Archive | September 29, 2012

A Forum on Public Service Broadcasting

မြန်မာ့ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ပိုမိုးတိုးတက်ကောင်းမွန်ပြီး၊ ပြည်သူတွေအတွက် အကျိုးပြုမဲ့ ရုပ်မြင်သံကြားဖြစ်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်အောင် ရည်ရွယ်ပြီး၊ ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီ၊ ပြန်ကြားရေးဌာနနဲ့ ဆွီဒင်ရေဒီယိုဌာနတို့ ပူးပေါင်းကာ A Forum on Public Service Broadcasting ပြည်သူ့အကျိုးပြုအသံလွှင့်လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။

 

Source: Irrawaddy

We Miss You 101!

တော်လှန်ရေး ရဲဘော်ဟောင်း ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်(အသက် ၉၃ နှစ်)သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ သာကေတ နေအိမ်တွင် ကွယ်လွန်သွားသည်။ ၎င်းသည် မဟာမိတ် အမေရိကန် လေထီးတပ်ရင်း(၁၀၁) နှင့် ဆက်သွယ်ခဲ့၍ ၀မ်းအိုဝမ်း အမည် တွင်ခဲ့ပြီး ဂျပန်တော်လှန်းရေးတွင် ပါဝင်ခဲ့သူ၊ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)ရဲဘော်၊ လေယာဉ်ပစ် အမြောက် တပ်သား၊

၁၉၄၄ ခုနှစ်က မင်္ဂလာဒုံ ဗိုလ် သင်တန်း တတိယပတ် တက်ရောက်ခဲ့သူ ၊ ဗမာပြည် ကွန်မြူနစ်ပါတီ(အလံနီ) ရဲဘော် ဟောင်း တဦး ဖြစ်သည်။ နောက်ပိုင်း တွင် ၀မ်းအိုဝမ်း ကျော်ဝင်းမောင် အမည်ဖြင့် စာများ ရေးသားခဲ့ရာ “ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး”၊ “ဆရာကြီး ဦးရာဇတ် အတ္ထုပ္ပတ္တိ”စာအုပ်များမှာ ထင်ရှားသည်။

ဆရာကြီးရဲ့ ဈာပနာအခမ်းအနား ဗီဒီယိုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၂၃-၉-၂၀၁၂) ည(၁၀း၄၅)တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်…..
  • လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်
  • နိုင်ငံ့ ဂုဏ်ရည်ဘွဲ.ဒုတိယဆင့်
  • ဂျပန်ခေတ်မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း
  • သက်ကြီးကန်တော့ခံ စာပေပညာရှင်
ဆရာကြီး ၀မ်းအိုဝမ်း ဥိးကျော်ဝင်းမောင် အသက် (၉၄)နှစ်လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့်၊ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသုလ် တတိယပတ် ဗိုလ်သင်တန်းဆင်းသည် မနေ့ည (၂၃-၉-၂၀၁၂) ည (၁၀း၄၅) အချိန်တွင် အလ္လာ့ဟ်အရှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့် ယနေ့ (၂၄-၉-၂၀၁၂)၊ နေ့လည် ၃ နာရီ (ခန့်မှန်းအချိန်) တွင်သံလျင် ဒရဂါ ကဘရ်စတာန်တွင် ဒဖွနာမည်ဖြစ်ပါကြောင်း။
အခု ပုံမှာ လွန်ခဲ့သော ၈ လခန့်၊ (၂၀-၁-၂၀၁၂) မန္တလေးမြို့တွင်ကျင်းပသောဆရာကြီး ဦးရာဇတ် နေ့ အခမ်းအနားသို့ ဆရာကြီး ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်တတ်ရောက်လာခဲ့သော ပုံဖြစ်သည်။အားလုံး ဆရာကြီး မဂ်ဖွေ့ရသ်အတွက် ဒိုအာမှာ သတိရကြပါရန်။

(၅၁)နှစ်မြောက် ပသီအမျိုးသားနေ့ ကျင်းပမည်

မန္တလေး။           ။ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော အောက်တိုဘာ ၁-ရက်နေ့တွင်ကျရောက်သော ပသီအမျိုးသားနေ့ကို မန္တလေးမြို့တွင်ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား မြန်မာမွတ်စလင်မ် ပသီအမျိုးသားတို့၏ ဂုဏ်ရောင်ပြောင်မြောက်သော သမိုင်းဝင်အမျိုးသားနေ့ အခမ်းအနားကို ယခင်က နှစ်စဉ် ကျင်းပခဲ့သည့် အတိုင်း ယခုနှစ်တွင်လည်း (၅၁)နှစ်မြောက် အခမ်းအနားကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုန်းအိုးကျေးရွာတွင် ၂၀၁၂-ခု အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာမွတ်စလင်မ်  ပသီအမျိုးသားများ အခမ်းအနားသို့ တက်ရောက်ကြရန်လည်း ဖိတ်ကြားကြောင်း သိရပါသည်။

Source: M_Media

ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅)

ဦးတင်ထွန်း

ဥက္ကဋ္ဌ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

(၁၉၅၄-၅၅)

ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅)

 

ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ကို ၁၉၅၄-၅၅  တွင် ထမ်းဆောင်ခဲ့သူ ဦးတင်ထွန်းဖြစ်ပါသည်။

ကိုတင်ထွန်းမှာ ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်းတွင် အကြိမ်ကြိမ် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်မဖြစ်မီနှင့် စစ်ပြီးခေတ် အသင်းအခြေနေကို သိရှိသူဖြစ်ရာ လိုအပ်သော အသင်း၏ရာဇ၀င်ကို ရှာဖွေ စုဆောင်းရေးသားပေးသောကြောင့် မှတ်တမ်းအဖြစ် ထည့်သွင်းဖော်ပြအပ်ပါကြောင်း။ –

ပဲခူးခရိုင် ညောင်လေးပင်ဇာတိ ဦးတင်ထွန်းမှာ ၁၉၅၄-၅၅  တကသ ဥက္ကဋ္ဌဖြစ်ပါသည်။ –

စာအုပ်ပြုစုသူ (ရန်ကုန်တက္ကသိုလ် မွတ်စလင်(မ်)မဂ္ဂဇင်းသမိုင်း၊ စာမျက်နှာ-၅၆)

M.Y.R.S မှ အခြေခံစာနယ်ဇင်း သင်တန်း ဖွင့်မည်။

ရန်ကုန်။           ။ ယနေ့ကမ္ဘာတွင် စာနယ်ဇင်းကဏ္ဍ ပိုမိုအရေးပါလာသည်နှင့်အမျှ မြန်မာလူငယ်များ စာနယ်ဇင်း သဘော သဘာဝကို ပိုမိုသဘောပေါက်လာစေရန်နှင့် စာနယ်ဇင်းလောကတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ရပ်တည် လာနိုင်စေရန် Myanmar Youth Resources Society မှ အခြေခံစာနယ်ဇင်းသင်တန်း ကို (၁၃ အောက်တိုဘာ ၂၀၁၂) ရက်နေ့မှ (၅ နိုဝင်ဘာ ၂၀၁၂) ရက်နေ့ထိ စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ သင်တန်းတွင် စာနယ်ဇင်းလောကအတွေ့အကြုံရှိသော ပုဂ္ဂိုလ်များမှ ပို့ချမည်ဖြစ်ပြီး စာသင်ခန်းတွင်းပို့ချမှုများ၊ လက်တွေ့လုပ်ငန်းခွင်လေ့လာရေးများ အပါအ၀င် အလုပ်ရုံဆွေးနွေးပွဲများဖြင့် ကျင်းပ ပို့ချပေးမယ်လို့လဲ သိရပါတယ်။

“အရည်အချင်းပြည့်မီသော သင်တန်းသားများကို လက်ရှိဦးဆောင်နေသော ဂျာနယ်၊ မဂ္ဂဇင်းများတွင် အလုပ်သင်သတင်းထောက်များအဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်ခွင့်ရရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထူးချွန်သော သင်တန်းသား အနည်းဆုံး ၂ ဦးကို ပြည်ပအဆင့်မြင့်ရက်တို သင်တန်းအတွက် ရွေးချယ်ပို့ဆောင် ပေးမယ့် အစီအစဉ်များလဲရှိကြောင်း” M.Y.R.S မှ တာဝန်ခံ တစ်ဦးမှ M-Media သို့ ပြောပြပါတယ်။

အခြေခံစာနယ်ဇင်းသင်တန်း  သို့ လျှောက်ထားလိုသူများအနေဖြင့် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

–       အနည်းဆုံး ဘွဲ့တစ်ခုရရှိထားရမည်။ (၀ိဇ္ဇာဘွဲ့ရရှိထားသူများကို ဦးစားပေးမည်။)

–       အင်္ဂလိပ်စာအသင့်အတင့် ကျွမ်းကျင်သူဖြစ်ရမည်။

–       စာဖတ်ဝါသနာပါသူဖြစ်ပြီး ကိုယ်တိုင်စာရေးရန် ၀ါသနာရှိသူဖြစ်ရမည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် “အဘယ့်ကြောင့် စာနယ်ဇင်းသင်တန်း တက်ရောက်လိုသည်” ဆိုသည်ကို အနည်းဆုံး A4 တစ်မျက်နှာခန့်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ ရေးသားပြီး CV နှင့်အတူပူးတွဲ၍ လျှောက်ထားရမည်။ အခြားမိမိရေးသားထားသော စာစီစာကုံး၊ ကဗျာ၊ စကားပြေစသည်တို့ကိုလည်း ပူးတွဲပေးပို့နိုင်သည်။

လျှောက်လွှာများကို (၁၀ အောက်တိုဘာ ၂၀၁၂) နေ့နောက်ဆုံးထား၍ management@myanmarchronicle.com သို့ email ဖြင့်ဖြစ်စေ၊ အောက်ပါလိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ လာရောက်လျှောက်ထားနိုင်သည်။

MYRS မှ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများကို သင်တန်းကြေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး (၃၀၀၀) ကျပ်သာ ပေးသွင်းရမည်။

သင်တန်းအချိန်စာရင်း – ၁၃ အောက်တိုဘာ ၂၀၁၂ ရက်နေ့မှ ၅ နိုဝင်ဘာ ၂၀၁၂ (စနေ၊ တနင်္ဂနွေနေ့များသာ)၊ နံနက် ၉း၃၀ မှ ညနေ ၄း၃၀ နာရီထိ။

Myanmar Youth Resources Society

အမှတ် ၁၂၈/၁၃၀၊ ပထမထပ် (ယာ)၊

မဟာဗန္ဓုလလမ်းမ (ဗိုလ်တထောင်ဈေးလမ်းထိပ်)၊

ပုဇွန်တောင်မြို့နယ်။

ဖုန်း – (၀၁) ၂၀၂၁၉၀

လက်ကိုင်ဖုန်း – ၀၉၅၁ ၇၁၅၃၀

တောင်ငူအရေးအခင်းထဲက ရင်နင့်ဖွယ် အကြွေပန်း ခြောက်ပွင့်

၂၀၀၀ ခုနှစ်၊ မေလအလယ်ပိုင်းနေ့ရက်တစ်ခုရဲ့ မြန်မာစံတော်ချိန် (၃)နာရီလောက်မှာ ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင်ပိတ်စ ခန္ဒာကိုယ်ပေါ် သိုင်းပတ်ထားတဲ့ လူတချို့နဲ့အတူ ဒုတ်၊ ဓား၊ ပုဆိန် အစရှိတဲ့ လူသတ်လက်နက်ကိုယ်စီကိုင်ဆောင်ထားတဲ့ ထောင်နဲ့ချီတဲ့လူတွေ တောင်ငူ၊ မန်းရပ်၊ ကန်တော်လမ်းမှာ တဖြည်းဖြည်း စုရုံး ရောက်ရှိလာပြီးနောက် နေအိမ်၊ တိုက်တာ၊ အဆောက်အဦးတွေကို အုပ်စုလိုက် ၀င်ရောက် ဖျက်ဆီး လုယက်ပြီး နာရီဝက်ခန့်အကြာတွင် ဆက်လက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကြလေရာ…..

“ပါပါး မီးမီးတို့ ဒီရေကန်ကြီးထဲက ဘယ်တော့ အပြင်ကိုထွက်ရမှာလဲဟင်။”

“ရူးးးးးးးးးးး မီးမီး အသံမထွက်နဲ့ တိတ်တိတ်နေ။ အောက်က အသံတွေကြားတယ်မလား၊ ပါပါးတို့ကို သတ်ပစ်လိမ့်မယ်။ သူတို့လက်ထဲမှာ ဓားအကြီးကြီးတွေ ပါတယ်။ မကြောက်ဘူးလား။”

ဖခင်ဖြစ်သူက သုံးနှစ်မပြည့်သေးသောအရွယ် သမီးလေးကို လေ့သံတိုးတိုးဖြင့် ရင်ခွင်ထဲ ကျစ်လစ်စွာ ထွေးပိုက်ရင်း ပြောလိုက်သောကြောင့် ကလေးများ မျက်လုံးလေးများ ပြူးကာ ပေကလပ် ပေကလပ်လုပ်ရင်း ငြိမ်သွားကြလေတော့သည်။

ထိုအချိန်၌…

“ဟေ့ ဓာတ်ဆီလောင်း မြန်မြန်လောင်းကြဟေ့”

မကြာခင် မီးစွဲလောင်သည့်အသံများကြားလာရပါပြီ။ မီးတင်ရှို့သည့် လောင်စာများမှာ သိပ်မကြာခင်က ရွာသွန်းထားသည့် သင်္ကြန်မိုး၏ မိုးရေများ ရေစိုနေခြင်းကြောင့် အငွေ့တလူလူ ထွက်လာသည်။

“မာမားကြီး သားသား ချောင်းဆိုးချင်တယ်။ ဒီအုတ်ကန်ကြီးထဲမှာ မနေချင်တော့ဘူး။ အပြင်ထွက်ချင်တယ်။ အငွေ့တွေရှိတော့ သားသား ချောင်းဆိုးချင်တယ်။”

“အင်းပါသားရယ် မာမားတို့ ခဏနေဆို အပြင်ထွက်ရတော့မှာပါ။ အခုတော့ ချောင်းလဲ မဆိုးပါနဲ့နော်။ တော်ကြာ အပြင်က လူတွေ ကြားသွားလို့ မာမားတို့ကို မြင်သွားပြီး ဓားနဲ့ ခုတ်သတ်လိမ့်မယ် သားလေးရဲ့။ မာမားရဲ့သားသားလေးက လိမ္မာပါတယ်။ ခဏလေးပဲ စောင့်ပါနော်။ သားသားကြိုက်တဲ့ ချောကလက်တွေ ခဏနေ အပြင်ရောက်ရင် အများကြီးကျွေးမယ်နော်။ လိမ္မာပါတယ်ကွယ်”

ကိုယ်ဝန်လွယ်ထားပြီး မွေးရက်စေ့ဖို့ တစ်လခန့်သာလိုတော့တဲ့ မိခင်ဖြစ်သူက သားဦးစုံတွဲအမွှာမောင်နှစ်မရဲ့ အငယ်လူဖြစ်တဲ့ သားလေးကို ချော့မြူလိုက်ပါတယ်။

သုံးနှစ်တောင် မပြည့်သေးတဲ့ သိပ်ချစ်ရတဲ့ သမီးနဲ့သား စုံတွဲအမွှာတွေဟာ အရွယ်နဲ့မလိုက်အောင် လိမ္မာတယ်။ ပြောတဲ့စကားတိုင်းကို လူကြီးတွေလို နားလည်လွယ်သလောက် သိပ်ပါးနပ်ကြပြီး အရိပ်အကဲနားလည်တတ်တဲ့ ကျမဘ၀ရဲ့ ရှုမငြီးနိုင်တဲ့ ရင်သွေးလေးတွေပါ။ သူတို့ တီတီတာတာပြောနေတိုင်း အမြဲတမ်း ကြည့်မ၀နိုင်ခဲ့ပါ။ ကျမရဲ့ ဘ၀၊ ကျမရဲ့ အသက်ကတော့ ဒီ သားနဲ့ သမီးပါပဲ။ အခုလဲ ဆံပင်ရှည်ရှည် ပါးဖောင်းဖောင်း၊ မျက်ခုံးကောင်းကောင်း၊ အသားကလေး ဖွေးနေတဲ့ သမီးချောလေးကို ကြည့်ပြီး မျက်ရည်တွေ စို့လာမိပါတယ်။ သမီးလေး မီးခိုးအငွေ့တွေကြောင့် သူပါးစပ်နဲ့နှာခေါင်းကို သူ့လက်ကလေး မလုံ့တလုံ ပိတ်ထားရှာပါတယ်။ ရုတ်တရက် ခင်ပွန်းကို သတိထားမိလိုက်ပါတယ်။ အရူးတစ်ယောက်လို အသံမထွက်ပဲ တရှိုက်ရှိုက်နဲ့ ကလေးတွေ မမြင်အောင် ငိုနေရှာတာပါ။ သူ့ရဲ့လက်ကလေးတွေကို ဖမ်းဆုပ်ပြီး နှလုံးသားချင်းဆက်သွယ်မိနေသလို တစ်ယောက်နဲ့တစ်ယောက် အကြည့်တွေနဲ့ စကားတွေ ပြောနေမိပါတယ်။ မဖြစ်တော့ဘူး။ မီးခိုးတွေက သိပ်များလာပြီ။ သားနဲ့သမီးအတွက် နှစ်ယောက်စလုံး ဘာလုပ်ရမယ်ဆိုတာ မတိုင်ပင်နိုင်ပါဘူး။ အခုရှိနေတာက ကျမတို့အိမ်က ရေတိုင်ကီထဲမှာပါ။ တခြားအချိန်မှာဆိုရင် ကလေးတွေ မျက်နှာသစ် သွားတိုက်တဲ့အချိန်မှာတောင် ရေတွေစိုနေခဲ့ရင် အအေးမိ အဆုပ်ပွာမှာစိုးလို့ အင်္ကျီလဲ၊ ရေသုတ်တွေကို ဂရုတစိုက်လုပ်ပေးခဲ့ပေမဲ့ အခုတော့ ဒီရေတိုင်ကီထဲက ရေတွေထဲမှာ စိမ်ထားရသလိုဖြစ်နေပါတယ်။ ချစ်သားနဲ့သမီး အမွှာလေးတွေဟာ အရွယ်နဲ့မလိုက်အောင် ရေတွေထဲမှာ နာရီပေါင်းများစွာကြာအောင် နေနေကြရပြီး ကြောက်ရွံတာကြောင့် အသံပင် မထွက်ရဲလောက်အောင် ငြိမ်နေကြပါတယ်။ ကျမအတွေးတွေ ဟိုရောက် ဒီရောက်ဖြစ်နေတဲ့အချိန် ရုတ်တရက်မှာပဲ….

“အဟွတ် အဟွတ် အဟွတ်” မီးခိုးငွေ့တွေကြောင့် သားသားလေး မအောင့်နိုင်တော့ဘဲ ကလေးသံလေးနဲ့ ချောင်းဆိုးသံတွေ ထွက်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပြင်ပက အသံတွေကတော့ ဆူညံနေတာကိုလဲ ရုတ်တရက် ကျမ စိုးရိမ်စွာနဲ့ သတိပြုမိလိုက်တော့ လွန်စွာ ဆူညံနေပါတယ်။

“သာသနာ့အရေး ဒို့အရေး၊ သာသနာ့ကိစ္စ ဒို့ကိစ္စ၊ ဒို့သာသနာအဓွန့်ရှည်ဖို့ ကုလားများကို နှိမ်နင်းစို့”

“ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ၊ ဝေးးးးးးးးးးးးးး၊ ရွှီးးးးးးးးး ဖြောင်း ဖြောင်း ဖြောင်း”

“ဖေ -ိုး မ ကုလားတွေ၊ ငါ -ိုးမ ကုလားတွေ၊ နှစ်မ-ိုး ကုလားတွေ ဟေးးးးး ကုလားတွေကို မျိုးဖြုတ်ကြ၊ ကုလားမှန်ရင် ကလေးတောင် အရှင်မထားကြနဲ့”

“ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့ဟေ့၊ အပြတ်ကို ရှင်းပစ်ကြ”

“ဟိုမှာ စတီးဂျိုင်လေးတစ်ခုပဲ၊ ကောက်ထား ကောက်ထား၊ ဟာ ဒီမှာ အားဆေးတစ်ပုလင်း အိတ်ထဲထည့်ထားလိုက်”အစရှိတဲ့ ညာသံများပေးကာ၊ ကြုံးဝါးရင်း ရိုက်ထု၊ လုယက် ခိုးယူသံတွေနဲ့အတူ အရာဝတ္တုများ မီးလောင်ကျွမ်းခြင်းကြောင့်ထွက်လာသော ညှော်နံ့များဟာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းနေပါတယ်။

“မာမား မီးမီး ဒီရေတွေထဲမှာ မနေချင်တော့ဘူး။ ရေတွေ ပူလာပြီ။ အပြင်ထွက်ချင်တယ်။ လိုက်ပို့ပေးးးးးးးး” သမီးငယ်ရဲ့ ဂျီကျသံ တိုးတိုးလေး ထွက်ပေါ်လာချိန်မှာ ရုတ်တရက် ခင်ပွန်းဖြစ်သူ ကျမဘေးသို့ ပြုတ်ကျလာလေသည်။ ကျမ အလွန်ထိတ်လန့်သွားပြီး ခင်ပွန်းကို အကြိမ်ကြိမ် လှုပ်နှိုးနေမိတော့သည်။ အချိန် ဘယ်လောက် ကြာသွားသည် မသိ။ ကျမဘေးတွင် ထိုင်နေသော သားငယ် ငြိမ်သွားသည်ကိုလဲ သတိပြုမိလိုက်သည်။ ကျမ ရင်ထဲက အပူမီးတွေ ဟုန်းဟုန်းတောက်လောင်ရလေပြီ။ ရေတွေက တဖြည်းဖြည်း ပွက်ပွက်ဆူလာလေပြီ။ သမီးငယ်လေး ဒုက္ခဒဏ်ကို မခံစားနိုင်သော်လည်း အသံမထွက်ရဲတာကြောင့် ကြိတ်၍

“မာမား မီးမီးမနေချင်တော့ဘူး။ အရမ်းပူတယ်။ အပြင်လိုက်ပို့ပေးပါနော်။ အဟင့် ဟီးးးးးးး ဟီးးးးးးး အီးးးးးးးးးးးးး”

ကျမ ဘာလုပ်ရမှန်းမသိတော့ပါ။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရပါတယ်။ ခင်ပွန်းလည်း အသက်မရှိတော့။ သားငယ်လေးလဲ အသက်မရှိတော့။ လောကမှာ ကျမအတွက် ဒီ သမီးငယ်လေးတစ်ယောက်သာ ကျန်ရှိတော့သည်။ ဘာလုပ်ရမည်နည်း။ ဒီသမီးငယ်လေးကို ပွေ့ချီပြီး ရောက်နေသည့် တိုင်ကီပေါ်မှ ဘာဖြစ်ဖြစ် အောက်သို့ ခုန်ချလိုက်ရပါမည်လား။ ထိုအချိန်တွင် ကျမစိတ်ထဲ အလင်းတန်းလေး တစ်ခုဝင်လာသည်။ သမီးငယ်တို့ စကားတတ်ကတည်းက အရင်ဦးဆုံး ရွတ်ဖတ်တတ်စေခဲ့တဲ့ ကလိမာ (အစ္စလာမ့်သရဏဂုံ)ကို သမီးလေးကို ရွတ်ဖတ်ဖို့ စေခိုင်းလိုက်မိပါတယ်။

“သမီး လာအိလာဟ ဖတ်နေနော်။ ဖတ် ဖတ် ဖတ်။ လိမ္မာတယ်။”

ထိုအချိန်တွင် ကလေးငယ်နဲ့မတန်အောင် ဝေဒတနာ ပြင်းပြင်းထန်ထန် ခံစားနေရသော သမီးငယ်လေးဟာ ကြောက်လန့်ခြင်းကြီးစွာဖြင့် “လာ အိ လားးးး ဟ အစ် လ လ် လား ဟု” တစ်လုံးခြင်း အသံတုန်တုန်ဖြင့် ဖတ်နေရာမှ တစ်ဝက်တစ်ပျက်ဖြင့် အသံပျောက်သွားခဲ့လေပြီ။ သမီးလေးလဲ အလ္လာဟ်အမိန့်တော် ခံယူသွားခဲ့ရှာလေပြီ။

ကျမဘ၀ရဲ့ မျှော်လင့်ချက် ကျမအတွက် မှီခိုရာ လမင်းဟာလဲ ကွယ်ပျောက်သွားခဲ့ပြီ။ ကျမရဲ့ မျှော်လင့်ချက် ကြယ်ကလေးနှစ်ပွင့်ဟာလဲ တစ်ပွင့်ပြီး တစ်ပွင့် ကြွေကျသွားခဲ့ပြီ။ ဒါပေမဲ့ ကျမ အားမလျှော့ဘူး။ ဒီအကြမ်းဖက်သမားတွေကို တရားခွင်ကို ရောက်အောင်ပို့မယ်။ ကျမ ခံယူထားတယ်။ လူကိုလူလို့ပဲ မြင်တဲ့အခါ ကမ္ဘာကြီးဟာ သိပ်လှမှာပါ။

အခုတော့ သူတို့လူမျိုးတစ်မျိုးတည်းသာ ကမ္ဘာမှာ ရှိရမယ်။ သူတို့ဘာသာ လေမှာ လွှင့်ဖို့ အယူအဆ မတူသူတွေကို လမ်းခင်းခဲ့ကြတယ်။ သူတို့ရဲ့ အကြမ်းဖက်ခံ သားကောင်တွေမှာ ကျမနားက မျှော်လင့်ချက် အလင်းရောင်တွေကိုပါ ဆွဲလုသွားကြတယ်။ ဒီဖြစ်ရပ်မျိုးတွေ ကျမနေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဖြစ်နေတာလဲ။ အခုချိန်မှာ ကျမ သတ္တိတွေမွေးပြီး သူတို့ကို တရားဥပဒေဆီ ရောက်အောင်ခေါ်ဖို့ အားတင်းထားပါတယ်။

ရတယ်။ ရပါတယ်။ ကျမမှာ ဗိုက်ထဲက ကလေး ကျမရင်သွေးလေး ရှိပါသေးတယ်။ သူ့အတွက် ကျမ အသက်ရှင်နေအုံးမယ်။ အားတင်းထားတယ်။ ကျမ အဖေနဲ့အမေ၊ အစ်ကိုမောင်တွေရော အခု ဘယ်မှာရှိနေကြလဲ။ သူတို့ရော အသက်တွေ ရှိကြသေးလား။ ကျမလို ကိုယ်းကွယ်ရာ ဘာသာတူတဲ့သူတွေထဲက ဘယ်သူတွေ အသက်ရှင်ကြသေးလဲ။ သူတို့ရဲ့အိုးအိမ်တွေရော အကောင်းကျန်သေးရဲ့လား၊ ဗလီတွေ ဘယ်နှစ်လုံးလောက် ဖြိုချခံလိုက်ရပြီလဲ။ ရက်စက်လိုက်ကြတာ။ ကျမ ဘာလုပ်ပေးနိုင်လဲ။ ကျမကိုယ်တိုင် မပေါ့မပါးကြီး။

အလွန်ကို ခံပြင်းမိတယ်။ ရင်ထဲရှိတာတွေကို နှုတ်ကနေ အော်ဟစ် ဖွင့်ထုတ်လပစ်လိုက်ချင်တယ်။ အော်ဟစ်လိုက်ရင် သူတို့ကြားသွားလိမ့်မယ်။ ကျမကို တွေ့အောင်ရှာပြီး သတ်ပစ်လိမ့်မယ်။ ကျမ သေလို့ မဖြစ်သေးဘူး။ ကျမ ငြိမ်ငြိမ်နေလိုက်တယ်။ ကျမကိုယ်ကျမ နှစ်သိမ့်လိုက်တယ်။

တမန်တော်မြတ်ကြီးဟာ အကြိမ်ကြိမ် အစော်ကားခံခဲ့ရတယ်။ ကျမထင်တယ်။ ရဲရဲဝံ့ဝံ့ကို ဟစ်ကြွေးရဲပါတယ်။ ကမ္ဘာပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ အစော်ကားခံရဆုံးပုဂ္ဂိုလ်ဆိုတာကို ဂင်းနစ် မှတ်တမ်းသွင်းကြေးဆိုရင် ဒီနေ့ထိ အဲ့ဒီမှတ်တမ်းရဲ့ စံချိန်မှာ ကျမတို့ချစ်ရတဲ့ တမန်တော်မိုဟမ္မဒ်ကို ဘယ်သူမှ စံချိန်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတမန်တော်ကြီးရဲ့ဘ၀မှာ အချမ်းသာခဲ့ဆုံးက သည်းခံခြင်းဆိုတဲ့ မေတ္တာတရားပါ။ တမန်တော်ကြီးမိုဟမ္မဒ်ဟာ နှုတ်ပါးစပ်က ဖွင့်ဟပြီး လူအထင်ကြီးအောင် အော်ဟစ်တဲ့ မေတ္တာတရားရှင်မဟုတ်ဘဲ စိတ်နှလုံးသားထဲက ဖြူစင်စွာနဲ့ လူမသိအောင် ကြိတ်ခံတတ်တဲ့ မဟာလူသား မေတ္တာတရားရှင်ပါ။ မိမိ နောက်လိုက်တွေကိုလဲ ဒီလမ်းစဉ်ကိုပဲ ကျင့်သုံးဖို့ အတန်တန် မှာတမ်းချွေခဲ့ပါတယ်။

ကျမက သူ့နောက်လိုက်ပဲ။ ကျမသည်းခံရမယ်။ သည်းခံမယ်။

ကျမတို့ ကိုယ်တော်မြတ်ကြီး မိန့်ခဲ့တာကို သတိရတယ်။ “မွတ်စလင်တွေအတွက် လောကဟာ ငရဲပါ”။ အခု ရေတွေ ပွက်ပွက်ဆူနေပြီ။ ကျမ အသက်ရှုလို့ မရတော့အောင် မီးခိုးငွေ့တွေနဲ့ မွန်းကြပ်နေပြီ။

ကျမ အလွတ်ကျက်ထားသမျှ ကုရ်အာန်ကျမ်းစာတွေကို ရေနွေးပူနဲ့ မီးခိုးငွေ့တွေကြားမှာ ရွတ်ဆိုနေမိတယ်။ ကျမ မျက်ရည်တွေ ခမ်းခြောက်နေပါပြီ။ ရတယ်။ ဒီအပူဒဏ်ကို ကျမ ဆက်ပြီး ကြိတ်မှိတ်ခံမယ်။ ဒါပေမဲ့ ကျမ ၀မ်းထဲက ၈-လသားလေးကတော့ ကျမဗိုက်ထဲက သွက်သွက်ခါအောင် ရုန်းကန် လှုပ်ရှား ဆန္ဒပြနေပါတယ်။ သူ့အတွက် ကျမ အလွန်ကို စိုးရိမ်နေရပါပြီ။ ကျမဘ၀ရဲ့ နောက်ဆုံးသော မျှော်လင့်ချက် အလင်းရောင်လေး။ သူ ကြွေလွင့်သွားမှာ စိုးပါတယ်။

ကျမ မခံနိုင်အောင် ပူနေပါပြီ။ တကယ်တော့ ကျမတို့ မိသားစုဟာ ဘယ်သူ့ကိုမှ ယုတ်စွအဆုံး ဘာသာတူ ဘာသာကွဲတွေအပေါ်မှာ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့ ဘာတစ်ခုမှ ပြစ်မှား ကျူးလွန်ခဲ့ဖူးတာ မရှိပါဘူး။ လူမျိုး/ဘာသာ မခွဲခြားဘဲ အလှူအတန်းတွေ လုပ်ခဲ့တယ်။ အားလုံးကို လူလိုပဲ ဆက်ဆံခဲ့တယ်။

အခု ဒီ လူမျိုးရေးဝါဒနဲ့ မျက်ကန်းမျိုးချစ်တွေရဲ့ တစ်ဖက်သက်အစွန်းရောက် လူမဆန်မှုတွေက မကောင်းမှု လုပ်ရပ်တွေပါ။ မကောင်းမှု လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ဟာ မကောင်းကျိုးတွေပဲမို့ မကောင်းကျိုးတွေကိုပဲ တစ်နေ့ အရှင်မြတ်က သူတို့ကို အစားပေးလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ဘာသာ သာသနာကို ခုတုံးလုပ်ပြီး လူကို လူလို မမြင်ဘဲ ကျမတို့ အစ္စလာမ် ဘာသာဝင် အပြစ်မဲ့ ပြည်သူတွေကို ဘာသာတစ်ခုရဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေက ဦးဆောင်ပြီး ဒုက္ခပေးနှိပ်စက်နေတဲ့အချိန်မှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ဘယ်အာဏာပိုင် အဖွဲ့အစည်းတွေမှ လာပြီး မကာကွယ်ပေးကြပါလား။

ကျမတို့မိသားစုလို ထပ်တူ မွတ်စလင်မ်တွေ ဘယ်လောက်သေကြရမှာလဲ ကေတုမတီရယ်။ ကျမ အသက်ငွှေ့ငွေ့ထဲတွင် တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူများကို လူ့အခွင့်အရေး ချိုးဖောက်စေရန် သွေးထိုး လှုံ့ဆော်ခဲ့တဲ့ အဓိကတရားခံ ဘယ်သူတွေလဲဆိုတာ သိချင်နေတယ်။ ကျမ ရေအရမ်းဆာနေလို့ ရေတွေကို လက်ဖ၀ါးနဲ့တောင် မခပ်ယူနိုင်တော့ဘူး။ ကျမရွတ်ဆိုလိုက်တယ်။

“လားအိလားဟ အစ်လလ္လားဟု မိုဟမ္မဒွရ် ရစူးလွလ္လာဟ်”

(အဓိပ္ပါယ်) အလ္လာဟ်အရှင်မြတ်မှအပ တခြား အကိုယ်းကွယ်ခံထိုက်သူမရှိကြောင်းနှင့် မိုဟမ္မဒ် (PBUH) ကိုယ်တော်သည် အရှင်မြတ်၏ စေလွှတ်သော စေတမန်တော်ဖြစ်ပါသည်။

ရက်(၃၀)ခန့်ကြာပြီးနောက်…

တောင်ငူမြို့က ကန်တော်လမ်း မန်းရပ်တစ်ခုလုံး မီးလောင်ပြင်က ပျံ့လွင့်လာတဲ့ ပုပ်စော်နံ့ဟာ မခံနိုင်အောင် ရနေတာမို့ နေရာတွင် သေသွားလောက်ပါတယ်။ ဒီတော့ ရပ်ကွက်တာဝန်ရှိသူတွေ ပိုက်ဆိပ်တိုက် တောနင်း ရှာကြတဲ့အခါ ရှင်းလင်းပြာကျနေသည့် မီးလောင်းပြင်တစ်ခုရဲ့နောက်မှာ ပြိုကျခါနီးရေချိုးကိန်းအိမ်သာရဲ့အပေါ်က ရေတိုင်ကီတစ်ခုအတွင်းမှာ မြင်မကောင်း ရှုမကောင်းလောက်အောင် ဘ၀ပြောင်းနေရှာတဲ့ မိသားစု လေးဦးရဲ့အလောင်းကို ရှာဖွေသူများ တွေ့ရှိကြရလေတယ်။

ယူကြုံးမရဖြစ်စရာကောင်းတာက သေဆုံးသွားတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးက ဘာသာဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ မြေချဖို့ အလောင်းကောက်တဲ့အချိန်မှာ သေဆုံးသူ အမျိုးသမီးရဲ့ ၀မ်းဗိုက်ပွင့်ပြီး မိန်းကလေးအမွှာလေးတွေရဲ့ အလောင်းကိုပါ တွေ့ရှိလို့ မြင်ရသူတိုင်း မျက်ရည်ဝဲမိကြပါတော့တယ်။

ငွေဇင်ဂျာမေဗလီ(ဗလီကြီး) (ဗိုလ်မှူးဖိုးကွန်းလမ်းနှင့်ကုန်သည်ကြီးလမ်းထောင့်မှ)

ငွေဇင်ဂျာမေဗလီ(ဗလီကြီး) (ဗိုလ်မှူးဖိုးကွန်းလမ်းနှင့်ကုန်သည်ကြီးလမ်းထောင့်မှ)

(အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များအား လူမျိုးတုန်း သတ်ဖြတ်ရေးလုပ်ငန်း ဖော်ဆောင်ရေး စီမံကိန်းတိုင်းမှာ လက်မရွံ့ အုပ်စုဖွဲ့ သွားရောက် သတ်ဖြတ်ပေးနေတဲ့ မန္တလေးနေပြည်တော်က အရေခြုံသာသနာဝင်ခေါင်းဆောင်အချို့ ဘုရားမကြိုက်တဲ့အလုပ်ရဲ့ လက်သည်တွေ၊ ဓမ္မနဲ့မှတ်ကျောက်တိုက်ကြည့်စေနိုင်ဖို့ အမှတ်တရ…)

လေးစားစွာဖြင့် –

ခေဋီဈက်အို

(ကူညီ တွဲဖက်ရေးသားပေးသော ဆရာ စနေမောင်မောင် ဘားမားအား ကျေးဇူးအထူးတင်ပါတယ်)

စစ်တွေတွင် ကောလဟာလဖြန့်၍ လက်ကျန် ရိုဟင်ဂျာရပ်ကွက်အား တိုက်ခိုက်ရန် ရခိုင်ဗုဒ္ဓဘာသာအကြမ်းဖက်သမား၏ အကြံ မအောင်မြင်

ရသေ့တောင်ကြေငြာချက် ထွက်ပေါ်အပြီးတွင် ရိုဟင်ဂျာမွတ်စလင်တို့ အား လူစုလူဝေးဖြင့် အကြမ်းဖက်သတ်ဖြတ်ရန် ကျူးလွန်မှုတစ်ရပ်ကို ယနေ့ နေ လည်၂နာရီခန့် မှ စတင်၍ စစ်တွေမြို့ ပေါ်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ဘာသာရေးအစွန်းရောက် ဘုန်းကြီးများက ပြုလုပ်ခဲ့ရာ

ဓါတ်ပုံ -http://www.thithtoolwin.net/

လုံထိန်းနှင့် စစ်တပ်တို့ က အချိန်မှီ တားဆီးနိုင်သဖြင့် ယခုအချိန်ထိရခိုင် ဗုဒ္ဓဘာသာဝင်တို၏ အကြမ်းဖက်ရန် အားထုတ်မှုမှ အထမမြောက် သေးကြောင်း စစ်တွေ ဒေသခံများက myanmarmuslim.net သို့ ပြောကြားသည်။

“ဒီရခိုင်မှာကုလားကို လုံးဝမထားဘူး၊ ကုလားတိုင်းပြည်မဟုတ်ဘူး၊ရခိုင်တိုင်းပြည်၊ ရခိုင်ပြည်မှာ ကုလားလုံးဝမရှိစေရဘူး” ဟူသောကြွေးကြော်သံများ နှင့် ရခိုင်လူမျိုး အင်အား သောင်းကျော်နှင့် ဗုဒ္ဓဘာသာဘုန်းကြီး၃၀၀ခန့် ကစစ်တွေ မြို့ အောင်မင်္ဂလာရှိ အစ္စလာမ်ဘာသာဝင်များကို သတ်ဖြတ်ရန်အင်အားအလုံး အရင်းနှင့် စနစ်တကျစုပေါင်း ကြိုးပမ်းခဲ့ကြောင်း အောင်မင်္ဂလာတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် တစ်ဦးက myanmarmuslim.net သို့သတင်းပေးပို့ သည်။

ရခိုင်ဗုဒ္ဓသာသာဝင်များသည် စစ်တွေရှိအိစ္စလာမ်ဘာသာဝင်များကို အလုံးအရင်းဖြင့်ဝင်ရောက်သတ်ဖြတ် ရန်အတွက် ရခိုင်ဗုဒ္ဓဘာသာ ကလေးတစ်ဦးကို ဘင်္ဂလီ(ရိုဟင်ဂျာအားဆန့် ကျင်သူတို့ခေါ်သည့်အမည်) များက ရိုက်နှက်သတ်ဖြတ်ကြောင်း မဟုတ်မမှန် သတင်းလွင့်၍ အကြမ်းဖက်မှုဖြစ်အောင် စည်းရုံးလှုံ့ ဆော်ခဲ့သည်။ အထက်ပါ အတိုင်း ကလေးငယ်တစ်ဦးဒဏ်ရာပြင်းထန်စွာ ရသည်ဟု မုသာဝါဒီ ရခိုင်သတင်းဌာနတို့ ကလည်း အင်တာနက် စာမျက်နှာများမှ တဆင့်ဖြန့် ဝေခဲ့ပြီး၊ ၄င်းသတင်းဌာနများကို မြန်မာအွန်လိုင်း မီဒီယာများက ထပ်မံဖြန့် ဖြူးခဲ့သည်။

ထို့ နောက်အစ္စလာမ်ဘာသာဝင်တို့  သောကြာနေ့ နေလည်ဝတ်ပြုဆုတောင်းနေချိန်နေ့ လည်၁နာ၇ီခန့် တွင်ဝတ်ပြုချိန်ကို အခွင့်ကောင်းယူရန် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ရန် ရခိုင်လူဦးရေ ငါးထောင်ခန့် က စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် အတွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ့ ရာ လုံထိန်းနှင့်တပ်မတော်သားများက အချိန်မှီတားဆီးထားရသည်။ နေ့ လည် ၁၁နာ၇ီကတည်းက ပျောက်ဆုံးခဲ့ သည်ဟု ဆိုသည့် ကလေးငယ်၏ အမည်ကို အကြမ်းဖက်လုပ်ရပ် လုပ်ကိုင်သူများမှ ညနေ ၄နာ၇ီအထိ ထုတ်ဖေါ်ပြောကြားနိုင်ခြင်းမရှိဘဲ၊ အခြေအနေအရပ်ရပ်အား လုံထိန်းနှင့် စစ်တပ်များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြီးနောက် ပိုင်းရောက်မှ ကျေးတောပိုက်ဆိပ်ရွာမှ အသက်၁၂နှစ်အရွယ် မောင်အောင်နိုင်ဦး (ဘ-ဦးစောမောင်) ဟူသောအမည်တစ်ရပ်ကို သုံးခဲ့သည်။

အကြမ်းဖက်ရန်ကြိုးပမ်း သူများသည် စစ်တွေမြို့ ဦးဥတ္တမပ ပန်းခြံအရှေ့တွင် လူဦးရေငါးထောင်ခန့် သည်လည်းကောင်း၊ ကင်းစတား (အဝေးပြေးကား) ဦးစံလှအောင် အိမ်ရှေ့ တွင် လူဦးရေ သုံးထောင်ခန့် သည်လည်းကောင်း၊ မောလိပ် အ.လ.က(၂)ကျောင်းအနီးနှင့် မင်းဘာကြီး လမ်းရှိ မြို့ တော်ခန်းမ၊ နဂါးဆီစက်(Hi Speed အင်တာနက်)ဆိုင်အနီးတွင် လူငါးထောင်ကျော်ခန့် လည်းကောင်း အသီးသီးပြစ်မှု ကျူးလွန်ရန် စုရုံးမှုများပြုလုပ်ခဲ့ကြောင်း ညဒေသခံများ၏ သတင်းပေးပို့ ချက်အရ သိရသည်။

အကြမ်းဖက်ရန်အားထုတ်ကြိုးပမ်းခဲ့ သူများအထဲတွင်  မကြာမှကဖြစ်ပွားခဲ့သည့် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဠိပက္ခအတွင်းကကဲ့ သို့ ပင် ဓါး၊ လှံ၊ဂျင်ကလိ၊ ဒုတ် များကိုင်ဆောင်သူ အချို့ လည်းပါဝင်ခဲ့ကြောင်းသိရသည်။

နံမည်ကြီး မီဒီယာ တစ်ခုဖြစ်သော RFA သတင်းဌာနမှ မူ ကောလပာလကြောင့် ရခိုင်ဗုဒ္ဓဘာသာများ  အောင်မင်္ဂလာတွင် ထောင်ချီပြီး စုရုံးမှုဖြစ်ခဲ့ကြောင်း သတင်းဖေါ်ပြထားသည်။

ယနေ့ဖြစ်စဉ်အမှန်မှာ ရခိုင် ဗုဒ္ဓဘာသာ ကလေးငယ် တစ်ဦး အောင်မင်္ဂင်္လာ ရပ်ကွက်တွင်ရေခဲချောင်း လာရောက် ရောင်းချခြင်းကို အားမန် ကုန်ပို့လုပ်ငန်းမှ ကိုအောင်သန်းက မွတ်စလင်မ်တို့အား ရေခဲချောင်းရောင်းမှုဖြင် ကလေးငယ်အားကြိမ်း မောင်းရိုက်နက်ခဲ့ပြီး လူထုကြားတွင်မှု မွတ်စလင်မ်တို့က ရိုက်နှက် သတ်ဖြတ်ကြောင်း မမှန်သတင်းလွင့် ခဲ့ခြင်းဖြစ်သည်။

 

Source: MM

Nasaka kills Rohingya youth at Maungdaw

Maungdaw Arakan State: A Rohingya youth was killed by the Burma border security force (Nasaka) of Kawar Bill Nasaka Headquarters yesterday night, according to a relative of the victim.
“The victim was identified as Mohamed Alam (35), son of Shofi Rahaman, hailed from Tharat Oo village of Maungdaw north. He was arrested by the Nasaka of  Kular bill Nasaka  personnel of Nasaka area No.6 of Maungdaw Township on September 15, from his house over the allegation that he was involved in the recent riot between Rakhine and Rohingya community.”
After arrest, he was brought to Kyigan Pyin (Kawar Bill) Nasaka headquarters, where he was severely tortured and detained. He is living at Maungdaw town and built a house and he became a business man. He is a very sincere man, so villagers always remember him, according to traders from Maungdaw.
However, yesterday he was killed by the Nasaka of Nasaka headquarters of Kyigan Pyin, and the dead body was not handed over to his parents, said a friend of the victim.
In this way, Rohingya business men, youths, Rohingya leaders and educated persons are arrested and killed by the security forces over the allegation of false and fabricated cases, said a leader from the locality.
Burmese government does not care international pressure, and implementing its plans and programs against the Rohingya community with the cooperation of State (Arakan State) government, the leader more added.

Posted by

 

 

 

Army daily commits robbery in Maungdaw

Army daily commits robbery in Maungdaw

Maungdaw, Arakan Stae:  Army daily commits robbery to the villagers of Nurulla Para of Baggona village tract of Maungdaw Township, according to a local villager.
“Army that is appointed for the security  of villagers including Rohingya villagers and Rakhine villagers  commits robbery to the villagers of Nurula Para village with the co-operation of Natala villagers every day. “
They go to the village every day at night, and take away the properties what they get from the villagers. Even, they take away cattle, goats, fowls etc. Villagers believe that, army will gave protection to the Rohingya villagers, but they are the worse than the Nasaka personnel, said a female from the village.
“Rohingyas have no place to appraise the matter as they are the culprits and the judge of the matter.”
How the Rohingya will survive under the pressure of police, Hluntin, army, Sarapa, Nasaka, and local Rakhines, said villagers.
Villagers expressed their graved concern over the deteriorating the situation in Arakan, especially persecution of security forces in various ways. Restriction on movement, education is severely affecting to the Rohingya students, Villagers are barred from going to market to buy daily needs. When we will free from this big jail, said an old man.

Posted by

 

 

 

More Rohingyas arrested in Maungdaw

More Rohingyas arrested in Maungdaw

Maunegdaw, Arakan State: Today, three Rohingya Muslims were arrested and detained again by the Burma’s border security force (Nasaka) at Maungdaw township over the allegation that they went to Bangladesh, said a local elder.
The arrested have been identified as Mohamed Shafi (21), son of Habi Rahaman, Azizullah (23), son of Abul Kalam and Habib Ullah (25), son of Abu Taher. They all belong to Soung Hodar Bill village of Kyandaung village tract of Maungdaw township.
According to a local villager, a group of Nasaka personnel from the Nasaka camp of Aley Than Kyaw accompanied by a collaborator Biala went to their homes at night and arrested them with the fabricated case while they were sleeping.
After arrest, they were severely beaten up on the spot and brought to their camp by the Nasaka personnel where they were detained in the camp and demanded Kyat 500,000 per each to be released.
Another villager said, they are poor, so they are not able to fulfill the Nasaka’s demand.
Besides, on September 25, six Rohingyas were arrested by the Nasaka personnel of Nasaka-out post camp of the Nasaka area No. 5 of Maungdaw north. Of them, two arrestees are identified as Moulvi Rashid, son of Sayed Hussain and Salim Ullah, son of Nukmal. Both of them hailed from Hoktuma village under the Ngkura village tract. They have been detained in the camp, so far.  Nasaka personnel demanded huge money for their release.
The Nasaka arrests the young Rohingya villagers and extorts money by giving fabricated and false allegation. It is a great human rights violation against the Rohingya community by using their power. In this way, there will be no Rohingya will be left out of the arrest, said a local leader with a great disappointment.

Posted by

 

 

 

ရွှေပြည်အေး တရား ဟောမနေနဲ့ | ဌေးလွင်ဦး

ရွှေပြည်အေး တရား ဟောမနေနဲ့ | ဌေးလွင်ဦး

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလ- တံခါးတွေ အတင်းပိတ်ပြီး မြန်မာမွတ်ဆလင်တွေအပေါ် စနစ်တစ်ကျ နှိပ်ကွပ်ခဲ့တယ်၊ မြန်မာပြည်သားများ အစ္စလာမ်မုန်း ရောဂါစွဲကပ်လာအောင် ပေါ်လစီချ ရောဂါပိုး မွေးမြူ ဖြန့်ချီခဲ့တယ်၊ နှစ်ပေါင်း ၆၀ အတွင်းမှာ ရောဂါပိုး ဖြန့်ချီသူ အစိုးရထဲမှာပါ အကြီး အကျယ်စွဲကပ်ခဲ့တဲ့ အပြင် အစိုးရကို မကြိုက်ပါဘူး ဆိုတဲ့ တော်လှန်ရေး အသိုင်းအ၀ိုင်းကြားမှာလည်း ကုလို့ မရအောင် စွဲကပ် သွားခဲ့ တယ်။
တော်လှန်ရေးသမားတွေ လိုချင်နေတဲ့ ဒီမိုကရေစီက မွတ်ဆလင်များကို လွတ်လပ်စွာ ပုတ်ခတ်စော် ကား ခွင့် ရ ရေး၊ မွတ်ဆလင်များရဲ့ သမိုင်းကို လွတ်လပ်စွာ ဖျောက်ဖျက်ခွင့်ရရေးနဲ့ မှားမှား မှန်မှန် ဗုဒ္ဓဘာသာခေါင်းစဉ် အောက်က လူဘက်မှ ရပ်တည်ရေး ဆိုတာမျိုးသာ ဖြစ်ကြောင်း တွေ့ရပါတယ်။
တော်လှန်ရေးထဲက လူတစ်ချို့ဆိုရင် ထိုင်းနိုင်ငံမှာ နေခိုက် “အစ္စရေးလ် ကို ဘယ်တော့မှ မကောင်း မမြင် ပါဘူး” လို့ ကတိခံမှ အစ္စရေးလ်ဆီက ရလာတဲ့ သန္ဓေတား အပ်စိုက်ပညာကို သင်ပေးမယ်- လို့ နယ်စပ်ဒေသ ဆေး သင်တန်းတွေမှာ ကတိခံဝန်ပြုရတဲ့ အထိ ရှိခဲ့တယ်။ ဒီကတိဟာ တော်လှန်ရေး အသီး အသီးမှာ ပါဝင်နေတဲ့ မွတ်ဆလင် တွေထဲက ဆေးပညာသင်ယူသူတွေကို ရည်ရွယ်ပြီး ကတိ ခံဝန်ပြုစေခြင်းသာ ဖြစ်ကြောင်း ပေါ်တင် ကြီး ဖြစ်နေခဲ့တယ်။
ရခိုင်မှာ ရှိတဲ့ မွတ်ဆလင်တွေကို တံခါးပိတ် သုတ်သင်ပစ်ရမယ်၊ လူ့အခွင့်ရေး ခေတ်မှာ ကမ္ဘာက လူ့အခွင့် အရေး အရမအော်နိုင်အောင်- သူတို့ကို ကာကွယ်ဆေးတွေ ထိုးတဲ့အခါ (ဥပမာ ကျောက် ပေါက် ကာကွယ် ဆေး၊ မေးခိုင်ကာကွယ်ဆေး၊) ကလေးဘယ်တော့မှ မရနိုင်တော့အောင် သန္ဓေပိတ် ဆေးတွေ ထိုးပေးရမယ်။ ဆေးရုံမှ ဆေးကုသတဲ့အခါ သန္ဓေပိတ်ဆေးတွေ ထိုးပစ်ရမယ်။ စီးပွားရေး အရ ပိတ်ဆို့ထားရမယ်၊ သူတို့တွေ ရခိုင်မြေမှာ မနေချင်အောင် လူတစ်စုကိုမွေးမြူပြီး စိတ်အနှောက် အယှက်တွေ ပေးနေရမယ်။ ထင်းခွေ ရေခပ် သွားတာမျိုးကို စောင့်နေပြီး တစ်ယောက်ချင်း ဆွဲ အစဖျောက်ပစ်ရမယ် လို့-၊ သူ့ရဲ့ ရခိုင်စာပေအသင်း (ရက္ခိုင် စာပီအသင်း) ရုံးစိုက်ရာ ဘန်ကောက်မြို့ ထပ်ခန့် ဆိုတဲ့ ရပ်ကွက်မှာ ၁၉၉၉ ခုနှစ်က တရားဝင် ဟောပြော ဆွေးနွေးခဲ့ပါတယ်။ (နောက်တော့ ထိုင်းရဲက ဖမ်းပြီး မဲဆောက် မြ၀တီပို့- မြန်မာအစိုးရက ဖမ်းမိ မော်လမြိုင် ထောင်မှာ ထောင်ချခံ လိုက်ရပါတယ်။ မြန်မာ အစိုးက ဖမ်းဆီးတာဟာ မွတ်ဆလင် နှိပ်ကွပ် စီမံချက်ကြောင့် မဟုတ်ပါ။ ရခိုင်ခွဲထွက်ရေး လှုံ့ဆော်မှုကြောင့်သာ ဖြစ်ပါတယ်။) အခုတော့ ရခိုင်ခေါင်းဆောင်များက သူ့ကို ရခိုင်နိုင်ငံရေး အကျဉ်းသား အဖြစ် ဂုဏ်ယူနေကြပါတယ်။
ဒီလိုပြည်တွင်းပြည်ပ မွတ်ဆလင်မုန်းတီးရေး ၀ါဒီများ စုမိလိုက်တာနဲ့ ချုပ်တီးမထားနိုင်တော့ဘဲ- မွတ်ဆ လင် တွေကို စတင်နှိပ်ကွပ်လိုက်ပါတော့တယ်။ ပြင်ပကမ္ဘာနဲ့ ပြတ်ပြီး ဗဟုသုတ မနူးမနပ် သူများ ကလည်း ငါတို့ဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကို ဆည်းကပ်ဘို့ မွတ်ဆလင် တွေကို သတ်ပြမှ ဖြစ်မယ် အမေရိကန် နိုင်ငံက စက်တင်ဘာ ၁၁ ရက် ဆိုတဲ့ နေ့ပြီးကတည်းက၊ အမေရိကန်နဲ့ အနောက်နိုင်ငံများက မွတ်ဆလင်တွေ ကို ပစ်မှတ်ထား တိုက်ခိုက်နေတာ- ဒီတော့ ငါတို့လည်း သူတို့နဲ့ အတူ ၀င်ပြီး ဆွမ်းကြီးလောင်းလိုက်ရင် ကောင်းမယ်- ဆိုပြီး ရှိသမျှ လူကြီး လူငယ် မကျန် မွတ်ဆလင် မောင်းထုတ်ရေးကို ကုလသမဂ္ဂတာဝန်ရှိသူထိ အားရပါးရ ပြောလိုက်ပါသေးတယ်။
အမှောင်ကျနေတဲ့ ဗဟုသုတက သူတို့ရဲ့ အရှက်ကို သူတို့ ဖေါ်ပြလိုက်သလို ဖြစ်သွားတော့- သူတို့ ပွဲဦး ကျိုး သွားရတယ် ဆိုပါတော့-၊ ဒီတော့ ကမ္ဘာလှည့်ပြီး “ကျွန်တော်တို့ တိုင်းပြည်က လူမျိုးစုံ၊ ဘာသာစုံ နေတဲ့တိုင်း ပြည်ပါ။ အားလုံးကို ငြိမ်းချမ်းရပါစေမယ်- ဘာညာ” ရွေပြည်အေး တရား ပြန်ဟောရ ပါတော့တယ်။
ကမ္ဘာ့မိသားစုများနဲ့ မြန်မာမွတ်ဆလင်များ တစ်ကယ်လိုချင်တာက “ရွေပြည်အေး တရား မဟုတ်ဘူး၊ လက်တွေ့ ကျတဲ့လုပ်ဆောင်မှုများသာ ဖြစ်တယ်။”
(၁) မြန်မာပြည်မ မွတ်ဆလင်တွေကို ဘယ်လို သတ်မှတ်ပေးမလဲ၊ သူတို့အပေါ် ချမှတ်ထားတဲ့ လ၀က ဆိုင်ရာ မတရားတဲ့ ပေါ်လစီများ၊ ဌာနဆိုင်ရာများနဲ့ ဘဏ်လုပ်ငန်း အပါအ၀င် အခြားသော ဌာနများမှာ မွတ်ဆလင် ဆိုရင် မန်နေဂျာ အဆင့်တောင် ပေးခွင့်မရှိတဲ့ ပေါ်လစီများ- ကို ချက်ချင်း ရုပ်သိမ်းပေးဘို့ ဖြစ်တယ်။
(၂) ရိုဟင်ဂျာများကို ဘယ်လို သတ်မှတ်ပေးမလဲ၊ တိကျတဲ့ အဖြေထုတ်ပြန်ပေးဘို့ ဖြစ်တယ်။
(၃) အစိုးရ စာသင်ကျောင်းများမှာ ဘာသာရေး မှိုင်းတိုက်မှု လုံးဝ ကင်းစင်တဲ့ ပညာရေးစစ်စစ် ပညာ ရေး စနစ်မျိုး ချမှတ်ပေးဘို့ ဖြစ်တယ်။
(၄) ဗလီဝတ်ပြုဆောင်များ အသစ်ထပ်မံ ဆောက်လုပ်ခွင့် ပိတ်ပင်ထားတာများကို ချက်ချင်း ရုပ်သိမ်း ပေးဘို့ ဖြစ်တယ်။
(၅) အနုပညာနယ်များမှာ မမှန်ကန်တဲ့ သမိုင်းများကို နိုင်ငံရေး မှိုင်းတိုက်ပြီး ရိုက်ကူးခဲ့ခြင်းများကို ပြန်လည် ရုပ်သိမ်း ပါယ်ဖျက်ပေးဘို့ ဖြစ်တယ်။ (ဥပမာ- သမိုင်းလိမ် ဂျပန်တော်လှန်ရေး ဇတ်ကားများ၊ သမိုင်း ချစ်တီး ဇတ်ကားများကို ပါယ်ဖျက်ပေးဘို့ ဖြစ်တယ်။)
(၆) မည်သည့်ဘာသာကို မဆို မုန်းတီးလာစေရန် မဟုတ်မမှန် ရေးသားဖြန့်ချီမှုများကို အရေးယူ ဖေါ်ထုတ် ပေး ဘို့ စ တာတွေ ဖြစ်တယ်။
ဒီတော့ ရွှေပြည်အေး တရားဟောနေပြီး- အချိန်ဆွဲထားခြင်းမျိုးကို ချက်ချင်း ရပ်ပေးရပါမယ်။ မြန်မာ မွတ် ဆလင်အားလုံးရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချက်ချင်း ပေးရပါမယ်။ လူ့အသိုင်း အတွင်း အမုန်း ဓါတ်စာများကို ချက်ချင်း ရုပ်သိမ်း ပါယ်ဖျက်ပေးရပါမယ်။

ဌေးလွင်ဦး

MMCRM

 

 

 

Gross Human Rights Violations in Buthidaung Jail | M.S Anwar

Gross Human Rights Violations in Buthidaung Jail | M.S Anwar

Thursday, September 27, 2012 ,There has been a discussion and debate going on in Nay Pyi Daw, Burma, regarding the crises in Arakan. But the hot topic in the discussion has been existence or non-existence of Rohingyas in the history of Arakan. Although, previously, Burmese regime has blatantly lied that there is no Rohingya race in Burma saying it didn’t exist in the past. Now, through the debate, government has reached a point that it can’t deny Rohingyas any longer especially after considering Arakan history. The government can’t accept Rohingyas either as there is stern opposition of fascist Rakhine extremists who want to wipe out Rohingyas and their history.

Yet, today many Rakhine extremist leaders have a feeling that they will lose the debate going on in Nay Pyi Daw and hence they themselves might need to recognize Rohingyas in the future. Therefore, they have been implementing many plans against Rohingyas resulting from their meetings all over Arakan. Two significant steps they have taken against Rohingyas: the authority in Maung Daw are making more arbitrary arrests this time with the permission of the district judge of Muang Daw and sending them to Buthidaung Jail, and the authorities in Buthidaung jail are killing Rohingyas detained through inhumane tortures so that they can reduce the number of Rohingyas in Arakan. There have been thousands of Rohingyas detained in the prison for no reason. (Note: Judge in Maung Daw Distric Court, Authorities in the Jail, People in Police Force and Security Forces etc in Arakan are made up of Rakhines only)
Now, mass killings and grave human rights violations are being carrying out against them in the jail. For instances, authorities in the jail are cutting off or burning the penises of Rohingyas, forcing them to have homo-sex with one another (recently a similar case took place against some Kachin youths), cutting off or pulling out their finger nails, severely beating them, keeping them nude all the time, keeping them without foods and water for days. When they are given foods once in many days, it is on the ground with their hands tied at their backs. Authorities in the jail force them through immense torture to exclaim that they are animals and that’s why they have to eat like animals.
But this time, it has already been four days that Rohingyas in the prison are without foods and water. No need to wonder what is happening with them. What makes my heart bleed is not that Rohingyas are being killed but the way they are being killed.
In short, according to Rohingyas in Arakan, the situation of Rohingyas in the prison is worse than that of Jews once in Nazi Concentration and Extermination Camps. In the fear of losing the debate in Nay Pyi Daw, Rakhine extremists (both in the government and outside) are rushing to kill Rohingyas as many as possible in the remaining they may have. Therefore, an urgent systematic investigation comprised of international criminal experts into Rohingya detention centers in Arakan is a dire need to prevent the crimes against humanity taking place. Or else, it will be another man-made catastrophe that can be prevented in time. And people will regret later for not doing so.
Mohammed Sheikh Anwar is an activist studying Bachelor of Arts in Business Studies at Westminster International College, Malaysia

 

 

 

URGENT – BREAKING NEWS : New Bids to Recreate Violence against Rohingyas Failed

Breaking News: New Bids to Recreate Violence against Rohingyas Failed

Friday, 28th September 2012
Sittwe, Arakan– This afternoon, around 200 Rakhine extremists surrounded Aung Mingalar Quarter trying to attack Rohingyas in the area and torch their houses as if making them (Rohingyas) die with starvation by cutting their ways of access to foods and medicines and pressuring them to leave their houses are not enough and satisfactory( for Rakhine Extremists). There were no security forces in placed to protect Rohingyas’ lives.
“There were around 3000 Rakhines together with extremist Rakhine Monks with Lethal weapons gathered and surrounded Rohingyas’ areas for hours in an attempt to recreate violence against the already crippled Rohingya community in Sittwe. They demanded all Rohingyas to come out of their houses; otherwise they would kill each and every Rohingya in the area. They have been plotting to kill remaining Rohingyas for a few days.
Some of villages surrounded by the Rakhine extremists with their Monks are:
1)         Hoshai Para
2)         Mowlake (Moulvi Para)
3)         Aung Mingalar (Handi Hola, Amla Para)
Rakhine Extremist Mobs started gathering this afternoon at UttamaPark.  Despite presence of authority in the area, Rakhine Mob could proceed with hand-made guns and knives etc and surround the remaining Rohingya areas in the town of Sittwe. Fortunately for Rohingyas this time, Military took action rather quickly to prevent the attacks of Rakhine extremists. Military in the area declared “we have got the shooting order and will shoot at anyone no matter which party start the violence” said Maung Oo from Sittwe. Therefore, Rakhines could not proceed and their plot to kill Rohingyas in Sittwe failed according to the latest report. However, Rakhine extremists did smash some military trucks.
“Later, when asked by the authority why they wanted to create the violence again, the Monks vehemently replied “we wanted to kill them because a 14-year-old Rakhine boy was missing and he was killed by those Bengali Kulars.” Yet, when authority investigated about the boy, he was found sleeping in his house” reported by a local of Aung Mingalar Quarter on the condition of anonymity.
Maung Daw, Arakan– This morning, a Rohingya from Bomu Para was severely Rakhine hooligans without any reason.
“This afternoon in Maung Daw, too, Rakhine Extremists were entering Rohingyas areas in the downtown region such as Quarter 3, Quarter 4, Quarter 5 and Dil Para with Knives, hand-made guns and other guns provided by the authority. Besides, some Rakhine hooligans were seen roaming around Quarter 2 in Maung Daw. Rakhines along with NaSaKa were shouting slogans against Rohingyas in Maung Daw. In Maung Daw as well, the military took similar action as they did in Sittwe. But it was very difficult for the military to control the situation. So far, no burning or dead casualties are recorded yet” reported A. Faiz from Maung Daw.
The new attempt to commit genocide against Rohingyas is the direct result of the recent conference held by Rakhine extremists in Rathedaung. It is also an attempt by Rakhine extremists to kill Rohingyas as many as possible in the time they have because as they are losing the debate going on in Nay Pyi Daw regarding the history of Arakan. It is also because they can’t fool people any longer with their made-up stories of Arakan.
I suspect whether it is another attempt by Rakhine extremists to extend the period of Martial Law declared in the region similar to what they did last time by targeting Rohingyas in Kyauk Taw township!
 
Compiled by M.S. Anwar

 

 

 

BURMA TASK FORCE NEW YORK HELD PROTEST RALLY AGAINST PRESIDENT THEIN SEIN

BURMA TASK FORCE NEW YORK HELD PROTEST RALLY AGAINST PRESIDENT THEIN SEIN

New York, September 28:

Burrma Task Force USA, (BTF—www.burmamuslims.org) a national alliance of Muslim organizations of the US that includes Rohingya groups protested against the ethnic cleansing of Rohingya and against President Thein Sein’s inaction in securing justice for the persecuted minority during his speech at the Asia Society on September 27, 2012
President Thein Sein seemed spooked and flustered when he found his entourage surrounded by the protesters chanting against the ethnic cleansing of Rohingyas when he stepped out of his car. He was quickly ushered away from the peaceful protesters by his security detail.
Rohingya Muslims of Burma have been subjected to repeated waves of ethnic cleansing during the last six decades. Hundreds of thousands of have been forced to flee the country. The recent wave of ethnic cleansing started this June that resulted in mass murder, mass rapes and mass displacement. A 1982 law has taken away the citizenship rights of Rohingya Muslims who have lived in Burma for centuries.
“The military junta has brainwashed generations of Burmese to hold the darker skinned Rohingya in contempt. It is the only genocide in the world where the twin evils of racism and religious bigotry are at work. We will continue our campaign against the government of Burma till it restores the citizenship rights of Rohingya, rehabilitate the hundreds of thousands of Rohingya refugees, bring the perpetrators to justice and institute anti-racism curriculum in Burmese schools,” said Habeeb Ahmed, a board member of BTF-New York.
The protesters were addressed by Rohingya leaders including Yosef Mohideen. Other leaders who spoke included Habeeb Ahmed, the human rights commissioner of Nassau County of New York, Mahtab Ahmed of Human Rights and Development for Bangladesh, Shah Jahan of Council of American Islamic Relations – New York and Dr. Shaik Ubaid, the convener of Burma Task Force New York.
In his speech Dr. Ubaid made the following demands:
1) To fully cooperate with the international community to immediately cease the arrest of Rohingya men. There have been hundreds of arbitrary arrests, and now Burmese/Rakhine court is involved in its issuing arrest warrants only against Rohingya victims and no arrests of Rakhine vigilantes have been made.
2) To give the international media and humanitarian organizations unconditional access to the Northern Arakan State to provide food and shelter to prevent starvation and disease outbreak during the current monsoon season.
3) To provide complete protection to the Rohingya residences from the Rakhine incendiaries and attacks
4) To move swiftly to start rebuilding all the properties that were burned down or destroyed
5) To dissolve the government’s Commission of Inquiry that includes alleged Rakhine masterminds of the recent violence against Rohingya. No Rohingya is allowed in the commission.
6) To accept an independent Commission of Inquiry from the international community
7) To repeal the Military’s 1982 citizenship law, and reconstitute a new citizenship law conforming to international standards.
We hope that you will take the above-mentioned steps in a timely fashion so that, Burma can reenter the communities of nation and take its deserved place.
Burma task Force has held rallies over the last week in multiple cities across the US and Canada on the occasion of Daw Aung San Suu Kyi’s visit showing solidarity with her struggle and asking her to speak up on the persecution of the Rohingya community. More rallies are planned in the coming days including in Boston, Detroit, San Francisco and Los Angeles.

 

 

 

သွားစရာ နေရာမရှိ

ကမ္ဘာကျော် အလ်-ဂျာဇီးရားနိုင်ငံတကာရုပ်မြင်သံကြားလိုင်းကနေပြီးတော့ ဗမာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးစုရဲ့အကြောင်းကို ရိုက်ကူးတင်ပြထားတာကို ပြန်လည် ရှယ်ပေးလိုက်ပါတယ်။

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်

မွတ်ဆလင်ကမ္ဘာမှာ သီတင်းပတ်တွေနဲ့ချီပြီး ပြန့်နှံ့ခဲ့တဲ့ ဗွီဒီယို ရိုက်ကူးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ အပြစ်မဲ့ မွတ်ဆလင်တွေ လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဇာတ်လမ်းကို ရိုက်ကူးခဲ့သူ Nakoula ကို အာမခံအတွက် ကြားနာမှုမတိုင်ခင် ပြည်ထောင်စုတရားရုံးကို ချက်ခြင်းလာဖို့ ဆင့်ခေါ်ထားတယ်လို့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ရှေ့နေရုံးက Thom Mrozek က ကြာသာပတေးနေ့က ပြောလိုက်တာပါ။ဒီ ဗွီဒီယိုဇာတ်လမ်းမှာ တမန်တော်မိုဟာမက်ဟာ သတ်ဖြတ်လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ ဖောက်လွဲဖောက်ပြန်ပြုမူသူအဖြစ် ဇာတ်လမ်းဆင် ထားတာကြောင့် မွတ်ဆလင်တွေကြားမှာ ဒေါသထွက်ခဲ့ကြရပြီး အမေရိကန် ဆန့်ကျင်ရေးတွေ ဖြစ်ပေါ်လာခဲ့ရသလို အသက်တွေသေကျေ ခဲ့ရပါတယ်။ အမေရိကန် သံရုံးတွေ၊ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လူအုပ်ကြီးတွေက မီးရှို့တာတွေကို လည်း မြင်တွေ့ခဲ့ကြရပါတယ်။

အမေရိကန်အစိုးရက လစ်ဗျားနိုင်ငံမှာရှိနေတဲ့ ဝန်ထမ်းတွေကို လုံခြုံရေး အရ  ယာယီပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့သီတင်း ပတ်ထဲမှာ ထရစ်ပိုလီကို ဝန်ထမ်းတွေ ပြန်ပြီး တာဝန် ထမ်းဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝန်ထမ်းအရေအတွက် ဘယ်လောက် များများကို ပြန်ခေါ်ထားသလဲဆိုတာနဲ့ ဒီအကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ ကို ငြင်းပယ်ခဲ့ပါတယ်။

ဖားကန့်တွင် ရခိုင်အမျိုးသားပါဝင်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ်

စက်တင်ဘာ ၂၈ ဖါးကန့် KIA တပ်ရင်း ၆ ၏ အမှတ်စဉ် (၁၀) အခြေခံစစ်တင်တန်းဆင်းပွဲ ကျင်းပနေပုံ။ ဓါတ်ပုံ – KNG ကချင်သတင်းဌာန [/LINK]

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ထိန်းချုပ်နယ်မြေရှိ တပ်စခန်း တစ်ခုတွင် ရခိုင်လူမျိုးပါဝင်သော အမှတ်စဉ်(၁၀) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သင်တန်းကျောင်းဆင်းပွဲကို စက်တငဘာ ၂၈ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

KIA စစ်သင်တန်းဆင်းသူများတွင် အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၁၃၆ ဦး နှင့် ရခိုင်လူမျိုး ၂၉ ဦး စုစုပေါင်း ၁၇၈ ဦး ဖြစ်ကြောင်း တပ်ရင်း ၆ KIA အရာရှိတစ်ဦးပြောသည်။

သင်တန်းဆင်ပွဲအစီအစဉ်ကို အာနန် (Anang Hpyen It Dabang) တပ်စခန်းတွင် နံနက် ၁၁ နာရီမှ ၂ နာရီထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

အစီအစဉ်ပြုလုပ်ရာတွင် KIA ဗိုလ်ကြီး မဂျီနော်ရိန်း (Du Jum Maji Naw Ring)၊ တပ်ရင်းမှူး ဗိုလ်မှူး အင်ခွမ်ဇော်ဒွဲ (Dukaba Nhkum Zau Doi) နှင့် ဗိုလ်ကြီး ခေါင်ဂျုံး (Dukaba Hkawng Gyung) တို့မှ သင်တန်းဆင်း စစ်သားများအား အားပေးစကားပြောကြားခဲ့သည်။

အားပေးစကားပြောကြားရာတွင် ကချင်ပြည်နယ်ကို အားလုံးပူးပေါင်းကာကွယ်ရန် တာဝန်ဖြစ်ပြီး အစိုးရထံမှာ တောင်းခံနေခြင်းအားဖြင့် ရလာမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ပါဝင်တက်ရောက်သူ တစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ လွတ်လပ်ရေးရအောင် ယခင် ၁၉၆၀ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ မြန်မာအစိုးရဆီမှာ တောင်းခဲ့ တယ်။ ဒါပေမဲ့ မရခဲ့ဘူး။ အခုက ဘုရားသခင်ဆီမှာပဲတောင်းတယ်။ တိုက်ရိုက်ပေးနိုင်တာက ဘုရားသခင်ပဲ။ မကြောက်နဲ့ ကျနော်တို့ရဲ့ အောင်မြင်ခြင်းက ဘုရားသခင်ပဲဖြစ်တယ်။ ကျနော်တို့ သူများ နယ်မြေကို သွားတိုက်တာမဟုတ်ဘူး။ ဘုရားသခင်ပေးထားတဲ့ ကျနော်တို့ရဲ့ နယ်မြေကို ကာကွယ်တာပဲ။”

သင်တန်းဆင်းပွဲတွင် ပြည်သူလူထုများ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုချိန် မြန်မာအစိုးရတပ်ဖွဲ့များသည် မြန်ကြီးနား-ဖားကန့်လမ်း၊ သာမခန်-ဖားကန့်သွားလမ်း ၂ ခုကိုဖောက်နိုင်ရန် အတွက် KIA တပ်ရင်း ၆ နယ်မြေဖြစ်သော ဖားကန့် ဆိုင်းဂျာဘွမ် (Seng Ja Bum)၊ ဂင်စီ (Ginsi) ကို သိမ်းပိုက်ပြီး တပ်ရင်း ၁၀ ခုဖြင့် စစ်အင်အား ၆၀၀ နှင့် ဖားကန့်ကို အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားကြောင်း သိရသည်။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်လုံးအတွက် အရေးပါသော စီးပွားရေးနယ်မြေဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှစ၍ အစိုးရတပ်များ စစ်ဆင်ရေးတိုးချဲ့လာ၍ တိုက်ပွဲများပြင်းထန်နေသော နယ်မြေဖြစ်သည်။

ထိုသို့ နှစ်ဖက်တင်းမာနေချိန် ယခုကဲ့သို့ KIA မှ ရခိုင်အမျိုးသားများပါဝင်သော စစ်သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်ခြင်းသည် လည်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။

Source: KNG

ကောလဟာလကြောင့် စစ်တွေ မငြိမ်သက်မှုဖြစ်

စစ်တွေမြို့မှာ  လူမျိုးရေး ပဋိပက္ခတွေကြောင့် နေအိမ် အတော်များများ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ ဇွန် ၁၆ ၂၀၁၂

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပြီး လူထုတွေကြား စိုးရိမ်ပူပင်မှုတွေဖြစ်ပြီး မငြိမ်မသက်မှုတွေရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်တွေမြို့ရဲ့နောက်ဆုံးအခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာ ရပ်ကွက်နေ ရေခဲချောင်း ရောင်းသော ကလေးတစ်ဦး စစ်တွေ မြို့ပေါ်က မူဆလင် အများစု နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် ထဲကို ဈေးသွားရောင်းရာမှ ပြန်ရောက်မလာတဲ့အတွက် အန္တရာယ်ဖြစ်နေမလားဆိုပြီး ကောလဟလ သတင်းတွေ ထွက်ခဲ့ပါတယ်။

နေ့လည်လောက်မှာတော့ မြို့ခံလူထုနဲ့ သံဃာတော်အချို့ စုဝေးပြီး အဲ့ဒီ့ကလေးငယ် ပျောက်သွားတယ်ဆိုတဲ့ မူဆလင် ရပ်ကွက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြရာကနေ လူစုလူဝေး သဘောမျိုး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုက သူတို့ရတဲ့သတင်းကို အခုလိုပြောပါတယ်။

“ ဒီနေ့မနက်ကြားတာကတော့ စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်မှာ ပြဿနာ ဖြစ်နေတယ်လို့ ကြားပါတယ်ခင်ဗျ။ ပြင်းပြင်းထန်ထန်တော့ မကြားရဘူး။ တပ်က ထိန်းထားတယ်လို့ ပြောတယ်။ လောလောဆယ် အဲ့ဒီ့က အသေးစိတ်တော့ ကျနော်တို့ မကြားရေသေးဘူး။ လုံခြုံရေးထိန်းထားတယ်ပြောပါတယ်။ စစ်တွေမှာတော့ လောလောဆယ် သိပ်တော့ မကြားရသေးဘူး။ ကျနော်တို့လည်း စုံစမ်းတုန်းပဲ ရှိသေးတယ်။”

အဲ့ဒီ့လို သတင်းတွေကြောင့် လူစုလူဝေးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စစ်တွေမြို့ရဲ့ အခြေအနေကတော့ အေးဆေးသွားပြီလို့ ရခိုင်ဒေသ ထိန်းသိမ်းကွပ်ကဲရေးကော်မတီအဖွဲ့က အတွင်းရေးမှူး ဦးဝင်းမြိုင်ကပြောပါတယ်။

“ မဟုတ်ပါဘူးဗျာ။ တယောက်ယောက်က သူတို့ အထင်လွဲပြီး ပြောလို့ နည်းနည်း စုရုံးစုရုံး ဖြစ်သွားတာပါ။ ဘာမှလည်း မဟုတ်ပါဘူး။ သူတို့ မူဆလင်အဖွဲ့ သုံးလေးယောက် သွားတာကို တွေ့တာကို ဝိုင်းစုပြီး အော်လိုက်လို့ နည်းနည်းလေး ဖြစ်တာပါ။ ဘာမှ မဖြစ်ပါဘူး။ အခုတော့ ကောင်းသွားပါပြီ။ ဘာမှ မဖြစ်ပါဘူးခင်ဗျ။ ဘာမှ မဖြစ်ပါဘူးခင်ဗျ။ သူတို့ တယောက်က ပြောသံကြားလို့ နည်းနည်း လူ စုရုံးစုရုံးဖြစ်သွားတာပါ။ ဘာမှမဖြစ်ပါဘူး။  အခုတော့ အေးဆေးပါပဲ ပြန်နေကြပါပြီ။”

စစ်တွေမြို့ နောက်ဆုံးအခြေအနေအရတော့  လူထုတွေထဲမှာ ပဋိပက္ခတွေ မကြီးထွားလာစေဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဒေသခံတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေနဲ့ လူထုလုံခြုံရေးအတွက် နေရာယူစောင့်ကြပ်ပေးနေတယ်လို့သိရပါတယ်။

အခုနောက်ဆုံးရတဲ့သတင်းအရတော့ အဲ့ဒီ့ကလေးငယ်သေဆုံးတယ်ဆိုတဲ့ သတင်းမမှန်ကန်ကြောင်း သက်သေပြတဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဈေးရောင်းသွားတဲ့ အသက် ၁၂ နှစ် ခန့်ရှိတဲ့ မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်) ဟာ အခုလက်ရှိအချိန်မှာတော့ သူ နေထိုင်တဲ့ ကျေးရွာဖြစ်တဲ့ ကျေးတောပိုက်ဆိပ်ကျေးရွာသို့ ပြန်ပြီးတော့ ရာက်ရှိနေပြီဟု တာဝန်ကျရဲတွေက ပြောကြားထားပြီးတော့ ကလေးငယ်သေဆုံးတယ်ဆိုတာ မမှန်ကန်ကြာင်း ပြသဖို့ ပြည်သူတွေ ရှေ့ကို ခေါ်လာပြဖို့  သွားခေါ်နေတယ်လို့ Eleven Media Group ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ဖော်ပြပါရှိပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပြီးတော့ လူထုတွေကြားမှာ စိုးရိမ်ပူပင်မှုတွေနဲ့ မငြိမ်သက်မှုတွေ ရှိခဲ့ပါတယ်။ အခုနောက်ဆုံးအခြေအနေကတော့ ဒေသခံတာဝန်ရှိသူတွေကနေ ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ကို မိခင်နဲ့ အတူ လူအုပ်ကို ခေါ်ပြလိုက်တဲ့အတွက် အခု လူအုပ်ကွဲသွားပြီလို့ သိရပါတယ်။

Source: VOA

သမ္မတ ဦးသိန်းစိန်နှင့် အာအက်ဖ်အေ သီးသန့်တွေ့ဆုံမေးမြန်း

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ အကြိတ်အနယ် ပြိုင်ဆိုင်ကြရမယ့် ရွေးကောက်ပွဲဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က အာအက်ဖ်အေကို စက်တင်ဘာလ  ၂၈ ရက်က ပြောလိုက်ပါတယ်။

RFA

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် သမ္မတ ဦးသိန်းစိန်ကို အာအက်ဖ်အေမှ တွေ့ဆုံမေးမြန်းနေစဉ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက အာအက်ဖ်အေ မြန်မာပိုင်းအစီအစဉ်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခွင့်ပေးခဲ့စဉ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲက ၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေ ရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက မေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့တာပါ။

“သို့သော်လည်း ဒီဖက်ပိုင်းမှာတော့ အန်အယ်လ်ဒီ ၀င်လာတယ်။ အဲတော့ အန်အယ်လ်ဒီကလည်း ဘာပဲဖြစ်ဖြစ် ခုနကလို ဒီအထိုက်အလျှောက် ဒီပါတီကို ကြိုက်နှစ်သက်တဲ့ အင်အားကလည်း သူကရှိနေတယ်။ ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့်  ၂၀၁၅ မှာတော့ ရွေးကောက်ပွဲအတွက်ကို အပြိုင်အဆိုင် ခုနကလို စည်းရုံးကြရမယ်။ အပြိုင်အဆိုင် ကြိုးစားကြရမယ်လို့ ဒီလိုပါ မြင်ပါတယ်”

ဒါ့အပြင် သမ္မတရုံးနဲ့ လွှတ်တော်ကြားမှာ အတည်မပြုနိုင်သေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းကိစ္စ၊ လတ်တလော အပြောင်းအလဲဖြစ်လာတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာတွေအပြင် ၂၀၁၅  ရွေးကောက်ပွဲဆိုင်ရာတွေကို သမ္မတကြီးက ဖြေကြားထားပါတယ်။

နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ အာအက်ဖ်အေ ၀ိုင်းတော်သူ ဒေါ်သင်းသီရိက သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံမေးမြန်းတာကို တင်ပြထားပါတယ်။

တွေ့ဆုံ မေးမြန်းချက်။
အသံဖိုင်ယူရန်။

Source: RFA

ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ

မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း  မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် တလျှောက်လုံး ကန့်ကွက်ခဲ့တဲ့ ရုရှနိုင်ငံဟာ အခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ရုရှကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ၀န်ကြီးဌာနနဲ့ ဆွေးနွေးနေပြီး  သတင်းအချက်အလက်တွေနဲ့ နိုင်ငံခြားရင်းမြှုပ်နှံမှု အခြေအနေတွေကို လေ့လာနေကြကြောင်း၊ ရုရှစွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ OGZD ဟာ မြန်မာနဲ့အတူ ပူးတွဲလုပ်ကိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့ပို့ကုန်လုပ်ငန်း ချက်ခြင်းထိုးတက်သွားဖို့ မဖြစ်နိုင်သေး

မြန်မာနိုင်ငံက ထွက်ကုန်တွေ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်လိုက်တာကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဦးမော့လာနိုင်စရာရှိပေမဲ့ မြန်မာ့ ပို့ကုန်လုပ်ငန်းဟာ ချက်ခြင်းလက်ငင်း ထိုးတက်သွားမယ်လို့ မျှော်လင့်လို့ မရနိုင်သေးကြောင်း လေ့လာသူတွေက ပြောကြပါတယ်။

အခုလို မြန်မာ့ထွက်ကုန်တွေကို ဖွင့်ပေးလိုက်တဲ့အတွက် တချို့ကဏ္ဍတွေက ပို့ကုန်တွေ အခြေအနေ အများကြီး ပိုကောင်းသွားမှာမို့ ပြည်တွင်းစီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အထိုက်အလျောက် တိုးတက်လာမှာပါ။

ဒါပေမဲ့ ရေရှည်မှာ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ ပြဿနာတွေက ရှိနေပါသေးတယ်လို့ IHS Global Insight သုတေသနအဖွဲ့က ပြောပါတယ်။ Maplecroft  စီးပွားရေး သုတေသနအဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ အားသာချက်တစ်ခုကတော့  လုပ်အားခ ဈေးပေါပေါ ရနိုင်တာပါပဲ။

ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားတို့ထက် လုပ်အားခပိုပြီး ဈေးချိုနေပါသေးတယ်။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား  မလုံလောက်တာ၊ အလုပ်သမားအခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်တာတွေက စိုးရိမ်စရာ ဖြစ်လာဖွယ်ရှိပါတယ်လို့ ပြောဆိုပါတယ်။

ဒါ့ပြင် မြန်မာ့စီးပွားရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေရဲ့ သြဇာကလည်း ပြဿနာတစ်ရပ် ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ဝါးကြီးအုပ် စီးပွားရေးပုံစံကနေ ကုန်သွယ်မှု ဖြေလျှော့ရေး ဆောင်ရွက်တဲ့နေရာမှာ  စစ်တပ်ရဲ့လွှမ်းမိုးမှု အားကောင်းနေမယ့်အရေးကို အမေရိကန်ပြည်ထောင်စုက သတိကြီးကြီး ထားနေမှာ ဖြစ်ကြောင်းလည်း လေ့လာသူတွေက သုံးသပ်ဝေဖန်ကြပါတယ်။

Source: RFA

စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီစုဝေးခဲ့

ရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့ အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက်ကို ဈေးသွားရောင်းရာက ပြန်ထွက်မလာတာကြောင့် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလ ဖြစ်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းမှာ သံဃာတော်နဲ့  ပြည်သူတစ်ထောင်ခန့် စုဝေးပြီး  အဲဒီရပ်ကွက်အတွင်း ၀င်ရောက်ဖို့  ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

RFA

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ထိန်းသိမ်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်တွင် တွေ့ရစဉ်။

အဲဒီနေရာကို  ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့  ရေးရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့  စစ်တပ်တစ်တပ် ရောက်ရှိလာပြီး  တားဆီးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း၊  လောလောဆယ် ကလေးကိုရှာဖွေနေပါကြောင်း ပြည်နယ်အစိုးရက အစောပိုင်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရက ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်းနဲ့ စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတရုံး ညွှန်ချုပ် ဗိုလ်မှူးဇော်ဌေးရဲ့ မှူးဇော် လူမှုကွန်ယက် စာမျက်နာမှာတော့  မောင်အောင်နိုင်ဦးကို မိခင်ဖြစ်သူနဲ့အတူခေါ်ပြီး ပြသခဲ့ကြောင်း ရေးသားထားပါတယ်။

ဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး စစ်တွေမြို့က အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိသတင်းယူနေတဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်နဲ့  ညနေစောစောပိုင်း ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အဲဒီနောက်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ ကလေးကိုရှာဖွေတွေ့ရှိပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဦကျော်ကျော်အောင်နဲ့ ဝါရှင်တန် ရုံးချုပ် ထပ်မံဆက်သွယ် မေးမြန်းခဲ့တာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Source: RFA

ကချင်ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင်နှစ်ဦးကို တရားရုံးမှာ စတင်စစ်ဆေး

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ပွဲရပ်တန့်ရေးကို ရန်ကုန်မြို့ လမ်းတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

RFA

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။

ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဥပဒေကြောင်းအရ အာမခံထားပေးမယ့် လူပုဂ္ဂိုလ် (၂) ဦး တောင်းဆိုပါတယ်။

ဦးမရန်ဂျော်ဂွန်းတို့က တခြားလူပုဂ္ဂိုလ်တွေကို အာမခံမထားဘဲ  မိမိကိုယ်မိမိပဲ အာမခံတာဝန်ယူမယ့် အကြောင်းပြောပြီး  ကိုယ်တိုင်ခံဝန်ချက် ရရှိအောင် ကြိုးစားခဲ့တာကို RFA ကို အခုလိုပြောပါတယ်။

“ဒီကိစ္စမှာ ကျွန်တော်တို့က ခံယူချက်ကောင်းကောင်းနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ပြည်သူတစ်ယောက်ရဲ့ တာဝန်အနေနဲ့ ပါဝင်တာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ တရားခံ မဟုတ်ဘူး။ မှားတယ်လို့ လုံးဝမယူဆဘူး။ အဲ့ဒါကြောင့် မထွက်ပြေးဘူး။  ဘယ်နေရာပဲရောက်ရောက် လာမှာပဲ။ ကိုယ်ပိုင်ခံဝန်ချက်ပဲ ကျွန်တော်တို့ လိုချင်တယ်။ ကျွန်တော်တို့ တောင်းဆိုတော့ သူက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပက်သက်တဲ့ စာချုပ်ကို ထပ်ချုပ်တယ်။ ကိုယ်ပိုင်ခံဝန်ချက် ဖြစ်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့အကြောင်း လက်မှတ်ထိုးခဲ့တယ်”

ကချင်ငြိမ်းချမ်းရေးကွန်ယက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဒဂုံမြို့နယ် ရဲအုပ် ဦးထွန်းထွန်းဝင်းက တရားလိုပြုလုပ် တိုင်ကြားခဲ့တာပါ။

ဒီကနေ့မှာတော့ ဦးမရန်ဂျော်ဂွန်းတို့က မိမိကိုယ်မိမိ တာဝန်ယူတဲ့  ကိုယ်တိုင် ခံဝန်ချက်ရယ်၊ အာမခံကြေး ၁၀ သိန်းနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ပြီး ဒီအမှုကို လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ ရုံးချိန်း ပြန်လည်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

Source: RFA

တက္ကသိုလ် ဆရာ ဆရာမများအသင်း ဖွဲ့စည်းခွင့်ပြု

နိုင်ငံတော်အစိုးရသစ် တက်လာပြီးတဲ့နောက် အစိုးရဝန်ထမ်းတွေကို အဖွဲ့အစည်း ဖွဲ့စည်းခွင့်အဖြစ် ပထမဆုံးအနေနဲ့ တက္ကသိုလ် ဆရာ ဆရာမများ အသင်းသုံးခုကို ဖွဲ့စည်းခွင့်ပြုတဲ့ လက်မှတ်တွေကို  သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူတွေက  အလုပ်သမားရုံးတွေမှာ ဒီကနေ့ ညနေပိုင်းက ခေါ်ယူထုတ်ပေးခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

အရှေ့ပိုင်းတက္ကသိုလ် ဆရာ ဆရာမများအသင်း ဖွဲ့စည်းခွင့်ရရှိတာနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာဦးသန်းထိုက်က RFA ကို အခုလိုပြောပါတယ်။

“အသိအမှတ်ပြုလက်မှတ် ကျွန်တော်တို့ ဒီနေ့ပဲ ရပါတယ်ခင်ဗျ။ မှတ်ပုံတင်အရာရှိချုပ် မျိုးအောင်လက်မှတ်နဲ့ ထုတ်ပေးပါတယ်ခင်ဗျ။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ကတော့ ဆရာ ဆရာမများ အားလုံးက ဆွေးနွေးနိုင်တဲ့ဥစ္စာမျိုးတွေ၊  ကျွန်တော်တို့ servey တွေလုပ်မယ်။ သူတို့ဆီက အသံတွေကျွန်တော်တို့နားထောင်မယ်။ နောက်ထပ်ဖြစ်နိုင်စရာ ရှိတာတွေကို ကျွန်တော်တို့ ဆွေးနွေးပွဲတွေလုပ်မယ်။ နောက်ပိုင်းမှာ ပညာရေးနဲ့ ပတ်သက်တဲ့နည်းဥပဒေတို့ ဝင်ရောက်ပြီးတော့  အကြံဥာဏ်ပေးတဲ့ ဥစ္စာမျိုးတွေထိ ကျွန်တော်တို့လုပ်ဖို့ ရည်ရွယ်ထားပါတယ်”

ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တို့မှာ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ဆရာ ဆရာမများအသင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေ  လျှောက်ထားခဲ့တာဖြစ်ပြီး နှစ်လမပြည့်မီ ရက်ပိုင်းအလို ဒီကနေ့မှာတော့ တရားဝင်ဖွဲ့စည်းခွင့် အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Source: RFA

နိုင်/ကျဉ်းဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ယာယီကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကျင်းပမည်

မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၅၅ လမ်းမှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မနက်ဖြန်ကျင်းပမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ယာယီကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလကနေ ရွှေဝါရောင်တော်လှန်ရေး ကာလတိုင် ပါဝင်ခဲ့လို့ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အထင်ကရ ဆရာတော်ကြီးတွေပါ တက်ရောက်ကြမယ်လို့ သိရပါတယ်။

ဒီလိုကွန်ရက်ဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ကွန်ယက်ပေါ်ပေါက်ရေး ဦးဆောင်သူဖြစ်တဲ့ ကိုမောင်မောင်လွင်က RFA ကို ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဟောင်းများ လူမှုကွန်ရက် လုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ နံပတ်တစ် နိုင်ငံရေးအကျဉ်းသားများနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ မိသားစု ကျန်းမာရေး၊ ပညာရေးကို အားဖြည့်ကူညီဖို့ရယ်၊ နံပတ်နှစ် လူထုအကျိုးပြုလုပ်ငန်းတွေကို တတ်စွမ်းသလောက် ဖော်ဆောင်ဖို့ရယ်၊ နံပတ်သုံး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးအနက်ပြု ဖော်ဆောင်ဖို့ ဆိုတာပဲဖြစ်ပါတယ်။ မနက်ဖြန်ကျင်းပမယ့် ဒီအထက်ဗမာပြည် လူမှုကွန်ရက် လုပ်ငန်းစဉ် ယာယီကော်မတီဖွဲ့စည်းရေး အခမ်းအနားကို အထက်ဗမာပြည်မှာ ရှိကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် လာရောက်တက်စေချင်ပါတယ်။  အကယ်၍ အဲဒီအခမ်းအနားကို မတက်နိုင်ခဲ့ဘူး ဆိုရင်လည်း နောက်နောင်မှာ ကျွန်တော်တို့ လူမှုကွန်ရက်နဲ့ ဆက်သွယ်ပြီးတော့မှ၊ ပူးပေါင်းပြီးတော့မှ လုပ်ဆောင်ဖို့ရန်အတွက် ဖိတ်မန္တက ပြုအပ်ပါတယ်”

နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ရဲ့ ယာယီကော်မတီကို အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး၊ ကော်မတီ ၅ ရပ်နဲ့ ဖွဲ့စည်းသွားဖို့ လျာထားတယ်လို့ သိရပါတယ်။ လောလောဆယ် ပြုစုထားတဲ့စာရင်းအရ  အထက်မြန်မာနိုင်တစ်ဝန်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၇၇၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

မနက်ဖြန် နေ့လည် တစ်နာရီမှာကျင်းပမယ့် အခမ်းအနားကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ဂဠုန်နီစစ်ကြောင်းခေါင်းဆောင် ဆရာတော်ဦးကာဝိယ၊ ဘုရားကြီးစစ်ကြောင်းခေါင်းဆောင် ဆရာတော် ဦးခေမာစာရ၊ သပိတ်တပ်ပေါင်းစု  အတွင်းရေးမှူး ဆရာတော် ဦးဝိသုတ၊ ၁၉၉၀ ပတ္တနိက္ကုစ္စနကံကာလ လေးပြင်လေးရပ် သံဃသမဂ္ဂီ အတွင်းရေးမှူး ဆရာတော် ဦးဝေပုလ္လနဲ့ အဖွဲ့ဝင် ဦးကုသလ၊ ဦးကောသလ္လ ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၊ ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် ဦးဂမ္ဘီရ (ခ) ကိုညီညီလွင်၊  အထက်ဗမာပြည် သပိတ်တပ်ပေါင်းစု တာဝန်ခံ ဦးကေလာသတို့ တက်ရောက်ကြမယ့်အပြင် မစိုးရိမ်တိုက်သစ် ပဓာနနာယက ဆရာတော် ဦးရာဇဓမ္မဘိဝံသကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

Source: RFA

သမ္မတထံ UNFC ပန်ကြားစာပေးပို့

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရေး နည်းလမ်း (၆) ချက်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ပန်ကြားလိုက်ပါတယ်။

RFA

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မြန်မာအစိုးရကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဥပဒေဘောင်အတွင်း ၀င်စေပြီး ပါတီထောင်ခိုင်းတာမျိုး ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်မှာ သူတို့လိုလားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် ကြိုးစားတာမျိုးတွေ လုပ်စေချင်ပေမယ့်  UNFC အဖွဲ့ကတော့ အဲဒီနည်းလမ်းတွေနဲ့ မတူတဲ့ အချက် (၆) ချက်ကို တင်ပြထားပါတယ်။

အဲဒီ (၆) ချက်ထဲမှာ တိုင်းရင်းသားတွေကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေး၊ အစိုးရနဲ့ဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား ချမှတ်ရေး၊ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်အလိုက် တိုင်းရင်းသား  ညီလာခံကျင်းပရေး၊ အဲဒီနောက် တိုင်းရင်းသားလူမျိုးစုံ ပါဝင်တဲ့ ညီလာခံတစ်ရပ် ခေါ်ယူရေးနဲ့ နောက်ဆုံးမှာ အစိုးရ၊ ဒီမိုရေစီအင်အားစု၊ နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားတွေအားလုံး ပါဝင်မယ့် ပြည်ထောင်စု ညီလာခံကြီး တစ်ရပ်ကျင်းပသွားဖို့  သမ္မတ ဦးသိန်းစိန်ကို ပန်ကြားထားပါတယ်။

Source: RFA

မြန်မာ့ရေးရာ သတင်းပဒေသာ

– မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ရှိနေသေး click
– KIA အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၅ ဦး သေဆုံး click
– ဖားကန့်တွင် ရခိုင်အမျိုးသား ပါဝင်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ် click
– တရုတ် လုံကရောက်စခန်းမှ ပြောင်းရွှေ့ခဲ့သော ကချင်ဒုက္ခသည်များ အကူအညီ လိုအပ်နေ click
– ကချင်စစ်ဘေးကြောင့် ပြည်နယ်အစိုးရ တာဝန်ယူ ကျောင်းထားပေးရသူ ၈,ဝဝဝ ခန့်ရှိပြီ click
– ကချင်စစ်ပွဲတွေအပေါ် သမ္မတက KIO ကို အပြစ်ဆို click
– သမ္မတ ဦးသိန်းစိန်နှင့် အာရ်အက်ဖ်အေ သီးသန့်တွေ့ဆုံမေးမြန်း click
– ဝန်ကြီးကလင်တန်နဲ့ Congress အမတ်တွေ မြန်မာ့အရေး ညှိနှိုင်း click
– မြန်မာနိုင်ငံ ပြုပြင်ရေး မိတ်ဆွေနိုင်ငံများ ဆက်ကူမည် click
– မြန်မာ့ပို့ကုန်လုပ်ငန်း ချက်ချင်း ထိုးတက်သွားဖို့ မဖြစ်နိုင်သေး click
– ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့် ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ click
– ကျောင်းသူတဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက် click
– အခြေခံပညာရေးကဏ္ဍ ပညာရေးမြှင့်တင်မှုများ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန် click
– တက္ကသိုလ် အဆင့်အတန်း မြှင့်တင်ရေး (သုံးသပ်ချက်) click
– ဆရာမှတ်စု (၁) (၀တ္ထတို) click

– ကချင်ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင်နှစ်ဦးကို တရားရုံးမှာ စတင်စစ်ဆေး click
– စစ်တွေမြို့မှာ တင်းမာမှုတွေ ထပ်ဖြစ် click
– စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီ စုဝေးခဲ့ click
– ကရင်အမျိုးသားအစည်းအရုံးအတွင်း သဘောထား ကွဲ click
– ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရခိုင်ပဋိပက္ခ ဖြေရှင်းရာမှာ နိုင်ငံတကာက ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲ (မြန်မာ့အရေး ကမ္ဘာ့အရေး) click
– Asia Society မှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး (ရုပ်သံ) click
– သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာသတင်းသမားများ တွေ့ဆုံ click
– ၂၀၁၅ ရွေးကောက်ပွဲ USDP နှင့် NLD ပြိုင်ဆိုင်ရမည့် ပွဲလို့ သမ္မတ ဦးသိန်းစိန် ပြောကြား click
– ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် (ရုပ်သံ) click
– “ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ” လို့ ဆိုပါလားဗျ (ဆောင်းပါး) click
– သမ္မတထံ UNFC ပန်ကြားစာ ပေးပို့ click
– ၂၀၁၅ ရွေးကောက်ပွဲ မျှတရေး ပြင်ဆင်နေကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောဆို (ရုပ်သံ) click
– နိုင်ငံရေးအကျဉ်းသားဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ယာယီကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပမည် click
– တက္ကသိုလ် ဆရာ/ဆရာမများအသင်း ဖွဲ့စည်းခွင့်ပြု click
– ထားဝယ် ရေလုပ်ငန်း ကျဆင်း (ရုပ်သံ) click
– အဝေးတနေရာမှ သာဓုခေါ်သံ click
– ကိုယ့်ရင်တွင်းက ပန်းနှင်းဆီ (ဆောင်းပါး) click
– အဖြူလိုတဲ့ … အမည်း သို့မဟုတ် အမည်းကူတဲ့ … အဖြူ (ကဗျာ) click

ှSource: Dr Lun Swe’s Blog

ဖက်ဒရယ်ပြည်ထောင်စု၏ဝိသေသလက္ခဏာများ

ပြည်ထောင်စုမြန်မာနိုင်ငံမှာရော အာဏာရအစိုးရတိုင်းက တိုင်းရင်းသားတွေကိုတန်းတူအခွင့်အရးရောပေးရဲ့လား? မည်မျှထူးချွန်ထက်မျက်တဲ့တိုင်းရင်းသားဖြစ်နေပါစေဗမာလူမျိုးမပာုတ်ရင်အစိုးရအဖွဲ့နှင့်စစ်တပ်ပိုင်းအထဲမှာနေရာမပေးတာကရော? တိုင်းရင်းသားပြည်နယ်ကထွက်တဲ့သယံဇာတတွေကိုပဲထုတ်ယူရောင်းစားပြီးတိုင်းရင်းသားပြည်နယ်တွေဆင်းရဲမွဲတေနေတာကိုဘယ်ဗမာလူမျိုးကမှ အစိုးရကိုထောက်ပြတာမျိုးမရှိပါဘူး။အခုမှလူမျိုးကြီးဝါဒကိုချစ်ပြနေလိုက်ကြတာ။ အင်လိပ်ကိုလိုနီလက်အောက်ရှိတုန်းကနယ်ချဲ့ကိုတိုက်ထုတ်ဖို့အတွက်တိုင်းရင်းသားတွေကိုစည်းရုံးတာဒီလေသံတွေမပာုတ်ပါဘူး။

ဖက်ဒရယ်စနစ်ကိုလည်းနည်းနည်းပါးပါးလေ့လာကြည့်ပါအုံး။ ဖက်ဒရယ်ပြည်ထောင်စု၏ဝိသေသခက္ခဏာများ Form of Federal Union
ပုဒ်မ (၁) ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်လွတ်လပ်၍အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်သည်။ယင်းကို ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဟု ခေါ်တွင်စေရမည်။
ပုဒ်မ (၂) ဖွဲ့စည်းခြင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိ၍ တန်းတူသောနိုင်ငံရေးအာဏာများကို ဤ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အပ်နှင်းခြင်းခံရသည့် ပြည်နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းစေရမည်။
ပုဒ်မ (၃) အချုပ်အခြာအာဏာ ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာတို့သည် နိုင်ငံသားတို့၏ လက်ဝယ်၌ တည်ရှိသည်။
ပုဒ်မ (၄) အချုပ်အခြာအာဏာကျင့်သုံးခြင်း ယင်းအချုပ်အခြာအာဏာကို ပုံမှန်ကျင်းပမြဲဖြစ်သော လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲများမှ တဆင့် လျှို့ဝှက်မဲပေးစနစ်ဖြင့် နိုင်ငံသားတို့က ရွေးချယ်ခန့်အပ်သည့် လွှတ်တော်ကိုယ်စားလှယ်များက ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ခံယူကျင့်သုံးစေရမည်။
ပုဒ်မ (၅) အာဏာခွဲခြားမှု (က) အချုပ်အခြာအာဏာ၏ ပင်မမဏိုင်သုံးရပ်ဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ခွဲခြားကျင့်သုံးစေရမည့်အပြင် အာဏာတစ်ရပ်နှင့်တစ်ရပ်အကြား အပြန်အလှန်ထိန်းညှိမှု ရှိစေရမည်။ (ခ) ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် လက်အောက်ခံ အခြား တရားရုံးအဆင့်ဆင့်တို့က ကျင့်သုံးစေရမည်။
ပုဒ်မ (၆) အာဏာခွဲဝေကျင့်သုံးခြင်း ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအကြားတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးစေရမည်။
ပုဒ်မ (၇) ဘာသာရေးကိုအခြေမခံသောနိုင်ငံ (က) ဖက်ဒရယ်ပြည်ထောင်စုသည် နိုင်ငံရေးနှင့်ဘာသာရေး ရောစပ်ခြင်းမရှိစေဘဲ၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ ဖြစ်စေရမည်။ (ခ) မည်သည့်ဘာသာအယူဝါဒကိုမျှ နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခြင်းမရှိစေရ။
ပုဒ်မ (၈) နယ်နမိတ် ဖက်ဒရယ်ပြည်ထောင်စု၏ မြေထု၊ ရေထု၊ လေထုပါဝင်သော နယ်နမိတ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ အားလုံး၏ သဘောတူညီချက် မပါရှိဘဲ ဖက်ဒရယ်ပြည်ထောင်စု၏ နယ်နမိတ်ကို ပြင်ဆင်ခြင်းမပြုစေရ။
ပုဒ်မ (၉) နိုင်ငံရေးစနစ်
(က) ဖက်ဒရယ်ပြည်ထောင်စု၏နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်။
(ခ) နိုင်ငံရေးပါတီများကို ဒီမိုကရေစီ အခြေခံကျင့်စဉ်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်သည်။
(ဂ) နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးရမည်။
ပုဒ်မ (၁၀) အမြင့်ဆုံးဥပဒေ ဖက်ဒရယ်ပြည်ထောင်စုတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဥပဒေ ဖြစ်သည်။လဝီမွန်

Abdullah
 briefed on Rohingyas

Abdullah
 briefed on Rohingyas

Shaikh Abdullah at a meeting with Myanmarese Foreign Minister Wunna Muang Lwinon on the sidelines of the UN General Assembly session in New York. —Wam
UAE Foreign Minister Shaikh Abdullah bin Zayed Al Nahyan has held meetings with Singaporean Foreign Minister K. Shanmugam, Indonesian Foreign Minister Marty Muliana Natalegawa Panamanian Minister of Foreign Affairs Roberto Henriquez and Myanmarese Foreign Minister Wunna Muang Lwin on the sidelines of the 67th United Nations General Assembly session in New York.
The meetings discussed relations of cooperation and ways of enhancing them in various fields in addition to exchanging views on a number of political and security issues of common interest, particularly relating to the Middle East, including the Syrian crisis.
The Myanmar FM briefed Shaikh Abdullah on the latest security situation in his country especially on the violence against Muslims in Rohingya stressing that his government is addressing the problem on various dimensions.
Indonesia’s Marty Muliana Natalegawa, during his meeting with Shaikh Abdullah, sought the UAE investments’ programmes in his country, stressing the importance of developing economic and trade relations between the two countries.
Sources Here :

 

 

 

Dipu for holistic solution to Rohingya problem

Reported by: UNBConnect
Reported on: September 27, 2012 18:51 PM
Reported in: National
News - Dipu for holistic solution to Rohingya problem
Dhaka, Sept 27 (UNB) – Foreign Minister Dr Dipu Moni has urged the OIC member states and the General Secretariat to contribute to addressing of the root causes of Rohingya problem.

She also called for the rehabilitation of internally displaced Rohingya population and reconciliation between the Muslims and non-Muslim communities in the North Rakhine State of Myanmar.

The minister was addressing the first meeting of the OIC Contact Group on Rohingya Muslim Minority held at the United Nations Headquarters in New York on Wednesday on the sidelines of the 67th Session of the United Nations General Assembly, according to a message received here on Thursday.

Dipu Moni said Bangladesh has been extremely sensitive and supportive to the humanitarian plight of the Myanmar Muslims in North Rakhine State.

Under strict compliance of the principle of non-refoulement, she said, Bangladesh has been hosting hundreds of thousand of Rohingya refugees on Bangladesh soil in cooperation with UNHCR.

The Foreign Minister stated that it is important to address the issues of citizenship rights of Rohinghyas, and their continued trafficking and emigration.

“While citizenship rights are at the core of the problem, a large number of them have left the North Rakhine State for secured livelihood opportunities in Bangladesh, Asean and Gulf countries, she said.

She emphasized that these two issues deserve comprehensive solutions for the sake of peace and stability of the Rakhine state.

The Foreign Minister commended the OIC Secretary General for dispatching a high-level delegation to Myanmar earlier this month under the directives of the recently held 4th Extraordinary Islamic Summit Conference.

She expressed satisfaction over the signing of a Memorandum of Cooperation (MoC) between the Myanmar government and the OIC General Secretariat to implement humanitarian programme for the benefit of all communities living in the Rakhine state.

She hoped that such institutional avenues for engagement and cooperation with Myanmar government will lead to long-term partnership, whereby OIC member-states can make investments for sustainable socioeconomic development and livelihood opportunities for both the communities in the Rakhine state in the interest of peace, harmony and prosperity.

The OIC Contact Group on Rohingya Muslim Minority was established by the decision of the 4th Extraordinary Islamic Summit Conference held in Makkah on August 14-15 this year.

Members of this Contact Group are Bangladesh, Kazakhstan, Senegal, Djibouti, Egypt, Saudi Arabia, the UAE, Brunei, Malaysia, Indonesia, Turkey and Afghanistan.

The report of this Contact Group will be presented to the Annual Coordination Meeting of Foreign Ministers of OIC countries to be held at the UN Headquarters in New York on 28 September 2012 on the fringe of the 67th Session of the United Nations General Assembly.

The Foreign Minister also held a bilateral meeting with Pakistan Foreign Minister Hina Rabbani Khar at the United Nations Headquarters on Wednesday.

The two Foreign Ministers reviewed bilateral relations and exchanged views on issues of common interest at the UN and other multilateral fora.

 

 

 

Vantage Point: Plight of the Rohingya

Hashim Mahmud shared Stateless Rohingya‘s photo.

Vantage Point: Plight of the Rohingya (tonight at 8.30pm)
The Rohingyas are one of the most persecuted communities in the world. They are discriminated because of their ethnicity & religion.They are restricted even the most basic of rights such as education, marriage and citizenship.

In June, sectarian violence erupted in the region causing hundreds of thousands of Rohingyas to flee for safety.Why are they so severely persecuted? Is there light at the end of the tunnel for the Rohingyas?Catch Vantage Point tonight (8.30pm) as host Cynthia Ng speaks to Dr Maung Zarni, Visiting Fellow at the London School of Economics and Nurul Islam, President of Arakan Rohingya National Organisation about this issue.

Repeats of the show will be aired on:

Friday – 9.30am
Saturday – 9.30pm
Monday – 2.30am, 11.30am
Wednesday – 5.00am, 9.30pm
Thursday – 3.30am, 6.30am
http://www.facebook.com/photo.php?fbid=10151055361295965&set=a.128607885964.119922.11726505964&type=3&theater

 

 

 

An appeal for peace in Rakhine State | Tun Khin

An appeal for peace in Rakhine State | Tun Khin

(Commentary) – One thing that kept the military regimes in place in Burma for more than 60 years is the ability of the Burmese military to divide and rule. They have used divide and rule tactics between Burmans and ethnics, between Burmans and Burmans and between ethnics and ethnics. They have also used divide and rule tactics between Rohingya and Rakhine.
Tun Khin of the Burmese Rohingya Organization UK. photo: screenshotMy older relatives tell me of a time when there wasn’t the same level of mistrust or even hatred between Rohingya and Rakhine. There was no voice of opposition heard from any quarters, including Rakhine, over the recognition of Rohingyas as an ethnic group during U Nu’s era.
My relatives remember government radio broadcasting in the Rohingya language during U Nu’s time as prime minister. I remember as a child playing with Rakhine friends and visiting each other’s homes to eat.
The reasons for the current level of mistrust and violence between the communities are many, but by far the greatest reason, and at the root of why the situation has become so bad, are lies and propaganda that began to be spread about the Rohingya when Ne Win became dictator.
Ne Win rewrote history, invented Burmese propaganda and lies, and introduced discriminatory policies against the Rohingya. Some of these policies where enshrined in law, such as the 1982 Citizenship Law, while others were in practice, increasing harassment by security forces and discrimination.
Decades of lies and propaganda, underpinned by the 1982 Citizenship Law, which stripped us of citizenship and the rights that come with it, have institutionalized the hatred and discrimination. Of course there were always some tensions, as there often is when two communities of different ethnicities and religions live side by side. But Ne Wins lies and propaganda encouraged those differences, and encouraged hatred, rather than building community cohesion and understanding.
It breaks my heart to see the situation in Rakhine State today. There is so much suffering. In the recent violence and then the attacks by government forces, mainly Rohingya have suffered, but I know that some Rakhine people have suffered as well.
Aid being promised by Muslim countries and the international community could be used not just to assist in the current humanitarian crisis, but also for long-term projects to fight poverty and promote development in Rakhine State.
International donors should not just be talking to the government about aid and development. Instead they should talk to local community leaders, and let us work jointly together to promote development that not only helps both communities, but also in the process promotes communal understanding and brings us closer together. Let both sides experience first-hand the benefits of us working together, how it will benefit both communities. Because fighting poverty together, as well as politically struggling for democracy and human rights, united and working together, we are all stronger.
Rohingyas with a long history in Arakan are an integral part of Burma’s society. All Rohingya people want is to live peacefully in Burma, with our human rights respected.
Burma is our homeland. It is impossible to force all Rohingya people out of the country. The only solution is for us to work together to find a way to live peacefully together.
That means Rakhine trying to understand the situation from a Rohingya perspective, and Rohingya also trying to understand the concerns of Rakhine. They are living together with their Rakhine compatriots in the same place, drinking the same water and breathing the same air.
There is no point in being antagonistic to each other. It hurts all of us, our children and their children to come. Unless both Rohingya and Rakhine cultivate the political will to change this situation, we both suffer.
Divided we all suffer. The only winner is President Thein Sein and the military and ex-military, which have oppressed us all for so long. Let us revive our traditional relationship for the sake of our children. Let us work together on democratic principles with mutual respect, love and affection.
That is my appeal to all Rakhine.
Tun Khin is president of the Burmese Rohingya Organisation UK. His grandfather was a parliamentary secretary during the democratic period in Burma.
Sources Here:

 

 

 

Rohingya group calls for world leaders’ help

Rohingya group calls for world leaders’ help

The Burmese Rohingya Organisation UK (Brouk) has appealed to world leaders at the 67th UN General Assembly meeting in New York to put pressure on President Thein Sein following his proposal to remove all Rohingya people from Burma and place them in refugee camps or third countries.
Rohingya refugee women stand by their homes in Cox’s Bazaar District, Bangladesh, on June 7, 2011. Conditions in the makeshift refugee camp site are difficult. In addition to high rates of malnutrition, residents deal with crowding and poor sanitation. Photo: U.S.State DepartmentIt called on world bodies to ensure the Burmese government provides human rights and security to Rohingyas living in Burma.
After President Thein Sein’s proposal, Brouk said it has received reports that there have been mass arrests of Rohingya people who are now kept in detention camps without trial, adequate food or medical services.
More than 100,000 people were internally displaced in Rakhine State, and for a significant period the vast majority was not receiving assistance because they were ethnic Rohingya, Brouk said in a statement issued on Wednesday.
“Unacceptable restrictions still remain, and the government is also failing to provide sufficient security for aid workers assisting Rohingya who have been threatened,” it said. “Local authorities are refusing to allow many Rohingya people back to some villages, shops and homes in a policy that appears designed to ‘cleanse’ these areas of Rohingya people.
“There are some reports of mass graves in Maungdaw and Buthidaung Townships, Arakan State,” it said. “It is clear that what has taken place is very serious indeed. The United Nations, Organisation of Islamic Co-operation, and many individual governments, have all called for an independent investigation into what has and continues to take place.”
It said the Burmese government has allowed some diplomats to visit the area, but these visits faced severe restrictions, and there have been reports that Rohingya community leaders have been detained before hand to prevent them from meeting diplomats.
“The government of Burma has established its own investigation, but there are no Rohingya members of the investigation, and some members have masterminded recent violence in Arakan and stated that they think all Rohingya should be expelled from Burma,” said the statement.
“Following restrictions placed upon the OIC and other investigators, and the failure of the government of Burma to establish a credible independent investigation, it has become clear that for an independent investigation to take place, it will have to be under the support of the United Nations, and with a strong mandate from the United Nations General Assembly,” said Brouk, which said it is “too early” to remove sanctions against Burma.
“There are serious human rights violations going on in ethnic areas which are worse than under the previous dictator Than Shwe,” it said. “The world leaders must not ignore ethnic cleansing of Rohingya Muslims and other ethnic groups such as Kachin and Chin Christians. It is too early to remove sanctions as Thein Sein’s government is practicing ethnic cleansing on ethnic areas.”
Brouk President Tun Khin said, “We appeal to world leaders to put pressure on President Thein Sein to provide safety and security and to restore Rohingya ethnic rights and citizenship rights.
“We also appeal to world leaders to ensure strong wording in the UN General Assembly Resolution on Burma, including reform of the 1982 Citizenship Law and the establishment of a UN Commission of Inquiry into what has taken place in Arakan State.”
Sources Here:

 

 

 

ရခိုင်ပြည် နယ် အစိုးရအဖွဲ့ သတင်းပြန် ကြားရေး ဌာနမှ ဦးဦးလှသိန်းက စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း …

 

 

 

စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း

စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင်ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်း သား ကလေး ငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်းရခိုင်ပြည် နယ် အစိုးရအဖွဲ့ သတင်းပြန် ကြားရေး ဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းကဆိုသည်။ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေ ကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

 

ရခိုင်ပြည်နယ် ရဲမှူးကြီး မျိုးမင်းအောင်က ကလေးပျောက်တယ်ဆိုတဲ့ မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ခေါ်၍ ပြသ …

ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူ များအား ခေါ်ပြရာတွင် ပြည် သူ များမှ အမှန်တကယ် ဈေးဝင်ရောင်းသည့် ကလေး မဟုတ်ကြောင်း ငြင်းဆိုနေပြီး လူစု မခွဲသေးကြောင်း သိရ သည်။မိမိအနေဖြင့် ယနေ့တွင် အဆိုပါရပ်ကွက်သို့ ဈေးသွားရောင်းခြင်း မရှိပါကြောင်း ဈေးကြီးအတွင်း ၌ သာ ရောင်း ချခဲ့ပါကြောင်း ပြဿနာများ ဖြစ်ပေါ်နေသည်ကိုလည်း ကျေးရွာရှိ အခြားသူများ လာရောက်ပြောဆိုမှသာ သိရှိရ ပါကြောင်း မောင်အောင်နိုင်ဦးအား Eleven Media Group မှ သတင်းထောက်က မေးမြန်း ရာတွင်ဖြေကြား ခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် သံဃာတော် အချို့နှင့် ပြည်သူ အချို့ တို့ ပြည် နယ်အစိုးရ ရုံးသို့ သွားရောက်နေကြာင်း သိရသည်။

ကလေးပျောက်တယ်ဆိုတဲ့ သတင်းက ကောလဟလပါ၊ ဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ
မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ခေါ်၍ ပြသ
ကလေးပျောက်တယ်ဆိုတဲ့ သတင်းက ကောလဟလပါ၊ ဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ
မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ခေါ်၍ ပြသရဲမှူးကြီး မျိုးမင်းအောင်

 

 

 

အချိန်ကိုက် ဖန်တီးကြပြန်ပြီ, စစ်တွေ အခြေအနေ ပိုမို တင်းမာ, ရခိုင်ပြည်နယ် အရေးကြီး သတင်းပေးပို့ချက် …

‎(((((((အရေးကြီးသတင်း (လက်ရှိ ဖြစ်ပွါးနေသော လက်ရှိသတင်းပါ)))))))))))

Kyaw Swar Myint
အချိန်ကိုက် ဖန်တီးကြပြန်ပြီ
………………………………..
ရခိုင်ပြည်နယ် အရေးကြီးသတင်းပေးပို့ချက်
————————————————

ရခိုင်ပြည် စစ်တွေမြို့ အောင်မင်္ဂလာ(အင်ဗာလာ)ရပ်ကွက်ကိုရေခဲချောင်းရောင်းရန်သွားသော ရခိုင်လူငယ်လေးတဦးအား ကုလားများဝိုင်းခုတ်ကြောင်း သတင်းရရှိသည့်အတွက် စစ်တွေရဲက ချက်ချင်းလိုက်သွားကြောင်း အဆိုပါ ရဲက သေနတ် တချက် ပစ်ဖေါက်လိုက်ကြောင်း စစ်တွေလေးဝတီ သတင်းထောက်မှသတင်းပေးပို့ ထားပါသည်။ ဆက်လက်ပြီး……………..ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်ကာ ထောင်နှင့်ချီသည့် စစ်တွေမြို့ခံများက စစ်တွေမြို့ရှိ တခုထည်းသော အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ အောင်မင်္ဂလာရပ်ကွက် (မော့လိပ်) ကို လေးဘက် လေးတန်မှ ၀ိုင်းရံထားသည်ဟု စစ်တွေမှ ရရှိသည့် သတင်းတရပ်အရ သိရသည်။

ယင်းသို့သော အခြေအနေကြောင့် ရပ်ကွက်အား စစ်တပ်နှင့် ရဲလုံထိန်းများချထားကာ လုံခြုံရေး အရကာကွယ်ပေး ထားကြောင်း လည်း သိရှိရသည်။

စစ်တွေ မြို့ခံတဦး၏ ခန့်မှန်းချက်အရဆိုလျင် လူအုပ်အရေအတွက်မှာ အရပ်မျက်နှာ ၁ ဘက်လျင် ၁ ထောင်ဝန်းကျင် ခန့် ရှိ သည်ဟု သိရှိရသည်။ အရေအတွက်နှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စစ်တွေ အခြေအနေ ပိုမို တင်းမာ

စစ်တွေမြို့တွင် ရခိုင်တိုင်းရင်းသား ကလေးငယ်တစ်ဦးကို ဘင်္ဂါလီများ သတ်ဖြတ်မှုကြောင့် ဒေသတွင်းအခြေအနေတင်း မာမှု ပိုပြင်းထန် လာကြောင်း စစ်တွေမြို့ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။

ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် သံဃာတော်များ အဆိုပါ ကိစ္စကို ဖြေရှင်းပေးရန်း အခင်းဖြစ်ပွါးခဲ့သော အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ချီတက်တောင်း ဆိုနေကြကြောင်း ၄င်းတို့ထံမှ သိရှိရသည်။

အဆိုပါ သတ်ဖြတ်ခံရသော ကလေးသည် ဒဏ်ရာရရှိသော်လည်း သေဆုံးခြင်း မရှိကြောင်း၊ ယခု စစ်ဆေးရုံတွင် ကုသပေးနေကြောင်း စစ်တပ်က အတည်ပြုကြောင်း ဒေသခံများက ဆိုသည်။
စစ်တွေ အခြေအနေ ယနေ့ မြင်ကွင်းဓါတ်ပုံ – အောင်ကျော်ဝင်း