Archive | September 11, 2012

နယူးယောက် ရဲဌာနရဲ့ စစ်တမ်းအရ အကြမ်းဖက်မှုများ ကို မွတ်စလင်တွေက ဦးဆောင် အားပေးနေခြင်းမရှိဟုဆို …

သူတို့ ဟာသက်သေထူလိုက်သလိုခံစားရပါတယ်လို့ နယူးဂျာစီမွတ်စလင်တွေက အင်္ဂါနေ့ ကပြောကြားလိုက်ပါတယ်။ မွတ်စလင်လူ့ အဖွဲ့ အစည်း ကို (၆)နှစ်ကြာ လျှို့ဝှက်ထောက် လှမ်းစောင့်ကြည့်မှုများ ပြုလုပ်အပြီးမှာ နယူးယောက်ရဲဌာနက အကြမ်းဖက်မှုကို မွတ်စလင်တွေက ဦးဆောင်မနေပါဘူး ဆိုတာတွေ့ ရှိခဲ့ ပါတယ်။ အခုတော့ ရဲဌာ…
နကအဲလိုစောင့်ကြည့်မှုတွေကို ဖြည်လျော့ပေးလိုက်ပါပြီ။
ဗလီများ၊စာသင်ကျောင်းများ နဲ့ စီးပွားရေးလုပ်ငန်းများကို နယူးယောက်ရဲဌာနကစောင့်ကြည့်နေခြင်းရဲ့ အဖြေရလဒ်ကို မွတ်စလင်များက လပေါင်းများစွာ ကတည်းက တောင်း ဆိုနေခဲ့ကြပါတယ်။ သို့ သော်လည်း ဌာနက ယင်းတို့ ကိုစောင့်ကြည့်မြဲ စောင့်ကြည့်နေခဲ့ပါတယ်။

စောင့်ကြည့်ခံရမှုကြောင့် ဖြစ်ရတဲ့စိတ်မငြိမ်သက်မှုတွေက ယင်းတို့ ရဲ့အဖွဲ့ အစည်းတွေကြားမှာ စည်းလုံးမှုဖြစ်စေခြင်းအနေနဲ့ ခံစားရတယ်လို့ ပြောကြပါတယ်။ အဲဒီရဲ့ အဖြေကိုလည်း စိတ်ကျေနပ်လောက်အောင် ထုတ်ပြန်ပေးခဲ့ခြင်းမရှိပါဘူး။

ဂျွန်လ ၂၈ ရက်နေ့ ညီလာခံမှာနယူးယောက်ရဲဌာန စုံထောက်စမ်း ထောက်လှမ်းရေး လက်ထောက်အကြီးအကဲ သောမတ်စ်ဂါလာတီ ကထွက်ဆိုတင်ပြခဲ့ချက်အရ ဌာနရဲ့ Demograhpic Unit ကို စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အတွက်တုန့် ပြန်ဖို့ ဖန်တီးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သတ်ဖြတ်မှုတွေဆီကိုဦးတည်သွားမဲ့ အင်အား စုဆောင်းအားသစ် လောင်းမှု့တွေကိုယင်းတို့ အဖွဲ့ အစည်းတွေမှာ လျှို့ ဝှက်မြုပ်နှံပြုလုပ်နေမှာကို စိုးရိမ်ရပြီးသံသယရှိ တဲ့ နိုင်ငံတွေ က လူတွေက ဘယ်မှာနေတယ်ဆိုတာ အကြမ်းဖက်ဝါဒကို တိုက်ခိုက်ဖို့ အတွက် ကျွန်တော်တို့ က သိဖို့ လိုပါတယ် ” လို့ ဂါလာတီကပြောခဲ့ပါတယ်။ နယူးယောက်နဲ့  နယူးဂျာစီမှာ (၆) နှစ်လောက် စောင့်ကြည့်စစ်ဆေးမှု့တွေအပြီးမှာ အကြမ်းဖက်မှုတွေကို လမ်းပြကြိုးကိုင်နေခြင်းကို လည်း မတွေ့ ရခဲ့ပါဘူးလို

Read More @ http://news.mmsy.info/news/5407

အာရဗ်ကမ္ဘာကို လှုပ်ရှားသွားစေခဲ့တဲ့ ဒေါက်တာ မုဟမ္မဒ် အာရိဖီရဲ့ ခွသ်ဗဟ်မိန့်ခွန်း

ရိုဟင်ဂျာမုစ်လင်မ်များအတွက် အာရဗ်ကမ္ဘာကို လှုပ်ရှားသွားစေခဲ့တဲ့ ဒေါက်တာမုဟမ္မဒ် အာရိဖီရဲ့ ခွသ်ဗဟ်မိန့်ခွန်းအား အာရဗီဘာသာစကားနားလည်သူများ နားသောတဆင်နိုင်ရန် ပြန်လည် ရှယ်ပေးပါတယ်။

 

List of the Rohingya Women Raped in Baggona, Maung Daw

List of the Rohingya Women Raped in Baggona, Maung Daw

At Baggona, a village three miles far from and lies to the South of Maung Daw ofArakan state, more than 80 Rohingya women and girls have been raped and gang-raped by Military, Rakhine Extrmist-Terrorists, Police and Security Forces since the beginning of the viol

ence in Arakan. Though we could not list all the names of the raped victims due to the highly shy and timorous nature of Rohingya women, we were able to collect the profiles of 32 raped victims. The list is mentioned at the end of the article.

On 19th June 2012, armed Rakhine terrorists, security forces and police (Note: security forces and police in Arakan state are made up of mostly Rakhines, no Rohingya at all) raided Baggona village in Maung Daw and arrested young and old Rohingyas alike which numbered almost 100 (age: 12-80). (They were taken to unknown locations and nothing had been heard from them since then.) Therefore while the remaining Rohingya men were on hiding in the fear of being arrested, they raped and ganged raped the Rohingya women left behind to their heart’s content. Besides, they robbed and looted 700 houses and took away gold, silver, money and whatever possible. For the worse, these terrorists destroyed furniture, cooking pots and other properties which they could not take away. Currently the people in the village are having serious crises and the raped Rohingya women are in troubles such as being pregnant with these unknown terrorists and others. Therefore, they plead international communities to help them out from the hands of evils rather than giving mere lips services.

Now President U Thein Sein has set up an inquiry commission into the violence of Arkan, which has 27 members, to investigate and find out the culprits of the violence. But sadly, the commission itself has the people who have committed the crimes against Rohingyas themselves. Therefore, the government will only be able to find out the real cause and culprits of the violence if they replenish the inquiry team with the representatives from the political parties of local Rohingyas and Union Solidarity Development Party (USDP) and use them to thoroughly investigate the real victims in the ongoing violence whether as a means of refilling to the present commission or to exactly find out the masterminds behind the brutal treatments of Rohingyas.

Below is the list of some Rohingya women and under-aged girls raped by military, Rakhine terrorists, police and security forces.

The list of Rohingya Women Raped in Baggona, a village three miles farfrom Maung Daw to its South
No. Name Father’s Name Age Date of the RapeCasesRemarks1 Yasmine A. Gaffar 14 19.6.12 Yasmine&FulBaano are Daughter&Mother.Now, they are trying to commit suicides manytimes as they dare not see each other’s face.2 Ful Baano Khala Meah 353 Arefa Abdurahim 14 19.6.12 Armed weird Rakhine extremists, Nata
las andSecurity Forces (6 out of 9 members) raped thewoman and the girls at No. 1,2,3,4 at one time.4 Arefa MohammedHussein26 19.6.12 Mother of Two Children5 Daulu Suleman 42 19.6.12 Mother of Three Children6 Sameera Abul Hashim 22 19.6.12 An Extremely Beautiful Girl7 Khurshidah Amanat Shah 12 19.6.128 Rahenah Nazir Ahmed 16 19.6.129 Baanu Osman 19 19.6.1210 Shamshidah Rahimullah 13 19.6.1211 Jannat Bivi Kadir Hussein 13 19.6.1212 Noor Haba Sayyid Salam 15 19.6.12 The Girls in No.12 and No.13 are real sisters.13 DauLu 1314 Firuzaa Amir Hussain 1719.6.1215 Toyuba Islam 1719.6.1216 Hafsa Nazir Ahmed 1819.6.1217 Dil Nawaz MustakhAhmed1719.6.1218 Tasmin Shamshu 2119.6.1219 Maryam Bashar 4019.6.1220 TasminTaraYahya 1719.6.12Girls in No. 20 and No. 21 are sisters.21 Moe Moe 1222 Yasmine Yasin 1819.6.12Girls in No. 22 and No. 23 are sisters.23 Mamtaz 3124.6.1224 Isharat FatemaMohammedJohar1224.6.12No. 23 and No. 24 are mother and daughter25 Shahidah Furuk Ahmed 1524.6.12 No.25 and No.26 are daughter and mother26 Shahidah’sMother——-4027 Hasina ShamshuShamshuShamshu2524.6.1224.6.1224.6.12 No. 27, No.28 and No. 28 are real sisters.28 Raziyaa 2229 Shamshidah 1730 Khalidah MukhtarAhmed4024.6.1231 Noor Kiyas Yunus 1224.6.12No. 30 and No.31 are mother and daughter32 Minara Osman 2224.6.12This girl was a virgin and after being raped, shehas become pregnant and having troubles.

ရဲဘော်သုံးကျိပ် စာရင်း

Myanmar Political Review‘s photo.

ရဲဘော်သုံးကျိပ် သွေးသစ္စာနေ့ အလှူ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကွယ်လွန်လေပြီးသော  ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်းပွဲကို တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ပြုလုပ်ခဲ့ သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၁၉၄၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်ဝင်များ လွတ်လပ်ရေးအတွက် လက်မောင်းသွေးကို ဖောက်ကာ သွေးသစ္စာ ဆိုခဲ့ကြသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ဤနေ့ ရောက်တိုင်း ရဲဘော် သုံးကျိပ်ဝင် မိသားစုများက တွေ့ဆုံပွဲ လုပ်ခဲ့ကြသည်မှာ ၂၈ နှစ် ကြာပြီဖြစ်၍ ယခုနှစ်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံမှ ပင့်သံဃာတော် ၂၈ ပါးကို အလှူအတမ်း ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ အမျိုးသား တပ်မတော်ဖြစ်သည့် ‘ဗမာ့ကာကွယ်ရေး တပ်မတော် BIA’ ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ၂၈ ဦးမှာ ကွယ်လွန်သွားကြပြီ ဖြစ်သည်။

30army3ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်း (ဓါတ်ပုံ မဇ္ဈိမ)

သခင်ရွှေ (ခေါ်) ဗိုလ်ကျော်ဇောနှင့် ကိုအောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိနေတော့ကြောင်း ရဲဘော်သုံးကျိပ်ထဲမှ မိသားစုဝင် တဦးက ပြောသည်။

“ကျနော်က နှစ်စဉ်နှစ်တိုင်း ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံပွဲကို တက်ဖြစ်ပါတယ်။ ဒီနှစ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတယ်လို့ သိရပါတယ်။ ဦးနေဝင်း မိသားစုတော့ မသိပါဘူး။ အယူအဆတွေ ဘယ်လိုပဲ ကွဲပြားနေစေကာ ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံနိုင်အောင် အရင်ကပဲ ရဲဘော် သုံးကျိပ်ဝင်တွေ ကိုယ်တိုင် လုပ်ခဲ့တာ။ အခုဆိုရင် သက်ရှိထင်ရှား နှစ်ယောက်ပဲ ကျန်တော့တယ်။ သခင်ရွှေ (ဗိုလ်ကျော်ဇော) ကတော့ ကူမင်းမှာ မိသားစုဝင်တွေနဲ့ နေတယ်လို့ ကြားတယ်။ ကိုအောင်သိန်းကတော့ လက်တွန်း ကုလားထိုင်နဲ့ ပဲ နေရတော့ တယ်။ မသွားနိုင် ဘူးလေ။ အသက်က ၉၀ ဆိုတော့လေ” ဟု သူက ပြောသည်။

‘ရဲဘော်သုံးကျိပ်ဝင် မိသားစုများ သာရေးနာရေးအဖွဲ့’ ကိုလည်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဖွဲ့စည်းထား သည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ နေထိုင်သည့် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက “ကျနော် ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ အားလုံးပဲ ကျန်းမာပါစေ။ ဒီမိုကရေစီ အမြန်ရပါစေ။” ဟု ၂၀၁၁ ခု ဒီဇင်္ဘာ ၃ ရက်နေ့က ကျရောက်သော မွေးနေ့ နှုတ်ခွန်းဆက်စကားတွင် ပါရှိသည်။

 

 

 

ဆန်တစ်ပြည် ကျည်ဆန်တစ်တောင့် ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာ (ရေးသူ-မောင်သွေးချွန်)

သတင်းတွေအရ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ မြန်ဆန်နေတယ်လို့  ထင်ရပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ၇က်နေ့ ပြည်ထောင်စုဝန်ကြီးများ  ပြောင်းလဲတာဝန်ပေးခြင်း၊ ဆက်လက်ပြီး ဒုတိယ၀န်ကြီးများ  ခန့်အပ်တာဝန်ပေးခြင်းဖြင့် အစိုးရအဖွဲ့ကို တောင့်တင်းခိုင်မာအောင်  အားသစ်လောင်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရသစ်ဆိုတာ အစိုးရဟောင်းရဲ့  ကောင်းမွေ ဆိုးမွေကို ဆက်ခံရစမြဲပါပဲ။ ဆရာဒဂုန်တာရာရဲ့  ‘မေ’၀တ္ထုအဖွင့်ဝါကျလို ‘လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲ ကို’ဆိုတဲ့  သာယာကြည်နူးဖွယ် အခြေအနေတွေကို အစိုးရသစ်က ရလိုက်တာ မဟုတ်ပါ။  မေ၀တ္ထုနောက်ဆုံးဝါကျ —‘အကောင်းကိုရှာ၏ အကောင်းကားမရှိတော့’ဆိုတဲ့  အနေအထားကို ရလိုက်တာမျိုးပါ။

 

ရေအိမ်ပြိုပျက် အပြင်ခက်သည် ဆိုတဲ့စကားလိုပါပဲ။  အိမ်ကြီးရခိုင်တိုက်ကြီးတာကြီး အသစ်ဆောက်လိုက်ရတာကမှ မြန်လိမ့်ဦးမယ်။  ညစ်ပတ်ပေရေနံစော်နေတဲ့ ရေအိမ်ပျက်ကြီးကို ဘယ်လိုပြင်ကြမလဲ။ ကျွန်တော်တို့က  တိုင်းပြည်ကို အဆိုး  မြင်နဲ့ သုံးသပ်နေတာမဟုတ်ပါ။ အကောင်းမြင်ချင်ပါလျက်  အကောင်းမမြင်ရတော့ အရှိပကတိတိုင်း ရှုမြင်ပြီး  ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို အားဖြည့်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင်  အဆိုးမြင်လည်းမဟုတ်၊ အကောင်းမြင်လည်းမဟုတ်၊ အရှိ မြင်၊ ပကတိအမြင်ပါပဲ။

စာပေစိစစ်ရေး မဖျက်သိမ်းခင်ကပင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ  ဆရာမောင်ဝံသက စာပေလွတ်လပ်ခွင့် ၇၅ ရာခိုင်နှုန်းရနေပါပြီလို့  ပြောခဲ့တာမျိုးဟာ အရှိတရား ပကတိတရားနဲ့ ဘယ်လောက်နီးစပ်ပါသလဲ။ ဆရာမောင်ဝံသက အ  ကောင်းမြင်နဲ့ ပြောလိုက်တာလား။ အကောင်းမြင်ဟာ အမှန်တရားနဲ့ ဘယ်လောက်  ထပ်တူကျနိုင်ပါသလဲ။ မဆလတစ်ခေတ်လုံး ‘အားလုံးကောင်းပါသည်ခင်ဗျား’လို့  လိမ်ညာပြီး အစီရင်ခံစာတွေတင်ခဲ့ကြလို့ တိုင်းပြည်ရဲ့ ပကတိအခြေအနေမှန်ကို  အထက်လူကြီးတွေ မသိခဲ့ကြဘူး။ သိလိုက်တဲ့အချိန်မှာ တိုင်းပြည်က ပျက်နေပြီ။  ဒါ့ကြောင့် ဆရာတင်မိုးက

‘ငါတို့ရဲ့ဘ၀တွေဟာ မုသာဝါဒ အစီရင်ခံစာဖြစ်တယ်’လို့ ရင်နာနာနဲ့  ကဗျာရေးခဲ့တာ ဖြစ်ပါတယ်။

 

ဒီနေ့ အစိုးရသစ်ရဲ့ တစ်နှစ်ခွဲကာလ  သက်တမ်းနုနုလေးအတွင်းမှာ ပြဿနာတွေ၊ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး  ရှိနေဆဲပါ။ ဒါကြောင့် လည်း သမ္မတကြီးက  ”အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပါ’လို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။  အားလုံးရဲ့အားနဲ့ အခက်အခဲတွေကို ကျော်လွှားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မည်ဆိုတော့  .  .  . ဘယ်အခြေခံ ပေါ်မှာ  တည်ဆောက်မှာလဲ။ အားလုံးရဲ့ အားတွေမပါဘဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်။

 

အထူးသဖြင့် လက်နက်ကိုင်ပြီး ဖက်ပြိုင်နိုင်စွမ်းအားရှိနေတဲ့  တိုင်းရင်းသားများရဲ့ ယုံကြည်မှုအင်အားမပါဘဲနဲ့ လုံးဝမဖြစ်နိုင်။ ဆိုလိုတာက  ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သမျှ  ခေတ်မီဖွံ့ဖြိုးတိုးတက်ဆိုတာ လေထဲတိုက် အိမ်ဆောက်နေတာပါပဲ။  ကိုယ့်ညီနောင်သွေးသားချင်း ပြည်ထောင်စုသားအချင်းချင်း  လက်နက်နဲ့ဖြေရှင်းနေသမျှ ဘယ်တော့မှ အဖြေမပေါ်။ ပြည်တွင်းစစ် နှစ်ပေါင်း ၆၀  ကျော်ခဲ့တာက သက်သေခံနေပါပြီ။ လူတွေ သန်းနဲ့ချီပြီးသေခဲ့တဲ့ ကမ္ဘောဒီးယား  ပြည်တွင်းစစ်တောင်မှ ၂၅ နှစ်ပဲ ကြာခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ  တိုင်းရင်းသားညီအစ်ကိုတွေ ဘယ်လောက်ထိ ပေးဆပ်ရဦးမှာလဲ။ စစ်မြေပြင်ဆီ  ပေါ်တာဆွဲသွားတဲ့ထိ မခံရပေမယ့် စစ်ရဲ့ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့  ထမ်းထားရပါတယ်။ ကာကွယ်ရေးစစ်အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်း  အများဆုံး ယူထားပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းနဲ့  ကယ်ဆယ်ရေးအတွက် အသုံးစရိတ်ဘတ်ဂျက်က အနိမ့်ဆုံး အနည်းဆုံးအခြေအနေမှာ  ရှိပါတယ်။

တစ်ဖက်ရေစီးသန်၊ တစ်ဖက်သောင်ထွန်းမြဲပါ။

 

ဖားကန့်မြို့ပေါ်ရှိ သိမ်ကျောင်းတစ်ခုအနီးတွင် ကချင်စစ်ဘေးဒုက္ခသည်များအား ထမင်းကျွေးနေသည်ကို သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ် ဓာတ်ပုံ – နိုင်မိုး

 

ချိန်ခွင်လျာက စစ်အသုံးစရိတ်ဘက်မှာ သာသာထိုးထိုးကြီးပါနေသမျှ  ကျန်တဲ့အရေးအရာတွေမှာ သရောကြီးခိုင်းတော့မှာပါ။ ကျွန်တော်မှတ်မိနေတဲ့  ကုန်ဈေးနှုန်းအရ ၁၉၇၅ ခုနှစ်မှာ ဆန်တစ်ပြည်နဲ့ ကျည်ဆန်တစ်တောင့်ရဲ့  တန်ဖိုးချင်းဟာ အတူတူပါပဲ။

 

ဆန်တစ်ပြည်(ငစိန်ဆန်ကြမ်း) ၆၅ ပြားဆိုရင် ကျည်ဆံတစ်တောင့်ရဲ့  တန်ဖိုးကလည်း ၆၅ ပြားပါပဲ။ ဒိုင်းခနဲ သေနတ်သံတစ်ချက် တိုင်းပြည်ရဲ့  ဘတ်ဂျက်ငွေ ၆၅ ပြားတွက်။ ဒိုင်းခနဲ သေနတ်တစ်ချက်ပစ်၊ ဆန်တစ်ပြည်  မစားလိုက်ရဘဲ သွန်ပစ်တာ  နဲ့ အတူတူပါပဲ။ တဒိုင်းဒိုင်း သေနတ်ကျည်ဆန်တွေ  မရပ်မနား ပစ်ခတ်၊ ကျွန်တော်တို့စားမယ့်ဆန်တွေ တင်းပေါင်းထောင်သောင်းချီပြီး  အဟောသိကံဖြစ်။

ဒါက ရိုင်းဖယ်ကျည်ဆန်တစ်ထောင့်နောက်မှာ ပါသွားတဲ့ သာမန်တန်ဖိုးမျှသာ  ရှိပါသေးတယ်။ ကျည်ဆန်တစ်တောင့်နဲ့ အသက်တစ်ချောင်း ဘ၀တစ်ခု  လဲလိုက်ရတာတွေကတော့ တန်ဖိုးအနဂ္ဂအသင်္ချေပါပဲ။ ဒီနေ့မှာတော့ဖြင့်…

 

‘ဂျိန်းခနဲပေါက်ကွဲသည့်အသံက အနီးကပ် မိုးကြိုးပစ်သံထက်ပင် ပိုကျယ်သည်။  ခြေဖ၀ါးအောက်က မြေကြီးတုန်လှုပ်သွားပြီး မတ်တတ်ရပ်နေသူတစ်စု၏ ခန္ဓာကိုယ်များ  ယိမ်းထိုးသွားသည်။ အစိမ်းပုပ်ရောင်က  ကချင်လွတ်လပ်ရေးတပ်မတော် (ကေ အိုင်အေ)  ယူနီဖောင်းကို ၀တ်ထားသည့် ဗိုလ်မှူးကမှတ်ချက်ချသည်။

‘ဒါ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်သံပေါ့၊ ဒီကျည်ဆန်တစ်လုံးက သိန်းလေးဆယ်နီးနီး တန်တယ်’

(၂၀၁၂ ခုနှစ် မေလ ၃၁ ရက် ထုတ် ၇ ရက် သတင်းဂျာနယ် မျက်နှာဖုံးမှ)

ဘုရား . . .ဘုရား။ အမြောက်ကျည်ဆန်တစ်လုံး သိန်းလေးဆယ်၊  ရွာငယ်လေးတစ်ရွာအတွက် မူလတန်းကျောင်းလေးတစ်ကျောင်း၊ ဆေးပေးခန်းလေးတစ်ခု၊  စာကြည့်တိုက်လေးတစ်လုံးလောက် တည်ဆောက်ပေးနိုင်တဲ့ ငွေတန်ဖိုး။  အမြောက်ကျည်ဆန် အလုံးတစ်ရာဆိုလျှင် . . . သိန်းလေးထောင်။  အထက်တန်းကျောင်းကြီးတွေ ဆောက်ပေါ့လေ။ ဆေးရုံကြီးတွေ ဆောက်ပေါ့လေ။

 

ခုတော့ အသစ်မတည်ဆောက်နိုင်တဲ့အပြင် တည်ဆောက်ပြီးသမျှ အရာရာကို စစ်ကဖျက်ဆီးပစ်လေပြီ။

ရုပ်ဝတ္ထုများ စိတ်ဓာတ်များ လူသားဘ၀၏ တန်ဖိုးများ အရာရာကို စစ်က  ဖျက်ဆီးဝါးမျိုလျက်။ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ ပျက်ပြီးရင်း  ပျက်နေလျက်။ ဘယ်သူနိုင်လို့ ဘယ်သူရှုံးသနည်း။

တကယ်တော့ ‘စစ်နိုင်သည်’ ဆိုတဲ့ အဖြေပင်မရှိအပ်ပါ။ နှစ်ဖက်စလုံး  ရှုံးခဲ့ပါတယ်။ ရှုံးနေဆဲဖြစ်ပါတယ်။ ရှုံးကြွေးမုန်းကြွေးကို  ငြိမ်းချမ်းရေးဖြင့် ပေးဆပ်သင့်ကြပါပြီ။ လက်နက်ကိုင် ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့နဲ့  ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ရာမှာ ပဏာ မအဆင့်ပဲအောင်မြင်ပါသေးတယ်။  နာတာရှည်ရောဂါဆိုးကြီးကို ဥုံဖွမန်းရုံနဲ့တော့ ပျောက်ကင်းချမ်းသာမှာ မဟုတ်၊  ဝေဒနာသက်သာလာပြီးမှ ဘယ်အချိန်ရောဂါပြန်ဖောက်မည်ဆိုတာလည်း မသိတတ်နိုင်။  အနာနဲ့ ဆေးတည့်အောင်ပေးဖို့ပါပဲ။

တိုင်းရင်းသားများနဲ့ ဖြစ်ရတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ  ကချင်(ကေအိုင်အေ)တပ်ဖွဲ့ကတော့ ပဏာမအဆင့် ငြိမ်းချမ်းရေး  သဘောတူညီချက်ရဖို့တောင် ဖင့်နှေးနေဆဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစား ၂၀၁၂  သြဂုတ်လကုန်အထိ ပိုမိုပြင်းထန်တဲ့ စစ်ပွဲ တွေကြောင့် ဖားကန့်လို  စီးပွားရေး အချက်အချာကျတဲ့ မြို့ပေါ်အထိ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်  ရောက်လာခဲ့ပါပြီ။

‘ရှေ့တိုးတော့ ထမ်းပိုး၊ နောက်ဆုတ်တော့ လှည်းတုတ်’ဆိုတာလို  ပြည်တွင်းရိက္ခာဖူလုံရေး၊ ပြည်သူတို့ စားဝတ်နေရေးကို ကြည့်လိုက်တော့လည်း  တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းကျော် မဟာအင်အားစုကြီးဖြစ်သော လယ်သမားတွေ  ဒုက္ခပင်လယ်ဝေနေ တာ တွေ့ရပါတယ်။

 

‘ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ’

(၂၀၁၂ ခုနှစ်သြဂုတ်လ၂၂ရက် ထုတ် Weekly Eleven  မျက်နှာဖုံးမှ)

 

ရေဘေးလွတ်ရာ အထက်အညာလို ဒေသမျိုးတွေမှာ လွတ်မယ့်လွတ်တော့ ကျောက်စရစ်တော  မာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍ မရတော့သကဲ့သို့ . . .။

လူစာမပြောနဲ့ နွားစာအတွက်တောင်မှ ခက်ခဲရှားပါးနေချိန်မှာ လယ်ယာမြေတွေ  မတရားသိမ်းယူခံရတဲ့ လယ်သမားများရဲ့ဘ၀ဟာ မြွေပူရာကင်းမှောင့်ခံနေရသလိုပါပဲ။  တုံးအောက်ကဖား ဒီထက်ပြားစရာမရှိတော့ . . .။ ဒီနေ့သတင်းဂျာနယ်တွေမှာ  လျံတက်နေတာက  . . . မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့်  လယ်ယာမြေတွေ မတရားသိမ်းယူခံရတာ။ ရွာတွေဇွတ်ရွှေ့ခံရတာတွေ ရင်နင့်ဖွယ်  ကြားသိနေရပါတယ်။ ဒေသခံတောင်သူလယ်သမားတွေဟာ မုံရွာမြို့ပေါ်ထိ တက် လာပြီး  သူတို့ရဲ့ နစ်နာမှုတွေကို စာဝေငှ အသိပေးခဲ့ကြောင်း . . .။

 

”ယင်းစာတွင် နိုင်ငံတော်သမ္မတကြီးနှင့် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၊  တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လွှတ်တော်အမတ်များ၊  သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူတစ်ရပ်လုံးအား  လယ်သိမ်းခံတောင်သူများ၏ အခက်အခဲဆင်းရဲဒုက္ခကို သိမြင်စေလိုသည့်ဆန္ဒဖြင့်  တင်ပြခြင်းဖြစ်ကြောင်း ရေးသားထားသည်”

(စက်တင်ဘာလ ၃-၉/၂၀၁၂ The Voice Weekly စာ ၃၆)

 

”၎င်းတို့၏ဆန္ဒမှာ လွယ်လွယ်ဖြင့် လက်လွှတ်ပေးမည်မဟုတ်ဘဲ အသေခံ၍  ကာကွယ်သွားမည်ဖြစ်ကြောင်း ယင်းစာတွင်ပါရှိသည်။’လို့ ဆရာကိုသက်(မုံရွာ)ရဲ့  ‘တောကိုယူကာ တောင်ကိုဖြို မြေကိုသိမ်းမည့် ဇာတ်သိမ်းခန်း’ဆိုတဲ့  ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဝက်မှေးရွာ ဘုန်းကြီးကျောင်း ချိပ်ပိတ်ခံရတာ ပြန်ဖွင့်ပေးဖို့လည်း  တောင်းဆိုနေကြပါတယ်။ လယ်ယာမြေအရေးနဲ့ ပတ်သက်ပြီး ဖောင်းကတာမြောက်ရွာ  ရာအိမ်မှူးဦးသိန်းကို ဖမ်းဆီးခဲ့ကြောင်းလည်း စက်တင်ဘာ ၂-၈/၂၀၁၂ ထုတ်’  နေပြည်တော် တိုင်းမ်’ ဂျာနယ်စာမျက်နှာ ၁၂ မှာ ဖော်ပြထားပါတယ်။

 

ဒီလိုနဲ့ လယ်သမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြကြ၊ ရဲတပ်ဖွဲ့ဝင်တွေက  ဒိုင်းအကာအကွယ်တွေနဲ့ တန်းစီပြီး အသင့်စောင့်နေကြနဲ့ အနေအထားတွေက  ‘အသံမထွက်တဲ့ စစ်ပွဲ’ လို့ တင်စားရမယ် ထင်ပါတယ်။ နောက်တော့ ပုဒ်မ ၁၄၄  ထုတ်ပြီး တားဆီးတယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးတင်သန်းဦး  (စီးပွားရေးနဲ့ ဥပဒေလမ်းညွှန်) က

”စီမံကိန်းနယ်မြေအတွက် ၁၄၄ ထုတ်မယ်ဆိုတာ ထုတ်တယ်ဆိုတာ ဥပဒေမရှိပါဘူး။  စီမံကိန်းတစ်ခုအတွက် ဒီအာဏာကို သုံးခွင့်မရှိပါဘူး။  ဥပဒေရည်ရွယ်ချက်တစ်ခုကတော့ ၁၄၄ ဘာကြောင့် ထုတ်ပြန်ရသလဲဆိုရင် အရေးပေါ်  အခြေအနေ တစ်ခုမှာ ပြီးပြတ်အောင် ထိန်းသိမ်းပြုကျင့်ဖို့အတွက် ၁၄၄ ကို  ကျင့်သုံးရတယ်၊ အဲဒီအခြေအနေ မဟုတ်ဘဲ ၁၄၄ ကိုထုတ်မယ်ဆိုရင်တော့ ဥပဒေကို  ဆန့်ကျင်တာမို့လို့ပါပဲ”လို့ ရှုမြင် သုံးသပ်ပါတယ်။

(၃ စက်တင်ဘာ ၂၀၁၂ ထုတ် messenger ဂျာနယ်)

 

၈၈ မျိုးဆက်ကျောင်းသားများကလည်း လယ်သမားများဘက်က အတတ်နိုင်ဆုံး  ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ သူတို့ထဲက ကိုထွန်းလင်းအောင်ကို  ကြေးနီစီမံကိန်း တာဝန်ရှိသူတို့က အကျိုးအကြောင်းရှင်းပြရာမှာ ကိုထွန်းလင်း  အောင်က အချက် ၃ ချက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

၁။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ (နောက်ကျသွားပါပြီ၊ သဘာဝပတ်ဝန်းကျင်  ပျက်စီးသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့  ဒေါ်ဒေ၀ီသန့်စင်က ၃-၉-၁၂ ထုတ် messenger ဂျာနယ်မှာ ပြောထားပါတယ်။)

၂။ လယ်သမားတွေကို ခြိမ်းခြောက်တာမျိုး မလုပ်ဖို့၊ (ဒါလည်း  နောက်ကျသွားပါပြီ ထောင်ကျတဲ့လူကျ၊ ရဲတွေက ဆန္ဒပြလယ်သမားတွေကို  ဟန့်တားထားပုံတွေကြည့်ပါ။)

၃။ လယ်သမားဘ၀မြှင့်တင်ပေးဖို့၊ (တရုတ်+မြန်မာ ကုမ္ပဏီနှစ်ခုက  တောခုတ်-တောင်ဖြို လယ်သိမ်းပြီး ကြေးနီထုတ်ဖို့ လာတာပါ။ ရှင်းရှင်းလင်းလင်း  သိမြင်ထားဖို့ လိုပါတယ်။)

 

ဒါက ၃၁ သြဂုတ်လ ၂၀၁၂ RFA က ထုတ်လွှင့်သွားတဲ့ သတင်းနဲ့ ကျွန်တော်ရဲ့  မှတ်ချက် ဖြစ်ပါတယ်။

 

၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာကို တန်ဖိုးထား  လေးစားပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာတွေအပေါ်မှာ စိတ်ကူးယဉ် တင်ပြပုံမျိုးနဲ့  အဖြေရှာလို့ မရပါဘူး။ ကိုမင်းကိုနိုင်ကတော့ ”တရားမျှတမှု ပေါ်မလာဘူးဆိုရင်  ဒါမှမရဘူးဆိုရင် ကျွန်တော်တို့ အင်နဲ့အားနဲ့ လိုက်ပေးရမယ်” လို့  ဆိုတဲ့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုရမှာပါ။

လက်ပံတောင်းတောင်ဒေသခံ  လယ်သမားများက မိမိတို့လယ်ယာမြေကို အသေခံ၍  ကာကွယ်သွားမည်ဆိုကြောင်း အထက်မှာ တင်ပြခဲ့ပါပြီ။ ကချင်ပြည်နယ်က လယ်သမား  ခြံသမားတွေကတော့ ဒီနေ့ ပိုမိုဆိုးရွား ပြင်းထန်လာတဲ့ စစ်ဘေးစစ်ဒဏ်ကို  မခံရမီကပင် ယုဇနကုမ္ပဏီနဲ့ လယ်ယာမြေခြံမြေစစ်ပွဲတွေ ကြုံခဲ့ရပါတယ်။  တရားရုံးမှာလည်း လယ်သမားတွေပဲ ရှုံးခဲ့ရပါတယ်။ လယ်သိမ်းခံရလို့  ရင်ကွဲနာကျပြီး သေတဲ့သူတောင် ရှိခဲ့ကြောင်း သိရပါတယ်။

 

”ယုဇန စီးပွားရေးလုပ်ငန်းက ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစ၍ မြေနေရာ သိမ်းယူမှုများကို စတင်ခဲ့သည်။

ဝါရာဇွမ်ကျေးရွာရှိ သင်္ချိုင်းမြေကို နိုင်ငံတော်အမိန့်ဟူ၍ စတင်သိမ်း  ယူခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရွာသားပိုင်မြေများကိုပါ သိမ်းဆည်းမှုများ  ပြုလုပ်လာသည်။ ဥယျာဉ်ခြံမြေ စားကျက်မြေများ၊ လူနေရွာသင်္ချိုင်းများအား  အတင်းပြောင်းရွှေ့ခိုင်းပြီး ပြောင်းရွှေ့ခြင်းမပြုပါက အာဏာဖီဆန်မှုဟူ၍  ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်ဟု  ကြေညာပြီး စက်ယန္တရားများဖြင့် လယ်ယာမြေများ အိမ်ခြံမြေများကို  ဖျက်ဆီးပစ်ခဲ့သည်။

 

(၄-၉-၂၀၁၂)ထုတ် Media One ဂျာနယ် စာမျက်နှာ ၆ မှ)

မိမိတို့ဘ၀တွေကို လယ်ယာမြေမှာ မြှုပ်နှံထားသော လယ်ယာမြေနှင့်  တစ်သားတည်းဖြစ်သော ကျွန်တော်တို့၏ ထမင်းရှင် ကျေးဇူးရှင်လယ်သမားကြီးများ၏  ဘ၀များစွာဟာ လယ်ယာမြေများစွာရဲ့ ဆုံးရှုံးခြင်းနဲ့အတူ ဆုံးရှုံးနစ်နာ  နေကြပါပြီ။ သွေး နှင့်ချွေးနှင့် ရင်းသည့်မြေမှာ မျက်ရည်နှင့်အသက်ကိုပါ  ဘ၀ပျက်သည်အထိ ပေးဆပ်နေကြရပေပြီ။ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုများအတွက်  အသနားခံစာများ ပလူပျံအောင် ပေးပို့ထားပါသော်လည်း ဒုက္ခနွံထဲမှ ဆွဲထုတ်ရန်  ဘယ်သူမှအရေးတယူ လုပ် မပေးနိုင်သေးပါ။ သူတို့ရဲ့ လယ်မြေတွေသာ ဆက်ပြီး  အသိမ်းခံနေရဆဲ။

ငွေဆောင်မှာ လယ်မြေဧက ပေါင်းတစ်သောင်းနှစ်ထောင် အသိမ်းခံရကြောင်း  သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ သတင်းရေးထားတာ ‘နေပြည်တော်တိုင်းမ်’ မှာ  ဖတ်ရပါတယ်။ ”စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီမံကိန်းအတွက်ဟုဆိုကာ အာဏာ  ပိုင်များက လယ်ယာမြေသိမ်းယူခြင်း ဖြစ်ပေါ်” ဆိုတဲ့ သတင်းကို ၄-၉-၁၂ ထုတ်  Media One ဂျာနယ်မှာ ဖတ်ရပြန်ပါတယ်။ တော်လောက်ပါပြီ။ ဆက်မဖတ်ပါရစေနဲ့တော့။

 

လူကြီးမင်းတို့ရှေ့မှာ အသင့်ရောက်နေတဲ့ ထမင်းတစ်ပွဲအတွက် လယ်သမားတွေရဲ့  သွေးချွေးမျက်ရည်တွေကို မြင်လိုက်ပါ။ ဒီစပါး ဒီဆန် ဒီထမင်းတွေရဖို့  လယ်သမားတွေ နွားလိုရုန်းပြီး စိုက်ပျိုးခဲ့ရတာပါ။ ဗုဒ္ဓဘုရားသော်မှ  လယ်သမားတွေရဲ့ ကျေးဇူးကို အစဉ်သတိရသောအားဖြင့် သင်္ကန်းတော်ကို  လယ်ကွက်ပုံဖော်ပြီး ချုပ်စေခဲ့ပါတယ်။ လယ်ယာမြေသဖွယ် ချုပ်စပ်ထားသော သင်္ကန်း၊  သင်္ကန်းကွက်များသဖွယ်ဖြစ်တည်ခဲ့သော လယ်ယာများ အကြီးအကျယ်  ဆုံးရှုံးနစ်နာခဲ့ရလေပြီ။

ဗုဒ္ဓဘုရားရှင်က လယ်သမားတို့ရဲ့ လုပ်အားကို လေးစားသောအားဖြင့်  ရဟန်းတော်များ ဆွမ်းစားရာမှာ ထမင်းတစ်စေ့ ဆွမ်းတစ်စေ့ မဖိတ်စင်စေဘဲ  ရိုရိုသေသေ စားရမည်လို့ မိန့်တော်မူသတဲ့”ထမင်းတစ်စေ့မှာ  လုပ်အားတစ်ရာပါတယ်”လို့လည်း လေးလေးနက်နက် မိန့်တော်မူတယ်။

 

သြော် ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာ၊ပြီးတော့ ဆန်တစ်ပြည်နဲ့  ကျည်ဆန်တစ်ထောင့်၊ အဲဒီညီမျှ ခြင်းတွေကြားမှာ လယ်သမားများရဲ့ မြစိမ်းရောင်  အိပ်မက်၊ တိုင်းရင်းသား ပြည်သူများအတွက် ငြိမ်းချမ်းရေး လက်ဆောင်ကို  ကျွန်တော်ရှာ ဖွေနေမိပါတော့တယ်။

 

EMG Website တွင် ရေးသားထားသော ဆရာ မောင်သွေးချွန်၏ ဆောင်းပါးအား သဘောကျနှစ်ခြိုက်မိသဖြင့် ကူးယူဖော်ပြပါသည်.။

ဓညဝတီခေတ် ဘုရင်သုံးပါးကြေးရုပ် သွန်းလုပ်မည်

2012-09-10

ခရစ်တော်မပေါ်မီ ဘီစီ-၆ ရာစုက ရခိုင်လူမျိုးတွေရဲ့ ဓညဝတီခေတ် သုံးခေတ်မှာ အထင်ရှားဆုံး ဘုရင်သုံးပါးဖြစ်တဲ့ မာရယု၊ ကံရာဇာကြီး၊ မင်းစောမွန် တို့ရဲ့ရုပ်တုတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ကြေးနဲ့သွန်းလုပ် စိုက်ထူဖို့  ဆောင်ရွက်နေရာမှာ အခုပုံဖော်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ဦးဆောင် စီစဉ်နေတဲ့ ကျောက်တော်မြို့ခံ ဦးဘသောင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီဓညဝတီခေတ်က ဘုရင် သုံးပါးရဲ့ အရုပ်တွေထုလုပ်မဲ့ အစီအစဉ်တွေ အခုတော့ ပုံစံထုတ်တဲ့ အဆင့်ထိတော့ရောက်ပြီ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေကို သိနိုင်အောင် မာရယု ဘုရင်ရဲ့ ဟန်ပန်တွေ၊ သမိုင်းကြောင်းကို သိနိုင်အောင် ကျွန်တော်တို့ စန္ဒာသူရိယ မင်းကြီးလည်းပဲ သာသနာ့ ဒါယကာမင်းတစ်ပါး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရခိုင်တွေရဲ့ စံပြနမူနာ ဘုရင်တစ်ပါးဖြစ်တယ်။ အဲတာကို ပြည်သူတွေ သိနိုင်အောင် ကျွန်တော်တို့ သွန်းထုလုပ်သွားမှာ ဖြစ်ပါတယ်”

အဲဒီဘုရင် ၃ ပါးရဲ့ ကြေးသွန်းရုပ်တုကို အမြင့်ပေ ၈ ပေခန့်အထိ သွန်းလုပ်သွားမှာဖြစ်ပြီး ဘုရင်တွေရဲ့ အသွင်အပြင်တွေကိုတော့ ရှေးဟောင်း ရခိုင်သမိုင်း စာပေတွေမှာ ဖော်ပြပါရှိတဲ့အတိုင်း လိုက်နာပြီး သွန်းလုပ်သွားမှာ ဖြစ်တယ်လို့   ဦးဘသောင်းက ပြောပါတယ်။

အဲဒီကြေးသွန်းရုပ်တု ဖြစ်မြောက်ရေးအတွက် ကျောက်တော်မြို့ပေါ်နဲ့  ကျေးလက်တွေက ဒေသခံတွေဆီက အလှူထည့်ဝင်ငွေတွေနဲ့ သွန်းလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီရုပ်တုတွေကို ရှေးဟောင်း ဓညဝတီမြို့ဟောင်း နေရာမှာ ပါဝင်တဲ့ မဟာမုနိဘုရားမှာ ထားရှိ ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: RFA Burmese at http://www.rfa.org/burmese/news/danyawadi-rakhine-kings-09102012152231.html

ရိုဟင်ဂျာအရေး မကျေနပ်သူ အင်ဒိုနီးရှား အကြမ်းဖက်သမား အဖမ်းခံ

အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar)။

10.09.2012

မြန်မာနိုင်ငံက ရိုဟင်ဂျာမူစလင်တွေအပေါ် ပြုမူပုံကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ဆိုသူတဦးဟာ ရဲတပ်ဖွဲ့ထံမှာ ကိုယ့်သဘောနဲ့ကိုယ် သွားပြီး အဖမ်းခံခဲ့ပါတယ်။
မူဟမ်မက်ဒ် တောရစ်ခ် (Muhammad Toriq) ဆိုသူဟာ သေနတ်တလက်၊ ကျည်ဆံတွေနဲ့အတူ ဖောက်ခွဲရေးပစ္စည်းတွေမပါတဲ့ အသေခံဗုံးဖောက်ခွဲတဲ့အင်္ကျီကိုဝတ်ပြီး တနင်္ဂနွေနေ့က အင်ဒိုနီးရှားရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂျကာတာမြို့တော်က သူ့ရဲ့အိမ်မှာ ရဲတပ်ဖွဲ့က ၀င်ဖမ်းတဲ့အချိန် လွတ်ထွက်သွားပြီးကတည်းက သူဟာ ထွက်ပြေးနေခဲ့တာပါ။ သူ့အိမ်ခန်းထဲကနေ မီးခိုးတွေထွက်လာတာတွေ့လို့ အိမ်နီးချင်းတွေက ရဲတပ်ဖွဲ့ဆီ သတင်းပို့ခဲ့တာဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေး အင်ဒိုနီးရှား အထူးတပ်ဖွဲ့ကိုသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို သော်လည်းကောင်း ပစ်မှတ်ထားပြီး တနင်္လာနေ့မှာ အသေခံဗုံးဖောက်ခွဲဖို့ သူ စီစဉ်ထားခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကို ပြော ပါတယ်။
အသေခံဗုံးခွဲတာနဲ့ပတ်သက်တဲ့ မှတ်ချက်စကားကို သူ ရေးထားခဲ့ပြီးပြီဖြစ်ပြီး နောက်ဆုံးအချိန် ကျမှ အစီအစဉ်ကိုဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကိုပြောပါတယ်။ သူ့ရဲ့မိခင်၊ ဇနီးနဲ့ သားဖြစ်သူတို့ ခံစားရမယ့်နာကျင်မှုကို တွေးမိပြီး အစီအစဉ်ဖျက်လိုက်တာဖြစ်တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar) က ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သဘော ထားတင်းမာတဲ့ အင်ဒိုနီးရှားနိုင်ငံသား မူစလင် ရာပေါင်းများစွာက ဇူလိုင်လအတွင်း မြန်မာသံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်

2012-09-10

ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။

RFA

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး  မစ္စတာ Derek Mitchell နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Joseph Yun တို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ နေရာတွေကို နှစ်ရက်ကြာ သွားရောက် ကြည့်ရှု လေ့လာခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခဒဏ်ကို နှစ်ဖက်စလုံး အကြီးအကျယ် ခံခဲ့ကြရပြီး စာနာမှုကူညီရေး အခြေအနေကလည်း စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ကြောင်း လိုအပ်နေတာတွေကို ချက်ခြင်းအမြန် ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အပြင် ရေရှည်အတွက်  အခြေခံကျတဲ့အလုပ်တွေ၊ တည်တံ့ခိုင်မြဲပြီး တရားမျှတတဲ့ ဖြေရှင်းမှုတွေ ချမှတ်ဖို့လည်း လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ Joseph Yun ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စ ဆက်လက် ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။

Source: RFA at http://www.rfa.org/burmese/news/rakhine-sitution-us-announces-09102012201659.html

အမေရိကန် လက်ထောက်ဝန်ကြီး ၄ ဦး ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ – Hillary Clinton sent a delegation to visit Burma and Bangladesh

မိုးမခအထောက်တော် အမှတ် ၀၀၂ စက်တင်ဘာ ၁၀၊ ၂၀၁၂

https://i0.wp.com/resources3.news.com.au/images/2012/06/13/1226393/644631-burma-violence-sittwe.jpg

ပဋိပက္ခကာလအတွင်း တွေ့ရသည့် စစ်တွေမြို့တနေရာ (ဓာတ်ပုံ – ခင်မောင်ဝင်း/AP)

ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှု ထောက်ပံ့ရေး အခြေအနေမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိသည်ဟု အမေရိကန် လက်ထောက် ၀န်ကြီး ၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် စေလွှတ်လိုက်သည့် ထိုကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၂ ရက်ကြာ လေ့လာခဲ့ပြီးနောက် ထိုသို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“လူ့အဖွဲ့အစည်းနှစ်ခုစလုံး ကြီးကြီးမားမား ထိခိုက်မှု ရှိနေပြီး လူသားချင်းစာနာ ထောက်ပံ့ရေး အခြေအနေက စိုးရိမ်စရာကောင်းလွန်းနေဆဲဖြစ်ပါသည်” ဟု ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

၎င်းတို့အဖွဲ့သည် စစ်တွေမြို့ အပါအ၀င် မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့သို့ သွားရောက်လေ့လာပြီး အလွှာပေါင်းစုံနှင့် ထိတွေ့ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“ရေရှည်တည်တံ့ပြီး တရားမျှတမှုရှိရှိ ဖြေရှင်းဆောင်ရွက်ရန် အခြေခံအုတ်မြစ်ကိုလည်း ချရပေမည်” ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရေးထားသည်။

ဝါရှင်တန်မှ စေလွှတ်လိုက်သော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၄ ဦးသည် ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: Momeka at http://moemaka.com/?p=27249

ရခိုင်နဲ့ ကချင်အရေးကြောင့် စိတ်အနှောက်အယှက်ဖြစ်

ဒေါ်ခင်မျိုးသက်

10.09.2012

မြန်မာနိုင်ငံမှာ  အခုထက်ထိ  ဒီမိုကရေစီရေး  ပြုပြင်ပြောင်းလဲမှုတွေကို   ဆက်ပြီး လုပ်နေတာ တွေ့ရတယ်လို့   ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်နာမင်းကြီး  Navi Pillay ပြောကြား လိုက်ပါတယ်။

Switzerland နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့  ၂၁ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ  ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး  Navi Pillay မိန့်ခွန်းပြောနေစဉ်

ဒါပေမယ့်လည်း  ရခိုင်ပြည်နယ်နဲ့  ကချင်ပြည်နယ်တွေ အတွင်း  ဖြစ်ပွါးနေတဲ့  အကြမ်းဘက်မှုတွေအတွက်တော့ စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို  ဒေါ်ခင်မျိုးသက်ကပြောပြပေးထားပါတယ်။
မနေ့က  တနင်္လာနေ့   Switzerland   နိုင်ငံ ဂျနီဗာမြို့မှာစတင်တဲ့   ၂၁ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကေင်စီရဲ့ ညီလာခံမှာ  ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီ ပီလေးက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး  လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီးလုပ်နေတာတွေ့ရတယ်လို့  အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံမှာ  ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေတာတွေ့ရပါတယ်။ ဒီအထဲမှာ  သတင်းမီဒီယာတွေ အပေါ် ကန့်သတ်ပိတ်ပင်ထားတာ တချို့ ဖြေလျှော့ပေးတာအပြင်  နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီးလွှတ်ပေးတာနဲ့  တရားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမျိုးပါ တွေ့ရပါတယ်။  OHCHR  လို့ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးက   မကြာခင်ကာလတွေ အတွင်း မြန်မာနိုင်ငံကို  ထိတွေ့ဆက်ဆန်မှုတွေ တိုးလုပ်လာသလို  မြန်မာနိုင်ငံရဲ့  အသွင်ကူးပြောင်းရေး ကာလအတွက် တကယ့်ကို အထောက်အကူတွေ ပေးခဲ့တယ်လို့ ကျမ ပြောပါရစေ။” ကုလသမဂ္ဂက  မြန်မာနိုင်ငံ လူ့အခွင့်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်  ၂၀၀၈ခုနှစ်က စပြီး  သောမတ်စ် အိုဟေး ကင်တားနားကို ခန့်အပ်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ လျော့ပါးစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။   ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့  နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်စေဖို့ အပြင် အဓမ္မ လုပ်အားစေခိုင်းမှုနဲ့ ကလေးစစ်သား ပပျောက်ရေး အပါအ၀င် လူ့အခွင့်ရေး အချိုးဖေါက်ခံရမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့   မစ္စတာကင်တားနားဟာ  မြန်မာနိုင်ငံကို  ၆ကြိမ် လာရောက် ခွင့်ရခဲ့ပါတယ်။
နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ လဆန်းမှာပဲ  မြန်မာနိုင်ငံကို  ၆ရက်ကြာခရီး လာရောက်ခဲ့တဲ့ နောက်မှာ  မစ္စတာကင်တားနားက  မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အခုထိရှိနေတုန်းပဲလို့ ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်ရေး ကော်မရှင်နာမင်းကြီး နာဗီပီလေးကလည်း  မြန်မာနိုင်ငံမှာ  ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တွေ့နေရပေမယ့် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ကိုတော့  တွေ့နေရဆဲပဲလို့ ပြောပါတယ်။
“ဘာပဲပြောပြော  အခုမြန်မာနိုင်ငံမှာ  အကြမ်းဖက်မှုတွေကို ရခိုင်ပြည်နယ်ထဲမှာ တွေ့နေရပြီး  ဒီအကြမ်းဖက်မှု အဓိကရုန်းတွေ ကြောင့်  အနည်းဆုံး လူ ၈၈ ယောက်  သေဆုံးခဲ့ရပြီး   လူပေါင်း (ရ) သောင်းလောက် အိုးအိမ်စွန့်ခွါ  ထွက်ပြေးနေကြရတာမို့  ဒါဟာ ဒေသခံတွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခံစားစေတာပါ။ ဒါ့အပြင် ကချင်ပြည်နယ်ထဲမှာလည်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်ပြီး တွေ့နေရသေးတာမို့  ဒါက ကျမတို့ကို  စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွါးတဲ့ အဓိကရုန်းတွေနဲ့ ပါတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ် လုပ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီး  မြန်မာအစိုးရက  သြဂုတ်လ ၁ရရက် နေ့မှာပဲ  အဖွဲ့ဝင် ၂၈ဦးပါဝင်တဲ့  စုံစမ်းစစ်ဆေးရေး အဖွဲ့တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်ပြီး စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်ရေး အခြေအနေတွေနဲ့ ပါတ်သက်ပြီး  အောက်တိုဘာလထဲမှာ ကျင်းပမယ့်  ၆၇ကြိမ်မြောက်  ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သူ့ရဲ့တွေ့ရှိချက်တွေကို တင်ပြမှာ ဖြစ်ပါတယ်။

တရားမဝင် ဘင်္ဂါလီ ၅၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား မြို့နယ်အတွင်း တရားမဝင် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီ ၅၀ ကျော်ကို ဖမ်းဆီးပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် နယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

ယခုလ ၈ ရက်နေ့ညတွင် ကောက်စ်ဘဇားမြို့နယ် ရဲအင်အား ၃၀ ခန့်က မြို့နယ်အတွင်း လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသား သတင်းထောက် မစ္စတာ ဂျဖာ (Mr. Jafar) က ပြောသည်။

“ကောက်စ်ဘဇားရဲတွေက ညဘက်မှာ မြို့ထဲက နေရာတော်တော်များကို ရှာဖွေစစ်ဆေးပြီး ဖမ်းလာတာ။ ရဲ ၃၀ လောက်က အဖွဲ့ ၄ ဖွဲ့နဲ့ လိုက်ရှာပြီး ဖမ်းတာပါ။ ဖမ်းမိတဲ့ လူတွေကို BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) အကူအညီနဲ့ မြန်မာနယ်စပ်ကို ခေါ်သွားပြီး သူတို့နိုင်ငံဘက်ကို ပြန်သွားခိုင်းလိုက်တယ်” ဟု မစ္စတာ ဂျဖာက ဆိုသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီများကို ရဲစခန်းမှတဆင့် ကောက်စ်ဘဇားမြို့ အခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့်တပ်ထံ အပ်နှံကာ နယ်ခြားစောင့်တပ်က တောင်ပြိုဒေသနယ်စပ်မှ ပြန်လည် လွှတ်ပေးလိုက်ကြောင်း မစ္စတာ ဂျဖာက ဆက်ပြောသည်။

အလားတူ ကောက်စ်ဘဇား ခရိုင်အတွင်းရှိ တာ့ခ်ခနာနှင့် ဦးကီယာမြို့နယ်များတွင် ကောက်စ်ဘဇားမြို့ အခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့်တပ်ရင်းနှင့် တာ့ခ်နာမြို့ အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ်ရင်းတို့က လိုက်လံဖမ်းဆီးခဲ့သည့် တရားမဝင် ဘင်္ဂါလီ ၆၀ ကျော်ကိုလည်း ယခုလ ၉ ရက်နေ့က မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တာ့ခ်နာမြို့ခံတဦးက ပြောသည်။

“မောင်တောဘက်ကနေ လှေနဲ့ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ဒီဘက်ကမ်းတက်တော့ BGB တွေက တခါတည်းဖမ်းပြီး သူတို့ စခန်းကို ခေါ်တာပဲ။ မနေ့ကတောင် ကမ်းပေါ်တက်လာတဲ့ ၅ ယောက်ကို BGB က စစ်ဆေးပြီးတော့ မြန်မာနိုင်ငံက ဖြစ်နေတော့ သူတို့ စခန်းကို ဖမ်းခေါ်သွားတယ်” ဟု အဆိုပါ တာ့ခ်နာမြို့ခံက ပြောသည်။

တာ့ခ်နာမြို့ကမှ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး တဦးက “နယ်ခြားစောင့်တပ်တွေ အနေနဲ့ နယ်စပ်လုံခြုံရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်တင်းကြပ်ဖို့ အထက်က ပြောထားတာရှိတယ်။ နတ်မြစ်တလျှောက်မှာလည်း နယ်ခြားစောင့်တပ်တွေက ကိုက် ၅၀၀ လောက် ၃ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့ အမြဲလိုလို ရှိနေကြတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်မြို့အတွင်းရှိ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဆွေးမျိုးများ ရှိနေကြသည့်အတွက် ကူးလူးသွားလာနေခြင်းဖြစ်ကြောင်း လေဒါဒုက္ခသည် စခန်းမှ ဒုက္ခသည်ရေးရာ ကော်မီတီဝင်တဦးဖြစ်သူ ဇော်ဖေါက ပြောသည်။

“မောင်တောတို့၊ ဘူးသီတောင်းတို့ဘက်က လူတွေက ဒီမှာလည်း အိမ်ရှိတယ်၊ ဟိုမှာလည်း အိမ်ရှိတယ်။ ဆွေးမျိုးတွေကလည်း ဟိုတဝက် ဒီတဝက်ဆိုတော့ တရားဝင်ရော တရားမဝင်ပါ သွားလာနေကြတာပေါ့” ဟု ဇော်ဖေါက ပြောသည်။

သတင်းထောက် မစ္စတာ ဂျဖာက “အခုလို ဖမ်းပြီး ပြန်ပို့နေတာက ကာလာအတော်ကြာပါပြီး။ ဒါပေမယ့် ဘာမှ ထိရောက်တာကို မတွေ့ရဘူး။ ဒီနယ်စပ်က ပြန်လွတ်ရင် ဟိုဘက်က ဝင်လာတာပဲ။ နောက်ပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေအနေနဲ့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုပါတယ်။ အဓိကကတော့ နှစ်နိုင်ငံ အစိုးရတွေ အလေးထားစဉ်းစား လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။

Source: Irrwaddy (Burmese) at http://burma.irrawaddy.org/archives/19837

Arakan News Updates Monday, 10th September 2012 Arakan, Burma

Arakan News Updates Monday, 10th September 2012 Arakan, Burma

Monday, September 10, 2012    No comments

Rohingya Dead Bodies: Here, There and Everywhere in Maung Daw 
Since the violence against Rohingyas in Arakan erupted, Security Forces, Police and Rakhine Terrorists along with Military have been carrying out mass murders and genocides against Rohingyas. They have been maliciously killing Rohingyas with immense hatred and hence with no mercy at all. Their hatred against Rohingyas is so much so that many Rakhine soldiers, police and security forces proudly claim how many Rohingyas each of them killed.
A Rakhine soldier from 352 Light Infantry Battalion told Al-Jazeera that he and his comrades killed 300 Rohingyas from Myothugyi in Maung Daw on the night of June 8. Another claimed said “I put the butt of my gun here at [the right side of] my waist and shot down many Muslims while keeping my left hand on magazines so that I could quickly fill up my bullets. There were so many dead bodies that we even had to call in a bulldozer to make a mass grave.” One more Rakhine soldier boasted to Aljazeera that he and his troops killed uncountable numbers of Rohingya in the village of Nyaung Chaung in Maung Daw in early June. He further said “We have even still kept this from our [commanding] officers.”
Now, where is Thein Sein Government that claims the dead casualties to be only about 100 when his own forces are claiming such big numbers of killing as mentioned above? In fact, thousands of Rohingyas have been being killed by security forces, police, and military together with Rakhine extremists. The government has grossly understated the numbers of Rohingyas killed. After killing Rohingyas, the authorities have, in the rush, buried their corpses or thrown wherever possible. Now, Rohingya dead bodies are being found everywhere. Three dead bodies were found in a well in the vicinity of old jail of Maung Daw. Numbers of dead bodies were buried near to the Black Bridge in the village of Shitaylla of Myoma Kayindan. Other dead bodies were found at a place in Nyaung Chaung Village. Besides, many more were found in the Jetty area of quarter one of Maung Daw. By and large, Arakan has become a Burmese version of Nazi extermination Camps for Rohingyas.
Rakhines’ Refugee Camp Scams 
With a view to hiding the actual situation and deceiving all the visiting investigation teams in Maung Daw, Rakhines have been rushing to set up temporary camps (tents) at the hill-sides in rural areas all over southern Maung Daw. The few affected Rakhines during the riot are kept safe and sound in the monasteries in Maung Daw. Now, it is said that all Rakhines in Maung Daw are moving to the temporary camps irrespective to rich, poor, healthy, unhealthy, affected or unaffected ones as the investigation teams set to visit the region. Hence, they will stay there as long as there is the investigation team.
They are pretending as if they were attacked by Rohingyas and are injured which actually is not the reality. According to Rohingyas in Maung Daw, they (Rakhines) are going to benefit many things out of these camp scams. They will be able to cover up their crimes, get aids for nothing, houses and lands etc. Besides Rakhines, other ethnic people such as Mro, Thet and Dainet are also being placed in the camps under the direction of Rakhine National Development Party (RNDP).
Forced Labouring Exaggerated 
Military and Security Forces have exaggerated forced labouring of Rohingyas in southern Maung Daw. There is no day on which Rohingyas are not made forced labours. Almost 20 to 30 Rohingyas have to go for labouring for them. Under-aged Rohingya children also have to go for forced labouring if Military cannot manage the number of adults they need. Rohingyas are forced to carry extremely heavy materials, build houses for Rakhines and do other things for the military. Rohingyas are tortured severely if they are unable to follow the military’s instructions during forced labouring. Moreover, military threaten to kill Rohingyas if they fail to go for forced labouring. Nowadays, forced labouring has become so open that military commanders are demanding forced labours through letters. One of the letters from a military sub-commander from sub-camp No.3 in the village of Kayay Myaing demanding forced labours is shown in English Translation followed by Original Letter.
To
Village Administrator,
Heads of the Hundred Houses and Heads of the Ten Houses
Bagonna Village
Subject: To Send Voluntaries to Construct the Kayay Myaing Village 
Regarding above, despite asking for sending 30 voluntary workers every day, no voluntary worker came yet and so we are informing you again. We are emphasizing you to do it as quickly as possible so that we need not come there and do it by ourselves.
Signature
(—————-)
Sub-Commander
Sub-Camp No.3
Kayay Myaing Village
Reported by Nyi Nyi Aung 

Compiled by M.S. Anwar

 

 

 

Rohingyas meet US envoy in Maungdaw

Rohingyas meet US envoy in Maungdaw

Maungdaw, Arakan State: The Rohingya community from Maungdaw met with US envoy in Nyoung Chaung village, Maungdaw today, at about 10:30am, according to an elder from Maungdaw.
The US envoy visited Aung Mangala refugee camp and discussed detail situation of their life in the camp and during the riots period..
“The US envoy to Burma, Mr. Derek J. Mitchell with   Mr. Joseph Y. Yun is Principal Deputy Assistant Secretary in the Bureau of East Asian and Pacific Affairs, the U.S. Department of State and others visited – Shel Kali village of Maungdaw south, Shweyinaye  and Nyoung Chang village of  Maungdaw, today morning  and left  Maungdaw at about 11;30 am.”
The US envoy is also accompanied by high level officers of Arakan State government, concerned authorities of Maungdaw with Shamshul Haque and Anam, the members of Regional Development Association (RDA) as interpreters, said an official from Maungdaw.
The US envoy flied with helicopter over Maungdaw and landed at Nyoung Change village where they visited the new settlers ( Natala) village – Shweyinaye – and while backed to helicopter , the envoy met an old man in the village street  who wanted to express his willing to the envoy ,but he was unable to explain about the life of Rohingya community, said an elder from village.
“The interpreters are not giving any explanation of the old man.  But, Shamshu Islam – a  student from the village- explained the expressions of the old man  where the student got a chance to explain about Rohingya situation in northern Arakan to the envoy. The envoy asked the student about their village, when it was built, who are living in the village, is there any Mosque and school in the village and so on. “
“Our village was built since 200 years ago and all the villagers are Rohingya community. There are more than 7,000 people living and all the Mosques are locked by authority after riots. We have only  one primary school where teaches only class one to four, but now, it was also closed since June 8. Our homes and properties are destroyed, looted and burned down by authorities and Rakhines together. We are not allowed to go to the market to buy foods for our families. Now, we are facing shortage of foods and no UN, INGOs are giving us any foods, the relief goods are only going to Rakhine community. No shelters for Rohingyas IDPs in northern Arakan, all the shelters are being built for Rakhines. So, we request to all international community to help us foods, shelters and security,” said the student.
“We are facing daily harassments from security forces – police, army, Hluntin and Nasaka – that blocked our daily life struggles. The police are always arresting our Rohingyas with false and fabricated allegation and they are helping the Rakhine community to attack us.”
“I will be faced so many disturbance from concerned authorities for talking with you ( envoy) and giving explanation about the situation of Rohingya community .”
The US envoy visited Arakan State government officials and refugee camps where the envoy discussed about the situation of their life struggle in the riots since June 8 and camps to the Rohingyas yesterday in Akyab. The US envoy also met the Rohingya refugee of Aung Mangala and discussed detail situation of their life in the camp.
Sources Here:

 

 

 

History of Buddhism

ကိုဌေးလွင်ဦးရေးတဲ့ History of Buddhism ကို တင်ပေးလိုက်ပါတယ်။ စစ်မှန်သော ဘာသာတရားကို လိုက်လံရှာဖွေနေသူများအဖို့ အထောက်အကူ ရအောင် လို့ပါ။

၃၇ မင်း

အမျိုးသားပညာရေးဝန် ဆရာဦးဖိုးကျားရေးသားခဲ့တဲ့ ၃၇ မင်း ဆိုတဲ့စာအုပ်ကို ပြန်လည် ရှယ်ပေးလိုက်ပါတယ်။ စစ်မှန်သော ဘာသာတရားကို ရှာဖွေနေသူများအဖို့ အထောက်အကူရအောင်လို့ပါ။