Archive | September 17, 2012

ဗိုလ်ချုပ်အောင်ဆန်း ၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်း

ဗိုလ်ချုပ်အောင်ဆန်း ၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်း

(ဗိုလ်ချုပ်အောင်ဆန်း – ၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ညနေ ၆ နာရီ ၃၃ မိနစ် အချိန် တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြော ကြားသော ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ …)

“အဲဒီတော့
ကျုပ်တို့ဟာလူထုရဲ့ခေါင်း ဆောင်လုပ်မယ်ဆိုရင်လူထုရဲ့အကျိုးကိုတကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုး ပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုး  ကိုစွန့်ပစ်ကြရ လိမ့် မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ‘ကြောက်ရင်လွဲ ရဲမင်းဖြစ်’ ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။

ကျွန်တော်တို့တော့ ရှေ့အဖို့ကိုရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ် တော့မယ်။ ကျွန် တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်း ထောက်ပြီး ချီတုံချတုံ ဖြစ်နေမှု ကြောင့် လူထုမနစ်နာစေချင်တော့ဘူး။”
ဗိုလ်ချုပ်အောင်ဆန်း
မိန့်ခွန်းများ
ဒီမှာနိပ်၍ တိုက်ရိုက်နားထောင်နိုင်ပါတယ်

ပြည်သူကိုချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း
တိုင်းပြည်ကိုချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း

တိုင်းပြည်ကိုကာကွယ်တဲ့ သခင်အောင်ဆန်း

ပြည်သူကချစ်တဲ့ ပြည်သူကိုချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံများ

ပြည်သူကချစ်တဲ့ ပြည်သူကိုချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံများ

အမျိုးသားညီညွတ်ရေးကွန်ဂရက်(လျှောက်ထားဆဲ) ပါတီအထက်ဗမာပြည် အမှုဆောင်များတွေ့ဆုံခြင်း …

Posted by danyawadi

M-Media

သတင်း – ဇာဏီ

အမျိုးသားညီညွတ်ရေးကွန်ဂရက်(လျှောက်ထားဆဲ)ပါတီ၏ အထက်ဗမာပြည် အမှုဆောင်(၁၀)ဦး ရဲ့ (၃/၂၀၁၂) တွေ့ဆုံခြင်းကို ဇွန်လ (၂)ရက် တနင်္ဂနွေနေ့က မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ကို ၂၀၁၂-ခု မေလ (၂၈)ရက် တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ရွေးကောက်ပွဲ ကော်မရှင် (နေပြည်တော်) သို့ လျှောက် ထားခဲ့သော်လည်း ယခုအချိန် ထိ ပါတီဖွဲ့စည်းခွင့် ပြန်လည်မရရှိသေးကြောင်းသိရသည်။ ယင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီအမည်ဖြင့် ပါတီဖွဲ့စည်းခွင့်မလျှောက်ထားမီအလျင် ပသီ အမျိုး သားကွန်ဂရက် ပါတီ အမည်ဖြင့် ၂၀၁၂-ခု ဖေဖော်ဝါရီလ တွင် ရွေးကောက် ပွဲကော် မရှင် သို့ လျှောက်ထားလွှာ မှတ်ပုံတင်အမှတ်(၅၆)ဖြင့် လျှောက် ထားခဲ့သည်။

ယင်းသို့လျှောက်ထားဆဲကာလ ၂၀၁၂-ခု ဧပြီလတွင် ရွေးကောက်ပွဲကော်မရှင်မှ ပသီအမျိုးသား ကွန်ဂရက်ပါတီ တည်ထောင်လိုသူများထံသို့လိပ်မူပြီး ပြန်ကြားစာပို့ခဲ့ကြောင်း၊ ၎င်းပြန်ကြား စာတွင်   ယင်း ပါတီ တည်ထောင်လိုသူများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညီညွတ်ခြင်း ရှိ/မရှိ သက်ဆိုင်ရာ ၀န်ကြီး ဌာန များ သို့ ပေးပို့စိစစ်စေခဲ့ရာ ပါတီတည်ထောင်လိုသူများအနက် တစ်ဦးမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ယခင်ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်ပုံစံ(၁)၏အမည်မှာ ကွဲလွဲနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ ပြန်ကြားလာ သဖြင့် ပြန်လည်စိစစ် တင်ပြရန် ဟုပါရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအမည်ကွဲလွဲသူသည် ဤကိစ္စနှင့်ပတ်သက်၍ ပါတီ တည်ထောင်ခွင့်ကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပါတီ တည်ထောင် လိုသူများ၏ အမည်စာရင်း မှ ၎င်း၏အမည်ကိုနှုတ်ထွက်ခွင့်ပြုရန် မေတ္တာရပ်ခံစာနှင့်အတူ လူဝင် မှုကြီးကြပ်ရေးနှင့်  ပြည် သူ့အင်အားဦးစီးဌာနသို့ ၁၉၈၈-ခုနှစ် ဖေဖော်ဝါရီလ ရက်စွဲဖြင့် သူ၏ မှတ်ပုံတင်တွင် အမည်ပြောင်းလျှောက် ထားခြင်း၊ ၁၉၈၈-ခုနှစ် အောက်တိုဘာလ ရက်စွဲဖြင့် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဦးစီးဌာနမှ အမည်ပြောင်းလဲခြင်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စာရွက် စာတမ်းများနှင့်ပူးတွဲ၍  ရွေးကော်ပွဲကော်မရှင်ထံ ၂၀၁၂-ခု ဧပြီလမှာပင် ပါတီ တည်ထောင် ခွင့် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းသို့လျှောက်ထား ထားစဉ် ၂၀၁၂-ခု မေလ(၁၀)ရက်တွင် ‘ပါတီ၏အမည်ကို အသစ်ပြန် လည်ရွေး ချယ်တင်ပြရန် အကြောင်းကြားခြင်း’ဟူသည့် အကြောင်း အရာဖြင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်(နေပြည်တော်)မှ ပသီဦးမောင်မောင် စိုး၊ ကိုယ်စားလှယ် (ပသီအမျိုး သားကွန်ဂရက် ပါတီတည်ထောင်လိုသူများ) ထံသို့ ပြန်ကြားစာပို့ခဲ့ကြောင်း ယင်းပြန်ကြားစာတွင် “နိုင်ငံတော်မှ အသိအမှတ်ပြု ထားသော လူမျိုးစာရင်းတွင် ‘ပသီလူမျိုး’ ပါဝင်ခြင်းမရှိသဖြင့် ပသီအမျိုးသားကွန်ဂရက် ပါတီအမည်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(က)တို့ရ ပြဋ္ဌာန်းချက်နှင့် သွယ် ၀ိုက်ငြိ စွန်းသည့် သဘောသက်ရောက်နေသဖြင့် ပါတီ တည်ထောင်လိုသူများအနေဖြင့် တည်ထောင် လိုသောပါတီ၏အမည်သစ်ကို ပြန်လည်ရွေးချယ်၍ ၃၁.၅.၂၀၁၂ ရက်နေ့ (ကြာသ ပတေးနေ့)အရောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပုံစံ(က)ဖြင့် တရားဝင်ပြန် လည်တင်ပြ လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပါက တင်ပြထား သော ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းအား ပုဒ်မ ၄(ခ)အရ ငြင်းပယ်မည်ဖြစ်ကြောင်း” ပြန်ကြားလာခဲ့သည်။

ထို့ကြောင့် ‘ပသီအမျိုးသားကွန်ဂရက်ပါတီ’ တည်ထောင်လိုသူ အမှုဆောင်များ ညှိနှိုင်းဆုံးဖြတ်ပြီး ၂၀၁၂-ခုနှစ် မေလ(၂၈)ရက်နေ့တွင် ‘အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ’အမည်သစ်ဖြင့် ပါတီတည် ထောင် ခွင့်ကို မှတ်ပုံတင်အမှတ်စဉ်(၆၄)ဖြင့် ကော်မရှင် ရုံးသို့ လျှောက်ထားခဲ့သော် လည်း ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့်ပြန်လည် မရရှိသေးကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပါတီတည်ထောင်လိုသူများထဲမှ တစ်ဦးက “ပထမအကြိမ် ပသီအမျိုးသား ကွန်ဂရက်ပါတီ”တည်ထောင်ခွင့်စလျှောက်ပြီး တည်ထောင်ခွင့် လျှောက်ထား သူများ ထဲမှ တစ်ယောက် နာမည်က နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အမျိုးသားမှတ်ပုံတင်ပုံစံ(၁) နာမည်ကွဲလွဲချက်ကလည်း ဟိုးအရင်ကတည်းက လူဝင်မှုကြီးကြပ်ရေးက တရားဝင် ပြောင်း လဲခွင့်ပြုထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အဲဒီကိစ္စရပ်ကြောင့် ပါတီ တည်ထောင် ခွင့်ကြန့်ကြာနေ မှာစိုးလို့ သူက နှုတ်ထွက်ပြီး ပြန်တင်လိုက်တယ်။ အဲဒါလည်း တည်ထောင်ခွင့်ချ မပေးသေး ပဲ နောက်တော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(က)တွေနဲ့ ငြိစွန်းတယ်ဆိုပြီး အကြောင်းပြန်လာတယ်။ ဒါပေမယ့် အဲဒီ ဥပဒေပုဒ်မက ပါတီအမည်၊ အလံနဲ့ တံဆိပ်တွေက ဘာသာ သာသနာနဲ့ ဆက်သွယ်တာ ဒါမှမဟုတ် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေတဲ့ အမှတ်အသားမဖြစ်စေရဆိုတာပါ။

အဲဒီပုဒ်မနဲ့ ငြိစွန်းတယ်လို့ပြောရအောင် ပထမအကြိမ် ကျွန်တော်တို့စတင်တဲ့ ပါတီတည်ထောင် ခွင့်လျှောက်လွှာနဲ့အတူ အလံတွေ၊ တံဆိပ်တွေကို ပူးတွဲပြီး တင်ပြတာမျိုး မရှိခဲ့သေးပါဘူး။ အဲလို ဘာမှ မတင်သေးတာကို အဲဒီပုဒ်မတွေနဲ့ ငြိစွန်းလို့ ပြန်လည်လျှောက်ထားရမယ်လို့ပြောတယ်။ ပါတီတည်ထောင်ခွင့်မပေးချင်လို့ တမင်သက်သက် လုပ်နေမှန်း ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် ပဲ သူတို့ပြန်ကြား စာအရ နောက်ထပ် အမည်သစ်ပြောင်းပြီး လျှောက်ထား တာလည်း အခုထိ ပါတီတည်ထောင်ခွင်ပြုကြောင်း ပြန်မလာသေးပါဘူး”ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘာသာရေး အစွဲပြုပါတီမဟုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးပါတီပါ။ SB, စသုံးလုံး၊ စအဖ ကလူတွေကလည်း ပါတီတည်ထောင်ခွင့် လျှောက်ထားသူ(၂၁)ဦးလုံးကို အိမ်တိုင် ရာရောက် လာရောက် စုံစမ်းမေးမြန်းသွားတာ ပသီအမျိုးသား ကွန်ဂရက်အမည်နဲ့ တည်ထောင် ခွင့်လျှောက်ထားကတည်းကပါ။ အခုလည်း အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထား တာလည်းကြာ ပါပြီ။ ပါတီနာမည်ပြောင်း လဲ လျှောက်ထား ကို လည်း လူဝင် မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ စိစစ်သုံးသပ်နေခြင်းကြောင့် ကြန့်ကြာနေ တာဖြစ်တယ်လို့ သိရတယ်။ ပါတီတည် ထောင်ခွင့်ပြန်ချ မပေးတာကြောင့် အကြောင်းကိစ္စကို သိချင်လို့ ကျွန်တော်တို့ ခဏခဏ ဖုန်းဆက်မေးပါတယ်။ ဒါပေမယ့် လူကြီးတွေ အစည်းအဝေးသွားနေတယ်ဆိုပြီး အကျိုးအကြောင်းပြန်ကြားချက် မသိခဲ့ရဘူး။ အခုထိလည်း ဘာအကြောင်းပြန်ကြားချက်မှ မသိရဘူး။ ဒါဟာ ကျွန်တော်တို့ကို ပါတီတည်ထောင် ခွင့် မပေးချင်လို့ တမင်လုပ်နေတာပါ။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးထံ အကျိုး အကြောင်း တင်ပြပြီး အကူအညီတောင်းခံပါမယ်၊ နောက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မရှင်အဖွဲ့ထံလည်း အကျိုးအကြောင်းနဲ့ဖြစ်ရပ်မှန်တွေကို တင်ပြပြီး ပါတီလျှောက် ထားမှုကို ကူညီဆောင်ရွက်ပေးဖို့ တင်ပြအကူအညီတောင်းခံမယ်လို့ အမှုဆောင်တွေရဲ့ ဒီနေ့တွေ့ ဆုံခြင်းမှာ ဆုံးဖြတ်ချက်ချပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟူ၍ ပါတီတည်ထောင် လိုသူများ ကိုယ်စား ပသီဦးမောင်မောင်စိုးမှ M-Media သို့ ပြောကြားခဲ့ပါသည်။

ဆက်စပ်သည့် ပိုစ်များ

 

 

 

သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

Posted by danyawadi

ရဲရင့်သစ္စာ

စကားပလ္လင်

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” လို့ အမည်ရတဲ့ စာအုပ် တစ်အုပ် ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါ တယ်။ ဆရာတော် ရဲ့ဘွဲ့ အမည် ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော် ကတော့ အဲဒီစာအုပ်ကိုသမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေး တာ မအအောင် လို့ပါ” လို့ရေး ထားပြီး သမိုင်းစာ အုပ်ကြီး ဖြစ်ကြောင်းဖော် ကျူးထားပါတယ်။

အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်း သာမက၊    အံ့ဩခြင်းကြီး စွာလည်းဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ ဝန်ခံရ   ရင်ဖြင့်……. စာရေး သူ ဆရာတော်ဟာ သမိုင်းပညာ ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာ ရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက် သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲ အမှားတွေရေးတာဟာ မထူးဆန်းလှ ပေမဲ့၊ ဆရာတော် ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေ ဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထား ပါတယ်။)  ဖြစ်နေလို့ပါဘဲ။ အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ်အမှာစာ စာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်းဖြတ်ပေးခဲ့တဲ့ ဆရာကြီးများ ရဲ့ အမည်တွေ ကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ထားပါတယ်။

ကျွန်တော့် အနေနဲ့ အဲဒီ အမှာစာပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူ ဖော်ပြပေးချင်ပါတယ်။

၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်

၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘွဲဂျွန်

၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်

၎။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊

၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင် ချိန် အဲ ဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့ အစည်းတွေ ကလေး စားအပ်တဲ့ပညာရှင်ကြီးများ ကိုယ်တိုင်စာမူကို ဖတ်ရှုတည်း ဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်း အရာ အတော်များများဟာ အလွဲ ကြီးလွဲနေကြောင်းသိလိုက် ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်း မိပါတော့တယ်။

ကျွန်တော်ဟာ သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး၊သို့သော် သမိုင်း ပညာရပ်နဲ့ပညာ ရှင်တွေ ကို ချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်း ပညာရပ် ကို သီးသန့်အချိန်ပေး အလွတ်တမ်း လေ့လာ လိုက် စားဖြစ်ပါတယ်။

ကျွန်တော်လေးစားရတဲ့မြန်မာနိုင်ငံကသမိုင်းပညာရှင်ကြီးတွေထဲကပညာရှင်ကြီးအချို့ရဲ့အမည်တွေ ကို ရွတ်ပြရရင်ဖြင့်…..

၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း

၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်

၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်

၎။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း

၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်

စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါ တယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင် ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်းတင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့သမိုင်းကိုသစ္စာဖောက်တဲ့၊ မတည်ကြည် မဖြောင့်မတ်တဲ့ လူ သားတစ်ယောက် အဖြစ်ကိုရောက်ရှိသွားမှာ ဘဲလို့ခံယူ ထားပါတယ်။

အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြောက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာ အယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင် ရာလိုက်ပြီး အလွဲအမှား ရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကို သိသိကြီး နဲ့ အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက် တွေအပေါ် ကြီးမားစွာလွန် ကျူးခြင်း ဘဲဖြစ် မယ်ဆိုတာ ဖြောင့်မတ် တဲ့ လူသားတိုင်း သဘောတူမယ်လို့ ယုံကြည်မိပါတယ်။

တာလီဘန် နှင့် ဗာမီယန်

လေးစားအပ်တဲ့စာရှုသူတို့ခင်ဗျား- အခုအချိန်ကစလို့ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ရေးသားပြီး ခေတ်ပညာတတ်ဆရာကြီးများကိုယ် တိုင်ဖတ်ရှုတည်းဖြတ် ပေးထားတဲ့ “ဗုဒ္ဓဘာသာမြစ် ဖျား နှင့်သမိုင်းရှုထောင့်”စာအုပ်ပါ သမိုင်းအလွဲအမှားတွေကို ကျွန်တော်အခိုင် အမာ သိသလောက် ပြင်ဆင်ပေးမှာဖြစ် သလို စာဖတ် သူတွေအထင်အမြင် လွဲမှားစေမယ့်အရေး အသားတွေ ၊ ကောက် ယူဆင်ခြင် မှု တွေ ကိုလည်း အကိုး အကားအထောက် အထားအတိ အကျတွေနဲ့ ထောက်ပြပြင်ဆင် ပေးသွားမှာဖြစ်ပါ တယ်။ စာရှုသူများကို ပထမဆုံးသိစေချင်တဲ့ သမိုင်းအမှန် တစ်ကြောင်း ကတော့…

အာဖဂန်နစ္စတန်က တာလီဘန်တွေ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော် တွေကို ဖျက် ဆီးမယ်လုပ်တုန်း က OIC (Organization of Islamic Conference) လို့ ခေါ်တဲ့၊ မွတ်စ်လင်မ် member နိုင်ငံပေါင်း ၅၄ နိုင်ငံ နဲ့ဖွဲ့စည်း ထား တဲ့ အဖွဲ့အစည်းကြီးက အစည်းအဝေးခေါ်ပြီး statement ထုတ်ကန့် ကွက်ခဲ့ပါတယ်။ Islamic နိုင်ငံလို့ ကြေညာထားတဲ့ဆော်ဒီအာရေဗျနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့က ရုပ်ပွါးတော် တွေကို မဖျက်ဆီးဖို့ တားမြစ်ကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်သမ္မတပရ်ဝေးဇ်မုရှရ်ရဖ် (ပါဗဇ်မုရှာရတ်) က သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ Lieutenant General မုအီနွတ်ဒီးန် ဟိုင်ဒရ် ကို ကဘူလ်မြို့ အထိ စေလွှတ်ပြီး၊ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော်တွေ ကိုမဖျက် ဆီးစေဖို့ တာလီဘန်တွေနဲ့ ညှိနှိုင်းစေခဲ့ပါတယ်။ (ကိုးကား-ထိုစဉ်ကရုပ်သံသတင်း/ သတင်းစာ/ ဂျာနယ် များ) အစ္စလာမ်သာသနာ ရဲ့အဆုံးအမကို မှန်ကန်စွာသိနားလည် ကျင့်သုံးတဲ့ဘယ် အစ္စလာမ် ဘာသာဝင်ကမှ အဲဒီလုပ်ရပ်ကို မထောက်ခံပါဘူး။ ပြင်းပြင်းထန်ထန်ကိုရှုံ့ချ ပါတယ်။ အာဖဂန်မှာ ကိုးကွယ်သူ မဲ့စံပယ် နေတဲ့ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်ဆီးတဲ့လုပ် ရပ်ကိုအပြင်းအထန်ရှုံ့ချသလို၊ ဝတ်ပြုသူ တွေနဲ့ပြည့်နှက်နေတဲ့ ဗလီဝတ်ကျောင်းတွေကို ဝင်ရောက်လုယက် အကြမ်းဖက်ဖျက် ဆီးတဲ့ လုပ်ရပ်ဟာလည်း ပြင်းပြင်း ထန်ထန် ရှုံ့ချစရာပါဘဲ။

အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်

ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာမျက်နှာ (၄၂၊၄၃) မှာ ရေးသား ထားတာက- “အိန္ဒိယနိုင် ငံမြောက်ပိုင်းဒေသ၌ ယင်းသို့မတည်မငြိမ်ဖြစ်နေချိန်၌ ထိုဒေသ မြောက်ဖက် နယ်နိမိတ် အနီးတွင် အာရပ်မွတ် ဆလင်စစ်တပ်ကြီးဆိုက်ရောက်နေပေ သည်။ ထိုအာရပ် လူမျိုး တို့ သည် နယ်မြေ ချဲ့ထွင်ရုံတစ်ခုတည်းမဟုတ်ပေ။ ကမ္ဘာ ကြီး တစ်ခုလုံးကို အစ္စလမ် ဘာသာ ထီးရိပ်အောက် သွတ်သွင်းရေး ဟူသော ရည် ရွယ်ချက်ဖြင့်အင် အားသုံး၍ စစ်ပွဲ ဆင်နွဲနေသူများ ဖြစ်သည်။”

အထက်ပါအတိုင်းရေးသားထားတဲ့အတွက်….

အာရပ်မွတ်စ်လင်မ်တွေဟာ အိန္ဒိယကို စတင်ခြေချရောက်ရှိတာဟာ စစ်ပြု နယ်ချဲ့လိုခြင်း ရည် ရွယ်ချက်ကြောင့်ဖြစ်ပြီး၊အာရပ်မွတ်စ်လင်မ်တွေဟာနယ်ချဲ့ ဝါဒ ကိုကိုင်စွဲသူတွေ သာဖြစ်ကြောင်း၊ အင်အား သုံးစစ်ပွဲ ဆင်နွှဲပြီး လူတွေကို အစ္စလာမ် ဘာသာဝင် ဖြစ်စေဖို့ အစ္စလာမ် ဘာသာ က သင်ကြားထားကြောင်းတည့်တည့်ကြီးဆိုလိုထားသလိုပါဘဲ။အဲဒီစာပိုဒ်မှာ အလွဲကြီး တွေပါရှိ ပါ တယ်။ တစ်ချက်ခြင်းစီ ပြင်ပေးပါ့မယ်။

(က)    အာရပ်မွတ်စ်လင်မ်တွေ အိန္ဒိယကိုစတင်ခြေချရောက်ရှိခဲ့တာဟာ စစ်တိုက်ဖို့အတွက် မဟုတ် ပါဘူး။ အာရေဗျပင်လယ်ကတစ်ဆင့်အာရပ်ကုန်သည် တွေဟာ ရေကြောင်း ကုန်သွယ်မှုကို အခြေခံပြီး အိန္ဒိယ အနောက်တောင် ကမ်းရိုး တန်းမှာ ခရစ် (၇) ရာစုအဆုံးပိုင်း ကတည်း ကရောက်ရှိအခြေချ နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှအိန္ဒိယ ကိုတိုက်ခိုက်ဖို့စရောက် လာတာ လုံးဝ မဟုတ်ပါဘူး။ အာရပ် မွတ်စ်လင်မ် တွေနဲ့အိန္ဒိယဒေသ ခံဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တွေဟာ ကမ်းရိုး တန်းဒေသတစ်လျှောက် မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင် ခဲ့ပါတယ်။ စီလွန် (သီရိလင်္ကာ) မှာလည်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာ အခြေချ   နေထိုင် ခဲ့ ပါတယ်။ အဲဒီလိုအတူယှဉ်တွဲနေထိုင်ရင်း အာရပ်မွတ်စ် လင်မ် ကုန်သည် တွေဟာ အစ္စလာမ်ဘာသာကို ဟောပြောပို့ချခဲ့ကြပါတယ်။

မိမိသဘောဆန္ဒ အလျောက် အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်တဲ့ ဒေသခံတွေအများကြီး ရှိ လာပါတယ်။ ဒီအကြောင်းကို Tara Chand က သူ့ရဲ့ Influence of Islam on Indian Culture စာမျက်နှာ (၃၂) မှာ H G Rawlinson, Francis Day, Sturrock တို့ရဲ့ စာအုပ်တွေ ကိုကိုးကားပြီး အခိုင်အမာကိုရေးသားထားပါတယ်။ မလဘာရ်(Malabar) ခရိုင်ရဲ့ collector တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့တဲ့ စကော့လူမျိုးအရာရှိကြီး William Logan (၁၈၄၁-၁၉၁၄) ရဲ့ Malabar Manual အရဆိုရင် အိန္ဒိယတောင်ပိုင်းချေရာ မင်းဆက် (Chera Dynasty) ရဲ့ ဘုရင် တစ်ပါးဟာ အစ္စလာမ် ဘာသာကိုလက်ခံခဲ့ပြီးနောက် သူ့ရဲ့အထောက်အပံ့နဲ့ မလ ဘာရ်ခရိုင် “ကိုဒွန်ဂုလုရ်” မှာ အေဒီ ၆၂၉က ဗလီဝတ်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ ဗလီ ကို “ချေရာမန်ဂျုမာ” ဗလီလို့ ခေါ်ပါတယ်။ ယနေ့တိုင်တည်ရှိပါတယ်။ မလဘာရ် ဒေသခံ မွတ်စ်လင်မ် တွေကို မလဘာရီ မွတ်စ်လင်မ် လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ သူတို့ဟာ “ကာကာ” အဖြစ် လူသိများပါတယ်။ သူတို့ဟာ အိန္ဒိယတိုက်ငယ်ရဲ့ ပထမဦးဆုံး အစ္စလာမ် ဘာသာ ဝင် လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားပါတယ်။

(ခ)     သမိုင်းအမှားကြီးနောက်တစ်ခုကတော့ ဆင်းဒ်ပြည်နယ်(ယခုပါ ကစ္စတန်၏ပြည်နယ်) ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ အာရပ်မွတ်စ်လင်မ် စစ်တပ် အိန္ဒိယကို စတင်ရောက်ရှိခြေချ ခဲ့တဲ့ခုနှစ် ပါ။ အေဒီ (၇၂၀) လုံးဝမဟုတ်ပါဘူး။ အေဒီ (၇၁၁-၇၁၂) ပါ။  အဲဒီစစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ ကို တိုက်ခိုက်နယ်ချဲ့ဖို့မဟုတ်ပါ။ တောင်ပိုင်းဆင်းဒ်ကို အုပ်ချုပ်တဲ့ Rajput ရာဇပုတ္တ စော်ဘွား ရာဂျာဒဟီးရ် ထောက်ပံ့ထားတဲ့ ပင်လယ်ဓားပြတွေ က အာရပ်မွတ်စ် လင်မ်တွေ ရဲ့ ကုန်သင်္ဘော ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရတဲ့အခါ အဲဒီ ပယ်လယ် ဓားပြ တွေကို အရေးယူပေးဖို့ အာရပ်တွေဟာ ရာဂျာဒဟီးရ် ထံ သံအဆက်အသွယ် နဲ့ ငြိမ်းချမ်းစွာကမ်းလှမ်းခဲ့ပါသေးတယ်။ အဲဒီပင်လယ် ဓားပြတွေဟာ သူ့အုပ်ချုပ် မှု အောက် မှာမရှိတဲ့ အတွက်သူအရေးမယူနိုင်ပါလို့ ရာဂျာဒဟီးရ် က ပြန်ကြားခဲ့တဲ့ အတွက် အာရပ်တွေက ရာဂျာဒဟီးရ် ကို ပြန်လည်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။ ဒါဟာ ဘာသာရေးနယ်ချဲ့တာ မဟုတ် သလို အာရပ်အမျိုးသားရေးစစ်ပွဲ လည်း မဟုတ်ပါဘူး။ နိုင်ငံရေး သက်သက် ကို အခြေခံတဲ့ စစ်သာဖြစ်ပါတယ်။ ဒီသမိုင်း ကြောင်း ဟာ အိန္ဒိယသမိုင်း စာအုပ်တိုင်းလိုလိုမှာ ပါရှိပါတယ်။ နမူနာ အနေနဲ့ C.F De La Fosse ရဲ့ History of India စာမျက်နှာ (၈၆)ကိုရှုပါ။ အာရပ်မွတ်စ် လင်မ် ဗိုလ်ချုပ် မုဟမ္မဒ်ဘင်န်ကာစင်မ် ရဲ့စစ်တပ် ဆင်းဒ်ပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက် ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၇၂၀ မဟုတ်ဘဲ၊ အေဒီ (၇၁၁-၇၁၂)သာ ဖြစ်ကြောင်း ကမ္ဘာ့သမိုင်းစာအုပ်တိုင်း မှာ ဖော်ပြ ပါရှိပါတယ်။ သာဓကအနေနဲ့ ဗြိတိသျှစွယ်စုံကျမ်း (Encyclopaedia Britannica) မှာ လေ့လာကြည့်လိုက်ပါ။

အာရပ်မွတ်စ်လင်မ်စစ်တပ်ဟာ အေဒီ (၇၁၂) မှာ ဆင်းဒ် ပြည်နယ်ကို တိုက်ခိုက်သိမ်း ပိုက်ပြီး နောက် အခြားပြည်နယ်၊ ဒေသတွေကို ဆက်လက်တိုက် ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့် ခဲ့ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပဏ္ဍိတ် ဂျဝါ ဟရ်လားလ်နေရူး ကိုယ်တိုင်က The Discovery of India စာမျက်နှာ (၂၂၇) မှာ အတိအလင်းရေးသားထားပါတယ်။ဒါ့အပြင် မွတ်စ် လင်မ်တွေ သိမ်းပိုက်ခဲ့တဲ့ဆင်းဒ် ပြည်နယ်နဲ့အိန္ဒိယ ရဲ့ အခြားနယ်ပယ်တွေ အကြား သံတမန် ဆက်ဆံမှုတွေ အပြင်၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံ မှုတွေ ငြိမ်းချမ်းစွာ ရှိခဲ့တယ် လို့ အဲဒီစာအုပ်စာမျက်နှာ (၂၂၉) မှာရေးထားပါတယ်။

ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် (အစ္စလာမ် က နယ်ချဲ့ဝါဒ လား?-တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)

အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းရေးသားထားတဲ့

ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူရင်းစာအုပ်လင်ခ့်

အမေရိကန်အနေဖြင့် အစ္စလာမ်သာသနာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း အိုဘားမားဆို

Posted by danyawadi

စက်တင်ဘာ ၈ ရက် ၂၀၁၂

M-Media

မှီငြမ်း- ၀ါရှင်တန် တိုင်းမ်စ် www.washingtontimes.com/news/2012/sep/8/obama-america-not-war-islam/

အမေရိကန် သမ္မတ အိုဘာမားက ၉/၁၁ နှစ်ပတ်လည်နေ့ အတွက် အပတ်စဉ်ရေဒီယိုနှင့် အင်တာ နက် တို့မှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း၌ သမ္မတအိုဘားမားက အမေရိကန် အနေဖြင့် အစ္စလာမ် ဘာ သာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း ထည့် သွင်းပြောကြား သွားခဲ့သည်။

သမ္မတအိုဘာမားက “ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတော့ ခက်ခဲတဲ့နှစ်တွေပါပဲ၊ ဒါပေမယ့် ကျနော်တို့က တိုင်းပြည် တစ်ပြည်အနေနဲ့ ပိုပြီးတော့အင်အားကောင်းစွာ ပြန်လာနိုင်ခဲ့ပါတယ်။” ဟု ပြောကြား ခဲ့သည်။

“ကျနော်အမြဲပြောလေ့ရှိတဲ့အတိုင်းပါပဲ၊ အမေရိကန်နိုင်ငံက အလ်ကိုင်ဒါနဲ့ သူ့ရဲ့အပေါင်း အပါတွေနဲ့ သာ စစ်ဆင်နွှဲနေတာဖြစ်တယ်၊ ကျနော်တို့အနေနဲ့ အစ္စလာမ် ဒါမှမဟုတ် ဘယ်ဘာသာ သာသနာနဲ့မှ စစ်ဆင်နွှဲ သွားမှာ မဟုတ်ဘူး” စသဖြင့် သမ္မတအိုဘားမားက ပြောကြားခဲ့သည်။

၎င်းပြင် သမ္မတအိုဘာမားက အမေရိကန်အနေဖြင့် အီရတ်စစ်ပွဲကို အဆုံးသတ်ပြီး အီရတ်မှတပ် များကိုလည်း ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၄ တွင်လည်း အာဖဂန်၌ အသွင်ကူးပြောင်းရေး လုပ်ငန်းများ ဆောင် ရွက်ပြီးမည်ဖြစ်သဖြင့် အာဖဂန်စစ်ပွဲကိုလည်း အဆုံးသတ်နိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင်မူ အိုဘာမားအစိုးရအဖွဲ့၏ စီးပွားရေးအခြေအနေအပေါ် ကိုင်တွယ်နေမှုများနှင့် ပတ်သတ်ပြီး ဝေဖန်မှုများရှိနေသော်လည်း လွန်ခဲ့သည့်လက အလုပ်လက်မဲ့နှုန်း ၈.၃ ရှိနေရာမှ ယခုလတွင်မူ ၈.၁ အထိ ကျဆင်းလာခဲ့သည်။ လူပေါင်း ၉၆၀၀၀ ကို အလုပ်ပေးနိုင်ခဲ့ပြီး အလုပ်ရှာနေ သူပေါင်း ၃သိန်း ၆သောင်း ၈ ထောင်မှာ အလုပ်သမားဈေးကွက်မှ ထွက်သွားပြီးဖြစ်ကြောင်း   သောကြာနေ့က အလုပ်သမားဌာနမှ သတင်းပေးပို့ထားသည်။

 

မနက်ဖြန်တွင်ကျရောက်မည့် စက်တင်ဘာ ၁၁ အထိမ်းအမှတ်မှာ ယခုနှစ်ဆိုလျှင် ၁၁ ကြိမ်မြောက်နှစ်     ပတ်လည်ဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ်ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် လူပေါင်း ၃ ထောင်ခန့် သေဆုံးခဲ့ ရသည်။ ယင်းအဖြစ်အပျက်ကို အစ္စလာမ်သာသနာအား ခုတုံးလုပ် ကာ အမုန်းတီးခံပြစ်မှတ်ဖြစ်လာစေဖို့ လုပ်ကြံဖန်တီးခဲ့ကြခြင်းလည်း ဖြစ်နိုင်ကြောင်း အချို့သော ဝေ ဖန်ရေးသမားများက ဆိုနေကြသည်။

 

 

 

မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်

Posted by danyawadi

 

M-Media

မောင်လူငယ်

5th August 88
ရန်ကုန်
ဗိုလ်မှူးကြီး သန်းညွန့်

ပထမဆုံး ကိုယ်ရှင်းပြလိုတာက ဒီလှုပ်ရှားမှုကြီးမှာ (ဒီမိုကရေစီလှုပ်ရှားမှု) ကိုယ်ပါဝင်လာရတဲ့ အကြောင်း ရင်း ကတော့

(၁) ကျောင်းသားလူငယ်များ ပြည်သူအများ သွေးမြေကျ သေဆုံးရခြင်းကို မကြည့်ရက် မရှုရက်တော့ လို့

(၂) ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့ တပ်မတော်ကို တိုင်းပြည်က လူသတ်သမား မုဒိမ်းဒမြ အဖြစ် မြင်လာပြီး အစဉ်အလာကောင်းတဲ့ တပ်မတော်ရဲ့ ဂုဏ်အသရေကို မညှိုးနွမ်းစေလိုတဲ့ စေတနာဘဲဖြစ်တယ်။ ကိုယ်မှာ ဒီစေတနာ ဘဲရှိပါတယ်။ သေဒဏ်လည်း ရှိမှာဘဲ။ အဲဒီတော့ ကိုယ်ဘာလုပ်သလဲ ဆိုတော့  ကျောင်းသားတွေ ရှေ့မှာ စာပေအနုပညာရှင်တို့ရဲ့ မျက်နှာကိုပြစေမဲ့ ခလေးတွေ နောက် ထပ် မသေကြရအောင် တပ်လဲ မျက်နှာ မပျက်အောင် ကိုယ် ၀င်ရပ်ခဲ့ပါတယ်။

ကိုယ်ဟာ ကလေးတွေရဲ့ ကြားမှာ ကျောင်းသားနဲ့ အစိုးရ စေ့စပ်ဖြန်ဖြေရေးလို စွမ်းဆောင်နိုင်တဲ့ ဂုဏ်အင်္ဂါ မျက်နှာ မရှိပါဘူး။ စွမ်းဆောင်နိုင်တဲ့သူတွေလည်း ထောင်ထဲရောက်နေတော့ ကိုယ် အောင် ဆန်း စုကြည် နဲ့ အကြိတ်အနယ်ဆွေးနွေးပြီး ခလေးတွေနဲ့ အစိုးရကြားမှာ (Mediator) ဖြန်ဖြေသူ အနေနဲ့ ၀င် ရပ်တည်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ သူမှာလည်း ဘာနိုင်ငံရေး ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ်က အတင်း တိုက်တွန်း ဇွတ်ဆွဲဆောင်လို့ သဘောတူလက်ခံခဲ့တာပါ။ ကျောင်းသားထုတွေ သိပ်မျှော် လင့်တောင့်တနေတဲ့ ဖြန်ဖြေသူအဖြစ် သူမကို ကိုယ်ရှာဖွေတင်ပေးခဲ့ခြင်းပါ။

ဒီနေ့ ကိုယ်ဘာဖြစ်နေသလဲ။ သူငယ်ချင်း တပ်က အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်ပြီး လုပ်ကြံ့သတ်ဖြတ်ဖို့ အဲဒီမှာ ကိုယ်ကိုလည်း (Target) အဖြစ်သတ်မှတ်ပြီး (Death Squal) တွေနဲ့ စီစဉ် နေကြပါတယ်။ ကိုယ်မသေချင်သေးပေးမဲ့ မှန်ကန်တဲ့လုပ်ရပ်အတွက် သေရမှာ မကြောက်ပါဘူး။

ခု တပ်တွင်းမှာ အာဏာကို ဆုပ်ကိုင်ထားလိုတဲ့ အာဏာရူးတစုက လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းဖို့ စီစဉ်နေကြပါတယ်။ တိုင်းပြည်မှာ သွေးချောင်းစီးတော့မှာကို သိပ်ကြောက်ပါတယ်။ သူတို့ အချင်းချင်း လည်း စိတ်ဝမ်းကွဲနေကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုသာ ကြည်သူနဲ့ ကိုယ်ကျိုးနဲ့ ကိုယ်ကျိုးရဲ့ ကွင်းဆက်ဖြစ်တဲ့ပါတီရဲ့ အကျိုးကိုသာ ကြည်သူလို့ ၂စုကွဲနေတယ်။

အဲဒီတော့ ကိုယ်အနူးအညွတ် တောင်းပန်လိုတာကတော့ ပေါက်ကွဲပေါ်ထွက်လုဆဲဆဲဖြစ်တဲ့ ကြောက်စရာကောင်းတဲ့ အာဏာလုပွဲမှာ ကိုယ်ချစ်တဲ့ မောင်ရင်တို့ ရေတပ်က အနည်းဆုံးအားဖြင့် (Policy of non – cooperation) ပူးပေါင်းမပါဝင်ရေးဆိုတဲ့ ရပ်တည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပေးကြပါ။ ကိုယ်တောင်း ဆိုနေတာက open revolt သော်လည်းကောင်း muliny သော်လည်းကောင်း မဟုတ်ပါ။ တိုင်းပြည် ကို ညှာကြ ဘို့ အလေးအနက် တောင်းပန်ခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့်သဘောထားဟာ ပြည်သူ့လူထုကြီးရဲ့ သဘောထား၊ အောင်ဆန်းစုကြည်ရဲ့ သဘော ထား ပါ။ အောင်ဆန်းစုကြည် နိုင်ငံရေးအာဏာကို ယူဖို့ မရည်ရွယ်ဘူးဆိုတာ ကိုယ် ရဲရဲကြီး အာမခံပါ တယ်။ လောလော ဆယ် ကျောင်းသားတွေလည်း အကြမ်းမဖက်ကြဖို့၊ အစိုးရကလည်း တပ်အား ကိုးနဲ့ နောက် ထပ်လူမသတ်ကြဖို့ ဦးတည်ဆောင်ရွက်နေခြင်းပါ။ ဒီမိုကရေစီရေးတို့ ဘာတို့က နောက် မှထား၊ တိုင်းပြည်သွေးချောင်းစီးမှာကို မောင်ရင်တို့လည်းမြင်ရက် ကြမှာ မဟုတ်ဘူးလို့ ကိုယ် ယုံကြည်ပါ တယ်။ ဗိုလ်မှူးကြီး ၀င်းရှိန်တို့ကိုလည်း ကိုယ်သဘောထား ကို ဆွေးနွေးကြည့် ပါ။ မောင် ရင်တို့ရဲ့ လုံခြုံရေးကို ထိခိုက်တယ် ဆိုရင်တော့ ကိုယ်ထပ်မတိုက်တွန်း ချင်ပါဘူး။ ရေ တပ်ဌာန ချုပ်မှူး၊ စစ်ဦးစီမှူးတို့ဟာ အများကြီး အကူအညီပြုနိုင်တဲ့သူတွေပါ။ ကိုယ်အနူးအညွတ် ထပ်လောင်းမေ တာ ရပ်ခံပါတယ်။ သူငယ်ချင်း ဒီစာကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ နိုင်ဦးက တဆင့်သော် လည်းကောင်း သန်းကျော်ဌေးက တဆင့်သော်လည်းကောင်း ရေတပ်ရဲ့ သဘော ထားလေး၊ မောင် ရင်ရဲ့သဘောထားလေး သိပါရစေ။ ကိုယ်လျှို့ဝှက်ထားပါမယ်။ သိပ်အရေးကြီးနေ တယ် သူငယ်ချင်း

ကျန်းမာရွှင်လန်းပါစေ

မောင်သော်က (ခ) ဗိုလ်မှူးဟောင်း ဘသော်

(ဒီစာမှာ ကျနော်အဘိုးဟာ တိုင်းပြည်အတွက် အများအကျိုးအတွက် ရေးသားပေးခဲ့တာပါ။ တပ်မှာ အာဏာသိမ်းမှာရယ် ကျောင်းသားများနဲ့ ပြည်သူကို သတ်ဖြတ်မှာကို ကြိုသိပြီး မြင်ခဲ့တယ်။ ဒါကို န၀တ အစိုးရ က တပ်မတော်ကိုဖြိုခွဲတယ်ဆိုပြီး ၁၉၅၀ အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅ နဲ့ ထောင် အနှစ် ၂၀ ကျခံခဲ့ရတယ်။) မောင်လူငယ်

 မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော်အကြောင်း ပိုစ်များဖတ်ရန်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

 

 

မြန်မာမွတ်စလင်များအား နိုင်ငံတော်သမ္မတ ဦးဘဦးပေးပို့ခဲ့ဖူးသော သ၀ဏ်လွှာ

Posted by danyawadi

မိတ္ထီလာမြို့၌ကျင်းပသည့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီ၏ 

ပဌမအကြိမ်မြောက်ပြည်လုံးကျွတ်ညီလာခံအတွက်ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ

ကြီးအဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာ။

သမ္မတကြီးဦးဘဦး၏ မူရင်းသဝဏ်လွှာ

၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်နေ့မှ ၃၀-ရက်နေ့အထိ၊ မိတ္ထီလာမြို့၌ကျင်းပ သည့် ပြည်ထောင် စုမြန် မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံသို့ မင်္ဂလာဖြာဖြာနှင့်ပြည့်စုံသော ဤသ၀ဏ်လွှာကို ကျွန်ုပ် ရွှင်လန်းဝမ်းမြောက် စွာဖြင့် ပေးပို့ ပါ သည်။

ပြည်ထောင်စုအတွင်း ပေါက်ဖွား၍ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာ သာ ၀င် အပေါင်းတို့သည် အမှန်စင်စစ် တိုင်းရင်းသားများ ဖြစ်ပေသည်။ တိုင်းရင်းသား အစစ်အမှန်ဖြစ်ကြ သည့် အလျှောက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ သာသနာရေးတွင် တရားသဖြင့် လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရး၊ တရားသဖြင့် လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သောအခွင့်အရေး၊ နိုင်ငံတော်က အစ္စလာမ်ဘာသာ သာသနာတော် ကို နိုင်ငံတော် တွင်ရှိနေသော ကိုးကွယ်ရာဘာသာတစ်ရပ်ဟု အသိအမှတ်ပြုသော အခွင့်အရေး၊ ဘာသာရေး နှင့် ပတ် သက် ၍ တရားသဖြင့် စည်းရုံးနိုင်သော အခွင့်အရေးများကို အခြားဘာသာဝင် တိုင်းရင်း သားများကဲ့သို့ အညီအမျှ ရကြလေသည်။

ထိုအခွင့်အရေးများကို အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တို့ဖြင့် ရရှိကြ သည် မဟုတ်။ တိုင်းရင်းသားအဖြစ်ဖြင့်သာ ရရှိခြင်းကြောင့် အစ္စလာမ်ဘာသာဝင်အပေါင်း သည် မိမိတို့ ကိုယ် ကို မိမိတို့ တိုင်းရင်းသားဟူ၍ ပဌမဦးစွာ စွဲမှတ် သဘောပိုက်ကြပြီးလျှင် တိုင်းရင်းသား တို့၌ ရှိအပ်သော တိုင်းရင်းသားစိတ်ဓာတ်ကို တဖွါးဖွါးပေါ်ပေါက်အောင် မွေးမြူကြ ရပေမည်။

ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အမျိုးမျိုးသော ဘာသာဝင်အပေါင်းတို့သည် ဘာသာ ၀င် အနေဖြင့် တစ်တိုင်းပြည်လုံး၏ စည်းလုံးညီညွတ်မှုကို မရရှိနိုင်ပေ။ တိုင်းရင်းသား အနေဖြင့်သာ စည်းလုံး ညီညွတ် မှုကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ တိုးတက်ကြီးပွါး စည်ပင်သာ ယာရေးကို ဆောင်ရွက်ရာ၌၊ မည်သည့်ဘာသာဝင်မဆို ဘာသာရေးစိတ်ဓာတ်ထက် တိုင်းရင်းသား စိတ်ဓာတ် ကို ပိုမိုရင့်သန်အောင် မွေးမြူအပ်ပေသည်။ ထိုမှသာလျှင် တိုင်းရင်းသားပီသ၍ တိုင်းရင်း သား တို့ ခံစားထိုက်သော အခွင့်အရေးများကို တူညီစွာ ခံစားထိုက်ပေသည်။

ယနေ့ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမ အကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကြီး၌ အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ ဘာသာ ၀င် အပေါင်း ၏ ကောင်းကျိုး၊ အမျိုးဘာသာ၏ကောင်းကျိုးကို ထိရောက်စွာ ဆွေးနွေး တိုင်ပင်   နှီးနှောကြပြီးလျှင် အမျိုးဘာသာ သာသနာကြီး၏ တိုးတက်ကြီးပွါးရေး ကို ကောင်း စွာ ဆောင် ရွက်နိုင်ကြပါစေ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအတိုင်း တရားသဖြင့် ပွါးများ ကျင့်ကြံနိုင်ကြ ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

ဦးဘဦး
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု မြန်မာနိုင်ငံတော်။
၁၃၁၈-ခုနှစ်၊ နတ္တော်လပြည့်ကျော် ၁၁-ရက်။
(၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်)။

 

 

 

Rohingya Muslim killed in Buthidaung jail

Posted by danyawadi

Buthidaung, Arakan State: A Rohingya Muslim was killed in tortured by the concerned authorities in jail of Buthidaung on September 11, said a businessman on condition of anonymity.
“He was arrested from Maungdaw Township by the Nasaka personnel over allegation two years ago.”
The dead body was identified as Moulvi Mohammed Rafique son of Gul Mohamed, hailed from Gudu Sora of Maungdaw Township, Arakan State, Burma.
According to a reliable source, Rafique had completed his jail term over two years in the Buthidaung jail.
The source also said, he was severely tortured and beaten up furiously by the concerned authorities in the jail after occurred communal violence between Rakhines and Rohingyas. There were some spots in the dead body’s face and whole body.
Like Rafique, many Rohingya Muslim prisoners were severely tortured and killed by the concerned authorities and buried without knowledge of their relatives during the communal violence, different sources said.
However, the dead body was not handed over to his family members by the Burmese authority, but he was buried in a Rohingya cemetery nearby Buthidaung jail, a villager elder told at Kaladanpress.
The prisoners are now languishing in the critical condition. They are suffering from food, medical assistance and etc. They can’t bathe every day, but they can bathe once in a week and the water is very limited. The prisoners are provided food with Dal very imperfect twice a day, but no curry and no breakfast. So, many prisoners are suffering of skin diseases and food in the jail, said a man not to mention his name.
The man also said, the Rohingya prisoners had been severely tortured and beaten up by the concerned authorities since a month after arrest in communal violence. During the torturing, the concerned authorities ask, how to feel “Bangli Kala”? They (prisoners) could not talk with each other inside the jail before. Now, they can talk little bit with other there.
According to police and Hluntin from Maungdaw Township, about 450 prisoners are detained in the jail since (June the riot was occurred in Maungdaw. However, according to SBTO, of Buthidaung, over 880 prisoners are detained in the jail.
The situation of Maungdaw:
On September 16 at about 2:00 am, a group of Nasaka personnel (Burma’s border security force) from 3-mile went to Khanda Para (village tract) of Maungdaw township and arrested three Rohingyas from the houses, said a villager.
The arrested were identified as Younus son of Abdul Karim, Abdul Latif son of Abdur Rahim and Kasim, they belong to Khanda Para village of Maungdaw township, Arakan state, Burma.
They were arrested by the Nasaka personnel at night without giving any reason. The Nasaka personnel also destroyed Younus’s house.
According to sources, Nasaka personnel’s’ intention was to loot houses and rape women, but they failed. So, they were arrested by the Nasaka personnel. Now, they are detained in the Nasaka camp in 3-mile.
Sources also said, many Rohingya Muslims have been arbitrary arrested and harassed by the Nasaka personnel, Hluntin and police over allegation, but the persecution is not stopped after US team and the Foreign Minister of Turkey visited in Arakan State, Burma. The persecution is increasing and the situation is worse day by day.
Sources Here :

 

 

 

Free Rohingya Campaign (FRC)’s signature campaign in Oregon State , USA

 

Posted by danyawadi

Free Rohingya Campaign organized signature campaign to be sent to US state Department to urge US government to engage actively to stop ethnic cleansing and Genocide of Rohingya at Arakan Burma. Five thousand signatures are expected to be collected from ten Islamic centers in Oregon State.
Muslim communities in Oregon are very touch by the plight of Rohingya and vow to work together with Free Rohingya campaign and Oregon Rohingya Society until permanent solution is achieved and Rohingya are on longer vulnerable for genocide.
Portland Muslim communities will organized a big rally together with Burma taskforce USA at September 22 as part of 100 cities rally to show solidarity with the persecuted Rohingya in Burma.
All ten Islamic centers will have exhibition about Rohingya for three days concurrently until Sunday September 16,2012.

 

 

 

 

၁၈၂၄ ခု အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ပြီးတဲ့အချိန်ကစခဲ့တဲ့ဒီနယ်မြေချဲ့ထွင်မှုဟာ အာရေဗျကျွန်းဆွယ်မှာ ၁၈ရာစုအတွင်း ပေါ်ပေါက်ခဲ့ ..

Posted by danyawadi
၁၈၂၄ ခု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးတဲ့အချိန်ကစခဲ့တဲ့ ဒီနယ်မြေချဲ့ထွင်မှုဟာ အာရေဗျကျွန်း ဆွယ်မှာ ၁၈ ရာစု အ တွင်း ပေါ်ပေါက်ခဲ့တဲ့ ဝါဟာဘီအခြေခံဝါဒနဲ့ ပေါင်းစပ်သွားရင် ဘာသာရေး အစွန်း ရောက် ဝါဒ အဖြစ် ပိုပြီးဆုတ်ယုတ် ဖောက်ပြန်သွားမယ့် အလားအလာ ရှိနေပါတယ်။
ဥရောပ တိုက်မှာ ခရစ်ယန်အခြေခံဝါဒီတွေလွှမ်းမိုးလို့ အမှောင်ခေတ်ဖြစ်နေတဲ့အချိန်မှာ အစ္စလမ်နိုင် ငံတွေမှာတော့ သိပ္ပံ ပညာတွေ အနုပညာတွေ ထွန်းကားပွင့်လန်းခဲ့ပြီး အစ္စလမ်ရွှေခေတ်အဖြစ် ကမ္ဘာ့လူ သား တွေကို ဧရာမအကျိုးပြုခဲ့ပါ တယ်။ အဲဒီကာလမှာ မွတ်ဆလင်သိပ္ပံပညာရှင်တွေဟာ အက္ခရာ သင်္ချာနဲ့ တြိဂိုနိုမက်ထရီကို တီထွင်နိုင်ခဲ့ပါတယ်။ နယူတန်ခေတ် မတိုင်ခင်မှာ ကဲလ်ကုလ သင်္ချာရဲ့ အခြေခံတွေကို ချပေးနိုင်ခဲ့ပါတယ်။ ဆေးပညာနယ်ပယ်မှာ ခွဲစိတ်ကု ပညာကို တိုး တက်အောင် လုပ်ခဲ့ပြီး မေ့ဆေးသုံးတာလဲ စလုပ်ခဲ့ပါတယ်။ လူ့ကိုယ်ခန္ဓာ ရဲ့ သွေးလည်ပတ် မှုစနစ် ကိုလဲ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့သလို အနာတွေမှာ ပိုးသတ်ဆေးသုံး တာကို လဲ စလုပ်ခဲ့ပါ တယ်။ ဒီခေတ်အတွင်း ကဗျာဆရာ ကြီး အိုမာခယမ် ထွက်ပေါ်ခဲ့သလို တထောင့်တည ပုံပြင်လို ကြီးကျယ် တဲ့အနုပညာလက်ရာတွေလဲ မွတ်ဆလင် ကမ္ဘာမှာ ပေါ်ပေါက် ခဲ့ပါတယ်။
ဒီဘက်ခေတ်မှာလဲ ၂၀ ရာစုထဲမှာ ပေါ်ပေါက်ခဲ့တဲ့ တူရကီနိုင်ငံက ကီမဲလ်အတားတာ့က်လို အမျိုး သားရေး ခေတ်မီရေး ခေါင်းဆောင်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားကျအတုယူ ခဲ့ရပါ တယ်။ အိဂျစ်နိုင်ငံက နာဆာကိုလဲ နယ်ချဲ့စနစ် လက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရ တဲ့ ကိုလို နီနိုင် ငံတွေ က အဖိနှိပ်ခံပြည်သူတွေ အတုယူခဲ့ရပါတယ်။

 

 

 

သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

သန်းဝင်းလှိုင်၊ စက်တင်ဘာ ၁၇၊ ၂၀၁၂

            ယနေ့မြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီနိုင်ငံသစ်ကြီးတည်ဆောက်ရန်အတွက် ပြည်သူလူထုကြီးအား ဦးဆောင်ဦး ရွက်ပြုကာ တိုက်ပွဲဆင်နွှဲနေသူများတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှု၊ ယုံကြည်မှုနှင့် ကြည်ညိုလေးစား ခံရမှု အများဆုံးရရှိနေသော လူထုခေါင်းဆောင်ဖြစ်သည်။ တနည်းဆိုရသော် “ဒီမိုကရေစီတော်လှန်ရေးကြီး၏မိခင်” ဖြစ် သည်ကို မည်သူမျှ ငြင်းမရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်အစိုးရကိုသာ ဖယ်ရှားနေသူမဟုတ်ဘဲ ဒီမိုကရေစီရရှိရေးအတွက် သူ့ ဘဝကို အပင်ပန်းအဆင်းရဲခံကာ အထီးကျန်ဘဝကို ပျော်ပျော်ကြီးပေးဆပ်၍ ကြံ့ကြံ့ခံဇွဲသတ္တိအပြည့်အဝဖြင့် တိုက်ပွဲဝင်နေ သော လူထုခေါင်းဆောင်ဖြစ်သည်။ ဤအချက်ကပင် သူ၏အမွန်မြတ်ဆုံးသော ဂုဏ်ဒြပ်ဖြစ်သည်။

ယင်းသို့ မြန်မာပြည်သူလူထုသာမက တစ်ကမ္ဘာလုံးကပါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ကြည်ညိုလေးစား ယုံကြည်အားထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက် အင်္ဂါနေ့ နံနက် ၅ နာရီ ၃၆ မီနစ် ၁၆ စက္ကန့်တွင် ရန်ကုန်မြို့ ၌ ဖွားမြင်ခဲ့သည်။ မွေးချင်းလေးဦးအနက် တတိယမြောက်ဖြစ်ပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစဉ်က (၂)အရွယ်မျှ သာ ရှိသေးသည်။

၁၉၄၉ မှ ၁၉၅၇ အထိ ရန်ကုန်မြို့ စိန့်ဖရန့်စ်ကွန်ဗင့်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၁၀ မှ ၁၉၆၀ အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း (ယခု အထက-၁ ဒဂုံ)တွင် ဆက်လက်သင်ကြားခဲ့သည်။

၁၉၆၀ မေလတွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ခန့်အပ်ခြင်းခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူဒေလီမြို့သို့ လိုက်ပါခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ယေရှုနှင့် မေရီကွန်ဗင့်ကျောင်းနှင့် လေဒီရှယ်ရီရမ်ကောလိပ်တို့၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

ထို့နောက် ၁၉၆၂ မှ ၁၉၆၃ အထိ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူး ခဲ့သည်။ ၁၉၆၄ မှ ၁၉၂၇ တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ် များကို လေ့လာဆည်းပူးခဲ့ပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။

၁၉၆၈ တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန နိုင်ငံရေးသိပ္ပံဌာနခွဲ၌ သုတေသန လက်ထောက်အဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။

၁၉၆၉ မှ ၁၉၇၁ အထိ နယူးယောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၂ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၂ မိနစ် ၂၃ စက္ကန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြောက်ပိုင်း ဗုဒ္ဓဘာသာမဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းသုတေသီ ဒေါက်တာမိုက်ကယ်အဲရစ် (Dr. Michael V. Aris) နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။

၁၉၇၂ မှ ၁၉၇၃ တွင် ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိများအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ထမ်းရွက်ခဲ့သည်။

၁၉၈၅ မှ ၁၉၈၆ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသန ပညာရှင်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။

၁၉၈၇ တွင် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင် သည်။

ထိုနှစ်မှာပင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် ပါရဂူဘွဲ့အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” အမည်ရှိ ဘွဲ့လွန်စာတမ်း ကို တင်သွင်းခဲ့သည်။

၁၉၈၈ တွင် လန်ဒန်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် အ သိအမှတ်ပြုခဲ့သည်။

၁၉၈၈ မတ်လ ၃၁ တွင် မိခင်ကြီးဒေါ်ခင်ကြည်သည် ရုတ်တရက် နာမကျန်းဖြစ်ခဲ့မှုကြောင့် မိခင်ကြီးအားပြုစုရန် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာငံတဝှမ်းလုံး၌ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၆ ရက်နေ့တွင် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်တွင် မဆလအစိုးရ၏ ပြည် သူလူထုအား အကြမ်းဖက်ဖြိုခွဲနေမှုကို ဆန့်ကျင်သောမိန့်ခွန်းကို ပြည်သူတသိန်းကျော် တက်ရောက်သည့် လူထုအစည်းအ ဝေးပွဲ၌ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ သူ့ဘဝအချိုးအကွေ့သည်လည်း ပြောင်းလဲသွားခဲ့ရ တော့သည်။

 

၁၉၈၈ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်မှူးချုပ်ကြီးဟောင်း သူရတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးသည် ပြည်သူတစ်ရပ်လုံးသို့ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း၍ အာဏာသိမ်းပိုက်ပြီးနောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦး အောင်ကြီး၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်မှတ်ပုံတင်ပြီးနောက် အဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၉ ဇူလိုင် ၂၀ တွင် ဒေါ်အောင်ဆန်းစုကြည်အား နဝတအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀(ခ)အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ ထိန်း သိမ်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းခံနေရစဉ်အတွင်း ၁၉၉၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် နဝတအစိုးရက ဦးစီးကျင်းပခဲ့သော ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင် ရောက်ယှဉ်ပြိုင်ရာ (၃၉၂)နေရာ၌ အနိုင်ရရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခြင်းဖြစ်သည်။ သို့သော် နဝတစစ်အစိုးရ အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့သည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နော်ဝေးနိုင်ငံ အော်စလိုမြို့ရှိ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဒေါ် အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ခဲ့ရာ နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသ ဖြင့် မိခင်ကိုယ်စား သားကြီးဖြစ်သူမြင့်ဆန်းအောင်က တက်ရောက်ဆုယူခဲ့သည်။

နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက “ကမ္ဘာ တဝှမ်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် ပြည်သူများအား ထောက်ခံအား ပေးရန်နှင့် သူ၏အလံမလှဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် ဤဆုကိုချီးမြှင့်ခဲ့ပါသည်”ဟူ၍ ထုတ် ဖော်ပြောကြားခဲ့သည်။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် တားဆီးထားသည့် အမိန့်အား နဝတအစိုးရမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

၁၉၉၉ ခုနှစ် သြဂုတ် ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုဥက္ကဋ္ဌ သူရဦးတင်ဦး၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ နှင့်အတူ ကော့မှူးမြို့သို့ စည်းရုံးရေးကိစ္စဆောင်ရွက်ရန် သွားရောက်ခဲ့ရာ အာဏာပိုင်များ၏ ပိတ်ဆို့ထားခြင်း (၈)ရက်ခန့် ခံရပြီးနောက် နေအိမ်သို့ အတင်းအကျပ်ပြန်လည်အပို့ခံရသည်။ ယင်းစက်တင်ဘာလ ၁ ရက်မှ ၁၄ ထိ ဒုတိယနေအိမ်အ ကျယ်ချုပ်ဖမ်းဆီးခံရပြန်သည်။

တဖန် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အတူ အဖွဲ့ချုပ်အဖွဲ့ဝင်များလိုက်ပါ၍ ပါတီစည်းရုံးရေးကိစ္စများဆောင်ရွက်ရန် မန္တလေးမြို့သို့ ရန်ကုန်ဘူတာကြီးမှ ရထား ဖြင့် သွားရောက်ရန်စီစဉ်ခဲ့ရာ အာဏာပိုင်များ၏တားဆီးခံရပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် နေအိမ်သို့ အတင်းအဓမ္မပြန်ပို့ခံရ၍ တတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရသည်။ ထို့နောက် ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ကုလ သမဂ္ဂ၏လျှို့ဝှက်ညှိနှိုင်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား နအဖအစိုးရက နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့ သည်။

၂၀၀၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရှိ ဘာ့သ်ကောလိပ်၏ ၁၄၂ ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် စည်းရုံးရေးခရီးစဉ်အတွင်း သူ၏ယာဉ်တန်းအား စစ်အစိုးရ၏ ဒေါက်တိုင်အဖွဲ့အစည်းများဖြစ်ကြသော စွမ်းအားရှင် နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ဒီပဲယင်းမြို့နယ် ကျီရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နအဖလက်ပါးစေများ၏ ချောင်းမြောင်းတိုက်ခိုက်မှုခံခဲ့ရာမှ အသက်မသေလွတ်မြောက်ပြီးနောက် ထိုနေ့မှာပင် ရေးဦးမြို့အ ဝင်စစ်ဆေးရေးဂိတ်၌ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ဇွန်လ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အမှတ်(၆)တင့်ကားတပ်ရင်း ဧည့်ရိပ်သာတွင် ဖမ်း ဆီးထားရာမှ အင်းစိန်အကျဉ်းထောင်သို့ပို့၍ ထိန်းသိမ်းခဲ့သည်။ အင်စိန်ထောင်မှတဆင့် ဇွန်လ ၂၄ ရက်နေ့တွင် ရဲမွန်တပ်စ ခန်းရှိ ရဲခေါင်ရိပ်သာသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဖန် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဆေးရုံတက်ခွဲစိတ်ကုသရန်အတွက် ရဲမွန်ရိပ်သာမှ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံသို့ တင်ပို့ခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အာရှတော်ဝင်ဆေးခန်းမှတဆင့် နေအိမ်သို့ပြန်ပို့၍ စတုတ္ထအကြိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့ပြန်သည်။

၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀(ခ)ဖြင့် ဥပဒေမဲ့ ပြစ်ဒဏ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့ သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နအဖအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ်ပြစ်ဒဏ် (၆)လ ထပ်မံတိုးခဲ့ပြန်သည်။ ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နအဖအစိုးရက အကျယ် ချုပ်သက်တမ်း တစ်နှစ်ထပ်မံတိုးခဲ့ပြန်သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းသည် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ပြန်လည်လွတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုး ရအာဏာပိုင်များသည် အရေးမစိုက်ခဲ့ပေ။

အောင်တိုဘာလ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုယ်သက်တမ်း ၁၂ နှစ်ပြည့် အ ထိမ်းအမှတ်အဖြစ် ကမ္ဘာ့မြို့ကြီး ၁၂ မြို့တွင် တပြိုင်နက်တည်း ဆန္ဒပြပွဲကျင်းပသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စာကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေးဝန်ကြီးအဖြစ် အလုပ်သမားဝန်ကြီး ဦးအောင် ကြည်ကို အစိုးရကခန့်အပ်၍ တွေ့ဆုံဆွေးနွေးရေး အတုအယောင်များ ဖန်တီးပြသခဲ့သည်။

နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် (၃)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည်ခါနီးရက်ပိုင်းအလိုတွင် ၂၀၀၉ ခုနှစ် မေလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ နအဖစစ်အစိုးရအာဏာပိုင်များ၏ စီစဉ်မှုဖြင့် တိတ်တဆိတ်ဝင်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျွန်ယက်တောအား တွေ့ဆုံလက်ခံသည်ဟုဆိုကာ နေအိမ်အကျယ်ချုပ်ဖောက် ဖျက်မှု ပုဒ်မ(၂၂)ဖြင့် အင်းစိန်အထူးတရားရုံးက တရားစွဲဆိုခဲ့သည်။ ယင်းနောက် သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင် ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့သည်။ အ မိန့်ချမှတ်ပြီး မိနစ်ပိုင်းအလိုမှာပင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်စာဖြင့် ထိုချမှတ်ထားသည့်ပြစ်ဒဏ်ကို ထက် ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်(၁၈)လသို့ ပြောင်းလဲချ မှတ်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖအစိုးရက မတရားပြစ်ဒဏ်ချမှတ်မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ ဒေါ် အောင်ဆန်းစုကြည်၏ အကျိုးရှေ့နေများက အယူခံလွှာတင်သွင်းမှုကို တိုင်းတရားရုံးက ပယ်ချခဲ့သည်။

 

ယင်းနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့သည်။ လွတ်မြောက်ပြီး မိနစ်ပိုင်းမှာပင် သူ့ခြံရှေ့သို့ထွက်၍ စောင့်ကြိုနေသောလူထုကို မိန့်ခွန်းတိုပြောကြားသည်။ နိုင်ဝင်ဘာလ ၁၄ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ နေ့လည် ၁၂ နာရီတွင် လူထုကြီးကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားသည်။

နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီနောက် သား ငယ် ကင်မ်ခေါ် ကိုထိန်လင်းသည် ပြည်ဝင်ခွင့်ဗီဇာရရှိသဖြင့် မြန်မာနိုင်ငံသို့လာရောက်၍ မိခင်ဖြစ်သူအား တွေ့ဆုံခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဗီးယားသည် ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၁၁ ခုနှစ် မေလမှ ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နှင့် ဥရောပနိုင်ငံများမှ အဆင့်မြှင့်အ စိုးရခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် နေ့လယ် ၁ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေး၍ ပြည်တွင်းပြည်ပသ တင်းထောက်များ၏ မေးမြန်းချက်များကိုလည်း ဖြေကြားသွားခဲ့သည်။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတအိမ်တော်ရုံး ခန်း၌ ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါ တီပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီမှတ်ပုံတင်ခွင့်ကို လျှောက်ထားခဲ့သည်။

ယင်းနောက် ဒဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဟီ လာရီကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရောက်၍ (၂)နာရီနီးပါး တွေ့ဆုံဆွေးနွေး၍ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်း သာဓုပရိယတ္တိ စာသင်တိုက်အတွင်းရှိ ရွှေညဝါပညာဗိမာန်ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေး ဆုရရှိသည့် အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ဒီဇင်ဘာလအတွက် စာစောင်တွင် ဒေါ်အောင် ဆန်းစုကြည်၏ ဓါတ်ပုံကို မျက်နှာဖုံးတင်၍ “ရဲစွမ်းသတ္တိရှိသော မြန်မာပြည်သခင်” (Brave New Burma) အမည်ရှိ အထူး ဆောင်းပါးကို ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မနော်ဟရီလမ်းရှိ ထိုင်းသံရုံး၌ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်က ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံခဲ့သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ကွန်ရက်မှ စီစဉ်ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးစီး၍ ကျင်းပပြုလုပ်သည့် လွတ်လပ်ခြင်းအနု ပညာရုပ်ရှင်ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဆုရသူများအား ချီးမြှင့်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျစ်လစ်ခိုင်မာတောင့်တင်းရန်နှင့် အဖွဲ့ချုပ်၏နိုင်ငံရေး ဝါဒသဘောတရားနှင့် လုပ်ငန်းစဉ်များထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ချုပ်ကို သဘာပတိအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သဘာပတိအဖွဲ့တွင် ဦးတင်ဦး(နာယက)၊ ဦးဝင်းတင်၊ ဦး သန်းထွန်း၊ ဦးလှဖေ၊ ဦးညွန်ဝေ တို့ကိုရွေးချယ်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ ဝင်များအဖြစ် ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ကို ရွေး ချယ်ခဲ့ကြသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alian Juppe သည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် လွတ်လပ်ရေးအတွက် ဆောင်ရွက်နေသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် National Order of the Legion of Honour ဆု၏ အမျိုးအစားတစ်ခုဖြစ်သော Commander ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ယခုကဲ့ သို့ ဒေါ်အောင်ဆန်းစုကြည်သည် ဆုရရှိခြင်းကြောင့် အဆိုပါဆုကို အရှေ့တောင်အာရှတွင် မြန်မာနှင့် မလေးရှားတို့သည် ဆုရရှိသည့်နိုင်ငံအဖြစ် စာရင်းဝင်ခဲ့သည်။ မလေးရှားနိုင်ငံသူ ရုပ်ရှင်မင်းသမီး မီရှယ်ယိုးသည် ၎င်း၏ရုပ်ရှင်နှင့် မီဒီယာလုပ် ငန်းများတွင် အောင်မြင်စွာဆောင်ရွက်နိုင်မှုကြောင့် ၂၀၀၇ ခုနှစ်က ယင်းဆုကို ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်အကြာချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိလာ သော ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီသည် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သူ၏နေအိမ်၌ တွေ့ဆုံခဲ့ သည်။ ထို့နောက် ပါကစ္စတန်သမ္မတက ဒေါ်အောင်ဆန်းစုကြည်အား Mohtarma Benazir Bhulto Shaaheed ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဆွစ်ဇာလန်နိုင်ငံ တောင်ပေါ်အပန်းဖြေစခန်းမြို့ဖြစ် သော ဒါးဗို့စ်တွင် ကျင်းပနေသော ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum)သို့ ဗွီဒီယိုမိန့်ခွန်းပေးပို့ကာ ပြော ကြားခဲ့သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်အချို့တနင်္သာရီတိုင်း ထားဝယ်မြို့သိုပ လေ ကြောင်းခရီးဖြင့် သွားရောက်၍ ဒေသခံပြည်သူတို့အား ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးမဲဆွယ် တရားဟော ကြားခဲ့သည်။

ထို့နောက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်လျက်ရှိ သော မဲဆန္ဒနယ် ၄၈ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သောကြောင့် ပါတီမဲဆွယ်စည်းရုံးရေးကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁  ရက်နေ့တွင် စတင်စည်းရုံးလုပ်ဆောင်ခဲ့သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဋ္ဌေးမောင် ခေါင်းဆောင်သော အဖွဲ့ဝင်(၁၄)ဦးပါ အဖွဲ့ သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက် နေ့ ညနေ ၃၀း၃၀ အချိန်တွင် ရန်ကုန်မြို့သို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ် အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံးခဲ့သည်။

တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က –

“အခုလို တွေ့ရတဲ့အခါမှာ တခါမှမတွေ့ဖူးကြပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးရှိပါတယ်။ မိ သားစုတွေလိုပဲ ဖြစ်တဲ့အခါကျတော့ ကျမတို့ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ အားလုံးတကယ့်သွေးရင်းညီအစ်ကို မောင်နှမ တွေလို ရှိရပါမယ်။ ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းရှိတယ်။ ကျမတို့ အတွေးအမြင်တွေကလည်း တော်တော်တူ ပါတယ်။ တိုက်ဆိုင်မှုတွေသိပ်များတဲ့အခါကျတော့ ကျမတို့နိုင်ငံအနာဂတ်အတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်အဖြစ် မြန်မာပြည်အနှံ့ (၁၈)နေ ရာသို့ သွားရောက်ခဲ့ရာ ပထမဆုံး ပြည်နယ်ခရီးစဉ်အဖြစ် ကချင်ပြည်နယ်သို့ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ မှ ၂၄ အထိ သွားရောက်ခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၄ တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့ မနောကွင်းတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ မရောက်ဖြစ်ခဲ့သည့် မတွေ့ဖြစ်ခဲ့သည့် ကချင်ပြည်သူလူထုကို ၅၈ မိနစ်နှင့် စက္ကန့် ၄၀ ကြာ ဟောပြောခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ ညတွင် မြန်မာတပြည်လုံးသို့ နိုင်ငံပိုင်ရုပ်သံ မီဒီယာမှတဆင့် ဒေါ်အောင်ဆန်းစု ကြည်၏ ပထမဦးဆုံး ရုပ်သံမိန့်ခွန်း ထုတ်လွှင့်ပြသခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းသည် နောင် တချိန်တွင် သမိုင်းတွင်ကျစ်ရစ်ခဲ့မည့် မိန့်ခွန်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများနှင့်ပတ်သက်၍ အပိုင်း (၉)ပိုင်းခွဲခြား၍ ၁၅ မိနစ်အတွင်း အချိန်ကိုက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်တွင် မဲရုံပေါင်း ၁၂၉ ရုံတွင် ၁၂၈ ရုံ၌ အနိုင်ရရှိပြီး သမင်ခြံကျေးရွာတစ်ရွာသာ ရှုံးနိမ့်ခဲ့သောကြောင့် အနိုင်ရရှိမှုမှာ ၈၄ ရာခိုင်နှုန်းရှိကြောင်း အဖွဲ့ချုပ်အောင်နိုင်ရေးကော်မတီမှ ထုတ်ပြန်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ် လပ်လျက်ရှိသော ၄၅ နေရာ၌ ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိသောကြောင့် ၉၅ ဒဿမ ၅၆ ရာခိုင် နှုန်း အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဒေါ်ခင်ကြည်၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် တည်ထောင်ထားသော ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ရံပုံငွေမှ ကော့မှူးမြို့နယ်ရှိ ကျေးရွာသုံးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုလုပ် ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်၌ ကျမ်းကျိန်စာသားနှင့်ပတ်သက်၍ အငြင်းပွားကာ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပသည့် လွှတ်တော်သို့ မရောက်ဖြစ်ခဲ့ချေ။ သို့သော် ပြည်သူတရပ်လုံး၏ဆန္ဒ မဟာမိတ်များ၏ ဆန္ဒနှင့် NLD ကိုယ်စားလှယ်များအားလုံး လွှတ်တော်တက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒေါ်အေင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာစီးပွားရေးညီလာခံသို့ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဘန် ကောက်မြို့၌ ဆင်ခြေဖုံးတစ်နေရာရှိ စက်မှုဇုန်၌ အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မဲဆောက်မြို့ အနီး မယ်လဒုက္ခသည်စခန်းသို့လည်း သွားရောက်၍ ဒုက္ခသည်များအား အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသို့ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ထွက်ခွာကာ ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသော အပြည် ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်၍ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါညီလာခံ၌ ဒေါ် အောင်ဆန်းစုကြည်က အိုင်လယ်လ်အိုကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ကူညီတည် ဆောက်ရန်အတွက် နိုင်ငံတကာအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုက်ပြီး မြန်မာနိုင်ငံရှိ လူငယ်အလုပ်လက်မဲ့ ပြဿနာကို အလေးထားပြောဆိုသွားခဲ့သည်။

ဇွန်လ ၁၅ ရက် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ဆွစ်ပါလီမန်သို့ သွားရောက်လေ့လာခဲ့သည်။ ထိုနေ့မှာပင် နော်ဝေး နိုင်ငံ အော်စလိုမြို့သို့ သွားရောက်၍ နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg နှင့် တွေ့ဆုံခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် အော်စလိုမြို့တွင် ၁၉၉၁ ခုနှစ်၌ ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံယူပြီး မိန့်ခွန်းပြောကြားခဲ့ရာ ကမ္ဘာ့နိုင်ငံအ သီးသီးမှ ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် စာလုံးပွိုင့် ၁၂၊ အေဖိုးစက္ကူ(A-4) ၄ မျက်နှာရှိသော ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆု လက်ခံမိန့်ခွန်းထဲ၌-

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေဟာ ယူနီဗာဆယ် မဖြစ်သေးတာတောင်၊ အားလုံးရဲ့ မွေးရာပါအခွင့်အ လမ်းလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတဲ့ခေတ်မျိုးမှာ နေထိုင်လာတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။

“… ကျမတို့နေထိုင်ရာ ကမ္ဘာကြီးကို အလုံးစုံငြိမ်းချမ်းရေးမလုပ်နိုင်သေးပေမယ့် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ခရီး ကို ကျမတို့မသွေမဖည် ဆက်သွားရမှာပဲ။ ကန္တာရခရီးသွားရဲ့ မျက်လုံးတွေဟာ လမ်းပြကြယ်ကို မမှိတ်မသုန်ကြည့်ပြီး ကျ မတို့ ဆက်သွားနေရမှာပါ။ ကမ္ဘာမြေကြီး အကြွင်းမဲ့ငြိမ်းချမ်းရေးကို မစွမ်းဆောင်နိုင်ကြဘူးဆိုတောင်မှ လူတစ်ဦးချင်းစီက နေ တစ်နိုင်ငံချင်းစီအထိ ငြိမ်းရေးရဖို့ လုပ်ဆောင်နိုင်သမျှ လုပ်ကြရပါမယ်။ ယုံကြည်စိတ်ချမှုနဲ့ ရင်းနှီးခင်မင်မှုက လုံခြုံငြိမ်း အေးပြီး အကြင်နာတရားတွေ လွှမ်းခြုံတဲ့လူ့အသိုင်းအဝိုင်တစ်ရပ် ဖြစ်ပေါ်တည်ဆောက်လာနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။”

“… ကျမတို့ရဲ့ မြင့်မြင့်မားမား နောက်ပိုင်းရည်မှန်းချက်အနေနဲ့ဆိုရင် နေထိုင်စရာမြေမရှိသူတွေ၊ အိုးမဲ့အိမ်မဲ့တွေနဲ့ မျှော်လင့်ချက် ပျက်သုဉ်းပျောက်ဆုံးနေသူတွေ ကင်းမဲ့ရာကမ္ဘာကြီးအဖြစ် ဖန်တီးတည်ဆောက်နိုင်ကြဖို့ပဲ ဖြစ်သင့်ပါတယ်။ အဲဒီကမ္ဘာကြီးမှာ လူတိုင်းဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရပိုင်မှု၊ နေရာဒေသမရွေး တည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြ စေဖို့ပါ။ တွေးခေါ်မှုတိုင်း၊ စကားလုံးတိုင်းနဲ့ ပြုမူဆောင်ရွက်မှုတိုင်းဟာ ငြိမ်းချမ်းရေးအတွက် ဦးတည်ရည်ရွယ်ပါဝင်ကြတဲ့ အပြုသဘော အပေါင်းလက္ခဏာတွေ ထပ်တိုးထည့်ကြဖို့ပါ။ ကျမတို့အားလုံး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့ ဒီလို ဖြစ်အောင် စွမ်းဆောင်နိုင်ကြပါတယ်။ လုံခြုံအေးချမ်းစွာ နိုးထလာနိုင်ကြပေမယ့် ငြိမ်းချမ်းသောကမ္ဘာကြီး ဖန်တီးတည် ဆောက်ဖို့ ကြိုးစားကြရာမှာ ကျမတို့လက်တွေ ခိုင်ခိုင်မာမာ တွဲထားကြပါစို့လား”ဟူ၍ ပြောကြားသွားသည်။

ထို့နောက် နော်ဝေးနိုင်ငံ ဘာဂျင် (Bergen)မြို့၌ ၁၉၉၁ ပြည်နှစ်က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ Rafto ဆုကို လက်ခံရယူခဲ့သည်။ ယင်းနောက် အိုင်ယာလန်သမ္မတနိုင်ငံ ဒဗ်ဗလင်မြို့သို့သွား၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ Ambassador of Conscience ဘွဲ့ထူးကို U2 ဂီတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဘို နိုပေးအပ်သည်ကို လက်ခံရယူခဲ့သည်။

ဆုပေးပွဲ၌ ယူတူးဂီတအဖွဲ့ခေါင်းဆောင် အိုင်းရစ်အဆိုတော် ဘိုနိုက-

“ကျနော် အရမ်းအထင်ကြီးလေးစားမိတာက အကြမ်းဖက်မှုကင်းတဲ့သူတို့ရဲ့ အနေအထားကိုပါ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ကျမှ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့အနီးအနားမှာ စစ်ပွဲမရှိခြင်းဆိုတာထက် ကျနော်တို့အချင်းချင်း စစ်မဖြစ်ခြင်း ကို ဆိုလိုတာလို့ သဘောပေါက်မိပါတယ်”ဟု ပြောကြားသွားသည်။

ထိုမှတဖန် ဇွန်လ ၁၉ ရက်နေ့တွင် လန်ဒန်စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်၍ စီးပွားရေးပညာရှင်များနှင့်အ တူ ၂၀ ရက်နေ့တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် အန်ဘေးနီးယားအထိမ်းအမှတ်ဘွဲ့နှင်းသဘင်ခန်းမကြီး၌ ချီးမြှင့်ခဲ့သော ဂုဏ် ထူးဆောင်ဘွဲ့ကို လက်ခံရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနှင့် ဘောဂဗေဒပညာရပ်များ လေ့လာသင် ယူခဲ့သည်။ နောက်ပိုင်းတွင်လည်း တိဗက်ရေးရာပညာရှင် ခင်ပွန်းသည်မိုက်ကယ်အဲရစ္စ သားများဖြစ်ကြသော အလက် ဇန္ဒား(မြင့်ဆန်းအောင်)၊ ကင်မ်(ထိန်လင်း) တို့နှင့်အတူ အောက်စ်ဖို့ဒ်၌ပင် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ခဲ့သည်။ ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ၁၉၉၃ ခုနှစ်ကတည်းက ရရှိသော်လည်း စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချထားမှုကြောင့် ယခုမှ ကိုယ်တိုင်တက်ရောက်ရယူနိုင်ခြင်းဖြစ်သည်။ သူနှင့်အတူ ဘွဲ့ယူသူစုစုပေါင်း (၈)ဦးရှိရာ ဒေါ်အောင်ဆန်းစုကြည် စင်မြင့်ထက်တက်၍ တက်ရောက်လာကြသော ပရိသတ်အားလုံးက မတ်တတ်ရပ်ပြီး အချိန်ကြာမြင့်စွာ လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ထင်ရှားကျော်ကြားသူများကိုသာ ဂုဏ်ပြုချီးမြှင့် ဘွဲ့အပ်နှင်းလေ့ရှိသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းမပြောကြားမီ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား နာမည်ကျော် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်၌ သွားရောက်တွေ့ဆုံပြီး ပူး တွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား “ခွန်အားသတ္တိနှင့် မျှော် လင့်ချက်တို့၏ ဂလိုဘယ်သင်္ကေတ”ဟု တင်စားသုံးစွဲခဲ့ပြီး ၂၄ နှစ်ကျော်ကာလအတွင်း အင်္ဂလန်ပြည်သို့ ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်းကို ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

ထိုနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးသို့ သွားရောက်၍ ဝန်ကြီးဝီလျံဟိဂ်နှင့် တွေ့ဆုံခဲ့သလို ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသား ချားလ်နှင့် ကြင်ယာတော်တို့ကို ကလားရင့်စ်စံတော်အိမ်၌ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ၁၁ ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး သက်တမ်းနှစ်ပေါင်း ၉၀၀ ကျော်ရှိ ဝက်စ်မင်စတာနန်း တော်ကြီး၌ တည်ရှိသော ဗြိတိသျှအထက်နှင့် အောက်လွှတ်တော် နှစ်ရပ်စုပေါင်းထားရာ House of Commons ခေါ် ဗြိတိ သျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။ ယခုကဲ့သို့ ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောခဲ့ဖူးသော အမျိုးသမီးဟူ၍ ဒုတိယမြောက်အယ်လ်လီဇဘက်စ် ဘုရင်မကြီးသာရှိသည်။ အာရှတိုက်သား မြန်မာဦးသန့်သည် မိန့်ခွန်းပြောကြားခဲ့ဖူး သော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအဖြစ် (ထိုစဉ်ကလ မ္ဘာလိုအပ်ချက်အရ) ပြောခဲ့ခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဗြိတိသျှပါလီမန်၌ မိန့်ခွန်းပြောခွင့်ရသော ဗြိတိသျှနိုင်ငံသား မဟုတ်သူ၊ နိုင်ငံတကာအထင်ကရပုဂ္ဂိုလ် ၄ ဦးသာရှိပြီး၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ၁၆ ဆက်မြောက်ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလားနှင့် ပြင်သစ်သမ္မတ ချားလ်ဒီဂေါတို့သာရှိသည်။ ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘားကောင်းက ဒေါ်အောင်ဆန်းစုကြည်အား “တိုင်းနိုင်ငံတစ်ခု၏ ယုံကြည်ချက်နှင့် လူသားဖြင်အင်အတွက် ပမာပြုရ မည့်သူရဲကောင်း”ဟူ၍ တင်စားသုံးနှုန်း မိတ်ဆက်စကားပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ-

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ ကျမတို့မှာ အခွင့်အလမ်းတစ်ရပ်ရှိလာပါပြီ။ ဒါဟာ ဆယ်စုနှစ်ချီပြီး ကျမတို့ စောင့်စားခဲ့ရတဲ့ အခွင့်အရေးပါ။ ဒီလိုအခွင့်အရေးကိုသာ ကျမတို့ အသုံးမချရင်၊ ဒီအချိန်လေးမှာမှ ဒီအခွင့်အရေးရမလာရင် ဒီလိုအခွင့်အရေးမျိုးရလာဖို့ ဆယ်စုနှစ်တွေပိုပြီး ကြာနေဦးမှာပဲ”ဟူ၍ ပြောကြားခဲ့သည်။

ဇွန်လ ၂၆ ရက်န့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံပါရီမြို့သို့ လန်ဒန်မြို့မှ ရေလက်ကြားဖြတ် အ မြန်ရထားဖြင့် သွားရောက်ခဲ့ရာ ပါရီမြို့တွင် ပြင်သစ်ဖွံ့ဖြိုးရေးဝန်ကြီးအဖွဲ့က ကြိုဆိုခဲ့သည်။ ထိုနေ့ညနေပိုင်းမှာပင် ပြင် သစ်သမ္မတ ဖရန်ဆွာအော်လန်းနှင့်တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံရေး အခြေအ နေများနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က-

“တကယ့်ဒီမိုကရေစီအခြေခံဆိုတာ လူထုပါ။ ဒါကြောင့် လူထုကို စွမ်းရည်မြှင့်တင်ပေးမယ့် အကူအညီမျိုးတွေ လို အပ်ပါတယ်။ ပြည်သူလူထုရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့်အကူအညီမျိုးတွေ၊ အခွင့်အလမ်း သစ်တွေ ဖန်တီးပေးမယ့် အကူအညီမျိုးတွေ လိုအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်၍-

“ရင်းနှီးမြှုပ်နှံမှုအားလုံးကို ကျမလက်ခံတယ်လို့တော့ မပြောနိုင်ပါဘူး။ ကျမတို့လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီကို အထောက်အကူပြုရမယ်။ လူ့အခွင့်အရေးကို အထောက်အကူပြုရ မယ်။ သဘာဝပတ်ဝန်းကျင်းနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်မယ့်ကျင့်ဝတ် အပြည့်အဝ စောင့်စည်းမယ့်အခြေခံ ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ပါ”ဟူ၍ ပြောဆိုသည်။

ယင်းနာက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်သည် ဥရောပငါးနိုင်ငံသို့ အစိုးရများ၏ ဖိတ်ကြားချက်အရ ၁၈ ရက်ကြာ ခရီးလှည့်လည်သွားရောက်ခဲ့ပြီး နောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထိုင်းနိုင်ငံမှတ ဆင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်ကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ခန်းမတွင်လည်းကောင်း၊ ပထမအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးကို အမျိုး သားလွှတ်တော်ခန်းမတွင် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် တက်ရောက်၍ လွမ်းသူ့ပန်းခွေချအလေးပြု၍ ဂါရဝပြုခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရွှေမန်းက လွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင်များမှာ –

(၁) ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆန္ဒနယ်)             – ဥက္ကဋ္ဌ

(၂) ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်)                                                – အတွင်းရေးမှူး

(၃) ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်မဲဆန္ဒနယ်)                     – အဖွဲ့ဝင်

(၄) ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်)                                               – အဖွဲ့ဝင်

(၅) ဒေါ်ဒွဲဘူ (အင်ဂျန်းယန်မဲဆန္ဒနယ်)                             – အဖွဲ့ဝင်

(၆) ဦးစိုင်းထွန်းစိန် (မိုင်းပြင်းမဲဆန္ဒနယ်)                          – အဖွဲ့ဝင်

(၇) ဒေါက်တာရိုအုပ် (မတူပီမဲဆန္ဒနယ်)                            – အဖွဲ့ဝင်

(၈) ဦးခင်မောင်မြင့် (ဇီးကုန်းမဲဆန္ဒနယ်)                           – အဖွဲ့ဝင်

(၉) ဒေါ်မိယဉ်ချမ်း(ကျိုက်မရောမဲဆန္ဒနယ်)                                  – အဖွဲ့ဝင်

(၁၀) ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေမဲဆန္ဒနယ်)                                 – အဖွဲ့ဝင်

(၁၁) ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်)                 – အဖွဲ့ဝင်

(၁၂) ဦးနယ်လ်ဆင်(ခ)ဦးဆောင်ဆီ (ကျောက်မဲမဲဆန္ဒနယ်)           – အဖွဲ့ဝင်

(၁၃) ဦးသိန်းညွန့် (သင်္ကန်းကျွန်းမဲဆန္ဒနယ်)                                 – အဖွဲ့ဝင်

(၁၄) ဒေါက်တာဇော်မြင့် (ကျောက်ပန်းတောင်းမဲဆန္ဒနယ်) – အဖွဲ့ဝင်

တို့ဖြစ်ကြသည်။

မည်သို့ဆိုစေ “Resistance; Toward a Freedom Burma” စာအုပ်ကို ရေးသားခဲ့သော Stephene Hessel နှင့် Frederic Debomy တို့က ဒေါ်အောင်ဆန်းစုကြည်အား “သံမဏိလိပ်ပြာ”ဟု တင်စားခေါ်ဝေါ်ခဲ့ပြီး “သူမ၏လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများအတွက် ချဉ်းကပ်ပုံမှာ တဆင့်ပြီးတဆင့် ပုံမှန်သာဖြစ်ပြီး အကြမ်းမဖက်သည့် ပုံစံမျိုးဖြစ် သည်။ သို့သော် နူးညံ့ပျော့ညံ့သော ပုံစံမျိုးမဟုတ်ဘဲ ဇွဲသတ္တိကောင်းစွာဖြင့် ပြုလုပ်ခြင်းသာဖြစ်သည်။ ဤသည်မှာ သူမထံ မှ ကျနော်တို့ လေ့လာစရာများ ရရှိခဲ့ပါသည်”ဟု ရေးသားဖော်ပြထားလေသည်။

ထိုနည်းတူစွာ လန်ဒန်မြို့မှထုတ်ဝေသော ဖိုင်နယ်ရှယ်တိုင်းစတင်းစာကြီး၏ ခေါင်းကြီးပိုင်းတွင်လည်း “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာသော ဒေါ် အောင်ဆန်းစုကြည်သည် ယခုအခါ နိုင်ငံတကာနယ်ပယ်သို့ ဆွေးနွေးနေသည့်ပုံစံမှာ အစိုးရနှင့် အတိုက်အခံပုဂ္ဂိုလ်အနေ အထားထက် အမျိုးသားခေါင်းဆောင်အသွင်ကို ပို၍ဆောင်လာသည်”ဟူ၍ ရေးသားဖော်ပြခဲ့လေသည်။

Source: Moemaka at http://moemaka.com/?p=27454

ဆူဒန်နဲ့ တူနီးရှားနိုင်ငံက အမေရိကန်သံတမန်တချို့ ဌာနေပြန်ခေါ်

အမေရိကန်အလံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ ကင်ညာ မူစလင်အဖွဲ့တခု။

(စက်တင်ဘာလ ၁၆၊ ၂၀၁၂)။
ဗွီအိုအေ  (မြန်မာဌာန)

16.09.2012

ဆူဒန်နဲ့ တူနီးရှားမှာရှိတဲ့ အမေရိကန်သံရုံးတွေက သံရုံးဝန်ထမ်း မိသားစုတွေနဲ့ သံရုံးမှာ မရှိမဖြစ်သူကလွဲလို့ ၀န်ထမ်းအားလုံး အဲဒီနိုင်ငံတွေကနေ ပြန်လည်ထွက်ခွာဖို့ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးမှာ အမေရိကန်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ အရှိန်မြင့်လာတာကြောင့် အမေရိကန်နိုင်ငံသားတွေ အနေနဲ့  ခရီးသွားလာရာမှာ သတိထားဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက နိုင်ငံသားတွေကို သတိပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်တဲ့ မူစလင်ဆန့်ကျင်ရေး ဗွီဒီယိုရုပ်ရှင်ကား အင်တာနက်မှာ တက်လာတာကြောင့်  အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတ၀ှမ်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီ ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်တယ်လို့ စွပ်စွဲခံရသူကိုတော့ အခု ကယ်လီဖိုးနီးယားမှာရှိတဲ့ အမေရိကန် အာဏာပိုင်တွေက စနေနေ့တုန်းက ခေါ်ယူမေးမြန်း နေပါတယ်။ အချို့ မူစလင်နိုင်ငံတွေမှာတော့ ဒီနေ့ စနေနေ့မှာ အခြေအနေတွေ ပြန်လည် ငြိမ်သက်သွားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ လစ်ဗျားမှာ ဆန္ဒပြအကြမ်းဖက်မှုတွေကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Christopher Stevens နဲ့ အမေရိကန်ဝန်ထမ်းသုံးဦး သတ်ဖြတ်ခံရပါတယ်။ ဒီနောက် ဆန္ဒပြသူတွေလည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ယီမင်မှာရှိတဲ့ အယ်ခိုင်ဒါးအဖွဲ့ ကတော့ အမေရိကန်သံရုံးတွေကို အကြမ်းဖက် တိုက်ခိုက်ကြဖို့ဆိုပြီး လှုံ့ဆော်နေပါတယ်။ ဆူဒန်မှာတော့ ကာတွန်မြို့မှာ ဆူဒန်ရဲတပ်ဖွဲ့တွေ စနေ့နေ့မှာ ကင်းလှည့် စောင့်ကြပ်နေပါတယ်။ အဲဒီမှာတော့ တနေ့က ဗြိတိန်၊ ဂျာမနီနဲ့ အမေရိကန်သံရုံးတွေ အကြမ်းဖက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ သံရုံး အကာအကွယ်ပေးဖို့ အမေရိကန်က သူ့မရိန်းတပ်သားတွေ စေလွှတ်ဖို့ မေတ္တာရပ်ခံချက်ကိုတော့ ဆူဒန်နိုင်ငံခြားရေး ၀န်ကြီးက ငြင်းပယ်ပါတယ်။
တူနီးရှားမှာတော့ အကြမ်းဖက်မှုတွေကို တူနီးရှား နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချပြီး၊ သံရုံးတွေကို အကာအကွယ် ပေးသွားမယ်လို့ ဆိုပါတယ်။ အီဂျစ်မှာတော့ ဆန္ဒပြမှုတွေဖြစ်ပြီး ရဲနဲ့အဓိကရုဏ်းကြောင့် ဆန္ဒပြသူတဦး သေဆုံးခဲ့ပါတယ်။

အာရှဒေသ နယ်မြေအငြင်းပွားမှု ကြီးထွားလာမှာ အမေရိကန် စိုးရိမ်

ဂျပန်နိုင်ငံ တိုကျိုမြို့၊ ယိုကိုတ လေတပ်စခန်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta (လယ်) ဆိုက်ရောက်လာစဉ်။

(စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)
ဗွီအိုအေ  (မြန်မာဌာန)

16.09.2012

အာရှ-ပစိဖိတ် ဒေသက နယ်မြေပိုင်နက် အငြင်းပွားမှုတွေဟာ ပဋိပက္ခတွေကို ဦးတည်ပြီး ပျံ့နှံ့လာမှာ စိုးရိမ်မိတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကပြောပါတယ်။ သီတင်းတပတ်ကြာ ဒေသတွင်း ခရီးစဉ်အစ အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ကို တနင်္ဂနွေနေ့က ရောက်မလာခင်မှာပဲ ကာကွယ်ရေး ၀န်ကြီးက သတင်းထောက်တွေကို ပြောလိုက်တာပါ။
အရှေ့တရုတ် ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေအရေးနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေကြသူ တရုတ်နိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲတွေလည်း တနင်္ဂနွေနေ့က တရုတ်နိုင်ငံ နေရာ အတော်များများမှာ ဆက်လက် ပေါ်ပေါက်နေပါတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်ရှင် တယောက်ထံကနေ ကျွန်းစုကို ၀ယ်ယူလိုက်ကြောင်း ဂျပန်နိုင်ငံက ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာပါ။ တရုတ်နိုင်ငံက Diaoyu လို့ခေါ်ပြီး ဂျပန်နိုင်ငံက Senkaku လို့ခေါ်တဲ့ လူသူမနေတဲ့ ကျွန်းတွေရှိရာ ရေပြင်ကို မကြာသေးခင်ကပဲ တရုတ်နိုင်ငံက ထောက်လှမ်းရေးသင်္ဘော ၆ စင်း စေလွှတ်လိုက်ပြီးနောက် တင်းမာမှုတွေလည်း ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးကတော့ တဘက်နဲ့တဘက် ရန်စတဲ့ အပြုအမူမျိုးတွေကို ရှောင်ကျဉ်ကြဖို့ တိုက်တွန်းခဲ့တာပါ။ ပြဿနာနဲ့ ပတ်သက်လို့လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းသွားမယ်လို့လည်း ၀န်ကြီး Panetta ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပထမ မြန်မာမွတ်စလင်မ်များ

Posted by danyawadi

 

 

၁။ စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်)

ဆရာကြီးဦးနု၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

 

  • မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွား မှတ်တမ်းရေးသူ၊
  • ကျမ်းမြတ်ကုရ်အာန်ကို အစောဆုံးမြန်မာပြန်သူ၊
  • အစ္စလာမ်ဘာသာရေးအယူအဆကို မြန်မာစာပေသို့ စတင်မိတ်ဆက်ပေးသူ၊

၂။အမရပူရမြို့ စာရေးဦးပိန် 

ကမ္ဘာကျော် ဦးပိန်တံတား(၁၈၄၉ တွင် ဆောက်လုပ်သည်။)

 

  • မြန်မာ့အရှည်ဆုံး အကြီးဆုံး သစ်သားတံတား ဦးပိန်တံတား တည်ဆောက်သူ –

၃။  အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် (၂၀ ဇန်နဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)

 

  • အမျိုးသားကောလိပ်မှ ပထမဆုံး ဝိဇ္ဇာဘွဲ့ရသူ

၎။လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ် (B.Sc., B.L)

  • ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌ (၁၉၃၆)
  • ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်၊

၅။သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်   (၂၇ ဩဂုတ် ၁၉၁၂- ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)

နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

  • ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ    (နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်)

 

၆။ကိုထွန်းစိန်

  • ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဌ

 

၇။ကာတွန်းဆရာကြီး ဦးဘကလေး(ခ) ရွှေတလေး (၉ ဖေဖော်ဝါရီ ၁၈၉၃ – ၅ ဇွန် ၁၉၄၅)

  • မြန်မာရုပ်ရှင်လောကတွင် ပထဆုံးလူရွှင်တော် ဟာသသရုပ်ဆောင်
  • ဦးရွှေရိုးအက ကို စတင်တီထွင်ခဲ့သူ၊
  • မြန်မာကာတွန်းလောက၌ ရုပ်ပြောင်ပုံတူရေးနည်း (Caricature) စတင်ခဲ့သူ၊

၈။ဒေါက်တာ ရှိတ် အဗ္ဗဒူရာမန် (ခေါ်) ဦးဘိုးသာဇံ     (၁ ဇန်နဝါရီ ၁၈၇၀ – ၂၉ ဇူလိုင် ၁၉၁၆)

L.R.C.P & L.R.C.S (Edin) L.F.P.S ( Glas)

  • တထောင့်တညပုံပြင်များကို စတင်မိတ်ဆက်ပေးခဲ့သူ

၉။ပါဋ္ဌိပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ်(B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)

  • တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ၊

၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက် (၁၉၆၁)

 

၁၁။ ပဉ္စရူပံ ဦးခ (ဖေဖော်ဝါရီ ၁၈၈၅-၁၀ စက်တင်ဘာ ၁၉၆၀)

  • မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်မှုကို အစောဆုံး စတင်သူ
  • နံရံကပ်ဆောင်ပုဒ်ကတ်ပြားများကို တီထွင် ပုံနှိပ်ထုပ်ဝေခဲ့သူ

၁၂။ ဗုံတီးဆရာ အဗ္ဗဒူလာ

  • မြန်မာ့ရုပ်ရှင်သမိုင်းတွင် အသံထွက်အပြော စတင်သူ

၁၃။ ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)  (၁၉၀၆- ၁ ဖေဖေါ်ဝါရီ ၁၉၈၂)

  • လူမှုထုးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး

၁၄။ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်နဝါရီ ၁၉၇၀)

  • မြန်မာရာဇဝင်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
  • လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ

၁၅။ ပါမောက္ခဦးအောင်ခင်   ( ၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၈၇ )

  • ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာနပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူ

၁၆။ဒေါက်တာတင်မောင် (၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)

  • ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်

၁၇။ ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက်  (ဆမ-၃၅) ( ၂၉ မေ ၁၉၀၈- ၂၂ ဇန်နဝါရီ ၂၀ဝ၄ )

  • ကျန်းမာရေးမှူးသင်တန်းကျောင်း    စတင်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်

၁၈။ ဒေါ်နီနီအေး (၂၅ မတ် ၁၉၆၄- )

  • မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်

၁၉။တက္ကသိုလ်နန္ဒမိတ်

  • အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)

၂၀။စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်

  • အမျိုးသားစာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ

 

၂၁။ စာရေးဆရာချစ်ညို(ခ) ဦးဘသိန်း (ကျားဘညိမ်း၏ညီ)

  • ကျားကစားနည်းစာအုပ်ကို ပထမဆုံးရေးခဲ့သူ

၂၃။ ကိုအောင်ထွန်း (ကျောင်းသားခေါင်းဆောင်ဟောင်း)

  • မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ

ကိုးကား
ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D. ပြုစုသော အစ္စလာမ်ဓမ္မဗိမာန် သင်ခန်းစာများစာအုပ်

MMSY သတင်းအချက်အလက်စုဆောင်းရေး အဖွဲ့မှ ရရှိသော သမိုင်းအချက်အလက်များကို စုစည်းတင်ပြသည်။

ဆီးရီးယား အစိုးရအတွက် အီရန်စစ်တပ် အကူအညီပေး

အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး Mohammad Ali Jafari အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

(စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)
ဗွီအိုအေ  (မြန်မာဌာန)

16.09.2012

အီရန်နိုင်ငံရဲ့ တော်လှန်ရေး ပြည်စောင့် အထူးတပ်က ဆီးရီးယား နိုင်ငံမှာ စစ်ဘက်နဲ့ မဆိုင်တဲ့ အကူအညီတွေကို ပေးအပ်နေတဲ့ အကြောင်း အီရန်က ပြောလိုက်ပါတယ်။ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားအပေါ် ပြင်ပက တိုက်ခိုက်မှုတွေ လုပ်လာမယ် ဆိုရင်တော့ စစ်ရေးအရ ပါဝင်ကူညီကောင်း ကူညီသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။
အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူးဖြစ်သူ Mohammad Ali Jafari ရဲ့ တနင်္ဂနွေနေ့က ပြောဆိုချက်ဟာ လူပေါင်း ထောင်ချီ သေဆုံးနေတဲ့၊ ၁၈ လကြာ အစိုးရက အတိုက်အခံတွေကို နှိမ်နင်းနေတဲ့ ဆီးရီးယားမှာ အီရန်က စစ်ရေးအရ ပတ်သက်နေတယ် ဆိုတာကို လူသိရှင်ကြား ကြေညာလိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်ခဲ့တာပါ။
ဆီးရီးယားမှာ ရောက်နေကြတဲ့ တော်လှန်ရေး ပြည်စောင့်တပ် လက်အောက်ခံ အယူအဆရေးရာ ကိစ္စတွေကို တာဝန်ယူရတဲ့ Qud တပ်ဖွဲ့ဝင်တွေဟာ ပညာရပ်ပိုင်း ဆိုင်ရာနဲ့ အကြံပေးတဲ့ အလုပ်တွေကို လုပ်နေကြတာလို့လည်း အီရန် တပ်မှူးကို ကိုးကားပြီး အီရန်နိုင်ငံက သတင်းတွေက ဖော်ပြကြပါတယ်။ ဒီတပ်ဖွဲ့ဟာဆိုရင် အီရတ် နိုင်ငံမှာ အာဏာရှင်ဟောင်း ဆဒမ်ဟူစိန် ပြုတ်ကျပြီးတဲ့နောက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့လို့လည်း စွပ်စွဲခံထားရတာပါ။
အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ ဆီးရီးယားကို လက်နက်တင်ပို့နေတဲ့ အီရန်နိုင်ငံက လေယာဉ်တွေကို အီရတ်နိုင်ငံက သူ့ရဲ့ လေပိုင်နက်ထဲ ဖြတ်သန်းခွင့် ပေးနေတယ် လို့လည်း မကြာသေးခင်ကပဲ စွပ်စွဲထားတာ ဖြစ်ပေမဲ့ အီရတ်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ကိုမင်းကိုနိုင် အမေရိကန်ခရီးစဉ် ဖျက်သိမ်း

2012-09-15

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမေရိကန်ပြည်ထောင်စု NGO အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ NED ခေါ် ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့အတွက် ဝါရှင်တန်ဒီစီ လာရောက်မယ့်ခရီးစဉ်ကို  ဖျက်သိမ်းလိုက်ပါတယ်။

RFA

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောနေစဉ်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေအားလုံး နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့အပေါ်မှာ လူအားလုံး တပြေးညီမရပဲ ခွဲခြားပြီးမှ ရနေတဲ့အတွက် အခုလို ခရီးစဉ် ဖျက်လိုက်တာလို့ ကိုမင်းကိုနိုင်က RFA ကိုပြောပါတယ်။

“ကျွန်တော် အဲဒီပေးအပ်တဲ့ အသိအမှတ်ပြုမှုကို တန်ဖိုးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ အထဲမှာတောက်လျှောက် ဒုက္ခဆင်းရဲတွေခံကြတုန်းက စိတ်အားပေးမှုက သိတ်အရေးကြီးပါတယ်။ အမေရိကန်ပြည်ထောင်စုကရော၊ လွှတ်တော်ကရော၊ အမေရိကန်ပြည်သူတွေက အားပေးတယ်။ ထောက်ခံတယ်။ ကျွန်တော်တို့ဘက်က ကြံ့ကြံ့ခံရပ်တယ်လို့ ကျွန်တော်တို့ ခံစားရတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်။ ဒီမှာမူဝါဒအရ ဘယ်လိုမှ လက်မခံနိုင်လောက်အောင် သွေးခွဲထားတာရော၊ ကျွန်တော်တို့ကို ဒုတိယတန်းစား နိုင်ငံသားတွေလို သဘောထားတာရော အဲတာကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှ အခွင့်အရေး ရှိရမယ်ဗျ။ ၂၁ ရက်ပြည့်တဲ့နေ့ကျလို့ရှိရင် ဒါတွေကို ထုတ်ယူနိုင်ပါပြီလို့ သူတို့ကိုယ်တိုင် ကြေညာထားပြီးတော့ ကျွန်တော်တို့ ဒီထောင်က ထွက်လာတဲ့ ၁၉ ယောက်ကို မပေးပဲနဲ့ ၆ လလောက်ထိ ပစ်ထားတာက ဘယ်လိုနည်းနဲ့မှ နိုင်ငံသားတိုင်း တန်းတူညီမျှမှုမရှိဘူး။ အဲတာပြောတာက ရှိသေးတယ်၊ တစ်နှစ်ဆိုင်းငံ့ထားတယ် ဆိုတာ ဘာဥပဒေလဲ။ ဘယ်လွှတ်တော်မှာ၊ ဘယ်ပြည်သူ့ ကိုယ်စားလှယ်တွေက ရေးဆွဲထားတဲ့ ဥပဒေလဲ။ ဥပဒေမဟုတ်ပဲနဲ့ ကိုယ့်စိတ်ထဲမှာ ထင်ရာ မြင်ရာတွေကို အမိန့်ထုတ်နေတာကတော့ ကျွန်တော်ဘယ်လိုမှ သဘောမတူနိုင်ဘူး။ အဲတာကြောင့် ကျွန်တော်တို့ အမှု ၆၅ နှစ် ကျခဲ့ကြတဲ့ လူတွေချင်းအတူတူ ကျန်တဲ့လူတွေကို မပေးပဲနဲ့ တစ်ဦးတစ်ယောက်ထဲရတဲ့ အခွင့်အရေးရော ကျွန်တော်မလိုချင်ဘူး။ အဲတာကြောင့် ကျွန်တော်တန်ဖိုးထားတဲ့ ကျွန်တော် ကျေးဇူးတင်တဲ့ အမေရိကန်ပြည်သူတွေက ပေးအပ်တဲ့ အသိအမှတ်ပြုမှု အဲဒီအခမ်အနားကိုတော့ ကျွန်တော်တန်ဖိုးထားသော်ငြား ကျွန်တော်တို့ရဲ့ မညီမျှမှုတွေကို လက်မခံနိုင်တဲ့အတွက် ကျွန်တော် မတက်ရောက် နိုင်တော့ဘူး။ အဲဒီအတွက်လည်း  အဲဒီအခမ်းအနား ကျင်းပတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျွန်တော် တလေးတစားနဲ့ အနူးအညွတ် တောင်းပန်ရပါလိမ့်မယ်”

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ဧပြီလကတည်းက နိုင်ငံကူးလက်မှတ်တွေ လျှောက်ထားခဲ့ပြီး အခုချိန်မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ နှစ်ဦးတည်းကိုပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်နဲ့အတူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင်နဲ့ US Campaign for Burma အဖွဲ့က ကိုအောင်ဒင်တို့ ၅ ဦးကို  မြန်မာ့ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတွေအတွက် NED အဖွဲ့က လာမယ့် စက်တင်ဘာ ၂ဝ ရက်နေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

Source: RFA Burmese at http://www.rfa.org/burmese/news/min-ko-naing-us-trip-abandon-09152012125623.html

RNDP ပါတီနှင့် ပူးပေါင်းရေး ALD ပါတီကမ်းလှမ်း

2012-09-16

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပူးပေါင်းနိုင်ရေးအတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနေ့က တရားဝင် စာရေးသား ကမ်းလှမ်းလိုက်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်အေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ အဲသည်လို ပါတီ ၂ ခု ပူးပေါင်းနိုင်ရေး ကမ်းလှမ်းတာနဲ့ ပတ်သက်ပြီး ဦးအေးကျော်က အခုလို ပြောပါတယ်။

“ပြည်သူတွေက ရခိုင်ပြည်မှာ နှစ်ပါတီ ဖြစ်တာကို မလိုလားဘူး ဆိုပြီးတော့ ပြောနေကြတဲ့အတွက် ကျွန်တော်တို့က တစ်ပါတီ ဖြစ်စေချင်တဲ့အတွက် ပေါင်းစည်းလိုတဲ့သဘောနဲ့ ကျွန်တော်တို့ ဒီလိုလုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ”

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ပူးပေါင်းနိုင်ရေးအတွက် ကမ်းလှမ်းလိုက်တဲ့ အချက်တွေထဲမှာ အမျိုးသား ညီညွတ်ရေးအတွက် ရခိုင်ပါတီအသီးသီး၊ အင်အားစု အသီးသီးကို ပေါင်းစည်းလိုတဲ့ ဆန္ဒရှိတဲ့အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးကို အမြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း ပူးပေါင်းနိုင်ရေးကိစ္စတွေ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။

Source: RFA Burmese at http://www.rfa.org/burmese/news/rndp-ald-09162012113303.html

ဦးခွန်ထွန်းဦး မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ကုလ အထွေထွေညီလာခံ တက်ရောက်မည်

2012-09-16

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမဲ့ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ် မြန်မာအစိုးရကပါဝင်ဖို့  အမည်စာရင်း ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။

RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး

ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ သမ္မတအကြံပေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို ဦးခွန်ထွန်းဦးက လက်ခံလိုက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက သံတမန်နိုင်ငံကူးလက်မှတ် ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကို အတည်ပြု ပြောပါတယ်။

ဦးခွန်ထွန်းဦးဟာ လောလောဆယ် ၀ါရှင်တန်ဒီစီမြို့တော် အခြေစိုက် NED အဖွဲ့က ချီးမြှင့်တဲ့ ဒီမိုကရေစီကြိုးပမ်းမှုဆုကို လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာ ၁၄ ရက်နေ့က ထွက်ခွာသွားပြီဖြစ်ပြီး သမ္မတ ဦးသိန်းစိန်  ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာ သွားရောက် ပူးပေါင်းနိုင်လိမ့်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် (၃) ရက်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အခုလ ၂၃ ရက်နေ့ စတင်မယ်လို့လည်း သိရပါတယ်။

Source: RFA Burmese at http://www.rfa.org/burmese/news/u-khun-tun-oo–09162012112123.html

စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ခရီးစဉ်ပြီးဆုံး

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ္ခတွေကို လေ့လာအစီရင်ခံဖို့ သမ္မတက ဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ပထမဆုံး ရခိုင်ပြည်နယ်ခရီးစဉ်ကို စက်တင်ဘာ ၁၅ ရက်နေ့က အဆုံးသတ်လိုက်ပြီဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံ တင်ပြတော့မယ်လို့ သိရပါတယ်။

ဒေါက်တာမျိုးမြင့်နဲ့ ဒေါက်တာကျော်ရင်လှိုင်တို့ ခေါင်းဆောင်တဲ့ ရခိုင်ပဋိပက္ခ္ခ္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ စက်တင်ဘာ ၇ ရက်ကနေ ၁၅ ရက်ထိ ခရီးစဉ်အတွင်း ပဋိပက္ခ္ခတွေ အဓိကဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်နဲ့ ရမ်းဗြဲ စတဲ့ မြို့နယ်တွေက ရွာတွေအထိ သွားရောက်ခဲ့တာပါ။

ခရီးစဉ်အတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး  ပဋိပက္ခဘေးဒုက္ခသည်တွေ၊ တက္ကသိုလ် ဆရာ ဆရာမတွေ၊ သံဃာတော်တွေ  မြို့မိမြို့ဖတွေ၊ အန်ဂျီအိုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ သွားချင်တဲ့နေရာတွေ၊ တွေ့ချင်တဲ့သူတွေ တော်တော်များများတော့ တွေ့ခဲ့ပါတယ်။ အချက်အလက်တွေ စုံစမ်းမေးမြန်းတာတွေကို တောက်လျှောက်လုပ်ခဲ့ပါတယ်။ ဒီကိစ္စက ကျနော်တို့ အတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီး ရေရှည်အတွက် အဖြေရှာကြရမယ့် ကိစ္စလို့ မြင်ပါတယ်။ အဖွဲ့အစည်းအသီးသီးက အမြော်အမြင် ရှိရှိနဲ့ ၀ိုင်းပြီး ဆွေးနွေးဆုံးဖြတ် ညှိနှိုင်းကြဖို့ အဓိကပါ။”

အလားတူ ကော်မရှင်အဖွဲ့ဝင် အန်ဒီအက်ဖ် ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရခိုင်ပြည်နယ်မှာ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အချိန်ကြာဦးမယ်လို့ ပြောပါတယ်။

“တော်တော်တော့ လိုသေးတယ်ဗျ။ လုပ်ကိုင်မှုတွေကို ပုံမှန်အနေအထားရောက်အောင် တည်ငြိမ်အေးချမ်းတဲ့ အနေအထားရောက်ဖို့ အရင်ဆုံး စွမ်းဆောင်ရမယ်။ သူတို့နေရာမှာလည်း သူတို့ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေမှာပဲ နေကြရတာကို။ ရောင်းဝယ်ဖောက်ကားမှုကတော့ ပုံမှန် ပြန်ရဖို့ဆိုတာကတော့ စောင့်ရဦးမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နာထားတဲ့သူတွေကလည်း နာထားကြသလို ကြောက်နေကြတဲ့ သူတွေကလည်း ကြောက်နေကြတုန်းပဲဗျ။ ဆက်များဖြစ်ဦးမလားဆိုပြီး သံသယတွေ ရှိနေတော့ ဒီအုပ်စု ၂ ခုက ပြန်ပြီး ထိတွေ့စပ်ဆက်ဖို့ဆိုတာ ခက်လိမ့်မယ်။ အဲတော့ ၁ နှစ်တန်သည်၊ ၂ နှစ်တန်သည်ကတော့ စောင့်ကြည့်ရဦးမယ်။”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ​အဓိကရုဏ်းတွေနဲ့စပ်လျဉ်းပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် အဖွဲ့ ဝင် ၂၇ ဦးပါ လွတ်လပ်တဲ့ စုံစမ်းစစ်ရေး ကော်မရှင် အဖွဲ့ကို သမ္မတဦးသိန်းစိန်က ဩဂုတ် ၁၇ ရက်က ဖွဲ့စည်းပေးလိုက်တာပါ။

ကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ သေဆုံးဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုတွေ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှု အခြေအနေတွေ၊ ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်သင့်တဲ့ အချက်တွေ၊ ကွဲပြားတဲ့ အယူရှိသူတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတွေ၊ ဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေကို စုံစမ်းစစ်ဆေးပြီး စက်တင်ဘာ ၁၇ ရက်နေ့အရောက် သမ္မတဆီ တိုက်ရိုက်အစီရင်ခံရမှာပါ။

ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေက စက်တင်ဘာ ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

Source: DVB Burmese at http://burmese.dvb.no/archives/30832

ရိုဟင်ဂျာတို့၏ ဥစ္စာပစ္စည်းကို အချောင်လိုချင်၍ သမ္မတထံတင်ပြသော ရခိုင့်သမိုင်းလိမ်စာတမ်း …

ရခိုင်သားတို့က ရိုဟင်ဂျာ ဥစ္စာပစ္စည်းကိုမတရားလိုချင်၍

သမ္မတထံရခိုင့်သမိုင်းလိမ်စာတမ်းကို တင်ပြခဲ့သည်။ ၎င်းစာ

တမ်းအပေါ်သမ္မတ ရုံးကသုံးသပ်တင်ပြခဲ့သည်မှာတရားသော

နည်း လမ်းဖြစ်သည်။ထို့ကြောင်း သမ္မတရုံးမှလွှတ်တော်သို့ပေး

ပို့သောရခိုင်ပဋိပက္ခသုံးသပ်ချက် စာတမ်းကိုနောက် မှအကြံ

ထုတ်ပြီး (မူးဇော်)မှသမ္မတသုံးသပ်ချက်မဟုတ် ဟုသက်သေခံ

ဥပဒေအရလုံဝငြင်းဆိုခွင့် မရှိပေ။ထို့ကြောင်းEstoppel နုတ်

ပိတ်ထားသည်။စာတမ်းအမှတ်အသားပေါ်တွင် ပါရှိသည့်အ

တိုင်းမှတ်ယူ ရမည်ဖြစ်သည်။စုံစမ်းရေးကော်မရှင်ကလည်း

၎င်းစာတမ်းအမှတ်အသားကို အကောင်အထည်ဖေါ်ရမည်

ဖြစ်သည်။(အဒ်မင်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အောက်ပါလင့်နှိပ်၍ဖတ်ပါ။

သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့

သောရခိုင်ပဋိပက္ခသုံးသပ်ချက် စာတမ်း

(၂) ခုတွဲဖတ်မှ သမ္မတ ရုံးစာတမ်းသုံးသပ်တာ မှန်ကန်ကြောင်းတွေ့ဆပါလိမ်မည်

http://www.facebook.com/media/set/?set=a.480125298673413.113910.178…

100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_12
100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_13
100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_14
  • 100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_15
  • 100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_16
100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_17
100790161-Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past_Page_18

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၃)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၄)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၅)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၆)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၇)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၈)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၉)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၀)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၁)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၂)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၃)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၄)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၅)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၆)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၇)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၈)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၁၉)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၀)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၁+၂၂)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၃+၂၄)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၅)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၆)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၇)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၈)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၂၉)

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းကြီး_အတွဲ (၃၀)

အာဏာရှင်ကြီး၏ အတွင်းရေးများ

ဗမာပြည်ကြီးအား သူ့ကျွန်ဘ၀မှ စစ်ကျွန်ဘ၀ရောက်အောင် ဖန်တီးခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အတွင်းရေးတွေအကြောင်း ရေးသားပြုထားတဲ့ စာတမ်းလေးပါ။ ဖတ်ကြည့်ရင် အကျိုးရှိမယ်ထင်လို့ ရှယ်ပေးလိုက်ပါတယ်။

ဗမာပြည်အကြောင်း ဒလိုင်းလားမားပြော

by FNG on September 15, 2012

dalai-lama-

Quantcast

ကွမ်းခြံကုန်းသား။      ။ ဒလိုင်းလားမားက စိတ်မကောင်းစရာကောင်းတဲ့ ဗမာပြည်အတွင်းက လူ့ အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းကို အင်မတန်မှ ကံဆိုးမိုးမှောင်ကျတာပဲ ဟု မှတ် ချက်ပြုလိုက်ပါတယ်။  ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ကိုရော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ သူဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

The Dalai Lama called reports of gross human rights violations in Burma “very unfortunate” and said he has tried to contact pro-democracy leader Aung San Suu Kyi and the Burmese government over the issue.“
ဟုတ်ပါတယ်။ ဒါဟာ ကံဆိုးမိုးမှောင်ကျတာပါ။ ဒါပေမယ့် ဘုန်းကြီးအနေနဲ့ မြန်မာအစိုးရကို ဆက်သွယ်ဘို့  ဘာနည်းလမ်းမှ မရှိပါဘူး။ ဘုန်းကြီးက ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပေမယ့်၊ ဂျပန်နိုင်ငံကလွဲလို့  ၊ဗုဒ္ဒ ဘာသာ နိုင်ငံတွေ ထဲမှာ နိုင်ငံအနည်းငယ်ကသာ ဘုန်းကြီးကို ဘုရားဖူး ခရီးထွက်ခွင့်ပေးပါတယ်” လို့  ဘုန်းတော်ကြီး ဒလိုင်းလားမားက ဗုဒ္ဒဟူးနေ့ က the Payul .com website ရဲ့ ဆောင်းပါးတစ်ခုမှာ ပြောခဲ့ ပါတယ်။“Yes, it’s very unfortunate. But no avenue of communication with the Burmese government is open to me. Although I am a Buddhist, very few Buddhist countries, apart from Japan, have given me permission to visit them on pilgrimage,” the Dalai Lama said in an article on the Payul.com website on Wednesday.

တကယ်တော့ ဘုန်းကြီး ဟာ ခရစ်ယာန်နိုင်ငံတွေ၊ ဂျော်ဒန်လို မှုစလင်နိုင်ငံတွေမှာ ဗုဒ္ဒဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာထက် ပိုပြီးတော့ လွတ်လွတ် လပ်လပ်သွားလာ ၊ ၀င်ထွက်ခွင့်ရတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာ ပြည်ရဲ့ အခြေအနေကလည်း တခြား ဗုဒ္ဒဘာသာ နိုင်ငံတွေက ဘုန်းတော်ကြီးကို ပေးတဲ့အခွင့်အရေးတွေနဲ့  သိပ်မထူးဘူးလို့  ဆရာတော်ဒလိုင်းလားမားက မိန့် ခဲ့ပါတယ်။

 

“In fact you could say I have greater freedom to visit Christian countries or even a Muslim country like Jordan, than I do to visit most Buddhist countries. The situation with Burma is the same, “ he said.

ဆရာတော်ဒလိုင်းလားမားဟာ နယူးဒေလီမှာ ရှိတဲ့ ဂျမီးယား မစ်လစ်ယား အစ္စလမ်မီးယား တက္ကသိုလ် ( the Jamia Millia Islamia University ) မှာ အကြမ်းမဖက်ရေးမှုရဲ့ အရေးပါပုံကို ဟောကြားခဲ့ပါတယ်။ မြန်မာပြည် ရဲ့ အရေးကိစ္စတွေ အတွက် ဆရာတော်ဟာ သူ့ ရဲ့  တစ်ဦးတည်းသော ဆက်သွယ်စရာ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးခဲ့ပေမယ့် အကြောင်းပြန်ကြားချက်မရခဲ့ဘူးလို့ ဆိုပါတယ်။ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်နှစ်ဦးဟာ ပထမဆုံးအကြိမ်အဖြစ် မကြာခင်က လန်ဒန်မှာ ဆုံတွေ့ ခဲ့ကြပါသေးတယ်။

 

The Dalai Lama was speaking on the importance of nonviolence at the Jamia Millia Islamia University in New Delhi. He said that he wrote to Aung San Suu Kyi, his only contact in the country, on the issue, but he has not received a response. The two Nobel Peace laureates had recently met for the first time in London.

“တလက်စတည်းပဲ၊ ဆရာတော်က ဒေလီမှာရှိတဲ့ကိုယ်တော်ရဲ့ ကိုယ်စားလှယ်ကို မြန်မာ သံရုံးကို ချဉ်းကပ်ခိုင်းခဲ့ပေ မယ့်။ ရသတ္တပတ် တော်တော် ကြာတဲ့အထိ ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့ဘူး၊ ဒီတော့ မြန်မာပြည်အရေး ကိစ္စမှာ ကိုယ်တော်လုပ်နိုင်တာ သိပ်များများမရှိဘူး ဆုတောင်းပေး ရုံပဲ တတ်နိုင်တော့တာပေါ့” လို့ ဆရာ တော်က မိန့် ပါတယ်။ တိဗက်ဘာသာရေးခေါင်းဆောင်က “ တကယ်လို့  မှုစလင်ညီအစ်ကိုမောင်နှမတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ ကိစ္စမှာ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေ ပါဝင်ပတ် သက်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုနေတာတွေ ဟာ အမှန်တကယ် ဆိုရင်တော့ ဒါဟာ လုံးဝမှားတာပေါ့” ဟု မိန့် ကြားခဲ့ပါတယ်။

“Likewise, I asked my representative in Delhi to approach the Burmese Embassy here, but after several weeks we’ve had no response. So there’s little I can do but pray,” the Tibetan spiritual leader said. “If allegations that Buddhist monks have been involved in assaulting these Muslim brothers and sisters turn out to be true, it is totally wrong, “he said.

သက်တော်(၇၇)ရှိပြီဖြစ်တဲ့ တိဗက်ခေါင်းဆောင်က ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုဟာ ပျော်ရွှင်ကျေနပ်ဘွယ် ကောင်းတဲ့ လူ့ ဘ၀ကို ရရှိဘို့ မဖြစ်မနေလိုအပ်တဲ့ အရာတွေပါ လို့ မိန့် ကြားခဲ့ပါတယ်၊လူတိုင်းမှာ ကိုယ်တော် တို့ လိုပဲ ပျော်ရွှင်စွာရှင်သန်ခွင့်ရှိတယ်ဆိုတဲ့အယူအဆထွန်းကားလာရင် ပိုမိုကောင်းမွန်လာမှာပါလို့  ဆရာတော်က ဆိုခဲ့ပါသေးတယ်။

The 77-year-old Tibetan leader said that trust and friendship were necessary to be a contented human being, which he said tends to develop “much better once we realize that all beings have a right to happiness, just as we do.”

တခြားသူတွေရဲ့ အကျိုးစီးပွားကိုဆောင်ရွက်ပေးတယ်ဆိုတာ သူတစ်ပါးကို ကူညီရုံတင်မကဘူး ကိုယ့်ကိုယ် ကိုယ်လည်း ကူညီရာရောက်ပါတယ်။ နွေးထွေးတဲ့စိတ်ထားနဲ့ တခြားသူတွေအတွက်ပူပန်ပေးတဲ့စိတ်ဆိုတာ လူ့ သဘာဝတစ်ခုပါ ပြီးတော့ဒါဟာ လူတွေရဲ့ အကောင်းလက္ခဏာဆောင်တဲ့ တန်ဘိုးတစ်ခုပါ ဟု ဆရာတော်က ပြောပါတယ်။

“Taking others’ interests into account not only helps them, it also helps us. Warm-heartedness and concern for others are a part of human nature and are at the core of positive human values,” he said.

၂၀ရာစုနှစ်ကို သွေးလွှမ်းတဲ့ခေတ်ကြီးလို့ တင်စားပြောဆိုရင်း ဒလိုင်းလားမား ထောက်ပြခဲ့တာက ပြဿနာတွေ နဲ့  အငြင်းပွားမှုအားလုံးဟာ ဆွေးနွေးညှိုနှိုင်းတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ ရကိုရ ရမယ်ဆိုတာပါပဲ။

Referring to the 20th century as an era of bloodshed, the Dalai Lama said all problems and conflicts must be resolved through peaceful ways and dialogue.

အကြမ်းမဖက်နဲ့ ဆိုတာ မတရားမှုကို ခေါင်းငုံခံခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်အခွင့်အရေးတွက်တော့ကိုယ်ကိုယ် တိုင်တိုက်ပွဲဝင်ရမှာပဲ။ မတရားမှုမှန်သမျှကိုဆန့် ကျင်ရမယ် ဒါတွေကိုဆန့် ကျင်ရာမှာ အကြမ်းဖက်တဲ့ ပုံစံကို အသုံးမပြုဘို့ လိုတယ်လို့ ဆိုလိုတာပါ။ ဆက်လက်ပြီးတော့ ဘုန်းတော်ကြီးဒလိုင်းလားမားက မဟတ္တမဂန္ဒီဟာ ယုံကြည်ချက်ခိုင်မာစွာနဲ့ အကြမ်းမဖက်နည်းလမ်းကို ကျင့်သုံးခဲ့တယ်၊ ဒါပေမယ့် ဒါဟာ မတရားသဖြင့်ရှိနေတဲ့ အခြေအနေတွေကို အလွယ်တကူ လက်သင့်ခံ ကျေနပ်နေတာမဟုတ်ဘူး၊ သူ က ဒါတွေကို တွန်းလှန်နေတာ၊ ဒါပေမယ့် သူတွန်းလှန်နေတာက ထိခိုက်နာကျင်စေမှုကို မရှိစေတဲ့နည်းလမ်းနဲ့ တွန်းလှန်နေတာပါဟု မိန့် ကြားခဲ့သည်။

“Nonviolence doesn’t mean we have to passively accept injustice. We have to fight for our rights. We have to oppose injustice, because not to do so would be a form of violence,” the Tibetan spiritual leader said. “Gandhi-ji fervently promoted nonviolence, but that didn’t mean he was complacently accepting of the status quo; he resisted, but he did so without doing harm.”

ဘ၀ဇာတ်ကြောင်းကို ဦးကျော်ဆန်း စာအုပ် ထုတ်ဝေမည်

by FNG on September 15, 2012

for-f

Quantcast

HKT ပြီးခဲ့သည့် လက ပြန်ကြား ရေး ၀န်ကြီး တာဝန်မှ ပြောင်းရွှေ့  နေရာ ချထား ခြင်း ခံရသည့် ဦးကျော်ဆန်းသည် သူ ၏ ပြန်ကြား ရေး ၀န် အတွေ့ အကြုံ ကို စာ အုပ် ထုတ်ဝေရန် စီစဉ် နေ သည် ဟု သိရသည်။ သူ၏ ပြန်လည် ပြော ကြား ချက် များ ကို စာအုပ် ထုတ်ဝေ သူ က စီစဉ် သည့် စာရေးဆရာ တစ် ယောက်  က ပြန်လည် ရေး သား မှု များ  ဖြင့် ထုတ်ဝေမည့် စာ အုပ် တွင် ဦးကျော်ဆန်း က စာရေး ဆရာ ကို ပြော ပြသည် မှာ သူ သည် ပုဂံ ခောတ် အမတ် ကြီး တစ်ပါး ဖြစ်သည့် အနန္တသူရိယ အမတ် လို  ဖြစ်ကြောင်း ၊ အမတ် ကြီး ၏ မျက်ဖြေ လင်္ကာ ဖြစ် သည့်

သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ ဓမ္မတာတည်း။

အစချီ သော ကဗျာ မှာ

သူ့  အတွက် ရည် ရွယ် ပြီး ရေးဖွဲ့  စပ် ဆို သွား သလား ပင် ထင်ရသည် ဟု ပြောသည်။

ဦးကျော်ဆန်း ၏ စာအုပ် တွင် မြန်မာ အစိုးရ ပြန်ကြား ရေး ၀န်ကြီးဌာ ၏ လုပ်ငန်းများ အကြောင်း ၊ အစိုးရ အတွင်း ရေး များ နှင့် ဗိုလ်ချုပ် ၊ ဗိုလ် ချုပ် ကြီး များ သာမ က ၎င်း တို့  ၏ ကတော်များ က ပါ MRTV မြန်မာ့ ရုပ် သံ ထုတ်လွှင့် မှု တွင် ပါရှိ ရန် ကြိုး စား ကြ ပုံ များ ၊ ရုပ်သံ နှင့် သတင်း စာ တွင် စာမျက် နှာ နှင့် တည်းဖြတ် သတင်း ထုတ် လွှင့် မှု အခက် အခဲ များ ကြောင့် မပါ ရှိ ခဲ့ လျှင် အကောက်ကြံ အညှိုးထား ပုံ များ ကို ဖတ် ရှု ရမည် ဖြစ်သည်။

အစိုးရ နှစ် ဆက် တွင် အရေး ပါသည့် ၀န်ကြီး တာဝန် ကို ဆယ်စုနှစ် တစ်စု ကျော်ကြာ ထမ်းဆောင် လာသည့် ဦးကျော်ဆန်း သည် ၂၀၀၄ ခုနှစ်က  ထောက် လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ် ကြီး ခင်ညွန့်  ကို ရာထူး မှ ဖယ်ရှား စဉ် က အကြောင်း များ လည်း ပါဝင် မည် ဟု သိရသည်။

စာအုပ် ထုတ်ဝေ သူ က ဦးကျော်ဆန်း ၏ ဘ၀ အတွေ အကြုံ စာ အုပ် ကို ရောင်း ဈေး အနည်းဆုံး ကျပ် တစ်သောင်း ခန့်  ဖြင့် ရောင်းချ မည် ဟု ဆိုသည်။

စိတ် ၀င်စား ဖွယ် ဖြစ် သည့် လက်ရှိ ၀န်ကြီး တစ်ပါး ၏ စာအုပ် ထုတ်ဝေ မှု တွင် ပြည်ပ မီဒီယာများ အကြောင်း ၊ ပြည်ပ မီဒီယာ များ မှ သူ နှင့် တွေ့ ဆုံ ခဲ့ သည့် ပုဂ္ဂိုလ်များ ၊ သူ့  ကို ချဉ်းကပ် ခဲ့ သည့် ပုဂ္ဂိုလ် များ အကြောင်း လည်း ပါဝင်မည် ဖြစ်သည်။

ဦးကျော်ဆန်းသည် သတင်းစာ ဆရာ ကြီး ကြေးမုံ ဦးသောင်း ရေးသား ခဲ့ သမျှ ကို အကုန် ဖတ်ရှု ပြီး သူ ၏ စာ အုပ် များ  ကို နိုင်ငံခြား မှ မှာယူ ၀ယ်ယူ သိမ်းဆည်း ထား မှု လည်း  ပြု သည် ဟု ဆိုသည်။

Source: http://freedomnewsgroup.com/2012/09/15/kyaw-san/

ဦးနေ၀င်း သမီးပိုင် န၀ရတ် ဟိုတယ် ပြန်ဖွင့်မည်

by FNG on September 9, 2012

0shwe1

HKT ရန်ကုန်မြို့  အင်းစိန် လမ်းမ အမှတ် ၂၅၇ တွင် ရှိသည့် န၀ရတ် ဟိုတယ် ကို အကြီးစား ပြင် ဆင်မှု များ ပြု လုပ် နေ ပြီး မကြာခင် ပြန်လည် ဖွင့်လှစ်တော့ မည် ဟု FNG မှ သတင်း ရရှိ သည်။

န၀ရတ် ဟိုတယ် ကို မူလ ပိုင်ရှင် ဖြစ်သည့်အာဏာရှင်ဟောင်း ဦးနေ၀င်း ၏ သမီး ဖြစ်သူ ဒေါ် စန္ဒ၀င်း နှင့် သူ၏ မိသားစု က ပင် ဆက်လက် စီမံ ခန့် ခွဲ မည် ဟု သိရသည်။

န၀ရတ် ဟိုတယ် ကို ၁၉၉၄ ခုနှစ် တွင် ဖွင့် လှစ် ခဲ့ ပြီး ၂၀၀၂ ခုနှစ် ဆန်း ပိုင်း တွင် ဦးနေ၀င်း နှင့် မိသား စုများ ကို မြန်မာ အစိုးရ က နေ အိမ် အကျယ် ချုပ် ချ ပြီး နောက် လုပ်ငန်း စီမံ ခန့် ခွဲ မှု များ ရပ် ဆိုင်း သွား ခဲ့ သည်။

ယခင် ဖွင့်လှစ် ခဲ့ သည့် န၀ရတ် ဟို တယ် တွင် ညကလပ် တစ်ခု နှင့် ရေကူးကန် များ လည်း ပါဝင် ခဲ့ ပြီး လူကုံထံ အသိုင်း အ၀ိုင်း မှ လူငယ် များ မှာ  ထို ဟိုတယ် ၏ ညကလပ် တွင် လွတ် လပ် စွာ ပျော် ပါး နိုင်ကြ သည်။

န၀ရတ် ဟိုတယ် ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ခရီးသွား ရာ သီ အမှီ ဖွင့်လှစ် မည် ဖြစ် ပြီး ဒေသတွင်း သတင်း စာများ ဖြစ်သည့် ဘန်ကောက် ပို့  စ် ၊ စင်္ကာ ပူ စထရိတ် တိုင်း(မ) တို့  တွင် ပင် ဟိုတယ် ကို ပြန်ကြော် ငြာ မည် ဟု ဆိုသည်။

န၀ရတ် ဟို တယ် သည် ၁၉၉၄ ခုနှစ် က ဖွင့် လှစ် စဉ် က တည်း က ခရက်ဒစ် ကဒ် ၀န်ဆောင် မှု ဖြင့် ငွေ ပေး ချေ နိုင် ပြီး ဟိုတယ် ၏ အင်တာ နက် ဒို မိန်း ကို လည်း Yapri တွင် ထား ရှိ ကာ အွန်လိုင်း မှ အခန်း မှာ ကြား နိုင် သည်။

ဒေါ်စန္ဒ၀င်း သည် ဦးနေ၀င်း နှင့် အတူ နေ အိမ် အကျယ် ချုပ် ကျ ခံ ရ ပြီး နောက် ၂၀၀၈ ခုနှစ် ဒီဇင် ဘာ လ တွင် ပြန် လည် လွတ်မြောက် လာ ပြီး သူ ၏ သား ဖြစ်သူ မှာ ယခု နှစ် ဇန်န၀ါ ရီလ တွင် လွတ် မြောက်လာခဲ့ သည်။

န၀ရတ် ဟိုတယ် ပြန်လည် ဖွင့် လှစ် မည့် သတင်း နှင့် ပတ် သက် ပြီး ရန်ကုန် မြို့  ရှိ ဟိုတယ် လုပ် ငန်း ရှင် တစ်ဦးက ” နိုင်ငံခြား ခရီးသွား များ ၀င်ရောက် မှု များ လာ သော ကြောင့် န၀ရတ် ဟိုတယ် အနေ ဖြင့် ယခင် မိတ်ဟောင်း ၊ မိတ်သစ် များ ရ နိုင် သည် ” ဟု သုံးသပ် ပြောကြား သည်။

န၀ရတ် ဟိုတယ် ကို ဧပြီ လ ကတည်း က ပြန်လည် ပြင်ဆင် နေရာ ပြင် ဆင် မှု ၏ ၇၀ ရာ နှုန်း ကျော် ပြီး စီး သွား ပြီ ဟု သိရသည်။

ဟိုတယ် ၏ မန်နေဂျာ ကို လည်း သြစတေးလျှ လူ မျိုး တစ်ဦး ထား  ရှိ မည် ဟု သတင်း ထွက် ပေါ် နေ သည်။

ဒေါ်စန္ဒာဝင်း ၏ အဖေ ဦး နေ၀င်း သည် အရှေ့ တောင် အာရှ တွင် အချမ်းသာ ဆုံး နိုင်ငံ ဖြစ်သည့် မြန်မာ နိုင်ငံ ကို အဆင်း ရဲ ဖြစ်အောင် လုပ် သွား ခဲ့ သည့် တစ်ပါတီ အာဏာရှင် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။

Source: http://freedomnewsgroup.com/2012/09/09/nawarat-hotel-reopen/

စစ်အာဏာရှင်ကြီး ဦးနေ၀င်း+ဦးစန်းယု+ဦးစိန်လွင်+ဒေါက်တာမောင်မောင်

               အာဏာရှင်ကြီး ဦးနေ၀င်း+ဦးစန်းယု+ဦးစိန်လွင်+ဒေါက်တာမောင်မောင်
စစ်အာဏာရှင်ကြီး ဦးနေ၀င်း၏ စတုတ္ထအကြိမ် လက်ထပ်ပွဲ
၁၉၆၂ခုနှစ်  မတ်လ ၂ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်အဖြစ် နာမည် ကျော်ကြားခဲ့သော  တော်လှန်ရေး ကောင်စီခေါင်းဆောင်ကြီး ဦးနေ၀င်း ၄င်းလက်ထက်တွင်  နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက် ၏ သားသေနတ်နှင့် ပစ်သတ်ခံရခြင်း ၊  ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခြင်း မြန်မာနိုင်ငံ သမိုင်းတွင်  ကျောင်းသားရာကျော်ကို ပစ်သတ်ခဲ့ခြင်း ၊ ကျောင်းသားများကို  တောထဲသို့မောင်းထုတ်ခြင်း အထူးအားဖြင့် ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ် ကျောင်း သားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။
ထိုနေ့ညနေ  ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့်  ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု  ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမှ  ကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရ  ပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့သည့်  ခေါင်းဆောင်ကြီး ဖြစ်သည် ။
ဤခေါင်းဆောင်သည်  ပညာဘယ်၍ ဘယ်မျှပညာတတ်ခဲ့သည်ဟု အမှတ်အသားမရှိခဲ့သော် ငြားလည်း မင်္ဂလာ  ဆောင်ခြင်းကိစ္စကိုတော့ မကြာမကြာပြုလုပ်သည်ဟု သတင်းစာ ဟောင်းများ တွင်  ဖတ်ရူရပါသည် ၊ အိမ်ထောင် ငါးဆက်ကျခဲ့သည်ဟု မှတ်သားရပြီး  ပထမဆုံးအိမ်ထောင်မှာ ဒေါ်တင်တင်နှင့်  အိမ်ထောင်ကျ ခဲ့ပြီး ဦးငွေစိုးကို ဖွားမြင်ခဲ့ပါသည် ၊ ဒုတိယအကြိမ်  ဒေါ်ခင်မေ သန်းနှင့် အိမ်ထောင်ကျပြီး ဒေါ်ကြေးမုံဝင်း ဒေါ်စန္ဒာဝင်းတို့ကို  မွေးဖွားခဲ့ပြီး ၊ ၄င်းသည် ၁၉၇၂ခု နှစ်တွင် ကွယ်လွန်သဖြင့် မိန်းမမရှိလျှင်  မနေနိုင်သော ခေါင်းဆောင်ကြီးသည် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပြန်သည်၊  ထို့နောက် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မိမယ်နှင့်  အိမ်ထောင်ပြုခဲ့ပြီးနောက်ဆုံးတွင် ဒေါ်နီနီမြင့်နှင့်  ပြန်လည်အိမ်ထောင်ပြုခဲ့ပြန်ပါသည်။
ခေါင်းဆောင်ကြီး ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ကွယ်လွန်ခဲ့သည်။
ကွယ်လွန်ချိန်တွင်  အသက်(၉၂)နှစ် ဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို  မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ  ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။  ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ်  တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)သည် သူ၏ဈာပနကို  တပ်မ တော်စစ် သချိုင်္င်း(မင်္ဂ လာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း  မရရှိခဲ့ပေ။
အဆိုးဝါးဆုံးမှာ  အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို  ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ဤသည်ကား  အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်း ၏ ဘ၀တစိတ်တဒေသတည်း။
၎င်းလက်ထက်  လုပ်ဆောင်ချက်တချို့မှာ  ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ကိုအောင်မြင်ခြင်း၊  ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊ ဆိုရှယ်လစ်စနစ်  ကိုထူထောင်ခြင်း  ၊ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊  မဟာဝိဇယစေတီတော် ကိုတည်ဆောက်ခြင်း၊  နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကိုတရားမ၀င်ငွေကြေးအဖြစ်အကြိမ်ကြိမ်ကြေငြာခဲ့ခြင်းတို့  ဖြစ်သည် ။
ဦးစန်းယု
ဦးစန်းယုသည်  ဦးနေ၀င်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊  နိုဝင် ဘာ လ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ  တာဝန်ထမ်းဆောင်ခဲ့သည်။ ထူးခြားသည့် ပညာအရေချင်းနှင့် လုပ်ဆောင်ချက်ကို  တစုံတရာမှတ်သားထားသော စာအုပ်စာတမ်းများကို မဖတ်ရှုခဲ့ရဖူးပါ။
ဦးစိန်လွင်
မြန်မာပြည်သမိုင်းတွင်  ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ် သည်။ ဦးစန်းယု  နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ   ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။
၁၉၈၈  ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ  အဖြစ် တာဝန်ပေးခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ  သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန်  တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း  တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန်  ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ  လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင်  (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။
ထိုသို့  ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ  ရမ်းကား သတ်ဖြတ်မှုများကြောင့် “ရန်ကုန်မှ သားသတ်သမား” ဟု ကမ္ဘာက အမည်  ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင်  အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊  ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။  အရေးခင်းကာလအတွင်း သူ၏နာမည်ကျော် စကားတချို့မှာ “ဓာတ်တိုင်နှင့်  ခွေးသာကျန်ပါစေ ၊ အကုန်ပစ်သတ် ”ဟူ၏။
၂၀၀၂  ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် ဘိုနေ၀င်း အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက်  မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ  ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့်  ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင်  ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင်  ရန်ကုန်မြို့၌ သေဆုံးသည်။
ဦးအေးကို
ဦးအေးကိုသည်  ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ  သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ  ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည် ၊ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု  မှတ်သားခဲ့ဘူး ပါသည်။၎င်းသည် ပြည်ဦးလွင် စစ်တက္ကသိုလ်၏ ဆရာတဦးဖြစ်သည်ဟု သိရပါသည်။
ဒေါက်တာမောင်မောင်
ဒေါက်တာမောင်မောင်သည်  ဦးအေးကိုနောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ  ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာ ၀န်ထမ်းဆောင်လိုက်ရသူ  ဖြစ်သည်။
စက်တင်ဘာလ  ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်၏ မိန့်ခွန်းတချို့မှာ “ကောင်စီများ၊  ဝန်ထမ်းများနဲ့ ပြည်သူ့ရဲများက ယိုယွင်း ပျက်စီးနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး  ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့  ကာကွယ်ရေး အင်အားစုများကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ  အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။  အင်အားသုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း  ပြေးထားကြပါ” ဟူ၍ မိန့်ခွန်း ပြောကြားခဲ့သည်။
ဒေါက်တာမောင်မောင်ကို  ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဖ အထက်တန်း ရှေ့နေ ဦးဆင့်၊ အမိ  ဒေါ်အေးတင်တို့က မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက်  ရှိသည့်အနက် တတိယမြောက် တဦးတည်သောသား ဖြစ်သည်။
ငယ်စဉ်က  မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ်တွင်  မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး၊ မန္တလေး  ဥပစာကောလိပ် သိပ္ပံတန်းသို့ တက်ရောက် ပညာ သင်ကြားသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့  ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ထောက်ပံ့ရေးတပ်သို့ ဝင်ရောက် အမှုထမ်းသည်။
တပ်ကြပ်အဆင့်  ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ်  ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး  စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန်  ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော်  တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။
ဒေါက်တာမောင်မောင်သည်  ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်  တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၆ ခုနှစ်မှ စ၍  ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ  ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေး ဌာန၊ နယူတိုင်းအော့ဖ် ဘားမား သတင်းစာ အယ်ဒီတာ  အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ  အထိ မြန်မာနိုင်ငံ မီးရထားဌာန လက်ထောက် အတွင်းဝန် အဖြစ် လည်းကောင်း  တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဒေါက်တာ  မောင်မောင်သည် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌  ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ ပြန်ကြားရေး ပညာများကို လေ့လာ ဆည်းပူးသည်။  ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည် ဆိုင်ရာ  ဥပဒေ ဒီပလိုမာ ရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့ LINCON’S Inn မှ  Barrister-at-Lawဝတ်လုံ အဖြစ် ခံယူသည်။ ၁၉၅၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ  UTRECHT တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L.L.D.  (Doctor of Law) ဘွဲ့ရရှိသည်။
ဒေါက်တာ  မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉  ခုနှစ်တွင် လက်ထောက် ရှေ့နေချုပ်၊ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက တာဝန်များ  ထမ်းဆောင်သည်။ ၁၉၆၀ ပြည်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အမေရိကန်နိုင်ငံ YALE  တက္ကသိုလ်၌ ကထိက အဖြစ် စာပေပို့ချ ကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည်  ဆိုင်ရာ ဥပဒေဘာသာရပ် အတွက် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။
ဒုတိယအကြိမ်  စစ်တပ် အာဏာသိမ်း အဖွဲ့ဖြစ်သည့် တော်လှန်ရေး ကောင်စီ လက်ထက်တွင်  ဒေါက်တာမောင်မောင်သည် တရားရုံးချုပ် တရားသူကြီး အဖြစ် တာဝန် ပေးအပ်ခြင်း  ခံရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမြုတေ ပါတီ ကာလတွင်  ပညာရေးရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ ပထမအကြိမ်  ပါတီ ညီလာခံတွင် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်  တင်မြှောက်ခြင်း ခံရသည်။
၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇  ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး  ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး  ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး  အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဒေါက်တာမောင်မောင်သည်  မဆလ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း  မဆလ သက်တမ်းတလျှောက် တာဝန် ထမ်းဆေင်ခဲ့သည်။၁၉၇၈ ခုနှစ်တွင် ဥပဒေ ကော်မရှင်  ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ မှသည်  နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတ အဖြစ်ပါ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။
ဒေါက်တာမောင်မောင်သည်  မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့်  နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ၁၉၇၅  ခုနှစ်တွင် လည်းကောင်း၊ မဆလ ပါတီက ပေးအပ်ခဲ့သည့် တာဝန်များကို ကြိုးပမ်း  ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)  ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။
ဒေါက်တာမောင်မောင်သည်  ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန်အမတ် ဦးသန်းတင်၊  ဒေါ်ကျင်မြတို့၏ သမီး ဒေါ်ခင်မြင့်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ခုနှစ်ဦး  ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင်  ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊  သမီးလေးဦး၊ မြေး ၁၀ ဦးကျန်ရစ်သည်။
ဒေါက်တာမောင်မောင်ရေးသားခဲ့သည့် စာအုပ်များ
သွေးနီ  ၁၉၄၆၊သက်ရှိရာဇဝင် ၁၉၅၆၊တို့ပြည်ထောင်စု မြန်မာနိုင်ငံ  ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၅၉၊နိုင်ငံ တော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော  ၁၉၆၅၊မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၉၊ သားမောင်  စစ်သည်သို့ ၁၉၇၂၊တရားဥပဒေ အထွေထွေ ဗဟုသုတ  ၁၉၇၄၊ပြည်သူ့ဝန်ထမ်းသားသမီးများသို့ ၁၉၈၇The Forgotten Army ၁၉၄၆Burma’s  Teething Time ၁၉၄၉London Diary ၁၉၅၂Grim War Against KMT ၁၉၅၃Burma in the  Family of Nations ၁၉၅၆Burma’s Constitution ၁၉၅၉A Trial in Burma  ၁၉၆၂Aung San of Burma ၁၉၆၂Law and Custom in Burma And The Burmese Family  ၁၉၆၃Burma and General New Win ၁၉၆၉To A Soldier Son ၁၉၇၄ တို့ဖြစ်သည်  ဒေါက်တာမောင်မောင်ကို လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများက ပညာတတ်မပီသသော  ခေါင်းဆောင် ၊ ပညာတတ်ပါလျှက် ပညာကို အဘိုးအနားစားဖြင့် တန်ကြေးဖြတ်သူအဖြစ်  နာမည်ပျက်ဖြင့် ခေါင်းဆောင် လုပ်သူ ၊ ပညာ ကိုအသုံးမချဘဲ ၊  မသူတော်ကိုဆရာတင်သူ စသဖြင့် စသဖြင့် နိုင်ငံတော်သမ္မတကြီး  ဒေါက်တာမောင်မောင်ကို ထိုခေတ်ထိုအခါက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ  တီးတိုးတီး တိုး သဖန်းအထိုး ခံခဲ့ရသော ခေါင်းဆောင်တဦးဖြစ်ပါသည် ။
 

ဗိုလ်ချုပ်ကြီးစောမောင်
ဗိုလ်ချုပ်မှူးကြီး  စောမောင်သည်  ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော  တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်မှ ၁၉၉၂-ခုနှစ်၊  ဧပြီလ ၂၃-ရက်နေ့အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင်  ကျန်းမာရေးအရ ရုတ်တရက် အနား ယူခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးစောမောင်  သည် နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင် ထံမှ အာဏာသိမ်း ခဲ့သော  တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ဗုဒ္ဒဘာသာကို  အသက်နှင့် ထပ်တူယုံကြည်သက်ဝင်သူဖြစ်သောကြောင့် သူ၏ လက်ထက်တွင် သူ၏အ  မိန့်ဖြင့်ပြုလုပ်ခဲ့ရသော ဗုဒ္ဒသာသနာတော် သန့်ရှင်းရေး လုပ်ငန်းအတွက်  ကြီးစွာသော စိတ်သော ကဝေဒနာ ကိုခံ စားခဲ့ရသည်။
(ဗုဒ္ဓသာသနာတော်  သန့်ရှင်းရေးဟူသည် ၀ိနည်းဓမ္မကံနှင့် မလျှော်သော ရဟန်းတော်များနှင့်  သာသနာတော်ဆိုင်ရာ ပုဂ္ဂိုလ်များကို သန့်ရှင်းရေးလုပ်ပြီး ထောင်အတွင်း  အကျဉ်းချခြင်းကို ဆိုလို သည် ၊ ထိုခေတ်ထိုအခါက  ရဟန်းပညာရှိတော်တော်များများနှင့် ၀ိနည်းလေးစားတော်မူသော ရဟန်းတော်များလဲ  ထိုထိုဥပဒေတို့ဖြင့် ထောင်သွင်းအကျဉ်းချခြင်း ခံရသည်ဟူ၏။)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်  ၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီ ၂-ရက်၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြင်းစုကျေးရွာတွင် မွေးဖွားသည်။ စာတိုက်ဌာနတွင်  အလုပ်စ တင်ခဲ့၍ အသက် ၂ဝ တွင် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်အတန်ကြာ  စိတ်ဓာတ်စစ် ဆင်ရေး ဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၄င်းအချိန်တွင် အစိုးရ၏  စစ်တပ်သည် ကရင်သောင်း ကျန်းသူများအား တိုက်ခိုက် နေသည့်ကာလ ဖြစ်သည်။
၁၉၆ဝ  ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့် ခြင်းခံရသည်။  ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူး ကြီး  ဖြစ်ခဲပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင်  အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်ခဲ့သည်။ ၁၉၈၅-ခုနှစ်တွင်  ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ပြီး  ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ အာဏာရစစ်အစိုးရ၏ ဗဟိုအလုပ်  အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။
၁၉၈၈  ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့်  ဖွဲ့စည်း တည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏  အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ထိုအချိန်က  အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ညာလက်ရုံး ဖြစ်ခဲ့သည်။  ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး  စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက  နဝတ၏ ဥက္ကဌ၊ နိုင်ငံ့အကြီးအကဲ၊ ကာကွယ်ရေးဌာန၏ အတွင်းရေးမှူး နှင့် တပ်မတော်  ကာကွယ် ရေးဦးစီး ချုပ်အဖြစ် အစားထိုး နေရာယူခဲ့ပြီး ယနေ့တိုင်  မြန်မာနိုင်ငံတော်အား ထီးနန်းစိုးအုပ် မင်းလုပ်တော် မူသည်။
အထက်ပါအကြောင်း  အရာအားလုံးသည်၊ မြန်မာ့ရေ မြန်မာ့မြေပေါ်တွင် အမှန်တကယ်ဖြစ်ပျက် ခဲ့ သော  ကိစ္စများသာ ဖြစ်ပါသည် ၊ သမိုင်းမှန် ကွယ်ရိုးမရှိ ဆိုသကဲ့သို့ မည်သို့ပင်  နှစ်ပရိစ္ဆေဒ ကြာမြင့် ခဲ့သည်ဖြစ်စေ တိမ်ကောပပျောက် ရိုးထုံးစံမရှိပါ ၊  နိုင်ငံရှိလျှင် လူမျိုးရှိစမြဲ လူမျိုးရှိလျှင် ဒီ ကိစ္စတွေကို တဆင့်စကား  တဆင့်နားဖြင့်သော်၎င်း ၊ စာအုပ်ဖက်ရှု၍၄င်း၊ တနည်းနည်းဖြင့် သိကြမှာ  မဟုတ်ပါလားခင်မျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ကြောင်းငွေလမင်းတို့က  ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။

စက်တင်ဘာလ၂၂ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ် စတင်ရောင်းချမည်

Sunday, 16 September 2012 23:28

ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များကို စက်တင်ဘာ တတိယပတ်အတွင်း စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်များနှင့် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူတစ်ဦးက ”အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ တစ်ခုတည်းက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ် တိုင်းမှာ ထုတ်တဲ့ကုမ္ပဏီအမှတ်အသား ပါမှာပါ”ဟု ပြောကြားသည်။

ကျပ် ၅၀၀၀ တန် ကြိုတင်ငွေ ဖြည့်ကတ်များ၏ အရောင်မှာ CDMA 800 mhz သည် ခဲရောင်ဖြစ်၍ 450 mhz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း သိရသည်။

Source: http://www.news-eleven.com/index.php?option=com_content&view=article&id=15517:2012-09-16-17-00-09&catid=42:2009-11-10-07-36-59&Itemid=112

နာမည်ကျော် သတင်းစာဆရာ ဘာတေးလစ်တနာ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်အတွက် ခက်ခဲနေဟုဆို

Sunday, 16 September 2012 14:07

၁၉၈၆ ခုနှစ်က ဘာတေးလစ်တနာကို KIO ဥက္ကဋ္ဌ
ဘရန်ဆိုင်းနှင့် အတူ တွေ့ရစဉ်

ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်နိုင်ငံသား နာမည်ကျော် သတင်းစာ ဆရာဘာတေးလစ်တနာသည် မြန်မာ နိုင်ငံပြည်ဝင်ခွင့်အတွက် ခက်ခဲမှုများ ရှိနေကြောင်း Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ ဘာတေးလစ်တနာမှာ ၁၉၈၅ခုနှစ် အချိန်ကပင် မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး မကြာသေးမီအချိန်က အစိုးရမှ ပယ်ဖျက်ပေးလိုက်သော အမည်ပျက်စာရင်းဝင် သတင်းစာဆရာ တစ်ဦးလည်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံကို လာရောက်နိုင်ဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ အကြိမ်ကြိမ် ပယ်ချခံရတာချည်းပါပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့ က ကျွန်တော့်နာမည်ကို သူတို့သတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးပြီးတဲ့နောက် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် ပြည်ဝင်ခွင့်အတွက် ထပ်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ကျွန်တော့်လျှောက်လွှာကို လက်မှတ်ထိုးပေးမယ့်သူ အခုချိန် အထိ ပေါ်မလာသေးပါဘူး။ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ရဖို့ ဆက်ပြီး ကြိုးစားနေရတုန်းပါပဲ”ဟု ဘာတေးလစ်တနာက  ပြောပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘာတေးလစ်တနာ ရေးသားခဲ့သော စာအုပ်အချို့မှာThe Rise and Fall of the Communist Party of Burma (CPB) စာအုပ်၊ Outrage: Burma’s Struggle for Democracy စာအုပ်၊ The Kachin: Lords of Burma’s Northern Frontier စာအုပ်၊ Land of Jade: A Journey from India through Northern Burma to China   စာအုပ်၊ Merchants of Madness: The Methamphetamine Explosion in the Golden Triangle စာအုပ်တို့ ဖြစ်ကြပါသည်။

လက်ရှိအချိန်တွင် Wall Street Journal နှင့် Asia Times အစရှိသည်တို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိနေပါသည်။ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Great Game East – India, China and the struggle for Asia’s most volatile frontier စာအုပ်ဖြစ်ပါသည်။

Source: http://www.news-eleven.com/index.php?option=com_content&view=article&id=15511:2012-09-16-07-39-13&catid=42:2009-11-10-07-36-59&Itemid=112

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက် ညပိုင်းက စတင်ထွက်ခွာ

Sunday, 16 September 2012 20:58


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်သည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဖြိုးဇေယျာသော်(လွှတ်တော်ရေးရာကိုယ် ရေးအရာရှိ)၊ ဒေါက်တာတင်မာ အောင် (ကိုယ်ရေးအရာရှိ) နှင့် ကိုဇော်မင်းဦး (အဖွဲ့ချုပ်လက် ထောက်လူငယ်)တို့ သုံးဦးလိုက်ပါ သွားကြောင်းသိရသည်။

အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် Asia Society Global Vision Award ဆုကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရယူသွားမည်ဖြစ်သည်။ အောက်တိုဘာလ ၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ပြန်လည် ထွက်ခွာလာမည်ဖြစ်ပြီး အောက်တို ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တွင် ထည့်သွင်းရေးဆွဲထားမှု မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များအရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက်က ၆ ရက်ကြာသွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

Source: http://www.news-eleven.com/index.php?option=com_content&view=article&id=15516:2012-09-16-14-34-30&catid=42:2009-11-10-07-36-59&Itemid=112

 

 

ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ

ဦးပုကလေးရေးသားခဲ့တဲ့ ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့စာအုပ်ကို ဗိုလ်ချုပ်ကို ချစ်မြတ်နိုးတဲ့၊ လေးစားတဲ့ စာရှုသူတွေအားလုံး ဖတ်ရှုလို့ရအောင် ရှယ်ပေးလိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဥပဒေ-ပထမတွဲ-အိမ်ထောင်ခဏ်း

ဆရာကြီး ဦးထွန်းမြိုင် (B.A, B.L) ရေးသားပြုစုခဲ့တဲ့ မြန်မာဗုဒ္ဓဘာသာဥပဒေ-ပထမတွဲ-အိမ်ထောင်ခဏ်းကို ပြန်လည် ရှယ်ပေးလိုက်ပါတယ်။ ဒီစာအုပ်ကို 1925 ခုနှစ်က ရန်ကုန်မှာ ထုတ်ဝေခဲ့တာပါ။