Archive | September 18, 2012

တင်မိုးနှင့် ကလေးကဗျာ

တင်မိုးနဲ့ ကလေးကဗျာ

ဆရာချိန် (ပဲခူး)

Source: မောက္ခ

နောက်တချက် ကျနော် ပြောလိုသည်မှာ ဆရာတင်မိုးက `အ အမေ တို့တိုင်းပြည် ချစ်မြတ်နိုးရာမြေ´ ဟု ဆိုထား ပါသည်။ သူငယ်တန်း ဖတ်စာတွင် `အ အမေ တို့တိုင်းပြည် ငါတို့ ချစ်တဲ့မြေ´ ဟု ရေးထားပါသည်။

ဆရာတင်မိုး၏ ကဗျာကို အပြည့်မဟုတ်ဘဲ တစ်ဝက်ယူ သုံးထားသည်။

ဆရာတင်မိုး
ဆရာတင်မိုး

Tin Moe and Child Poem

အစဉ်အလာကျောင်းများကို အသွင်ပြောင်းခြင်း

အစဉ်အလာကျောင်းများကို အသွင်ပြောင်းခြင်း

တင်ညွှန့်

Source: မောက္ခ

နည်းပညာခေတ်မှာ စာသင်ကျောင်းတွေကို  အသွင်ပြောင်းဖို့ လိုလာပြီ။ စာသင်ခန်းတွေကိုလည်း နည်းပညာ ပစ္စည်းတွေ အလျှံပယ်သုံး၊ ဆရာနဲ့ ကျောင်းသားတွေကလည်း နည်းပညာတွေကို ကျွမ်းကျင်စွာ သုံးနိုင်လောက်တဲ့ အဆင့်တွေ ရှိနေကြတာဟာ အနာဂတ်ပညာရေးလို့ ပြောနိုင်ပါလိမ့်မယ်။

ရှေးဟောင်းဂရိနဲ့ ရောမခေတ်တွေက အသိပညာကို ပညာရှင်တွေက ဈေးလို လူစည်ကားတဲ့ နေရာတွေမှာ ပေးကြတယ်။ ပညာလိုချင်သူတွေ၊ ရှာမှီးချင်သူတွေဟာ ပညာရှင်တွေ ဟောပြောဆွေးနွေးမယ့် နေရာကို လိုက်ရှာပြီး သူတို့ပြောတာတွေကို နားနဲ့ပဲ နာကြား၊ ပညာ ယူသွားကြတာများတယ်။

ဒီခေတ်က အိုင်စီတီအကြောင်းတွေ ပြောကြတယ်။ အွန်လိုင်းတွေ၊ အင်တာနက်တွေ၊ ဆိုရှယ်ကွန်ရက်တွေ အကြောင်း အများကြီး ပြောလာကြ တယ်။ အွန်လိုင်းပညာရေးဆိုပြီး အလေးတယူ ဆွေးနွေးလာကြတယ်။ ပညာရေးဆိုတာ ကျောင်းရှိမှ ဖြစ်နိုင်တာ မဟုတ်ဘူးဆိုတာကို လက်ခံ လာကြတယ်။ ကျောင်းမဲ့ပညာရေး၊ ဖတ်စာအုပ်မဲ့ ပညာရေး၊ စာရွက်မဲ့ ပညာရေးဆိုတာတွေကို ပညာခေတ်ရဲ့ တော်လှန်ရေး တပ်လှန်သံတွေ အနေနဲ့ လှုံ့ဆော်လာနေကြတယ်။

နည်းပညာကို ဖက်တွယ်မှီခိုလာကြတဲ့ ခေတ်ဆိုတော့ ပညာရေး မှာလည်း အသွင်ပြောင်းလဲမှုတွေ အများကြီး လုပ်လာကြတယ်။ စီးပွားရေးနဲ့ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားသော ပညာရေး ဆိုတာတွေ စီစဉ်လာ ကြတယ်။ ကြော်ငြာအေဂျင်စီတွေ ဝင်လာတယ်။ လှုံ့ဆော်မှုတွေနဲ့ ပညာရေးကို  ဆွဲဆောင်လာကြတယ်။ အဆောက် အအုံ၊ စာသင်ခန်းတွေကို အသွင်ပြောင်း၊ စနစ်ပြောင်း၊ ပုံစံပြောင်းတွေ လုပ်လာကြတယ်။  ဆော့ဖ်ဝဲ ကုမ္ပဏီတွေကလည်း ပရိုဂရမ်အသစ်တွေ တင်ပြပြီး ကျောင်းတွေမှာ တပ်ဆင် သုံးစွဲနိုင်အောင် ပြင်ဆင်ကြ တယ်။ ဟာ့ဒ်ဝဲ ကုမ္ပဏီ တွေနဲ့ အစိုးရတွေကလည်း ကျောင်းသားတိုင်း ပညာ သင်ယူရေးမှာ မရှိမဖြစ် ဟာ့ဒ်ဝဲတွေကို ကျောင်းကို ပါလာနိုင်အောင် ကြံဆောင်ကြတယ်။ အဲဒါတွေဟာ ခေတ်သစ်ပညာရေးရဲ့ ပုံရိပ်တွေပါ။

ကျောင်းနဲ့ မတူတဲ့ကျောင်း

ကျောင်းနဲ့တူသော ကျောင်း၊ ဆရာနဲ့တူသော ဆရာဖြစ်ရေးကို မြန်မာ့ပညာရေးမှာ အရမ်းအော်ကြတယ်။ ကျောင်းနဲ့တူသော ကျောင်းဆိုတာ ဘာလဲ။ နံရံလေးဘက် ကာထားတဲ့ အုတ်တံတိုင်းထဲမှာ ငြိမ်းချမ်းစွာ ပညာ သင်ကြားနေကြတာကို ပြောတာလား။ ဆရာနဲ့တူသော ဆရာ ဆိုတာလည်း အချိန်တန်ကျောင်းလာ၊ သတ်မှတ်တာ သင်၊ အချိန်ကုန် အိမ်ပြန်၊ စက်ရုပ်ဆန်ဆန်တွေကို ဆရာလို့ ခေါ်ပါသလား။

ကမ္ဘာ့ထိပ်တန်း ဖင်လန်နိုင်ငံပညာရေး စနစ်မှာတောင် စာသင်ခန်းပြင်ပ သင်္ချာသင်ကြားရေးဆိုတာတွေ လုပ်နေ ကြတယ်။ ကျောင်းစာသင်ခန်း ကျောက်သင်ပုန်းပေါ်မှာ ကိန်းဂဏန်းတွေကို တွက်ချက်ရေးပြတာထက် အပြင်ကို ကလေးတွေခေါ်ပြီး၊ စမ်းချောင်းထဲက ကျောက်တုံးလေးတွေ ကို အရေအတွက်နဲ့ ကောက်ခိုင်းတာ။ ပန်းလေးတွေကို အရေအတွက်နဲ့ ခူးခိုင်း၊ ပေးခိုင်းပြီး အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတွေ သင်နေ တာ၊ လက်တွေ့ ပေကြိုးတွေနဲ့ တိုင်းတာခိုင်းနေတာတွေကို ကျောင်းနဲ့ မတူသော ကျောင်းလို့ ပြောနိုင်ပါတယ်။

ဗ်ီဒီယို မှတ်တမ်းတစ်ခု ကြည့်လိုက်ရပါတယ်။ အလယ်တန်းကျောင်း တစ်ကျောင်းမှာ သိပ္ပံသင်ကြားမှုတဲ့။ စာသင်ခန်းကလည်း ကျောင်းသား ၂၅ ယောက်လောက်ပဲ ရှိမယ်။  သိပ္ပံကို ပရောဂျက်ဆိုပြီး လုပ်နေကြတာ။ အားလုံး လက်ပ်တော့ကွန်ပျူတာ ကိုယ်စီနဲ့။ သူတို့ ပရောဂျက်နဲ့ ဆက်နွယ်သော လေ့လာမှု အထောက်အကူပြု ဆိုတာ Wiki လို့ပြောထားတယ်။ တစ်နည်းပြောရရင် တစ်တန်းလုံး ပရောဂျက်ကို Wiki ဆိုတဲ့ အွန်လိုင်း စွယ်စုံကျမ်းကို အခြေခံပြီး လုပ်နေကြတယ်။

သူတို့ YouTube ကိုသွားပြီးတော့လည်း ဗီဒီယိုလက်တွေ့ စမ်းသပ်မှုတွေ သွားလေ့လာတယ်။ သိပ္ပံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ ပုံတွေ၊ စာတွေကို download တွေချတယ်။ ကိုယ့်ပရောဂျက်ရဲ့ လိုအပ်တဲ့နေရာတွေမှာ အစားထိုး ထည့်သုံးတယ်။

တစ်ခန်းလုံး လှုပ်ရှားသွက်လက် စိတ်အားတွေ ထက်သန်ပြီးနေကြတယ်။ ဆရာကိုလည်း မတွေ့ရဘူး။ အချင်းချင်း အပြန်အလှန်မေးတယ်။ ဆူညံနေတယ်။ ပြေးပြီး ကွန်ပျူတာမှာ အလုပ်ရှုပ်နေကြတယ်။ ဆရာက ဒီပရောဂျက်ကို ဘယ်အချိန်အတွင်း ပြီးအောင်လုပ်တင်ကြလို့ ပြောသွားတယ်။ ပရောဂျက်ကို ပြီးတဲ့အဖွဲ့တွေက  slide show တွေနဲ့ ပြန်ကြည့်ကြတယ်။ ကျောင်းသား ၂၅ ယောက်၊ ပရောဂျက် ခေါင်းစဉ် ၅ ခု၊ အဖွဲ့ ၅ ဖွဲ့၊ တစ်ဖွဲ့ ၅ ယောက်။ ပရောဂျက်ပြီးတော့ ရုံးခန်းထဲကို network ကတစ်ဆင့် ဖိုင်တွေလှမ်းပို့တယ်။ ပျော်လွန်းလို့ လက်ဝါးချင်း ရိုက်တဲ့ အဖွဲ့တွေက ရိုက်နေကြတယ်။ အဲဒါကို စာသင်ခန်း မဟုတ်ဘူးလို့ ပြောမလား။

ကျောင်းကို ဘယ်သူ့ လက်ထဲထည့်မလဲ

ကျောင်းတွေကို ဆရာတွေက ချုပ်ကိုင်၊ အစိုးရက ထောက်ပံ့ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပေမယ့် ရလဒ်တွေက ဘယ်လောက်များ အားရကျေနပ်စရာ ကောင်းခဲ့သလဲ။ ကျောင်းတွေကို ဖန်တီးနိုင်စွမ်း ရှိသူတွေရဲ့ လက်ထဲကို ထည့်ကြည့်ပါဆိုတဲ့ အသံတွေ ထွက်လာတယ်။ အထူးသဖြင့် သူတို့ နိုင်ငံမှာတော့ “Creative Agency” ဆိုတဲ့ အသံတွေ ထွက်လာတယ်။

ကျောင်းတွေကို အဲဒီအေဂျင်စီတွေက  နည်းပညာကျောင်း၊ နည်းပညာစာသင်ခန်းတွေအဖြစ် ပထမဦးဆုံး အသွင်ပြောင်းမယ်။ ကျောင်းသားတွေ ကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ထူးချွန်မှု၊ ဂုဏ်ထူးထွက်မှုထက် အဖွဲ့လိုက်၊ အသင်းလိုက်၊ အုပ်စုလိုက် ဖော်ဆောင်နိုင်မှုကို ဦးစားပေးမယ်။ ကျောင်းသားတွေ ကိုယ်စိတ်ပါ ဝင်စားတာကိုပဲ လေ့လာသင်ယူစေမယ်။ သူတို့ လုပ်ဆောင်ချက်တွေ၊ ရလဒ်တွေကို ကမ္ဘာသိအောင် လွှင့်တင် ပေးမယ်။ ကိုယ့်သင်ယူမှုကို ကိုယ်တာဝန်ယူတဲ့စနစ် ကျင့်သုံးမယ်။ လုပ်ဆောင်ချက်ကို အေဂျင်စီလို အဖွဲ့ သေးသေးလေးကနေ ဆုံးဖြတ်တာ ထက်၊ နိုင်ငံက ဆုံးဖြတ်မယ်၊ ကမ္ဘာက ဆုံးဖြတ်စေမယ်။ ဒီလိုကြီးမားတဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် နည်းပညာ မပါလို့ မဖြစ်ဘူး ဆိုတာ သဘောပေါက်မှာပါ။

အေဂျင်စီတွေ တာဝန်ယူတဲ့ ကျောင်းတွေဟာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေရဲ့ လိုအပ်ချက်တွေ ပါဝင်တဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်မယ်။ လုပ်ငန်းခွင်နဲ့ဆက်စပ်တဲ့ ပညာရေးကိုပဲ ပေးမယ်။ ကျောင်းသားတွေ ကျောင်းလာတယ်ဆိုတာထက် လုပ်ငန်းခွင်ကို လာနေတဲ့အသွင် ပြောင်းမယ်လို့လည်း ဆိုထားတယ်။

လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ ပညာရေးကို အကောင်အထည်ဖော်မယ်ဆိုရင်၊ လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ နည်းပညာ တွေကို ဦးစားပေး ကိုင်တွယ် ကြရတော့မယ်။ စာသင်ခန်းထဲမှာ ထိုင်နေတဲ့ တစ်ချိန်ကို ၄၅ မိနစ်ဆိုတာ လုပ်ငန်းခွင်အတွက် အသုံးတည့်မှာကို သင်ကြားခြင်း၊ ကြံဆောင်ခြင်း၊ တွေးဆခြင်း၊ အကောင်အထည်ဖော်ခြင်း တွေပဲ ဖြစ်နေလိမ့်မယ်။

လက်တွေ့နဲ့ ပညာ၊ နည်းပညာနဲ့ ရလဒ်တွေကြားမှာ ကျောင်းသားတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရ လိမ့်မယ်။ ရလဒ်ကို ကွန်ပျူတာလို ဟာ့ဒ်ဝဲတွေက ပိုင်းဖြတ်တာ ခံချင်ခံရလိမ့်မယ်။ လုပ်ငန်းခွင်နဲ့ မအပ်စပ်တာ၊ မဆီလျော်တာတွေဟာ အဖွဲ့ရဲ့ ပယ်ချခြင်းကို ခံရကောင်း ခံရနိုင်တယ်။

သင်ကြားရေးအလှည့်အပြောင်း

ကျောင်းဆိုတဲ့ အခန်းကဏ္ဍကို မိဘတွေကရော၊ ကျောင်းသားတွေကပါ ယုံကြည်မှုနည်းလာရင် အွန်လိုင်း သင်ကြားရေးစနစ်တွေ ထွန်းကားလာ မယ်။ အွန်လိုင်းမှာ ကျောင်းသားတစ်ယောက် ဘယ်လောက်နှုန်းဆိုပြီး သတ်မှတ်ယူခြင်းထက်၊ ဘာသာရပ်အလိုက်၊ ပညာရပ်အလိုက် သတ်မှတ်နှုန်းတွေနဲ့ တွက်ချက်ယူကြလိမ့်မယ်။

ဒီနေရာမှာ ကျောင်းမရှိတဲ့ ကျောင်း၊ ဆရာမရှိတဲ့ ကျောင်း၊ တစ်နည်းပြောရရင် ကိုယ်တိုင်လေ့လာ သင်ခန်းစာ (self-paced courses) တွေကို တီထွင်လာရတော့မယ်။  ကျောင်းမရှိပေမယ့် အတန်းရှိတယ်၊ ဆရာ မရှိပေမယ့် လေ့လာစရာတွေ ရှိတယ်ဆိုတာ အွန်လိုင်းပညာရေးရဲ့ အခြေခံတွေပဲ။

ဒီတော့ ကျောင်းမရှိတဲ့ အွန်လိုင်းကျောင်းထဲကို ကျောင်းသားတွေ ဘယ်လောက်လာမှာလဲ၊ လာသလောက် လက်ခံနိုင်မှာလား၊ အွန်လိုင်းက ပညာပဲပေးမယ်ဆိုတော့ လူတစ်ယောက်ရဲ့ဘဝမှာ ပညာတစ်ခုတည်းက အရေးကြီးသလား၊ အခြားလိုအပ်ချက်တွေ မရှိနိုင်တော့ဘူးလား။ လိုအပ်ချက်တွေကို အိမ်က မိဘတွေ ဖြည့်ပေးမလား။ မိဘတွေ ဖြည့်မပေးနိုင်ရင် သူတို့ရဲ့ စိတ်ဓာတ်တွေကို ဘယ်သူတွေက တာဝန်ယူပေး မှာလဲ။ လုပ်ငန်းခွင်နဲ့ ပညာရေး တိုက်ရိုက် ချိတ်ဆက်ပေးရုံသက်သက်ဟာ  ဘဝရဲ့ အမှန်လိုအပ်ချက်လားဆိုတာတွေ ကိုလည်း မေးဖို့ လိုအပ်လာပါတယ်။

အွန်လိုင်းပညာရေးဆိုတာ ဂရိခေတ် ပညာရေးလိုပါပဲ။ ပညာလိုချင်တဲ့သူဟာ သင်ကြားမှုတွေရှိနေတဲ့ နေရာကို အရောက်သွားကြရပါတယ်။ ဘယ်ပညာ၊ ဘယ်ဘာသာရပ်ကို လိုချင်ချင် သူပေးနေတဲ့ လိုင်းတွေကို ရောက်အောင်သွားပြီး ဝင်လေ့လာရပါတယ်။ အိန္ဒိယနိုင်ငံ ရွာငယ်လေး က အင်တာနက်ဆိုင်ကနေ၊ အမေရိကန် နာမည်ကျော် တက္ကသိုလ်တစ်ခုက ပါမောက္ခကြီးတစ်ဦးရဲ့ သင်ကြား ပို့ချချက်တွေကို နားထောင်နိုင် ပါတယ်။ ကိုယ်လိုချင်တာကို ကိုယ်တိုင်ရွေးချယ် လေ့လာသင်ယူနိုင်တဲ့ ခေတ်ဖြစ်လာလို့ ပညာရေးမှာ လေ့လာချင်တဲ့ စိတ်ရှိဖို့ပဲလိုတယ်၊ မပြည့်စုံတာတွေ၊ ချို့တဲ့တာတွေ၊ မရှိတာတွေ ပြောစရာမလိုဘူး၊ စိုးရိမ်သောက ရောက်နေ စရာ မလိုဘူးလို့လည်း ပြောလာကြပါတယ်။

နည်းပညာနဲ့ ပညာရေး မဝေးရအောင်

လက်ရှိပညာရေးမှာ နည်းပညာဟာ အလှမ်းဝေးနေရတာတွေ အများကြီးရှိပါတယ်။ နည်းပညာမရှိတာတွေ၊ နည်းပညာကို မသိတာတွေ အများကြီး ရှိနေပါတယ်။

နောက်ဆုံးအွန်လိုင်းနဲ့ တိုက်ရိုက်ချိတ် ဆက်နိုင်တဲ့ ဝှိုက်ဘုတ်တွေပေါ်နေတာ သိပါသလား။ ဝှိုက်ဘုတ်ဟာ touchscreen ဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကို တင်လိုက်လို့ရတယ်။ လက်ကလေးနဲ့တို့ပြီး၊ ဆွဲထုတ် သွားလို့ရတယ်။ လက်ညှိုးနဲ့ တောက်ပြီး အကျယ်ချဲ့လို့ရတယ်။ သိချင်တာကို ရှာလို့ရတယ်။ အသံထွက်ခိုင်း လို့ရတယ်။ ဘာမြေဖြူ၊ ဆော့ဖ်ပင်မှမကိုင်လဲ လက်ညှိုး၊ လက်ချောင်းတွေနဲ့ သင်ကြားမှု၊ သင်ယူမှု၊ လေ့လာမှု တွေ လုပ်နိုင်ပြီဆိုတာ မသိသူတွေ များမှာပါ။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ကျောင်းတစ်ကျောင်း ကွန်ပျူတာ ၅ လုံးတောင်မရှိတဲ့ ကျောင်းတွေက မရှိ၊ ရှိတဲ့ကွန်ပျူတာက ခေတ်မမီ၊ ကွန်ပျူတာ လုံးဝ မရှိတဲ့ကျောင်းက မရှိ၊ မသိတဲ့ ကျောင်းကမသိ ဖြစ်နေချိန်မှာ ကလေးတစ်ယောက် ကွန်ပျူတာတစ်လုံး (One-Laptop-Per-Child) လို့ ပြောတဲ့ နိုင်ငံတွေကပြော၊ နောက်ပိုင်း One-iPad-Per-Child ပရိုဂရမ်လို့ ပြောတဲ့နိုင်ငံက ပြောလာကြပါပြီ။ နောက်ဆိုရင် One-Smartphone-Per-Child လို့ ပြောနိုင်အောင် ကြံဆောင်နေကြတဲ့ နိုင်ငံတွေက ကြံဆောင်နေကြပါတယ်။

ပညာရေးရဲ့ ထွက်ပေါက်၊ သို့မဟုတ် အမြန်ဆုံးဖြတ်လမ်းဟာ နည်းပညာမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိလာကြတယ်။ ဒါကြောင့် နည်းပညာကို ဘယ်လိုနည်းနဲ့ ပညာရေးမှာ လက်နက်သဖွယ် တပ်ဆင် အသုံးပြုရမလဲ ဆိုတာကို အဖြေရှာနေကြတယ်။

ကလေးတစ်ယောက် ကွန်ပျူတာတစ်လုံးဆိုတာထက်၊ ကလေးတစ်ယောက် တက်ဘလက်တစ်လုံး ဆိုတာ ပိုနီးစပ်တယ်။ ကလေးတစ်ယောက် စမတ်ဖုန်းတစ်လုံးဆိုရင် ပိုပြီး နီးစပ်တယ်လို့ဆိုကြပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေမှာ မိုဘိုင်းပညာရေးကို ဦးစားပေးဖို့၊ အထောက်အကူပေးဖို့ ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေက စဉ်းစားလာကြပါတယ်။

မရှိတာထက်၊ မသိတာ ခက်တယ်ဆိုပြီး ပြောကြပါတယ်။ အမှန်တော့ ပညာရေးမှာ နည်းပညာဆိုတာရှိကြောင်း မသိတာ ပိုခက်နေပါတယ်။ ရှိမှန်းသိရင် လိုလျှင်ကြံဆလို့ ရနိုင်တာတွေ အများကြီးရှိပါတယ်။ နည်းပညာ ပညာရေးမှာ တက်ဘလက်သုံးမလား၊ လက်ပ်တော့သုံးမလား၊ ကျောင်းသားတွေကို နည်းပညာသုံးနိုင်ဖို့ တက်ဘလက်တွေကို ကျောင်းက ထောက်ပံ့မလား၊ အစိုးရက ထောက်ပံ့မလား၊ ကိုယ်ထူကိုယ်ထ ဝယ်ကိုင် ကြမလား အငြင်းပွားနေရမယ့်အချိန် မဟုတ်ပါဘူး။ ရှိသူကကိုင်၊ များများ ကိုင်လာနိုင်အောင်အားပေး၊ ရှိသူနဲ့ မရှိသူ ဝိုင်းမျှကူ။ နည်းပညာကို မရ ရအောင်ယူနိုင်တဲ့ နည်းတွေကို လမ်းဖွင့်ပေး။ ကျောင်းတွေမှာ တံခါးပိတ် မထားနဲ့။ ဆရာတွေကလည်း ပြေး၊ ကျောင်းသားတွေကလည်း ပြေးမှ တန်ကာကျနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာကို မသိသူဆရာက၊ သိသူ တပည့်တွေအပေါ် သဘောထား မကြီးနိုင်ခြင်း၊ ပိတ်ပင်ခြင်း၊ သိအောင် တတ်အောင် မကြိုးစားခြင်းတွေဟာ  အပြစ်ဖြစ်နိုင်ပါတယ်။

အိမ်နီးချင်း အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေမှတောင် ကလေးတွေလက်ထဲကို ကွန်ပျူတာတွေ ထည့်ပေးဖို့ နည်းမျိုးစုံနဲ့ ကြံဆနေပါပြီ။ တက်ဘလက်တွေ၊ ကွန်ပျူတာတွေဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ်လို့ အကောင်းဆုံး၊ စည်းရုံးလို့ အကောင်းဆုံး လို့တောင် ပြောနေကြပြီ။ ပညာရေးမှာ ရက်ရောတဲ့ စေတနာထားသလိုနဲ့ ကွန်ပျူတာတွေ၊ တက်ဘလက်တွေ လိုက်ဝေပြီး၊ နိုင်ငံရေး လုပ်နေတယ် ဆိုတာ အကြောင်းမဲ့ မဲဆွယ်ဖို့ တစ်ခုတည်းအတွက် လုပ်နေတာ မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထား ရပါလိမ့်မယ်။

တင်ညွန့်

တက္ကသိုလ်ဥပဒေကြမ်းပြန်လည် ရေးဆွဲရာတွင် တက္ကသိုလ်များ လွတ်လပ်စွာ ရပ်တည်နိုင်ရန် အရေးကြီး

Source: မောက္ခ

တက္ကသိုလ်ဥပဒေကြမ်းပြန်လည် ရေးဆွဲရာတွင် ပါဝင်သင့်သည့် အချက်များနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနမှ လက်ထောက် ကတိက ဒေါက်တာကျော်သန်းမိုး အား ဩဂုတ် ၂၇ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့ဆုံ မေးမြန်းရာ၌ တက္ကသိုလ် ဥပဒေသည် လွတ်လပ်သော ဥပဒေသာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

ယင်းက တက္ကသိုလ်ဥပဒေကြမ်း ပြန်လည်ရေးဆွဲရာတွင် ဥပဒေသည် တိတိကျကျ ဖြစ်ရန် အရေးကြီးကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည်အချင်းအား ကျောင်းသားကပင် သတ်မှတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တက္ကသိုလ် ပ ညာရေး ဗဟိုကောင်စီမှ ဦးစီးချုပ်ကိုင်မှုကြောင့် အရာရာတိုင်းသည် အထက်ကို တင်ပြရကြောင်း၊ ထိုသို့မဖြစ်ရန် လွတ်လပ်သော သီးခြား ရပ်တည်သည့် တက္ကသိုလ်ဖြစ်ရန် လိုအပ်ကြောင်း၊  နိုင်ငံတကာနှင့် ဆက်ဆံသောအခါတွင်လည်း တက္ကသိုလ်၏ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိရန် လိုအပ်ကြောင်း၊ အခြားသော နိုင်ငံများတွင် အကြီးဆုံး တက္ကသိုလ်မှ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ တက္ကသိုလ် အဖွဲ့အစည်းတွင် တက္ကသိုလ်သမဂ္ဂ (Senate)ဟူ၍ ရှိကြောင်း အကြီးဆုံး တက္ကသိုလ်မှ အဓိက တာဝန်ရှိသူက တစ်ဦးတည်း မဆုံးဖြတ်လျှင် သမဂ္ဂက ဆုံးဖြတ်မှု ပြုလုပ်ကြောင်း၊ ယင်းအဖွဲ့အစည်း နှင့်တွေ့ဆုံ၍ နိုင်ငံခြား ပညာတော်သင် စေလွှတ်ခြင်းနှင့် Exchange Programme များ ပြုလုပ်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ယခုကဲ့သို့ နိုင်ငံတကာ တက္ကသိုလ်များနှင့် ဆက်ဆံမှု ရှိလာသည့်အတွက် ယင်းက ပြောကြားရာတွင် “တက္ကသိုလ် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေ ပြုလုပ်တဲ့အခါ အကုန်လုံးက လွတ်လပ်မှု ရှိဖို့လိုတယ်။ အခုက အကုန်လုံး အထက်ကို တင်ပြဦး။ အဲဒီတော့ လွတ်လပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ လိုတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒေါက်တာ ကျော်သန်းမိုးက တက္ကသိုလ်များရှိ သင်ရိုးများသည် ပါမောက္ခ အပေါ်တွင်သာ မူတည် သင့်ကြောင်း၊ မိမိ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိစေမည့် သင်ရိုးများကို ပို့ချ သင့်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများနှင့်တက္ကသိုလ်များ ချိတ်ဆက်မှု ရှိရန် လိုအပ်ကြောင်း၊ ပြင်ပလုပ်ငန်းမှ လိုအပ် ချက်နှင့် မိမိတို့ ကျောင်းသားများ၏ အရည်အချင်း ကိုက်ညီလျှင် ပြင်ပ အလုပ်အကိုင် ပြဿနာ ဖြေရှင်း ပြီးသား ဖြစ်မည် ဟုလည်း ပြောကြားခဲ့သည်။

ထပ်မံ၍ ယင်းက ပြောကြားရာတွင် တက္ကသိုလ်များတွင် စာသင်ကာလသည် တိုတောင်းကြောင်း၊ ကျောင်းသား များအား စာသင်ကြားရာတွင် ၃ လတစ်ဖြတ် ပြုလုပ်ထားသော စာသင်ကာလကြောင့် သင်ကြားရာတွင် အခက်အခဲ ရှိကြောင်း၊ ကျောင်းသားများအား စာသင်ကြားရေးထက် စာမေးပွဲအောင်မြင်ရေး က အရေးကြီး နေကြောင်း၊ ဤအချက် အားလည်း ပြင်ဆင်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယခုပြန်လည် ရေးဆွဲမည့် ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ရေးဆွဲမည် ဖြစ်သည်။    ရေးဆွဲရာတွင် လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာရေး ကော်မရှင်က ဦးဆောင် ရေးဆွဲမည် ဖြစ်ပြီး။ ထိုကော်မရှင်တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ အခြားအဖွဲ့အစည်းတို့ မှ ပညာရှင်များ နှင့်အတူ ယခင်ပညာရေး ဌာနများတွင် အလုပ် လုပ်ခဲ့ကြသည့် ပညာရေးနှင့် ပတ်သက်သော ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ ပါဝင်မည် ဖြစ်သည်။

ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ဇူလိုင် ၄ ရက်တွင် တင်သွင်းခဲ့သည့်တက္ကသိုလ် ဥပဒေကြမ်းအား သဘောမတူမှုများ ရှိခဲ့သဖြင့် အတည်ပြုဆဲ အဆင့်မှ ရပ်ဆိုင်း ဥပဒေကြမ်း ကော်မတီ၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာရေးအဖွဲ့၊ သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများနှင့် စိတ်ပါဝင်စား ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးညှိနှိုင်းကာ အသစ်ပြန်လည် ပူးပေါင်းရေးဆွဲ၍ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပြီး လွှတ်တော်၏ ဆန္ဒရ ယူကာ ဆောင်ရွက်သွားမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။

မောက္ခ ပညာရေး မဂ္ဂဇင်းများ

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၁)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၂)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၃)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၄)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၅)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၆)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၇)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၈)

မောက္ခ ပညာရေးမဂ္ဂဇင်း-အမှတ် (၉)

ဒေါက်တာသန်းထွန်း – မြန်မာဆိုတာ

ဒေါက်တာသန်းထွန်း ရေးသားပြုစုခဲ့တဲ့ မြန်မာဆိုတာဆိုတဲ့ စာအုပ်ငယ်လေးကို လေ့လာဖတ်ရှုနိုင်အောင် ပြန်လည်ရှယ်ပေးလိုက်ပါတယ်။

ပိဋကတ်(၃)ပုံ မြန်မာဘာသာပြန်

ကမ္ဘာ့ဘာသာတရားများအကြောင်း နှိုင်းယှဉ်လေ့လာသုတေသနပြုနေသော သုတေသီများအဖို့အထောက်အကူပြုရန် ရည်ရွယ်၍ ပိဋကတ်(၃)ပုံ မြန်မာဘာသာပြန်ကို ပြန်လည် ရှယ်ပေးလိုက်ပါတယ်။

ဆက်သွယ်ရန်

စာရှုသူအပေါင်း၏ ထင်မြင်ယူဆချက်အမျိုးမျိုး၊ အတွေးအမြင် အသွယ်သွယ်၊ ယုံကြည်မှု အထွေထွေအား ပေးပို့လာပါက နွေးထွေးစွာ ကြိုဆိုပါတယ်။ လူကြီးမင်းတို့ထံတွင် ဗမာ့လူမျိုး စုအသီးသီးနှင့် ပတ်သက်သည့် စာရွက်စာတမ်း၊ သုတေသနာစာတမ်း၊ ဓါတ်ပုံ စသည့် သမိုင်းအထောက်အထားများရှိပါက အောက်ဖော်ပြပါ အီးမေးလ်လိပ်စာသို့ စာရေးသားပေးပို့နိုင်ပါတယ်။ ထို့ပြင် တိကျခိုင်လုံသောသတင်းများကို ပေးပို့ပါက ဤဆိုဒ်တွင် ဖော်ပြပေးသွားပါ့မယ်။ ဤဆိုဒ်သည် လူ့အခွင့်အရေးကို အလွန် အင်မတန်လေးစားသော၊ လူကိုလူလို မြင်တတ်သော၊ သမာသမတ်ရှိသော၊ အကျင့်သီလ သန့်ရှင်းစင်ကြယ် မွန်မြတ်သန့်စင်သော၊ လောက ဓါတ်ပညာတတ်မိတ်ဆွေတစ်စု ပေါင်းစု၍ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အလှူငွေများ ထည့်ဝင်လိုပါကလည်း ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်ရန် အီးမေးလ်လိပ်စာကတော့ feedbackvorohingyas@gmail.com ဖြစ်ပါတယ်။ သို့မဟုတ် အောက်ပါ ဆက်သွယ်ရန် ပုံစံလေးထဲမှာ လိုအပ်တဲ့အချက်အလက်လေးတွေ ဖြည့်ပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်လို့လဲ ရပါတယ်။

အားလုံးကို လေးစားလျှက်…..

Admin Teams 

The Voice of Rohingyas

၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ

Source: RFA

(၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာနှစ်ရက်ကြာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ရခိုင်နဲ့ မွတ်စ်လင် ခေါင်းဆောင်တွေ က ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစု အရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထားဆွေးနွေးခဲ့ကြပါတယ်။

(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသား လက္ခဏာ ကပ်ဆိုက်မှုဖြစ်ပြီး ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် အများပါဝင်တဲ့ ဘုံအဖြေတစ်ခု ရှာဖွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှ မြန်မာမွတ်စလင်များဘက်မှ ခေါင်းဆောင် ဒေါက်တာမြင့်သိန်း (ဓါတ်ပုံ The Voice)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်အမျိုးသားတွေရဲ့ သဘောထားအမြင်တွေကို တင်ပြခဲ့သလို မွတ်စ်လင် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာမြင့်သိန်းနဲ့ ဦးကျော်ဝင်းတို့ကလည်း မွတ်စ်လင် ဘာသာဝင်တွေရဲ့ သဘောထားအမြင်တွေကို ဆွေးနွေးတင်ပြကြပါတယ်။

ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဦးသူရ (ခေါ်) အနုပညာရှင် ဇာဂနာက မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေးလက္ခဏာ ကိစ္စတွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ စာရေးဆရာ ဦးကျော်ဝင်း၊ ကရန်းပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ လူမှုရေးရေးရာကိစ္စတွေ ပါဝင်ဆောင်ရွက်နေသူ ဦးအောင်ကိုကိုတို့ကလည်း ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်းတက်ရောက်ခဲ့ပါတယ်။

စစ်တွေတွင် အကြမ်းဖက် တိုက်ခိုက်ခံရသော ကိုရှိုင်းမင်း နှင့်တွေ့ဆုံခြင်း (၂)

☻အော်။ ဟုတ်ကဲ့။ အစ်ကို အခု ဒီရဲစခန်းကိုရောက်တဲ့အခါ သူတို့က အမှုတွေဘာတွေ ဖွင့်ပေးလား။

☺ရဲစခန်းရောက်တဲ့အခါကျတော့ အဲ့ဒီမှာ စခန်းမှူးရောက်လာတယ်။ စခန်းမှူးရောက်လာပြီး သူက ကျနော့်ကို လိုအပ်တဲ့ စစ်ချက်တွေယူတယ်။

☻စစ်ချက်ယူတာ အသေးစိတ်ယူလား။ ဒါမှမဟုတ် အပေါ်ယံ သဘောလောက်ပဲ ယူတာလား။

☺အန်။ စစ်ချက်ကိုက Detail အသေးစိတ်ယူတာတော့မဟုတ်ဘူး။ သဘောလောက် တစ်မျက်နှာစာလောက်ပေါ့။ အတိုချုံးလေးပဲ။ အဲ့လိုမျိုးလေးပဲ သူက ယူလိုက်တာ။ တချို့ဟာတွေကျတော့လဲ ဟာ မင်းလုပ်မနေပါနဲ့တော့ကွာ။ ကျနော်က သူ့ကိုပြောတယ်။ ဘယ်နေရာတွေ ဘာဖြစ်သွားလဲဆိုတော့ ကျနော် သူ့ကို ခေါင်းကိုပြတယ်။ အင်္ကျီလှန်ပြတယ်။ ဒီကျောကုန်းကို။ ပေါ့ပေါ့ပဲ။ သွေးထွက်ဒဏ်ရာလေးပါ။ ရေးလိုက်ပါ။ ခေါင်းမှာ ဖူးယောင်ဒဏ်ရာ တစ်ခုနဲ့ ကျောကုန်းမှာ လက်ပြင်မှာ သွေးထွက်ဒဏ်ရာတစ်ခုဆိုပြီးတော့။ အဲ့ဒါလောက်ပဲ ရေးတာပါ။ အသေးစိတ်တော့ မရေးယူပါဘူး။ ကျနော်လဲ အခန်းထဲပြန်ရောက်ပြီးတော့မှ ဟော်တယ်ပြန်ရောက်ပြီးတော့မှ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့မှ ဒဏ်ရာတွေအကုန်လုံး ကျနော် တွေ့တော့တာပဲ။ မျက်စေ့အောက်မှာ ကွဲနေတာတို့ဘာတို့လဲ အဲ့ဒီမှာ တွေ့တော့တာပါ။ ပြီးတော့ နဖူးမှာလဲ တစ်ချက် အသေးလေး ကွဲသွားသေးတယ်။ အဲ့ဒါကတော့ အဲ့လောက်ကြီးမဟုတ်ဘူး။ သွေးလေး အတန်းလိုက်လေးပေါ့။

☻အစ်ကိုရဲ့ ဒီ ခန္ဓာကိုယ်မှာပေါ့နော် စုစုပေါင်း ဒဏ်ရာ ဘယ်နှစ်ခုလောက် ရသွားလဲ။ အကြီးရော အသေးရောပေါ့။

☺အင်။ အကြီးတွေရော အသေးတွေရောဆိုရင် ကျနော် ဒီ မျက်လုံးအောက်က တစ်ခုရယ်၊ ခေါင်းမှာကကျတော့ အဲ့ဒီမှာ သွေးထွက်သွားတဲ့နေရာ အခုန တူနဲ့ထုလိုက်တဲ့နေရာက တစ်ခုရယ်၊ နောက် ဒီ ဘယ်ဘက် ဂျိုစောင်းနားမှာက ဖုနေတဲ့ဟာတစ်ခု၊ နောက် ဒီ ရင်ဘတ်မှာက ညာဘက် နို့အုံမှာ အဲ့ဒီမှာ ထီးနဲ့ထိုးထားတာက တစ်ချက်၊ နောက် လည်ပင်းအရိုးနားမှာတစ်ချက်၊ ဒီ လည်ပင်းမှာတစ်ချက်၊ နောက် ကျောကုန်းမှာကကျတော့ နှစ်ချက်ပေါ့နော်။ ဒုတ်နဲ့အရိုက်ခံထားရတာ တစ်ချက်ရယ်၊ နောက် အုတ်နီခဲနဲ့ အထုခံထားရတာက တစ်ချက်ရယ်။ အဲဒါတွေက မြင်ရတဲ့ ဒဏ်ရာတွေပေါ့။

☻အော်။ အစ်ကို ဖြစ်တဲ့ဟာတွေအပေါ်မှာ အစ်ကို့ကို ဆေးရုံတွေဘာတွေ ပို့ပေးလား။ ရဲစခန်းကနေ တစ်ဆင့်

☺ပို့ပေးပါတယ်။ ရဲဆေးစာနဲ့ (၇)နာရီ မတ်တင်းလောက်မှာ ဆေးရုံကို သူတို့ခေါ်သွားပါတယ်။ ရဲက ရဲကိုယ်တိုင်ပဲ ဆိုင်ကယ်နဲ့။

☻ဟုတ်ကဲ့။ အော် အဲ့ဒီမှာ ရဲစခန်းမှာ လာပြီး ၀ိုင်းတာ ဘာညာရော ရှိလား။ အစ်ကို့ကို အဲ့လို ခေါ်ထားတဲ့အချိန်မှာ

☺ရဲစခန်းမှာတော့ အဲ့ဒီလိုမျိုး ၀ိုင်းတာ မရှိဘူးနဲ့တူတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကလဲ အဲ့ဒီအချိန်မှာ အထဲရောက်နေပြီ၊ ပြီးတော့ ကျနော်က တောက်လျှောက်မူးနေတာကြောင့် ဘာမှမသိဘူး။ ကျနော် သူမေးတာကိုတောင် မနဲဖြေနေရတယ်အစ်ကို။ နောက်ကျတော့ ကျနော် ရေးတောင်းသောက်တယ်။ ရေးသောက်လိုက်တာနဲ့ တောက်လျှောက်ကို အန်တော့တာပါပဲ။ ကျနော်က နောက်ဆုံး အိမ်သာထဲသွားပြီးတော့ အန်တယ်။ ကျနော် အဲ့ဒီမှာ အရမ်းစိုးရိမ်သွားတာက ခေါင်းကို တော်တော်လေးထိတယ်၊ အန်တယ်ဆိုတော့ ကျနော် အဲ့ဒီမှာ အရမ်းစိုးရိမ်သွားတယ်။ ဆေးရုံရောက်တဲ့အချိန် ကျတော့ ဆရာမကို ပြောပြတယ်။

☻အော်။ ဟုတ်ကဲ့။ ဆေးရုံမှာပေါ့နော်။

☺ဟုတ်။ ဆေးရုံမှာ။ ဆရာမက ဒီအတိုင်းပဲ ကြည့်ရုံပဲကြည့်တာ။ သူက ဘာမှ နောက်ဆုံးဗျာ ဒီဒဏ်ရာတွေကို တစ်ချက်လေးတောင်မှ ဟို။ ဒီမှာ ခေါင်းမှာ ဒဏ်ရာတွေကို တည်းခိုခန်းရောက်တော့မှ ပြန်ကြည့်တာကို ခေါင်းက ဒဏ်ရာတွေမှာ သွေးတွေချည်းပဲဗျ။ ဒါကို တစ်ချက်ကလေးတောင်မှ Cleaning မလုပ်ပေးလိုက်ဘူးဗျာ။

☻ဆရာမဆိုလို့ ဆရာဝန်မလား၊ နတ်စ်မလား။

☺ဆရာဝန်မ၊ ဆရာဝန်မကိုယ်တိုင်ပဲ ကြည့်တာ။

☻သူက ရခိုင်လူမျိုးပဲလား။ ဒီဘက်က ဗမာလူမျိုးပဲလား။

☺ကျနော် အဲ့ဒါတော့ မသိဘူးဗျ။

☻သူ့စကားပြောတဲ့အနေအထားက ၀ဲလားအစ်ကို။

☺သူစကားပြောတဲ့ အနေအထားကတော့ သူ ရခိုင်တွေနဲ့ပြောတာတော့ ၀ဲတယ်။ ဒါပေမဲ့ ကျနော်နဲ့ကတော့ သူ ဗမာလို ကောင်းကောင်းပြောတယ်။

☻အော် ဟုတ်ကဲ့။ အော် အစ်ကို့ကို ဒီလောက် ပြင်းပြင်းထန်ထန် ၀ိုင်းလုပ်ထာတာကို ဓာတ်မှန် ဘာညာလဲ မရိုက်ပေးဘူးပေါ့နော်။ ဆေးရုံက။

☺အဲ့ဒီမှာ ဆေးရုံက သူက ပြောတယ်။ အဲ့ဒီမှာ ဓာတ်မှန်ရိုက်ဖို့ ပြောတယ်။ အဲ့ဒီ ဓာတ်မှန်ရိုက်ဖို့ကိုတဲ့ အခုရိုက်လို့ မရဘူးတဲ့။ အဲ့ဒါတဲ့ မနက်ဖန်ကျမှတဲ့ သွားရိုက်တဲ့။ သူကပြောတယ်။ အဲ့ဒါနဲ့ ကျနော်က မဟုတ်ဘူး။ မနက်ဖန် ကျနော် ပြန်မှာလို့။ အဲ့ဒီတော့ သူက ဆေးစာလေး ရေးပေးလိုက်တယ်။ ဓာတ်မှန်ရိုက်ချင်ရင် အဲ့ဒီဆေးစာကို ပြပြီးတော့ ရိုက်လိုက်တဲ့။ ဘယ်လိုပြောရမလဲ။ အဲ့ဒီမှာ ထိုင်နေတဲ့ ဆရာမကိုယ်တိုင်ကဗျာ လုံးဝ Careless ပဲ။ အဲ့လောက်ကြီး ကျနော့်ကို Care မလုပ်ဘူးပေါ့နော်။

☻ဟုတ်ကဲ့။ ဟုတ်ကဲ့။ အော် နောက်တစ်ခုက ရဲစခန်းမှာ ရဲစစ်ချက်ယူတာတွေ၊ ဆေးရုံမှာ ဆေးကုသမှုခံယူတဲ့အခါမှာတွေမှာ သူတို့တွေ ၀န်ထမ်းလို့ပြောလို့ရတဲ့ပုဂ္ဂိုလ်တွေဟာ အစ်ကို့ကို ဆက်ဆံတဲ့အခါမှာ သာမန်လူတွေလို ဘာသာရေးခွဲခြားဆက်ဆံတာမျိုးတွေ၊ မထီလေးစားစကားမျိုးတွေနဲ့ ခွဲခြားဆက်ဆံတာမျိုးပေါ့ သဘောက ကျနော်တို့ ကလားမို့လို့ဆိုတဲ့ စကားမျိုးတွေ သုံးနှုံးတာမျိုးတွေ အဲ့ဒါမျိုးတွေရော ရှိလားအစ်ကို။

☺အဲ့ဒီ ရဲစခန်းမှာတော့ မရှိပါဘူး။ လုံးဝ မရှိပါဘူး။ နောက် အဲ့ဒီမှာ စရဖတွေရော၊ နောက်ပြီးကျတော့ SB ကရော အကုန်လုံး အဲ့ဒီမှာ လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများနဲ့က ကျနော်နဲ့က ရင်းနှီးနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရောက်တဲ့အချိန်ကတည်းကနေလေ ကျနော်က အစိုးရအဖွဲ့ရုံးကို ခဏခဏ သွားသွားနေတယ်။ ဟိုနေ့က တူရကီ ၀န်ကြီးလမ်းကြောင်းမှာလဲ ကျနော်တို့ကို ဒီ ၀န်ကြီးချုပ်ရုံးကနေ ဖိတ်လို့ ကျနော်တို့ အဲ့ဒီမှာ သွားရသေးတယ်။ နောက် အဲ့ဒီမှာ တောက်လျှောက်ကို ရောက်ကတည်းက ကျနော်က လူတော်တော်များများနဲ့တော့ တရင်းတနှီးတော့ ရှိနေပြီ။ အထူးသဖြင့် ဒီဘက်က ရဲတို့၊ ဘာတို့ ညာတို့ အာဏာပိုင်ဘက်ကနေဆိုရင် တော်တော်များများက ကျနော့်ကို သိသလောက်ကိုရှိနေတာ။

☻အော်။ အစ်ကိုက ဒါဆို ပထမဆုံး စစ်တွေကို ရောက်တာမဟုတ်ဘူးပေါ့။

☺မဟုတ်ဘူး။ ဒါ ပထမဆုံးအကြိမ်ရောက်ဖူးတာ ကျနော်။

လူမှုကယ်ဆယ်ရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ကိုရှိုင်း

 

☻အော်။ ရင်းနှီးနေတယ်ဆိုတာကရော။

☺ရင်းနှီးတယ်ဆိုတာက ရောက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ရီပြ ပြုံးပြ နောက် ဘယ်ကလဲ ဘာညာ စကာပြောကြနဲ့၊ နောက် ကျနော်က ကျနော့်ရဲ့ MRA ကတ်တွေကိုလဲ အကုန်လုံးကိုပေးထားတယ်လေ။ နောက် အထူးသဖြင့် အဲ့ဒီမှာ အာဏာပိုင်အဖွဲ့အစည်းတွေအကုန်လုံးကိုလဲ ကျနော်တို့က တွေ့ထားတကိုး။ ၀န်ကြီးချုပ်တစ်ယောက်တည်းနဲ့သာ ကျနော်တို့ တွေ့လို့မရသေးတာ။ ကျန်တဲ့ ၀န်ကြီးတွေ၊ နောက် ဒီ အကုန်လုံး အားလုံးကို ကျနော်တို့က တွေ့ထားတာကိုး။ တွေ့ထားတဲ့အခါကျတော့ ကျနော်တို့ အဲ့ဒီမှာ ပေးထား ပြုထားတဲ့အခါကျတော့ ကျနော့်ကို သိနေတယ်။ နောက် ကျနော့်ကိုယ်တိုင်ကိုလဲ အဲ့ဒီအားလုံးကလဲ ကျန်တဲ့ လူခွဲတွေအားလုံးကလဲ ကျနော့်ကို သတိထားမိကြတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ာက အဲ့ဒီကို စရောက်တဲ့နေ့ကတည်းက ကျနော့်ရုပ်နဲ့ဆိုတော့ ကျနော့်ကို မှတ်မိနေကြတယ်။ ကျနော်တို့ အဲ့ဒီမှာ RNDP ကလူတွေနဲ့လည်း သွားတယ်။ နောက် ပထမတစ်နေ့ကလည်း အဲ့ဒီ ပစ္စည်းတွေကို ဝေတယ်၊ ပြုတယ်။ အထူးသဖြင့် အစိုးရပိုင်းက ကျနော့်ကို သေသေချာချာ သိသွားတာကတော့ ၀န်ကြီးချုပ်ရုံးမှာ တူရကီဝန်ကြီးလာတဲ့နေ့က ၀န်ကြီးကခေါ်လို့ ကျနော်တို့ အစည်းအဝေးသွားတတ်တယ်လေ။ အဲ့ဒီနေ့က သတင်းသမားတွေရော၊ SB တွေရော ရှိတယ်။ ကျနော်တို့က ကတ်လေးတွေ ပေးလိုက်တယ်လေ။ သူတို့ကနေ လာမေးလို့ အကုန်လုံးကို အဲ့ဒီမှာ ကတ်လေးတွေ ပေးလိုက်ပါတယ်။ ဒါကြောင့် သိသွားကြတာပါ။

☻ဟုတ်ကဲ့။ အစ်ကိုအဲ့ဒီတော့ ဆေးရုံကိုတော့ ရဲကပဲ လိုက်ပို့တယ်ပေါ့နော်။

☺ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရဲတွေက လိုက်ပို့ပေးတာပါ။

☻ဆေးရုံကနေ တည်းခိုခန်းကို လိုက်ပို့တာရော ရဲတွေကပဲ လိုက်ပို့တာလား။

☺ဟုတ်ကဲ့။ ရဲတွေပဲ လိုက်ပို့ပေးပါတယ်။

☻အဲ့ဒီလို လိုက်ပို့တာမှာ ဆိုင်ကယ်နဲ့ပဲလား။ ကားနဲ့လား။

☺ဆိုင်ကယ်နဲ့ပါ။ ဆေးရုံနဲ့ ကျနော့် တည်းခိုခန်းနဲ့က သိပ်မဝေးဘူး။ ကပ်ကပ်လေးပဲ။ ဟိုဘက်နားလေးပဲ။ နီးနီးလေးပဲ။ ကျနော် အဲ့ဒီအချိန်မှာ ကာဖျူး (ညမထွက်ရအမိန့်) အချိန် ၀င်နေပြီ။ ဆေးရုံကနေ လိုက်ပို့တဲ့အချိန်မှာ။

☻အော်။ ဟုတ်ကဲ့။ နောက်တစ်ခုက အစ်ကိုနဲ့အတူပါလာတဲ့ နိုင်ငံခြားသားတွေကရော ဘယ်အချိန်မှာ ဒီသတင်းကို ရသွားလဲ။ ဘယ်အချိန်လောက် အစ်ကို့ဆီ ရောက်လာလဲ။

☺ကျနော် ဆေးရုံကို ရောက်လာတဲ့အချိန်မှာ သူတို့ အဲ့ဒီကို လိုက်လာပေးတယ်။ သူတို့ ဟိုမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ဘယ်လောက်မှမကြာဘူး။ သူတို့ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ရှိုင်းတဲ့ မင်း အဲ့ဒီနားမှာ မြို့ထဲမှာ မင်း ပြဿနာဖြစ်တယ်လို့ကြားတယ်ပေါ့ အဲ့လိုမျိုးပြောတယ်။ ကျနော်က ဟုတ်တယ်။ ငါအခု စခန်းမှာ ရောက်နေတယ်။ ဟုတ်တယ် ကျနော် သူ့ကို အဲ့လောက်ပဲ ပြောလိုက်နိုင်တယ်။ ခေါင်းအရမ်း မူးနေတဲ့အချိန်လေ။ အဲ့ဒါ နောက်ကျတော့ သူတို့ ရောက်လာတယ်။

☻အော်။ သူတို့က ဆေးရုံကြမှ ရောက်လာတာလား။

☺မဟုတ်ဘူး။ မဟုတ်ဘူး။ ရဲစခန်းမှာကတည်းက ရောက်လာတာ။

☻အော်။ သူတို့ ဆေးရုံကိုလဲ လိုက်ပေးတယ်ပေါ့။

☺ဟုတ်တယ်။ ဆေးရုံကိုလဲ သူတို့ ကိုယ်တိုင်လိုက်ကြတယ်။

☻အဲ့တော့ အစ်ကိုတို့ ဒီရန်ကုန်ကိုကျတော့ ဘယ်နေ့က ပြန်ထွက်လာလဲ။

☺ရန်ကုန်ကို ဒီနေ့ (14-9-2012 သောကြာနေ့) မနက်၊ နေ့ခင်းပေါ့နော်။ ဟိုကနေ (၁၁)နာရီခွဲပေါ့ ဟိုကနေ ပြန်ထွက်လာတယ်။

☻အော်။ လေယာဉ်နဲ့ပဲပေါ့။

☺ဟုတ်တယ်။ လေယာဉ်နဲ့ပါပဲ။

☻ပြန်လာတော့ အစ်ကိုတစ်ယောက်တည်းပဲလား။ အစ်ကိုတို့ MRA NGO က ကျန်ခဲ့သေးလား။ တစ်ဖွဲ့လုံးလား။ အစ်ကို့ကို တစ်ယောက်တည်း ပြန်လွှတ်လိုက်တာလား။

☺ကျနော်တို့ တစ်ဖွဲ့လုံး အားလုံး ပြန်လာလိုက်တာ။

☻ဟုတ်ကဲ့။ အစ်ကို့ရဲ့ အခုလက်ရှိရော ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။ သက်သာရဲ့လား။ လတ်လတ်ဆတ်ဆတ် ဒဏ်ရာတွေဆိုတော့

☺ကျနော် လောလောဆယ်မှာတော့ ခေါင်းက မူးနေသေးတယ်။ နောက် တစ်ကိုယ်လုံး ထုထောင်းထားတော့ အရမ်းကိုက်ခဲနေတယ်။ ဒဏ်ရာတွေကတော့ နာနေတာပေါ့။ မနေ့တုန်းကတော့ သွေးပူနေတာကြောင့် သတိမိဘူး။ သိတယ်မလား။ သွေးပူနေတာ နာရကောင်းမှန်းလဲ သိမနေဘူးပေါ့။ ဒီနေ့မနက်ကျတော့လဲ ပြန်ဖို့အတွက် သိမ်းတာ ဆည်းတာတွေလုပ်၊ နောက် ပစ္စည်းတွေကိုလဲ ဘယ်လိုလုပ်ရမလဲ အဲ့ဒီလို သောကဖြစ်နေတာလေ။

☻အော်။ ဟုတ်။ အစ်ကို ဒီလိုဖြစ်လိုက်တော့ ၀ယ်ပြီးသားပစ္စည်းတွေက မဝေဖြစ်လိုက်ဘူးပေါ့။ ဟုတ်လားအစ်ကို။

☺အဲ့ဒီဝယ်ပြီးသားပစ္စည်းတွေက မနေ့က ဖြစ်လိုက်ကတည်းက ဘယ်သူမှကို ဖြန့်ပေးမယ့်သူမရှိဘူး ဖြစ်သွားတယ်။ အဲ့ဒါနဲ့ နောက်ဆုံးကျတော့ ရဲက စခန်းမှူးကိုပဲ အကူအညီတောင်းပြီးတော့ အဲ့ဒီပစ္စည်းတွေကို တစ်နေနေရာကို ပို့ပေးပါ။ စခန်းမှူးကပဲ အိုကေရတယ်။ ကြည့်စီစဉ်ပေးမယ်။ သူတို့က အဲ့ဒီမှာ နာရေးကူညီမှုအသင်းရှိတယ်လေ။ ကျနော်တို့ကလဲ မနေ့က အဲ့မှာ နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီးတော့ ဖြန့်မယ်လို့ လုပ်ထားတာကိုး။ အဲ့ဒါနဲ့ ကျနော့်စိတ်ထင် ရဲစခန်းနဲ့နာရေးကူညီမှုအသင်း ပေါင်းပြီးတော့ ဓည၀တီ အားကစားကွင်းကို ပို့ထားလိုက်မယ်ထင်တယ်။

(အကြမ်းဖက် တိုက်ခိုက်ခံရသူ ကိုရှိုင်းဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိပြီးနောက် ကျနော် အခု ဆက်သွယ်မေးမြန်းနေတဲ့အချိန်မှာပဲ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးကုသမှုခံယူနိုင်ရန် မလေးရှားနိုင်ငံ MRA အဖွဲ့မှ နိုင်ငံခြားသား အဖွဲ့ဝင်များမှ ဆရာဝန်ထံ သွားရောက်ရန် လာရောက် ခေါ်ဆောင်၍ သွားဖို့ ပြင်ဆင်နေချိန်ဖြစ်နေတာနဲ့အတူ ဖြေကြားပေးသူရဲ့ ကျန်းမာရေးအတွက် အားနာတာကြောင့် အလွန် အရေးကြီးသော မေးခွန်းလေးတစ်ချို့ကို အမြန်မေးပြီး အဆုံးသတ်လိုက်ရပါတယ်။)

(နိဂုံးပိုင်းသို့) ဆက်ပါအုံးမယ်။

လေးစားစွာဖြင့် –

ခေဋီဈက်အို

 

ဘုန်းတော်ကြီးကျောင်းတစ်ခု၌ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ဘာသာခြား လုပ်ဖော်ကိုင်ဖက်များနှင့် အခုကဲ့သို့ ရင်းနှီးပျော်ရွှင်စွာ နေထိုင်လေ့ရှိသူ ကိုရှိုင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း၌ ဒေသခံ ရခိုင်လူမျိုးတို့၏ ဆိုင်များတွင် MRA အဖွဲ့မှ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား စကားပြန် ကိုရှိုင်းမှ လိုက်လံ ၀ယ်ယူပေးနေစဉ် (လည်ဆွဲကြိုးပြာလွယ်ထားသူမှာ ဈေးရောင်းနေသူ ဒေသခံ ရခိုင်လူမျိုးတစ်ဦးဖြစ်ပါသည်။)

အင်တာဗျူး ပထမပိုင်း ဖတ်လိုပါက အောက်ပါလင့်ခ်လေးကို နှိပ်ပါ။