဍတွင်မူ ဥပဒေစိုးမိုးရေး ကို စကားလုံးအရ ပင် ထည့်သွင်းမထားတော့။ အကြောင်း မှာ ယင်း၏ အနှစ် သာရများကို တိုင်းပြည်၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီကျင့်သုံး လိုခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း မှတ်ယူ ရပါတော့မည်။

ချုပ်ပြောရလျှင် မြန်မာနိုင်ငံ၌ “စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ” အား လူထုတရပ်လုံး စနစ်တကျ လေ့လာ ခွင့် မရသေးပါ။ စစ်အစိုးရအဆက်ဆက်က ယနေ့အချိန်အထိ ကျင့်သုံးနေသော ဥပဒေစိုးမိုးရေးဟူသည်မှာ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law မဟုတ်။ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်း ဥပဒေ များအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law အဆင့်တွင်သာ ရှိနေသေးကြောင်းတွေ့ရသည်။

၁၉၈၂ ခုနှစ်တွင် ပြဌာန်း၍ ၂၀၀၄ ခုနှစ်တွင် ပြင်ဆင်ကာ ယနေ့တိုင်အတည်ပြုကျင့်သုံးလျှက်ရှိသော တရုတ်ပြည်သူ့  သမ္မတ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅) တွင်အောက်ပါအတိုင်းတွေ့ရှိရသည်။

“တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် အခွင့်အာဏာများအား ဥပဒေနှင့် အညီကျင့်သုံးသည်။ ဥပဒေစိုးမိုးရေးအောက်တွင် ဆိုရှယ်လစ်နိုင်ငံကို တည်ဆောက်သည်။” [2] ယင်းပြဌာန်းချက်ကို လေ့လာလျှင် တရုတ်နိုင်ငံသည် ဥပဒေစိုးမိုးရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံး နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ သို့ရာတွင် ယင်းမှာ မည်ကဲ့သို့သော ဥပဒေစိုးမိုးရေး ဖြစ်ပါသနည်း။

“တရုတ်နိုင်ငံသည် Rule by Law နှင့် Rule of Law ကို ပေါင်းစပ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊” ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့၊ စတော့ ဟုမ်းတက္ကသိုလ် ဥပဒေပညာဌာနတွင် ၂၀၁၃ ခုနှစ်မေလ (၈) ရက်နေ့က ကျင်းပ ခဲ့သည့် နီးနှော ဖလှယ်ပွဲ၌ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ် ဥပဒေ ပညာဌာနမှ ပါမောက္ခ Dr. Gong Renren က ပြောကြားသွား ခဲ့ သည်။ ၄င်း၏ အဆိုအရ တရုတ်နိုင်ငံသည် နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး အဆင့်ကို မသွားနိုင်သေးကြောင်း သုံးသပ်နိုင်သည်။ သို့ရာတွင် ဤမျှပေါင်းစပ် ကျင့်သုံးခြင်းသည်ပင် တရုတ်နိုင်ငံအတွက် များစွာ အကျိုးရှိကြောင်း ထင်ရှား သည်။ ဥပဒေစိုး မိုးရေး အခြေခံတွင် ယနေ့ တရုတ်နိုင်ငံ သည် စည်းလုံးညီညွတ်မှုတည်ဆောက်နိုင်ရုံသာမက နိုးနေ သောနဂါးကြီးအဖြစ် စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးလာ လျှက် ရှိသည်။

Rule of Law နှင့် Rule by Law စကားလုံးနှစ်လုံး၏ ဆက်စပ်မှုနှင့် ကွာခြားမှုကို လေ့လာမိပါက “ဥပဒေစိုးမိုးရေး” ဟူသောစကားလုံးကို လွယ်လင့်တကူ သုံးစွဲ၍ မရနိုင်ကြောင်း ထင်ရှားပါသည်။ ဖြစ်နိုင်လျှင် နိုင်ငံတကာ စံထားချက် များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး ဟူသည်ကို လူထုကြီးတရပ်လုံး လေ့လာကာ တတ်နိုင်သမျှ လက်တွေ့ ဖေါ် ဆောင်သင့် သော အချိန်ရောက်ပါပြီ။ စစ်အာဏာရှင်များတည်ဆောက်ထားသည့် ဥပဒေဘောင် [3] နှင့် ၄င်းတို့ စိတ် ကြိုက်ပြဌာန်းထားသည့် ဥပဒေများအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law တို့အား တိုက်ဖျက်သင့်သော အချိန်သို့ ရောက်ပါပြီ။

ဤစာတမ်းငယ်တွင် ဥပဒေစိုးမိုးရေးကို အကျယ်တ၀င့်ရှင်းလင်းပြ မည်တော့ မဟုတ်ပါ။ သို့ရာတွင် မျက်မှောက်ဖြစ်ပွား နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ထောက်ပြ သုံးသပ်ပါမည်။ ထို့နောက် ယင်းတို့အား စနစ်တကျဖြေရှင်းကာ တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် တိုးတက်ဖွံ့ ဖြိုးမှုတို့ ရနိုင် ရေး အတွက် နိုင်ငံတကာ စံထားချက် လမ်းကြောင်းတွင် မြန်မာနိုင်ငံအနေဖြင့် ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ စိုးမိုးရေး ဆိုင်ရာ အခြေခံ အကျဆုံးအဆိုပြုချက် အချို့ ကို တင်သွင်းဆွေးနွေးသွားပါမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေစိုးမိုးရေး အခြေခံကို မတည်ဆောက်နိုင်ခြင်း။

မည်သည့်နိုင်ငံတွင် မဆို ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏ အချုပ်အခြာ[4] ဖြစ်သည်။ ယင်း၏ သဘောမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော တည်ဆဲဥပဒေမှန်သမျှကို ဖျက်သိမ်းပစ်ရသည်။ နောင်ပြဌာန်းမည့် ဥပဒေများ သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ကိုက်ညီရသည်။ သို့ဖြစ်၍ ဥပဒေစိုးမိုးရေး အခြေခံကို တည်ဆောက်လိုပါက ဥပဒေအားလုံး၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်း၏အုတ်မြစ်ကို ချမှတ်ရပါမည်။

ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးမူမှာ ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက် တွင် တန်းတူခံစားခွင့်ရှိရမည် ဖြစ်သည်။ ဤမူကို အခြေခံအားဖြင့် ဥပဒေနှင့် နီးစပ်သူတိုင်း သိကြပါသည်။ အသစ်အဆန်း မဟုတ်ပါ။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖမ်းဆီးအရေးယူခဲ့စဉ်က ဗိုလ်ချုပ်ကြီးသူရရွှေမန်း (ယခုဦးရွှေမန်း) ကိုယ်တိုင်ပင်တိုင်းသိ ပြည်သိ ကြွေးကြော်ခဲ့သည်။

သို့ရာတွင် ဥပဒေစိုးမိုးရေး၏ အသစ်အဆန်းမဟုတ်သည့် ဤမူ နှင့် စပ်လျှဉ်း၍ မည်သို့လက်တွေ့ကျင့်သုံးအကောင် အထည်ဖေါ်သင့်သည်၊ မည်သည်တို့မှာ အဟန့်အတားဖြစ်နေသည်၊ ဤမူကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်သည့် ဥပဒေများကို ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ပြဌာန်းသင့်သည်၊ ဟူသည် တို့နှင့် စပ်လျှဉ်း၍အလေးထားကာ ယခု လွှတ် တော် ဥက္ကဌနေရာတွင် ယူထားသော ဦးရွှေမန်းသည် လွှတ်တော်အတွင်း၌ မည်သည့်အခါကမျှ ဦးဆောင်ဆွေးနွေးခဲ့ သည်ကို မကြားသိရပါ။ ဦးသိန်းစိန် အစိုးရက ဦးဆောင်ရန် ဆိုသည်မှာ ဝေလာဝေးပင်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ အပေါ် သုံးသပ်ချက်

ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူခံစားခွင့်ရှိရမည်ဟူသည့် မူကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံရပါ မည်။ မဆန့်ကျင်စေရပါ။ သို့ရာတွင် ၁၉၈၈ ခုနှစ် မှစ၍ အာဏာသိမ်း အုပ်ချုပ် ခဲ့သည့် သက်တမ်းကာလအတွင်း ဖြစ်ပွားကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် စပ်လျှဉ်း၍ စစ်အာဏာရှင်တို့၏ တာဝန်ရှိမှုကို ဖုံးကွယ်ကာ “မည်သည့် တရားရုံး တွင်မျှ တရားစွဲဆိုခွင့် မရှိစေရ” ဟူသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ပြဌာန်းထား သည်။ ယင်းမှာ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခြင်းဖြစ်သည်။ အဆို ပါပြဌာန်းချက်မျိုးကို ကမ္ဘာပေါ် တွင် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေများ၌ မည် သည့် နိုင်ငံတွင်မျှ မတွေ့ ရပါ။ ယင်း အပေါ် ဥပဒေအထောက်အကူပြု ကွန်ယက်မှဆွေးနွေးမှုအား ၂၀၁၃ မေလ (၇) ရက်နေ့တွင် ဘီဘီစီမှအသံ လွှင့်သွား သည်ကို ဤလင့်ခ် တွင် နားဆင်ပါ။

https://docs.google.com/file/d/0BzC8VZhwp11AbTdrNlVyQ1FUb0k/edit?usp=sharing

ပုဒ်မ ၄၄၅ ပြဌာန်းချက်သည် လူတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူရေး ဟူသည့် အခြေခံမူကို အဆင့်နှစ်ဆင့်အရ ဆန့်ကျင်လျှက်ရှိသည်။ ပထမ အဆင့်မှာ စစ်အစိုးရ အာဏာပိုင်ဟောင်းများသည်သာ အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ရနေကြသည်။ အခြား သာမန် ပြည်သူများ မခံ စားရပါ။ ဒုတိယအဆင့် မှာ ပြစ်မှုကျူးလွန်သူခြင်းတူပါက န၀တ၊ နအဖ စစ်အစိုးရအဖွဲ့ဝင်များသာ လွတ်ငြိမ်းခွင့်ကို ခံစားကြရသည်။ ၄င်းတို့၏ အမိန့်ပေးမှုအရ သက်ဆိုင်ရာမှုခင်းများ ၌ မြေပြင်တွင် ကြီးကြပ်ကွပ်ကဲ ဖေါ် ဆောင်ခဲ့ ကြသည့် အခြားစစ် ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များ မှာ အဆိုပါ အခွင့်အရေးကို ခံစားခွင့် မရကြပါ။ အချိန်မရွေး တရားစွဲခံရ နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ခွဲခြားမှု [5] ကို အခြေခံဥပဒေနှင့် အညီကျင့်သုံးထား ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့် ပေးခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ အုတ်မြစ်တချပ် ဖြစ်နေ သည်။ သို့ဖြစ်၍ ပြစ်မှုကျူး လွန်သူ မည်သူ့ကို မဆို တိတိကျကျ စုံစမ်းရှာဖွေ ဖေါ်ထုတ်ကာ အရေးယူ အပြစ်ပေးခြင်း ဖြင့် ဥပဒေ စိုးမိုးရေးတည် ဆောက်ရမည်ဟူသောအသံကို လူ့အဖွဲ့အစည်း၌ ကျယ်လောင်စွာ မကြားရတော့ပါ။ အကျိုး ဆက် အနေဖြင့် ဥပဒေ စိုးမိုးရေးပျက်သည့် အခြေအနေကို တပြည်လုံး၌ ကြုံတွေ့နေကြရသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းပြည်တွင် ဥပဒေ စိုးမိုးရေးအတွက် ပန်းခင်းသော လမ်းကို မတည်ဆောက်နိုင်ပါ။ ပြောင်းပြန်ပင် ၄င်းသည် ဥပဒေစိုးမိုးရေး ဆက် လက် ပျက်သုဉ်းစေ၇န် ငရဲမီးခင်းသော လမ်းကို ဖေါက်ပေးထားကြောင်းတွေ့ရှိရသည်။

ရခိုင်ပြည်နယ်တွင် ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့ရာ၌ မည်သူ့တွင် အမြင့်ဆုံးတာဝန်ရှိသလဲ။

ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေ ကြောင်းနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာ ခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း” အတိအလင်း ဖေါ်ပြထား သည်။ ကက (ကြည်း) သည် (ကာ/လုံ) ၏ အဖွဲ့ ၀င်များဖြစ်သော ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ ၏ တိုက်ရိုက်အမိန့် ပေးညွှန်ကြားမှုအောက်တွင် ရှိသည်။

ရခိုင်ပဋိပက္ခများအတွင်း (ကာ/လုံ) က ဥပဒေစိုးမိုးရေးအခြေခံကိုရိုက်ချိုး ခဲ့သည့် အဓိက ဖြစ်ရပ်ကြီးနှစ်ခုရှိခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သည်။ ၄င်းတို့မှာ ၂၀၁၂ ဇွန်လ (၃) ရက်နေ့တွင် တောင်ကုတ်၌ အစ္စလာမ် ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်းနှင့် ဇွန်လ (၈) ရက်နေ့ တွင် မောင်းတော၌ အစ္စလာမ်ဘာသာဝင်များက ရခိုင် လူထုများအပေါ် ပြန်လည်၍ အကြမ်းဘက်မှုများ ပြုကြခြင်း ဖြစ်သည်။

အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်း နှင့် စပ်လျှဉ်း၍ ပြစ်မှုကျူးလွန်သူများကို ယခုအချိန်အထိ ဖေါ် ထုတ် အရေးယူခြင်းမပြုပါ။ ထိုနည်းတူ မောင်းတော တွင် အစ္စလာမ်ဘာသာဝင်များ၏ ပြန်လည် အကြမ်းဘက်မှုကို တားဆီး နိုင်ပါ လျှက် အာဏာပိုင်များက ကာကွယ်တားဆီးမှု မပြုခဲ့ပါ။ ယင်းနှင့် စပ်လျှဉ်း၍ ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၈၂ တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။

“မောင်းတောဖြစ်စဉ်တွင် ထိုစဉ်က နစက အကြီးအကဲလုပ်သူက ပြတ်သားစွာ ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့မည် ဆိုပါက ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများစွာ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ရခိုင်ရပ်မိ၊ ရပ်ဖ များမှ ဝေဘန် သုံးသပ်ခဲ့ကြပါသည်။”

ပထမ ဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်သူကို အရေးမယူသဖြင့် ရိုဟင်ဂျာများနှင့် အစ္စလာမ်ဘာသာ ၀င် အမြောက်အများယခုအချိန် အထိ အကြိတ်အခဲဖြစ်နေဆဲဖြစ်သည်။ ဒုတိယ ဖြစ်ရပ်တွင် ကာကွယ်တားဆီးနိုင်ပါလျှက် မကာကွယ်ခဲ့ သဖြင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည့်အပြင် ရခိုင်ပြည်နယ် အခြားဒေသများသို့ ပျံ့သွားခဲ့ သောကြောင့် ရခိုင် လူထုများက မကြေမနပ် ဖြစ်နေဆဲဖြစ်သည်။ ၄င်းအကြိတ်အခဲများ၊ မကြေနပ်မှုများသည် ဥပဒေ စိုးမိုးရေးပျက်သုဉ်း   ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်း၏ အကျိုးဆက် အနေဖြင့် ပဋိပက္ခများ ဆက်လက် ကြီးထွားသွားခဲ့ ခြင်းဖြစ်သည်။

ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သော ဖြစ်ရပ်နှစ် ခုလုံး တွင်သာမက ပထမဆုံး စတင်ဖြစ်ပွားခဲ့ သည့် ကျောက်နီမော် လူသတ်မုဒိန်းမှုတွင် အမှန်တရားကို ဖုံးကွယ်ခဲ့သည့် အတွက် ဥပဒေစိုးမိုးရေး ပျက်သုဉ်းရာတွင် အဓိက တာဝန်ရှိသူမှာ (ကာ/လုံ) နှင့် ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရဖြစ်သည်။ အဘယ်ကြောင့်ဆို သော် လုံခြုံရေးတပ်ဖွဲ့များသည် ၄င်းတို့၏တိုက်ရိုက်အမိန့်ပေး ညွှန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရ သောကြောင့် ဖြစ်သည်။ (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရက ဥပဒေစိုးမိုးရေးကို မတည်ဆောက်ခဲ့သဖြင့် အကြမ်းဘက်ပဋိပက္ခများ သည် မြန်မာနိုင်ငံ အခြားနေရာ အတော်များများသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ကော်မရှင်က ပယ်ချသည် ဟူသည့်အပေါ် သုံးသပ်ချက်

နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ပယ်ချကြောင်း ကော်မရှင်အဖွဲ့ ဝင် ဒေါက်တာ ဒေါ် ရင်ရင်နွယ် က ပြောခဲ့သည်။ ပယ်ချရသည့် အဓိက အကြောင်းမှာ နိုင်ငံတကာ သည် ဘင်္ဂါလီ တဘက်တည်းကိုသာမေးခဲ့ပြီး ရခိုင် လူမျိုးများဘက်ကို မမေးခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင် အခြားသူတချို့ကလည်း အလားတူ တုန့်ပြန်ခဲ့ဘူးသည်။ စင်စစ်အားဖြင့်မူ နိုင်ငံတကာသည် ရခိုင်တိုင်းရင်းသားများဘက်ကိုလည်း မေးသင့်သလောက်   မေးမြန်းခဲ့သည်။ အရင်းခံအားဖြင့်မူ ဘက်နှစ်ဘက် ရှုဒေါင့်မှ အဓိက ချဉ်းကပ်ရန် မဟုတ်ပါ။ နိုင်ငံတနိုင်ငံ အတွင်း၌ မည်သို့သော အခြေအနေများဖြစ်ပွားသောအခါ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖေါက်မှု ရှုဒေါင့်မှ ချဉ်းကပ် ကိုင် တွယ်သည်ကို ကော်မရှင်အနေဖြင့် လေ့လာသင့်သည်။ ရိုးရိုးပြစ်မှု နှင့် လူ့အခွင့် အရေး ချိုးဖေါက်မှု တို့၏ ဆက်စပ်မှု နှင့် ကွာခြားမှုအပေါ်လည်း ရှင်းလင်းစွာ နားလည်ရန်လိုပါသည်။

သာဓက ဆိုပါမည်။ နိုင်ငံတနိုင်ငံ အတွင်း၌ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ အခြားအကြောင်းတခုခု အရဖြစ်စေ လူတဦးက အခြားတဦးကို၊ လူအုပ်စုတခုက အခြားအုပ်စုတခုကို၊ သတ်ဖြတ်မှုကျူးလွန်သည် ဆိုကြပါစို့။

လူ့အခွင့်အရေးရှုဒေါင့်မှကြည့်လျှင် သတ်ဖြတ်ခံရသူ၏ အသက်ရှင်ရပ်တည်ပိုင် ခွင့် ရုပ်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် သာမန်အားဖြင့် နိုင်ငံတကာက ၀င်ရောက်စွက်ဘက် ပြောဆိုမည် မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံ၏ အချုပ် အခြာအာဏာ အတွင်း ကျရောက်နေသောကြောင့် ဖြစ်သည်။ ၄င်းနိုင်ငံ၏ အစိုးရကသာလျှင် အဆိုပါနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ပြစ်မှုကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို အရေးယူ အပြစ်ပေးရမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ် အနောက်ခြမ်းတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး အတော် များများ သေဆုံးကာ လူဦးရေ နှစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂသည်လည်းကောင်း၊ နိုင်ငံ တကာ လူ့အခွင့်အရေး အဖွဲ့ အစည်းကြီးများသည်လည်းကောင်း ၀င်ရောက်စွက်ဘက်ပြောဆိုကြခြင်းမရှိပါ။ အိန္ဒိယ နိုင်ငံ၏ အချုပ်အခြာအာဏာ [6] အတွင်းတွင် သက်ဆိုင်ရာအစိုးရများက ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် အစိုးရကိုယ်တိုင်က လူထုအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကို ကျူးလွန်ခြင်း၊ သို့မဟုတ် အင်အားစု တရပ်ရပ်က ကျူး လွန်မှုကို အစိုးရက အားပေးကူညီခြင်း၊ တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သို့မဟုတ် လူ့အခွင့်အရေးချိုး ဖေါက်ကျူးလွန်မှုကြီးများ ဖြစ်ပွားနေပါလျှက် ကျူးလွန်သူများကို အစိုးရက ထိထိရောက်ရောက် အရေးယူမှုမပြုခြင်း တို့ဖြစ်လျှင်မူ ကုလသမဂ္ဂ အနေဖြင့် ဖြစ်စေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများ အနေဖြင့် ဖြစ်စေ ၀င်ရောက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းကြရသည်။ ဤသည်မှာ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေအခြေခံများပေါ်၌ နိုင်ငံတကာက ကျင့်သုံးသည့်အစဉ်အလာ လည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည် နယ်၌အလားတူ အခြေအနေများ ဖြစ်ပွားနေသည့် အထောက်အထားများအား နိုင်ငံတကာတွေ့ရှိသဖြင့်သာ ကုလ သမဂ္ဂ နှင့် နိုင်ငံတကာက ၀င်ရောက်ပြောဆိုလာကြခြင်းဖြစ်သည်။ အရေးယူဆောင်ရွက်မှုများလည်း ရှိလာနိုင်သည်။

ဒေါက်တာဒေါ်ရင်ရင်နွယ် နှင့် ကော်မရှင်အဖွဲ့ ဝင်အချို့ ပြောသလို နိုင်ငံတကာ အနေဖြင့် ရခိုင်တိုင်းရင်းသားများအား စစ်ဆေးမေးမြန်းမှု နည်းကောင်းနည်းပါမည်။ ဤသည်မှာ အကြောင်းနှစ်ချက်ကြောင့် ဖြစ်နိုင်သည်။ တချက်မှာ ဦးသိန်း စိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာများနှင့် ပေါင်းကာ ရခိုင်တိုင်းရင်းသားများ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်နေကြောင်း သတင်းမရခဲ့သောကြောင့်ဖြစ်နိုင်သည်။ နောက်တချက်မှာ ရခိုင် တိုင်းရင်းသားများ ကိုယ်တိုင်ကလည်း ဦးသိန်း စိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များသည် မိမိတို့အပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်နေကြသည်၊ ရွာများမီးရှို့ ၊ လူသတ်၊ မုဒိန်းကျင့် စသဖြင့် ကျူးလွန်နေပါသည် ဟု တိုင်တန်းခြင်း မပြုခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။

ယင်းသို့ကျူးလွန်မှု သက်သေအထောက်အထားများ ရှိပါက ကော်မရှင်အနေဖြင့် ဖြစ်စေ၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ် အနေဖြင့်ဖြစ်စေ နိုင်ငံတကာသို့ တိုင်တန်းမည်ဆိုပါက ရခိုင်တိုင်းရင်းသားများအား အဓိကထား၍ လာေ၇ာက် စစ်ဆေး မေးမြန်းရန်မှာ ရာခိုင်နုန်းပြည့်သေချာသည်။

အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားရခြင်း၏ လတ်တလောအကြောင်းရင်း နှင့် နောက်ဆက်တွဲအကြောင်းရင်းများ

ရခိုင်ပြည်နယ် မှ စတင်ခဲ့ပြီး တနိုင်ငံလုံးသို့ တဖြေးဖြေး ပျံ့နှံ့နေပြီဖြစ်သော အကြမ်းဘက် ပဋိပက္ခကြီး၏ လတ်တလော အကြောင်းရင်းမှာ လူမျိုးရေးကွဲပြားမှုနှင့် ဘာသာရေးယုံကြည်ချက်ခြားနားမှုတို့အပေါ်အခြေခံပြီး တဘက်နှင့် တဘက် အပြန်အလှန်ပုတ်ခတ် စွပ်စွဲကြရာမှ စတင်ပေါ်ပေါက်လာခဲ့သည့် ပြသနာ မဟုတ်ပါ။ ဥပဒေ စိုးမိုးရေး  အခြေခံအရ ပြစ်မှု ကျူး လွန်သူမှန်သမျှကို ကျောသား ရင်သားမခွဲခြားဘဲ တန်းတူထား၍ ပြတ်ပြတ်သားသား ထိထိေ၇ာက်ရောက် အရေး မယူခဲ့ ခြင်းမှာ ပထမ လတ်တလော အကြောင်းရင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့ များကိုယ်တိုင်က ဘက်တဘက်တွင် ရပ်၍   ပြစ်မှု   ကြီးများ  အား ပါဝင်ကျူးလွန်ခဲ့ကြသည် ဟု နိုင်ငံတကာက ထောက်ပြ စွပ်စွဲလာသည်က ပို၍ အရေးကြီးသော ဒုတိယ လတ်တလော အကြောင်း ရင်း ဖြစ် သည်။

ဤလတ်တလော အကြောင်းရင်းနှစ်ရပ်ဖြစ်တည်လာခဲ့ပြီးနောက် နောက်ဆက်တွဲအကြောင်းရင်း တို့လည်း ပေါ်ပေါက် လာပြန်သည်။ ယင်းတို့မှာ ဘာသာရေးအုပ်စုကြီး နှစ်ခုမှ အချို့သော အစွန်း ရောက်ဘာသာရေးခေါင်းဆောင်များ၊ ဘာသာဝင်များ နှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများက နည်းလမ်းပေါင်း စုံသုံး၍ လှုံ့ဆော်လာခဲ့ကြခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် အကြမ်းဘက် ပဋိပက္ခကြီးများသည် တိုင်းပြည်၏ နေရာဒေသ အတော်များများ သို့ပျံ့နှံ့သွားခဲ့ ရ ခြင်းဖြစ်သည်။

လတ်တလော အကြောင်းရင်း နှင့် နောက်ဆက်တွဲ အကြောင်းရင်းတို့ကို နိုင်းယှဉ်လေ့လာရန်လိုပါမည်။ လတ်တလော အကြောင်းရင်းသည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ နောက်ဆက်တွဲအကြောင်းရင်းသည် သာသာရေး အရ မတူကွဲပြားသည့် ဘာသာများ အတူငြိမ်းချမ်းစွာရပ်တည်နိုင်ရေး၊ အပြန် အလှန်လေး စားမှု တည်ဆောက်ရေးတို့ နှင့် လည်းကောင်း၊ နိုင်ငံရေးအရ အစွန်းရောက် အမျိုးသားရေးဝါဒကို စွန့်လွှတ်ပြီး လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေ ထိုင် ရေး အခြေခံတွင် မိမိအမျိုးသား အကျိုးစီးပွားကို သမာသမတ်ကျစွာ ဖေါ်ဆောင်နိုင်ရေး အတွေးအခေါ် စိုက်ထူမှု နှင့် လည်းကောင်း သက်ဆိုင်သည်။

နောက်ဆက်တွဲအကြောင်းရင်းများသည် အရေးမကြီးမဟုတ်ကြီးပါသည်။ သို့ရာတွင် ယနေ့တပြည်လုံးသို့ ပျံ့နှံ့နေ ပြီ ဖြစ်သော အကြမ်းဘက် ပဋိပက္ခကြီး များနှင့် စပ် လျှဉ်း ၍ လူ့အဖွဲ့အစည်းတခုလုံးနီးပါးသည် နောက်ဆက်တွဲ အကြောင်းရင်းများအပေါ်တွင်သာ ကုစား  အဖြေရှာကြ ရန်ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ ထိရောက်မှု အားနည်း နိုင်သည်။

လတ်တလောအကြောင်းရင်းများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်အောင် အဓိကထားဖေါ်ထုတ်ပြီး အရေးယူဆောင်ရွက် နိုင်မှ သာလျှင် ဥပဒေစိုးမိုးရေးကို အခြေခံ အားဖြင့် တည်ဆောက်နိုင်ပါမည်။ ထို့နောက် နောက်ဆက်တွဲအကြောင်းရင်း များကို တဖြေးဖြေး အချိန်ယူကုစားသွားရန် ဖြစ်ပါသည်။

ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် လတ်တလော အကြောင်းရင်းကို မီးမောင်းထိုးကာ အမှန် တရားပေါ်အောင်ဖေါ်ထုတ်ခဲ့ခြင်း မရှိ။ လတ်တလောအကြောင်းရင်းနှစ်ရပ် အနက် ပထမ တရပ်ကို ကော်မရှင်ကိုယ်တိုင်ဝန်ခံရသည်။ ထို့ အပြင် လုံခြုံရေး တပ်ဖွဲ့များကိုယ် တိုင်က ဘက်တဘက် နှင့်ပူးပေါင်းကာ ပြစ်မှုကြီးများအား ပါဝင်ကျူးလွန်ခဲ့ကြသည်ဟု နိုင်ငံတကာက ထောက်ပြစွပ်စွဲသည့် ဒုတိယအကြောင်း ရင်းကို လည်း ကော်မရှင်ကမျက်စိမှိတ်ပယ်ချခြင်းမှလွဲ၍ အချက်အလက်နှင့် မငြင်းနိုင်။ သို့ရာတွင် အစီရင်ခံစာ၌ လတ် တလောအကြောင်းရင်းကို ရှင်းရှင်း လင်းလင်း ပြည့်ပြည့်စုံစုံ မဖေါ်ထုတ်ဘဲ နောက်ခံအကြောင်းရင်း နှင့်နောက်ဆက်တွဲ အကြောင်းရင်းများကိုသာ ဋီကာချဲ့ပြီးဖေါ်ပြခဲ့သည်။ ထို့ကြောင့် ဥပဒေစိုးမိုး   ရေး အခြေခံကို ဖျက်ဆီးခဲ့သည့် ကာလုံ နှင့် သမ္မတ ဦးသိန်းစိန်၏ တာဝန်ရှိမှုကို ဖုံးကွယ် သွားစေခဲ့ သည်။ ယင်းအတွက် ကော်မရှင်အား ဦးသိန်းစိန်က များစွာ သဘောကျ သွားပုံရ သည်။ ၂၀၁၃ ခုနှစ် မေလ (၆) ရက်နေ့တွင် တိုင်းပြည်သို့ မိန့် ခွန်းပြော၍ပင် ချီးမွမ်းခဲ့သည်။

(ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရသည် ဥပဒေစိုးမိုးရေးပျက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်သလား။

ရခိုင်မှ တရုတ်ပြည်သို့ အမေရိကန် ဒေါ်လာ ဘီလျံပေါင်းများစွာ ချီကာ တန်ဘိုးရှိသည့် သဘာဝ ဓါတ်ငွေ့  ပိုက်လိုင်း သွယ်တန်း တည်ဆောက်နေပါသည်။ ယင်းအပေါ် ရခိုင်ပြည်နယ် အတွင်းရှိလူထုများက အားကောင်း ကောင်း နှင့် ကန့်ကွက်နိုင်ခြင်း မရှိစေရန်အာရုံလွှဲလိုက်ခြင်းဖြစ်နိုင်သည်ဟု လူထုအတော်များများက ယူဆလာကြသည်။ ထို့ပြင် တည်ဆောက်ပြီးသည့်အချိန်တွင် လက်ရှိနှင့်နောင်တက်လာဦးမည့် စစ်အစိုးရ အဆက်ဆက်က နှစ်ပေါင်းမြောက်များစွာ ဆက်လက် အမြတ်ထုတ်အကျိုးခံစားနေဦးမည့်အပေါ် မကန့်ကွက်နိုင်တော့စေရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူထု များနှင့် ၄င်းတို့ ၏ နိုင်ငံရေးပါတီများ  အားနည်းချိနဲ့ သွားစေရန်၊ လုံခြုံရေးအရ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြား လုံခြုံရေး အဖွဲ့များကိုသာ ထာဝရအားကိုးသွားစေရန် မဟာဗြူဟာချမှတ် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

အထက်ပါသုံးသပ်ချက် မမှန်ဟူ၍ (ကာ/လုံ) နှင့် ဦးသိန်းစိန် အစိုးရက သက်သေပြလိုပါက ပိုက်လိုင်းနှင့် ဆက်စပ် သော သတင်း အချက်အလက်မှန်သမျှကို ရှင်းလင်းစွာ တပြည်လုံးသို့ထုတ်ပြန်ကြေငြာရန်လိုသည်။ ပို၍အရေးကြီး သည်မှာ အကြမ်းဘက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် လူထု၏ စီးပွားရေးမှာ ချွတ်ခြုံကျ ပျက်စီးသွားခဲ့ပြီဖြစ် သဖြင့် ပြန်လည်ကုစားနိုင်ရန် ပိုက်လိုင်း မှရသော ၀င်ငွေအားလုံးကို ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက်သာ သုံးစွဲသွားနိုင်စေ ရန် ဥပဒေတ ရပ် ပြဌာန်းကာ လွှဲအပ် ဖေါ်ဆောင်သွားရန်လိုအပ်သည်။

မည်သို့ ပင်နောက်ဆက်တွဲကုစားမှုများပြုစေဦး၊ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့သည့်အတွက်ယင်းမှ စတင်ကာ တပြည်လုံးသို့ပျံ့ နှံ့ စေခဲ့ရာ ၌တာဝန်ရှိမှုမှနေ၍ (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရသည် ရှောင်လွှဲ၍ မရနိုင်။

အဖွဲ့အစည်း သဘော အရ တာဝန်ရှိမှု[7] နှင့် အမိန့်ပေးခြင်းအရ တာဝန်ရှိမှု[8]

၁၉၈၂ ခုနှစ်တွင် ဂွါတီမာလာနိုင်ငံ၌ အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယို မွန့် [9] သည် အစ်ဇီးလ်မာယာ အမည်ရှိ တိုင်းရင်းသား လူမျိုးစုဝင်ဦးရေ ၁၇၇၁ ဦးအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည် ဟု စွဲချက်တင်ကာ တရားရုံး၌ သက်သေပေါင်း တရာကျော်ကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့  တွင် ၄င်းအပေါ် ထောင် နှစ်ရှစ်ဆယ်ချခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နှစ်ငါးဆယ်၊ လူသားဖြစ်မှုကို ဆန့်ကျင် သည့် ပြစ်မှုအတွက် နှစ်သုံးဆယ် နှစ်ခုပေါင်း ထောင်နှစ် ရှစ်ဆယ်ဖြစ်သည်။ “သမ္မတ တာဝန်ယူထားစဉ် အတွင်း သတ် ဖြတ်မှုကြီးများ ကျူးလွန်နေတာကိုသိရက်နဲ့ ရပ်ဆိုင်းသွားအောင် ကာကွယ်တားဆီးခြင်း မလုပ်ခဲ့တာကြောင့် ပြစ်မှု ကျူး လွန်ရာရောက်တယ်” ဟု တရားသူကြီး ဂျက်စ်မင် ဘာရီရော့[10] က စီရင်ချက်တွင်ထည့်သွင်းဖတ်ကြားသွားခဲ့သည်။

အာဂျင်တီးနား၊ ချီလီ၊ ဂွါတီမာလာ အစရှိသော နိုင်ငံများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို အကြောင်း ပြ၍ ပြစ်မှု ကျူးလွန်မှုကြီးများအားမေ့ မထားဘဲ ပြန်လည်ဖေါ်ထုတ်ပြီး အရေးယူနေကြခြင်းမှာ စစ်မှန်သည့် ဥပဒေစိုးမိုး ရေး အခြေခံများ တည်ဆောက်ပြီး တိုင်းပြည် တည်ငြိမ်၊ ငြိမ်းချမ်းကာ၊ လူထုတရားမျှတမှု ရစေရန်ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၄င်း၏ တပ်မတော်သည် မည်သည့်အခါကမျှ လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇ၀တ်မှုများ မကျူးလွန်ခဲ့ကြောင်းထည့်သွင်း ပြောကြားသွားခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှု၊[11] စစ်ရာဇ၀တ်မှု[12] နှင့် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ပြစ်မှု [13] များအား မြန်မာနိုင်ငံ အတွင်းတွင် ဥပဒေ အဖြစ်ပြဌာန်း ထားမှု မရှိသေးပါ။ နိုင်ငံတကာ ဥပဒေ၏ အစိပ်အပိုင်းများဖြစ်ကြပါသည်။ ယင်းတို့ကို ချိုးဖေါက် ကျူးလွန်ခြင်းမှာ ပြစ်မှုမြောက်သည်ဟူ၍ ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်က ၀န်ခံလိုက် သည့် သဘောဖြစ်သည်။ ယင်းမိန့်ခွန်းကိုးကားကာ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်းဥပဒေများအတိုင်း သာ စိုးမိုးအုပ်ချုပ်ခြင်း Rule by Law မှနေ၍ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law သို့ ပြောင်းလဲဖေါ်ဆောင်နိုင်ရေးအတွက် စတင်လှုပ်ရှား လုပ်ဆောင်သင့်ပြီဖြစ်ပါသည်။

အထက်ပါ နိုင်ငံတကာ ပြစ်မှုကြီးများအား တပ်မတော်က မကျူးလွန်ပါဟူ၍ ကာချုပ်မင်းအောင်လှိုင်၏ ငြင်းဆိုချက်ကို မူ လက်ခံနိုင် ဘွယ်မရှိပါ။ ၄င်းပြစ်မှုကြီးများမှာ မည်သည့်အရာများဖြစ်သည်ကို ဥပဒေသမားများပင်နားလည်အောင် မနည်းကြိုးပမ်းကြရသည်။ ယင်းတို့နှင့် စပ်လျှဉ်း၍ တပ်မတော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရေးလုပ်ခဲ့ ကြောင်း လည်း တကြိမ်တခါမျှ မကြားသိခဲ့ရပါ။ သို့ဖြစ်၍ တပ်ဗိုလ်၊ တပ်သားတကယ့်အများစုကြီးမှာ မည်သည်တို့ကို ကျူးလွန်လျှင် မည်သည့်ပြစ်မှုမြောက်သည်ဟူ၍ နားလည်နိုင် ကြခြင်းမရှိသေးသည်မှာ ရာနုန်းပြည့်နီးပါး သေချာသည်။ လတ်တလောဖြစ်ရပ်များကို သုံးသပ်လျှင်ပင် ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ ကချင်ပြည်နယ်အတွင်း စစ်ရာဇ၀တ်မှု နှင့် လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒပြသံဃာများအပေါ် လူသားဖြစ်မှုကို ဆန့်ကျင့်သည့်ပြစ်မှု များ ကျူးလွန်ခဲ့ပြီးပြီဟု နိုင်ငံတကာ ဥပဒေ အခြေခံမှ သုံးသပ်နိုင်သည်။ အသေးစိပ်ကို ဤစာတမ်း၏ ဒုတိယပိုင်းတွင် ဆက်လက်ဆွေးနွေး ပါမည်။

အထက်ပါ ပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ရှာဖွေရာတွင် အဖွဲ့အစည်းသဘောအရ တာဝန်ရှိမှု နှင့် အမိန့် ပေးခြင်းအရ တာဝန်ရှိမှု နှစ်ခုတို့၏ ဆက်စပ်မှုနှင့်ကွာခြားမှု တို့ကို လေ့လာဘို့လိုပါမည်။ သမတ ဦးသိန်းစိန်သည် လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင်သည်လည်းကောင်း တိုင်းပြည်တွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် (ကာ/လုံ) ၏ အဖွဲ့ဝင်များဖြစ်ကြသဖြင့် ယနေ့တိုင်းပြည်တွင် ဖြစ်ပွားနေသော အကြမ်းဘက် ပဋိပက္ခကြီးများနှင့် စပ် လျှဉ်း၍ ၄င်းတို့တွင် ယေဘုယျအားဖြင့် တာဝန်ရှိကြသည်။

ရခိုင်ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့များအား(ကက/ကြည်း) က တိုက်ရိုက်အမိန့်ပေးခဲ့ကြောင်း ကော်မရှင်၏အစီရင်ခံစာအရ ပေါ်လွင်သဖြင့် ကာချုပ်မင်းအောင်လှိုင် တွင် တာဝန် ရှိသည်။ (ကာ/လုံ) အစည်းအဝေးခေါ်ပြီး ကာချုပ်မင်းအောင်လှိုင်ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပါက (ကာ/လုံ) အဖွဲ့ဝင် အားလုံးတွင်တာဝန်ရှိသည်။ သို့မဟုတ်ဘဲ သမတ ဦးသိန်းစိန်က ကာချုပ်မင်းအောင်လှိုင်အား ရခိုင်ပဋိပက္ခများ ကိစ္စ ဆောင်ရွက်၇န်တာဝန်ပေးခဲ့ပါက ဦးသိန်းစိန်သည် အကြီးအကဲ[14] အနေဖြင့်လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင် သည် လက်အောက်ငယ်သား[15] အနေဖြင့်လည်းကောင်း တာဝန်ရှိသည်။

ကချင်ပြည်နယ်အတွင်း ကေအိုင်အိုကို ထိုးစစ်ကြီးများဆင်နွှဲခဲ့စဉ် စစ်ရေး သဘောအရ ကာချုပ်မင်းအောင်လှို်င် မှာ အဓိကတာဝန် ရှိသည်။ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ခြင်းနှင့် စပ်လျှဉ်း၍မူ အကြီးအကဲ ကာချုပ်မင်းအောင်လှိုင်တွင် တာဝန်ရှိသလား၊

စစ်မြေပြင်တခုလုံးကို အနီးကပ်ကွပ်ကဲရသည့် လက်အောက်ငယ်သား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးတွင် တာဝန်ရှိသလား ဟူသည်ကို သုံးသပ်ရပါမည်။ ဤတွင် နိုင်ငံတကာဓလေ့ ထုံးတမ်းဥပဒေ[16] အရသာ မက (ရ၀မ်ဒါ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး[17] က ချမှတ်ခဲ့ပြီး ဆီအာရာလီယွန်းအထူး တရား ရုံး[18] ကပါ လိုက်နာကျင့်သုံး ခဲ့ သည့် လက်တွေ့အရ) သမားရိုးကျနိုင်ငံတကာဥပဒေ[19] အဖြစ်ပင်လိုက်နာကျင့် သုံးလာကြပြီဖြစ်သော သတ်မှတ် ပြဌာန်းချက်အရ အကြီးအကဲ နှင့် လက်အောက်ငယ်သား ဆက်ဆန်ရေး[20] အရတာဝန်ရှိမှု ကို လေ့လာရန်လိုပါသည်။ ဂွါတီမာလာနိုင်ငံက ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယိုမွန်၏ မှုခင်းနှင့် နိုင်းယှဉ်လေ့လာလျှင်အကျိုးရှိပါမည်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
ဦးအောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
၂၀၁၃ ခုနှစ် မေလ

1 Genuine Principles of the Rule of Law
2 The People’s Republic of China exercises power in accordance with the law and establishes a socialist country under the rule of law.
3 Legal framework
4 Supreme law of the land
5 Discrimination
6 Sovereignty
7 Organizational responsibility
8 Command responsibility 9 General Efraín Ríos Mont 10 Judge Jazmin Barrios
11 Genocide
12 War crimes
13 Crime against humanity
14 Superior
15 Subordinate
16 Customary international law
17 International Criminal Tribunal for Rawanda
18 Special Court for Sierra Leone
19 Conventional international law
20 Relationship of superior-subordinate

မင်းလှ လယ်သမားများ ရေနံသူခိုးများရန် ကြောက်နေရ

စနေလင်း

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ ထန်းကိုင်းကျေးရွာမှ ဒေသခံများပိုင် လယ်ယာမြေများကို မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း ( MOGE ) မှ ပြန်လည်ပေးအပ်ခဲ့သော်လည်း ရေနံခိုးတူးကြသူများကြောင့် ဒေသခံများအနေဖြင့် လယ်ယာ လုပ်ငန်းခွင်သို့ ၀င်ရန် အခက်တွေ့နေရကြောင်း သိရသည်။

အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းခဲ့သော ဧရာဝတီသတင်းထောက်ကို ဒေသခံ ၁၅ ဦးက ပြောပြသည်မှာ ထန်းကိုင်းကျေးရွာ လယ်ယာမြေများကို ၂၀၀၆ ခုနှစ်က MOGE မှ သိမ်းယူခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုး တူပူးပေါင်းကာ ရေနံတူးဖော်ခဲ့သော်လည်း ယခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဒေသခံလယ်သမားများထံသို့ ရေနံမတူးပဲ လယ်ယာလုပ်ငန်းကိုသာ ပြန်လုပ်ရန် ကတိက၀တ်ဖြင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း ထိုလယ်ယာမြေများတွင် နဂိုကတည်းက တူးထားသော ရေနံတွင်းပေါက်များရှိသောကြောင့် ညပိုင်းလာရောက်ခိုးတူးကြသည့် တခြားဒေသခံများက တွင်းပေါက်များ မပိတ်ရန် ခြိမ်းခြောက်ပြောဆိုကြသောကြောင့် လယ်ပြန်မစိုက်နိုင် ဖြစ်နေရကြောင်း သိရသည်။

ထန်းကိုင်းရွာ ဒေသခံ ဦးစံသောင်းက “ MOGE က လယ်ယာမြေတွေပြန်ပေးတာမှာ တွင်းပေါက်ကို ကိုယ့်ဘာသာပိတ်ရမယ်တဲ့။ ကိုယ့်ဘာသာ ပိတ်တော့လည်း တခြားရွာတွေက လာတူးတဲ့သူတွေက ပိတ်ရဲပိတ်ကြည့်၊ ပိတ်တဲ့ရွာကို ရေနံတွေပတ်ပြီး မီးတိုက်မယ်လို့ ကြိမ်းတယ်။ ရွာအချင်းချင်း ရန်တိုက်ပေးသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ထန်းကိုင်းရွာ အုပ်ချုပ်ရေးမှူးထံသို့ အသိပေး အကြောင်းကြားထားသလို မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာပေးပို့ ထားပြီးဖြစ်ကြောင်း၊ ထိုစာပေးပို့လိုက်သည့်အတွက် ယခုအချိန်တွင် လယ်ယာမြေများကို ထွန်ယက်ရန် ခေတ္တဆိုင်းငံ့ထား ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး MOGE သို့ သွားရောက်မေးမြန်းရာတွင် ဒေသခံများပြောဆိုနေချက်က မှန်ကန်ကြောင်း၊ ညဘက် ရေနံလာတူးသူများကြောင့် မိမိတို့ ရုံးပတ်ဝန်းကျင်ပင် လုံခြုံမှုမရှိပဲ မီးလာရှို့မည့်အရေးကို စိုးရိမ်နေရကြောင်း၊ ထန်းကိုင်း ရွာရှိ လယ်ယာမြေများတွင် လာရောက်ရေနံတူးကြသူများကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် ပုံစံမျိုးရှိနေကြောင်း ထန်းကိုင်းရွာရှိ MOGE လုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းမောင်က ဧရာဝတီသတင်းဌာနမှ သွားရောက်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

“ကျနော်တို့ ဘာမှ တားဆီးလို့ မရဘူး။ ကျနော်တို့ ကင်းတဲလေးတခုကိုတောင် ညဘက် မီးလာရှို့ခဲ့သေးတယ်။ ဒါ့ ကြောင့် ကိုယ်ရုံး လုံခြုံရေးအတွက်ပဲ အဓိကထား နေရတယ်။ အခုတောင် ထန်းကိုင်းရွာခံတွေနဲ့ တခြားရွာက လာတူးကြ တဲ့သူတွေ ပြဿနာမဖြစ်အောင် လယ်ယာမြေထွန်ယက်ဖို့ ခဏ တားထားရတယ်” ဟု ၎င်းက ဆိုသည်။

ညဘက်ရေနံလာတူးကြသူများသည် ထန်းကိုင်းရွာ ပတ်ဝန်းကျင်မှာ ရွာ ၆ ရွာခန့်အပြင် ထန်းကိုင်းရွာနှင့် ၇ မိုင်ကျော်ဝေးသော ရွာများမှလည်း လာရောက်တူးကြကြောင်း သိရသည်။

ထန်းကိုင်းရွာ လယ်ယာမြေများတွင် ရေနံခပ်နေကြသော တွင်းပေါင်း ၄၅၀၀ ကျော်ရှိပြီး တွင်းအသစ်များလည်း ထပ်မံတူး ဖော်နေကြကြောင်း တွေ့ရသည်။

လာရောက်တူးဖော်ကြသူများသည် ညနေ ၃ နာရီကျော်တွင် တဖွဲဖွဲ စတင်ရောက်ရှိလာပြီး မနက်မိုးလင်းသည့်အထိ တူးဖော်ကြကာ မနက်ပိုင်းတွင် အဆိုပါ လယ်ယာမြေ အနီးရှိ ရေနံဝယ်ယူကြသူများကို ပြန်လည်ရောင်းချခဲ့ကြောင်း တွေ့ရ သည်။

“ အဲဒီလို တရားမ၀င် လာတူးကြတဲ့အတွက် ဓားခုတ်မှု ဖြစ်ခဲ့တာလည်း ၃ ကြိမ်လောက်ရှိပြီ။ တဲလေးတွေကို မီးရှို့တာ လည်း ၂ ကြိမ်ရှိပြီ။ ညဘက်ဆိုရင် အိပ်တောင်မအိပ်ရဲဘူး။ ကျနော်တို့ လယ်ယာမြေတွေထဲမှာ ဒီလို တူးနေကြတာ ကျနော်တို့လည်း လယ်ယာအလုပ်မလုပ်ရ၊ ကိုယ်မြေကထွက်တဲ့ သယံဇာတလည်း ကိုယ်က အကျိုးမခံစားရနဲ့ဗျာ ” ဟု ထန်းကိုင်းရွာသား ကိုတင်မြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

မင်းလှမြို့နယ်အတွင်း ရေနံထွက်ရှိသော ရေနံမှော်ပေါင်း ၁၀၀ ၀န်းကျင်မျှ ရှိမည်ဟု ခန့်မှန်းကြောင်း၊ တချို့မှော်များသည် MOGE နှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသလို၊ တချို့မှော်များသည် တရားမ၀င် တူးဖော်နေခြင်း ဖြစ်ကြောင်း ရေနံမှော်များကိုသာ လိုက်လံတူးဖော်နေကြသည့် မင်းလှမြို့နယ်၊ တောင်ဦးရွာ ဒေသခံ ၁၀ ဦးက ဧရာဝတီသို့ အတည်ပြုပြောကြသည်။

ထိုသို့ တရားမ၀င် တူးနေကြသူများအနေဖြင့် မင်းလှမြို့နယ်အတွင်းရှိ တခြားရေနံမှော်များလို လုပ်ခွင့်ပေးလျှင် ပိုမိုကောင်းမည်ဟု ထင်ကြောင်း၊ လယ်ယာမြေရှင်များနှင့် အကျိုးတူ မိမိတို့အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ချင်ကြောင်း မင်းလှမြို့ နယ်၊ တောင်ဦးရွာက ဒေသခံတစ်ဦးက ဆိုသည်။

ထန်းကိုင်းရွာ လယ်မြေများတွင် တရားမ၀င် တူးဖော်ကြသူအများစုမှာ တစ်ရက်လျှင် ရေနံတွင်း ၁ တွင်းမှ ပျမ်းမျှ ၅ ဂါလံဆန့် ပုံး ၁ လုံးကျော်မျှသာ ရရှိကြပြီး တွင်းတတွင်းအတွက် လုပ်သား ၅ ဦးကျော်မျှ ရှိသောကြောင့် တဦးလျှင် နေ့စဉ် ၀င်ငွေ ၂ ထောင်ကျပ်ဝန်းကျင်သာ ရရှိကြကြောင်း သိရသည်။

“ကျနော်တို့ ခိုးတူးတယ်ဆိုပေမယ့် တကယ်တမ်းပြောရရင် တူးတဲ့သူ တဦးချင်းက သိပ်ရတာမဟုတ်ဘူး။ တကယ်စီး ပွားဖြစ်သွားတာက ရေနံကုန်သည်တွေပဲ။ ဒီလိုတူးလို့ ရွာခံတွေအချင်းချင်း စကားများကြရုံပဲ ရှိတာ။ တခြားနေရာက ရေနံ မှော်တွေလိုပဲ လွတ်လွတ်လပ်လုပ် လုပ်ခွင့်ပေးရင်တော့ အကောင်းဆုံးပဲ။ ရွာတရွာနဲ့ တရွာ ရန်ဖြစ်စရာလဲ မရှိတော့ ဘူးပေါ့ ” ဟု တောင်ဦးရွာ ဒေသခံ ရေနံတွင်းတူးသမားတစ်ဦးက ဧရာဝတီသို့ ပြောသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်မေးမြန်းသည့်အခါ ၎င်းတို့အနေဖြင့် အထက်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အထက်မှ ညွှန်ကြားချက် အမြန်ဆုံးရရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ အထက်ညွှန်ကြားချက် ရသည်နှင့် ထိုပြသနာကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် “ဝ” တောင်းဆိုမှု လွှတ်တော် တင်ပေးမည်

တရုတ်-မြန်မာ နယ်စပ် အနီးရှိ UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့ (ဓာတ်ပုံ – ဧရာဝတီ)

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က “၀” ဒေသအား သီးသန့် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” တောင်းဆိုမှုကို လွှတ်တော်သို့ တင်ပေးမည်ဟု သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဒု ဥက္ကဋ္ဌ ဦးရှောင်းမီးလျှံနှင့် ဦးပေါက်ယိုရီ တို့ ဦးဆောင်သော အဖွဲ့သည် ရှမ်းပြည်နယ် အထူးဒေသ (၂) ၌ မေလ ၁၀ ရက်နေ့က တွေ့ဆုံရာတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရေးကို ထပ်မံတောင်းဆိုခဲ့ကြောင်း မေလ ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများက ရေးသားဖော်ပြထားသည်။

“၀” ခေါင်းဆောင်များ၏ တောင်းဆိုမှုကို တရားဝင် စာရေးတောင်းဆိုရန်နှင့် ထိုစာအား နိုင်ငံတော် သမ္မတနှင့် ဗဟိုအစိုးရအဖွဲ့ထံ တင်ပြပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့ ငြိမ်းချမ်းရေးအဖွဲ့ အနေဖြင့်လည်း အလေးထား စဉ်းစားပေးမည်ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောဆိုသွားသည်ဟု သိရသည်။

“နှုတ်နဲ့မပြောဘဲ တရားဝင် စာရေးပေးပါ။ အဲဒီစာကို ဗဟိုအစိုးရနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို တင်ပြပေးမယ်။ လွှတ်တော်မှာလည်း တင်ပြပေးမယ်လို့တော့ ဦးသိန်းဇော်က ပြောသွားတယ်” ဟု UWSA ၏ ပြောခွင့်ရသူ ဦးအောင်မြင့်က ဆိုသည်။

ထိုသို့ တောင်းဆိုနေရခြင်းသည် မိမိတို့ဒေသအား မိမိတို့ ကိုယ်တိုင်သာ အုပ်ချုပ်လိုခြင်း၊ စီမံခန့်ခွဲလိုခြင်း၊ ရှမ်းပြည်နယ် အစိုးရအောက်တွင် မဟုတ်ဘဲ ဗဟိုအစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် နေလိုခြင်းတို့ကြောင့်ဟု ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးသန့်ပြည်နယ် လိုချင်တယ်။ ဗဟိုနဲ့တိုက်ရိုက် ဆက်သွယ်ရတာမျိုး လိုချင်တယ်၊ ရှမ်း ပြည်နယ်အစိုးရ လက်အောက်က တဆင့်ခံမျိုး မလိုချင်ပါဘူး” ဟု ဦးအောင်မြင့်က ဆိုသည်။

လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်၊ စီမံလုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ထို့ကြောင့် “၀” တိုင်းရင်းသားတို့ အနေဖြင့် ကိုယ်ပိုင်လုပ်ပိုင်ခွင့် အပြည့်အ၀ ရရှိသော ပြည်နယ်မျိုးကိုသာ လိုအပ်နေသည်ဟု ဆိုသည်။

“၀” ကိုယ်ပိုင် ပြည်နယ် တောင်းဆိုနေခြင်းသည် မိမိတို့ဒေ ဖွံ့ဖြိုးရေးအတွက်သာ ရည်ရွယ်ပြီး ပြည်ထောင်စုမှ ခွဲထွက်၍ နိုင်ငံတခုအဖြစ် ထူထောင်ရန် မဟုတ်ကြောင်းလည်း UWSA က ဆိုသည်။

“ဘာမှ လုပ်ပိုင်ခွင့် မရှိတာမျိုး ကျနော်တို့က မလိုချင်ပါဘူး။ လုပ်ပိုင်ခွင့် မရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ်ပိုင်ပြည်နယ်ရမယ့် ကိစ္စကလည်း အများကြီး ဆွေးနွေးရ ဦးမှာပါ” ဟု ဦးအောင်မြင့်က ဆိုသည်။

UWSA ၏ ရှမ်းပြည်နယ်မှ ခွဲထွက်၍ “၀” ကိုယ်ပိုင်ပြည်နယ် တခုအဖြစ် တောင်းဆိုနေခြင်းအပေါ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ရှမ်းပြည်သူ အများစုက လိုလားမှု မရှိကြောင်း သိရသည်။ သို့သော် ထိုကိစ္စသည် ရှမ်းပြည်နယ်၌ နေထိုင်သည့် ပြည်သူတရပ်လုံး၏ ဆန္ဒသဘောထားကို ကောက်ခံရန် လိုအပ်ကြောင်း၊ ရှမ်းပြည်သူ တရပ်လုံးက သဘောတူညီမှု ရရှိပါက ရှမ်းခေါင်းဆောင်များက ကန့်ကွက်မည် မဟုတ်ဟု ရှမ်းခေါင်းဆောင်များက ဧရာဝတီ ကို ပြောသည်။

“၀” ပြည်နယ် ထူထောင်ရေး ကိစ္စသည် ကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် ရှမ်းခေါင်းဆောင်များ အပြင် တခြား တိုင်းရင်းသား ခေါင်းဆောင်များ၊  ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ၊ ဗဟို အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီး တို့တွင် ၀ိုင်းဝန်းဆွေးနွေးကြပါက အဖြေတခု ရရှိလာမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (SNDP)  ခေါ် ကျားဖြူပါတီ၏ ပြောခွင့်ရသူ ဦးစောသန်းမြင့်က ဧရာဝတီသို့ ပြောသည်။

UWSA တပ်ဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ တခုလည်း ဖြစ်သည့်အပြင် တရုတ်အစိုးရနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေး ရှိနေခြင်းကြောင့် ပြည်ထောင်စုမှ အချိန်မရွေး ခွဲထွက်ရန် ကြိုးပမ်းနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များကလည်း ပြောဆိုမှုများ ရှိနေသည်။

တိုင်းရင်းသား အားလုံးသည် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့ကို တောင်းဆိုနေကြောင်း၊ “၀” တို့လည်း တိုင်းရင်းသား အခွင့်အရေး တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ သို့သော် လက်ရှိ ပြည်နယ်များကဲ့သို့ ပြည်ထောင်စု ပုံစံ မဟုတ်ဘဲ သီးသန့်ပုံစံ တခုအဖြစ် တောင်းဆိုပါက နောင်တွင် ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

ပြည်ထောင်စုထဲတွင် နေထိုင်သည့် တိုင်းရင်းသားများ အနေဖြင့် မိမိတို့ တိုင်းရင်းသား တစုတဖွဲ့တည်း အတွက် မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းအားလုံး တန်းတူ အခွင့်အရေး ရရှိရေးကိုသာ ကြိုးစားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“၀” တို့သည် မိမိတို့ ကိုယ်ပိုင် ပြည်နယ် ရရှိရေးအတွက် န၀တ၊ နအဖ အစိုးရတို့ လက်ထက် ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးစဉ် ၁၉၈၉-၉၀ ခုနှစ် အချိန်မှစ၍ တောင်းဆိုခဲ့သည့်အပြင်၊ ၁၉၉၃ ခုနှစ်တွင် ကျင်းပသည့် ညောင်နှစ်ပင် ညီလာခံ တက်ရောက်ခဲ့သူ “၀” ကိုယ်စားလှယ်ကလည်း တောင်းဆိုခဲ့သည်။ သို့သော် အစိုးရအနေဖြင့် တုံ့ပြန်မှု တစုံတရာ မရှိခဲ့ဟု UWSA အဖွဲ့က ဆိုသည်။

“၀” ခေါင်းဆောင်များသည် အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံစဉ်ကလည်း ကိုယ်ပိုင် ပြည်နယ် ရရေးအတွက် အလွတ်သဘော ပြောဆိုဖူးကြောင်း၊ သို့သော် ၎င်းတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိ၍ လွှတ်တော်၌သာ တင်ပြရန် ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းကိစ္စကို ယခုအခါ အလေးထား စဉ်းစားပေးမည်ဟု အစိုးရဘက်က ပြောဆိုလာ ခြင်းဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် “၀” ခေါင်းဆောင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်  ပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံပါ ၎င်းတို့ဒေသအား “ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” ဟူသော စကားရပ်ကို “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” အဖြစ် ပြင်ဆင်ပေးရန် အတွက်သာ အဓိကထား ပြောဆိုခဲ့ကြောင်း သိရသည်။

ခေတ်နှင့် လိုက်လျောညီထွေ မဖြစ်တော့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တချို့ကို သုံးသပ်သင့်ကြောင်း၊ “၀”ဒေသ ကိုလည်း “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” အဖြစ် ခွင့်ပြုနိုင်ရေး တောင်းဆိုကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

အလားတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီများနှင့် “၀” တို့ ပူးပေါင်း၍ ၎င်းတို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေခြင်းကြောင့် ထို တရုတ်ကုမ္ပဏီများ၊ လုပ်ငန်းများကို တရားဝင် ဖြစ်ရေးအတွက် မြန်မာအစိုးရက ကူညီပေးရန်လည်း “၀” ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။

“ကျနော်တို့ နယ်မြေထဲမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေနဲ့ လုပ်နေတာ အများကြီးရှိတယ်။ ရာဘာတို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ အရောင်းအ၀ယ် လုပ်ငန်းတွေပါ။ ဒါတွေကို တရုတ်တွေ အနေနဲ့ မြန်မာအစိုးရက တရားဝင်အဖြစ် အသိအမှတ် ပြုစေချင်တယ်လို့ ပြောလာကြတယ်။ ဒါကြောင့် အစိုးရကို တင်ပြတာပါ” ဟု UWSA ပြောခွင့်ရသူက ဆိုသည်။

Rescue operation after Myanmar boats sink

 

 

Vessels with scores of Rohingya Muslims evacuating camps ahead of storm sink, leaving many dead, say UN officials.

Thousands of people have been moved from low-lying camps to safer shelter ahead of Cyclone Mahasen [AFP]
Boats carrying hundreds Rohingya Muslims who were evacuating ahead of a storm have capsized off western Myanmar, killing many of those on board, UN officials have said.
Eight bodies were recovered from one capsized vessel, which was thought to have been carrying about 100 people, many of whom are still missing, feared dead.

The vessels hit trouble on Monday night after leaving Pauktaw township in Rakhine state, said a spokeswoman for the UN Office for the Coordination of Humanitarian Affairs (OCHA).

“They were travelling to another camp ahead of the cyclone,” the spokeswoman added.
Kirsten Mildren, who works for the same UN agency, told Al Jazeera it was a race against the clock.
“The government response in the last few days, since about Monday, has been very proactive and they are doing everything they can to move as many people as they can to safe areas,” she said.
“They have basically created an evacuation plan and they started moving about 38,000 of the most vulnerable people.”
The victims were trying to escape Cyclone Mahasen which is expected on Thursday and Friday. The UN has warned the storm could lead to “life-threatening conditions”.

Al Jazeera’s Everton Fox explains the weather impact of Tropical Cyclone Mahasen

Myanmar state television said on Monday that thousands of people displaced by communal violence last year had been evacuated from makeshift camps to safer ground in the event of the storm.
The report said authorities had moved 5,158 people from low-lying camps in the Rakhine state capital, Sittwe, to safer shelter.
But human rights groups said that the government has been too slow to act, and ignored earlier warnings to provide shelter to displaced people.
“The Burmese government didn’t heed the repeated warnings by governments and humanitarian aid groups to relocate displaced Muslims ahead of Burma’s rainy season,” said Brad Adams, Human Rights Watch Asia director.
“If the government fails to evacuate those at risk, any disaster that results will not be natural, but man-made,” he said.
‘Extremely vulnerable’ 
Al Jazeera’s Wayne Hay, reporting from Sittwe, said: “The eye of the storm is not expected to hit Myanmar, but the people in camps – home to more than 100,000 – are extremely vulnerable to conditions we may see over the next few days.”
“These include strong winds, heavy rains and a possible surge from the ocean of up to 1.5 metres. The local government has been moving people … but people in camps aren’t trusting what they are trying to get them to do. Some say they are being asked to move to more dangerous places,” our correspondent said.
The state television report said displaced people were moved in 10 other townships in western Myanmar where communal violence flared last year between Muslims and Buddhists, taking hundreds of lives and leaving more than 100,000 people homeless. It did not give the number of people evacuated in those locations.
Myanmar is a predominantly Buddhist country but about 5 percent of its 60 million people are Muslims. They face a growing anti-Muslim campaign led by radical Buddhist monks.
Preparations
Cyclone Mahasen is expected to hit neighbouring Bangladesh on Thursday or Friday.
Images taken by NASA’s Aqua satellite on Monday showed the storm’s centre northeast of Sri Lanka with it packing winds of up to 50 knots (92km per hour). Those winds are expected to increase to 130km per hour as the storm moves north.
The space agency said it “sees a strengthening” of the storm and forecasts an upgrade to a Cyclone 1 level by Wednesday.
“The current forecast track … takes the centre of Mahasen just north of Chittagong early on May 17 and into northern Burma,” it said.

A storm lights up the sky above the Yangon river early on Monday [AFP]

Officials in the Bangladeshi town of Cox’s Bazar near the border with Myanmar said medical teams with as many as 30,000 Red Crescent volunteers were being formed.
In eastern India, authorities put 10 coastal districts on alert.
In 2008, Cyclone Nargis killed more than 130,000 people in Myanmar.
In 2007, Cyclone Sidr, packing winds of up to 240km per hour, left at least 3,500 people dead, levelled thousands of homes and forced the evacuation of 650,000 villagers in Bangladesh’s southwest coast.

လူအိုတွေ နိုင်ငံရေး မလုပ်သင့်ကြောင်း ပြောတဲ့ ဦးခင်ညွန့်နဲ့ …

ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်ကို ၎င်း၏ နဝဒေး ပန်းချီပြခန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

 

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ န၀ဒေး ပန်းချီပြခန်း၊ န၀ဒေး ကော်ဖီကော်နာနဲ့ န၀ဒေး အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေကို သူ့ခြံတွင်းမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဦးခင်ညွန့်ဟာ နအဖ စစ်အစိုးရလက်ထက်က တပ်မတော် ခေါင်းဆောင်ကြီးများ နေထိုင်ခဲ့ရာ န၀ဒေးလမ်း ခြံအမှတ် ၂၇ မှာ ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာတွေ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တဦးအနေနဲ့ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့သလဲ၊ ထောက်လှမ်းရေး ခေါင်းဆောင်ဘဝက အခြေအနေနဲ့ အခုအခြေအနေ ဘာကွာခြားလဲ၊ နိုင်ငံရေး လောကထဲကော ဝင်လာဖို့ အစီအစဉ်ရှိသလား ဆိုတာကို ဧရာဝတီ သတင်းထောက် လ၀ီဝမ်နဲ့ နန်းသီရိလွင်တို့က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။     ။ Art Gallery နဲ့ Coffee corner ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့တာပါလဲ။

ဖြေ။     ။ ဘဘက ပန်းဆယ်မျိုးကို သိပ်ပြီးတော့ အလေးထားတယ်။ ဘဘ လက်ထက်တုန်းက ပန်းဆယ်မျိုးပြပွဲကို နှစ်စဉ်နှစ်တိုင်း အင်ဗွိုင်းခန်းမမှာ လုပ်ခဲ့တာ။ ပန်းဆယ်မျိုးဆိုတာ မြန်မာတို့ရဲ့ တကယ့်ရိုးရာ အတတ်ပညာတမျိုးပဲ။ မြန်မာသမိုင်း ပေါ်ထွန်းစ အချိန်ကာလနဲ့ တွဲပြီးတော့ ပါလာတဲ့ တကယ့်အတတ်ပညာ၊ တခြားယဉ်ကျေးမှုတွေ ယုတ်လျော့ ပြီးတော့မှ တခြားယဉ်ကျေးမှုတွေကို ခိုးယူပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အတတ်ပညာ မဟုတ်ဘူး။ တကယ့် မြန်မာ့ရိုးရာစစ်စစ် အတတ်ပညာ ဖြစ်တယ်။ အဲဒီ အတတ်ပညာဟာ အခုထိ ထွန်းကားလာနေတုန်းပဲ။

သို့သော်ငြားလည်း တချို့ အတတ်ပညာတွေ နည်းနည်းလေး ညှိုးမှိန်သွားတာလေးတော့ ရှိတယ်။ ဒါလည်း ခေတ်ကာလ ပြောင်းလာတဲ့ အခါမှာ နည်းနည်းလေး ပြောင်းလာတာလည်း ရှိတယ်။ အဲဒါ ပံ့ပိုးတဲ့သူတွေ၊ ပြည်သူတွေ အားလုံးက ၀ိုင်းပြီးတော့ မြတ်မြတ်နိုးနိုး ဖော်ထုတ်မယ် ဆိုလို့ရှိရင် ညှိုးမှိန်သွားစရာ အကြောင်းမရှိဘူး။ ဘဘက ပန်းဆယ်မျိုးထဲကမှ ဘဘ တတ်နိုင်တဲ့ဟာကို ဖော်ထုတ်တာဟာ အထောက်အကူ ပြုတာပဲ။ ဒါကတော့ ပန်းချီပေါ့နော်။ ပန်းချီဆိုတာကတော့ အခုအချိန်ထိကို ဘဘ အထောက်အကူပြုရမယ့် အချိန်လို့ ယူဆတယ်ပေါ့။ ဘာကြောင့်လဲ ဆိုတော့ ပန်းချီပညာကို အခုချိန်က စပြီးတော့ နိုင်ငံတကာကို စပြီး ခြေဆန့်နေပြီ။ နိုင်ငံခြားသားတွေ အ၀င်အထွက်တွေ များလာပြီ။ မြန်မာရဲ့ ပန်းချီတွေကို တော်တော် စိတ်ဝင်စားတယ် သူတို့က။ စိတ်ဝင်စားပြီးတော့ ၀ယ်သွားကြတဲ့ သူတွေလည်း ရှိကြတယ်။ အဲဒီ ပန်းချီတွေကို ဘဘကနေပြီးတော့မှ တန်ဖိုးရှိရှိနဲ့ ပန်းချီဆရာတွေကို တန်ဖိုးထားတယ်၊ ပန်းချီဆရာတွေ ဆွဲတယ် ဆိုတာကိုက သူတို့က တန်ဖိုးထားပြီး ဆွဲတာဖြစ်တယ်။ သူတို့တန်ဖိုးထားပြီး ဆွဲတဲ့ ပန်းချီတွေကို တန်ဖိုးရှိရှိနဲ့ နိုင်ငံတကာကို ရောက်သွား စေချင်တယ်။ တန်ဖိုးရှိရှိ ရောက်သွားဖို့ ဆိုတာကလည်း ဟောဒီလို ပန်းချီပြခန်းတွေ ရှိမှသာ တန်ဖိုးရှိရှိနဲ့ ရောက်သွားမှာပါ။ ဒီလိုပန်းချီပြခန်းတွေ မရှိဘဲနဲ့ အိမ်မှာထားမယ် ဆိုရင် ပန်းချီတန်ဖိုးတွေ ကျသွားမယ်။ ဘာကြောင့်လဲ၊ ပန်းချီကားတွေကို အရောင်းအ၀ယ် လုပ်တဲ့လူတွေက ပန်းချီတွေကို လိုက်ပြီး ၀ယ်တယ်လေ။ တန်ဖိုးဖြတ်တယ်လေ။ အဲဒီတော့ တန်ရာတန်ကြေး မရရှာဘူးပေါ့။ မဟုတ်ဘူးလား။ အဲဒီတော့ ဒီလိုနေရာမျိုးမှာ တင်ရင် တန်ရာတန်ကြေး အပြည့်ရမယ်။ ဘဘက ဒါဆိုရင် Free of Charge ပဲ။ ဒီပြခန်းမှာ တင်တဲ့အတွက် အဖိုးမယူဘူး။ မယူတဲ့အတွက် ရွက်ပုန်းသီး ပန်းချီဆရာတွေ အားလုံး တင်လို့ ရတယ်၊ တင်နိုင်တယ်၊ တင်ခွင့်ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ တင်ရင် မရောင်းရလည်း အရှုံးမရှိဘူး။ အရင်းပဲ။ ရောင်းရလည်း သူတို့က အမြတ်ရတယ်။

မေး။     ။ ဒီမှာ ပန်းချီဆရာ တယောက်အနေနဲ့ လာပြချင်တယ် ဆိုရင် နာမယ်ကြီးမှ လာပြလို့ ရလား။ ဘယ်သူမဆို လာပြလို့ ရလား။

ဖြေ။     ။ န၀ဒေး ပန်းချီပြခန်းက ဘာမှမခွဲခြားဘူး။ လူသားအားလုံး လူ့အခွင့်အရေး ရှိတယ်လေ။ မဟုတ်ဘူးလား။ မခွဲခြားဘူး။ ဒီမှာ လာပြီးပြချင်တဲ့ လူက နာမည်ကြီးလည်း ဖြစ်ချင်ဖြစ်မယ်၊ နာမည်မကြီးတဲ့ သူလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော်ငြားလည်းပဲ ပန်းချီဆရာ အစစ်တော့ ဖြစ်ရမယ်။ ပန်းချီဆရာ အတုတော့မရဘူး။ ပန်းချီဆရာအစစ်ဆိုရင် ဒီမှာလာပြီး ဘယ်အချိန်မှာ တင်လို့ရမလဲ ဆိုတာကို လာဆွေးနွေးပြီးရင် တင်လို့ရတာပေါ့။

မေး။     ။ ဦးခင်ညွန့်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေထဲက ပန်းချီဆရာတွေကို သူတို့အတွက် ကျေးဇူးဆပ်တဲ့ သဘောနဲ့ ဒီပြခန်း သုံးခွင့်ပေးမယ်လို့ လူမှုဝက်ဘ်ဆိုက်တွေမှာ သတင်းထွက်နေပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။     ။ အဲဒီလိုမျိုးတော့ မရှိပါဘူး။ နိုင်ငံရေး အကျဉ်းသားရယ်လို့တော့လည်း တခါမှ မပြောဖူးဘူး။ ဘဘရဲ့ ပန်းချီပြခန်းမှာ ဘာမှ ခွဲခြားမှုမရှိဘူး။ ဘာမှ ကန့်သတ်မှုမရှိဘူး။ အားလုံးပြလို့ရတယ်။

မေး။     ။ နေအိမ် အကျယ်ချုပ်ဘ၀ကနေ လွတ်မြောက်ပြီးတဲ့နောက် ၁ နှစ်ကျော် အခြေအနေ အတွင်းမှာ ဒီလို အခြေအနေ ဖြစ်လာအောင် ဘယ်လို ပြင်ဆင်ခဲ့ရလဲ။

ဖြေ။     ။ ဘဘဟာ နဂိုကတည်းက ဒီယဉ်ကျေးမှု အနုပညာတွေကို မြတ်နိုးတယ်ကွဲ့။ ဘဘလွတ်မြောက်လာတဲ့ အချိန်မှာ ဘဘရဲ့ စားဝတ်နေရေးကို တဘက်က ဖန်တီးရတာပေါ့။ ဘဘချမ်းသာတဲ့ သူမဟုတ်ဘူး။ ဘဘတချိန်တုန်းက လာဘ်စား ခဲ့တဲ့သူလည်း မဟုတ်ဘူး။ အမြတ်ကြီးစား လုပ်ခဲ့တဲ့သူလည်း မဟုတ်ဘူး။ စီးပွားရေး သမားတွေကို ပေါင်းဖော်ပြီးတော့မှ စီးပွားဖြစ်အောင် လုပ်ခဲ့တဲ့ လူစားလည်း မဟုတ်ဘူး။ အဲဒီတော့ ဘဘ လွတ်လာပြီးတဲ့နောက်မှ ဘဘရဲ့ မိသားစု ရပ်တည်ရေး အတွက် စပြီးတော့ ကြိုးစားခဲ့ရတယ်။ ဒါပထမဦးဆုံး လုပ်ဆောင်ချက်တော့ မဟုတ်ဘူး။ ပထမဦးဆုံး လူမှုရေး ဆောင်ရွက်ချက်မှာ ဒါက ဒုတိယ ဆောင်ရွက်ချက် ဖြစ်တယ်။ ပထမ ခြေလှမ်းက ဘဘမြို့မှာ ရွှေမှော်ဝန်း ဖောင်ဒေးရှင်းကို ထူထောင်ထားတယ်။ အဲဒါက ပညာရေး၊ ကျန်းမာရေး အထောက်အကူ ပြုဖို့အတွက် ပြီးခဲ့တဲ့ နှစ်မှာ စပြီး ဆောင်ရွက်ခဲ့တယ်။ အဲဒါပြီးရင် ဒါက ဒုတိယခြေလှမ်းပဲ။ ဒုတိယ ခြေလှမ်းမှာ ဘဘအေးချမ်းတဲ့ ဘ၀ကို တည်ဆောက်ချင်တယ်ကွယ်။ အခုလည်း အေးချမ်းပါတယ်။ ဒီထက်ပိုပြီး အေးချမ်းအောင်လို့ ဒါလေးကို ထူထောင်လိုက်ရင်တော့ ပိုပြီးအေးချမ်းမယ် ဆိုပြီးတော့ မျှော်မှန်းချက်နဲ့ ဒါလေးကို တည်ဆောက်ရတာ ဖြစ်တယ်။

မေး။     ။ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ လုပ်တဲ့ ရည်ရွယ်ချက်က လူထုနဲ့ ပြန်ပြီးတော့ ထိတွေ့ချင်တဲ့ ဆန္ဒရော ပါပါ သလား။

ဖြေ။     ။ လုံးဝမပါဘူး။ ဘာဆိုင်လို့ လူထုနဲ့ ထိတွေ့ရမှာလဲ၊ တိုက်ရိုက်မေးလိုက်၊ ဘဘ နိုင်ငံရေး လုပ်မလား မလုပ်ဘူးလား ဆိုတာ မေးလိုက်။ နိုင်ငံရေး လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး။ ၃ ကြိမ်တိတိ ဖြေတယ်နော်။ အဲဒါဆိုရင် မေးစရာ မလိုတော့ဘူး။ ဘဘ အေးချမ်းတဲ့ ဘ၀ ထူထောင်မှာလေ။ လူထုနဲ့တွေ့ဖို့ဆိုရင် ဘဘ အပြင်ထွက်မှာပေါ့။ အပြင်ထွက်ပြီး တွေ့တော့မှာပေါ့။ ဘဘရဲ့ ခြံဝန်းထဲမှာလေ၊ ဘဘရဲ့ အေးချမ်းတဲ့ ဘ၀ကို တည်ဆောက်တာ။ ဘဘ နိုင်ငံရေးလုပ်ဖို့ လုံးဝ ကြံရွယ်ချက် မရှိဘူး။ အရင်တုန်းကလည်း နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်က တာဝန်ပေးလို့ ဘဘနိုင်ငံရေး လုပ်ခဲ့တာ။ အခုဆိုရင် ပိုပြီးတော့တောင် နိုင်ငံရေးလုပ်ဖို့ မစဉ်းစားဘူး။ ဘဘ တာဝန်ထမ်းဆောင်တာ နိုင်ငံတော်မှာ ၄၅ နှစ်။ ဘဘ အသက်ကြီးလာပြီ။ ဘဘ အသက်ဘယ်လောက် ရှိပြီထင်လဲ၊ ၇၄ နှစ် ရှိပြီ။ ဒီအသက်အရွယ်မှာ နိုင်ငံရေး လုပ်ရမယ့် အသက်အရွယ် မဟုတ်ဘူးလို့ ဘဘ ခံယူတယ်။ ဒီအသက်အရွယ်မှာ ဘာသာရေး လုပ်ရမယ်။ လူမှုရေးအလုပ်တွေ လုပ်ရမယ်။ အဲဒီတော့ သေဖို့အတွက် အချိန်တွေ နီးလာပြီ။ နိုင်ငံရေး လုပ်ရမယ့် အရွယ်မဟုတ်တော့ဘူး။ နိုင်ငံရေး လုပ်ရမှာက လူငယ်တွေ၊ လူလတ်တွေ၊ နောက် မျိုးဆက်သစ်တွေ။ သူတို့အတွက် နိုင်ငံရေး လုပ်ရမယ့်အချိန်။ ဘဘတို့ဘ၀က အိုတဲ့ဘ၀ကို ရောက်သွားပြီ။ အိုတဲ့ဘ၀မှာ နိုင်ငံရေးလုပ်ဖို့ စဉ်းစားဖို့ မကောင်းဘူးပေါ့ကွယ်။ အဲဒီတော့ ဘဘခံယူချက်က အဲဒီလိုမျိုးပဲ။ အဲဒီတော့ ဘဘက လူမှုရေးလုပ်မယ်၊ ဘာသာရေး လုပ်မယ်၊ ကုသိုလ်ရေး ကိစ္စပဲ လုပ်မယ်။ အကုသိုလ်ကိစ္စ မစဉ်းစားဘူး။

မေး။     ။ အခု Art Gallery နဲ့ Coffee Corner လုပ်တာက ဒုတိယခြေလှမ်း ဆိုရင် တတိယမြောက်က ဘာလုပ်ဖို့ စဉ်းစားထားပါသလဲ။

ဖြေ။     ။ တတိယ ဆိုတာကတော့ ဒီအနုပညာနဲ့ ပတ်သတ်လို့ ဘဘ အတိုင်းအတာနဲ့ ပံ့ပိုးဖို့ ကူညီဖို့အတွက် အခွင့်အလမ်း ရှိလာရင် လူမှုရေး ကိစ္စတွေကို ဘဘ စိတ်ဝင်စားတယ်၊ လူသားချင်း စာနာစိတ်နဲ့ ကူညီမယ်၊ ပံ့ပိုးမယ်၊ ဒါကတတိယအဆင့်။

မေး။     ။ အရင်တုန်းက အစိုးရအဖွဲ့ထဲမှာ ရာထူးကြီး၊ တာဝန်ကြီးနေရာ တခုကနေ ပါဝင် အမှုထမ်းခဲ့ပြီးတော့ အခု သာမန်လူ တဦး အဖြစ် ဘယ်လို ကွာခြားလဲ။

ဖြေ။     ။ ဟာ အေးချမ်းတာပေါ့ကွယ်။ အစိုးရ အလုပ်ဆိုတာ၊ နိုင်ငံတော် တာဝန်ဆိုတာ သိပ်ကြီးလေးတာ။ ဘဘ အခုနေရတဲ့ ဘ၀နဲ့ အရင်တုန်းက ဆိုရင် အရင်တုန်းက တာဝန် သိပ်ကြီးတာပေါ့ကွယ်။ နိုင်ငံတော်ရဲ့ တာဝန် ယူရတယ်ဆိုတာ နည်းတာမှ မဟုတ်ဘဲ။ အခက်အခဲပေါင်း အများကြီးလည်း တွေ့ရမှာပဲ။ ကြိုးပမ်းမှုတွေလည်း အများကြီး လုပ်ရတာပဲ။ အများကြီး ကွာခြားပါတယ်။ အခုဘ၀ကတော့ အေးချမ်းတယ်။ မိသားစုဘ၀ဆိုတာ အေးချမ်းတယ်၊ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲတယ်၊ အုပ်ချုပ်တယ်ဆိုတာ သိပ်ခက်ခဲပါတယ်။ ဘဘ ကိုယ်ချင်းစာတယ်၊ အခုနောက်လုပ်နေတဲ့ လူတွေကို။

မေး။     ။ ဦးခင်ညွန့် တာဝန်ယူခဲ့စဉ်က ဒေသအလိုက် ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲမှုတွေ ဖြစ်လာတာကို တွေ့ရတယ်။ နောက်ပိုင်း အဲဒါတွေ ပျက်သွားပြီးတော့ အခု ငြိမ်းချမ်းရေးအတွက် ထပ်လုပ် နေကြတာတွေရှိတယ်။ အခုလက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ဘယ်လို မြင်လဲ။ ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ အခုလုပ်နေတာက သွားဝေဖန်ဖို့ မသင့်ဘူးကွဲ့။ သူတို့ ကြိုးစားနေကြတာလေ။ ငြိမ်းချမ်းရေး ရဖို့အတွက် မဟုတ်ဘူးလား။ ကြိုးစားနေကြတာလေ။ ဒါ သူတို့က စေတနာနဲ့ လုပ်နေကြတာလေ။ စေတနာနဲ့ လုပ်နေတာကို ဘဘက ဝေဖန်ရင် ဒါအမှန်အကယ် ဝေဖန်တဲ့သူ မဖြစ်နိုင်ဘူးကွဲ့။ ဒါကြောင့် ဒါကို ဘဘက ဝေဖန်လို့ မရဘူး။ အခုအချိန်မှာ ဝေဖန်ဖို့ မသင့်ဘူး။ သူတို့ ကြိုးစားနေကြတာလေ။ ဟိုဘက်ကလည်း သံသယကင်းတယ်၊ ဒီဘက်ကလည်း သံသယ ကင်းတယ်ဆိုရင် ငြိမ်းချမ်းရေး ရကြမှာပဲ။ ဝေဖန်ရင်လည်း ဒါဝေဖန်တဲ့သူက အမှန်တရား ရမှာမဟုတ်ဘူး။ ခံစားချက်နဲ့ ဝေဖန်တဲ့သူပဲ ဖြစ်ချင် ဖြစ်မယ်။

မေး။     ။ တာဝန်ယူခဲ့စဉ်တုန်းက ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအပေါ် အောင်မြင်တယ်လို့ ခံစားခဲ့ရလား။

ဖြေ။     ။ တိုင်းပြည်အတွက် ငါလုပ်ရတယ်။ ငါလုပ်တဲ့အခါ အောင်မြင်တယ်။ ဒီခံစားချက်ပဲ ရှိတယ်။ ဒါကို လက်မထောင် ပြီးတော့ ငါလုပ်လို့ အောင်မြင်တယ်၊ ငါ့ကြောင့် အောင်မြင်တယ် ဆိုပြီးတော့ ခံစာချက်မျိုး ဘဘမှာ မရှိဘူး။

မေး။     ။ နိုင်ငံအတွက် ကိုယ်ပါဝင်ခဲ့တဲ့ အစိုးရလက်ထက် တုန်းက ဘာလုပ်နိုင်ခဲ့တယ် ဆိုတာမျိုး ရှိခဲ့လား။

ဖြေ။     ။ ဘဘ အောင်မြင်မှုဆိုတဲ့ နေရာမှာတော့ သူ့ကဏ္ဍနဲ့ သူပေါ့ကွယ်။ ဒါကတော့ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်တာပေါ့ကွယ်။     ။

ထိုင်းနိုင်ငံကို လူပွဲစားနဲ့ တရားမ၀င်ရောက်လာတဲ့ မြန်မာ ၈၀ ကျော်ကို နေရပ်ပြန်ပို့

RFA Burmese
ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တာ့ခရိုင်မဲဆောက်မြို့မှာ တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အမျိုးသမီးတွေနဲ့ လူလတ်ပိုင်းအရွယ် မြန်မာနိုင်ငံသား ၈၁ ဦးကို ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က မဲဆောက်မြို့မြောက်ဘက် မဲ့ကဆာကျေးရွာက တောင် ယာတွေထဲမှာ ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦမိုးကြိုး က ပြောပါတယ်။

“ဘန်ကောက်တက်ဖို့ ကြိုးစားတဲ့သူတွေပေါ့ဗျာ၊ လူပွဲစားတွေကနေပြီးတော့ ဘတ် ၃၀၀၀ နဲ့ပို့ပေးမယ်၊ ဘတ် ၃၀၀၀ ကနေပြီးတော့ ဘတ် ၁၅၀၀၀ ခွဲပေါ့ဗျာ၊ အစားစားပေါ့ သူတို့ပို့ပေးမယ်၊ ဘန်ကောက်မှာရှိတဲ့ စက်ရုံတို့၊ ဆောက်လုပ်ရေးတို့၊ အိမ်ဖော်တို့ အဲ့လုပ်ငန်းခွင်တွေ ပို့ပေးမယ်ဆိုပြီးတော့ မက်လုံးပေးပြီးတော့ ထား ထား တာ၊ အဲ့ဒါကို နယ်ခြားစောင့်တပ်နဲ့ အမှန်တော့ နယ်တော့ ကျေးရွာပြည်သူ့စစ်ကနေ မသင်္ကာဖွယ်ရာတွေ့ရှိတာနဲ့ နယ်ခြားစောင့်တပ်ကို အကြောင်းကြား၊ နယ်ခြားစောင့် တပ်ကနေ မဲဆောက်မြို့နယ် ရဲကိုအကြောင်းကြားတာ”

သူတို့တွေဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် လူပွဲစားတွေဆီကနေတဆင့် ထိုင်းနိုင်ငံတွင်း ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ရောက် ရှိခဲ့ကြတာ လို့ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက အယောက် ၃၀ ခန့်ကို ထိုင်းအာဏာပိုင်တွေက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် ၁၇ ကူးတို့ဆိပ်ကနေ မနေ့က မြန်မာနိုင် ငံဘက်ခြမ်း ကို ပြန်လည် ပို့ဆောင် လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မယ်ပရပ်ကွက်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူ ၁၂၀ ခန့်ကို ထိုင်းလဝကက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၈၈ ကျောင်းသားအဖွဲ့ခေါင်းဆောင်များ အမေရိကန်ခရီးစဉ်အတွင်း OIC အဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံမည်

Wednesday, May 15, 2013

ယခုလ ၁၄ ရက်နေ့တွင် တောင်ကိုးရီးယားနှင့် အမေရိကန်ခရီးစဉ်အဖြစ် ထွက်ခွာသွားသော မင်းကိုနိုင် ဦးဆောင်သည့် ၈၈ အဖွဲ့ဝင်အချို့ အမေရိကန်တွင် OIC အကြီးအကဲများနှင့် တွေ့ဆုံ ရန် စီစဉ်ထားကြောင်း OIC အဖွဲ့မှ ပြောခွင့်ရ သူတစ်ဦးမှ ပြောကြားခဲ့သည်။ OIC အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အခြေချကာ ဘင်္ဂလီ လူမျိုးများအား ကူညီထောက်ပံ့ခွင့်ရရန် ကြိုးစားနေသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်မှလည်း ပြည်သူလူထုသဘောမကျလျင် OIC အား လက်ခံဖွယ် မရှိကြောင်း ကြေငြာထားခဲ့သည်။ OIC အဖွဲ့သည် မြန်မာနိုင်ငံတွင် အခြေချရေးအား အစိုးရမှ လက်မခံသဖြင့် ၈၈ မျိုးဆက်ကျောင်းသားများထံမှတစ်ဆင့် စည်းရုံးခြင်းဖြစ်နိုင်ကြောင်း ၈၈ အဖွဲ့ဝင်တစ်ဦးမှ သုံးသပ်ခဲ့သည်။ မင်းကိုနိုင် ဦးစီး ၈၈ ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် ဘာသာရေး ပဋိပက္ခဖြစ်စဉ်များတွင် ဘာသာခြားများဘက်မှ ရပ်တည်ပြောဆိုမှုများကြောင့် မကြာခဏ ဝေဖန်ခံရလျက် ရှိသည်။ ယခုလ အစောပိုင်းကလည်း မင်းကိုနိုင်နှင့်အဖွဲ့ အမေရိကန်ခရီးစဉ်အတွက် Father Land ကုမ္မဏီမှ ငွေသိန်း ၅၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ တရားဝင် ငြင်းဆိုခဲ့သည်။ ၈၈ အဖွဲ့၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ဟိုပန်မြို့သို့ သွားရောက်စဉ် ဒေသခံ များမှ လက်မခံဘဲ ဆန္ဒပြခဲ့သဖြင့် ဟိုပန်ခရီးစဉ် ဖျက်ခဲ့ရသည်။
၈၈ မျိုးဆက်အဖွဲ့အစည်းအနေဖြင့် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ တောင်ကိုးရီးယားနှင့် အမေရိကန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်အနေဖြင့် တောင်ကိုရီးယားတွင် ဂွမ်ဂျူး လူ့အခွင့်အရေးဆုအား လက်ခံရယူပြီး အမေရိကန်သို့ ယခုလ ၁၉ ရက်နေ့တွင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဒုက္ခသည် ၇ သောင်းခန့် မုန်တိုင်းဘေးလွတ်ရာ ရွှေ့ပြောင်းရန် ငြင်းဆန်

 

ထက်နိုင်ဇော်

 

 

ရခိုင်ပြည်နယ်အစိုးရက စစ်တွေမြို့ အနီးရှိ ဒုက္ခသည်များကို မဟာစင်မုန်တိုင်းဒဏ် ကင်းလွတ်နိုင်သော နေရာများသို့ ရွှေ့ပြောင်းပေးလျှက် ရှိသော်လည်း ဒုက္ခသည် ၇၀၀၀၀ ခန့်မှာ ရွှေ့ပြောင်းရန် ငြင်းဆန်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဦးလှသိန်းက ပြောသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မဟာစင် မုန်တိုင်းသည် မေလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများကို ဖြတ် သန်းမည်ဟု ခန့်မှန်းထားရာ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းမှ တသိန်းနီးပါးရှိသော ဒုက္ခသည်များကို မုန်တိုင်းဒဏ် ကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးရန် ရခိုင်ပြည်နယ်အစိုးရက စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် ဒုက္ခသည် စခန်း ၁၁ ခုမှ လူဦးရေ ၇၀၀၀၀ ခန့်မှ နေရာပြောင်းရွှေ့ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

ဒုက္ခသည်များ ပြောင်းရွှေ့ရန် ငြင်းဆန်ကြခြင်းမှာ နိုင်ငံတကာ အဖွဲ့အစည်း တချို့နှင့် ရန်ကုန်အခြေစိုက် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၏ လှုံ့ဆော် မှုကြောင့်   ဖြစ်နိုင်ကြောင်း၊ မူလက မုန်တိုင်း အန္တရာယ် ကင်းလွတ်နေရာများသို့ ဒုက္ခသည်များက ပြောင်းရွှေ့မည်ဟု သဘောတူခဲ့ သော်လည်း နောက်ပိုင်းတွင် မပြောင်းရွှေ့ ဟု ငြင်း ဆန်ကြကြောင်း ဦးဦးလှသိန်းက ဆိုသည်။

“တနေ့က ကုလသမဂ္ဂ အဖွဲ့တွေနဲ့ လာစည်းရုံးတော့ ရွှေ့မယ်ပြောတယ်။ ဒီနေ့ ဖယ်ခိုင်းတော့ မရတော့ဘူး။ သူတို့ ဘာသာရေး ခေါင်းဆောင်တွေကြောင့် ဖြစ်မယ်။ စခန်း တာဝန်ခံကလည်း ရှောင်နေတယ်။ ဘယ်လိုမှ ရွှေ့ဖို့ ပြောမရဘူး” ဟုဒုက္ခသည်များကို အကူအညီပေးနေသော စစ်တွေမြို့ အောင်မင်္ဂလာရပ် ကွက်မှ   ဒေသခံတဦးက ပြောသည်။

မုန်တိုင်းအန္တရာယ် ကင်းလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ကြသော ဒုက္ခသည် စခန်းများအနက် မြေစိုက်တဲ များဖြင့် နေထိုင်ကြသော ဒါးပင် ဒုက္ခသည်စခန်းသည် မုန်တိုင်းဒဏ် ခံရရန် အလွန်စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း၊ ယင်း ဒါးပင် ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၇၀၀၀ နေထိုင်ပြီး ဒုက္ခသည်များသည် စစ်တပ်၏ လာရောက် ခေါ်ဆောင်မှုကို စိုးရိမ် ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။

“ကျနော်တို့ကတော့ ဒီမှာပဲ အသေခံသွားမယ်။ စစ်တပ်က ခေါ်တဲ့နေရာကိုတော့ မလိုက်ရဲဘူး၊ ကြောက်တယ်။ ဒီစခန်း မှာတောင် စားသောက်စရာလည်း မရဘူး” ဟု ဒါးပင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ကိုမာမွတ်ရှောဖီက ဆိုသည်။

ဒုက္ခသည်များသည် စစ်ကား၊ ရဲကားများဖြင့် ခေါ်ဆောင်မှုကို ကြောက်ရွံ့နေခြင်းဟု ယူဆ၍ ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီကားများဖြင့် ပြောင်းရွှေ့ရန် ရခိုင်ပြည်နယ် အစိုးရက ထပ်မံ စီစဉ်သော်လည်း ဒုက္ခသည်အများစုမှာ လုံးဝ မပြောင်းရွှေ့ဟု ပြောဆိုကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး ဦးလှဟန်က ဒါးပင် ဒုက္ခသည် စခန်းတွင် ဧရာဝတီသို့ ယနေ့ ညနေပိုင်းက ပြောသည်။

မုန်တိုင်းလွတ်ကင်းရာ စစ်တပ် နယ်မြေများသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းရန် စီစဉ်ထားသော်လည်း ဒုက္ခသည်များသည် ယခင်နေထိုင်ခဲ့သော ရပ်ကွက်၊ ကျေးရွာ များသို့ ပြန်လည် ပြောင်းရွှေ့အခြေချရန် တောင်းဆိုကြကြောင်း သိရှိရသည်။

“ကျနော်တို့ နာဇီရွာကိုပဲ ပြန်သွားချင်တယ်။ အဲဒီမှာ မပျက်စီးသေးတဲ့ အိမ် ၁၄၀၀ လောက် ရှိသေးတယ်။ ဒီမှာမုန်တိုင်းလာရင် မလုံခြုံပေမယ့် တခြားနေရာ ကို ရွှေ့ ခိုင်း ရင်တော့ ဘယ်သူမှ ရွှေ့မှာမဟုတ်ဘူး။ လူသေတာ မသေတာကတော့ ကံပဲ။အခုနေရာလေး တွေကိုပဲ ပျောက်သွားမှာ ကျနော်တို့က စိုးရိမ်တယ်” ဟု သဲချောင်းဒုက္ခသည်စခန်း တာဝန်ခံလည်းဖြစ် ဒုက္ခသည်လည်းဖြစ်သူ ဦးမောင်မောင်က ပြောသည်။

မုန်ုတိုင်းဘေးလွတ်ရာ ပြောင်းရွှေ့ပေးရန် ငြင်းဆန်သော ဒုက္ခသည်စခန်းများတွင် သဲချောင်းဒုက္ခသည် စခန်းလည်း အပါအ၀င်ဖြစ်ပြီး ယင်းစခန်းတွင် လူဦးရေ ၁၅၅၅၄  ဦး နေထိုင်လျက်ရှိကြောင်း၊ အများစုမှာ လေဒဏ်မိုးဒဏ် မခံနိုင်သော အမိုးအကာများ အောက်တွင် နေထိုင်ကြကြောင်း သိရှိရသည်။

ဒုက္ခသည်များသည် နေရာ ပြောင်းရွှေ့ရန်အတွက် ငြင်းဆန်နေသော်လည်း အာဏာပိုင်များ အနေဖြင့် ပြောင်းရွှေ့ ပေးနိုင်ရေးအတွက် မော်တော်ကားများ အသင့်ပြင် ဆင်ထားသည်။

“မုန်တိုင်း တကယ်ချရင်တော့ ဒီနေရာတွေက ခံနိုင်မှာ မဟုတ်ဘူး။ သူတို့ကလည်း မဖယ်ချင်ဘူး။ နောက်ဆုံးအချိန်အထိ ကားတွေပြင်ထားတယ်။ သူတို့ စိတ်ပြောင်း ပြီး ပြောင်းချင်ရင် ကားက အဆင်သင့်ပဲ” ဟု သူက ဆိုသည်။

မုန်တိုင်း ၀င်ရောက် တိုက်ခတ်ချိန်တွင် ရေလွှမ်းမိုးခြင်း၊ လေဒဏ်၊ မိုးဒဏ် အလွန်ပြင်းထန်လာခြင်းများ ဖြစ်လာပါက ဒုက္ခသည်စခန်းများမှ အသက်အရွယ်ကြီး သူ များ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အမိန့်အာဏာသုံး၍ အတင်းအကျပ်ကားများဖြင့် ခေါ်ဆောင်ရန် စီစဉ်ထားကြောင်း၊ နောက်ဆုံး အခြေအနေတွင် စစ်တွေတက္ကသိုလ်ကိုပါ ဒုက္ခသည် စခန်းအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်သက်ရောက်နိုင်သော မြေပုံ၊ ပေါက်တော ၊   မောင်တော   မြို့များမှ ဒုက္ခသည်များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ခဲ့ကြောင်း၊ စစ်တွေမြို့အနီး ဒုက္ခသည် စခန်းများတွင်သာပြောင်းရွှေ့ရန်   အခက်အခဲရှိနေကြောင်း ဦးဦးလှသိန်းက ဆိုသည်။

အစိုးရကို ဒုက္ခသည်များက မယုံကြည်သောကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းကို မုန်တိုင်းဒဏ် အန္တရာယ် ဘေးမှ ပြောင်းရွှေ့ရေးအတွက် ကြားခံ ညှိနှိုင်းပေးရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ပေ။

“ကျနော်တို့ မနေ့က တနေကုန် ဒုက္ခသည်စခန်းတွေဆီမှာ သူတို့ရွှေ့ကြဖို့ နားချတယ်။ မုန်တိုင်းပြီးရင် ဒီနေရာကို ပြန်လာလို့ ရမယ်လို့လည်း ပြောတယ်။   ပြောင်း မယ့်နေရာက လုံခြုံပြီး စားနပ်ရိက္ခာ အဆင်သင့်နဲ့ အိမ်သာတွေပါ အဆင်သင့် ရှိတယ်။ ဒါပေမယ့် သူတို့ကတော့ ဘယ်လိုမှ ပြောမရဘူး” ဟု စစ်တွေမြို့ အခြေစိုက် ကုလသမဂ္ဂ အကူအညီ ပေးရေး ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးရုံးမှ ကိုမိုးဝင်းအောင်က ပြောသည်။

မုန်တိုင်း ၀င်ရောက်လာပါက စားနပ်ရိက္ခာ အခက်အခဲမဖြစ်စေရန် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ ဒုက္ခသည် စခန်း တခုလျှင် ဆန်အိတ် ၃၀၀ ကို ပြည်နယ်အစိုးရ အကူအညီဖြင့် ပေးပို့ထားကြောင်း သိရှိရသည်။

ပင်လယ်ကမ်းခြေနှင့် နီးသော ပင်လယ်ပြင်ကျေးရွာနှင့် တခြား ရခိုင်ရွာတရွာမှာ စစ်တွေမြို့ ဘုန်းကြီးကျောင်း တကျောင်းတွင်ဒုက္ခသည်များအဖြစ် ခိုလှုံလျှက်ရှိသည်။

ရခိုင်ပြည်နယ် မုန်တိုင်းဝင်ရောက်ပါက အဆင်သင့် ဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခြင်းနှင့် ပတ်သက်၍ အစိုးရ သမ္မတရုံး ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ရန်ကုန်မြို့တွင် ယနေ့ ရှင်းလင်းပွဲ ပြုလုပ်စဉ် မုန်တိုင်း အန္တရာယ် ကျရောက် နိုင်သည့် ဒေသမှ ဒုက္ခသည်များ ရွှေ့ဆိုင်းရန် ငြင်းဆန်ပါက ဥပဒေအရ   ဆောင်ရွက် အရေးယူသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

လတ်တလော အခြေအနေအရ ဒုက္ခသည် စခန်းတချို့တွင် ၀မ်းရောဂါ ဖြစ်ပွားလျက်ရှိပြီး လက်ရှိတွင် ဆေးပေးခန်း အဆင်သင့် မရှိဘဲ ရွေ့လျား ဆေးခန်းများကိုသာ အားကိုးနေရကြောင်း၊ သဲချောင်းဒုက္ခသည် စခန်းတွင် ၀မ်းရောဂါကြောင့် ကလေးတချို့ သေဆုံးမှုရှိကြောင်း သဲချောင်း ဒုက္ခသည်စခန်း၏ တာဝန်ခံ ဦးမောင်မောင် က ပြောသည်။

မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ

 

မင်းမင်း

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာဆန်သည် အနီရောင်အရေး ပေါ်အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည် နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ် ပြန်လိုက်သည်။

အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး နောက် ၁၈ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် ရခိုင်ပြည်နယ်   မောင်တောမြို့ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၀ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့်မြင့်တက်လာသော ရေလှိုင်း အမြင့်မှာ   မောင်တောမြို့  နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့် ၊ စစ်တွေခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် အထိမြင့် တက်နိုင်ကြောင်း   ည ၆ နာရီခွဲအချိန်တိုင်းထွာချက်အရထုတ်ပြန်ထားသည်။

လက်ရှိအနေအထားတွင် အဆိုပါ မုန်တိုင်းသည် မောင်တောမြို့၏အနောက်တောင်ဘက် မိုင် ၂၇၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့် ၊ ကျောက်ဖြူမြို့  ၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့် ၊ အိန္ဒိယနိုင်ငံ ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၂၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း   ဖေါ်ပြထားသည်။

ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြုရှောင်ရှားသင့်ကြောင်းလည်း သတိပေးထားသည်။

အဆိုပါ မုန်တိုင်းကြောင့် ဖြစ်လာမည့်အန္တရာယ်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒုတိယ သမ္မတ ဦး ဥာဏ်ထွန်းမှာ ရခိုင်ပြည်နယ် အမ်းမြို့ သို့ ရောက် ရှိနေပြီဖြစ်သည်။

မြန်မာပြည်ကို တိုက်ခိုက်မည်ဟု အင်ဒို ဘာသာရေးခေါင်းဆောင်က ခြိမ်းခြောက်

Indonisia  Bakker

အင်ဒိုနီးရှားရှိ ဘာလီဗုံးခွဲမှုတွင် အဓိကကြိုး…ကိုင်သူဟု စွပ်စွဲခံထားရတဲ့ အဘူရ် ဘာကာ ဘာရှားက မြန်မာပြည်ကို ဂျီဟတ် ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ မေ ၄ရက် နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂ယောက်ကို အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးမှုပြုလုပ်အပြီးမှာ အဘူ ဘာရှားက ပြောဆိုလိုက်တယ်လို့ ဆစ်ဒနီမော်နင်း ဟာရယ်သတင်းစာက ရေးသားလိုက်ပါတယ်။

ရာပေါင်းများစွာသော အစ္စလာမ်မစ် ကာကွယ်သူများ တပ်ဦးအဖွဲ့ဝင်တွေဟာ သောကြာနေ့က ဂျကာတာ မြို့လယ်မှာ စုဝေးခဲ့ကြပြီး ဂျီဟတ်စစ်ပွဲအတွက် မြန်မာပြည်ကို တိုက်ခိုက်မယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေအတွက် တုံ့ပြန်ကလဲ့စားချေ ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

(Kamayut Media)-4-5-2013

ပြည်တွင်း၌အကြမ်းဖက်ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန်သတင်းများရရှိထားသဖြင့်လုံခြုံရေး တိုးမြှင့်ဆောင် ရွက်ရန်ညွှန်ကြားထား၊အစ္စလာမ် ဘာသာဝင်အများစုနေထိုင်သည့်မြို့များ၌စီမံ ချက်ဖြင့် စုံစမ်းစစ် ဆေး လျက်ရှိ

ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ၀င်းမြင့်ကျော်)

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က “မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွဲမယ်ဆိုပြီးတော့ ပြောကြားလိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ယခင်ကထက် လုံခြုံရေးကို ပိုမိုဆောင်ရွက်နေပါတယ်။ မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ မြို့တွင်းမှာ လည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွားလာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဗုံးနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်းပြောကြားနေပါတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ် ဘာသာ ၀င်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က “ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ်ပွားအောင်လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်းပေးတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေပူးပေါင်းပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က “ပြည်တွင်းကို အကြမ်းဖက်သမားတွေက ၀င်ရောက်ပြီးတော့ ဖောက်ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ ဒါကြောင့် လုံခြုံရေးကို အရင်ကထက် ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန်ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ အခု နယ်စပ်ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်းက “အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်း တွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက်ထားတယ်။ ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်းကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။ သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာအသီးသီးကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့်စစ်ဆေးနေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးသန်းနိုင်ထွန်း က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်အားလုံးအားနိုင်ငံသား ဟုတ်မဟုတ်စိစစ်ရာတွင် U N နှင့်နိုင်ငံတကာအဖွဲ့ အစည်းများအားအသိသက်သေထား၍ပြီးပြတ် အောင် စိစစ် ကောက် ယူသွားမည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်အားလုံးအားနိုင်ငံသားဟုတ်မဟုတ်စိစစ်ရာတွင် U N နှင့်နိုင်ငံတကာအဖွဲ့ အစည်းများအား အသိသက်သေထား ၍ပြီးပြတ်အောင် စိစစ်ကောက် ယူသွားမည်ဟု ဒေါက်တာစိုက်ခန်းက (၂၉ – ၄- ၂၀၁၃ )နေ့ပြုလုပ်သောအစည်းတွင် ပြောကြားခဲ့သည်။

(၃၀ – ၄ – ၂၀၁၃ ) ကြေးမုံသတင်းစာစမျက်နှာ(၂၄) ကျောမျက်နှာဖုံးအဆက်—စာမျက်နှာ (၉) ၊ ကော်လံ(၁)
ဒုက္ခသည်မိသားစုများ အမိုးအကာရောက်အောင် လူနေအိမ်အမြန်တည်ဆောက်
ရခိုင်ပြည်နယ်အတွင်နေထိုင်သူအားလုံး နိုင်ငံသားဟုတ်မဟုတ်သက်သေထားစီစစ်ကောက်ယူရာတွင်-
(…………..   နိုင်ငံသားစိစစ်ရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်ရှိ ဒုက္ခသည်အပါအ၀င် ရခိုင်ပြည် နယ် အတွင်း နေထိုင်သူအားလုံးအား နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ရာတွင် အခက်အခဲ မျိုးစုံကြုံတွေ့ ရမည်ဖြစ်သော် လည်း နှစ်ဖက် ရပ်မိရပ်ဖများ U N နှင့်နိုင်ငံတကာအဖွ့အစည်းများအား အသိသက်သေ ထား၍ပြီးပြတ် အောင် စိစစ်ကောက် ယူသွားမည်ဖြစ်ပါကြောင်း။ )
အထက်ပါအတိုင်းဒေါက်တာစိုက်မောက်ခန်းကအစည်းအဝေးတွင်တင်ပြခဲ့ကောင်း(၃၀ – ၄ – ၂၀၁ ) ကြေးမုံသတင်းစာ မူရင်းကိုပူးတွဲတင်ပြပါ သည်။
စစ်တွေတွင် စာရင်းကောက်ခံမှုပြုပါကလည်း U N နှင့်နိုင်ငံတကာအဖွ့အစည်းများအား အသိသက်သေ ထားရှိရမည် ဖြစ်ပါသည်။

အင်ဒိုနီရှား နိုင်ငံသားများက မြန်မာနိုင်ငံမှ မွတ်စလင်မ်များ လူ့အခွင့်ရေးချိုးဖောက်ခံရမှုအပေါ် မကျေနပ်မှုကြောင့် တရားဝင်ဆန္ဒပြခဲ့ကြပါတယ်။


ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုးအဆိုပါတရားဝင်ဆန္ဒပြခြင်းကို အင်ဒိုနီရှား အစိုးရက တရားဝင်ခွင့်ပြုခဲ့ပြီး လုံးခြုံရေးကိုလည်းတင်ကျပ်စွာချထားတယ်လို့သတင်ရရှိပါတယ်။

ထို့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို အင်ဒိုနီရှားအစိုးရဘက်မှ တရားဝင်ခွင့်ပြုသလို မြန်မာ အစိုးရဘက်မှလည်း လေးစားဖို့လိုတယ်လို့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီရှားစာရေးဆရာတစ်ဦးကလဲ မြန်မာအစိုးရအနေဖြင့် အခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခြင်းကို အလေးမမူ ဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲပြသနာတွေက ဒီထက်ပိုရှုပ်ထွေး လာနိုင်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။

ဒီစကားကို အင်ဒိုနီရှားမှာရှိတဲ့ အစိုးရအတိုက်ခံ မွတ်စလင် မ်တပ်မတော်တွေရဲ့ခြိမ်းခြောက်မှုတွေလဲးရှိနေတယ်လို့ ၎င်းကဆိုလိုခြင်းဖြစ်ကြောင်း လည်းသိရပါတယ်။

အိုးအိမ်သိမ်း မြေကွက်များ လျော်ကြေး ရယူလိုဟု ပိုင်ရှင်များ တောင်းဆို

မင်းမင်း

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိမ်းဆည်းထားသော ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ ဂရမ် မြေကွက်များကို ပြန်မပေးပါက ကာလ ပေါက်ဈေးအတိုင်းလျော်ကြေး ရယူလိုကြောင်း မြေပိုင်ရှင်ပေါင်း ၃၀ ကျော်က အိုးအိမ်ဦးစီးဌာနရုံး ရှေ့တွင် တောင်းဆို ဆန္ဒပြကြသည်။

၂၅ ပေ၊ ၅၈ ပေ ရှိသည့် မြေကွက်ပေါင်း ၇၀၀ ကျော်ကို ၁၉၉၄ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကလျော်ကြေးငွေ မပေးဘဲ သိမ်းယူခဲ့၍ မေလ ၃ ရက်နေ့ နေ့လည်တွင် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ် မတိုင်မီက ထိုမြေကွက်များကို ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ မြေငှားရမ်းခကို လစဉ်ကြေးပေး၍ ငှားရမ်းခဲ့ပြီး သိမ်းယူပြီးခဲ့သည့် အချိန်မှစ၍ ငှားရမ်းခ ရရှိခြင်း မရှိတော့သဖြင့် ၎င်းတို့၏ မြေကွက်များကို ပြန်မပေးပါက ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေပေးရန်မြေပိုင်ရှင်တို့က လိုလားကြသည်။

“ကျနော်တို့ မြေကွက်တွေကို ပြန်မပေးရင် နေပါ။ မြေကွက်တော့ ပြန်မပေးဘူးကွာ၊ မင်းတို့ ကာလပေါက်ဈေးပဲလျော်ကြေးယူ ဆိုရင်တောင် ကျနော်တို့ ကျေနပ်တယ်။ အခုဟာက မြေကွက်လည်း မပေးဘူး။ လျော်ကြေးလည်း မပေးဘူး။ သူတို့ ဘာကြောင့် ထိန်းသိမ်းထားတာလဲ။ သူတို့မိသားစု ကောင်းစားရေးလား” ဟု ဆန္ဒပြပွဲ ထုတ်ဖေါ်မှုတွင်ဦးဆောင် သူ ဦးမြင့်အောင် က ပြောသည်။

ယခုကဲ့သို့ တောင်းဆိုဆန္ဒပြမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ဧပြီလ ၂ ရက်ကလည်း မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြသေးသည်။

“ကျနော်တို့ကတော့ ဆက်လုပ်မှာပဲ။ မရရင် နေပြည်တော်ကို တက်မယ်။ အဲဒါမှမရရင် ဥပဒေအရ တရားစွဲဆိုမယ်” ဟု မြေကွက်ပိုင်ရှင် ဦးမြင့်အောင် က ဆိုသည်။

ဂရမ် မြေကွက်ပိုင်ရှင်တဦးဖြစ်သည့် ဦးတင်ဦး ကလည်း “အခုက မတရား သိမ်းထားတာကိုး။ ပိုင်ဆိုင်ကြောင်း စာရွက်တွေက အပြည့်အစုံ အကုန်ရှိတယ်။ ဂရမ် မူရင်းလည်း ရှိတယ်” ဟု ဆိုသည်။

လက်ရှိတွင် ၎င်းတို့၏ မြေကွက်အချို့၌ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများဖြစ်သည့် ယုဇန၊ ဝါဝါဝင်း၊ ဧဒင်တို့က အိမ်ယာများ စတင် ဆောက်လုပ်နေကြောင်းလည်း မြေကွက်ပိုင်ရှင်များက ဆိုသည်။

ထိုအကြောင်းကို သမ္မတ အပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် အိုးအိမ်ဦးစီးဌာနသို့လည်း အကြောင်းကြားစာများ ပေးပို့ထားပြီး ဖြစ်ကြောင်းလည်း ဆန္ဒပြသူများက ပြောသည်။

တောင်းဆိုသူများမှာ ဆန္ဒထုတ်ဖေါ်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားပြီး အိုးအိမ်ဦးစီးဌာနရုံးရှေ့ မှတဆင့် ၎င်းတို့မြေကွက်များရှိသည့် ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်အထိ ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အများသိစေရန် ကြေညာချက်များ ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်းမှု တရားဝင်ဟုဆို

စနေလင်း

ယခင်က အစိုးရ သတင်းစာများတွင် ထည့်သွင်း ကြေညာလေ့ရှိသော အများသိစေရန် ကြော်ငြာခြင်း၊ ကုန်အမှတ်တံဆိပ် ကြေညာခြင်းနှင့် အမှုအခင်းများအတွက် တဘက်နှင့်တဘက် အပြန်အလှန် ကြေညာခြင်းများသည် ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်း ကြော်ငြာပါကလည်း ဥပဒေအရ တရားဝင်ကြောင်း သိရသည်။

ပုဂ္ဂလိက သတင်းစာများတွင် ယင်းကြေညာခြင်းများ ပြုလုပ် မလာကြသေးခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများ အနေဖြင့် လက်ရှိအချိန်တွင် အစိုးရ သတင်းစာတွင် ထည့်သွင်းမှသာလျှင် တရားဝင် ဖြစ်၍ ခိုင်မာသည်ဟု ယုံကြည် နေကြသေးသည့်အပြင် ပုဂ္ဂလိက သတင်းစာများသည် အစိုးရ သတင်းစာနှင့် ယှဉ်လျှင် တနိုင်ငံလုံးသို့ ပျံ့နှံ့မှု အားနည်း သေးသည့်အတွက် ဖြစ်နိုင်ကြောင်း ဥပဒေ အကျိုးဆောင် ဦးယုကြိုင်က ပြောသည်။

“နောက်ပိုင်း ပုဂ္ဂလိက သတင်းစာတွေ အနေနဲ့ အစိုးရ သတင်းစာကို ပျံ့နှံ့တဲ့ စောင်ရေရော၊ လူထုရဲ့ ယုံကြည်မှုရော ယှဉ်နိုင်လာတဲ့ အချိန်ဆိုရင် ဒီလိုကိစ္စရပ်တွေလည်း ပုဂ္ဂလိက သတင်းစာတွေမှာ ထည့်လာကြမှာပါ။ လက်ရှိအချိန်က သူတို့လည်း အခုမှ စနေတဲ့ အချိန်ဆိုတော့ ပြောရခက် နေသေးတယ်။ လူတွေက ဥပဒေကြောင်းအရ အစိုးရ သတင်းစာကို ပိုယုံကြည်မှု ရှိကြတယ်” ဟု ၎င်းက ဆိုသည်။

ဥပဒေအရ မည်သည့် သတင်းစာများတွင်မဆို ထည့်သွင်းလျှင် တရားဝင်ကြောင်း၊ ဥပဒေတွင် ပြဌာန်းထားချက် ကလည်း အစိုးရ သတင်းစာဟု ပြဌာန်းထားခြင်း မရှိသည့်အတွက် မည်သည့် သတင်းစာတွင် ထည့်သည်ဖြစ်စေ အများသိစေရန် ပြုပြီးဖြစ်သည်ဟု ယူဆရမည်သာဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဧရာဝတီသို့ ပြောသည်။

ကြေညာချက်များ ထုတ်ပြန်ရာတွင် အမှန်တကယ် သိစေချင်သူထံ တိုက်ရိုက် ဆက်သွယ်၍သော်လည်းကောင်း၊ ထိုသူထံ တိုက်ရိုက် စာပေးပို့၍ သော်လည်ကောင်း ကြေညာခြင်းမျိုးလည်း ရှိကြောင်း၊ တချို့က အရှက်ခွဲလိုသော ဆန္ဒဖြင့် လည်းကောင်း၊ တဘက်နှင့်တဘက် ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် သော်လည်းကောင်း ယခုကဲ့သို့ သတင်းစာများတွင် ထည့်သွင်း ကြေညာခြင်းမျိုးလည်း ရှိနိုင်ကြောင်း သူက ရှင်းပြသည်။

သို့သော် ဥပဒေအရ မည်သည့်နေရာမှဖြစ်စေ ကြေညာချက် ထုတ်ပြန်ထားလိုက်လျှင် တရားရုံးများ၌ သက်သေအဖြစ် တင်ပြရန် အကျုံးဝင်ပြီး ရောင်းရေးဝယ်ရေးများ အတွက်လည်း တရားဝင်ကြောင်း ဦးကိုနီက ဆိုသည်။

“ဥပမာ – ရောင်းဝယ်တဲ့ ကိစ္စတွေမှာ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၃ အရ ဘယ်သတင်းစာမှာပဲ ထည့်ထည့် အများသိပြီး ဖြစ်တယ်လို့ မှတ်ယူရမယ် ဆိုတာ အတိအလင်း ပြောပြီးသားပါ။ အစိုးရ သတင်းစာမှာ ထည့်တာတောင်မှ တကယ်တမ်း ပြန်ကြည့်ရင် လူသိပ်သိတာမှ မဟုတ်တာ။ ဥပဒေ သဘောအရပဲ အတည်ဖြစ်အောင် လုပ်ကြတာ” ဟု သူက ဆိုသည်။

သို့ရာတွင် အစိုးရ သတင်းစာများတွင် ထည့်သွင်း ကြေညာသည့်အခါ ကြေညာချက်နှင့် ပက်သက်ပြီး အထောက်အထားများ မှန်ကန်ကြောင်း ပြသနိုင်မှသာ ထည့်သွင်း ကြေညာခွင့်ရှိကြောင်း သိရသည်။

ထို့အပြင် ရှေ့နေများအနေဖြင့် ထည့်သွင်းမည် ဆိုလျှင်လည်း လိုင်စင်မှန်ကန်မှု၊ မိမိထည့်သွင်းမည့် အကြောင်းအရာ အပေါ် တာဝန်ယူမှု ရှိမှသာ ထည့်သွင်းသည့် အတွက် နောက်ပိုင်း ပုဂ္ဂလိက သတင်းစာများ အနေဖြင့် ထိုကဏ္ဍ များအတွက် မည်သို့ စီမံပေးမည်ကို မသိရသေးကြောင်း ဥပဒေအကျိုးဆောင် ဦးယုကြိုင်က ပြောသည်။

ပုဂ္ဂလိက သတင်းစာများသည် မကြာသေးခင်ကမှ ထုတ်ဝေခွင့်ရခဲ့ကြပြီး အစိုးရသတင်းစာကဲ့သို့ စောင်ရေ ပျံ့နှံ့မှု ရှိလာအောင် အားယူ နေရချိန်ဖြစ်ကြောင်း၊ နောက်ပိုင်းဆိုလျှင် ထိုကိစ္စမျိုး ထည့်သွင်း လာနိုင်မည်ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ရရှိထားပြီးဖြစ်သော The Messenger Journal မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ပေါ်ထွန်းက ဆိုသည်။

“အခုချိန်ကတော့ ပုဂ္ဂလိက သတင်းစာတွေက အားနည်းနေသေးတယ်လေ။ အစိုးရသတင်းစာမှ တရားဝင်တယ် လို့ဖြစ် လာတဲ့ အစဉ်အလာ ကလည်း ရှိနေသေးတယ်။ ဒါပေမယ့် အစိုးရ သတင်းစာမှာထည့်မှ တရားဝင်ဖြစ်ကြောင်း ကြေညာ တာမျိုး မကြားမိသေးပါဘူးဗျာ။ နောက်ပိုင်းတော့ ဒီလိုကိစ္စတွေလည်း ပုဂ္ဂလိက သတင်းစာတွေမှာ တွေ့လာရမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ သတင်းစာတွင် ထည့်သွင်းနေသော အယ်ဒီတာထံ ပေးစာ၊ လူထုအော်သံ စသော ကဏ္ဍများ ကိုလည်း ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်း လာတော့မည် ဖြစ်သည့်အတွက် ဌာနဆိုင်ရာများ အနေဖြင့် သတင်းစာအစုံကို မပြတ်ဖတ်ရှု ရတော့မည့် အနေအထားမျိုး ဖြစ်လာကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ စည်ပင်သာယာရေးဌာန အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

သက်ဆိုင်ရာ ဌာနများဘက်ကလည်း မိမိတို့၏ မြို့နယ်အတွင်းမှ ဖြစ်ပျက်မှုများကို သတင်းစာတွင် ဖော်ပြလိုက်ပြီးလျှင် မဖြစ်မနေ ဖြေရှင်းရန် အထက်မှ ခိုင်းလေ့ ရှိသည့်အတွက် ညွှန်ကြားချက် ရောက်မလာမီ မိမိတို့ အရင်သိရှိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကိုယ့်မြို့နယ်မှာ ဘာဖြစ်နေတယ်ဆိုတာ သတင်းစာမှာ ပါတာတောင် ကိုယ်ကမသိရင် အထက်က အပြောခံရတော့မှာ။ သတင်းစာတွေ စုံအောင်သာ ၀ယ်ဖတ်ရရင်လည်း ဌာနတွေအနေနဲ့ တကယ်မလွယ်ဘူးဗျာ။ မဖတ်လို့ကလည်း မရတဲ့ပုံစံ ဖြစ်လာတယ်” ဟု အဆိုပါ စည်ပင်အရာရှိက ဆိုသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ထုတ်ဝေခွင့် ရပြီးဖြစ်သော ပုဂ္ဂလိက သတင်းစာ ၂၆ စောင်ထဲမှ လက်ရှိ ထွက်ရှိနေပြီ ဖြစ်သော သတင်းစာ ၉ စောင်ရှိကြောင်း သိရသည်။

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

ဖနိဒါ

အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။

“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်း ကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။

DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။

မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှ သေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။

စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီစေရန် ဆောင်ရွက်မည်

နန်းဆိုင်နွမ်

မြန်မာနိုင်ငံရှိ စက်မှုဇုန်များကို နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ် ညီညွတ်သွားစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

စက်မှုဇုန်များကို မြေကွက်လပ်သာရှိပြီး စက်ရုံ အနည်းငယ် တည်ထောင်ကာ ရေ၊ မီး၊ စက်ရုံအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ဇုန် စီမံခန့်ခွဲသည့် အဖွဲ့များ၊ လုံခြုံရေး အဖွဲ့များပါ ထည့်သွင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း အမျိုးသား စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေးတိုးတက်မှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနေတဲ့ အချိန်ဆိုတော့ စက်မှုဇုန်ကို အင်္ဂါရပ် ညီညွတ်အောင်၊ ရေ၊ မီး ကဏ္ဍ ကိုလည်း အချိန်ပြည့် ရအောင် လုပ်ဆောင်ရမယ်။ ပြီးတော့ စက်မှုဇုန် မြေကွက်တွေ ဈေးမကစားဖို့အတွက် စလုပ်နေပြီ။အသေးစား၊ အလတ်စား စက်မှုဇုန်တွေအတွက် ဥပဒေကိုလည်း ရေးဆွဲနေပါပြီ” ဟု ၎င်းက ဆိုသည်။

စက်မှုဇုန် မြေကွက်များသည် စက်ရုံများ မတည်ဆောက်ဘဲ မြေကွက်ဈေးကစားရန် အတွက် ၀ယ်ယူကာ ခြံခတ်ထားသည့် ကိစ္စများ ကိုလည်း စုံစမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စံချိန် စံညွှန်းဖြစ်သည့် စက်မှုဇုန် တခုဖြစ်စေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

“စက်မှုဇုန် တခုမှာ မီးမရရင် ဘာမှ လုပ်လို့မရဘူး။ မီးမရတော့ ဒီဇယ်တွေနဲ့ လည်ပတ်နေရတယ်။ အခုဆိုရင် တရက်ကို လေးနာရီပဲ မီးလာတယ်။ အဲဒီမှာပဲ ပြည်ပက သွင်းကုန်ထက် ပြည်တွင်းကုန်က ပိုဈေးမြင့် နေတယ်။ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်မြို့တွင် စက်မှုဇုန်များတွင် မီးများကို တနေ့ လေးနာရီခန့်သာ ရရှိသည့် အတွက် အခက် ကြုံနေကြပြီး စက်မှုဇုန် စီမံခန့်ခွဲသည့် ကော်မတီများ ရှိသင့်ကြောင်း၊ လုံခြုံရေးမှာလည်း စိတ်မချရသည့်အဆင့် ဖြစ်နေကြောင်း၊ စက်မှုဇုန်နှင့် ပတ်သက်ပြီး ပြုပြင်စရာ၊ ပြင်ဆင်စရာ များစွာရှိကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။

နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမ မခံနိုင်သေးကြောင်း၊ မိုးတွင်း တွင်သာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊လျှပ်စစ်မီးကြောင့် ရေပါ ပြတ်လပ်နေပြီး အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိက ထိခိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့က ဇေကမ္ဘာ စက်မှုဇုန် အပိုင်းကို အဓိက ကိုင်တာပါ။ အဲဒါက လုံခြုံရေးနဲ့ အလုပ်သမား အရေးကို ဖြေရှင်းပေး ပါတယ်။ ကျန်စက်မှုဇုန်နဲ့တော့ ကျနော်တို့ မဆိုင်ဘူး။ တိုင်းဒေသကြီးကိုပဲ မေးပါ” ဟု ဧရာဝတီသို့ ပြောသည်။

သာကေတ စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်သိန်းကလည်း ၎င်းတို့ သာကေတ စက်မှုဇုန်သည် ရန်ကုန်မြို့ထဲနှင့် နီးကပ်နေသည့် အတွက် စက်ရုံတည်ခြင်းထက်၊ ပစ္စည်းသိုလှာင်သည့်နေရာ ပိုများသည်ဟု ဆိုသည်။

“စက်မှုဇုန်တိုင်းကတော့ စက်မှုဇုန် အင်္ဂါရပ်နဲ့ ညီအောင် လမ်းတွေချဲ့၊ မီးတွေရအောင် လုပ်နေကြတာကို မြင်ရပါတယ်” ဟု သူကဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေတွင် ဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များဟု မခွဲခြားဘဲ တပြေးညီ ဆောင်ရွက်ခွင့် ပေးသွားမည် ဖြစ်ကြောင်း၊ အထူးဇုန်တခု ဖော်ထုတ်တိုင်း ဥပဒေတခု ပြဌာန်းခြင်း မဖြစ်ရအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ စတော့ ရှယ်ယာဈေးကွက်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်၊ စက်မှုလုပ်ငန်း၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာနိုင်ရေး အတွက်လည်း နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန် ဥပဒေများကို လေ့လာ၍ ရေးဆွဲထားကြောင်း သိရသည်။

ချေ အီး ချေ လန့်

ဦးဦးမှော်ဆရာ
4.5.2013
လူတစ်ယောက် အတွက် အခက်ခဲဆုံး အလုပ် တွေထဲမှာ လျို့ဝှက်တဲ့ စကားကို ထိန်းသိမ်း ရတဲ့ အလုပ် လည်း ပါတယ်။ ဒါကြောင့် အကြောင်း အရာတစ်ခုနဲ့ ပက်သက်ပြီး လူအများ ကြားထဲ ပြန့်သွား စေချင်ရင် လူတစ်ယောက်ကိုသာ တိုး တိုး  လေး  ပြောလိုက်.. နောက်နေ့ လူ အယောက် တစ် ထောင် လောက်က အဲဒီ အကြောင်း တစ်ယောက်ကို တစ်ယောက် တိုးတိုး လေးတွေ ပြော နေကြ လိမ့်မယ်။ ဒါထုံးစံ တစ်ခု ပါပဲ။
အစိုးရနှင့် နီးစပ်သော ပုဂ္ဂိုလ် တစ်ဦးက သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးကို ဒီလို သတိပေး စကား ပြောခဲ့ တယ်လို့ ရေးထား တာကို လွန်ခဲ့တဲ့ နှစ်ရက် လောက်က ဖတ်လိုက် ရတယ်။
“မကြာခင် မွတ်စလင်မ်တွေ သွေးချောင်း စီးစရာ ရှိနေ ပါတယ်တဲ့။ သမ္မတကြီးက ကိုယ်တိုင် နှစ်လိုခြင်း မရှိသော်လည်း တားလို့ရတဲ့ အနေအထားမှာ မရှိကြောင်း၊ သူကိုယ်တိုင်လည်း ဘေးကြပ် နံ ကြပ်  ဖြစ်နေ ကြောင်း ပြောပြ ပါတယ်” 
ဒါကို ဖတ်ရတော့ စကားပုံ တစ်ခု သတိရ မိတယ်။ ခပ်တိုတိုပဲ..”ချေအီး ချေ လန့် ” တဲ့။ သူ ပေါက် လိုက် တဲ့ အီးအသံကျယ် လွန်းလို့ သူဟာသူ ပြန်လန့် တာကို ပြောတာ..။ ကိုယ့်အပြစ် တွေကို ကိုယ်ပြန် လန့် နေ တာကို ဆိုလို ချင်တာပါ။
နောက် တဖက်က တွေး ကြည့်ရင် လက်ခံ နိုင်စရာ မရှိတဲ့ ဆင်ခြေ တစ်ခုကို ဖေါ်ညွှန်း ထားတာပေါ့။
အစိုးရနဲ့ နီးစပ်သော ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဆီက ဒီလို သတိပေး တယ်လို့ သိရတော့ မွတ်ဆ လင် တွေအတွက် စိုးရိမ်ဖေါ် ရတယ် ဆိုပြီး ၀မ်းသာ စရာပဲ ပေါ့ဗျာ။ ဒါပေမဲ့ လက်တစ် ဆုပ်စာ လူတစ်စု က နိုင်ငံသား မွတ်ဆလင် တွေကို အကြမ်းဖက် သတ်ဖြတ် နေတာကို အစိုးရက တားဆီးလို့ မရနိုင်တဲ့ အနေ အထား ပါလို့ ထုတ်ပြော တာကို ဘ၀င် မကျ ဖြစ်မိတယ်။
ခုနက ကျနော် ပြောတဲ့ စကားပုံ ထဲကလို သူ လေလည်တဲ့ အသံ သူပြန်လန့် တယ် ဆိုတာ ကိုတော့ လက်ခံ နိုင်စရာ မရှိဘူး။ အဲဒီ ပုဂ္ဂိုလ်သတိပေးတဲ့အတိုင်း ပြည်ပကိုခန ရှောင်နေရလောက်အောင် ငွေကြေး တတ်နိုင်တဲ့ မွတ်ဆလင် မြန်မာ ပြည်မှာ ဘယ်နှယောက် ရှိမလဲ တွေးကြည့်ရင် ဒါဟာ မဖြစ် နိုင်တဲ့ အကြံ ပေးမှု တစ်ခုပဲ။နောက်ပြီး ငွေကြေး တတ်နိုင်ပြီး အဆက် အသွယ် ကောင်းကောင်း ရှိသူ တွေ က ဖြစ်လာမဲ့ အခြေ အနေကို ရှောင်သွား ကြပြီ ဆိုပါတော့။ ကျန်ခဲ့တဲ့ မွတ်ဆလင် အများစု အတွက် ကျရောက် လာမဲ့ သွေးချောင်း စီးမှုမှာ ပိုပြီး အကာ အကွယ်မဲ့ သွားစရာ ရှိတယ်။ နောက်ပြီး ဒီသ တင်း ကြောင့် မွတ်ဆလင်တွေ ပိုပြီး လုံခြုံရေး သတိနဲ့ နေထိုင်တဲ့ အခါ ဆူပူ အကြမ်း ဖက်ဖို့ ကြိုး စား နေ တယ် ဆိုတဲ့ ခေါင်းစဉ် အောက်ကို ရောက် သွားနိုင် ပါတယ်။
သူ့စကား ကိုကြည့်ရင် ဖြစ်နေတဲ့ ပြဿနာ တွေမှာ သမ္မတ ဦးသိန်းစိန် ရဲ့ ပယောဂ မပါဘူးလို့ မွတ်ဆ လင် တွေ စိတ်ထဲ လက်ခံ လာအောင် မတ်ဆေ့ခ်ျ ပေးချင် ပုံရတယ်။ ရေးထားတာ ဖတ်ရ သလောက် စ ကား အရ တွေးကြည့် တာပါ..။ တကယ် တမ်းပြော သင့်တာက ” ခင်ဗျားတို့ ကိုယ့် လုံခြုံရေး ကိုယ် သေ ချာ ဂရုစိုက်၊ အစိုးရ လုံခြုံရေး တွေကို လည်း သိပ်အား မကိုးနဲ့။ ဖြစ်လာရင် မခံနဲ့ တော့ ၊ ပြန် သာချ၊ နောင် ကိစ္စ နောက်မှ ကြည့်ရှင်း၊ သမ္မတ ကိုယ်တိုင် လုံးဝ လက်မခံတဲ့ ဒီအကြမ်း ဖက်မှု တွေမှာ ကိုယ့်ကိုယ်ကို ကာကွယ် တဲ့အနေနဲ့ ပြန်ခုခံ လို ဖြစ်လာ မဲ့ ကိစ္စတွေ အတွက် ကျနော် တာဝန် ယူတယ်။ ခင်ဗျားတို့ အနီး ၀န်းကျင်မှာ တစ်ခုခု ဖြစ်လာရင် ကျနော့် ဆီကို ဖုန်း အမြန် ဆက်သွယ်ပါ ” .. ဒါမျိုး ပြော တာ ဆိုရင်တော့ အဲဒီ စကားက reliable speech လို့ မှတ်ယူ လို့ရတယ်။
အစိုးရ တိုင်းမှာ အတွင်း ဖိအား ဆိုတာ ၇ှိနိုင် ပါတယ်။ ဒါပေမဲ့ ကျနော့် သက်တမ်း တလျောက်မှာ လူပေါင်း သိန်းချီ လမ်းမ ပေါ်ထွက်ပြီး တရား မျှတ မှုကို တောင်းဆို ဆန္ဒပြ ခဲ့တဲ့ အဖြစ် အပျက် ကြီးတွေ အများကြီး ကြုံတွေ့ ဖူးတယ်။ အဲဒီ အရေးခင်း တွေတုန်းက တစ်ရက်၊ နှစ်ရက် အတွင်း အပြတ် နှိမ်နှင်း ပြခဲ့တာ ယခင် စစ်အစိုးရ တဖြစ်လဲ ခုလက်ရှိ အရပ်သား အစိုးရ ထဲက ပုဂ္ဂိုလ် တွေပါပဲ။ မကြာခင်က လက် ပတောင်း တောင်မှာ အကြမ်း မဖက်ဘဲ ဆန္ဒပြတဲ့ ဘုန်းကြီး တွေကို ဒဏ်ရာ ရအောင် အကြမ်း ဖက်ဖြို ခွင်း ခဲ့တာ လည်း ဒီအစိုးရ ပါပဲ။ ဒီတော့ စဉ်းစား စရာ ရှိတာက ယခင် ပြည်သူ တစ်ရပ်လုံး တောင်းဆို ဆန္ဒပြ ခဲ့တာ တွေကို နှိမ်နှင်း ခဲ့စဉ်က အစိုးရ ကြုံတွေ့ ခဲ့ရနိုင်တဲ့ ဖိအား တွေထက် ခုဖြစ်နေတဲ့ မွတ်ဆ လင် တွေ ကို အကြမ်းဖက် သတ်ဖြတ်မှု တွေကို နှိမ်နှင်း တဲ့အတွက် ကြုံရ နိုင်တဲ့ ဖိအား ပေးမှု တွေဟာ ပိုများ ဆိုးရွား ပြင်းထန် နေလို့လား ..
ခု တကယ့်ကို တကယ့် ရာဇ၀တ် မှုကြီး တွေကို ကျတော့ တားမရ နိုင်တဲ့ အနေ အထားမှာ ရှိတယ်လို့ ပြောလာတော့ အဲဒီ စကားကို ရှင်းရှင်း လင်းလင်း နားလည် မိတာက “မွတ်ဆလင် သုတ် သင် ရေးတွေ ဆက်ဖြစ် လိမ့်ဦးမယ်။ ဒါပေမဲ့ ဒီပြဿနာ တွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပယောဂ မပါဘူး မှတ်ပါ။ ဦးသိန်းစိန် ကိုယ်တိုင်လဲ မွတ်ဆလင် တွေအပေါ် ဒီလို အနိုင် ကျင့် သတ်ဖြတ် နေတာ တွေနဲ့ ပက်သက်ပြီး စိတ်မချမ်း မသာ ဖြစ်နေ ရတယ်” .. လို့ ဂရုဏာ သက်ဖွယ် မတ်ဆေ့ခ်ျ တစ်ခုကို ဖြန့် လိုက် တာပါပဲ။

စစ်တွေမြို့၌ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှုကြောင့်ပစ်ခတ်ရာ ကလေးတစ်ဦး ဒဏ်ရာရ

(၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆)ရက် | RB News)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂ…လာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းတွင် လ၀ကနှင့် အစိုးရ တာဝန်ရှိသူများ သွားရောက်၍ ရိုဟင်ဂျာမွတ်စလင်မ်များထံမှ သန်းခေါင်စာရင်းများကို သိမ်းယူရန် တောင်းဆိုကာ၊ အသင့်ယူဆောင်လာသောပုံစံများတွင် အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်ခိုင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရပါသည်။

“လ၀ကအဖွဲ့က အောင်မင်္ဂလာ ရပ်ကွက်ထဲမှာနေတဲ့ ရိုဟင်ဂျာတွေအားလုံးကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ် ထိုးခိုင်းနေတယ်” ဟု လ၀ကများရှေ့တွင် ရောက်ရှိနေသူ တစ်ဦးမှ RB News သို့ ပြောသည်။

“လွန်ခဲ့တဲ့ အပတ်က လ၀က ဒုဝန်ကြီး ရောက်လာပြီးတော့ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ်ထိုးရင်ထိုး မထိုးရင် တတိယအကြိမ် ရခိုင်တွေမီးရှို့ရင် တာဝန်ယူမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်သွားတယ်။ အခုလည်း ဒုဝန်ကြီးရဲ့အမိန့်နဲ့ ဒီလ၀ကတွေ ရောက်တာလို့ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောပါသည်။

စစ်တွေမြို့တွင် ဒုက္ခသည်စခန်းများရှိရာ သက္ကေပြင်နှင့် ဘောဒူဖ ဒုက္ခသည်စခန်းများသို့လည်း နံနက်ပိုင်းတွင် လ၀ကများနှင့် အစိုးရတာဝန်ရှိသူများ ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော ပုံစံများတွင် ဘင်္ဂလီအဖြစ် လက်မှတ်ရေးထိုးပေးရန် အတင်းအဓမ္မ ခိုင်းစေမှုကြောင့် သက္ကေပြင်ရှိ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

တင်းမာမှုများဖြစ်ပွားပြီး လူများအုံကြွလာသောအခါ နစကမှ သေနတ်တစ်ချက် မိုးပေါ်ထောင် ပစ်ခတ်ပြီး လူစုခွဲခဲ့သည်။ ထို့နောက် လ၀ကများနှင့် အစိုးရတာဝန်ရှိသူများ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသည်။

အလားတူပင် ဘောဒူဖ ဒုက္ခသည်စခန်းတွင်လည်း ထိုကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်၍ လက်မှတ်ထိုးခိုင်းခြင်းကြောင့် တင်းမာမှုဖြစ်ပွားရာ နစကမှ သေနတ်ပစ်ပေါက်ရာ ၁၅ နှစ်အရွယ် ကလေးတစ်ဦးကို ကျည်ဆန်သုံးနေရာ ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

“ကလေးက ၁၅ နှစ် အရွယ်ပါ။ ကျည်ဆန်က သုံးနေရာ ထိတယ်။ ပေါင်နှစ်ဖက်နဲ့ ပုခုံးမှာ ထိသွားတယ်။ ဒဏ်ရာကတော့ ပြင်းတယ်”ဟု ဘောဒူဖ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးမှ ပြောသည်။(အလင်းမျက်ဝန်းမီဒီယာ)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ယနေ့ နံနက် ၁၁ နာရီခန့်တွင် ရိုဟင်ဂျာဒုက္ခသည်များ၏ သန်းခေါင်စာရင်းများကို လ၀ကများက သိမ်းယူ၍ အသင့်ပါလာသော ပုံစံစာရွက်များတွင် ဘင်္ဂလီဟု ရေးသား၍ အတင်းအဓမ္မလက်မှတ်ရေးထု…ိးခိုင်းသဖြင့် ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှု ဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဘောဒူဖ ဒုက္ခသည်စခန်း အဆောင် (၁၀၅)မှ မိုဟမ္မဒ်အလီ (ဘ) ဦးကဘီရ်အဟ်မဒ် (အသက် ၁၅ နှစ်) အရွယ် ရိုဟင်ဂျာ ကလေးတစ်ဦးကို သေနတ်ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတအဖြစ်ဒေါ်အောင်ဆန်းစုကြည်ဝင် ရောက် ယှဉ်ပြိုင်နိုင်စေရန်ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်သွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြား

ရန်ကုန်၊ ဧပြီ ၂၅၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင် စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်သွား မည် ဖြစ်ကြောင်း နိုင်   ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ United Nation Plaza တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာ များ တွေ့ဆုံစဉ် ပြောကြား သွားခြင်း ဖြစ်ကြောင်း မြန်မာ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (နယူးယောက်) အတွင်းရေးမှူး ဦးခိုင်အောင်ကျော်က ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကျွန်တော်တို့ လိုလားပါတယ်” ဟု ဦးအောင်မင်း က ပြောကြား သွားကြောင်း ဦးခိုင်အောင်ကျော်က ဆိုသည်။

ပြည်သူလူထုအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် သမ္မတ ဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဗြိတိန် နိုင်ငံသားနှင့် အိမ်ထောင်ကျထားပြီး ၄င်း၏ သားနှစ်ဦး မှာလည်း ဗြိတိန်နိုင်ငံသား ခံယူထားသူများ ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်း စုကြည် မှာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရှိ ဖြစ်နေသည်။

ယင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှသာ ဒေါ်အောင် ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်သည်။

နိုင်ငံသားတိုင်း သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသော ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် အချို့ကို ပြင်ဆင်သင့်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ၄င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စာအုပ်တွင် အကြံပြုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ တရားဝင် သား သမီးတစ်ဦးဦး သော်လည်းကောင်း၊

၎င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော် ခံယူစောင့်ရှောက် ရိုသေသူ၊ တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံရမည့် အပြင် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် ထက်ဝက်ကျော်၏ ထောက် ခံမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့် အညီ ပြင်ဆင် နိုင်ရန် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်များကို ပြည်ထောင် စုလွှတ်တော်က ဖွဲ့စည်းသွားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ အရေးကြီးအဆိုကို မတ်လ ၁၅ ရက်နေ့က တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တပ်မတော်အစိုးရက ကမကထပြု ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တစ်ဖက်သတ်ရေးဆွဲထားခြင်း ဖြစ်၍ တရားမျှတမှု မရှိကြောင်း၊ ရွေး ကောက်ပွဲနည်းဥပဒေ များသည်လည်း ကန့်သတ်ချက် များလွန်းသည်ဟု ဆိုကာ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော NLD ပါတီ သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ နည်းဥပဒေအချို့ ဖြေ လျှော့ မှု ပြုလုပ်ပေးခြင်းကြောင့် ပါတီ မှတ်ပုံတင်ကာ မဲဆန္ဒနယ် ၄၃ နေရာ ဝင်ပြိုင်ရာ ၄၂ နေရာ အနိုင်ရရှိခဲ့သည်။

Posted From The Voice Weekly

တိုင်းရင်းမီဒီယာညီလာခံတွင် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားမီဒီယာ အခန်းကဏ္ဍ ဆွေးနွေးမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စထရင်းဟိုတယ်တွင် ဧပြီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပမည့် တိုင်းရင်းမီဒီယာညီလာ ခံတွင် လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားမီဒီယာများ ပါဝင်ရမည့် အခန်းကဏ္ဍ ဆွေးနွေးသွားရန် ရှိသည် ဟု သိရသည်။

“အခုတိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ မီဒီယာတွေက လက်နက်ကိုင်တွေရဲ့ အခြေအနေကို ပဲ ဖော်ပြတာ များတယ်။ တိုင်းရင်းသားမီဒီယာတွေအနေနဲ့ လက်နက်ကိုင်ကိစ္စအပြင်ပြည်သူလူထုတွေ ရဲ့အသံ၊ စားဝတ်နေရေးနဲ့ အခွင့်အ ရေး ချိုးဖောက်ခံရမှု စသဖြင့် အများသိအောင် ဖော်ပြပေးနိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အများကြီး အထောက်အကူ ပြုမှာဖြစ်တဲ့ အတွက် ညီလာခံမှာ ဆွေးနွေးသွားမယ်”ဟု ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ကိုကြည်ဇော်လွင် ကေအိုင်စီသို့ ပြော သည်။

ညီလာခံကို နိုင်ငံတကာမြန်မာ့သတင်း(BNI)မှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ပြည်ထောင် စုဝန်ကြီးများ၊ အစိုးရပြန်ကြားဌာနမှ တာဝန်ရှိသူများ၊ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများ၊ နိုင်ငံတကာမီဒီယာကျွမ်း ကျင်သူများ၊ တိုင်းနှင့် ပြည်နယ်များမှတိုင်းရင်းသားမီဒီယာ ကိုယ်စား လှယ်များ စသည့်လူဦးရေပေါင်း ၉၀ကျော်ကို ဖိတ်ကြား ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ခေတ်စနစ် ပွင့်လင်းလွတ်လပ်လာသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးတို့၏ အသံများ ပိုမို အားကောင်းစေရန် ရည်ရွယ်၍ BNI မှ ပြည်တွင်းတွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားမီဒီယာများ ညီလာခံ ဖြစ်မြောက်ရေးအတွက် စီစဉ်ခဲ့ ခြင်းဖြစ်သည်ဟု ကိုကြည်ဇော်လွင်က ဆက်ပြောသည်။

BNI ကို ၂၀၀၃ခုနှစ်၊ ဇန်န၀ါရီလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့ကာ နယ်စပ်အခြေစိုက် တိုင်းရင်းသား မီဒီယာများဖြစ် သည့် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း အပါအ၀င် သတင်းမီဒီယာ ၁၁ဖွဲ့ပါဝင်သည့် မီဒီယာကွန်ယက် တခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ Hobson Choice အစီရင်ခံစာနှင့် ယခုနှစ် ဖေဖော်ဝါရီလက မြန်မာငြိမ်းချမ်း ရေးပုံဖော်ခြင်း (Deciphering Myanmar’s Peace Process) အမည်ရှိ ကိုးကားစာအုပ်ကို ထုတ်ဝေခဲ့သည်။

ဖယ်ဒရယ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ

 

ဖယ်ဒရယ်ဆိုသောဝေါဟာရ သည် ရောမစကား Foedus မှ အမြူတေ၍ ဆင်းသက် လာပြီး၊ စုပေါင်း သဘောတူ စာချုပ်အရ ဖွဲ့စည်းခြင်းဟု အဓိပါယ်ရပါသည်။ ဖယ်ဒရယ်နိုင်ငံ သည်လည်း လွတ် လပ်သောနယ် ပယ် များမှ ဘုံအကျိုး တူစီးပွားရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုပြီး၊ အချုပ် အချာပိုင်နိုင်ငံတခုအဖြစ် ဖွဲ့စည်းတည်ထောင်ကာ၊ ဒီမိုကရေ စီစံနစ်ကိုအခြေခံပြီး အာဏာခွဲဝေ ကျင့်သုံးသောနိုင်ငံဟု ကျွန်ုပ်တို့လက်ခံ ယူဆထားပါ သည်။

စစ်မှန်သောဖယ်ဒရယ်ဆိုရာ၌ ဖယ်ဒရယ်မှုပြုခြင်း (Federation) ကိုသာ အများလက်ခံကြ သည့် အ လျှောက်၊ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရအကြား အာဏာခွဲဝေရာတွင်၊ ဗဟိုအစိုးရလုပ်ပိုင် ခွင့် အာဏာအား အဖွဲ့ဝင်များ မှ စုပေါင်း ပေးအပ်ပြီး ကျန်အာဏာများအားလုံး မူလပိုင်ရှင် လွတ်လပ်သော အဖွဲ့ဝင်နယ်ပယ်များမှဆက်လက် ပိုင်ဆိုင် ခြင်းဖြစ် သည် ဟု လက်ခံထားပါသည်။ (ဥပမာ – အမေရိကန်နိုင်ငံ၊ ဆွီဇာလန်နိုင်ငံ၊ မက္ကဆီကို နိုင်ငံ၊ ဘရာဇီးနိုင်ငံ etc…..)

ဖယ်ဒရယ်တည်ထောင်ရခြင်းအကြောင်းရင်းများ။

၁။ လူမျိုးပေါင်းစုံနေထိုင်ကြသော နိုင်ငံများ (Multination States) ၌ အမျိုးသားအခွင့်အရေး များ၊ မွေးရာပါ အခွင့်အရေး များ၊ နိုင်ငံရေးအခွင့်အရေးများနှင့် အခြားသော အခွင့်အရေးများ ဆုံးရှုံး နစ်နာမှုမရှိစေရန် သော်၎င်း၊ နိုင်ငံအတွင်း မှီတင်း နေ ထိုင်ကြသော နိုင်ငံသားအားလုံး၏ အကျိုး စီးပွားပိုမိုဖြစ်ထွန်းစေရန် သော်၎င်း၊ ရည်ရွယ်၍ ဖယ် ဒရယ်နိုင်ငံ တည် ထောင်ကြလေ့ရှိသည်။

၂။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၌ “ အမျိုးသားတိုင်း အမျိုးသား နိုင်ငံတော် တည်ထောင်ခွင့် ရှိသည် ” ဟူသော ယူဆချက်ပြင်းထန်လာပါသည်။ သို့သော် နိုင်ငံငယ်များ တည်ထောင်၍ အကျိုးစီးပွားဆုတ် ယုတ်စေမည့်အစား၊ သင့်တော်ရာနယ်ပယ်များစုပေါင်း၍ ဖယ်ဒရယ်နိုင်ငံတည်ထောင်ခြင်းဖြင့် ပိုမိုအကျိုးစီး ပွား ဖြစ်ထွန်းကြောင်း နားလည် သိရှိကြသောကြောင့် ဖယ်ဒရယ်နိုင်ငံတည်ထောင်ကြလေ့ရှိသည်။

၃။ “ စည်းလုံးခြင်းသည် ခွန်အား ” ဟူသော ဆောင်ပုဒ်အတိုင်း၊ အင်အားနည်းသော နိုင်ငံများအား အင်အား ကြီးသော နိုင်ငံမှ ကျူးကျော်ထိပါးခြင်း (သို့) ကျူးကျော်ထိပါးခံရနိုင်ဖွယ်ရှိခြင်းရန်မှ ကင်းလွတ်ရန်၊ လုံခြုံရေးအရ စု ပေါင်းဖယ် ဒရယ်နိုင်ငံ တည်ထောင်ကြလေ့ရှိသည်။

၎။ လူမျိုးရေးအရ ကွဲပြားခြားနားမှုမရှိသော်လည်း၊ နယ်မြေကျယ်ပြန့်ခြင်း၊ ထိရောက်သော အုပ်ချုပ်ရေး စံနစ် ဖော် ဆောင်လိုခြင်းတို့ကြောင့် “ အာဏာကို အောက်ခြေအထိ ဖြန့်ကျက်ရမည် ” ဟူသော ဆိုရိုးစကားအတိုင်း ဖယ်ဒရယ် စံနစ် ကို တည်ဆောက်ကြလေ့ရှိသည်။ ဖယ်ဒရယ်စံနစ်၏ မူလသဘာဝသည် အာဏာကိုအောက် ခြေ သို့ ဖြန့်ကျက်ပြီး သား လည်း ဖြစ်သည်။

အထက်ပါအချက် (၄) ချက်ကို လေ့လာခြင်းအားဖြင့် ဖယ်ဒရယ်စံနစ်သည် “ အချုပ်အခြာ အာဏာနှင့် အကျိုး အမြတ်လဲလှယ်သော စံနစ် ” အဖြစ် မှတ်ယူနိုင်သကဲ့သို့ “ ခွဲထွက်ခြင်း မဟုတ်ပဲ ပေါင်းစည်းခြင်း  ဖြစ်သည် ” ဟု လည်း မှတ်ယူလက်ခံနိုင်ပါသည်။ ထို့ကြောင့် ယနေ့ ရာကျော်သော ကမ္ဘာ့နိုင်ငံများတွင် ၂ဝ ခန့်သော ဖယ်ဒ ရယ်နိုင်ငံများမှ ကမ္ဘာ့မြေမျက်နှာ်ပြင်၏ တစ်ဝက်ကျော်ကို ပိုင်စိုးထားနေပါသည်။ တိုးတက်ဖွံ့ဖြိုးသော နိုင် ငံများလည်း ဖြစ်ကြပါသည်။

ဖယ်ဒရယ်စံနစ်၏ အထူးကြန်အင်လက္ခဏာများ

၁။ အာဏာခွဲဝေခြင်း။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်း။

၃။ တင်းကြပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအထွဋ်အမြတ်ရှိခြင်း။

၅။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစံနစ်။

၁။ အာဏာခွဲဝေခြင်း။

ဖယ်ဒရယ်နိုင်ငံများတွင် အစိုးရအာဏာအား ယေဘုယျအားဖြင့် လုပ်ပိုင်ခွင့်အာဏာစာရင်း သုံးမျိုးခွဲ ခြားထား လေ့ရှိပါသည်။ ဗဟို/ ဖယ်ဒရယ်အစိုးရလုပ်ပိုင် ခွင့်အာဏာ (Central/ Federal list) ၊  အဖွဲ့ဝင် / ပြည် နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာ (State list) ၊ နှင့် ထပ်တူ အညွှန်းပြု အာဏာ (Concurrent list) ဟူ၍ ဖြစ် သည်။

Central/ Federal list တွင် ဗဟိုအစိုးရနှင့် ဆိုင်သောအရာများဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငွေကြေးဒင်္ဂါးပြုလုပ်ခြင်း၊ ရထား ပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်း …etc…များ ပါဝင် သည်။ ၎င်းလုပ်ပိုင်ခွင့်များကို အဖွဲ့ဝင်ပြည်နယ်အစိုးရ များမှ အပ်နှင်းလေ့ရှိ ပါသည်။ အမေရိကန်နိုင်ငံ တွင် ဖယ်ဒ ရယ်အစိုးရမှ လုပ်ပိုင်ခွင့်အာဏာ ၁၈ ခု အပ်နှင်းထား ပါသည်။

ပြည်နယ်အစိုးရလုပ်ပိုင်ခွင့် (State list) သည် ပြည်နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ စက်ရုံ၊ တရား ဥပဒေစိုးမိုးရေး…etc … များဖြစ်ကြပါသည်။ အမေရိကန်နိုင်ငံ တွင် ဖယ်ဒရယ်အစိုးရ လုပ်ပိုင်ခွင့် ၁၈ ချက်မှ အပ ပြည်နယ်အစိုးရမှ အားလုံးပိုင်ဆိုင်ထားပါသည်။ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် အာဏာအား တဖက်သတ်ပြ ဌာန်းလုပ်ပိုင် ခွင့်အာဏာ (Exclusive Power) အဖြစ် သတ်မှတ်လေ့ရှိပါသည်။ ဗဟိုအစိုးရမှ ဝင်ရောက်စွက် ဖက်လေ့မရှိကြပါ။

ထပ်တူအညွှန်းပြုအာဏာ (Concurrent list) သည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကြား ပူးတွဲ လုပ်မှရ မည့်အရာ၊ တဖက်သတ်လုပ်၍ မပြီးပြတ်နိုင်သောအရာများ အား ဆိုလိုပါသည်။ ဥပမာ- အခွန်ကောက်ခံပိုင်ခွင့် အာဏာ၊ လမ်းပန်းဆက်သွယ်ရေးရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာများ၊ ကြေးငွေချေးငှားခြင်းအ ရာ စသည်တို့ဖြစ် ပါသည်။

ထို့ပြင် ကြွင်းကျန်အာဏာ (Residuary Power) များအား ဗဟိုအစိုးရလုပ်ပိုင်ခွင့်နှင့် ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့်၊ မည်သည့်နေရာ၌ ထားရှိရမည့်အကြောင်းများ လည်း ရှိပါသေးသည်။ စစ်မှန်သော Federation စံနစ်နိုင်ငံများတွင် ဗဟိုအစိုးရအား အာဏာကန့်သတ်ပေးထား သည့်ဖြစ် ရာ ပြည် နယ်လုပ်ပိုင်ခွင့်၌ ထားရှိခြင်း သည် ပိုသင့်တော်သည်ဟု နိုင်ငံရေး သိပ္ပံပညာ ရှင်များက ယူဆလေ့ရှိကြပါသည်။ ထို့ကြောင့် ကြွင်းကျန်အာဏာ အား ပြည်နယ်မှမပိုင်ဆိုင်လျှင် စစ်မှန်သောဖယ်ဒရယ်စံနစ်မဟုတ်ဟု ယူဆသူများလည်း ရှိပါသေးသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်းသည် ဖယ်ဒရယ်နိုင်ငံတော်၏ အာမခံချက်ဖြစ် သည်။ နိုင်ငံ တော်စာ ချုပ်အား ပါဝင်ထည့်သွင်းအကျုံးဝင်စေရမည်။ ဗဟိုအစိုး ရနှင့် ပြည်နယ် အစိုးရ ကြားလုပ်ပိုင်ခွင့်နယ်ပယ် မရှုပ်ထွေး စေရန် တိကျရှင်းလင်းစွာရေးသားဖော်ပြထားရမည်။ ထို့ကြောင့် မရှိမဖြစ်လိုအပ်သောအရာ လည်း ဖြစ်သည်။

၃။ တင်းကြပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အာမခံချက်၊ အသက်သွေးကြောတမျှ အရေး ပါနေသော ကြောင့် တင်းကျပ်သည့်ဥပဒေဖြစ်ရန် အထူးလိုအပ်ပါသည်။ တဖက် သတ်ပြုပြင်၊ ပြောင်းလဲ၊ ဖြည့်စွက်၊ ဖျက် သိမ်း၊ ပြင်ဆင်ခြင်း များပြုလုပ်ခွင့် မရှိပဲ ပြည်နယ် အစိုးရအများစု၏ ဆန္ဒအရ သာပြုလုပ်ရမည်ဖြစ်သဖြင့် ခိုင် မာတင်းကြပ် မှုရှိရမည် ဖြစ်သည်။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအထွဋ်အမြတ်ရှိခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့် အာဏာများ သီးခြားပြ ဌာန်းထားရှိခြင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ အုပ်ချုပ်ရေးစံနစ် တခုလုံးနှင့် ၎င်းတို့မှထုတ်ပြန်သော ဥပ ဒေများ၊ အမိန့်အာဏာများအာလုံး ဖွဲ့စည်းအခြေခံဥပဒေနှင့် ဆန့်ကျင်မှု မရှိပဲ လိုက်လျှောညီထွေ လုပ် ဆောင်ရ မည်ဖြစ်သဖြင့် အထွဋ်အမြတ်ထား ထိန်းသိမ်းရန် အထူးလို အပ်ပါသည်။

၅။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစံနစ်။

ဖယ်ဒရယ်စံနစ်တွင် သီးခြားလွတ်လပ်၍ စွမ်းအင်ရှိသောတရားရေးစံနစ်တည်ရှိရန် အထူးလိုအပ်ပါ သည်။ ဗဟိုတရားရုံး (Supreme Court) သည် ဗဟိုနှင့် ပြည်နယ် အစိုးရများမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား သစ္စာရှိစွာ လေးစား လိုက်န်ာဆောင်ရွက်မှုရှိမရှိအား မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။ ဗဟိုတရား ရုံးသည် ဖွဲ့စည်းပုံ ခြေခံဥပဒေအပေါ် အုပ်ထိန်းသူအဖြစ် ရပ်တည်ပြီး၊ ဥပဒေအကြောင်းအရာများ အား ရှင်းလင်း ခြင်း၊ ဥပဒေအ ကြောင်းအရာများ လွဲမှားစွာကောက်ယူ အဓိပါယ်ဖွင့်ခြင်းနှင့် လုပ်ဆောင်မှုများ အပေါ် ဆုံးဖြတ် ချက်ချရမည်ဖြစ် သည်။ ထို့ကြောင့် သီးခြား လွတ်လပ်သောတရားရေးစံနစ်ဖြစ်ရန် လိုအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ

ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာချိန်၌ လွတ်လပ်၍ အချုပ် အချာ အာဏာပိုင် ဆိုင်သော နိုင်ငံ အဖြစ် ပေါ်ထွန်း လာပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံသဘော သဘာဝအား လေ့လာမည်ဆိုလျှင် ပင်လုံစာချုပ်နှင့် ၎င်းစာချုပ်၌ လက်မှတ်ရေး ထိုးလာခဲ့သော အမျိုးသား ခေါင်း ဆောင်များ ၏ စိတ်ဓါတ်ကိုပါလေ့လာရန် အထူးလိုအပ်ပါသည်။

ပင်လုံစာချုပ်သည် အထူးသဖြင့် လွတ်လပ်၍သီးခြားဖြစ်နေသော နယ်ပယ်ကြီး (၄) ခုကို အခြေခံထား ပါသည်။ ၎င်းတို့မှာ ချင်းတောင်တန်းအက်ဥပဒေ ၁၈၉၆ (The Chin Hills Regulation – 1896) ဖြင့် အုပ်ချုပ် သောနယ်မြေ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့် အုပ်ချုပ်သော နယ် မြေ၊  ပြည်ထောင် စုရှမ်းပြည်အက်ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်သောနယ်မြေနှင့် The Gorvernment of Burma Act, 1935 ဖြင့် အုပ်ချုပ်သောနယ်မြေများမှ အမျိုးသားကိုယ်စားလှယ်ကြီးများ သ ဘောတူလက် မှတ်ရေးထိုးကာ ဘုံအကျိုးစီးပွားကိုမျှော်ကိုး၍ အချုပ်အချာအာဏာပိုင်နိုင်ငံတော် တည်ထောင်  ခြင်းဖြစ်သောကြောင့် ပြည်နယ်များပေါင်း စုထားသည့် ပြည်ထောင်စု (Federal) စံနစ်နိုင်ငံတော် အဖြစ် ပေါ်ထွန်း လာပါသည်။

ပင်လုံစာချုပ်သည် လွတ်လပ်ရေးမရမီ သဘောတူလက်မှတ်ရေးထိုးထားသော စာချုပ်ဖြစ်သည့် အ လျှောက် စာချုပ်ပါအချက်အလက်များတွင် လွတ်လပ်ရေး၊ တိုင်းရေးပြည်ရေးများ ပါဝင်နေပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များ မှလည်း ပင်လုံညီလာခံသို့ တက်ရောက်ရန် ကြိုတင်ပြင် ဆင်မှုများပြုကြပြီး၊ မိမိတို့အမျိုး သားများ လိုအပ်သောအရာများကို အချက်အလက်ဖြင့် တင်ပြဆွေးနွေး ရန် ကြိုတင်ပြုစုလာခဲ့ကြပါသည်။

ကချင်အမျိုးသားကိုယ်စားလှယ်များသည် 1st February 1947 ၌ ကွက်ခိုင်နယ်၊ နမ့်ဖက်ကာရွာ တွင် ကြိုတင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို တညီတညွတ်တည်း ချမှတ်ခဲ့ပါသည်။

(၁) ကချင်အမျိုးသားများဟာ ဗမာအမျိုးသားတွေနှင့် တပြိုင်တည်းလွတ်လပ်ရေးရရန်။

(၂) ကချင်အမျိုးသားများရဲ့ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုး သားပြည်နယ် ဖွဲ့စည်းရန်။

(၃) လွတ်လပ်တဲ့ကချင်သီးခြားနိုင်ငံထဲမှာ ဗန်းမော်နဲ့မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသ များနဲ့ ကသာမြို့ရဲ့ မြောက်ဘက် မြေပြန့်ဒေသများပါဝင်စေရန်။

(၄) ဗမာအမျိုးသားများနဲ့ ကချင်အမျိုးများ၊ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့နယ်နမိတ် ချက်ချင်း သတ်မှတ်ရန်။

(၅) နယ်နမိတ်သတ်မှတ်ပြီးပြီးခြင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိတဲ့ အခွင့်အာဏာများ၊ ကချင် အမျိုးသားများ လက်သို့ပေး အပ်ရန်နှင့် မြန်မာပြည်ကြားဖြတ် အစိုးရအဖွဲ့မှာ ကချင်အမျိုးသား ဝန်ကြီးတစ်ဦး ခန့်အပ်ရန်။

(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းရွက် ရန်။

(ခ) ကချင်ဝန်ကြီးမှ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စများတွင် ပါဝင်နိုင်ရန်။

(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်။

(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာတနိုင်ငံလုံးစောလျင်စွာ လွတ်လပ်ရေး ရရှိရန် အတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ချက်ချင်းပါဝင်ကြရန်။

(၇) အထက်မှာ ဖော်ပြတဲ့အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့်အခါ သီးခြား လွတ်လပ်သည့် ကချင်နိုင်ငံအပါအဝင် လွတ်လပ်သည့်မြန် မာပြည်ထောင် စု အစိုးရဖွဲ့စည်းရန်။

(က) သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည် မပါဝင်ဘူးဆိုသည့်ကိစ္စကို သီးခြား ကချင်နိုင်ငံရဲ့ ပြည်သူလူ ထုကသာ ဆုံးဖြတ်ရမည်။

(ခ) ပြည်ထောင်စုဖွဲ့စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာ ခွဲထွက်ခွင့် ရှိရမည်။

(ဂ) မြန်မာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ္ဍာရေး အထောက် အပံ့ပေးရမည်။

(၈) အထက်ပါတညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်။

ကချင်အမျိုးသားကိုယ်စားလှယ်များ ပင်လုံသို့ရောက်ရှိပြီး၊ ရှမ်းအမျိုးသားကိုယ်စားလှယ်များနှင့် 6th February 1947 မွန်းလွဲ ၂ နာရီ၌ ဆွေးနွေးပြီး အောက်ပါ အချက်အလက်များအား ကချင်၊ ရှမ်းကော်မီတီမှ ဆုံး ဖြတ်ချက်ချခဲ့ပါသည်။

(၁) ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။

(၂) အမှုဆောင်ကော်မီတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စား လှယ်တို့သည်   မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေး ရာအားလုံး အတွက် တာဝန်ယူဆောင် ရွက်ကြရမည်။ ထို့အပြင် ကာကွယ် ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော်အစရှိသော အားလုံးနှင့် သက်ဆိုင်သည့်ကိစ္စများ အတွက် အား လုံးစုပေါင်းတာဝန်ယူ ဆောင်ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကိုဤကော်မီတီက ထောက်ခံ သည်။

(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ (အောင်ဆန်းအက်တလီစာချုပ်) သဘောတူညီ ချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်းမရှိစေရ။

(၅) လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ “ ပြည်ထောင်စု ” မှ ကျွန်ုပ်တို့သဘောကျသည့် အချိန် တွင် ခွဲထွက် လိုကခွဲ ထွက်ခွင့် ရှိစေမည်။

ထို့နောက် ချင်းအမျိုးသားကိုယ်စားလှယ်အဖွဲ့သည် 6th February 1974 ၊ ညအချိန်၌ ပင်လုံ သို့ရောက် ရှိလာရာ ကချင်၊ ရှမ်း ပူးတွဲကော်မီတီဆုံးဖြတ်ချက်အား တင်ပြဖတ်ကြား ခဲ့ကြပါသည်။ ချင်းအမျိုးသား ကိုယ်စားလှယ်အဖွဲ့မှ အောက်ပါအချက်များကို ဖြည့်စွက်၍ ထောက် ခံကြသဖြင့် အားလုံးသဘောတူလက် ခံကြကာ၊ ရှမ်း၊ ချင်း၊ ကချင် ပူးတွဲကော်မီတီ ဆုံးဖြတ်ချက် အဖြစ် ဖော်ပြကြပါသည်။

(က) ဗဟိုအခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ခံစားရသောအခွင့်အရေးနှင့် ရပိုင်ခွင့်အားလုံး တို့အတိုင်း ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်ရှိခဲ့သော် မြန်မာပြည်အခွန်တော်ဆက်ငွေများမှဖြည့်တင်း သုံးစွဲရ မည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားများ စည်းလုံး ညီညွတ်ရေး အဖွဲ့ ဦးစီးအမှု ဆောင်ကောင်စီတရပ်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် စပ် လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာခေါင်းဆောင်များနှင့် အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာဘော် တွမ်လီတို့သည် 8th February 1947 တွင် ပင်လုံသို့ရောက်ရှိလာခဲ့ရာ ဗမာပြည်ပ နှင့် နယ်စပ်ဒေသ ပူးပေါင်းရေးပြ သာနာမှာ အထူးတလည်ဆွေးနွေးရန်မလိုပဲ ပြီးစီးသလောက်ဖြစ် သွားပါသည်။

ပင်လုံညီလာခံကြီးစတင်ကျင်းပနေ့ 10th February 1947 နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း၊ ကချင်၊ ချင်းအမျိုးသားခေါင်းဆောင်ကြီးများ၏ သဘောတူညီဆုံးဖြတ်ချက် (၅) ချက်အပေါ် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေးရှင်းလင်းတင်ပြသွားပါသည်။

(၁) ဆုံးဖြတ်ချက် (၁) နှင့် ပတ်သက်၍ ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့် တူ၊ ဒီမိုကရေ စီကျကျ ခံစားခွင့်ရှိစေရမည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူ ရည်တူခံစားခွင့်ရရှိစေရန် အစည်းအ ဝေးကြီးတွင် အာမခံချက်ပေး ကြောင်းပြောကြားရာ ကိုယ်စား လှယ်များက တခဲနက်သြဘာပေးကြသည်။

(၂) ဆုံးဖြတ်ချက် (၂) နှင့် ပတ်သက်၍ မူအားဖြင့်လက်ခံပြီး အထူးပြောဆိုစရာ မရှိကြောင်း ပြော ကြားသည်။ ကိုယ်စား လှယ်အားလုံးကလည်း ထပ်မံဆွေးနွေးကြခြင်းမရှိချေ။

(၃) ဆုံးဖြတ်ချက် (၃) နှင့် ပတ်သက်၍ ကချင်တောင်တန်းဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနား၊ ဗန်းမော် ခရိုင်နှင့် ကသာမြေပြန့်ဒေသများမပါဘဲ ကချင်ပြည် ဟု ပြည်နယ် တခုအဖြစ် ရပ်တည်နိုင် လိမ့်မည်ဟု မိမိမယုံ ကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့် လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူ မျိုးများလိုလားတောင့် တလျက်ရှိ သည့် ကချင်ပြည်နယ်ဖြစ် လာရေးကို လေးစား၍ မူအားဖြင့် မိမိထောက်ခံကြောင်း၊ ယင်းကိစ္စကိုလည်း ရက် သတ္တပတ်အနည်းငယ် အတွင်း ရန်ကုန်၌ ကျင်းပမည့် ဖဆပလညီလာခံတွင် မိမိကိုယ်တိုင်အဆိုတင်းသွင်း မည် ဖြစ်ကြောင်း ပြောကြား ရာကိုယ်စား လှယ်များက တခဲနက်သြဘာပေးကြသည်။

(၄) ဆုံးဖြတ်ချက် (၄) နှင့်ပတ်သက်၍ အောင်ဆန်းအက်တလီစာချုပ်ကို လက်ခံခြင်းမပြု ဟူသောကိစ္စမှာ ယခု ဆွေးနွေးနေသည့်ကိစ္စနှင့် စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန်ဆွေးနွေးရန် မလိုကြောင်း ပြောကြားသွားသည်။

(၅) ဆုံးဖြတ်ချက် (၅) ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့်လက်ခံပြီး ဤအစည်းအ ဝေးက ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြု တွင် တင်သွင်း၍ ဆုံးဖြတ်ရ မည့်ကိစ္စဖြစ်ကြောင်းတင်ပြ ရာ အများလက်ခံကြသည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခွဲထွက်ခွင့်သည် တိုင်းရင်းသား လူနည်းစု အခွင့်အရေးဖြစ်ပြီး မခွဲထွက်ချင်အောင် ဗမာလူမျိုးကြီးက လုပ်ပြရမည်ဟု ပြောဆိုလာသည်အထိ ခွဲထွက်ခွင့် ကိစ္စကို အမျိုးသားသွေး စည်းညီညွတ်ရေး အတွက် အလေးပေးထားကြောင်း တွေ့ရသည်။

တိုင်းရင်းသားခေါင်းဆောင်များဆုံးဖြတ်ချက်ချမှတ်တင်ပြသော အရာများအားအချော ကိုင်တင်ပြ မှု ပြု၍ အတည်ပြု ပြီးသည့် အပြင် မြန်မာဘုရင်ခံ၏ အမှုဆောင်ကောင်စီ မှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံး တို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင် တန်းဒေသတို့မှ ကိုယ်စားလှယ် များတက်ရောက် ကြသော ပင်လုံမြို့ တွင်ကျင်း ပသည့်အစည်း အဝေးတွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့ သည် လွတ်လပ်ရေးကိုပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအ ဝေးတက်ရောက် သူအဖွဲ့ဝင်တို့သည် ကန့်ကွက် သူမရှိပဲအောက်ပါအတိုင်းသဘော တူညီကြလေသည်။

(၁) တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တ- စ- ည- ဖ) ၏ ကြိုးကိုင်အဖွဲ့ကိုယ်စား လှယ်များက ထောက်ခံချက် အရ၊ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံ ကရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏အတိုင် ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ၊ ကောင်စီဝင် တဦးအဖြစ် ခန့် ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက် အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများ ကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက် အောက်သို့ ရောက်ရှိစေ ရမည်။ ဤနည်းလမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ် ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရ မည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင် သည့်နယ်များ၏ ကိစ္စရပ်များ ကို ဆောင်ရွက်ရန်ဖြစ်၍၊ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များ ကို ဆောင်ရွက် စေရန် ဖြစ်သည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ များ၏ တဦး တည်း သောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော် လည်း၊ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေ သများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေ ရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း၊ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့ မည် ဖြစ်သော်လည်း၊ နယ်စပ် ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်း နှင့်မဆို တစုံတရာလက်လွှတ်စေရန် အဆိုပါကောင်စီ က ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ် တွင်းအုပ်ချုပ် ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးရာခိုင်နှုန်းအပြည့်ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည် ထောင်ရန်ပြ သာနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တ ခုထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်စေရန်အလို့ငှာ ပဌ္စမခြေလှမ်းအ နေဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာ နိုင်ငံတော်အစိုးရ အက်ဥပဒေ အရ၊ နောက်ဆက်တွဲစာရင်းပါ အပိုင်း ၂ ဒေသများကဲ့ သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင် တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အား ဆွေးနွေးတိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိမှတ်ပြု ထားပြီးသော အခွင့်အရေးများတို့ကို ခံစားပိုင် ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ် နှင်းထားပြီး သော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ် ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်း နယ် များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရ ထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်းမရှိစေရ။ မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီစဉ် မျာကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့ အတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက၊ နယ်စပ်ဒေသ များ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရ မည်။

ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓါတ်ပဋိညာဉ်များသည် တိုင်းရင်းသားလူမျိုးများအတွက် စစ်မှန်သော အမျိုးသားသွေး စည်းရေးအင်အားကို တည်ဆောက်ပေးနိုင်သဖြင့် ဗမာပြည်နှင့် ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်စသည့် တောင်တန်း ဒေသနယ်မြေများတပြိုင်တည်း လွတ်လပ်ရေးကို လည်း အမိအရ ဆွတ်ခူးပေးနိုင်ခဲ့ပေသည်။

ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့်နောက်ပိုင်းတွင် ဗမာပြည်မနှင့် တောင်တန်းဒေသ နယ်မြေများ သည် နိုင်ငံ တခုတည်း အဖြစ် ပူးပေါင်းထားခြင်းမရှိသေးပေ။ သို့သော် လည်း တိုင်းပြုပြည်ပြု လုပ်ငန်း များနှင့် ပြည်ထောင်စု တည်ထောင်ရေး လုပ်ငန်းများကို တိုင်ပင်ဆွေးနွေးကြပြီး၊ အတူတကွ ပူးပေါင်းဆောင်ရွက် သွားကြ မည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင် ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များသည် ပင်လုံစာချုပ်ပဋိညာဉ်များ၊ ပင်လုံစာ ချုပ်နှင့် ဆက်စပ် သည့်စာချုပ်တွင် ဖော်ပြမထားသည့်သဘောတူညီချက်များ၊ ပင်လုံစာချုပ်နှင့် ဆက်စပ် သည့် စာချုပ်တွင် ဖော်ပြ မထားသည့်သဘော တူညီ ချက်များ၊   ဆွေးနွေးချက်များအားလုံးကို ပင်လုံစိတ်ဓါတ်ကပင် တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားသွေးစည်းညီ ညွတ်ရေးကို အခိုင်အမာတည်ဆောက် နိုင်ကြပြီး လွတ်လပ် ရေးကိုလည်း တပြိုင်တည်းဆွတ်ခူးနိုင်ဘို့ အမိအရတွန်းပို့နိုင် ခဲ့ပေသည်။

19th April, 1947 မေမြို့၌ တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့တည်ခင်းသော ညစာ၌ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ကာ “ ပင်လုံတွင်   ပေးခဲ့သော ကတိအတိုင်း ဆက် လက်ဆောင်ရွက်မည်ကို ယုံ ကြည်စေလို ကြောင်း၊ (၁၀) နှစ် အချိန်ပေးစေလိုကြောင်း၊ ထို (၁၀) နှစ် အတွင်း   တောင်တန်းဒေသများကျေနပ် မှုရှိလာအောင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရလျှင် ရှမ်းခေါင်းဆောင်အား သမ္မတတင်မြှောက် ၍ ကရင်အမျိုး သားအား စစ်သေနာပတိခန့်ထားမည်ဖြစ်ကြောင်း၊ တောင်တန်းဒေသခေါင်းဆောင်များအား ဝန် ကြီးများ အဖြစ်လည်း တင်မြှောက် မည်ဖြစ်ကြောင်း ” စသဖြင့် ပြွက်ကြားခဲ့ခြင်းကြောင့် တိုင်းရင်းသားများ ပိုမို စည်းလုံးမိကြသည်ဟု ဆိုကြပါ သည်။ 20th, 21th, April 1947 တွင် ချင်းကိုယ်စား လှယ်များ တင်သွင်းသော အ ချက်များတွင်၊ (၁) ပြည်ထောင်စု (Federal) အသွင်ဖြင့် ပူးပေါင်းခြင်း ဖြစ်ရမည်။ (၂) အချိန်မရွေးခွဲထွက်နိုင်ခွင့် ရှိရမည်ဟူသော အချက်များလည်း ပါဝင်ပါသည်။

14th November, 1946 တွင် ဘုရင်ခံထံ၌ ရှမ်းစော်ဘွားများပေးပို့သော စာတွင်လည်း “ဗမာပြည်နှင့် ပြည်ထောင်စုစံနစ်အရ ပေါင်းမည်။ သို့ရာတွင် –

(၁) ရှမ်းပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမည်။

(၂) အခွင့်အရေးအဆင့်အတန်း တူရမည်။

(၃) ခွဲထွက်လိုသည့်အချိန် ခွဲထွက်ခွင့် ရှိရမည် ဟု ပါရှိခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အမြော်အမြင်ကြီးမားစွာ ဆွေးနွေး တိုင်ပင်ကြပြီး၊ 1947, February, 12th ၌ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၏ ပင်လုံစိတ်ဓါတ် အဓိက အနှစ်သာရအ ချက်မှာ –

(၁) သီးခြားစီတည်ရှိသော ဗမာပြည်မနယ်မြေ၊ ရှမ်းပြည်နယ်မြေ၊ ကချင်တောင်တန်းနယ်မြေ၊ ချင်းတောင်တန်း နယ်မြေ (၄) ခု တပြိုင်တည်း လွတ်လပ်ရေး ရယူရန်နှင့်

(၂) တိုင်းရင်းသားနယ်မြေများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အပြည့် အဝရှိပြီး စစ် မှန်သောဒီမိုကရေစီဖယ် ဒရယ်ပြည်ထောင်စု တည်ထောင်ရေး အခြေခံအချက် နှစ် ချက်ပင် ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ မေလအတွင်း ကျင်းပသောဖဆပလညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ဗဟိုကြိုး ကိုင် ပင်မပြည်ထောင်စု (Unitary State) ဖွဲ့စည်းရန် မသင့်ဟုအတိ အလင်းပြောဆိုခဲ့သည်။ သို့ရာ တွင် ဗိုလ်ချုပ် အောင်ဆန်းကျဆုံးပြီးသည့်နောက်ပိုင်းတွင် မေ့လျှော့ပစ်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းလမ်းကြောင်းတလျှောက်သည် အထူး ပြောစရာရှိမည် မထင်ပါ။ ဦးနုဦးဆောင်သော ဖဆပလ အစိုးရ သည် ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံသည်ဟု ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးချန်ထွန်းဦးဆောင်၍ ရေးဆွဲခဲ့ပါသည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ အချက်အလက်များအား လိုတမျိုး၊ မလိုတမျိုး အဓိပါယ်ဖွင့်ဆို၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်းဦးကိုယ်တိုင်ကပင် “ ကျတော်တို့ရဲ့ အခြေခံ ဥပဒေဟာ သဘောတရားအားဖြင့် ပြည်ထောင်စုစံနစ် (Federal Form) ဖြစ်ပေမဲ့ လက်တွေ့ တွင် တပြည်ထောင်စံနစ်ဖြစ်ပါတယ် ” ဟု ထုတ်ဖော်ပြောဆိုကြောင်း ရန်ကုန် တက္ကသိုလ် ရာဇဝင်ပါမောက္ခဟောင်း မစ္စတာတင် ကားက သူ၏ “ ပြည်ထောင်စုမြန်မာနိုင်ငံတော် ” စာအုပ် တွင် ဤကဲ့သို့ဖော်ပြထားပါသည်။ (The Constitutional Adviser, Chan Htoon, observed much later that “ Our Constitution, though in theory federal, is in practice unitary ” )( The Union of Burma by Hugh Tinker. Page 30)

သို့ရာတွင် တိုင်းရင်းသားများအမြဲတမ်းအမျိုးသားလုံခြုံရေးအတွက် ဆွဲကိုင်လာခဲ့သော ခွဲထွက် ခွင့် နှင့် ပတ်သက်၍ ပစ်ပယ်ခြင်းမပြုနိုင်ခဲ့ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ပိုင်ခွင့်နှင့် အခန်း (၁၁) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပိုင်ခွင့်ရှိကြောင်း အတိ အလင်း ပြဌာန်းထားသည်။ အကယ်၍ ပြည်နယ် များသည် ခွဲထွက်ခွင့်တောင်း လာပါက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်ပင်လျှင် ပယ်ချပိုင်ခွင့်မရှိ ပေ။ ပြည်နယ်တိုင်း ရင်း သားခေါင်းဆောင် များသည် ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ပြင်းထန်စဉ်က ဝန်ကြီးချုပ်ဦးနု၏ စစ်တပ်အင်အားသည် တပ်ရင်းတစ်ရင်းနှင့် တဝက်သာကျန်ရှိပြီး၊ ၁၂ မိုင်အစိုးရ ဟုခေါ်တွင်ခံရ သည့်အချိန်တွင် ပင် ကချင်၊ ကယား၊ ရှမ်း၊ ချင်း၊ ပြည်နယ်ခေါင်းဆောင်များ သည် ပြည်ထောင်စု အစိုးရနှင့် လက်ချင်း ယှက်ပြီး မိမိတို့တွင်ရှိသော အင်အားတပ်ရင်း (၈) ရင်း ဖြည့်တင်း ပြီး ပြည်ထောင်စုကို ဖက်တွယ် စုပေါင်းကာကွယ်နိုင် ခဲ့ကြသည်။ ပြည်နယ်ခေါင်းဆောင်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ခွင့်ပြ ဌာန်းထားသော်လည်း ခွဲထွက်ခွင့် တကြိမ်တခါမျှ တောင်း ခံတင်ပြခြင်း အသုံးမပြုခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များချမှတ်သော ပင်လုံစိတ် ဓါတ်ပါရှိ သည့်အတိုင်း တိုင်းရင်းသားများ တန်းတူ ရည်တူ စစ်မှန်သောပြည်ထောင် စု ပြန်လည် တည်ထောင်လိုခြင်းသည် ဥပဒေ ဘောင် အတွင်း ဆောင်ရွက်ခြင်းပင် ဖြစ် သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းခဲ့စဉ်က သမ္မတကြီးမန်းဝင်းမောင်၊ ဝန် ကြီးချုပ်ဦးနု၊ ဝန်ကြီးအများအပြားအပါအဝင် စုစုပေါင်း (၅၁) ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရှမ်းပြည်လွတ်လပ် ရေးအဖွဲ့ (ရပလ) လူငယ်များကိုပင် ချမ်းသာမပေးပဲ အားလုံးဖမ်းဆီးခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် မတ် လ (၂) ရက်၊ နံနက် (၄) နာရီအချိန်တွင် စစ်တပ်သည် သမ္မတဟောင်းညောင်ရွှေစော်ဘွားကြီး စစ်ရွှေသိုက် နေထိုင် သည့် နေအိမ်ခြံဝင်းကို ဖောက်ဝင်ပြီး၊   လေးဘက်လေးတန်မှ ပစ်ခတ် သဖြင့် စော်ဘွားကြီးသားတော်၊ သားလတ် စစ်မီမီ (၁၇) နှစ်အရွယ်ပင် ကျဆုံးခဲ့ရရှာသည်။ ဗိုလ်နေဝင်းလက်ထက်ကာလတွင် ဖက်ဒရယ်သည် ခွဲထွက်ရေး၊ တိုင်းပြည်ဖြိုခွဲရေးဖြစ်ကြောင်း၊ မဟုတ်မမှန်ဝါဒဖြန့်ချီခြင်းလုပ်ရပ်နှင့် တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်ကမတရားနှိပ်စက်၊ လုယက်ဖျက်ဆီး၊ သတ်ဖြတ်မုဒိန်းကျင့်ခြင်းလုပ်ရပ်ကြောင့် ဗမာတိုင်း ရင်းသားအများစုနှင့် အခြားလူမျိုးစုများအကြား စည်းလုံးညီညွတ် ရေးပျက်ပြားရန် သပ်သျှိုဖြိုခွဲနိုင် ခဲ့သည်။

ဗိုလ်နေဝင်းဦးဆောင်သော မဆလတပါတီအာဏာရှင်စစ်အုပ်စုသည် ပြည်သူတရပ်လုံးအပေါ် ဖိနှိပ် ကျွန်ပြုနိုင် ရန်အတွက် ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၎င်းတို့စိတ်ကြိုက်ရေး ဆွဲပြဌာန်းလိုက်သည်။ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တပြည်ထောင်စံနစ်ဖြစ်သည့်အပြင် တပါတီအာဏာရှင်စံနစ် လည်းဖြစ် သဖြင့်   တိုင်းရင်း သားလူမျိုးများ မူလအခြေခံရပိုင်ခွင့် အခွင့် အရေး များသာမက ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးဟူသ မျှလည်း လုံးဝဆိတ်သုန်းသွားခဲ့ သည်။

မဆလတပါတီအာဏာရှင်စံနစ်အုပ်စိုးသည့် ၂၆ နှစ်ကြာ ပြည်သူတရပ်လုံးအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစ သည့် ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးများ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ထိန်း ချုပ်ထားသော်လည်း နိုင်ငံ ရေးအသိအမြင် နိုးကြားကြသည့် ရဟန်းသံဃာများ၊ နိုင်ငံရေးသမား များ၊ ကျောင်းသားလူငယ်များ၊ အလုပ်သမားနှင့် ပြည်သူလူထုများ အချို့တို့သည် ဒီမိုကရေစီ အခြေခံလူ့အခွင့်အရေးအတွက် အာဏာရှင်စံနစ်ကိုအကြိမ် ကြိမ်ဆန့်ကျင် ဆန္ဒပြတိုက်ပွဲ ဝင်ခဲ့ကြသည်။

(၁) ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် တက္ကသိုလ်ကျောင်းသားသပိတ်။ (စစ်အာဏာရှင်က ငြိမ်းချမ်း စွာဆန္ဒ ပြသော ကျောင်းသား/ သူများကို ပစ်သတ်သဖြင့် ရာနှင့်ချီပြီး သေဆုံးသွား သည်။ ကျောင်း သားသမဂ္ဂအ ဆောက်အဦးကို ဖြိုခွဲဖျက်ဆီးလိုက်သည်။ အများအပြား ဖမ်းဆီးထောင် ချခြင်း ခံရ သည်။)

(၂) ၁၉၆၃ ခုနှစ်၊ ဗကပ (၅) ခရိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (၁) ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲ (အများ အပြား ဖမ်းဆီးထောင်ချခြင်းခံကြရသည်။)

(၃) ၁၉၆၅ ခုနှစ်၊ ကျောင်းသားပွဲ အဓိကရုဏ်း။

(၄) ၁၉၆၇ ခုနှစ်၊ ဇူလိုင် တရုတ် – ဗမာ အရေးအခင်း။

(၅) ၁၉၆၇ ခုနှစ်၊ ရခိုင်ပြည်စစ်တွေမြို့ဆန်လုပွဲပြသာနာ (စစ်တပ်မှ ပစ်ခတ်သဖြင့် ရခိုင်အမျိုးသား များ အများ အပြားသေဆုံးသွားသည်။ မဆလစစ်အုပ်စုသည် ဆန်ပြတ်လပ်သည့်ပြသာနာ ကို ပြည်သူ လူထုအာရုံပြောင်း လဲအောင် တရုတ် – ဗမာအရေးအခင်းတရပ် ဖန်တီးလိုက်သည်။)

(၆) ၁၉၆၉ ခုနှစ်၊ အာရှကျွန်းဆွယ်အားကစားဆန္ဒပြပွဲ။ (အများအပြား ဖမ်းဆီးထောင်ချခြင်း ခံရသည်။)

(၇) ၁၉၇၀ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ရွှေရတုလှုပ်ရှားမှု။

(၈) ၁၉၇၂ ခုနှစ်၊ ဂုံနီအိတ်စက်ရုံအလုပ်သမားနှင့် အင်းစိန်မီးရထားစက်ရုံအလုပ်သမားသပိတ်။ (အများအပြား အလုပ်ထုတ်ပယ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းခံရသည်။ )

(၉) ၁၉၇၄ ခုနှစ်၊ ဧပြီကမာရွက်ဂါတ်တဲ မီးရှို့မှု။

(၁၀) ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အလုပ်သမားသပိတ်။ (အများအပြား အလုပ်ထုတ်ပယ်ခြင်း၊ ဖမ်းဆီးခြင်း ခံရသည်။)

(၁၁) ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ဦးသန့်အရေးအခင်း။ (သေနတ်အသံ မမည်စေရဟုပြောပြီး စစ်တပ်က ကျောင်း သားလူငယ်များကို ဘက်နက်ဖြင့်ထိုးသတ်ခဲ့သည်။ အများအပြား ဖမ်းဆီးထောင်ချခြင်း ခံကြရသည်။ ယင်းအ ချိန် ချင်းအမျိုးသားကျောင်းသားလူငယ်များ၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ပိုမိုစုစည်းမိကြသည်။)

(၁၂) ၁၉၇၅ ခုနှစ်၊ ဇွန်လ အလုပ်သမားနှင့် ကျောင်းသားရွှေတိဂုံသပိတ်။ (အများအပြားကျောင်း ထုတ်ခြင်း၊ အ လုပ်ထုတ်ပယ်ခြင်း၊ ဖမ်းဆီးခြင်းခံရသည်။)

(၁၃) ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ သခင်ကိုယ်တော်မှိုင်း မှိုင်းရာပြည့်ကျောင်းသားလှုပ်ရှားမှု။

(၁၄) ၁၉၇၆ ခုနှစ်၊ မတ်လ ဗိုလ်ကြီးအုန်းကျော်မြင့် လှုပ်ရှားမှု။

(၁၅) မန်းငွေအောင်၊ မန်းဒါဝိတ်လှုပ်ရှားမှု။

(၁၆) ၁၉၈၃ ခုနှစ်၊ ဒုတိယမြောက် မန်းငွေအောင်လှုပ်ရှားမှု။

(၁၇) ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ် ဒီမိုကရေစီအရေးတော်ပုံကြီးစသည့် ဒီမိုကရေစီတိုက်ပွဲများ အသီးသီးပေါ် ပေါက်ခဲ့သည်။ (နိုင်ငံအနှံ့အပြား ပစ်သတ်ခြင်းခံ ရသဖြင့် ထောင်နှင့်ချီပြီး သေဆုံး ခဲ့ကြသည်။ သောင်းနှင့် ချီပြီး လွတ်မြောက်နယ်မြေနှင့် နိုင်ငံတကာ သို့ ရောက်ရှိသွားကြ သည်။ ထောင်နှင့်ချီပြီး ဖမ်းဆီး ချုပ်နှောင်ထောင် ချ ခြင်းခံရကြသည်။)

နောက်ဆုံး ၁၉၈၈ ခုနှစ်တွင် ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသား၊ တိုင်းရင်းသားလူမျိုးပေါင်း စုံ ပြည်သူတရပ် လုံးမခံမရပ်နိုင် သည့်အဆုံး ပြည်လုံး ကျွတ်ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် မဆလ တပါတီ အာဏာရှင်စံနစ်လည်း ဘုန်းဘုန်းလဲကျဆုံးပြီး နိဂုံးချုပ်သွားတော့သည်။ ယင်းတို့ စိတ်ကြိုက်ရေး ဆွဲထားသော ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ၎င်းတို့ကိုယ်တိုင်ဖျက် သိမ်းလိုက်ရသည်။

သို့သော် ဖယ်ဒရယ်နိုင်ငံတော်တည်ထောင်လိုသော စိတ်ဓါတ်နှင့် ပင်လုံစိတ်ဓါတ်တို့သည် မီးဇာ မကုန်၊ ဆီမီးခမ်းသွားခြင်းလည်း မရှိသေးပဲ မြန်မာနိုင်ငံ တဝှမ်းခေတ် အဆက်ဆက် တမြေ့မြေ့တောက်လောင်နေ ဆဲဖြစ်နေပါသည်။ ၎င်းအတွက် ကြိုးပမ်းတိုက်ပွဲဝင်လာ ခဲ့သည်မှာ လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြ ရာ ထင်ရှားသော သာဓကအချို့အား တင်ပြပါမည်။

(၁) ၁၉၄၆ ခုနှစ်၊ မတ်လ (၁ – ၁၂) ရက်နေ့ထိ တွေ့ဆုံဆွေးနွေးပွဲနှင့် နောက်ဆက်တွဲ၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၃ – ၁၂) ရက်ထိ ပင်လုံညီလာခံသဘောတူညီချက် (၅) ချက်။

(၂) ၁၉၆၁ ခုနှစ်၊ ဇွန်လ (၁ – ၁၂) ရက်နေ့ထိ တိုင်းရင်းသားခေါင်းဆောင်များ အားလုံးပါ ဝင်သော တောင်ကြီး ညီလာခံ။

(၃) ၁၉၉၀ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့၊ ဗိုလ်အောင်ကျော်လမ်း၊ ပူးတွဲသဘော တူကြေငြာ စာတမ်း။

(၄) ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၇ – ၁၄) ရက်နေ့၊ တိုင်းရင်းသားေ ခါင်းဆောင်များအားလုံး ပါဝင်သော ကော် သူးလေပြည်နယ်၊ မယ်သရောထသဘော တူညီ ချက် ကြေငြာစာတမ်း။

(၅) ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ အမျိုးသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစု၊ အဖွဲ့အစည်းပေါင်း (၂၃) ဖွဲ့ပါဝင်သော သူးမွဲကလိုး သဘောထား ထုတ်ပြန်ကြေငြာချက်။

(၆) ၂၀၀၀ ခုနှစ်၊ သြဂုတ်လ (၂၆ – ၃၀) ရက်နေ့၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့အစည်းအသီး သီးမှ ခေါင်းဆောင်များပါဝင်သော လော်ခီးလာ သဘောထား ထုတ်ပြန်ကြေငြာ ချက်။

(၇) ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ အစည်းပေါင်း (၄၂) ဖွဲ့မှ ကိုယ်စားလှယ် (၁၀၄) ဦး ပါဝင်လက်မှတ်ရေး ထိုးထုတ်ပြန်သော အခြေခ မူ (၈) ချက်တို့သည် ပင်လုံစိတ်ဓါတ် ကို အခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ထောင်ရေး တို့ကို တခဲနက်တောင်း ဆိုသော ခေတ် အဆက်ဆက်မှ မြန်မာပြည်သူလူထု၏ တသွေးတသံသာဖြစ်ကြပါသည်။ ထို့ ကြောင့် ညီညွတ်၍ စည်း လုံးသော ဖယ်ဒရယ်နိုင်ငံတည်ထောင်ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အ ခြေခံ မူလသဘာဝပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းခေတ် မှတင်ရှိ ခဲ့သော   နိုင်ငံရေးအကြွေးဖြစ်ပြီး ယနေ့ ခေတ်အထိ အကောင်အထည်ဖော် ဆောင်ရွက် ရန်တင်ရှိနေသေးသော သမိုင်းပေးတာဝန် ကြီးတရပ် ဖြစ်ပါ သည်။

မိတ္ထီလာအကြမ်းဖက်မှု ရုပ်သံများ

မိတ္ထီလာအကြမ်းဖက်မှု ရုပ်သံများ

http://www.youtube.com/watch?v=GhVG2CL0oIg

http://www.youtube.com/watch?v=KEowvdIX7Bk

http://www.youtube.com/watch?v=SdlVUl6ui2U

http://www.youtube.com/watch?v=8_M7i90KdK8

မြစ်ကြီးနား မလိယန်စခန်း ဒုက္ခသည်များစားဝတ်နေရေးအခက်ကြုံနေဆဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဇီးလွန်ကျေးရွာ မလီယန် (Mali Yang) ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်တွင် ခိုလှုံနေသော ဒုက္ခသည်စခန်းတွင် နေ့စဉ် စားရေးသောက်ရေး အတွက်အခက်အခဲကြုံနေရဆဲဖြစ် ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးများ ထောက်ပံ့ပေးနေသော်လည်း ဒုက္ခသည်များ ချက်ပြုတ်စားသောက်ရန် ထင်းများဝယ် ယူဖို့ခက်ခဲနေ သည်ဟု မလိယန်ဒုက္ခသည်စခန်းမှ သိရသည်။

“ကျနော်တို့က အုပ်စုလိုက် အုပ်စု လိုက် အဖွဲ့ ၄ ဖွဲ့ထားပြီးတော့ စုပေါင်းပြီးချက်စားတယ်။ အဖွဲ့တစ်ဖွဲ့က အချိန်တစ်ပါတ်စီချက်တယ်။ ကျနော်တို့အသင်းတော်က အသင်းတော် အသစ်ဆိုတော့ ဘတ်ဂျတ်လဲမရှိ တော့ခက်တာပေါ့နော်” ဟု ဒုက္ခသည်စခန်းကိုကြည့်ရှုနေသူ တာဝန်ရှိသူတစ်ဦးပြောသည်။

ဘူးဂါး (Buga) ကုမ္ပဏီမှ ဖြန့်ဝေပေးနေသည့်မီးသည်လည်း အချိန်မှန်မရခြင်းနှင့် အားမရှိသောကြောင့် ချက်ပြုတ်ရန် အခက်ခဲရင်ဆိုင်နေရသကဲ့သို့ ရေသုံးရန်လည်း မီးစက် မရှိသောကြောင့် အရာရာခက်ခဲနေသည် ဟု ပြောသည်။

မလိယန် (Mali Yang) နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းတွင် World Concern မှပြုလုပ်ပေးသည့် ရေတွင်းတခုရှိသော်လည်း ရေတင်ဖို့ရန် မီးစက်မ ရှိသောကြောင့် လည်း နေ့စဉ် ခက်ခဲနေသည်ဟု ဆိုသည်။

“ကျနော်တို့ Camp မှာ မီးစက် ၁ ခုတော့ အလှူရှိတယ်။ ဒါမဲ့ အဲဒီစက်လည်းပျက်နေတော့ ခက်နေတယ်။ ၀ယ်ထားတဲ့ ရေမြုပ်မော်တာက အားကြီးတော့လေ။ ဘူးဂါး မီးက လည်း အားလုံး ကိုင်တယ်ဆိုတော့ ညဘက်ဆိုပိုဆိုး အားက ၁၁၀၊ ၁၂၀ သာရှိတဲ့ကြောင့်ခက်တယ်” ဟု ဒုက္ခသည် စခန်းမှဆရာ တဦးက KNG ကချင် သတင်း ဌာနသို့ပြောသည်။

ယခုချိန် ဒုက္ခသည်စခန်းတွင် အယောက် ၃၀၀ ကျော်ခိုလှုံနေပြီး ထမင်းချက်ရန် ရေးတွင်းမှလက်ဖြင့် ဆွဲယူနေရသကဲ့သို့ အိမ်သာလည်း ၆ လုံးသာရှိသောကြောင့် ထပ်ဖြည့်ရန် လိုအပ်နေသည်ဟု ဆိုသည်။

၎င်းဒုက္ခသည်စခန်းတွင် အစာအိမ်သွေးကြောပေါက်ပြီး မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁ ဦးလည်းရှိသည်။

အဆိုပါစခန်းအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး KBC နှစ်ခြင်းခရစ်ယာန် အသင်းတော်များမှ ဟင်းဖိုးအတွက် ကူညီပေးနေသော်လည်း လုံလောက်မှုမရှိဖြစ်နေခြင်းဖြစ်သည်။

မြန်မာအစိုးနှင့် KIO စစ်ပွဲများ စတင်ဖြစ်ပွားလာချိန်မှ KIO ထိန်းချုပ်နယ်မြေ ဂါးရာယန် (Ga Ra Yang)၊ ဂျာပူ (Ja Pu)၊ ဒဘတ် (Dabak)၊ ပန်ဒေါင် (Pandawng)၊ အောင်ဂျာယန် (Awng Ja Yang) ကျေးရွာများမှ ဒေသခံများ အဆိုပါ မလိယန် (Mali Yang) နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်းရှောင် လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်ဆလင်များအပေါ်လူသား မဆန်သောဖိနှိပ်ညှင်းပမ်းမှုများ နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ

“ခင်ဗျားတို့လုပ်နိုင်တာ ဆုတောင်းရုံပါပဲ” – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် လူသားမဆန်သော ဖိနှိပ်ညှင်းပမ်းမှုများ နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ
ဆိုတဲ့ ခေါင်းစဉ်ပါ စာမျက်နှာ ၁၆၅ မျက်နှာ အစီရင်ခံစာအတွင်း မြန်မာအစိုးရအာဏာပိုင်များက ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ရေးလှုပ်ရှားမှုကို ဆောင် ရွက်နေပြီး ယနေ့တိုင် စားနပ်ရိက္ခာ အကူအညီများ၊ ထောက်ပံ့ရေးလုပ်ငန်းများ မရရှိအောင် ပိတ်ဆို့ဟန့်တားထားဆဲ ဖြစ်သည်ဟု လူ့အခွင့် အရေး   စောင့်ကြည့် အဖွဲ့ HRW က ဧပြီ ၂၂ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်နှစ် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း နေအိမ်မီးရှို့မှုတွေ၊ အပြစ်မဲ့ပြည် သူတွေကို သတ်ဖြတ်မှုများကို ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်ရဟန်းပျိုသမဂ္ဂ အမည်ခံ ဗုဒ္ဓဘာသာဘုန်းကြီးများ နှင့် သာမာန် အရပ်သူအရပ်သားများက ၀ိုင်းဝန်း လုပ်ဆောင် ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့ပြင် လုံခြုံရေး အင်အားစုများ ဖြစ်သော ရဲ၊ လုံထိန်း၊ နစကအဖွဲ့၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မွတ်ဆလင် များ ကို သတ်ဖြတ်တိုက်ခိုက်မှုများအား လက်ပိုက်ကြည့်ရုံတင်မက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု HRW ရဲ့ အာရှဆိုင် ရာ လက်ထောက် ဒါရိုက်တာ ဖီလ် ရော်ဘင်ဆန်က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တကျော့ပြန်အကြမ်းဖက်မှုများအတွင်း အစိုးရလုံခြုံရေး အင်အားစုများက ဓါးရှည်များ၊ ဝါးချွန်များ၊ တုတ်များ၊ လက် လုပ်သေနတ် များ ကိုင်ဆောင် ထားသည့် အင်အားစုများနှင့်အတူ ရိုဟင်ဂျာမွတ်ဆလင်များ၏ နေအိမ်များကို စီးနင်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု များပြုလုပ်ခဲ့ပြီး ရွာလုံး ကျွတ် ပြာ ပုံဖြစ်ခဲ့ရသည့် အဖြစ်အပျက်များ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသူများကို စနစ်တကျ အလောင်းဖျောက်ဖျက်မှုများ ရှိခဲ့ကြောင်း အစီရင်ခံစာ က ထုတ်ဖေါ်ရေးသားထားသည်။ အဆိုပါ အစီရင်ခံစာနဲ့ပက်သက်ပြီး ရိုဟင်ဂျာများ၊ ကမန်လူမျိုးများ၊ ရခိုင်လူမျိုး နှင့် မြန်မာလူမျိုးများကို အကြိမ်ပေါင်း ၁၀၀ ကျော် တွေ့ ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း Mass Grave ဟုခေါ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းများ မြှုပ်နှံထားသည့် နေရာ ၄ခုကို HRW က ရှာဖွေတွေ့ရှိခဲ့ပြီး အစိုးရအာဏာပိုင်များက အလောင်းများ ဖျောက်ဖျက်ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုများကို စုံစမ်းရန် လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ကော်မရှင်ကို ခွင့်ပြုသင့်ပြီး မြန်မာပြည်ကို ထောက်ပံ့ကူညီလိုသည့် အလှူရှင်နိုင်ငံများ အနေဖြင့် အခြေအနေမှန်ကို သိရှိနားလည်ရန် လိုအပ်နေပြီး ဖြစ်ပျက်ခဲ့မှုများအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော အရေးယူမှုများ လုပ်ဆောင် ဖို့ တိုက်တွန်းကြောင်း HRW မှ ဖီလ် ရော်ဘင်ဆန်က ဆိုသည်။

HRW ရဲ့ အစီရင်ခံစာ မူရင်းကို ဒေါင်းလုတ် ရယူလိုပါက ဒီလင့်ကိုနှိပ်၍ ယူနိုင်ပါတယ် >>>
http://www.hrw.org/sites/default/files/reports/burma0413_FullForWeb.pdf

ပြည်ထောင်စု အစိုးရအဖွဲ့အုပ်ချုပ်ရေး

ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ် -၁၅/၂၀၁၀ ဖြစ်သော ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ကို ၂၀၁၀ ပြည့်နှစ်၊ အောက် တို ဘာ  လ ၂၁ ရက်နေ့ ကပင် ပြဋ္ဌာန်းထား သည်။

သမ္မတကြီး ဦးသိန်းစိန်(Internet)

သမ္မတကြီး ဦးသိန်းစိန်(Internet)

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ရ ၊ ပြည်ထောင်စုအစိုးရ၊ ပုဒ်မ -၁၁၄ တွင်” ပြည်ထောင်စု နိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ -၅၆ အရ ခန့်ထားသော ၀န်ကြီးချုပ်နှင့် ၀န်ကြီးများဖြင့် ဖွဲ့စည်းရမည်။ ”ဟုပါရှိသည်။ ပုဒ်မ -၅၆(၁) တွင်” နိုင်ငံ တော် သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသော ပုဂ္ဂိုလ်အား ၀န်ကြီး ချုပ်ခန့်ထားရမည်။ ထိုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အကြီးအမှုးဖြစ်ရမည်။”ဟုလည်းပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရပါသည်။

ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၉(က) တွင် ”နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။”ဟုဖော်ပြပါရှိသည်။ သမ္မတ အုပ်ချုပ်ရေးစနစ် ဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ပြည်ထောင်စု ၀န်ကြီးချုပ်ကို ဤ ၂၀၀၈ အခြေခံဥပဒေ တွင် ဖော်ပြထားသည်ကို လုံးဝမတွေ့ရှိရပါ။ ပုဒ်မ -၂၀၀ (ဂ) တွင်” ပြည်ထောင်စု ၀န်ကြီးများ။”ဟုဖော်ပြထားသော ၀န်ကြီးများကို ကြီးကြပ်ကွပ်ကဲရန် ပြည်ထောင်စု ၀န်ကြီးချုပ်က မလိုအပ်တော့ပြီလော။ လက်တွေ့အကောင် အထည်ဖော်နေရသောဝန်ကြီးဌာန အားလုံးကို သမ္မတနှင့် ဒုသမ္မတ နှစ်ဦးတည်းက အကွက်စိအောင် ကြီးကြပ်ကွပ်ကဲ နိုင်ပါမည်လော။

သမ္မတစနစ်ကို အကောင်အထည်ဖော်ရုံမျှဖြင့် ၀န်ကြီးချုပ် လုံးဝမထားရှိခြင်းမှာ တိုင်းပြည်၏ ကွက်လပ်ကြီး တခုအဖြစ် အုပ်ချုပ်ရေးစနစ်ကို အားနည်းစေပြီး လာဘ်ပေး လာဘ်ယူ အကျင့်ပျက်ခြစားမှုများကို အားပေး အားမြှောက်ပြုရန် လမ်းဖွင့်ပေးထားသလို ဖြစ်နေပါသည်။ သမ္မတသည် ဥပဒေပြု အာဏာကိုရော အုပ်ချုပ် မှု အာဏာကိုပါ နှစ်ကြိုး သုံးကြိုးကိုင် စနစ်ကိုကျင့်သုံးနိုင်ရန် ဤကဲ့သို့ ပြဋ္ဌာန်းထားကြောင်းတွေ့ရှိရပါသည်။

ပုဒ်မ – ၂၁၆ တွင်” ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စု လွတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့ လည်း သက်ရောက်ပျံ့နှံ့သည်။”ဟု ဖော်ပြချက်မှာ ဥပဒေပြုအာဏာကိုပင် အုပ်ချုပ်ရေးအာဏာက လွှမ်းမိုးထား သည်ကို ထင်ဟပ်စေသည့် ပြဋ္ဌာန်းချက်ဖြစ်နေပါသည်။ ပြည်ထောင်စု လွှတ်တော်၏အထက်တွင် ပြည်ထောင်စုအစိုးရကိုထားရှိခွင့်ပေးထားခြင်းမှာ နိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်ကိုသာ ဖြစ်ပေါ် စေနိုင်ပါသည်။ ထိုသို့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ နိုင်ငံတကာ သင်ခန်းစာများကို လေ့လာအတုယူပြီး ဤကိစ္စကို လုံးဝပြင်ဆင် သင့်ပါသည်။စစ်ဗျူရိုကရေစီအုပ်ချုပ်ရေးက ပြဋ္ဌာန်းခိုင်းသည့် ဥပဒေများကို ပြည်ထောင်စု လွှတ်တော်ကြီးက လိုက်နာ၍ ပြဋ္ဌာန်းနေရ သည်ကို ထွက်ပေါ်လာသည့် လောလောဆယ် ဥပဒေများကို ကြည့်ရှုလေ့လာ ခြင်းအားဖြင့် တွေ့မြင်ရမည်ဖြစ်ပါသည်။

မြန်မာအစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပုံ(Internet)
ပုဒ်မ – ၂၀၁ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အဖွဲ့ဝင် (၁၁) ဦးဖြင့်ဖွဲ့စည်းထားသည်။ ၁၁ ဦးတွင် တစ်ဦးတည်းသာ အရပ်သားဖြစ်နေ သည် ကို အထင်အရှားတွေ့ရှိနေရပါသဖြင့် စစ်ဗျူရိုကရက် လုံခြုံရေးကောင်စီကသာ တိုင်းပြည်ကို အုပ်ချုပ်နေကြောင်း ငြင်းကွယ်၍မရတော့ပါ။

ထို့အပြင် ပုဒ်မ ၂၀၁အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းထားသော အဖွဲ့ဝင်(၁၁)ဦးအနက် ဒုသမ္မတ တဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည့် ၆ ဦးတို့မှာ တပ်မတော်မှ ဖြစ်ကြရမည်ဟု ပြဌာန်း ထားပြီး ဖြစ်ပါသည်။ထို ပြဋ္ဌာန်းချက်အရ ၁၁ ဦးတွင် တပ်မတော်က ၆ ဦး အပိုင်ယူထားပြီ ဖြစ်နေရာ အများစုမဲ ဖြစ်နေသည့်အတွက် သမ္မတသည် အရပ်သားဖြစ်သည့်တိုင် စစ်အုပ်စုအလိုမကျပါက ဘာတခုမျှဆောင်ရွက်နိုင်စွမ်းရှိတော့မည် မဟုတ်ပါ။

ဤအချက်များအရ အရပ်သားအစိုးရတရပ်ကို မည်သို့ထူထောင်ပါမည်နည်း။ အရပ်သား ပြည်သူ့အစိုးရ တရပ်ကို ဖွဲ့စည်းတည်ထောင်လိုသည့် ဆန္ဒသဘော ထား ဖော်ပြချက် တချက်တလေမျှ ပါမလာသည်ကိုသာ တွေ့မြင်သုံးသပ်ရပါသည်။ နိဒါန်း ဖော်ပြချက်ပါ ”နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်း ဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသား ပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေး”ဆိုသည့် မူနှင့် လုံးဝဆန့်ကျင်နေ ပါသည်။   ပြည်သူ အများ ငြိမ်းချမ်းသာယာ ၀ပြောရေးဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးမူကို ဆန့်ကျင်ထားသော စစ်ဗျူရိုကရက်အုပ်ချုပ်ရေးကို အကောင် အထည်ဖော် မည့် မည်သည့် ပုဒ်မကို မဆိုပယ်ဖျက်သင့်ပါသည်။

ပုဒ်မ – ၂၁၅ တွင်” နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင် ရွက်နေသည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော် မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာ တွင် ဤကဲ့သို့ တာဝန်မရှိခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ် တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။”ဟု ဖော်ပြထားချက်သည် နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို ဗြောင်စိန်ခေါ် လိုက်ခြင်း ဖြစ်ပါသည်။ တရားဥပဒေ၏ အထက်တွင်မည်သူမျှ မရှိစေရဟုဆိုသော်ငြားလည်း သမ္မတရှိနေသည်ကို ဤပုဒ်မက ငြင်းပယ် ဆန့်ကျင် ထား သဖြင့် ပြင် ဆင်ပြဋ္ဌာန်း ရမည့် ပုဒ်မစာရင်းတွင်ထည့်သွင်းသင့်ပါသည်။

ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ ၂၃၂ (ခ) (၁) တွင် ”လွှတ်တော်ကိုယ်စားလှယ် များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲကဖြစ်စေ ပုဒ်မခွဲ (က) ပါသတ်မှတ်ထား သည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်။” ဟုပါရှိသည့်အတွက် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူလည်း ပြည်ထောင်စု ၀န်ကြီး ဖြစ်နိုင်ပါသည်။ ပြည်သူ့ကိုယ်စားပြုမှုမ ရရှိသည့် မည်သူ့ကိုမဆို ပြည်ထောင်စုအဆင့်တွင် တာဝန် ပေးအပ်ရန် မသင့်တော်ပါ။ သမ္မတကလက်သင့် ရာ စားတော်ခေါ်နိုင်သည့် အာဏာရရှိ ထားခြင်းမှာ ဒီမိုကရေစီမူနှင့် ဆန့်ကျင်နေပါသည်။ ထိုပြင် ပုဒ်မ ၂၃၂ (ည) (၁) တွင် ”ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တည်ဆဲ ၀န်ထမ်းစည်းမျဉ်း စည်းကမ်း များနှင့် အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။” ဟုပါရှိသော်လည်း

ပုဒ်မ ၂၃၂ (ည) (၂) တွင် ” ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို”ဟု ပြဋ္ဌာန်းထားချက်မှာ ၀န်ထမ်း နှင့် တပ်မတော်သား ကို အကျိုးခံစားခွင့်ခွဲခြားလိုက်ခြင်း သက်သက်ဖြစ်နေပါသည်။ စကားရပ်များအရလည်း တပ်မတော်သားသည် ၀န်ထမ်းဖြစ်ကြောင်း ပြဆိုထားပြီးဖြစ် သဖြင့် ပုဒ်မ ၂၃၂(ည) (၁) နှင့်ညီညွတ်စေရန် ဤပုဒ်မ ၂၃၂ (ည) (၂) ကို လုံးဝပယ်ဖျက်သင့်ပါသည်။

တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာကို ဖေါ်ပြသည့် ပုဒ်မ ၂၄၉ တွင်”ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စု ဥပဒေ တရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ် များသို့ လည်း သက်ရောက်ပျံ့နှံ့သည်။” ဟုဖော်ပြထားသည်မှာ အစိုးရ၏ အုပ်ချုပ်မှုအာဏာက တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်၏ ဥပဒေပြုနိုင်သောကိစ္စရပ်များပေါ် လွှမ်းမိုးထားကြောင်းတွေ့ရသည်။ ပုဒ်မ ၂၁၆ ကဲ့သို့ ပြည်ထောင်စုမှာအတိုင်း ဖြစ်နေပါသည်။ ဤနေရာတွင် ပြည်ထောင်စု ဖွဲ့စည်း ပုံ အရသာ ဖွဲ့စည်းမည်ဆိုပါက ပြည်နယ်လွှတ်တော်ဥပဒေပြုရေးအာဏာအထက်တွင် ပြည်နယ်အစိုးရ လုံးဝမရှိရပါ။ ဥပဒေပြုလွတ်တော် ကပြဋ္ဌာန်းလိုက် သည့် ဥပဒေကိုသာ အစိုးရက လိုက်နာကျင့်သုံးရပါမည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်လိုအပ်ပါသဖြင့် ဤပုဒ်မအား လည်းဖျက်သိမ်းပြီး ပြည်ထောင်စုပီပြင်သည့် ပြည်နယ်ဥပဒေပြုလွှတ်တော်များ ကိုတည်ဆောက် နိုင်မည့် ပုဒ်မများကိုသာ ထည့်သွင်းပြဋ္ဌာန်း သင့်ပါ သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ဆိုင်ရာ ပုဒ်မ ၂၆၁ (ဂ) တွင်” နိုင်ငံတော် သမ္မတ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေး ရမည်။”ဟုဖော်ပြထားသည်။ ပုဒ်မ ၂၄၇ (က)တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအမှူးးကို တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ် ဝန်ကြီးချုပ် ဟု ခေါ်ဝေါ် ရမည်။” ဟုသာဖော်ပြပါသည်။ ပြည်ထောင်စုမှာကဲ့သို့ သမ္မတဟု ခေါ်ဝေါ်ရမည်ဟု မဖော်ပြသော်လည်း ”အကြီးအမှူး သို့မဟုတ် အကြီးအကဲ” ဟုဖော်ပြသင့်ပါသည်။ ပြည်ထောင်စု မပီသမှုတချက်ကို တွေ့ရှိရပါသည်။ လက်ရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၀န်ကြီးချုပ်များသည် မိမိတိုင်းဒေသကြီးနှင့် မိမိပြည်နယ်မှ ရွေးချယ်ထား ခြင်းခံရသည့် ပုဂ္ဂိုလ်များမဟုတ်သည်များကို ကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိပြည်သူ လူထု၏ ရွေးချယ်ခန့် ထားသည့်ပုဂ္ဂိုလ်များမဟုတ်ဘဲ ခန့်အပ်အုပ်ချုပ်သည့် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တယား ဖြစ်ကြောင်း ပီပြင်စွာတွေ့ရှိရ ပါသည်။ ပြည် သူ့အုပ် ချုပ်ရေးနှင့် ဝေ လာဝေးပြီး တလွဲတချော်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် အခြေအနေကို ရောက်ရှိနေ သည့်အတွက် အုပ်ချုပ်ရေး ယန္တယား တစုံလုံး ကို အသစ်ပြင်ဆင် ပြဋ္ဌာန်း သင့်ပါသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးဆိုင်ရာ ပုဒ်မ- ၂၆၀ တွင်” တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူး သည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။” ဟုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး ဆိုင်ရာပုဒ်မ- ၂၈၈ တွင်” ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင် ရွက်စေရမည်။” ဟု လည်းကောင်း ဖော်ပြထားသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက ကိုလိုနီအုပ်ချုပ်ရေး ယန္တယားဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ သည့် ပုံသဏ္ဌာန်နှင့် ဘာများကွာခြားပါသနည်း။ ပါလီမန်ခေတ်၊ မ ဆ လ ခေတ်နှင့် ဘာများကွာခြားပါသနည်း။

ဆန်းစစ်ကြည့် လိုက်လျှင် မျောက်လောင်း မျောက်လောင်းပင် အတူတူနှင့် အနူနူ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ဗျူရိုကရေစီ အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းချင်သည် ဆိုလျှင် ယန္တယားတစုံလုံးကို ပြောင်းလဲပစ်ရန် လိုပါသည်။ ပြည်သူ့အတွက် ပြည်သူတွေကိုယ်တိုင်အုပ်ချုပ် သည့် ပြည် သူ့ဒီမိုကရေစီအုပ်ချုပ်ရေးသို့ မုချ ပြောင်းလဲပစ်ရမည့် ခေတ်ရောက်နေပါသဖြင့် ဤပုဒ်မအားလုံး ကို ပြန်လည်ပြုပြင် ပြဋ္ဌာန်းသင့်ပါသည်။ ရပ်ကွက် သို့မဟုတ်  ကျေးရွာအုပ်စု အုပ်ချုပ်ရေး နှင့်စပ်ဆိုင်သည့် ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ကို ပြဋ္ဌာန်းသကဲ့သို့ မြို့နယ်၊ ခရိုင် ၊ တိုင်း ဒေ သကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေး ဥပဒေများ ကို ပြဋ္ဌာန်းလာနိုင်လျှင် တနည်းတဖုံ ပြောင်းလဲ လာနိုင်ပါသည်။ ပြည်သူ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်သည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော် စစ်စစ်ကသာလျှင် ဖော်ဆောင်နိုင်မှာ ဖြစ်ပါလိမ့်မည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း ဆိုင်ရာ ပုဒ်မ ၂၆၆ (ခ) တွင်” နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန်သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာ သည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရ မည်။”ဟု ပြဋ္ဌာန်းထားချက်ကိုတွေ့ရပါသည်။ ပုဒ်မ ၂၆၆ (က)အရ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများ ထဲက ဖြစ်စေ-ဟုလည်းကောင်း ပုဒ်မ ၂၆၆(က)(၂) အရ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူဟုလည်း ကောင်း ဖော်ပြထားပါသည်။

ပုဒ်မ ၁၂၀ (ဂ) တွင်”ပြည်သူ့လွတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ။ (ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်း နှင့်ပြည့်စုံသူ။ ဟု အထင်းအရှား ပြဋ္ဌာန်းထားချက်နှင့် ပုဒ်မ ၂၆၆(က) အရ လွှတ်တော် ကိုယ်စား လှယ်မဟုတ်သူများထဲက ဟု ဖော်ပြချက်တို့သည် ဆန့်ကျင်ကွဲလွဲလျှက် ရှိပါသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ခန့်အပ်ထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဥပဒေချုပ်အား လုံးမှာ ၀န်ထမ်း များဖြစ်ကြောင်းတွေ့ ရှိရပါသည်။ ပြည် သူက ရွေးကောက် တင်မြှောက်ထားခြင်းမရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များနည်းတူ တူညီခန့်အပ် ထားခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ တရားခွင် တွင်သာ အမှုလိုက်ပါဆောင်ရွက်နေရသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်အဆင့်ရှိ ဥပဒေဝန်ထမ်း အဆင့်(၁) သို့မဟုတ် (၂) တို့အနေဖြင့် ၀န်ထမ်း သက်သက် သာ ထမ်းဆောင်ဖူးသူ များဖြစ်ပါသည်။ ပြည်သူ ရေးရာ ကျွမ်းကျင်သူ၊ ပြည်သူ့ကိုယ်စားလှယ်များမဟုတ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် လွှတ်တော်ကိုယ်စားလှယ်များလောက် ပြည်သူကို ကိုယ်စားပြုနိုင်လိမ့်မည်မဟုတ်ပါ။ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များဖြစ်မှ သာ ပြည်သူ့လွှတ်တော် တွင် ပြည်သူ ကို ကိုယ်စားပြုခွင့်ရှိပါသည်။ ဤသည်မှာ ဒီမိုကရေစီ မူဖြစ်ပါသည်။ ဒီမိုကရေစီပြောင်းပြန်ဖြင့် ခန့်အပ်တာဝန်ပေး သည့်စနစ်ကို ဖော်ဆောင်နေသည့် ယခုကဲ့ သို့  သော ပုဒ်မအားလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲသင့်ပါသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ရှိ လွှတ်တော်များ၏ ဥပဒေပြုမှုအခန်းကဏ္ဍကို မှေးမှိန်စေပါသည်။ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား အမျိုးသားပြည် သူများဆိုင်ရာ ဥပဒေပြုမှုများကို အလေး အနက်ထားရန် အထူးလိုအပ်ပါသဖြင့် ရှေးရေး အမြော်အမြင်ကောင်းကောင်းဖြင့် သဘောထားမှန်သင့်ပါ သည်။

ထို့ကြောင့် ကောင်းမွန်သောအစိုးရတရပ်အား အကောင်အထည်ဖော်ဆောင်နိုင်မည့် အုပ်ချုပ်ရေးအခန်း ကဏ္ဍကို အသစ်ပြန် လည်ပြဋ္ဌာန်းသင့်ပါသည်။ အနာ ဂတ်ပြည်ထောင် စုစစ်စစ်နှင့် ကောင်းမွန်သောအစိုးရ တရပ်ပေါ်ပေါက်ရေး လှုပ်ရှားမှုတိုင်းကို အားပေးမြှင့် တင်ပေးရပါလိမ့်မည်။

မြန်မာအစိုးရ ပြုပြင်ပြောင်း လဲရေး ဒေါ်အောင် ဆန်းစု ကြည် ဝေဖန်

မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ ရသေးကြောင်း   အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ် လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲလို့ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုး ရ ရဲ့   ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေ ရတာက   ပြုပြင်ပြောင်း လဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရ ပါဘူး” လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်နှစ်ရပ်စလုံးဟာ သူထင်ထားတာထက် ဒီမိုကရေစီနည်းလမ်းပိုကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့ပါတယ်။ မိမိထင်ထားတာထက် ပိုအောင် မြင်အောင်   လုပ်ဆောင်နိုင်တဲ့အတွက် အံ့အားသင့်ရပါတယ်လို့လည်းပြောပါတယ်။ အဲဒီလိုလွှတ်တော်အတွင်း အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပြည် သူ့လွှတ်တော်   ဥက္ကဌ သူရဦးရွှေမန်းကို ကျေးဇူးတင်ကြောင်း အထူးအလေးထား ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးသင့်ကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။

photo: AFP

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်မှ လူ နည်း စု မြန်မာ မွတ်စလင်များ အရေးပြောကြား ချက်

ဧပြီ-၁၈ -၂၀၁၃
ရိုက်တာ မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်   နေကြောင်း၊ ယင်း လူ့ အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။လွန်ခဲ့သောလအတွင်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ အကြမ်းဖက် မှု များ ပေါ်ပေါက်ခဲ့ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။ ဒုက္ခသည် များ တွင်   မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများ သည် နိုင်ငံ၏အလယ် ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ဗုဒ္ဓဘာသာဝင်ပီသ၍ အကြမ်းဖက်မှုကို လက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤတင်းမာမှုများ အပေါ် နှုတ် ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည် အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။
“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာ ကိုမှ အမိမြေ အဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ် ၀မ်းနည်း စရာကောင်း တဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

 

မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးရပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက် ရိုက်မဖြေ ကြား ခဲ့ချေ။

“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလို လုပ်နိုင်   အောင်   သတ္တိမွေးဖို့ လိုအပ်နေတယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက်ရပါလိမ့်မယ် ” ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

တိုကျိုတက္ကသိုလ်၌ ကျောင်းသားတစ်ဦး၏မေးခွန်းအပေါ် – မိမိသည် မှော်ဆရာတစ်ဦး မဟုတ်သဖြင့် ကာလကြာရှည် အငြင်းပွားနေရသော လူမျိုးရေးကိစ္စကို ဖြေရှင်းပေးရန် မလွယ် ကူသေး ဟု   ဒေါ်စုကြည် မှ ပြန်လည်ဖြေဆိုခဲ့သည်။

“ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့က အရေးအကြီးဆုံးပါဘဲလို့ ကျွန်မ (အမြဲ) ပြောနေခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားစီရင်ရေး တစ်ခုတည်းကိုသာ ဆိုလိုတာ မဟုတ် ပါ ဘူး။ စီမံညွှန်ကြားရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲကဏ္ဍ၊ လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတဲ့ သင်တန်း – ဒါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ်

“ လူတွေကြားထဲမှာရှိနေတဲ့ ဒီကွဲလွဲမှုတွေကို ဘယ်လိုပျောက်အောင် လုပ်မလဲလို့ သူတို့က ကျွန်မကိုပြောစေချင်တယ်။ ကျွန်မက မှော်ဆရာ မျက်လှည့်ဆရာ မဟုတ်ဘူးလေ။ ဟုတ်ခဲ့ ယင်တော့   ပျောက်စေလို့ ပြောမိမှာပါဘဲ။ ခြားနားကွဲပြားမှုတွေကို အဖြေရှာညှိယူဖို့ ရေရှည်အချိန်ယူရမှာပါ။ ကျွန်မတို့အနေနဲ့ လုံခြုံငြိမ်းချမ်းတဲ့ အသိုက်အ၀န်းတစ်ခု ကို ဖော်ဆောင် ဖို့   လိုပါ တယ်။ အဲ့ဒီထဲမှာ အမြင်မတူသူတွေ အတူတကွ ထိုင်လို့ အယူအဆချင်း ဖလှယ်နိုင်ရပါမယ်။ ပြီးတော့ ကျွန်မတို့အကြား တူညီတာ လက်တွဲနိုင်တာကို စဉ်းစားယူရပါလိမ့်မယ် ” ဟု ဂျပန်ကျောင်း သားတို့ အား ပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာတရားရုံးများသည် ဒီမိုကရက်တစ်အဆင့်သို့ မတက်လှမ်းလာဘဲ အခွင့်ထူးခံများသာ လွှမ်းမိုးကြီးစိုးနေသေးကြောင်း ထည့် သွင်း   ပြောကြားခဲ့ပါသည်။

မြန်မာပြည်အရေး OIC ပါဝင်ရန် မလိုအပ် ဆို

 

အစိုးရကိုယ်တိုင် လုပ်နေတဲ့ ကိစ္စမို့ ဒီလိုလုပ်နေတယ်ဆိုတာ သိသာ ထင်ရှားနေပါတယ်။
ခင်ဦးသာ| April 18, 2013

မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း နေရာတချို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အနေဖြင့် ပါဝင်ပတ် သက်ရန် မလိုအပ်ကြောင်း သမ္မတ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုလိုက်သည်။

ယင်းသို့ မြန်မာ ဗုဒ္ဗဘာသာဝင်များနှင့် မွတ်စလင်တို့ အကြားဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး မွတ်စလင်များအရေး ဖြေရှင်းပေး ရန် အတွက် ၎င်းတို့၏ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်  ဆွေးနွေးနိုင်ရန် အစိုးရကို ကမ်းလှမ်း တောင်းဆိုသွားမည်ဟု OIC က ပြောဆိုထားသည်။

OIC ၏ ထိုပြောဆိုချက်နှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် က တုံ့ပြန် ပြော ဆိုခြင်း ဖြစ်သည်။

“OIC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို နိုင်ငံတကာ သတင်းတွေအရပဲ သိရပါတယ်။ အစိုးရဆီကို အခုအချိန်အထိ တရားဝင် ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ ကျနော့်အမြင် ပြောရရင်တော့ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြည်တွင်း ရေး ကိစ္စတွေသာဖြစ်ပါတယ်၊ ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတခု က ၀င်ရောက်ဆောင်ရွက်ဖို့ အကြောင်း မရှိဘူးလို့ပဲ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။

အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော OIC အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတခုကို ဆော်ဒီ အာရေးဗီးယား နိုင်ငံ Jeddah မြို့၌ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ က ပြုလုပ်ခဲ့ရာတွင် ၀န်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို မြန်မာနိုင်ငံ သို့ လာရောက်ခွင့်ပြုရေး ကမ်းလှမ်းမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်း မီဒီယာများ ၌ ရေးသား ထားသည်။

မြန်မာပြည်တွင်း ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရများကလည်း စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ဥပဒေ ချိုးဖောက် သူများအား အရေးယူခြင်း၊ ဒုက္ခသည်များ ပြန်လည် နေရာချထား ရေး အစီအစဉ်များ စသည်တို့ကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သမ္မတ ပြောခွင့်ရသူ က ပြောဆိုသည်။

မကြာသေးခင်က ဖြစ်ပွားသည့် မိတ္ထီလာ ပြဿနာသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဟုတ်ကြောင်း၊ သို့ဖြစ်၍ OIC အဖွဲ့က ပါဝင်ဖြေရှင်းရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း၊ ရုံးခန်းဖွင့်ခြင်းများလည်း လုပ်ဆောင်ရန် မလိုအပ်ကြောင်း ပခုက္ကူမြို့ မှ ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသ က ဧရာဝတီ ကို မိန့်ကြားသည်။

“OIC ကို လက်မခံဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဒီဒေသက မြို့နယ် ၈ ခုက သံဃာတော်တွေ စုပေါင်းပြီးတော့ သမ္မတရုံး ကို စာပို့ ထား တယ်၊ ပြည်သူတွေရဲ့အသံကို နားထောင်ပြီးမှ ပို့တဲ့စာ ဖြစ် လို့ သမ္မတ အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးထားလိမ့်မယ်လို့ ယုံကြည် တယ်”ဟု ဆရာတော်က မိန့်သည်။

OIC အဖွဲ့အား လက်မခံရေး ကိစ္စနှင့်ပတ်သက်၍ ပခုက္ကူ၊ မုံရွာ၊ ဆားလင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း၊ မြိုင်၊ ရေ စကြို စသည့်မြို့နယ်များမှ ဆရာတော်၊ သံဃာတော် များ က နိုင်ငံတော်သမ္မတ ရုံးသို့ ပြီးခဲ့သည့် ၃ ရက်ခန့်က စာပေးပို့ထားကြောင်း၊ တခြားဒေသများမှ ဆရာတော်၊ သံဃာတော်များကလည်း အလားတူ ဆန္ဒသဘောထား များ ပေးပို့ကြမည် ဟု ယူ ဆကြောင်း လည်း ဆရာတော် ဦးက၀ိန္ဒောဘာသ က မိန့်ကြားသည်။

လွန်ခဲ့သည့် မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့နယ် ပြွန်ကောက် ကျေးရွာသား ၃ ဦးက နယူးဝိန့်စိန် ရွှေဆိုင်သို့ ရွှေထည်ပစ္စည်း လာရောက် ရောင်းချရာ ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှင့် အချင်းများပြီး ထိခိုက်နာကျင်သည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ အခင်းဖြစ်မှုအပေါ် မကျေနပ်မှုမှ စတင်ကာ နယူးဝိန့်စိန် ရွှေဆိုင်အား လူအုပ်စုဖြင့် ၀ိုင်းဝန်း ဖျက်ဆီးမှု ဆက်လက် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ပျံ့နှံ့ခဲ့သည်။

ပဋိပက္ခဖြစ်ပွားသည့် နာရီပိုင်းအတွင်း ဗုဒ္ဓဘာသာ ရဟန်းတပါး တိုက်ခိုက်ခံရ၍ သေဆုံးမှုဖြစ်ပေါ်ပြီးနောက် အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပွားကာ လူပေါင်း ၄၀ ကျော်သေဆုံး၍ ရာနှင့် ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်ပျက် စီး ခဲ့သည်။ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင် ဘာသာဝင် စုစုပေါင်း ဒုက္ခသည် ၃ သောင်းနီးပါး ရှိခဲ့သည်။

ထိုပဋိပက္ခများ စတင်ရာ နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို မိတ္ထီလာမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၄ နှစ်စီ ဧပြီ ၁၁ ရက်နေ့က ပြစ်ဒဏ် ချမှတ်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် နှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင်လည်း OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံး တရုံး မြန်မာပြည်တွင် ဖွင့်လှစ်ရန် မြန်မာအစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း OIC အထွေထွေ အတွင်းရေးမှူးရုံးက ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်ဒေသ အပါအ၀င် မြန်မာနိုင်ငံတ၀န်း ကန့်ကွက် ဆန္ဒပြမှုများကြောင့် OIC ရုံးဖွင့်ရေးကို အစိုးရ က ပယ်ဖျက်ပေးခဲ့ရသည်။

NHK… နှင့် ဒေါ်စုအင်တာဗျူး

NHK… အမေး
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်ဖြစ်သူဟာ အခုအင်တာဗျူးနေတဲ့ ဒီအခန်းထဲကို လမ်းလျှောက်ဝင်လာတယ် ဆိုပါဆို့… ဖခင်ဖြစ်သူကို ဘာများ ပြောမိမှာပါလဲ..

အမေစု…အဖြေ
အဖေ… သမီးအကောင်းဆုံး ဖြစ်အောင်ကြိုးစား လုပ်ဆောင်နေတယ်.. သမီးကို အနောက်က ကာကွယ်စောင့်ရှောက် ပေးပါလို့ ပြောမိမှာပါပဲ… ဆိုပြီး ဖြေကြားသွားပါတယ်..။

မနေ့က ဂျပန်NHK သတင်းဋ္ဌာနက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းမှာ ပြောဆိုသွားတဲ့ အကြိုက်ဆုံးနဲ့ အခံစားရဆုံး စကားတခုကတော့..

NHK… အမေး
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်ဖြစ်သူဟာ အခုအင်တာဗျူးနေတဲ့ ဒီအခန်းထဲကို လမ်းလျှောက်ဝင်လာတယ် ဆိုပါဆို့… ဖခင်ဖြစ်သူကို ဘာများ ပြောမိမှာပါလဲ..

အမေစု…အဖြေ
အဖေ… သမီးအကောင်းဆုံး ဖြစ်အောင်ကြိုးစား လုပ်ဆောင်နေတယ်.. သမီးကို အနောက်က ကာကွယ်စောင့်ရှောက် ပေးပါလို့ ပြောမိမှာပါပဲ… ဆိုပြီး ဖြေကြားသွားပါတယ်..။

နားထောင်ရင်းနဲ့ ကြက်သီးမွှေးညှင်းထမိပါတယ်ဗျာ…
မြန်မာသမိုင်းအတွက် ပေးဆပ်နေတဲ့ ဒီအဖေနဲ့ ဒီသမီးပါ..

တိုင်းပြည်အတွက် စတေးခံ၊ အနစ်နာခံ လုပ်ဆောင်နေတဲ့ ဗိုလ်ချုပ်သမီးကို မစော်ကားကြပါနဲ့ဗျာ…
ကျေးဇူးသိတတ်ကြပါလို့ ကျွန်တော်ဒီလောက်ပဲ ပြောလိုပါတယ်..

ဒီမိုဝေယံ

DIRECTOR GENERAL OF ARU APPEALS TO OIC MEMBER STATES TO STEP UP THEIR EFFORTS BY USING BILATERAL RELATIONS FOR FINDING A SOLUTION TO THE CRISIS FACED BY ROHINGYA AND MYANMAR MUSLIMS IN MYANMAR

 

 

 

ARU Director General, Dr. Wakar Uddin, with Turkish Foreign Minister, Dr. Ahmet Davutoğlu, at OIC Ministerial Contact Group Meeting.
RB News
April 17, 2013
On behalf of Rohingya community in Myanmar and various regions around the world, the Director General of Arakan Rohingya Union, Prof. Dr. Wakar Uddin, expressed his deepest gratitude to the Secretary General of OIC, His Excellency Dr. Ekmeleddin Ihsanoglu, for convening the emergency OIC Ministerial Contact Group meeting at the OIC Headquarters in Jeddah, Saudi Arabia on April 14, 2013, to find a solution to the crisis faced by the Rohingya and Myanmar Muslim population in Myanmar. Dr. Uddin echoed what the Secretary General Dr. Ihsanoglu and the Political Officer Ms. Dina Madani have spoken about the current situation in Myanmar. Dr. Uddin reinforced the presentation by Ms. Madani that detailed the graphic nature of the violence against the Muslims in Myanmar. “I have been regularly in touch with our community in Arakan and Central Burma, and receiving reports of horrifying atrocities and gruesome murders of men, women, and children. It is humanly unthinkable in this day and age how anyone in Myanmar can commit such crimes against humanity. In fact, what the international community learning from the media is just a fraction of the bloodbath taking place in Myanmar.” Dr. Uddin said. He further stated “The campaigns to uproot Islam from Myanmar began with Rohingya in Arakan. The radical Buddhist elements started this with Rohingya first, claiming that they have to cut-off the roots before eliminating the tree ‘Islam’ in Burma – Rohingya being the roots.”
Dr. Uddin alerted the OIC member states and the Muslim Umma that the rapidly emerging Buddhist terror Network “969”, which seriously deviates from the original teaching of peace by Buddha, poses the most serious threat to Islam in Burma today and subsequently to the stability of Southeast Asia region. “You see the refugee crisis in Bangladesh, Malaysia, Indonesia, and other countries. At the same time some sorts of violence have started to spill over to these countries. Subsequently, violence has also erupted in Sri Lanka. The emergence of the radical Buddhist terror network could continue to cause the domino effects in the region and in other parts of the world.” he stressed.
Dr. Uddin expressed the gratitude by Rohingya people to the international community, including OIC and its member states, UN, the governments of US, Canada, and several European countries, and a number of NGOs for their tremendous efforts to stop the violence in Myanmar and find a durable solution to Rohingya and Muslim issues; but he also appealed to them to do more. He cautioned some of the OIC member states in the region that when the very existence of a community and the faith in a country is seriously threatened, the policy of “non-interference in another country’s internal matters” becomes counter-productive and serves as a tool for the aggressor. Dr. Uddin called on the OIC member states to use their bilateral relations as an avenue to persuade and pressure the Myanmar Government to resolve the issues with utmost urgency for the sake of humanity and the stability in the Southeast Asia region. “Your Excellency, it is no longer a Rohingya issue. It is becoming a regional and potentially global humanitarian crisis.” he concluded.
ARU Director General, Dr. Wakar Uddin, with Bangladesh Foreign Minister, Dr. Dipo Moni, at OIC Ministerial Contact Group Meeting.
On the sideline, Dr. Uddin also met with dignitaries from some OIC member states, including the Foreign Ministers of Turkey and Bangladesh, and further discussed the pressing issues on Rohingya and violence against Muslims in Myanmar. “I am very satisfied with each meeting, and I can assure you that they are dedicated to bringing a solution to the issues faced by Rohingya and Myanma Muslims” Dr. Uddin replied, when asked by the Saudi-based ARU signatories about his separate meetings with the Foreign Ministers.