Archive | September 24, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည် …

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်

သတင်း Eleven Media
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါဖော်ပြချက်အရ သိရှိရသည်။ ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်းပြီး ပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်ထားခြင်းအား . . .

၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာအစိုးရ ထိပ်တန်းအရာရှိများအား ဗီဇာပိတ်ပင်ထား မှုကြောင့် ကုလသမဂ္ဂရုံးချုပ် အနီးတ၀ိုက်ဧရိယာတွင်သာ သွားရောက်ခွင့်ရရှိခဲ့သည်။

သို့သော်လည်း ပြီးခဲ့သော သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ အပေါ် ဗီဇာပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဋ္ဌာနကလည်း သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား အမေရိကန်တွင် စီးပွားရေလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံရသူများစာရင်းမှ စက်တင်ဘာလ၁၉ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။

http://tunwai-states.blogspot.jp/2012/09/blog-post_1110.html

 

 

 

၉/၁၁ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားရသော နောက်ဆက်တွဲ ရောဂါများတွင် ကင်ဆာအမျိုးပေါင်း ၅၀ ပါဝင်

၉/၁၁ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားရသော နောက်ဆက်တွဲ ရောဂါများတွင် ကင်ဆာအမျိုးပေါင်း ၅၀ ပါဝင်

ပေါက် ကွဲ မှု ရဲ့ … နောက် တွဲ….

၉/၁၁ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားရသော နောက်ဆက်တွဲ ရောဂါများတွင် ကင်ဆာအမျိုးပေါင်း ၅၀ ပါဝင်

By Good Health
Originally posted 21/09/2012 16:09PM

အမေရိကန် ဗဟိုအစိုးရမှ စက်တင်ဘာ ၁၁ ပေါက်ကွဲမှုအပြီး အသက်ရှင် ကျန်ရစ်သူများ၏ ပေါက်ကွဲမှုကြောင့် နာမကျန်းဖြစ်မှု ရောဂါစာရင်း ကင်ဆာရောဂါ အမျိုး ၅၀ ကို ထပ်မံဖြည့်စွက် ထည့်သွင်းခဲ့သည်။ ၄င်းစာရင်းမှာ ၉/၁၁ ကျန်းမာရေး ကုသမှု အစီအစဉ်ထဲတွင် ပါဝင်သော ပေါက်ကွဲမှုနှင့် သက်ဆိုင်သည့် ရောဂါအမျိုးအစား စာရင်းဖြစ်သည်။ အဆိုပါ ထပ်မံ ဖြည့်သွင်း ချက်အရ ပေါက်ကွဲမှုအပြီး၌ အသက်ရှင်နေခဲ့ကြသော အရေးပေါ် ပြည်သူ့ဝန်ထမ်းများနှင့် အခြားအသက်ရှင် ကျန်ရစ်သူများမှာ အခမဲ့ ဆေးပေးကုသမှု ခံယူနိုင်မည် ဖြစ်သည်။ ပေါက်ကွဲမှု အပြီး၌ ဆောက်လုပ်ရေး အလုပ်သမားများ၊ ပေါက်ကွဲမှုဖြစ်စဉ် အနီးဝန်းကျင်မှ လူများ၊ ရုံးသန့်ရှင်းရေး ဝန်ထမ်းများနှင့် အခြားသူများမှာ ဆယ်စုနှစ် တစ်ခုတိုင်အောင် ပေါက်ကွဲမှု၏ အကျိုးသက်ရောက်မှုကြောင့် နာမကျန်း ဖြစ်ခဲ့ရသည်။ အဆိုပါ ရောဂါများစာရင်း၌ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ သွေးကင်ဆာ၊ အရေပြား ကင်ဆာနှင့် ကလေးများတွင် ဖြစ်တတ်သော ကင်ဆာရောဂါများ အားလုံး ပါဝင်သည်။ ပေါက်ကွဲမှုကြီးကြောင့် ဖြစ်ပေါ်လာသော အဆိပ်သင့်နေသည့် ဖုန်မှုန့်များ၊ မြေကြီး အစအနများနှင့် မီးခိုးပြာများကြောင့် အထက်ပါ ရောဂါများ ထပ်ဆင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အမေရိကန် သမ္မတ အိုဘားမားက တရားဝင် ထုတ်ပြန်ခဲ့သည့် ဥပဒေအရ ဖွဲ့စည်းခဲ့သော ၉/၁၁ ကျန်းမာရေးနှင့် နစ်နာဆုံးရှုံးမှုဆိုင်ရာ လှုပ်ရှားမှု အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သက်တံ့လူ
(Ref:The Sun)

News From : Good Health
Post By : အေးချမ်းမွန်

 

 

 

တစ်ဖွဲ့ နဲ့ တဖွဲ့ နစ်နာစေမယ့် နာကျင်စေမယ့် စကားအသုံးအနှုန်းတွေ မပါဝင်စေပဲ ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ် , ဇာဂနာ

Posted by danyawadi

ဇာဂနာ

ဘယ်လို အကောင်းဆုံးဖြေရှင်းသင့်တယ်ဆိုတာကို ကျွန်တော် တို့ အတူတကွ ဆွေးနွေးဖို့  အသင့်တော်ဆုံးအချိန်ပါပဲ။ ရခိုင်ပြည်နယ်အရေးကနေတစ်ဆင့် တစ်ပြည်ထောင်လုံး အရေးအတွက် ကျွဲကူးရေပါ အကျိုးရှိစေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့ နဲ့ တဖွဲ့ နစ်နာစေမယ့် နာကျင်စေမယ့် စကားအသုံးအနှုန်းတွေ မပါဝင်စေပဲ ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီလိုဆွေးနွေးမှုတွေကနေ အဖြေတစ်ခု သေချာပေါက် ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကောင်းမြတ်သော မနသီကာရဖြ င့် ပြည်ထောင်စုကြီး အဓွန့် ရှည်ဖို့ အကြံဥာဏ်ကောင်းများ ဝေမျှကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

 

 

 

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

Posted by danyawadi

Villagers with their belongings move to relief camps as they leave their locality after violence at Chirang district

၂၁ စက်တင်ဘာ ၂၀၁၂

Source: Mizzima

“၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။

သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။

အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့်  မွတ်ဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။

၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။

အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။

http://myanmarmuslimsvoice.com/archives/2167

 

 

 

American Muslim organizations rally on during Daw Aung San Suu Kyi’s visit

Posted by danyawadi

American Muslim organizations rally on during Daw Aung San Suu Kyi’s visit

Sunday, September 23, 2012    No comments

Please view more picture here 

A Demonstration in support of Rohingya political and human rights in Burma/Myanmar, took place in front of the Queens College in New York City on September 22, 2012 During Daw Aung San Suu Kyi Visit . The event was organized by the New York chapter of the Burma Task Force, in coordination with its members, the Burmese Rohingya Association of North America (BRANA) and Free Rohingya Campaign based in New York City.
The major driving forces behind the rally in the organization by the Burma Task Force (NY) were Islamic Circle of North America (New York Chapter), Over 100 people participated in the rally. Several dignitaries, Muslim leaders, human right advocates, and Rohingya activists from the United States also addressed the rally in solidarity with the Rohingya victims of Arakan in Burma, and the Rohingya community worldwide.

Oregon Rally

Please view more picture here

 

About 800 people had gathered at Pioneer Square Portland Oregon to show support to the persecuted Rohingya community in Arakan Burma. The event was jointly organized by Free Rohingya campaign, Burma task force USA, Oregon Rohingya Society and Myanmar Muslim Civilized Movement.
People from 10 Islamic centers, Muslim Educational Trust(MET),Coalition of Good Faith, together with ORSUSA ,Free Rohingya Campaign and Human Right conscious people attended the rally . Local news such as Oregonian newspaper and Asian News Reporter were impressed by the solidarity shown by participants. The main speaker of the event was Rev. Dr. Chuck Cooper, Ronault LS Catalani From New Portlander Programs, Prof Gulzar Ahamd from Crescent Systems, Inc and Interfaith leader of Portland. Yusuf Iqbal was interviewed by Radio Free Asia while demonstration was going on with the slogan of “Free Rohingya, Human Right for Rohingya and ect.
The protesters had distributed flyers and booklets to the pedestrians and demanded the followings to Myanmar Government;
  • Freedom of Religious
  • Peaceful coexistence in Bumra
  • Human Right for Rohingya
  • Restore citizenship right of Rohingya which was taken away By General Newin
  • To Stop Ethnic Cleansing and Genocide
  • To Stop racial segregation in Arakan Burma
  • To free Political Rohinyga prisoners
  • Not to stop rebuilding villages and mosques at original places
  • To stop harassing Rohingya man and woman by security forces
They also demanded USA government to engage actively to stop genocide in Burma with the collection of ten thousand signatures. They also urge Burmese Democracy icon Daw Aung San Suu Kyi to be courageous in fighting racist people without thinking political correctness just like she fought with military junta for many years. Human Right should be the right of all human being regardless of race, religious or ethnic origin and if there is violation everyone should speak up.
The participant of this rally had determined to form a coalition to work for the freedom of Rohingya by working with USA State Department and Congress.

American Muslim organizations rally on during Daw Aung San Suu Kyi’s visit

Sunday, September 23, 2012    No comments

Please view more picture here 

A Demonstration in support of Rohingya political and human rights in Burma/Myanmar, took place in front of the Queens College in New York City on September 22, 2012 During Daw Aung San Suu Kyi Visit . The event was organized by the New York chapter of the Burma Task Force, in coordination with its members, the Burmese Rohingya Association of North America (BRANA) and Free Rohingya Campaign based in New York City.
The major driving forces behind the rally in the organization by the Burma Task Force (NY) were Islamic Circle of North America (New York Chapter), Over 100 people participated in the rally. Several dignitaries, Muslim leaders, human right advocates, and Rohingya activists from the United States also addressed the rally in solidarity with the Rohingya victims of Arakan in Burma, and the Rohingya community worldwide.

Oregon Rally

Please view more picture here

 

About 800 people had gathered at Pioneer Square Portland Oregon to show support to the persecuted Rohingya community in Arakan Burma. The event was jointly organized by Free Rohingya campaign, Burma task force USA, Oregon Rohingya Society and Myanmar Muslim Civilized Movement.
People from 10 Islamic centers, Muslim Educational Trust(MET),Coalition of Good Faith, together with ORSUSA ,Free Rohingya Campaign and Human Right conscious people attended the rally . Local news such as Oregonian newspaper and Asian News Reporter were impressed by the solidarity shown by participants. The main speaker of the event was Rev. Dr. Chuck Cooper, Ronault LS Catalani From New Portlander Programs, Prof Gulzar Ahamd from Crescent Systems, Inc and Interfaith leader of Portland. Yusuf Iqbal was interviewed by Radio Free Asia while demonstration was going on with the slogan of “Free Rohingya, Human Right for Rohingya and ect.
The protesters had distributed flyers and booklets to the pedestrians and demanded the followings to Myanmar Government;
  • Freedom of Religious
  • Peaceful coexistence in Bumra
  • Human Right for Rohingya
  • Restore citizenship right of Rohingya which was taken away By General Newin
  • To Stop Ethnic Cleansing and Genocide
  • To Stop racial segregation in Arakan Burma
  • To free Political Rohinyga prisoners
  • Not to stop rebuilding villages and mosques at original places
  • To stop harassing Rohingya man and woman by security forces
They also demanded USA government to engage actively to stop genocide in Burma with the collection of ten thousand signatures. They also urge Burmese Democracy icon Daw Aung San Suu Kyi to be courageous in fighting racist people without thinking political correctness just like she fought with military junta for many years. Human Right should be the right of all human being regardless of race, religious or ethnic origin and if there is violation everyone should speak up.
The participant of this rally had determined to form a coalition to work for the freedom of Rohingya by working with USA State Department and Congress.

RB News Desk

 

 

 

ဒေါ်စုကို ရိုဟင်ဂျာအရေးကိစ္စ ဆန္ဒပြ

Posted by danyawadi

၂၀၁၂ စက်တင်ဘာ ၂၂ ရက်
နယူးယောက်မြို့ Queens ကောလိပ်မှာ လူထုကို တွေ့ဆုံ စကားပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် မွတ်ဆလင်များ ဖွဲ့စည်းထားတဲ့ Burma Task Force (new York)နဲ့ Free Rohingya Campaign (FRC) အဖွဲ့က ရိုဟင်ဂျာအရေး နှတ်ဆိတ်နေမှု အတွက် ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့ လူအင်အား ၁၅၀ လောက်ရှိပြီး- ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ဆုပိုင်ရှင် ဂုဏ်ရည်နဲ့ မပြည့်စုံ ဘူး၊ ရိုဟင်ဂျာတွေဟာလည်း လူသားတွေ ဖြစ်လျှက်နဲ့ လူ့အခွင့်အရေးအတွက် စကားတစ်ခွန်းမှ ပြောပေးတာ မရှိတဲ့အတွက် တာဝန်ပျက်ကွက်သူ ဖြစ်ကြောင်း အမေရိကန်နိုင်ငံသားတွေနဲ့ ကမ္ဘာတစ်လွှားက သိစေအောင် သူတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ပြသတာလို့ ဆိုပါတယ်။
အော်ရီဂန်မြို့ Pioneers Square မှာလည်း မြန်မာမွတ်ဆလင်များ၊ ရိုဟင်ဂျာများ၊ ခရစ်ယာန်ဘာသာဝင်များ လူအင်အား ၇၀၀ နဲ့ ၈၀၀ ကြား တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်တွင်းလူ့အခွင့် အရေး များမှာ နှတ်ဆိတ်နေ ခြင်းဟာ အမျိုးခေါင်းဆောင် မပီသဘူး ဆိုပြီး ဆန္ဒထုတ်ဖေါ်ပြ သခဲ့ပြပါတယ်။ အခြား တစ်မြို့ဖြစ်တယ် ၀က်ကွန်ဆင်ပြည်နယ် မေးလ်ဝါ့ကီး မြို့မှာ လူအင်အား ၇၀ ကျော် လောက်က ဆန္ဒထုတ်ဖေါ် ပြသခဲ့ပြီး အမေရိကန် တစ်နိုင်ငံလုံး မြို့ပေါင်း ၂၀ တစ်ပြိုင်နက်တည်း ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Burma Task Force နဲ့ အတူ Free Rohingya Campaign (FRC), BRANA (မြောက် အမေရိကတိုက် ရိုဟင်ဂျာ အဖွဲ့) MMCRM (မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားမှု အဖွဲ့) အမျိုးသား လူအခွင့်အရေးပါတီ (ပြည်ပ)၊ (အော်ရီဂွန် ပြန်နယ် ရိုဟင်ဂျာ ဆိုစိုက်တီ) အဖွဲ့၊ အီဗင်ဂျလီကယ် ခရစ်ယာန် အဖွဲ့နဲ့ Inter Faith အဖွဲ့တို့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံအနှံ့ ဆန္ဒထုတ်ဖေါ် ပြသခဲ့ခြင်း ဖြစ်ပါတယ်။
အော်ရီဂန်ပြည်နယ် အီဗင်ဂျလီကာယ် ခရစ်ယာန်ခေါင်းဆောင်ကြီး ထောက်ကူဘာ က လူလူချင်း တန်းတူ ညီမျှမှု မရှိခြင်းများကို သူတို့အနေဖြင့် လက်မခံနိုင်ကြောင်း- ထိုသို့ ဖြစ်ရပ်များကို မြန်မာအစိုးရနဲ့ မြန်မာခေါင်း ဆောင်များက ဆက်လက်ကျူးလွန်နေသ၍ သူတို့၏ အသင်းတော်မှ မြန်မာပြည်ရှိ မွတ်ဆလင်များ၊ လူနည်းစု များအတွက် အမေရိကန်အစိုးကို ပြောပေးသွားမှာ ဖြစ်ကြောင်း- တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
အီဗင်ဂျလီကယ် ခရစ်ယာန် အသင်းတော်ဟာ အမေရိကန် အစိုးရအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ အသင်းတော် တစ်ခုလည်း ဖြစ်ကြောင်း သိရပါတယ်။
RB News Desk

 

 

 

ဘင်္ဂါလီဟု ခေါ်ဝေါ်ခြင်းမပြုဘဲ ရိုဟင်ဂျာဟု တရားဝင်သုံး နှုန်းစေလို , 7Day News Journal …

Posted by danyawadi

နိုင်ငံတော်က ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားသောကြောင့် ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးနှုန်းရန်ဆွေးနွေးချက်ကို ငြင်းဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဒေါ်အေးနုစိန်၏ ဆွေးနွေးချက်အား ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမျိုးသားဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးစောလွင် ခေါ် ဦးစလင်းက ရခိုင်ကိုယ်စားလှယ်များ ဆွေးနွေး ချက်ကို ကန့်ကွက်ကြောင်း တိုင်းရင်းသားဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
မမလ ဌာနချုပ်‘s photo.
xxxxxxxxxxxxxxxxx

ယနေ့ နေပြည်တော်တွင် ကျင်းပသော ရခိုင်အရေးကိစ္စ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ‘ဘင်္ဂါလီ’ ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မေတ္တာရပ်ခံ ခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ခိုးဝင်လာသူများဟု သုံးနှုန်းလိုပါက သုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းမရှိကြောင်း ပြောကြား ခဲ့ပြီး ထိုသို့ ပြောကြားချက်ကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင်ဒေသခံများက မေးခွန်းထုတ်ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသော 7Day News သတင်းထောက်က သတင်း ပေးပို့သည်။

ထိုဆွေးနွေးပွဲမှာပင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးကလည်း ဘင်္ဂါလီဟု ခေါ်ဝေါ်ခြင်းမပြုဘဲ ရိုဟင်ဂျာဟု တရားဝင်သုံးနှုန်းစေလိုကြောင်း ပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို ရခိုင်မှ ကိုယ်စားလှယ် ဦးသာပွင့်က နိုင်ငံတော်က ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားခြင်းနှင့် ဆန့်ကျင်နေသည့်အတွက် ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးမေးမြန်းထားသည်များကို မနက်ဖြန် (စက်တင်ဘာ ၂၃)တွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဖြေကြားသွားမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင်ဆက်နေကြမှုများနှင့်ပတ်သက်၍ အမေရိကန် ခရီးစဉ်အတွင်း အမှန်တရားကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။

“အကြောင်းရင်း အမှန်ကို ပြောရမယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကို အမှန်အတိုင်း ပြောပြဖို့တာဝန်ရှိတယ်” ဟုဦးအေးသာအောင်က ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ပြသနာများဖြစ်သော ကျောက်နီမော်အရေး၊ တောင်ကုတ်အရေးတို့အပြင်နောက်ကွယ်တွင်ရှိသည့် ပြသနာများကိုလည်း ရှင်းလင်းမည်ဟု ၄င်းကဆိုသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်သည် Buddhist Mission Institute ၏ ဖိတ်ကြားချက်ဖြင့်အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ပတ်ခန့်အကြာ သွားရောက်မည်ဖြစ်ပြီး ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။

 

 

 

တမန်တော်ကို စော်ကားသည့် “Innocence of Muslims ဗီဒီယို ရိုက်ကူးသူအား သတ်ရန် ပါကစ္စတန် ဝန်ကြီး ဆုကြေးထုတ်”

Posted by danyawadi

3263-pakistani-railways-minister

ကမ္ဘာတစ်ဝှမ်း မွတ်စလင် ဘာသာဝင်တို့၏ ဒေါသမီးကို မွှေးပေးခဲ့သော ဗီဒီယို ရိုက်ကူးခဲ့သူ အမေရိကန် နိုင်ငံသားအား သတ်ပေးနိုင်သူကို ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးမည်ဟု ပါကစ္စတန် ဝန်ကြီးတစ်ဦးက ပြောကြားလိုက်ပြီး တာလီဘန်နှင့် အယ်လ်ကိုင်ဒါ စစ်သွေးကြွများသည်ပင် ဤဆုကြေးကို ရယူနိုင်ကြောင်းလည်း ထည့်သွင်း ပြောကြား သွားခဲ့သည်။

တမန်တော် မိုဟာမက်အား အပုပ်ချထားသည့် အဆိုပါ ဗီဒီယိုကို ရိုက်ကူးခဲ့သူအား သတ်ဖြတ်နိုင်လျှင် မိမိ ကိုယ်ပိုင်ငွေထဲမှ ဆုချီးမြှင့် မည်ဟု ပါကစ္စတန် ရထားပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ ဂူလမ် အာမက် ဘေလာက ပရှဝါတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘေလာက လူသတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းသည် ဥပဒေအရ ဘောင်မဝင်ကြောင်း သိသော်လည်း တမန်တော် မိုဟာမက်၏ နာမတော်ဖြင့် ထိုဥပဒေကို ချိုးဖောက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး ထိုမြင့်မြတ်သော ဆောင်ရွက်မှုတွင် တာလီဘန်နှင့် အယ်လ်ကိုင်ဒါ အဖွဲ့များကိုလည်း လက်တွဲ ဆောင်ရွက်သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

အဆိုပါ သွေးကြွစေသည့် ကြေညာချက်ကို ပါကစ္စတန်၏ အကြီးဆုံး မြို့များတွင် လူ ၂၃ ဦး သေဆုံးပြီး ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရ ခဲ့သော ဆူပူအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ခြင်းလည်း ဖြစ် သည်။

မစ္စတာ ဘေလာက ထောက်ခံသူတစ်ဦးက ထိုသို့ ပြုလုပ်ရခြင်းမှာ ပါကစ္စတန် လမ်းမများပေါ်မှ ဒေါသနှင့် ခံပြင်းစိတ်များကို အမေရိကန်မှ ဗီဒီယို ရိုက်ကူးသူထံသို့ လမ်းကြောင်းလွှဲပေးရန် ကြိုးစားမှုတစ်ခုသာ ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

သို့သော်လည်း အစ္စလာမာဘတ်တွင်မူ “မစ္စတာ ဘေလာ၏ ကြေညာချက်သည် ပါကစ္စတန် အစိုးရအဖွဲ့၏ သဘောထား မဟုတ်ကြောင်း” ဝန်ကြီးချုပ် ရာဂျာ ပါဗက်ဇ် အာရှရက်ဖ်၏ ပြန်ကြားရေး လက်ထောက် ရှဖ်ကတ် ဂျာလီက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

မစ္စတာ ဂျာလီက ဝန်ကြီးချုပ်အနေဖြင့် ညွန့်ပေါင်းအစိုးရအတွင်း လူနည်းစုသာ ဖြစ်သော မစ္စတာ ဘေလာ၏ ပါတီမှ ခေါင်းဆောင်ပိုင်းအား ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေပြီး ၎င်းနှင့် ဆွေးနွေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိုဘားမား အစိုးရအဖွဲ့မှ အရာရှိ တစ်ဦးကမူ အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ယခုထက် ပိုမိုသော အကြောင်းစုံ မသိရမခြင်း မှတ်ချက်ပေးရန် မရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဖြစ်လိမ့်မည်ဟု ၎င်းတို့ မျှော်လင့်ခဲ့သော စီတန်း လှည့်လည်မှုကို ပြုလုပ်နိုင် ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့ကို “တမန်တော် မိုဟာမက်အား ချစ်မြတ်နိုးခြင်းနေ့” ဟု အမည်တပ်၍ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးလိုက်ခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရချိန်တွင် ယခုကဲ့သို့ ဆုကြေးထုတ်သည့် ကြေညာချက် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်ဟာ သောကြာနေ့က အမှန်တကယ်ပင် ခေါင်းဆောင်သူမဲ့ ဖြစ်ခဲ့ကြောင်း၊ လူထုကို ဆူပူ သောင်းကျန်းခွင့် ပေးလိုက်ခြင်းဖြင့် အစိုးရကပါ ဆူပူမှုကို ဝင်ရောက် အားပေးအားမြှောက်ပြုခဲ့ကြောင်း၊ ယခုကဲ့သို့ ဆုကြေးငွေ ထုတ်ခြင်း သည် လက်ရှိဖြစ်ရပ်ကို အလွန် အန္တရာယ်များပြီး ရေရှည် ခံစားကြရမည့် အကျိုးဆက်တစ်ခုဆီသို့ တိုင်းပြည်ကို တွန်းပို့ လိုက်ခြင်းပင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးဟောင်း မလီဟာ လော့ဒ်ဟီက ပြောကြား ခဲ့သည်။

မစ္စတာ ဘေလာက ၎င်းဆုကြေးထုတ်လိုက်သည့် ပစ်မှတ်၏ အမည်ကို ထုတ်ဖော် မပြောခဲ့သော်လည်း အင်တာနက်ပေါ် တွင် “Innocence of Muslims” ဇာတ်ကား၏ နမူနာကားတိုဟု ဖော်ပြထားသော ၁၄ မိနစ်စာ ဗီဒီယိုနှင့် ဆက်စပ်မှုရှိသော အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် နကုလာ ဘစ္စေးလီ နကုလာဟု အများစုက ယူဆကြသည်။ နကုလာအား လော့စ်အိန်ဂျလိစ်တွင် ရဲတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သော် လည်း အဆိုပါ ဗီဒီယိုတွင် ၎င်း ပါဝင်ပတ်သက်မှု ရှိ မရှိ အတည်မပြုနိုင် သေးပေ။

ပါကစ္စတန်တွင်မူ မစ္စတာ ဘေလာ၏ ကြေညာချက်သည် ခြိမ်းခြောက်မှု တစ်ရပ်ဆိုသည်ထက် နိုင်ငံရေးအရ မဏ္ဍာပ်တိုင် တက်ပြခြင်း ဟုသာ ရှုမြင်ကြကြောင်း သိရသည်။ ယင်းမတိုင်မီ တစ်ရက်က ပရှဝါတွင် ဆန္ဒပြကြရာ၌ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ဆူပူ ဆန္ဒပြ သူများက မစ္စတာဘေလာ၏ အစ်ကို အဇစ် ပိုင်ဆိုင်သော ရုပ်ရှင်ရုံ တစ်ရုံ အပါအဝင် ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည်။

Ref: Sydney Morning Herald

Photo courtesy of bellenews.com. All Rights Reserved.

“Innocence of Muslims ဗီဒီယို ရိုက်ကူးသူအား သတ်ရန် ပါကစ္စတန် ဝန်ကြီး ဆုကြေးထုတ်”

ကမ္ဘာတစ်ဝှမ်း မွတ်စလင် ဘာသာဝင်တို့၏ ဒေါသမီးကို မွှေးပေးခဲ့သော ဗီဒီယို ရိုက်ကူးခဲ့သူ အမေရိကန် နိုင်ငံသားအား သတ်ပေးနိုင်သူကို ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးမည်ဟု ပါကစ္စတန် ဝန်ကြီးတစ်ဦးက ပြောကြားလိုက်ပြီး တာလီဘန်နှင့် အယ်လ်ကိုင်ဒါ စစ်သွေးကြွများသည်ပင် ဤဆုကြေးကို ရယူနိုင်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

ဆက်လက် ဖတ်ရှုရန် –> http://bit.ly/QsFR1E

 

 

 

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့် လေ့လာမှုများ ထားမည်တဲ့

Posted by danyawadi

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့် လေ့လာမှုများ ထားမည်တဲ့

ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာထောက်ထားသည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး OIC နှင့် နယ်စပ် ရေး ရာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။OIC အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ၁၆ ရက်ကြာ မြန်မာပြည်လေ့လာရေး ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့ကြသည့် အဆိုပါ စာချွန်လွှာအရ ရန်ကုန်နှင့် စစ်တွေမြို့များတွင် “လူသားချင်းစာနာသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စောင့်ကြည့်လေ့လာဖို့ တာဝန်ချထားခြင်း” ပြုလုပ်မည်ဟု OIC ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြပါရှိသည်။

ထိုလုပ်ငန်းများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များ၏ ကူညီမှုအောက်တွင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြန်မာအစိုးရနှင့် OIC အကြား ရေရှည် ထိစပ်ဆောင်ရွက်မှုတခု တည်ဆောက်ရန်အပြင် ပြည်တွင်း လူမှုအုပ်စုများ အချင်းချင်း ပြန်လည်သင့်မြတ်မှုနှင့် ပြန်လည်နေရာ ချထားရေးများ အပြုသဘော ဆောင်သည့် ခြေလှမ်းများအတွက် တိုက်တွန်း အားပေးရန် OIC သံတမန်ကြီး အူဖက် ဂေါ့ကန် Ufuk Gokcen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အာဏာပိုင်များနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများ ရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။

မဇ္ဈိမ

 

 

 

ဒေါက်တာမောင်မောင်၏ The Guardian သတင်းစာတွင်ရေးသားချက်မှ ၁၉၅၆-ဒီဇင်ဘာလ …

၁၉၃၆ ခုနှစ်သပိတ်သည်မြန်မာနိုင်ငံ အမျိုးသားရေးလှုပ်ရှားမှုတွင်
အထင်ကရ သမိုင်းမှတ်တိုင်တခုဖြစ်ခြင်းကား အမှန်ပါ…

…ကိုနုသည် သပိတ်မှောက်ခြင်း၏ အကြောင်းရင်းခံဖြစ်သည်ဆိုလျှင်…
သပိတ်ကို စည်းရုံးသူ၊ သက်ဝင်လှုပ်ရှားအောင်ဖန်တီးသူမှာ ရာရှစ် ဖြစ်သည်…

လူထုကို ဒေါသအမျက်ခြောင်းခြောင်းထွက်အောင်၊၀မ်းပန်းတနည်း
ငိုကြွေးအောင် တရားဟောသူမှာ ကိုနု ဖြစ်လျှင်…
သပိတ်သမားများ စိတ်ဓာတ်ပျော့ညံ့မသွားအောင်
စည်းရုံးလှုံ့ဆော်ပေးသူမှာ ရာရှစ် ဖြစ်သည်…

…တက္ကသိုလ်အက်ဥပဒေအောက်တွင် ကျောင်းသားများသာမက
မြန်မာပြည်သူလူထု သေလုမြောပါးမချိတင်ကဲ ခံစားနေရကြောင်း
ဟိန်းဟောက်ပုတ်ခတ်ကာ တရားဟောသူမှာ ကိုနု ဖြစ်လျှင်…
သပိတ်သမားများ အိပ်စက်နေစဉ် ညဉ့်နက်သန်းခေါင်၌ တက္ကသိုလ်အက်ဥပဒေကို
ဖတ်ပြီး ထောက်ကွက်များရှာဖွေသူမှာ ရာရှစ် ဖြစ်သည်…

(ဒေါက်တာမောင်မောင်၏ The Guardian သတင်းစာတွင်ရေးသားချက်မှ
၁၉၅၆-ဒီဇင်ဘာလ)

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ

Sunday, 23 September 2012

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ

နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင်တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့အစည်းများ၊မွတ်စ လင်ဘာသာ ရေးအဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိမွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေနေထိုင်နိုင်ရေး အတွက် ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။နေပြည်တော်ရှိ MICC တွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုး ရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် ပြုလုပ်သည့်အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ သို့ ရခိုင် လူမှု အဖွဲ့ အစည်းများ၊မွတ်စလင်ဘာသာရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များနှင့် စာရေးဆရာကျော်ဝင်း၊ ဦးသူရ(ခ)ဇာဂနာတို့ လည်း တက်ရောက် ခဲ့ကြသည်။

ယင်းအဆိုကို ရသေ့တောင်မြို့နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေကအဆိုပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာရှိတယ် မရှိဘူး၊ခိုးဝင်လာတာ မဟုတ်ဘူး ဆိုသည်နှင့် ဘင်ဂါလီ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများ အပေါ်တွင်မူ အလုပ်ရုံဆွေးနွေးပွဲ၌အခြေအတင် အငြင်းပွား ပြောဆို ခဲ့ကြ ကြောင်း သိရသည်။

The Voice weekly

 

 

 

ရခိုင်ပြည်နယ့်ပြန်လည် ထူထောင်ရေးနှင့်တရား ဥပဒေစိုးမိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ …

Posted by danyawadi

ရခိုင်ပြည်နယ့်ပြန်လည်ထူထောင်ရေးနှင့်တရားဥပဒေစိုးမိုးရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး၊တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်တည်တံခိုင်မြဲသော ဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကိုယနေ့ နံနက်၉း၀၀ က နေပြည်တော် ကောင်စီ နယ်မြေMICCခန်းမတွင်ကျင်းပရာဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း က“ရခိုင်ဒေသတွင်းဒေသခံတွေအနေနဲ့မူလ အခြေအနေ ရောက် အောင်၊ ပြီးတော့ မူလအခြေအနေထက် ပိုမိုပြီးပြည့်စုံ တဲ့အခြေ အနေရောက်အောင် အချိန်တစ်ခုတော့ပေးရပါလိမ့်မယ်ဟုပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများတက်ေ၇ာက်သည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက “ရခိုင်ဒေသတွင်းကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ် ကိုင်နေပါတယ်။လိုအပ်နေတာတွေလဲရှိနေပါ တယ်။

ရေရှည်စီမံကိန်းနဲ့အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်။နိုင်ငံတော်အစိုးရ ၊ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ သက်ဆိုင်သူတွေပုးပေါင်းဆောင်ရွက်ရမှာပါ။

ရခိုင်ပြည်နယ်ရဲ့ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ရာမှာ လူအဖွဲ့အစည်းနှစ်ရပ်ရဲ့ယခင်ကတည်းကရှိခဲ့ကြတဲ့ ပဋိပက္ခ တွေကနေစတာပါ။

အခုဖြစ်စဉ်မျိုးကို မြန်မာပြည်မှာသာမကဘဲ ကမ္ဘာအနှံအပြားကနေရာဒေသအချို့မှာပါရင်ဆိုင်နေကြတာပါ။

ရခိုင်ဒေသဟာသယံဇာတကောင်းမွန်တယ်။လူသားအရင်းအမြစ်အားနည်းပါတယ်။
ဒါကြောင့်ဒေသခံတွေ ပြည့်စုံဖို့ လူမှုစီးပွားကောင်းမွန်တိုးတက်ဖို့  ဒီဆွေးနွေးပွဲကနေ အကြံဥာဏ်ကောင်းတွေ ရရှိမှာပါ။”ဟု အမှာစကားတွင်ထည့်သွင်းပြောကြားသည်။

Popular News

 

 

 

New method of Rohingya cleansing policy ရိုဟင်ဂျာ မျိုးဖြုတ်ရေး စီမံကိန်း အသစ်လား !!

Posted by danyawadi

Posted on by kaladanpress

Maungdaw, Arakan State: Police personnel with a new warrant of arrest lists enter the Rohingya villages and arrest Rohingya villagers. It is a new method of Rohingya cleansing after returning of Burmese Investigation Team – established by President Thein Sein with 27 member of civil society – from Maungdaw. The Police had prepared a new warrant list to arrest Muslim Rohingyas from the villages of surrounding Maungdaw town, said an elder from Maungdaw Town with great disappointment and denied to be named.
“The police, Nasaka (Burma’s border security force) and Hluntin (riot police) and army had already arrested over one thousand Rohingyas during the so called communal riot from Maungdaw and were sent to Buthidaung notorious jail. Some of the Rohingyas prisoners died with torture in jail and also many missing after taken away from jail. They were inhumanly tortured. The police forcibly removed beard of some prisoners and their sufferings in jail is unbearable.”

“In Buthidaung Jail, about 100 to 120- prisoners have to liv in a small room, so they become frequently sick and they need medicine, but the concerned authority does not allow providing them medicine from outside. As a result, their health is very serious.”

According to villagers,   since June 8, over 1,200 Rohingya villagers were arrested by security forces from Maungdaw only, now over 800 Rohingyas are remained in jail, others’ whereabouts, were they missing or dead?  This means, the State (Arakan) government lets them free to commit crimes against the Rohingya community, otherwise, it  will be stopped.

The police recently got instruction from higher authority to issue a newly warrant of arrest list to arrest Rohingya Muslims. This is a new tactic to harass Rohingya Muslims with the intention of implementation of their evil designed Rohingya cleansing policy. In last few days, the police raided some Muslim villages with so called warrant lists and arrested some of Rohingya villagers.  The warrant list is not a real one; they verbally told the villagers after calling meeting. After that they arrest Rohingya villagers from road or on field or in the villages and everywhere whom they meet, said a local leader whose son was arrested  by police one week ago  while returning to home from market.

On September 19, the Maungdaw Township administration officer called a meeting in Maungdaw inviting local authorities and some of local Rohingya villagers. The participants were District Administration Officer (DAO), Director of Nasaka (Burma’s border security force) and others. In the meeting, the DAO officer said that more Rohingya villagers will be arrested in future for involving in the recent riots and they have the documents who were involved in the riots. This makes villagers upsetting and disturbing in their minds to live in peacefully in their own land.. Though there is international pressure to the Burmese government, it does not care it and continuously implements their policy against the Rohingya community with slow and steady maintenance, said a local selected person from the town.

In addition, Rohingya villages are robbed by army, Nasaka or police at night and make propaganda that the terrorists from Bangladesh entered Maungdaw Town and commit robbery. In the morning, the security forces go to the village and arrest Rohingya villagers.

Recently, a group of Nasaka accompanied by some Rakhine youths went to Sonbonia Para of Maungdaw Town and committed robbery against the villager and made propaganda that terrorists from Bangladesh entered Maungdaw and committed robbery. The following day, early morning, police went to the village and arrested many villagers, and extorted money and released, said a youth from the village.

Recently, more about 300 names of Rohingyas have been shown in the warrant lists from various villages. On the other hand, the Rohingya villagers are being tortured and arrested who are living to  the east of the Maungdaw-Alethan Kyaw Highway.

There is no application of rules of law in Arakan. The security forces keep the rules of law in their hands and doing as they feel better for themselves.. If the situation is going on in Maungdaw and the rest of Arakan as well, Muslim Rohingyas must look ways and means to flee Arakan despite nowhere to go for them, said a politician preferring not to be named.

“On September 20, at about 11:00 pm, Boshir Ahmed ( 22), son of Dil Mohamed, hailed from War Pyin village of Powet Chaung village tract  under  Maungdaw north over the allegation that he was sleeping in a tent of fishing project watching the fishing project of his owner Monsor (45), son of Nazir Ahmed of the same village. After arrest, he was brought to the Powet Chaung out-post camp and detained there.  However, on September 21, at about 6:00 pm, the arrestee was released after taking Kyat 170,000. This is an arbitrarily arrest and extortion money by security force from Rohingya villager. There is no rule of laws in Arakan north especially for Rohingya community, according to a relative of the victim.”

In daily basis, some of the police officers of Maungdaw Town, in turn, go to Rohingya villages surrounding nearby town, to arrest Rohingya villagers by showing false and fabricated warrant list.

The police officers are identified as– U Aung Kyaw Than, U Hla Thein, U Hla Myint, U Maung Chay, U Hala Shin, and U Too Too etc , said a town dweller of Maungdaw.

http://kaladanpress.blog.com/2012/09/22/new-method-of-rohingya-cleansing-policy/

 

 

 

သမ္မတဦးသိန်းစိန်အား တရုတ်တက္ကသိုလ် ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ပေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Northwest စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ယင်းကဲ့သို့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး ကြိုးပမ်းမှုများကြောင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ ဂုဏ်ပြုမှုနှင့်အောင်မြင်မှုကို မြန်မာပြည်သူများနှင့်အတူ မျှဝေခံစားရမည်ဆိုပါက မိမိအတွက် ပိုမိုပြည့်စုံမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်-အာဆီယံကုန်စည်ပြပွဲ (နန်နင်း)နှင့်တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

Source: Eleven

ပြည်ခိုင်ဖြိုးပါတီက မဲမသမာမှုနှင့် တရားစွဲဆိုထားမှုများအပေါ် NLD ပြည်သူ့လွှတ်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားမှုများတွင် NLD ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီနှင့် လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်း တို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက မေလ ၁၀ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

အဆိုပါအမှုများကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးများတွင် စစ်ဆေးခဲ့ပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ စွပ်စွဲချက်များမှာမှားယွင်းပြီး ရွေးကောက်ပွဲတွင် မတရားပြုကျင့်မှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။

စွပ်စွဲခံရသူလေးဦး၌ နောက်ဆုံး ဆုံးဖြတ်မှုအဖြစ် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲတွင် တရားမျှတမှုရှိကြောင်း စက်တင်ဘာလ၂၀ရက်နေ့က စီရင်ချက်ချခဲ့သည်။

”စွပ်စွဲမှုတွေမှာ ကျွန်တော်တို့အားလုံး အနိုင်ရတယ်။ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါက်တာအောင်မြတ်သူက ရွေးကောက်ပွဲမှာ မတရားလုပ်ခဲ့တယ်။ တရားမဲ့ပြုကျင့်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲတာ။ စွပ်စွဲမှုတွေဟာ မှားယွင်းတယ်။ မတရားပြု ကျင့်မှု မလုပ်ခဲ့ဘူးဆိုပြီး စီရင်ချက်ချတယ်။ တရားရုံးကုန်ကျစရိတ်ကိုတော့ နှစ်ဖက်စလုံးကို ပြန်ထုတ်မပေးဘူး”ဟု ဦးဖြိုးမင်းသိန်းက ပြောပါသည်။

ှSource: Eleven

ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်


နိုင်ငံတော်က ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားသောကြောင့် ရိုဟင်ဂျာဟုခေါ်ဝေါ် သုံးနှုန်းရန်ဆွေးနွေးချက်ကို ငြင်းဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။ဒေါ်အေးနုစိန်၏ ဆွေးနွေးချက်အား ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမျိုးသားဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးစောလွင် ခေါ် ဦးစလင်းက ရခိုင်ကိုယ်စားလှယ်များဆွေးနွေးချက်ကိုကန့်ကွက်ကြောင်း တိုင်းရင်းသားဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

Source: 7Day News Journal