Archive | September 13, 2012

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း အမေရိကန် လေ့လာ

နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှသာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ ရပ်သွားလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်က အကြံပြုသည် (ဓာတ်ပုံ- ဧရာဝတီ)

အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် -မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများကို သွားရောက်လေ့လာခဲ့သည်။

လေ့လာရေး အဖွဲ့သည် ကူတူပါလန် ဒုက္ခသည်ကို ညနေ ၄ နာရီခန့်တွင်ရောက်ရှိလာပြီး ဒုက္ခသည် စခန်းတွင်း လှည့်လည်ကြည့်ရှုသော်လည်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်များ၊ UNHCR အရာရှိများနှင့် တွေ့ဆုံသွားကြောင်း သိရသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်၊ ကူတူပါလန်ကျေးရွာအနီးတွင် UNHCR က ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံထားရသည့် ဒုက္ခသည် ၁၀၀၀၀ ခန့် နေထိုင်သည့် စခန်းတခုရှိပြီး ယင်းနှင့် ကပ်ပြီး ဒုက္ခသည်အဖြစ် အသိမှတ်ပြု မခံရသူ ဒုက္ခသည် တသိန်းနီးပါး နေထိုင်သည့် စခန်းတခု စုစုပေါင်း ၂ ခု တည်ရှိသည်။

လူဦးရေ ၁၆၀၀၀ လောက်ရှိသော UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မထားသည့် လေးဒါဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့သည့်အပြင် ဒုက္ခသည်များကို အားပေးစကားပြောခဲ့ကြောင်း သိရသည်။ တက္ကနာမြို့နယ်အတွင်းရှိ UNHCRမှ အသိမှတ်ပြုထားသည့် ဒုက္ခသည်များနေထိုင်ရာ နော်ယာပါရာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှု့ခဲ့သေးသည်။

အမေရိကန် အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းသည် စက်တင်ဘာလ ၈-၉ ရက်များတွင် မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ၁၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်က လေ့လာရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ရခိုင်ဒေသသည် စီးပွားရေး အထူးချွတ်ခြုံ ကျနေသော ပြည်နယ်တခုဖြစ်သည့် အတွက် နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှသာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ ရပ်သွားစေလိမ့်မည်ဟု အကြံပြုကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက ရေးသားဖေါ်ပြကြသည်။

Source: Irrawaddy Burmese at http://burma.irrawaddy.org/archives/20132

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု

မြန်မာသမ္မတဦးသိန်းစိန်

 

ကိုဇော်ဝင်းလှိုင်

12.09.2012

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
သမ္မတဦးသိန်းစိန်ဟာ စက်တင်ဘာလအတွင်း ပြည်ပခရီးစဉ်နှစ်ခု သွားရောက်ဖို့ ရှိနေတာမှာ ပထမ ခရီးစဉ် ဖြစ်တဲ့ တရုတ်နိုင်ငံကို အခုလ ၁၈ ရက်နေ့မှာ ရောက်ဖို့ရှိတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
“အကြမ်းဖျင်းကတော့ နန်နင်းကုန်စည်ပြပွဲကိုသွားမယ်။ ASEAN-China ကိုသွားရင်းနဲ့ တချို့   နေရာတွေသွားမယ်။ ၁၈ ရက် နေ့လောက် ထွက်မယ်။”
သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပမယ့် ကိုးကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ကို တက်ရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလတုန်းက တကြိမ် သွားရောက် လည်ပတ်ပြီး ဖြစ်တာကြောင့် ဒါဟာ သမ္မတအနေနဲ့ တရုတ်နိုင်ငံကို ဒုတိယ အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံကို ခဏပြန်လာပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
“အကြမ်းဖျင်းကတော့ ၂၇ ကျရင် UN မှာ မိန့်ခွန်းပြောမယ်ဆိုတာလောက်ပဲ သိသေးတယ်။ မနက်ဖြန်ကျမှ UN ကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနဲ့ တွေ့မှာ။ အဲဒီကျမှ final schedule လုပ်မှာ။ မနက်ဖြန်မှာ တွေ့မယ်။”
သမ္မတအနေနဲ့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၃ ရက်နေ့လောက်မှာ အမေရိကန်ခရီးစဉ်ကို စတင်မယ်လို့ သိရပြီး ဒီခရီးစဉ်ဟာလည်း ပျမ်းမျှအားဖြင့် သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတရဲ့ခရီးစဉ် အသေးစိတ်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar နဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံပြီးတော့မှပဲ သိရမှာဖြစ်တဲ့အတွက် မစ္စတာနမ်ဘီယားနဲ့ တွေ့ဆုံပြီးမှပဲ သမ္မတရုံးက အသေးစိတ်ကို ထုတ်ပြန် မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာအစိုးရက အမည်မည်းစာရင်းထဲပါနေသူ ခြောက်ထောင်ကျော်ထဲက နှစ်ထောင်ကျော်ရဲ့ အမည် စာရင်းကို သြဂုတ်လ ၂၈ ရက်နေ့က ပယ်ဖျက်ပေးပြီး မရှေးမနှောင်းမှာပဲ အမေရိကန် ပြည်ထောင်စု ကလည်း သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တချို့အပေါ် တဦး ချင်းစီအလိုက် ပိတ်ဆို့ အရေးယူထားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက် တချို့ကို လျှော့ချပေး လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
အခုလို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ကာလမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ပြသလိုတဲ့အတွက်ကြောင့် သမ္မတဦးသိန်းစိန်အပေါ် ဗီဇာကန့်သတ်ချက်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်နည်းတူပဲ မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမေရိကန် နိုင်ငံကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာဖို့ ရှိနေတာ ပါ။ ဒေါ်အောင်ဆန်းစု ကြည်ဟာ အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold Medal Award ခေါ် ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ကိုယ်တိုင် လက်ခံရယူမှာဖြစ်သလို လွှတ်တော်မှာလည်း စကားပြော မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်နိုင်ငံမှာ ရှိနေစဉ်အတွင်း နယူးယောက်၊ ၀ါရှင်တန်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ ရှိနေကြတဲ့ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင် နှစ်ယောက်ဖြစ်ကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန်နိုင်ငံကို တပြိုင်တည်း ရောက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ Barak Obama အနေနဲ့ ဒီ ခေါင်းဆောင် နှစ်ယောက်စလုံးနဲ့ တွေ့ဆုံသင့်တဲ့အကြောင်း CSIS လို့ခေါ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက အကြံပြုချက် ထုတ်ပြန်ထားပါတယ်။
ဒီ CSIS အဖွဲ့ဟာ မြန်မာအစိုးရက လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သွားရောက်လေ့လာခဲ့ကြပြီး အမေရိကန်အစိုးရကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။

ရခိုင်ပါတီကြီးနှစ်ခု ပူးပေါင်းမည်

ကိုဇော်ဝင်းလှိုင်

12.09.2012

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP)နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ဟာ ပါတီတစ်ခုထဲအဖြစ်နဲ့ မကြာခင်မှာ ပေါင်းစည်းနိုင်ဖို့ စတင် ပြင်ဆင်နေကြပါပြီ။ ပါတီနှစ်ခုပူးပေါင်းဖို့အတွက် ရခိုင်ပြည်သူတွေကလိုလားနေတာကြောင့် အခုလို ပေါင်းစည်းရေး ပြင်ဆင်တာဖြစ်တယ်လို့ ပါတီနှစ်ခုလုံးရဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဘာတွေ ပြင်ဆင်နေကြသလဲ၊ ဘယ်တော့ ပေါင်းစည်းနိုင်မလဲဆိုတာကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ဟာ ရခိုင်ပြည်နယ်တခုတည်းကို ကိုယ်စားပြုပြီး အခုချိန်မှာ သီးခြားနိုင်ငံရေးပါတီတွေအဖြစ် ရပ်တည်နေကြတာပါ။ ဒါကြောင့် ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးပါတီ နှစ်ခုအကြား အတူပူးပေါင်း ဆောင်ရွက်ကြဖို့ ရခိုင်ပြည်သူတွေကိုယ်တိုင်က လိုလိုလားလား တောင်းဆိုလာတာကြောင့် အခုလို ပေါင်းစည်းရေးအစီအစဉ်ကို စတင်ဆောင်ရွက်လာတာဖြစ်တယ်လို့ RNDP ပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။
“ရခိုင်ပြည်သူတွေက အဖွဲ့အစည်းနှစ်ခုကို တပေါင်းတည်းဖြစ်စေချင်တဲ့ စိတ်ဆန္ဒရှိနေကြတယ်။ ကျနော်တို့ပါတီကလည်း ALD ဖွဲ့တာကို ကြိုဆိုပါတယ်။ ALD နဲ့ ဆွေးနွေးဖို့အတွက်လည်း ကျနော်တို့က ကော်မီတီတွေ ဖွဲ့ထားတယ်။ လောလောဆယ် တရားဝင် ဆွေးနွေးတာ တခုမှ မရှိသေးဘူး။ ဒါပေမဲ့ စစ်တွေက ကျနော်တို့ ပါတီဌာနချုပ်နဲ့ ALD ရဲ့ ပြည်နယ်အဖွဲ့တွေနဲ့တော့ ဦးဥတ္တမကိစ္စတို့၊ တခြား လတ်တလော issue တွေကိုတော့ တွဲလုပ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တရားဝင် ပူးပေါင်းဖို့ အတွက် ဆွေးနွေးတာတွေတော့ မရှိသေးပါဘူးခင်ဗျ။”
RNDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအမှီ ပါတီကို စတင်တည်ထောင်ခဲ့ပြီး ရွေးကောက်ပွဲမှာလည်း အမတ်နေရာ တချို့ကို အနိုင်ရခဲ့ပါတယ်။
ALD ပါတီကတော့ အရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်မရဘဲ ပိတ်ပင်ခံထားခဲ့ရတာပါ။ အာဏာပိုင်တွေက အခုနှစ် ဧပြီလ ၆ ရက်နေ့ကမှ ALD ပါတီကို ပြန်လည် ဖွဲ့စည်းခွင့် ပြုခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင် ပြန်ပြီး မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ ပါတီဘက်ကလည်း ပေါင်းစည်းရေးအတွက် ခြေလှမ်းစပြင်တဲ့အနေနဲ့ ပေါင်းစည်းရေးဆိုင်ရာကော်မီတီတွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ALD ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။
“ကျနော်တို့ပါတီ အနေနဲ့ကတော့ ပေါင်းစည်းရေးအတွက် စစ်တွေ-ဗဟိုမှာ ငါးဦးပါတဲ့ ကော်မီတီတခု ဖွဲ့စည်းထားပါတယ်။ အဲဒီမှာပါတီရဲ့ ဒု-ဥက္ကဋ္ဌတယောက်ပါတယ်။ အတွင်းရေးမှူးတယောက်ပါတယ်။ — သုံးယောက် ပါပါတယ်။ အဲဒီ ကော်မီတီကနေပြီးတော့ တိုင်းရင်းသားတိုးတက်ရေးပါတီက ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ ”
ပါတီနှစ်ခုစလုံးက ပေါင်းစည်းရေးကို လိုလားပေမယ့် အခုချိန်မှာ ပဏာမအဆင့်သာ ရှိသေးပြီး တွေ့ဆုံဆွေးနွေးမှုတွေ မစတင်ရသေးပါဘူး။ ပါတီနှစ်ခုပေါင်းစည်းပြီး လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်ပေမယ့်လည်း ပါတီတခုချင်းစီအနေနဲ့ တခြား ဦးစားပေးလုပ်ရမယ့် အရေးပေါ်လုပ်ငန်းတွေ ရှိနေတဲ့အတွက် အဲဒီဘက်ကို အချိန် မလှည့်နိုင်သေးဘူးလို့ ဦးဦးလှစောက ဆက်ပြောပါတယ်။
“လောလောဆယ်မှာ ၂၀၁၅ ခေါင်းစဉ်ကို မရောက်နိုင်သေးဘူးခင်ဗျ။ ဒီမှာ ဘင်္ဂါလီ-ရိုဟင်ဂျာအရေးတွေ ရှိတယ်။ အစိုးရသစ် ပေါ်မှာ လယ် ယာမြေ ပြဿနာတွေ ရှိတယ်။ လျှပ်စစ်မီးရရှိရေးတိုက်ပွဲတွေ ရှိတယ်။ အဲဒါတွေနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ ရခိုင်ပြည်နယ်အစိုးရကလည်း တိတိကျကျ အင်မတန်အားကောင်းတဲ့ အစိုးရတရပ်ရယ်လို့ မမြင်ဘူး။ အခုလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ အများကြီးရှိတော့ လောလောဆယ်မှာတော့ ၂၄ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ကို ခေါ် ထားတယ်။ ပြည်နယ်လွှတ်တော် ခေါ်ထားတယ်ဆိုတော့ လုပ်စရာကိုင်စရာ အကြောင်းတွေကလည်း အများကြီးပဲ။”
RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစော ပြောပြခဲ့တာပါခင်ဗျား။

Genocide , Rohingya Muslim ,Arakan , Burma

Rohingya Muslim Genocide_1

Rohingya Genocide in Arakan

ROHINGYA GENOCIDE  IN ARAKAN MYANMAR BURMA 13/6/2012

Rohingya Muslims Massacre in Myanmar

Rohingya Muslim Refugee Camp

Demonstration in Egypt Against Rohingya Genocide in Arakan State, Burma

Rohingya Massacred by Myanmar In 2012

Rohingya Genocide plot in Arakan Myanmar

Rohingya – A hidden genocide is taking place in Burma…

 

တဇွတ်ထိုးမငြင်းနှင့်ဘိုးဘေးဘီဘင်ကအစ ဒီမှာမွေးလို့ဒီနိုင်ငံသား၊ တိုင်းရင်းသားလို့မှတ် …

ဖင်ပိတ်ပြီးငြင်းနေမယ့်အစား အသိတရားလေးများ ခေါင်းထဲဝင်လာရင် ဘယ်လောက်များ
ကောင်းလိုက်မလဲ.

နာမကျန်းဖြစ်နေသောဝမ်းအိုဝမ်းဦးကျော်ဝင်းမောင် အတွက်မြန်မာမွတ်စလင်သက်ကြီးစာရေးဆရာကြီး များလူမှုကူညီရေးအဖွဲ့မှအလှူငွေပေးအပ် …

စက်တင်ဘာ၊ ၉ ၊ ၂၀၁၂
M-Media

ရန်ကုန်။    ။ယနေ.ညနေပိုင်း စက်တင်ဘာ ၉ ရက် ၂၀၁၂ တွင် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့ မှ ရန်ကုန်ပြည်သူ.ဆေးရုံကြီး အဆောင် (၁-၂) ကုတင် ၁၉ တွင် တက်ရောက်ကုသမှု ခံယူနေရသော ဆရာကြီး ဝမ်းအိုဝမ် ဦးကျော်ဝင်းမောင် ထံသို. ဒုတိယအကြိမ်အဖြစ် ပြည်တွင်းပြည်ပ မှ ကောက်ခံ ရရှိသော အလှုငွေ (၇၂၀,၀၀၀ ) ခုနှစ် သိန်း နှစ်သောင်းတိတိ သွားရောက် လှုဒါန်း ခဲ့ပါသည်။

ဆရာကြီး ဦးကျော်ဝင်းမောင် ကျန်းမာရေးအတွက် အလှူငွေပေးအပ်စဉ်
Photo Credit – မဖရီဒါ

မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့ မှ ဆရာကြီး အတွက် ပထမအကြိမ်အဖြစ် ၃ သိန်း ခြောက်သောင်း ကို စက်တင်ဘာ ၆ ရက်၊ ၂၀၁၂ တွင် လှူဒါန်း ခဲ့ပြီး ဖြစ် ကြောင်း သိရပါတယ်။

ဆရာကြီးမှာ မောပန်း အသံမထွက် သည်.ကြားမှ လေသံလေးဖြင့် အားလုံးကိုကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါရန် မှာကြားပါတယ်။

Tags

ရခိုင်ဒုက္ခသည်များ ထောက်ပံ့ရေး အင်ဒို ကြက်ခြေနီနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မည် …

စက်တင်ဘာ ၈ ၂၀၁၂

M-Media
ရန်ကုန်၊

အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူစွတ်ကာလာ မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကူညီထောက်ပံ့ရေး ပစ္စည်များကို အင်ဒိုနီးရှားလေဆိပ်တွင် စစ်ဆေးနေစဉ် (သြဂုတ်လ၊ ၂၆)
ဓါတ်ပုံ-The Jakarta Post

ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီထောက်ပံ့ရာတွင် မြန်မာကြက်ခြေနီအသင်းနှင့် အင်ဒိုကြက်ခြေနီ အသင်းတို့ ပူးပေါင်းလုပ်ဆောင်မည်ဟု သိရသည်။

ယင်းသို့ အမျိုးသားအသင်း နှစ်သင်း ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို မြန်မာကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ နှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူစွတ်ကာလာတို့ စက်တင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား ကြက်ခြေနီအသင်းသည် မြန်မာ့ကြက်ခြေနီ အသင်းသို့ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများ၌ ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လုံချည် အထည် တစ်သောင်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းအစုံ ငါးရာ၊ စောင်အထည် သုံးထောင်ပါဝင်သော အလေးချိန် ခုနစ်ထောင် နှစ်ရာ့တစ်ကီလိုဂရမ်ရှိ ကယ်ဆယ်ရေးပစ္စည်း များ လှူဒါန်းထားပြီး ၄င်းအနက်မှ တချို့တစ်ဝက်ကို စက်တင်ဘာ ၁ ရက်က စစ်တွေမြို့ရှိ ကယ်ဆယ်ရေး စခန်းများသို့ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ ဆက်လက် ဖြန့်ဝေရန် လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

”ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်ချက်ပေါ် မူတည်ပြီး ထိခိုက်ခံရသူ အားလုံးကို ထောက်ပံ့သွားမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။

ရခိုင်ပြည်နယ်တွင်း မငြိမ်သက်မှုများ စတင်ခဲ့သည့် ဇွန်လ အစောပိုင်းကတည်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ် ကျရောက်လွယ်သော မြို့နယ် များရှိ ပြည်သူများအား ရှေးဦးပြုစု ခြင်း၊ သန့်ရှင်းသော သောက်ရေသန့် ရရှိရေး၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် အစား အသောက်၊ တာပေါ်လင်၊ စောင်၊ မီးဖိုဆောင်ပစ္စည်း အစရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအနေဖြင့် မိသားစု ပြန်လည် ဆက်သွယ်ပေးရေး ဝန်ဆောင်မှုမှတစ်ဆင့် မငြိမ်သက်မှုကြောင့် မိသားစုနှင့် ကွဲကွာနေသော ကလေးများနှင့် လူငယ်များအား မိသားစုနှင့် ပြန်လည် အဆက်အသွယ်ရအောင် ဆောင်ရွက်ပေးခဲ့သည်။
စစ်တွေတွင် ဒုက္ခသည် စခန်း ၁၃ ခုရှိပြီး ဒုက္ခသည် ၆၃၈၁၉ ဦး နေထိုင်လျက်ရှိကာ မောင်တောတွင် ဒုက္ခသည် ရွှေ့ပြောင်းဒုက္ခသည် စခန်းခုနစ်ခုတွင် နေထိုင်သူမှာ ၂၂၈၆ ဦးရှိကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ချစ်ဆုဆွေ

Source: ပေါ်ပြူလာ

 

 

 

ဘားအံတွင် အသက် ၈၅ နှစ်အရွယ် မွတ်စလင်မ် အဘိုးအိုအား နံရိုးကြိုးတဲ့အထိ ရိုက်နှက်ကြ …

စက်တင်ဘာ၊ ၅ ၊ ၂၀၁၂

M-Media

သတင်း- ဇာဏီ

ဘားအံ ။    ။   ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ဘားအံမြို့ပေါ်တွင် မနက်အစော ဗလီမှ ပြန်လာသော အသက် ၈၅-နှစ်အရွယ် အဖိုးအိုတစ်ဦးအား ဘုန်းကြီး ၃-ပါးက ၀ိုင်းဝန်းထိုးနှက် ကန် ကျောက်မှုကြောင့် အဖိုးအိုမှာ ဒဏ်ရာများရရှိပြီး နံရိုးကျိုးကာ ဆေးရုံပေါ်တွင် ဝေဒနာပြင်းထန်စွာခံစားနေရကြောင်း သတင်းရရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘားအံမြို့ခံများထံ ဆက်သွယ်စုံစမ်းခဲ့ပါသည်။

“အဖိုးအိုက ဘားအံကမဟုတ်ပါဘူး။ နှစ်ခြင်းရွာက ကရင်အမျိုးသားကြီးပါ။ ဘားအံမှာရှိတဲ့ သမီးဆီလာလည်တာ။ သမီးဆီလာလည်ရင်း မနက်အစော ဗလီကိုသွား ဘုရားဝတ် တက်ပြီး ပြန် လာတဲ့အချိန် ဘုန်းကြီးတွေရဲ့ ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်တာကို ခံရတာပါ။ အဲဒီအချိန်က ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့အချိန်လည်းဖြစ်နေတယ်။ ဖြစ်တာက ဘုန်းကြီး တွေဆွမ်းခံ ထွက် တဲ့ အတန်းကိုဖြတ်ပြီး လမ်းကူးလို့လို့ပြောတယ်။ ဘုန်းကြီး ၃-ပါးက ၀ိုင်းထိုးနှက်ပြီးကန်ကျောက်ကြတာပါ။ အသက်အရွယ်ကလည်း ကြီးရင့်နေတော ၀ိုင်းဝန်း ထိုးနှက် တဲ့ဒဏ်ကို မခံနိုင် ပဲ ဒဏ်ရာပြင်းထန်သွားတာ။ နံရိုးလည်းကျိုးသွားတယ်။ အဲလို ၀ိုင်းဝန်းထိုးနှက်ကြတာကိုမြင်တဲ့ မျက်မြင်သက်သေတွေလည်း ရှိပါတယ်။”

“ဘားအံမှာ ဒီလိုဖြစ်ရပ်မျိုးဖြစ်နေတာ အခုမှမဟုတ်ဘူး။ အရင်ကလည်း ခဏခဏဖြစ်တယ်။ သီရိမဏ္ဍိုင်ကျောင်းတိုက်နဲ့ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေက အဲလိုခဏခဏ လုပ်တယ်။ ထိုးနှက်ကန်ကျောက်ခံရသူတွေက ပြဿနာမကြီးစေလိုတာကြောင့် သည်းခံပြီးနေခဲ့ကြတာ။ ဒီတစ်ကြိမ် အဖိုးအိုကို ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်ကြတာကတော့ အဆိုးဝါးဆုံး ဖြစ်ရပ်ပါပဲ။”

“အခုထိတော့ ဘာမှ သေချာမသိရသေးဘူး။ ဒါပေမယ့် ရဲမင်းကြီးကတော့ အဖိုးအိုကို လာကြည့်သွားတယ်လို့ပြောတယ်။ အခုဖြစ်တဲ့ကိစ္စရပ်ကြောင့် ဘားအံမြို့ပေါ်မှာလည်း ပြဿနာ ရှုပ်ထွေးနေတယ်”လို့ ပြောကြားခဲ့ကြပါတယ်။

Tags