Archives

ထူးဆန်းသောနည်းဖြင့် သေဆုံးခဲ့သည့် ကမ္ဘာကျော်များ

– ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

– ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

– ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

– အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

– ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာ အကျီ င်္ရဲ့အလေး ချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

– ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

– စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

– ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကို သတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။အဲဒီလိုလုပ်နေရင်းနဲ့ပဲသူ အအေးပတ်ပြီးသေသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကိုအ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထား တဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။

အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။တစ်လုတ်တည်းနဲ့ နင်ပြီး   သေ သွားပါတယ်။

– ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ကြိုးဆွဲချသေသွားပါတယ်။

– ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီးမီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲ ကျသေ ပါတယ်။

– ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီးရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက် ဖိုက်ရောဂါ ရပြီး သူသေသွားပါတယ်။

– ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

– ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ် ခတ် လုပ်ကြံပေမယ့်လည်း မသေပါဘူး။နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

– အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။

– အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက် ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

– ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

ဂျွန်ဒီလင်းဂါးဆိုတာ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အသေပဲဖြစ်ဖြစ်အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာ တစ်သောင်း   ပေး   မယ်လို့အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာဝန် တစ်ယောက် ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။ဆရာက၀န်က အတတ်နိုင်ဆုံးကူညီပေ မယ့်   မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။

Credit – Original Writer

ဥပဒေပြဌာန်း၍ခွဲခြားဆက်ဆံခြင်းခံရကြောင်း၊ ပြည်သူ ကြား က ရိုဟင်ဂျာ စကား

OICကဘဂါင်္လီကိုရိုဟင်ဂျာပြုလုပ်ခြင်းမဟုတ်၊သမိုင်း အထောက် အထားအရရိုဟင်ဂျာ လူမျိုးမူလကတည်း က  တိုင်းရင်း သား အဖြစ်ရပ် တည်ခဲ့ကြောင်း ရှင်း လင်း ချက်

ရန်ကုန်တိုင်း၊ဒေသကြီး၊အစိုးရရုံးအဖွဲ့ရုံး၊အစည်းခန်းမ၌ ပြုလုပ်သော ဘာသာပေါင်းစုံမှချစ်ကြည်ညီညွတ်ရေး အဖွဲ့ နှင့်မြန် မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော် မရှင် အဖွဲ့ တို့ ကို တွေ့ဆုံပွဲ တွင်  သမ္မတ ဦးသိန်းစိန်က မိမိနိုင်ငံ တွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို လုံ့ဝလက်မခံဟု မိန့်ကြားခဲ့ သည့်အပြင် အောက်ပါစာပိုဒ်ကိုလည်း တင်ပြခဲ့ကြောင်းတွေ့ ရ သည်။

OIC အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ အချက်အ လက်နှင့် တင်ပြ သွားရန် ရှိသည့် အပေါ် မြန်မာနိုင်ငံမှလည်း OIC တင်ပြမည့်အပေါ် ကုလသမဂ္ဂအား အချက် အလက် များနှင့် ဖြေရှင်းတင်ပြသွားရန် သမ္မတက တိုက်တွန်းခဲ့ကြောင်း ခရစ် ယာန် ချစ်ကြည်ရေး အသင်းအဖွဲ့မှ အထွေထွေ အတွင်းရေး မှူး ဒေါက် တာ သာဥာဏ် က ပြောကြားသည်။

ထိုကဲ့သိုမိန့်ကြားခဲ့သည်မှာ သမိုင်းအထောက်အထားများလုံ့ဝလွှဲချော်နေပါကြောင်း၊အောက်တွင် သမိုင်းနှင့်အထောက်အထားတကွရှင်းလင်းတင်ပြ ပါသည်။

ဥပဒေပြဌာန်းပြီးတိုင်းရင်းသား(၁၄၃)မျိုးမှရိုဟင်ဂျာအပေါင်းပါလူမျိုး(၉)မျိုးကိုဖြုတ်ချြ့ပီး နိုင်ငံတကာစံမမီသော ၁၉၈၂ ခု နိုင်ငံသား ဥပဒေ ဖြင့်လူမျိုး(၁၃၅)မျိုးဟု တစ်ဖက်သတ် သတ် မှတ် ၍ရခိုင်ပြည်နယ်မွတ်ဆလင်များကို လူမျိုးဘာသာ ခွဲခြား ဆက်ဆံလျက်ရှိသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ ကပင် အသိအမှတ်ပြု ထားပြီးဖြစ်သည်။

လိုရင်းကိုအတိုချုပ်တင်ပြရလျှင် ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူ များကို သမိုင်းမှတ်တမ်း အထောက် အထားများအရ ရိုဟင်ဂျာ လူမျိုးသာဖြစ်ကြောင်း၊ အကိုးအကား အထေားပေါင်းမြောက်များတင်ပြခဲ့ သော်လည်း ထို အထောက်အ ထားများ ကို လက်မခံဘဲ၊ မည်သည့်သမိုင်း တွင် မရှိသော ဘင်္ဂလီ အမည်ကို ပေါ်လစီတရပ်အဖြစ် ချမှတ်ပြီး အဓမ္မ သတ်မှတ် ခဲ့ခြင်းသည် ရခိုင်းပြည်နယ် မွတ်ဆလင်များအတွက် အခြေခံ အကျဆုံး၊ပြသနာ ဇစ်မြစ်ဖြစ်ပါသည်။
ယခင်ရိုဟင်ဂျာ အမည်ကို အသိပြုထားပြီး၊ ရေဒီယိုမှတဆင့် တိုင်းရင်းသား အစီစဉ် ကို တပတ်လျှင် ၂ ကြိမ်ကျ အသံလွင့် ခဲ့ကြောင်း ၊စွယ်စုံကျမ်း အတွဲ(၉)မေယု ခရိုင် ခေါင်း စဉ်အောက်တွင် ၎င်းနေရာတွင် နေထိုင် သော လူမျိုးများသည် အစ္စလာမ်ဘာသာ ကိုးကွယ် သော ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း၊နေထိုင်သူလူဦးရေ၏ ၉၇% ဖြစ်ကြောင်း ရေးသား ထားကြောင်းတွေ့နိုင်သော်လည်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံ့ဝမရှိဟု အကြိမ်ကြိမ်ငြင်းဆန်နေသည် ပြသနာတစ်ခုကို   ပြေလေ အောင်ဖြေရှင်းနိုင်မည် မဟုတ် ပေ။
ကမ္ဘာ့နိုင်ငံပေါင်း (၁၈၂) နိုင်ငံမှ ရိုဟင်ဂျာလူမျိုးများ၏ ခိုင်လုံသော အထောက် အထားအရ အသိအမှပြုထားသော်လည်း မြန်မာနိုင်ငံအစိုးရက ဘင်္ဂါလီဟု သုံးနုံးလျက် သည်။လူဦးရေစစ်ဆေးနေသည် အချိန်တွင် ပုံစံစာရွက်၏ခေါင်းစည်းတွင် (ဘင်္ဂလီ ဆွဲ တင် စစ်ဆေး) ဆို၍ပါသည့် အတွက် ဒေသခံ ရိုဟင်ဂျာမွတ်ဆလင် ထိပ်တိုက်ရင် ဆိုင် မှု များဖြစ် လာခဲ့သည်။
ထိုကဲ့သို့ စစ်ဆေးချက်အပေါ် တာဝန်ဝတ္တရားနှောက်ယှက်သည်ဟုဆိုပြီး ဦးကျော်မြင့်နှင့် အပေါင်းပါ တစ်စု ကို ဖမ်းစီးစစ်ဆေး လျက်ရှိသည်။ထို အပြင် မကြာသေမီးက ရှေ့နေ ဦးကျော်လှအောင် ရိုဟင်ဂျာလူမျိုးစု ခေါင်ဆောင်ဖြစ်နေ၍ ၎င်းရှေ့နေ ဦးကျော်လှအောင် ကို လည်း ဖမ်းစီးစစ်ဆေးလျက် ရှိသည်။
အချုပ်ဆိုရလျှင် ရိုဟင်ဂျာလူမျိုး၊မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် မပြုသရွေး ကာလပတ်လုံး ပြသနာတက်နေမည် သာဖြစ်ပြီး။ပြည်တွင်းပြ သနာ မှဒေသ တွင်းပြသနာ၊ ကမ္ဘာ့ပြသနာအထိရောက် သွားနေပြီဖြစ်သည်။
ရခိုင်ပြည်ရှိမွတ်ဆလင်များက ဘင်္ဂလီ မဟုတ်ဘဲ ဘင်္ဂလီဟု သတ် မှတ်ခြင်း၊ ထိုကဲ့ သို့ သတ်မှတ်ပြီးလျှင် ဘင်္ဂလားဒေရှ် ခိုးဝင်လာသူများဖြစ်၍ ၎င်းတို့ အားလုံးဧည့် နိုင်ငံ သား၊ပြုနိုင်ငံ သား၊နိုင်ငံခြားသား ဟု သတ်မှတ်ရန် ရယ်ရွယ်သည်ဟုရိုဟင်ဂျာလူမျိုးများက ယုံကြည်ထားသည်။
ယခင်ရိုဟင်ဂျာ လူမျိုး ၊တိုင်းရင်းသား အစီစဉ်တွင် အသံလွင့်ခွင့်ရရှိခဲ့သော လူမျိုးတစ်မျိုးကို အခု နိုင်ငံခြားသား အဆင့်၊ ဒုတိယအဆင့်၊ တတိယ အဆင့် လျော့ချသတ်မှတ်သည်ကို လက်ဖြစ်ကြောင်းသုံးသပ်တင်ပြ လိုက်ရပေသည်။
အကိုးအကားအနည်းငယ်ဤနေရာတွင် တင်ပြရလျှင် အောက်ပါ အတိုင်းဖြစ်သည်။

Short History fact of Rohingya, ရိုဟင်ဂျာလူများ၏ သမိုင်းအကျဉ်း

၁၉၉၇ခုနှစ်၊ မတ်လ၊ စာမူခွင့်ပြုချက်အမှတ်-၃၄/၉၇(၃)ဖြင့် “သာသနာရောင် ၀ါထွန်း စေဖို့စာအုပ်ကိုဒုတိယ ဗိုလ်မှူးကြီး ၀င်းမောင်၊ ဦးစီးအရာရှိ (ပထမ တန်း) ပြန် လည်နေ ရာ ချထားရေးညွှန် ကြားရေးမှူးရုံး ကာကွယ်ရေး ၀န်ကြီး ဌာနမှ ထုတ်ဝေသည့်စာအုပ်တွင် ရမ်းဗြဲကျွန်းအနီး သဘောင်္များ ပျက် ခဲ့ သဖြင့် အစ္စလာမ်ဘာသာဝင် သဘောင်္ သား များ ထို စဉ် အခါကပင် ရမ်းဗြဲကျွန်း တွင် အခြေချ နေထိုင်ခဲ့ကြောင်း တွေ့ရှိရပေသည်။

ရခိုင်ဘုရင်မဟာတိုင်စန္ဒလက်ထက် အေဒီ၇၈၈-၈၁၀တွင် ရမ်းဗြဲကျွန်းအနီး သဘောင်္ များစွာပျက်ခဲ့ကြောင်း အစ္စလာမ် ဘာသာ ၀င် သဘောင်္သားများအား ရခိုင်ပြည်မ သို့ပို့ ကာ ကျေး ရွာများတွင် အတည်တကျနေရာ ချထားပေး ခဲ့ ကြောင်း   တွေ့ရ၏ ဟုဖော်ပြ ထားပါသည်။

ရခိုင်ဒေသကို မြန်မာဘုရင် ဘိုးတော်ဘုရားအုပ်ချုပ်ခဲ့သည့် ကာလအတွင်း ရခိုင် ဒေသရှိ အစ္စလာမ်ဘာသာဝင် အားလုံး ကို မြန်မာပြည်မရှိ အစ္စလာမ် ဘာသာဝင်များ နည်းတူ ပသီ ကုလားဟု တရားဝင်သုံးနှုန်းဖော်ပြခဲ့ပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ မှထုတ်ဝေ သော မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့်ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်   တော်ပြန်တမ်းကြီးစတုတ္ထပိုင်း၊ စာ(၂၅၄)။အေဒီ၁၇၉၉ ခုနှစ် ထုတ် သုတေသီ Francis Buchanan, M.D\A Comprative Vocabulary of Some of the Languages Spoken in the Burma Empire အမည်ရှိ စာအုပ် မှာ အေဒီ(၁၇၇၉) တွင် အင်းဝ၌ရုံးစိုက်သော ဗြိတိသျှသံအဖွဲ့ဝင် Francis Buchanan ကမြန်မာ နိုင်ငံအတွင်းရှိ တိုင်းရင်း သားစကားများကို သုတေသနပြုခဲ့ရာ အာရ်ကန်ဒေသ အတွင်းရှိ စကားများ တွင် Rosswan နှင့် Rooinga (ရိုဟင်ဂျာ) စကားနှစ်မျိုးနှင့် စပ်လျဉ်း ၍လေ့ လာ သုံးသပ်တင်ပြထားပါသည်။ ထိုသုတေသနစာတမ်း၏ စာမျက်နှာ (၄၃) တွင် Mr. Rennell has been induced to make a country named Roshaum occupy part of his map ဟူ၍လည်းကောင်း၊ The Mahommedanssettled at Arkan, call the country Rovingaw, the Persians call it Rekan ဟူ၍လည်းကောင်း၊ စာမျက်နှာ (၅၅၊ ၅၆၊ ၅၇)တို့တွင် the first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arkan ဟူ၍လည်းကောင်း ရေးသားပါရှိပြီး Rooinga စကား၊ Rossawan စကား၊ Banga စကားတို့၏ ခြားနားချက်အဖြစ် စကားလုံး(၅၀) ကိုဥပမာအဖြစ် ဖော်ပြထားသဖြင့် ရိုဟင်ဂျာစကားနှင့် ဘင်္ဂါစကား ကွာခြားချက်ရှိကြောင်း တွေ့မြင် နိုင်ပါသည်။

ယနေ့ရိုဟင်ဂျာများပြောသော စကားကို ဘင်္ဂါလီစကားထင်ယောင်ထင်မှား ရှိသော် လည်း အမှန်မှာရိုဟင်ဂျာ များပြော   သော   စကားမှာ သမိုင်းတင် ဝေသာလီစကားပင်ဖြစ် ပါ သည်။

အေဒီ ၁၈၁၁ ခုနှစ်၊ လန်ဒန်မြို့မှ ထုတ်ဝေသည့် The classic Journal Vol:4, By A-J Valpy ဆိုသူမှ ပုံနှိပ်ထုတ်ဝေခဲ့ရာ ထိုစာ အုပ်၏ စာမျက်နှာ (၃၄၈) နှင့်  (၅၃၅) တို့တွင် ရိုဟင်ဂျာ အမည် ကိုထည့်သွင်းဖော်ပြ ထားခြင်း တို့ ကိုတွေ့ရှိရပါ သည်။*

ပထမ အင်္ဂလိပ် -မြန်မာစစ်ပွဲပြီးနောက် ရန္တပိုစာချုပ်အရ အာရကန်ဒေသနှင့်တနင်္သာရဒေသကို အရှေ့အိန္ဒိယကုမ္ပဏီ သို့လွှဲပေးခဲ့ရာ Mr.Charles Paton သည် ၁၈၂၆ခုနှစ်မှစ၍ ရခိုင်ဒေသ ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့သည်။

အာရကန်ဒေသစစ်တွေခရိုင် တစ်ခုလုံး၏လူဦးရေသည် ၁၈၂၆ ခုနှစ် စာရင်း အရ Mughs 60%, Mussalman 30%, Burmese 10% ရှိကြောင်း ဖော်ပြ ထားပါသည်။ အာရကန်   ဒေသမြောက်ဦးမြို့တွင် အရေးပိုင်ခန့်ပြီး ကျန်လေး ၀တီ တွင် ကျွန်းအုပ်များ ခန့်အပ်အုပ်ချုပ်ခဲ့ ရာ၊ ကျွန်းအုပ်ရာထူးများတွင် Arrancan Mussalman, Ramoo Mug, Arrancan Mug များအားခန့်အပ် ထားခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသဖြင့် ၁၈၂၆ ခုနှစ်အစီရင်ခံစာအရ ဆိုလျှင် ရိုဟင်ဂျာ များအား ArracanMussulman ဟုလည်းကောင်း၊ ယခု ရခိုင် ဆိုသူများအား Arracan Mug ဟုလည်းကောင်း၊ ဗမာများ အား Burmese ဟုလည်းကောင်းတရားဝင် ခေါ်ဝေါ်သုံးခဲ့ကြောင်း တွေ့ရှိရပါ သည်။ အဆိုပါ အစီ ရင်ခံစာ၏ စာမျက်နှာ (၂၄) တွင်အာရကန် ဒေသဖွား Arracan Mussalman တစ်ဦးဖြစ် သော Sheikh Soojah Kazee ကိုအုပ်ချုပ် ရေးနယ်မြေ အမှတ်(၃၅)၊ ၃၆) နှင့်(၃၇) တို့တွင် ကျွန်းအုပ်ခန့် ထားကြောင်း ရေးသား ထားပါသည်။လွတ်လပ်ရေး ရပြီးနောက် (၂၅-၉-၅၄)ရက်နေ့တွင် နိုင်ငံ တော် ၀န်ကြီးချုပ်ဦးနုက မြန်မာ့ အသံလွှင့် မိန့်ခွန်း တစ်ရပ်တွင် ရှင်းလင်းပြောကြား ရာ၌ဘူး သီးတောင် နှင့် မောင်တောမြို့နယ် အတွင်း မှာ နေ ထိုင်ကြသည့် ပြည်ထောင်စုသားများမှာ ရိုဟင်ဂျာ အမျိုး သားများ   ဖြစ်ကြောင်းမိန့် ကြားခဲ့ပါသည်။(၃.၁၁.၅၉) နေ့ နှင့် (၄.၁၁.၅၉)နေ့ တို့ တွင် ဘူးသီးတောင် မြို့ နယ်နှင့်   မောင်တောမြို့နယ် တို့၌ နိုင်ငံတော် ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဘဆွေ မိန့်ခွန်းတွင် ကချင်၊ ကရင်၊ ကယား၊    ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများ သည်လည်း တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်ကြောင်း မိန့် ကြား ခဲ့ပါသည်။

(၄.၇.၆၁) တွင် မေယုခရိုင်မောင်တောမြို့၌ ဒုတိယကာကွယ် ရေးဦးစီး ချုပ် (ကြည်း) ဗိုလ်မှူး ချုပ်အောင်ကြီး က နိုင် ငံတော် ကိုယ်စားမိန့် ခွန်းပြောကြား ရာ၌ ကျွန်ုပ်တို့ ဒီခရိုင် မှာနေ ထိုင်တဲ့လူတွေ ကိုရိုဟင်ဂျာလို့ခေါ်ပါတယ်။

မေယုခရိုင်ကို ပြည်ထောင် စုထဲမှာရှိတဲ့ လူနည်းစုတစ်စုလိုဘဲသဘောထား မယ်ဟု ရှင်းလင်းမိန့်ကြားခဲ့ပါ သည်။ ရေ တပ်အကြီးအကဲဖြစ်သည့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေ ကလည်း ရိုဟင်ဂျာဟု သုံး နှုန်း မိန့်ကြားခဲ့ပါသည်။မြန်မာ့အသံမှ တိုင်းရင်းသား ဘာသာ စကားဖြင့် ထုတ်လွှင့်သည့်အစီအစဉ်တွင် ရှမ်း၊ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယားဘာသာတို့ကိုထုတ်လွှင့်ခဲ့ရာရိုဟင်ဂျာဘာသာအစီအ စဉ် ကို(၁၅.၅.၆၁) မှစ၍(၁.၁၀.၆၅)ရက်နေ့အထိထုတ်လွှင့်ခွင့်ရရှိခဲ့ပါသည်။*

(၁၉၆၄)ခုနှစ် မြန်မာ့စွယ်စုံကျမ်းထုတ်ဝေခဲ့ရာ စွယ်စုံကျမ်းအတွဲ(၉)၊ စာ မျက် နှာ(၈၉) နှင့် (၉၀)တွင် မေယုနယ်ခြား ခရိုင် တွင် လူဦးရေ (၄)သိန်းကျော် (၅) သိန်း နီးပါး ရှိ၍ များသော   အားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တံငါ လုပ် ငန်း များဖြင့် သာ အသက်မွေးကြသည်။ လူများစု ၇၅% မှာရိုဟင်ဂျာ လူမျိုးများဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီးစသော တိုင်းရင်း သားလူမျိုးစုများ ရှိကြသည်ဟုဖော်ပြထားပါသည်။ဗြိတိသျှ စွယ်စုံ ကျမ်းတွင်လည်း ရိုဟင်ဂျာ နှင့် ပတ်သက်၍ ”Islamic Arakanese are known as Rohingyas, a name based on the historical name of the region, Rohang” ဟုဖော်ပြထားပါသည်။

တပ်မတော်ခေတ်ရေး စာစောင်များအနက် (၈.၈.၆၁) နေ့ထုတ် စာစောင် အတွဲ(၁၂)၊ အမှတ်(၉)တွင် “ပျောက်သော သူပြန် ၍   တွေ့သည့်ပမာ”ခေါင်းစဉ်ဖြင့် မေယုနယ်ခြား ခရိုင်မှ ရိုဟင်ဂျာအမျိုးသားထု၏ မျိုးရိုးစဉ် ဆက်လေ့လာ တင်ပြ ချက်တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးကိုထည့်သွင်း ဖော်ပြခဲ့ရာ မေယုနယ်ဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊   မောင်   တော နယ် များတွင် (၉၇%) သည် ရိုဟင်ဂျာလူမျိုးများ နေထိုင်ကြ၏ ဟု ဖော်ပြထားပါသည်။

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ အထက် တန်းကျောင်းသုံး မြန်မာ ပထ၀ီဝင် ဖတ်စာ(၁၉၇၈)ခုနှစ် ပြဌာန်း စာအုပ်၏ တိုင်းရင်းသား လူမျိုးများပျံ့နှံ့နေထိုင်ရာ မြန်မာနိုင်ငံမြေပုံကိုဖော်ပြထားပါသည်။ ရခိုင်ပြည် နယ် မြောက်ပိုင်း(စစ်တွေလွင်ပြင် ဒေသ တ၀ိုက် တနည်းအားဖြင့်ဘူး သီးတောင်နှင့်   မောင်တော   ဒေသ အပါအ၀င်) လူမျိုးများကို ရိုဟင်ဂျာနှင့်သက် လူမျိုးများနေထိုင်ရာ ဒေသအဖြစ် ထည့်သွင်းဖော်ပြ ပုံနှိပ် ထားခြင်း   ဖြစ် ပါ သည်။ ရန်ကုန် တက္ကသိုလ် တွင် ရိုဟင်ဂျာ   ကျောင်းသူ /ကျောင်းသားများအသင်းချုပ် အဖွဲ့အစည်းလည်း ထူထောင် ခွင့်လျှောက်ထားခဲ့ရာ (၃-၁၂-၅၉)ရက်စွဲပါ မှတ်ပုံတင် အမှတ်-၁၃၃/၅၉ ဖြင့် ”This is to certify that Rangoon University RohingyaStudents Association is one of the Registered Association of the University of Rangon for the Academic year 1959-1960 ” ဟူ၍ မှတ်ပုံ တင် ခွင့်ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၏ ၁၉၆၀ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်စွဲ ပါ စာအမှတ်- RG.7/60 ဖြင့် ၁၉၆၀-၁၉၆၁ ခုနှစ်အတွက် ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ ကျောင်း သူ/ကျောင်းသားများ အသင်းချုပ်ကိုထပ်မံသက်တမ်းတိုး ခွင့်ရရှိ သည်ကိုတွေ့ ရှိရပါသည်။

ရိုဟင်ဂျာဆိုသောအခေါ်အဝေါ်အသုံးအနှုန်းနှင့် ရိုဟင်ဂျာလူမျိုးနှုင့် ရိုဟင်ဂျာစကား တည်ရှိနေမှုကို (၁)ရခိုင်ဘုရင် များ    ခေတ်နှင့်   မြန်မာ ဘုရင်များခေတ် (၂)အင်္ဂလိပ် အစိုးရ အုပ်ချုပ် သည့်ခေတ် (၃) မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောခေတ်   ဟူ၍ ခေတ်သုံးခေတ်တွင် ခေါ်ဝေါ်သုံးစွဲအသိ အမှတ်ပြုခဲ့ သည့် သမိုင်းအထောက် အထား အချို့ ကိုကောက်နှုတ် တင်ပြ ထား သည့် စာတမ်း ဖြစ်ပါသည်။ အထက်ပါ ခေတ်သုံး ခေတ်တွင် လေ့လာသုံးသပ်ပါကယနေ့ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာ နိုင်ငံ ၏ တိုင်းရင်း သားနိုင် ငံသား များ   ဖြစ်ကြောင်း ထင်ထင် ရှားရှား တွေ့ မြင်နိုင် ပါသည်။

နှုတ် တစ်ရာစာတစ်လုံးဆိုသကဲ့သို့ နှုတ်အားဖြင့်ကြီးနိုင်ငယ်ညှင်း၊ သမိုင်း ထိန်ချန်စွပ်စွဲမှုများ ပြု လုပ်နိုင် သော်လည်း သမိုင်းအထောက်အထားများ၊အစီရင်ခံစာများ၊ နိုင်ငံတော် ၏ခေတ် အလိုက် အစိုးရများ၏ ကြေငြာချက်များ အသိ အမှတ်ပြုချက် များကိုမှု သမိုင်းလိမ်ဟု ငြင်းဆိုနိုင်မည်မဟုတ်သည့် အပြင် အစိုးရအဆင့်ဆင့်၏ ထုတ်ပြန်ချက် များသည် ပင်ရင်းအထောက် အထား Primary Source ဟုသမိုင်းသုတေသီများက မှတ်ယူသည်မှာ အစဉ်အလာဖြစ်ပါသည်။ ယခုအခါ သမိုင်းကိုပင်မဆိုထားဘိ၊ မြန်မာနိုင်ငံလွတ်လွပ်ရေး ရရှိပြီးခေတ်အဆက်ဆက် အစိုးရမင်း များ၏ အသိ အမှတ် ပြုချက်များ၊ အစိုးရဌာနများမှ တရားဝင် ထုတ်ဝေ သည့်စာအုပ်များ၊ စွယ်စုံကျမ်းနှင့် ကျောက်စာများစသည့် ပင်ရင်း အထောက်အထားများကိုပင် မသိကျိုးကျွံပြု၍ ရိုဟင်ဂျာလူမျိုးများမရှိ၊ ဘင်္ဂါလီသာရှိသည်၊ အင်္ဂလိပ် အစိုးရခေတ်မှ စ၍  ၀င်ရောက် လာသူများဖြစ် သည်ဟု ပြော ဆိုသုံးနှုန်းနေမှု များသည် အမှန်တရားကိုလက် ကိုင် ပြုခြင်းမရှိ ဘဲ နိုင်လိုမင်း ထက်ပြုလိုသည့် သဘောဖြင့် ပြောဆိုစွပ်စွဲ မှုများဖြစ်၍ ဤစာတမ်းပါ အချက် အလက် များ၊ ဖြစ် ရန်မှန်များ၊ သမိုင်းမှန် များ၊အစီရင်ခံစာများစသည့် ပင်ရင်းအထောက်အထားများ၊ စာအုပ်စာပေမှတ် တမ်းများအရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာစကားနှင့် ရိုဟင်ဂျာ လူမျိုး များ ရှေး ပဝေသဏီ ကပင် ဖြစ် တည်နေ သည့် အထောက်အထားများလေ့လာပါက ရိုဟင်ဂျာများသည် ခိုးဝင်လာသူ လုံးဝမဟုတ် ကြောင်းသိရှိနိုင်ပါသည်။

လွတ်လပ်ရေးရပြီးဒီမိုကရေစီခေတ်မှ တော်လှန်ရေးကောင်စီခေတ် အထိ ရိုဟင်ဂျာ တိုင်းရင်းသား ဟူ၍လည်းကောင်း၊ လ.၀.က မှတ်တမ်းတွင် တိုင်းရင်းသား စာရင်းခေါင်း စဉ်   အောက် တွင် ရခိုင်စစ်တကောင်းလူမျိုးဟု လည်းကောင်း မှတ် တမ်း   မှတ်ရာများ ရှိခဲ့ သော်လည်း မည်သည့်မှတ်တမ်း မှတ်ရာတွင်မှ ရခိုင်ပြည်တွင်းနေမူစလင်များအား ဘင်္ဂါလီ ဖြစ်ကြောင်း  မှတ် တမ်း တင် ခဲ့ဘူးခြင်းမရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

အထက်ပါအတိုင်းခိုင်မာသော သမိုင်းအထောက်အထားများ၊ ခေတ် အဆက် ဆက် အစိုးရများ၏ အသိအမှတ်ပြုချက် များရှိနေပါလျှက် လက်ရှိအစိုးရအဖွဲ့ဝင်များသည် ဖြစ်ရပ် မှန် ကို မသိချင်ယောင်ဆောင်၍ ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီဖြစ် သည်ဟု မျက်စိ မှိတ် စွပ်စွဲနေခြင်းမှာ လူနည်းစုလူမျိုးစု တစ်ရပ်ကိုရေများရေနိုင် မီးများ မီးနိုင်ဆိုသလို   မြန်မာပြည် သူများ အထင်အမြင်မှားစေလိုသော ဖန်တီးမှုဟု ရှုမြင်ရမည်သာဖြစ်ပါသည်။

 

မိတ်ဆွေနည်းကံမွဲလှတဲ့မြန်မာမွတ်စလင် (သို့မဟုတ်) ဦးအောင်တင်က မင်းကိုနိုင်ဝေဖန်ခြင်း

သမီးလုပ်သူက ဆွမ်းပို့ပြီးရင် “တပည့်တော်မ ပြန်ကြွပါအုံးမယ် ဘုရား”လို့ ဆိုသတဲ့။ ဆရာတော်က မအေကို တိုင်တော့ မအေက “အလိုလေး၊ သမီးတော်က အခုလို မိန့်ကြားလိုက်သလား ဘုရား”တဲ့။ ဒါနဲ့ ဆရာတော်က မဖြစ်ချေဘူးဆိုပြီး တကာသူဌေးမင်းကို တိုင်ရပြန်တယ်။ “တော်တော်ဆိုးတဲ့ သားအမိတွေဘဲ။ ဒီအတိုင်းဆိုရင် ဆရာတော်ရဲ့ ကျောင်းကို ဒီသားအမိ နောင်ဘယ်တော့မှ ခြေတော်ရာတောင် မချစေရဘူး ဘုရား”လို့ လျှောက်ပြန်သတဲ့။ မြန်မာမွတ်စလင်တွေအတွက်ကတော့ အရင် ဘုန်းကြီး နှစ်ချက်ခေါက်က နောက်ဘုန်းကြီး သုံးချက်ခေါက်ဖြစ်နဲ့ ကြာလေ နစ်လေ၊ လှုပ်လေ၊ မြုပ်လေ ဖြစ်နေပြီလား။

ကမ္ဘာပေါ်မှာ ကပြားမဖြစ်၊ သွေးမစပ်တဲ့လူမျိုး မရှိဘူးလို့ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက UNESCO က ကြေငြာခဲ့တယ်။ ကျနော်တို့ မြန်မာပြည်သူတွေကတော့ အခု ထက် ထိ မြန်မာလူမျိုးစစ်စစ်၊ မွန်လူမျိုးစစ်စစ်၊ ရခိုင်လူမျိုးစစ်စစ်လို့ ဂုဏ်ယူလို့ ကောင်းနေတုန်းပါဘဲ။

မြန်မာပြည်မှာရောက်နေကြတဲ့ ကပြားချင်းအတူတူ အရင်ရောက်တဲ့ကပြားက တိုင်းရင်းသားတွေဖြစ်၊ နောက်ရောက်တဲ့ ကပြားလည်း မွတ်စလင်မဟုတ်ရင် တိုင်းရင်း သား ဖြစ်၊ မြန်မာမွတ်စလင်(ပသီ)လူမျိုးအပါအဝင် မြေဒူး၊ ရိုဟင်ဂျာ၊ ၃၇၀၀၊ ပသျှူး(မလေး)တွေကတော့ မွတ်စလင်တွေဖြစ်တာနဲ့ ရှိပြီးသား တိုင်းရင်းသားစာရင်း ကနေ အရှင်လတ်လတ် အပယ်ခံနေရတယ်။ မွတ်စလင်ဖြစ်ရင် ၁၈၂၄ ခုနှစ် မတိုင်မီက နေထိုင်ခဲ့ကြောင်း သက်သေထူခိုင်းတယ်။ တစ်ဖအေ၊ တစ်မအေက မွေးချင်း အရင်းတောင် အကိုဖြစ်သူက မွတ်စလင်ဖြစ်ရင် ဘင်္ဂါလီနွယ်ဖွား နိုင်ငံသားပြုဖြစ်သွားတယ်။ ညီဖြစ်သူက ဗုဒ္ဓဘာသာဖြစ်ရင် ဘာမှသက်သေ ထူစရာမလိုတော့ဘူး။ အလိုအလျောက် မြန်မာတိုင်းရင်းသားစစ်စစ် ဖြစ်သွားကော။ ရုပ်ရှင်မင်းသား မောင်မောင်တာရဲ့ အဖြစ်အပျက်ပါ။ ဒီဖြစ်ရပ်မျိုးတွေက တစ်နိုင်ငံလုံး ပြည့်နေပါတယ်။ ကိုမင်းကိုနိုင် ပြောတဲ့ နိုင်ငံသား ဥပဒေဆိုတာ ဒါလားဗျာ။

ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တရုပ်ကပြားတွေကျတော့ မြန်မာတိုင်းရင်းသားစစ်စစ်ကြီးတင်မက ဖအေ၊ မအေ တရုပ်အစစ်၊ ဗိုလ်နေဝင်းက ကနောင်မင်းဆက်တောင် ဖြစ် သွားတယ်။ မြန်မာတောင် ရိုးရိုးမြန်မာ မဟုတ်ဘူး။ ရှိခိုးခံရတဲ့ မြန်မာနော်။ တရုပ်နာမည် ရှုမောင်ကလည်း ရှုမဝတဲ့သားလေး မြန်မာ ရှုမောင်ဖြစ်သွားတယ်။ ဘုန်းကြီး ရူးနဲ့ လှေလူးလို တတ်လဲ တတ်နိုင်တဲ့ လူတွေပါ။ ကျောင်းတက်သည်အထိ မြန်မာနာမည်တောင် မရှိပါဘူးလို့ ကိုယ်တိုင်ဝန်ခံထားတဲ့ တရုပ်ဗိုလ်အောင်ကြီး လည်း ဗုဒ္ဓဘာသာကိုးကွယ်တော့ မြန်မာတိုင်းရင်းသားစစ်စစ် ဖြစ်သွားကော။ မြန်မာဖြစ်သွားတဲ့ တရုပ်တွေ၊ တရုပ်ကပြားတွေက ဝန်ကြီးတွေလည်း ဖြစ်လို့ရတယ်။ ဗိုလ်ချုပ်ကြီးတွေလည်း ဖြစ်လို့ရတယ်။ နောင်လည်းဖြစ်အုံးမှာတွေ အများကြီးဘဲ။ တရုပ်မျက်လုံးနဲ့ ကုလားအသားအရေရှိတဲ့ ဦးခင်ရီသာ ဗုဒ္ဓဘာသာမဟုတ်ရင် သူ့အဆက်အနွယ်တွေဟာ ၁၈၂၄ကတည်းက မြန်မာပြည်မှာ နေထိုင်ခဲ့တယ်လို့ ဘယ်လိုသက်သေပြမလဲ။ ဦးအစ်စမိုင်ကမွေးတဲ့ ဦးသိန်းညွန့်လည်း ဗုဒ္ဓဘာသာဖြစ် တော့ မြန်မာဖြစ်၊ အမတ်ဖြစ်ပေါ့။ မွတ်စလင်ကမွေးတဲ့ ဘကြီးဘဖေတို့၊ ဦးသန့်တို့လည်း ဗုဒ္ဓဘာသာဖြစ်တော့ မြန်မာတိုင်းရင်းသား စစ်စစ်တွေပေါ့။ အဲ အစ္စလာမ် ဘာသာ ကို ပြောင်းလဲကိုးကွယ်တယ်ဆိုရင် ဖအေ၊ မအေ မြန်မာဖြစ်နေလျှက်နဲ့ ဘင်္ဂါလီသွေးရောလို့ ရေးထားတဲ့ မှတ်ပုံတင်ထုတ်ပေးတာကို အထောက် အထားနဲ့ ပြမယ်ဆိုရင် ကိုမင်းကိုနိုင် ဘာပြောချင်ပါသလဲ။ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သုံးနေရအုံးမယ်လို့ ကိုမင်းကိုနိုင်က ဆိုလိုက်တဲ့ နိုင်ငံသား ဥပဒေဆိုတာ ဒါလားဗျာ။

၁၉၄၆ခု ဇန္နဝါရီလ (၁၇)က (၂၃)ရက်အထိ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံမှာ လွတ်လပ်ရေးတိုက်ပွဲဝင် အဖွဲ့အစည်းပေါင်း (၁၅)ဖွဲ့ တက်ရောက်ပြီး မြန်မာမွတ် စလင်ကြီး ဦးဖေခင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်အမှတ်(၇)ကြောင့် ပြည်ထောင်စုဆိုတာ ပေါ်ခဲ့ရတယ်။ ဆုံးဖြတ်ချက်(၇)ဟာ ပင်လုံရဲ့ မိခင်ဖြစ်တယ်။ ဆုံးဖြတ်ချက်(၇) မရှိရင် ပင်လုံ မရှိဘူး။ ပင်လုံမရှိရင် ပြည်ထောင်စုဆိုတာ မရှိဘူး။ ဒီးဒုတ်ဦးဘချိုတင်သွင်းတဲ့ ဆုံးဖြတ်ချက်အမှတ်(၆)အရ ကပြားမြန်မာ-မွတ်စလင်တွေကို ဗမာမွတ် စလင်(မြန်မာမွတ်စလင်)လူမျိုးရယ်လို့ ခေါ်ဝေါ်သတ်မှတ်ပြီး လူနည်းစုတိုင်းရင်းသား အခွင့်အရေးပေးကြောင်း ချမှတ်ခဲ့တယ်။ မြန်မာမွတ်စလင်တွေကို နာမည် အမျိုးမျိုး နဲ့ ခေါ်ဝေါ်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် သမိုင်းကို ဖျောက်လို့ရတယ်လို့ ကိုမင်းကိုနိုင် ထင်ပါသလား။

ဒို့ဗမာအစည်းအရုံးရဲ့ ပထမဆုံးကြေငြာချက်(၁၉၃၀)မှာ “အို ဗမာမွတ်စလင် အပေါင်းတို့ သင်တို့သည် ဗမာများပင် မဟုတ်လော” လို့ဆိုပြီး လွတ်လပ်ရေးတိုက်ပွဲကို ဖိတ်ခေါ်ခဲ့တယ်။ ဗမာမွတ်စလင်တွေ အများအပြား သခင်ဘွဲ့ခံကြရုံတင်မက ဒိုဗမာမွတ်စလင် အစည်းအရုံးဆိုပြီး ထပ်အားဖြည့်လိုက်ကြသေးတယ်။ ဒီသမိုင်းကော ဘယ်နားထားမလဲ ကိုမင်းကိုနိုင်။

၂၀၁၂ခု စက်တင်္ဘာ(၉)ရက်နေ့ ရန်ကုန်မြို့ အိဒ်ပွဲတော်မှာ ဦးတင်ဦး(NLD နာယကကြီး)က (၁) မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသားတွေဖြစ်တယ်။ (၂) မြန်မာမွတ် စလင်တွေဟာ လွတ်လပ်ရေးအတွက် ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့သူတွေဖြစ်တယ်လို့ ပြောခဲ့တယ်။ ဘာကြောင့် အခုလို ပြောခဲ့သလဲဆိုတာကို အသက် ထင်ရှား ရှိနေသေးတဲ့ ဦးတင်ဦးကို မေးကြည့်ပါလား ကိုမင်းကိုနိုင်။

ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ် မချုပ်ဆိုမီ ဖေဖေါ်ဝါရီ(၁၁)၊ ၁၉၄ရမှာ “အမျိုး ဘာသာ သာသနာကို စွဲပြီး ပြည်ထောင်စု တည်ဆောက်လို့ မရဘူးဆိုပြီး တိုင်းရင်း သား မွတ်စလင်တွေကိုလည်း ထည့်သွင်း မိန့်ကြားခဲ့တယ်။ ဒီသမိုင်းကိုကော ဘယ်လိုသဘောရသလဲ ကိုမင်းကိုနိုင်။

၁၉၄၇ ရွေးကောက်ပွဲပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်အမတ်များ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ်ရေးကိစ္စ ဆွေးနွေးရာမှာလည်း “တိုင်းပြည်ကို ကျွန်တွင်းက လွတ်မြောက်အောင် တိုက်ကြစဉ်က ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့(ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ)လည်း ပါ တယ်။ အခုကျွန်တွင်းကတောင် လွတ်မယ်မှ မကြံကြသေးဘူး။ သူတို့တွေပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုဘာသာကို နိုင်ငံတော်ဘာသာလုပ်လိုက်ကြရင်” ဆိုပြီး တားမြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကိုမင်းကိုနိုင်ရဲ့ အမြင်ကို သိချင်ပါတယ်။

ခိုးဝင်လာသူမှန်သမျှ မောင်းထုတ်ရမှာပါ ကိုမင်းကိုနိုင်။ ဘင်္ဂါလီလည်း ခိုးဝင်လာရင် မောင်းထုတ်ပါ။ သို့သော် ဘင်္ဂလားဒက်က ရခိုင်တွေ မြန်မာပြည်ထဲ အချိန်မရွေး တံခါးမရှိ၊ ဓါးမရှိဝင်ပြီး မြန်မာတိုင်းရင်းသားလုပ်လို့ရမယ်ဆိုရင် မြန်မာနှင့်နယ်စပ်ချင်း ထိနေတဲ့ နိုင်ငံအားလုံးမှာ နှစ်ဖက်ခွနေတဲ့ တိုင်းရင်းသားတွေက သန်းရာကျော် အနည်းဆုံးရှိပါတယ်။ သူတို့က မြန်မာပြည်ဖက်ကို ရခိုင်တွေလိုဘဲ ကူးလာမယ်ဆိုရင် ကိုမင်းကိုနိုင် လက်ခံနိုင်ပါသလားဆိုတာကို သိချင်ပါတယ်။ နိုင်ငံသားဥပဒေကို ရခိုင်အတွက် သတ်သတ်၊ တစ်နိုင်ငံလုံးအတွက် သတ်သတ် နှစ်မျိုးထားသင့်သလား ကိုမင်းကိုနိုင်။

၁၉၄၇ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ မြန်မာမွတ်စလင်တွေကို ၁၉၇၄ အရဘဲ ဖြစ်ဖြစ်၊ ၁၉၈၂ နိုင်ငံသားဥပဒေအရဘဲ ဖြစ်ဖြစ်၊ ၂၀၀၈ အရဘဲ ဖြစ်ဖြစ် နိုင်ငံသားအဖြစ်က ပြန်ပယ်ဖျက်ဖို့ အစိုးရလုပ်သူတွေတင်မက ဒီမိုကရေစီနည်းအရဆိုပြီး လူများစုသဘောအရပင် လုပ်လို့ ရနိုင်တယ်၊ လုပ်ခွင့်ရှိတယ်လို့ ကိုမင်းကိုနိုင်ထင်ပါသလား။

နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ပြီးတဲ့ ရခိုင်ပြည်က မွတ်စလင်တွေကို ဘင်္ဂါလီဆိုပြီး မောင်းထုတ်သင့်သလား ကိုမင်းကိုနိုင်။ သူတို့ကို အခြားနိုင်ငံသားတွေလို တန်းတူ ဆက် ဆံဖို့၊ ကာကွယ်ပေးဖို့ လိုမယ်လို့ ကိုမင်းကိုနိုင် ယူဆပါသလား။ ဒုက္ခရောက်နေတဲ့ သူတို့ကို ရခိုင်အစွန်းရောက် လူ၊ ဘုန်းကြီး၊ နိုင်ငံရေးသမားတွေက အစည်း အဝေး တွေ ထိုင်၊ စာရွက်စာတန်းတွေ ထုတ်ပြီး အခုထက်တိုင် လူသားမဆန်စွာ အစာရေစာ ဖြတ်၊ ဆေးဝါး ဖြတ်၊ အဆက်အဆံ ဖြတ်၊ အလုပ်အကိုင် အရောင်းအဝယ် ဖြတ်နေတာ တစ်နှစ်ပြည့်တော့ပါမယ်။ ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံးအဖွဲ့က ဒီလိုမလုပ်သင့် မလုပ်အပ်ဘူးဆိုပြီး ဘာဖြစ်လို့ မကန့်ကွက်ကြဘဲ ယနေ့တိုင် မသိ ချင် ယောင် ဆောင် နှုတ်ပိတ်ရေငုံနေရတာလဲ ကိုမင်းကိုနိုင်။ သူတို့တွေ အများအပြားဟာ မိုးထဲရေထဲမှာ တိရစ္ဆာန်ထက်တောင် ဆိုးဝါးတဲ့ အခြေအနေ ရောက်နေပါ တယ်။ ရောဂါတွေ၊ အဟာရချို့တဲ့မှုတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေ နေ့စဉ်သေနေကြရတယ်။ သူတို့အတွက် ကိုမင်းကိုနိုင်ရဲ့ စာနာစကား ကို ကြားချင်ပါတယ်။

ကိုမင်းကိုနိုင်က “ကျွန်တော်တို့တိုင်းပြည်ထဲမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ၁၃၅-မျိုးသော ဘာသာစကားကို တစ်ခုမှမတတ်ပဲနဲ့၊ သူ့ဘာသာသူပြောနေတဲ့၊ သူ့ဘာသာ တစ်ခုပဲတတ်တဲ့ လူမျိုးတွေအများကြီးရှိပါတယ်။” ရိုဟင်ဂျာကို ဆိုလိုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒိုင်းနက်က တိုင်းရင်းသား(၁၃၅)မျိုး စာရင်းဝင်ဖြစ်ပါတယ် ကိုမင်းကိုနိုင်။ ဒိုင်းနက်တွေပြောတဲ့စကားနဲ့ ရိုဟင်ဂျာတွေပြောတဲ့စကား ၁၀၀% တူတယ်ဆိုတာ ကိုမင်းကိုနိုင် သိပါသလား။

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ပါဘူး။ ဘာကြောင့် လက်မခံနိုင်တာပါလို့ သတ္တိရှိရှိ ပြောရင် ပြောကြပါ။ ဒါဆို အဖြေရအောင် ဆွေးနွေးလို့ရနိုင်တယ်။ သို့သော် ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ကြောင်းကို အစိုးရထုတ်စာစောင်တွေ၊ သတင်းစာ မဂ္ဂဇင်းတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ စွယ်စုံကျမ်းတွေ၊ မြန်မာ့အသံက ရိုဟင်ဂျာ အသံလွှင့်ချက်တွေစတဲ့ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းအထောက်အထားတွေ အခိုင်အမာရှိလျှက်နဲ့ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု မခံခဲ့ရပါဘူးဆိုပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး လူမှုရေး ဘာသာရေးခေါင်းဆောင်တွေက ဘာဖြစ်လို့ ဗြောင်လိမ်နေကြတာလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရပါတယ် ကိုမင်းကိုနိုင်။ ကိုမင်းကိုနိုင် အမြင်ကို သိပါရစေလား။

မည်သို့ပင်ဆိုစေကာမူ ကိုမင်းကိုနိုင်က မေလ(၂၅)ရက် နယူးယော့မှာ “အဲဒီလောလောဆယ်မှာတော့နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်/မဖြစ်..။ ဘိုးဘွားလက်ထက် ကတည်းက နေထိုင်လာပြီးတော့ နိုင်ငံသားစစ်စစ်ဖြစ်တယ်ဆိုရင် ကျွန်တော်ရဲရဲတင်းတင်း အာမခံပါတယ်။ နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်တယ်လို့ ကျွန်တော် တို့ကိုယ်တိုင် ရပ်တည်ပေးမယ်။ သူ့အခွင့်အရေးအတွက် ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ်။” ဆိုလိုက်တဲ့အတွက် ကျေးဇူးတင် ဝမ်းသာပါတယ်။ ဒီနေ့ မြန်မာ မွတ် စလင် တွေဟာ ၉၉.၉၉၉၉၉%က ဘယ်နိုင်ငံကမှ ခိုးဝင်လာသူတွေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချစ်စရာ၊ ကာကွယ်စရာ၊ သေစရာ နိုင်ငံရှိသူတွေ မဟုတ်ကြဘူး။ ဘိုး ဘွား စဉ်ဆက်နေထိုင်ကြသူ တိုင်းရင်းသားတွေချည်းပါ။

သို့သော် ကိုမင်းကိုနိုင်က တစ်ဆက်တည်း ဆက်ပြောလိုက်တဲ့ “သို့သော်အဲဒီ သို့သော်ရဲ့ နောက်မှာ ပိုပြီးအရေးကြီးတဲ့အချက်ရှိပါတယ်။ “အခွင့်အရေးလိုချင်ရင်၊ တာဝန် ယူမှု ရှိရမယ်။ ”ဘယ်ကိစ္စမျိုး မဆိုပါ။” ပြောကြားချက်ကိုတော့ သစ္စာစကားဆိုရရင် သိပ်မကြိုက်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာမွတ်စလင်တွေကို သံသယနဲ့၊ ဆန်းစစ်တဲ့အနေနဲ့ အခွင့်အရေးလိုချင်ရင် တာဝန်ယူမှု ရှိရမယ်ဆိုတဲ့ စကားမျိုး ပြောနိုင်သူဟာ မြန်မာ့သမိုင်း မှာ အရင်ကလည်း မပေါ်ပေါက်ဖူးဘူး။ အခုလည်း မရှိဘူး။ နောင်လည်း ရှိမယ် မထင်လို့ပါဗျာ။

မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်တွေဟာ နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းမှာ မကြုံဘူးလောက်အောင် မိတ်ဆွေနည်းပါးမှု၊ စာနာမှု ခေါင်းပါးမှုကို နိုင်ငံနဲ့ အဝှမ်း ယနေ့ကြုံတွေ့နေရတယ်။ ကျနော်တို့ရဲ့ သွေးချင်းတွေကို မေတ္တာရပ်ခံချင်တာ ကျနော်တို့မှာ အားနည်းချက်ရှိတယ်ထင်ရင် အပြန်အလှန်လေးစားမှု အခြေခံပြီး သွေးချင်းစိတ်နဲ့ ထောက်ပြကြစေချင်ပါတယ်။ ဧည့်သည်၊ အိမ်ရှင်ဆိုတဲ့ ပုံစံမျိုးတော့ မလုပ်ကြစေချင်ဘူး။ မလုပ်သင့်ဘူး။ လုပ်ခွင့် မရှိဘူး။

အောင်တင်
မေလ (၂၆)၊ ၂၀၁၃

ပသီဇော်မင်းထွန်းမှ နေမျိုးဝေသို့ ချေပစာ

 
(၀ဲဘက်) အစ္စလာမ်ကို ရိုင်းစိုင်းစွာ စော်ကားနေသူ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ နေမျိုးဝေ (အင်္ကျီအကြားဝတ်ထားသူ)နှင့် (ညာဘက်) ဟာဂျီဘေလားလ်(ခ)ပသီဇော်မင်းထွန်း

ကိုနေမျိုးဝေ (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌကြီး) ခင်ဗျား…

လူကြီးမင်းရေးသားနေသော ပိုစ်များကိုဖတ်ရပါတယ်။ လူကြီးမင်းလို ပါတီကြီးတခု၏ တာဝန်အကြီးဆုံးယူထားတဲ့သူက ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာလိုက်စားနေတာ သိရတော့
အလွန်အမင်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါတယ်ခင်ဗျာ။

လူကြီးမင်း သတိလက်လွတ်ဖြစ်နေတာလေး တစ်ခုကို ထောက်ပြချင်ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄၀၀)ကျော်က မဟာတမန်တော်မြတ် (PBUH) ထံ ကောင်းကင် တမန်ကြီးမှတဆင့် အလ္လာဟ်အသျှင်မြတ်မှ သူ့အချိန်နဲ့သူ လိုအပ်သလို (၂၃)နှစ်တာကာလ အတွင်းမှာ ချမှတ်ထုတ်ပြန်ခဲ့တဲ့ ကောင်းကင်ကျ ကျမ်းတစောင် ဖြစ်ပါတယ်။

လူကြီးမင်းတို့ နားလည်ထားသလို လူရေးကျမ်း မဟုတ်သလို လူညီရင် ခဏခဏ ထပြင်လို့ရတဲ့ ကျမ်းတစောင် ပေတဖွဲ့လဲ မဟုတ်ပါဘူး။

ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင်ငံမှာ ပါဠိနဲ့ ရှိနေပါတယ်။

  • သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာတင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထားရပါသလဲ?
  • မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက်စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ?
  • ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါသလဲ?
  • ဇင်နဲ့ ထေရ၀ါဒ ဘာလို့ ကွဲနေတာလဲ?
  • ထေရ၀ါဒလို့ပြောနေသူအများစုဟာ ဘာကြောင့် နတ်ကိုလဲ? ပူးတွဲ ကိုးကွယ်နေတာလဲ?
  • အရိမ္မတေယ မြတ်စွာဘုရား ပွင့်မယ့်ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ?

ဘာသာတရားတခုကို အရေပြားပေါ် အယားပြေယုံလောက် သိရုံလောက်နဲ့ ဝေဖန်မယ်ဆိုရင်…

လူကြီးမင်းလိုချင်တဲ့ အေးငြိမ်းသာယာတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ရမှာမဟုတ်ပါဘူး။

အစွဲတွေကိုဖြုတ်၊ နှလုံးသားကိုဖွင့်ပြီး ဆွေးနွေးမယ်ဆိုရင်…

လူကြီးမင်းကို အချိန်မရွှေး လက်ကမ်းကြိုမယ့်သူတွေ အများကြီးပါခင်ဗျာ။

သို့ပေမယ်…

ကျားကျားမီးယပ်လုပ်နေမယ်…
ငါ့စကားနွားရပြောနေရင်တော့…
ရွှေပြည်တော်… မျှော်တိုင်းဝေးနေအုန်းမှာပါပဲ ခင်ဗျာ။

ကျေးဇူးတင်ပါတယ်

ဇော်မင်းထွန်း(ခ)စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်

Burma’s Rohingya Treatment Violates International Law

 

Download here :

Burma’s Treatment of the Rohingya and International Law

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးမှုအကောင် အထည် ဖော်ဆောင်ရေးကော်မတီအစည်း အဝေးသို့တက်ရောက် အမှာစကား ပြောကြား …

နေပြည်တော် ဧပြီ  ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပ သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည် ဖော်ဆောင်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူများအား မိုးမကျမီ နေရာချထားနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လုပ်ငန်းပမာဏများပြားသဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို အမြန်လုပ်ဆောင်ရန် လိုအပ်မှု၊ ဒုက္ခသည်တစ်သိန်းကျော်၏ စားသောက်ရေးအတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ မိုးမကျမီ အဆောက်အအုံများ အချိန်မီဆောက်လုပ်ပြီးစီးရန် လိုအပ်မှု၊ အဆောက်အအုံ ဆောက် လုပ်မည့် နေရာများအား ဒေသခံများ၊ နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်း ရွေးချယ် နေရာ ချထားရန် လိုအပ်မှု၊ နှစ်ပေါင်းကြာရှည်စွာ အတူတကွ နေထိုင် လာခဲ့ကြသူများ ဖြစ်သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုး ကြည့်ရှု ပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင် သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဒုက္ခသည် များ၏ စားရေး၊ နေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရုံမျှမက ၎င်းတို့၏ မူလ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် နိုင်အောင် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် နေထိုင်ကြ သူများသည် လယ်ယာလုပ်ငန်းနှင့်ငါးဖမ်း လုပ်ငန်းတို့ကိုသာ အဓိက လုပ်ကိုင်ကြရာ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ ပြန်လည် လုပ်ကိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများ၊ စက်သုံးဆီများ၊ မျိုးစပါးများနှင့် ဓာတ်မြေသြဇာစသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ထို့အတူ ငါးဖမ်းလုပ်ငန်း ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့်လှေ၊ ငါးဖမ်းပိုက် စသည်တို့ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ရေး အတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ သို့သော် မဖြေရှင်းမဆောင်ရွက်နိုင်လျှင် ပြဿနာပိုမို ကြီးထွားလာနိုင်သည့် အတွက် မဖြစ်မနေ ဖြေ ရှင်းဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းဆောင် ရွက်ပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ် တကျ စီမံ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ ပြည်တွင်းရေးကို မိမိတို့ဘာသာ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးကို အပြည့် အဝ ဆောင်ရွက်ပေးရန်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိလာသည်နှင့်အမျှ နောင်တွင် လုံခြုံရေးတပ်ဖွဲ့ အင်အားကို လျှော့ချသွားရမည် ဖြစ်ကြောင်း။
ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်၍ အကူအညီများ ပေးအပ်ခဲ့သည့် ကုသမဂ္ဂအဖွဲ့အစည်းများ၊ စေတနာရှင်နိုင်ငံများမှ သံအမတ်ကြီး များ အား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊
ဒုက္ခသည်များအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင် စွာ ဆောင် ရွက်နိုင်ရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ လုပ်ငန်း များ ဆောင် ရွက်သွားရန် ဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် ဒုက္ခသည်များ အတွက် လူနေအိမ်များကို (၃) လအတွင်း အပြီး ဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန် လည်ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုက္ခသည်များအား နေရာချထားပေးမှု၊ အဆောက်အအုံများ ဆောက်လုပ်နေရာချထားပေးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက လုပ်ငန်း ကော်မတီအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
တင်ပြချက် များနှင့် စပ်လျဉ်း ၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကော်မတီ အလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် စုစုစည်း စည်း ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စားရေးနှင့် နေရေးကဏ္ဍများ ဆောင်ရွက်ပေး သည့်နည်းတူ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေး လုပ်ငန်းများ ကိုလည်း ဆက်လက် လုပ်ကိုင် ဆောင်ရွက်ပေး သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် ရပ်နားလိုက်သည်။

ထိုးကျွေးလိုက်ရသောနွမ်းကြေဘဝများ (သို့မဟုတ်) အနှိပ်ခန်းကအတွေ့အကြုံ

 

 

 

ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ….(ဆောင်းပါး)

 

( မြန်မာပြည်မှ ဖြစ်စဉ်များဖြစ်ပါတယ် )

 

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ

ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။
လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်း မှာ အေး စိမ့်နေပေ မယ့်   မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။

 

မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့်သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်( အမှန်က ပန်ကာပါ…၂ခန်းစာ အတွက် rotate လည်၏ )

 

အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။

 

အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံးလဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦး ကြို ပြု လိုက်ကြတယ်။

 

မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖ၀ါးတွေကိုတစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။

 

၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီးမွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။

 

အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။

 

မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။

 

ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှုကတနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။

 

လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလိုကြီးမားလှတဲ့ တိုက်တာအဆောက် အဦးတွေပေါ် မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့

 

တရားမ၀င်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။

 

အထူးသဖြင့် တရားမ၀င် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။

 

ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေကတကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ် သလို …………

 

အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။

 

အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုအနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်း အနှီး   ကြီးကြီး မားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။

 

“ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က………………

 

တာမွေမြို့နယ်၊ သမိန်ဘရမ်းလမ်းမပေါ်…အထပ်မြင့် တခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။

 

မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။

 

“ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။

 

၂၀၁၀ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။

 

သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။

 

လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။

 

အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။

 

ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။

 

ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊။

 

အဲ ..သာမန်ဆို……တဆက်ရှင် ( ၄၅ မိနစ်ကတော့ = ၅၀၀၀ကျပ်ပါ)

 

လိင်ပျော်ပါးဖို့ …..ကွန်ဒုံး ပါပီး …….ထပ်ပေးရမှာ က ၈၀၀၀ ကျပ်ပါ…

 

ပြီးတော့ တနာရီလောက် ခန့် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့ ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။(မှတ်ချက်။ ။ ခုအချိန်ဟာ ၁၈၈ ထုတ်ထားတာပါ။)

 

ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။

 

သူ့မိဘနှစ်ဦး အပါအ၀င် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။

 

၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။

 

အကူသူနာပြုဘ၀က တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာကအနှိပ်ခန်း အလုပ်သမဘ၀မှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီ က ဆိုပါတယ်။

 

“တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။

 

ဒီအလုပ်က ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်..

 

ခုတော့ ကုလား-ဗမာ လှုံ့ဆော်လိုသူတွေကြောင့် ဧည့်သည်နဲပါတယ်..” လို့ သူက ပြောပါတယ်။

 

ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲအနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ အဓိကထား လိင်ဖျော်ဖြေမှုပေး ရတာလို့ ဆိုပါတယ်။

 

သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။

 

ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဥ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။

 

“အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။

 

တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။

 

အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။

 

ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။

 

အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။

 

“ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။

 

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။

 

ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ရာဇာမင်း။ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲ စားတွေက ဆိုပါတယ်။

 

“ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။

 

အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦး( ဘ၀ပျက်သွားသူ)က ပြောတယ်။

 

ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။

 

အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့ပုံမှန်သွားရောက်လေ့ ရှိတဲ့   ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။

 

“တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။

 

ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ပုံမှန်…..၁ နာရီအနှိပ်ခံရင် ၀န်ဆောင်မှုကို လိုက်လို့၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။

 

ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ၀န်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့အနည်းဆုံး ၁၅၀၀၀ ( ၁၇ – ၂၂ နှစ်အရွယ်ခန့် ……များသောအားဖြင့် အင်းကျီိအနက် ၀တ် တတ်)လောက်ပေး ရတယ်လို့ သိရပါတယ်။

 

အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာမအူပင်၊ လပွတ္တာ၊ ဒေးဒရဲ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဧရာဝတီတိုင်း၊ အိမ်မဲ၊စတဲ့ နယ်ဘက်   ကျေး ရွာတွေ  ကမိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေကမိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။

 

ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။

 

အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး ။

 

နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။

 

“အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေကရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ၀င်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။

 

မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်းအနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘ၀တွေ ဆီ ရောက် ကုန်ကြတာ။ အဓိက   စားဝတ်နေရေး ပဲ” လို့ အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။

 

အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘ၀က လမ်းမတွေပေါ်က ဘ၀တွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။

 

“လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။

 

ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။

 

လမ်းပေါ်က ဘ၀ထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။

 

အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။

 

လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။

 

တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေး တယောက် ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။

 

အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘ၀က အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။

 

တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။

 

၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ နဲ့ မင်္ဂလာတောင်ညွန့် မင်္ဂလာဈေး..ကောလာဟာလ အပီးမှာ…

 

ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် ၂၀၁၀….

 

အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။

 

အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ၀င်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။

 

လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဥ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။

 

ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။

 

ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

“စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။

 

သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။

 

အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။

 

စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။

 

အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။

 

မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။

 

တရားမ၀င် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့

 

လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။

 

အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

 

( ၁၈၈ ထုတ်ထားတာ မသိဖူးလားဆိုပီး။ရဲက ခေါ်ပီး ညလုံးပေါက်ပျော်ပါးနေတာတွေကို လဲ တွေ့နေရပါတယ်တဲ့ မပြောရဲဖူးလေတဲ့)

 

သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့်

 

မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။

 

ဒါတွေဟာ…အနှိပ်ခန်းကဘ၀တွေပါ….

 

..ကျန်သည့်… CLUB..များ…ကတော့…………..

 

( ၉လွှာ၊ဂျေဂျေ။အာရှ…။တောင်ညွန့်ဒေသ မဟုတ်သည့်ကလပ် များ မှ ၁၈၈ ထုတ်ထားဆဲကာလ မှာတောင်..စားဝတ်နေရေးအတွက်)

 

မိန်းကလေးများရဲ့ဘ၀အမောတွေကတော့…ရန်ကုန်ညများနဲ့အတူ…..ဆက်လက်ဖြတ်သန်းနေရဆဲပါ။

 

Lon Ely ( ၄-၄ -၁၃)

ဘာသာရေး အဆောက်အအုံများကာကွယ် စောင့်ရှောက်ရန် ရှေ့နေကြီး ဦးသန်းတင်ရဲ့ အမြင် …

Interview, သတင်းဆောင်းပါး

ဧပြီ ၅၊ ၂၀၁၃
M-Media
ဆူးထက်

ရန်ကုန် ။ ။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော် နှင့် ဘာသာရေးစာသင်ကျောင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး ဥပဒေရှုထောင့် အမြင်ဖြင့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသက် (၉၂)အရွယ် ရှိပြီ ဖြစ်သော တရားရုံးချုပ် လွှတ်တော်ရှေ့နေကြီး ဦးသန်းတင်အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ဒီ ဗလီဝတ်ကျောင်းတော်တွေဟာ ဟိုးအင်္ဂလိပ်ခေတ် လက်ထက်အရင် ဗမာဘုရင်တွေ လက်ထက်ကတည်းက ဆောက်လုပ်ခဲ့တာပါ။ ရှေးနှစ်ပေါင်းရာကျော်က ရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမွေ အနှစ်တွေ ပါ။ “သာသနာရောင်ဝါ ထွန်းပြောင်စေဖို့”ဆိုတဲ့ ပြည်မြန်မာက ထုတ်တဲ့ စာအုပ်ထဲမှာ ဗမာဘုရင်တွေ လက်ထက်က အစ္စလာမ် မြန်မာပြည်သို့ ရောက်ရှိလာပုံ ဆိုတာကို အတိအကျ ရေးထားတယ်။ အဲဒီရာဇ၀င် စာအုပ်ထဲမှာ အစ္စလာမ် ဘာသာဝင်တွေက မြန်မာပြည်ကို စောပြီးရောက်တယ်လို့ ပေးထားတာကို တွေ့ရတယ်။ မင်းတုန်းမင်းကြီးက ရတနာပုံ   နေပြည်တော်ကို မြို့တည်တဲ့ နေရာမှာ အစ္စလာမ် ဘာသာဝင်တွေ အတွက် ဗလီဆောက်ဖို့ ၀င်းကြီးတွေ ချပေးပြီးတော့ ဗလီ အသီးသီး ဆောက်လုပ်ခွင့် ပေးခဲ့တယ်။ ဘုရင်ကြီးက မန္တလေး နန်းတည်ခဲ့ရုံသာမက နန်းတော်အတွင်းမှာပါ ရွှေပန္နဗလီကို သူကိုယ်တိုင် ပန္နတ်ချပြီး သူရဲ့ အစ္စလာမ် ဘာသာဝင် စစ်သည်စစ်သားတွေ ငါးကြိမ် လွယ်ကူစွာ ၀တ်ပြုနိုင်ဖို့ အတွက်   ဆောက်လုပ်ပေးခဲ့တယ်။ ဒါတင်မကဘူး သူရဲ့ တိုင်းသူပြည်သား အစ္စလာမ်ဘာသာဝင်တွေ တစ်နှစ်တစ်ခါ မက္ကာရွှေမြို့တော်ကို ဘုရားဖူး သွားတဲ့ အခါ အဲဒီမှာ မြန်မာ မွတိစလင်တွေ တည်း ခိုနေ  ထိုင်ဖို့ အတွက် သူ့ရဲ့ လူယုံတော်တွေကို လွှတ်ပြီး ဒေါင်းဇရပ်ကြီးကို ဆောက်လုပ်ပေးခဲ့ပါတယ်။”

“မြန်မာဘုရင်တွေ လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင်တွေ ဆွလာဟ်ဝတ်ပြုဖို့ ဆောက်လုပ်ခဲ့တဲ့ ဗလီ ၀တ်ကျောင်းတော်တွေ ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် လက်ထက်မှာလည်း ဒီဗလီ ၀တ်ကျောင်းတော်တွေ တည်ရှိတယ်။ အချိန်မှန် ၀တ်ပြုနေတယ်။ ဒီဗလီတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်တဲ့အတွက် ဆက်လက် ထိန်းသိမ်းရမယ်။ ဦးနု အစိုးရ လက်ထက်တုန်းက ဗုဒ္ဓ ဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ်ကြေညာတဲ့ အခါမှာ တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် လူနည်းစုများ အဖွဲ့ဖွဲ့ပြီး ကျွန်တော်တို့ ကန်ကွက်ခဲ့ပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်  ပိုင်ခွင့် ဆိုတာ ရှိတဲ့အတွက် ဟိုးအရင်ကတည်းက ဘာသာဝင်တိုင်းရဲ့ အမွေအနှစ် အဆောက်အဦးတွေကို အစိုးရက ထိန်းသိမ်းခဲ့တယ် ဆိုတာ ရှိတယ်။ အခုလည်း   နှစ်ပေါင်း  ရာကျော် သွားပြီ ဖြစ်တဲ့ ဒီအမွေအနှစ်တွေကို သူတို့ ဖျက်ချင်တိုင်း ဖျက်လို့မရပါဘူး။ ကျွန်တော်တို့က ဒီအမွေအနှစ်တွေကို ခံစားပိုင်ခွင့် ၊ ရပိုင်ခွင့် ရှိတယ်။   ဆောက်  လုပ်ခွင့် ပေးစရာ မလိုအောင် ဒီဗလီတွေဟာ ဘုရင်တွေ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက ဆောက်ခဲ့တာပါ ”

‘ကမ္ဘာကပေးတဲ့ ဘာသာရေး လွတ်လပ်ခွင့် အခွင့်အရေးတွေ ရှိတယ်။ လူ့အခွင့်အရေး ရှိတယ်။ ဒါတွေကို ချိုးဖောက်ရင် ကမ္ဘာကို ဆန့်ကျင်တဲ့ သဘောရောက်တယ်။ ကမ္ဘာဥပဒေကို လိုက်နာရင် ဗလီတွေကို လိုက်ဖျက်စရာ မလိုဘူး။ ဗလီတွေကို ဖျက်ပေးရမယ်လို့ ပြောလာရင်လည်း ဘာသာရေး အမွေအနှစ် ဖြစ်တဲ့အတွက် ဒါကြောင့် မဖျက်ပါနဲ့လို့ ဆိုပြီး အဖွဲ့ကြီးငါးဖွဲ့ကနေပြီး သူတို့ကို နို့တစ်စာပေးပြီး တရားရုံးမှာ ရင်ဆိုင်ရင် ကောင်းမယ်။ ပြန်ပြီး တရားစွဲရမယ်။ တရားမစွဲရင် တာဝန်ကျေမှာ မဟုတ်ဘူး။ ရမည်းသင်းမြို့က ဗလီကြီးဆိုရင် ဗမက ရပ်ကွက်ဆိုပြီး ရှိတဲ့ သမိုင်းဝင် မြို့မှာ ရှိတဲ့ ဗလီ ဖြစ်တယ်။ ဗမက ဆိုတာ ဆရာကြီးဦးရာဇတ်တို့ ဖွဲ့ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် ဖြစ်တယ်။ ဗမာ မွတ်စလင် လှုပ်ရှားမူရဲ့ သမိုင်းဝင် အဖွဲ့အစည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံတော် ဘာသာလုပ်မယ်လို့ အကြံပြုချက်ကို ဗိုလ်ချုပ်က “ဟာ ကျွန်တော်တို့ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်တဲ့ အချိန်မှာ မွတ်စလင်တွေလည်း ပါတယ်။ ဗုဒ္ဓဘာသာတွေ ပါတယ်။ ခရစ်ယာန်တွေ ပါတယ်။ ဟိန္ဒူတွေလည်း ပါတယ်။ အခုကျမှ ကျွန်တော်တို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တစ်ခုတည်းကို နိုင်ငံတော်ဘာသာ လုပ်ရမယ်ဆိုရင် မတရားတဲ့အတွက် လုံးဝ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က ဆိုရှယ်လစ် နဲ့ သွားမယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပယ်ချပြီးတော့ တိုင်းပြည်မှာ ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစား မပြုရ  ဆိုပြီးတော့ စည်းမျဉ်းလုပ်ခဲ့တယ်။ ပြီးတော့ ၁၉၄၇-ခုနှစ် လူ့အခွင့်အရေးမှာ အတိအကျ ပေးခဲ့တယ်။ နိုင်ငံသားတွေကို အခွင့်အရေး ပေးခဲ့တယ်။”

“အခု ကျွန်တော်တို့ အစ္စလာမ်သာသာဝင်တွေဟာ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဗိုလ်သင်တန်း ဆိုရင်လည်း မြန်မာမွတ်စလင်တွေ တက်ခွင့်မရဘူး။ တဖတ်သတ် အနိုင်ကျင့်ပြီး လုပ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈-မှာ နိုင်ငံတော်မှာ ဘာသာကြီးလေးရပ် ရှိတယ်လို့ အသိအမှတ်ပြုထားတယ်။ အဲဒါကို ပယ်ဖျက်ပစ်လို့ မရဘူး။ ကမ္ဘာအပြည်ပြည် ဆိုင်ရာ ဥပဒေ ကို ဆန့်ကျင်ရာရောက်ရင် ကမ္ဘာမှာ မျက်နှာမလှ ဖြစ်မယ်”ဟု M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူး၏စကားကို လိုသလို ဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများ သိစေရန် (မေး၊ဖြေ) …

ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်

ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ သတင်းမီဒီယာများနှင့်တွေ့ ဆုံ ရှင်း လင်း ပွဲတွင် မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူး ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည်ကို မီဒီယာများမှ သိလိုသည်များ အလွတ် သဘော   မေးမြန်း ခဲ့ကြပါ သည်။အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က တိုင်းဒေသကြီးသာသ နာရေးမှူး   အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့ ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ရှိ တဲ့ ဗလီများဟာ တရားမ၀င်ဗလီများသာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ဘယ်လိုများ အတည်ပြုနိုင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ်စလမ်ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။ ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိကအဆောက် အဦတွေ ဆောက် လုပ်ခြင်း၊ ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး ခွင့်ပြုပိုင်ခွင့်မရှိပါဘူး၊
ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွင့်ပြုခြင်းကို သာသနာရေးဌာနက လုပ်ပိုင်ခွင့်မရှိပါဘူး၊လိုအပ်လို့ကျွန်တော်တို့ဌာနကို တင်ပြလာတဲ့အခါ ဌာနရဲ့သဘောထားမှတ်ချက်ကို “သာသနာရေး ရှုထောင့် မှကန့်ကွက်ရန်မရှိကြောင်း ဆောက်လုပ်ပြုပြင်သည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်တင်ပြဆောင်ရွက်ရန်” လို့သာ ပေးရပါတယ်။ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်းများနှင့်ပတ်သက်၍လည်း ယခုလိုပဲ သံဃနာယကအဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ဖို့ မှတ်ချက်ပေးရပါတယ်။ ခွင့်ပြုခွင့်မရှိလို့ခွင့်ပြုလို့မရပါဘူး။ဆောက်လုပ်ပြုပြင်ဖို့လိုအပ် လာရင် လည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ကိုသာ တင်ပြဆောင်ရွက်ကြရပါတယ်။
ဒါကြောင့် ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့သာသနာရေး ၀န်ကြီးဌာနအနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရခွင့်ပြုထားခြင်းမရှိပါ လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါတယ်။
အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ရည်ရွယ်ချက်ကို သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်ဗလီမရှိဆိုတဲ့ အနေ အထားမျိုးနဲ့ သတင်းဖော်ပြလာတာကိုတွေ့ရပါတယ်။ ဒီလိုဖော်ပြချက်ကြောင့် အများကြီး အထင်အမြင်လွဲမှားစရာဖြစ်လာနိုင်တာကို သတိမမူပဲ မီဒီယာများအနေနဲ့လိုရာဆွဲကောက်နှုတ်ပြီး သတင်းအဖြစ်သုံးသပ်တင်ပြခြင်းဟာ သတင်းကျင့်ဝတ်အပေါ်လိုက်နာမှုအားနည်းတဲ့သဘောဖြစ်တဲ့အပြင် ကျွန်တော်တို့ ဌာနဆိုင်ရာတာဝန်ရှိသူများမှာလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်ရ တဲ့အ တွက် ဆင်ခြင်သင့်ပါတယ်လို့ပဲပြောချင်ပါတယ်။နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ် ချက်ပေါက်မြောက်   အောင် ခြေခြေမြစ်မြစ်မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။
CN.News credit to: Ko Win Naing

ဂျီပာတ်သဘော နားလည်မှုလွဲမှားခံနေရကြောင်းနှင့် အစ္စလာမ့်ဂျီပာတ်သဘောအမှန် ဗုဒ္ဓဘာသာ တွင်လည်းရှိပာု မြ၀တီမင်းကြီးဆရာတော် မိန့်ကြား …

7 other friends shared Myanmar Muslim Net‘s photo.
ဂျီပာတ်သဘော နားလည်မှုလွဲမှားခံနေရကြောင်းနှင့် အစ္စလာမ့်ဂျီပာတ်သဘောအမှန် ဗုဒ္ဓဘာသာ တွင်လည်းရှိပာု မြ၀တီမင်းကြီးဆရာတော် မိန့်ကြားမန္တလေး၊ မတ် ၁၉

ဂျီဟတ်ဆိုတဲ့ အဓိပ္ပာယ်ကို အလွဲလွဲအမှားမှား အသုံးပြုနေကြတယ်။ အခုဂျီဟတ်ဆိုတဲ့ အဓိပ္ပာယ်ကို အလွဲလွဲအမှားမှားနားလည်နေတယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ ဘက်ကလည်း အလွဲအမှား နားလည်တယ်။ ဒီဂျီဟတ်ဆိုတဲ့ အသံကြားရင်ကို သိပ်အန္တရာယ်များတယ်လို့ မြင်လာတယ်။ ဘုန်းကြီးတို့မှမဟုတ်ပါဘူး။ ကမ္ဘာကလည်း မြင်လာတယ်။ ဘုန်းကြီးတို့မှ မဟုတ်ပါ ဘူး။ ကမ္ဘာကလည်း ဒီအတိုင်းဖြစ်နေတယ်။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြဖို့တော့ကောင်းတယ်ဟု ဦးအရိယ၀ံသ ၀ဋံသကာ(မြ၀တီဆရာတော်ဘုရားကြီး) က မန္တလေးမြို့တွင် ကျင်းပသည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနားတွင် မိန့်ကြားသည်။

မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့မှ နှိုးဆော်ကျင်းပသည့် ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားကို ယနေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ Oriental House (Hotel ဖြစ် မယ်ထင်တယ်) တွင်ကျင်းပရာ အခမ်းအနားကိုသာသနာ ၅ ရပ်မှ ကိုယ်စားပြုဆရာတော်ကြီးများ၊ နိုင်ငံရေးနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေး မှ စိတ်ပါဝင်စားသူများဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဂျေဟတ်သဘောမှာ တကယ်ပြောတာက ဒီတိုက်ခိုက်ရမှာရှိတယ်။ ဘယ်မှာတုန်းဆိုလို့ရှိရင် တကယ်က ကိုယ့် အတွင်းက မကောင်းတဲ့ လောဘ၊ မောဟ၊ ဒေါသတွေကို တိုက်ခိုက်ရမှာ ကိုယ့် အတွင်းက မကောင်းတာတွေ မွေးမြူထားပြီး တစ်ဖက်လူတွေကို ဒုက္ခရောက်အောင်တိုက်ခိုက်ပစ်တာဟာ ဘာသာကို ဖျက်ဆီးပစ်တာ။ အထူးသဖြင့် အစ္စလာမ်ဘာသာအတွက် အန္တရာယ်ကြီး တယ်ဟု မြ၀တီဆရာတော်က အထက်ပါ အခမ်းအနားတွင် ဆက်လက်မိန့်ကြားသည်။

ပြောရမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့မှာလည်း ဂျီဟတ်သဘောတွေရှိပြီးသား။ ရဟန်းတစ်ပါး ရဟန်းခံတော့မယ်ဆိုရင်၊ ကိုရင်တစ်ပါး ရဟန်းခံတော့မယ်ဆိုရင် ဘာပြောတယ်မှတ်လဲ။ နတ်ပြည် က – အေး မာရ်နတ်ကို ဖိုက်မယ့် စစ်သည်တော်တစ်ယောက်တိုးပြီလို့ ဒီလိုပြောတာ ဟု ဆရာတော်က ဗုဒ္ဓဘာသာအတွင်းမှ ဂျီဟတ် သဘောကို မိန့်ကြားသည်။

ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားတွင် တောင်ဘီးလင်းဆရာတော်ဘုရားကြီး၊ မဟာမြိုင်ဆရာတော် ဘုရားကြီး၊ ရွှေကိန္ဒရီဆရာတော်ဘုရားကြီးတို့ကလည်း ဘာသာပေါင်းစုံ ချစ်ကြည်   ညီညွတ်ရေး အတွက် တိုက်တွန်း အားပေးသည့် သြ၀ါဒများကို မိန့်ကြားသည်။

ပြောမယ်ကြံရင် မပြောခင်၊ လုပ်မယ်ကြံရင် မလုပ်ခင်၊ တွေးမယ်ကြံရင် မတွေးခင်၊ သူ့ထိခိုက်သလား၊ ကိုယ့်ထိခိုက်သလား။ နှစ်ဦးသားထိခိုက်သလား. .ဘယ်သူ့မှ မထိခိုက်ဘူးဆိုရင် အဲဒီမှာပြော၊ အဲဒါလုပ်၊ အဲဒီအတွေးဟာ အမှန်ပဲ။ ထိခိုက်တယ်၊ ကိုယ်ဆင်းရဲမယ်၊ စိတ်ဆင်းရဲမယ် ထိခိုက်တယ်နစ်နာတယ်ဆိုရင် အဲဒီ အလုပ်ဟာ အမှားပဲလို့သာ ဆုံးဖြတ် ဟုမဟာမြိုင်ဆရာတော် ဘုရားကြီးက ငြိမ်းချမ်းရေးကို ရှေးရှုသည့် သြ၀ါဒတော်မြွက်ကြားသည်။ အခမ်းအနားတွင် ခရစ်ယာန်သာသနာတော်မှ ဆရာတော်ဦးကျော်ရွှေ ဗဟာအီ သာသနာတော် မှ ဆရာတော် ဦးမြင်ဆွေတို့ကလည်း အကောင်းမြင်ဝါဒကျင့်သုံးရေး၊ ချစ်ခြင်းတရားပွားများနိုင်ရေး နိုးဆော်သည့် ဘာသာရေး တိုက်တွန်းချက်များ ကို ဟောပြော တင်ပြကြသည်။

“အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး ဂျေဟာဒ့်ဆိုသည်မှာ ကိုယ်ရဲ့စိတ်ဆိုး ကိုယ့်ရဲ့မကောင်းမှုစိတ်ကို တိုက်ဖျက်ကာ အကြီးကျယ်ဆုံး ဂျေဟာဒ့်ပါပဲ” ဟု အစ္စလာမ့်သရုပ်မှန် ဂျေဟာဒ့် အကြောင်းကို ဗုခါရီကျမ်းလာ တမန်တော်မြတ်သြ၀ါဒတော် တစ်ရပ်ကို ကိုးကား ခလီဖာ ဦးသိန်းဝင်းအောင်က တင်ပြသည်။

“ဘာသာတရားရဲ့ အဆုံးအမက ဘယ်လောက်ကောင်းကောင်း အဲဒီ အဆုံးအမကို မလိုက်နာသူလည်းရှိပါတယ်။ ဒါကြောင့်မို့ ၀ါဒနဲ့၊ ၀ါဒီ ၊တရားကိုကိုယ်စားပြုပါတယ်ဆို လူရယ် တရားကို ကိုယ်စားပြုပါတယ်ဆိုတဲ့ လူအချို့ရဲ့ လုပ်ရပ်တွေကို ခွဲမြင်ဖို့ လိုအပ်ပါတယ်။”ဟု ခလီဖွာ ဆရာဦးအေးလွင်က ဘာသာပေါင်းစုံ ချစ်ကြည်ရေးနေ့ အခမ်းအနားတွင် ပြောသည်။ ထို့အပြင် မကောင်းတဲ့လူအချို့ လုပ်ရပ်ကို ကြည့်ကာ အများစုအားလုံးကို အထင်အမြင်လွဲမှားမှုဖြစ်စေအပ်ကြောင်း အစ္စလာမ်ဟူသော အဓိပ္ပါယ်သည်ပင် ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ရကြောင်း ဆရာဦးအေးလွင် ကပင် ထပ်လောင်းပြောကြားသည်။

အစ္စလာမ်ကပြောတယ် ဂျေဟာဒ့်ဆိုတာ Freedom of worship လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အကာအကွယ်ပေးခြင်းပါ။ (ကုရ်အာန်ထဲမှာ) ဘယ်လိုပြောတာ သလဲဆိုရင် စ၀ါမိအ်လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကျောင်းကန်တွေ၊ ဟိန္ဒူကျောင်းကန်တွေ၊ ဗိယအွန်လို့ခေါ်တဲ့၊ ခရစ်ယာန် ချာခ်ျတွေ၊ ဆွလ၀ါသ် လို့ခေါ်တဲ့ ဂျူးဘုရားကျောင်းတွေ မစာဂျိဒ် လို့ခေါ်တဲ့ ဗလီဝတ်ကျောင်းတော်တွေ ကို သူယုတ်မာတွေက လာဖျက်ဆီးရန် မင်းတို့မွတ်စလင်မ်တွေက အဲဒီဒေသမှာ အုပ်ချုပ်သူ လူတန်းစား၊ သြဇာရှိသူတန်းစား ဖြစ်တယ်ဆိုရင် အဲဒါတွေကို အားလုံး ကို ကာကွယ်ပေးရမယ်။ ဒါဂျိဟာဒ့်ပါ။ Freedom of worship ကာကွယ်ပေးရမယ်တဲ့။ ဒါဂျီဟာ့ဒ်ပါ။ Anti Terrorism ပါ။ ဟု အစ္စလာမ့်ဓမ္မ ကထိကနှင့်ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်)က ပြောသည်။

အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားခံရဆုံးသော ဂျေဟာ့ဒ်ဆိုသည့် စကားရပ်ကို ကုရ်အာန်ကျမ်းမြတ် အခန်း ၂၂၊ ဗျာဒိတ်တော် ၄၀ လာ အဓိပ္ပာယ်ကို အထက်ပါအတိုင်း ကိုးကား ကာ ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်)က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာမွတ်စလင်မ်တို့၏ နိုင်ငံအပေါ် အကျိုးပြုပုံများ၊ အစ္စလာမ့်အိမ်ထောင်မှုအနှစ်သာရများ အကြောင်း နှင့် သားဖောက် သာသနာပြုမှုနှင့် အစ္စလာမ် လုံးဝမပတ်သက်ကြောင်း စသည့်အချက်များကိုလည်း ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်)ကပင် ဆက်လက်ပြောကြားသည်။

ကျွန်တော်တို့ရဲ့ အမျိုးသမီးငယ်တွေက တရုတ်ပြည်ကို ဘုံမယားအဖြစ် ရောင်းစားခံနေရတယ်။ လိင်အပျော် (အဖြစ်) ယိုးဒယားကို ရောင်းစားခံနေရတယ်။ နောက်ဆုံး ပြည်တွင်းမှာ ကိုယ့်လူမျိုးအချင်းချင်း၊ ဘာသာတူ အချင်းချင်း က ပြည့်တန်ဆာလုပ်ငန်းအတွက် ကုန်ကူးနေတယ်။ ဒါတွေကို ကျွန်တော်တို့ ဖြေရှင်းဖို့လိုတယ်။ သူတို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လိုတယ်။ နိုင်ငံတကာက ကြွေးမြီတွေ ကျွန်တော်တို့ကျော်ဖို့ လိုတယ်။ ပြည်တွင်းမှာ လူမျိုးတွေကြားထဲမှာ ဘာသာတွေကြားထဲမှာ မတည်မငြိမ်ဖြစ်နေရင် ဘယ်သူက လာပြီး Invest လုပ်မှာလဲ ဟု ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်)က ထပ်လောင်းပြောကြားသည်။

အစ္စလာမ်တွင် လူများစရာမလိုကြောင်း သစ္စတရားဟူသည် အင်အားရှိပြီးဖြစ်ကြောင်း အစ္စလာမ်ကို အမှန်တကယ် မယုံကြည်ဘဲ အကြောင်းတစ်ခုခုကြောင့် ၀င်ရောက်လာသူကို အယောင်ဆောင်ဟု ခေါ်ကြောင်း ငရဲတွင်ပင် အောက်ဆုံး၌ နေရမည်ဖြစ်ကြောင်း၊

အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်နှင့် စပ်လျဉ်း၍ ၁၉၉၇ ခုနှစ်က နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေး ၀န်ကြီးဌာနသို့ ရှင်းလင်းပြီးဖြစ်ကြောင်း၊ ယခုပြန့်နှံ့နေသော အစ္စလာမ်ဆန့်ကျင်ရေး အခွေများ လက်ကမ်းစာစောင်များနှင့် စပ်လျဉ်း၍ မိမိတို့ဖြေရှင်းရန် အသင့်ရှိကြောင်း၊ ယခုတက်ရောက်လာသည့် သံဃာတော်များကို တိုင်တည်၍ ပြောလိုကြောင်း၊ ဗုဒ္ဓဘာသာနှင့် မွတ်စလင်မ် Dialogue လိုအပ်နေကြောင်းလည်း ဘာသာတူ လင်မယားအချင်းချင်းမှာပင် ဇနီးကို နှိပ်စက်ညှဉ်းပန်းမှုများရှိနေရာ ဘာသာမတူဘဲ ယူထားသူများ အကြား ညှဉ်းပန်းမှုရှိက ပုဂ္ဂလိက ပြဿနာသာဖြစ်ကြောင်း၊ အစ္စလာမ်နှင့် မပတ်သက်ကြောင်း ၊ အစ္စလာမ့် ဓမ္မသတ်မှု့း နှငိ့် ဓမ္မကထိက ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်) ကဆက် လက်ပြောကြား သွားသည်။

ဒီလိုအခမ်းအနားမျိုး ကျင်းပခွင့်ရဖို့ ကြိုးစားတာ ၄-ကြိမ်ရှိပြီ ၃-ကြိမ်က ခွင့်ပြုချက်မရခဲ့ဘူး။ တင်းမာမှုတွေ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ ငြိမ်းချမ်းမှုတည်ဆောက်ချင် တယ်။ မြန်မာ့ လူ့ဘောင် အသိုင်းအ၀ိုင်း တည်ငြိမ် အေးချမ်းမှ သာယာမှ နေတဲ့လူအားလုံး စိတ်ချမ်းသာမယ်။ ပာု ကိုအောင်ဇော်ဝင်း (စွမ်းအားလျှပ်စစ်)က myanmarmuslim.net သို့ပြောသည်။

ဟု အထက်ပါအခမ်းအနားကို စီစဉ်သူတစ်ဦးဖြစ်သည့် ဦးအောင်ဇော်ဝင်း (စွမ်းအားလျှပ်စစ်)က myanmarmuslim.net သို့ ပြောသည်။

သက်ကြီးဝါကြီး သံဃာတွေကတော့ အချိန်ကြာတော့ ပင်ပန်းတာလည်း ပါတယ်။ ပြီးတော့ နဂိုကတည်းက သူတို့မှာ သံသယလည်းမရှိတော့ သံသယကင်းဖို့ သူတို့ကြည့်စရာမလိုဘူး ဆိုတဲ့ သဘောလည်း ပါပါတယ်။ သူ(ဦးဝီရသူ)ကသာ ကြည့်မယ်ဆိုရင် ဘယ်ဗလီကြည့်ကြည့်ပါ။ ကျွန်တော်တို့က လိုက်ပြဖို့အသင့်ပါပဲဟု လည်း ဦးအောင်ဇော်ဝင်းက ပြောသည်။

အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးဝတ်ပြုဆောင်ဖြစ်သည့် ဗလီဝတ်ကျောင်းတော်များအတွင်း မြေအောက်ခန်းများရှိသည်ဟု မဟုတ်မမှန် အထောက်အထားမဲ့ ရေးသားခဲ့သည့် ဦးဝီရသူသည် အခမ်းအနား အပြီးတွင် ဗလီဝတ်ကျောင်းတော်များအား လိုက်လံကြည့်ရှုခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။ထို့အပြင် ဦးဝီရသူသည် ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲအတွင်း ပွဲစီစဉ်သူများ အား ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ၎င်းကိုယ်တိုင်ရေးသားသည့် ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သည့် စာအုပ်ငယ်ကိုလည်း ဝေငှခဲ့သည်။ထိုအပြင် ၉၆၉ အဖွဲ့များက အခမ်းအနားရှေ့တွင်လာရောက်ကာ ၉၆၉ လှုံ့ဆော်စာများ ဝေဌခဲ့သည်။

ဥပဒေနှင့် မညီညွတ်သည့် မင်းမဲ့ စရိုက်များ၊ အုပ်စုဖွဲ့ အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့် မှုများ၊ ဒီမိုကရေစီ အလွဲသုံး မှုများကို လျစ်လျူရှုလျှင် တိုင်းပြည် နစ်နာမည်

ရန်ကုန်   မတ်   ၁၆
ယနေ့ မွန်းလွဲပိုင်းတွင်  ”ဥပဒေနှင့် မညီညွတ်သည့်  မင်းမဲ့ စရိုက်များ၊ အုပ်စု ဖွဲ့ အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့် မှုများ၊ ဒီမိုကရေစီ အလွဲသုံးမှု များကို လျစ်လျူရှုလျှင် တိုင်းပြည် နစ်နာ မည် ဖြစ်ကြောင်း” ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် သီရိဇေယျ အနော်ရထာ ခန်းမ၌ ကျင်းပသည့် မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူ များ အား တွေ့ဆုံပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့်  ဒေါက်တာ ဖေသက်ခင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဒုတိယ ဝန်ကြီးများ၊ တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံ ရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒလမြို့သို့ လာရောက် ရခြင်းနှင့် စပ်လျဉ်း၍ ပဏာမ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက မြို့နယ်ဆိုင်ရာ အချက်အလက်များကို တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် မြို့မိမြို့ဖ များက မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် သန့်ရှင်းသော   သောက်သုံးရေ ရရှိရေးများ အပါအဝင် မြို့နယ်၏ လိုအပ်ချက် များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် တင်ပြကြသည်။
တင်ပြချက် များ အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စု ဝန်ကြီးများ၊  ဒုတိယ ဝန်ကြီးများ၊   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်   ပေါင်းစပ် ညှိနှိုင်း   ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက်   ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် မြို့နယ်၏ တင်ပြချက် များနှင့် စပ်လျဉ်း၍ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်များ ရှိသေး၍ နိုင်ငံတော်၏ ဘတ်ဂျက် ဘဏ္ဍာငွေ များကို တိုးမြှင့် ပေးခဲ့ကြောင်း၊ စိုက်ပျိုးရေနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရနှင့် နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုး တက်မှု ဝန်ကြီး ဌာနတို့   ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက် သွားရန် လိုအပ် ကြကြောင်း၊ မိမိတို့ အနေဖြင့် ဒီမိုကရေစီ နည်းလမ်း ကို လွှတ်တော် အတွင်း သာမက လွှတ်တော်ပြင်ပ ပြည်သူများ ထံ၌လည်း ထိထိ ရောက်ရောက် ကျင့်သုံးနိုင်ရန် အချိန်ယူ၍ ကွင်းဆင်း ဆောင် ရွက်လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုမှာ အကျိုး ရှိသည်ကိုလည်း မျက်ဝါး ထင်ထင် မြင်ခဲ့ရကြောင်း၊ လွှတ်တော် အတွင်း မကြား ရသေးသည့် အသံများကို ကြားရကြောင်း၊ မြို့နယ်နှင့်  ဒေသခံ ပြည်သူများ အတွက် အကျိုး ရှိပါလိမ့်မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ရန် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူတို့က  ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် ပြဋ္ဌာန်း ပေးခဲ့ကြောင်း၊ အဆိုပါ ပြဋ္ဌာန်းမှုဖြင့် ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံး နေခြင်း ဖြစ်ကြောင်း၊ အလားတူ ၂ဝ၁ဝ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့၍ လွှတ်တော်များပေါ် ပေါက် လာခဲ့ကြောင်း၊ ၎င်းလွှတ်တော် များကပင် အစိုးရကို ရွေးချယ် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအစိုးရက ပြည်သူ့ ဆန္ဒ၊   ပြည်သူ့ သဘောထား အပေါ် မူတည်၍ ပြည်သူ့ အစိုးရ အနေဖြင့် အုပ်ချုပ်နေခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘောထား လိုအပ် ချက်များကို   လွှတ်တော်မှ တစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်း များ မေးမြန်းကြကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး များကလည်း ပြန် လည် ဖြေကြားရကြောင်း၊ ထိုသို့   မေးမြန်း   ဖြေကြားရာတွင် လွှတ်တော် ဥက္ကဋ္ဌက တစ်ဆင့်သာ မေးမြန်း ဖြေကြားရခြင်း ဖြစ်ကြောင်း၊ မေးခွန်းများ မေးမြန်း ဖြေကြားမှု များသည်လည်း   အစိုးရ၏ အာမခံချက် ကတိများနှင့် တာဝန်ခံ ချက်များ ဖြစ်သွားကြောင်း၊  အစိုးရက ဖြေ ရှင်း ပေးရပါမည် ဖြစ်ကြောင်း၊  အဆိုပါ အာမခံချက် များနှင့် ကတိများနှင့် တာဝန်ခံချက် များကို အကောင်အထည် ဖော်ပေးရမည် ဖြစ်ကြောင်း၊ အကောင် အထည် မဖော်ပါက   သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တာဝန်သာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ မေးခွန်းများ၏ အာနိသင်မှာ လွှတ်တော် အပေါ် အာမခံချက် များနှင့် ကတိများပင် ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒ များကို လက်တွေ့ အကောင်အထည် ဖော ရန် လိုအပ်လျှင် ဥပဒေ တစ်ရပ် ဖြစ်သွား ကြောင်း၊ ယနေ့ ကာလသည် ”လူနှင့် အုပ်ချုပ်ခြင်း မဟုတ်ဘဲ မူဖြင့် အုပ်ချုပ် နေခြင်း ဖြစ်ကြောင်း” အဆိုပါ မူများကို လွှတ်တော်က ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ဥပဒေ ကြမ်းများကို လွှတ်တော် နှစ်ခုက သဘောတူလျှင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအဖြစ် အတည်ပြု ပေးရကြောင်း၊ သမ္မတက ၁၅ ရက် အတွင်း အတည်ပြု ပေးရကြောင်း၊ မှတ်ချက်နှင့် ပြန်ပို့လျှင် လွှတ်တော်က ပြန်လည် ဆွေးနွေးပြီး မူလအတိုင်း အတည် ပြုပါက လက်မှတ် မထိုးလျှင် ၁၅ ရက် အတွင်း အတည် ဖြစ်ကြောင်း၊ လွှတ်တော်က တင်သွင်းသည့် ဥပဒေကြမ်းသည် ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ် များ သာမက ကော်မတီများ၊ ပညာရှင် များကပါ ပါဝင် ဆောင်ရွက်ခြင်း ဖြစ်၍    ပြည်သူက ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးလျှင် အားလုံးက လိုက်နာရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မူဝါဒ ချမှတ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏  အကျိုး စီးပွားကို ဖြစ်စေနိုင်မည့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏  အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မည့် ဥပဒေ  ဖြစ်ရမည် ဖြစ်ကြောင်း၊ လူတစ်ဦး၊ အစိုးရ အဖွဲ့နှင့် လွှတ်တော်ကို ကာကွယ်သည့် ဥပဒေမျိုး မဖြစ်စေရန် လိုအပ်ကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် သည် အကောင်းဆုံး စနစ်အဖြစ် ယူဆ နေကြောင်း၊   တရား ဥပဒေ စိုးမိုးရေး (Rule of Law) ဖြစ်ရန်လည်း လိုအပ် ကြောင်း၊ သို့သော် ဥပဒေနှင့် မညီညွတ် သည့် မင်းမဲ့စရိုက်များ၊ အုပ်စုဖွဲ့ အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့်မှုများ၊ ဒီမိုကရေစီ အလွဲသုံးမှု များကို လျစ်လျူ ရှုလျှင်   တိုင်းပြည် နစ်နာမည် ဖြစ်ကြောင်း၊  နောက်ကြောင်း ပြန်စေမည့် အဖြစ်မျိုးသို့  ဖိတ်ခေါ် မိစေမည့် အဖြစ်မျိုး  မလုပ်ကြရန် လိုကြောင်း၊  စနစ် တစ်ခုမှ စနစ်တစ်ခုသို့ ပြောင်းလဲရာတွင် ခက်ခဲမည် ဖြစ်ကြောင်း၊ မည်သို့ပင် ဖြစ် စေ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး စနစ်ကို မဖြစ်မနေ လုပ်ဆောင် သွားကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လွှတ်တော် တစ်ခုတည်း ဆောင်ရွက် ၍မရကြောင်း၊ ပြည်သူပါဝင်မှ အောင်မြင်မည် ဖြစ်ကြောင်း၊ တရား ဥပဒေ စိုးမိုး မှု ရှိမှဖြစ်မည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိပါက လက်ရှိ တည်ငြိမ်အေး ချမ်းမှု ပျက်ပြား သွားမည် ဖြစ်ကြောင်း၊ မိမိဒေသ၊   မိမိနိုင်ငံ တိုးတက် ချင်လျှင် တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ဖြစ်ချင်သည်များကို အကောင် အထည်ဖော်ရာတွင်  အားလုံး ပါဝင်မှ ရမည် ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲ အပြီးတွင်   ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသည်   အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

Questions to Dr. Aye Chan by Political Parties

 

RB News
March 15, 2013
The Arakan History Forum was held in Bangkok, Thailand on March 9, 2013 under supervision of Historian Dr. Aye Chan. And another seminar was held yesterday in MICT Park, Yangon, Myanmar. Three Rohingya political parties based in Yangon requested to answer some questions relating to Arakan history. The questions were sent in Burmese language on March 13, 2013.
The questions of three Rohingya political parties were translated into English by RB Team. 
The questions sent by Democracy and Human Rights Party (DHRP): 

  1. Are there any records in Arakan chronicle that, with the help of Muslim troops under Gen. Sandi Khan dispatched by Bengal Sultan, Min Saw Mon (a) Narameikhla conquered Mrauk-Oo and reined the kingdom?
  2. Based on the above historical records, can it be denied that Muslims have been living in Arakan since 1430?
  3. Can Arakan chronicles that mention the reign of Muslim kings assuming the titles of Sultan or Raja be denied?
  4. Would you reject the evidences that coins were issued in Arakan in Islamic scripts?
  5. Is it true that, during parliamentary period, with the cabinet decision, the second independence hero Prime Minister U Nu had recognized “Rohingya” as a distinct ethnic race and Rohingya language programme was relayed from government’s Burma Broadcasting Service (BSS)?
  6. Do you deny the statement of the Chief of Staff Gen. Aung Gyi who, on behalf of the government, promised that the rights and privileges of the Rohingya people would be guaranteed as an ethnic group on par with other nationalities of the country?
The questions sent by National Development and Democratic Party (NDPD)
  1. Is monument or stone tablet inscription primary source or secondary source?
  2. Are the words or vocabularies found in Ananda Stone Pillar inscription Rakhine or Burmese language?
  3. Do you know the words or vocabularies found in Ananda Stone Piller inscription (Kyaukza) are on the whole similar to the language spoken by Rohingyas today?
  4. Do you know, according to purapaik (writings on thin and folded substances) preserved during the time of Burmese King Bodawpaya, the language of Wethali period has utmost similarity with the language spoken by Rohingyas today?
  5. Do you know there were Pathi Kala Muslims in Arakan during the reign of Bodawpaya and had appointed Qazis in 4 wadis (regions) or in the whole of Arakan by imperial orders for the administration of justice?
 
The questions sent by National Development and Unity Party (NDUP) 

  1. Do you know, in 1799 the British envoy Francis Buchannan in his research work recorded that there were ethnic Rohingyas, who were natives and had long settled in Arakan?
  2. Do you know, Francis Buchanan recorded the Rohingya language is a separate language different from the Bengali?
  3. Do you know, according to the report of the British Commissioner Mr. Charles Paton, the population of Arakan before British’s entry or 1823 was 100,000 consisting of 60,000 Maghs, 30,000 Muslim Arakanese and Burman 10,000?
  4. Do you accept the report of Mr. Charles Paton as primary source? If you accept it, do you want to reject those Muslim Rohingya Arakanese who formed one-third of the total population of Arakan before 1823 as second largest community and citizens by birth?
  5. Do you know, according to that report, Muslim Arakanese (Rohingyas) were appointed or had served the Burmese kings as commissioners, administrators, police officers, Kyun Ouk (Circle officers) Zamindars or landlords , Kyedangyis (village officers) ?
  6. It has been accused that during colonial rule the British had brought people to Arakan from Bangladesh. Would you mention the number of foreigners living in the townships of Maungdaw, Buthidaung, Rathedaung, Akyab, Kyaukpyu and Sandoway who were paying alien taxes?

Attachments of Rohingyas’ doccuments(Part – 4), ရိုဟင်ဂျာအထောက်အထားဆိုင်ရာ ပူးတွဲစာရွက်စာတမ်းများအပိုင်း(၄) …

N.D.P.D. presentation for the native inhabitants (Whose Faith Is Islam) residing in Rakhine State (Arakan State) as   the citizen by law and by natural or birth right as well as the indenous national of Republic of Union of Myanmar   Go to the Burmese Version – Link (1)   –    (Burmese Version) Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက်တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု […]

Attachments of Rohingyas’ doccuments(Part – 3) ရိုဟင်ဂျာအထောက်အထားဆိုင်ရာ ပူးတွဲစာရွက်စာတမ်းများအပိုင်း(၃) …

Posted by danyawadi

The Best Doccuments of Rohingyas in Burma,အကောင်းဆုံးရိုဟင်ဂျာ အထောက်အထားများ :Compiled by N.D.P.D. (Revised and New addition)

N.D.P.D. presentation for the native inhabitants (Whose Faith Is Islam) residing in Rakhine State (Arakan State) as   the citizen by law and by natural or birth right as well as the indenous national of Republic of Union of Myanmar   Go to the Burmese Version – Link (1)   –    (Burmese Version) Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက်တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု […]

Continue reading

ယောင်္ကျားဆိုတာ ၊ မိန်းမဆိုတာ….

ယောင်္ကျားဆိုတာ….
Monday, March 11, 2013 If you praise him, he says thanks you
သင်ကသူ့ကို ချီးမွမ်းရင်… သူက ကျေးဇူးပါလို့ပြန်ပြောမယ်…

If you don’t, he feels secure in your love
မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..

If you agree to all his likes, you have met your fantasy man
သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..

If you don’t, you still get along
မကြိုက်ရင်လည်း… တပူးတွဲတွဲပါပဲ……….

If you visit him often, he welcomes you every time
သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်… သူကအမြဲတမ်း သင့်ကိုကြိုမယ်…

If you don’t, he’ll visit you instead
သင်ကသွားမလည်ရင်လည်း …သူကသင့်ဆီကိုလာလည်မယ်…

If you are well dressed, he says you are beautiful
သင်ကောင်းကောင်းမွန်မွန်ဝတ်စား
ထားရင်… မင်းအရမ်းလှတာပဲလို့ သူကပြောမယ်

If you don’t, you are still beautiful
အလိုမ၀တ်စားရင်လည်း… မင်းဟာလှနေတုံးပါပဲ..

If you are jealous, he reassures you and holds you
သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်… သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်…

If you’re not, he gives you no reason to be
မနာလိုမဖြစ်ရင်လည်း… ဘာမှပြောမှာမဟုတ်…

If you kiss him once in a while, he’s appreciative of your affection
သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်… သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်…

If you kiss him often, he will always have you on his mind
မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်…

If you stare at another man, he knows that you’re only admiring
သူမကတခြားသူတွေကို ငေးမိရင်… သူကလေးစားလို့ကြည့်တာလို့သိတယ်…

If he is stared by other women you know why-he’s one hot babe
သူကိုတခြားမိန်းမကငေးရင်လည်း… သူမကလန်းလို့ ကြည့်တာ…

If you talk, he’ll always listen
သူမစကားပြောရင်… သူအမြဲနားထောင်တယ်..

If you listen, he’ll tell you anything you want to know
သင် နားထောင်ရင်… သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်…

In short:
အတိုချုပ်ရင်
So complex, yet so direct
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
So strong, yet so supportive
ခွန်အားရှိသလို… အရမ်းပံပိုးသူ…
So dazzling, yet so humble
တောက်ပြောင်သလောက်… နှိမ့်ချတတ်သူ
So passionate, yet so marvelous… .MEN!
စိတ်ပြင်းထန်သလို… အံသြဖွယ်ကောင်းသူ… ယောက်ျား…

Ko Ye Facebook

xxxxxxxx
မိန်းမဆိုတာ….
Monday, March 11, 2013If you kiss her, you are not gentlemen
သင်ကသူ့ကိုနမ်းလိုက်ရင်… သင်ဟာလူကြီးလူကောင်းမဆန်သူ

If you don’t, you are not a man
မနမ်းတဲ့အခါ… သင်ဟာ ယောင်္ကျားမဟုတ်

If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်… သင်လိမ်နေတယ်လို့ထင်တယ်..

If you don’t, you are good for nothing
မချီးကျူးပဲနေပြန်တော့… သင်ဟာ အသုံးမကျတဲ့သူ…

If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘော

တူရင်… သူမကောင်းပြောတော့မယ်

If you don’t you are not understanding
သဘောမတူပဲနေပြန်တော့… သင်ဟာနားလည်းမှုမရှိသူ….

If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်… သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်…

If you don’t, she accuses you of double crossing
မသွားပြန်ရင်တော့… အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်…

If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စား
ထားရင်… သင်ဟာ စတိုင်များသူလို့ သူပြောမယ်

If you don’t, you are a dull boy
မ၀တ်စားပြန်တော့… သင်ဟာ ခပ်တုံးတုံးကောင်

If you are jealous, she says it’s bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်… အဲဒါမကောင်းဘူးလို့ သူပြောမယ်…

If you don’t, she thinks you don’t love her
အလိုမဖြစ်ပြန်တော့… သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်

If you attempt a romance, she says you didn’t respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်… သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..

If you don’t, she thinks you don’t like her
မလုပ်ပြန်တော့… သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်…

If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်… သင်ဟာ
သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..

If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့… သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..

If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်… သင်ဟာ ယဉ်ကျေးမူမရှိသူ…

If you do, she thinks it’s just one of the man’s tactics
အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်…

If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်… သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်

If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့… လေးစားလို့ကြည့်တာပါလို့ ပြောမယ်…

If she talks, she wants you to listen
သူမစကားပြောတဲ့အခါ … သင့်ကိုနားထောင်စေချင်တယ်…
If you listen, she wants you to talk
သင်နားထောင်တဲ့အခါ… သင်ကို စကားပြောစေချင်ပြန်ရော…

In Short:
အတိုချုပ်ရင်
So simple, yet so complex
ရိုးရှင်းသလောက် ရှုပ်ထွေးသူ
So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
So confusing, yet so desirable … women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ… မိန်းမ !!!!

Ko Ye Facebook

ခွန်ဆာအကြောင်းသိကောင်းစရာ။

ခွန်ဆာအကြောင်းသိကောင်းစရာ။
Sunday, March 10, 2013ခွန်ဆာ (၁၇-၂-၁၉၃၄ မှ၂၆-၁၀-၂၀၀၇) သည်လွိုင်မော် မြို့ တွင်မွေးဖွါးခဲ့သည်။ခွန်ဆာကို ဘိန်းဘုရင် ဟုသိကြပြီးရွှေတြိဂံဒေသတွင် ဘိန်းရောင်းဝယ်ရေးလုပ်ငန်း ကို လုပ်ကိုင်ခဲ့သည် ။

ခွန်ဆာသည် ရှမ်းပြည်သွေးစည်းရေးတပ်မတော်နှင့်Shan United Army
နှင့် the Mong Tai Army တို့တွင် ခေါင်းဆောင်ဖြစ်၏ ။

ကိုယ်ရေးရာဇ၀င်

ခွန်ဆာ၏ဖခင်မှာ တရုတ်လူမျိုးဖြစ်ပြီး အမေမှာ ရှမ်းလူမျိုးဖြစ်သည် ။ သူ၏ ကလောင်အမည်ကို ခွန်ဆာ(Khun Sa) အဖြစ်ခံယူခဲ့ပြီး ခွန်ဆာ၏ အဓိပ္ပါယ်မှာ အေးချမ်းသောသူ ဟု အဓိပ္ပါယ် ရသည်။

သူအရွယ်ရောက်လာသောအခါ ကူမင်တန် တွင် စစ်ပညာသင်ကြားခဲ့ပြီး တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးသောအခါ ယူနန်(Yunnan) မှ မြန်မာ (Myanmar) သို့ထွက်ပြေးခဲ့ပြီး သူ၏ ကိုယ်ပိုင် တပ်မတော်ကို ရာဂဏန်း အနည်းငယ်ဖြင့်ချက်ချင်းပင်ဖွဲ့ စည်းခဲ့သည်။

၁၉၆၃ ခုနှစ် ဦးနေ၀င်း အစိုးရ လက်ထက်တွင် ရှမ်းသူပုန်များကို တော်လှန် တိုက်ခိုက်ရန်အတွက် အစိုးရအပေါ်သစ္စာရှိသော ဒေသခံစစ်တပ် အဖြစ် ပူးပေါင်းခဲ့ပြီး ထိုသဘောတူညီချက်မှ ပိုက်ဆံ များ ၊စစ်ဝတ်စုံများ နှင့် လက်နက်များ ရရှိခဲ့သည်။

ထို့နောက်သူ၏ စစ်တပ်ကို တိုးချဲ့  ဖွဲ့ စည်းခဲ့ရာ အယောက် ၈၀၀ ခန့် ရှိသောအခါ မြန်မာအစိုးရ နှင့် ပူးပေါင်းခြင်းကို ရပ်ဆိုင်းခဲ့ပြီး ရှမ်းနယ်မြေများစွာ နှင့် ၀ပြည်နယ်များ ကိုထိန်းချုပ်ခဲ့ပြီး ဘိန်းဖြူ ထုတ်လုပ်ခြင်းကို တိုးချဲ့  ခဲ့သည် ။

၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ကူမင်တန် လက်ကျန်များနှင့်တိုက်ပွဲဖြစ်ခဲ့ရာမှ စစ်ရှုံး ခဲ့သောအရှိန်ကြောင့် ခွန်ဆာသည် စိတ်ဓါတ် အလွန်ကျဆင်းခဲ့သည် ။ ၁၉၆၉ ခုနှစ်တွင် ရန်ကုန် အစိုးရမှ သူ့အားဖမ်းမိခဲ့သည် ။

၁၉၇၃ ခုနှစ်တွင် ကင်းလွတ်ခွင့် ရခဲ့ပြီး ရုရှား ဒေါက်တာနှစ်ယောက်ကို ခိုးမှုကျူးလွန်ရန် အမိန့်ပေးခဲ့သည် ဟု သတင်းထုတ်ပြန်ခဲ့သည်။၁၉၇၆ခုနှစ် သူလွတ်မြောက်ပြီးနောက် ထိုင်းနိုင် ငံမြောက် ပိုင်း ရှိ ဘန်ဟင်တက်(Ban Hin Taek) ရွာအတွင်းပိုင်းတွင် အခြေချခဲ့ပြီး ဘိန်းမှောင်ခိုတင်သွင်းခြင်းလုပ်ငန်းကိုတဖန်ပြန်လည်လုပ်ဆောင်ခဲ့သည်။

သူ၏ စစ်တပ်ကို ရှမ်းပြည်သွေးစည်းရေးတပ်မတော်(Shan United Army)ဟု နာမည်ပြောင်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် လုပ်ပိုင်ခွင့် များရရှိရန် မြန်မာအစိုးရ ကို ဆန့်ကျင် တိုက် ခိုက်ခဲ့သည်။

၁၉၈၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်မူးယစ်ဆေးဝါးအတည်ပြု ကိုယ်စားလှယ်အဖွဲ့  (US Drug Enforcement Agency)နှင့်ထိုင်းမြင်းစီး တပ်သား နှင့် မြန်မာမြို့ တွင်းပျောက် ကျား များ ဖြင့်ဖွဲ့ စည်းခဲ့သော(၃၉)ယောက်သော အဖွဲ့ ဖြင့် ခွန်ဆာ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သို့သော်လည်း ၁၉၈၂ ခုနှစ် ဇန်န၀ါရီလတွင် ပက်သုန်ချိုင်(Pak Thong Chai)မှ ထိုင်းမြင်းစီးတပ်ဖွဲ့  ၊ထိုင်းနယ်နိမိတ်လှည့်ကင်းရဲများ ၊ထိုင်းနန်းစဉ်တပ်မတော်(Royal Thai Army) တို့ပူးပေါင်းပြီး မြန်မာနိုင်ငံနယ်နိမိတ်နှင့် မျက်နှာချင်းဆိုင် မှ ဘန်ဟင်တက်(Ban Hin Taek) ရွာလေးမှ ခွန်ဆာ၏ဌာနချုပ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ထိုင်းတော်လှန်ရေးကောင်စီ နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ပူးပေါင်းခြင်းကို ရရှိခဲ့သည်။ထိုပူးပေါင်းခြင်းကြောင့် ထိုင်း-မြန်မာ နယ်နိမိတ် အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး မယ်ဆိုင် (Mae Sai)သည်လည်းရွှေတြိဂံဒေသ၏ ဘိန်းဖြူ မှောင်ခိုတင်သွင်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်။

၁၉၇၄ မှ ၁၉၉၄ ခုနှစ် တိုင်အောင် ဆယ်စုနှစ် နှစ်ခုအတွင်း ရှမ်းပြည်နယ် တွင် ခွန်ဆာ၏ သြဇာ ကြီးမားမှုကို အံသြဖွယ် တွေ့  မြင်နိုင်သည်။ နယူးယောက် လမ်းများပေါ်မှ ဘိန်းဖြူ များ နှင့်ထိုင်း နှင့် လာအို တွင် (၈၀)ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှိ ရွှေတြိဂံဒေသမှ ထွက်ရှိသောဘိန်းဖြူများဖြစ်သည်။

မူးယစ်ဆေးဝါး အတည်ပြု အုပ်ချုပ်ရေး ရုံး၏ အဆိုအရ ရွှေတြိဂံ ဒေသမှ ဘိန်းဖြူများသည် (၉၀) ရာခိုင်နှုန်း သန့်စင်မှုရှိပြီး ဘိန်းဖြူထုတ်လုပ်ရေး လုပ်ငန်းအားလုံးတွင် အကောင်းဆုံး ဟုဆိုသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ဆာ၏ ဘိန်းဖြူရောင်းဝယ်ရေးတွင် ပန်းသေး တရုတ် မူစလင် လူမျိုး မဇန်းဝမ် (Ma Zhengwen) မှကူညီခဲ့သည် ဟုသိရသည်။

၁၉၈၈ ခုနှစ်တွင် သြစတြေးလျ သတင်းထောက် စတီဗင်ရိုက်စ်(Stephen Rice)သည် ခွန်ဆာ(Khun Sa) အား တွေ့ ဆုံမေးမြန်းရန် ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံသို့ ခိုးဝင်ခဲ့သည်။

သူ၏ဘိန်း သီးနှံ အားလုံး ကို (၈)နှစ်တာ ကာလအတွင်း အပြီးရောင်းချရန် သြစတြေးလျ အစိုးရအား ကမ်းလှမ်းခဲ့သည်။တစ်နှစ်လျှင်ဘိန်းဖြူ တန်ဖိုး သြစတြေးလျဒေါ်လာ သန်း (၅၀)ခန့်မျှ (၈) နှစ် ၀ယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ထိုကမ်းလှမ်းချက်ကို သြစတြေးလျ အစိုးရမှ ငြင်းပယ်ခဲ့ပြီး လွှတ်တော်အမတ် ဂရဲ(တ်)မှ “သြစတြေးလျအစိုးရသည် ငြင်းဆိုကြောင်းပြစ်မှုကျူးလွန်သူ နှင့် အလုပ်မလုပ်ဘဲ ရိုးရှင်းစွာနေကြောင်း နှင့်ပြစ်မှုကျူးလွန်သော လုပ်ဆောင်မှု များကို ရှောင်ကြဉ်ကြောင်း ”ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုကမ်းလှမ်းချက်ကြောင့်ပင် အမေရိကန်ပြည်ထောင်စု နှင့် သြစတြေးလျနိုင်ငံ နှစ်ခုစလုံး၏ ဘိန်းဖြူ ရောင်းဝယ်ရေးအားလုံးနီးပါး ရပ်ဆိုင်းခဲ့ရသည်။

၁၉၈၉ ခုနှစ်တွင် နယူးယောက်(New York) သို့ ဘိန်းဖြူ တန်ချိန်(၁၀၀၀) တင်ပို့ရန် ကြိုးပမ်းခဲ့မှုကြောင့်ခွန်ဆာ အား နယူးယောက် တရားရုံးမှစောင့်ကြည့် ခံနေရစဉ် အမေရိကန်ပြည်ထောင်စု မှ သူ၏ဘိန်းထုတ်ကုန် အားလုံး ၀ယ်ယူရန် အဆိုပြုခဲ့သည်။

ထိုသို့ အမေရိကန်ပြည်ထောင်စုက သူ၏ အဆိုပြုချက်ကို ငြင်းဆိုလျှင်နိုင်ငံတကာ သို့ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခွန်ဆာသည် အမေရိကန် ၏ ဘိန်းဖြူမှောင်ခိုရောင်းချသူအဖြစ်စောင့်ကြည့်နေမှုအပေါ်စိုးရိမ်သောကြောင့် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံတွင် တရားဝင်လက်နက်ချခဲ့သည်။ ခွန်ဆာအား ဖမ်းဆီးပေးနိုင်သူအားအမေရိကန်ဒေါ်လာ (၂)သန်း ဆုငွေ ပေးမည်ဟု US DEA မှ ဆုငွေ ထုတ်ပြန်ခဲ့သည်။ခွန်ဆာသည် ရှမ်းပြည်နယ်မှ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ခဲ့သည်။

သူ၏ ဘ၀ကို ရန်ကုန်မြို့  ၊ မန္တလေးမြို့  နှင့် တောင်ကြီးမြို့ တို့တွင်အေးချမ်းစွာနေထိုင်နိုင်ခဲ့သည်။

မီဒီယာပိုင်း

၂၀၀၇ ခုနှစ်တွင် သရုပ်ဆောင် ရစ်ရမ်း(Ric Young) က ခွန်ဆာ၏ အကြောင်းကို သရုပ်ဖော်ထားသော အမေရိကန် ဂမ်းစတား(American Gangster) ဟူသော ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ကွယ်လွန်ခြင်း

အောက်တိုဘာလ ၂၆ရက် ၂၀၀၇ခုနှစ် ၊ ရန်ကုန်မြို့  တွင် ခွန်ဆာ အသက် (၇၃) နှစ် ကွယ်လွန်သည် ။ သူ၏ရုပ်အလောင်းကိုမြောက်ဥက္ကလာပရှိ
ရေဝေးသုသာန်တွင်မြေမြှုပ်ခဲ့ သည်။

From- Dagon Thar(facebook)
Shan News

ငါတို့ဟာ ကမ္ဘာအိမ်ထောင်စုကြီးမှ ပေါက်ဖွားလာတဲ့ ညီကိုအရင်းတွေပါ။

ငါတို့ဟာ ကမ္ဘာအိမ်ထောင်စုကြီးမှ ပေါက်ဖွားလာတဲ့ ညီကိုအရင်းတွေပါ။

Posted: 07 Mar 2013

လူသားတိုင်းဟာအမှန်တရားကိုမျတ်နိုးကြတယ် ချစ်ခင်ကြတယ်၊ ယုံကြည်အားကိုးကြတယ်၊ ဒါအမှန်တရားမို့လို့ပါ။ သို့ဗေမယ့်လည်း အဲဒီအမှန်တရားကိုပဲ မုန်းတီးနေတဲ့သူတွေ၊ ရန်လိုနေတဲ့သူတွေ၊ မိမိအတ္တကိုရှေ့တန်းတင်ပြီး ဘယ်သူ့မျက်နှာကိုမှမထောက်ပဲ အရွဲ့တိုက်လုပ်ချင်ရာလုပ်တဲ့သူတွေလည်းရှိတယ်။ သူငယ်ချင်းတို့ ငါကိုစိတ်မဆိုကြပါနဲ့ ငါဟာမင်းတို့ရဲ့ရန်သူမဟုတ် မင်းတို့ကြေနပ်ရင် ငါဟာမင်းတို့အတွက် အခင်မင်ဆုံးမိတ်ဆွေတစ်ဦးပါ။ သူငယ်ချင်းတို့ လူတိုင်းဟာတစ်မျိုးစီကို ပိုင်ဆိုင်ချင်ကြတယ်၊ အဲဒီတစ်မျိုးစီအတွက် ဘယ်သူကမှဖြည့်စီးမပေးနိုင်ကြဘူးသို့ဗေမယ့်လည်း လေားကမှာ အရာအားလုံးအတွက် အဆင်အပြေဆုံးဆိုတာရှိတယ်။

အဲဒါက မင်းရဲ့လက်ခံပေးနိုင်တဲ့စွမ်းရည်။ လူတိုင်းမှာတော့ မရှိနိုင်ဗေမယ့်သူငယ်မင်းမှာရှိတယ် အမှန်တရားကိုမြတ်နိုးတဲ့သူတိုင်းဟာ ဘယ်တော့မှ ဟန်မဆောင်တက် ဖူး။လက်ရှိငါတို့ဖြစ်နေတဲ့ပြသနာတွေကို သူငယ်ချင်းကိုတိုင် စဉ်းစားကြည့်ပါလား၊ အဲဒီလိုစဉ်းစားတဲ့အခါမှာ သူငယ်ချင်းဘက်ကတစ်လှည့် စဉ်းစားပြီးရင် တို့ဘက်ကလည်းတစ်လှည့်စဉ်းစားပေပါ။ ရှုပ်ထွေးလွန်းတဲ့ ပြသနာတွေက သူငယ်ချင်းရဲ့သေသေချာချာစဉ်းစားကြည့်ပေးနိုင်တဲ့စွမ်းရည်အပေါ်မူတည်ပြီး၊ တစ်ခုခုတော့ အဖြေထွက်လာမှာပါ။ လူတိုင်းဟာ ကိုချင်းစာစိတ်ဆိုရှိတယ်သူငယ်ချင်း အဲဒီလိုမင်းစဉ်းစားပြီးတဲ့အခါမှာ မင်းရဲ့ကိုယ်ချင်းစာစိတ် ဘယ်လောက် ရှိလဲး ဆိုတာပါ မင်းတိုင်းတာလို့ရလာလိမ့်မယ်သူငယ်ချင်း။ အမှန်တရားဆိုတာ အမှန်တကယ်တော့ ကိုချင်းစာနာတက် တဲ့စိတ်ပါသူငယ်ချင်း။ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်ဆိုတာထက် သူငယ်ချင်းရဲ့ကိုချင်းစာစိတ်က အဓိကကျ ပါတယ်။ယနေ့ ဖြစ်နေတဲ့ပြသနာတွေကိုပြန်ကြည့်ပါသူငယ်ချင်းရာ မင်းနဲ့ငါနဲ့အခုလိုတစ်ဦးကိုတစ်ဦးနားလည်ပြီး အပြန်အ လှန်ကိုယ်ချင်းစာနာတက်ရင် ငါတို့တိုင်းပြည်မှာ ပြသနာဆိုတာဘယ်ရှိပါတော့မလဲ။တကယ်ပါသူငယ်ချင်း အခုတို့တိုင်း ပြည်မှာ ရန်ဖြစ်နေကြတဲ့သူတွေဟာ အမှန်တရားအတွက်လည်းမဟုတ်၊ သစ္စာတရားအတွက်လည်းမဟုတ်၊ ငြိမ်းချမ်းရေး အတွက်လည်းမဟုတ်၊ဘာသာ သာသနာအတွက်လည်းမဟုတ်ဘဲ မိမိအတွက် မိမိရဲ့အတ္တအတွက် မိမိရဲ့မာနအတွက် မိမိကိုယ်တိုင်းဖြစ်ချင်ရာကိုဖြစ်အောင်လိုက်လုပ်နေကြတာလေ အဲဒါကိုအတ္တလို့မခေါ်ရင်ဘာခေါ်မှာလဲ၊ သူငယ်ချင်းတို့ တွေဟာဒီလူတွေကို ပြုပြင်ပေးဖို့အချိန်တန်ပြီသူငယ်ချင်း၊ ဒါကလည်းဒီလူတွေမှာအပြစ်မရှိဘူးလေ မိမိရဲ့စိတ်သဘေားထား အရဖြစ်လာတာ ဘာတက်နိုင်မှာလဲး။ အဓိကတော ပညာရေးနိုမ့်ပါလွန်းရင်လည်း ဒီလိုပြသနာက ဖြစ်တက်တယ်။ ဟိုးအာရဗ်နိုင်ငံမှာ အစ္စလာမ့်အလင်းရောင်းမရခင်တုန်ကပေါ့ ပညာမဲ့တွေအလွန်ပေါးသတဲ့ အဲဒီမှာက လူတွေဟာ ဘယ် လောက်အထိပညာမဲ့သလဲးဆိုရင် သူ့ကုလားအုပ်က ရေအရင်သောက်လို့ဆိုပြီး၊ ငါ့ကုလားအုပ်ကဘာကြောင့်ရေ နောက်မှ သောက်ရတာလဲဆိုတဲ့အချက်အပေါ် အရေးတယူလုပ်ပြီး ပြသနာတက်လိုက်ကြတာ ဘာပြေားကောင်းမလဲ သူဖက်အုပ်စုနဲ့ ကိုယ့်ဖက်အုပ်စု ချလိုက်သတ်လိုက်နဲ့လူတွေလည်းတော်တော်များများသေပြီတော့မှ တဖက်နဲ့တဖက် အပြန်အလှန် ကြိမ်းကြမောင်းကြနဲ့ နောက်လာနောက်သားပါမကျံ အငြိုးအတေးတွေနဲ့ သားစဉ်မြေးဆက် သတ်ပွဲကြီးတွေ ဆင်နွဲးလိုက်ကြ တာတကယ်ပါသူငယ်ချင်း မင်းလည်းပညာရှိ စဉ်းစားတွေခေါ်နိုင်မှာပါ။ တကယ်ဆိုရင် မည်သည့်အတွက်ကြောင့်မှ ပြသနာ မဖြစ်သင့်ဘူးလို့ငါထင်တယ်။ ငါ့အတွေးအခေါ်က လူမှန်ရင်ပြသနာနဲ့ ပြသနာကိုမဖြေရှင်းဘူး၊ ရန်ကိုရန်နဲ့လည်းမတုန်ပြန်ဘူ ငြိမ်းချမ်းတဲ့နည်းနဲ့ သိုသိုသိမ့်သိမ့်လေး ဖြေရှင်းမှ ပြသနာရဲ့လှောင်မြိုက့်မီးက အေးငြိမ်းမှာပေါ့သူငယ်ချင်းရ။ဟုတ်ပြီ သူငယ်ချင်းအဲဒီထက်ပိုပြီးသင့်တော်တဲ့ဟာလည်းရှိသေတယ် အဲဒါကတော့ သူများကိုဂရုမဆိုက်ချင်ရင်တောင် ကိုယ့်ကို ကိုယ်ဂရုဆိုက်သင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အခုဘာလုပ်နေလဲဆိုတာ သိရင် ကိုယ့်ကိုကိုယ်ဆင်ချင်တက်လာမယ်။ အဲဒါက အကောင်းဆုံးသော နည်းလမ်းပဲ။ လူတိုင်းဟာ ဒီအချက်ကိုသဘေားမပေါက်လို့ဖြစ်နေတာ၊ အခုလက်ရှိငါဟာ ဘာလုပ်နေလဲ၊ ဘယ်လိုလဲး၊ ဘာဖြစ်နေတာလဲ ဆိုတာ ကိုယ့်ကိုကိုယ်ပြန်စမ်းစစ်ကြည့်ပါသူငယ်ချင်း၊ မိမိဟာ စမ်းစစ်ချင်းကို လည်းပြုလုပ်နိုင်မယ်ဆိုရင် အောင်မြင်မှုပန်းတိုင်းကလည်း မိမိအတွက် အနီးဆုံးမှာရှိလာမယ်။ သူငယ်ချင်းရေ ငါဒီစကားတွေကို ပြေားတယ်ဆိုတာက ငါကိုယ်တိုင်ပြုပြင်ချင်လို့ပါ၊ ဒီစကားတွေထဲးမှာ အမှားအယွင်းတစ်ခုခုပါခဲ့မယ်ဆိုရင် ငါကိုယ်တိုင် ပြုပြင်ဖို့ခံယူပြီးသားပါ၊ တကယ်လို့သူငယ်ချင်းဘက်ကမှားနေတယ်ဆိုရင်တော့ သူငယ်ချင်းမင်းကိုယ်တိုင်ပြုပြင်ပါ၊ မင်းရဲ့ပြုပြင်မှုအတွက် ဘယ်အရာမဆို မင်းဂရုမဆိုက်နဲ့ စကားလုံးတိုင်းဟာတန်ဖိုးရှိတယ် ကိုယ့်ဘက်က ဘယ်လောက်နဲ့တန်းဖိုးဖြတ်မလဲဆိုတာ ကိုယ့်ဟာကိုဆုံးဖြတ်ပါသူငယ်ချင်း။

အစဉ်းလေးစားချစ်ခင်စွာဖြင့်
အောင်ကျော်မိုး

ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်

ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာ နီဂမ်ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံသတင်း ထောက်တွေနဲ့ တွေ့ဆုံပြီး အဲဒီလိုပြောခဲ့တာပါ။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က “ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးကိစ္စဟာ အရေးပါတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂအနေနဲ့လည်း အစိုးရဘက်က တောင်းဆိုလာမယ်ဆိုရင် အကူအညီပေးသွားဖို့ အဆင်သင့်ရှိပါတယ်။ အခုလိုမျိုး ပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စရပ်တွေကို ကုလသမဂ္ဂအနေနဲ့ နိုင်ငံပေါင်းများစွာမှာဆောင်ရွက်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေကို ကိုင်တွယ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ကုလသမဂ္ဂမှာ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကိစ္စရပ်တွေကိုဖြေရှင်းဖို့ အစိုးရရဲ့ဦးဆောင်မှုသာ အဓိကလိုအပ်နေ တာဖြစ်ပါတယ်” လို့ စကားပြန်ကတစ်ဆင့် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Mr. Ashok Nigam ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးရာမှာ ဒုက္ခသည်တွေ လက်ရှိလိုအပ်နေတဲ့ နေအိမ်၊ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်စတဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အဲဒီအခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီး မိမိတို့နေရပ်အသီးသီးကိုပြန်နိုင်မှ နိုင်ငံတကာအကူအညီတွေ မလိုတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်မှာဖြစ်တယ်လို့ Mr. Ashok Nigam က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အယုံအကြည်ကင်းမဲ့နေတဲ့ ကိစ္စရပ်တွေကိုလည်း ဘယ်ပုံ ဘယ်နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့လည်း Mr. Ashok Nigam က ပြောပါတယ်။

စာရေးသူ ရဲရင့်သစ္စာ ရေးသားပြုစုသော “သမိုင်းဟူသည် ဤသို့တည်” စာအုပ် ထွက်ရှိ “ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်“

မတ်လ ၄ ၊ ၂၀၁၃
M-Media
အေးမောင်

Thamine-Hu-the

စာရေးသူ ရဲရင့်သစ္စာ ရေးသားပြုစုသော “သမိုင်းဟူသည် ဤသို့တည်” စာအုပ်အား ယနေ့ မတ်လ ၄ ရက်နေ့မှစ၍ ဖြန့်ချီနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါစာအုပ်မှာ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်း၌ ရေးသားဖြန့်ဝေခဲ့သည့် “ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” အမည်ရသည့် စာအုပ်၌ ပါရှိသော အစ္စလာမ် သာသနာနှင့် စပ်လျဉ်းသည့် သမိုင်းအမှားများကို ပြန်လည် ဖြေရှင်းရေးသားထားသည့် စာအုပ်ဖြစ်ကြောင်း သိရသည်။ “ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်“ အမည်ရှိစာအုပ်ကို ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) အမည်ရှိ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး မှရေးသားခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့သမိုင်းကော်မရှင် မှ သမိုင်းပညာရှင် ဆရာကြီးပါမောက္ခဦးထွန်းအောင်ချိန် အပါအဝင် ပညာရှင်ကြီး (၅) ဦးမှ ဖတ်ရှုတည်းဖြတ် ပေးခဲ့သည်ဟု သိရသည်။

ရဲရင့်သစ္စာ ၏ “သမိုင်းဟူသည် ဤသို့တည်” မှာ တန်ဖိုး ၁၅၀၀ ကျပ် ဖြစ်ပြီး –
အစ္စလာမ်သာသနာရေးရာကောင်စီဌာချူပ်
ရန်ကုန်တိုင်းဒေသကြီး၊
အမှတ်-၁၈၃၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)
ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း ၀၁-၂၅၂၆၀၈၊ ၃၈၉၇၈၆
မှ ဖြန့်ချီနေကြောင်း သတင်းရရှိပါသည်။

“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်“

စာရေးသူအမှာစာ

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ဘွဲ့အမည်ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော်ကတော့ အဲဒီစာအုပ်ကို သမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင်လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။
အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်း ဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင်မဟုတ်ဟု သာ ယူဆမိပါသည်။) အတွက် သမိုင်း ကြောင်းတွေကိုနားမလည်တာ၊ အလွဲအမှားတွေရေးတာဟာမထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခ့တဲ့ဲ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန်(အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။) ဖြစ်နေလို့ပါဘဲ။

အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ် အမှာစာစာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်း ဖြတ်ပေးခ့တဲ့ဲ
ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူး တင်ကြောင်းမှတ်တမ်းတင်ထားပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ အမည်စာရင်းပါ ဆရာကြီးများရဲ့ အမည်တွေကိုကူးယူဖော်ပြပေးချင် ပါတယ်။

၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘဲဂျွန်
၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
၎။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်း အုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်

အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့အစည်းတွေက လေးစားအပ်တဲ့ပညာရှင်များကိုယ်တိုင်ကစာမူကိုဖတ်ရှုတည်းဖြတ် ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်း အကြောင်းအရာ အတော်များများဟာ အလွဲကြီး လွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်းမိပါတော့တယ်။
ကျွန်တော်သမိုင်းပညာရှင်တစ်ဦးလုံးဝမဟုတ်ပါဘူး၊သို့သော်သမိုင်းပညာရပ်နဲ့ပညာရှင်တွေကိုချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်းပညာရပ်ကို အလွတ်တမ်းလေ့လာလိုက်စားဖြစ်ပါတယ်။ ကျွန်တော်လေးစားရတြဲ့မန်မာနိုင်ငံက သမိုင်းပညာရှင်ကြီးတွေထဲက ပညာရှင်ကြီးအချို့ရဲ့ အမည် တွေကိုရွတ်ပြရရင်ဖြင့်…..
၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
၎။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်
စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့ သမိုင်းကိုသစ္စာဖောက်တ့၊ဲ မတည်ကြည် မဖြောင့်မတ်တဲ့ လူသားတစ်ယောက်အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။ အဲဒီအဖြစ်မျိုးရောက်မှာကိုတော့အလန်ွရံွေ ကြာက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာအယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင်ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့ အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက်တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ် ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်းသဘောတူမယ်လို့ ယုံကြည်မိပါတယ်။

Thamine Hu The

လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ

လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ

လူတစ်ယောက်(ဘယ်လူမျိုးဖြစ်ဖြစ်)

ဟာ ဘာသာတရားတစ်ခုကို ကိုးကွယ်ဆည်းကပ်ယုံကြည်သက်ဝင်ခြင်း ဆိုတဲ့အပိုင်းမှာ အသားအရောင်မရှိဘူး၊ လူမျိုးမရှိဘူး၊ ကျား/မ မရွေးဘူး။ ဘာသာတရားတိုင်းမှာ မူပိုင်လူမျိုးမရှိဘူး၊ ရှိတယ်လို့ပြောရင် အဲဒီဘာသာတရားဟာ ကျဉ်းမြောင်းပြီး အစွန်းရောက်တဲ့ ဝါဒဖြစ်သွားလိမ့်မယ်။ အင်မတန်မှ သိမ်မွေ့တဲ့ ငြိမ်းချမ်းတဲ့ ဘာသာတရားတွေဟာ လူမျိုးတစ်မျိုးမျိုးသာ သတ်မှတ်ကိုးကွယ်ခွင့်ရမယ်ဆိုရင် ကမ္ဘာမြေဟာ အင်မတန်မှ အကျည်းတန်သွားပါလိမ့်မယ်။ ဒါကြောင့် ဘာသာတရားတွေကို ငါတို့လူမျိုးတွေအတွက် သီးသန့်သာသနာလို့ မှတ်ယူလိုက်ရင် မေးပါရစေ။ ဘာသာသာသနာပြန့်ပွားရေးဆိုတာ လုပ်နေဖို့ လိုသေးလို့လား??? အခု ဥာဏ်ကြီးရှင်တွေ ဟောနေပြောနေကြသလို မွေးဖွားလာသမျှကို သီးသန့် ထိန်းကျောင်းပြီး ထိန်းသိမ်းရုံမျှနဲ့လုံလောက် မနေဘူးလား။ အဲဒီလောက်ကလေးမှ မလုပ်နိုင်ရင်တော့ အကြံပေးပါရစေ၊ ပြန့်ပွားရေးဆိုတာကြီးကို ခဏမေ့ထားလိုက်ပါလို့။ ဘာသာတရားတစ်ခုကို ပြန့်ပွားစေချင်ရင် လူမျိုးမရွေးနဲ့၊ အသားအရောင်မရွေးနဲ့၊ ရွေးပြီမဟုတ်လား၊ အဲဒါမပြန့်ပွားနိုင်တော့ဘူး။ တဖြေးဖြေးတောင်ကျဆင်းလာမယ့် နိမိတ်လက္ခဏာတွေ ပေါ်လာလိမ့်မယ်။ လူတစ်ယောက် ရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာသက်ဝင်ယုံကြည်နေတဲ့ အချစ်ထားနေတဲ့ ကိစ္စတစ်ခုကို ဘယ်လိုနည်းနဲ့မှ ထုတ်ပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ တခြားမကြည့်နဲ့၊ ဒီနေ့ခေတ်အခါမှာ သားသမီးမွေးထားတဲ့မိဘတွေဘဝကိုပဲကြည့် ။ သားသမီးတွေက အပြင်မှာ သူတို့ ဘာသာဘာဝ နှစ်သက်ပြီး ရင်ထဲအသဲထဲထိရောက်အောင် နှစ်သက်တဲ့လူတွေနဲ့ ပတ်သက်လာမယ်။ အဲဒီ လူတွေနဲ့ပဲ အသီးသီးအိမ်ထောင်ပြုချင်ပြီဟေ့ဆိုရင် လိုက်တားကြည့်စမ်းပါ။ ရမလားလို့။ ဒါတောင် လောကမှာကြုံဆုံရတဲ့ အချစ်ဆိုတာလောက်ရှိသေးတာ။ ဟိုးလောကီရော လောကုတ္တရာရေးရော နှစ်ဘဝလုံးအတွက် ပုံအပ် ယုံကြည်သက်ဝင်အချစ်ထားမိပြီဆိုရင်တော့ အဲဒီယုံကြည်ချက်ကို လွင့်ပြယ်သွားဖို့ ဆိုတာ ဘယ်လိုမှကိုဖြစ်နိုင်မှာမဟုတ်ဘူးလေ။ နောက်ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးကို ဘယ်လိုရအောင်ယူနိုင်ရင် ဘယ်လောက်ပေးမယ်ဘယ်ဝါပေးမယ်လို့ စွပ်စွဲချက်တွေကတော့ နားထောင်ရတာ ရယ်တောင်ရယ်ချင်ပါတယ်။ အဲဒီလောက်ကို အသိဥာဏ်မဲ့နေကြပြီလား၊ မိန်းကလေးတွေကလည်း အဲဒီလောက် ဦးနှောက်နည်းကြသလား၊ လုံးဝ မှားယွင်းတဲ့ အချက်အလက်ပါ။
အစ္စလာမ်သာသနာမှာ အစ္စလာမ်အဖြစ်သက်ဝင်ယုံကြည်မှုအပိုင်းကို ရုပ်သဘောအရ ပြုမူလိုက်နာခြင်းမျိုးကို ခွင့်ပြုထားခြင်းအလျှင်းမရှိ။ ရုပ်ရော၊နာမ်ရောစူးစူးနစ်နစ်ယုံကြည်မှသာလျှင် အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ထိုသို့ဆိုလျှင် အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်လာရန်အတွက် သူများဘေးတီးရုံနဲ့ဖြစ်လာခြင်းဟုတ်မဟုတ် သုံးသပ်နိုင်ပါပြီ။ ကာယကံရှင်ကိုယ်တိုင်က နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်လာမှသာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်လာနိုင်ခြင်းပါ။ ဒါ့ကြောင့်အစ္စလာမ်ဘာသာဝင်တွေဟာ တခြားဘာသာဝင်တွေကို ယူဖို့ ရည်ရွယ်ချက်လည်း လုံးဝမရှိသလို ၊ ယူဖို့မြှောက်ပေးခြင်းလည်း လုံးဝမရှိပါ။ အစ္စလာမ်ဘာသာဝင်အချင်းချင်းသာ ပေါင်းစပ်စေချင်ကြတာပါ။ တခြားဘာသာဝင်တွေကို ယူမှ သာသနာပြုလို့ရမယ်လို့ ဘယ်မွတ်စလင်မ်ကမှ မခံယူထားပါဘူး။တကယ်တမ်း ဘာသာမတူပဲ အိမ်ထောင်ပြုခဲ့ကြသူတွေကို ဆန်းစစ်လေ့လာကြည့်ပါ။ တစ်နည်းနည်းနဲ့ နီးစပ်ပြီး ချစ်စိတ်တွေနဲ့ သူတို့ကြားမှာ ဘာ ဘာသာတရားမှ အတားအဆီးမရှိတော့ပဲ ပေါင်းစပ်မိကုန်ကြတာပါ။ ဒါဟာလည်း ကျားနဲ့မ ဖြစ်တတ်တဲ့ သဘာဝပါ။ ဒီလို အတင်းလိုက်ပြီး သာသနာပြုစရာမလိုလောက်အောင်ကို ပြီးပြည့်စုံပြီးသားပါ။
အစ္စလာမ်သာသနာဟာ လူမှုဘဝတည်ဆောက်ရေးလမ်းညွှန်မှုအပြည့်နဲ့ သာသနာပါ။ ဘာသာဝင်တိုင်းကို ပုခက်တွင်းမှ သင်္ချိုင်းအထိ ဘယ်လို လူမှုဘဝကို နေထိုင်တည်ဆောက်ရမယ်ဆိုတာကို အသေးစိပ်လမ်းညွှန် ထားတဲ့သာသနာပါ။ ဒါကြောင့် လက်တွေ့ကျတဲ့ လူ့ဘဝတည်ဆောက်မှုအပိုင်းတွေကို မျက်စိပွင့်နားပွင့်တဲ့ လူတွေအများအပြား ကိုးကွယ်ဆည်းကပ်လာတယ်ဆိုတာအထင်အရှားပါပဲ။ လိုက်ဆွဲဆောင်စရာကိုမလိုလောက်အောင်ပြီးပြည့်စုံတဲ့ သာသနာတစ်ရပ်ပါ။ ကမ္ဘာပေါ်မှာနေထိုင်ကြကုန်သော လူအမျိုးမျိုး( လူဖြူ၊ လူမည်း၊ လူနီ၊ လူရိုင်း စတဲ့) လူပေါင်းစုံအတွက် သာသနာဟာ ရှင်သန်ရပ်တည်နိုင်တဲ့ သာသနာ( Universal Truth) ပါ။ ဘာသာတရားကို တိုက်ခိုက်နေတဲ့ ရန်သူလိုသဘောထားနေတဲ့ လူတွေကိုလည်း ဘာသာတရားရဲ့ အေးရိပ်ဆာယာက ကြိုဆိုလျှက်ပါ။
မိတ်ဆွေ—
သင်သည် မည်သည့်လူမျိုးဖြစ်ပါစေ။ အစ္စလာမ်သာသနာက သင့်အတွက် စောင့်ကြိုနေပါသည်။ အစ္စလာမ်သာသနာဝင်ဖြစ်ရန် သင်သည် တရုတ်ဖြစ်ရန်မလို၊ လူဖြူဖြစ်ရန်မလို၊ အာရပ်လူမျိုးဖြစ်ရန်မလို၊ အိန္ဒိယနွယ်ဖွားဖြစ်ရန်မလို၊ ကိုယ့်ကိုယ်ကိုမြင့်မြတ်သည်ဟု ခံယူထားသော တော်ဝင်မျိုးရိုးဖြစ်ရန်မလို။ အစ္စလာမ်ဟူသောသာသနာသည် ရှင်ဘုရင်နှင့်မင်းစေပင်လျှင် တန်းတူပင်ဖြစ်စေသော လူမျိုးစွဲကင်းသော၊ ခွဲခြားဆက်ဆံခြင်းကင်းသော ၊ မတရားမှုများကို စပ်ဆုပ်ရွံရှာပြီး ဆင်းရဲချမ်းသာမဟူ မျှတစွာ တန်းတူကိုးကွယ်နိုင်သော သာသနာတစ်ရပ်ဖြစ်သည်ကို သတင်းကောင်းပါးလိုက်ရင်း…။
(Master Gyi)

သမ္မတ သဝဏ်လွှာတွင် ပါရှိခဲ့သည့် ရခိုင်တိုင်းရင်းသားများ၏ အခြေအနေသုံးသပ်ချက် စာတမ်းရုပ်သိမ်းခဲ့သည်ဆိုသော်လည်း တကမ္ဘာလုံးသိနေပြီ

 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့တွင်တင်ပြရန်ပေးပို့ခဲ့သည့် သ၀ဏ်လွှာကို ပယ်ဖျက်ပေးရန် သ၀ဏ်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင် စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပေးပို့ခဲ့ပါသည်။အဆိုပါသ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇(၁)/၈/ သမ္မတရုံးဖြင့်ပေးပို့ထားသော သ၀ဏ် လွှာအား ဤစာဖြင့် ပယ်ဖျက်ပေးပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်ဟု ဖော်ပြပါရှိပါသည်။

ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတကပေးပို့သော သ၀ဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပကဖြစ်စဉ် သုံးသပ်ချက်မှတ် တမ်းပါ ပူးတွဲပါရှိခဲ့သောကြောင့် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တွင်သ၀ဏ်လွှာကို ဖတ်ကြားတင်ပြခြင်းနှင့် မှတ်တမ်းတင်တင်ခြင်းဆောင်ရွက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ရွှေ့ဆိုင်း ကြောင်း ကြေညာ ခဲ့သည်။

အဆိုပါ သဝဏ်လွှာတွင် ပါရှိခဲ့သည့် ရခိုင်တိုင်းသားများ၏ အခြေအနေသုံးသပ်ချက်

အပြည့်အစုံဖတ်လိုလျှင်

http://www.scribd.com/doc/103777506/News-Summary-About-Rakhine-Conflict-by-President-Officeပဋိပက္ခဖြစ်ပွားရာ ပြည်သူတို့၏ အခြေအနေနှင့် သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော

၉။ ရခိုင်တိုင်းရင်းသားများ၏အခြေအနေ

(က) နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ် ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျက်ရှိသည်။

(ခ) နိုင်ငံအနှံ့အပြားတွင်နေထိုင်သည့် ဘင်္ဂါလီမူစလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အစဉ်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်။

(ဂ) မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိပဲ သယံဇာတများကိုသာ ထုတ်ယူသုံး စွဲခဲ့ သည်ဟူသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုးတွေ့ရသည်။

(ဃ) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအပေါ် အဂတိလိုက်စားသောဝန်ထမ်းများအား အရေးယူခြင်းမရှိ ကြောင်း အစိုးရအပေါ်စွပ်စွဲမှုအချို့ရှိသည်။

(င) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကိုမျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူစလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။

(စ) ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ ဘင်္ဂါလီမူစလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း တွေ့ရသည်။

(ဆ) ဘင်္ဂါလီများကိုသာ တစ်ဘက်သက်ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် အငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင်မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။

(ဇ) ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန်ကြိုးပမ်းလာကြောင်း တွေ့ရသည်။

(ဈ) ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်။

ဗြောင်ငြင်းတဲ့ အကျင့် ၊ ဌေးလွင်ဦး

3.3.2013

လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်းတတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့်ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူအဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်းတတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင်ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။

မြန်မာ အစိုးရဟာ- မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ခံငြင်းခဲ့တယ်၊ ဗြောင်ငြင်းခဲ့တယ်၊ အဲ့လို ငြင်းဘို့ရာလည်း နိုင်ငံရေးဝန်ဆောင်တွေကို နိုင်ငံရေး ပုဒ်မ မဟုတ်တဲ့ ပုဒ်မများနဲ့သာ ထောင်ဒဏ်စီရင်ခဲ့တာ များခဲ့တယ်။ ဒါကို နိုင်ငံရေးဝန်ဆောင်များက မနားမနေကြိုးစားပြီး ကမ္ဘာကို တင်ပြခဲ့ရ တယ်၊ ကမ္ဘာ့ဖိအားပေါင်းစုံကို သုံးခဲ့ရတယ်။- နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ဆိုတာမျိုးတွေ ပြည်ပမှာ ဖွဲ့ပြီး နည်းမျိုးစုံ လှုပ်ရှားခဲ့ရတယ်။ ဒါတောင် နိုင်ငံရေး အကျဉ်းသား ရှိပါတယ် လို့ ၀န်ခံပြီး ပြန်လွှတ် ပေးခဲ့ခြင်းမျိုး မဟုတ်ဘဲ- နိုင်ငံတော်သမ္မတရဲ့ အထူး အစီအစဉ်၊ ဘာအတွက် လွတ်ငြိမ်းချမ်းသာခွင့်- ဆိုတဲ့ အကြောင်းပြချက်များနဲ့- ရာဇ၀တ်မှုကျူးလွန်သူတွေ၊ တရားမမှုကျူးလွန်သူတွေ၊ မှောင်ရိပ်ခိုမှုနဲ့ ထောင်ကျသူ တွေ- အားလုံး ရောပြွန်းပြီး နိုင်ငံရေးဝန်ဆောင်များကို လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ အခုထိလည်း မလွှတ်ပေးဘဲ ကျန်နေသေးသူတွေ ရှိနေဆဲပါ။ အဲ့ဒီ လူတွေကိုလည်း နိုင်ငံရေး အကျဉ်းသားများ အဖြစ် လက်ရှိအစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိပါ။

အခုထပ်ဆင့် ဗြောင်ခံငြင်းနေတာက “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဆိုတဲ့ စကားလုံးပါ။ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး ရှိပါတယ် ဆိုတာကို သူတို့ရဲ့ နှလုံးသားမှာ သိနေပါတယ်။ အမုန်းတရား တစ်ခုကြောင့် ရည်ရွယ်ချက်နဲ့ ဖုံးကွယ် ထားခြင်းသာ ဖြစ်နေပါတယ်။ အမုန်းတရား ဆိုတာလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ရိုဟင်ဂျာများက အစ္စလာမ်သာသနာဝင်တွေ ဖြစ်နေလို့ ဘာသာရေး ခွဲခြားဆက်ဆံမှု အမုန်းတရားပါပဲ။ ဒါကို ကမ္ဘာတစ်ခုလုံးက သိနေပါတယ်။ လက်ရှိ လွှတ်တော်အမတ် ဖြစ်နေသူများရဲ့ အသက်အရွယ်တွေ အလျှောက် အထက်တန်းပညာ လောက် သင်ခဲ့ရသူများကိုယ်တိုင် “ရိုဟင်ဂျာ” ဆိုတာ ရှိကြောင်း သူတို့ရင်ထဲမှာ သိနေမှာပါ။ (ဒီထက် ဗဟုသု တ နည်းနေရင်လည်း ပြည်သူလူထု အရေးကို ဆောင်ရွက်မယ့် အမတ်မင်းများ လုပ်မနေသင့်တော့ပါ။)

“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးဟာ အသစ်ဖန်တီးခြင်းမဟုတ်၊ ရှေးပဝေဏသီကပဲ ရှိနေခဲ့တယ်၊ “ရိုဟင်ဂျာ” ဆိုတဲ့ လူမျိုးဟာလည်း ရခိုင်ဒေသရဲ့ ရှေ့ဦးမူလ လူမျိုးဖြစ်တယ်- ဆိုတာတွေကို ကမ္ဘာ့ပညာတွေက တစ်နေ့တစ်ခြား ပိုပြီး သိလာနေတယ်။ ဗြောင်းခံငြင်းသူတွေ ငြင်းလေ-၊ ပညာရှင်များက လေ့လာလေ၊ ပိုပြီး သိလာလေပါပဲ။ ရွှေမှန်ရင် မှတ်ကျောက် အတင်ခံနိုင်တဲ့ သဘောပါပဲ။

ဒီနေရာမှာ ထူခြားတာက “ရိုဟင်ဂျာ” လူမျိုးနဲ့ ပတ်သက်လာရင်-၊ ရှေးယခင်က မိမိတို့ကိုယ်တိုင်ကို “နိုင်ငံရေး အကျဉ်းသား အဖြစ်က ငြင်းဆန်ခံခဲ့ရသူများ”ကိုယ်တိုင်က- ဗြောင်ခံငြင်းတဲ့ အကျင့်တွေကို နှလုံးလှိုက်လှဲကျင့် သုံးနေခြင်းပါပဲ။ ဒီအချက် အစ္စလာမ်သာသနာဝင် များကို ဘုံရန်သူ အဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားတဲ့ သက်သေခံချက်များ ဖြစ်နေပါတယ်။ ကိစ္စရပ်တစ်ခုကို ချစ်သည် ဖြစ်စေ၊ မုန်းသည် ဖြစ်စေ အမှန်ကို အမှန်ပါ လို့ လက်ခံပေးနိုင်စွမ်းမရှိ၊ နားလည်ပေးနိုင်စွမ်းမရှိ သူများက တိုင်းပြည်ရဲ့ အနာဂါတ်ကို ဘယ်လိုမှ ဦးဆောင်ဘို့ မဖြစ်နိုင်ပါ။ ကမ္ဘာကြီးက ပွင့်လင်းလာနေပါပြီ။- လိမ်လေ အရှက်ကွဲလေ-၊ သိက္ခကျလေ ဆိုတဲ့ အချက်လောက် ကိုတော့ နားလည်စေလိုပါတယ်။

မြန်မာနိုင်ငံလို လူမျိုးစု အများနဲ့ ဘာသာစုံ တည်ရှိနေတဲ့ နိုင်ငံမျိုးကို ဦးဆောင်မယ့်သူဟာ လူမျိုးစွဲ ဘာသာစွဲ တွေ ကင်းဘို့ လိုပါမယ်။ မိမိကိုးကွယ်တဲ့ ဘာသာကို မိမိနှလုံးသားမှာသာ တပ်ဆင်ပြီး-၊ နိုင်ငံရေးထဲမှာ ဘာသာ တရားခံစားချက်၊ လူမျိုးစွဲ ခံစားချက်များ အရောင်မဆိုးဘို့ လိုပါမယ်။

ဗြောင်ခံငြင်းသူများဟာ လောလောဆယ်မှာ- အင်အားသုံးပြီး အနိုင်ရနိုင်ပေမယ့်၊ အဲ့ဒီ အနိုင်ယူခြင်းဟာ စကား ပြောနေစဉ် ကာလ အခိုက်အတန့်လေးသာ ဖြစ်ပြီး- ထာဝရတည်တဲ့ အောင်နိုင်မှုမျိုး မဟုတ်ဘူး ဆိုတာလောက် တော့ ဆင်ခြင်စေလိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ- ဒီမိုကရေစီ ဆိုတဲ့ စကားလုံးအောက်မှာ ကမ္ဘာနဲ့ ဆက်ဆံ ဘို့ လိုနေတယ်။ စီးပွားရေး အရလည်း ကမ္ဘာနဲ့ ဆက်ဆံဘို့ လိုနေပါတယ်။ ဒီအခြေအနေမှာ ဗြောင်ခံငြင်းသူများ အနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံလေ အရှက်ကွဲလေ ဖြစ်နေမှာ သေချာပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြား ခရီးစဉ်ကို ထွက်လာသမျှ ခေါင်းဆောင်တိုင်းဟာ “ရိုဟင်ဂျာ” အရေး အမေးမခံရသူ တစ်ဦးမှ မရှိပါ။ မေးသူများကလည်း သူတို့ မကြားချင်လှတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးနဲ့ပဲ မေးနေတာချည်း ဖြစ်နေပါတော့တယ်။ မရှိပါဘူး ခံငြင်း လွန်းလို့- အခုနောက်ပိုင်းမှာ သံတမန်စကားလုံးအရ ရှောင်ပေးထားတဲ့ “မျိုးတုံးသတ်ဖြတ်မှု”ကိုပါ ထည့်ပြော လာနေပါပြီ။

ဒီအချိန်မှာ အစိုးရပိုင်းက စတင်စဉ်းစားဘို့ လိုလာပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မချစ်ရင်တောင် မိမိတို့ အပြစ်လွတ်အောင် ဆင်ခြင်ဘို့ လိုလာပါပြီ။ ရိုဟင်ဂျာများကို မျိုးတုံးသတ်ဖြတ်မှုနဲ့ ပြည်ပ အဖွဲ့အစည်းများက မြန်မာအစိုးရပိုင်းနဲ့ RNDP ပါတီကို ကမ္ဘာ့ခုံးရုံးမှာ စတင် file တွဲဘို့ စီစဉ်တော့-၊ အမေရိကန် အစိုးရပိုင်း ကိုယ် တိုင်က ခဏ သည်းခံဘို့ မေတ္တာရပ်ခံခဲ့တယ်၊ အမေရိကန် လွှတ်တော်ထဲမှာ “မျိုးတုံးသတ်မှု” ဆိုတဲ့ စကားလုံး ကို မသုံးသေးဘဲ ဆင်ခြင်ဘို့ မေတ္တာရပ်ခံထားခဲ့တယ်။ သူတို့ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို မထိခိုက်စေချင် လို့ အနီးကပ် ပေါင်းပြီး နားချဘို့ နည်းတွေကို သုံးမယ်လို့ ကတိပေးထားခဲ့တယ်။ မျက်ကန်းမျိုးချစ်များက ဗြောင် လိမ်မယ် ဆိုတာကိုလည်း ကြိုတင်သိနေခဲ့ပါတယ်။ အချိန်တစ်ခုအတွက် သိသိကြီးနဲ့ အလိမ်ခံနေခြင်းသာ ဖြစ် ပါတယ်။ ဒါကို မျက်ကန်းမျိုးချစ်များဘက်က ငါတို့ လိမ်လို့ရတာပဲလို့ ဘ၀င်မမြင့်မိဘို့တော့ လိုပါမယ်။

ဗြောင်ခံငြင်းသူများ အတွက် ပြေးလမ်းကို ပိတ်တဲ့နည်းတွေ အများကြီးပါ။ သူတို့ကိုယ် ဘယ်လို ကိုင်တွယ်ရ မယ် ဆိုတာကိုလည်း ကျုပ်တို့ ဘက်မှာ နည်းလမ်းတွေရှိနေပါတယ်။ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဖွင့်ပေးထားတဲ့ လမ်းကိုတော့ မျက်ကန်းမျိုးချစ်များ အနေနဲ့ တစ်လွဲ မသုံးမိဘို့ လိုပါမယ်။ ဆက်လက်ပြီး ဇွတ် မိုက်နေခဲ့ရင်- မိုက်တွင်းနက်မှု တစ်ဆင့်ချင်းစီအတွက် ကျုပ်တို့ဘက်ကလည်း တစ်ကွက်ချင်းစီ ပိတ်ဆို့ပစ်မှာပါ။ အခု အခြေအနေမှာ ကမ္ဘာ့နိုင်ငံတစ်ချို့က စီးပွားရေးတွေ ပြန်ဖွင့်ပေးတယ်- ငွေကြေးကူညီနေတယ် ဆိုတာက အစိုးရဘက်က ပြောင်းလဲမှု တစ်ချို့အတွက် ဆုပေးတဲ့သဘောပါ။ တစ်ကယ်ပြောင်းလည်းရင် ဘာတွေကို ခံစား ရမယ် ဆိုတာကို သက်သေပြပေးတဲ့ သဘောပါ။ ဒါပေမယ့် ကူညီနေတဲ့ ငွေကြေးတွေဆိုတာလည်း အကြွေး ဟောင်းတွေကို ပြန်လျှော်ပေးတဲ့ ငွေ၊ ပြန်ဆပ်ပေးတဲ့ ငွေမျှသာ ဖြစ်နေပါတယ်။ လက်တွေ့ ဆက်လက် အကောင်အထည် ဖေါ်ဘို့ ငွေကြေးတွေ မရသေးဘူး ဆိုတာတော့ အစိုးရကိုယ်တိုင်လည်း သိနေပါတယ်။ စီးပွားရေး တစ်ကယ်တည်ဆောက်ဘို့ အတွက် ဖွင့်ပေးမယ့် သော့ချက်က “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရ လက်ထဲ မှာ ရှိနေပါတယ်။ တစ်တိုင်းပြည်လုံးကို မစာနာရင်-၊ တစ်တိုင်းပြည်လုံး အတွက် လက်တွေ့ စီးပွားရေးတည် ဆောက်မှုကို ကရုမစိုက်ရင် “ရိုဟင်ဂျာ” တွေကို ဆက်လက် ငြင်းဆန်နေလိုက်ပါ။ ဆောက်လက်စတိုက်တွေ ရပ်သွားစေမယ်၊ စတည်ပြီး မတည်ငွေတွေ ရပ်သွားစေမယ်- ဆိုတဲ့ စီးပွားရေး ဆိုင်းငံ့နေခြင်းကို မြန်မာ့ခေါင်း ဆောင်တွေ ကိုယ်တိုင်ကြုံရပါမယ်။ ဒီအတွက် ဆက်လက်ပြီး မွတ်ဆလင်တွေကို သဲသဲမဲမဲ ပြသနာရှာမယ် ဆိုရင်လည်း ပိုမိုကြီးကျယ်တဲ့ ဆိုးကျိုးတွေကို ရာဇ၀တ်ကောင်တွေ ဆက်တိုက်ခံသွားရစေပါမယ်။

တိုင်းပြည်ကို တစ်ကယ် စေတနာရှိရင် (၁) ရိုဟင်ဂျာ ကိစ္စမှာ ဗြောင်ငြင်းနေခြင်းကို ရပ်တန်းက ရပ်ပေးရမယ်၊ (၂) လူထုကြားမှာ မငြိမ်မသက်ဖြစ်စေအောင် လှုံ့ဆော်နေသူတွေ၊ ဘာသာရေး အမုန်းဟောပြောနေသူတွေကို ချက်ချင်း အရေးယူပေးရမယ် (၃) မြန်မာပြည်တွင်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူညီဖြည့်ဆီးခွင့် ပေးရမယ် (၄) ကူညီဖြည့်ဆီးမယ့် အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို လုံးဝ တာဝန်ယူပေးရပါမယ်။

ဒီအချက်တွေကို အကျင့်ပါနေပြီး ထုံးစံအတိုင်း ဗြောင်ခံငြင်းနေမယ် ဆိုရင်–၊ တိုင်းပြည်အတွက် ဖြစ်ပေါ်လာ မယ့် အကျိုးဆက်များဟာ ဗုဒ္ဓဘာသာ အယူသည်း မျက်ကန်းမျိုးချစ်များရဲ့ တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

Facebook

မြန်မာ့လူ့အခွင့်အရေး အခြေအနေ လူ့အခွင့်အရေးကော်မရှင် တင်ပြ

ကိုရန်နိုင်

01.03.2013

၂၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံအတွင်း ကမ္ဘာတ၀ှမ်းနိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့ကြတာမှာ မြန်မာနိုင်ငံမှာ လည်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောလိုက်ပါတယ်။  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် ညီလာခံအတွင်း အခုလို ပြောကြားခဲ့တာဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဘယ်လို တိုးတက်မှုတွေ ရှိခဲ့ပါသလဲ။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။လူ့အခွင့်အရေး ကာကွယ်မြင့်တင်ဆောင်ရွက်မှုတွေ လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ တိုးတက် မှုတွေ ရှိခဲ့တယ်လို့ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ ရဲ့ နှစ်ပတ်လည်ညီလာခံအတွင်းမှာကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ ပြောကြား လိုက်ပါတယ်။ အဲဒီ တိုးတက်မှုတွေထဲမှာ ပထမဆုံးတခုကတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပြီး တိုးတက်မှုတွေ အတော်များများရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့နဲ့ အတူ အနီးကပ်ပူးတွဲလုပ်ဆောင်နိုင်တဲ့အတွက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဟာ ရခိုင် နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအ၀င် ရေနဲ့မိလ္လာလိုမျိုး အရေးပါပြီး အခြေခံကျတဲ့ အကူအညီတွေကို ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တိုးတက်မှုတခုကတော့ အခုဆိုရင် ICRC ဟာ အကျဉ်းထောင်တွေကို ပြန်ပြီးတော့ သွားလာနိုင်ပြီဖြစ်ပါတယ်။”

မြန်မာအစိုးရက လူ့အခွင့်အရေးမြင့်တင်ဆောင်ရွက်ဖို့အတွက် လုပ်ဖို့ကတိပြုခဲ့တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံး မြန်မာနိုင်ငံမှာဖွင့်လှစ်ဖို့ကိစ္စ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်း ပြင်ဆင်ဖို့ စတာတွေ ပါဝင်ခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍတခုလို ရှုမြင်ထားကြတဲ့ အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး သူကအခုလို ပြောပါတယ်။

“ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ သူတို့ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေကို ပြန်လည် စဉ်းစား ဖို့လည်း လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအရေဘယ်လောက်ရှိတယ်ဆိုတာကို သေသေချာချာ စိစစ်ပြီး အဲဒီလူတွေ ကို ပြန် လွှတ်ပေးဖို့အတွက် ကော်မတီကိုလည်း ဖွဲ့ခဲ့ပြီဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာဟာလည်း မြန် မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေရဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတာတွေဟာ မြန်မာနိုင်ငံရဲ့ နောက်ထပ် တိုးတက်မှု တခုဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို သမ္မတထံကို တင်သွင်းထားပြီဖြစ်ပါတယ်။ အဲဒီနောက် ဒီဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြဌာန်း ပြီးပြီဆိုရင်တော့ လူ့ အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ရှိလာပြီး ထိထိရောက်ရောက်လုပ်လာနိုင်မှာဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့  နှစ် ပတ်လည် ညီလာခံအတွင်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေ ပြောသွားတာ ဖြစ်ပါ တယ်။  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေ ရှိလာတယ်လို့ဆိုနေပေမယ့်လည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က မလက်တိုကျေးရွားမှာတော့ လယ်သမားတွေရဲ့ ဆန္ဒပြမှုကို လုံခြုံရေးရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး အာဏာပိုင်တွေဘက်က အမျိုးသမီးတွေ အပါအ၀င် လယ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားကလည်း တုန်လှုပ်မိတယ်လို့ ပြောပါ တယ်။  မြန်မာအာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ဟာ အရင် စစ်အစိုးရ လက်ထက်က အခြေအနေတွေနဲ့ အလာတူးဖြစ်နေတုန်းပဲဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင်တော့ မစ္စတာ ကင်တာနားဟာ မအူပင်ကလယ်သမားဆန္ဒပြမှု ပဋိပက္ခအပါအ၀င် မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး သူလေ့လာတွေ့ရှိခဲ့တာတွေကို လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ရှိနေပါတယ်ခင်ဗျာ။

သတင်းရေးချင်ရင်မီဒီယာကျင့်ဝတ် စောင့်ထိန်း သင့်ပါရဲ့

O’Laie Manzu
2.3.2013

စာနယ်ဇင်းထိန်းချုပ်မှုတွေ ပယ်ဖျက်လိုက်ပြီးနောက် မြန်မာနိုင်ငံမှာ သတင်းစာတွေ၊ ဂျာနယ်တွေ ပလူပျံပေါ်ပေါက်လာနေချိန်မှာ စာနယ်ဇင်းလောကထဲကို အပြိုင်အဆိုင်တိုးဝှေ့ ဝင်ရောက်နေ ကြ တာကို သတိထားမိပါတယ်။ အသံဖမ်းစက်တွေကိုယ်စီနဲ့ အလုအယှက်သတင်းရယူနေကြတဲ့ လူငယ်လေး တွေ အမြောက်အများကိုတွေ့ရတာလည်း အားရကျေနပ်စရာ ပါဘဲ။ တက်သစ် စ မီဒီယာ နုနုရွရွတွေ ပေါ်ထွက်လာသလို ကိုယ်ပိုင်မီဒီယာတွေ တည်ထောင်ဖို့အတွက် လုံးပမ်းနေကြတာလည်း မနည်းလှ ပါဘူး။ အတွေ့အကြုံရင့်ကြပ်တဲ့ ဝါရင့် သတင်းသမားတွေလည်း လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်တွေ ရလာတဲ့အတွက် အစွမ်းကုန်ကြိုးစားနေကြတာကို တွေ့ရတာလည်း အားရစရာပါဘဲ။ အချိန်တိုအ တွင်းမှာ သတင်းမီဒီယာတွေ တဟုန်ထိုးကြီးထွားလာ တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ် တည်လာပြီဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ လွတ်လပ်စ စာနယ်ဇင်း နည်း စနစ်သစ်ရဲ့အောက် မှာ သတင်းသမားတွေ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေနဲ့ အညီမပြုကျင့်နိုင် ကြတာကြောင့် အချို့သတင်းသမားတွေဟာ ကလောင်ကိုင်ပြီး ကိုးယိုကားယားနဲ့ ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ် လုပ်နေတာတွေကိုလည်း ရှိနေပြန်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းမှာ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဟာ အစိုးရရဲ့ အစိတ် အပိုင်းတစ်ခုအနေနဲ့သာ ရပ်တည်ခဲ့ရတာဖြစ် တဲ့အတွက် ပြည်သူတွေ အဖို့ ပြည်ပသတင်း ဌာနတွေကို မနက်တစ်ခေါက် ညတစ်ခေါက် ရေဒီယိုတွေကနေတဆင့် နားဆင်ကြရတယ်။ ထိမ်းချုပ်မှုအောက်မှာ လည်ပတ်နေ ရတဲ့ ပုဂ္ဂလိက ဂျာနယ်တွေရဲ့ စီးပွားရေးသတင်းတွေ၊ အားကစားသတင်းတွေ၊ နိုင်ငံတစ်ကာသတင်းလောက်နဲ့ဘဲ ကျေနပ်ခဲ့ကြရတယ်။ အခုတော့ လွန်ခဲ့တဲ့ နှစ်ကနဲ့တောင်မတူ။ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်ဂျာနယ်တွေအပြင် အင်တာနက် ကနေလည်း သတင်းတွေကို အလွယ်တကူရယူနိုင်ကြပြီ။ တစ်နှစ်ကျော်အတွင်း ထူးခြားပေါ်လွင်တဲ့ အပြောင်းအလဲကြီးတွေကို သတင်းမီဒီယာတွေကနေ မီးမှောင်းထိုးပေးရုံတင် မက သတင်းမီဒီယာတွေကိုယ်နှိုက်ကလည်း အပြောင်းအလဲရဲ့ သက်သေလက္ခဏာ တွေဖြစ်လာပါတယ်။

သတင်းမီဒီယာတွေကျယ်ပြန့်လာတဲ့အလျောက် ဝန်ထမ်းတွေလည်း အစဉ်အမြဲတိုးပွားလာနေတာ ကိုတွေ့ရပါတယ်။ မီဒီယာတစ်ခုစီမှာ ပြည်တွင်းဝန်ထမ်း လေး-ငါးဆယ်ကနေ ရာကျော် အထိ ရှိလာတယ်။ စာနယ်ဇင်းလောကဟာ စီးပွားရေးယန္တယားတစ်ခုဖြစ်လာပြီး ပညာတက်လူငယ်တွေအ တွက် အခွင့်အလမ်းကောင်းတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် မျက်စိကျ စရာလည်းဖြစ်လာပါ တယ်။ သတင်းသမားတွေကလည်း အရင်ကလို လွယ်အိတ်တစ်လုံး ပုခုံးဇောင်းပေါ်တင်ပြီး ဘေးဘီလွတ်တဲ့ သတင်းတွေကို မနည်းကြုံးရုန်းရှာဖွေရတဲ့ဘဝ မဟုတ်တော့ ဘူး။ ပတ်ဝန်းကျင်မှာ ရေးချင်စရာ သတင်းတွေနဲ့ပြည့်နေတယ်။ လူတွေသိသင့်သိထိုက်တဲ့ သတင်းတွေကိုလည်း အလွယ် တကူရယူနိုင်ပါတယ်။ မီဒီယာတွေကလည်း ဝန်ထမ်းတွေ ကို နောက်ဆုံးပေါ် အသံဖမ်းစက်တွေ၊ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေ၊ ကွန်ပြူတာတွေနဲ့ ပြည့်ပြည့်စုံစုံ စီစဉ်ထားပေးတယ်။

ဒါကြောင့်စာနယ်ဇင်းလောကထဲကို အချို့ကဝါသနာအရဝင်ရောက်လာကြသလို၊ အချို့ဘဝရပ်တည် ရေးအတွက်လည်း ရောက်ရှိလာကြပါတယ်။ စာနယ်ဇင်းပညာကို ဘာသာရပ် တစ်ရပ်နေ နဲ့ စတင်လေ့လာဖို့အခွင့်အရေးတွေရလာသလို တချို့လူသစ်တွေအနေနဲ့ အတွေ့အကြုံမရှိဘဲ အလုပ်သင်အဖြစ်နဲ့ စတင်လုပ်ကိုင်လာကြပါတယ်။ ဒါကြောင့် ကျင့်ဝတ်ပိုင်းဆိုင် ရာမှာ အထစ် အငေါ့ လေးတွေဖြစ်လာပါတယ်။ အတွေ့အကြုံနုနယ်နေသေးတဲ့ လူသစ်တွေဟာ ကျင့်ဝတ်တွေကို မသိနား မလည်လို့ချိုးဖောက်ကြတာမျိုးတွေရှိတက်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ သတင်းမီဒီယာကို ဝါဒဖြန့်ဖို့ ကိုင်တွယ်လာတာတွေကတော့ မြန်မာနိုင်ငံအနာဂ္ဂါတ် ဒီမိုကရေစီစနစ် ဆက်လက်ရှင် သန်ရေးနဲ့ နိုင်ငံတော် ဖွဲ့ဖြိုးတိုးတက်ရေးအတွက် အဆိပ် အတောင်တွေဖြစ် လာပါတော့တယ်။

ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းများစွာ ကျယ်ကျယ်ပျံ့ပျံ့ကျင့်သုံးလာခဲ့ကြတဲ့ နိုင်ငံတွေမှာတောင် သတင်းမီဒီယာတွေကို အသုံးချပြီး တစ်ဖက်ဇောင်းနှင်း ဝါဒဖြန့်တာတွေ မကြာခဏတွေ့ရတတ် ပါတယ်။ ဒါတွေဟာလည်း သတင်းသမားတွေနဲ့ သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားသူတွေရဲ့ ကျင့်ဝတ်ပိုင်းနဲ့ သက်ဆိုင်ပါတယ်။ ရှေရှည်မှာ မှန်မှန်ကန်ကန်ရပ်တည်တဲ့ သတင်းမီဒီယာတွေ သာလျှင် အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မရိုးမသားကျင့်ကျန်တဲ့ သတင်းမီဒီယာတွေက အချိန်တန်ရင် မှေးမှီသွားမှာဖြစ်ပေမယ့် လူ့အသိုင်းဝိုင်း အတွင်း မှာ ပြဿနာ မျိုးစုံကို မျိုးစေ့ချခဲ့ပါလိမ့်မယ်။ ဒါကြောင့် သတင်းသမားတွေအနေနဲ့ သစ္စာ -သမာဓိ ရှိဖို့လိုအပ် ပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ စာနယ်ဇင်းလောက က အခြေခံအားဖြင့် လိုက်နာကျင့် သုံးကြတဲ့ မှန်ကန်မှု၊ တိကျမှု၊ ဘက်မလိုက်မှု၊ ပြီးပြည့်စုံမှု၊ မျှတမှု၊ တာဝန်ယူမှု ဆိုတဲ့ သတင်းသမားတွေရဲ့ ကျင့်ဝတ်တွေကို အစဉ်တစိုက် လက်စွဲကျင့်သုံးနိုင်ဖို့လိုအပ်တယ်။

သတင်းသမားတွေအနေနဲ့ အမှားမှားအယွင်းယွင်းတွေထုတ်လွင့်တာတွေ၊ ချဲ့ထွင်ပြီး ပိုပိုသာသာ ရေးသားတာတွေ၊ ထိမ်ချန်ထားတာတွေ၊ တစ်ဘက်ဇောင်းနှင်းရေးသားတာတွေ၊ စာရေးသူ ရဲ့ အာဘော်နဲ့ သုံးသပ်ချက်တွေ ပူးတွဲရေးသားတာတွေကို ရှောင်ရှားသင့်ပါတယ်။ အင်တာနက်မှာ သတင်းတွေ တင်လိုက် ပြန်ဖြုတ်လိုက်၊ ပြန်ပြင်လိုက်နဲ့ စည်းမဲ့ကမ်းမဲ့ လုပ်နေကြ တာကို တက်သစ်စ သတင်းမီဒီယာတွေအကြားမှာ အများဆုံးတွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ သတင်းရေးသလိုလို ဆောင်းပါရေးသလို နဲ့ သတင်းတွေထဲမှာ စာရေးသူရဲ့ အာဘော်တွေ၊ ထင်မြင်ယူဆချက်တွေ ရောထွေးရေးသားကြပါတယ်။ အဆိုးဆုံးကတော့ ဘာသာရေးနဲ့ လူမျိုးရေးကိစ္စတွေနဲ့ ပတ်သက်လာရင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ဘက်ကနေ ရပ်တည်ရေး သားနေကြမယ်ဆိုရင်တော့ အမှန်တရားတွေကို ဖုံးအုပ်မိမှာဖြစ်ပါတယ်။ စာဖတ်သူတွေရဲ့စိတ်ထဲမှာ ဇဝေဇဝါ သံသယတွေဖြစ်အောင်ဖန်တီးမိမှာဖြစ်ပါတယ်။ သတင်း အမှားတွေကြောင့် မှားယွင်းစွာ သုံးသပ်ကြမှာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းမှန်ရဖို့အတွက် ထုတ်ဝေသမျှသတင်းစာတွေ၊ ဂျာနယ်တွေ လိုက်ဖတ်နေရရင် တစ်နေ့တစ်နေ့ သတင်းထိုင်ဖတ်ဖို့အချိန်တောင်လောက်မှာမဟုတ်ဘူး။ ဒါပေမယ့် သေခြာတာကတော့ သတင်းသမားတွေဟာ မီဒီယာကျင့်ဝတ်နဲ့အညီ မပြုကျင့်နေသမျှကာလပတ်လုံး အကြောင်းအရာတစ်ခုကို သတင်းမီဒီယာတစ်ခုတည်း က ရေးသား ထုတ်ဖော်တဲ့ သတင်းတွေကို ပုံအော် ယုံမှတ်လို့မရနိုင်ဘူးဆိုတာပါဘဲ။

လူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့် အစိုးရ လက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်‌မေးခွန်း”ကို ပြန်လည်ဖြေကြား . ..

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန) ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်က ဦးအောင်သိန်း(ရွာငံမဲဆန္ဒနယ်)၏ “တိုင်းရင်း သား လူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့် အစိုးရ လက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်‌မေးခွန်း”ကို ပြန်လည်ဖြေကြားရာတွင် -ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မှတ်တမ်း များအရ အဓိကလူမျိုးစုကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော လူမျိုးစုကြီး ၈ စုရှိပြီးတော့မှ မျိုးနွယ်စုများ အနေဖြင့် ကချင်မျိုးနွယ်စုတွင် ၁၂ စု၊ ကယား မျိုးနွယ်စုတွင် ၉ စု၊ ကရင်မျိုးနွယ်စုတွင် ၁၁ စု၊ ချင်းမျိုးနွယ်စုတွင် ၅၃ စု၊ ဗမာမျိုးနွယ်စုတွင် ၉ စု၊ မွန်မျိုးနွယ်စုတွင် ၁ စု၊ ရခိုင်မျိုးနွယ်စု တွင် ၇ စု၊ ရှမ်းမျိုးနွယ်စုတွင် ၃၃ စု၊ စုစုပေါင်းတိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်း သိရှိရပါကြောင်း၊ မျိုးနွယ်စုအလိုက်အသေးစိတ် စာရင်းများကို တင်ပြရာတွင်-

(က) ကချင်မျိုးနွယ်စုတွင် ၁၂ စုရှိပြီး ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖေါ၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ(လော်ဂေါ်)၊ ရဝမ်၊ လရှီ၊ အဇီး၊ လီဆူး။

(ခ ) ကယားမျိုးနွယ်စု ၉ စုရှိပြီး ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ(ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်။

(ဂ)ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင် (စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)။

(ဃ) ချင်းမျိုးနွယ်စုတွင် ၅၃ စုရှိပြီး အသေးစိတ်အနေဖြင့် ချင်း၊ မယ်တိုင်(ကသဲ)၊ ဆလိုင်း၊ ကလင်ကော(လုရှေ)၊ ခမီ၊ အောင်ခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်း(မ်)၊ ခွန်လီ(ဆင်မ်)၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်တန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုတုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်၊ တပေါင်၊ တီးတိန်(တဲဒင်မ်)၊ တေဇန်၊ တိုင်ချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင် (ယင်ဒူး)၊ နာဂ၊ တန်ခူး၊ မာရင်၊ ပနန်း၊ မကန်း၊ မတူ၊ မိရမ်(မရာ)၊ မိအဲ၊ မွင်း၊ လူရှိုင်း (လူရှည်)၊ လေးမြို့၊ လင်တဲ၊ လောက်ကု၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ်(မရို)၊ ဟွာလ်ငို၊ အနူး၊ အနန်၊ အုပု၊ လျင်းကု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ကု။

(င ) ဗမာမျိုးနွယ်စုတွင် ၉ စုရှိပြီး ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)။

(စ ) မွန်လူမျိုးနွယ်စုတွင် မွန် ၁ စု။

(ဆ) ရခိုင်လူမျိုးနွယ်စုတွင် ၇ စုရှိပြီး ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်။

(ဇ ) ရှမ်းလူမျိုးနွယ်စုတွင် ၃၃ စုရှိပြီး အသေးစိတ်အနေဖြင့် ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အာခါ-အီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ်(တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ဝ စသည် တို့ပါဝင်ကြောင်းဖြင့် တင်ပြအပ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု အမည် စာရင်းများ သတ်မှတ်ပြုစုရာတွင် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ သတ်မှတ်ပြုစု၍ မရနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်အကြံပေးအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း စာပေနှင့် ယဉ်ကျေးမှုရုံး အကြံပေးအဖွဲ့တို့၏ အကြံပေးချက်များကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းမတိုင်မီက သန်းခေါင်စာရင်းများမှာ ကောက်ယူရရှိခဲ့သော လူမျိုးစာရင်းများကို လည်းကောင်း အခြေခံ၍ လုပ်ငန်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ ညှိနှိုင်းပေးချက်အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးဟူ၍ ပေါ်ပေါက်လာသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးနှင့် ပတ်သက်၍ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင်လည်း ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်း အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရ လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင်ပင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေး ရာကော်မတီ ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း၊ လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြရာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ သော တိုင်းရင်းသား လူမျိုးစုများစာရင်းဖြစ်

ကြောင်း သိရှိရပါသည်ဟု ဖော်ပြထားပါသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိပါကြောင်းနှင့် ယနေ့အထိ အသုံးပြုလျက်ရှိကြောင်းဖြင့်ဖြေကြားသွားခဲ့ပါသည်။https://www.facebook.com/photo.php?fbid=430731617001660&set=a.342798145795008.76536.342747972466692&type=1&ref=notif&notif_t=notify_me&theater

မေးခွန်း မေးမြန်းမှု >>>

မလွဲမသွေပြန်လည်ရေးဆွဲရမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥဒေ အခန်း ( ၈ ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များခေါင်းစဉ်အောက်တွင် ပုဒ်မ-၃၄၅ နှင့် ပုဒ်မ-၃၄၆ တို့ကို အောက်ပါ အတိုင်း ပြဌာန်းထားပါသည်။
ပုဒ်မ-၃၄၅ အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်။
(က) “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ”
(ခ) “ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ” ဟူ၍ ဖြစ်ပါသည်။
ပုဒ်မ-၃၄၆ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအခန်း ( ၂ ) တွင် နိုင်ငံသားဖြစ်ခြင်းကို ပုဒ်မ-၂ မှ ၂၂ ထိလည်းကောင်း၊ အခန်း ( ၄ ) တွင် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းကို ပုဒ်မ-၄၂ မှ ပုဒ်မ-၆၄ ထိလည်းကောင်း ပြဌာန်းထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၆ တွင် ရည်ညွှန်းသော ဥပဒေပြဌာန်းချက်များဟု မှတ်ယူနိုင်သော်လည်း အခန်း ( ၃ ) တွင် ဧည့်နိုင်ငံသားဖြစ်ခြင်းကို ပုဒ်မ-၂၃ မှ ပုဒ်မ-၄၁ အထိ ပြဌာန်းထားရာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါရှိသည့် ဥပဒေ ပြဌာန်းချက်ဖြစ်ကြောင်း တွေ့ရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်မဥပဒေဖြစ်သဖြင့် ထိုဥပဒေတွင် ပြဌာန်းထားခြင်းမရှိ သော ဧည့်နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်း သမျှ အတည်ဖြစ်ရန် အကြောင်းမရှိပါ။ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၂ ( ခ ) တွင် နိုင်ငံသားဆို သည့် စကားရပ်မှာ မြန်မာနိုင်ငံသားကိုဆိုလိုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ထိုဥပဒေ ပုဒ်မ-၂ ( စ ) တွင် နိုင်ငံသားလက်မှတ်ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် ( ရွေးချယ်ရေး ) အက်ဥပဒေအရဖြစ်စေ၊ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက်ဥပဒေအရဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ ထုတ်ပေးထားသော နိုင်ငံသားလက်မှတ်ကို ဆိုသည်ဟုလည်း အဓိပ္ပါယ်ဖွင့်ထားပါသည်။
မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၇၅ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၀န်ကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ်- ၁၃/၈၃ ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ( ၂၀-၉-၁၉၈၃ ) နေ့တွင် ထုတ်ပြန်ခဲ့ သည်။
( ကြေညာချက်အမှတ်-၁၄/၈၃ နှင့် ၁၅/၈၃ တို့အရလည်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခြင်းခံရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်ခဲ့သည်။ )
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေမှာ ပြည်သူ့လွှတ်တော်မှ ပြဌာန်းသည့် ဥပဒေ အမှတ်-၄/၁၉၈၂ ဖြစ်သော်လည်း ထိုဥပဒေအာဏာတည်သည့်ရက်ကို ထည့်သွင်းပြဌန်းထား ခြင်းမရှိသည့်အပြင် နောင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ဆုံးဖြတ်ချက်များအရလည်း ထိုဥပဒေအတည်ပြုသည့်နေ့ရက်ကို ပြဌာန်းကြေညာထုတ်ပြန်ခဲ့ခြင်းမရှိဘဲ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင်သာ နိုင်ငံသားဥပဒေအာဏာတည်သည့်ရက်ကို ( ၁၅-၁၀-၁၉၈၂ ) ခုနှစ်ဟု ၀န်ကြီးအဖွဲ့၏ထည့်သွင်းကြေငြာခဲ့ရာ ထိုစဉ်က ပြည်သူ့လွှတ်တော်က အတည်ပြု ပြဌာန်း ကြေညာသော ဥပဒေဖြစ်သကဲ့သို့ အတည်ဖြစ်၊ မဖြစ် ဆိုသည်ကို ယခုကျင်းပနေသော ပြည်ထောင်စု လွှတ်တော်က ထည့်သွင်းစဉ်းစားသင့်ပါသည်။
နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားလက်မှတ်အဖြစ် ပုံစံ ( နိုင်-၆ ) ပန်းရောင်အဖုံးပါ စာအုပ်ကို နမူနာအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပြဌာန်းသည့်နေ့ကစ၍ ယနေ့ ၂၀၁၃ ခုနှစ်အထိ နှစ် ( ၃၀ ) အတွင်း မြန်မာနိုင်ငံသားဥပဒေအရ ထုတ်ပေးသည့် ပန်းရောင်စာအုပ် ( နိုင်-၆ ) နိုင်ငံသားလက်မှတ်နမူနာကိုပင် တွေ့မြင်ဖူးသူ အလွန်ရှားပါးပါသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နှင့် အညီအညွတ်မဖြစ်သဖြင့် ဥပဒေပြဌာန်းသည့်နေ့မှ ၁၉၈၈ ခုနှစ် န၀တ အစိုးရ က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူသည့်နေ့အထိ ( ၆ ) နှစ်ကျော် Dead Law အဖြစ် ရှိနေရာက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့်သူမျာနှင့် မဲဆန္ဒရှင်များ၏ စာရင်းများကို ပြုစုနိုင်ရန်အတွက်သေနေသော ဥပဒေကို ပြန်လည်အသက်သွင်းခဲ့ကြခြင်း ဖြစ်ပါသည်။
ပြည်တွင်းနေသူတစ်ဦးသည် မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် သေချာစွာ စိစစ်ပြီးမှ ပုံစံ ( နိုင်-၆ ) ကို ပေးရမည်ဖြစ်ရာ၊ ယခုအဆင့်တွင် ထိုသူနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်နိုင်ရန်အတွက် ပုံစံ-နိုင်-၆ ( က ) နိုင်ငံသားစီစစ်ရေး ကတ်ပြားကိုသာ လ၀ကဦးစီးဌာနမှ ထုတ်ပေးခြင်းဖြစ်ပါသည်။ ထိုပုံစံ နိုင်-၆(က) ကို ကိုင်ဆောင်ထားသူသည် နိုင်ငံသားဥပဒေ ပုဒ်မ-၂ ( စ ) တွင် အတိအလင်းပြဌာန်းထားသော ဤဥပဒေအရထုတ်ပေးသော နိုင်ငံသား လက်မှတ်ပုံစံ ( နိုင်-၆ ) ကို ကိုင်ဆောင်ခွင့် မရရှိသေးမှီ ပုဒ်မ-၂ ( ခ ) ပါ မြန်မာနိုင်ငံသားဟု တထစ်ချမှတ်ယူနိုင်မည် မဟုတ်ပါ။
နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ်-၃၆ တွင် နိုင်ငံသားလက်မှတ်ကို အတုပြုလုပ် လျှင် ထောင်ဒါဏ် ( ၁၅ ) နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားပြီး၊ အပိုဒ်-၃၇ တွင် နိုင်ငံသား စိစစ်ရေးကတ်ပြားပုံစံ နိုင်-၆ ( က ) ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြပါရှိပါသည်။
စီရင်ထုံးများအရဆိုပါလျှင် ပုံစံ-နိုင်-၆ ( က ) ကို အတည်ပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ အရ ( ၇ ) နှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်ပြီး၊ ပုံစံ နိုင်-၆ ကို အတုပြုလုပ်လျှင် နိုင်ငံသားဥပဒေပုဒ်မ ( ၂၁ ) အရ ထောင်ဒဏ် ( ၁၅ ) နှစ်နှင့် ငွေဒဏ်ကို ကျခံနေကြရသဖြင့် ပုံစံ-( နိုင်-၆ ) နှင့် ပုံစံ-နိုင်-၆ ( က ) မှာ အနှစ်သာရ မတူပါ။
ပုံစံ ( နိုင်-၆ )တွင် ဥပဒေများအရ UCC နှင့် ၁၉၈၂ ခု နိုင်ငံသာဒဥပဒေ အရ လက်မှတ် ကိုင်ဆောင်ခွင့်ရှိသူများသည် မြန်မာနိုင်ငံသားများဖြစ်ကြပါသည် ဟု ၀င့်ကြွားစွာပြောဆိုနိုင်ကြ မည်ဖြစ် သော်လည်း ပုံစံ နိုင်-၆ ( က ) ကိုင်ဆောင်သူတစ်ဦးအနေဖြင့် ပုံစံ ( နိုင်-၆ ) ကိုင်ဆောင်ခွင့်ရရှိရန် နှစ်ပေါင်းများစွာ စိစစ်ခံနေရဦးမည်သာ ဖြစ်ပါသည်။
ဤကဲ့သို့သော အခြေအနေတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ ( ခ ) တွင် ဖော်ပြထားသော ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်ဟု ပြဌာန်းထားသည့် အခွင့်အရေးကို ( ၁၉၄၈ ခုနှစ် ဥပဒေနှစ်ရပ်တို့ဖြင့် UCC ခေါ် နိုင်ငံသားလက်မှတ်ထုတ်ယူရရှိထားသူများမှ အပ ) တရားဝင်ရရှိခံစားနိုင်ကြရမည် မဟုတ်ပါ။
အိန္ဒိယတိုက်ငယ်နှင့် တရုတ်ပြည်မကြီးတို့မှ ၀င်ရောက်လာပြီး ၁၉၄၈ ခုနှစ် ဥပဒေနှစ် ရပ်ပါ UCC ခေါ် နိုင်ငံသားလက်မှတ်ကို လျှောက်ထားရယူကိုင်ဆောင်ထားကြသူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ဖြစ်သည့်နေ့တွင် ဥပဒေနှင့်အညီ နိုင်ငံသားများ ဖြစ်ကြသော်လည်း ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများမှ မွေးဖွားလာသူများ သည်လည်း နိုင်ငံသားဖြစ်သည် ဟု အတိအလင်းခွင့်ပြုပြဌန်းချက်မရှိသဖြင့် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ အရ နိုင်ငံသားအဖြစ်ကို မရရှိနိုင်ကြဘဲ ပုဒ်မ-၃၄၆ အရ ပြဌာန်းထားသော ဥပဒေအရသာလျှင် နိုင်ငံသားဖြစ်ခွင့်ရထိုက်၊ မရထိုက် စိစစ်မှုကို ခံယူရမည် ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ ( က ) တွင် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ သည် နိုင်ငံသားများဖြစ်သည်ဆိုခြင်းကို အငြင်းမပွားလိုသော်လည်း တိုင်းရင်းသားဆိုသည့် စကားရပ်မှာ မြန်မာနိုင်ငံသားဥပဒေနှင့် လုပ်ထုံးလုပ်နည်းပါ ပြဌာန်းချက်များအရ အဂတိတရား မပါရှိဘဲနိုင်ငံသားတစ်ဦး ဟုတ်မဟုတ်ဆိုသည်ကို တိကျစွာ ခွဲခြားဆုံးဖြတ် သတ်မှတ်ရန် အလွန်ခက်ခဲပါသည်။
မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၅ တွင် တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်း သားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါ နိုင်ငံသားဖြစ်သည်ဟုလည်း ကောင်း ပုဒ်မ ( ၃ ) တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင် ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်ဟုလည်းကောင်း ပြဌာန်းထားပါသည်။
န၀တအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ အာဏာကို ကျင့်သုံးပြီး ထင်ရှားသော တိုင်းရင်းသား ( ၈ ) မျိုး အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စု ( ၁၃၅ ) မျိုး၏ စာရင်းကိုထုတ်ပြန် ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ သို့ရာတွင် နိုင်ငံသား ဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ်-၅ တွင် –
“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုးများပင် ဖြစ်စေကာမူ နိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ကြသူများသည် တိုင်းရင်းသားများမဟုတ်ပါ။ ၁၈၂၃ ခုနှစ်၊ နောက်ပိုင်း နိုင်ငံ အတွင်းသို့ ၀င်ရောက်နေထိုင်ကြသော အမည်တူမျိုးနွယ်စုများသည်လည်း တိုင်းရင်းသားများ မဟုတ်သည့်အပြင် မွေးရာပါနိုင်ငံသားများလည်း မဟုတ်ပါ။ အခြားနိုင်ငံတစ်ခု၏ နိုင်ငံသား အဖြစ်ကို ခံယူထားသော တိုင်းရင်းသားသည်လည်းကောင်း၊ ထိုသို့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်းကောင်း မြန်မာနိုင်ငံသားများ မဟုတ်ပါ” ဟု ချွင်းချက်ပြုထားသည် ကို တွေ့ရှိရသည်။
ဤသို့ဆိုပါလျှင် ဗမာလူမျိုးဖြစ်သည်ဆိုယုံမျှနှင့် တိုင်းရင်းသားနိုင်ငံသားဟု တထစ်ချ မပြောနိုင်ပါ။ ဘိုးတော်ဘုရားလက်ထက်မှစ၍ ထိုင်းနိုင်ငံတွင် အစဉ်တစိုက်နေထိုင်သော ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး စသည်တို့သည် ထိုနိုင်ငံများ၏ နိုင်ငံသားများသာဖြစ်ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံသားတိုင်းရင်းသားမဟုတ်နိုင်ပါ။
အလားတူ အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုးများ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းဒေသရှိ ရခိုင်မျိုးနွယ်စု မောက်တိုင်းရင်းသားများသည် ၄င်းတို့အစဉ်တစိုက် နေထိုင်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံတို့၏ ကျေးဇူးသစ္စာကိုသာ ခံယူနေကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသား နိုင်ငံသားဟု မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်၍ မရနိုင်ပါ။
ထို့အပြင် အသက်ဘေးအန္တရာယ်အရသော်လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အမိနိုင်ငံကို စွန့်လွှတ်ထွက်ခွာသွားပြီး သူတစ်ပါးနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူနေကြသောသူများမှာလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား၊ နိုင်ငံသားဟူ၍ မြန်မာနိုင်ငံသားဥပဒေအရ သတ်မှတ်၍မရနိုင်တော့ပါ။
၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့် ထိုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သောသူတစ်ဦးကို စစ်ဆေးရာတွင် လူမျိုးကို အကြောင်းပြု၍ တိုင်းရင်းသားဟု သတ်မှတ်ခြင်းမပြုနိုင်ဘဲ လူတစ်ဦးချင်းစီ၏ ဆွေစဉ် မျိုးဆက်များမှာ ၁၈၂၃ ခုနှစ် မတိုင်မီက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တစ်ဆက်တည်းနေ ထိုင်လာခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ ဆုံးဖြတ်ရမည့် ပြဿနာဖြစ်ပါသည်။
မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းရန်နှင့် မည်သည်ဥပဒေများကို တရားဝင်ပြဌန်းပါဟု ညွှန်ကြားခဲ့သည့် လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနှင့် မြန်မာနိုင်ငံသားဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ကောင်စီဥက္ကဌ ဦးစန်းယုတို့၏ ကိုယ်ရေးသမိုင်းကိုပင် တိုင်းသူပြည်သားများမသိရှိနိုင်သော အခြေအနေတွင် ၄င်းတို့၏ ဘိုးဘေးဘီဘင်တို့ကို သိရှိနိုင်အောင် စုံစမ်းမေးမြန်းရန်ဆိုသည်မှာ မဖြစ်နိုင်သည်ကို လ၀က ၀န်ထမ်းများအား ဆောင်ရွက်စေရန်ဥပေးအရ တာဝန်ပေးထားရာ ကျရောက်နေပါသည်။
ဤကဲ့သို့သော အခြေအနေတွင် တစ်စုံတစ်ယောက်ကို လ၀ကပုံစံ (နိုင်-၆ ) နိုင်ငံသား လက်မှတ်ထုတ်ပေးမည်ဆိုပါက ထိုသူ၏ မိဘနှစ်ပါးမှာ ၁၈၂၃ ခုနှစ် မတိုင်မီက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အစဉ်တစိုက်နေထိုင်ခဲ့ကြသော တိုင်းရင်းသားဖြစ်ကြောင်း ထင်ရှားစေပြီးမှ သာ ပုံစံ ( နိုင်-၆ ) ကို ထုတ်ပေးနိုင်မည် ဖြစ်ပါသည်။
အကယ်၍ တစ်ဦးတစ်ယောက်အား ပုံစံ ( နိုင်-၆ ) ထုတ်ပေးထားပြီးဖြစ်သည်ဟု ဆိုပါ လျှင် ထိုသို့ ပုံစံ ( နိုင်-၆ ) ရရှိခြင်းသည် အဂတိတရားတစ်ပါးပါးအရ ထုတ်ပေးခြင်းဟုသာ မှတ်ယူပါက ရာနှုန်းပြည့်မှန်မည်ဖြစ်ပါသည်။
န၀တအစိုးရမှ အသိအမှတ်ပြုခဲ့ပြီးဖြစ်သော တိုင်းရင်းသား ( ၁၃၅ ) မျိုးမှာ လူမျိုးနွယ်စု အမည်ကိုသာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါသည် ၁၈၂၃ ခုနှစ်မှစ၍ နိုင်ငံတော် အတွင်း အစဉ်တစိုက် နေထိုင်ခဲ့သော ထိုမျိုးနွယ်စုမှ ပေါက်ဖွားလာသူဖြစ်ကြောင်း သတ်မှတ်ခဲ့ ခြင်းမဟုတ်ပါ။
သို့ရာတွင်ထင်ရှားသော တိုင်းရင်းသားလူမျိုး ( ၈ ) မျိုးတွင် အကြုံးဝင်သက်ဆိုင်သော မျိုးနွယ်စုငယ်များအနက် အချို့မျိုးနွယ်စုများမှာ ပြည်ပတွင် နေထိုင်ခြင်းမရှိဘဲ ပြည်တွင်းတွင် သာ အစဉ်တစိုက်နေထိုင်ခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် အလားတူမျိုးနွယ်စု လုံးဝမရှိကြောင်း သက်သေထင်ရှားပါက ထိုလူတစ်ဦး၊ လူတစ်စုတို့က တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာခဲ့သော နိုင်ငံသားအဖြစ် ပုံစံ ( နိုင်-၆ ) ကို ထုတ်ပေးမည်ဆိုပါက ထိုလူနည်းစု အတွက်ပင် တိကျသော လုပ်ထုံးလုပ်နည်းကိုသေးစိတ် ရေးဆွဲ ပြီးမှ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသားဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် (၈) အရဆိုပါလျှင် နိုင်ငံတော်အတွင်းဖြစ်စေ၊ နိုင်ငံတော်ပြင်ပတွင်ဖြစ်စေ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါး မှ မွေးဖွားသူ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်း နိုင်ငံသားများဟုပြဌာန်းပါရှိသည့်အပြင် ဧည့်နိုင်ငံသားနှစ်ဦးမှ မွေးဖွားသူနှင့် နိုင်ငံသားတမျိုးမျိုး တို့မှ မွေးဖွားသူများသည်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူနှစ်ဦးမှ မွေးဖွားသူနှင့် နိုင်ငံသား အမျိုးမျိုးတို့မှ မွေးဖွားသူများသည်လည်းကောင်း၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့မှ မွေးဖွားသူနှင့် နိုင်ငံသားတစ်မျိုးမျိုးတို့မှ မွေးဖွားသူတို့သည်လည်းကောင်း နိုင်ငံသားဖြစ်သည် ဟု ပြဌာန်းထားသည့်အပြင် ဦးနေ၀င်းက အိုင်းစတိုင်းကဲ့သို့သော ပုဂ္ဂိုလ်ကို နိုင်ငံသားပေးနိုင် ကြောင်း ပြဌာန်းချက်မျိုးကိုလည်း ထည့်သွင်းရန် ညွှန်ကြားသဖြင့် နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏အကျိုးငှာ မည်သူ့ကိုမဆို နိုင်ငံသားတမျိုးမျိုး သတ်မှတ်နိုင်ကြောင်းကိုပါ ပုဒ်မ-၈ (က) တွင် ထည့်သွင်းပြဌာန်းထားခြင်းတို့သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၆ ပါ “နိုင်ငံသားဖြစ်ခြင်းသည် ဥပဒေပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်” ဆိုသည့် ပြဌာန်းချက် ဘောင်အတွင်း အကြုံးဝင်သည်ဟုမှတ်ယူနိုင်သော်လည်း ၁၉၈၂ ခုနှစ်မြန်မာ နိုင်ငံသားဥပဒေ ပါ ပြဌာန်းချက်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ ( က ) နှင့် ( ခ ) တွင်အတိအလင်း ပြဌာန်းချက်ကို ကျော်လွန်ပြဌာန်းရာ ကျရောက်နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၆ ပါ ပြဌာန်းချက်ကို ကျင့်သုံးပြီး ဥပဒေနည်းဥပဒေများ ကို လွတ်လပ်စွာ ပြဌာန်းနိုင်သည်ဟု ဆိုပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ ( က ) နှင့် ( ခ ) တို့ကို ပြည်သူ့ဆန္ဒခံယူပြီး ပြဌာန်းထားခြင်းမှာ အာနိသင်ရှိတော့မည် မဟုတ်ပါ။
ပြည်တွင်းဥပဒေများကို ပြဌာန်းရာတွင် နိုင်ငံတကာသဘောတူညီချက်များကို အလေး အနက်ထားရမည်ဖြစ်ပါသည်။ အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်အပိုဒ်-၂၄ ( ၃ ) တွင် မွေးဖွားလာသော ခလေးသူငယ်များသည် နိုင်ငံသား အဖြစ် ရယူခွင့်ရှိရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ကလေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်အပိုဒ်-၇ ( ၂ ) တွင် ကလေးသူငယ်များ နိုင်ငံသားဖြစ်ခွင့်ရရှိစေရန် နိုင်ငံများက လုပ်ဆောင်ပေးရန် ပြဌာန်းချက်များကို မြန်မာနိုင်ငံကလည်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါလျက် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေတွင် ခလေးသူငယ်တိုင်းသည် နိုင်ငံသား ဖြစ်မှုဆိုင်ရာအခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဌာန်းချက်နှင့်အညီသာ ရခွင့်ရှိကြောင်း ပြဌာန်း ထားပါသည်။ မြန်မာနိုင်ငံအတွင်းမွေးဖွါးသော ကလေးသူငယ်များ၏ နိုင်ငံသားဖြစ်ခွင့်ကို ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတို့တွင်သီးခြား ပြဌာန်းထားခြင်းမရှိပါ။
သို့ရာတွင်မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၂(စ) တွင် အတိအလင်းဖေါ်ပြထားသော နိုင်ငံသားလက်မှတ်ကို ကိုင်ဆောင်ခွင့် မရရှိစေကာမူ သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင် ကဒ်ပြားနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားသူများကို အစိုးရဌာနဆိုင်ရာများက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကြပါသည်။
နိုင်ငံသားများသာပညာသင်ကြားခွင့်ရရှိသည့် အသက်မွေးဝမ်းကြောင်းပညာများ၊ နိုင်ငံသားများသာထမ်းဆောင်ခွင့်ရှိသည့်စစ်ဘက်၊နယ်ဘက်အရေးကြီးသည့်ဝန်ထမ်းနေရာများတွင်နိုင်ငံသားတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရရှိကြပါသည်။
၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ နိုင်ငံခြားသားများကဲ့သို့ ကန့်သတ်ခြင်းမခံရပဲ မရွှေ့မပြောင်းနိုင် သောပစ္စည်းများကို လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ လဲလှယ်၊ ပေးကမ်း၊ အမွေဆက်ခံပိုင်ခွင့်၊ အကျိုးခံစားခွင့်များကို ရရှိခံစားလျှက်ရှိကြပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရလည်းမရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခွင့် အခွင့်အရေးကို ရရှိကြပါသည်။
ကိုလိုနီခေတ် (၉၁ဌာနရွေးကောက်ပွဲ) ပါလီမန်ခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်၊ အဆင့်ဆင့်တို့တွင် နိုင်ငံသားများသာရွေးကောက်ခံရမည့် အခွင့်အ ရေးများကိုလည်း ရရှိခံစားလျှက်ရှိကြပါသည်။
ယခုအခါ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားများကို ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများတွင် မဲဆန္ဒပေးပိုင်ခွင့်အခွင့်အရေးသာပေးထားပြီး ရွေးကောက်တင်မြောက်ခံပိုင်ခွင့် အခွင့်အရေးကို ကန့်သတ်ထားပါသည်။
သို့ရာတွင် တရားရုံးချုပ်၊ မန္တလေးရုံးထိုင်၏ တရားမအထူး အယူခံမှုအမှတ် (၈/၂၀၀၀) နှင့် နေပြည်တော်တရားရုံးချုပ်၏ တရားမအထူး အယူခံမှုအမှတ် (၁၁/၂၀၀၉ ) တို့တွင် ဒုတိယ တရားသူကြီးချုပ်ပါဝင်သော သုံးပါးထိုင် တရားရုံးများက ဧည့်နိုင်ငံသားများသည် နိုင်ငံသား မဟုတ်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ဘူးသည်လည်းရှိနေပါသည်။
မြန်မာနိုင်ငံသည်အများပြည်သူနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကိုလက်မှတ် ရေးထိုးထားသဖြင့်ထိုစာချုပ် အပိုဒ်-၂၄(၃)အရ မြန်မာနိုင်ငံအတွင်းမွေးဖွားလာခဲ့သော ကလေးသူငယ်များကို နိုင်ငံသားအခွင့်အရေးကို ထိုစာချုပ်နှင့်အညီ ပေးရမည့်အပြင် ကလေး အခွင့်အရေးဆိုင်ရာ နိုင်ငံတစ်ကာသဘောတူစာချုပ် အပိုဒ်-၇ (၂) အရလည်း ကလေး သူငယ်များကို နိုင်ငံသား ဖြစ်ခွင့်ရရှိစေရန် ဖွဲ့စည်းပုံအခြခံဥပဒေနှင့် နိုင်ငံသားဥပဒေတို့တွင် အတိအလင်းထည့်သွင်းပြဌာန်းရမည်ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတို့မှာ နိုင်ငံတစ်ကာစံချိန်စံညွှန်းနှင့်အညီ မလွဲမသွေပြင်ဆင်ရမည့်ဥပဒေများ ဖြစ်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွယ်လွယ်ကူကူ ပြင်ဆင်၍မရနိုင်အောင်ပြဌန်းထားသော ဥပဒေဖြစ်ရာ ထိုဥပဒေအစား ဖွဲ့စည်းပုံအခြခံဥပဒေအသစ်နှင့် မြန်မာနိုင်ငံသားဥပဒေ အသစ် တို့ကိုရေးဆွဲပြဌန်းသင့်ပါသည်။

ဦးမောင်ဖေတင်
တရားလွှတ်တော်ရှေ့နေ

လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီမှ ဦးကိုကိုကြီးကို ဝေဖန်

ဖေဖော်ဝါရီလ ၂၅ရက်၊၂၀၁၃
M-Media
သတင်း- ဇာဇာလှိုင်

ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက် (P.C.N) ကို ဖေဖော်ဝါရီလ(၁)ရက်နေ့၊၂၀၁၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

 ပြည်ထောင်စူ မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မူ (Capacity Building)၊ ပညာရေး နှင့်ဘ၀နေထိုင်မူ အဆင့်အတန်းမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဖွား အချင်းချင်း ချစ်ကြည် ရင်းနှီးသော ဆက်ဆံမူများ တည်ဆောက်ရန်ဖြစ်ကြောင်း၊တရားဥပဒေ စိုးမိုးရေး၊တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်တွင် အတက်ပညာရှင်၊အသိပညာရှင်များ ၊IT ပညာရှင်များ စသည့်တို့က ညီညွှတ်ရေးကို ဦးတည်စေမည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့ရူမည့် သူတွေအားလုံးမှ ၎င်းငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းစဉ်များမှာ လူမူစီးပွားရေး(Social Economy)၊ လူ့အခွင့်အရေး(Human Rights)၊သတင်းနှင့် ပြန်ကြားရေး (Information and Media)၊ ပညာရေး(Education) စသည့် ခေါင်းစဉ်များ ပါဝင်ကြောင်း သိရသည်။

HJ-NyiNyi

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန်အတွက် တကိုယ်တော် ဆန္ဒပြနေသည့် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး လှုပ်ရှားသူများ ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီ (ဇန်နဝါရီလ ၈ ရက် ၂၀၁၃)
Photo Credit => myanmarmuslim.net

အဆိုပါ  အခမ်းအနားသို့ တက်ရောက်လာသူများထဲမှ ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ကိုညီညီအား လူ့အခွင့်အရေးနှင့် ပတ်သက်၍ M-Media မှ မေးမြန်းဖြစ်ခဲ့ပါသည်။

“၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ဒီမိုကရက်သစ် အင်အားစု အချို့က ခေါင်းဆောင် အချို့က လူ့အခွင့်အရေး၊ အများစုအခွင့်အရေး၊ လူနည်းစု အခွင့်အရေး တော်တော်လေး အားနည်းတယ်။လူ့အခွင့်အရေးသာ မရှိဘူးဆိုရင် ဦးကိုကိုကြီး အပါအ၀င် ဘယ်သူမှ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်ပါဘူး။စစ်အာဏာရှင်ရဲ့ ဖိနှိပ်မူ ယန္တရား အောက်မှာ လူ့အခွင့်အရေးကသာ အကာအကွယ် မပေးခဲ့ဘူးဆိုရင် ယနေ့ဖြစ်ပေါ်နေတဲ့ ဦးကိုကိုကြီးဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာရှင် ယန္တရားအောက်မှာ ၀ါးမျိုခြင်းကို ခံရမှာ ဖြစ်တယ်”

“တစ်ကမ္ဘာလုံးက စံအဖြစ်သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ခေတ်မမှီတော့တဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကိုပဲ သွားမယ်ဆိုလို့ရှိရင် ဦးကိုကိုကြီး အနေနဲ့ ကမ္ဘာသမိုင်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့တဲ့ အာဏာရှင် ရာဇ၀တ်သားတွေနဲ့ အတူတူပဲ ဖြစ်မှာပဲ”

“ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးရဲ့ ရပ်တည်ချက်က ကျွန်တော်ကြားဖူးတဲ့ တရုတ် ပုံပြင်လို ဖြစ်နေပြီ။အဲဒီ ပုံပြင်လေးက တစ်ခါတုန်းက တရုတ်ပြည်မှာ ရှိတဲ့ ဘုရင်တစ်ပါးက နဂါးကို အရမ်းချစ်တယ်။ဘုရင်ကြီး ပြောတဲ့ စကားတိုင်းမှာ နဂါးကို ဘယ်လို ချစ်တဲ့အကြောင်း၊ဘယ်လို တန်ဖိုးထားတဲ့ အကြောင်း၊နဂါးနဲ့ ပတ်သပ်တဲ့ ပုံတိုပတ်စ၊ကဗျာ၊လင်္ကာများကိုလည်း ရွတ်ဆိုလေ့ရှိတယ်။သူ့ ပန်းခြံထဲ၊သူ့အိမ်ထဲမှာလဲ နဂါးရုပ်၊ခန်းစီးလိုက်ကာ ကအစ နဂါးရုပ်တွေနဲ့ အလှဆင်ထားတယ်။တစ်နေ့ ဘုရင်ကြီးရဲ့ နန်းတော်ထဲကို တကယ့် နဂါးအစစ် တစ်ကောင် ၀င်လာတယ်။အဲဒီအခါကြတော့ သူ့ရဲ့ အိမ်ဖန်စောင့်တွေက “ငါတို့ ဘုရင်ကြီးက နဂါးကို အရမ်းချစ်တယ်၊သူက နဂါးနဲ့ ပတ်သပ်လာရင် အရမ်းတန်ဖိုးထားတယ်၊အဲဒါကြောင့် ငါတို့ ဘုရင်ကြီးဆီ နဂါးကို လွှတ်ပေးလိုက်မယ်”ဆိုပြီး လွှတ်ပေးလိုက်ကြတယ်။နဂါးက ဘုရင်ကြီး အိပ်ခန်းထဲကို ၀င်သွားတဲ့ အချိန်မှာ ဘုရင်ကြီးက ဆောက်တည်ရာမယ့် ကြောက်လန့်တကြား အော်ဟစ်ပြီး ဒီနဂါးကြီးကို သတ်ပစ်ဖို့ အစောင့်တွေကို ခေါ်တယ်။ “ဘုရင်ကြီးက အရမ်းချစ်တယ်လို့ ခဏခဏပြောတဲ့အတွက်ကျွန်တော်တို့ လွှတ်ပေးလိုက်တာပါ” လို့ပြန်လျှောက်တင်ကြတယ်။ ဘုရင်ကြီးက“ငါက အရုပ်ကိုပဲ ချစ်တာ၊တကယ့် အစစ်ကို ချစ်တာ မဟုတ်ဘူး၊အခု ချက်ချင်း သတ်ပစ်လို့ အမိန့်ပေးလိုက်တယ်”

“တစ်ချိန်တုန်းက လူ့အခွင့်အရေးကိုပဲ တန်ဖိုးထားကြောင်း တဖွဖွ ပြောခဲ့တဲ့ ဦးကိုကိုကြီးဟာ အခု လူ့အခွင့်အရေးနှင့် ပက်ပင်းတိုးတဲ့ အချိန်ကြတော့မှ လူ့အခွင့်အရေးက အရေးမကြီးတော့ဘူး အမျိုးသားရေး အမြင်နဲ့ တပ်မတော်နှင့် ပူးပေါင်းပြီး တိုက်ဖျက်ရမယ် ဆိုတော့ ဦးကိုကိုကြီးတို့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ချစ်တယ် ဆိုတာ ပုံပြင်ထဲက ဘုရင်ကြီးလိုပါပဲလား လို့သတိရမိပါတယ်။ ဦးကိုကိုကြီးက ဒီမိုကရက်တစ်လား? နေရှင်နယ်လစ်လား? ဆိုတာလေး တစ်ခုပဲမေးချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

ရိုဟင်ဂျာလူမျိုးကို လူမျိုပေါင်း (၁၃၅ )မျိုးမှာမပါအောင် လုပ်ထားလို့

Monday, February 25, 2013  ,

ဌေးလွင်ဦး
RB News
25.2.2013
ရခိုင်ဒေသခံ မွတ်ဆလင်များကို “ရိုဟင်ဂျာ” လူမျိုးရယ်လို့ ခေါ်ဆိုကြောင်း အင်္ဂလိပ်များ ရခိုင်ဒေသကို မ၀င် ရောက်မှီ နှစ်ပေါင်း ၅၀ နီးပါး မှတ်တမ်းများကပင် ဖေါ်ပြပြီး ရှိနေပါတယ်။ ဂျာမန်ဘာသာနဲ့ မှတ်တမ်း များအရ ဒီထက်ပိုစောတဲ့ ခုနှစ်များကပဲ ရှိနေပြီး- ပါရှား အိန္ဒိယ မှတ်တမ်းများအရ ဆိုရင် နှစ်ပေါင်းထောင် ချီပြီး မှတ်တမ်း များ ရှိနေပါတယ်။
မွတ်ဆလင်များကို ကုလားများလို့ ခေါ်ဝေါ်သမုတ်ခဲ့တဲ့ စကားအရ ဆိုရင် ရခိုင်ဒေသနဲ့ ရခိုင်လူမျိုး ဆိုတာ ကိုယ်က မွတ်ဆလင်ဒေသနဲ့ မွတ်ဆလင်များကိုသာ ခေါ်ဆိုကြောင်း- သို့မဟုတ် ရခိုင် ဆိုတာ မွတ်ဆလင် များ သာ ဖြစ်ကြောင်း နိုင်ငံတစ်ကာ အသိအမှတ်ပြု မြန်မာ့သမိုင်းအကျော် ဒေါက်တာသန်းထွန်း ရဲ့ မြန်မာရာဇ၀င် ပြန်တမ်း အတွဲ ၂ စာမျက်နှာ ၂၁၉ မှာ “ရခိုင် ဆိုတဲ့ လူမျိုးကို ကုလားမျိုး ခြောက် ဆယ့်   လေးနွယ်” ထဲမှာ ထည့် သွင်း ရေတွက်ထားခြင်းက သက်သေတည်နေပါတယ်။ ဒီသမိုင်း အထောက် အထား  အရ ရှေးမြန်မာမင်းများ ကိုယ်တိုင် ရခိုင် ဆိုတာ မွတ်ဆလင်များ အများစု နေထိုင် ရာ ဒေသ အဖြစ် သတ်မှတ်ခဲ့ကြောင်း ထင်ရှားလှပါ တယ်။ ဘိုးတော်မောင်ဝိုင်း ရခိုင်နယ်ကို သိမ်းပိုက်စဉ်က
ရခိုင်ဒေသ မွတ်ဆလင်များ အတွက် တရားရေး ကိုင်တွယ်ဘို့ရာ “ဃာဇီ”များ ခန့်အပ်ထားပေးပြီး ရခိုင်ဒေသ   တရား သူကြီး “ဃာဇီ“ အဗစ်ဟူစိန်နီ သခင်ကြီးကို ပင် တာဝန်ပေးခဲ့ကြောင်း သမိုင်းဖျက်လို့ မပျက်နိုင်သေး ပါ။
မြန်မာရဲ့ အောက်ပိုင်း (ရခိုင်နဲ့ တနင်္သာရီ) အင်္ဂလိပ် လက်အောက်ကို မရောက်မှီကတည်းက ရခိုင်ရဲ့ မူလဘူတ လူမျိုး မွတ်ဆလင် (မဟာမေဒင်)တွေကို “ရိုဟင်ဂျာ”လို့ ခေါ်ခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ်မှာ သူတို့ကို မဟာမေ ဒင်လို့ မှတ်တမ်းတင်ခဲ့တယ်။ ကမ္ဘာ့အလယ်မှာ ဒီသမိုင်းကို ဘယ်လို ဖျောက်မလဲ။ ဒီသမိုင်းကို ဖျောက်ဘို့ ကြိုး စားသူတိုင်းဟာ အစ္စလာမ်သာသနာကို မလိုတမာ မုန်းတီးသူဖြစ်ကြောင်း မိမိကိုယ် မိမိ သက်သေခံနေသူများ သာ ဖြစ်ပါတယ်။ အစ္စလာမ်သာသနာ အပေါ် ဘာသာရေး စစ်   ကြေငြာနေသူများသာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ဖျောက်လိုသူများက “မူဂျာဟစ်” သူပုန်များကို အကြောင်းပြပြန်တယ်။ မူဂျာဟစ် ဆိုတာ ဘာကြောင့် ပေါ်ခဲ့ရသလဲ။ သမိုင်းကို ပြန်လှန်လိုက်ပါ။ ၁၉၄၂ ခုနှစ် ဘုန်းကြီးစိန္တာ ဦးဆောင် တဲ့ ရခိုင် ဗုဒ္ဓဘာသာ မျက်ကန်းများကသာ မွတ်ဆလင်များ အပေါ် မျိုးဖြုတ်သတ်ဖြတ်ခြင်း မရှိခဲ့ရင်- မူဂျာဟစ် ဆိုတာ လည်း ပေါ်လာစရာ အကြောင်းမရှိပါ။ ဘုန်းကြီးစိန္တာရဲ့ ပယောဂ ကြောင့် ရခိုင်တောင် ပိုင်း အလယ်ပိုင်းမှာ မွတ်ဆလင်ရွာပေါင်း ၃၀၉ ရွာ လုံးဝ ချုပ်ငြိမ်းသွားခဲ့ရတယ်။ ရွာလုံးကျွတ် သတ် ခံရတာများ ရှိသလို- မွတ်ဆလင် များရာ မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတောနယ်သို့ ထွက်ပြေး သောင်တင်နေခဲ့ရသူများလည်း ရှိခဲ့တယ်။ ဒီနေ့ ဘူးသီးတောင်နဲ့ မောင်းတောမှာ လူဦးရေ များနေရ တဲ့ အကြောင်းရင်းက မွတ်ဆလင်လူနည်းစု များ တောင်ပိုင်းမှာ သတ်ဖြတ်ခံရလို့ ထွက်ပြေး   သောင် တင်နေတဲ့ အကြောင်းကြောင့်ပါ။ သမိုင်းကို သေသေချာချာ ပြန်လှန်ပါ။
အလားတူ မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာနည်းလို့ မြောက်ပိုင်းဘက်မှာ ဗုဒ္ဓဘာသာများ အထိနာခဲ့ရတယ် ဆိုတာ လည်း ဖုံးကွယ်မရနိုင်ပါ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းရဲ့ တရားခံက ရခိုင်ဗုဒ္ဓ၀ါဒီ ခွဲထွက်ရေးသမား တို့ရဲ့ စနစ်၊ အဲ့ဒီ ၀ါဒကို ဦးဆောင်တဲ့ ဦးစိန္တာရဲ့ စနစ်သာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာချင်း ဆိုတဲ့ အမြင်နဲ့ လူများစု မြန်မာများက သမိုင်းကို မလိမ်သင့်ပါ။ လူများ တရားနိုင်တဲ့ ခေတ် ကုန်သွားခဲ့ပါပြီ။ ၁၉၄၂ ခု ဖြစ် ရပ်မှာ ဂျပန်က ပေးလို့ လက်နက်က ရခိုင်ဗုဒ္ဓဘာသာများ လက်ထဲမှာ ရှိနေခဲ့တယ်။ ဂျပန်လက်အောက် ဖွဲ့စည်း ထားတဲ့ မြန်မာတပ်ထဲက ဗုဒ္ဓဘာသာ စစ်သားများမှာ လက်နက်ရှိနေခဲ့တယ်။ လက်နက်ရှိသူနဲ့ လက်နက် မဲ့သူ ဘယ်သူက ပိုပြီး အထိနာ မလဲ- ရိုးရိုးလေး ဆင်ခြင်ကြည့်ပါ။
အထိနာလွန်းလို့ ရိုဟင်ဂျာတွေက “လက်နက်စွဲကိုင်ခဲ့ရတယ်။ မူဂျာဟစ် တော်လှန်ရေးသမားတွေ ပေါ်ခဲ့ရ တယ်။” တိုင်းပြည် အေးချမ်းတည်ငြိမ်သွားတယ်လို့ ယုံကြည်တဲ့နေ့မှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ တယ်။ မွတ်ဆလင်တွေဟာ ခွဲထွက်ရေးကို လိုလားမယ် ဆိုရင်– အဲ့ဒီကတည်းက ပွဲပြီးနေလောက်ပါပြီ။ ရိုဟင်ဂျာတွေ ဘက်က ခွဲထွက်ရေးကို အညှိမခံ၊ မြန်မာပြည်နဲ့သာ တွဲနေလိုခဲ့လို့-၊ လွတ်လပ်ရေးရစ စိတ်ကြွနေ တဲ့ အချို့ မွတ်ဆလင်နိုင်ငံတွေကရဲ့ စိတ်ကွက်ခြင်းကိုတောင် ခံခဲ့ရပါတယ်။ ဒါတွေကို မြန်မာ အစိုးရ ကောင်းကောင်း သိမှာပါ။
၁၉၆၀ မှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တော့-၊ ရခိုင်ဒေသခံ မွတ်ဆလင်တွေကို (၁) ရခိုင်မွတ် ဆလင် (၂) မဟာမေဒင် (၃) ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ သုံးခု အနက် တစ်ခုနဲ့ အသိအမှတ်ပြုဘို့ တင်ပြခဲ့ တယ်။ ဒီမှာ ရခိုင်ဗုဒ္ဓဘာသာ အယူသည်းများက (ရခိုင်ဗုဒ္ဓဘာသာအားလုံး မဟုတ်ပါ။ မျက်ကန်း အယူသည်း ခွဲထွက်ရေးဝါဒီ တစ်ချို့မျှသာ ဖြစ်ပါတယ်။) ရခိုင်ဆိုတဲ့ အခေါင်းစဉ်အောက်မှာ ဗုဒ္ဓဘာသာ မှအပ အခြားမရှိရလို့ ကန့်ကွက်ခဲ့ ပါတယ်။ တနည်းအားဖြင့် ရခိုင်ဒေသ ကို မောင်ပိုင်စီး လိုက်ခြင်းဖြစ် ပါတယ်။ ဒါကို ၀န်ကြီးချုပ်ဦးနုက အလိုလိုက် ပေးခဲ့တယ်။ ဒါကြောင့် ကျန်နာမည် ၂ ခုဖြစ်တဲ့ မဟာမေဒင်နဲ့ ရိုဟင်ဂျာ ဆိုတာကို ဆက်စဉ်းစားပါတယ်။ ဒီမှာ လည်း မဟာမေဒင် ဆိုတဲ့ အမည်နာမက မွတ်ဆ လင်ဖြစ်ကြောင်း ကမ္ဘာက သိတဲ့ နာမည် ဖြစ်နေပြန်တယ်။ ဦးနု အနေနဲ့ နိုင်ငံတော်ကို ဗုဒ္ဓဘာ သာ  နိုင်ငံကြေငြာဘို့ စိတ်သန်သူ ဖြစ်နေတော့-၊ မဟာမေဒင် လူမျိုးတွေ မြန်မာမှာ ရှိနေတယ်လို့ တရားဝင် အသိမခံချင်တဲ့ သဘောပါ။ (ဦးရာရှစ် ကိုတောင် ဦးရန်ရှင်းလို့ နာမည်ပြောင်း ဘို့ စည်းရုံး ခဲ့ပါသေးတယ်။) ဒီလိုနဲ့ ရခိုင်အယူသည်းများလည်း မကန့်ကွက်ရအောင်၊ မွတ်ဆလင်မှန်းလည်း မသိ ရလေအောင် “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမကို ရွေးချယ်လက်ခံခဲ့ပါတယ်။ (ဦးနုက ရိုဟင်ဂျာ ဆိုတဲ့ အမည် နာမကို လက်ခံမှ ရိုဟင်ဂျာ လူမျိုးနဲ့ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရ ပေါ်လာခြင်း မဟုတ်ဆိုတာကိုတော့ စာဖတ်သူ များ ခွဲခြားနားလည်သင့်ပါတယ်။)
ဦးနေ၀င်းခေတ်မှာ ဦးနုလို တရားဝင် အသံလွှင့်ပြီး ဗုဒ္ဓဘာသာနိုင်ငံကို မထူထောင်ခဲ့ပေမယ့်-၊ အသံတိတ် ဗုဒ္ဓဘာသာနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံထဲက မွတ်ဆလင်အားလုံးကို နိုင်ငံခြားက ကျူး ကျော်လာသူများ၊ ကိုလိုနီခေတ်ကမှ ရောက်လာသူများလို့ စတင်ဆိုင်းဘုတ်တပ်ပါတော့တယ်။ ဒါကြောင့် တရား ၀င်တိုင်းရင်းသား ဆိုပြီး ပြဌာန်းလိုက်တဲ့ ၁၄၃ မျိုး၊ နောက်ပိုင်း ၁၃၅ မျိုးထဲမှာ “ရိုဟင်ဂျာ”တွေကို ပယ် ထုတ်လိုက်ပါတယ်။ အာဏာနဲ့ တစ်ဘက်သတ် အနိုင်ယူ ဗိုလ် ကျခြင်းမျှ သာ ဖြစ်ပါတယ်။
ဒါကြောင့် ဦးနေ၀င်းခေတ်နဲ့ နအဖ ခေတ်များက ပြဌာန်းတဲ့ တိုင်းရင်းသားများ စာရင်းမှာ “ရိုဟင်ဂျာ” ဆိုတာ မပါဝင်ခြင်းဟာ- အာဏာရှင်တို့ရဲ့ သေနတ်ထိပ်ဖျားနဲ့ ရေးတဲ့ ဥပဒေများမှာ မပါဝင်ခြင်းသာ ဖြစ်ပြီး- အမှန်တစ် ကယ် ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ကို မပေးကြောင်း ရိုးသားသူတိုင်း သိမြင်နေပါတယ်။ ဦးနေ၀င်း ခေတ်က ဥပဒေ၊ နအဖ ခေတ်က ဥပဒေ၊ ၂၀၀၈ ခု ဥပဒေများမှာ မပါဝင်တိုင်း အတည်ပြုရမယ်ဆိုရင် ဒီနေ့မှာ အဲ့ဒီ ခေတ်များက ရေးခဲ့တဲ့ ဥပဒေများ ကို ပြုပြင်ပေးဘို့ တောင်း ဆိုမနေ သင့်တော့ပါ။ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားများ အနေနဲ့လည်း အဲ့ဒီ ဥပဒေများကို ပြင်ပေးပါ။ ကျွန်တော်တို့ကို ဒီထက် လုပ်ပိုင်ခွင့် ရှိတဲ့ ဥပဒေများ ပြဌာန်းပေး ပါလို့ တောင်းဆိုမနေသင့်တော့ပါ။ NLD ပါတီ အနေနဲ့ရော၊ 88 မျိုးဆက်အနေနဲ့ရော အဆိုပါ ပြဌာန်း ထားတဲ့ ဥပဒေများကို ပြင်ဆင်ဘို့ တောင်းဆိုနေစရာ မလိုတော့ပါ။ အခုလိုလေး အလိုက်သင့် နေ လိုက်ရင် အန္တရာယ်တောင် ကင်းပါသေးတယ်။
ကိုယ်တွေ မလိုလားတာကျတော့ ပြုပြင်စေမယ်၊ ကိုယ့်အလိုကျ မွတ်ဆလင်မုန်းတီးရေး ကိစ္စမှာတော့ အာဏာ ရှင်တွေ ပြဌာန်းခဲ့တာကို သဘောကျနေမယ်၊ အဲ့ဒီ ဥပဒေကို ကာကွယ်စောင့်ရှောက်နေမယ်-၊ မွတ်ဆလင်တွေ ကို ဘုံရန်သူ အဖြစ် သတ်မှတ်နေမယ် ဆိုရင်တော့–၊ ဒါဟာ တိုင်းပြည်အတွင် ရင်လေးစရာ ကိစ္စမျှသာ ဖြစ်ပါ တယ်။ မတရားသဖြင့် ဖိလွန်းရင် အရှေ့တီမောလို၊ ကိုဆိုဗိုလို ဖြစ် သွားနိုင်တယ်- ရိုဟင်ဂျာတွေ မတောင်းလိုက် ဘဲ ဆုပြည့်သွားနိုင်တယ် ဆိုတာလောက်တော့ လိမ်မာ ပါးနပ်စွာ အမြင်ရှိနေဘို့ လိုပါမယ်။ အခု- သေကြေရတဲ့ ပမာဏက – တိုင်းပြည်တစ်ပြည် ကွဲထွက် သွားဘို့ ပြည်စုံလုံလောက်တဲ့ ပမာဏကို ရောက်လာနေပါပြီ။ ဒါကို ကမ္ဘာက မြင်နေပြီ၊ ပတ်ဝန်း ကျင်နိုင်ငံများက မြင်နေပြီ- ဆိုတာလောက်တော့ အသိပေးပါရစေ။
မိမိကိုယ်မိမိ နိုင်ငံရေး ပရိယာယ်ကြွယ်လှပြီ။ ပညာတတ်လှပြီ ဆိုပြီး ဘ၀င်တွေ စွပ်မမြင့်နေဘို့ လိုပါမယ်။ ကမ္ဘာ့ နိုင်ငံကြီးတွေ အဘို့- မြန်မာတို့ရဲ့ ပညာနဲ့ နိုင်ငံရေး ပရိယာယ်လောက်ကို ပါးပါးလေး– မျှသာ ဖြစ် တယ်- ဆိုတာ လောက်တော့ တွေးပေးဘို့ မေတ္တာရပ်ခံလိုပါတယ်။
အကယ်၍ တစ်စုံတစ်ခု ဖြစ်လာခဲ့ရင်–၊ ဖြစ်လာသမျှ ကိစ္စဟာ ရခိုင်မျက်ကန်းများနဲ့ မျက်ကန်းဗုဒ္ဓ၀ါဒီ များကြောင့် သာ ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း အသိပေးထားပါရစေ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

Posted by

Is it a crime being Muslim in Burma?

Thursday, February 21, 2013  , , , , ,
 

Source Bangla Times:
February 21, 2013
By Mohamed Farooq
The Burmese Government has been distorting centuries-existence of Rohingya in Arakan, Burma to illegal immigrants from neighboring country Bangladesh. Bangladesh uttered controversially that Rohingya are not her citizens and they are citizens of Burma for hundreds of years passing still today.
One 03 June 2012, 8 Burmese Muslim pilgrims (Tabliq-e-Jamaat) from Yangon to Akyab, one bus helper and one woman were killed by Rakhine mob in Taunggok. But no one was arrested and no legal action for the killers yet. Since last 08 June 2012, thousands of Rohingya Muslims were killed and shot dead, thousands of houses burnt down, more than 100 Mosques torched into ashes and hundreds of Rohingya arrested mostly preferred to  the educated persons, wealthy men and youths, raping  till to die  or critically injured many women and teenage girls, looting specious properties like money and gold. But no killers and terrorists caught up yet More than 100,000 Rohingya People internally displaced into miserable camps where no adequate health care and food supplements. Old people, Children and pregnancy women are dying daily being lack of hygienic and sustainable environment. Where is justice and humanity for Muslims in Arakan, Burma?

On 19 February 2013, about 300 Buddhist racists attack a Burmese Muslim religious primary school (Maqtab) in Tharkaytar, Yangon. They destroyed the school into pieces. They looted and destroyed many textile shops, cellular and mobile shops and some mansions all are possessed by Burmese Muslims on 20 February 2013. Burmese Muslims are not Rohingya.  Are the Burmese Muslims illegal immigrants from another country like Rohingya pronounced by Burmese Government? The decisive fact is that the Buddhists hatred the whole vulnerable minority Muslims in different states and divisions of Burma.

Is it a crime being Muslim in Burma?

Thursday, February 21, 2013  , , , , ,
 

Source Bangla Times:
February 21, 2013
By Mohamed Farooq
The Burmese Government has been distorting centuries-existence of Rohingya in Arakan, Burma to illegal immigrants from neighboring country Bangladesh. Bangladesh uttered controversially that Rohingya are not her citizens and they are citizens of Burma for hundreds of years passing still today.
One 03 June 2012, 8 Burmese Muslim pilgrims (Tabliq-e-Jamaat) from Yangon to Akyab, one bus helper and one woman were killed by Rakhine mob in Taunggok. But no one was arrested and no legal action for the killers yet. Since last 08 June 2012, thousands of Rohingya Muslims were killed and shot dead, thousands of houses burnt down, more than 100 Mosques torched into ashes and hundreds of Rohingya arrested mostly preferred to  the educated persons, wealthy men and youths, raping  till to die  or critically injured many women and teenage girls, looting specious properties like money and gold. But no killers and terrorists caught up yet More than 100,000 Rohingya People internally displaced into miserable camps where no adequate health care and food supplements. Old people, Children and pregnancy women are dying daily being lack of hygienic and sustainable environment. Where is justice and humanity for Muslims in Arakan, Burma?

On 19 February 2013, about 300 Buddhist racists attack a Burmese Muslim religious primary school (Maqtab) in Tharkaytar, Yangon. They destroyed the school into pieces. They looted and destroyed many textile shops, cellular and mobile shops and some mansions all are possessed by Burmese Muslims on 20 February 2013. Burmese Muslims are not Rohingya.  Are the Burmese Muslims illegal immigrants from another country like Rohingya pronounced by Burmese Government? The decisive fact is that the Buddhists hatred the whole vulnerable minority Muslims in different states and divisions of Burma.

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၉)

Posted by danyawadi

ရိုဟင်ဂျာလူမျိုးတရားဝင်ရပ်တည်မှု နဲ့  မြန်မာနိုင်ငံ
(၁) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် – နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု ၏ အသံ လွှင့်မိန့်ခွန်း တွင်မောင်တောနှင့်ဘူးသီး တောင်မြို့နယ်များတွင်နေထိုင် လျက် ရှိသောပြည်ထောင်စု သား များ သည်များသောအားဖြင့် ရိုဟင်ဂျာအမျိုး သားဖြစ်ကြ သည် ပြောကြား ခဲ့သည်။
(၂) နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထုအစည်း အဝေး များတွင် ရိုဟင်ဂျာများ သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းတိုင်းရင်း သား ကဲ့သို့ တိုင်းရင်းသား လူမျိုး စု တ စု ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ သည်။
(၃) နိုင်ငံတော်ဝန်ကြီးချုပ်ရုံးလက်အောက်နယ်ခြားဒေသအုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ – ၂၀. ၁၁. ၆၁) တွင်မေယုဒေသအတွင်းနေ ထိုင်ကြသူများ ခဲ့သည်တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး   များဖြစ် ကြောင်း ပါ ရှိ သည်။ (မေယုဒေသ = ယခုမောင်းတောခရိုင်)
(၄) ၁၉၆၁ မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံတိုင်း ရင်းသား လူမျိုးများ ဘာသာ စကားအစီ အစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃၀ နာရီတွင် ရိုဟင်ဂျာ ဘာသာစကားဖြင့် အသံလွှင့်ပေး ခဲ့ပါသည်။ (နှစ်သုံးဆယ် မြန်မာ့  အသံ – ဦးကျော်ငြိမ်း မာတလိ)
(၅) စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ ၈၉-၉၀ တွင် ၁၉၆၄ ခုနှစ်တွင် ရခိုင်တိုင်းမြောက်ပိုင်း   မေယုခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့်ရှိပြီး ၇၅%သည် ရိုဟင်ဂျာ လူမျိုးများဖြစ်သည် ဟူ၍ အကျယ် တ၀န်းရေးသားဖော်ပြထားသည်။
(၆) ကာကွယ်ရေးဌာနမှထုတ်ဝေသော တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁) နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင်မေယု ခရိုင်၊ မောင်းတော၊ ဘူးသီး တောင်၊ ရသေ့တောင် အနောက်မြောက်မြို့ နယ်များ တွင် အများစုအားဖြင့် ရိုဟင်ဂျာလူမျိုးများ နေ ထိုင် ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ စသောလူနည်းစုများ စွာပါ ၀င်နေထိုင် သည့်ခရိုင် ဒေသ တခုဖြစ်ပါသည် ဟူ၍ဖော်ပြပါ ရှိပါသည်။
(၇) ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈.၇.၆၁)   ပြောကြားသော မိန့်ခွန်း တွင် “ကျွန်ုပ်တို့ ဒီခရိုင်မှာနေထိုင်တဲ့လူတွေကို ရိုဟင်ဂျာ လို့ခေါ်ပါ တယ်။   မေယုခရိုင်  ၏ အနောက် ဘက် တွင် ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက် မှာနေ သူများ ကို ပါကစ္စတန်ဟုခေါ်ပြီး၊   မြန်မာပြည် မှာရှိ သူများ ကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တခုတည်း မှာ သာ လူမျိုးတမျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ် နေသော နယ်စပ်တွင်လည်း ဤသို့ လူမျိုးချင်း ဆက်စပ်နေကြသည်။ ဥပမာ – ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့်လူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း ၄င်းလူမျိုးများ ရှိသည်။ ထို  နည်းတူ မြန်မာပြည်တွင်းရှိ ရှမ်း လူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း တိုင် ဆိုသော ရှမ်းလူမျိုး များရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိသလို ယိုးဒယား ဘက်တွင်လည်း ထိုလူမျိုးများ ရှိကြပါ သည်။ အိန္ဒိယ-မြန်မာ နယ်စပ်တွင်လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာရှိသကဲ့သို့ အိန္ဒိယနိုင်ငံ မှာ လည်း ရှိကြသည်။ အဲဒီ တော့ ဒီနေ့ဒီအချိန်ကစပြီး ကျွန်တော်ပွင့်ပွင့် လင်းလင်းပြောချင် တယ်။ မေယုခရိုင်ကို ပြည်ထောင်စုထဲမှာရှိတဲ့ လူနည်းစုတစုလို့သဘောထားမယ်။ အဲဒီတော့အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာတွေရှိရင် ခင်ဗျားတို့ အားလုံးမေ့ကြ၊ ဒီအချိန် ကစပြီး ခင်ဗျားတို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ဗမာပြည်ထောင်စု ထဲက လူမျိုးစုတစုလို့သဘောထားကြပါ။ “ စသည်ဖြင့် အကျယ် တ၀န့်ပြောကြား ခဲ့ သည်။
(၈) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ ၁၉၇၈ ခုနှစ် ထုတ်မြန် မာနိုင်ငံ အထက်တန်း ပထ၀ီဝင်ဖတ်စာအုပ်၊ စာမျက်နှာ ၈၆ တွင်တိုင်း ရင်း သား လူမျိုး များပြန့် နှံ့ နေ ထိုင်ကြပုံပြရာမှာ ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာ များနေ ထိုင် ရာဒေသ အဖြစ်ပြ သထား ပါသည်။
(၉) ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသား၊ ကျောင်းသူအသင်း အဖွဲ့လည်း ထူထောင် ခွင့်လျှောက် ထားခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။
(၁၀) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာ ယဥ် ကျေး မှုပြပွဲကို သိမ်ဖြူအားကစားပြိုင်ဝင်းအတွင်းကျင်းပပေးခဲ့ရာ ရိုဟင်ဂျာ ယဉ်ကျေး မှုပြပွဲ တခုဖြစ်သော   ကျင် ပွဲကိုပြသခွင့်ရရှိခဲ့ပါသည်။
(၁၁) မြန်မာအသံ (၂၅) နှစ်မြောက်ငွေရတုသဘင်အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလတွင် သော တ ရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ စာမျက်နှာ ၅၅ တွင် ၁၉၄၇ ခုနှစ်မှစ၍ တိုင်းရင်း သား ဘာသာစကား အဖြစ်စတင်အသံလွှင့်ခွင့်ပြုသည့်ရက်စွဲများကိုဖော်ပြရာတွင်၁၉၄၇တင် ရှမ်း နှင့်ကချင်ဘာသာ၊ ၁၉၄၉ တွင်စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ ခုနှစ် တွင် ချင်း ဘာသာ၊ ၁၉၆၁ တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယား ဘာသာတို့ အသံ လွှင့်ခဲ့ကြောင်းဖော်ပြထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာတို့ဖြင့် အသံ လွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ခွင့်ပြုခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်း ခဲ့သည်။
(၁၂) ၁၉၆၀ ခုနှစ် ပြည်ထောင်စုနေ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြပွဲကို အောင်ဆန်း အားကစား ကွင်းတွင် နိုင်ငံတော်မှကျင်းပခဲ့ရာ ရိုဟင်ဂျာရိုးရာကျင်ပွဲခေါင်းစဉ်ဖြင့် တခမ်း တနား ကျင်းပခွင့်ပြုခဲ့သည်။
(၁၃) ၂၀.၁၁.၆၀ နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြား ဒေ သအုပ်ချုပ်ရေးအရာရှိ ရခိုင်တိုင်းမင်းကြီးနှင့်အဖွဲ့ဝင်များ မေယုနယ်ခြား ခရိုင် သို့ ရောက်ရှိခဲ့ကြရာ ရိုဟင်ဂျာ များမှလှိုက်လှဲစွာ ကြိုဆိုကြကြောင်း၊ သူရသတ္တိရှိ သူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို မြတ်နိုးလိုလားပြီး သစ္စာရှိသောစိတ်ဝင် စားဖွယ် ပြည်ထောင်စု ၏လူမျိုး တမျိုးဖြစ်ကြောင်းဖော်ပြခဲ့ သည့်အပြင်မြန်မာ့အသံ(ရေဒီယို  အစအ စဉ်) မှလည်း ထိုအကြောင်းအရာကိုထုတ်လွှင့်ခဲ့သည်။
(၁၄) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ်မှလေ ဘယ်လိုအခြေရှိပါလိမ့်” ခေါင်းစဉ်ဖြင့်ရေးသားခဲ့သည်။ ထိုဒေသ၏ လူအများစုသည် ရိုဟင်ဂျာဖြစ်ကြောင်းရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။
(၁၅) ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့်စိတ်ဓါတ်ရေးရာညွှန်ကြားရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော တပ်မတော်ခေတ်ရေးစာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက် ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေ့သည့်ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူး သီးတောင်၊ မောင်းတော တွင် ရိုဟင်ဂျာလူမျိုး ၉၇% ရှိကြောင်းရေးသားခဲ့သည်။

Posted by

Relative articles

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၈)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၇)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၆)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၅)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၈)

Posted by danyawadi

ရခိုင်ပြည်နိုင်ငံရေး သမိုင်းနှင့် အနာဂတ် ရခိုင်ပြည်(ရခိုင်ပြည် အမျိုးသား ပါတီ)

Posted by

Relative articles

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၇)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၆)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၅)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၇)

Posted by danyawadi

တစ်ချိန်ကရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ (၁၄၃)မျိုးထဲတွင်ပါဝင်တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။

ရေးသားသူ — အောင်တင်
မြန်မာပြည်ရဲ့ နယ်စပ်တနံ တလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ ရှိနေပါ တယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီ ဆူး၊ ပဒေါင်၊ ကရင် ၊ မွန်၊ စ သဖြင့် တိုင်းရင်းသားအသီး သီးသည် မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြသူများရှိသလို တ ဘက်နိုင် ငံတွေဖြစ် တဲ့ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ လာအို၊ ယိုး ဒ ယားနိုင် ငံတို့မှာ နေ ထိုင်ကြ သူများ လည်း ရှိပါတယ်။ နိုင်ငံသား အခွင့် အရေး၊ တိုင်းရင်း သားအခွင့်အရေးတွေကို မိမိအခြေချနေ ထိုင်သောနိုင်ငံတွေမှာ ရရှိနေပါတယ်။ ရလဲရသင့် ပါ တယ်။ ရပိုင် ခွင့်လဲ ရှိပါတယ်။
အဲဒီတိုင်းရင်းသားတွေလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများ ရှိ နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုထားသော် လည်း၊ မြန်မာနိုင်ငံဘက်မှာနေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်း သား(၁၄၃) မျိုးမှာ တရားဝင် အသိ အမှတ်ပြု ထားခဲ့ ပေမယ့် မဆလ ခေတ်ကစပြီး ယနေ့တိုင်စစ်အစိုးရ အဆက်ဆက် က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။ ဘာကြောင့် ပါလဲ။
ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့တိုင်းရင်း သား စစ်စစ်တွေ ပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ တခြား ဘယ်နိုင်ငံမှာ မှ နေ ထိုင် သူများ လည်း မဟုတ်ကြပါဘူး။ မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထား ရပေမယ့် အခု န၀တ၊ နအဖလက် ထက်ကျမှ ဒီလောက်သမိုင်း စဉ်လာ အရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်း သား အဖြစ် အသိအမှတ် မပြုတော့ ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ် ထား တယ်။ သေမလို့ဖြစ်နေရင်တောင် ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန် ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။
ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်း လူမျိုး အတိုက် အခံ ခေါင်းဆောင်တဦးက ကိုးကန့်ဟာ ရာခိုင်နှုန်းပြည့် တရုတ် လူမျိုး စစ်စစ်ဖြစ် တယ် လို့ ပြောပြခဲ့ဖူးပါ တယ်။ န၀တ၊ နအဖတို့က ကိုးကန့်ကို တိုင်းရင်းသားအဖြစ် ထပ်တိုးသတ်မှတ် လိုက်တော့၊ အမျိုးပျောက်မှာ စိုးကြောက်တတ်သူများ ကန့်ကွက်သံ မကြား လိုက်ရပါဘူး။ ဘာကြောင့်ပါလဲ။
ကမန်နဲ့ ပသျှူးလူမျိုးတွေမှာ တူညီမှုတခု ရှိနေတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သူတို့တွေဟာ အစ္စလမ် ဘာသာ ကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါတယ်။ ကိုးကန့်တို့သည် အစ္စ လမ် ဘာသာဝင်များ မဟုတ်ပါ။
နိုင်ငံသားတိုင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်ကို လက်မခံနိုင်သေးသူများရှိနေပါသလား။ ဒါမှမ ဟုတ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစ္စလမ်ဘာသာမှလွဲ၍ အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိ သည်လို့ ပြဌာန်းဖို့လိုအပ်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ကျနော် တို့သည် အမေရိကန် သမ္မတ အိုဘားမားပြော သလို ၂၁ ရာ စု အတွက် အဆင်သင့် မဖြစ်သေး သူများလား။
ဒီနေရာမှာ စကားညှပ်အနေနဲ့ ထည့်သွင်းပြောကြားလိုတာက ကျနော်သည် ကိုးကန့်ဆန့်ကျင်ရေး၊ တရုတ် မုန်း တီး ရေးသမား မဟုတ်သလို တိုင်းချစ် ပြည်ချစ် မြန်မာတရုတ်များကို ချစ်ခင်လေးစား သူလည်းဖြစ် ပါတယ်။ ကျနော်တို့ မြန်မာ မွတ်စလင်များသည် မြန်မာတရုတ်များကဲ့သို့ တိုင်းရင်းသားသွေးပါသူများဖြစ်ပြီး တိုင်းချစ်ပြည် ချစ်များ၊ တိုင်းပြည် အတွက် အသက် စွန့်ကာကွယ်တတ် သူများ ဖြစ်ကြပါ တယ်။ မြန် မာပြည် ကို မြန်မာတိုင်း ရင်းသား တွေကလွဲလို့ တရုတ်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ် လွှမ်းမိုး လာမှာ ကို မြန် မာမွတ် စလင်ကော၊ မြန်မာတရုတ် ကော လက်မခံနိုင်ပါဘူး။

ရိုဟင်ဂျာ ဘာလဲ

ရိုဟင်ဂျာကိစ္စကို စမပြောခင် စာဖတ်သူများကို မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကိုဘယ် လိုမြင်ပါသလဲဆို တာကို ကိုယ့်ဘာ သာမေးပြီး ကိုယ့်ဘာသာအရင် စမ်းပြီးဖြေကြည့်ပေးစေ ချင်ပါ တယ်။ ရိုဟင်ဂျာတွေကို လူအဖြစ် အသိ အမှတ်ပြုနိုင်ပါသလား။
မေးခွန်းက သိပ်ရင့်သီးတယ်၊ အပြစ်တင်လိုသူများရှိလျင် ယနေ့ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံမှာ လှေပျက်ထဲ ထည့်ပြီး ပင်လယ် ထဲမျှောချတာကို တွေ့နိုင်ပါတယ်။ အဲဒါက ထိုင်းပဲ။ ကျုပ် တို့မြန်မာပြည်မှာ ဒါလောက်တော့ မဆိုးသေး ပါဘူး ဆိုလာရင် ဆက်ဖတ်ကြည့်စေချင်ပါတယ်။
ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွေးဆိုး၊ ခွေးရူးတွေထက်ပိုဆိုးတဲ့ ဗိုင်းရပ်စ်ရောဂါပိုးလိုသဘောထားတဲ့ ပညာရှင် များ၊ ခေါင်းဆောင်များ ရှိနေပါသေးတယ်။ သူတို့ရေးပြီး လူသိရှင်ကြား ကြေညာထုတ်ဝေတဲ့ ရိုဟင်ဂျာ ဆန့် ကျင်ရေး Influx Virus ဆိုတဲ့စာအုပ်အမည်ဟာ ရိုဟင်ဂျာတွေကို ရွံရှာမုန်းတီး စရာ ကောင်း တဲ့၊ အင်မတန အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ် ပိုးတွေ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို မပြန့်ပွားခင် အချိန်မီ အလျင်အမြန် ဖျက်ဆီးပစ်ရသလို ရိုဟင်ဂျာ တွေကို မျိုးတုန်း ဖျက်ဆီးပစ်ရမယ်လို့ ပွင့်ပွင့်လင်းလင်း လှုံ့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ် တဲ့ အတွေးအမြင်ပါ။
လူမျိုးတွေရဲ့ အမည်ပေးပုံကို ဆက်လက်ဆွေးနွေးလိုပါတယ်။
ရခိုင်လူမျိုးတွေကို မာဂဓဆိုတဲ့စကားက ဆင်းသက်လာတဲ့ မောက်လူမျိုးလို့ခေါ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ အာရကန် လူမျိုးလို့လဲ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ သို့သော် အမျိုးကို ချစ်ခြင်း၊ အမျိုးဂုဏ် ကို စောင့်  ရှောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ရခိုင်(ရက္ခိုင်)လူမျိုးလို့ခေါ်မှ နှစ်သက်ကြတာမို့ မောက်၊ အာရ ကန် လို့မခေါ်တော့ဘဲ အားလုံးက ရခိုင် လူမျိုးလို့ခေါ်ကြပါတယ်။
တောင်သူက ပအို့၊ တလိုင်းက မွန်၊ ဂျိန်းဖောက ကချင်၊ ဆီရမ်(Siam)က ထိုင်း(Thai)၊ ဆီလုံ(Ceylon)က သီရိလင်္ကာ (Srilanka)၊ အက်စကီးမိုး(Eskimo)က အိနွတ်(Inuit)လူမျိုး စသဖြင့် မိမိအမျိုးအမည်၊ မိမိနိုင်ငံ အမည်ကို မိမိစိတ်ကြိုက် ပြောင်းကြတဲ့အခါ တခြားဘယ်လူမျိုး၊ တခြားဘယ်နိုင်ငံကမှ ငါသဘော မတူရင် ပြောင်းခွင့် မရှိဘူးလို့ မကန့်ကွက်နိုင်ပါဘူး။ ကန့်ကွက်ခွင့် မရှိပါဘူး။ သဘော ထားကြီးစွာ၊ နားလည် မှု ထားကာ ကာယ ကံရှင် ကြိုက်နှစ်သက်တဲ့အတိုင်း သတ်မှတ်ခေါ် ဝေါ်ပေးရတာပါပဲ။
ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားလား၊ နိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခဏဘေးဖယ်ထားပြီး သူတို့က သူတို့ ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာကို မခေါ်နိုင် ပါဘူး လို့ ငြင်းသင့်ပါသလား။ ငြင်းခွင့်ကော ရှိပါ သလား။ သူတို့ကို သမိုင်း မှာ စစ်တကောင်းသားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဘင်္ဂါလီကုလား လို့ ခေါ်ခဲ့ သည်ဖြစ်စေ၊ ခေါ်တော လို့ ခေါ် ခဲ့သည်ဖြစ်စေ၊ ဒီနာ မည်တွေကို မကြိုက်လို့၊ ဒီနာမည်တွေ ဟာ နှိမ့် ချခေါ်ဝေါ်တာမို့ မခေါ်ပါနဲ့ လို့ တောင်းဆိုတာကို မရဘူး၊ မင်းတို့ နာတာ၊ မကြိုက်တာ ငါဂရုမစိုက်ဘူး။ ငါခေါ်ချင် တာ ငါခေါ် မယ်လို့ တဘက်သား ကို နှိမ့်ချပြီး ဆိုသင့် ဆိုထိုက်ပါသလား။
အာဖရိကန်အမေရိကန်တွေကို သမိုင်းတလျှောက်လုံးမှာ အမည်းကောင်(Nigger) လို့ပဲခေါ်ခဲ့ကြပါတယ်။ အမည်းကောင် (Nigger)လို့ပဲ သမိုင်းမှတ်တမ်းတွေမှာ အထင်အရှား မှတ်တမ်း တင် ထားရှိခဲ့တာမို့ အမဲကောင် (Nigger)လို့ပဲ ခေါ်နိုင်မယ် လို့ ခုနေခါမှာ ပြောရဲသူများရှိပါသလား။ သူများတွေရဲ့ နှလုံးသားကို နာကျင်စေတဲ့ စကားလုံး မျိုး၊ အပြုအမူမျိုး ကို ရှောင်ရှားခြင်းသည် စာနာတတ်ခြင်း၊ လူသား ဆန်ခြင်း ဖြစ်ပါတယ်။ ဘာသာ တရား တွေရဲ့ အဆုံးအမများမှာ ပါရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုနဲ့လည်း ကိုက်ညီ ပါတယ်။

ရိုဟင်ဂျာသည် တိုင်းရင်းသားလော

မူလကသတ်မှတ်ထားသော တိုင်း ရင်းသားလူမျိုး ၁၄၃ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးက တရားဝင် ပါရှိထားပြီးဖြစ် တယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာလည်း၊ တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး ဆိုပြီး ရေး သားပြဌာန်း  ထားတာတွေ ရှိခဲ့တယ်။
ရိုဟင် ဂျာတွေက လွတ်လပ်စွာ မဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ရိုဟင်ဂျာလွှတ်တော် အမတ်တွေ လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွှတ်တော်ထဲမှာ အမတ် အဖြစ် တာဝန် ထမ်း ဆောင် ခဲ့ သလို၊ ဗဟိုအစိုးရထဲမှာ ကျန်းမာရေးဌာန ပါလီမန်အတွင်းဝန်အဆင့် အထိ တာဝန်ယူခဲ့ တာရှိ ခဲ့ တယ်။ မြန်မာ့အသံက တိုင်းရင်းသားအသံတွေကို လွှင့်တဲ့အခါ ရိုဟင်ဂျာအစီအစဉ်ဆိုပြီး ၁၉၆၁ ခုနှစ် ကနေ ၁၉၆၅ခုနှစ် အထိ ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့ တယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းလက်ထက် မှာ မှ အသံလွှင့်အစီအစဉ်သာမက တိုင်းရင်းသားအဖြစ်ကပါ ပယ်ဖျက် ခံခဲ့ရ တယ်လို့ အထောက်အထားများနှင့်ပြဆိုပါ တယ်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က ရခိုင်ပြည်က မွတ်စလင်တွေဟာ တိုင်းရင်း သား အစစ်အမှန်တွေဖြစ်တယ်။ မြန်မာပြည်မှာ ရာခိုင်နှုန်းပြည့် သွေး မစပ် တဲ့ လူမျိုးဆိုတာ မရှိဘူး။ သူတို့ဟာ တိုင်းရင်းသား မဟုတ်ဘူး ဆိုရင် ငါတို့ (ရှမ်း)တွေလဲ တိုင်းရင်းသား မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။
တဘက်က အပြန်အလှန် တင်ပြတာက ပြည်ထောင်စုအစိုးရက ဖဆပလတွေ မဲရအောင် ရိုဟင်ဂျာတွေကို တိုင်းရင်း သား အဖြစ် လာဘ်ထိုးတဲ့အနေနဲ့ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ ရိုဟင်ဂျာတွေ ဟာ တ ဘက် နိုင်ငံ က မကြာသေး ခင်ကာလကမှ အလုံးအရင်းနဲ့ စီးပွားရေးအရ ပြောင်းရွှေ့လာတဲ့ ဘင်္ဂါလီများ သာဖြစ်တယ်။ သူတို့ကို လက်ခံလိုက်ရင် သူတို့နောက်က ဘင်္ဂါလီ   တွေဆက်ဝင်လာပြီး ရခိုင်တပြည်နယ် လုံးတွင်သာမက မြန်မာတပြည်လုံးမှာ ဘင်္ဂါလီတွေ လွှမ်းမိုးသွားနိုင်တယ် ဆိုတာဖြစ်ပါတယ်။
မြန်မာပြည်ကို လူဦးရေပေါက်ကွဲမတတ်ဖြစ်နေတဲ့ အိမ်နီးချင်း လူမျိုးကြီးနှစ်မျိုးက ၀ါးမျို ဖုံးလွှမ်းသွားမှာကို မဖြစ်မ  နေတား ဆီးကာကွယ်ဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတာမို့ အင်မတန် သဘာဝကျပြီးစိုးရိမ် စရာကောင်း တဲ့ ထောက်ပြမှုဖြစ်ပါတယ်။
ဒီတာဝန်ကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအား လုံး အထူး သဖြင့် ရိုဟင်ဂျာနဲ့ ကိုးကန့်တို့ထံမှ ပြည့်ဝပြတ်သားသော စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက် မှု (Uncompromised Commitment to cooperate)ကို မဖြစ်မနေလိုအပ်ပါတယ်။ အုပ်ချုပ်သူအစိုးရများဘက် ကလည်း နယ်စပ်ဒေသအားလုံး မှာ တိကျသောသန်းကောင် စာရင်း(Census) များ ကို ကောက်ယူ ထိန်းချုပ်နိုင် သော အနေအထား တရပ်ကို ဖေါ်ဆောင် နိုင်ဖို့လိုပါတယ်။
နောက်အရေးကြီးတဲ့ အချက်တခုက ရိုဟင်ဂျာတွေမှာ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက် အဖွဲ့အစည်း တွေရှိခဲ့တယ်။ တိုင်းပြည်ကို ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့၊ မွတ်စလင်နိုင် ငံတော် တည်ထောင်ဖို့ ကြိုးစား  ခဲ့တဲ့ အထောက် အထား တွေ ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။
နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည်မပြိုကွဲရေးတွေနဲ့ ပတ်သက်နေတာမို့ အင်မတန်အရေးကြီးတဲ့ ထောက်ပြ  ချက်ဖြစ်ပြန် ပါ တယ်။ ဒီတရားမျှတတဲ့ စိုးရိမ်ချက်(Legitimate Concern)ကို ရိုဟင်ဂျာ တွေဘက်က အဖြေပေး နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးတွေ၊ ဒီလိုအစွန်းရောက် အယူအဆတွေ ရှင်သန် လှုပ်ရှား နေတုန်း ပဲလား။ ရှိနေရင် ဘယ်လို ပူးပေါင်း တိုက်ဖျက်မလဲ။ မရှိတော့ပါဘူး ဆိုရင်တောင် နောင်တချိန်ချိန်မှာ ပေါ်ပေါက် လာနိုင် သလား။ မပေါ်ပေါက်လာအောင် ဘယ်လို ပူးပေါင်း ကာကွယ်သွားမလဲဆိုတာတွေ ဖြစ်ပါတယ်။
သို့သော် ရိုဟင်ဂျာဆိုတာ မိမိတသက်မှာ လုံးဝမကြားဖူးပါဘူး၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ စကားကုန် ဆိုလာသူများကတော့ မိမိညံ့တာ၊ ဗဟုသုတနည်း တာ၊ မြန်မာ့နိုင်ငံရေး ကို နားမလည်တာကို လူမသိ သိအောင် လူလည် ခေါင်မှာ မရှက်မကြောက်နဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြနေ သလို ဖြစ်နေပါတယ်။

မဟာပညာကျော်တချို့ကလည်း

ရိုဟင်ဂျာတွေဟာ မြန်မာစကားမပြောတတ်တာကြောင့် မြန်မာတိုင်းရင်းသား၊ မြန်မာ နိုင်ငံသားဖြစ်ဖို့နေနေသာသာ မြန်မာ ပြည်မှာတောင် နေထိုင်ကြသူများ မဟုတ်ဘူးလို့ မျက်စိ စုံမှိတ် ငြင်းတတ်ပြန်ပါတယ်။ မြန်မာပြည်မှာ မြန်မာစကားကိုလူတိုင်းမပြောတတ်တဲ့တိုင်းရင်းသား ကရင်၊ ချင်း၊ ရှမ်း၊ နာဂ၊ မွန်၊ ကချင်၊ ကယား၊ပလောင်၊ လီဆူး၊ ၀၊ လူချိုင်း စတဲ့ တိုင်းရင်း သားတွေ အများအပြား စေ့စေ့ပေါက်ပေါက် ဆိုရင် အမျိုးတရာကျော်လောက်တောင် ရှိနေ နိုင်တာကို သိဟန် မတူကြပါဘူး။
ရိုဟင်ဂျာတွေ ဘယ်တုန်းက ဘယ်လို မြန်မာနိုင်ငံထဲ ၀င်ရောက်လာတယ်ဆိုတာကို ဆွေးနွေးနိုင်တဲ့ စွမ်းရည် ကျနော့်မှာ မရှိပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့် ဆိုတာ ကိုလည်း မဆွေးနွေးလိုပါဘူး။ ဆွေးနွေးသင့်သော အချိန်ကာလ ရောက်ပြီလို့လည်း မထင်သေး ပါဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို နောင်ဒီမို ကရေစီနိုင် ငံတော်ခေတ်   ရောက်သောအခါ၊ ဒေါက်တာ ဦးအေးချမ်း၊ ဒေါက်တာ ဦးအေးကျော်တို့လို ရခိုင်ပညာရှင်တွေ၊ ရခိုင်ခေါင်းဆောင်တွေ၊ ရိုဟင်ဂျာ ပညာရှင်တွေ၊ ရိုဟင်ဂျာ   ခေါင်းဆောင်တွေ၊ တခြားလို အပ်သော နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေး ဆုံးဖြတ်ခြင်းကသာ အကောင်းဆုံးနှင့် အမှန်ကန် ဆုံးဖြစ်မယ်   ထင် ပါတယ်။

ရိုဟင်ဂျာသည် နိုင်ငံသားလော

ဒီနေရာမှာ လူတွေမျက်စိလျှမ်းနေတတ်တဲ့ အရေးကြီးတဲ့ အခြေအနေတရပ်ကို ထပ်ထောက်ပြဖို့ လိုနေသေး တယ် လို့ ထင်ပါတယ်။
ရိုဟင်ဂျာတွေကို တဘက်နိုင်ငံက တရားမ၀င်ခိုးဝင်လာသူတွေဆိုပြီး စစ်ဆင်ရေးအမျိုးမျိုးလုပ်လာတဲ့ အပေါ်မှာ ဒီရို ဟင် ဂျာ အမည်ခံ ဘင်္ဂါလီတွေက တဘက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင် ဘဲ တဘက်က သူတို့နိုင်ငံထဲကို ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။
ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့ အကြိမ်ကြိမ် ပြန်လက်ခံနေ ရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူး ဆိုရင် ပြန်လက်ခံစရာ မလိုပါ ဘူး။ ပြန် လက် ခံရတယ်ဆို ကတည်းက ထွက်ပြေးသွားတဲ့ တဘက်နိုင်ငံသားဆိုသူတွေဟာ တကယ် တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ပဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော် ဒီနေရာ မှာ တဘက်နိုင်ငံ သားတွေ က တရားမ၀င် ခိုးဝင်နေထိုင် နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင် တရားဥပဒေနဲ့အညီ စိစစ်နိုင်ဖို့ လိုပါတယ်။
ဒီအခါမှာ နောက်မေးခွန်းတခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေရက်နဲ့ ဘာလို့ မောင်း ထုတ် တာတွေကို အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ် ချက်ကို စဉ်းစားမိ ပါတယ်။
တခုကတော့ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တတိုင်းပြည်လုံး ရန်ကုန်ကအစ နယ်စပ်တွေအဆုံး မတည်မငြိမ်မှု တွေကို ဖန်တီးထားနိုင်မှ စစ်အာဏာရှင်ဆိုတာမျိုးက သက်ဆိုးရှည်တတ် တာမျိုးဖြစ်လို့  ဖြစ် ပါတယ်။
နောက်တချက်စဉ်းစားမိတာက၊ တိုင်းရင်းသားလူမျိုးတွေထဲက လွတ်လပ်ရေးစိတ်ဓာတ်အပြင်းထန်ဆုံး လူမျိုးစုတွေ ထဲမှာ ရခိုင်အမျိုးသားက ထိပ်ဆုံးက အုပ်စုထဲမှာပါတယ်လို့ ကျနော်လေ့ လာ မိသလောက်အရ ထင်မိ ပါတယ်။ (လူမျိုးစုတွေ လွတ် လပ်ရေးလိုချင်တာ၊ ကိုယ့်လူမျိုးကိုယ်အုပ်ချုပ်ချင်တာ အပြစ်မဟုတ်ပါ ဘူး။ သဘာဝပါ။ ဒါကြောင့် စစ်မှန်သော ပြည်ထောင် စုကို ဖွဲ့လိုရင်၊ တကယ်ပဲ တိုင်းပြည်အေးချမ်း ဖွံ့ဖြိုးလိုရင် တိုင်းရင်း သား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို မဖြစ်မနေ အခြေခံ ရမှာဖြစ်ပါတယ်)။
ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်နောက်တခုက ပြည်မကနေပြီး ဆက်သွယ်ရ အခက်ခဲဆုံး ပြည် နယ်ဖြစ်ခြင်း အပြင် မိမိဘာသာ ရပ်တည်မယ်ဆိုရင် ရပ်တည်နိုင်တဲ့ ပထ၀ီအနေအထား ရှိနေခြင်း တို့ကလည်း အထောက်   အကူပြု သလိုဖြစ်နေပါတယ်။
ဒီတော့ မဆလအပါအ၀င် စစ်အစိုးရအဆက်ဆက်က ဒီရခိုင်အမျိုးသားတွေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းစုံ ကို အသုံးပြုတဲ့ အခါမှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်ဖို့၊ ရခိုင်လူမျိုးတွေ အား နည်းစေ ဖို့ ဒုတိယ လူဦးရေ အများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခ(Constant in-fighting)ကို အစဉ်မပြတ်ဖြစ်ထွန်းနေအောင် ဖန်တီးခြင်း က လည်း နည်းလမ်းတခုအဖြစ် သုံးစွဲခဲ့ တယ် လို့ ထင်ပါတယ်။
ဒေါက်တာ ဦးအေးချမ်းက သူငယ်ငယ်က ဘူးသီးတောင်က ရိုဟင်ဂျာတွေထဲမှာ ကြီးပြင်းလာကြောင်း၊ အင်မတန် ချစ် ကြည်အေးချမ်းစွာနေ ခဲ့ကြရကြောင်း ကို ပြောပြဖူး ပါတယ်။ အေးချမ်း တယ်ဆိုလို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ ပြဿနာ လုံးဝ မရှိဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာသာတူ၊ လူမျိုးတူ၊ စကားတူတဲ့ တရွာတည်း သားတွေ တောင် ရွာတောင်ပိုင်း နဲ့ ရွာမြောက် ပိုင်း ဓားခုတ်ပွဲဖြစ်တတ်သေးတာပါပဲ။
ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် အကူးအပြောင်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ အမြင်မကျယ် မှုတွေကြောင့် ဖြေရှင်း နိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ် လူမှုပဋိပက္ခတွေကို ထိန်းမနိုင် သိမ်းမရဖြစ် သွားအောင် တွန်း ပို့လေခဲ့ သလားလို့ ဆင်ခြင် မိပါတယ်။
ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အမြင်ပေါ်မှာ ဆက်လက်ဆွေး နွေး သွားလိုပါတယ်။
နောင်ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီ မျှဖြစ်သော ဖက် ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ အခြေခံအချက်ကြီး (၃) ရပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးချင် ပါတယ်။ ဒီအခြေခံ အချက်ကြီး (၃)ရပ်ကို လက်မခံနိုင်သူများကတော့ ကျနော့်ဆွေးနွေး ချက်တွေကို လက်ခံနိုင် မယ်မထင်ပါဘူး။
ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်မခံသေးသရွေ့ လူမျိုးစုလွှတ်တော်လို လွှတ်တော်မျိုးမှာ ရိုဟင်ဂျာ တွေက လူ မျိုးစုကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရှိနိုင်ပါဘူး။ သို့သော် လူဦးရေ ကို အခြေခံ တတ်တဲ့ ပြည်သူ့လွှတ် တော်တွင်း မှာ တော့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာတွေက လွှတ်တော် အမတ်တွေ အဖြစ်ပါဝင်နိုင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြ မှာဖြစ် ပါတယ်။
လူမျိုးစုလွှတ်တော်ဆိုတာ လူဦးရေပေါ်မှာ မူမတည်ဘဲ တိုင်းရင်းသားလူမျိုးစုဖြစ်ခြင်းပေါ်မှာ အခြေခံပါ  တယ်။ သန်းသုံး ဆယ်ကျော်နိုင်တဲ့ မြန်မာလူမျိုးက လူမျိုးစုလွှတ်တော် မှာ နှစ်ယောက် တက်ခွင့်ရှိရင် သိန်း ဂဏန်း လောက်ရှိတဲ့ လူမျိုးငယ် တခုကလည်း နှစ်ယောက်တက်ခွင့်ရတတ်တဲ့ လွှတ်တော်မျိုးပါ။ လူမျိုးစုတွေရဲ့ မူလရပိုင် ခွင့်တွေကို တာဝန်ခံထိန်းသိမ်း ကာကွယ်မယ့် အထက်လွှတ်တော် ပုံစံမျိုးဖြစ်ပါတယ်။ အမေရိကန်က ဆိနိတ် (Senate)  လိုအဖွဲ့မျိုးနဲ့ ဆင်တူတယ်လို့ ပြောနိုင် ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေအချိုးအလိုက် တက်ခွင့်ရ တတ်တဲ့၊ တကယ့်ကို လူထုအခြေခံ တဲ့၊ တနိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုတဲ့၊ လုပ်ပိုင်ခွင့် အာဏာပိုများတတ်တဲ့ လွှတ်တော်ဖြစ် ပါတယ်။
အနာဂတ်တိုင်းပြည်ခေါင်းဆောင်များ၊ အထူးသဖြင့် ရခိုင်အမျိုးသားခေါင်းဆောင်များအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး  တိုးတက် အောင်တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်း သာယာရေး၊ အထူးသဖြင့် တရားမ၀င် နိုင်ငံခြားသားများ ၀င် ရောက်လာမှု တားဆီးရေး၊ လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်က့ ရိုဟင်ဂျာတွေ ရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ခံမှုမရဘဲ အကောင်အထည်ဖော်နိုင်မယ် ထင်ပါ သလား။ ဖော်သင့်တယ်လို့ကော ထင်ပါသလား။
နောင်တိုင်းပြည်တည်ထောင်ရေးကို အရှည်မျှော်ပြီး ကိုယ်ကနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့၊ ကိုယ့်နိုင်ငံ သား တွေ ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်ကိုးစားမှုကို ရနိုင်သမျှရ လာအောင် အခုကတည်း က ကြိုးးစားစည်းရုံးဖို့ မသင့်ပေဘူးလား။
ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေနှင့် ကင်းကွာသွား အောင် အကူ အညီပေးသင့်သလား။ ဒါမှမဟုတ် သာမန်ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူ အဆတွေဆီ တွန်းပို့သင့်ပါသလား။ ရိုဟင်ဂျာပြည် သူတွေထဲက အလယ်အလတ် ကျတဲ့(Liberal and Moderate)   ခေါင်း   ဆောင်တွေ ပေါ်ထွန်းလာအောင် စနစ်တကျ အကူအညီ ပေး သင့်ပါသလား။ ဒါမှမဟုတ် အဲဒီအလယ်အလတ်ခေါင်းဆောင် တွေကို စိတ်ပျက်အား လျော့အောင် စိတ်ရှုပ်ထွေး   အောင် စနစ်တကျ ပိတ်ဆို့ထားသင့်ပါသလား။
အစွန်းရောက် ခေါင်းဆောင်တွေ၊ အယူအဆတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းက သာမန် ရိုဟင်ဂျာပြည် သူတွေကို ပညာပေး စည်းရုံးလက်တွဲရမယ်၊ အလယ်အလတ် သဘောထား ရှိတဲ့ခေါင်းဆောင်တွေကို ဖော်ထုတ် ပေး ရမယ်ဆိုတာ နိုင်ငံရေး အခြေခံသင်ပုန်းကြီး ကကြီး၊ ခခွေး ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် မကြားချင်တတ်တဲ့ အစွန်းရောက်ပုဂ္ဂိုလ်များကို တချက်လောက် ထပ်ထောက်ပြ လိုပါ သေးတယ်။ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်က တယောက်မ ကျန်   မောင်း ထုတ်တာမျိုးကို လုပ်နိုင်မယ် ထင်ပါ သလား။ မလုပ်နိုင်ဘူး ဆိုရင်တော့ ငြိမ်းချမ်း စွာအတူနေနိုင်ဖို့ ဦးဆောင်မှုပေးချင်ပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာကို အချင်းချင်းကြားမှာရှိနေတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေကို အပြန် အလှန် လေးစားမှုနဲ့ ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက်နိုင်ပါတယ်။ အမိန့်ပေးခြင်းဖြင့် မတည်ဆောက်နိုင် ပါဘူး။ မိမိပြည်နယ်ထဲမှာ ရှိတဲ့ ဒုတိယအင်အားအကြီး ဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ လက်မတွဲ ဘဲနဲ့တော့ ရခိုင်ပြည်နယ် အေးချမ်းတိုးတက်ရေး၊ လုံခြုံ   ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မတိုးတက်ရင် ရခိုင်ပြည်သူ တွေလည်းတိုးတက်လာမှာမဟုတ်ပါ။
နိဂုံးချုပ်အနေနှင့် ရိုဟင်ဂျာလှေစီးဒုက္ခသည်တဦးရဲ့ ရေဒီယိုအင်တာဗျူးကို တင်ပြလိုပါတယ်။ သူက “ဗမာပြည် မှာ ဘယ် လိုမှလဲနေလို့ မရတော့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစိုးရက ဒုက္ခပေးနေ တာပဲ။ ပင်လယ် ထဲမှာ တခါတည်း သေရင်လည်း သေပစေတော့ဆိုပြီး ထွက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ သာမန် ရိုဟင်ဂျာပြည်သူတွေရဲ့ နိစ္စဓူဝ ဒုက္ခကို မည်သူမဆို စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ။
စာရေးသူသည် ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် အခြေစိုက်နေထိုင်သော မြန်မာ့အရေး လှုပ်ရှားသူ တဦး ဖြစ်ပါသည်။
အကျဉ်းမျှသာ…

Relative articles

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၆)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၅)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၆)

Posted by danyawadi

၁၁ရာစု မတိုင်မီက အာရ်ကာန်(ရခိုင်)သမိုင်းအကျဉ်း

အပိုင်း()

အစောပိုင်း ဟိန္ဒူလူမျိုး (သို့မဟုတ်) ဓညဝတီမင်းဆက်

ရခိုင်ပြည်သည် အိန္ဒိယနိုင်ငံ နှင့် ဆက်စပ် နေသောကြောင့် ၄င်း၏ ခေတ်ဟောင်း ယဉ်ကျေးမှုနှင့် မြို့ပြ စီမံအုပ်ချုပ်ရေးများကို ခရစ်မပေါ်မီ ရာစုနှစ်များ မတိုင်မီကပင် ရရှိခဲ့ပြီး၊ ဟိန္ဒူယဉ်ကျေးမှု၊ ဘာသာနှင့် မြို့ပြ အုပ်ချုပ်မှုစနစ်များ လွှမ်းမိုးခဲ့သည်။ (RC. မာဂျုမ်ဒါးရ်) ……………………..

ဆက်လက်ပြီး ပိုမို လေ့လာလိုပါက 

ဤနေရာတွင် ကလိပ်လိုက်ပါ

xxxxxxxxxxxxxxxxxxx

 

အိမ်နီးချင်း နိုင်ငံ နယ်နမိတ် အတွင်းကျသည့်

နယ်ပယ်ပိုင်နက်သို့ အစုလိုက် အပြုံလိုက်

ရောက်ရှိ လာသော ပိုးမွှားအကောင်ပလောင်များ

Enclave ဆိုသည်မှာ နိုင်ငံတစ်ခု၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၄င်းဒေသသည် နိုင်ငံရပ်ခြား တိုင်းပြည်၏ နယ်နမိတ် တစ်ခုနှင့် ဆက်စပ် တည်ရှိနေသော မိခင် နိုင်ငံတစ်ခု၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဤကိစ္စ နှင့် ပတ်သက်၍ စစ်ဖက် အစိုးရ အဆက်ဆက်နှင့် တစ်ပူးတွဲတွဲ လုပ်ကိုင် ဆောင်ရွက် လာသော ရခိုင် အစွန်းရောက် အမျိုးသားဝါဒီတို့သည် အာ(ရ်)ကာ(န်) (ခေါ်) ရခိုင်ဒေသရှိ ရိုဟင်ဂျာ နှင့် ပတ်သက်၍ လုပ်ငန်း အမျိုးမျိုး၊ စီမံကိန်း အသွယ်သွယ်   ဆောင်ရွက်ခဲ့သည်။ သူတို့သည် မြန်မာပြည် တွင်း၌ အိမ်နီးချင်းနိုင်ငံမှ နိုင်ငံခြားသားများ ဝင်ရောက် နေထိုင်သော နယ်ပယ် ပိုင်နက် တစ်ခုရှိသည်ဟု အမြဲကြွေးကြော်ခဲ့သည်။ အကျော်ကြားဆုံး ပုဂ္ဂိုလ်မှာ ဒေါက်တာအေးချမ်း ဆိုသူဟု သိရသည်။ ရခိုင်ပြည်၊ ဘူးသီးတောင် နယ်ဖွား ဒေါက်တာအေးချမ်း ဆိုသူသည် ရခိုင်ပြည်၌ ၄င်းကဲ့သို့ Enclave ရှိသည်ဟု ဆိုသည်။ ၁ ထိုသို့တင်ပြလာခြင်း ကြောင့် တိုင်းရင်းသား ရိုဟင်ဂျာများ နှင့် ရခိုင်လူမျိုးတို့ကြား ရှိနေခဲ့သော ပဋိပက္ခများကို ပြန်ပြောင်း ရောင်ပြန် ဟပ်စေခဲ့သည်။ ၄င်းသည် သာမန် Enclave ဟု မဆိုနိုင်ပေ။ သည် Enclave အား ရခိုင်ပြည်၊ မေယု နယ်ခြား ဒေသတွင် နေထိုင်သော တိုင်းရင်းသား ရိုဟင်ဂျာများ နှင့် ပတ်သက်၍ အထူးပုံဖေါ် ရေးသား ထားကြောင်း တွေ့ရှိရသည်။ အေးချမ်းသည် ရိုဟင်ဂျာ လူမျိုး တို့အား မြန်မာနိုင်ငံ(Burma)၏ မူရင်း ဒေသခံလူမျိုး မဟုတ်ဟု ဆိုသည့် အပြင် ရိုဟင်ဂျာ တို့သည် မြန်မာနိုင်ငံ၊ ရခိုင် မြောက်ပိုင်း ဒေသတွင် တရားမဝင် နေထိုင် လာခဲ့သော သူများဖြစ်သည်ဟု စွပ်စွဲ ပြောဆိုသည်။   ………………………

  ပိုမို သိလို၊ ဖတ်ရှု လိုပါက

ဤနေရာတွင် ကလိပ် နှိပ်ပါ

 

xxxxxxxxxxxxxxxxxxx

ဒေါက်တာအေးချမ်းနှင့် အပေါင်းအပါများ၏

ဆောင်းပါးများအတွက် ရှင်းလင်းတင်ပြခြင်း

ရခိုင်ပြည်နယ် သမိုင်းကို အနီးကပ် လေ့လာသူ တစ်ဦးအနေဖြင့် စာအုပ်စာပေများ ရှာဖွေ စုဆောင်း ဖတ်ရှုလေ့ရှိရာ ဇော်မင်းထွဋ်ဆိုသူက ၂၀ဝ၁ ခုနှစ်မှာ ဂျပန်ပြည်တွင် ထုတ်ဝေသော “ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသား ရိုဟင်ဂျာများ” ဟုဆိုသော စာအုပ်ကိုလည်း လေ့လာ ဖတ်ရှု့ခွင့် ရခဲ့ပါသည်။ ထိုစာအုပ်ကို အထပ်ထပ်အခါခါ ဖတ်ရှု့ရာ ဆက်စပ်မှု မှန်ကန်ပြီး ကိုးကားချက် ပြည့်စုံကြောင်း နှင့် အထောက်အထား ခိုင်လုံကြောင်း တွေ့ ရှိရပါသည်။……………………….

  အပြည့်အစုံကို ပိုမိုလေ့လာ ဖတ်ရှု လိုပါက

ဒီနေရာတွင် ကလိက်နှိပ်ပါ

Relative articles

06/01၁၄၃။ – Towards Understanding Arakan History ( Part II)

06/01၁၄၂ – Towards Understanding Arakan History (Part I)

06/01၁၄၁။ – The Crescent in Arakan ( Moshe Yegar )

06/01၁၃၉။ – ရခိုင်ပြည်မှ ကျောက်စာမှတ်တမ်း ၂ – ခု

06/01၁၃၈။ – ရခိုင်ပြည် သို့မွတ်ဆလင်များရောက်ရှိလာခြင်း

11/11၁၃။ – ရိုဟင်ဂျာအကြောင်း (ဦးနုရ်ကမာလ်)

10/11၃။ – Islam in Burma

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၅)

Posted by danyawadi

ဓမ္မဒိဌာန်ကျကျ တွေးကြည့် သင့်ကြပါ၏

ခေတ်ကြီးက အွန်လိုင်းခေတ်ဆိုတော့ တနေ့ တစ်ခေါက်နှစ်ခေါက်လောက်တော့ အီးမေးထဲ အလျှံပယ်ဝင် လာတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆွေးနွေးချက်တွေ၊ ကြော်ငြာတွေထဲက စိတ်ဝင်စား စရာတွေ ကိုဖတ်ဖြစ်ပါတယ်။ အချိန်ရတဲ့အခါတော့လည်း စိတ်ဝင်စားတဲ့၊ တွေးမိတဲ့ အကြောင်းအရာလေးပေါ်မှာ စာကောက်ရေးဖြစ်၊ ဆွေး နွေး ဖြစ်ပါတယ်။ အခုလည်း အများဒကာ ပြောနေကြလို့ ရခိုင်ပြည်တွင်းက လူမျိုးရေးကိစ္စ သိမိ ကြားမိ တွေးမိ တာလေး ရေးလိုက်ရပါတယ်။

မြန်မာနိုင်ငံ၏ လူမျိုးစုများအရေး စဉ်းစားကြတဲ့အခါမှာရခိုင်ပြည်တွင်းက ဘင်္ဂါလီလို့ ရခိုင်များကဆိုတဲ့ (ရိုဟင် ဂျာ) ဆိုသူတွေရဲ့ အရေးကလည်း ခြွင်းချန်ထားလို့ မရဘူးဆိုတာ ၁၉၉၀-၉၁  ခုနှစ်လောက်က မာနယ်ပလော မှာ ရခိုင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုတရားရုံးရှေ့နေကြီး ခိုင်စောထွန်းနဲ့ လူမျိုးစုအရေး စကားစပ်မိပြောဆို ဆွေးနွေးမိကြတုန်းကတည်းက မြင်မိခဲ့ပါတယ်။ တချိန်တုံးကတော့ (ရိုဟင်ဂျာ) ဆိုတာကော သူတို့ရဲ့ဒုက္ခသုက္ခ ကော၊ မြန်မာပြည်သူ အများစုက မသိကြ။ (အထူးသဖြင့် ဦးနေဝင်းရဲ့အမှောင်ချခေတ် မျိုးဆက်လူငယ်များ က ပို၍မသိကြ) မကြားဖူးကြပါဘူး။ သိကြသူ အနည်းအကျဉ်းတို့ကလည်း၊ သာမန်အားဖြင့်တော့ ဒါ ရခိုင်ပြည် တွင်းကိစ္စ၊ ရခိုင်တွေသာ အသိဆုံး၊ ရခိုင်အမျိုးသားတွေကဘဲ ဖြေရှင်းရမဲ့ကိစ္စဆိုပြီး ဖာသိဖာသာ နေကြပါတယ်။ အခုတော့ သူတို့ကိစ္စဟာ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တွေ၊ အဲန်ဂျီအိုတွေအပြင် ကုလသမဂ္ဂအထိပါ သိလာကြပါတယ်။ မသိတာတွေ မသိသလိုပျောက် ကွယ်မ သွားဘဲ၊ သိလာတာကိုက သတိမူသင့် အလေးထားသင့် တဲ့အချက်လို့ ဆိုရမှာပါ။

တဖက်မှာတော့ သူတို့တွေရဲ့ ဒုက္ခသုက္ခကို စာနာသူတွေ နိုင်ငံတကာ အသိုင်းအဝိုင်း မှာကော မြန်မာလူမျိုး ထဲမှာပါပို ပိုလာတာ တွေ့မြင်နေရပါတယ်။ ရခိုင်အမျိုးသားတွေတောင်မှ (ရိုဟင်ဂျာ) တို့ရဲ့ ဒုက္ခ သုက္ခကို အများနည်းတူ စာနာမှုရှိ ကြပါတယ်လို့ပြောရင် လွန်ရာကျမယ် မထင်ပါဘူး။ တဖန် ဒီ (ရိုဟင်ဂျာ) တွေဟာ ရခိုင်တွေနဲ့ တမြေထဲနေ၊ တရေထဲသောက်၊ ရခိုင်ပြည်တိုးတက်ရေး၊ ရခိုင်ပြည်အရေးကို အတူတကွဆောင်ရွက် ကြရမယ်လို့ သဘောပိုက်ထားတဲ့ ရခိုင်ခေါင်းဆောင် များလည်းအများအပြား ရှိကြပါတယ်။ ရခိုင်တော်လှန်ရေး ခေါင်းဆောင်ကြီး ခိုင်မိုးလင်းရဲ့တပ်ထဲမှာ (ရိုဟင်ဂျာ) ဆိုသူများ ပါဝင်ခဲ့တာရှိတယ်လို့ ဆိုတယ်။ ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးမှုနဲ့အတူ သူတို့တွေလည်း ရခိုင်ပြည်အတွက် အသက်ပေးခဲ့တာတွေရှိတယ်။ ဦးကျော်လှက အဲမ်အယ်လ် အို ဆိုပြီးပြောင်းမဖွဲ့ခင်၊ အေအယ်အို (Arakan Liberation Organization) ကိုဖွဲ့တယ်။ အဲဒီမှာ ရခိုင် ဗုဒ္မွဘာသာတွေ နဲ့ ပေါင်းဖွဲ့ ခဲ့တာလို့ဆိုတယ်။

စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်အရေး ကိစ္စဆောင်ရွက်ရေးတွေမှာ ရခိုင်ပြည် အတွင်းက အင်အားစုများဖြင့် စုစည်းဖေါ်ဆောင်ရမယ်လို့ ယူဆထားပုံရတဲ့ NUPA အဖွဲ့က (ရိုဟင်ဂျာ) အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထား တာရှိသလို၊ (ရိုဟင်ဂျာ) ဆိုတဲ့ နာမယ်က တကဏ္ဍထား၊ သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ရခိုင်ပြည်အတွင်းမှာ အတူနေလာကြတဲ့ သူတွေဖြစ်တယ်။ လူမျိုးမတူ၊ ဘာသာ မတူတာက အကြောင်းမဟုတ် ငြိမ်းငြိမ်း ချမ်းချမ်းရှိဖို့က အဓိကလို့ အယူအဆရှိသူ တသီးပုဂ္ဂလများကလည် အတူနေကြဖို့ ဝန်မလေးကြပါဘူးတဲ့။

ကဲ.. ဒါဆိုရင် ပြဿနာက ဘာတဲ့လဲ။ လေ့လာကြည့်ရတာကတော့

ဒုတိယ ကမ္ဘာစစ်တုန်းက အင်္ဂလိပ်နဲ့ ဂျပန်စစ်ပွဲရဲ့ ဘက်နှစ်ဘက်ရပ်တည်မှုအပေါ်က ဖြစ်ပွားခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ ကိုအခြေပြုပြီး၊ လူမျိုးမတူ၊ ကိုးကွယ်တဲ့ ဘာသာမတူတဲ့ လူမျိုးနှစ်မျိုးအကြား အဖုအထစ်တွေက၊ သေး လိုက်၊ ကြီးလိုက်နဲ့ သံသယတွေကြီးထွားပြီး ပျောက်ကင်းအောင် မကုနိုင်တဲ့ ရောဂါဆိုးလိုဖြစ်လာနေတာဘဲဖြစ် တယ်။

ပြောရရင် ဒုတိယ ကမ္ဘာစစ်မှာ အင်္ဂလိပ်ဘက်ကို (ရိုဟင်ဂျာ) ဆိုသူတွေက ရပ်တည်တယ်။ ဂျပန်တွေကို ရခိုင် များကကူတယ်။ ဒါနဲ့ လူမျိုးရေး အဓိကရုန်းဖြစ်ခဲ့တယ် လို့ဆိုတယ်။ တခါ လွတ်လပ်ရေး ရခါနီးတော့၊ ( ရိုဟင် ဂျာ) ဆိုသူ အစွန်းရောက်ထဲက တချို့က မူဂျာဟစ်ဆိုပြီး လက်နက်ကိုင်တော်လှန်တယ်။ အဲဒီတုန်းက အိန္ဒိယ ထဲကနေ ပါကစ္စတန်နိုင်ငံဆိုပြီး ခွဲထွက်ဖို့ကြိုးစား တဲ့အခါ မွတ်စလင်အများစုရှိတဲ့ ရခိုင်ပြည်နဲ့ နယ်စပ်ဖြစ်နေတဲ့ အရှေ့ ဘင်္ဂလားနယ်ကို ပါကစ္စတန်ထဲထည့်ဖို့ စီစဉ်နေတဲ့ အချိန်ဖြစ်တယ်။ မြန်မာနိုင်ငံမှတချို့လူမျိုးစုခေါင်းဆောင် များကလည်း သီးခြားလွတ်လပ်ရေးယူဖို့ ပြောဆိုနေကြတဲ့ အချိန်ဖြစ်တယ်။ မူဂျာဟစ်ခေါင်း ဆောင်တချို့ ကလည်း အဲဒါကို အားကျပြီး မွတ်စလင်ပြည်ထူထောင်ဖို့ လုပ်ခဲ့ပုံရတယ်လို့ ဆိုတယ်။ အဲဒါ ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခအရှိန် မကုန်သေးလို့ အစွန်းရောက်တဲ့ လူတစ်စုရဲ့ အစီအမံဖြစ်တယ်လို့ ဆိုတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒါက ကြီးမားတဲ့ အဖုအထစ် ဖြစ်စေခဲ့တယ်။

လွတ်လပ်ရေးရပြီးတဲ့အခါ ဦးနုခေတ်မှာတော့ ဗိုလ်မှူးချုပ် အောင်ကြီးက မူဂျာဟစ် လက်နက်ကိုင်ကိစ္စ သွား ရောက် ညှိနှိုင်း ဖြေရှင်းခဲ့တယ်။ ဒီမှာ သူတို့က သူတို့ကို ဘင်္ဂါလီခေါ်တာကို မကြိုက်ကြောင်း၊ ဘင်္ဂါလီ မဟုတ် ကြောင်း (ရိုဟင်ဂျာ) လို့သာ ခေါ်ဖို့တင်ပြတယ်လို့ ဆိုတယ်။ ဒီတင်ပြချက်အရ သူတို့ကို ဦးနုအစိုးရက ရိုဟင်ဂျာ တိုင်းရင်းသားဆိုပြီး တရားဝင် သတ်မှတ်ပေးလိုက်ပုံရပါတယ်။ ဦးနု အစိုးရအနေနဲ့ လက်နက်ကိုင် တော်လှန်မှု ကိစ္စရပ်တစ်ခုကို ဖြေရှင်းလိုက်နိုင်ပေမဲ့၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တဲ့ ရခိုင်အမျိုးသား တချို့က တော့ သဘောမတွေ့နိုင်မှာ အမှန်ပါ။

၁၉၆၁ ခုနှစ်ကုန်လောက်မှာ ရခိုင်ပြည်နယ်တောင်းတဲ့ကိစ္စပေါ်လာတော့ တချို့ရခိုင်အမျိုးသားတွေက ခွဲထွက် ခွင့်ကိုပါ အခြေခံဥပဒေမှာထည့်ပေးဖို့ တောင်းဆိုကြတယ်။ ဒီအခြေအနေမှာ ဘူးသီးတောင်၊ မောင်းတောဒေသ  က ဒေသခံတွေ (အထူးသဖြင့် ရိုဟင်ဂျာတွေ) နှင့် သံတွဲခရိုင် ဒေသခံများက ရခိုင်ပြည် နယ်ထဲကို သူတို့ဒေသ တွေမထည့်ဘဲ၊ ပြည်မနှင့် တွဲဘက်ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကလည်း (ရိုဟင်ဂျာ) နဲ့ ရခိုင်တို့အကြား ရှိနေတဲ့ အဖုအထစ်အတွက် မြေသြဇာထည့် ရေလောင်းပေးသလိုဖြစ်ခဲ့ပုံရတယ်။  ပြည်နယ်များ မဖွဲ့စည်းနိုင် သေးခင်မှာဘဲ ဦးနေဝင်း အာဏာသိမ်း လိုက်ပါတယ်။

ဦးနေဝင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးတို့ (ရိုဟင် ဂျာကို အသိအမှတ်ပြုရေး ဆောင်ရွက်ပေးခဲ့ကြသူများ) ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်၊ ၁၉၆၅ ခုနှစ်လောက်က စ ပြီး ရိုဟင်ဂျာ ဆိုတာကို အသိအမှတ်ပြုထားခြင်းမှ ဦးနေဝင်းက ရုတ်သိမ်း လိုက်ပါတယ်။ ဦးနုခေတ်မှာ ရခိုင် အမျိုးသားများ ပြည်နယ်တောင်းစဉ်က ခွဲထွက်ခွင့်ကိုပါ တောင်းတာကို ဦးနေဝင်းက သတိပြုပြီး၊ ရခိုင်အမျိုးသား များကို နှစ်သိမ့်ဖို့လား၊ ဒါမှမဟုတ် ရခိုင်ခေါင်းဆောင်တချို့သို့မဟုတ် ဒေါက်တာအေးကျော်လို ပညာရှင်က ဦးနေဝင်းကို ချဉ်းကပ် တောင်းဆိုလို့လားတော့ မသိပါ။ (ရိုဟင်ဂျာ) ကို တိုင်းရင်းသား အဖြစ်က ရုတ်သိမ်းလိုက်ပါတယ်။ ဦးနေဝင်းက ရခိုင်အမျိုးသားရေးဝါဒီများ ကျေနပ်အောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့နယ်နှင့်၊ သံတွဲဒေသများပါဝင်သော ရခိုင်ပြည်နယ်ကိုလည်း ဖွဲ့စည်းပေးလိုက်ပါတယ်။ ရခိုင်အမျိုးသာ များအနေနှင့် ပြည်နယ်တော့ ရလိုက်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းသဘောကျ အုပ်ချုပ်တာပါ။

ဦးနေဝင်းခေတ် ၂၆ နှစ်လုံးလုံး တိုင်းပြည်အတွင်း ချမှတ်ဆောင်ရွက်သမျှသော ပေါ်လစီများဟာ ဘာတခုမှ မှန်မှန်ကန်ကန်မရှိခဲ့၊ အောင်မြင်မှုမရှိခဲ့ပါ။ ပညာရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ၊ ငွေကြေးဆိုင်ရာပေါ်လစီ၊ ဘာသာရေးဆိုင်ရာပေါ်လစီ၊ ဘာမှမမှန်ခဲ့ဘူး။ ဒီလိုဘဲ လူမျိုးစုရေးရာတွေမှာ ကိုင်တွယ်ပုံကလည်းမမှန်ပါဘူး။

ရခိုင်ပြည်ကိစ္စမှာလည်း အဖုအထစ်များနဲ့ အက်ကြောင်းထင်နေတဲ့ ရခိုင်အမျိုးသားရေး အစွန်းရောက်သူများနဲ့ (ရိုဟင်ဂျာ)ဆိုသူအစွန်းရောက်တို့အကြား ကျားကွက်ရွေ့နေပါတယ်။  ရိုဟင်ဂျာဆန့်ကျင်သူ များကျေနပ် အောင် ရိုဟင်ဂျာဆိုသူများကို မောင်းထုတ်ပြလိုက်၊ ပြန်ခေါ်လိုက်နဲ့  ကုလသမဂ ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေး အစီအစဉ်က လာတဲ့နိုင်ငံခြားငွေများကို အထက်လည်း အထက်အလိုက်၊ အောက်ကလည်း အောက် အလိုက် ဗိုက်မဆန့်၊ အိတ်မဆန့် လောက်အောင် ထည့်ကြတယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ထရန်စ်ပဲရင့်စီ တို့ အကောင်တီဘီလီတီတို့ ဘယ်တုန်းကမှ မရှိခဲ့တာဘဲ၊ နိုင်ငံခြားငွေက သူတို့ဘဲ ကိုင်ခွင့်ရှိတာဘဲ။ ဒီကြားထဲ ငွေယူလူသွင်း ဆိုတာ လည်းရှိပါတယ်လို့ဆိုတယ်။ ဒါကို ရခိုင်အမျိုးသားများအောင့်သက်သက်နဲ့ခံနေရသလို၊ (ရိုဟင်ဂျာ) ဆိုသူများ ခမြာလည်း ဇကောထဲ လောက်စလုံး ထည့်လိမ့်သလို အလူးအလဲခံနေ ရပါတယ်။

ဦးနေဝင်းခေတ်မှာ (ရိုဟင်ဂျာ) ဆိုတာကို ရုပ်သိမ်းလိုက်တော့ (ရိုဟင်ဂျာ) လက်နက်ကိုင်တွေ ထပ်ပေါ် လာပါတယ်။ ဒီတော့ (ရိုဟင်ဂျာ) လက်နက်ကိုင်များနဲ့ ရခိုင်အမျိုးသား လက်နက်ကိုင်များအကြား ထပ်မံပေါ် လာတဲ့ နယ်မြေကိစ္စ၊ လက်နက်ကိစ္စ စတဲ့ပဋိပက္ခ ကလေးတွေကလည်း၊ ဆိုခဲ့တဲ့ အဖု အထစ် များကို အစိုင်အခဲ ဖြစ်စေ လာပါတယ်။

ပြောရရင်တော့ ရခိုင်အမျိုးသားများက (ရိုဟင်ဂျာ) ဆိုတာဟာ ဘင်္ဂါလီတွေ ပါလို့ တွင်တွင်ပြော နေပါတယ်။ သူတို့ပြောတာ သဘာဝကျတယ်လို့ ဆိုလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ (ရိုဟင်ဂျာ) ဆိုသူတွေ ပြောတဲ့ စကားက ဘင်္ဂါလီနွယ်တဲ့စကား (ဒိုင်ယာလက်စကား)၊ နေထိုင်တဲ့ အရပ်က ဘင်္ဂလာဒေရှ့် နယ်နိမိတ်နဲ့ နယ်စပ် ဖြစ်နေတဲ့ ရခိုင်ပြည်အနောက်ဘက်ခြမ်းမှာ။ ဘင်္ဂလာဒေရှ့်ဆိုတာက စစ်တကောင်း တောင်တန်းပါဝင်တဲ့ တချိန်က အရှေ့ဘင်္ဂေါလ်ပြည်ပါ။ အနောက်ဘင်္ဂေါလ်ပြည်က လက်ရှိ အိန္ဒိယနိုင်ငံထဲမှာပါ။ အရှေ့ ဘင်္ဂေါလ် ကော အနောက် ဘင်္ဂေါလ်ကော အဓိကအားဖြင့် ဘင်္ဂါလီလူမျိုးအများစု နေထိုင်ကြတာပါ။ စကားအားဖြင့်က တော့ ဒိုင်ယာလက်ခွဲတွေ အများကြီးပါ။ ဘာသာကတော့ အရှေ့ဘင်္ဂေါလ် (ဘင်္ဂလာဒေရှ်) က ဘင်္ဂါလီ မွတ်စလင် များတယ်၊ ဘင်္ဂါလီဗုဒ္မွဘာသာ၊ ဘင်္ဂါလီဟိန္ဒူနဲ့ ဘင်္ဂါလီ ခရစ်ယာန်တွေလည်း ရှိပါတယ်။ အနောက် ဘင်္ဂေါလ် ပြည်နယ်မှာတော့ ဟိန္ဒူနဲ့ ဗုဒ္မွဘာသာဘင်္ဂါလီက ပိုများပါတယ်။ သမိုင်းကြောင်းအရ စစ်တကောင်းတောင် တန်းဒေသအပါအဝင် ဘင်္ဂေါလ် ၁၂ မြို့ကို ရခိုင်ဘုရင်များနဲ့ ဘင်္ဂလားဘုရင်များ ဘတပြန်ကျားတပြန် မင်းလုပ် အုပ်ချုပ်ခဲ့ကြတာ အထင်အရှားရှိပါတယ်။ ရခိုင်တွေက ဗမာပြည်ကိုလာ ရောက်အုပ်ချုပ်တဲ့ အကြိမ်ရေ ရှားပေမဲ့ စစ်တကောင်းပြည်ကို သွားအုပ်ချုပ်တဲ့ အကြိမ်ရေက များပုံရပါတယ်။ ရခိုင်ဘုရင်များဟာ မွတ်စလင်ဘွဲ့အမည် ခံယူ အုပ်ချုပ်ခဲ့တာတွေလည်း ရခိုင်သမိုင်းမှာရှိပါခဲ့ပါတယ်။ သမိုင်း ကြောင်းအရကလည်း ဆက်စပ်မှု ရှိနေတယ်။ နယ်စပ်လည်းဖြစ်နေတယ်ဆိုရင် လူမျိုးတစ်မျိုးဟာ ဟိုဘက်ဒီ ဘက်နှစ်နိုင်ငံ ခွရှိနေ တတ်တာကတော့ သဘာဝတော့ ကျပါတယ်။

ချင်းလူမျိုးတွေ နယ်မြေဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံတွင်းမှာကော မြန်မာနိုင်ငံအတွင်းမှာပါ သက်ဆိုင် ရာနိုင်ငံ၏ တိုင်းရင်းသားတွေအဖြစ် ရှိနေတယ်ဆိုရင်၊ ကချင်လူမျိုးတွေ၊ ဝလူမျိုးတွေ တရုတ်ပြည်ထဲမှာကော မြန်မာနိုင်ငံထဲ မှာပါ သက်ဆိုင်ရာနိုင်ငံ၏ တိုင်းရင်းသားတွေ အဖြစ်ရှိနေတယ်ဆိုရင်၊ ဘင်္ဂါလီဆိုတာ ရခိုင်ပြည်နယ်ထဲမှာကော ဘင်္ဂလာဒေရှ့်ထဲမှာကော သက်ဆိုင် ရာနိုင်ငံ၏ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတာကို ငြင်းရင်ကော လက်တွေ့ ကျမလား၊ သဘာဝကျမ လားဆိုတာ စဉ်းစားဖွယ်ရာဖြစ်ပါတယ်။

လူမျိုးတမျိုးဟာ သူတို့လူမျိုးအားလုံးသဘောတူပြီး လူမျိုးအမည်ကို ပြောင်းလဲသုံးစွဲခေါ်ဝေါ်မယ်ဆိုရင် သူတို့ အခွင့်အရေးဘဲ၊ ခေါ်ဝေါ်ခွင့်ရှိမယ်ထင်ပါတယ်။

သူတို့က တဖက်က ဘင်္ဂါလီများနဲ့ ပြောစကား ဒိုင်ယာလက် မတူတဲ့အတွက် ဟိုဘက်က လူများနဲ့ သီးခြားဖြစ် ချင် လို့ သူတို့ကိုယ် သူတို့ (ရိုဟင်ဂျာ) လို့ပြောင်းလဲ ခေါ်စေလိုတဲ့သဘောဖြစ်မယ်လို့ ယူဆရပါတယ်။ သူတို့က ပိုအသိဆုံးဖြစ်မှာပါ။ နောက်တစ်ခုက ဘင်္ဂါလီလို့ သတ်မှတ်လိုက်ရင် သူတို့ကို နိုင်ငံခြားသားတံဆိပ်ကပ် ပြီးတွန်းပို့မှာ စိုးရိမ်ပုံရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က (ရိုဟင်ဂျာ) ဆိုသူ ပညာတတ်လူငယ် တစ်ယောက် နဲ့စကားပြောကြည့်တုံးက၊ ..ခင်ဗျားတို့က ရခိုင်အမျိုးသားတွေနဲ့နီးနီးစပ်စပ် ရင်းရင်းနှီးနှီး နေဖို့လိုတာပေါ့…လို့ ကျနော်ပြောတော့၊… ဒီလူငယ်ပြန်ပြောတာက …ကျနော်တို့က နေချင်ပါတယ်..နေတယ်… သူတို့က ကျနော်တို့ ကို တခါတည်း အမျိုးပါပြုတ်အောင် ဘင်္ဂါလီကုလား၊ နိုင်ငံခြားသားဆိုပြီး မောင်းထုတ် နေတယ် လေ…ဗမာကိုခေါ် တယ်၊ ဗမာစစ်တပ်ကိုခေါ်တယ်၊ ကျနော်တို့ကို မောင်းထုတ်တယ်။ ကျနော်တို့က ဒုက္ခတော့ရောက်တယ်လေ… ဒါပေမဲ့ မပြုတ်ဘူး.. သူတို့က ဒုက္ခမရောက်ဘူး… တဖြည်းဖြည်း ကုန်လာပြီ..တဲ့။ အင်း…စဉ်းစားစရာတော့ ကောင်းသား။

၉၂ ခုနှစ်လောက်က ထင်ပါတယ်၊ ချင်းမိုင်မှာ လူအခွင့်အရေးသင်တန်းတစ်ခုမှာ ဆရာဦးတင့်ဇော်က ဘာသာပြန်လုပ်ပေးနေတုန်း သူနဲ့ ရိုဟင်ဂျာ ကိစ္စမေးမြန်ကြည့်ဖြစ်တယ်။ ဦးတင့်ဇော် ရှင်းပြတာက ရခိုင်ပြည်မှာ ရှေး အစဉ်အဆက်ကတည်းက မွတ်စလင်တွေ အတူတကွ နေထိုင်လာခဲ့တယ်ဆိုတာ ငြင်းဘွယ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာ မရှိခဲ့ဘူး။ ရှေးက ရိုဟင်ဂျာဆိုတာ မရှိဘူး၊ လူဦးရေကလည်း ရှိသင့်တယ်ထင်တာထက် များနေတယ်လို့ ဆိုတယ်။ တချို့ကတော့ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးတုန်းက ထွက်သွားတာထက် ပြန်လက်ခံလိုက်ရတာက ပိုများတယ်လို့ဆိုတယ်။ ကိုယ့်ဆီက မဟုတ်ရင် ငြင်းခွင့်ရှိတာဘဲ (များများလက်ခံလေ ကုလသမဂ ဒုက္ခသည် ပြန်လက်ခံရေး အစီအစဉ်အရပေးတဲ့ ဒေါ်လာငွေ ပိုရလေလေကြောင့်များလား မသိပါ။)

(ရိုဟင်ဂျာ) ရှိခြင်း၊ မရှိခြင်း လက်ခံခြင်း၊ မခံခြင်း အငြင်းပွားကိစ္စကို ကျနော်အနေနဲ့ ထောက်ခံခြင်း၊ ကန့်ကွက် ခြင်း မလုပ်ခဲ့ပါ။ အခုလည်း လုပ်မည်မဟုတ်ပါ။ ဘာ့ကြောင့် လဲဆိုတော့ ရှေ့နေကြီး ခိုင်စောထွန်း ရဲ့စကား အသွားအလာ ကိုသတိပြုမိပြီးသကာလ ဒီလူမျိုးစုနှစ်စု (ရခိုင်နှင့် ရိုဟင်ဂျာဆိုသူတို့) တချိန်ချိန်မှာ နားလည်မှုရ ပြေလည်သွားခဲ့ကြရင် ကြားထဲကကျနော်များတို့ ငပေါကြီး ဖြစ်ကျန်ခဲ့မှာ စိုးတာကြောင့်၊ ပြီးတော့ ရှေ့မျက်နှာ နောက်ထားပြီးကျနော် ထောက်ခံမိ (သို့မဟုတ်) မထောက်ခံမိတာ မှားပါတယ်လို့ စိတ်တွင်းကသော် လည်း ကောင်း၊ အပြင်ပန်းအားဖြင့်သော်လည်းကောင်း တောင်းပန်ရမဲ့ အလုပ်မျိုးမလုပ်ချင်တာကြောင့်လို့ပါ။ ဒါ့အပြင် ကောင်းသောအကြံပြုခြင်းအားဖြင့် အားလုံးနှင့် ထာဝရမိတ်ဆွေ ညီနောင်များ အဖြစ်သာနေ လို၍ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအကြံပြုလိုက်ရပါတယ်။ အထက်တွင် ဆိုခဲ့သည့် အဖုအထစ်တွေ ရောဂါကြီး ပျောက်ကင်းဖို့ ဆို ရင် လက်ရှိသွားနေတဲ့နည်းလမ်းက နိုင်ငံရေး အသပြာဆရာဝန်ကို အားထားကုနေ သလိုဖြစ်နေတယ်။ ပျောက် တော့ပျောက်မယ်။ ရောဂါရော လူနာရော တပါတည်းပါ။ ဒါကြောင့် ရခိုင်ပြည်ညီနောင်အနေဖြင့် ညီအစ်ကို မောင်နှစ်မများ အချင်းချင်းအတွင်း  ကိန်းအောင်းနေတဲ့ လူမျိုးရေး၊ ဘာသာရေး အစွဲအလမ်းတွေ၊ အာဃာတ တွေ၊ သံသယတွေ၊ စိုးရိမ်စိတ်တွေ ကိုဘေးဖယ်ထုတ်ပြီး အရင်းအမြစ်ကို ဓမ္မဒိဌာန်ကျကျ စဉ်းစားအဖြေရှာပါမှ ရခိုင်ပြည်သူတရပ်လုံး ငြိမ်းချမ်းသာယာရေး၊ တိုးတက်ရေး လုပ်ငန်းများကို အားသွန်ဆောင်ရွက်နိုင်ကြမည် သာ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒီကိစ္စကိုစိတ်ဝင်စား ဆွေးနွေးနေသူများအနေဖြင့်လည်း၊ ရခိုင်ပြည်သူ ညီအစ်ကို မောင်နှစ်မများ စုစည်းညီညွတ်လျှက်၊ တိုးတက်ဖွံ့ဖြိုးသောဒေသသူ ဒေသသားများ အဖြစ်ရောက်ကြရလေ အောင် အပြုသဘောဖြင့် အလေးအနက်ထား စဉ်းစားဆွေးနွေးပေး သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဝင်းမောင် (ဟဲဟိုးသား)

၁၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်။

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အသေးစိတ်လေ့လာကြည့်ပါ။ …

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)

Posted by danyawadi

ရိုဟင်ဂျာသည် ဥပဒေကြောင်းအရတိုင်းရင်းသားရှိခဲ့

ရိုဟင်ဂျာလူမျိုးသည်တိုင်းရင်းသား မြန်မာလူမျိုးစုတစ်စုဖြစ်ပါသည်။ အာဏာရှင်(မဆလ) အစိုးရနှင့် စစ် အစိုးရတို့က သမိုင်းကိုလျစ်လျှူရှုပြီး ရိုဟင်ဂျာလူမျိုးကိုငြင်းနေခြင်းဖြစ်သည်။ မြန်မာ သမိုင်းမှာလည်း ရိုဟင်ဂျာများအား တိုင်းရင်းသားလူမျိုးစုတစ်စုအဖြစ် သတ်မှတ်ထားသည်မှာ သမိုင်း အထောက် အထားအရခိုင် လုံနေသည်။်။ ၁၈၆၄ ခုနှစ် နိုင်ငံခြားသားအက်ဥပဒေအရ လည်းကောင်း၊ ဘိုးတော်ဘုရားလက်ထက်ကတည်းက မြန်မာနိုင်ငံမှာ ရှိနေသော ရိုဟင်ဂျာ များ ကို (၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ သားဖြစ် တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာ လူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေ ထိုင်ခဲ့သော လူမျိုးစုဖြစ်သည်ဟု အတည်ပြုခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်လည်း ဗိုလ်ချုပ်အောင် ဆန်းက စစ်တွေမြို့ကိုသွားပြီး ရိုဟင်ဂျာခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး တိုင်းရင်းသား လူမျိုးများနဲ့ တန်းတူအခွင့်အရေးပေးမယ်လို့ ကတိက၀တ်ပြုခဲ့ပါတယ်။ သို့သော် လွတ်လပ်ရေး ရပြီးကာလမှာ ရိုဟင်ဂျာတို့၏ နိုင်ငံရေး လူမှုရေး နှင့် စီးပွါးရေးတွေမှာ လျစ်လျှူရှုထားသည်။

သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာ အမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသော ဆောင်း ပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက် က ရခိုင်ပြည် မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချ လာ တဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာသည်” ဟု ရေးသားဖေါ်ပြထား သည်။

           ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာ ဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင်  မြောက်ဦးမြို့တည် ၍  မြောက် ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြု ထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော ကမန်လူမျိုး တမျိုးများရှိသကဲ့သို့  အစ္စလာမ် ဘာသာကိုးကွယ်ကြသော ရခိုင်မွတ်လေင်တိုင်းရင်းသား (ရိုဟင်ဂျာ) လူမျိုး များလည်းရှိသည်။

မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ်များ တွင်ပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်တော် သြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့် သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မ မင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန် သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယ ပြည် ၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်တော် သြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည် ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်) တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့ သည်။

စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသ များ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိ နေသည်။

၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘောများမမွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။

(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။
အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်း ရောင်း ၀ယ်  ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင် ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသားလူမျိုး များ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုး

 

           ပြည်ထဲရေးနှင့်သာသနာရေးဝ်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား  ဦးစီးဌာန မှ ၁၉၇၂ခုနှစ် တွင်ပုံနှိပ်ထုတ်ဝေသော (ပုံစံရေးသွင်းရ်ညွှ်ကြားချက် ) စာအုပ်စာ မျက် နှာ ( ၄၃ ) ပူးတွဲ (က)  လူမျိုးများ စာရင်းခေါင်းစဉ် အောက်ရှိ တိုင်းရင်းသားလူမျိုး များ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြား သားလူမျိုး ( ၂၆ ) မျိုး ဟုဖေါ်ပြထားသည်။

နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးထဲတွင် ဒိုင်းနက် လူမျိုးကိုလည်း နိုင်ငံခြားသား လူမျိုးအဖြစ် သတ်မှတ်ထားသည်။

သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဥပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ လ ၊ ပထမ အကြိမ် ထုတ်ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ်တွင်ဒိုင်းနက် ကိုတိုင်းရင်း သား မျိုး နွယ် စုအဖြစ်ထည့်သွင်း အသိအမှတ်ပြုထားသည်ကိုတွေ့ရသည်။

  မှတ်ချက်။           ။ ထိုအချိန်က ၎င်း ( ၁၄၄ ) မျိုးတွင် ရိုဟင်ဂျာလူမျိုးလည်း   အပါအဝင်ဖြစ်သည်။

 (ကိုးကား။  ။တိုင်းရင်းသားလူမျိုးစုဘဝသစ်ထူထောင်ရေးပါတီသတင်းလွှာ(ကင်းလွှတ်ခွင့် သက် သေခံ လက်မှတ် – အမိန့်အမှတ် ၂/၈၉ အရ ၁၉၈၉ ကင်းလွှတ် အမှတ် န/သ-၀၈၅ ဖြင့်)

ရိုဟင်ဂျာနှင့်ပါတ်သက်၍ အောက်ပါအစိုးရထုတ်တရားဝင် စာအုပ်များတွင် ရိုဟင်ဂျာအ

ကြောင်း ဖေါ်ပြထားသည်ကို တေ့ရမည်ဖြစ်သည်။

၁။-(၁၈-၇-၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂-၅၈)၂။-(၈-၈-၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊

၃။-(၁-၆-၁၉၆၃)ေ၃့ထုတ်မြန်မာ့အသံသောတရှင်မဂ္ဂဇင်း အတွဲ(၄)အမှတ်(၁၉)

၎။-စာပေဗိမာန်ထုတ်မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)၁၉၆၄ ခုနှစ် စာမျက်နှာ(၈၉)

၅။-၁၉၇၈ – ခုနှစ်ထုတ်အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီင်စာမျက်နှာ(၈၆)

၆။-ရန်ကုန်မြို့ရေစစ္စတြီရုံး`၌(၁၆-၁၂-၁၉၆၀)နေ့တရားဝင်မှတ်ပုံတင်၍ထုတ်ဝေသော

ရိုဟင်ဂျာခေတ်ရေးသတင်းစဉ်

    အခြားစာအုပ်များလည်းရှိသေးသည်။

ထို့ကြောင်းအထက်ပါအထောက်အထားများ ရိုဟင်ဂျာများသည် ဥပဒေကြောင်းအရတရားဝင်

ရပ်တည်သောတိုင်းရင်းသားလူမျိုးစုတစ်ဖြစ်ပါသည်။

Relative articles

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အသေးစိတ်လေ့လာကြည့်ပါ။ …

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

Posted by danyawadi

(၁)

ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင်ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တို့သည် မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ တရေတည်းသောက်ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။ နိုင်ငံ့ဦးဆောင် မင်းတို့သည် ပြည်သူ တစ်ရပ်လုံး၏ ခိုင်မာသော ညီညွတ်မှုကို စုစည်းနိုင်ခဲ့တိုင်း နိုင်ငံ၏အရှိန်အ၀ါ ထွန်းပြောင်နိုင်စေခဲ့ပြီး၊ ညီညွတ်မှု ဖြိုခွဲလေတိုင်း နိုင်ငံ၏ ဂုဏ်ရည် မှေးမှိန်ခဲ့သည်။ ၁၅ – ရာစုမှ ၁၇ – ရာစုနှစ်များသည် ရခိုင်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး စသည့်နယ်ပယ်အားလုံးတွင် တိုးတက်ခိုင်မာခဲ့ဘူးသော်လည်း ၁၇ – ရာစုနောက်ပိုင်းတွင် နိုင်ငံတွင် ညီညွတ်မှု ဖြိုခွဲခဲ့သောကြောင့် နိုင်ငံ့အင်အား တစတစ ယုတ်လျော့လာကာ ဖရိုဖရဲ ဖြစ်ရရှာသည်။ ၁၆၆၆-ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခြင်းခံရပြီး ၁၇၈၄-ခုနှစ် အမရပူရဘုရင် ဗဒုံမင်း၏ တိုက်ခိုက်မှု ကို ခုခံနိုင်စွမ်း မရှိရကာ၊ ရခိုင်လွတ်လပ်ရေး ဆုံးရှုံးရလေသည်။ လူပေါင်းနှစ်သိန်းခန့် သေဆုံးလေသည်။ နိုင် ငံ့လူဦးရေ တ၀က်ကျော်တို့မှာ ပြည်တွင်းလုံခြုံမှု မရှိသဖြင့် စစ်တကောင်းနယ်ထဲသို့ အလုံးအရင်းဖြင့် ထွက် ပြေး ခိုလှုံကြသည်။

ဘုရင် မဟာသမ္မတနှင့် မိဖုရားများ၊ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ မှူးမတ်ဗိုလ်ပါနှင့် တကွ အမြောက်စိန်ပြောင်း လက်နက် တစ်သောင်းကျော်၊ သေနတ်လက်နက် တစ်သောင်းကျော်၊ ကြေးရုပ် သုံးဆယ်ကျော်၊ မိန်းမစိုး သုံးဆယ်ကျော်၊ ပုဏ္ဏားမျိုးသန့် အိမ်ထောင်စု ငါးရာကျော်၊ တတ်သိပညာရှင် ဟူသ ရွေ့ကအစ ဆင်မြင်း သုံးပန့် သုံးသောင်းကျော်နှင့် မဟာမုနိ ရုပ်ပွါးတော်ကို သိမ်းယူသွားလေသည်။ လက်ရဖမ်းယူသွားသော လူပေါင်း နှစ်သိန်းကျော်လေသည်။၁ အနှစ် ၃၅၀ ကျော် ပြုစုပျိုးထောင်လာခဲ့သော မြောက်ဦးမြို့တော်သည်လည်း တစပြင် ဖြစ်သွားလေသည်။ အနှစ် (၄၀) မျှသာ အုပ်ချုပ်နိုင်ခဲ့သော မြန်မာ လေးမြို့ဝန် အုပ်ချုပ်ရေးလက်အောက်တွင် ရခိုင့်ယဉ်ကျေးမှု အဆောက်အအုံကြီး တစ်ခုလုံးသည် ထွားထွား ညက် ပျက်စီးခဲ့လေသည်။ ၁၈၂၅-ခုနှစ်မှ ၁၉၄၈-ခုနှစ်ထိ ဗြိတိသျှတို့လက်အောက်တွင် ကျွန်ပြုခံရပြီး၊ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ရခိုင်ပြည်သည် မြန်မာပြည်၏ အစိတ်အပိုင်း ဖြစ်နေရပြန်သည်။

လေးမြို့ဝန်ခေတ် အုပ်ချုပ်ရေးကာလနှင့် ဗြိတိသျှ ခေတ်ဦးကာလတို့တွင် ပုန်ကန်မှုအချို့ ပေါ်ပေါက်ခဲ့သော် လည်း ပြည်သူတစ်ရပ်လုံး၏ ကျစ်လစ်ခိုင်မှာသော ညီညွတ်မှုအားဖြင့် စနစ်တကျ တော်လှန်မှုမျိုး မဟုတ်ခဲ့ သဖြင့် အောင်မြင်မှု မရရှိခဲ့ချေ။ ၁၉၄၈-ခုနောက်ပိုင်းတွင်လည်း ပြည်သူတစ်ရပ်လုံး၏ ညီညွတ်မှုကို စုစည်း ရန် ဆောင်ရွက်ရမည့်အစား၊ ပညာတတ်အမည်ခံ ရခိုင်အမျိုးသား အချို့သည် လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒ၊ အစွန်းရောက် အယူသည်းဝါဒ တို့ကိုသာ ကျင့်သုံးလာခဲ့သည်။

(၂)

လူမျိုးတစ်မျိုး၊ လူစုတစ်စု၏ သမိုင်းကို ဖျောက်ဖျက်၍ မရစကောင်းပါ။ အင်အားနည်းသော လူစုတစ်ခုကို အင်အားများ သော လူစုတစ်ခုက စစ်နိုင်၍သော်လည်းကောင်း၊ အခြားနည်း အမျိုးမျိုးဖြင့် သော်လည်း ကောင်း၊ ယဉ်ကျေးမှု အယူဝါဒ များ စိမ့်ဝင်ပျောက်ကွယ် သွားစေနိုင်သော်လည်း အဆိုပါဖြစ်စဉ် သမိုင်းကြောင်းကို ဖုံးကွယ်ဖျောက်ဖျက်၍ မရနိုင် ကြောင်း ကမ္ဘာ့နိုင်ငံရေး သမိုင်းများက သက်သေထူထားကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ချိန်မှစ၍ သုတေသီအမည်ခံ၊ ပညာတတ်အမည်ခံ ရခိုင်အမျိုးသား အချို့သည် ရိုဟင် ဂျာတို့၏ သမိုင်းမှန်ကို ဖုံးကွယ်ဖျောက်ဖျက်ရန် အလို့ငှာ- စာတမ်းအသွယ်သွယ်၊ ဆောင်းပါးအမျိုးမျိုး၊ စာစောင်အဖုံဖုံ ရေးသားထုတ်ဝေကြသည်။ လုပ်ကြံဇာတ်လမ်းမျိုးစုံကို ပြည်သူတို့ထံ ၀ါဒဖြန့်ကြသည်၊ အစိုးရ အဆက်ဆက်သို့ တင်ပြ လာခဲ့သည်။ ရိုဟင်ဂျာတို့၏ သမိုင်းမှန်ကို ငြင်းဆိုကာ –

(၁) ရခိုင်လူမျိုးမှန်လျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။

(၂) အစ္စလာမ်ဘာသာဝင် ရခိုင်ပြည်တွင် မရှိခဲ့။

(၃) ယခုရှိသော အစ္စလာမ်ဘာသာဝင်များသည်-

(က) ၁၈၅၀ -ခုနှစ် လမ်းဖောက်လုပ်ရန် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ခေါ်သွင်းလာသူများ၊

(ခ) ၁၈၅၆ -ခုနှစ် နယ်ချဲ့ဗြိတိသျှတို့က လယ်ကူလီအဖြစ် အသုံးပြုရန် ခေါ်သွင်းလာသူများ၊

(ဂ) ၁၈၈၀ -ခုနောက်ပိုင်း ရာသီအလိုက် စပါးရိတ်သိမ်းရန်လာပြီး၊ မပြန်ဘဲ နေထိုင်သူများ၊

(ဃ) ဗြိတိသျှ အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသို့ တံခါးမရှိ၊ ဓါးမရှိ ခိုးဝင်လာသူများ၊

(င) ၁၉၄၂ -ခုနှစ်နောက်ပိုင်း ခိုးဝင်လာသူများ၊

(စ) ဖဆပလ အစိုးရက မဲရယူလို၍ ခေါ်သွင်းလာသူများ၊

(ဆ) ၁၉၇၁ -ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာပြီး၊ ပြည်တွင်းစီးပွါး ပျက်ပြားသဖြင့် အငတ်ဘေးမှ ပြေး ၀င်လာသူများ။

(ဇ) ဟသာင်္စီမံချက်ဖြင့် ၀င်လာသူများ၊

(ဈ) ၈၈ -ခု ဒီမိုကရေစီ လှုပ်ရှားမှုတွင် ၀င်ရောက်လာသူများ – သာဖြစ်ကြသည်။

ထို့ကြောင့် ယင်းတို့သည် မြန်မာနိုင်ငံ တိုင်းရင်းသားများမဟုတ်၊ ဧည့်နိုင်ငံသားများသာ ဖြစ်တန်ရာသည်။

ဤကဲ့သို့ အခြေအမြစ်မရှိ ပြောဆိုရေးသား ၀ါဒဖြန့်မှုများသည် ရိုဟင်ဂျာ သမိုင်းမှန်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုများ သာဖြစ်သည်။ မဟာဗမာ လူမျိုးကြီးဝါဒအောက်တွင် ပြားပြာဝပ်ခံနေရကာ ခရုဆံကျွတ် ဘ၀ ရောက်နေရလည်း ကိုရွှေ ရခိုင် အမျိုးသား သုတေသီ အမည်ခံ၊ ပညာတတ် အမည်ခံတို့က ရခိုင် လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒကို အသက်သွင်း လာခြင်းပင် ဖြစ်ပေသည်။

(၃)

ယခု ရိုဟင်ဂျာဟု ခေါ်သော ရခိုင်ပြည်ရှိ မူဆလင်တို့၏ သမိုင်းမှန်ကို ပြည်တွင်းပြည်ပ သမိုင်းသုတေသီများ၏ တွေ့ရှိ ချက်များ၊ ခရီးသွားမှတ်တမ်း၊ ကိုယ်တွေ့မှတ်တမ်းများ၊ သမိုင်းအထောက်အထားများကို လေ့လာကြည်ရှုပါက ကိုရွှေရ ခိုင် အမျိုးသားတို့ ရေးသားဖေါ်ပြ၊ ၀ါဒဖြန့်ချက်များနှင့် လားလားမျှမတူကြောင်း တွေ့ရှိနိုင်ပေသည်။ အစ္စလာမ်ဘာသာ သည် ၁၈၅၀ -ပြည့်နှစ်ထက် နှစ်ပေါင်း ၁၀၀၀ ကျော် စောစွာကပင် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ကြောင်း အောက်ပါခိုင် မာသော သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိရပါမည်။

အစ္စလာမ်ဘာသာသည် ရခိုင်ပြည် အပါအ၀င် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၁၀၀၀ ကျော်၊ ၁၂၀၀ ခန့်ကစ၍ အုပ်စုလိုက် လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်လည်းကောင်း ပြန့်နှံ့ဝင်ရောက်ခဲ့ပါသည်။ အစောဦးရောက်လာသူများမှာ အာရပ် လူမျိုးများ ဖြစ်ကြသည်။

အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန်သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ် ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်းသွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်းဝယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

“ရခိုင်ဘုရင် မဟာတိုင်း စန္ဒြမင်း (အေဒီ ၇၈၈ – ၈၁၀) လက်ထက်တွင် ရမ်းဗြဲကျွန်းအနီး အာရပ်သင်္ဘောများစွာ ပျက် စီးခဲ့ကြောင်း၊ သင်္ဘောသားများက သေဘေးမှလွတ်ကာ နီးရာကမ်းခြေဒေသဖြစ်သော ရမ်းဗြဲကျွန်းသို့ ၀င်ရောက်ခိုလှုံခဲ့ ကြောင်း၊ ရခိုင်ဘုရင် ကြားသိသောအခါ ယင်းတို့အား ကောင်းမွန်စွာ ပြုစုဧည့်ခံပြီး လယ်ယာမြေများပေးကာ အခြေတ ကျနေထိုင်ခွင့် ပေးခဲ့ကြောင်း” ပါရှိသည်။၎ အေဒီ ၁၈၇၉ ခုထုတ် ဗြိတိသျှဘားမားဂေဇက် (British Burma Gazetters) ကို ကိုးကား၍ အာရ်ဘီ စမတ် (R. B. Smart) ကလည်း “အေဒီ ၇၈၈ – ခုနှစ်တွင် မဟာတိုင်း စန္ဒြမင်း သည် ရခိုင်ထီးနန်းကို ဆက်ခံခဲ့ကြောင်း၊ ၄င်းသည် ယခင် ရာမ၀တီ မြို့ဟောင်းကို မြို့သစ်တည်ထောင်ကာ နှစ်ပေါင်း ၂၂ နှစ်တိုင် စိုးစံခဲ့ကြောင်း၊ ယင်းမင်းလက်ထက်တွင် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ကြောင်း၊ သင်္ဘောသားများမှာ မဟာမေဒင် ဘာသာဝင်များဖြစ်ကြ ကြောင်း၊ ယင်းတို့ကို ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးကြောင်း” စစ်တွေဂေးဇတ် (Akyab Gazette) တွင် ရေးသားထားသည်။၅ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သော ဗိုလ်မှူးဘရှင်ကလည်း- မြန်မာနိုင်ငံ ပင်လယ်ဆိပ်ခံမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများ ပျက်ပြားခြင်းဆိုင်ရာ အကြာင်းအရာများ အချိန်ကာလ စောစွာကပင် ရှိခဲ့ကြောင်း၊ မွန်-မြန်မာ ရာဇ၀င်များနှင့် အချို့ သော ဘုရားသမိုင်းများတွင် သင်္ဘောပျက် စစ်သား များအကြာင်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း – ၁၉၆၁ -ခု နှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော အာရှသမိုင်း နှီးနှောဖလှယ်ပွဲတွင် တင်ပြသော “မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဝင်များ ၀င်ရောက် လာပုံ (အေဒီ ၁ရ၀၀)” စာတမ်းတွင် ရေးသားထားပါသည်။

ရခိုင့်သမိုင်းများအရ – တိုင်းစန္ဒြမင်းလက်ထက် ဝေသာလီသည် အထူးစည်းကားခဲ့ကြောင်း၊ နှစ်စဉ်သင်္ဘောအစီး တစ် သောင်းကျော် ဝေသာလီသို့လာရောက် ကုန်သွယ်မှုပြုခဲ့ကြောင်း၊ ဝေသာလီသည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင် အရေးပါသော ကုန်သွယ်စခန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။၆ ဂ – ရာစုတွင်း တရုတ်ခရီးသည်တို့၏ မှတ် တမ်းများအရလည်း – ဘင်္ဂလားနှင့် ဝေသာလီတွင် အာရပ်နှင့် မိုးလူမျိုးပိုင် သင်္ဘောများစွာ တွေ့ရှိကြောင်း ပါရှိသည်။ အာရပ်နှင့် ပါရှန်းသမိုင်း အထောက်အထားများအရလည်း အိန္ဒိယသမုဒ္ဒရာကို “အာရပ်ရေကန်” ဟုခေါ်ဆိုရလောက် အောင် အိန္ဒိယသမုဒ္ဒရာတွင် အာရပ်သင်္ဘောများ ဥဒဟို သွားလာခဲ့ကြောင်း ပါရှိသည်။၇ ဆရာဦးကြည်ကလည်း ၈ -ရာ စုအတွင်းက ပုဂံဘုရင် ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမ ဒေသများသို့ အာရပ်ကုန်သည်များရောက်ရှိ ၀င်ထွက် သွားလာလေ့ရှိခဲ့သည်ကို သက္ကရာဇ် ၈၀၀ ကျော်လောက်က ရေးသားထားသော အာရပ်မှတ်တမ်းများမှ သိရကြောင်း၊ အာရပ်သင်္ဘောများသည် အနောက်ဖက် ဒမတ်စကတ်ကျွန်းမှ အရှေ့အိန္ဒိယ ကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ခရီးပေါက်ရောက်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။၈

သို့ဖြစ်ရာ ထိုခေတ်ထိုအခါက ပင်လယ် ကူးသန်းသွားလာခဲ့သော ရွက်သင်္ဘောများမှာ ယခုခေတ်ကဲ့သို့ ခေတ်မီ စက်ကရိယာများဖြင့် ခုတ်မောင်းနိုင်ခဲ့သည် မဟုတ်ချေ။ မိုးလေ၀သ အချက်ပြ ရေဒါစက်များလည်း မရှိခဲ့ချေ။ သာမန် ရွက်သင်္ဘောများသာ ဖြစ်ခဲ့ရာ – ရာသီဥတု အခြေအနေ ဆိုးလျှင်ဆိုးတိုင်း ခံခဲ့ရသည်။ အထူးသဖြင့် ဘင်္ဂလား ပင်လယ်အော်သည် မိုးတွင်းအချိန်ကာလများ၌ ရာသီဥတု အခြေအနေသည် အလွန်ဆိုးရွားလေ့ရှိရာ ဘင်္ဂလား ပင်လယ် ကမ်းခြေတွင် ပင်လယ်ကူးသင်္ဘောများ မြောက် မြားစွာတို့မှာ ကံဆိုးမိုးမှောင် ကျနိုင်ပြီး၊ သင်္ဘောသား များစွာတို့မှာ သက်ဆုံးရှာပေမည်။ နှစ်စဉ် သင်္ဘောအစီး သောင်း ကျော် ၀င်ထွက်လေ့ရှိသော ဝေသာလီ အနီးတ၀ိုက် တွင် နှစ်စဉ် သင်္ဘောပျက် ကိစ္စမှာ နည်းလှမည် မဟုတ်ပေ။ တိုင်စန္ဒြားမင်းလက်ထက်၌သာ မှတ်တမ်းတင်ခဲ့သော် လည်း ၄င်းထက်စောစွာ မရှိခဲ့ဟူလည်း မဆိုနိုင်ပေ။ ၄င်းနောက် ပိုင်းတွင်လည်း မရှိခဲ့ဟု အတတ်မပြောနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ အရေအတွက်များပြားသော သင်္ဘောပျက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြောက်မြားစွာသော သင်္ဘောသား များ၊ ကုန်သည်များ၊ ခရီးသည်များ၊ စစ်သားများသည် နီးရာကမ်းဘေး သက်ဘေးလွတ်အောင် ခိုလှုံခဲ့ရသည်။ ယင်းတို့ အား မင်းနှင့်တကွ ပြည်သူတို့က လိုလေးသေးမရှိအောင် ပြုစု စောင့်ရှောက် ကူညီခဲ့သည် သာမက၊ အခြေချနေနိုင် အောင် လယ်မြေပေးကာ ဆောင်ရွက်ပေးခဲ့သည်။

ဤသို့ဖြင့် အေ ဒီ ၇၀၀ ကျော်မှစ၍ အရေအတွက် မနည်းလှသော သဘာဝ ဘေးအန္တရာယ်ကြောင့် ရောက်ရှိလာသူ သင်္ဘောသား အာရပ်မူဆလင်များသည် ရခိုင်ပြည်၌ အခြေစိုက်နေထိုင်ရင်း – ဒေသခံ အမျိုးသမီးများနှင့် အိမ်ထောင် သားမွေး ပြုလာကြသည်။ ယင်းတို့၏ ဇနီးမယားများအား အစ္စလာမ်ဘာသာသို့ သွတ်သွင်းပြီး ယင်းတို့၏ သားသမီး၊ မြေးမြစ်တီကျွတ် တို့မှာ အစ္စလာမ်ဘာသာဝင် မူဆလင်များ ဖြစ်လာကြသည်။ တနည်းအားဖြင့် နောင်တွင် ရိုဟင်ဂျာ ဟု ခေါ်ထွင်မည့် လူမျိုးများ၏ မျိုးဆက်စသည် ရခိုင်ပြည် လူ့အဖွဲ့အစည်းတွင် အေဒီ ၇၀၀ ကျော်မှစ၍ စတင်ပေါ် ပေါက် အခြေစိုက် လာခဲ့လေသည်။

ပါရှန်နှင့် အာရပ်ကုန်သည်တို့မှာ ပင်လယ်ရေကြောင်း ကူးလူးသွားလာရင်း အချက်အချာကျသောဒေသများနှင့် ကမ်း သာယာအရပ်များတွင် ရောင်းဝယ်ရေးစခန်းများပြုလုပ်ကာ အခြေချနေထိုင်လာခဲ့သည်။ အလားတူ ရခိုင်ပြည်အပါအ ၀င် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများ၌လည်း ပါရှန်နှင့် အာရပ်ကုန်သည်တို့သည် အခြေချနေထိုင်ခဲ့သည်။၉ ထို့ ပြင် ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတလျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါ (ခေါ်) သူတော်စင်များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များ အပြင် သူတော်စင်တို့ကလည်း ရောနှောဝင်ရောက် နေထိုင်လာခဲ့ ကြောင်း သက်သေခံနေသည်။၁၀

ဥရောပလူမျိုးများဖြစ်ကြသော ဗဲတေမာ (Varthema)၊ ဘာဘို့(စ) (Barbose)၊ ဆီဇာ ဖဲဒရိဒ် (Caesar Frederide)၊ ရဲလ(ဖ) ဖီတ်(ရှ) (Ralph Fitch) နှင့် ပေါ်တူဂီလူမျိုးများ၏ ရေးသားချက်များအရ ဘင်္ဂလားကမ်းခြေဒေသများတွင် မူဆလင်ကုန်သည် အမြောက်အမြား အခြေစိုက်နေထိုင်လျက်ရှိခဲ့ကြောင်း၊ အများအားဖြင့် အာရပ်လူမျိုးများဖြစ်ကြ ကြောင်း၊ မူဆလင်များက စစ်တကောင်းကို သိမ်းသွင်းနိုင်ခဲ့သော အေဒီ ၁၃၃၈ – ခု မတိုင်မီကပင် မူဆလင်မြောက် မြားစွာတို့သည် စစ်တကောင်းနှင့် ရခိုင်ကမ်းရိုးတန်းအထိ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။၁၁

သို့ဖြစ်ရာ သမိုင်းသုတေသီပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် ရခိုင် ပြည်အပါအ၀င် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြ ကြောင်း သိရှိရပါသည်။ အစောဦးရောက်လာသူများမှာ အာရပ်၊ မိုးနှင့် ပါရှန်လူမျိုးဖြစ်ကြသည်။ ယင်းတို့သည် မိမိတို့ ၏ ကိုယ်ပိုင်ယဉ်ကျေးမှုထုံးစံ၊ အစ္စလာမ်ဘာသာအယူဝါဒ၊ ကျင့်စဉ်တို့နှင့်အတူ ဒေသခံများနှင့်ရောနှောပေါင်းသင်း အခြေစိုက်နေထိုင်လာခဲ့သော အေဒီ ၇၀၀ ကျော်မှစ၍ နှစ်ပေါင်း ၇၀၀ ကျော်အတွင်း ဒေသခံအယူအဆ အလေ့အထ တို့ပါ ရောနှောပါဝင်သော ယဉ်ကျေးမှုသစ်တစ်ရပ်ကို ပြုစုပျိုးထောင်လာခဲ့သည်။ ယင်းသို့ဖြင့် အေဒီ ၁၄ – ရာစု မတိုင် မီကစ၍ ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကြားတွင် ဦးရေမနည်းလှသော ခိုင်မာတောင့်တင်းသည့် လူ့အဖွဲ့အစည်း တစ်ရပ်သည် ရခိုင်ပြည်၌ ပေါ်ထွန်းလာခဲ့သည်။

(၄)

အေဒီ ၁၅ – ရာစုသို့ ရောက်သောအခါ အစ္စလာမ်ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာရန် အကြောင်းတရား က ဖန်တီးလာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ – နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ – ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ – ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည်အင်အားရှိသည့် စစ်တပ်ကိုလည်းကောင်း စေလွှတ်ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည်ရယူစေခဲ့ပြီး – ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည်များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(၅)

ရခိုင်ဘုရင် နရမိတ်လှသည် ဂေါ့ဘုရင် ဆုလ်တန်၏ စစ်သည်အကူအညီဖြင့် ဘုရင်ပြန်ဖြစ်လာပြီး ၁၄၃၀ – ခုနှစ်တွင် မြောက်ဦးမြို့ကို တည်ထောင်သည်။ “ပါရှန်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းလိုက်သည်။” ကလီမာ ပါသော ဒင်္ဂါးများကိုသွန်လုပ် အသုံးပြုလာရသည်။ ၄င်းအပါအ၀င် နောင်ဆက်ခံသော မင်းအများအပြားမှာ မူလ သက္ကတ၊ ပါဠိ အမည်များအပြင် မူဆလင် ဘွဲ့အမည်များကို ခံယူခဲ့သည်။ နန်းတွင်းစီရင်အုပ်ချုပ်မှုစနစ်နှင့် နန်းခန်းနန်း နား တို့မှာ ဒေလီနှင့် ဂေါ့ရှိ မူဆလင် ပုံစံအတိုင်း ပြောင်းလဲလိုက်သည်။ သို့ဖြစ်ရာ ရခိုင်ဘုရင်အနေဖြင့် အဆိုပါအ တွက် အတတ်ပညာရှင်များ၊ အသိပညာရှင်များ၊ တရားသူကြီးများ၊ ပညာရှိအမတ်များ၊ အနုဗိသုကာ ပညာရှင်များ၊ လက်မှုပညာရှင်များ လိုအပ်လာသည်။ သို့ကြောင့် ဘင်္ဂလားမှ မြောက်များစွာသော မူဆလင် တတ်သိပညာရှင်များ နှင့် လက်မှုပညာရှင်တို့မှာ တော်ရာတန်ရာ ရာထူးရာခံများဖြင့် ချီမြှင့်ခြင်းခံရကာ အခြေချနေထိုင် လာကြသည်။

သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ – မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ်ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည်များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ – ခုနှစ်မှ ၁၅၃၈ – ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ – ခုနှစ်မှ ၁၆၆၆ – ခုနှစ် ထိ စစ်တကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦးနေပြည်တော်သည် အိမ်ဦးနှင့် ကြမ်းပြင်အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ်မှုမှအစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော်အတွင်း မူဆလင် မြောက်များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေထိုင်လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

ရခိုင်ပြည်ရှိ အာရပ်၊ ပါရှန်၊ ပထန်တို့ဖြင့် ဖွဲ့စည်းလာခဲ့သော မူဆလင် လူ့အဖွဲ့အစည်းတွင် စစ်တကောင်းမူဆလင် တို့၏ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာသည်။

အေဒီ ၁၆ – ရာစုနှောင်းပိုင်းမှ ၁၇ – ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေးမတည်မငြိမ် ဖြစ်ခဲ့သော ကာလဖြစ်သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိပညာရှင်များနှင့် မင်းမှူးထမ်း မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင်လာလေသည်။ ယင်းတို့အနက်မှ အချို့မှာ မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာသည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါယာသို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာတို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက်ခိုလှုံ နေထိုင်လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ – ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့သည်။

(၆)

ရခိုင်ပြည်တွင် မူဆလင်အင်အား တိုးပွါးလာစေသော အခြားအကြောင်းတစ်ရပ်မှာ ၁၇ – ရာစုတွင် ဘင်္ဂလားပင်လယ် အော် အရှေ့ပိုင်းသို့ ပေါ်တူဂီများ ၀င်ရောက်လာခြင်းပင် ဖြစ်ပါသည်။ ၁၇ – ရာစု အစောပိုင်းကာလမှစ၍ ပေါ်တူဂီ တို့ သည် ဘင်္ဂလားနှင့် ရခိုင်ကမ်းခြေသို့ ရောက်ရှိနေပြီးဖြစ်သည်။ ထိုစဉ်က ပေါ်တူဂီတို့သည် ရေကြောင်းအတတ်ပညာ၊ ခေတ်မီလက်နက်ပညာ နှင့် ခံတပ်တည်ဆောက်မှု အတတ်ပညာတို့ကို ပို၍ ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။ ရခိုင်တို့က ပေါ်တူဂီတို့အား ကုန်ကူးခွင့် ပေးခြင်းအားဖြင့် မိမိတို့အကျိုး ဖြစ်ထွန်းလိမ့်မည်ဟု မြင်ခဲ့သည်။ ထို့ကြောင့် ယင်းတို့အား ကုန်ကူးခွင့်နှင့် သင်္ဘောများ ရပ်နားဆောက်လုပ်ခွင့်ကို ပေးခဲ့သည်။ ပေါ်တူဂီတို့၏ အဓိက စီးပွါးရေး လုပ်ငန်းမှာ ကျွန်ကူးသန်းရောင်းဝယ်ရေးပင်ဖြစ်သည်။ ရခိုင်တို့သည် ပေါ်တူဂီတို့နှင့် ပူးပေါင်းပြီး၊ စစ်ဒဏ်ကြောင့် အင် အား ယုတ်လျော့နေသော ဘင်္ဂလားတွင် ပင်လယ်ဓါးပြတိုက်လုပ်ငန်းကို စတင်တော့သည်။ ဓါးပြတိုက်သည်ဆိုရာ၌ ဥစ္စာပစ္စည်းကို တိုက်ယူရုံသာ မဟုတ်ဘဲ၊ တွေ့ရာလူတိုင်း လက်ရဖမ်းဆီး ချုပ်နှောင် သယ်ဆောင်ယူလာကာ လူ့သ မိုင်းတွင် အရက်စက်ဆုံး၊ အဆိုးဝါးဆုံး၊ ယုတ်မာဆုံးသော ကျွန်ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ခြင်းပင်ဖြစ်သည်။ ဖမ်း ဆီးရမိသော ကျွန်များအနက် အတတ်ပညာရှင်များ၊ လက်မှုပညာရှင်များကို ရခိုင်ဘုရင်အားပေးကမ်းပြီး၊ ကျန်ကျွန်များ ကို ကျွန်ဈေးကွက်တွင် ရောင်းချသည်။ သို့တည်းမဟုတ် ရခိုင်နယ်များတွင် အတင်းအဓ္ဓမ အခြေချနေထိုင်စေကာ လယ်ယာစိုက်ခင်း၊ ပျိုးခင်းများတွင် ကိုင်းစေသည်။၁၅ ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ရာတွင် ဟိန္ဒူလူမျိုးများအပြင် မူဆလင်များလည်း များစွာပါဝင်ခဲ့သည်။ ဆယိဒ်စစ်စစ်များ၊ ဆယိဒ်အနွယ်ဖွားများလည်း ပါဝင်ခဲ့သည်ဟု ၁၇ – ရာစု၏ ထင်ရှားသော သမိုင်းသုတေသီ တစ်ဦးလည်းဖြစ်၍ ပေါ်တူဂီ၊ မောဂ်တို့ သောင်းကျန်းမှုကို မျက်မြင်ကိုယ်တွေ့ဖြစ်သော ရှီဟာဘ်အွဒ္ဒိန်း တာလီရှ် (Shihabuddin Talish) က ဆိုထားသည်။၁၆ စယိဒ်ဆိုသည်မှာ တမန်တော် မူဟာမတ် (စွ)၏ အမျိုးအနွယ်များမှ ဆင်းသက်လာသူများကို ခေါ်ဆိုသည်။၁၇

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လာသူများကြောင့် ရခိုင်နယ်တွင် မူဆလင်ဦးရေ တိုးပွါးလာခဲ့သည်။ ဗြိတိသျှလူမျိုး ဖဲယား က-ဖမ်းဆီးခေါ်ဆောင်လာသော မူဆလင်ဦးရေသည် ရခိုင်ပြည်လူဦးရေ၏ ၁၅ % ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။၁၈

(၇)

ရခိုင်ပြည်တွင် ပြင်ပမှရောက်လာသော မူဆလင်လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ်ဘာသာကို ကိုးကွယ်နေသည် မဟုတ်ဘဲ၊ ဟိန္ဒူဘာသာဝင်အချို့လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုးကွယ်နေကြပြီးသူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤအ ကြောင်းကို ရခိုင်မဟာရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုးဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက် နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည်လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ်ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ +ဖစ် ရှိလေသည်။ ဘုရင်မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက် ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။

၁၅ – ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ်တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူကလည်း – ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည်သူများနှင့် လက်ထပ် ထိမ်းမြားနိုင်သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယားများကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီးမယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း – ဒတ်(ချ) မှတ်တမ်းများတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။

(၈)

မူဆလင်တို့၏ အလွန်အရေးကြီးသော ရခိုင်ပြည်နှင့် ယှက်နွယ်သည့် ဇာတ်လမ်းတကွက် ရှိပါသေးသည်။ ယင်းသည် ကား မဂို အိမ်ရှေ့မင်းသား ရှားရှုဇားသည် ရခိုင်ပြည်သို့ ရောက်ရှိလာခြင်းပင်ဖြစ်သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည် ၌ ရှားဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှားရှုဇားသည် နောင်တော် သြရန်ဂဇစ် နှင့် နန်းလုခဲ့ရာ အရေးနိမ့်သ ဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂ – ၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာသည်။ စန္ဒသုဓမ္မမင်း အား ကတိမ တည် ဟုဆိုကာ ရှားရှုဇား ပုန်ကန်ခဲ့ရာ ရှားရှုဇား ကျဆုံးခဲ့သည်။ ၄င်းနှင့်ပါလာသော အခြွေအရံ ကမန် (လေးသည် တော်) တို့အား ရခိုင်ဘုရင် ကိုယ်ရံတော်အဖြစ် ခန့်ထားခဲ့သည်။ ထိုစဉ်ကစ၍ ကမန်မူဆလင်ဟု ရခိုင်ပြည်တွင် တည်ရှိ လာသည်။ ရှားရှုဇားနှင့်အတူ ကမန်လေးသည်တော် သုံးထောင်ကျော် ပါရှိခဲ့သည်ဟု အချို့သမိုင်းဆရာများက ဆိုပါ သည်။ နောင်ဘင်္ဂလားနှင့် အိန္ဒိယတို့မှလည်း လေးသည်တော် အများအပြားအပြင်၊ အိန္ဒိယတောင်ပိုင်းမှလည်း စစ်သည်အမြောက်အမြား ကိုယ်ရံတော်တပ်တွင် အမှူးထမ်းလာခဲ့သည်။ ၁၆၈၅ – ခုနှစ်တွင် နန်းတွင်းကိုယ်ရံတော် တပ်သားအင်အား လေးသောင်းကျော် ရှိခဲ့သည်ဟု ဆိုသည်။၁၈ မင်းဘာကြီးလက်ထက် ကမန်သူရဲကောင်း ၅ သောင်း ကျော်ခဲ့ဟု စောမဲကျီ စာအုပ်တွင် အရှင် ဥက္ကံက ဖေါ်ပြခဲ့သည်။

(၉)

သို့ဖြစ်ရာ ၁၇ – ရာစု ရခိုင်ပြည်တွင် –

(၁) သဘာဝ ဘေးအန္တရာယ်ကြောင့် ရောက်ရှိလာရသော အာရပ်မူဆလင်များ၊

(၂) ကူးသန်းရောင်းဝယ်ရေးကြောင့် ရောက်ရှိနေထိုင် အခြေစိုက်လာသော အာရပ်၊ ပါရှန်ကုန်သည်များ၊

(၃) ရခိုင်ဘုရင် နရမိတ်လှ၏ မေတ္တာရပ်ခံချက်အရ ဂေါ့ဘုရင်၏ စစ်သည်အကူအညီအဖြစ် ရောက်ရှိလာပြီး၊ နရ မိတ်လှအား နန်းတင်ပေးခဲ့သော တူရကီ၊ ပါထန်၊ ပါရှန် စစ်သည်တော်များ၊

(၄) ရခိုင်ပြည်၏ စီရင်အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် မရှိမဖြစ်လိုအပ်၍ ဖိတ်ခေါ်၊ ခေါ်ယူခဲ့သဖြင့် လာရောက်မင်းမှူးထမ်းခဲ့သူများ၊

(၅) ဘင်္ဂလား နိုင်ငံရေးနှင့် စစ်ရေးအခြေအနေအရ မနေနိုင်ဘဲ ရခိုင်ပြည်ထဲသို့ ခိုလှုံလာသူများ၊

(၆) ပေါ်တူဂီ-မောဂ်တို့က ဖမ်းဆီးခေါ်ဆောင်လာသော ဘင်္ဂါလီလူမျိုးများ၊

(၇) ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင် တို့မှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူများ၊

(၈) ကိုယ်ရံတော်တပ်များ အစရှိသည့် အရပ်ဒေသမျိုးစုံမှလာသော လူမျိုး အမျိုးမျိုးတို့သည် ဒေသတစ်ခုတည်း

သို့ တစ်ဦးချင်း၊ နှစ်ဦးချင်းမှစ အုပ်စုလိုက်လည်းကောင်း၊ အလုံးအရင်းဖြင့်လည်းကောင်း ရာစုပေါင်းဆယ်ကျော် တစတစ အခြေစိုက် နေထိုင်လာခဲ့သည်။ ယင်းသို့ အခြေစိုက် နေထိုင်လာရင်း၊ ယင်းတို့ အသီးသီးတို့၏ ကိုယ်ပိုင်ယဉ် ကျေးမှု၊ ဓလေ့ထုံးစံ၊ အစ္စလာမ်ဘာသာဝါဒနှင့် ကျင့်စဉ်တို့နှင့်အတူ ဒေသခံတို့၏ ထုံးဓလေ့များကိုပါ ရောနှောပြီး၊ ရခိုင် ပြည် လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးမှုသစ်တစ်ရပ် ပြုစုပျိုးထောင်လာခဲ့ပြီး မျိုးဆက်သစ်တစ်ရပ်ကို ပေါ်ထွန်းစေခဲ့ သည်။ ယင်းတို့ “ရိုဟင်” ဟုခေါ်သော ရခိုင်ပြည်တွင် နေထိုင်သူများဖြစ်သဖြင့် “ရိုဟင်ဂျာ” (ရိုဟင်သား)ဟု ခေါ်ထွင် လာခဲ့သည်။

မူဆလင် ယဉ်ကျေးမှု၏ အကျိုးဆက်များကြောင့် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုမှာလည်း တစတစ တိုးတက်လာခဲ့ပေ သည်။ အုပ်ချုပ်ရေးနယ်ပယ်၌လည်းကောင်း၊ စစ်ဖက်၌လည်းကောင်း တိုးတက်မှုများ အဆင့်ဆင့် ဖြစ်ထွန်းခဲ့ပေသည်။

(၁၀)

သို့ဖြစ်ရာ ရိုးမတဖက်ကျော်မှ ဗမာလူမျိုးများက ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သော ၁၇၈၅ – ခုနှစ် မတိုင်မီက ရခိုင်ပြည်တွင် အစ္စလာမ်ဘာသာဝင် မူဆလင်လူမျိုးပေါင်း သိန်းနှင့်ချီပြီး ရာစုနှစ်များစွာကတည်းကပင် အခြေစိုက်နေထိုင်လာခဲ့ပြီး၊ ဗမာတို့ထက် အဆပေါင်းများစွာ တိုးတက်သစ်လွင်သော ယဉ်ကျေးမှုကို ပြုစုပျိုးထောင် လာခဲ့ကြောင်း ခိုင်လုံသော ပြည်တွင်းပြည်ပ သမိုင်းမှတ်တမ်း အထောက်အထားများက သက်သေထူလျက် ရှိနေပါ သည်။

၁၇၈၅ – ခုနှစ်မှ ၁၈၂၄ – ခုနှစ်ထိ နှစ်ပေါင်း (၄၀) နီးပါးသာ အုပ်ချုပ်ခဲ့သော ဗမာမြို့ဝန် လက်ထက်တွင် လူပေါင်း နှစ်သိန်းကျော် သေပြီး၊ နိုင်ငံ့ဦးရေ၏ တ၀က်ကျော်တို့မှာ စစ်တကောင်းနယ်သို့ တိမ်းရှောင်ခဲ့ရသည်။ တတ်သိပညာရှင် သုံးသောင်းကျော် အပါအ၀င် လက်ရဖမ်းဆီး ခေါ်ဆောင်သွားလေသူ နှစ်သိန်းကျော်လေသည်။ ထို့အပြင် နှစ်ပေါင်း ၄၀ အတွင်း မြန်မာပြည်မသို့ အကြိမ်ကြိမ် လူတောင်းခံမှုများကြောင့် ပြည်မသို့ ပေးပို့ခဲ့ရသည်များအပြင် စစ်တကောင်း နယ်သို့ ထပ်မံ တိမ်းရှောင်သွားရသူများလည်း မနည်းလှပေ။ အင်္ဂလိပ်တို့ ရခိုင်ပြည်ကို သိမ်းယူစဉ်က ၁၈၂၄ – ခုနှစ် တွင် ရခိုင်ပြည်၌ လူဦးရေ အနည်းမျှသာ ကျန်ရစ်ခဲ့သည်။ ရ န္တပိုစာချုပ် ချုပ်ဆိုပြီးနောက် လအနည်းငယ်အကြာ ၁၈၂၅ – ခု ဇူလိုင်လ (၂၁) ရက်နေ့ အစီရင်ခံခဲ့သော ဗြိတိသျှတပ်မှူး ရောဘတ်ဆန်၏ အစီရင်ခံစာအရ ၁၈၂၅ – ခုနှစ်တွင် ရခိုင် ပြည် လူဦးရေသည် တသိန်းခန့်သာရှိခဲ့ကြောင်း မောဂ် (ရခိုင်) ၆၀ ၀၀၀၊ မူဆလင် ၃၀ ၀၀၀ ခန့်နှင့် ဗမာနှင့် အခြား ၁၀ ၀၀၀ ခန့် ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။၁၉ နှစ်ပေါင်း ၄၀ အတွင်း စိတ်တိုင်းကျ ဖိနှိပ်ချူပ်ချယ်ပြီး၊ ရခိုင်ပြည် ယဉ် ကျေးမှု အဆောက်အအုံကြီး တစ်ခုလုံးကို ပျက်စီးစေပြီး၊ ကြက်ပျံမကျ စည်ကားခဲ့သော ရခိုင်ပြည်ကို တစပြင်ဖြစ် အောင် ဖန်တီးခဲ့သော ဗမာလေးမြို့ဝန်ခေတ် ကုန်ဆုံးချိန်တွင် မူဆလင်ဦးရေ သုံးသောင်းကျော်ရှိလျှင် ယင်းမတိုင်မီ မည်မျှရှိခဲ့မည်ကို ခန့်မှန်းနိုင်ပေသည်။

သို့ဖြစ်၍ လူ့သမိုင်းသည် ဖျောက်ဖျက်၍ မရနိုင်စကောင်းသော အမှန်အဖြစ်အပျက်တစ်ရပ် ဖြစ်သော်လည်း သမိုင်းအ ကြောင်းကို ဖျောက်ဖျက်ရန် ကြိုးစားနေကြသော ကိုရွှေရခိုင် ပညာတတ်အမည်ခံ၊ သုတေသီအမည်ခံတို့ ၀ါဒဖြန့်မှုများ သည် ရခိုင်ပြည်၏ တိုးတက်မှုကို ပို၍ နောက်ပြန်ဆွဲစေမည့် လုပ်ငန်းများပင်ဖြစ်သည်။ နှစ်ပေါင်း ၁၂၀၀ ခန့်မှစ၍ ရခိုင် ပြည်၌ အခြေစိုက်နေထိုင်လာခဲ့သူများအား လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်မှ ကျူးကျော်ရောက်ရှိလာသူ ဗမာများက နိုင်ငံခြားသားဟု ပြောဆိုနေခြင်းများမှာ မည်မျှယုတ္တိတန်နိုင်သည်ကို စဉ်စားနိုင်ပေသည်။ ရခိုင်ပြည်သည် ရခိုင်နှင့် ရိုဟင်ဂျာအပါအ၀င် မြို၊ သက်၊ ဒိုင်းနက်၊ ခမီ၊ ချင်း စသည် သမိုင်းအစဉ် အဆက် နေထိုင်လာခဲ့သူများ စုပေါင်း ပိုင်ဆိုင်ကြပြီး ဤလူမျိုးများသည် ရခိုင်ပြည်၏ အရှင်သခင် ဖြစ်ကြသည်။

နောက်မှရောက်လာသော ရွှေကြာပင် ဗမာတို့မှာ ဖွဲလှမ်းခိုက် ဖျာခင်းကာ စိုးမိုးသူဘ၀ ရောက်သော်လည်း ယင်းတို့ သည် ရခိုင်ပြည် သမိုင်းစဉ်ဆက် နေထိုင်လာခဲ့သူများ မဟုတ်ပေ။ ၁၇၈၅ မှ ၁၈၂၄ အထိ နှစ်ပေါင်း (၄၀) အတွင်း ရခိုင်ပြည်အား ကျူးကျော်သိမ်းပိုက်ကာ တစပြင်ဖြစ်စေခဲ့ပြီး၊ ၁၉၄၈ မှ ယနေ့အထိ နှစ်ပေါင်း (၆၀) ကျော် အတွင်း ရခိုင်ပြည်အား ခရုဆံကျွတ်ဘ၀သို့ အောင်မြင်စွာ ရောက်စေခဲ့ပါသည်။

သို့ပင်ဖြစ်သော်ငှါးလည်း များစွာသော ယနေ့ရခိုင်ပြည်သူတို့မှာ လက်ပိုက်ကြည့်နေရုံသာမက ကြည်ဖြူနေကြသူများ လည်း မနည်းလှပေ။ ရခိုင်မြေပေါ် ရခိုင်မြေအောက် ရခိုင်ပြည်သူတို့ကသာ ပိုင်ဆိုင်သည့် သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ ရေနံ၊ ဓါတ်ငွေ့မှစ သံယံဇာတ ပစ္စည်းဟူသရွေးကို ရခိုင်ပြည်သူတို့အတွက် တစိုးတစီးမျှ ချန်မ ထားဘဲ ထုတ်ယူဖော်ဆောင်၊ သယ်ယူရောင်းချနေသည်ကို ရေငုံနုတ်ပိတ် နေရုံမျှသာမက ဓါးရိုးကမ်းနေသူများလည်း မရှားပေ။ အရေးကြီးသော မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေအားလျှပ်စစ်ဓါတ်ထုတ်ယူကာ တရုတ်-အိန္ဒိယ ကုမ္ပဏီများ သို့ ရောင်းချရန် ကြံစည်နေသည်ကိုလည်း ရေနံဆီးမီးခွက်ပင် မှန်မှန်မထွန်းနိုင်ရှာသော ရခိုင်ပြည်သူတို့မှာ ကြိတ်မှိတ် နေကြသည်သာမက ရေလာမြောင်းပေးသူများလည်း ရှိနေသေးသည်။ ဤသို့သော အနေအထားတွင် ကိုရွှေဗမာ တို့သည် ကံကောင်းထောက်မ၍ နောက်ထပ် နှစ်တစ်ရာ ပိုမို စိုးမိုးပိုင်ခွင့်ရမည်ဆိုက ရခိုင်ပြည်၏ ပထ၀ီအနေအထား ကို ကမ္ဘာ့မျက်နှာပြင်ပေါ် မြင်ရမြင်ပါ့မည်လားဟု တွေးတောဖွယ် ဖြစ်နေပါသည်။

ကျမ်းကိုးစာရင်း –

၁။ ဆရာတော် စန္ဒမာလာလင်္ကာရ – ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒု-တွဲ)၊ မန္တလေး (၁၉၃၁)၊ စာ – ၃၁၂

၂။ ဒု-ဗိုလ်မှူးကြီး ၀င်းမောင် (ကာကွယ်ရေးဝန်ကြီးဌာန) “သာသနာ့ရောင်ဝါ ထွန်းစေဖို့”၊ ရန်ကုန် (၁၉၉၇)၊ စာ-၆၅

၃။ ကိုး (၂)၊ စာ – ၆၅

၎။ JASB – Vol. XIII, Calcutta (1844), p – 36

Dr. S.B Qanungo “ A History of Chiitagong”, Vol. I, Chittagong (1988), p – 111

၅။ R. B Smart – Burma Gazetters (Akyab Distric) Vol. A, Ragoon (1957), p – 19

၆။ ဦးကြည် (ဘီအေ- ရာဇ၀င် ဂုဏ်ထူး) “မြန်မာရာဇ၀င်မှ သိကောင်းစရာများ”၊ စာ ၁၅၆

၇။ Mohammed Abdur Rahim “Social and Cultural History of Bengal”, Vol. I, Karachi (1966), p – 37

၈။ ကိုး (၆)၊ စာ – ၁၅၇

၉။ S. N. H Rizvi “Bangladesh Distric Gazetteers (Chittagong)”, Dacca (1975), p – 122

၁၀။ ဆရာချေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) “ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပတ္တိ”၊ စာ – ၁၆

“သာသနာရောင်ဝါ ထွန်းစေဖို့”၊ စာ – ၆၆

၁၁။ S. N. H Rizvi – “East Pakistan Dicstric Gazetteers (Chittagong Dist)”, Dacca (1970), p – 111

၁၂။ Mohammed Enamul Huq and Abdul Karim – “Bengali Litrature in Arakanese Court (1600 ~ 1700 AD)

Calcutta (1935), p – 4 ~9

၁၃။ တိုင်းရင်းသားလူမျိုးစု ဘ၀သစ်ထူထောင်ရေးပါတီ – သတင်းလွှာ၊ ရန်ကုန် (၁၉၈၉)၊ စာ – ၄၅

၁၄။ Muhammad Mohar Ali “History of The Muslim Bengle” Vol. I (B), Riyadh, 1985, p – 865

၁၅။ J. A. S. B – Vol. X, Calcutta (1941), p – 681

မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ရန်ကုန် (၁၉၆၀)၊ စာ – ၇၂

၁၆။ Qanungo, p – 322

၁၇။ ၄င်း စာ – ၃၂၄

၁၈။ ၄င်း စာ – ၂၉၁

၁၉။ Secrect Consultation (SC) of the Government of Bengal, Preserved in the National Acrhives of India, New Delhi, Jun 9, 1926, No. 10

Also Robertson’s Report dated July 21, 1825 (SC- August 26, 1825, No. 41)

Download PDF here

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အသေးစိတ်လေ့လာကြည့်ပါ။ …

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

Posted by danyawadi

ရိုဟင်ဂျာလူမျိုး များ ဘင်္ဂလီမဟုတ် | စောလွင် ( ရန်ကုန်တက္ကသိုလ်)

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအနောက်ဘက် Arakan Region ယခုအခေါ် ရခိုင်ဒေသတွင်ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သော တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်သည်ကို သမိုင်း အထောက်အထားများ အရ မည်သူမျှငြင်း ၍မရပါ။

ယနေ့ မြန်မာနိုင်ငံ ဦးသန်းစိန်အစိုးရမှ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးဖြစ်သည်။ ဘင်္ဂလာဒေခ့်ျမှ ခိုးဝင်လာသူများ သို့တည်းမဟုတ် ကျူးကျော်လာသူများ သို့တည်းမဟုတ် စိမ့်ဝင်လာသူများ အစရှိ သဖြင့် ပြောဆိုနေ သည်ကိုတွေ့ရပါသည်။ နိုင်ငံတကာမှ ဖိအားပေးလာလျှင် မတတ်သာ၍ ရိုဟင်ဂျာများ ပြောရမည့်အစား ရိုဟင်ဂျာ နှင့်တွဲ၍ ဘင်္ဂလီကို အသုံးပြုလာသည်ကို တွေ့ရပြန် သည်။ ဤသို့ အသုံးပြုလာရခြင်းမှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်ပဲ ကောက်ကျစ်၍ ပြောဆိုနေကြာင်း အဓိပ္ပါယ် ဆောင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးအမျိုး၏ အမည်သည် အမည်နှစ်ခုလုံးဝ မဖြစ်နိုင်ပဲ တစ်မျိုးသာဖြစ်ရမည်။ ရှမ်းလူမျိုးများကိုကြည့်လျှင် တရုတ်နိုင်ငံမှာ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းရှိသည်။ မောဂ်လူမျိုး ရခိုင်များသည် ဘင်္ဂလားဒေခ့်ျနိုင်ငံတွင် ရှိသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ရခိုင်လူမျိုးများရှိသည်။ ထိုသူတို့အား တရုတ်မှာ ဖြစ်စေ၊ ဘင်္ဂလားဒေခ်ျ့မှာဖြစ်စေ၊ မြန်မာနိုင်ငံမှာဖြစ်စေ မည်သည့်အရပ်ဒေသမဆို ရှမ်းလူမျိုးသည် ရှမ်း လူမျိုး၊ မောဂ်လူမျိုး (ယခုအခေါ် ရခိုင်)လူမျိုးသည် ရခိုင်လူမျိုးပါပဲ။၊ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးမဟုတ်၊ ရိုဟင်ဂျာသည် ရိုဟင်ဂျာဖြစ်သည်။ ဗမာလူမျိုးတယောက်သည် ထိုင်းနိုင်ငံသွားနေထိုင်လျှင် ဗမာထိုင်းလူမျိုးဖြစ်သွားပါမည်လော။
ရိုဟင်ဂျာလူမျိုးများ၏ ဘာသာ ဓလေ့ ထုံးစံ ယဉ်ကျေးမှု စကား အပြောအဆို စသည်တို့သည် ဘင်္ဂလားဒေခ်ျ့နိုင်ငံ စစ်တကောင်း ဒေသ ဘင်္ဂလီလူမျိုးများနှင့် ဆင်တူနေသည် စသဖြင့် ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာများကို အပေါ်ယံကြည့်၍ ကောက်ချက် ချ၍မရပေ။ ထိုသို့ အသွင် ပြောင်းလဲမှု ဖြစ်ရအောင် အဘယ်သူတို့က ပြုလုပ်စေခဲ့သနည်း။ အဘယ်အကြောင်း ကြောင့် ဘင်္ဂလီလူမျိုးကဲ့သို့ ဆင်တူဖြစ်နေရသနည်း။

ဤမေးခွန်း၏အဖြေ ကိုပေးရမည်ဆိုလျှင်အဖြေကား လွယ်ကူစွာ နားလည်နိုင်ပါသည်။ ယနေ့ရိုဟင်ဂျာလူမျိုးများ၏ သဘော သဘာဝကို အပေါ်ယံလေ့လာ၍ ဘင်္ဂလီလူမျိုး ဟူ၍ ကောက်ချက် မချသင့်ပါ။ မည်သို့သော လူမျိုးတစ်မျိုး မဆို ရေမြေတောတောင် အနေအထားအရ ပတ်ဝန်းကျင် လူနေမှု အပေါင်းအသင်း နှင့် ကူးလူးဆက်ဆံမှု အပေါ်တွင် မှုတည်နေသည်ကိုတွေ့ရပေမည်။ ထိုသို့ ခေတ်အဆက်ဆက်က မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သော ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံ အစိုးရက တခြားပြည်နယ်နေ တခြားတိုင်းရင်းသားများနှင့် ကူးလူးဆက်ဆံခြင်းကို ဥပဒေအရ သွားလာမှုကို အဟန့်အတား ဖြစ်စေရန် တားမြစ် ချုပ်ချယ်ထားခြင်း၊ မိမိတို့၏နေရင်းမြို့နယ်မှတစ်ခြားမြို့နယ်များသို့ ခရီးသွားလာခြင်းပိတ်ပင်ထားခြင်း၊ ပညာရေးကို သင်ယူလေ့လာခြင်းကို နည်းပရိယယ်အမျိုးမျိုးဖြင့် အဟန့်အတားဖြစ်စေရန်ပြုလုပ်ထားခြင်း၊ ရိုဟင်ဂျာလူမျိုးများကို တစ်ခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် နှီးနှော ဖလှယ် ၍ မရအောင် တနည်း အားဖြင့် ထိတွေ့မှု မရှိအောင် ဥပဒေအရ ဖိနှိပ်ချုပ်ချယ်ထားခြင်း စသည်တို့သည် ယနေ့အထိ ဖြစ်ပါသည်။ လူ့လောကတွင် လူသားတို့၏ ရုပ်ပိုင်း နှင့်နာမ်ပိုင်း ဆိုင်ရာများ မနုဿဗေဒအရ အတွင်း ကျကျ လေ့လာမှသာ တိကျသော အဖြေကို ရရှိနိုင်ပေမည်။ ယနေ့ရိုဟင်ဂျာလူမျိုးများ၏ ဘဝဖြစ်စဉ်ကို ဥိးသန်းစိန်၏ပြောကြားချက်အရ Third Generation နိုင်ငံသား ဖြစ်သည် အထိ မဟုတ်ပဲ ဘိုးဘေး ဘီဘင် ကို လေ့လာဆန်းစစ်ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံ ခေတ်အဆက်ဆက်တွင် လူမျိုးတစ်မျိုးကို လူမျိုးတုန်း အမျိုးပြုတ် ဖြစ်သွားအောင် လုပ်လိုသည့် အ တွက် နိုင် ငံတော် မှ မကောင်းဆိုးဝါး ပေါ်လစီများကို ရေရှည် ချမှတ်ကာ ဘက်ပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်လာခဲ့သောကြောင့် ဘင်္ဂလီကဲ့သို့ အသွင်ပြောင်းနေခြင်း ဖြစ်ပါသည်။ ဖိနှိပ်ချုပ်ချယ်နေ သည်ဟုဆိုရာ၌ ဥပမာအားဖြင့် ဆိုရလျှင် လူနာတစ်ယောက်ဆေးကုသရန်လိုသည် ဆိုပါက ၎င်းလူနာလက်ဝယ်တွင် မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထားခိုင်လုံစွာရှိသော်ငြားလည်း ပြည်မသို့သွားရောက်၍ ဆေးကုခွင့်မပေးပဲ ပြည်မနှင့် ထိတွေ့မှုမရှိစေရန် အောက်ခြေမှ အာဏာပိုင် အဖွဲ့အစည်းများဖြင့် ကွဲခြား အုပ်ချုပ်မှုဖြင့် အဟန့်အတားပြုစေပြီး ထိုအထောက်အထားများဖြင့် ဘင်္ဂလားဒေခ်ျ့နိုင်ငံသို့ လွယ်လင့်တကူသွားခွင့်ပေးခြင်းမျိုးကဲ့သို့သော အဘက်ဘက်မှ ဘင်္ဂလီလူမျိုး များ၏ ရိုးရာ ဓလေ့ထုံးစံများ ရိုဟင်ဂျာလူမျိုးများထံ လွှမ်းမိုးလာအောင် ထိုကဲ့သို့သော အကွက်များဆင်ပေးခြင်းဖြင့် ယခုကဲ့သို့ ဘင်္ဂလီဟူ၍ပြောဆိုနိုင်ရန် နှစ်ရှည်စီမံကိန်းများ ရေးဆွဲ၍ လုပ်လာ သည်မှာ နိုင်ငံတော် ဝန်ထမ်းများထမ်းဆောင်ခဲ့သော ပခုံးပြောင်း တာဝန်ဖြစ်ပေသည်။

ထို့ကြောင့် ယနေ့မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများသည် တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်ပါလျက်နှင့် ရာစု နှစ်ပေါင်းများစွာကြာလေ၊ အသွင်ပြောင်းလေ ဖြစ်လာသောကြောင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ၏အမြင်တွင် ဘင်္ဂလီလူမျိုးများကဲ့သို့မြင်နေကြရခြင်းဖြစ်ပေသည်။ အမှန်မှာ Arakan History (အခုအခေါ် ရခိုင်သမိုင်း) တွင် ရိုဟင်ဂျာလူမျိုးများကို အစ္စလာမ် ဘာသာဝင် မူဆလင် များဟူ၍ အေဒီ ၈ ရာစုကပင် တွေ့ရကြောင်း သမိုင်းသုတေသီများကဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။ အများအားဖြင့် ပြည်တွင်းပြည်ပ နိုင်ငံရပ်ခြား သမိုင်းသုတေသီများ ရခိုင်သမိုင်းကို ရေးသားရာတွင် ထိုခေတ် ထိုအချိန်မှစ၍ ဘာသာကွဲလူမျိုး များရှိကြောင်း၊ ဘာသာကွဲဆိုရာ၌ ဗုဒ္ဓဘာသာကို ကိုးကွယ်သော မောဂ် လူ မျိုး ( ယခုအခေါ် ရခိုင်လူမျိုး) များနှင့် အခြား မျိုနွယ်စု တောင်ပေါ်တိုင်းရင်းသားများ၊ အစ္စလာမ်ဘာသာကို ကိုးကွယ်သော မူဆလင်လူမျိုးများ ဟူ၍ ဖေါ်ပြထားထားသည်ကိုတွေ့ရသည်။ ဤသို့ မူဆလင်လူမျိုးများဟု ဖေါ်ပြခြင်းမှာ ဘာသာခြားလူမျိုးသမိုင်း သုတေသီများက ဒေသတစ်ခုမှ လူမျိုးအသီးသီး၏ လူမျိုးအမည်များဖေါ်ပြရာတွင် အစ္စလာမ်မဟုတ်သော လူမျိုးများ၏အမည်များကို များသောအားဖြင့် ဖေါ်ပြလေ့ရှိပြီး အစ္စလာမ်ဘာသာကိုကိုးကွယ်သော မူဆလင်များ ၏မူရင်းအမည် များကိုမဖေါ်ပြပဲ မူဆလင်လူမျိုးများဟုဖေါ်ပြလေ့ရှိသည်။ အမှန်စင်စစ် အစ္စလာမ်ဘာသာကို ကိုးကွယ်သူတိုင်းသည် မူဆလင်များဖြစ်သောကြောင့် ဖြစ်ပါသည်။ မူဆလင်သည် လူမျိုးမဟုတ်ပါ။

ယနေ့ မောဂ်လူမျိုး (ရခိုင်လူမျိုး) များသည် Arakan ဒေသ၏မူရင်းတိုင်းရင်းသားများမဟုတ်ပါ။ ထိုခေတ်ထိုအချိန်တွင် ချန္ဒြား (စန္ဒြား)မင်းဆက် ဟိန္ဒူ လူမျိုးများဖြစ်ပေသည်။ ဤအဆိုကို မည်သူမှငြင်း၍ ရမည်မဟုတ်ပါ။ ယနေ့ ရခိုင် မောဂ်လူမျိုးများသည် အိန္ဒိယတိုက်ငယ် “မာဂဓ” ဒေသမှ Arakan ဒေသသို့ ရေကြည်ရာမြက်နုရာ ဒေသအလိုက်ရွှေ့ပြောင်း အခြေစိုက်ရောက်ရှိလာခြင်းပင်ဖြစ်သည်။ ထိုဒေသတွင် မူရင်း ဌာနေ တိုင်းရင်းသားများ၏ဒေသနယ်မြေများကို အပိုင်စီးယူခြင်းပင်ဖြစ်ပါသည်။ ထိုအချိန်တွင် တိုင်းရင်းသား နိုင်ငံသားဟူ၍ ကွဲခြားမှုမရှိခဲ့ပါ။

အေဒီ ၈- ရာစု နောက်ပိုင်း အာရဗ်ကျွန်းဆွယ်မှ အစ္စလာမ်ဘာသာထွန်းကား လာချိန်တွင် အာရဗ်ကုန်သည် များမှ Arakan ဒေသ မူရင်းဌာနေ နေ ဟိန္ဒူလူမျိုးများသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားစေပြီး၊ အစ္စလာမ် ဘာသာဝင် မူဆလင်များဖြစ်လာသကဲ့သို့၊ ထိုနည်းတူ ယနေ့ ဘင်္ဂလီလူမျိုးများသည် ထိုခေတ် ထိုအချိန်တွင် ဘင်္ဂလားဒေသတွင်နေထိုင်သော သူများသည် ဟိန္ဒူလူမျိုးများ ဖြစ်ပြီး အစ္စလာမ်ဘာသာ ထွန်းကားချိန်တွင်အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသော မူဆလင်များပင်ဖြစ်ကြသည်။ ထိုသို့ ဘင်္ဂလား ဒေသကို အစွဲပြု၍ ထိုဒေသတွင်နေထိုင်သော သူများကို ဘင်္ဂလီလူမျိုးဟု ယနေ့အထိ ခေါ်ဆိုနေပြီး၊ ယနေ့ ရိုဟင်ဂျာများကို Arakan ဒေသတွင် အာရဗ်ဘာသာစကား “ရာဟာမ်” “ရိုဟင်ချောရ်” ကိုအစွဲပြု၍ ထိုဒေသတွင် နေထိုင်သော သူများကို ရိုဟင်ဂျာ ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

ယနေ့ ရခိုင်လူမျိုးများသည် အိန္ဒိယတိုက်ငယ် မာဂဓ ဒေသမှ ရွှေ့ပြောင်း လာရောက် အခြေချ နေထိုင်သူများသည် မောဂ်လူမျိုး မဖြစ်ပဲ ရခိုင်ပြည်နယ် ရခိုင် တိုင်းရင်းသား စစ်စစ်ဖြစ်နိုင်လျှင်၊ ထိုခေတ် ထိုအချိန်မှ စန္ဒြားမင်းဆက်မျိုးနွယ်ဟိန္ဒူဘာသာဝင်များ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသူ မူဆလင်များသည် Arakan Region ရခိုင်ပြည် တိုင်းရင်းသား မဖြစ်နိုင်ခြင်းမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ခြင်းတစ်ခုတည်းကြောင့်သာဖြစ်သည်ကို ဘာသာရေးလွတ်လပ်ခွင့် ရှိ မရှို တွေဝေ စဉ်းစား ဆင်ခြင်နိုင်ပါရန် တင်ပြလိုက်ပါသည်။
စောလွင် ( ရန်ကုန်တက္ကသိုလ်)

Relative articles

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)

Posted by danyawadi

မနက်ဖြန်(၂၀-၂-၂၀၁၃)နေ့တွင် လွှတ်တော် ရိုဟင်ဂျာလူမျိုးရှိပါသလား ဟု မေးခွန်းထုတ်ရန်ရှိကြောင်း၊ သို့အတွက် ရိုဟင်ဂျာအကြောင်း ဂဃဏန မသိရှိသူတွေ ရိုဟင်ဂျာ အသေးစိတ်ဖြေကြားနိုင်မည် မ ဟုတ် ပေ။ ရိုဟင်ဂျာအကြောင်းကို လွတ်တော်မှာမေးရမည့်မေးခွန်မဟုတ်။ သမိုင်းဌာနကို မေးမြန်းရမည်ရမည့်မေးခွန်းဖြစ်သည်။ ရိုဟင်ဂျာအထောက်အထားများ၊ အချက်အလက် အမြောက် အများ ရှိရာ အချို့ ကိုဖတ်ရှုလေ့လာ နိုင်(လင့်) များကိုတင်ပြပေးပါသည်။၎င်းလင့်များကို အသေးစိတ်လေ့လာကြည့်ပါ။

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ ၀န်ကြီးဦးနု လက်အသိအမှတ်ပြုခြင်း၊အသံလွင့်ရုံမှာ အသံလွင်ခြင်းစွယ်စုံကျမ်း အတွဲ(၉) မှာ ရိုဟင်ဂျာအကြောင်း ဖေါ်ပြထားခြင်းမေယုခရိုင်မှာ ရိုဟင်ဂျာလူမျိုးကိုသီးခြား ရိုဟင်ဂျာ  နေထိုင်ဒေသအဖြစ်မေယုဒေသကိုသတ်မှတ်ခြင်း၊ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ခြင်း—  စသော အထောက်အထားမြောက်များစွာရှိကြောင်းအသိလိုပါသည်။

ဘင်္ဂလားမှ မွတ်စလင်ဘုရင်များ ရခိုင်ပြည်ထီးနန်းကို အုပ်ချုပ်မင်းလုပ်ခဲ့ သည့် သမိုင်းအထောက်အထားများ ရှိပါသည်။ သမိုင်းကိုမေ့ဖျောက်ပစ်၍ မရနိုင်ပါ။မွတ်စလင်မ်တို့က ဘာသာတရား၏သန့်ရှင်းစင်ကြယ်မှု၊ ရိုးသားမှု၊ လွတ်လပ်သော အတွေး အမြင်၊ ကြင်နာမှုတို့ဖြင့် ဒေသခံတိုင်းရင်းသားလူမျိုးများအား စည်းရုံး ခဲ့ကြသည်။၁၅-ရာစုအစပိုင်း ၁၄၀၄-ခုနှစ်တွင် ရခိုင်ဘုရင် နရမိတ်လှ (Gour)ဂေါရ်သို့ ရောက်ရှိ ခိုလုံသည်မှစတင်ကာ ဘင်္ဂလားနှင့်ရခိုင်တို့ ယဉ်ကျေးမှု စတင်ဆက်နွှယ်ခဲ့သည်။

၁၄၃၀-ခုနှစ်တွင် ဘင်္ဂလားဘုရင် ဂျလာအူဒင်က ရခိုင်ဘုရင်နရမိတ်လှ ထီးနန်းပြန်လည်ရရှိရေးအတွက် အကူအညီပေးခဲ့သည်။ ထို့နောက်မှစပြီး ရခိုင်တွင် ဘင်္ဂလီယဉ်ကျေးမှု အမြစ်တွယ်လာသည်။

စစ်တကောင်းပြည်နယ်ကို ရခိုင်ပြည်နယ်အတွင်းသို့ သိမ်းသွင်းလိုက်သည့်အခါ ရခိုင်ပြည်တွင် ဘင်္ဂလီယဉ်ကျေးမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်။ နိုင်ငံရေးအရ ရခိုင်က စစ်တကောင်းကို အောင်နိုင်သော်လည်း ယဉ်ကျေးမှု၊ ဘာသာစကားအရ ဘင်္ဂလားက ရခိုင်ကို လွှမ်းမိုးခဲ့သည်။ အရည်အချင်းပြည့်ဝသော ဘင်္ဂလီများကို အစိုးရ အဖွဲ့တွင် ခန့်ထားသည်။

ပြည်သူအားလုံးက ဘင်္ဂလီစာပေ၊ ဘာသာစကားတို့ကို နှစ်သက်ကြသည်။ ၁၇-ရာစုတွင် နန်းတက်သော ရခိုင်ဘုရင်အများစုသည် ဘင်္ဂလီ စကားကိုကျွမ်းကျင်ကြသည်။

၁၇-ရာစုသည် ရခိုင်ပြည်တွင် ဘင်္ဂလီစာပေ၊ ဘာသာစကား အထွန်းကားဆုံးခေတ်ဟု ဆိုရမည်ဖြစ်ပါသည်။

ရခိုင်ဘုရင်များသည် သူတို့၏ ဘွဲ့အမည်၊ မွတ်စလင်အမည်များရှေ့မှ သီရိသုဓမ္မ၊ စန္ဒသုဓမ္မကဲ့သို့သော ဘွဲ့အမည်များကိုလည်းသတ်မှတ်ခေါ်ဝေါ်ကြသည်။

အေအက်ဖ်ခေ ဂျီလာနီ၏ Rohingyas of Arakan (Quest for Their Justice) စာအုပ်မှ ဖြစ်ပါတယ်။ ဒီစာအုပ်မူရင်းကတော့ မရှိတော့ပါ။ ရှိသူများ Share ပေးကြပါ။ စာရေးသူဟာ ဘင်္ဂလားဒေရှ်နိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ဟောင်းတစ်ဦးမှ လေ့လာလိုသည့်အတွက် ဤစာတမ်းအား ရေးသားပြုစုပေးခဲ့သည်ဟု သိရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတွင် မောင်းတောမြို့နယ်ကိုယ်စားပြု NLD ပါတီ အမတ်လောင်းအဖြစ် ၀င်ရောက် အရွေးခံခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်။ Comments များကို လူသားဆန်စွာ ရေးသားပါ။ အကြောင်းအရာနှင့် သက်ဆိုင်သည်ကိုသာ အဓိကထား၍ ရေးချင် ရေးကြပါ။ ရိုင်းစိုင်းပါက/ရိုင်းစိုင်းသည်ဟု ထင်ပါက သတိပေးချင်ပေးမည်။ မပေးချင်ကလဲ Ban မည်။

၁၇၉၉ ခုနှစ်ကတည်းက ရိုဟင်ဂျာ အမည်နှင့်လူမျိုးရှိကြောင်း Hot News ဂျာနယ်ကချေပ …

မြန်မာသမိုင်းတွင်ရိုဟင်ဂျာများသည် တိုင်းရင်းသားလူမျိုးစုတခုအဖြစ်ရပ်တည်ခဲ့

Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက် တိုင်းရင်းသား၊နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့်စာတမ်း …

အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲ တွင် NDPD ပါတီမှ ဦးသာအေး၏မေးမြန်းချက်အချို့ တာဝန်ရှိသူမှဖြေကြားနိုင်ခြင်းမရှိ ..

ရိုဟင်ဂျာသည် မြန်မာမွတ်ဆလင် | ဌေးလွင်ဦး

ဒေါ်စုဖြေကြားပေးပါ။ … NLD လဲစည်းကျော်ပြီး ဘင်္ဂါလီ သုံးနုန်းတာ ကိုကန့်ကွက်ပါတယ် .

ဒေါ်စုဖြေကြားပေးပါ – (၂)။ NLD ပါတီဝင်ကဒ်ပြား၌ ရိုဟင်ဂျာ၊အစ္စလာမ်ရေးထားပြီးဘင်္ဂါလီဟု ဘာကြောင်းခေါ်သလဲ …

ရိုဟင်ဂျာများကိုဘင်္ဂါလီဟု သတ်မှတ်ရသည့်အကြောင်းရင်း …

၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်းမငြင်း နိုင်သောသက်သေအထောက်အထား …

၂၃။ – ရိုဟင်ဂျာအကြောင်း – By Dr. Swapna Bhattacharya (Chakraborti)

ရိုဟင်ဂျာ လူမျိုးနွယ်စုသည် l၊တိုင်းရင်းသား နှင့် မြန်မာမျိုးနွယ်စု ဟုတ်မဟုတ် ဓါတ်ခွဲ စမ်းသပ်ခြင်း….

(၂၉-၁၀-၂၀၁၂)ည(၇း၀၀)ခရိုင်အုပ်ချုပ်ရေးမှူးရုံး တွင်ဒုတိယဗိုလ်ချုပ်ကြီးလှမင်း (က စ ထ၊ န ပ ခ၊ တ ပ ခ၊ န တ ခ) + ဦးလှမောင်တင်(ဝန်ကြီးချုပ်) တို့ ၏ အစည်းအဝေးမှတ်တမ်း …

“ရိုဟင်ဂျာ” | ဌေးလွင်ဦး

၁၄ ရာစုနှင့် ၁၅ ရာစုကာလ က ရခိုင်ပြည်သည် သီးခြားမွတ်ဆလင် နိုင်ငံအဖြစ်ရှိခဲ့ …

ရိုဟင်ဂျာအကြောင်းဝေဖန်သူအေးသိန်သို့ပြန်ကြားခြင်း

ရခိုင်မှာ မူလဒေသခံက ဘယ်သူလဲ | ဌေးလွင်ဦး

AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

၁၉၆၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ ရန်ကုန်နေ့စဉ်သတင်းစာတွင် ဖော်ပြထားသော ရိုဟင်ဂျာတိုင်းရင်းသား အစီအစဉ် …

အစွန့်ရောက်အ၀ကျွန်းသား ဒေါက်တာအေးမောင် မြန်မာနိုင်ငံသားမဟုတ်ပါ။

မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ ကံကြမ္မာ

၁၉။ -တစ်ချိန်ကရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

ရိုဟင်ဂျာလူမျိုးတရားဝင်ရပ်တည်ခဲ့စဉ်က ထုတ်ဝေခဲ့သော ရိုဟင်ဂျာ သတင်းစာ

၂၀။ – ရိုဟင်ဂျာ Rohingya လူမျိုး (၇၊၈၊၉၊၁၀ – တန်းပထ၀ီဝင်)စာအုပ်တွင်ပြဌာန်းထား

ရိုဟင်ဂျာပြသနာ၊ လူ့ အခွင့်အရေးနှင့် အမျိုးသား ဂုဏ်သိက္ခာ။ အောင်ထူး (ရှေ့နေ)

Badder Makan,Akyab (စစ်တွေမြို့ရှိ သူတော်စင်ဗုဒ်ဒေါ်မော်ကန်)

ရခိုင်ရှေးဟောင်းကျောက်စာတွေမှာရေးထားတဲ့ ဘာသာစကား ရိုဟင်ဂျာများတို့ပြောဆိုနေသော ဘာသာစကားဖြစ် …

ဗြိတိသျှရေးတဲ့ ရခိုင်ပြည်နယ်အကြောင်း လျှို့ဝှက်အစီအရင်ခံစာ (1826)

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရိုဟင်ဂျာ ဝေါဟာရ ရှိခဲ့ကြောင်းသမိုင်းအထောက် အထားအရခိုင်လုံ ………..

မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၂) “မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၂)”

اَلْسَلَامُعَلَيْكُمْ
သင်တို.အပေါ်၌ ငြိမ်းချမ်းသာယာမှုအပေါင်း အလ္လာဟ့်ထံမှ ရရှိပါစေ။
အလ္လာဟ်အရှင်မြတ်နာမတော်ဖြင့် အစပြုပါ၏
 “မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၂)”  ကို မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၂) အဖြစ် ဆက်လက်ဖော်ပြပါတော.မည်။
Muslims  and the program of Mosque Tour Guide – Part 22
ယခုအပါတ်တွင်မြန်မာပြည်အလည်ပြန်ခရီး- ၂၀၁၃ ဇန္နဝါရီ ၂၄ ရက်နေ.မှ ဖေဖော်ဝါရီ ၁ရက် – ၉ ရက်အကြာ မြို.ကြီး ၅ မြို.ခရီးစဉ်၌  မန္တလေးမြို.မှ စစ်ကိုင်းမြို.သို.အသွား လမ်းခရီးတစ်ထောက်ဖြစ်သည့် ဦ့းပိန်တံတားကြီးရှိရာ တောင်သမံအင်း ပတ်လည်လမ်းမကြီးမှ ကားဖြင့်ဝင်ကာ အမရပူရ ရပ်ကွက်များသို.ဖြတ်လျက် လင်းဇင်ကုန်းကဘာန်စတန်ဝင်းသို. သွားရောက်ခဲ.ကြသည်ကို ဖော်ပြပါမည်။
မစဂျဒ်ဟိုစိုင်နီ ဘိုးတော်ဗလီကြီးကို ၁၉၆၈ ခုနှစ်ဟု ရေးထိုးထားသော်လည်း ဤသည်မှာ ပြန်လည်မွမ်းမံသည့်နှစ်သာဖြစ်နိုင်ပြီး တည်ဆောက်ထားခဲ့ အုတ်ခဲ့ချပ်တို.ကြည့်ခြင်းအားဖြင့် ရှင်ဘုရင်လက်ထပ်ကတည်းက ရှိနေပြီးသားဟု ခန်.မှန်းရပါသည်။
ဗလီကြီး၏ အရှေ.မြောက်ဘက်ဒေါင့်က အညာဒေသ သဘာဝသောက်သုံးရေတွင်းနောက်ခံရှု.ခင်းဖြင်.မြင်ရသည်.အဆိုပါ ရှေးဗလီမှာ လွမ်းဖွယ်ရာ အငွေ.အသက်များရစ်ပတ်ဝိုင်းနေသလိုများဟု ထင်စရာပင်ဖြစ်ပါသည်။ အနီးအနားဝန်းကျင်မှ မွတ်စလင်မ်အချို.က လာရောက်ပြီး ငါးကြိမ်ဆွလာသ်မှန်မှန်ဝတ်ပြုသူရှိဖို.အားဖြည့်နေရသည်ဟု အနားအိမ်မှတဆင့်သိခဲ့ရပါသည်။ နမားဇ်ဖတ်သူမလာလို. ပိတ်ထားရသည့်အခါလည်းရှိကြောင်းသိခဲ့ပါသဖြင့် အတော်စိတ်မကောင်းဖြစ်မိလိုက်ခဲ့ပါသေးသည်။
မစဂျဒ်ဟိုစိုင်နီ ဘိုးတော်ဗလီကြီး ရောက်ရှိခဲ့ပြီး တဆက်တည်းလမ်းလျှောက်ဝင်သွားကာ
သခင်ကြီးဦးနု၊ မြို.ဝန်ဘိုင်ဆပ်၊ ဦးပိန်တို.နှင့်တကွ အာရဝါဟ်များအတွက် ကဘာန်မြေပုံတို.မှာ ဇေယာဒသ်ပြုခဲ့ပါသည်။
ရမ္မာဝတီမြို.ဝန် ရွှေတောင်သာဂသူဘွဲ.ရ ကျမ်းပြုစာဆိုတော်ဆရာကြီးဦးနု ဂူဗိမာန်တွင် အမှတ်တရ။
နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက မြန်မာမွတ်စလင်မ် (အစ္စလာမ့်ရေးရာ) ကျမ်းပြုစာဆိုတော်ပေါ်ပေါက်ခဲ့သည်ကို သမိုင်းမှတ်တိုင်တည်ခဲ့ပါပြီ။
ဤခရီးစဉ်တွင်အတူလိုက်ပါရင်း အလှည့်ကျ ဓါတ်ပုံမှတ်တမ်းယူပေးခဲ့သူ ညီမောင်တစ်ဦးနှင့် တူတော်မောင်တစ်ယောက်လည်းအမှတ်တရပါ။
နောက်ဆုံးမှာ မြန်မာရှင်ဘုရင်ကိုယ်တိုင်က အစ္စလာမ်သာသနာပိုင်ခံအပ်ခြင်းခံခဲ့ရသော   အာဗစ်ရှားဟိုစိုင်နီ သခင်ကြီး၏  အောက်ပါ သချိင်္ုင်းတော်ဗိမာန်သို. ဝင်ခဲ့ကာ ဆုတောင်းဒိုအာများပြုခဲ့ကြပါသည်။
သူတောင်စဉ်သခင်ကြီး၏ အထုပတ္တိကျောက်စာချပ်လည်း ဖတ်မှတ်လေ.လာနိုင်ပါသည်။
သူတော်စဉ်ကြီး ဂူဗိမာန်တော်
ဇေယာရသ်ဖွာတေယာ ဖတ်ရွတ်ခဲ့ကြစဉ်
မြန်မာရှင်ဘုရင် ဘိုးတော်ဘုရား၏ အစ္စလာမ်ဘာသာဝင်တို.အတွက် သခင်ကြီးအား သာသနာပိုင်အဖြစ်ခန်.အပ်သည့် အမိန်.တော်။
အုပ်ချုပ်ရေးဂေါပကလူကြီးရှင်းပြချက်အရ ဤမြေကွက်၏ ယခင်နေရာ-(စကားဝါ)ပန်းခြံတွင် သခင်ကြီးက မွေ.ပျော်ကိန်းစက်ချင်သည်မိန်.ခဲံ့ဘူးပါသဖြင့် အဆိုပါဆန္ဒအကောင်အထည်ပေါ်စေရန် ၎င်းမြေကွက်ဝယ်ယူလှူဒါန်းပေးခဲ့သူ ပုဏ္ဍားဝန်မင်း၏ ဂူဗိမာန်ငယ်ကိုလည်း သခင်ကြီး၏ အုတ်ဂူတော်ဘေးတွင် အတူတူတည်ရှိနေလျက်ပါ။
သူတော်စဉ်ဗိမာန်တော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်သည့် ကုသိုလ်အလုပ်ပြုပေးနေသူ လူကြီးအချို.နှင့် စုံခဲ့စဉ် အာဗစ်ရှားဟိုစိုင်နီသခင်၏ ဂူရှေ.အမှတ်တရ။
အဆိုပါ သူတော်စသ်တို. ကိန်းဝတ်ခိုနားရာ ဂူဗိမာန်တော်တွေ တစုတစည်းတည်းရှိပြီး ရှေးဟောင်းဗလီကြီးလည်းရှိသော ဤ လင်းဇင်ကုန်းကဘာရ်စတာန်ကြီးအား အဓိက စောင့်ရှောက်ထိန်းသိမ်းပေးကာ အမြဲမပြတ်ဆိုသလို သူငါအများသွားရောက် ဇေယာရသ်ပြု ဖွာတရာဖတ် ဒိုအာဆုတောင်းပွဲများ ဦးဆောင်ကျင်းပသော ဃရာနာ အစ္စလာမ်သာသနာ ပရမတ္တမိသားစုဝင် လူကြီးများ၏ ဓါတ်ပုံတချို.ကိုပါ တပါတည်း မှတ်တင်ယူခဲ.ပါကြောင်းတင်ပြရင်း
ဤသမိုင်းဝင်ရှေးဗလီကြီးနှင့် ဘိုးတော်ဘုရားလက်ထက်က မြန်မာမွတ်စလင်မ် သူတော်စဉ်ကြီးတို. အနားယူကိန်းအောင်းခဲ့ရာ ဗိမာန်နေရာကို အလည်ပတ်ပြုလေ.လာခဲ့ခြင်းအား
“မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၂)” ခေါင်းစဉ်အနေဖြင့်   အမှတ်တရ ဓါတ်ပုံမှတ်တမ်းများတင်ပြပေးလိုက်ပါတယ်။
မြန်မာပြည်တလွှား မွတ်စလင်မ်မိတ်ဆွေများနှင့် နိုင်ငံတကာရောက် မြန်မာမွတ်စလင်မ်များလည်း အခုလို ဗလီဧည့်လမ်းညွှန်လုပ်ငန်း၊ ဗလီများနှင့် ဆက်စပ်ပတ်သက်ရာ သမိုင်းဝင်အဆောက်အဦး၊ နေရာဌာနများသို. ကိုယ်တိုင်ကိုယ်ကျ လေ.လာခြင်း  အခန်းကဏ္ဍများမှာ ပါဝင်လေ.လာစေလို့ပါ၍ မျှဝေဖော်ပြပေးလိုက်ပါသည်။
ဤအမှတ်တရ အစီအစဉ်ကို အောင်အောင်မြင်မြင်အစအဆုံးသွားရောက်ပါဝင်လျက် သမိုင်းဝင် မှတ်တမ်းတင်ခွင်.ရခဲ့ပါ၍ အလ္လာဟ်အရှင်အား များစွာကျေးဇူးတင်အပ်ပါ၏။
ဒေါက်တာ အွရ်မာန်မြတ်မင်း
မှတ်ချက်
ဆက်လက်ပြီး ဤလုပ်ငန်းအကြောင်းဗဟုသုတများ မျှဝေပေးနိုင်ခွင့်ရပါစေ။ ဖတ်ကြည့်သူ၊ တင်ပြသူ၊ လာရောက်လေ.လာသူများအား အလ္လာဟ်အရှင် နှစ်သက်လက်ခံသဘောတော်မူကာ အခက်အခဲများမှ ဝေးလျက် အကူအညီများရပါစေ။
အပိုင်း (၂၁) သိနိုင်ရန် အောက်ပါ ပူးတွဲ အွန်လိုင်းလိပ်စာကို ကလစ်နှိပ်ပြီး သွားကြည့်၊ အသေးစိတ်သိနိုင်ပါသည်။
                                                             ဒေါက်တာအွန်မာရ်ခံစားတင်ပြသည်။

ဗလီကို ချစ်သူများ၏ နေ.တနေ. / မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၃) “မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၃)”

اَلْسَلَامُعَلَيْكُمْ
သင်တို.အပေါ်၌ ငြိမ်းချမ်းသာယာမှုအပေါင်း အလ္လာဟ့်ထံမှ ရရှိပါစေ။
အလ္လာဟ်အရှင်မြတ်နာမတော်ဖြင့် အစပြုပါ၏
 “မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၃)”  ကို မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၃) အဖြစ် ဆက်လက်ဖော်ပြပါတော.မည်။
Muslims  and the program of Mosque Tour Guide – Part 23
ယခုအပါတ်တွင်မြန်မာပြည်အလည်ပြန်ခရီး- ၂၀၁၃ ဇန္နဝါရီ ၂၄ ရက်နေ.မှ ဖေဖော်ဝါရီ ၁ရက် – ၉ ရက်အကြာ မြို.ကြီး ၅ မြို.ခရီးစဉ်၌  ၂၈.၀၁.၂၀၁၃ တွင် မန္တလေးမြို.မှာ ဗလီ ချစ်သူများ၏နေ. နေ.တနေ. အဖြစ် မှတ်တမ်းတင်ထိုက်ဖွယ်ရာ ခေတ္တ အလည်သွားရောက်နိုင်ခဲ့ဖွယ် အကြောင်းကို ဖော်ပြပါမည်။
မြို.ခံ ဦးလေးသားချင်းများဆီမှာ တစ်ညအိပ်ပြီးမနက် သူ.သမီးနှင်.သားတို.ရဲ. မန္တလေးတခွင် ဘယ်လိုက်ပို.ပေးရမလဲမေးစဉ် ဗလီဧည်.လမ်းညွှန်လုပ်ငန်းလုပ်အားပေးပီသစွာ မြန်မာ မွတ် စလင်မ်သမိုင်း အထောက်အထားခိုင်မာ ဗလီများဆီ အမှတ်တရ လည်ချင်ပါသည် တောင်းဆိုခဲ့၍ အလ္လာဟ်အရှင်သဘောတူညီမှုဖြင့် ရောက်ခဲ့သမျှ ဤမှတ်တမ်းပြု ခဲ့နိုင်ပါပြီ။
တည်းအိမ်မှာ မနက်စာ မန်းလေးစားဖွယ်ရာစုံ စားသောက်အပြီး ဦးစွာ မေမေဘက်မှ အဒေါ်များ၊ ညီမဝမ်းကွဲများနှင်. မျိုးဆက်သစ် တူ/တူမများထံခေတ္တသာစုံတွေ.နိုင်ခဲ့သော်လည်း အနားရှိ မန္တလေးမြို.၏ ကျောက်ဗလီ ရှေ. လိုက်ပို.ကား ခဏရပ်ထားခိုင်းပြီး ဝင်လည်ကြည့်ဖြစ်စဉ်က မှတ်တမ်းပုံများပါ။
ဗလီကြီးရှေ. အမှတ်တရနှင်. ဗလီအတွင်းဝင်းထဲက မှတ်တမ်းပုံများပါ။
ကျောက်ဗလီက အထွက် လမ်းတွင် ဖြတ်သန်းခဲ့စဉ် ရှေးလက်ရာ မိုနာရာစင်ဖြင်. ပေါ်လွင်လှပနေသော ဗလီတစ်လုံး၏ အပြင်ရှု.ခင်း၊ အတွင်း အမြင်များဖြင်. ပကတိ မန်းလေးသား မွတ်စလင်မ်တို.ဘဝ ဆွလာသ်ဝတ်ပြုရာဌာန၏ မှတ်တမ်းတချို.ပါ။
မန်းလေးမြို. ပန်းသေး (တရုတ်မြန်မာမွတ်စလင်မ်) ဗလီကြီးဆီ အလည်ရောက်ခဲ့စဉ် မှတ်တမ်းများ
၁၈၆၈ ခုနှစ် (တနည်း) ပြီးခဲ့သော နှစ်ပေါင်း ၁၄၅ နှစ်ကတည်းက တည်ဆောက်ခဲ.သော မြန်မာမွတ်စလင်မ် သမိုင်းဝင် ပန်းသေးဗလီကြီး ကျောက်စာ နှင်. အမှတ်တရ ကျွန်တော်တို. ဇနီးမောင်နှံ။
ဤခရီးစဉ်အစအဆုံး ကြည်ဖြူစွာ လိုက်ပါပို.ဆောင်ပေးခဲ.သူ ညီမ၊ မောင်လေးတို.နှင်. အတူ ပီတိဖြစ်နေသူ မလေးရှားခေတ္တရောက် အမတို. အမှတ်တရ။
မှတ်ချက်။  ကျန်ရှိပုံများကို မကြာမီ တင်ဆက်ပေးပါဦးမည်၊ ဗလီချစ်သူများ၏ နေ.တနေ.ကို အများသူငှာတို.လည်း အလားတူ ရကြပါစေ။
ဤသမိုင်းဝင် ရှေး မန်းလေးဗလီကြီးများသို. ဗလီချစ်သူများ၏ နေ.တစ်နေ. ဟု ဆိုစမှတ်ပြုလောက်အောင် အလည်ပတ်ပြုလေ.လာခဲ့ခြင်းအား
“မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၃)” ခေါင်းစဉ်အနေဖြင့်   အမှတ်တရ ဓါတ်ပုံမှတ်တမ်းများတင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
မြန်မာပြည်တလွှား မွတ်စလင်မ်မိတ်ဆွေများနှင့် နိုင်ငံတကာရောက် မြန်မာမွတ်စလင်မ်များလည်း အခုလို ဗလီဧည့်လမ်းညွှန်လုပ်ငန်း၊ ဗလီများနှင့် ဆက်စပ်ပတ်သက်ရာ သမိုင်းဝင်အဆောက်အဦး၊ နေရာဌာနများသို. ကိုယ်တိုင်ကိုယ်ကျ လေ.လာခြင်း  အခန်းကဏ္ဍများမှာ ပါဝင်လေ.လာစေလို့ပါ၍ မျှဝေဖော်ပြပေးလိုက်ပါသည်။
ဤအမှတ်တရ အစီအစဉ်ကို အောင်အောင်မြင်မြင်အစအဆုံးသွားရောက်ပါဝင်လျက် သမိုင်းဝင် မှတ်တမ်းတင်ခွင်.ရခဲ့ပါ၍ အလ္လာဟ်အရှင်အား များစွာကျေးဇူးတင်အပ်ပါ၏။
ဒေါက်တာ အွရ်မာန်မြတ်မင်း
မှတ်ချက်
ဆက်လက်ပြီး ဤလုပ်ငန်းအကြောင်းဗဟုသုတများ မျှဝေပေးနိုင်ခွင့်ရပါစေ။ ဖတ်ကြည့်သူ၊ တင်ပြသူ၊ လာရောက်လေ.လာသူများအား အလ္လာဟ်အရှင် နှစ်သက်လက်ခံ သဘောတော်မူကာ အခက်အခဲများမှ ဝေးလျက် အကူအညီများရပါစေ။
အပိုင်း (၂၁) သိနိုင်ရန် အောက်ပါ ပူးတွဲ အွန်လိုင်းလိပ်စာကို ကလစ်နှိပ်ပြီး သွားကြည့်၊ အသေးစိတ်သိနိုင်ပါသည်။
                                                                    ဒေါက်တာအွန်မာရ်ခံစားတင်ပြသည်။

ဒီအချိန်မှာမွတ်စလင်မ်တိုင်းအတွက် အကောင်းဆုံးဖြေရှင်နည်း။

လေးစားအပ်တဲ့မွတ်စလင်မ် ညီအစ်ကိုမောင်နှမအပေါင်းတို့ အလ္လာဟ်ဟူအရှင်မြတ်ကရုဏာတော် ကျရောက်ပါစေ၊ ဒီအချိန်မှာ ကျွန်တော်နဲ့အတူမွတ်စလင်ညီအစ်ကိုမောင်နှမများ ပူဆွေးသောကရောက်နေကျလိမ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။သီးခံမျိုသိပ်ကြပါအလ္လာဟ်အရှင်မြတ်အစားပေးတော်မူပါစေ၊ လေားကကမ္ဘာကိုပိုင်းစိုးတော်မူသောအရှင်သည် ဒီအတိုင်း ကြည့်နေ မည်မဟုတ်ပါ။
မနက်ထဲကအလွန်ပျော်ရွှင်ကြည်နူးသလို ခံစားနေရတဲ့ကျွန်တော်ဟာ ညနေငါးနာရီလောက်မှာတော့ စိတ်ညစ်စရာသတင်းဆိုးတစ်ခုကိုကြားလိုက်ရပါတယ်။ အဲဒီစိတ်နဲ့ဘာလုပ် လို့ဘာ ကိုင် ရမှန်းတောင်မသိဖြစ်ခဲ့ပါတယ်။စိတ်တွေညစ်လာတယ် ဒေါးသတွေထွက်လာ
တယ် ဖေစ်ဘုတ်ကိုကြည့်ပြီး ပိုဆိုးလာတယ်။ အရာရာကိုရိုက်ခွဲးချင်စိတ်တွေပေါ်လာတယ်။ အတွေးပေါင်များစွာနဲ့ စိတ်မတည်ငြိမ်မှုတွေဖြစ်လာခဲ့တယ် ဒီကိစ္စဟာကျွန်တော်အတွက် အလွန်ဆိုးဝါးတဲ့ အလွန်ရက်စက်တဲ့ အလွန်ယုတ်မာတဲ့ လူတစ်ယောက်လို့ ခံယူချင်တဲ့စိတ်တွေပေါ်ပေါက်ခဲ့တယ်။ အံကိုကျိတ်ပြီး ကျက်သိမ်းထ အမြတ်ကြီးထွက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း သူငယ်ချင်းတစ်ယောက်ရဲ့ဖေစ်ဘုတ်ပေါ်ကနေ ဖြေသိပ်ပေးမှုကိုခံယူရင်းနဲ့ ကျွန်တော်ရဲ့ဒေါးသတွေပြန်ပြေသွားခဲ့တယ်။ စိတ်ကနေသာထိုင် သာပြန်ရသွား တယ်၊ သူငယ်ချင်းကကျွန်တော်ကို ဖြောင်ချက်ပေးတယ် သူငယ်ချင်းတဲ့……………

ခွေးတွေကမင်းကိုကိုက်တယ်ဆိုရင် အဲဒီခွေးကိုမင်းဒေါးသထွက်မှာဘဲ မင်းဒေါးသထွက်လို့ မင်းအဲဒီခွေးကိုပြန်ကိုက်မလားတဲ့၊ ဟုတ်တယ် ခွေးတွေကိုက်ရင် အဲဒီခွေးတွေကို ကျွန်တော်ဘယ်ပြန်ကိုက်မလဲး။ ကျွန်တော်က ခွေးနဲ့ပြိုင်ကိုက်ရင် ကျွန်တော်ပါအဆင့်မရှိရာရောက်သွာမှာပေါ့ မဟုတ်ဘူးလား။ အဲဒီလိုအကြံပြုပေးတဲ့သူငယ်ချင်းကို ဒီဖေစ်ဘုတ် စာမျက်နှာ ကနေ ကျေးဇူးတင်ကြောင်းပြေားလိုက်ပါတယ်။

ကျွန်တော်တစ်ခုစဉ်းစားမိတာကဒီခွေးအာဏာရှင်တွေကဘာဖြစ်ချင်တာလဲဆိုတာဘဲ။ ဒါကသိပ်အရေးကြီပါတယ်။ မွတ်စလင်မ်တိုင်းနာလည် သဘေားပေါက်သင့်တဲ့ကိစ္စ အဲဒီကိစ္စကိုနားလည်သဘေားပေါက်ရင် တို့အောင်မြင်ကြလိမ်မယ်။

ဒီအချိန်မှာညီနောင်မွတ်စလင်မ်တွေ တစ်ခုဘဲသတိထားရှောင်ကျဉ်ဖို့လိုတယ်။ စိတ်ခံစားချက်တွေနဲ့ ဘာကိုမှမလုပ်မိပါစေနဲ့၊ တကယ်လို့ကိုယ်က စိတ်ခံစားချက်တွေ ကိုရှေ့တန်း တင်ပြီး လုပ်ချင်ရာလုပ်မိတဲ့အခါ ပြနာကအာဏာပိုင်တွေဖန်တီးတဲ့ဆက်ဝိုင်းထဲးရောက်သွားပါလိမ့်မယ်။ သူတို့ဖန်တီထားတဲ့အကွက်ထဲးရောက်သွားရင် မွတ်စလင်မ်ထုတစ်ရပ် လုံးနစ်နာ ဆုံးရှုံးရလိမ်မယ်။အဲဒါကိုလေးလေးနက်နက်ထားပြီးစဉ်းစားပါ

ဒီအချိန်မှာဗလီကိုဖျက်မယ်ဆိုရင်လည်း ဖျက်ခိုင်းလိုက်ပါ။ ဗလီကိုမီးနဲ့ရှုံမယ်ဆိုရင်လည်း ရှုံခိုင်းလိုက်ပါ၊ လုပ်ချင်တဲ့အတိုင်းလုပ်ပါစေ ကိုယ်ဘက်ကဘာပြသနာမှမလုပ်ပါနဲ့ ကိုယ်ဘက်ကနေပြန်ခုခံလို့ သူတိုဘက်ကလည်းတိုက်ခိုက်လာသည်နှင့်အမျှ ပြသနာဟာပိုကြီးသွားနိုင်ပါတယ်။ ဒီလိုပြသနာကြီးထွားလာခြင်းဟာ အဆိုးရအာဏာရှင်လူယုတ်မာ တွေကို အားပေးထောက်ခံရာရောက်တယ်။ ကိုယ်ကဘာဖြစ်ချင်တာလဲ သူတို့ကဘာဖြစ်ခြင်တာလဲ ဆိုတာနားလည်ဖို့လိုတယ်။ သွေးမစူကြပါနဲ့ စိတ်အေးအေးထားကြပါ အလ္လာဟ်ထံမှာ ဒိုအာတောင်းကြပါ။ အလ္လာဟ်အရှင်သဘေားတော်ရှိပါက မြန်မာပြည်တစ်ခုလုံး နေရာအနှံ ဗလီဝတ်ကျောင်းတော်များချီးမြှင့်နိုင်ပါတယ်။အစ္စလာမ်သာသနာရဲ့ မျှတတဲ့တရားလမ်းစဥ်တွေကိုနှလုံးမူပြီး ဖြစ်ပေါ်နေသောပြသနာများအပေါ်ရှု့မြင်သုံးသပ်ပါ။

ဒါတွေအားလုံးကိုတော့မှတ်ထားလိုက်ပါ မှတ်တမ်းတင်ထားလိုက်ပါ၊ နောက်ဆုံးတော့ မကောင်းကြံဘေးဓါဏ်ထိဆိုတဲ့အတိုင်း ကိုယ်ရှုးကိုယ်ပြန်ပတ်သွားပါလိမ့်မယ်။ တရုတ် ကိုပြသနာ မရှာရဲး တဲ့အဆိုးရဟာ မွတ်စလင်တွေအပေါ်မှာဘဲ ပြသနာကတ၀ဲးလည်လည်ဖြစ်နေပါတယ်။ ဒါကတော့ရှင်းနေတာဘဲ တရုပ်ကသူလူမျိုးတစ်ယောက်ကိုထိတာနဲ့ အဆိုးရရဲ့အပုတ်ကိုဖော်လိုက်မှာလေ အဲဒီတော့တရုတ်နဲ့တော့ အရှုပ်တော်ပုံမလုပ်ရဲးဘူးလေ၊

အဲဒီအတွက်မွတ်စလင်တွေကိုပဲဆက်တိုက် ဆက်တိုက်လုပ်သွားမှာပါ။ အရင်ထဲးကကျွန်တော်ပြေားပြီးပါပြီ၊ နောက်ဆုံးတော့သတင်းမီဒီယာတွေက သူတို့ရဲ့သမိုင်းဖော်မယ့်သူတွေဘဲ။ ကမ္ဘာကသိပါတယ် သမိုင်းဆိုးကြီးတစ်ခုကို လက်ရက်ခေါ်နေတဲ့အဆိုးရမှာ ဘားကိုမှကြောက်ရွံမှုတွေမရှိသေပါဘူး၊ ဒီအချက်တွေကိုနားလည်သဘေားပေါက်ခြင်းဖြင့် မွတ်စလင်ညီနောင်များ အနေဖြင့် မည်သည့်တုန့်ပြန်မှုကိုမှအလုပ်ကြပါရန် အနူရ်းညွှန်မေတ္တာရပ်ခံအပ်ပါတယ်။

မွတ်စလင်ညီအစ်ကိုမောင်နှမများအားလုံး စိတ်တည်ငြိမ်စွာဖြင့် ခရီးရှေ့ဆင်နိုင်ကြပါစေလို့ ဆုမွန်ဒိုအာပြုလိုက်ပါတယ်။

အစ္စလာမ်မုအာလိုင်းကွမ်းဝရဟ်မသွလ်္လားဟိ ၀ဗရကာသူဟ်။
အောင်ကျော်မိုး

Posted by burmanativemuslim.blogspot.com

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်

ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။

တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။
ဘာများလည်း ဗိုလ်ချုပ်”
ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ” ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။
ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍ ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ \[မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ် သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”
ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ြ
ဖင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ
ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”
“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”
ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
“ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက် မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ် လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ မသိစေချင်ဘူး”
ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗို
လ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း –
“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”
ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း –
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”
ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က –
“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။
ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုစရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့ အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်

ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)

အကျင့်ပျက် အစိုးရ၀န်ထမ်း အရေးယူမှု လွှတ်တော် အားရမှုမရှိ

အကျင့်ပျက် အစိုးရ၀န်ထမ်း အရေးယူမှု လွှတ်တော် အားရမှုမရှိ
Thursday, February 07, 2013

အစိုးရ၀န်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံလောက်ကိုပဲ အစိုးရက အရေး ယူ ဆောင်ရွက်နိုင်သေးတဲ့အတွက် အားရမှုမရှိဘူးလို့ အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင်တဦးက ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အကျင့်ပျက်ဝန်ထမ်းတွေအပေါ် ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အရေးယူ ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဖြေကြားချက်ကိုပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖတ်ကြားခဲ့ပါတယ်။

ဒီဖတ်ကြားချက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကာလအတွင်း ၀န်ကြီးဌာနတွေက အမှုထမ်းပေါင်း ၁၇,၀၀၀ ထောင် လောက် ကို အရေးယူခဲ့တယ်လို့ ပါရှိတာပါ။

အရေးယူတဲ့အထဲမှာ စာနဲ့ သတိပေးခံရသူပေါင်း ၄,၃၃၃ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခံရသူပေါင်း ၈၁၆ ဦး၊ ရာထူးတိုးမှု ရပ်ဆိုင်းခံရသူပေါင်း ၁၈၅ ဦး၊ လစာနှုန်း အတွင်းလျှော့ခံရသူ ၂,၅၆၆ ဦး၊ ရာထူးလျှော့ခံရသူ ၈၉၈ ဦး၊ လစာမှလျှော့တာ ၈၀ ဦး၊ တာဝန်က ယာယီရပ်ဆိုင်းခံရသူ ၁၃၄ ဦး၊ ရာထူးကနေ ထုတ်ပယ်ခံရသူ ၁,၇၃၈၊ တာဝန်က ထုတ်ပယ်ခံရသူ ၄,၉၇၃၊ စုစုပေါင်း အရေးယူခံရသူပေါင်း ၁၅,၇၂၃ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်ထဲရေးဌာနက အရေးယူမှုမှာတော့ ရှုံ့ချခံရသူ ၈၇ ဦး၊ ရဲအချုပ်ထောင်မှာ ထောင်ကျသူ ၃၈၀ဦး၊ ရဲအမှုထမ်းသက်လျော့ခံရသူ ၆၈၉ဦး၊ ပင်စင်ပေးခံရသူ ၂၀ဦး၊ ပြောင်း ရွှေ့ခံရသူ ၅၂ ဦး၊ ရဲစည်းကမ်းဖောက်ဖျက်သူ ၁ ဦး စုစုပေါင်း ၁,၂၂၉ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရေးယူခံရသူ စုစုပေါင်း ၁၆,၉၅၂ ဦးရှိတယ်လို့ ဆိုပါ တယ်။

ပြည်သူတွေရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် အမတ် ဦးမင်းဦးကတော့ အရေးယူခံရသူ အများစုဟာ တရားရေးဌာနနဲ့ ပြည်ထဲ ရေး ဌာနကဖြစ်ပြီး အစိုးရဆီတိုင်ကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံ လောက်ကိုပဲ အစိုးရက အရေးယူနိုင်သေးတယ်လို့ ပြောပါတယ်။

“ဖတ်ပြတဲ့စာအရဆိုရင် ကျနော်တို့တင်ထားတာရဲ့ ပြန်ကြားပေးတာဆိုရင်တော့ အားရဖွယ်ရာတော့ အားနည်းသေးတယ်ပေါ့။ပေးပို့လိုက်တဲ့အမှုတွဲ ၅၂၉ တွဲမှာ ပြန်ကြား လာတဲ့အမှုတွဲဟာ ၁၀၄ တွဲပဲ ရှိသေးတော့ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ၁၉ ဒဿမ ၆၆ လောက်ပဲရှိတယ်ဆိုတော့ အားရကျေနပ်စရာမရှိဘူး။ စုစုပေါင်း အကုန် ၂၀၁၁၊ ၂၀၁၂ ခုနှစ်အတွင်းရော အတွဲပေါင်းအားလုံး ၄၂၅ တွဲပြန်ဖို့ ကျန်တယ်။”

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ရာထူးက အနားယူသွားပြီးနောက် ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက် နည်းပညာ ၀န်ကြီးဌာနက အရာရှိတွေကို အကျင့်ပျက် လာဘ်စားမှုတွေနဲ့ နေပြည်တော်မှာ စစ်ဆေးမှုတွေပြုလုပ်နေတာပါ။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ယူဆသူတွေကို တိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပဲလို့ ပြောပါတယ်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာတော့ ပထမအဆင့် စာရင်းစစ်ချုပ်ရုံးက စုံစမ်းတာတော့ ရှိတယ်။ နောက် စာရင်းစစ်ချုပ်ရုံးကနေ စစ်လိုက်လို့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ထင်တဲ့သူတွေကိုတော့ ပြည်ထဲရေးက ဆက်စစ်ဆေးနိုင်ဖို့ ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင်လုပ်မယ်ဆိုပြီး အကျင့်ပျက်ခြစားမှုတွေကို အရေးယူဖို့ သမ္မတက သူရဲ့ မိန့်ခွန်းတွေမှာ ပြောကြားလေ့ရှိတာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှုကို စောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့လာဘ်စားမှု အဆိုးရွားဆုံး ၅ နိုင်ငံ စာရင်း မှာ ထည့်သွင်းထားပါတယ်။

DVB TV News

လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင်

Lady Justice
ဦးသန်းလွင်ထွန်း

03.02.2013

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မတရားဖမ်းဆီးခြင်း ခံထားရတဲ့ ဒေါက်တာထွန်းအောင် အမှု၊ ပြစ်ဒဏ်၊ တရားစီရင်ရေး လုပ်ပုံလုပ်နည်း၊ ဆောင်ရွက်ဆုံးဖြတ် ချက်ဆိုင်ရာများကို ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ အကျိုးဆောင် ရှေ့ နေ ဦးမင်းလွင်ဦး နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီနိုင်ငံတခုမှာ ဥပဒေစိုးမိုးရေး နဲ့ မျှတတဲ့ တရားစီရင်မှုဆိုတာဟာ နိုင်ငံသားတွေအားလုံးရဲ့  လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ရေးအတွက် အလွန် အရေး ပါပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘင်္ဂလီ မူစလင်တွေ ရိုဟင်ဂျာတွေအကြား အထိကရုဏ်းမှာ လှုံဆော်ခဲ့လို့ဆိုပြီး ဒေသခံ မူစလင်အသိုင်းအဝိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာထွန်းအောင် ကို နိုဝင်ဘာလအတွင်းမှာ မြန်မာအစိုးရ ခုံရုံးတခုကနေ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအပြစ်ဒဏ်နဲ့ တရားစီရင်မှုဟာ လုံးဝမျှတမှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီအဖွဲ့ရဲ့  အကျိုးဆောင် ရှေ့ နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမင်းလွင်ဦး ။ ။ ဒေါက်တာထွန်းအောင်ကတော့ အသက် (၆၈) နှစ်လောက်ရှိပြီ။ မန္တလေး ဆေးတက္ကသိုလ်ကဆင်းပြီးတော့ ရခိုင်ပြည်နယ် မောင်းတောမြို့ မှာ ဆေးခန်းဖွင့်ပြီးတော့ အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့လူ၊ မူစလင်တဦးလည်း ဖြစ်တယ်။ ဒါပေမဲ့ သူက ဘင်္ဂလီလူမျိုးတော့ မဟုတ်ဘူး။ မြန်မာကြီးလူမျိုးလို့ ပြောတယ်။ ပညာတတ်တဦးလည်း ဖြစ်တယ်။ နောက်ပြီးတော့ မူစလင်အသိုင်းအဝိုင်းထဲမှာလည်း ဥက္ကဋ္ဌလည်း ဖြစ်တယ်။ မူစလင်လူထု တော်တော်များများက သူကို ရိုရိုသေသေ လေးစားကြတာကိုတော့ ကျနော်တို့ သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မူစလင် အသိုင်းအဝိုင်းရဲ့  ဥက္ကဋ္ဌဆိုတော့ ဘယ်လိုအသိုင်းအဝိုင်းကို ပြောတာလဲ ခင်များ။ ရိုဟင်ဂျာ အဖွဲ့အစည်းတို့ကို ပြောတာလား။ ဒါမှမဟုတ် …

ဦးမင်းလွင်ဦး ။ ။  အဲဒီလို မဟုတ်ပါဘူး။ သူတို့ အစ္စလာမ်အဖွဲ့အစည်းတွေရဲ့  ဥက္ကဋ္ဌ တာဝန်။ အိုမန်အဖွဲ့ရဲ့  အတွင်းရေးမှူး၊ ဥက္ကဋ္ဌ စသဖြင့်ပေါ့။ အဲဒီ ရပ်မိရပ်ဖလိုမျိုး တာဝန်တွေကို ယူထားတဲ့လူပါ။ အဲဒီ ရိုဟင်ဂျာဆိုပြီး သီးသန့်ကြီး ယူထားတဲ့သူ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ရခိုင်ပြည်ထဲမှာ ဖြစ်ခဲ့တဲ့ ဒေသတွင်း အထိကရုဏ်းတွေကတော့ တော်တော်လေး ရုပ်ဆိုးပါတယ်။ နှစ်ဖက် အပြန်အလှန် သတ်ဖြတ်မှုတွေ၊ မီးရှို့ မှုတွေနဲ့ ပြဿနာအကြီးအကျယ် ဖြစ်ခဲ့ရတယ်ဆိုတော့ အစိုးရအနေနဲ့လည်း ဒီကိစ္စကို ဥပဒေ စိုးမိုးရေးဟာ ဒေသတွင်း တည်ငြိမ်ရေးဟာ အဓိကဖြစ်တယ်လို့ ယူဆပြီးတော့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့တယ်။ တင်းတင်းကြပ်ကြပ် စစ်အုပ်ချုပ်ရေး ဘာညာ ကြေညာပြီးတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့တယ်ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ ဒီအနေအထားမှာ ဒေသခံခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးထွန်းအောင်လည်း အဖမ်းခံခဲ့ရပြီးတော့ နိုဝင်ဘာလထဲမှာတော့ ထောင်ဒဏ် (၁၁) နှစ် ချခံလိုက်ရတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီ တရားခွင်နဲ့ ပတ်သက်လို့၊ စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ဦးမင်းလွင်ဦးတို့ရဲ့  ဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းက ဘာတွေများ သိထားပါသလဲ။

ဦးမင်းလွင်ဦး ။ ။ ဦးထွန်းအောင်ကို စွဲဆိုထားတဲ့ အမှုတွေ တော်တော်များများ ရှိပါတယ်။ ပထမဦးဆုံး ပြောရမယ်ဆိုရင် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ (၅ ည) အရ ဖမ်းဆီးအရေးယူထားတယ်ဆိုတာကို ပထမဦးဆုံး ပြောချင်တယ်။ အဲဒီလိုမျိုး ပုဒ်မနဲ့ အရေးယူမယ်ဆိုလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့  တရားဝင်ခွင့်ပြုမိန့် ကြိုတင်တောင်းခံရပါမယ်။ အဲဒီလို ကြိုတင်တောင်းခံပြီးလို့ ဖမ်းဆီးမိန့် ရမှသာ ဒီလူကို ဖမ်းဆီးပြီးတော့ အရေးယူဆောင်ရွက်ရမှာ ဖြစ်တယ်။ အခု ကျနော်တို့ စာရွက်စာတမ်းတွေ၊ တရားရုံးမှာ တင်သွင်းတဲ့ သက်သေခံ အထောက်အထားတွေကို ကြည့်လိုက်တဲ့အခါမှာ အဲဒီလို ရယူထားတာကို ကျနော်တို့ မတွေ့ရဘူး။ ဒါက ပထမဦးဆုံး မှားတဲ့အချက်လို့ ကျနော်တို့အနေနဲ့ ဥပဒေအရ ချို့ ယွင်းနေတဲ့အချက်လို့ ပြောချင်တယ်။ နောက်တခါ ဒီလို မူခင်းတွေဖြစ်တဲ့အခါမှာ သက်ဆိုင်ရာ မူခင်းဖြစ်တဲ့ဒေသမှာ အမူကိုစစ်ဆေးစီရင်ရမှာဖြစ်တယ်။ သို့သော်လည်းပဲ မောင်းတောမှာဖြစ်တဲ့ မူခင်းတွေကို မောင်းတောမှာ စစ်ဆေးစီရင်ခြင်း မပြုဘဲနဲ့ စစ်တွေခရိုင်ရုံးကို ပြောင်းရွှေ့ ပြီးတော့ စစ်ဆေးစီရင်တယ်။ အဲဒီလို စစ်ဆေးစီရင်တဲ့အခါမှာ အစောက ကျနော်တို့ စစ်ဆေးစီရင်နိုင်ပါတယ်။ တရားရုံးချုပ်ကနေပြီးတော့ အခွင့်အမိန့် ပေးလို့ အထူးအခြေအနေအရ စီစစ်ဖို့ လိုတယ်ဆိုရင် စစ်ဆေးလို့ ရပါတယ်။

အဲဒီလို ခွင့်ပြုတာ၊ တောင်းခံတာ။ ခွင့်ပြုချက် ပေးတာတွေကိုလည်း ကျနော်တို့ မတွေ့ရပါဘူး။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ တရားခံအဖြစ် စွပ်စွဲခံရတဲ့သူဘက်ကနေ သက်သေ အထောက်အထား တင်ပြဖို့ လိုတဲ့အခါတွေမှာ လာရောက်တဲ့၊ တရားရုံးမှာ သက်သေထွက်ဆိုမယ့်လူတွေက လုံခြုံရေးအခြေအနေကြောင့် လာရောက်ပြီးတော့ ထွက်ဆိုနိုင်ခြင်း မရှိဘူး။ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိတဲ့အတွက် မသွားလာရဲကြဘူး။ ဒါတွေကို ကြုံတွေ့ရတယ်။ ဒါတွေက မျှတတဲ့ တရားခွင်တခု ဖြစ်ပေါ်ဖို့ရာမှာ အဓိက လိုအပ်တဲ့အချက် အလက်တွေကို အစိုးရဘက်ကနေ ဆောင်ရွက်ပေးနိုင်ခြင်း မပြုနိုင်ခဲ့ဘူးလို့ ကျနော်အနေနဲ့ ပြောချင်တာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု ဦးမင်းလွင်ဦး ထောက်ပြတဲ့အချက်တွေက ကျနော် ကြားခဲ့ရသလောက်ဆိုရင် လုပ်နည်းလုပ်ဟန်တွေနဲ့ပဲ ပတ်သက်နေတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဦးထွန်းအောင် က ဘာတွေကျူးလွန်ခဲ့တယ်လို့ အဓိက စွပ်စွဲခံခဲ့ရသလဲ။

ဦးမင်းလွင်ဦး ။ ။ ဦးထွန်းအောင် က ဘာတွေကျူးလွန်ခဲ့သလဲဆိုတာကို ပြောမယ်ဆိုရင်တော့ ဒီလိုမျိုး သံတွဲမှာ ဗလီဆရာ (၁၀) ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မောင်းတောမြို့ မှာ ဝတ်ပြုဆုတောင်းပွဲလုပ်မယ်။ မြေမြုပ်သင်္ဂြုလ်ကြမယ်။ ဒါတွေ လုပ်တဲ့အခါမှာ ဆူဆူပူပူ မဖြစ်အောင် ဒေသဆိုင်ရာ အာဏာပိုင်အသီးသီးနဲ့ နကစ၊ စရဖ အထွေးထွေး အုပ်ချုပ်ရေးမှုး အသီးသီးနဲ့ ပူးပေါင်းဖွဲ့စည်းပြီးတော့ ဒီ ကိစ္စရပ်တွေမှာ ရပ်ရွာလုံခြုံမှု ရှိအောင်ဆိုပြီးတော့ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့ကြားထဲကနေ ဒီလိုမျိုး လူတွေရဲ့  ဒေါသကို မထိန်းသိမ်းနိုင်ဘဲနဲ့ အရေးအခင်းတွေ ဖြစ်ပွားခဲ့တယ်။ အဲဒီလို ဖြစ်ပွားတဲ့အခါကြတော့ အာဏာပိုင်တွေဘက်က ဘာကိုအကြောင်းပြသလဲဆိုလို့ရှိရင် ဒီလိုမျိုး ဖြစ်မယ်မှန်း ကြိုတင်သိရက်နဲ့ အာဏာပိုင်တွေကို အကြောင်းမကြားတဲ့အတွက် ဦးထွန်းအောင်မှာ အပြစ်ရှိတယ်ဆိုတဲ့ မှတ်ချက်နဲ့ အပြစ်ပေးခြင်း ခံရတာဖြစ်တယ်ဆိုတာကို ကျနော်တို့ တရားရုံးရဲ့  စီရင်ချက်တွေ၊ အမိန့်တွေကို ဖတ်ကြည့်ခြင်းဖြင့် သိရှိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။  ဦးထွန်းအောင် ကိုယ်တိုင်ဟာ အစောက ပြောခဲ့သလို ဒေသအတွင်းမှာ ဘာသာရေးအဖွဲ့အစည်းတွေ၊ ဒေသအသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတခုရဲ့  ထင်ရှားတဲ့ ခေါင်းဆောင် တယောက် ဖြစ်တဲ့အပြင် ဒေသခံ အာဏာပိုင်တွေနဲ့လည်း အစောပိုင်းက အတော်လေး သင့်သင့်မြတ်မြတ် ရှိပြီးတော့ ဒေသအတွင်းမှာ ဖြစ်တဲ့ကိစ္စတွေကို အထူးသဖြင့် ထိန်းသိမ်းပေးနိုင်အောင် ကြိုးစားခဲ့တဲ့လူ မဟုတ်ဘူးလား။

ဦးမင်းလွင်ဦး ။ ။ အရင်တုန်းကတည်းက အရင် နဝတ၊ နအဖ လက်ထက်ကတည်းကိုက ဒေါက်တာထွန်းအောင် က အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ဒေသလုံခြုံရေးအတွက် ဆောင် ရွက်ခဲ့ဘူးတဲ့ ကိစ္စရပ်တွေ တော်တော်များများ ရှိပါတယ်။ ဒါတွေကိုလည်း တရားရုံးမှာ သူကိုယ်တိုင် အစစ်ခံတဲ့အချိန်မှာ ထုတ်ဖော်ပြောကြားခဲ့တယ်ဆိုတာကို ကျနော်တို့ သိရတယ်။ သို့သော်လဲပဲ ဒီအချက်အလက်တွေကို ထောက်ခံပြီးတော့ ထွက်ဆိုမယ့် သက်သေတဦးတယောက်မှ မရှိဘူးဆိုပြီးတော့ ပညာရှင်တရားသူကြီး ဦးအေးလွင်ကနေပြီးတော့ သုံးသပ်ပြီး တော့ ဒီအမှုမှာ (၅ ည) နဲ့ စွဲဆိုထားတဲ့အမှုမှာ ထောင်ဒဏ် (၇) နှစ် အပြစ်ပေးလိုက်တာ ဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ ဒါက ဥပဒေအရ သက်သေခံ ဥပဒေအရဆိုရင် တော်တော် မှားယွင်းတဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်က ကျနော်တို့ကြားတာက ဦးထွန်းအောင် က မမှန်သတင်းဖြန့်ချီမှု၊ ပြည်ပက သတင်းတွေကို မမှန်သတင်း ပို့ဆောင်မှု။ အထူးသဖြင့် အင်တာနက် ဆက်သွယ်ရေးတွေ ဘာတွေ သုံးပြီးတော့ အပြင်ကို ပို့တဲ့ကိစ္စတွေ ဘာတွေလည်း စွဲဆိုခံရတယ်လို့ ကြားပါတယ်။ အဲဒါလေးကို ရှင်းပြပေးပါ။

ဦးမင်းလွင်ဦး ။ ။ အဲဒီတော့ ဦးထွန်းအောင် ကို ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့အခါမှာ ဦးထွန်းအောင်ဆီမှာ laptop ကွန်ပြူတာတစ်လုံး တွေ့ပါတယ်။ တယ်လီဖုန်း နှစ်လုံး တွေ့ပါတယ်။ အဲဒီ လက်ပ်တော့ကွန်ပြူတာက ဦးထွန်းအောင်ရဲ့  သမီးဖြစ်တဲ့သူ UNHCR မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းဖြစ်တဲ့သူရဲ့  ကွန်ပြူတာဖြစ်တယ်။ အဲဒီ ကွန်ပြူတာထဲမှာက ဒီ ရခိုင်ဘက်ကို ခိုးဝင်လာတဲ့ ရခိုင်ဒုက္ခသည်တွေ ရှိလာရင် ဘယ်လို စီစစ်ရမယ်၊ ဘယ်လို ဆောင်ရွက်ရမှာတွေနဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းပြုစုထားတဲ့ အချက်အလက်တွေရှိတယ်။ နောက်ပြီးတော့ တခါ နယ်စပ်ဒေသဖြစ်တဲ့အတွက် တဖတ်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြောဆိုရတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါတွေက UNHCR ဝန်ထမ်း တယောက်အနေနဲ့ လုပ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် အဲဒီဥစ္စာတွေက ကွန်ပြူတာပေါ်ကဟာတွေက ဒေါက်တာထွန်းအောင်ရဲ့  ကွန်ပြူတာ မဟုတ်ဘူး။ သူ့ရဲ့  သမီးဖြစ်တဲ့သူ မြနန္ဒာအောင်ရဲ့  ကွန်ပြူတာဖြစ်တယ်ဆိုတာကို မြနန္ဒာကိုယ်တိုင်လည်း ပြောတယ်။ ဒေါက်တာထွန်းအောင် က ပစ္စည်းကိုပေးအပ်စဉ်မှာလည်း ပြောတယ်။ သို့သော်လဲပဲ ဒီ ကွန်ပြူတာထဲ မှာ ပါတဲ့အချက်အလက်တွေပေါ် မူတည်ပြီးတော့ အခုလို အပြစ်ပေးလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အချက်အလက်တွေကို ဦးထွန်းအောင်ကနေပြီးတော့ တရားရုံးမှာ ပြန်လည်လျှောက်လွှဲတော့ သူကို အကျိုးဆောင်ပေးမယ့် ရှေ့ နေတွေ ဘာတွေ မရှိဘူးလား။

ဦးမင်းလွင်ဦး ။ ။ ဒါကလဲ ကျနော်တို့ လွတ်လပ်တဲ့ တရားစီရင်ရေး၊ မျှတတဲ့ တရားခွင်ဖြစ်ဖို့ ဆောက်ရွက်တဲ့အခါမှာ အလွန်သတိထားရမယ့် အချက်အလက်ဖြစ်တယ်။ အဲဒီလို အရေးအခင်းတွေ ဖြစ်တဲ့အခါမှာ ဦးထွန်းအောင်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့ နေ တယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအရ အာဏာပိုင်တွေက တာဝန်မယူနိုင်တဲ့အတွက် ရန်ကုန်ကနေ သွားမယ့်ရှေ့ နေတွေလည်း မသွားရဲ မလာရဲ ဖြစ်တယ်။ သူတို့ရဲ့  လုံခြုံရေးကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက တာဝန်မယူရဲဘူး ဖြစ်တယ်။ ဒေသခံ ရှေ့ နေတွေကလည်း တရားရုံးမှာ ဒေါက်တာထွန်းအောင်အတွက် လိုက်ပါဆောင်ရွက်တယ်ဆိုလို့ရှိရင် မိမိတို့ အိမ်ယာတွေ ဖျက်ဆီးခံရမှာကို စိုးရိမ်တဲ့အတွက် လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစိုးရကရော ဦးထွန်းအောင်အတွက် ကိုယ်စား ငှားရမ်းစီရင်ပေးမယ့် ရှေ့ နေမျိုးတွေ မစီစဉ်ပေးဘူးလား။

ဦးမင်းလွင်ဦး ။ ။ ပြစ်မှုဆိုင်ရာ ကျင့်သုံးဥပဒေတွေအရ ဆိုလို့ရှိရင်တော့ ထောင်ဒဏ် တသက်နဲ့၊ ကြိုးဒဏ် သေဒဏ်ကျတဲ့ အမိန့်တွေမှာ အစိုးရကနေ ရှေ့ နေ ငှားရမ်းပြီးတော့ ခုခံချေပ ပေးတယ်လို့ ကျနော်တို့ ပြဌာန်းထားတာ ရှိတယ်။ ဒါကြောင့် ထောင်ဒဏ် (၇) နှစ်ပဲဖြစ်တဲ့ အမှုဖြစ်တဲ့အတွက် အစိုးရကနေပြီးတော့ တရားခံအတွက် ရှေ့ နေ ငှားရမ်းပေးခြင်း မပြုခဲ့ဘူး။ အဲဒီတော့ ငှားရမ်းပေးခဲ့တယ် ဆိုရင်တောင်မှပဲ ဒီ ရှေ့ နေက လွတ်လွတ်လပ်လပ် တရားခွင်မှာ ခုခံချေပနိုင်တဲ့ ရှေ့ နေ မဖြစ်နိုင်ဘူးဆိုတာကို ကျနော်တို့ သုံးသပ်မိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဖြစ်ခဲ့တဲ့ အခြေအနေကို ကြားရသလောက်ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ ရခိုင်ပြည်နယ်ထဲမှာ အရေးအခင်းတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရအနေနဲ့လည်း ဥပဒေ စိုးမိုးရေးကို အဓိကထားပြီးတော့ ဖိအားပေးလာတယ်။ အဲဒီအခါမှာ အပြစ်ရှိတယ်လို့ ယူဆရတဲ့သူတွေကို အပြစ်ဒဏ်ချတွေ ချခဲ့တယ်ဆိုတာကို မြင်ရတယ်။ အဲဒီတော့ ဒီနေရာမှာ မှားယွင်းအပြစ်ဒဏ် ချမိတာမျိုးများ ဖြစ်ခဲ့တယ်လို့ ယူဆပါသလား။

ဦးမင်းလွင်ဦး ။ ။ ဒီလို အရေးအခင်းတွေ ဖြစ်တဲ့ကိစ္စရပ်တွေမှာ သက်သေပြနိုင်ဖို့ ဆိုတာက တော်တော်ခဲယဉ်းတဲ့ ကိစ္စရပ်ဖြစ်တယ်။ အဲဒီတော့ အစောက ပြောသလိုမျိုး။ ဒေါက်တာထွန်းအောင် ကို အခု ပြစ်ဒဏ်ပေးလိုက်တဲ့ ကိစ္စရပ်တွေမှာ ဒေါက်တာထွန်းအောင်ကိုယ်တိုင် လက်သီးလက်မောင်းတန်းပြီးတော့ မြန်မာလူမျိုးတွေ၊ မြန်မာအစိုးရ ပြုတ်ကျ အောင် လုပ်ရမယ်ဆိုတာလိုမျိုးတွေ ဓါတ်ပုံတောင် မတင်ပြနိုင်ဘူး။ အဲဒီတော့ ဒီ နှုတ်သက်သေခံချက်တွေပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးခဲ့တာတွေက ၁၉၈၈ နောက်ပိုင်းမှာ ဆက်တိုက်ဖြစ် လာခဲ့တာ အခုအချိန်အထိပါ။ အဲဒီတော့ ဒီ အရေးအခင်းတွေနဲ့ ပတ်သက်လို့ တကယ်တမ်းသာ ခုခံချေပခွင့်လည်း ပေးမယ်။ တရားခံတွေရဲ့  ဥပဒေအရ ခံစားခွင့်တွေကိုလည်း လိုက်လျောမယ်ဆိုရင်တော့ အမှုတော်တော်များများမှာ တရားခံတွေက အပြစ်မရှိဘဲနဲ့ အပြစ်ပေးခြင်း ခံထားရတယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။ ဒါက ကျနော်က ရခိုင်ဖြစ်လို့၊ ဘင်္ဂလီဖြစ်လို့ ဒါတွေကို ကျနော် ဆိုလိုတာ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်စလုံးက အဲဒီလိုမျိုး ထင်ကြေးတွေနဲ့ အပြစ်ပေးခြင်း ခံထားရတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကို ကျနော်တို့ သတင်းတွေ ရရှိထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါနဲ့ ပတ်သက်လို့လည်း ဆက်စပ်ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက သင်္ကြန်အတွင်းမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံခဲ့ရတယ်။ တရားခံအဖြစ် အစိုးရကနေ တိတိကျကျ စွပ်စွဲပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တဲ့ ကိုဖြိုးဝေအောင် ဆိုလို့ရှိရင်လည်း ဒါကို မှားယွင်းမှုမှန် သိသွားပြီးတဲ့နောက်ပိုင်းမှာ အစိုးရက ပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့လဲ ကျန်းမာရေးအရ အတော်လေး ချို့ ယွင်းသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ဆုံးပါးသွားခဲ့တယ်ဆိုတာကိုလည်း ကျနော်တို့ အားလုံးသိပါတယ်။ အခု ဒေါက်တာထွန်းအောင် ကိုယ်တိုင်ကလည်း အသက်လည်းကြီးပြီ။ သူ့မှာ ရောဂါဝေဒနာ ခံစားမှုတွေ ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားနေရတယ်ဆိုတော့ ဒီ ကိစ္စကို ဘယ်လိုပြန်လည်ပြီးတော့ သုံးသပ်စဉ်းစားပေးချင်ပါသလဲ။

ဦးမင်းလွင်ဦး ။ ။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမျိုး မတရားဖမ်းဆီး အကျဉ်းခံရတယ်။ နောက်ပြီးတော့ လွတ်လပ်တဲ့ တရားခွင်နဲ့ စီစစ်စီရင်ခြင်း မခံရဘူး။ မျှတတဲ့ တရားခွင်က ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခံရတာ မဟုတ်တဲ့ ကိစ္စရပ်တွေမှာ အမြန်ဆုံး ကုစားသက်သာခွင့်ကတော့ အထက်တရားရုံးအဆင့်ဆင့်ကနေ ဒီ အမှုကို အမြန်ခေါ်ယူပြီးတော့ လွှတ်ပေးဖို့အတွက် စီမံဆောင်ရွက်နိုင်တယ်။ ဥပမာအားဖြင့် ပြောရလို့ရှိရင် အခု ပြည်နယ်တရားရုံးကတော့ ဒေါက်တာထွန်းအောင်နဲ့ ပတ်သက်တဲ့အမှုတွေ အားလုံးကို အကျဉ်းနည်းနဲ့ လုပ်လိုက်တယ်လို့ သိရတယ်။ ဒါပေမဲ့ တရားရုံးချုပ် ရှိပါသေးတယ်။ တရားရုံးချုပ်ကနေ အောက်ရုံးအဆင့်ဆင့်မှာ မှားယွင်းတဲ့ကိစ္စရပ်တွေကို ခေါ်ယူပြီးတော့ အချိန်မရွေး စစ်ဆေးနိုင်တယ်။ ဒေါက်တာထွန်းအောင်ဆိုရင် ဦးခေါင်း (၂) ကြိမ် ခွဲထားရတာဖြစ်တယ်။ မျက်ကြည်လွှာ (၂) ခုစလုံး အတုတပ်ထားရတဲ့လူ ဖြစ်တယ်။ အသက်ကြီးတဲ့အတွက် သွေးမလျှောက်နိုင်တော့တဲ့အတွက် ခြေထောက်ကိုပါ ခွဲစိတ်ကုသခံထားရတဲ့ လူတစ်ဦးဖြစ်တယ်။ အဲဒီတော့ အသက် (၆၈) နှစ်ရှိပြီးဖြစ်တဲ့ အဖိုးကြီးတစ်ယောက်အနေနဲ့ ဒီလိုမျိုးထောင်ထဲမှာ ခက်ခက်ခဲခဲ ဖြတ်သန်းရမယ်ဆိုတာက မဖြစ်သင့်ပါဘူး။ အစိုးရတရပ်အနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး။ မျှတတဲ့ တရားခွင်တွေ ပေါ်ပေါက်ဖို့အတွက် ကြိုးစားတယ် ဆိုလို့ရှိရင်တော့ အလျှင်အမြန်နဲ့ ဒီလိုမျိုး အမှုတွေကို စစ်ဆေးစီရင်ပြီးတော့ သက်သာခွင့်တွေ အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ အကျိုးဆောင်ရှေ့ နေ ဦးမင်းလွင်ဦး ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

မြန်မာနိုင်ငံ လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ ရှေ့နောက်မညီ

ဒေသခံပြည်သူများ ဆန္ဒပြနေမှုမြင်ကွင်း
မအေးအေးမာ

31.01.2013

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို  ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကနေ ပြဌာန်းအတည်ပြုပေးထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်လို့ဆိုပြီးတော့ ဖမ်းဆီးမှု၊ တရားစွဲဆိုမှုတွေလည်း တိုးပွားလာနေတာကြောင့် အစိုးရသစ်က ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ တခုနဲ့တခု ဆန့်ကျင်ရာ ကျနေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလမ်းလျောက်မူ ဥပဒေကို ပြဌာန်းပြီးတဲ့နောက်မှာတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူတွေ လုပ်လာတာကြောင့်ဆိုပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုမူတွေ များလာကြောင်း ဒီဥပဒေပြဌာန်းမူဟာ တစ်ခုနဲ့တစ်ခု ဆန့််ကျင်နေတဲ့ အကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေနေ ကိုသိန်းသန်းဦးကပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရင်တော့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၃၅၄မှာ နိုင်ငံသားအခွင့်အရေးတွေ ပေးထားတာရှိတယ်လေ။ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တို့၊ စုဝေးခွင့်တို့ ရှိတယ်လေ။ အဲ့တာတွေပေးကြောင်း နိုင်ငံတကာသိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတယ်။ နောက်တခါ ဒီဘက်က ခုနက၂၀၁၁ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ပေါ့နော်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြမှု ဥပဒေနဲ့ ပြန်ကန့်သတ်ထားတာခင်ဗျ။ အဲ့တာကို ကျနော်တို့ ရှေ့နေများကွန်ယက်က အဲ့ဒီ့ကိစ္စကို တင်နေတာတွေရှိပါတယ်။ ဒီနေ့ဆိုလည်း ကိုမင်းကိုနိုင်တို့နဲ့ ကျနော်တို့ အဲ့ဒီ့ကိစ္စကို ဆွေးနွေးတယ်။ ဒီကိစ္စကို ဘယ်လိုတင်ကြမလဲပေါ့နော်။ ဘာဖြစ်လို့တုန်းဆိုတော့ ပုဒ်မ ၁၈က တော်တော်ကို ဒုက္ခပေးနေပြီ။ ရုတ်တရက်ကြည့်လို့ရှိရင်တော့ စည်းကမ်းတကျ လုပ်ပိုင်ခွင့်ရအောင် ပြဌာန်းထားတယ်လို့ ထင်သယောင်ရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်နေရာကျတယ်။”

ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူ ပုဒ်မ ၁၈၊ ဆူပူအောင်လှုံ့ဆော်မူ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်က မနော်အုန်းလှ အပါအဝင် အမျိုးသမီး ၅ဦးဟာ ရန်ကုန်တိုင်းမြို့နယ် ၁၀မြို့နယ်က အာဏာပိုင်တွေရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတာကြောင့် ရုံးတင်စစ်ဆေးခံနေရပါတယ်။ မနော်အုန်းလှပြောပြတာက –

“အားလုံးပေါင်းရင်တော့ ကျမတို့ အမျိုးသမီးကွန်ယက်က ပုဒ်မ ၁၈နဲ့ ၅၀၅ (ခ) နဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက် ၅ယောက်ပါတယ်။ ၅ယောက်မှာ ၂၃မှု၊ ကျမတို့ အမျိုးသမီးကွန်ယက်ကလေ၊ အုပ်ချုပ်တဲ့ အုပ်ချုပ်သူတွေရဲ့ အပေါ်မှာ ကျမတို့က စာမတင်လို့ပေါ့နော်။ စာမတင်တဲ့အတွက် အကြောင်းမကြားလို့ အရေးယူတယ်ဆိုတဲ့ ပုံစံပေါ့။ ကျမတို့ကတော့ ဒီနည်းဥပဒေအရလည်း ကျမတို့က တင်စရာမလိုဘူး။ သူက ကန့်သတ်ချက်ရှိတယ်။ လူဘယ်နှစ်ယောက်၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဒါတွေပါတယ်အခါကျတော့ ကန့်သတ်ဖို့နော်။ ကျမတို့ က ကိုယ့်သဘောနဲ့ကိုယ်လာတယ်။ တစ်ယောက်စီ လာကြတယ်။ ကိုယ်ဆန္ဒနဲ့ကိုယ် ဒီရောက်မှ လုပ်ကြတဲ့အခါကျတော့ တင်လို့လည်း မရဘူး။ ကျမတို့ ဖြေရှင်းချက်ပေါ့လေ။ ကျမတို့လည်း ရဲစခန်းမှာ အဲ့သလို ဖြေရှင်းခဲ့ပါတယ်။ ကျမတို့က အစိုးရက ကျမတို့ရဲ့ ဒီမိုကရေစီကို ပိတ်ပင်တယ်လို့ မြင်ပါတယ်။”

မနော်အုန်းလှတို့ဟာ တဦးတည်းဆန္ဒသဘောအရ စီတန်းလမ်းလျောက်မူတွေကို ပြုလုပ်ခဲ့တာဖြစ်လို့ ခွင့်ပြုမိန့်တောင်းစရာမလိုဘူးလိုဆိုပါတယ် ဥပဒေကြောင်းအရပြောမယ်ဆိုရင်တော့ ပြဌာန်းထားတဲ့ ဥပဒေကိုက ပြဿနာဖြစ်နေတယ်လို့ ရှေ့နေကိုသိန်းသန်းဦးက ဆိုပါတယ်။

“ပြဌာန်းထားတဲ့ ဥပဒေကိုက ပြဿနာဖြစ်တယ်။ ဥပမာ အမေရိကန်မှာဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စု ပထမပြင်ဆင်ချက်မှာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေပြဌာန်းထားပြီးတော့ မကန့်သတ်ရဘူးလို့ ဗြောင်ပြောထားတယ်။ တိတိကျကျ ပြောထားတယ်။ အခုက ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ ၃၅၄မှာ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့၊ လွတ်လပ်စွာ ဟောပြောခွင့်၊ ထုတ်ဖော်ခွင့်တို့ ဒါတွေပေးထားတယ်ဗျာ။ ဒီ၂၀၁၁ “ ငြိမ်း စု စီ” ဥပဒေပေါ်လာတဲ့ အခါကျတော့ ပုဒ်မ (၄) အရ လျော့လိုက်ပြီးတော့ ပုဒ်မ ၅ အရ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခွင့်ပေးထားတယ်ဗျာ။ ဒါ တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၁အရ ပြဌာန်းထားတာ နိုင်ငံသားများရဲ့ အခွင့်အရေးကို နံပတ်တစ်က ကျူးကျော်စစ်ဖြစ်နေတဲ့အချိန်၊ နံပတ်နှစ်က ပြည်တွင်းစစ် အရှိန်မြှင့်နေတဲ့အချိန်၊ တတိယအချက်က အရေးပေါ်အခြေအနေ ကြေညာထားတဲ့အချိန်က လွဲပြီးတော့ မရုပ်သိမ်းရဘူးဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခုနက ၂၀၁၁ ဥပဒေနဲ့ ငြိနေတယ်ဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပင်မဥပဒေဖြစ်တဲ့အတွက် အဲ့ဒီ့အခွင့်အရေးကို နိုင်ငံသားတွေက ကျင့်သုံးခွင့်ရှိပါတယ်။ ကျနော်တို့ ယူဆတာက။ အဲ့တော့ ဥပဒေ အာနိသင်အရ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၈ (က) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပျက်တယ်လို့ ကျနော်တို့  ယူဆရမှာပါ။ ဒါဥပဒေပြဿနာပါ။”

လွတ်လပ်စွာ စီတန်းလှည့်လည်မူဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ တကိုယ်တော်ဆန္ဒပြမူတွေနဲ့ ခွင့်ပြုမိန့်မတောင်းဘဲ မိမိတဦးချင်းသဘောနဲ့ ဆန္ဒပြတယ်ဆိုပြီး အစုအဝေးနဲ့ ဆန္ဒပြမူတွေလည်း ဖြစ်လာခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီဆန္ဒပြမူတွေကို ဦးဆောင်သူလို့ ယူဆရသူတွေကို လိုက်လံဖမ်းဆီးပြီး ပုဒ်မ ၁၈နဲ့ အရေးယူတာာတွေကို လုပ်ခဲ့တာကြောင့် အခုဆိုရင် ပုဒ်မ၁၈နဲ့ တရားစွဲဆိုခံရမူတွေ အများအပြားဖြစ်လာတယ်လို့ ရှေ့နေများကွန်ယက်ကပြောဆိုပါတယ်။

ဒါဖတ်ပြီးမှ တံဆိပ်ခေါင်းဝယ်ယူ စာချုပ်ချုပ်ဆို စေလိုပါသည်

ဒါဖတ်ပြီးမှ တံဆိပ်ခေါင်းဝယ်ယူ စာချုပ်ချုပ်ဆို စေလိုပါသည်

| ဆောင်းပါး |

၁၈၉၉ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေသည် ယခင်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ၏ အချို့ဒေသတို့တွင် အကျိုးသက်ရောက် ခြင်းမရှိခဲ့သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ ၂၇-၁၀-၉၇ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၈ / ၉၇ အရ နိုင်ငံတော်တစ်ဝန်းလုံးသို့ တိုးချဲ့အာဏာသက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ၏ နောက်ဆက်တွဲဇယား (၁)တွင် ဖော်ပြထားသော စာချုပ်စာတမ်းအမျိုးအစား ၆၅ မျိုးနှင့် ပတ်သက်၍ ယင်းဇယားတွင် ဖော်ပြပါရှိသည့် နှုန်းထားအသီးသီး အတိုင်း တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန် ရှိမည်ဖြစ် ပါသည်။

ထို့အတူ ယင်းဇယားတွင် ဖော်ပြထားသော စာချုပ်စာတမ်း အမျိုးအစားအလိုက် ကင်းလွတ်ခွင့်နှင့် ခြွင်းချက်များကိုလည်း ခံစားခွင့် ရှိမည်ဖြစ်ပါမည်။

တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် စာချုပ်စာတမ်းများအပေါ်တွင် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို စာချုပ်ချုပ်ဆိုခြင်းမပြုမီ၊ သို့မဟုတ် စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ထမ်းဆောင်ရမည် ဖြစ်ပါသည်။

စာချုပ်စာတမ်း တစ်ခုခုပေါ်တွင် တံဆိပ်ခွန် ထမ်းဆောင်ထိုက်ပါလျက် ထမ်းဆောင်ရန် ပျက်ကွက်လျှင်၊ သို့မဟုတ် လျော့နည်း ထမ်းဆောင် ထားလျှင် ယင်းစာချုပ်စာတမ်းကို သက်ဆိုင်ရာ အရာရှိက သိမ်းဆည်းရယူနိုင်ပြီး ရှောင်တိမ်းခဲ့သည့်၊ သို့မဟုတ် လျော့နည်းထမ်းဆောင်ခဲ့သည့် တံဆိပ် ခွန်ကို ပြန်လည်ထမ်းဆောင်ရမည့်အပြင် ယင်း ရှောင်တိမ်းငွေ၊ သို့မဟုတ် လျော့နည်းငွေ၏ ၁၀ ဆ အထိကိုလည်း ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။

တံဆိပ်ခွန်ထိုက်သင့်သည့် စာချုပ်တစ်ရပ်ပေါ်တွင် တံဆိပ်ခွန်ထမ်းဆောင်ရာ၌ အစိုးရက တံဆိပ် ခေါင်းအက်ဥပဒေအတွက် ထုတ်ဝေထားသည့် စာချုပ်စာတမ်း အမျိုးအစားအလိုက် သတ်မှတ် ထားသည့် တံဆိပ်ခေါင်းအမျိုးအစားဖြင့် ပေးဆောင် ရမည်ဖြစ်၍ အထူးပြဋ္ဌာန်းချက်မရှိပါက စာပို့တံဆိပ် ခေါင်းများ အသုံးပြုခွင့်မရှိပါ။

တံဆိပ်ခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းမပါရှိလျှင် ဥပဒေ အရဖြစ်စေ၊ အမှုသည်တို့၏ သဘော တူညီချက်ဖြင့် ဖြစ်စေ၊ သက်သေခံချက် ရယူခွင့်ရှိသူ တစ်ဦး တစ်ယောက်က မည်သည့်အမှုကိစ္စအတွက်မဆို သက်သေခံချက်အဖြစ် လက်ခံနိုင်ခွင့်မရှိကြောင်း၊ ထို့ပြင် အဆိုပါ သက်သေခံချက် ရယူခွင့်ရှိသူ တစ်ဦး တစ်ယောက်ကဖြစ်စေ အများပြည်သူဆိုင်ရာ အရာရှိ တစ်ဦးဦးကဖြစ်စေ အဆိုပါ စာချုပ်စာတမ်း အရ ဆောင်ရွက်ပေးခြင်း၊ ယင်းတို့ကို မှတ်ပုံတင် ခြင်း၊ မှန်ကန်ကြောင်း အသိအမှတ်ပြု သက်သေခံ လက်မှတ်ရေးထိုးခြင်း မရှိစေရဟု မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေတွင် ပြဋ္ဌာန်းထား ပါသည်။

သို့ဖြစ်ပါ၍ မိမိဆောင်ရွက်ကြသည့် ကိစ္စရပ်များ အတွက် စာချုပ်ချုပ်ဆိုရုံမျှဖြင့် လုံလောက်မည် မဟုတ်ဘဲ ထိုက်သင့်သည့်တံဆိပ်ခွန် ထမ်းဆောင် ထားရန်၊ စာချုပ်စာတမ်း အမျိုးအစားအလိုက် သတ်မှတ်ထားသည့် တံဆိပ်ခေါင်းအမျိုးအစားဖြင့် ထမ်းဆောင်ထား ကြရန် လိုအပ်မည်ဖြစ်ပါသည်။

စာချုပ်စာတမ်း တစ်ရပ်ရပ်အပေါ်တွင် တံဆိပ်ခွန် ထိုက်သင့်ခြင်း ရှိ၊ မရှိ၊ ရှိလျှင် မည်မျှထိုက်သင့်သည် စသည်တို့နှင့် ပတ်သက်၍ ကော်လိတ္တော်အရာရှိ ဖြစ်သည့် မြို့နယ်အခွန် ဦးစီးဌာနမှူးက အဆုံး အဖြတ်ပြုမှု၊ ထပ်ဆင့်လက်မှတ်ရေးထိုးမှုတို့ကို ဆောင်ရွက် ပိုင်ခွင့် ရှိသဖြင့် တွေ့ဆုံမေးမြန်း ဆောင်ရွက်သင့်ပါသည်။

လက်ရှိအချိန်တွင် ဈေးကွက်အတွင်း တံဆပ် ခေါင်းအလွတ်များ၊ အသင့်ရိုက်နှိပ်ထားပြီးဖြစ်သည့် စာချုပ်စာတမ်းပုံစံများကို ရောင်းချလျက်ရှိကြရာ အချို့သော မသမာသူတို့က မြန်မာနိုင်ငံ တံဆိပ် ခေါင်းအက်ဥပဒေအရ အစိုးရက ထုတ်ဝေထား သည့် တံဆိပ်ခေါင်းများ မဟုတ်သည့် ငါးကျပ်တန်၊ ခြောက်ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၂၅ ကျပ်တန် နှိပ်တံဆိပ်ခေါင်းအတုများဖြင့် ရိုက်နှိပ် ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိသူများ အား ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါ တံဆိပ်ခေါင်းအတုများဖြင့် စာချုပ် ချုပ်ဆိုဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ချုပ်ဆိုထား သည့် အကြောင်းအရာကိစ္စအတွက် အရေးယူ ဆောင်ရွက်ချက်မပြုနိုင်၍ နစ်နာမှုများစွာ ဖြစ်စေနိုင်ပါသည်။

သို့ဖြစ်ပါ၍ တံဆိပ်ခေါင်းများကို ပြင်ပဈေးကွက်တွင် အလွယ်ဝယ်ယူခြင်းမပြုဘဲ မိမိတို့နှင့် နီးစပ်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး များတွင် မိမိတို့ဆောင်ရွက်ကြမည့်ကိစ္စ၊ ချုပ်ဆိုမည့် စာချုပ်စာတမ်းအမျိုးအစားတို့ကို မှန်ကန်စွာ တင်ပြ ကြလျက် ထိုက်သင့်သည့် တံဆိပ်ခွန်ကို ကပ်နှိပ်ရ မည့် တံဆိပ်ခေါင်းအမျိုးအစား မှန်ကန်စွာဖြင့် ကပ်နှိပ်ဆောင်ရွက်သင့်ပါသည်။

မည်သူမဆို တံဆိပ်ခေါင်းရောင်းချသူအဖြစ် ခန့်အပ်ခြင်း မခံရပါလျက် တံဆိပ်ခေါင်းရောင်းချ လျှင်၊ သို့မဟုတ် တံဆိပ်ခေါင်း တစ်စုံ တစ်ရာကို ဥပဒေနှင့်ဆန့်ကျင်၍ လက်ဝယ်ထားရှိပါက ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၅၀၀ အထိဖြစ်စေ စီရင်ခြင်းခံထိုက်စေရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၆၉ တွင် ပြဋ္ဌာန်းထားပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၅ တွင် တံဆိပ် ခေါင်းအတုပြုလုပ်ခြင်းအတွက် ထောင်ဒဏ် တစ်သက်၊ သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ်အထိ၊ ထို့ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း၊ ပုဒ်မ ၂၅၆ တွင် တံဆိပ်ခေါင်းအတု ပြုလုပ်သည့် ကိရိယာ၊ သို့မဟုတ် ၀တ္ထုပစ္စည်းကို လက်ဝယ်ထားရှိခြင်း၊ ပုဒ်မ ၂၅၇ တွင် တံဆိပ် ခေါင်းအတုပြုလုပ်သည့် ကိရိယာကို ပြုလုပ်ခြင်း၊ သို့မဟုတ် ရောင်းချခြင်း၊ ပုဒ်မ ၂၅၈ တွင် တံဆိပ် ခေါင်းအတုရောင်းချခြင်း၊ ပုဒ်မ ၂၅၉ တွင် တံဆိပ် ခေါင်းအတုကို လက်ဝယ်ထားရှိခြင်း တို့အတွက် ထောင်ဒဏ် ခုနစ်နှစ်အထိ၊ ထို့ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း၊ ပုဒ်မ ၂၆၀ တွင် တံဆိပ်ခေါင်း အတုမှန်း သိလျက်နှင့် အစစ်အမှန် အနေဖြင့် အသုံးပြုခြင်းအတွက် ခုနစ်နှစ်အထိ ထောင်ဒဏ်၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားပါကြောင်း သိရှိမှတ်သား ကြနိုင်ပါရန် အသိပေးအပ်ပါသည်။

သက်ဆိုင်ရာ ပြည်တွင်းအခွန်များ ဦးစီးဌာန ရုံးများတွင် မိမိအမှန်တကယ် အသုံးပြုလိုသော ကိစ္စရပ်အတွက် လိုအပ်သော အရေ အတွက်ကို တံဆိပ်ခေါင်းများအပေါ်တွင် ပါရှိသော သတ်မှတ်တန်ဖိုးများအတိုင်း ငွေအပိုမပေးရဘဲ လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်ရေး အတွက် စီမံထားရှိသည်ဟု မေးမြန်းသိရှိရပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

ခွန်မြတ်အောင်ကျော်

မြန်မာတိုင်း(မ်)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

လူအချင်ချင်းလှည့်ဖျားခြင်းကင်းဝေးကြပါစေ။

လူအချင်ချင်းလှည့်ဖျားခြင်းကင်းဝေးကြပါစေ။
******************************
အမျိုးပျောက်မှာစိုးကြောက်စရာစာအုပ်မှအဓိပ္ပာယ်မဲ့ စွပ်စွဲချက်များကိုဖြေရှင်းခြင်း။(ဖတ်ဖြစ်အောင်ဖတ်ပါ။) …
Posted by danyawadi on January 19, 2013 in Articles, News,
ဖတ်ဖြစ်အောင်ဖတ်ပါ။ အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်မှ အဓိပ္ပာယ် မဲ့ စွပ်စွဲချက်များ ကို ဖြေရှင်းခြင်း။ သင်ဟာ လူသားပီသသောစိတ်ရှိသူတစ်ယောက်ဖြစ်ရင် သူတပါးကို မဝေဖန်ခင် အမှန်တရား ကိုလေ့လာကြည့်ပါလေ။ နာလည်မှူလွဲမှား မှူများ အတွက် တစ်ခါလောက်ဖတ်ကြည့်စေလိုပါသည်။

လေးစားချစ်ခင်အပ်ပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့ –

ဤကမ္ဘာပေါ်မှာ အတူတူနေကြတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်၊ ယုံကြည်ချက်မရွေး ညီအစ်ကို မောင်နှမအားလုံးအပေါ် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော်က ‘အတ်စလားမ်မု အလိုင်းကွမ်း(မ်)’ (ငြိမ်းချမ်းသာယာမှု အပေါင်း၊ အသင်တို့အပေါ်ကျရောက်ပါစေလို့) နှုတ်ခွန်းဆက်သလိုက်ပါရစေ။
ယနေ့ အွန်လိုင်းပေါ်မှာ ပြန့်ကျဲနေတဲ့အစ္စလာမ်နဲ့ပတ်သက်ပြီး သက်သေပြချက်မရှိ၊ အထောက်အထားမရှိပဲ တစ်ဖက် သတ်ဆန်စွာ၊ ရိုင်းစိုင်းစွာ၊ စွပ်စွဲထားတဲ့ စွပ်စွဲချက်များဟာဆိုရင် တည်ငြိမ် မှုပျက်ပြား အောင် အေးချမ်းသာယာမှု ပျက်ပြားအောင် တစ်ဦးနဲ့ တစ်ဦးအကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုပြိုကွဲအောင် အကျိုးပျက်စီးအောင် တမင်ကြံဆောင် ရည်ရွယ်ဖန်တီးထားတဲ့ သဘောကိုသက်ရောက်နေပါတယ်။ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်ရင်းနှီးချစ်ခင်စွာ နေထိုင်နေကြတာကို မနာလို၊ မရှုစိမ့် တဲ့သဘော မျိုးဆန်နေပါတယ်။ နိုင်ငံတော်အတွင်းမှာ စည်းလုံးညီညွတ်စွာနေထိုင်နေတာကို ညီညွတ်ရေး ပျက်ပြား ပြီး အချင်းချင်း တိုက်ခိုက်ပြီး သွေးထွက်သံယိုဖြစ်မှုကို ဦးတည် ရည်ရွယ်နေပါတယ်။
အမှန်တကယ်မှာတော့ သဘောထားရိုးဖြောင့်ခဲ့မယ်ဆိုရင် မိမိစွပ်စွဲချင်တာ၊ မိမိသိချင်တာတွေကို သမိုင်းပညာရှင်တွေ အစ္စလာမ်ပညာရှင်တွေနဲ့ တွေ့ဆုံပြီးအရင် ဆုံးမေးမြန်း ညှိနှိုင်းသင့်ပါတယ်။ အမှန် တကယ်ဖြစ် ခဲ့ရင်တောင် ဒီလိုအနိဋ္ဌာရုံတွေ နောက်နောင်ကိုမဖြစ်ရလေအောင် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာကို သဘောထားကြီးကြီးနဲ့ စိတ်စေတနာ ဖြူစင်သန့်ရှင်းစွာ နဲ့ ဗုဒ္ဓဘာသာရဲ့အဆုံးအမ၊ ဂျူးဘာသာ ရဲ့အဆုံးအမ၊ ခရစ်ယာန်ဘာသာရဲ့အဆုံးအမတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမှာဖြစ် ပါတယ်။ ဒါပေမဲ့ ဖြစ်သင့်ဖြစ် ထိုက်တာ ကို ကျောခိုင်းမျက်ကွယ်ပြုပြီး မှတ်ပုံတင်အမှတ်မပါ နေရပ်လိပ် စာအတိအကျမပါပဲ ကိုယ် ထင်ရာတွေကို ကိုယ်စွပ်စွဲရေးသားပြီး ကိုယ်ကိုယ်တိုင်တာဝန်မယူရဲတဲ့ စွပ်စွဲချက်တွေကို Online ပေါ်မှာဖြန့်နေတာကိုက သူရဲ့ မူလစိတ်ရင်းမှန်ကိုပေါ်လွင်စေပါတယ်။
ဒါပေမဲ့ဒီလို မတော်တရော်ဖန်တီးပြီး Online ပေါ်မှာဖြန့်နေတဲ့ “Islamization” ပြုလုပ်နေပါတယ် ဆိုတဲ့သတင်းမှာကြီး ကိုတော့တည်ငြိမ်အေးချမ်းရေး၊ အတူတကွပူးတွဲနေထိုင်ရေး၊ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ ကျွန်တော်တို့မွတ်စ လင်မ်လူငယ်တွေကတော့ အထောက်အထားများနှင့်တကွ ပြန်လည်ရှင်းလင်းတင်ပြလိုပါတယ်။ အများပြည် သူတွေအနေနဲ့ အဖျက်သမားတွေရဲ့ ပယောဂထဲကို အငိုက်မမိစေဖို့ ကျွန်တော်တို့မွတ်စလင်မ်တွေအနေနဲ့လည်း မိမိတို့ရဲ့ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံတွေကို ပြန်လည် သတိပြုသုံးသပ်နိုင်စေရန် ရည်ရွယ်ပြီးဖြေရှင်းတုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။
Islamization ဆိုတဲ့ဝေါဟာရဟာ မွတ်စလင်မ်တွေရဲ့ပရ၀ုဏ်မှာကျမ်းမြတ်ကုရ်အာန်မှာ ဝေါဟာရအရလည်းကောင်း၊ အနက်သဘောအရလည်းကောင်း မရှိတဲ့စကားလုံး၊ အသုံးပြုခြင်းမရှိတဲ့ စကားလုံးပါ။ အစ္စလာမ်ဆိုတဲ့ ဝေါဟာရဟာ ငြိမ်းချမ်း ခြင်း၊ အမိန့်နာခံခြင်း ဆိုတဲ့အဓိပ္ပါယ်ပါ။ သူတစ်ပါးအပေါ်လွှမ်းမိုးအနိုင်ယူခြင်း၊ ဖိနှိပ်ကျွန်ပြုခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုး တွေ မဟုတ် ပါ။ မိမိတို့ကိုယ်တိုင်တောင် စစ်မှန်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်အောင် အတော်ကြိုးစားနေရတဲ့အချိန်မှာ သူတစ်ပါး ကိုပါ အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်အောင် အတော်ကြိုးစားနေရတဲ့အချိန်မှာ သူတစ်ပါးကိုပါ အစ္စလာမ်ဘာသာထဲ အတင်းယုံကြည်ဝင်ရောက်ဖို့ တိုက်တွန်းလှုံ့ဆော်ရေးဟာ မဖြစ်နိုင်သေးတဲ့ကိစ္စပါ။ အစ္စလာမ်ကို ဒီလောက်တော်ကြောက်ကန် နေမယ်ဆိုရင်တော့ မိုးပြိုမှာကိုအတိုင်း မသိကြောက်ရွံ နေတဲ့ သတ္တ၀ါငယ်ကလေး တစ်ကောင်လိုများ ဖြစ်နေပါပြီလား။ စားမ၀င်၊ အိပ်မပျော်နဲ့ အကြောက်လွန်ခြင်းဟာ မိမိကိုယ်မိမိဒုက္ခပေးခြင်းတစ်မျိုးပါ။
ကမ္ဘာပေါ်မှာဘာသာတရားတွေ အများကြီးရှိပါတယ်။ ဘယ်ဘာသာတရားကမျှ အခြားဘာသာတရားကို ကြောက်လန့် စေဖို့ချောက်လှန့်မထားပါဘူး။ တိုက်ခိုက်တော်လှန်ဖို့လည်း လမ်းမညွှန်ထားပါဘူး။ ဘာသာ တရား တစ်ခုကို ယုံကြည်သက်ဝင် ခြင်းဟာ စိတ်အေးချမ်းသာယာခြင်း၊ သောကကင်းဝေးခြင်း၊ လူသားတွေအပေါ်မှာ ညှာတာထောက်ထားခြင်း ကိုပဲဖြစ်စေပါတယ်။ ကိုယ့်ဘာသာတရားအပေါ်မှာ ကိုယ်ကခိုင်ခိုင် မာမာ သံဓိဋ္ဌာန်ချပြီးယုံကြည်ထားသူတစ်ယောက်အတွက် ဘာကိုမျှဂရုစိုက်စရာ မလိုပါဘူး။ ဒါကြောင့်ကိုယ့်ကိုယ်ကို ငါသည် ငါ့ဘာသာတရားအပေါ်အမှန်တကယ် ခိုင်ခိုင်မာမာယုံကြည်ပြီးလား လို့မေးခွန်း ထုတ်ကြည့်လိုက်ပါ။

ကမ္ဘာ့နိုင်ငံ(၉၉)ရာခိုင်နှုန်းမှာ စစ်တပ်ရှိပါတယ်။ စစ်တပ်ဆိုတာက လက်နက်ကိုင်ထားတယ်။ ကိုယ့်နိုင်ငံကိုကျူးကျော် ရန်စလာမယ်ဆိုရင်တော့ လက်နက်နဲ့ဖြေရှင်းရပါလိမ့်မယ်။ ဒါကို လူသတ်ဂိုဏ်းဖွဲ့ ထားပါတယ်လို့ စွပ်စွဲမလား။ အေးချမ်းစွာ နေလိုသူတွေရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ နိုင်ငံတိုင်းမှာဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကိုချိုးဖောက်လာမယ် ဆိုရင်တော့ သတိပေးမယ်။ ဆက်ပြီးကျူးကျော်မယ် ဆိုရင်တော့ လက်နက်နဲ့ဖြေရှင်းတာကို ကမ္ဘာ့လူသားအားလုံးက တစ်ညီ တစ်ညွတ်တည်း လက်ခံထားပါတယ်။ ဒီလိုလက်နက်နဲ့ဖြေရှင်းလိုက်ရတာကို လူ့အသက်သတ်တဲ့အတွက် အပြစ်(Sin)ဖြစ်တယ် ဆိုပြီးလူမိုက် အကြိုက်လိုက်ပြီး မှတ်ချက်ပေးမလို့လား။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဟာ အစ္စလာမ်အယူဝါဒပြန့်ပွား ရေးအတွက် အစ္စလာမ်မဟုတ်သူတွေကို သတ်ပစ်ရမယ်။ ဒါမှကုသိုလ်ရပြီးကောင်းကင်ဘုံကို ရမယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ဘယ် အပေါ်မှာ အထောက်အထားပြု အခြေခံထားသလဲ။ ဒီစွပ်စွဲချက်မှန်မယ်ဆိုရင် ကမ္ဘာ့မွတ်စလင်မ်နိုင်ငံတွေမှာ လက်နက်တိုက် ကြီးတွေ လက်နက်စက်ရုံကြီးတွေ အဆမတန်ကြီးမားတဲ့ စစ်သည် အင်အားတွေ အဆမတန်မြင့်မားလှတဲ့ စစ်အသုံးစရိတ်တွေ ဆောက်လုပ်သုံးစွဲမှာပေါ့။ နျူကလီးယားဗုံးတွေထုတ်ပြီး မွတ်စလင်မ်မဟုတ်တဲ့ နိုင်ငံတွေအပေါ်ကြဲချလိုက်မှာပေါ့။ ဒါပေမဲ့ ဒီကနေ့ကမ္ဘာ့နိုင်ငံ တွေထဲမှာ လက်နက်တိုက်ကြီးတွေ လက်နက်စစ်ရုံကြီးတွေ စစ်သည်အင်အား အကြီးအကျယ်ထူထောင် နေတာတွေ အခြားနိုင်ငံ အပေါ်အနုမြူဗုံးချခဲ့တာတွေဟာ မွတ်စလင်မ်နိုင်ငံတွေလား။ အခြားဘာသာကိုးကွယ်တဲ့ နိုင်ငံတွေလား ဆိုတာ တစ်ချက်လောက်စောင်းငဲ့ကြည့်လိုက်ပါဦး၊ ဘာမှမသိပဲ မွတ်စလင်မ်ကိုမုန်းတီးရုံမျှနဲ့ မစွပ်စွဲလိုက်ပါနှင့်။
မွတ်စလင်မ် တွေဟာ အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က စေလွှတ်တဲ့တမန်တော်မြတ် မုဟမ္မဒ်ကိုလည်းကောင်း မိမိတို့ရဲ့အသက်ထက်ပိုချစ်တယ် ဆိုတာဟာ မှန်ပါတယ်။ ဒါအထူးအဆန်း တစ်ရပ်တော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ မြတ်ဗုဒ္ဓကိုချစ်ကြောက်ရိုသေမှာပါ။ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဟာ ယေရှုသခင်ကို ချစ်ခင်မှာပါ။ မွတ်စလင်တစ်ဦးရဲ့ အသက်ဟာကုရ်အာန် ကျမ်းမြတ်ဖြစ် သလို ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ အသက်ဟာပိဋကတ်သုံးပုံ ကျမ်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ ၀င်တစ်ယောက်ရဲ့ အသက်ဟာလည်း (BIBLE) သမ္မာကျမ်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ဘာသာရဲ့ကျမ်းကမှ ကိုယ့်ဘာသာဝင်မဟုတ်သူကို သတ်ဖြတ်ပစ်ရမယ်လို့ မညွှန်ကြားထား ပါဘူး။
အကယ်၍ ဦးနှောက် ရှိမယ်ဆိုရင် စဉ်းစားကြည့်လိုက်လို့ရပါတယ်။ မွတ်စလင်မ်တွေဟာ မွတ်စလင်မ်မဟုတ်သူမှန်သမျှ ကိုသတ်ပစ်ရမယ်ဆိုရင် ကမ္ဘာ့လူဦးရေ သန်း(၆၀၀၀)မှာ မွတ်ဆလင်မ်လူဦးရေက သန်း(၂၀၀၀) လောက်ပဲရှိတာ။ ဒီလူဦးရေ သန်း(၂၀၀၀)က ကျန်လူဦးရေ သန်း(၄၀၀၀)ကို သတ်ပစ်ရမယ်ဆိုတာ အရူးတစ်ယောက်တောင်လက်မခံနိုင်တဲ့ အဆိုတစ်ရပ် ဖြစ်ပါတယ်။ ချင့်ချင့်ချိန်ချိန်တော့ပြောဖို့ လိုပါတယ်။ အလ္လာဟ်အရှင်မြတ်က မွတ်စလင်မ်တွေအနေနဲ့ မွတ်စလင်မ်မဟုတ်သူတွေ ကိုသတ်ပစ်ရမယ်လို့ ကုရ်အာန်ကျမ်းရဲ့ ဘယ်နေရာမှာ ပြောထားသလဲ။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကလက်ခံထားတဲ့ ကုရ်အာန်ကျမ်းဟာ“လူသတ်ကျမ်း”လို့စွပ်စွဲလိုက်တာဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကိုစော်ကား လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲစော်ကားသူဟာ ဘာသာတရားတစ်ခုကို သက်ဝင်ယုံကြည်ကိုးကွယ် သူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုလျှင် သူယုံကြည်ကိုး ကွယ်နေတဲ့ ဘာသာတရားကသူ့ကို ဒီလိုပဲတစ်ဖက်သတ်စွပ်စွဲဖို့ ညွှန်ကြားနေပါသလား။ မဖြစ်နိုင်ပါဘူးလို့ထင်ပါတယ်။ သူကိုယ် တိုင်က စိတ်ကျရောဂါ(သို့မဟုတ်) စကီဇိုဖရီးနီးယားလို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားနဲ့ ရူးသွပ်နေသူပဲဖြစ်ပါလိမ့်မယ်။
ကျမ်းမြတ်ကုရ်အာန်မှာ လူသတ်ဖို့မပြောနဲ့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ သက်ရှိတစ်စုံတစ်ရာကို တောင်သတ်ဖြတ်ခွင့်မပေးထားပါဘူး။ ဒီအချက်ကို ကုရ်အာန်အထောက်အထားတွေနဲ့ တင်ပြပါ ရစေ။
ကျမ်းမြတ်ကုရ်အာန် (ကဏ္ဍ ၁၇း ပါဒတော် ၃၃)တွင် “ သင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ချက်ထုတ်ပြန် ပြဋ္ဌာန်းထားပြီးသော မည်သည့်သက်ရှိတစ်စုံတစ်ရာကိုမျှ ခိုင်လုံ သောအ ကြောင်းပြချက် မရှိဘဲ သတ်ဖြတ်အဆုံးစီရင်ခြင်း မပြုကြလေနှင့်။ မတော်မတရား သတ်ဖြတ်အဆုံးစီရင် ခံရသူဘက်မှ လိုက်ပါအရေးဆိုနိုင်သည့် အခွင့်အာဏာကို ငါအလ္လာဟ် အရှင်မြတ် စီမံပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အဆုံး စီရင်ခြင်း နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယေက်ကမျှ တရားမျှတမှု ကိုကျောခိုင်း၍ အလွန်အကျွံ လုပ်ကိုင်ဆောင် ရွက်ခြင်း မရှိ ပါစေနှင့်။ ဧကန်အမှန်ပင် မတော်မတရားဖိနှိပ်သတ်ဖြတ် ခံရသူ တစ်ဦး အတွက် လုပ်ပိုင်ခွင့်ဆိုင်ရာ အခွင့်အလမ်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။” (၁၇း၃၃)

ရှင်းလင်းချက်။ ။ ဤကမ္ဘာမြေပေါ်တွင် အားသာချက်ရှိနေသူတို့က အားနည်းချက်ရှိသူတို့အား ဖိနှိပ်ရက်စက်နေခြင်းက တရားမျှတမှုကင်းမဲ့ခြင်း၊ ယုတ်မာရိုင်းစိုင်းရက်စက်ခြင်း၊ လူမဆန်ခြင်း အစရှိသည့် လက္ခ ဏာ များ ကို ရည်ညွှန်းပြသလျက် ရှိသည်။ မိမိတို့၏အားသာချက်တစ်စုံတစ်ရာကို အခွင့်ကောင်းယူ၍ တစ်ဖက်သားအပေါ် ဖိနှိပ်အနိုင်ကျင့်ခြင်းသည် လိမ္မာယဉ်ကျေးသော လူ့ပတ်ဝန်းကျင်တစ်ခုကို ကိုယ် စားပြု သော လုပ်ရပ်မဟုတ်ပေ။ ကျမ်းတော်မြတ်ကုရ်အာန်က တိုးတက်သော လိမ္မာယဉ်ကျေး သော လူ့ပတ်ဝန်းကျင်တစ်ရပ်ကို ထူထောင်နိုင်ရင် အဓိကကျသော အခြေခံအချက်အလက်များတွင် တရားမျှတမှု ရှိခြင်းက လည်းအခြေခံအချက်တစ်ရပ်အဖြစ်ပါဝင်လေသည်။
ကျမ်းမြတ်ကုရ်အာန်က တိကျမှန်ကန်စွာတရားစီရင်ခြင်းမရှိဘဲ လူသားတစ်ဉ်ီးတစ်ယောက်ကို ဖမ်းဆီးချုပ်နှေင့်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ သေဒဏ်ပေးခြင်းတို့ကို လူ့အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် ကျူးကျော်စော် ကား ခြင်းအဖြစ် သတ်မှတ်ထားလေ သည်။ ကုရ်အာန် (၅း၃၂)တွင် “ဘနီအီစ်ရာအီးလ်” မျိုးနွယ်များကို အကြောင်းပြု၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားလေသည်။
“ဧကန်အမှန်ပင် မည်သူမဆိုလူသားတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားမဟုတ်သလို တိုင်းပြည်၌ ဆူပူသောင်းကျန်းနေခြင်းလည်းမဟုတ်ဘဲ သတ်ဖြတ်အဆုံး စီရင်ခဲ့ပါလျှင် လူသားထုတစ်ရပ်လုံး အား သတ်ဖြတ်အဆုံးစီရင်ခြင်း ပင်ဖြစ်သည်။ အလားတူပင် မည်သူမဆိုလူသားတစ်ဦး၏ အသက်ရှင်သန်ရေးကို ဖေးမကူညီဆောင်ရွက်ခြင်းသည် လူသားထု တစ်ရပ်လုံးအား ဖေးမကူညီဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။” (ကုရ်အာန် ၅း၃၂)
အစ္စလာမ်က တရားစီရင်ရေးဆိုင်ရာအခွင့်အာဏာကို တိကျမှန်ကန်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လမ်းညွှန်ပြဋ္ဌာန်း လျက်ရှိသည်။ မတော်မတရား ဖိနှိပ်စော်ကားခံရသူဘက်မှ ရပ်တည်အကာအကွယ် ပေးကြရန် ကိုလည်း တိုက်တွန်းနှိုးဆော်ထား လေသည်။ အလားတူတရားစီရင်ရာ၌ တစ်ဖက်စောင်းနင်းပြုမူဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတစွာ ဆောင် ရွက်ခြင်း၊ အဂတိတရားလေးပါး လက်ကိုင်ပြု၍ တစ်ဖက်သတ် အလွန်အကျွံဖိအားပေး၍ အမိန့်ပြဋ္ဌာန်းခြင်းတို့ကို လုံးဝမပြုလုပ်ရန် တားမြစ် ထားလေသည်။ ထိုသို့ ပြုခဲ့ပါမူ “တရားကိုနတ်စောင့်သည်” ဟူသော ဆိုရိုးစကားကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က မတော် မတရား ဖိနှိပ်ခံရသူတို့ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်းကိုလည်းအသိပေး သတိပေးထား လေသည်။
တစ်ဖန် ကျမ်းမြတ်ကုရ်အာန် (၄၂း၄၁၊ ၄၂း၄၂၊ ၄၂း၄၃)တို့၌ ဖိနှိပ်ခံရသူတို့၏ လက်တုံ့ပြန်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ ဖိနှိပ်သူတို့၏ပြစ်ဒဏ်နှင့် ပတ်သတ်၍လည်းကောင်း၊ ဖိနှိပ်ခံတို့၏ သည်းခံခွင့်လွှတ်မှုနှင့် ပတ်သတ်၍ လည်းကောင်း အောက်ပါအတိုင်း ပြဋ္ဌာန်းထားလေသည်။
ကုရ်အာန်(၄၂း၄၁)
“မည်သူမဆို မိမိသည် မတရားဖိနှိပ်စော်ကားခံခဲ့ရသည့်အပေါ် (မိမိခံစားရသည်နှင့်အညီ) ပြန်လည်လက်တုံ့ပြန်ခဲ့ လျှင်ယင်းကိစ္စသည်တစ်စုံတစ်ရာ ပြစ်တင်ဖွယ်ရာမရှိပေ။”(ကုရ်အာန် ၄၂း၄၁)
ကုရ်အာန်(၄၂း၄၂)
“အမှန်တကယ်မှာမူ အမှန်တရား၊ သစ္စာတရားကို ကျောခိုင်း၍လူသားထုအပေါ် မတော်မတရားဖိနှိပ်ရက်စက်နေကြ သူများ၊ တိုင်းပြည်အတွင်း၌ ဆူပူသောင်းကျန်းနေသူ များအပေါ်၌ သာမူ ဝေဖန်ပြစ်တင် ရှုတ်ချဖွယ်ရည် ဖြစ်သည်။ သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်များရှိလေသည်။”(ကုရ်အာန် ၄၂း၄၂)
ကုရ်အာန်(၄၂း၄၃)
“သို့ရာတွင်အကြင်သူတစ်ဦးသည် (မိမိမတရားစော်ကားခံရမှုနှင့်ပတ်သက်၍) သည်းခံခွင့်လွှတ် သင်ပုန်းချေခဲ့မည်ဆို လျှင်ဧကန်အမှန်ပင် ယင်းသို့သောပြုမူဆောင်ရွက်ချက်သည် အရေးအရာကိစ္စရပ်များကို နက်နက်နဲနဲ စဉ်းစားသမှုပြုပြီး ခိုင်ခိုင် လုံလုံ သန္နိဋ္ဌာန်ချမှတ်နိုင်မှုတစ်ရပ်သာလျှင်ဖြစ်သည်။” (ကုရ်အာန် ၄၂း၄၃)
ကျမ်းမြတ်ကုရ်အာန်က မတရားဖိနှိပ်ခံရမှုနှင့်ပတ်သက်ပြီး လျော်ညီသော လက်တုံ့ပြန်မှုကို ခွင့်ပြုထားသောလည်း ရေရှည်အကျိုးတစ်ရပ်ရပ်ကို ငဲ့ကွက်ပြီးခွင့်လွှတ်သင်ပုန်းချေမှုကို အထူးအရေးပေး ဖော်ပြ ထားလေသည်။
ကုရ်အာန်ကျမ်းမှာ အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက် အစ္စလာမ်ဘာသာမဟုတ်တဲ့ လူအားလုံးကို သတ်ပစ်ရမယ် လို့အဓိပ္ပါယ်ရတဲ့ ကျမ်းချက်(လူသတ်ခိုင်းတဲ့ကျမ်းချက်) (၁၂၃)ချက်တောင်ပါရှိတယ်ဆိုတာ ဘယ်မှာပါလိမ့်၊ စွပ်စွဲသူကိုယ်တိုင် က ကုရ်အာန်ကို စေ့စေ့ငှငှလုံးစေ့ပတ်စေ့ လေ့လာဖူးပါသလား၊ ဧကန္တတော့ အစ္စလာမ်ကိုမုန်းတီးနေတဲ့သူတွေ လုပ်ကြံဖန်တီး ထားတဲ့စာအုပ်ထဲကခိုးချတာထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်(၁၄၀၀)လောက်စပြီး အစ္စလာမ်က အခြားဘာသာတွေနဲ့ စစ်ဖြစ်ခဲ့တယ်။ ဒီအချိန်မတိုင်မီက ဘာသာ တရားတွေမှာ စစ်ဖြစ်တာမရှိခဲ့ဘူးဆိုရင်တော့ သမိုင်းကိုမသိဖူး၊ နားမ လည်ဖူးလို့ပဲ မှတ်ချက် ပေးရပါလိမ့်မယ်။ တမန်တော်မြတ် မပွင့်ပေါ်မီ ကတည်းကကမ္ဘာပေါ်မှာ စစ်မီးတွေအများကြီးတောက်လောင်ခဲ့ရပါတယ်။ ဥပမာ ဂျူးတို့ရဲ့ ဂျေရုစလင်မ်မြို့ တော်ကြီး ဟာရောမရဲ့တိုက်ခိုက်ခြင်း၊ ဂရိတို့ ရဲ့ဝင်ရောက်တိုက်ခိုက်ခြင်း အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အစ္စူလာမ်သည်လည်းကောင်း၊ ဗုဒ္ဓဘာသာသည်လည်းကောင်း၊ ခရစ်ယာန်ဘာသာသည်လည်းကောင်း စနစ်တစ်ခု အပေါ်အခြေခံထားခြင်းသာဖြစ်ပါတယ်။ ဘာသာတရားတိုင်းက မိမိတို့ဘာသာတရားရဲ့ ကောင်း မွန်တဲ့ကျင့်စဉ်၊ ကျင့်ရပ်တွေ စနစ်ဇယားတွေ၊ ယုံကြည်ချက်တွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေကို ချပြပြီးတရားဟောပါလိမ့်မယ်။ စည်းရုံးပါလိမ့်မယ်။ လူသားထုတစ်ရပ်လုံးကို လမ်းပြပါလိမ့်မယ်။ ဒီလုပ်ရပ် ကိုမကောင်းပါဘူး။ မတရားပါဘူး။ Islam will dominate the whole world ဆိုပြီး Buddhism will dominate the whole world ဆိုပြီး Chustiom will dominate the whole world ဆိုပြီး အကြောက်အကန်လန့်ဖျပ်ဖို့လည်း မလိုပါဘူး။ လူသားတိုင်းမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီးသားပါ။ ဘာကိုယုံကြည်လက်ခံ ရမလဲသူတို့သိပါတယ်။ ဗုဒ္ဓဘာသာကိုအများက ကြိုက်လို့ ကိုးကွယ် မယ် ဆိုရင်လည်း အခြားဘာသာတွေက ဘာမှမနာလို ငြူစူ ပြီး ကလိတာ၊ ထေ့ငေါ့တာလုပ်ဖို့မလိုပါဘူး။ လူတိုင်းက ကိုယ့်ယုံကြည်ချက် ကိုယ့်ဘာသာတရားကို အလေးထားပြီး ချစ်မြတ်နိုး ကြမှာပါ။ ဒါကိုမှားတယ်လို့ ပြောလို့မရပါဘူး။ အစ္စလာမ်ဘာသာကို မိမိနှစ်သက်လို့ မိမိယုံကြည်လို့ ကိုးကွယ်တာကိုမှားတယ်လို့ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိပါဘူး။ ဘာသာတရားတွေကိုယုံကြည်သက်ဝင်ကြသူ အချင်းချင်းမှာ လူ့အခွင့်အရေး ဆိုတာက အလေးထားရမယ့်ကိစ္စပါ။ အစ္စလာမ်မှာ ကျမ်းမြတ်ကုရ်အာန်မှာ အခြားဘာသာဝင်တွေကို သတ်ဖို့မပြောနဲ့ “သင်တို့သူတို့ကို မကောင်းမပြောရဘူး၊ ပြက်ရယ်မပြုရ ဘူး၊ မစော်ကားရဘူး၊ ”ဆိုပြီးအတိ အလင်းပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို လက်မခံ ရင်မွတ်စလင်မ်ရဲ့စည်းဘောင်အပြင်ဖက်ကို ရောက်သွားရမယ်လို့ အတိအလင်းပြဋ္ဌာန်းထားတာကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။ဒါပေမဲ့အခု စွပ်စွဲ နေတဲ့ မွတ်စလင်မ်တွေက ဘာသာခြားတွေကိုသတ်ပြီး အစ္စလာမ် ကိုတိုးချဲ့နေပါတယ်ဆိုတဲ့ စွပ်စွဲချက် ကစိတ်ကျရောဂါကိုခံစားနေရတဲ့ စိတ်ဝေဒနာရှင် တစ်ယောက်ရဲ့ ကယောင်ကတမ်း မြင်မက်တဲ့ အိပ်မက် တစ်ခု ပဲဖြစ်ပါ လိမ့်မယ်။ လူသတ်ပြီး ဘာသာတရားကို စည်းရုံးချဲ့ထွင်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။ လူတွေကကိုယ့်လို အရူးမဟုတ်ဖူးနော်။ ကိုယ်ကသာ ကြောက် လန့်ပြီး လက်ခံချင်လက်ခံ လိုက်ဦးမှာ၊ လူတွေကကိုယ့်လို ကြောက်စိတ်ရှိချင်မှရှိမှာပါ။ ကမ္ဘာပေါ်မှာ ဓါးကိုကြောက်လို့ ယုံကြည်ချက်ပြောင်းသွားတယ်ဆိုတာ လူပျော့၊ လူညံ့တွေရဲ့အလုပ်ပါ။ အစ္စလာမ်မှာ ဓါးကိုကြောက်လို့ ယုံကြည် ချက် ပြောင်းပြီး အစ္စလာမ်ထဲဝင်လာသူတွေအတွက် နေရာမရှိပါ။ နေရာမပေးပါ။
“အစ္စလာမ် ထဲ သို့ မ၀င်ပဲငြင်းပယ်သူများကို နေရာမရွေးသတ်ကြလော့”ဆိုပြီး အင်္ဂလိပ်လို –
………. Kill the unbelievers (non – muslim) where you find them (Quran 9:5) ဆိုပြီး မှားယွင်းစွာရေးထားတာကို လည်းတွေ့ရပါတယ်။ အမှန်တကယ် ကုရ်အာန် ကျမ်းမှာပါတဲ့ အရဗီဝေါ ဟာရ က Unbelievers ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်ပါ။ ပိုဆိုးတာက non – muslim ဆိုပြီး ကွင်းစကွင်းပိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ်ဖြည့်စွက်လိုက်တဲ့ စကားလုံးပဲဖြစ်ပါတယ်။ မူရင်း ကုရ်အာန်မှာ non – muslim (မွတ်စလင်မ်မဟုတ်သူ – ဂိုင်းရ်မွတ်စလင်မ်) ဆိုတဲ့အရဗီဝေါဟာရလုံးဝမပါရှိပါ။ ဒါကိုက အခြား ဘာသာတွေက မွတ်စလင်မ်တွေအပေါ်အမြင်မကြည်အောင်ရန်တိုက်ပေးခြင်းပဲဖြစ်ပါတယ်။ အမှန်တကယ် ကုရ်အာန်(၉း၅)မှာ ပါရှိတဲ့ဝေါဟာရက “မွတ်ရှ်ရေကီးန်” (Mushrikeen) ဖြစ်ပါတယ်။ ဒီအရဗီဝေါဟာရရဲ့ အဓိပ္ပါယ်က “အစ္စလာမ်ထဲသို့ မ၀င်ပဲငြင်း ပယ်နေသူများ” (non – muslim) မွတ်စလင်မ်မဟုတ်သူများ လို့အဓိပ္ပါယ်မထွက်ပါဘူး။ သူ့ရဲ့အဓိပ္ပါယ်အမှန်က “အစ္စလာမ် ဖြစ်ပါလျက်နှင့် အစ္စလာမ်ကိုတုပဖျက်ဆီးသူ”လို့အဓိပ္ပါယ်ရရှိပါတယ်။ “မိစ္ဆာကောင်”တွေပေါ့၊ ကုရ်အာန်ကသူ တို့ကိုသော် လည်းကောင်း၊ သူတို့ရဲ့စနစ်ဇယား ကိုသော်လည်းကောင်း၊ တိုက်ခိုက်ဖျက်ဆီးချေမှုန်းပစ်ဖို့ပြောနေတာပါ။ မိစ္ဆာကောင်ကိုလည် ပင်းဖက်ပြီးပေါင်းပါလို့ ဘယ်ဘာသာတရား ကညွှန်ကြားထား ပါသလဲ။ ကိုယ်နဲ့ မသက် ဆိုင်တဲ့ ကိစ္စကိုဘာကြောင့်များ အကြောက် လွန်နေရပါလိမ့်။ ကုရ်အာန်(၄၇း၎)ကလည်း ဒီသဘောအတိုင်းပါပဲ။ မိမိကိုယ်တိုင်အရဗီကိုနားမလည်ပဲ၊ ကုရ်အာန်ကိုနားမလည် ပဲအကြောက်လွန်ပြီး အိပ်ရေးတွေပျက်နေတာတော့ စိတ်မကောင်းပါဘူး။
ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူး။ ကျွန်တော်တို့စိတ်မကောင်းတာက အစ္စလာမ်မဟုတ်သူတစ်ယောက်က အစ္စလာမ်တွေ ယုံကြည်တဲ့ကျမ်းချက်ပါ စကားလုံးတွေကို အလွဲလွဲအချော်ချော်ဖြစ်အောင် ပြင်ဆင် ဖျက်ဆီး လိုက်ခြင်းပါပဲ။ Unbelievers ဆိုပြီး non – muslim ဆိုပြီးမူရင်းကျမ်းမှာ မပါတဲ့ ၊ မူရင်းကျမ်းနဲ့ဆန့်ကျင်တဲ့ဝေါဟာရတွေကို ရည်ရွယ်ချက်ရှိစွာနဲ့ ကြံစည်လုပ်ဆောင်ထည့် သွင်း လိုက် ပါတယ်။ ဒါကဘာသာ တရားတစ်ခုကို စော်ကားလိုက်ခြင်းပါ။ လက်ဆုပ်လက်ကိုင်နဲ့ လက်တွေ့ပြရမယ်ဆိုရင်တော့ လတ်တလောမှတင် အစ္စလာမ်မဟုတ်သူဘာသာခြားတစ်ယောက်က အစ္စလာမ်ကို စော်ကား လိုက်ပါပြီ။ ဘယ်မွတ်စလင်မ်တစ်ယောက်ကမှ အခြားဘာသာရဲ့ကျမ်းကို လုပ်ကြံစော်ကားခြင်းမရှိပါဘူး။ ဘာသာတရားတွေရဲ့ အဆုံးအမရှုထောင့်ကကြည့်ရင် အင်မတန်မှ အပြစ်ကြီးတဲ့ကိစ္စပါ။ အစ္စလာမ်မှာအခြားဘာသာ တရားရဲ့ ဘုရားကျောင်းကန်တွေ၊ အမွေအနှစ်တွေ၊ ကျမ်းစာအုပ်တွေ၊ ရိုးရာယဉ်ကျေးးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကုရ်အာန်မှာ အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်ပါတယ်။ မရိုမသေမလေးမစား လုပ်ခွင့် လုံးဝ မရှိပါဘူး။ အင်ဒိုနီးရှားဟာ မွတ်စလင်မ်နိုင်ငံပါ။ အဲ့ဒီမှာ “ဗောရော ဗုဒု”စေတီ တော်ရှိပါတယ်။ လေးလေးစားစား ထိန်းသိမ်းထားပါတယ်။ ပါကစ္စတန်မှာ အလွန်ခံ့ညားတဲ့ ဗုဒ္ဓ၀င်ပြခန်းနဲ့ ဂေါတမမြတ်ဗုဒ္ဓရဲ့ အမွေအနှစ်တွေရှိပါတယ်။ ပါကစ္စတန်နိုင်ငံသားမွတ်စလင်မ်တွေ အမြတ်တနိုးထိန်းသိမ်းထားပါတယ်။ ဒီကိစ္စုကိုအရှင်ဒေါက်တာ ဥာဏိတ္တရသိပါတယ်။ အာဖဂန်နစ္စတန်မှာ အင်မတန်မှ ဥာဏ်တော်မြင့်တဲ့ ဗုဒ္ဓ ဆင်းတု တော်ကြီးရှိပါတယ်။ အာဖဂန်က မွတ်စလင်မ်တွေဟာ ဒီဆင်းတုတော်ကြီးကို နှစ်ပေါင်းများစွာမူမပျက် ထိန်းသိမ်းခဲ့ပါတယ်။ ၀မ်းနည်းစရာ၊ ယူကျုံးမရစရာ အဖြစ် တစ်ခုကတော့ ဘာသာရေးအစွန်းရောက် “တာလီဘန်”တစ်စုရဲ့လက်ချက်နဲ့ပြိုပျက်ခဲ့ရပါတယ်။ မွတ်ဆလင်မ်နိုင်ငံ အတော်များ များက မဖျက်ဆီးဖို့အတွက် တာလီဘန်တွေကိုတားဆီးခဲ့ပါတယ်။ ဒါပေမဲ့ နား တစ်ဖက်၊ မျက်လုံးတစ်ဖက်ပဲပါတဲ့ တာလီဘန် တွေဟာ ဇွတ်တရွတ်ဖျက်ဆီးခဲ့ပါတယ်။ အာဖဂန်နိုင်ငံရဲ့ရှေးဟောင်းအမွေအနှစ်တစ်ခု ဆုံးရှုံးသွားခဲ့ရပါတယ်။ သမိုင်းတစ်ခု ပျောက်ကွယ်သွားခဲ့ရပါတယ်။ မွတ်စလင်မ်တွေ အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ပါ။ သံဝေဂယူရမဲ့ သင်ခန်းစာတစ်ရပ်ပါ။
ကမ္ဘာပေါ်မှာ စစ်ရှုံးလို့လူမျိုးပျောက်ကွယ်သွားတယ်ဆိုတာ ဘာသာတရားပျောက်ကွယ်သွားတယ်ဆိုတာ အသိတရား မဲ့နေသူတွေရဲ့အယူအဆတစ်ရပ်ပါ။ မွတ်စလင်မ်တွေ စစ်ရှုံးဖူးပါတယ်။ ဘဂ္ဂဒက်မြို့ကြီး ကိုမွန်ဂိုတွေ ၀င်သိမ်းတဲ့အခါမှာ တစ်မြို့ လုံးမွတ်စလင်မ် အရိုးတွေတောင်လိုပုံနေခဲ့ပါတယ်။ ချောင်းတွေ၊ မြောင်းတွေထဲမှာ မွတ်စလင်မ်တွေရဲ့ သွေးတွေစီးဆင်းနေခဲ့ပါ တယ်။ အလားတူ ဂျူးလည်းစစ်ရှုံးခဲ့ ဖူးတယ်။ ခရစ်ယာန်လည်းစစ်ရှုံးခဲ့ဖူးတယ်။ ဘယ်လူမျိုးမှ မပျောက်သလို ဘယ်ဘာသာမှ လည်းမပျောက်ပါဘူး။ လူမျိုးပျောက်တယ်။ ဘာသာပျောက်တယ်ဆိုတာက ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာ ကိုမြင့်တက်အောင် မကြိုး စားရင် ကိုယ်ဘာသာတရားကို ကိုယ်အလေးမထားရင် ဇာတ်တူသားစားရင် လူမျိုးပျောက်သွားမယ်။ ဘာသာလည်းပျောက် သွားပါလိမ့်မယ်။ ကိုယ့်ရဲ့အသုံးမကျမှု၊ မသိနားမလည်မှုတွေကို ပြုပြင်သွားမယ့်အစား အခြားလူမျိုးတစ်မျိုးကိုခေါင်းပုံလွှဲချခြင်း မပြုပါနှင့်။
အစ္စလာမ်ကို ကြောက်နေကြတဲ့သူတွေက မွတ်စလင်မ်တွေရဲ့ဝါးမျိုခြင်းကို ဒီလိုခံလိုက်ရပါတယ်ဆိုပြီး လွဲမှားတဲ့ အချက်အလက်တွေကို ထောက်ပြနေကြပြန်တယ်။
Turkey (တူရကီနိုင်ငံ) မူလက ခရစ်ယာန်နိုင်ငံ
Indonesia (အင်ဒိုနီးရှား) မူလက ဗုဒ္ဓဘာသာနိုင်ငံ
Malaysia (မလေးရှား) မူလက ဗုဒ္ဓဘာသာနိုင်ငံ
Afganistan (အာဖဂန်နစ္စတန်) မူလက ဗုဒ္ဓဘာသာနိုင်ငံ
Parkistan (ပါကစ္စတန်) မူလက ဟိန္ဒူနိုင်ငံ
Bangladesh (ဘင်္ဂလားဒေ့ခ်ျ) မူလက ဟိန္ဒူနိုင်ငံ စသည်ဖြင့် မြန်မာနိုင်ငံထက်ပိုကြီးပြီး လူဦးရေပိုများတဲ့နိုင်ငံတွေ တောင်မခံနိုင်ပဲ လူမျိုးလည်းပျောက်၊ ဘာသာလည်းပျောက် ခဲ့ရပါတယ် လို့ဝေဖန်ထောက်ပြ ထားပါတယ်။
အထက်ဖော်ပြချက်တွေမှာ မှားယွင်းနေတဲ့အချက်တွေ ရာနှုန်းပြည့်ပါဝင်နေပါတယ်။ တူရကီနိုင်ငံဟာမူလက ခရစ်ယာန်နိုင်ငံဆိုတာ မဟုတ်ပါဘူး။ အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဟာလည်း မူလကဗုဒ္ဓဘာသာနိုင်ငံ ဆိုတာ လည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာတော့ရှိပါတယ်။ ဒါပေမဲ့ နတ်ကိုးကွယ်မှု၊ ရိုးရာကိုးကွယ်မှုတွေက အများစုပါ။ အာဖဂန်နစ္စတန်နိုင်ငံ ဆိုတာလည်းမူလက ဗုဒ္ဓဘာသာနိုင်ငံဆိုတာ မဟုတ်ပါဘူး။ အထောက်အထားမရှိပါ။ ဗုဒ္ဓဘာသာဝင်အချို့“ဘာမီယန်”အရပ်မှာ ရှိခဲ့တယ်။ အဲဒီအရပ်ကို ရှင်ဂေါတမရောက်ခဲ့ဖူးတယ်လို့တော့ သမိုင်းမှတ်တမ်းအချို့ရှိပါတယ်။ “အာဖဂန်နစ္စတန်”ဆိုတဲ့ နာမည် ကိုက “ပဟ်လ၀ီ (Phelavi)”ဘာသာစကားဖြစ်နေပါတယ်။ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဟိန္ဒူနိုင်ငံတွေ မဟုတ်ပါဖူး။ ပါကစ္စ တန်ဆိုတာက “ပါးက်”ဆိုတဲ့ အူရ်ဒူစကားနဲ့ “အစ်တန်”ဆိုတဲ့ အူရ်ဒူစကားကဆင်းသက်လာတာပါ။ “သန့်ရှင်းသောနယ်မြေ”လို့ အဓိပ္ပါယ် ရပါ တယ်။ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်တွေက “ဟိန္ဒူ”တွေရဲ့ လက်အောက်မှာမနေလိုပဲ ခွဲထွက်ခဲ့တာကြောင့် “ပါကစ္စ တန်”ဆိုတာ ဖြစ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်က ယခင်ပါကစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ကြပါတယ်။ မွတ်စလင်မ်တွေပါ။ နောက်ပိုင်းပါကစ္စတန်နိုင်ငံ လက်အောက်ကခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်က ယခင်ပါကစ္စတန်နိုင်ငံပဲဖြစ်ပါ တယ်။ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ကြပါတယ်။ မွတ်စလင်မ်တွေပါ။ နောက်ပိုင်း ပါကစ္စတန်နိုင်ငံလက်အောက်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်တည်ထောင်ခဲ့တာပါ။
ဘာသာတရားတွေရဲ့ အထွတ်အမြတ်ထားတဲ့ Holy Places တွေကိုမွတ်စလင်မ်တွေက ဖျက်ဆီးခဲ့တယ်ဆိုတာ အထောက်အထားမဲ့ပြီး ဇာတ်နာအောင် မွတ်ဆလင်မ်တွေကို ဘာသာခြားတွေက မုန်းတီးသွားအောင် လှုံ့ဆော်ပေးခြင်းပဲဖြစ်ပါ တယ်။ မွတ်စလင်မ်တွေက ဘာသာခြားများရဲ့ အထွတ်အမြတ်ထားရာတွေကို ဖျက်ဆီး၊ မဖျက်ဆီးခြင်းထက် မွတ်စလင်မ်တို့ရဲ့ အထွတ်အမြတ်ထားတဲ့ ဆော်ဒီအာရေဗျရှိ မက္ကာဟ်မြို့မှာတော့ ၀က်တန်ဆာကိုကိုးကွယ်ပါတယ်ဆိုပြီး လောလောဆယ်မှာပဲ ဘာသာခြားတစ်ယောက်က စော်ကားလိုက်ပါပြီ။ အဲဒီမြို့ထဲကို ဘာသာခြားတစ်ယောက်မှဝင်ခွင့်မရှိဘူး။ ၀င်တာနဲ့ ခေါင်းဖြတ်ခံ ရတယ်ဆိုရင် ဒီဘာသာခြားကအထဲမှာ ၀က်တန်ဆာကိုကိုးကွယ်နေပါတယ်လို့ သူမရောက်ဖူးပဲ ဘာကြောင့်စော်ကား၊ မော်ကား ပြောရတာလဲ။ ဒါကိုက အစ္စလာမ်အပေါ်မှာ မရိုးမသားစွပ်စွဲပြောဆိုနေတာ ပေါ်လွင်ထင်ရှားနေပါပြီ။
ဘယ်ဗုဒ္ဓဘာသာကမှ ဘယ်ဂျူးကမှ ဘယ်ခရစ်ယာန်ကမှ မက္ကာဟ်မြို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ မက္ကာဟ်ကျောင်းတော်ကြီးရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ကိုယ်စားပြုတဲ့ ဗလီဝတ်ကျောင်းတော်တွေ မြန်မာနိုင်ငံမှာ မီးရှို့ဖျက်ဆီးခံ ခဲ့ရပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ အစွန်းရောက်မွတ်စလင်မ်တွေ အကြမ်းဖက်နေတာ၊ ဗုံးခွဲနေတာ မွတ်စလင်မ်ထုတစ်ရပ်လုံးရဲ့ အကျိုးအတွက်မဟုတ်ပါဘူး။ သူတို့အာဏာရဖို့ သူတို့ရဲ့ဒေသတွေကို သူတို့ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံရေးကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ “အိုစမာဘင်လာဒင်” အသတ်ခံရတာကို ကမ္ဘာ့မွတ်စလင်မ်အများစုက ဘာမှကြီးကြီးကျယ်ကျယ် မတုံ့ပြန် ကြပါဘူး။
ကောင်းကင်ဘုံမှာ အလ္လာဟ်အရှင်မြတ်က ကာမစပ်ယှက်ဖို့ အပျိုစင်(၇၂)ယောက်နဲ့ လူပျိုပေါက်(၂၈)ယောက်ပေးထား မယ်လို့ မတော်မတရား ရေးပြထားပြန်တယ်။ အဲ့ဒီရေးသား ချက်ကို မယုံရင်ကုရ်အာန်နဲ့ အထောက်အထားပြမယ်လို့ ပြောပြီး အောက်မှာ အင်္ဂလိပ်လိုဘာသာနဲ့ ဘယ်ကမှန်းမသိတဲ့ စာပိုဒ်တွေရေးပြထားတယ်။ ကုရ်အာန်ဟာ အရဗီဘာသာနဲ့ကျလာတာ ပါ။ မူရင်းကိုပြမယ်ဆိုရင် အရဗီနဲ့ရေးထား တာကိုပဲပြရမှာပါ။ ကုရ်အာန်ဟာ အင်္ဂလိပ်လိုဘယ်တုံးက ဘယ်လိုရောက်ရှိလာသလဲ ဆိုတာကျွန်တော် တို့တောင်မသိပါဘူး။ အကယ်၍ ဘာသာပြန်ဆိုရင်လဲ မူရင်းအရဗီနဲ့မှန်မမှန် ပြန်တိုက်ဆိုင်ကြည့်လိုက်ပါဦး။
မွတ်စလင်မ်အမျိုးသားတစ်ယောက်က အမျိုးသမီး(၄)ယောက်ယူပြီး အမျိုးသမီးတစ်ယောက်ကို ကလေး(၅)ယောက် နှုန်းနဲ့ ကလေးအယောက်(၂၀)မွေးပြီးရင် မိသားစုတစ်စုမှ လူဒီလောက်အများကြီးကို အိမ်ထောင်သည်ယောက်ကျားက ဘယ်လို ကျွေးနိုင်မှာလဲ။ စဉ်းစဉ်းစားစားလဲ ပြောကြပါဦး။ ဘာကြောင့်များမွတ်စလင်မ်ကို ဒီလောက် အထင်ကြီးနေရပါလိမ့်။
တမန်တော်မြတ်ပါဝင်ခဲ့တဲ့ စစ်ပွဲတွေဟာသမိုင်းမှာ အမည်နာမနှင့်တကွ အထင်အရှားမှတ်တမ်းရှိပါတယ်။ လက်နက်ချ အရှုံးပေးခဲ့တဲ့ ဂျူးလူမျိုး ၆၀၀ကျော်ကနေ ၉၀၀လောက်အထိကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့တဲ့စစ်ပွဲဟာ ဘယ်စစ်ပွဲလဲ။ အမည်ကိုပြောနိုင်သလား။ အထောက်အထား အတိအကျရှိရဲ့လား။ တမန်တော်မြတ်က အလ္လာဟ်ဆီက အာရုံရလို့ အမျိုးသမီး တွေကိုမုဒိမ်းကျင့်တယ်ဆိုပြီး စွပ်စွဲ တာဟာ အင်မတန်မှယုတ်ညံ့တဲ့ ဘာသာမဲ့တစ်ယောက်ရဲ့ စွပ်စွဲချက်ပါ။ စစ်မှန်တဲ့ ဗုဒ္ဓ ဘာသာဝင်တစ်ယောက်၊ ခရစ်ယာန်ဘာသာဝင်တစ်ယောက်၊ ဟိန္ဒူဘာသာဝင်တစ်ယောက်ဟာ သူများဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်၊ အကြီးအကဲတစ်ပါးကို ဒီလိုအောက်တန်းကျတဲ့ ညစ်ညမ်းရိုင်းပျတဲ့ စကားလုံးတွေနဲ့ မိမစစ်၊ ဖမစစ်ဆန်စွာ စွပ်စွဲရေးသားပြောဆိုမှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ မုဒိမ်းမှုကို ကျူးလွန်တယ်လို့သတ်မှတ် ပြောဆိုမှာမဟုတ်ပါဘူး။ လူ တစ်ယောက်ဟာ မုဒိမ်းမှုကိုကျူးလွန်တယ်လို့ သတ်မှတ်ပြောဆိုဖို့ ခိုင်လုံတဲ့သက်သေအထောက်အထားပြဖို့ စွပ်စွဲသတ်မှတ် ပြောဆိုသူမှာ တာဝန်ရှိပါတယ်။ အမှန်တကယ်မှာတော့ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးဆူပူမှုတစ်ရပ် ဖြစ်ပြီးမတည်မငြိမ်ဖြစ်အောင် နိုင်ငံတော်အေးချမ်းသာယာမှုကို ပျက်ပြားအောင်သွေးထိုး လှုံ့ဆော်နေခြင်း ပဲဖြစ်ပါတယ်။ အင်မ တန်အကြံပက်စက်စွာ လုပ်ကြံဖန်တီးနေခြင်းပဲဖြစ်ပါတယ်။ မွတ်စလင်မ်တွေ အသိရှိပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပျက်စီး အောင်အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲကို ဘယ်လိုမှဝင်ရောက်မှာ မဟုတ်ပါဘူး။
နောက်ဆုံးအချက်တစ်ချက်ကိုပဲ ဖြေရှင်းလိုက်ပါတော့မယ်။ တမန်တော်မြတ်ကဇနီး(၆၁)ယောက်ယူထားတယ်ဆိုပြီး နာမည်တွေနဲ့ဖော်ပြထားပါတယ်။ ဒီနာမည်အားလုံးကို မွတ်စလင်မ် တွေတောင်မကြားဖူးပါ။ တွေ့ကရာစာအုပ်ရဲ့နာမည်တွေ လျှောက်ရေးထားပြီး အထောက်အထားဆိုပြီး ပြပြန်တယ်။ အဲ့ဒီနာမည်တွေထဲက အချို့နာမည်တွေကို ကျွန်တော် တို့သိပါတယ်။ သူတို့တွေက တမန်တော်မြတ်ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဇနီးမယားတွေဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ဒီအမျိုးသမီးတွေရဲ့ ခင်ပွန်းတွေဟာစစ်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒါကြောင့် တမန်တော်မြတ်က ကျန်ရစ်သူဇနီးမယားများ သားသမီးများကို နေရာ တစ်ခုပေးပြီး သူတို့ရဲ့စားဝတ်နေရေးကို အစိုးရအဖွဲ့က အထောက် အပံ့ပေးစေခဲ့ပါတယ်။ ဒီအမျိုးသမီးတွေရဲ့ စာရင်းကိုဘာမှန်း ညာမှန်းမသိပဲ တမန်တော်မြတ်ရဲ့ဇနီးတွေပါလို့စွပ်စွဲလိုက်တာကတော့ သားသမီးချင်း မိဘမောင်နှမချင်းမစာနာ မထောက်ထား တတ်တဲ့ လူယုတ်မာ တစ်ယောက်ရဲ့ရုပ်လုံးကဘွားကနဲပေါ်လာပါတယ်။ ဒီလိုလူယုတ်မာတစ်ယောက်ရဲ့ ဒီလိုအောက်တန်းကျ တဲ့လူတစ်ယောက် ရဲ့လုပ်ရပ်ဟာ ကျွန်တော်တို့ လူသားအကျိုးပြုအင်တာနက်လောကကို အကျည်းတန်၊ အရုပ်ဆိုးစေပါတယ်။ အင်တာနက်ရဲ့ အကျိုးရှိမှုကို လူတွေကြောက်လန့်ပြီးအဆုံးမပြုရဲအောင် ရည်ရွယ်ချက်ရှိရှိ နဲ့လှုံ့ ဆော်ဖျက် ဆီးခြင်းပဲဖြစ်ပါတယ် လို့ပြန်လည်တုံ့ပြန်ရှင်းလင်းတင်ပြအပ်ပါတယ်။

လူအချင်ချင်းလှည့်ဖျားခြင်းကင်းဝေးကြပါစေ။

ဆရာ ဦးစန်းအောင် ၏ ဖြေကြားချက် ဖြစ်ပါသည်။