Archive | September 16, 2012

အရေးတော်ပုံကြီး

ဦးသန်းမောင် တာဝန်ယူထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွံ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) အရေးတော်ပုံကြီး

သိကောင်းရာရာ

အမှတ် (၁)

လူသားတန်ဖိုး လေးစားသော ယဉ်ကျေးမှု့

၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေတွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီ ၊ သီရိခန်းမ၌ မြန်မာမွတ်စလင်မ် ကွန်ရက်မှ  ပြုလုပ်ခဲ့သော အီဒ်မိတ်ဆုံ၌ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) မှ ပြောကြားခဲ့သော အဖွင့်အမှာစကား

ရခိုင်ပြည်နယ်၌ မြန်မာနှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မည် …

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် လူမှုကရုဏာ လုပ်ငန်း များ ဆောင်ရွက်ရန် ကူညီထောက်ပံ့မှုများကို အင်ဒိုနီးရှား ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။ အဆိုပါ ကူညီထောက်ပံ့မှုများတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ဘေးဒုက္ခဆိုင်ရာ တုံ့ပြန်ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူငယ်နှင့် စေတနာ လုပ်အားရှင်များအား စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်းသော ရေတို-ရေရှည် စီမံကိန်းများ၊ လုပ်ငန်းစဉ်များတွင် ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာများ ပါဝင်မည်ဟု ၄င်းက ယခုလ ၈ ရက်နေ့က ချက်ထရီယမ်ဟိုတယ်၌ ပြုလုပ်သော သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။ အင်ဒိုနီးရှား ကြက်ခြေနီအသင်းဥက္ကဋ္ဌ မစ္စတာ ယူစွတ်ကာလာက ကူညီထောက်ပံ့မှုများသည် နိုင်ငံရေးအရ ရည်ရွယ်ခြင်း မဟုတ်ဘဲ လူသားချင်းစာနာ ထောက်ထားမှုအရ လှူဒါန်းခြင်းဖြစ်သည်ဟု ပြောသည်။ “ဘေးဒုက္ခတွေကတော့ နေ ရာတိုင်းမှာ ကြုံတွေ့နေရမြဲပါ။ သဘာဝဘေးတွေနဲ့ လူတွေကြောင့်ဖြစ်တဲ့ ဘေးတွေဆိုပြီး ရှိပါတယ်။ လူတွေကြောင့်ဖြစ်တဲ့ ဘေးတွေကို လူအချင်းချင်းကြားမှာ သဟဇာတဖြစ်အောင် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်” ဟု ၄င်းကပြောသည်။ အင်ဒိုနီးရှား ကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အစီအစဉ်နှစ်ရပ် ဖြစ်သည့် အရေးပေါ် လိုအပ်သည်များကို ကူညီထောက်ပံ့ခြင်း လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း၏ အတွင်းရေးမှူးချုပ် မစ္စတာဘူဒီအာ ဒီပူထရိုက ပြောသည်။ “အရေးပေါ် ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို သုံးလကနေ ခြောက်လအထိ ဆောင်ရွက် မှာဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သုံးနှစ်သက်တမ်းနဲ့ ဆောင်ရွက်သွားပါမယ်” ဟု ၄င်းက ပြောပြ ခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Sources Here:

 

သမ္မတနှင့် ပြည်သူများ တိုက်ရိုက်ထိတွေ့နိုင်စေရန် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ပြည်သူ့အသံကဏ္ဍ ဖွင့်လှစ်ပေးထား …

မေစန္ဒီ အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ – ၂၀ ၊ ၉ ၊ ၂၀၁၂)

နိုင်ငံတော်သမ္မတရုံးမှ လွှင့်တင်ထား သည့် ၀က်ဘ်ဆိုက်မှတစ်ဆင့် ပြည်သူ များတင်ပြလာသည့်စာများကို စစ်ဆေး အတည်ပြုပြီး ပါက သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ ပေးပို့သွားမည်ဖြစ်သကဲ့သို့ သမ္မတအဆင့်မှ ဖြေရှင်းရမည့်ကိစ္စများ ကိုလည်း ဖြေရှင်းပေးသွား မည်ဟု သမ္မတ ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

“အခုအချိန်မှာတော့ လာတဲ့စာတွေ ကို ပြန်လည်စစ်ဆေး (review process) လုပ်နေပါတယ်။ တချို့ အရေးကြီးတာ တွေကို အတည်ပြုတာလုပ်ပြီးရင် သက် ဆိုင်ရာဝန်ကြီးဌာနတွေကို ပို့မှာဖြစ်ပါ တယ်။ သမ္မတအဆင့်ဖြေရှင်းရမယ့်ကိစ္စ တွေကိုတော့ သမ္မတရုံးဝန်ကြီး ဦးစိုး မောင်ကို တာဝန်ပေးထားပါတယ်။ review ပြန်လုပ်တဲ့နေရာမှာ ဘယ် sector က တိုင်ကြားစာတွေများနေလဲ။ Policy making အပိုင်းမှာ ပြည်သူတွေ အနေနဲ့ တိုက်ရိုက် မပါဝင်နိုင်တဲ့အတွက် ဒီတိုင်ကြားစာတွေထဲမှာ အရေးကြီးတဲ့ အကြောင်း အရာတွေ ပါလာတဲ့အခါ ထည့်သွင်းစဉ်းစားမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်အပိုင်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သမ္မတ အဆင့်အထိ အရေးတကြီး တင်ပြရန် ကိစ္စရပ်များ၊ အမှန် တကယ် ထိခိုက်နစ်နာ မှုများကို တင်ပြရန် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ယခုလ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည့် ပြည်သူ့ အသံကဏ္ဍ သို့ ပေးပို့လာသည့်စာများမှာ စောင်ရေ ၅၀ ကျော် ရောက်ရှိနေပြီဖြစ်ပြီး အများစု မှာ ပစ်စာများပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့အသံကဏ္ဍ ဖွင့်လှစ်ရသည့် အကြောင်းအရင်းမှာ နိုင်ငံတော်သမ္မတ ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့် မူဝါဒ များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ထင်မြင်ယူဆ ချက်များ၊ အကြံပြုချက်များ သိရှိနိုင်ရန်၊ ပြည်သူ များမှ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြ လိုသော အရေးကြီးကိစ္စရပ်များ၊ ပြည်သူများ၏ အမှန်တကယ် နစ်နာဆုံးရှုံးမှုများ စသည်တို့မှာ ရံဖန်ရံခါတွင် ရုံးလုပ်ငန်းအဆင့်ဆင့်အရ ကြန့်ကြာနေသောကိစ္စရပ်များကို သိရှိဖြေရှင်း ပေးနိုင်ရန်နှင့် ပြည်သူလူထု အနေဖြင့် နိုင်ငံတော် သမ္မတကြီးနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သော လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာစေရန် စသည်တို့ကို ရည်ရွယ် သည်ဟု ဆိုသည်။ သမ္မတရုံး၏ ၀က်ဘ်ဆိုက်ဖြစ်သည့် www.president-office.gov.mm ရှိ အဆိုပါပြည်သူ့ အသံကဏ္ဍတွင် အကြံပြုစာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ ပစ်စာ ဟူ၍ ကြိုက်နှစ်သက်ရာ ပေးပို့နိုင်သည်။

အဆိုပါကဏ္ဍဖွင့်ခြင်းနှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီအင်အားစုမှ ဦးခင်မောင်ဆွေ က “နိုင်ငံရေးပါတီတွေအနေနဲ့သမ္မတနဲ့ ဆက် သွယ်မယ်ဆိုရင် ကော်မရှင်ကနေ ဆက်သွယ်နိုင် တဲ့အပြင် လွှတ်တော်မှာလည်း တင်ပြနိုင်တယ်။ မေးလ်ဘောက်စ်ဖွင့်တယ် ဆိုတာ နိုင်ငံတော် သမ္မတက အောက်ခြေပြည်သူတွေကို ယုံကြည် လို့ သူတို့နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်အောင်၊ ပြည်သူတွေရဲ့ သဘောထားကိုသိချင်လို့ အားလုံးဆန္ဒပါချင်တာကြောင့် သိသာမြင်သာ စေချင်တဲ့အတွက် လုပ်ခြင်းဖြစ်ပါတယ်။ ဒီမို ကရေစီ လူ့အဖွဲ့အစည်းတစ်ခုမှာ ပြည်သူတွေ အတွက် ရပိုင်ခွင့်ရှိသလို တာဝန်ယူရမှာတွေ လည်း ရှိတယ်ဆိုတာ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။ ဒီလိုပဲ အစိုးရက တာဝန်ယူရမှာ တွေလည်း ရှိပါတယ်။ ဒါမှ ဟန်ချက်ညီတဲ့ လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။

နိုင်ငံတော်သမ္မတော်ထံပေးပို့သည့် စာများ တွင် ပြည်သူတွေအနေဖြင့် ချက်ကျလက်ကျ ပြောနိုင်၊ တိုင်ကြားနိုင်ပါက နှစ်ဦးနှစ်ဖက် အကျိုး ရှိလိမ့်ဟု ဘလော့ဂ်ဂါ (Bloger) ကိုနေဘုန်းလတ် က ပြောသည်။

“ပြည်သူတွေဘက်က တကယ်ဖြစ်နေတဲ့ အခက်အခဲတွေကို စိတ်ခံစားမှုနဲ့ ပြောတာမျိုး မဟုတ်ဘဲ ချက်ကျလက်ကျ ပြောနိုင်တဲ့အရည် အချင်းမျိုး၊ ပြောရဲတဲ့ သတ္တိမျိုး မွေးမြူရမှာပေါ့။ နောက်ပြီး တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်တွေကို ကိုယ့်ပရိုဖိုင်အမှန်နဲ့ တင်တယ်ဆိုတဲ့ တာဝန် သိမှုမျိုးလည်း လိုအပ်ပါတယ်။

“အစိုးရကလည်း ဒါကို အချိန်အကြာကြီး သိပ် မယူဘဲ ဖြေရှင်းသင့်တာတွေကို မှန်ကန်စွာဖြေရှင်း မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုး များမယ့်ကိစ္စ ဖြစ်လို့ကြိုဆိုပါတယ်”ဟု ၎င်းကပြောသည်။

ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သောတရားစီရင်ရေး ခွဲခြား၍မရကြောင်း ဥပဒေပညာရှင်များဆို …

စန္ဒာလွင် အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ – ၂၀ ၊ ၉ ၊ ၂၀၁၂)
တွေ့ဆုံပွဲသို့တက်ရောက်လာသည့် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေပညာရှင်များ။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဥပဒေစိုးမိုးရေးသည် နိုင်ငံတွင် အထူး သဖြင့် လိုအပ်နေပြီး ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ် သည် ဒွန်တွဲနေကြောင်း ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီနှင့် ဥပဒေပညာရှင်များ တွေ့ဆုံပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

“အထူးသဖြင့် ..အထူးသဖြင့် ဥပဒေ စိုးမိုးရေးဟာ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ကိစ္စတစ်ခုပါ။ …. ဥပဒေ စိုးမိုးရေးသည် နိုင်ငံတော်ရဲ့ ဥပဒေတွေပြဋ္ဌာန်းတဲ့အပေါ်မှာ အသက် ပါ။ တိုတိုလေးတစ်ခု .. ဥပဒေစိုးမိုးရေး နဲ့ ဒွန်တွဲနေတာ ဘာလဲဆိုတော့ လွတ်လပ်သော judiciary၊ Indepen-dence of Iudiciary ၊ ဒီဥစ္စာက အမြွှာ ညီနောင်..နော်။ ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်တဲ့ တရားစီရင်ရေးဟာ အမြွှာ ညီနောင်ဖြစ်တယ်”ဟု ၎င်းက တွေ့ဆုံပွဲ အဖွင့်စကားပြောရာတွင် ပြောသည်။

၁၉၅၀ ခုနှစ်အတွင်း ရန်ကုန်မြို့တော် ကို သူပုန်များ ၀ိုင်းနေစဉ်၌ပင် ထိုစဉ်က ရဲမင်းကြီးက ကျမ်းကျိန်လွှာနှစ်ခုဖြင့် ချုပ်နှောင်ထားသည့် သူပုန်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ရန်နိုင်ကို ဥပဒေနှင့် မညီညွတ်သဖြင့် ချက်ချင်းလွှတ်စေရန် တရားသူကြီးချုပ်က အမိန့်ချမှတ်နိုင်ခဲ့ သည့် ဖြစ်စဉ်ကို ဥပဒေ စိုးမိုးမှုနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ်၏ ပြယုဂ်အဖြစ်လည်း ထည့်သွင်းပြောဆို ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ၎င်းကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ပြီး ယခုတွေ့ဆုံပွဲသည် ပြည်ထောင်စု မြန်မာ နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် များတွင် ပါရှိသည့် ‘ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့်ပြည်ထောင်စု အဆင့်အဖွဲ့အစည်း’ စကားရပ်သည် လွှတ်တော်များက ဖွဲ့စည်းသည့် ကော် မတီ၊ ကော်မရှင်နှင့် အဖွဲ့များကို မဆိုလို ကြောင်း၊ ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပတ်သက်၍ အဖွဲ့ဝင်ကိုးဦးပါ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့တစ်ရပ် လုံးကို လွှတ်တော်မှ စွပ်စွဲပြစ်တင်ကာ ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့် ကြောင်း ဆုံးဖြတ်ချက် ချပြီးနောက် ပထမဆုံးပြုလုပ်သည့် လွှတ်တော်နှင့် ဥပဒေပညာရှင်များ တွေ့ဆုံပွဲဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး၏ စီးပွါးရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင် ဦးခင်မောင်အေး သံတွဲ ခရိုင်တရားရုံးတွင်အမှု ရင်ဆိုင်နေကြောင်း သတင်းရရှိ …

နိုင်ငံတော် သမ္မတရုံး၏ စီးပွါးရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင် ဦးခင်မောင်အေး သံတွဲ ခရိုင်တရားရုံးတွင် အမှု ရင်ဆိုင်နေကြောင်း သတင်းရရှိသည်။အခင်းဖြစ်အပြည့်အစုံ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

page  – 1

page  – 2

မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ကို အမိန့်ချမှတ်

ယမုံဖူးသစ် အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ – ၂၀ ၊ ၉ ၊ ၂၀၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအပေါ် မဲမသမာမှုပြုလုပ်သည်ဟု စွပ်စွဲထားသော ကန့် ကွက်လွှာကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်မှ ယခုလ ၁၁ ရက်နေ့ က အမိန့်ချမှတ်ခဲ့ရာ ဒေါ်ဖြူဖြူသင်း အနိုင်ရရှိခဲ့ပြီး လျှောက်ထား သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဒေါ်လဲ့လဲ့အေးမှ ဒေါ်ဖြူဖြူသင်းအား တရား စရိတ် ကျပ်ငါးသိန်းပေး လျော်ရ မည်ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ယှဉ်ပြိုင် အနိုင်ရခဲ့သော ဒေါ်ဖြူဖြူသင်းကို ရွေးကောက်ပွဲ တွင် တရားမဲ့ပြု ကျင့်မှု ကြောင့်ရရှိသော မဲများဖြင့် အနိုင်ရရှိခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သော ဒေါ်လဲ့လဲ့အေးက ရွေး ကောက်ပွဲကော်မရှင်သို့ ဧပြီလက ကန့်ကွက်လွှာ တင်သွင်းထား ခြင်းဖြစ် သည်။

အဆိုပါကန့်ကွက်လွှာတွင် လာဘ်ပေးလာဘ် ယူခြင်း စသည့် မသမာသော မဲဆွယ်စည်းရုံးမှု ပြုလုပ်ကာ တရားမဲ့ပြုကျင့်မှုကြောင့် အနိုင်ရရှိ သည်ဟု စွဲချက်တင်ထားကာ ဒေါ်ဖြူဖြူသင်း ဘက်ကလည်း ပြန်လည် ကန့်ကွက်လွှာတင်ခဲ့ သည်ဟု ဒေါ်ဖြူဖြူသင်း၏ တရားဝင်ကိုယ်စား လှယ် ဦးစိန်မြိုင်က ပြောသည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မှာ အမှန်တကယ် အနိုင်ရရှိတယ်ဆိုတဲ့ အကြောင်းကို ကော်မရှင်က ဆုံးဖြတ်ချက်ချပေး လိုက်ပါတယ်”ဟု ၎င်းက ပြောသည်။ တရားရင်ဆိုင်ရာတွင် သက်သေများအနေ ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူများက လည်း ထွက်ဆိုချက်ပေးခဲ့ကြသည်ဟု ၎င်းက ပြောသည်။

“ဘယ်လို ကိစ္စရပ်မျိုးပဲကြုံကြုံ၊ ဘယ်လိုပဲ တရားဥပဒေကြောင်းအရ အခက်အခဲပဲဖြစ်ဖြစ် အားလုံးဟာ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက် သွားရင် အဆင်ပြေမှာပါ။ ရှေ့ဆက်ပြီးလည်း တိုင်းပြည် ကောင်းဖို့ အတွက် ကို အခုလိုပဲ ကြိုးစား ပြီး ဆောင်ရွက်သွားချင် ပါတယ်”ဟု ဒေါ်ဖြူဖြူ သင်းက ပြောသည်။

ရွေးကောက်ပွဲနည်းဥပဒေတွင် ကိုယ်စား လှယ်တစ်ဦးကို လူပုဂ္ဂိုလ်တစ်ဦးက ကန့်ကွက်လို ပါက ရွေးကောက်တင်မြှောက်ခံရကြောင်း ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ပြီး ကန့်ကွက် လိုသူတစ်ဦးအတွက် ကျပ် ၁၀ သိန်း ပေးသွင်းရမည်ဖြစ်သည်။

နှစ်ဖက်စလုံးကို ထောက်ပံ့မည်ဟု OIC ပြော

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် – ပြီးခဲ့သည့် ဇွန်လအတွင်းက ဘုန်းကြီးကျောင်းတခုတွင် ခိုလှုံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

 

MRA ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ပြန်လည် သင့်မြတ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးများအတွက် နှစ်ဖက်စလုံးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ ကိုယ်စားလှယ် Mr. Ufuk Gokcen က ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က Chatrium Hotel တွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ မိတ်ဆက်ဆွေးနွေးပွဲတွင် Mr. Ufuk Gokcen က “လူမျိုး နှစ်မျိုးလုံးကို ကူညီထောက်ပံ့ပေးသွားမယ်။ ပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးမှာ ကူညီမှုတွေက အထောက်အပံ့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ သီတဂူဆရာတော်၏ ကိုယ်စားလှယ် အပါအဝင်၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလမ်ဘာသာရေး ခေါင်းဆောင်များ၊ ဆောဒီအာရေဗျ၊ သီရိလင်္ကာ၊ မလေးရှား၊ အင်ဒိုနီးရှားမှ သံအမတ်များ တက်ရောက်ကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်က စတင် ထူထောင်ခဲ့သော အဖွဲ့ဝင်နိုင်ငံပေါင်း ၉၀ ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များနှင့် ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရယူရန် တည်ထောင်ထားသော အဖွဲ့ဖြစ်သည်။

ထို့အပြင် OIC နှင့် နယ်စပ်ဒေသလုံခြုံရေး ၀န်ကြီးဋ္ဌာနအကြား ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် နားလည်မှု စာချွန်လွှာ ထိုးထားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ လခြမ်းနီအဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့များအကြား ပူးပေါင်းလုပ်ဆောင် နိုင်ရန် သဘောတူညီချက်များ ရယူထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

OIC သည် ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်ရှိ အခြေအနေများကို သွားရောက်လေ့လာပြီး ဖြစ်ပွားလျက်ရှိသည့် ကိစ္စရပ်များသည် လူမျိုးရေးကို အခြေခံသည်ဟု ဆိုသော်လည်း ဘာသာရေး မတူညီမှုပြဿနာ ရှိနေသဖြင့် ဘာသာရေးခေါင်းဆောင်များက ပူးပေါင်းအဖြေရှာ ဖြေရှင်းရန်လိုကြောင်း၊ လိုအပ်သော ကူညီထောက်ပံ့မှုများပြုလုပ်ရန် ၎င်းတို့က တာဝန်ယူကြောင်းလည်း ပြောသည်။

ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူးက “နိုင်ငံတိုင်း၊ ပြဿနာတိုင်းမှာ ဘာသာရေးခေါင်းဆောင်တွေ ၀င်ရောက်ဖြေရှင်းခဲ့တာ အောင်မြင်မှုတွေ ရခဲ့တယ်။ မြန်မာပြည်မှာလည်း ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်အဖြေရှာဖို့ လိုပါတယ်” ဟု ပြောကြားသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် OIC ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ မတည်ငြိမ်မှုများဖြစ်ပွားနေသည့် ဒေသများသို့ ယခုလဆန်းပိုင်းက သွားရောက်လေ့လာခဲ့သည်။

ထို့အပြင် ယခုလ ၈ ရက်နေ့ကလည်း အမေရိကန်သံအဖွဲ့က ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာကာ လူဦးရေသိပ်သည်းမှုကို ဖြေရှင်းနိုင်မည့် အစီအမံများကို ထောက်ပံ့ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့သေးသည်။

 

Source: Irrawaddy Burmese at http://burma.irrawaddy.org/archives/20338

ရခိုင်ပြည်လုံခြုံရေး စိတ်မချရသေး

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ၃ လ ကျော်ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု၊ လုံခြုံမှု မရှိသည့် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရဆဲ (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ၃ လ ကျော်ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု၊ လုံခြုံမှု မရှိသည့် အခြေအနေများ နှင့်ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်ကာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု စသည်တို့လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာသား ဦးကျော်မောင်ချေ (အသက် ၆၄ နှစ်) သည် စက်တင်ဘာလ ၁၁ ရက်တွင် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်ရပ်သည် ရခိုင်ဒေသတွင်း နေထိုင်သည့် ပြည်သူများ ၏ စိုးရိမ်မှုကို ကြီးမားစေပြီး ဘ၀လုံခြုံမှုအတွက် ခြိမ်းခြောက်မှုတခု အဖြစ်လည်း ရှုမြင်ကြောင်း ဒေသခံများ က ဆိုကြသည်။

ဦးကျော်မောင်ချေသည် မြို့ပေါ်မှ ၄ မိုင်ခန့် ဝေးသည့် ၎င်းနေထိုင်ရာကျေးရွာသို့ ပြန်လာစဉ် လုံခြုံရေး မရှိသည့် လမ်းခရီး၌ အသတ်ခံရ ကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် အချိန်စော၍ ညနေ ၅ နာရီဝန်းကျင် ပြန်လာစဉ် အသတ် ခံရကြောင်း၊ ထိုလူသတ်မှုအား ကြည့်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိသေးကြောင်း ကျောက်တော် ဒေသခံ ဦးမောင်မောင် က ဆိုသည်။

“ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့အပြင် အစိုးရ ခြေမြန်တပ်ရင်း သုံးလေးခု ရှိတဲ့နေရာမှာ ဒီလိုဖြစ်တာက ဥပဒေ စိုးမိုးရေး ကို စိန်ခေါ်သလိုမျိုး ဖြစ်နေတယ်၊ တရားခံ အစစ်တွေလည်းပဲ ဖမ်းဆီးနိုင်တာ မရှိသေးဘူး”ဟု ၎င်း က ဆိုသည်။

ဦးကျော်မောင်ချေ၏ အသုဘအခမ်းအနားကို ယမန်နေ့က ပြုလုပ်ရာ ဒေသခံ ပြည်သူသောင်းချီတက်ရောက်ခဲ့ပြီး တရားခံ အစစ်အမှန်ကို အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးပေးရန် အာဏာပိုင်များထံ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဦးကျော်မောင်ချေ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သံသယရှိသည်ဟု ယူဆရသူ ပိုက်သည်ကျေးရွာမှ ရွှေမောင်(ခ) အ ဒူမာလိတ်နှင့် လာလူး(ခ)ဖော်ရီအာမတ် တို့ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေသည်ဟု ကျောက်တော်မြို့နယ် စခန်းမှူး ဦးလှမျိုး အောင်က ပြောဆိုကြောင်း RFA မြန်မာပိုင်း သတင်း၌ ပါရှိသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ် ကင်းချောင်းရွာခံ ဦးထွန်းရွှေလှိုင်(အသက် ၄၀)နှစ်သည် သြဂုတ်လ ၂၃ ရက်နေ့တွင် ၎င်းပိုင် ဆိုင် သည့် စိုက်ခင်းခြံတွင် တဦးတည်း ရှိနေစဉ် အသတ်ခံရကြောင်း၊ ၎င်းသည် အဒူလာတေး ဆိုသူနှင့် အလုပ်စပ်တူ လုပ်နေ ကြောင်း၊ ထိုလူသတ်မှုနှင့်ပတ်သက်၍ တရားခံဟု ယူဆရသည့် အဒူလာတေး ၏ မိတ်ဆွေ ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရ သည်။

ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ မရီရီသန်း ဆိုသူ အမျိုးသမီးငယ်သည်လည်း စက်တင်ဘာလ ၂ ရက်နေ့က ဈေးမှနေ ထိုင်ရာ ကျေးရွာသို့ အပြန် လမ်း၌ လူတစုက လိုက်လံနှောင့်ယှက်၍ ထွက်ပြေးရာ ဓားဖြင့်လိုက်ခုတ်သည့်အတွက် ခြေဖနောင့် ပြတ်လုနီးပါး ဖြစ်သွားကြောင်း၊ ယခုအခါ ဘူးသီးတောင် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြောင်း ဒေသခံများက ပြောသည်။

မရီရီသန်းအား ဓားဖြင့်ခုတ်သူ ၃ ဦးကို အာမခံဖြင့် ဘူးသီးတောင် ရဲစခန်းက လွှတ်ပေးထားကြောင်း၊ ယခုအခါ အမျိုးသမီးများ သာမက အမျိုးသားများလည်း သွားလာရေးအတွက် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံ ဦးထွန်းအောင်သိန်း က ပြောသည်။

“လူသတ်မှု၊ လုယက်မှု၊ နှောင့်ယှက်မှုတွေ ဆက်တိုက်ဖြစ်နေတော့ လူတွေက တယောက်တည်း ရွာပြင်ထွက်ပြီး အလုပ်မလုပ် ရဲကြတော့ဘူး၊ ဒေသခံ အများစုက တောတွေ၊ လယ်ကွင်းထဲမှာ လုပ်ကိုင်စားသောက်သူ များတယ်၊ အလုပ်လက်မဲ့ တွေ တနေ့ ထက် တနေ့ ပိုများလာနေတယ်”ဟု ၎င်း က ဆိုသည်။

ဘူးသီးတောင်မြို့နယ်သည် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၅ နှင့် ခြေမြန်တပ်ရင်း ၁၀ ရင်းကျော် အခြေစိုက် ထားသည့် နယ်စပ် ဒေသတခုလည်း ဖြစ်သည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အပြင် စစ်တပ်၊ လုံထိန်းတပ်ဖွဲ့များ အနေဖြင့် ကျေးရွာများကိုသာ လုံခြုံရေးယူ ထားနိုင်ပြီး လယ်ယာလုပ်ငန်းခွင်နှင့် တောတောင်များ၌ လုပ်ကိုင်စားသောက်သူများအတွက် လုံခြုံရေးပေးနိုင်ခြင်း မရှိပေ။

ရခိုင်နှင့်ဒေသခံ တိုင်းရင်းသားအများစုသည် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ တနိုင်တပိုင် ငါးဖမ်းသည့် အလုပ်တို့ဖြင့် အသက် မွေး ကြကြောင်း၊ ထိုလုပ်ငန်းများသည် တဦး၊ နှစ်ဦး စသည့်ဖြင့် လုပ်ကိုင်ရကြောင်း၊ ယခုအခါ လုံခြုံရေးစိုးရိမ်သည့် အတွက် လုပ်ငန်းခွင် မသွားရဲကြတော့ကြောင်း၊ လယ်ယာလုပ်ငန်းများ မလုပ်ကိုင်ရသည့်အတွက် လာမည့် နှစ်တွင် ဆန်၊ စပါး ရှားပါး၍ အလုပ်လက်မဲ့ ဦးရေပါ ပိုမိုများ လာနိုင်ခြေ ရှိကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက“လုံခြုံရေးကတော့ ပုံမှန်အတိုင်း ယူထားတာ ဆို တော့ ထပ်တိုးဖို့ မရှိပါဘူး၊ အားလုံးက တည်ငြိမ်နေပါပြီ၊ လူသတ်မှု ကိစ္စတွေတော့ တာဝန်ရှိသူတွေကပဲ တရားဥပဒေအရ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။

နယ်မြေအလိုက်လုံခြုံရေး ယူထားကြသည့်အတွက် လုံခြုံရေး ကိစ္စဆောင်ရွက်ကြမည်သာ ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် သက်ဆိုင်သူများက လုပ်ဆောင်မည် ဖြစ်ကြောင်း လည်း ဆက်ပြောသည်။

အာဏာပိုင်များဘက်မှ ထိုသို့ပြောဆိုနေသော်လည်း တဘက်တွင် ဒေသခံများ အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင် ကြုံတွေ့နေ ရခြင်း အပေါ် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

“ဘူးသီးတောင်၊ မောင်တော နယ်မြေက အေးအေးဆေးဆေးပါပဲ၊ လယ်ကွင်းတွေဆိုလည်း စိမ်းစိုနေတယ်၊ ကျနော်တောင် ပြီး ခဲ့တဲ့ နှစ်ရက်က အဲဒီဘက်ကို သွားကြည့်သေးတယ်လေ”ဟု နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ဆိုသည်။

မောင်တောဒေသ၌ ၃ ရာခိုင်နှုန်းဝ န်းကျင်သာရှိသည့် ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားနှင့်ရခိုင်မျိုးနွယ်စု တိုင်းရင်းသား လူမျိုး များသည် ထိုဒေသ၌ မနေထိုင်လိုကြတော့ကြောင်း၊ အာဏာပိုင်များအနေဖြင့် လုံခြုံရေး အပြည့်အ၀ တာဝန် ယူပေးမှ သာ နေထိုင်ရန် စဉ်းစားမည်ဟု ရခိုင်ပြည်နယ် ပဋိုပက္ခအတွက် ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မရှင်ထံ တင်ပြခဲ့ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

စုံစမ်းရေးကော်မရှင်သည် မောင်တောမြို့နယ်သို့ ရောက်ရှိစဉ် ကျောင်းမီးရှို့ခံလိုက်ရသည့် မောရ၀တီဆရာတော် အရှင်ဝိဇယ အား တွေ့ဆုံမေးမြန်း လျှောက်ထားရာ မောင်တောဒေသ၌ ကြီးမားသည့်အရေးအခင်း အဖြစ် ၁၉၄၂ ခုနှစ်တွင် တကြိမ်၊ ၁၉၈၈ နှင့် ၁၉၉၄ ခုနှစ်တို့တွင်လည်း ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့ရသည့် အကြမ်းဖက်မှုများကို မိန့်ကြား၍ နောင်တွင် လည်း ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ရှင်းပြခဲ့ကြောင်း နိရဉ္စရာသတင်းဌာန ၌ ရေးသားထားသည်။

ကော်မရှင်အဖွဲ့သည် ဒေသခံတိုင်းရင်းသားများနှင့်ဘင်္ဂါလီမွတ်စလင်လူမျိုးများကို သီးသန့်စီတွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်သွား ကြောင်းသိရသည်။ ၎င်းအဖွဲ့သည် ရခိုင်ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်၍ ဒေသတွင်း တည် ငြိမ်ရေး၊ ဖွံဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ ၌ ဖော်ပြထားသည်။

ရခိုင်ပြည်၌ ဇွန်လဆန်းက စတင်ခဲ့သော အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ကြောင့် မြို့နယ် ၁၀ ခု ၀န်းကျင်အား ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသကဲ့သို့ ရခိုင်တပြည်လုံးအား အရေးပေါ်အခြေအနေ ကြေညာထားခြင်းကိုလည်း ရုပ်သိမ်းနိုင် မှု မရှိသေးပေ။

ရခိုင်ပြည်နယ်၏ မြို့တော် ဖြစ်သည့် စစ်တွေမြို့နယ် ဧရိယာ၌ပင် တည်ငြိမ်မှု၊ လုံခြုံမှု လုံးဝ မရှိသေးပေ။ လုံခြုံရေး တာဝန်ယူ ထားသည့် အစိုးရ စစ်တပ်၊ လုံထိန်းတပ်ဖွဲ့ဝင် တချို့၏ ဒေသခံ ပြည်သူများအပေါ် ဖိနှိပ် ဆက်ဆံခြင်း၊ ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်ခြင်း များ ရှိနေ၍ စိုးရိမ်မှုများ ရှိနေကြောင်း စစ်တွေ ဒေသခံများက ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားစဉ် အပြင်ထွက်သည့် ဗျိုင်းဖြူ ရပ်ကွက်မှ ကိုမောင်မောင်ချေ (အသက်၁ရ နှစ်)ကိုလည်း စစ်တပ်မှ မှားယွင်း ပစ်ခတ်မှု ကြောင့် သေဆုံးသွားကြောင်း၊ သားဖြစ်သူ၏ ရုပ်အလောင်းအား သွားကောက်သည့် ဖခင်ဖြစ်သူ ဦးငပုသည် လည်း ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(ရခိုင်ပြည်) အဖွဲ့က ဆို သည်။

အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သည့်အတွက် စစ်တွေဒေသခံ ၇၀ ၀န်းကျင်ကို ဖမ်းဆီး၍ ထောင်ဒဏ် ၆ လစီ ချမှတ် လိုက်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့်မောင် တောမြို့၌ ဇွန်လ ၈ ရက်နေ့က စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၈၀ ၀န်းကျင် သေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ် အ ကူအညီနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က မီဒီယာများကို ပြောထားသည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက် စီး သွားခဲ့သည် ဟု လည်း အစိုးရ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။

Source: Irrawaddy Burmese at http://burma.irrawaddy.org/archives/20280

ခေတ်စားနေသော အစ္စလာမ်ဆန့်ကျင်ရေးရုပ်ရှင်၏ နောက်ဘက်ဝယ်

ကျွန်ုပ်တို့ မုစ်လင်မ်များသည် တမန်တော်မြတ်သခင်အား မိမိတို့၏အသက်ထက်ပင် ချစ်ခင်မြတ်နိုးကြပါ၏။ သို့သော် ကျွန်ုပ်တို့ မုစ်လင်မ်များသည် မိမိတို့နေထိုင်ရာ ဒေသ၊ နိုင်ငံအသီးသီး၏ ဥပဒေကို အတိအကျ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည် ကျွန်ုပ်တို့၏နှစ်ဘ၀သခင်၏ သွန်သင်လမ်းညွှန်ချက် ဖြစ်ခြင်းကြောင့်ပင်။ အထူးသဖြင့် မုစ်လင်မ်အစိုးရမဟုတ်သည့် နိုင်ငံများတွင် နေထိုင်သော မုစ်လင်မ်များအနေနှင့် ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်နိုင်သော်လည်း မိမိတို့၏ နေထိုင်နေသော တိုင်းပြည်မှ ပြဌာန်းထားသည့် ဥပဒေများကို မချိုးဖောက်ကြရန်နှင့် အကြမ်းဖက်ဆန္ဒပြမှုများကို မပြုကြရန် အထူးအရေးကြီးသည်။ အခြား ဘာသာဝင်များ၏ လွတ်လပ်မှုကို မထိပါးစေရန် အလွန် အရေးကြီးပါသည်။ မိမိတို့၏ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဥပဒေကို လိုက်နာသော၊ နိုင်ငံ့သားကောင်းများ ဖြစ်ရန် လိုပါသည်။ ရန်သူများ ဆင်ထားသည့် ထောင်ချောက်အတွင်းသို့ မုစ်လင်မ်များ မ၀င်ရောက်ရန် အရေးကြီးပါကြောင်း နှိုးဆော်လိုက်ပါသည်။ (ရိုဟင်ဂျာလူမျိုးစုအသံ)

စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၂

M-Media

ဒန်ငြာရှိန်း

 

နာကောက်လာအား ရဲများက စစ်ဆေးမေးမြန်းရန် နေအိမ်မှ ခေါ်ထုတ်လာစဉ်

 

အမှန်တရားသည် ခုတုံးလုပ်အခံရဆုံးနှင့် ခါးသီးမှုမြင့်မား

အမှန်တရားသည် ခါးသီး၏၊ ခုတုံးလုပ်ခံ ရ၏၊ ရောဂါပျောက်ကင်းရေး အတွက် ဆေးစွမ်းကောင်း တလက်ဖြစ်၍ ရောဂါကျွမ်းနေသော ခန္ဓာများအတွက်မူ အလွန် တရာလည်း ခါးသီးသေး၏။

အစ္စလာမ်သာသနာအား ခုတုံးလုပ်ကာ နာမည်ကျော်ကြားရေး၊ သူတစ်ပါးနိုင်ငံအား သယံဇာတရရှိရေး အလို့ငှာ ကျူးကျော်ရန်စရေးစသည်များနှင့် အခကြေးငွေရယူကာ အသရေဖျက်လုပ်ငန်းများလုပ်ဆောင် လျက်ရှိသည်မှာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါ၀ါကြီး ပေါ်ထွက်လာလျက်ရှိပါသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဆလ်မန်ရက်ရှ်ဒီ၏ အစ္စလာမ့်အသရေဖျက် ၀တ္ထုစာအုပ်၊ ကနေဒါနိုင်ငံသား စာရေးဆရာမ အိရ်ရှက် မန်ဂျီ၏ သည်ထရောက်ဘဲလ်ဝိသ် အစ္စလာမ် စသည့် စာအုပ်များ ထွက်ပေါ်လာခဲ့ဖူးသည်။ ဆလ်မန်ရှက်ရှ်ဒီက ဆာဘွဲ့ ရရှိခဲ့သလို မန်ဂျီမှာလည်း ၂၁ ရာစု၏ အကျော်ကြားဆုံး အမျိုးသမီးဆုအဖြစ် Ms Magazine က ရွေးချယ်မှုခံခဲ့ရသည်အထိ အနေအစားပြေလည်မှု များကိုသာမက ထင်ပေါ်မှုများကိုပါ တပွေ့တ ပိုက်ကြီး ရရှိသွားကြတော့သည်။

ထို့အတူ အန္တီအစ္စလာမ်မစ် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်မှာလည်း အလွန်တရာသေးငယ်လှသော ချာ့ခ်ျမှ ဘုန်းကြီးဖြစ်နေသော်လည်း အန္တီအစ္စလာမ်မစ်လုပ်ရပ်များကြောင့် အလွန်တရာ ကျော်ကြားလာကာ အနေအစားချောင်လည်ပြီး လူအများစု၏ထောက်ပံ့မှုကိုပါ ရရှိလာခဲ့ရသည်။

ယခုတဖန် အန္တီအစ္စလာမ်မစ်ရုပ်ရှင်ကို ရိုက်ကူးဖြန့်ချိသူမှာလည်း ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးမှုများ၊ ဒေ၀ါလီခံမှုများစသည့် ရာဇ၀တ်မှုများစွာကို ကျူးလွန်ထားသူဖြစ်ပြီး ၄င်း၏နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားနေသည့် ကြေးရတက်အန္တီအစ္စလာမ်မစ်များ ရှိနေနိုင်ကြောင်း ခန့်မှန်းချက်ကိုမူ မည်သူမျှ ငြင်းချက်ထုတ်နိုင်လိမ့်မည်မဟုတ်ပါ။

အန္တီအစ္စလာမ်ရုပ်ရှင်

ယူနိုက်တက်ကင်းဒမ်းနိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာမှ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့စွဲဖြင့် အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူအား ရဲများကစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးမေးမြန်းရန် ယင်းအန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူကို နေအိမ်မှ ခေါ်ထုတ်လာစဉ် ၄င်းက မိမိ၏မျက်နှာအား အ၀တ်ဖြင့် ပတ်ဆီးလျက် ရှက်ရွံ့စွာဖြင့် လိုက်ပါလာကြောင်း သတင်းတင်ပြထားသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူမှာ နာကောက်လာ ဘတ်ဆဲလေ နာကောက်လာဆိုသူ၊ အီဂျစ်လူမျိုး အမေရိကန်နိုင်ငံသား ကော့ပ်တစ်ခရစ်ယာန်တစ် ဦးဖြစ်သည်။ သူသည် “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ဟု အမည်ပေးထားသော အန္တီအစ္စလာမ်မစ် ရုပ်ရှင်အား ဇတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူနှင့် ဖြန့်ချိသူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ သူ၏ရုပ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့၊ ၂၀၁၂ က ယူတျူဗ်(Youtube) ပေါ်တွင် ထရေလာ ၁၅ မိနစ်စာခန့် တင်ထားသည်။ ထိုဖလင်အား အာရဗစ်ဘာသာစကားဖြင့် တင်ဆက်ပြသပြီးနောက်တွင်မူ အမေရိကန်နိုင်ငံ သံရုံးများ တိုက်ခိုက်ခြင်းခံရတော့သည်။

နာကောက်လာ ဘတ်ဆဲလေ နာကောက်လာ

 

နာကောက်လာသည် အကျဉ်းသားရာဇ၀တ်ကောင်ဖြစ်ခဲ့ဖူးကြောင်း အမေရိကန် ဖယ်ဒရယ်ဗျူရို ၊ အကျဉ်းဦးစီးဌာနမှ ဖော်ပြထားစဉ်

အထက်ပါပုံကို www.bop.gov တွင် ကြည့်ရှုနိုင်ပါသည်။

နာကောက်လာသည် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်ဧရိယာတွင် နေထိုင်သည်။ ဗွီအိုအေအင်တာဗျူးတစ်ခုတွင် နာကောက်လာက မိမိကိုယ်ကို ကိုင်ရိုတက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရတစ်ဦးဖြစ်ကြောင်း ဆိုခဲ့သည်။

လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းဖော်ပြချက်အရ နာကောက်လာသည် မူးယစ်ဆေးနှင့် ငွေကြေးမတရားရယူရန် ကြိုးစားမှုများစသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ နာကောက်လာသည် ငွေကြေးမတရားရယူသည့် ရာဇ၀တ်မှုမကျူးလွန်မီက ငွေကြေးပြဿနာအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ လော့အိန်ဂျလိစ် ကောင်တီ၊ စာရင်းစစ်အဖွဲ့ရုံး၏ မှတ်တမ်းအရ နာကောက်လာသည် နိုင်ငံတော်နှင့် ဖယ်ဒရယ်ပြည်နယ်ဆိုင်ရာ အခွန်ငွေများကို ပေးချေခြင်းမရှိသည့် အမှုကိုလည်း ကျူးလွန်ထားကြောင်း သိရသည်။  ၁၉၉၆ တွင် နာကောက်လာဦးစီးသော ဓာတ်ဆီဆိုင်သည် ဒေါ်လာ ၁၉၄၀၀၀ ကျော် အခွန်ငွေပေးဆောင်ရန် ကျန်ရှိထားကြောင်း သိရသည်။ ထို့ပြင် ၁၉၈၉ မှ ၁၉၉၂ ထိ ဒဏ်ကြေးငွေများနှင့် အတိုးများပေးဆောင်ရန်လည်း ရှိနေကြောင်း သိရသည်။ အခွန်ငွေအပြင် အခြားပေးဆောင်ရန်ရှိနေသော အကြွေးများစုစုပေါင်းမှာ ဒေါ်လာ ၅၉၀၀၀ နီးပါးရှိသည်။ နာကောက်လာသည် ၂၀၀၀ ခုနှစ်ကလည်း အမေရိကန်ဘဏ် (Bank of America) တွင် ဒေါ်လာ ၁၆၆၅၀၀ အကြွေးတင်နေသဖြင့် ဒေ၀ါလီခံခဲ့ဖူးသည်။

(http://latimesblogs.latimes.com/lanow/2012/09/alleged-anti-muslim-film-producer-convictions-drugs-fraud.html)

သည်ဒေးလီးဘိစ်သတင်းစာကမူ နာကောက်လာသည် ၁၉၉၇ ခုနှစ်၌ လော့အိန်ဂျလိစ်ကောင်တီရဲအဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရဖူးကြောင်း၊ အကြောင်းမှာ အက်ဖက်ဒရင်းမူးယစ်ဆေးဝါး၊ ဟိုက်ဒရီအော်ဒစ်အက်ဆစ်နှင့် ငွေစက္ကူဒေါ်လာ ၄၅၀၀၀ လက်ဝယ်တွေ့ရှိရ၍ ဖြစ်ကြောင်း၊ ၄င်းပြင် သူသည် မသာမ်ဖတာမင်းခေါ်သည့် မူးယစ်ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံရဖူးကြောင်း သိရသည်။ (http://www.thedailybeast.com/articles/2012/09/13/mohammed-movie-s-mystery-director.html) ၁၉၉၇ တွင်ပင် နာကောက်လာက အပြစ်ရှိကြောင်းဝန်ခံပြီး အသနားခံသဖြင့် လော့အိန်ဂျလိစ်ကောင်တီအကျဉ်းထောင်တွင် တစ်နှစ်အကျဉ်းချခံခဲ့ ပြီး ကျန်သည့် သုံးနှစ်ကိုမူ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ လော့အိန်ဂျလိစ်ကောင်တီ ရာဇ၀တ်မှု ရှေ့နေဌာန၏ မှတ်တမ်းများအရ နာကောက်လာသည် ၂၀၀၂ ခုနှစ်တွင် ဆိုင်းငံ့ပြစ်ဒဏ် အတွက် လျော့ပေါ့ပေးမည့် အမူအကျင့်ဆိုင်ရာ အခြေအနေကို ချိုးဖောက်ခဲ့သဖြင့် နောက်ထပ်တစ်နှစ် အကျဉ်းချခံခဲ့ရကြောင်း သိရသည်။ (http://www.nytimes.com/2012/09/14/us/origins-of-provocative-video-are-shrouded.html) (http://www.huffingtonpost.com/2012/09/13/innocence-of-muslims-filmmaker-nakoula-basseley-nakoula_n_1880706.html)

၂၀၁၀ တွင် နာကောက်လာသည် ဖယ်ဒရယ်အစိုးရ၏ ဒဏ်ကြေးငွေများကို ပေးဆောင်ရန် ဆန္ဒမရှိဘဲ အသနားခံခဲ့သဖြင့် ဒဏ်ငွေကို ၇၉၄ ၇၀၁ ဒေါ်လာပေးဆောင်ရန် ပြန်လည် ပြဌာန်းပေးခဲ့သည်။ အမေရိကန်နိုင်ငံ ရာဇ၀တ်မှု လက်ထောက်ရှေ့နေ၊ ဂျနီဖာ လိုင်းဝီလီယံက နာကောက်လာသည် သူတစ်ပါး၏ကိုယ်ရေးမှတ်တမ်းနှင့် လုံခြုံရေးနံပါတ်များခိုးယူပြီး ဘဏ်စာရင်းဖွင့်ခဲ့ဖူးကြောင်း၊ ထိုသို့ဖြင့် အေတီအမ်စက်များတွင် ယင်းလုံခြုံရေးနံပါတ်များထည့်ကာ ငွေထုတ်ယူခဲ့ကြောင်း၊ ထိုသို့ လုံခြုံရေးနံပါတ်ခိုးယူမှုများထဲတွင် ၆ နှစ်အရွယ် ကလေးတစ်ဦး၏ ပိုင်ဆိုင်မှုကို ခိုးယူခဲ့ခြင်းမျိုးလည်း ပါဝင်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။

နာကောက်လာသည် ဖယ်ဒရယ်အကျဉ်းထောင်တွင် ၂၁ လတိတိအကျဉ်းချခံခဲ့ရသည်။ နာကောက်လာသည် ၂၀၁၁ ဇွန်တွင် ထောင်မှလွတ်လာခဲ့ပြီးနောက် ၅ နှစ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာကို စောင့်ကြည့်ရှေ့နေ၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုခွင့်ရခဲ့ကြောင်း၊ နာကောက်လာသည် သူ၏ အန္တီအစ္စလာမ် ရုပ်ရှင်မရိုက်မီ ရက်သတ္တပတ်အနည်းငယ် ခန့်ကမှ (အကျင့်စာရိတ္တနှင့်အမူအကျင့်ဆိုင်ရာ) ပြန်လည်ပြုပြင်ရေးစခန်းမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ (http://www.thesmokinggun.com/file/nakoula-charges)

အင်နိုးဆင့် မွတ်စလင်မ် (စ်) နာကောက်လာကမူ “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ရုပ်ရှင်အား မိမိဒါရိုက်တာလုပ်ထားခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။ ၄င်းဖလင်တွင် ဒါရိုက်တာမှာ Sam Bacile ဆိုသူဖြစ်ပြီး ဂါးဒီးယန်းနှင့် အခြားဆက်စပ်သတင်းများကမူ အင်တာဗျူးတစ်ခုအတွက် Sam Bacile  အသုံးပြုခဲ့သည့် ဖုန်းနံပါတ်မှာ နာကောက်လာ၏ လိပ်စာနှင့် ဆင်တူနေကြောင်း ဖော်ပြခဲ့ကြ သည်။ (http://www.guardian.co.uk/world/2012/sep/13/anti-islamic-film-us-nakoula) (http://www.npr.org/blogs/thetwo-way/2012/09/12/161003427/what-we-know-about-sam-bacile-the-man-behind-the-muhammad-movie) (http://www.sgvtribune.com/news/ci_21530557/movie-that-set-off-violence-middle-east-produced)

နာကောက်လာအသုံးပြုခဲ့ဖူးသည့် အခြားအမည်တုများမှာလည်း Sam Bacile ဟူသည့် အသံထွက်မျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေကြောင်း သိရသည်။ အမည်မဖော်ပြလိုသည့် ဖယ်ဒရယ် တရားရုံးတာဝန်ရှိသူများကမူ နာကောက်လာကို ထိုအန္တီအစ္စလာမ်ရုပ်ရှင်အား ကြိုးကိုင်ရိုက်ကူးသူအဖြစ် သတ်မှတ်ကြသည်။ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့ကမူ ရဲများက နာကောက်လာကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။

ထိုအန္တီအစ္စလာမ်ရုပ်ရှင်တွင် အဓိကဇတ်ကောင် မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ထားသည့် အမည်မဖော်လိုသည့်သူကမူ သူမအနေဖြင့် ရုပ်ရှင်တွင်ပါဝင်သည့်အချက်အလက် အစစ်အမှန်များကို မသိရှိခဲ့ရဘဲ သူတစ်ပါး၏ကွပ်ကဲမှုကို ခံခဲ့ရကြောင်း၊ သူမအနေဖြင့် ရုပ်ရှင်တွင် သရုပ်ဆောင်ဖို့ သဘောတူပြီးသည်အထိ ရုပ်ရှင်ပါအကြောင်းအရာများ ကို သိရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ယူကေထုတ် ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

ရုပ်ရှင်တွင် ပါဝင်ခဲ့သူ ဆင်ဒီလီးဆိုသူကလည်း သူမအနေဖြင့် ထုတ်လုပ်သူ၏ အမုန်းတရားရည်ရွယ်ချက်များကို မသိရှိခဲ့ကြောင်းနှင့် ရုပ်ရှင်ကိုလည်း အန္တီအစ္စလာမ်မစ်ဖြစ်စေဖို့ ဖြတ်တောက်ပြင်ဆင်မှုများ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကမူ ထိုရုပ်ရှင်ဒါရိုက်တာအမည်ခံ Sam Bacile မှာ မီဒီယာအများစု၏ အင်တာဗျူးခြင်းကို ခံခဲ့ရသည်။ Sam Bacile က ဝေါလ်စထရိဂျာနယ်သို့ မိမိသည် ကာလီဖိုးနီးယားတွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်၊ အစ္စရေးလူမျိုး အိမ်ယာခြံမြေတီထွင်လုပ်ဆောင်သူဖြစ်ကြောင်း၊ သူ့အဖြင့် ဂျူးလူမျိုးအလှူရှင် ၁၀၀ ခန့်မှ ထည့်ဝင် လှူဒါန်းထားသည့် ဒေါ်လာ ၅ မီလီယံဖြင့် ယင်းအန္တီအစ္စလာမ်ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်း ပြောဆိုခဲ့သည်။ (http://online.wsj.com/article/SB10000872396390443884104577647691429314660.html?mod=googlenews_wsj)

ရုပ်ရှင်တွင်ပါဝင်သရုပ်ထားသည့် သရုပ်ဆောင်များကမူ ၄င်းတို့အားလုံးစုပေါင်းထားသည့် ကြေငြာချက်တစ်ခုကိ ထုတ်ပြန်ခဲ့ရာ ထိုကြေငြာချက်တွင် မိမိတို့အား Sam Bacile ဆိုသူက လှည့်ဖျားခဲ့ကြောင်း ဖော်ပြထားသည်။  (http://gawker.com/5942748/it-makes-me-sick-actress-in-muhammed-movie-says-she-was-deceived-had-no-idea-it-was-about-islam)

ထိုရုပ်ရှင်တွင် ကုရ်အာန်ကျမ်းစာအားမီးရှို့မှုများအဆက်မပြတ်လုပ်ဆောင်ခဲ့ဖူးသည့် အလွန်တရာသေးငယ်လှသော ချာ့ခ်ျ၏ ခရစ်ယာန်ပါစတာဖြစ်သူ တယ်ရီဂျုံးပါဝင်နိုင်ကြောင်းလည်း သံသယရှိနေကြသည်။ (http://video.msnbc.msn.com/msnbc/49004610/#49004610)ေ

အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ (လျှောက်ထားဆဲ) အမှုဆောင်များ တွေ့ဆုံ

သတင်း – ဇာဏီ

အမျိုးသားညီညွတ်ရေးကွန်ဂရက်(လျှောက်ထားဆဲ)ပါတီ၏ အထက်ဗမာပြည်အမှုဆောင်(၁၀)ဦးရဲ့ (၃/၂၀၁၂) တွေ့ဆုံခြင်းကို ဇွန်လ (၂)ရက် တနင်္ဂနွေနေ့က မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ကို ၂၀၁၂-ခု မေလ (၂၈)ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ရွေးကောက်ပွဲ ကော်မရှင် (နေပြည်တော်)သို့ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ပါတီဖွဲ့စည်းခွင့် ပြန်လည်မရရှိသေးကြောင်းသိရသည်။ ယင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီအမည်ဖြင့် ပါတီဖွဲ့စည်းခွင့်မလျှောက်ထားမီအလျင် ပသီအမျိုးသားကွန်ဂရက်ပါတီအမည်ဖြင့် ၂၀၁၂-ခု ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလွှာ မှတ်ပုံတင်အမှတ်(၅၆)ဖြင့် လျှောက်ထားခဲ့သည်။

ယင်းသို့လျှောက်ထားဆဲကာလ ၂၀၁၂-ခု ဧပြီလတွင် ရွေးကောက်ပွဲကော်မရှင်မှ ပသီအမျိုးသား ကွန်ဂရက်ပါတီ တည်ထောင်လိုသူများထံသို့လိပ်မူပြီး ပြန်ကြားစာပို့ခဲ့ကြောင်း၊ ၎င်းပြန်ကြားစာတွင် ယင်း ပါတီ တည်ထောင်လိုသူများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညီညွတ်ခြင်း ရှိ/မရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပေးပို့စိစစ်စေခဲ့ရာ ပါတီတည်ထောင်လိုသူများအနက် တစ်ဦးမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ယခင်ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်ပုံစံ(၁)၏အမည်မှာ ကွဲလွဲနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ ပြန်ကြားလာသဖြင့် ပြန်လည်စိစစ်တင်ပြရန်ဟုပါရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအမည်ကွဲလွဲသူသည် ဤကိစ္စနှင့်ပတ်သက်၍ ပါတီတည်ထောင်ခွင့်ကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပါတီ တည်ထောင်လိုသူများ၏ အမည်စာရင်းမှ ၎င်း၏အမည်ကိုနှုတ်ထွက်ခွင့်ပြုရန် မေတ္တာရပ်ခံစာနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ၁၉၈၈-ခုနှစ် ဖေဖော်ဝါရီလ ရက်စွဲဖြင့် သူ၏ မှတ်ပုံတင်တွင်အမည်ပြောင်းလျှောက်ထားခြင်း၊ ၁၉၈၈-ခုနှစ် အောက်တိုဘာလ ရက်စွဲဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမည်ပြောင်းလဲခြင်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စာရွက်စာတမ်းများနှင့်ပူးတွဲ၍  ရွေးကော်ပွဲကော်မရှင်ထံ ၂၀၁၂-ခု ဧပြီလမှာပင် ပါတီတည်ထောင်ခွင့် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းသို့လျှောက်ထား ထားစဉ် ၂၀၁၂-ခု မေလ(၁၀)ရက်တွင် ‘ပါတီ၏အမည်ကို အသစ်ပြန်လည်ရွေးချယ်တင်ပြရန် အကြောင်းကြားခြင်း’ဟူသည့် အကြောင်းအရာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(နေပြည်တော်)မှ ပသီဦးမောင်မောင်စိုး၊ ကိုယ်စားလှယ်(ပသီအမျိုးသားကွန်ဂရက် ပါတီတည်ထောင်လိုသူများ)ထံသို့ ပြန်ကြားစာပို့ခဲ့ကြောင်း ယင်းပြန်ကြားစာတွင် “နိုင်ငံတော်မှ အသိအမှတ်ပြုထားသော လူမျိုးစာရင်းတွင် ‘ပသီလူမျိုး’ ပါဝင်ခြင်းမရှိသဖြင့် ပသီအမျိုးသားကွန်ဂရက် ပါတီအမည်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄(က)တို့ရ ပြဋ္ဌာန်းချက်နှင့် သွယ်ဝိုက်ငြိစွန်းသည့် သဘောသက်ရောက်နေသဖြင့် ပါတီ တည်ထောင်လိုသူများအနေဖြင့် တည်ထောင်လိုသောပါတီ၏အမည်သစ်ကို ပြန်လည်ရွေးချယ်၍ ၃၁.၅.၂၀၁၂ ရက်နေ့ (ကြာသပတေးနေ့)အရောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပုံစံ(က)ဖြင့် တရားဝင်ပြန်လည်တင်ပြ လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပါက တင်ပြထားသော ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းအား ပုဒ်မ ၄(ခ)အရ ငြင်းပယ်မည်ဖြစ်ကြောင်း” ပြန်ကြားလာခဲ့သည်။

ထို့ကြောင့် ‘ပသီအမျိုးသားကွန်ဂရက်ပါတီ’ တည်ထောင်လိုသူ အမှုဆောင်များ ညှိနှိုင်းဆုံးဖြတ်ပြီး ၂၀၁၂-ခုနှစ် မေလ(၂၈)ရက်နေ့တွင် ‘အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ’အမည်သစ်ဖြင့် ပါတီတည်ထောင်ခွင့်ကို မှတ်ပုံတင်အမှတ်စဉ်(၆၄)ဖြင့် ကော်မရှင်ရုံးသို့ လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့်ပြန်လည် မရရှိသေးကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပါတီတည်ထောင်လိုသူများထဲမှ တစ်ဦးက “ပထမအကြိမ် ပသီအမျိုးသား ကွန်ဂရက်ပါတီ”တည်ထောင်ခွင့်စလျှောက်ပြီး တည်ထောင်ခွင့် လျှောက်ထားသူများထဲမှ တစ်ယောက် နာမည်က နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အမျိုးသားမှတ်ပုံတင်ပုံစံ(၁) နာမည်ကွဲလွဲချက်ကလည်း ဟိုးအရင်ကတည်းက လူဝင်မှုကြီးကြပ်ရေးက တရားဝင် ပြောင်းလဲခွင့်ပြုထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အဲဒီကိစ္စရပ်ကြောင့် ပါတီ တည်ထောင်ခွင့်ကြန့်ကြာနေမှာစိုးလို့ သူက နှုတ်ထွက်ပြီး ပြန်တင်လိုက်တယ်။ အဲဒါလည်း တည်ထောင်ခွင့်ချမပေးသေးပဲ နောက်တော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(က)တွေနဲ့ ငြိစွန်းတယ်ဆိုပြီး အကြောင်းပြန်လာတယ်။ ဒါပေမယ့် အဲဒီ ဥပဒေပုဒ်မက ပါတီအမည်၊ အလံနဲ့ တံဆိပ်တွေက ဘာသာ သာသနာနဲ့ ဆက်သွယ်တာ ဒါမှမဟုတ် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေတဲ့ အမှတ်အသားမဖြစ်စေရဆိုတာပါ။

အဲဒီပုဒ်မနဲ့ ငြိစွန်းတယ်လို့ပြောရအောင် ပထမအကြိမ် ကျွန်တော်တို့စတင်တဲ့ ပါတီတည်ထောင်ခွင့်လျှောက်လွှာနဲ့အတူ အလံတွေ၊ တံဆိပ်တွေကို ပူးတွဲပြီး တင်ပြတာမျိုး မရှိခဲ့သေးပါဘူး။ အဲလို ဘာမှ မတင်သေးတာကို အဲဒီပုဒ်မတွေနဲ့ ငြိစွန်းလို့ ပြန်လည်လျှောက်ထားရမယ်လို့ပြောတယ်။ ပါတီတည်ထောင်ခွင့်မပေးချင်လို့ တမင်သက်သက် လုပ်နေမှန်း ကျွန်တော်တို့သိပါတယ်။ ဒါကြောင့်ပဲ သူတို့ပြန်ကြားစာအရ နောက်ထပ် အမည်သစ်ပြောင်းပြီး လျှောက်ထား တာလည်း အခုထိ ပါတီတည်ထောင်ခွင်ပြုကြောင်း ပြန်မလာသေးပါဘူး”ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘာသာရေး အစွဲပြုပါတီမဟုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးပါတီပါ။ SB, စသုံးလုံး၊ စအဖ ကလူတွေကလည်း ပါတီတည်ထောင်ခွင့် လျှောက်ထားသူ(၂၁)ဦးလုံးကို အိမ်တိုင်ရာရောက် လာရောက် စုံစမ်းမေးမြန်းသွားတာ ပသီအမျိုးသား ကွန်ဂရက်အမည်နဲ့ တည်ထောင် ခွင့်လျှောက်ထားကတည်းကပါ။ အခုလည်း အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီတည်ထောင်ခွင့် လျှောက်ထားတာလည်းကြာပါပြီ။ ပါတီနာမည်ပြောင်းလဲ လျှောက်ထားကိုလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ စိစစ်သုံးသပ်နေခြင်းကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ သိရတယ်။ ပါတီတည်ထောင်ခွင့်ပြန်ချ မပေးတာကြောင့် အကြောင်းကိစ္စကို သိချင်လို့ ကျွန်တော်တို့ ခဏခဏ ဖုန်းဆက်မေးပါတယ်။ ဒါပေမယ့် လူကြီးတွေ အစည်းအဝေးသွားနေတယ်ဆိုပြီး အကျိုးအကြောင်းပြန်ကြားချက် မသိခဲ့ရဘူး။ အခုထိလည်း ဘာအကြောင်းပြန်ကြားချက်မှ မသိရဘူး။ ဒါဟာ ကျွန်တော်တို့ကို ပါတီတည်ထောင်ခွင့် မပေးချင်လို့ တမင်လုပ်နေတာပါ။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးထံ အကျိုးအကြောင်းတင်ပြပြီး အကူအညီတောင်းခံပါမယ်၊ နောက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မရှင်အဖွဲ့ထံလည်း အကျိုးအကြောင်းနဲ့ဖြစ်ရပ်မှန်တွေကို တင်ပြပြီး ပါတီလျှောက်ထားမှုကို ကူညီဆောင်ရွက်ပေးဖို့ တင်ပြအကူအညီတောင်းခံမယ်လို့ အမှုဆောင်တွေရဲ့ ဒီနေ့တွေ့ဆုံခြင်းမှာ ဆုံးဖြတ်ချက်ချပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟူ၍ ပါတီတည်ထောင်လိုသူများကိုယ်စား ပသီဦးမောင်မောင်စိုးမှ M-Media သို့ ပြောကြားခဲ့ပါသည်။

74 years old Burmese Muslim was intentionally and brutally attacked by a group of Buddhist Monks in Hpa An

September.5.2012

M-Media

the victim in the hospital

In Hpa-an, the capital of Kayin State, U Jaahal, a 74 years old Myanmar Muslim, was savagely beaten by terrorist Buddhist Monks during going to the River Bank Mosque for early morning prayer at round about 5 am on 5th September 2012. On his way, near the bazaar, he met with a row of monks who went round the town to accept offerings of food and so waited together with other two peoples to pass this row. When the row was suddenly sparse, they both went through it firstly and then he followed them to pass it. At that time, a monk who left behind ran and kicked him so that he fell down. Then at least four monks attacked collectively him. Although the local residents who felt this was unseemly requested the monks to discontinue their attack on him, they did not stop and continued beating until they wanted and then left him alone on the road. Because of their brutal attack, he was badly injured and even hospitalized.

Islamic Religious Organizations had already informed officially this case to local authority but no action is taken up to now.

“Here, this kind of attack is not uncommon. Usually occur in Pa-an. Mostly in Block (2) and (4). But this attack is the worst. The worst monks are ones who live in Thiri Mandine and Thayettaw Monasteries. In this case, the old man is 74 and also has poor sight. So it is easy to trick him. When the monks saw an old man with beard and skullcap, they intentionally scattered the row and allow one to two people to pass. But at the old man’s turn, they fraudulently deceive him and attack him. For this attack, there is no retaliation and revenge of the Muslim Community at all. The monks of these monasteries frighten Muslims not to dare buy houses and disturb in different ways unable to live in case Muslims even buy houses in Hpa-an. The condition becomes worse and worse day by day because there is no effective action taken even though these issues are reported to the local authority,” a local resident disappointedly said.

 

the victim in the hospital

Official letter informed by a Myanmar Muslim Organization to local authority for this issue

Ref: M.M.M

စစ်တွေတွင် အကြမ်းဖက် တိုက်ခိုက်ခံရသော ကိုရှိုင်းမင်း နှင့်တွေ့ဆုံခြင်း (၁)

စစ်တွေမြို့တွင် ရခိုင်လူမျိုးများ၏ အကြမ်းဖက် တိုက်ခိုက်ခြင်းခံရသော မလေးရှား NGO အဖွဲ့နှင့် လိုက်ပါသွားသည့်

လူသားချင်းစာနာမှု အကူအညီပေးနေသူ ကိုရှိုင်းမင်း နှင့် တွေ့ဆုံခြင်း

 

စက်တင်ဘာ၊ ၁၄၊ ၂၀၁၂

ခေဋီဈက်အို

☻ဟုတ်ကဲ့ ကျနော် ခေဋီဈက်အိုပါ

☺အော်ဟုတ်ကဲ့ နေကောင်းလားဗျ

☻ဟုတ်ကဲ့အစ်ကို ဟုတ်ကဲ့ ကောင်းပါတယ်အစ်ကိုအစ်ကို့သတင်း ကြားရလို့ပါအစ်ကို။

☺ ဟုတ်တယ်အစ်ကို။

☻ဟုတ်၊ အဲ့ဒါ ဘယ်နေ့က ဖြစ်တာလဲအစ်ကို။

☺မနေ့က (၁၃-၉-၂၀၁၂ ကြာသပတေး) ညနေ (၄)နာရီခွဲလောက်မှာ ဖြစ်တာအစ်ကို။

☻အစ်ကိုက စစ်တွေကို ဘယ်နေ့က ရောက်တာပါလဲ။

☺ပြီးခဲ့တဲ့သောကြာနေ့ (၇-၉-၂၀၁၂) ကတည်းက ရောက်နေတာပါ။ ကော်မရှင် (သမ္မတဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေး) နဲ့အတူတူ တစ်လေယာဉ်ထဲနဲ့ ရောက်ခဲ့ကြတာပါ။

☻မြန်မာပြည်သားအနေနဲ့ အစ်ကိုတစ်ယောက်တည်း ပါတာပါလား။ အစ်ကိုတို့ အဖွဲ့အစည်းမှာပေါ့။

☺အော် ဟုတ်တယ်။ ကျနော်က Malaysian Relief Agency ရဲ့ Country Coordinator အနေနဲ့ ရောက်ခဲ့တာပါ။

☻ရောက်ရောက်ချင်းတုန်းကရော ဘာတွေထူးခြားခဲ့လဲအစ်ကို။

☺ပုံမှန်ပါ၊ အေးအေးဆေးဆေးပါပဲ။

☻အစ်ကိုတို့ အဖွဲ့အစည်းက တည်းခိုတာရော ဘယ်မှာ တည်းခိုတာပါလဲ၊ တည်းခိုခန်းမှာပါလားအစ်ကို။

☺ကျနော်တို့ ဟုတ်တယ် “ရွှေသဇင်-တည်းခိုခန်း”မှာ တည်းတာပါ။

☻အော် ဟုတ်ကဲ့။ ရောက်ရောက်ချင်းတုန်းက ဘာမှမဖြစ်ဘူး။ အစ်ကိုတို့ ပစ္စည်းတွေ လိုက်ဝေတဲ့ ဒုက္ခသည်စခန်းတွေမှာရော ရန်မူတာတွေ ရှိခဲ့သေးလား၊ ဒီ ရခိုင်ဒုက္ခသည်စခန်းတွေမှာပေါ့။

☺အင်း အဲ့ဒီကို သွားတဲ့နေရမှာ ရန်မူတာ ဘာမှ မရှိပါဘူး။ ကျနော်တို့ ဒုက္ခသည်စခန်းတွေကို တောက်လျှောက်ကလဲ ရခိုင် RNDP အဖွဲ့က လူတွေနဲ့ သွားနေတာဆိုတော့ ဘာမှပြဿနာ မရှိပါဘူး။ နောက် မနေ့ကတုန်းက ဖြစ်ချင်တော့ ကျနော်တို့က ပထမတစ်ခေါက်က အဲ့ဒီမှာဈေးဝယ်တော့ သိန်း(၇၀)ဖိုး အဲ့ဒီမှာဝယ်ပြီးတော့ တစ်ဖက်ကို အိမ်ထောင်စု (၁၀၀)စီ တစ်အိမ်ထောင်ကို သုံးသောင်းခွဲဖိုးစီ ရခိုင်ဘက်ကို (၁၀၀) မွတ်စလင်မ်ဘက်ကို (၁၀၀)စီ ကျနော်တို့ပေးတယ်။ ပေးပြီးတော့ မနေ့ကထပ်ပြီးတော့ သိန်း(၁၇၀)ဖိုး ထပ်ပြီးတော့ ကျနော်တို့ ၀ယ်တယ်။

☻အဲ့ဒါ အရင်ဝယ်ခဲ့တဲ့ ဈေးမှာပဲပေါ့။

☺g ဟုတ်တယ်

☻အဲ့ဒီဈေးနာမည်က ဘယ်လိုခေါ်လဲအစ်ကို။

☺စစ်တွေမြို့မဈေးကြီး၊ ကျနော်တို့ အဲ့ဒီမှာ တောက်လျှောက်သွားတဲ့နေရာမှာ နိုင်ငံခြားသားလဲ တောက်လျှောက်ပါတယ်။ မနေ့က ပထမအစောပိုင်းမှာလဲ နိုင်ငံခြားသား ပါတယ်။ ဒါပေမဲ့ နိုင်ငံသား ထမင်းသွားစားတဲ့အချိန်မှာ ကျနော်နဲ့ RNDP က မြို့နယ် ဒု-ဥက္ကဋ္ဌရယ်၊ နောက် အဲ့ဒီက EC မမ်ဘာတစ်ယောက်ရယ်က ပစ္စည်းတွေဝယ်ပြီးတော့ စုရပ်တစ်နေရာလုပ်လိုက်တဲ့နေရာကို လာပို့ကြတယ်။ ကျနော်တို့က ပစ္စည်း(၆)မျိုးဝယ်တော့ အားလုံးကို အဲ့ဒီနေရာမှာပဲ လာပို့ခိုင်းထားတယ်။ တချို့က ဒုက္ခသည်စခန်းတွေကိုပို့ဖို့ ကားပေါ်လဲတင်နေတယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားကလဲ မရှိတိုက်အခိုက်မှာ ဒီလို ၀င်ပြီးတော့ Attack (တိုက်ခိုက်) လုပ်တာပါ။

☻ဟုတ်ကဲ့။ Attack လုပ်တယ်ဆိုတာက သေချာကို ကြိုတင်ကြံစည်ထားတာမျိုးလား၊ ရုတ်တရက်တွေ့ပြီး ဖြစ်သွားတာမျိုးလား။

☺မဟုတ်ဘူးအစ်ကို၊ မဟုတ်ဘူး၊ သူတို့က ရုတ်တရက် မြင်ပြီး Attack လုပ်တာ မဟုတ်ဘူး။ ဒီလူတွေက သီးသန့်ကို ဒဲ့ကို ကျနော့်ဆီ လာတာ။ ဆိုက်ကယ်နဲ့ကို သီးသန့်ဝင်လာပြီးတော့ကို ကျနော့်ဆီ ဒါရိုက် လာတာ။ နောက် အဲ့ဒီမတိုင်ခင်လေးတင် ကျနော်တို့က ကားငှားလို့ မရဘူးဖြစ်နေတာ။ ကျနော်တို့ပစ္စည်းတွေကလဲ နဲနဲနောနောမဟုတ်ဘူး အများကြီးပဲ။ သိန်း (၁၇၀)ဖိုးဆိုတော့ဗျာ သိတဲ့အတိုင်းပဲ။ ငရုပ်သီးမှုန့်တို့ဘာတို့ဆိုတာက အရမ်းကို ထုနဲ့ထည်နဲ့ ဖြစ်တယ်လေ။ ပစ္စည်းတွေက အများကြီးပဲ။ ဒါပေမဲ့ဗျာ RNDP က ဒုဥက္ကဋ္ဌကိုယ်တိုင်လဲ ပါနေတယ်ဆိုတဲ့အခါကျတော့ အဲ့လောက်ကြီးပြဿနာဖြစ်လိမ့်မယ်လို့လဲ မထင်မိဘူးပေါ့။

နှစ်ဘက် ဒုက္ခသည်တွေ ကို ပေးဖို့ စစ်တွေမြို့မဈေးက ရခိုင်လူမျိုးတွေပိုင်တဲ့ ဆိုင်မှဆီဝယ်နေစဉ် (Photo from Ko Shine FB)

☻အော်။ ဟုတ်ကဲ့။ အစ်ကို့ကို အခုလို Attack လာလုပ်တာ ဆိုက်ကယ်နဲ့ဆိုတော့ ဘယ်နှစ်ယောက်လောက်များ ပါလာလဲ။

☺ဆိုက်ကယ်နဲ့လာတာက နှစ်ယောက်ဗျ။ အဲ့ဒီလူက ဒါရိုက် ကျနော်တို့ဆီတန်းမောင်းလာတယ်။ ဆိုက်ကယ်အနောက်ကလူက ရခိုင်လိုပြောတယ်ဗျာ။ ကျနော်ပြောတယ် ရခိုင်စကား နားမလည်ဘူးလို့။အဲ့ဒါနဲ့ RNDP ဒု-ဥက္ကဋ္ဌက ၀င်ပြောတယ်။ ဟဲ့ မဟုတ်ဘူး မဟုတ်ဘူး။ သူက ဒီကမဟုတ်ဘူးတဲ့။ သူ ကုလားမဟုတ်ဘူးတဲ့။ သူက ဗမာပြည်ကနေလာတာတဲ့။ သူက ရန်ကုန်ကတဲ့။ သူက ဒီမှာ မလေးရှားကနေ အကူအညီပေးဖို့လာတဲ့အဖွဲ့က စကားပြန်တဲ့။ သူက ဗမာပြည်ရဲ့ကိုယ်စားလှယ်တဲ့ ဆိုပြီး သူက ရှင်းပြတယ်။အဲ့ဒီလို ရှင်းပြနေတာကို သူက နားမထောင်တော့ဘဲ ကျနော့် ဟယောင် မင်း ဘယ်ကနေလာတာလဲ၊ မင်း မလိမ်နဲ့၊ မင်း ကလားမလားတဲ့။

☻အဲ့ဒါကို ဗမာလိုမေးတာပေါ့။

☺ဟုတ်တယ်။ ဗမာလိုမေးတာ။ ကျနော်က ရခိုင်စကားနားမလည်ဘူးလို့ ပြောထားတာကို။

☻ရခိုင်သံနဲ့ပေါ့။

☺ဟုတ်တယ်။ အဲ့တော့ ကုလားမဟုတ်ဘူးလားမေးတော့ ကျနော်က သေချာရှင်းပြတယ်။ မဟုတ်ဘူး။ ကျနော်က ဒီကမဟုတ်ဘူး။ ရန်ကုန်ကနေလာတာ။ ကျနော် သူ့ကို အေးအေးဆေးဆေး ပြောပြတယ်။ RNDP ဒု-ဥက္ကဋ္ဌကလဲ ၀င်ပြောတယ်။ မဟုတ်ဘူး ဒီအဖွဲ့က မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံးက အဖွဲ့။ ငါတို့ RNDP နဲ့ သူတို့က တွဲပြီးလုပ်နေတာ။ သူတို့က နှစ်ဖက်စလုံးကို ပေးတယ်။ ဟိုနေ့ကလဲ ရွှေစေတီတို့ ဘာတို့မှာ ပေးပြီးပြီ။ အခုဟာက မင်းကန်တို့ ဓည၀တီတို့မှာပေးဖို့ တင်နေတာ။ အခုဟာက ငါတို့ ရခိုင်လူမျိုးတွေအတွက်ကို ပေးမှာ။ အဲ့လိုပြောနေတာကို အဲ့ဒီလူက နားမထောင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီ ကုလားကို လုံးဝ ခေါ်လာစရာမလိုဘူး။ မလေးရှားဆိုရင်လဲ ကုလားပဲတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မြေပေါ်ကို ဒီကုလားဆိုရင် လုံးဝ နင်းစရာမလိုဘူးလို့ ပြောပြီး ကျနော့်ကို ထိုးပါလေရော။ အဲ့ဒီမှာတင် ဆိုက်ကယ်ပေါ်က မောင်းတဲ့လူဟာလဲ ဆင်းလာပြီးတော့ ဒီဘက်ကနေ ထပ်ထိုးတယ်။ ဒီမှာတင် ကျနော်ကပြောတယ်။ ဟေ့လူတွေ ခင်ဗျားတို့ မှားမယ်နော်။ ကျနော်က ခင်ဗျားတို့ ထင်သလိုမဟုတ်ဘူး။ မလုပ်ပါနဲ့။ ခင်ဗျားတို့ လက်လွန်လိမ့်မယ်။ အဲ့လောက်ထိကို ပြောတာကို ဒီလောက် ရှင်းပြတာကို သူတို့ ဘယ်လိုမှ လက်မခံဘူး။ အဲ့ဒီအချိန်မှာ ဘေးနားက အသက်ကြီးပိုင်း အဘိုးကြီးတစ်ယောက်က ၀င်လာပြီး ဘာလုပ်လဲဆိုတော့ သူ့မှာပါလာတဲ့ ထီးနဲ့ ထီးက အချွန်နဲ့ ကျနော့်ရင်ဘတ်ကို စောင့်ထိုးပလိုက်တယ်။

☻အစ်ကိုက သူတို့စပြီးထိုးကြိတ်တော့ လဲသွားလား။

☺မဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မလဲဘူး။ မလဲဘူး။ အဲ့ဒီအချိန်မှာ တောက်လျှောက် ဟိုလူ (RNDP ဒုဥက္ကဋ္ဌ)နဲ့ ကာဗာလုပ်ပြီးတော့ ရှောင်နေတာ။ နောက်ဆုံး ဆိုက်ကယ်နောက်မှာ ထိုင်စီးပြီးပါလာတဲ့သူက အဲ့ဒီလူကို ဘေးကို တွန်းထုတ်လိုက်ပြီးတော့ ကျနော့်ကို ထိုးတော့တာပါ။ အဲ့ဒီလို ဖြစ်နေတဲ့အချိန်မှာ လူအုပ်ကြီးက အုံလာပြီ။ ကျနော့်ရဲ့ ပတ်ပတ်လည်မှာ လူအုပ်ကြီးက အရမ်းကိုများလာပြီး လမ်းလေးခွဲဆုံမှာ ကျနော့်ကို အတင်းဆွဲချသွားပြီးတော့ ၀ိုင်းထိုး ၀ိုင်းရိုက် လုပ်ကြတော့ ကျနော် အဲ့ဒီမှာ လဲကျသွားတယ်။ ကျနော် အဲ့ဒီလို လဲကျသွားတဲ့အချိန်မှာ….

MRA အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mr. Said Shahrulazilan မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အောင်မင်္ဂလာဗလီအတွင်း မွတ်စလင်မ်များအား မိမိတို့လူသားချင်း စာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအစီအစဉ်များအား တိုက်ခိုက်ခံရသူ စကားပြန် ကိုရှိုင်းမှတဆင့် ရှင်းလင်းပြောကြားနေစဉ် (၀ဲဘက်အစွန်မှ ကိုယ်တစ်ခြမ်းသာ မြင်ရသူမှာ ရခိုင်များ၏ တိုက်ခိုက်ခံရသူ ကိုရှိုင်းဖြစ်ပါသည်။)

 

ရခိုင်ကလေးသူငယ်များ MRA အဖွဲ့သားများနှင့်အတူ ပျော်ရွှင်စွာ ဓာတ်ပုံတွဲရိုက်ထားစဉ် (ယာအနောက်ဘက်ရှိ အ၀ါရောင်အင်္ကျီနှင့်ပုဂ္ဂိုလ်မှာ အကြမ်းဖက် အစွန်းရောက်သမားများ၏ တိုက်ခိုက်ခြင်းခံရသူ စကားပြန် ကိုရှိုင်းဖြစ်ပါသည်။)

 

MRA Task Force met with the Chief Buddhist Monk in Sitwee to get the true picture of the ethnic conflict in Arakan and assistance needed by the victims of this conflict.

 

အောင်မင်္ဂလာဒုက္ခသည်စခန်းမှ ဒုက္ခသည်မွတ်စလင်မ်များ MRA အဖွဲ့၏ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် နှုတ်ဆက်ကြစဉ်

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည် ရခိုင်ကလေးသူငယ်များနှင့် မလေးရှားနိုင်ငံမှ MRA အဖွဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ် (ယာဘက် နောက်ဆုံးတွင် ရခိုင်ကလေးငယ်အား ချီပွေ့ထားသူမှာ အကြမ်းဖက်တိုက်ခိုက်ခံရသော ကိုရှိုင်းဖြစ်ပါသည်။)

☻ဟုတ်ကဲ့အစ်ကို။ အဲ့ဒီအချိန်မှာ သတိတော့ ရှိနေသေးတယ်ပေါ့။

☺အဲ့ဒီအချိန်မှာ ကျနော်သတိရှိသေးတယ်။ ကျနော် ၀န်ကြီးရဲ့ဖုန်းကို ခေါ်ဖို့လုပ်တဲ့အခါကျတော့ ဟယောင်မင်း ဖုန်းခေါ်စရာမလိုဘူးဆိုပြီးတော့ ကျနော့်လက်က ဖုန်းကိုလုတယ်။ ကျနော်က ဖုန်းကို မပေးဘူး။ လက်ထဲမှာ လပ်တော့ထည့်တဲ့အိတ်လဲပါသေးတယ်။ ကံကောင်းတာက မနေ့က အိပ်ထဲမှာ လပ်တော့က မပါဘူး။ အခန်းထဲမှာထားခဲ့လို့ အိတ်ထဲမှာ စာရွက်စာတမ်းတွေနဲ့ ပိုက်ဆံတွေပဲ ပါတယ်။ သူတို့က အဲ့ဒီအိတ်ကိုလုတယ်။ ပြီးတော့ ဖုန်းကိုလုတယ်။ ကျနော်ကလဲ မြဲအောင် ဒီနှစ်ခုစလုံးကို လုံးဝ သေချာဆုပ်ပြီးတော့ကို ကိုင်ထားတယ်။ မပေးဘူး။ ကျနော် ကြမ်းပြင်ပေါ်ကို လဲကျသွားတဲ့အချိန်မှာ ကျနော့်ကို လက်သီးနဲ့ထိုးတဲ့သူကထိုး၊ ခြေထောက်နဲ့ပိတ်ကန်တဲ့သူကကန်၊ မိန်းမတွေကအစ ထီးတွေနဲ့ရိုက် အဲ့လိုတွေလုပ်ကြတယ်။ တစ်ယောက်ကဆိုရင် ကျနော့်ဖုန်းကိုင်ထားတဲ့လက်ကို အတင်း တက်ပြီးတော့ ကြိတ်၊ နင်းချေတယ်။ ဒါပေမဲ့ ဖုန်းကို ကျနော်က သေသေချာချာ ဆုပ်ထားတယ်။ အဲ့ဒီမှာ RNDP ကလူက အနားရောက်လာတာနဲ့ သူ့ကို အတင်းဆွဲမှီပြီး ချက်ချင်းထလိုက်တယ်။ သူကလဲ ကျနော့်ကို အဲ့ဒီမှာ ဆွဲထူတယ်။ ပြီးတော့ ဟိုဘက်ဘေးကို ပြန်ခေါ်သွားတယ်။ ဒါပေမဲ့ ဟိုဘက်ဘေးကို ရာက်တဲ့အခါကျတော့ အဲ့ဒါကိုလဲ မရဘူး။ ဒီလူတွေအကုန်လုံးက သူ့ကိုပါ ၀ိုင်းအော်ကြတယ်။ မင်းဖယ်ပေးလိုက်၊ မင်းဖယ်ပေးလိုက်တဲ့။ မင်း ကလားကို ဟိုဟာလုပ်ပေးမနေနဲ့တဲ့။ ကလားနဲ့ ပေါင်းတာလား။ ဘာလား ညာလားဆိုပြီး ပြောတယ်။ ရခိုင်လို သူပြန်ပြောတယ်။ မဟုတ်ပါဘူးပေါ့နော်။ သူရှင်းပြတာကိုလဲ လုံးဝမရဘူး။ လူအုပ်က အဲ့လိုရှင်းပြနေတဲ့အချိန်မှာတင် နောက်ကတစ်ယောက်က ကျနော့်ကို တုတ်နဲ့ ၀င်ရိုက်တယ်။ ဒါကို ကျနော် သိသိချင်း ရှောင်လိုက်တော့ ကျောကုန်းကိုပဲ ထိသွားတယ်။ အဲ့ဒီကနေ ဟိုလူက ကျနော့်ကို ပြန်ဆွဲခေါ်သွားပြီး လမ်းထိပ်နားက “ငွေအိုး”စတိုးဆိုင်ကို ခေါ်သွားတယ်။

☻ဟုတ်ကဲ့။ ဒီ RNDP ပါတီက လူကပဲ ခေါ်သွားတာပေါ့၊ အစ်ကို့ကို။

☺ဟုတ်တယ်။ အဲ့ဒီငွေအိုးစတိုးဆိုင်ထဲကို ခေါ်သွားပြီးတော့မှ အဲ့ဒီစတိုးဆိုင်ထဲကိုရောက်တော့ ဖုန်းတွေကို ခေါ်တာ ခေါ်မရဘူး။ အဲ့ဒီမှာ ငွေအိုးစတိုးဆိုင်ထဲကို ထည့်လိုက်တယ်။ ထည့်လိုက်တော့ ဖြစ်ချင်တော့ အဲ့ဒီစတိုးဆိုင်ထဲက လူကိုယ်တိုင်က ကျနော့်ကို ၀င်ပြီးထိုးပါလေရော။

☻အော် စတိုးဆိုင်က လူကပါ။

☺စတိုးဆိုင်က လူကပါ ထိုးတာ။ ထိုးနေတဲ့အချိန်မှာ အဘိုးကြီးအဘွားကြီးပါ ထွက်လာတော့ အဘိုးကြီးအဘွားကြီးကို RNDP ကလူက ပြောတယ်။ မဟုတ်ဘူး။ ဒါ ကျနော်တို့အဖွဲ့က RNDP က ဧည့်သည်ပါ။ ကျနော်တို့နဲ့အတူ လုပ်နေတာ။ ကလားမဟုတ်ဘူး။ သူကလားမဟုတ်ဘူးဆိုပြီး ပြောတယ်။ သူတို့အနေနဲ့က ကလားကလားဆိုပြီး ရခိုင်ဘင်္ဂါလီတွေကို ပြောတာလေ။ ကျနော်က သူပြောတဲ့အချိန်မှာ မှန်ပုံးရဲ့နောက်မှာ ချောင်ကပ်နေပြီ။ ချောင်ထဲကို ရောက်နေပြီ။

☻စတိုးဆိုင်ပိုင်ရှင်က အစ်ကို့ကို ထိုးရင်းထိုးရင်းနဲ့ ချောင်ထဲကို ရောက်သွားတာပေါ့။

☺ဟုတ်တယ်။ ဟုတ်တယ်။ ကျနော် အဲ့ဒီမှာ ထောင့်ကို လုံးဝကပ်သွားတာ။ ချောင်းထဲကို ရောက်နေတဲ့အချိန်မှာ မှန်ပုံးရှေ့ကနေ လူငယ်တစ်ယောက်က တူအသေးနဲ့ လာပြီးတော့ ကျနော့်ကို လှမ်းလှမ်းထုတယ်။ လှမ်းလှမ်းထုတော့ ကျနော်က အဲ့ဒါကို ရှောင်တယ်။ ရှောင်တယ်။ နောက်ဆုံးကျတော့ ကျနော့်ကို အဲ့ဒီချောင်ထဲကနေပြီးတော့ စတိုးဆိုင်ပိုင်ရှင်က ဆွဲထုတ်တယ်။ နောက်ကျတော့ RNDP က လူပြောတယ်။ မဟုတ်ဘူး ဒါ မလေးရှားက။ ဆိုတော့ အဲ့ဒါနဲ့ လူတွေက ၀ိုင်းပြောတယ်။ မလေးရှားဆိုတာလဲ မွတ်စလင်မ်နိုင်ငံပဲ။ သူတို့မွတ်စလင်မ်ကလားနိုင်ငံကလူတွေဆို မလိုချင်ဘူးတဲ့။ ငါတို့ကိုလဲတဲ့ ငါတို့လူမျိုးကိုလဲတဲ့ သူတို့မလေးရှားမှာ ဒုက္ခပေးထားတယ်။ သတ်ထားတယ်တဲ့။ မလိုချင်ဘူးတဲ့။ အဲ့လိုပြောတယ်။ အဲ့လိုပြောပြီးတော့ ၀၀နဲ့လူတစ်ယောက်က အသက်(၃၅)လောက်ရှိမယ်ဗျ။ ဆံပင်က ကျနော်တို့ ဂုတ်ထောက်နဲ့ဗျ။ အဲ့ဒီလူကလာပြီးတော့ ကျနော့်ကို လမ်းမပေါ် ဆွဲထုတ်သွားတယ်။ အင်္ကျီကို ရှေ့ကနေ ဆွဲပြီးထုတ်သွားတယ်။ အဲ့ဒီလူက တောက်လျှောက် ကျနော်ကို ထိုးပြီးခေါ်သွားတယ်။ ကျနော် အဲ့ဒီမှာ မူးနေပြီ။ ဘာမှမသိတော့ဘူးကျနော်။

☻ဟုတ်ကဲ့။ ဒဏ်ရာတွေကရော အစ်ကို အဲ့ဒီအချိန်မှာ သွေးထွက်တာ ဘာတာ ရှိနေပြီလား။

☺ရှိတယ်။ အဲ့ဒီမှာ ကျနော် နှာခေါင်းသွေးတွေလျှံလာတယ်။ နောက် ကျနော် မျက်စေ့အောက်နားမှာလဲ ကွဲသွားတယ်။ နောက်ပြီးတော့ ဒီ အပြင်ကိုရောက်တဲ့အချိန် အဲ့ဒီမှာ ကျနော့်ကို အုတ်နီခဲနဲ့ ခေါင်းကိုထုလိုက်တယ်။ ကျနော် ရုတ်တရက် ရှောင်လိုက်တော့ ကျနော့်ရဲ့ ဒီ ညာဘက်လက်ပျဉ်ပေါ့ အဲ့ဒီကို ထိသွားတယ်။ တစ်ချက်။ အဲ့ဒီမှာ ကျနော် အောင့်သွားတယ်။ အဲ့ဒီမှာ ကျနော် ထလဲ မထနိုင်ဘူးဖြစ်နေတဲ့အချိန် တစ်ယောက်က ကျနော့်ကို ဓားနဲ့ဝင်ထိုးတယ်။

☻အော်။ ဟုတ်ကဲ့။ ဓားက ဟိုဟာပေါ့နော်။ ကျနော်တို့ ဓားအကြီးပေါ့နော်။

☺မဟုတ်ဘူး။ ဓားရှည်မဟုတ်ဘူး။ ကျနော်တို့ ဓားအသေးပေါ့လေ။ အဲ့ဒီဓားနဲ့ ကျနော့်ကို ထိုးတယ်။ ဓားနဲ့ထိုးတဲ့အခါကျတော့ တစ်ချက်ထိုးတဲ့အခါ ကျနော် ရှောင်လိုက်တယ်။ နောက်တစ်ချက်ထိုးတယ် ရှောင်တယ်။ သုံးလေးချက်လောက် သူက ဆင့်ဆင့်ပြီး ထိုးတယ်ဗျ။ ကျနော့်ကို။ အဲ့ဒါနဲ့ ကျနော်က အဲ့ဒီမှာ ရှောင်လိုက်ရတယ်။ ကျနော့်နားမှာ အဲ့ဒီမှာ RNDP ကတစ်ယောက်က မရှိတော့ဘူး။ အဲ့ဒီမှာ လူအုပ်ကြီးကလဲ တောက်လျှောက်ကို ဟိုကထိုး ဒီဘက်ကထိုးနဲ့ ကျနော် မူးပြီး လည်နေပြီ။ တစ်ဖက်က တူနဲ့လဲ ထုနေတယ်။ ဟိုဘက်က ဒုတ်နဲ့လဲ ရိုက်နေတယ်ဗျ။ မိန်းမတစ်ယောက်ကဆိုရင် အဲ့ဒီမှာ ကောင်းကောင်းမှတ်မိတယ်ဗျ။ အဲ့ဒီမှာ ဒီမိန်းမက မိန်းမကိုင်ထီးကို အရိုးကြီးထုတ်ထားပြီးတော့မှ တောက်လျှောက် ရိုက်နေတော့တာပဲ။

☻အစောနဖြစ်တဲ့နေရာကနေ ဒီစတိုးဆိုင်ကို ဘယ်လောက်လောက် ဝေးလဲအစ်ကို။ အစ်ကို မှတ်မိသလောက်ပေါ့။ ခန့်မှန်းခြေ အကွာအဝေးပါ။

☺ခန့်မှန်းခြေအကွာအဝေးဆိုရင်တော့ ကျနော်တို့ မီတာ (၁၅၀)လောက်ရှိမယ်။

☻အော်။ ဟုတ်ကဲ့။ အစ်ကို့ကို စဖြစ်တဲ့နေရာကနေ စတိုးဆိုင်ကို RNDP ကလူက ခေါ်လာတဲ့အခါမှာ နောက်ကရော ဒီလူအုပ်ကြီးက လိုက်လာတာလား။

☺တောက်လျှောက် လူတွေက လိုက်ရိုက်နေကြတာပဲ။ ဟုတ်တယ်။ လူတွေက လိုက်ရိုက်နေပြီးတော့မှ

☻ဒီစတိုးဆိုင်ထဲရောက်တော့ရော သူတို့ လူအုပ်ကြီးက အပြင်မှာ ရပ်ကြည့်နေတာပေါ့။ အဲ့လိုလား။

☺အကုန် ပတ်ပတ်လည်။ အဲ့ဒီမှာ လူအုပ်က ပိုများသွားတယ်။ အဲ့ဒီမှာ လမ်းမကြီးပေါ်ကို ရောက်လာပြီ။ မိန်းလမ်းမကြီးပေါ်ကို ရောက်လာပြီ။ အဲ့ဒီမှာ လူအုပ်က တော်တော့ကို များလာပြီ။ မိန်းလမ်းမကြီးလဲ ပိတ်သွားပြီ။ ဟိုဘက်က လမ်းတွေလဲ အကုန်ပိတ်ကုန်ပြီ။

☻အော်။ ဟုတ်ကဲ့။ သူတို့ ပါးစပ်ကရော အော်နေတာ ဘာညာ ရှိနေလား။

☺အော်နေတယ်။ အော်နေတယ်။ အဓိကကတော့ ကုလားဆိုရင်၊ မွတ်စလင်မ်ကုလားဆိုရင် ဘယ်ကပဲဖြစ်ဖြစ် ဒီ့မြေပေါ်မှာ မွတ်စလင်မ်ကုလားကို မလိုချင်ဘူးဆိုးပြီးတော့မှ အဲ့ဒလို သူတို့ အော်နေတာပေါ့လေ။

☻အော်။ ဟုတ်ကဲ့။ အဲ့ဒါက ညာသံပေးတဲ့သဘောနဲ့လား၊ တစ်ယောက်တစ်ပေါက်နဲ့ အော်နေတာမျိုးလား။

☺မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒီမှာ အကုန်လုံးက အဲ့ဒီလို အော်နေကြတာ။ မွတ်စလင်မ်ကုလား အလိုမရှိဘူးလို့ သူတို့ အဲ့ဒီမှာ အော်နေကြတယ်။ မလေးရှားလို့ ပြောတာကိုလဲ မလေးရှားဆိုလဲ ကုလားပဲ၊ ကုလားနိုင်ငံဆို မလိုချင်ဘူး။ တချို့က အဲ့ဒီမှာ RNDP ကိုပါ ဆဲကြတယ်။ ကုလားနိုင်ငံက လာလှူတဲ့ဟာကို RNDP က ကူညီပေးတယ်ပေါ့။

မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့ MRA ၏ စကားပြန် ကိုရှိုင်းအား အကြမ်းဖက်မှု စတင်ခဲ့ရာ စစ်တွေမြို့မဈေး

☻ဟုတ်ကဲ့အစ်ကို။ လူအင်အားက ဘယ်လောက်ရှိလဲ။ အစ်ကို ခန့်မှန်းမိသမျှ၊ မှတ်မိသလောက်ပေါ့။

☺ကျိန်းသေတာကတော့ ကျနော်အဲ့ဒီမှာ မရောက်ခင် ရဲမလာသေးခင် ဒီဘက်မှာကတည်းက လူက အယောက် (၃၀၀)/(၄၀၀)လောက် ရှိနေပြီ။ ပတ်ပတ်လည် လေးဘက်လေးတန်ကနေပြီးတော့၊ နောက် ဈေးကလဲ ပိတ်ချိန်ဆိုတော့ ဈေးကနေ အုပ်လိုက်ကြီး တက်လာကြတယ်လေ။ နောက်ကျတော့

☻ဟုတ်ကဲ့။ အော် အစ်ကိုတို့ ဒီ ဈေးဝယ်တာကကျတော့ရော ရခိုင်ဆိုင်တွေမှာပဲ ၀ယ်တာပေါ့။ အဲ့လိုလား။

☺ရခိုင်ဆိုင်တစ်ခုပဲရှိတာလေ။ ကျန်တဲ့ဆိုင်မှ မရှိတာ။

☻အော်။ ဟို မွတ်စလင်မ်ဆိုင်တွေ ဘာတွေက ဖွင့်ခွင့် မရှိဘူးပေါ့။

☺တစ်ခုမှ မရှိဘူး။

(ရုတ်တရက် ကျနော်လဲ စိတ်မကောင်းစွာဖြင့် ဘာဆက်မေးရမှန်း မသိဖြစ်သွားသလို ဖြေကြားသူ ကိုရှိုင်းဘက်မှလဲ အသံတိမ်ဝင်သွားတာကြောင့် နှစ်ဖက်စလုံး ဆယ်စက္ကန့်လောက် အနည်းငယ် ငြိမ်သွားကြပါတယ်။)

☻အဲ့ဒီမှာ ဆဲတာ ဆိုတာတွေရော ရှိလား။

☺ရှိတယ်။

☻မျိုးစုံ မကြားဝံ့မနာသာတွေ ဆဲမှာပေါ့။

☺ဟုတ်တယ်။ ဟာဆဲတာတွေကတော့ အမျိုးစုံပဲ၊ မအေတွေ၊ နှစ်မတွေရော အကုန်အစုံပဲ ဆဲကြတာ။

☻အော်။ မိုးမွှန်နေတယ်ဆိုတဲ့သဘောပေါ့။

☺ဟုတ်တယ်။ ဟုတ်တယ်။ လူတွေက သိတယ်မလား။ အစုံကိုပဲ။ ကျနော်က အဲ့ဒီမှာ မူးပြီးတော့ လည်ထွက်နေပြီ။ အဲ့ဒီလို ဖြစ်နေတဲ့အချိန်မှာ နောက်ဆုံး ရဲရောက်လာတယ်။ ရဲရောက်လာပြီးတော့မှ ရဲက သူတို့ကို လှမ်းအော်၊ အော်ပြီးတော့မှ ကျနော့်ကို ကိုရှိုင်းတဲ့ လာတက်ဆိုပြီးတော့ ကျနော့်ကို ခေါ်တယ်။

☻ဟုတ်ကဲ့။ ရဲက ဘယ်နှစ်ယောက်လာတာလဲအစ်ကို။

☺ရဲတစ်ယောက်တည်း ရောက်လာတယ်။

☻ဟုတ်ကဲ့။ အော် သူက ယူနီဖောင်းနဲ့ပဲပေါ့နော်။

☺ဟုတ်တယ်။ ဟုတ်တယ်။

☻ဟုတ်ကဲ့။

☺အဲ့ဒီရဲက ကျနော့်ကို သူ့ဆိုက်ကယ်ပေါ်တက်ပြီးတော့ ခေါ်လာချိန်မှာ အခုန တူနဲ့ကောင်က ကျနော့်ခေါင်းကို တူနဲ့ လွှဲပြီးထုထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော် မူးပြာပြီးတော့ ဘာမှကို မသိတော့ဘူး။ ရဲရဲ့ အင်္ကျီက ဂုတ်ကို အိတ်ကိုင်ထားတဲ့လက်က ဆွဲခိုပြီးတော့ ဖုန်းကိုင်ထားတဲ့လက်တစ်ဖက်ကနေ အားပြုကိုင်ပြီးတော့ ပါသွားတာ။ စခန်းထဲကိုရောက်ပြီးတော့ ဘယ်လိုတောင် လှေကားပေါ်ကို တက်သွားမှန်း မသိလိုက်ဘူး။

☻အော်။ အစောန အစ်ကို့ကို တူနဲ့လှမ်းပြီးတော့ ထုလိုက်တယ်ဆိုတာက အစ်ကိုက ရဲရဲ့အနောက်မှာ ရဲလက်ထေက်မှာ ရောက်နေပြီးမှကို အခုလို လိုက်လုပ်တဲ့ သဘောပေါ့နော်။

☺ဟုတ်တယ်။ ဟုတ်တယ်။ ရဲဆိုင်ကယ်ပေါ်မှာ တက်ပြီးသွားတော့မှကို ကျနော့်ကို အနောက်ကနေ တူနဲ့ ထုထည့်လိုက်တာ။ အဲ့ဒီဟာက ဒီ ညာဘက် နားရွက်နောက်ဘက် နောက်စိ နားမှာပေါ့ အဲ့ဒီနေရာမှာ တစ်ခါတည်း ကွဲသွားတယ်။ သွေးတွေထွက်နေတယ်။ နောက်ပြီး မျက်စေ့အောက်ဘက်မှာ ကွဲသွားတဲ့နေရာကနေလဲ သွေးတွေ ထွက်တယ်။ နောက် ကျောကုန်းမှာကတော့ တုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာရယ်၊ နောက်ပြီးတော့ လက်ပြင်မှာ အုတ်ခဲနဲ့ထုထားတဲ့ ဒဏ်ရာရယ်၊ ရင်ဘတ်မှာ ထီးနဲ့ထိုးထားတဲ့အချက်က သုံးချက်၊ အဲ့ဒီမှာ ထီးနဲ့စောင့်ထိုးတုန်းက ကံကောင်းလို့ ဒီလယ်စေ့ကို မထိုးမိဘဲနဲ့ ကျနော့်ဒီဘက်နားက အရိုးရှိတယ်ဗျ။ ဒီဘက်ဘေးက အရိုးကို သွားထိတယ်။

☻အော်။ အဲ့ဒါ ဟို အဘိုးကြီးစောင့်ထိုးတယ်ဆိုတဲ့ဟာပေါ့နော်။ အဲ့ဒီထီးနဲ့စောင့်ထိုးတယ်ဆိုတဲ့ဟာ။

☺ဟုတ်တယ်။ အဲ့ဒီမှာ အဘိုးကြီးက ထီးနဲ့ တောက်လျှောက်ကို စောင့်ထိုးတော့တာပဲ။

☻ဟုတ်ကဲ့အစ်ကို။ စပြီးဖြစ်တဲ့အချိန်က ဘယ်အချိန်လဲ။

☺စဖြစ်တာက အတိအကျဆိုရင် (၄)နာရီ (၃၈)မိနစ်မှာပါ။

☻အဲ့ဒီ ရဲက အစ်ကို့ကို ခေါ်သွားတဲ့အချိန်က ဘယ်အချိန်လောက် ဖြစ်သွားပြီလဲ။

☺အဲ့ဒီအချိန်မှာက ကျနော် (၅)နာရီ ကျော်နေပြီ။

☻ဟုတ်ကဲ့။ ရဲစခန်းရောက်တော့ရော ဘယ်နှစ်နာရီလောက် ရှိသွားပြီလဲ။

☺ရဲစခန်းရောက်တော့ အ၀နားမှာတင်ပဲ ရဲတစ်ယောက်ကို ကျနော်မှီပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ (၅)နာရီခွဲနေပြီ။ ဖြစ်ခဲ့တဲ့အချိန်က နာရီဝက် မိနစ် (၄၀)မိနစ်လောက်တော့ ရှိမယ်ထင်တယ်။

☻ဟုတ်ကဲ့။ ဒါဆို ရဲရောက်လာတာက နာရီဝက်လောက်ကြာပြီးမှပေါ့။

☺ဟုတ်တယ်။

☻အော်။ ပထမပိုင်းက ဥပဒေဘက်တော်သားလဲမရှိ

☺ဟုတ်တယ်။ ဘယ်သူမှ ဘာမှကို မရှိတာ။

☻ဟုတ်။ အကာအကွယ်ကို မရှိတာပေါ့နော်။

☺ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အကာအကွယ် ဘာမှကို မရှိတာ။ လုံးဝကို မရှိတာပါ။

☻အော်။ ဟုတ်ကဲ့။ အစ်ကို အခု ဒီရဲစခန်းကိုရောက်တဲ့အခါ သူတို့က အမှုတွေဘာတွေ ဖွင့်ပေးလား။

 

ဆက်ပါအုံးမယ်။

 

လေးစားစွာဖြင့်-

ခေဋီဈက်အို

 

ဓာတ်ပုံများအား MRA အဖွဲ့၏ Facebook စာမျက်နှာမှ ကူးယူတင်ပြပါသည်။

တို့မဝေးဘူး . . . . . . အလွဲတွေနဲ့ (၁ + ၂ + ၃ + ၄ & ၅)

တို့မဝေးဘူး . . . . . . အလွဲတွေနဲ့ (၁ + ၂ + ၃ + ၄ & ၅)

အင်တာနက်ပေါ် ပြောကြ ရေးကြ မှတ်ချက်ပေးကြတာတွေဟာ အချို့လူတွေအတွက် စိတ်ထွက်

ပေါက်ရှာတာ ဖြစ်ကြသလို ၊ အချို့မတော့ ပင်ကိုယ် ရင်ထဲက ရှိတာတွေကို လှစ်ဟပြဖို့ ကြိုးစားချက်
တွေဆိုတာ ငြင်းမယ့်သူ မရှိလှဘူးလို့ ယူဆပါတယ် ။ အဲဒီအထဲက လက်လှမ်းမီသမျှကို စုဖွဲ့ပြီး မှတ်
ချက်နည်းနည်း ရေးချကြည့်ပါရစေ ။ အဖြစ်သည်းသူလို့ ခေါ်ချင်ခေါ် ၊ မြင်သမျှကို တစ်ပုတ်ထဲကို
ရောထည့်လိုက်တာလို့ စွပ်စွဲစွဲ မြင်တာ ယူဆတာကို ပြောတာမို့ ၊ သင့်တင့်တဲ့ အကြောင်းတွေနဲ့
ထောက်ပြရင် ချွင်းချက်ရှိကြောင်းနဲ့ အတွေးလွဲချော်သွားကြောင်း ဝန်ခံပါ့မယ် ။
(၁)  ဒေါ်လာစား NGOs
   ပြောရတာ အပ်ကြောင်းများ ထပ်နေမလားတော့ မသိဘူး ။ လုပ်စားတွေ ၊ ခိုင်းဖတ်တွေ ၊ ဒေါ်လာ
စားတွေ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတွေ စသည်ဖြင့် NGO ၊ ပြည်ပသတင်းနဲ့ အဖွဲ့စည်းတွေမှာ
လုပ်ကိုင်နေသူaတွကို နာမည်တပ် တိုက်ခိုက် လေပုတ်ထုတ်နေကြတာ အတော်များများ တွေ့နေရ
လို့ အဲဒီလူတွေကို မေးခွန်းထုတ်ချင်စိတ် ပေါ်လာမိတယ် ။
(က)  ဘယ်အဖွဲ့စည်း ဋ္ဌာနတွေက လုပ်စားကြ ခွင်ရိုက်နေတယ်ဆိုတာ အသေချာသိရင် ညွှန်ပြပေး
        နိုင်မလား ။
အလုပ် မရရအောင် သွားလျှောက်ချင်လို့ပါ ။ ချမ်းသာနိုင်မှာသာ သေချာပါစေ ၊ ကော်မရှင်ပေး
မှာပါ ။ ဒါမှမဟုတ် သာမန် အဆင်ပြေရုံလား ၊ ဒါဆိုရင်တော့ မစဉ်းစားပါ ၊ အခြားအလုပ် အများကြီး
ရှိပါတယ် ။ ပြောတဲ့လူမှာသာ မနာလိုဝန်တိုစိတ် များနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ကိုယ့်ကိုယ်ကို
ဆန်းစစ်ကြည့်သင့်တယ် ။
(ခ)  “ခွင်” သိပ်ကောင်းတဲ့ အလုပ်ဖြစ်မှန်း သိကြလျက်နဲ့ ဘာလို့ သွားမလုပ်ကြသလဲ ။
       မတရား မလုပ်ချင်တဲ့ စိတ်ကောင်းလေးတွေ ပြည့်ဝနေကြလို့လား ၊ ဒါမှမဟုတ် အရည်အချင်းနဲ့
အခွင့်အလမ်း ဘယ်လိုမှ မနီးစပ်နိုင်လို့လား ။
   စိတ်ကောင်းရှိသူတွေကို လေးစားပါတယ် ၊ အခွင့်လမ်း မနီးစပ်နိုင်သူတွေကို ကိုယ်ချင်းစာပါတယ် ၊
အရည်ချင်း မပြည့်သူတွေကတော့ ပြည့်စုံလာအောင် သို့မဟုတ် တစ်နေရာရာမှာ ထူးချွန်လာအောင်
ကြိုးစားဖို့ လိုမယ်ဆိုတာ အကြံပေးချင်တယ် ။ တစ်ခုပဲ သတိထားစရာက သူတစ်ပါးကို လက်ညှိုးထိုး ရုံနဲ့ ဘာမှဖြစ်မလာတာ သိဖို့ လိုပါမယ် ။
(၃)  NGO အပါအဝင် အဖွဲ့အစည်းတွေ ၊ သတင်းဋ္ဌာနတွေ စသည်ဖြင့် သူတို့တွေရဲ့ ရည်ရွယ်ချက် ၊
      လုပ်ငန်းစဉ် ၊ ကျင့်ဝတ် ၊ အကောင်ထည်ဖေါ်ပုံ ၊ အခက်အခဲ ၊ အကန့်အသတ်နဲ့ သူတို့လုပ်ကိုင်
မှုတွေရဲ့ အဆိုးကော အကောင်းဖက်ကကော အကျိုးဆက်တွေကို သိသလား ၊ ပြောပြနိုင်သလား ၊
ကြုံတွေ့ဖူးသလား ။
   အဲဒီအထဲက အပြစ်တစ်မျိုးထဲ ပြောတတ်တယ်ဆိုရင်တော့ .. အဲ .. ပြဿနာ နည်းနည်းရှိလာပြီ ။
ဒေါ်စုပြောတဲ့ မနာလိုစိတ် များတဲ့လူမျိုး ဆိုတဲ့ “ပုတ်”ထဲကို ရောက်နေပြီလားလို့ ပြန်တွေးကောင်း
ပြန်တွေးစရာ လိုလာနိုင်တယ် ။
   ကဲ … လွဲသလား ၊ မလွဲဘူးလို့ထင်ရင် မလွဲဘူးပေါ့ဗျာ ။
၀၅ ၊ ၀၇ ၊ ၂၀၁၂
(၂)  နိုင်ငံကြီးသား ရွှေမြန်မာများ
   တတိယနိုင်ငံ ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံလို့ခေါ်ကြတဲ့ နိုင်ငံကြီးတွေကို နည်းမျိုးစုံနဲ့ ရောက်
ရှိနေထိုင် နေကြသူတွေရဲ့ အရေအတွက်က မနည်းလှပါ ။ ထို့နည်းလည်းကောင်းပဲ မူရင်းနကို စိတ်
ရင်းတွေကို မပြောင်းမလဲ သယ်ဆောင်သုံးစွဲ တွေးခေါ်နေကြသူတွေရဲ့ အရေအတွက်ကလည်း သိပ်
မနည်းပါ ။ လူသိများသူတွေလည်း ပါပါရဲ့ ။ ဒါကို ဂုဏ်များလည်း ယူကြပါသေးတယ် ။
   ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ဘာတွေနဲ့တွဲပြီး မြင်နိုင်သလဲ ။
   ပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် – ဒီမိုကရေစီ ရင့်ကျက်ပြီးတဲ့ ၊ ဥပဒေ စိုးမိုးတဲ့ ၊ လူ့အခွင့်ရေးအပါ
ဝင် လူသားတွေရဲ့ ရသင့်တဲ့ အခွင့်ရေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ၊ ကိုယ်ချင်းစာတရား တာ
ဝန်ယူမှု လေးစားမှု စတာတွေကို ဖေါ်ဆောင်စောင့်ထိန်းတဲ့ ရပ်ဝန်းဒေသတွေလို့တော့ ယေဘုယျ
ခေါ်နိုင်တာပေါ့ဗျာ ။
   သို့ပေမယ့် ၊ ဒီလိုရပ်ဝန်းတွေမှာ မြန်မာပြည်က ရောက်ရှိနေထိုင် အခြေချနေသူများဆီက ထွက်လာ
တဲ့ စကား ၊ ဖွင့်လှစ်ပြတဲ့ စိတ်ထားတွေဟာ သူတို့ကို ထုတ်လုပ်ပေးလိုက်တဲ့ မူရင်းရပ်ဝန်းက အနေ
ထားနဲ့ ထပ်တူရုံမက လူမျိုး ဘာသာ အစုအဖွဲ့ စသည်ဖြင့် ခွဲခြားတဲ့နေရာတွေမှာ အတော်ကလေးကို
အစွန်းရောက်ပြီး အချို့နေရာတွေမှာ ကဲကဲများတောင် ပိုနေတတ်တာ တွေ့ရတဲ့အခါ ၊ ဘယ်သင်း
ဘယ်ဟာကနေ စပြောရမှန်းတောင် မသိတော့သလောက်ပါပဲ ။ မြန်မာပြည်နဲ့ မှီတင်းနေထိုင်သူတွေ
အတွက် နိုင်ငံတကာမှာ အရှက်ဗြန်းဗြန်းကွဲအောင် အတော်ပဲ အကူညီပေးနိုင်ခဲ့ကြပါတယ် ။
   အရှက်ကွဲတယ်ဆိုတော့ ပြောရပါဦးမယ် ။
   ရှက်တတ်ရင်တော့ တကယ်ကွဲတာပါ ၊ ဒါပေမယ့် မကွဲဘူး ယူဆရင်တော့ သိပ်ပြီး ကိစ္စမရှိလှတာ
သေချာပါတယ် ။ တစ်ခုပဲရှိတာက ခုနေခါမှာ အခြားနိုင်ငံက သတင်းပုံမှန်ဖတ်သူ အတော်များများက
တော့ အရင် သူတို့နားလည်ထားသလို ၊ မြန်မာ ပြည်သူပြည်သားတွေဟာ ဒီမိုကရေစီကို အရိုးခံနဲ့
လိုချင်နေကြတဲ့ လူတွေဆိုပြီး သနားစာနာစိတ်မျိုးနဲ့ မြင်တာမျိုးတွေ နည်းသွားပြီဆိုတာ သိထားဖို့
လိုပါမယ် ။ ကိုယ့်အဖတ်ကိုယ် ပြန်မဆည်နိုင်ကြရင်တော့ တစ်ချိန်မှာ သိက္ခာပိုင်းဆိုင်ရာနဲ့ ပတ်သက်
လို့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ် ။
   ဒါကော ကျနော်တို့တစ်တွေ လွဲနေကြသလား ၊ ဟုတ်ကဲ့ .. ထင်တဲ့အတိုင်းပါပဲ ။

၀၆ ၊ ၀၇ ၊ ၂၀၁၂

(၃)   နယ်ချဲ့အမွေဆိုး တို့သယ်ပိုး
  ကိုလိုနီခေတ် ကုန်လွန် ကျန်ရစ်ခဲ့တာ ကြာခဲ့ပြီ ။ ဒါပေမယ့် တွေ့ခဲ့ဖူးတဲ့ ကာတွန်းကလေးတစ်ခု
ကို သတိရတယ် ။ ဇင်ဘာဘွေအာဏာရှင် မူဂါဘီတစ်ယောက် အရိုးခြောက်တွေကို ဆွဲလှုပ်ခါပြီး
သူ့စိတ်ထဲက နယ်ချဲ့တစ္ဆေတွေကို ရင်ဆိုင်ဖို့ ကြိုးစားနေတဲ့ပုံပါ ။
  ကျနော်တို့တစ်တွေ အကြားမှာကော .. ဒီလို ထ္မင်းလုံးတစ္ဆေ အဝန်းအဝိုင်းတွေ ကိုယ့်ဘာသာဖန်
တီးပြီး ရင်ဆိုင် အပြစ်တင်ဖို့ ကြိုးစားနေကြတုန်းလား ။
  ဖေ့ဘွတ်မှာ တွေ့မိတဲ့ ဆောင်ပုဒ်တစ်ခုကို ကြည့်ပြန်တော့ “ဘာမားဆိုတာ ကိုလိုနီအမွေဆိုး၊ မြန်
မာဆိုတာ ဒို့ဘိုးဘွား အမွေအနှစ်” ဆိုပဲ ။ ဆက်စပ်ပြီး စိတ်ထဲပေါ်လာတဲ့ အချက်တစ်ချို့ကို အောက်
ကအတိုင်း ချရေးဖြစ်လိုက်ပါတယ် ။ သို့ပေမယ့် အဲဒီဆောင်ပုဒ်ကို ရေးတဲ့ပိုင်ရှင်ကတော့ နှုတ်ဆိတ်
နေလေရဲ့ ။
‎(က)  နယ်ချဲ့တွေရဲ့ အစီအမံ အမွေအနှစ်ဖြစ်တဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်
(ခ)  ကိုလိုနီခေတ်နဲ့ ချွတ်စွတ်တူလုလု ရာဇဝတ်မှု ဥပဒေကစလို့ ၊ စာတစ်လုံးတောင် မယွင်းမ
       ပြောင်းသေးတဲ့ နယ်ချဲ့အမွေ ဥပဒေတွေ ၊
(ဂ)  “အမိ”နိုင်ငံ ဆိုတဲ့ နယ်ချဲ့တွေဆီက လက်ဆင့်ကမ်းယူထားတဲ့ စာသားမျိုးကအစ ၊
(ဃ)  ကွန်ပြူတာ ၊ အင်တာနက် ၊ ကား ၊ ဝရန်တာ ၊ မဲနောက် ၊ အောက်ဆိုဒ် တွေကစလို့ နယ်ချဲ့
        တွေဆီက ရယူထားခဲ့တဲ့ ပြောင်းလဲလို့ မလွယ်တဲ့ စကားလုံးတွေ ၊
(င)  နယ်ချဲ့တွေ သူတို့အကျိုးအတွက် ဖောက်ခဲ့ ဆောက်ခဲ့တယ်ဆိုတဲ့ အဆောက်ဦ လမ်းပန်းတံ
      တားတွေ ၊
(စ)  နယ်ချဲ့တွေ သူတို့အကျိုးအတွက် ပြုစုပြီး ထားခဲ့တယ်ဆိုတဲ့ ၊ ပစ်ပယ်လို့မရတဲ့ ၊ စနစ်ကျလှတဲ့
      မှတ်တမ်းမှတ်ရာ စာတန်းတွေ ၊
(ဆ)  နယ်ချဲ့နိုင်ငံတွေမှာ အစပြုခဲ့တဲ့ အခြေခံဥပဒေ ၊ သမ္မတ/ဝန်ကြီးချုပ် အုပ်ချုပ်ရေးစနစ်စက်
        မှုတော်လှန်ရေး ၊ ဒီမိုကရေစီစနစ် – ဆိုတာတွေကစလို့ အသေးစိတ် စာရင်းလုပ်လို့ မကုန်
        လောက်တဲ့ ကိုလိုနီအမွေတွေ ရှိနေတယ် ။
   ဘယ်အရာတွေက အမွေဆိုးတွေလဲ ။
   ဘယ်အရာတွေကိုတော့ သိပ်ကောင်းလွန်းတာမို့ မသိချင်ယောင်ဆောင်ပြီး မွေးစားသုံးစွဲမယ်လို့
တွေးမိသလဲ ။
   အကောင်းဖက် လှည့်ကြည့်ရင် –
*  လမ်း ၊ တံတား ၊ အဆောက်ဦ တွေကအစ ကိုယ့်နိုင်ငံမှာ ရှိနေပေမယ့် ကိုယ်ဆောက်ခဲ့တာ
   မဟုတ် ။
*  သီပေါဘုရင် နန်းမကျခဲ့ရင်ကော သူ့နောက်မျိုးဆက်တွေက နိုင်ငံမှာ လိုအပ်တာတွေကို လုပ်
    မယ် ဖြည့်ဆည်းမယ် ၊ လက်ရှိ နယ်နိမိတ်မျိုး ရှိအောင် လုပ်နိုင်မယ်လို့ အာမခံချက်က မရှိ ။
*  နယ်ချဲ့တွေ ထားရစ်ခဲ့တဲ့ အရာအတော်များများမှာ သူ့ဆိုင်ရာဆိုင်ရာ သမိုင်းကြောင်းလေးတွေ
    ရှိခဲ့တယ် ။
   ခုတော့ နယ်ချဲ့အမွေဆိုးတွေဆိုပြီး ဟိုဟာပြောင်း ဒီဟာဖျောက် ၊ ဝန်ကြီးများရုံးလိုကအစ မထိန်း
သိမ်းပဲ လစ်လျူတာလျစ်လျူ စသည်ဖြင့် လုပ်နေခဲ့ကြတာဟာ ကိုယ့်လိုအင်အတွက် အာသာပြေ
စိတ်ကျေနပ်ရုံ အကောင်ထည်ဖေါ်ခဲ့ကြတာလား ။ ခုတော့ နှောင်းလူတွေမှာ သမိုင်းကို အနည်းဆုံး
နာမည်နှစ်ခု သုံးခုနဲ့ လေ့လာကြရတော့မယ့် အနေထား ။
   မှတ်တမ်းမှတ်ရာ သိမှတ်စရာတွေလည်း ပျောက်ခဲ့ကြရပြီ ၊
   သမိုင်းတွေလည်း ကွေးကောက်ပြောင်းလဲ မေ့ပျောက်မှားယွင်းလာခဲ့ကြပြီ ၊
   ဒါတွေဟာ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးချင်တဲ့ အမွေတွေလား ။
   ဘယ်သူ့ကိုမှ အပြစ်တင်ရမလဲ ။
   အမှားအမှန် ၊ အဆိုးအကောင်း ၊ သင့်၏ မသင့်၏ ဆိုတာတွေထက် လူတစ်စု အင်အားကြီးခိုက်
စိတ်ကြိုက် လုပ်ကြစတမ်းလား ။
   ကျနော်တို့တစ်တွေ တစ်ခုခုများ လွဲချော်နေကြသလား ။
၀၆ ၊ ၀၇ ၊ ၂၀၁၂
(၄)  ရွင့်ဂျာ
    ဒူဝေဝေ ချာလပတ်လည်လာတာကတော့ ဒီကိစ္စပါပဲ ။ သတင်းကလည်း နည်းနည်းထူးလို့ပါ ။
   ဆက်မသွားခင် တလောက အွန်လိုင်းစစ်သည်ကြီးများရဲ့ အလွဲလေးတွေကို ပြန်ကြည့်ရအောင် ။
(က)   မိုးမွန်အောင် တွေ့ခဲ့ရတာ တစ်ခုကတော့ “သမ္မတရုံးမှ အရာရှိကြီးတစ်ယောက်၏ ဖေ့ဘွတ်
         စာမျက်နှာတွင် ဖေါ်ပြထားချက်အရ”ဆိုတဲ့ တွင်တွင်ရည်ညွှန်းခဲ့ကြတဲ့ သတင်းတွေပါ ။ မကြာ
ခင် အဲဒီ အရာရှိကြီးဆိုသူကပါ သူ့စာအချို့ကို ခပ်တည်တည်နဲ့ ပြန်ဖျက်သွားခဲ့တယ် ။
   အရင်က စစ်ဗိုလ်တွေဆိုရင် ခပ်ဝေးဝေးက ရှောင်နေခဲ့ကြသမျှ ၊ ကိုယ့်စိတ်အလိုနဲ့တွေ့မှ အသေ
ချာ အတည်ပြုဖို့ မကြိုးစားတော့ပဲ မျက်စေ့မှိတ် ယုံလိုက်ကြတာဟာ မလွဲလား ။
(ခ)  တစ်ခါ အယ်ကေဒါနဲ့ ဆက်စပ်မှုရှိပြီး ၊ လေ့ကျင့်ထားတယ်ဆိုတဲ့ လက်နက်ကိုင်များရဲ့ တိုက်ခိုက်
      မှုတွေမှာ ထူးထူးခြားခြား လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှုဆိုတာ မျက်စေ့ထဲမှာ စူးဝင်လာတယ် ။
   လေ့ကျင့်ထားတဲ့ စစ်သွေးကြွတွေက သေနတ်နဲ့တောင် မပစ်တော့ပဲ လောင်ချာနဲ့ ပစ်တယ်လား ၊
ဘယ်သူမှ မထိလောက်အောင် လွဲချော်သွားတယ်လား ၊ ဒီလောက်တိကျတဲ့ သတင်းကြီး ရပြီးကာမှ
ဘာလို့များ ထိထားတယ်ဆိုတဲ့နေရာက လက်ပူးလက်ကြပ် ဓါတ်ပုံတွေ ထွက်မလာတာပါလိမ့် ။
မလွဲလား ။
(ဂ) လက်နက်တွေမိတယ် မိတယ်နဲ့ ပြောလိုက်ကြရတာ ပလူများတောင် ပျံနေပါတယ် ၊ စာရင်းချုပ်
       တော့ ဘာတရားဝင်သတင်းမှ မထွက်လာတာနဲ့ တူမီးသေနတ်နဲ့ပစ်တဲ့အမှု တစ်ခုထဲပေါ်လာ
တာပါပဲ ။ (တူရွင်း ၊ သံချွန် ၊ တုတ် ၊ ဒါး ၊ လေးခွတွေကိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါဗျာ) ။
(ဃ)  တစ်ဆက်ထဲ အွန်လိုင်းမှာ တိုက်ပွဲဝင်နေသူတွေအတွက်တော့ နိုင်ငံရပ်ခြားမှာ ရိုဟင်ဂျာတွေ
        အတွက် ပိုက်ဆံယူပြီး အသံကောင်းဟစ်သူတွေ ၊ အသားထဲက လောက်ထွက်သူတွေ ၊ မျိုး
ဖျက်သစ္စာဖောက်တွေက တယ်များသကိုး ။
   အခြားသူတွေတော့ မပြောတတ်ပါ ၊ ဦးဟန်ယောင်ဝေကိုပဲ ပြေးမြင်မိပါတယ် ။
   သူ့ကို ရစရာမရှိအောင် ပြောနေသူတွေထဲမှာ ရှမ်းအမျိုးသားနဲ့ ရှမ်းနိုင်ငံရေးသမားတွေ တစ်ယောက်
မှ ထင်ထင်ရှားရှား မတွေ့မိဘူးဗျ ၊ တစ်ခုခုများ လွဲနေသလား ၊ ဒါမှ မဟုတ် ဗမာတွေအနေနဲ့ ကိုယ့်
ဘာသာ အလွဲတွေရှိမရှိ ဆင်ခြင်ဖို့ လိုလေမလား ။
(င)  ကိုယ့်ပြည်တွင်းရေးကိစ္စ အကြောင်းတွေကို စာတွေပေတွေနဲ့ ရည်ညွှန်းသူများလည်း ကြိုကြား
       တွေ့ရသေးတယ် ။ လွဲနေတာလေး တစ်ခုပဲရှိတယ် ၊ သူလိုကိုယ်လိုလူတွေ အထင်အမြင်နဲ့
ရေးထားတဲ့ ဆောင်းပါးတွေ စာတွေကို အပြန်အလှန် ရည်ညွှန်းနေကြတဲ့ လုပ်ရပ်လေးပါ ။ ဒီနှုန်းနဲ့
ဆို ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာနေရင် အထက်တန်းကျောင်းတောင် အောင်မယ်မထင်ပါ ။
(စ)  ကမ္ဘာသိတဲ့ အလွဲတစ်ခု ရှိပါသေးတယ် ။ ယူအန်ဝန်ထမ်းတွေ အပါအဝင် အစိုးရအဖွဲ့စည်းမ
      ဟုတ်တဲ့ အဖွဲ့ကဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ ကိစ္စပါ ။
   ဟုတ်ကဲ့ ဒါလည်း ရှက်တတ်ရင် ဗျန်းဗျန်းကြီးကွဲတဲ့ကိစ္စပါ ။ ဒီလိုကိစ္စတွေကို လုပ်သူတွေဟာ ပြို
ကွဲနေတဲ့ နိုင်ငံတွေက စစ်သွေးကြွတွေနဲ့ သိက္ခာနည်းတဲ့နိုင်ငံတွေပဲ ရှိပါတယ် ။ အချို့လည်း ဒီလူ
တွေဟာ အကြမ်းဖက်မှု ၊ အကြမ်းဖက် အဖွဲ့စည်း ဒါမှမဟုတ် နိုင်ငံကို ထိခိုက်စေတာတွေနဲ့ ဆက်စပ်
နေတယ်ဆိုပြီး ပြောတတ်ကြတယ် ။ Médecins Sans Frontières လိုအဖွဲ့ရဲ့ ဆေးဝါးကုသမှု တစ်ခု
ထဲကို အာရုံပြုတဲ့ အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ယူအန်အဖွဲ့ဝန်ထမ်းတွေကို လေးစားစောင့်ရှောက်ရမယ် ဆိုတာ
တွေကို နားမလည် သို့မဟုတ် မသိကျိုးကျွံ ပြုနေကြတာလို့ပဲ ယူဆရမလို ဖြစ်နေပါတယ် ။
(ဒါကို အငြင်းပွားနိုင်ခြေ အများကြီးရှိမှန်း သိပါတယ် ။ ဒါပေမယ့် နိုင်ငံတကာ သတင်းထောက်နဲ့ အ
ဖွဲ့စည်း လူပုဂ္ဂိုလ်တွေအတွက် လွပ်လပ်တဲ့ သွားလာလှုပ်ရှား ပြောဆိုမှုတွေ အာမခံနိုင်မှုတွေ ဒီဒေသ
မှာ မရှိမချင်းတော့ ကိုယ့်ဖက်က ဖြေရှင်းစရာတွေက မကုန်နိုင်ပါ) ။
(ဆ)  နောက်ဆုံးတစ်ခုက ရိုဟင်ဂျာအရေးမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု
        ကဏ္ဍတွေကချည်း ကြည့်လို့မရဘူးလို့ ဆိုကြပြန်ပါတယ် ။
   ဒါဆို ရိုဟင်ဂျာကိစ္စမှာ မျှတအောင် မြင်ကြည့်ဖို့ ကြိုးစားသူတွေဟာ မင်းမဲ့ဝါဒီ (anarchist) တွေ
လား ၊ စီမံခန့်ခွဲမှုပညာတွေနဲ့ အလှမ်းဝေးနေသူတွေလား ၊ တရားလက်လွှတ်သမားတွေလား ၊ ငွေရ
လို့ ပြောနေကြတာလား ၊ သစ္စာဖောက် လောက်ကောင်တွေလား ၊ တိုင်းပြည်ကို အားကြိုးမာန်တက်
ဖျက်နေကြသူတွေလား ၊ အမြင်တိမ်ပြီး အဝေးကြိုမမြင်နိုင်ကြသူတွေလား ၊ ဒါမှမဟုတ်ရင်လည်း
ကိုယ့်နဲ့ မြင်ပုံမြင်နည်း ရှုထောင့်မတူတဲ့ ဘက်စုံတွက်ချက်သူတွေလား ၊ မေးခွန်းတွေက အများကြီးပါ ၊
သန်ရာသန်ရာ ဆွဲတွေးကြတာပေါ့နော ။
  ဇာတ်သိမ်းတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ရဲ့ အဖြေထုတ်ပေးလိုက်ပုံက – ဘင်္ဂလား
ဒေ့ရှ် refugee camp ထဲက အပါဝင် မြန်မာဘင်္ဂလီ ၄ သိန်းကျော်ကို ပြန်လက်ခံပါမယ်တဲ့ ၊ ရှင်းရော ။
   ဒီအဖြေဟာ လူအတော်များများရဲ့စိတ်ကို ထိခိုက်စေမယ့် လုပ်ရပ်လို့ ပြောလို့ရပါတယ် ။
ဘယ်လိုပြောပြော အဖြေက ရှင်းနေပြီလို့ ယူဆပါတယ် ။ ဘယ်သူ့ကိုမှ မနာကျင်စေချင်ပေမယ့် ဒါ
တွေဟာ မဖြစ်မနေ ရှောင်လွှဲလို့မရတဲ့ ရင်ဆိုင်ရမယ့်ကိစ္စဆိုတာ လက်ခံဖို့လိုနေပါပြီ ။ စိတ်တွေလျှော့
ပြီး အကောင်းဆုံး ဆက်ဖြေရှင်းသွားဖို့ နည်းလမ်းတွေ ရှာသင့်တယ်လို့လည်း တိုက်တွန်းချင်ပါတယ် ။
   တစ်ခုတော့ လွဲနေပါသေးတယ် ။ အဲဒါက ဒုဝန်ကြီးနဲ့ အစိုးရအဖွဲ့ရဲ့ ထင်သာမြင်သာမရှိတဲ့ ဖြေရှင်း
မှုပါ ။ နိုင်ငံရေး အပိုင်းမှာတော့ ဤခရီး မနီးသေးပါလို့ ပြောလို့ရမယ်ထင်ပါတယ် ။
(အပေါ်မှာ အလွဲတွေလို့ ယူဆတာတွေကိုသာ ရွေးနှုတ်ထားတာကြောင့် အသက်အိုးအိမ် စည်းစိမ်
ဥစ္စာ ပျက်စီးဆုံးရှူံးရ တာတွေကို ချန်ထားရစ်ခဲ့ပါတယ် ။ မစာနာလို့ ၊ အားပေးချင်လို့ မဟုတ်ပါ ။
အားလုံးသော အမှုကိစ္စတွေကို တရားဥပဒေအရ ကျေလည်အောင် မျှမျှတတ ဖြေရှင်းသွားဖို့ အား
ပေးပါတယ် ။ သင့်တင့်တဲ့ လှူတန်းမှုတွေကိုလည်း လက်လှမ်းမီသလို လုပ်သွားဖို့ ရည်ရွယ်ချက် ရှိ
     အလွဲ အလွဲ အလွဲတွေချည်း ဖြစ်နေတာ ၊ အတည့် အမှန်တွေ မရှိတော့ဘူးလား ။
     ထူးထူးခြားခြား သတင်းတစ်ခုတော့ တွေ့မိတယ်ဗျ ။
     ဒု-စစ်ဦးစီးချုပ်က ကချင်တွေနဲ့ တွေ့မယ်ဆိုတဲ့ သတင်းပါ ။ (လင့်)
     ခုလို တည့်တည့်လုပ်သင့်တာ တွေ့သင့်တာ ဖြေရှင်းသင့်တာ ကြာလှပါပြီ ။
     မတူသလို မတန်သလို မဖြေရှင်းချင်သလို ဝေ့လည်ကြောင်ပတ်နဲ့ အထက်ကို ပြန်တင်ပြလိုက်
ပါဦးမယ်ဆိုတဲ့ သတင်းပို့သူအဆင့်တွေနဲ့ပဲ လွှတ်ပေးနေခဲ့ရာက ခုလို လုပ်မယ်ဆိုတော့ မလွဲဘူး
လို့ မြင်တယ် ။ သို့ပေမယ့် ငါ ငါနဲ့ ငါတို့တစ်တွေဆိုတဲ့ ကိုယ့်နဖူးပြန်ထောက်မိလုနီးနီး ထောင်ထား
ခဲ့ကြတဲ့ လက်မကို နည်းနည်း လျှော့မလျှော့ကိုတော့ စောင့်ကြည့်ရမှာပေါ့ဗျာ ။
၀၇ ၊ ၀၇ ၊ ၂၀၁၂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၅)  ပိန်းပိန်းပိတ် အလွဲ
     ရေးလို့ပြီးသွားကာမှ တစ်ခုကျန်နေလို့ ထပ်ဖြည့်လိုက်ပါတယ် ။
     ရခိုင်ကိစ္စမှာ ဗမာအပါဝင် တိုင်းရင်းသားပေါင်းစုံရဲ့ အားကြိုးမာန်တက် လုပ်ကြကိုင်ကြတာ ဘယ်
လိုပဲပြောပြော အင်မတန် အားရစရာပဲလို့ အကောင်းဖက်က မြင်ကြည့်မိပါတယ် ။
     ဒါနဲ့ ကျနော်တို့ အရှေ့ဖက်ခြမ်းမှာလည်း ကိစ္စများမြှောင်တွေ ရှိနေပါတယ် ။
#  လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကို ထောင်နဲ့ချီတဲ့ ကျေးရွာတွေ ဖျက်ဆီးခံရ ၊ စွန့်ခွာထွက်ပြေး နေခဲ့ကြ
    ရပါတယ် ။
#  လက်နက်မရှိကြပေမယ့် စစ်တပ်က မိုးပေါ်ကို ထောင်မပစ်ပါဘူး ။
# IDPs လို့ခေါ်တဲ့ ပြည်တွင်းမှာတင် ပုန်းအောင်းတိမ်းရှောင်နေရတဲ့ ထောင်သောင်းချီတဲ့ သူတို့အ
    တွက် တည်းခိုစရာ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း ၊ ဂိုဒေါင်နဲ့ ကယ်ဆယ်ရေးစခန်းတွေ မရှိပါ ။
#  Free Burma Rangers အပါဝင် လူမသိသူမသိ ကူညီကြသူတွေနဲ့ အဖွဲ့စည်းအနည်းငယ်ရဲ့ သက်
    စွန့်ဆံဖျား ကူညီမှုနဲ့ ကိုယ်ထူကိုယ်ထ သားငါး သစ်ဥသစ်ဖု ဆေးမြစ်ဆေးရွက်တွေနဲ့ ရှင်သန်နေရ
    ပါတယ် ။
# သူတို့ကို အမဲလိုက်သလို လိုက်နေတဲ့ စစ်တပ်ကို ပြန်ခုခံဖို့လည်း တုတ်ဓါးတွေနဲ့ မဖြစ်နိုင်ပါဘူး ။
#  ယူအန်အပါဝင် ကမ္ဘာ့သိက္ခာရှိ အဖွဲ့စည်းတွေအနေနဲ့လည်း ဆန္ဒရှိရင်တောင် ကူညီဖို့ စွမ်းအားနဲ့
    အခြေနေတွေ မရှိကြပါဘူး ။
#  သူတို့မှာ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ နိုင်ငံရေး ၊ ဘာသာရေး ၊ စီးပွားရေး အခွင့်အလမ်း
    တွေ ဆိုတာကတော့ ဝေလာဝေးပါ ။
မေးစရာ စကားတစ်ခွန်းရှိပါတယ် ။
ကျနော်တို့ရဲ့ နှလုံးသားတွေများ နေရာလွဲနေသလား လို့ပါ ။
မန်းကိုကို ၀၇ ၊ ၀၇ ၊ ၂၀၁၂

မစ်ရှီဂန်မှပေးသောစာ – ၃၉

မစ်ရှီဂန်မှပေးသောစာ – ၃၉

အောင်ဝေး

ဒီဇင်ဘာ ၂၊ ၂၀၁၀

 

မျိုးဆက်သစ် လူငယ်များ –
ကျော်ကိုကို၊ ဟန်နီဦး၊ စည်သူမောင်
ဒီငြိမ်းလင်း၊ နန့်ဇိုရာဖန်း၊ ဝေနှင်းပွင့်သုန်

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ဒီတစ်ခါတော့  ကျနော်တို့ လူငယ်ဘ၀က အကြောင်းတွေနဲ့ ဒီကနေ့ လူငယ်တွေ အကြောင်း စဉ်းစား တွေးတောမိတာလေး တချို့ ခင်ဗျားကို ပြောကြည့်ချင်လာတယ်။

တစ်ခါတုန်းကတော့  ကျနော်တို့လည်း ငယ်ခဲ့ကြဖူးတာကိုး ကိုဒေါင်းရဲ့။ သမိုင်းရဲ့ သံကြိုးကွင်းဆက် သဘောတရားနဲ့ ပြောရရင်၊ အခုလက်ရှိ ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့ ၂၀၀၇ ရွှေဝါရောင် ဗကသ မျိုးဆက် မတိုင်ခင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ရှစ်ဆယ့်ရှစ်-ရှစ်လေးလုံး အရေးတော်ပုံ ကျောင်း သားမျိုးဆက်၊ အဲဒီ မတိုင်ခင်က ၁၉၇၄-၇၅-၇၆ အလုပ်သမား၊ ဦးသန့်၊ ရွှေတိဂုံ၊ မိုင်းရာပြည့် စတဲ့ အရေးအခင်းတွေဆီက ကျနော်တို့ မျိုးဆက်၊ ကျနော်တို့ မတိုင်ခင်က ၁၉၆၂ ဆဲဗင်းဂျူလိုင် မျိုးဆက်၊ စတဲ့-စတဲ့ မျိုးဆက် ရေစီးကြောင်းကြီးကို ထင်ထင်ရှားရှား တွေ့ရလိမ့်မယ် ကိုဒေါင်း။

၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နောက်ပိုင်း ၇၀ ခုနှစ်တွေမှာ  တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ မျိုးဆက်ခေတ်ဟာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေ တင်းကျမ်းပြည့်၊ လှိုင်းထန် လှုပ်ရှားခဲ့တာ လူတိုင်းအသိပါ။ ဒီမျိုးဆက်ဟာ  သမိုင်းမှာ အထိအနာဆုံး မျိုးဆက်ဖြစ်ခဲ့တယ်လို့လည်း ဆိုကြတယ် မဟုတ်လား။ ဒီမျိုးဆက်ခေတ်မှာ ကျောင်းသားတွေအမြောက်အမြား ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ ကျောင်းသားတွေ အများအပြား အကျဉ်းထောင်တွေထဲကို ရောက်ခဲ့ကြရတယ်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်။

အခု NLD က ခွဲထွက်ပြီး သီးခြားပါတီထောင် ရပ်တည်နေတဲ့  ကိုကြည်ဝင်း-ဦးကြည်ဝင်း ဆိုရင် ကျနော်တို့ မျိုးဆက်ထဲကပါ။ ကိုကြည်ဝင်းဟာ  ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်းမှာ ဦးဆောင်ခဲ့တဲ့ ထိပ်တန်း ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ။ ဆိုပါတော့၊ အဲဒီ ဦးသန့် အရေးအခင်းတုန်းက ကိုကြည်ဝင်းနဲ့ အတူပဲ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ခဲ့ကြတဲ့ ကိုမောင်မောင်တိတ်- ကိုတိတ်ကြီး ဆိုရင် အခု လွတ်မြောက်နယ်မြေက ABSDF ကျောင်းသား တပ်မတော်မှာ ရှိနေတယ်။ ကိုစောလှငွေ ဆိုရင် အခု ဗိုလ်မှူးကြီးစောလှငွေ အဖြစ်နဲ့ KNU ကရင် အမျိုးသား အစည်းအရုံးမှာ အတွင်းရေးမှူး ဖြစ်နေတယ်။

၁၉၈၈ – ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်က အဲဒီ ၇၄-၇၅-၇၆ ထောင်ထွက် ကျောင်းသား ခေါင်းဆောင်တွေဟာ  မဆလ အစိုးရ ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှု UG အလုပ်တွေ ဆက်လုပ်ခဲ့ကြတယ်။ UG ပေါက်လို့ ပြန်အဖမ်းခံရတဲ့ သူတွေလည်း အဖမ်းခံရတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာတဲ့ အခါ အဲဒီ ၇၄-၇၅-၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေဟာ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်လာကြတဲ့  မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ကို အနီးကပ် ၀ိုင်းရံပေးခဲ့ကြတယ်။

ဆိုပါတော့၊ ၁၉၈၈ခုနှစ်၊ သြဂုတ်လ၂၇ရက်၊ ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင်ရင်ပြင်မှာ  ကျင်းပတဲ့  ကိုမင်းကိုနိုင်တို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည် ဖွဲ့စည်းတဲ့ အခမ်းအနားမှာ  မိန့်ခွန်းပြောသူ တစ်ဦးကတော့  ဘိုကလေးဦးလှရွှေပါ။ သူဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် ဗကသ – တကသ ကျောင်းသားခေါင်းဆောင် ကိုလှရွှေပေါ့။

ကိုဒေါင်းကြီး၊ မျိုးဆက်ဆိုတာ သမိုင်းသံကြိုးကွင်းဆက် သဘောတရားအတိုင်း အဲဒီလို မျိုးဆက် တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက် သယ်ဆောင်သွားခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ကတည်းက နီရဲချွန်မြခဲ့တဲ့ ခွပ်ဒေါင်းအစဉ်အလာဟာ  ဒီကနေ့အချိန်အထိ ရာဇ၀င် အဆက်ဆက် ထက်မြက် ရှင်သန်နေဆဲပဲ မဟုတ်လား ကိုဒေါင်း။

အရင်တုန်းက ၇၀ ခုနှစ်တွေမှာ တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ ၇၄-၇၅-၇၆ တိုက်ပွဲဝင် မျိုးဆက်ဟာ အထိအနာဆုံးလို့ အထင် ရောက်ခဲ့ကြဖူးတယ်။ အခုတော့ ဒီအထင်ဟာ မှားသွားပြီ ကိုဒေါင်း။ ကျနော်တို့နောက် မျိုးဆက်တွေကမှ ကျနော်တို့ထက် ပိုပြီး အထိနာခဲ့တယ် ဆိုတာ ဒီကနေ့ တွေ့နေရပြီ မဟုတ်လား ကိုဒေါင်း။

ကိုမင်းကိုနိုင်တို့မျိုးဆက်ဟာ  ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့ အချိန်တုန်းကလည်း အကျဉ်းထောင် အသီးသီးမှာ  နှစ်ပေါင်း ၂၀ လောက်စီ နေခဲ့ကြရတယ်။ သူတို့ ပထမ တစ်ကြိမ် ထောင်ကပြန်လွတ်လာပြီး သိပ်မကြာလိုက်ဘူး၊ နောက်တစ်ခါ ဒုတိယအကြိမ်အနေနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး မတိုင်ခင်မှာ သူတို့ အားလုံး ပြန်အဖမ်းခံရပြီး၊ အခု နယ်ဝေးထောင်တွေထဲမှာ အနှစ် ၆၀ ကျော် ၇၀ အကျဉ်းကျခံနေရပြန်ပြီ။

သူတို့မျိုးဆက်လောက် အထိနာတဲ့ မျိုးဆက် မြန်မာပြည်မှာ ရှိနိုင်ပါဦးမလား ကိုဒေါင်းရယ်။ ဒီလိုပဲ သူတို့ ကိုမင်းကိုနိုင်တို့ မျိုးဆက်နောက်မှာ ပေါ်ထွန်းလာတဲ့  ဗကသ မျိုးဆက်သစ်တွေ ဖြစ်ကြတဲ့  ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့၊ ဟန်နီဦးတို့ ဆိုရင်လည်း အခုအချိန်မှာ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ နယ်ဝေး အကျဉ်းထောင် အသီးသီးမှာ ရောက်နေတာပဲ  မဟုတ်လား။

တံတားအောက်မှာ  မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ ကိုဒေါင်း။ မျိုးဆက်တွေလည်း တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလို့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြတုန်းပါ။ မျိုးဆက်ဟောင်းတွေ အကျဉ်းထောင်ထဲရောက်၊ အဝေးရောက် ဖြစ်နေတဲ့ အချိန်မှာ၊ မျိုးဆက်သစ်တွေက ပြည်တွင်းမှာ၊ ပြည်ပမှာ ရဲရဲရင့်ရင့် ပေါက်ဖွားလာနေကြတုန်းပါ။

လူငယ်ဆိုတာ အသက်ငယ်တိုင်းကို လူငယ် ခေါ်တာ မဟုတ်ဘူး။ မျိုးဆက်သစ်ရဲ့ အဓိပ္ပာယ်ဟာ  တော်လှန်တဲ့ သမိုင်းအစဉ်အလာကို ဆက်ခံနိုင်စွမ်းရှိတဲ့ လူငယ်တွေကိုပဲ ဆိုလိုတာပါ။ လူက ငယ်ပေမဲ့ သမိုင်းသိစိတ်မရှိဘူး၊ တော်လှန်တိုးတက်တဲ့ အရိပ်လက္ခဏာ မတွေ့ဘူး၊ ပိုဆိုးတာက ဖောက်ပြန်တဲ့ အင်အားစုဘက်မှာလည်း ရောက်နေမယ်ဆိုရင် အဲဒီလိုလူငယ်မျိုးကိုတော့  မျိုးဆက်သစ်လို့ လုံးဝ မခေါ်ထိုက်ပါဘူး။

အခုအချိန်မှာ  ရဲရဲတောက် တိုက်ပွဲဝင်နေတဲ့  ပြည်တွင်းက NLD လူငယ်တွေဟာ  မျိုးဆက်သစ်ရဲ့ အကောင်းဆုံး ပြယုဂ်ပါပဲ။ ကျဆုံးသွားတဲ့ တိုင်းရင်းသားခေါင်းဆောင် ဖထီးပဒိုမန်းရှာရဲ့ သမီး နန့်ဇိုရာဖန်း၊ အထိန်းသိမ်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီး မဝေနှင်းပွင့်သုန်၊ သူတို့လို လူငယ်တွေဟာလည်း ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးမျိုးဆက်သစ် ပြယုဂ်တွေပါပဲ။

လူငယ်အားလုံးကို လေးစားယုံကြည်လျက်-

အောင်ဝေး
အောက်တိုဘာ ၁၂-၂၀၁၀

တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး

အာရပ်နွေဦးကို
ငါတို့ထောက်ခံခဲ့တာ
မှားပြီလား။

ငါတို့နွေဦးကို
သူတို့နားမလည်ပါလား။

လူ့ အခွင့်အရေးလား
ဂျေဟတ်လား။

ငါ့ သဘောထား
(ကဗျာဆရာအောင်ဝေး သဘောထား)
ဘယ်ခြိမ်းခြောက်မှုမျိုးမဆို
တစ်အချက် – ဆန့်ကျင်တယ်
နှစ်အချက် – မကြောက်ဘူး။

အခု …
(ပြည်တွင်းမှာ)
မူဆလင်စစ်စစ်ကြီး
အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
မကျန်းမမာဖြစ်နေတယ်။

ငါ …
ဒါကိုပဲ စိတ်ဝင်စားတယ်။

ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင်
သူရဲကောင်းကြီး
အဲဒီ မူဆလင်ကြီး
ကျန်းမာပြီး အသက်ရှည်ပါစေ
ငါ ဆုတောင်းတယ်။

မပြီးဆုံးသေးတဲ့
ဗမာ့ဒီမိုကရေစီခရီး
ဆုံးခန်းတိုင်
အဘ လျှောက်လှမ်းနိုင်ပါစေ
ငါ ဆုတောင်းတယ်။

အောင်ဝေးဟာ
ဗမာနိုင်ငံသား
မြန်မာတိုင်းရင်းသား
အားလုံးက
နားလည်နိုင်ကြပါစေသား။        ။

၈-၈-၁၂။

ဓမ္မဒိဌာန်ကျကျတွေးကြည့်သင့်ကြပါ၏။

 

 

ခေတ်ကြီးကအွန်လိုင်းခေတ် ဆိုတော့ တနေ့ တစ်ခေါက်နှစ်ခေါက်လောက်တော့ အီးမေးထဲ အလျှံပယ် ဝင်လာတဲ့သ တင်းတွေ၊ ဆောင်း ပါးတွေ၊ ဆွေးနွေးချက်တွေ၊ ကြော်ငြာတွေထဲက စိတ်ဝင် စားစရာတွေ ကိုဖတ်ဖြစ်ပါတယ်။ အချိန်ရတဲ့ အခါတော့ လည်း စိတ်ဝင်စားတဲ့၊ တွေးမိတဲ့ အကြောင်းအရာလေးပေါ်မှာ စာကောက်ရေးဖြစ်၊ ဆွေး နွေးဖြစ်ပါတယ်။ အခုလည်း အများ ဒကာပြောနေကြလို့ ရခိုင်ပြည်တွင်းကလူမျိုးရေးကိစ္စ သိမိ ကြားမိ တွေးမိ တာလေး ရေးလိုက် ရပါတယ်။
မြန်မာနိုင်ငံ၏ လူမျိုးစုများအရေး စဉ်းစားကြတဲ့အခါမှာရခိုင်ပြည်တွင်းက ဘင်္ဂါလီလို့ ရခိုင်များက ဆိုတဲ့ (ရိုဟင် ဂျာ) ဆိုသူတွေရဲ့ အရေးကလည်း ခြွင်းချန်ထားလို့မရဘူးဆိုတာ ၁၉၉၀-၉၁  ခုနှစ်လောက်က မာနယ် ပလော မှာ ရခိုင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုတရားရုံးရှေ့နေကြီး ခိုင်စောထွန်းနဲ့ လူမျိုးစုအရေး စကားစပ်မိပြောဆို ဆွေးနွေးမိကြတုန်းကတည်းက မြင်မိခဲ့ပါတယ်။ တချိန်တုံးကတော့ (ရိုဟင်ဂျာ)ဆိုတာကော သူတို့ရဲ့ဒုက္ခသုက္ခ ကော၊ မြန်မာပြည်သူ အများစုက မသိကြ၊ (အထူးသဖြင့် ဦးနေဝင်းရဲ့အမှောင်ချခေတ် မျိုးဆက်လူငယ်များ က ပို၍မသိကြ) မကြားဖူးကြပါဘူး၊ သိကြသူအနည်းအကျဉ်းတို့ကလည်း၊ သာမန်အားဖြင့်တော့ ဒါ ရခိုင်ပြည် တွင်းကိစ္စ၊ ရခိုင်တွေသာ အသိဆုံး၊ ရခိုင်အမျိုးသားတွေကဘဲဖြေရှင်းရမဲ့ကိစ္စဆိုပြီး ဖာသိ ဖာသာနေကြပါတယ်။ အခုတော့ သူတို့ကိစ္စဟာ နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တွေ၊ အဲန်ဂျီအိုတွေ၊ အပြင် ကုလသမဂ အထိပါသိလာကြပါတယ်။ မသိတာတွေ မသိ သလိုပျောက် ကွယ်မ သွားဘဲ၊ သိလာတာကိုက သတိမူသင့် အလေးထားသင့် တဲ့အချက် လို့ဆိုရမှာပါ။
တဖက်မှာတော့ သူတို့တွေရဲ့ ဒုက္ခသုက္ခကို စာနာသူတွေ နိုင်ငံတကာ အသိုင်းအဝိုင်း မှာကော မြန်မာ လူမျိုး ထဲမှာပါပို ပိုလာတာ တွေ့မြင်နေရပါတယ်။ ရခိုင်အမျိုးသားတွေတောင်မှ (ရိုဟင်ဂျာ)တို့ရဲ့ ဒုက္ခ သုက္ခကို အများနည်းတူ စာနာမှုရှိ ကြပါတယ်လို့ပြောရင် လွန်ရာကျ မယ်မထင်ပါဘူး။ တဖန် ဒီ(ရိုဟင်ဂျာ)တွေဟာ ရခိုင်တွေနဲ့ တမြေထဲနေ၊ တရေထဲသောက်၊ ရခိုင်ပြည်တိုးတက်ရေး၊ ရခိုင်ပြည်အရေးကိုအတူတကွဆောင်ရွက် ကြရမယ်လို့ သဘောပိုက် ထားတဲ့ ရခိုင်ခေါင်းဆောင် များလည်းအများအပြားရှိကြပါတယ်။ ရခိုင်တော် လှန်ရေး   ခေါင်းဆောင်ကြီး ခိုင်မိုးလင်းရဲ့တပ်ထဲမှာ (ရိုဟင်ဂျာ)ဆို သူများပါဝင်ခဲ့တာရှိတယ်လို့ ဆိုတယ်၊ ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးမှုနဲ့အတူ သူတို့တွေလည်း ရခိုင်ပြည်အတွက် အသက်ပေး ခဲ့တာတွေ ရှိတယ်၊ ဦးကျော်လှက အဲမ်အယ်လ် အို ဆိုပြီးပြောင်းမဖွဲ့ခင်၊ အေအယ်အို (Arakan Liberation Organization)ကိုဖွဲ့တယ်။ အဲဒီမှာ ရခိုင် ဗုဒ္မွဘာသာတွေ နဲ့ပေါင်းဖွဲ့ ခဲ့တာလို့ဆိုတယ်။
စစ်အစိုးရကိုဖြုတ်ချပြီးဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်အရေး ကိစ္စဆောင် ရွက်ရေးတွေ မှာ ရခိုင်ပြည် အ တွင်းက အင်အားစုများဖြင့် စုစည်းဖေါ်ဆောင်ရမယ်လို့ ယူဆထားပုံရတဲ့ NUPA အဖွဲ့က (ရိုဟင်ဂျာ)အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထား တာရှိသလို၊ (ရိုဟင်ဂျာ)ဆိုတဲ့ နာမယ်က တကဏ္ဍထား၊ သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ရခိုင် ပြည်အတွင်းမှာ အတူနေလာကြတဲ့ သူတွေဖြစ် တယ်။ လူမျိုးမတူ၊ ဘာသာမတူတာက အကြောင်းမဟုတ် ငြိမ်း ငြိမ်းချမ်းချမ်းရှိဖို့က အဓိကလို့ အယူအဆရှိသူ တသီးပုဂလ များကလည် အတူနေကြဖို့ဝန်မလေးကြပါဘူးတဲ့။
ကဲ.. ဒါဆိုရင် ပြဿနာက ဘာတဲ့လဲ။ လေ့လာကြည့်ရတာကတော့
ဒုတိယ ကမ္ဘာစစ်တုန်းက အင်္ဂလိပ်နဲ့ဂျပန်စစ်ပွဲရဲ့ ဘက်နှစ်ဘက်ရပ်တည်မှုအပေါ်က ဖြစ်ပွားခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ ကိုအခြေပြုပြီး၊ လူမျိုးမတူ၊ ကိုးကွယ်တဲ့ဘာသာမတူတဲ့ လူမျိုးနှစ်မျိုးအကြား အဖုအထစ်တွေက၊ သေး လိုက်၊ ကြီးလိုက်နဲ့ သံသယတွေကြီးထွားပြီး ပျောက်ကင်းအောင် မကုနိုင်တဲ့ ရောဂါဆိုးလိုဖြစ်လာနေတာဘဲဖြစ် တယ် ။
ပြောရရင် ဒုတိယ ကမ္ဘာစစ်မှာ အင်္ဂလိပ်ဘက်ကို (ရိုဟင်ဂျာ)ဆိုသူတွေက ရပ်တည်တယ်။ ဂျပန်တွေကို ရခိုင် များကကူတယ်။ ဒါနဲ့လူမျိုးရေးအဓိကရုန်းဖြစ်ခဲ့တယ် လို့ဆိုတယ်။ တခါ လွတ်လပ်ရေးရ ခါနီးတော့၊ ( ရိုဟင် ဂျာ)ဆိုသူ အစွန်းရောက်ထဲက တချို့က မူဂျာဟစ်ဆိုပြီး လက်နက်ကိုင်တော်လှန်တယ်။ အဲဒီတုန်းက အိန္ဒိယ ထဲကနေ ပါကစ္စတန်နိုင်ငံဆိုပြီး ခွဲထွက်ဖို့ကြိုးစားတဲ့အခါ မွတ်စလင်အများစုရှိတဲ့ ရခိုင်ပြည်နဲ့ နယ်စပ်ဖြစ်နေတဲ့ အရှေ့ ဘင်္ဂလားနယ်ကို ပါကစ္စထဲထည့်ဖို့ စီစဉ်နေတဲ့အချိန်ဖြစ်တယ်။ မြန်မာနိုင်ငံမှတချို့လူမျိုးစုခေါင်းဆောင် များကလည်း သီးခြားလွတ်လပ်ရေး ယူဖို့ ပြောဆိုနေကြတဲ့ အချိန်ဖြစ်တယ်။ မူဂျာဟစ်ခေါင်းဆောင်တချို့ က လည်း အဲ ဒါကိုအားကျပြီး မွတ်စလင်ပြည်ထူထောင်ဖို့ လုပ်ခဲ့ပုံရတယ်လို့ ဆိုတယ်။ အဲဒါ ဒုတိယကမ္ဘာစစ် အ တွင်းက ဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခအရှိန် မကုန်သေးလို့ အစွန်းရောက်တဲ့လူ တစုရဲ့ အစီအမံဖြစ်တယ်လို့ဆို တယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒါက ကြီးမားတဲ့ အဖုအထစ်ဖြစ်စေခဲ့တယ်။
လွတ်လပ်ရေးရပြီးတဲ့အခါ ဦးနုခေတ်မှာတော့ ဗိုလ်မှူးချုပ်အောင်ကြီးက မူဂျာဟစ် လက်နက်ကိုင် ကိစ္စ သွား ရောက် ညှိနှိုင်းဖြေရှင်း ခဲ့တယ်။ ဒီမှာ သူတို့က သူတို့ကို ဘင်္ဂါလီခေါ်တာ ကိုမကြိုက်ကြောင်း၊ ဘင်္ဂါလီ မဟုတ် ကြောင်း (ရိုဟင်ဂျာ)လို့ သာ ခေါ်ဖို့တင်ပြတယ်လို့ဆိုတယ်။ ဒီတင်ပြချက်အရ သူတို့ကိုဦးနု အစိုးရက ရိုဟင်ဂျာ တိုင်းရင်းသားဆိုပြီး တရားဝင်သတ် မှတ်ပေး လိုက်ပုံရပါ တယ်။ ဦးနုအစိုးရ အနေနဲ့ လက်နက်ကိုင် တော်လှန်မှု ကိစ္စ ရပ်တစ်ခု ကို ဖြေရှင်းလိုက်နိုင်ပေမဲ့၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တဲ့ ရခိုင်အမျိုးသား တချို့က   တော့ သဘောမတွေ့နိုင်မှာအမှန်ပါ။
၁၉၆၁ ခုနှစ်ကုန်လောက်မှာ ရခိုင်ပြည်နယ်တောင်းတဲ့ကိစ္စပေါ်လာတော့ တချို့ရခိုင်အမျိုး သားတွေက ခွဲထွက် ခွင့်ကိုပါ အခြေခံဥပဒေ မှာထည့်ပေးဖို့တောင်းဆိုကြတယ်။ ဒီအခြေအနေမှာ ဘူးသီးတောင်၊ မောင်းတောဒေသ  က ဒေသ ခံတွေ(အထူးသဖြင့် ရိုဟင်ဂျာတွေ) နှင့် သံတွဲ ခရိုင် ဒေသခံများက ရခိုင်ပြည် နယ်ထဲကို သူတို့ဒေ သ တွေ မထည့်ဘဲ၊ ပြည် မနှင့်တွဲဘက် ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကလည်း (ရိုဟင်ဂျာ) နဲ့ ရခိုင်တို့အကြား ရှိနေတဲ့ အဖုအထစ် အတွက် မြေသြဇာထည့် ရေလောင်းပေးသလိုဖြစ်ခဲ့ပုံရတယ်။  ပြည်နယ် များမဖွဲ့စည်း မှုနိုင် သေးခင် မှာဘဲ ဦးနေဝင်း အာ ဏာသိမ်း လိုက်ပါတယ်။
 ဦးနေဝင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး တို့ (ရိုဟင် ဂျာကို အသိအမှတ်ပြုရေးဆောင်ရွက်ပေးခဲ့ကြသူများ) ဖမ်းဆီးထိန်း သိမ်းခံနေ ရစဉ်၊ ၁၉၆၅ ခုနှစ်လောက်က စ ပြီး ရိုဟင်ဂျာ ဆိုတာကို အသိအမှတ်ပြုထားခြင်းမှ ဦးနေဝင်းက ရုတ်သိမ်းလိုက်ပါတယ်။ ဦးနုခေတ်မှာ ရခိုင် အမျိုးသားများ ပြည်နယ်တောင်းစဉ်က ခွဲထွက်ခွင့်ကိုပါတောင်တာကို ဦးနေဝင်းက သတိပြုပြီး၊ ရခိုင်အမျိုးသား များကို နှစ်သိမ့်ဖို့လား၊ ဒါမှမဟုတ် ရခိုင်ခေါင်းဆောင်တချို့သို့မဟုတ် ဒေါက်တာအေးကျော်လို ပညာရှင်က ဦးနေဝင်းကို ချဉ်းကပ်တောင်းဆိုလို့လားတော့မသိပါ၊ (ရိုဟင်ဂျာ) ကိုတိုင်းရင်းသား အဖြစ်က ရုတ်သိမ်းလိုက်ပါ တယ်။ ဦးနေဝင်းက ရခိုင်အမျိုးသားရေးဝါဒီများကျေနပ်အောင်၊ ဘူးသီးတောင်၊   မောင်းတောမြို့နယ်နှင့်၊ သံတွဲဒေသများပါဝင်သော ရခိုင်ပြည်နယ်ကို လည်းဖွဲ့ စည်းပေး လိုက်ပါတယ်၊ ရခိုင် အမျိုးသား များအနေနှင့် ပြည် နယ်တော့ ရလိုက်ပါတယ်၊ ဒါပေမဲ့ ဦးနေဝင်း သဘောကျ အုပ်ချုပ်တာပါ။
ဦးနေဝင်းခေတ် ၂၆ နှစ်လုံးလုံး တိုင်းပြည်အတွင်း ချမှတ်ဆောင်ရွက်သမျှသော ပေါ်လစီများဟာ ဘာတခုမှ မှန်မှန်ကန်ကန် မရှိခဲ့၊ အောင်မြင်မှုမရှိခဲ့ပါ။ ပညာရေးပေါ်လစီ၊ စီးပွားရေးပေါ် လစီ၊   ငွေကြေးဆိုင်ရာပေါ်လစီ၊ ဘာသာရေးဆိုင်ရာပေါ်လစီ၊ ဘာမှမမှန်ခဲ့ဘူး။ ဒီလိုဘဲ လူမျိုးစုရေး ရာတွေမှာ ကိုင်တွယ်ပုံကလည်းမမှန်ပါဘူး။
 ရခိုင်ပြည်ကိစ္စမှာလည်း အဖုအထစ်များနဲ့ အက်ကြောင်းထင်နေတဲ့ ရခိုင်အမျိုးသားရေး အစွန်းရောက်သူများနဲ့ (ရိုဟင်ဂျာ)ဆိုသူ အစွန်းရောက်တို့အကြား ကျားကွက်ရွေ့နေပါတယ်။  ရိုဟင်ဂျာဆန့်ကျင်သူ များကျေနပ် အောင် ရိုဟင်ဂျာဆိုသူများ ကို မောင်း ထုတ်ပြလိုက်၊   ပြန်ခေါ်လိုက်နဲ့  ကုလသမဂ ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေး အစီအစဉ်က လာတဲ့နိုင်ငံခြားငွေ များကို အထက်လည်းအထက်အလိုက်၊ အောက်ကလည်း အောက် အလိုက် ဗိုက်မဆန့်၊ အိတ်မ ဆန့် လောက်အောင် ထည့်ကြတယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ထရန်စ်ပဲရင့်စီ တို့ အကောင်တီဘီလီတီတို့ ဘယ်တုန်းက မှ မရှိခဲ့တာ ဘဲ၊ နိုင်ငံခြားငွေက သူတို့ဘဲ ကိုင်ခွင့်ရှိတာဘဲ။ ဒီကြားထဲ ငွေယူလူသွင်းဆိုတာလည်းရှိပါတယ်လို့ဆိုတယ်။ ဒါကို ရခိုင်အမျိုး သားများအောင့်သက်သက်နဲ့ခံနေရသလို၊ (ရိုဟင်ဂျာ) ဆိုသူများ ခမြာလည်း ဇကောထဲ   လောက် စလုံး ထည့်လိမ့်သလို အလူးအလဲခံနေရပါတယ်။
ဦးနေဝင်းခေတ်မှာ (ရိုဟင်ဂျာ) ဆိုတာကို ရုပ်သိမ်းလိုက်တော့ (ရိုဟင်ဂျာ) လက်နက်ကိုင်တွေ ထပ်ပေါ် လာပါတယ်။ ဒီတော့ (ရိုဟင်ဂျာ) လက်နက်ကိုင်များနဲ့ ရခိုင်အမျိုးသား လက်နက် ကိုင်များအကြား ထပ်မံပေါ် လာတဲ့ နယ်မြေကိစ္စ၊ လက်နက်ကိစ္စ စတဲ့ပဋိပက္ခ ကလေးတွေက လည်း၊ ဆိုခဲ့တဲ့ အဖုအထစ်များကို အစိုင်အခဲ ဖြစ် စေလာပါတယ်။
ပြောရရင်တော့ ရခိုင်အမျိုးသားများက (ရိုဟင်ဂျာ) ဆိုတာဟာ ဘင်္ဂါလီတွေ ပါလို့ တွင်တွင်ပြောနေ ပါတယ်။ သူတို့ပြောတာ သဘာဝကျတယ်လို့ဆိုလို့ရပါတယ်။ ဘာကြောင့် လည်းဆိုတော့ (ရိုဟင်ဂျာ)ဆိုသူတွေ ပြောတဲ့ စကားက ဘင်္ဂါလီနွယ်တဲ့စကား (ဒိုင်ယာလက်စကား)၊ နေထိုင်တဲ့အရပ်က ဘင်္ဂလာဒေရှ့် နယ်နိမိတ်နဲ့ နယ်စပ် ဖြစ်နေတဲ့ ရခိုင်ပြည် အနောက် ဘက်ခြမ်းမှာ။ ဘင်္ဂလာဒေရှ့် ဆိုတာက စစ်တကောင်း တောင်တန်းပါဝင်တဲ့ တချိန်က အရှေ့ဘင်္ဂေါလ်ပြည်ပါ။ အနောက်ဘင်္ဂေါလ်ပြည်က လက်ရှိအိန္ဒိယနိုင်ငံထဲမှာပါ။ အရှေ့ ဘင်္ဂေါလ် ကော အနောက်ဘင်္ဂေါလ်ကော အဓိကအားဖြင့် ဘင်္ဂါလီလူမျိုးအများစုနေထိုင်ကြတာပါ။ စကားအား ဖြင့်က တော့ ဒိုင်ယာလက်ခွဲတွေအများကြီးပါ။ ဘာသာကတော့ အရှေ့ ဘင်္ဂေါလ်(ဘင်္ဂလာဒေရှ်)က ဘင်္ဂါလီ မွတ်စလင် များတယ်၊ ဘင်္ဂါလီဗုဒ္မွဘာသာ၊ ဘင်္ဂါလီဟိန္ဒူ နဲ့ ဘင်္ဂါလီ ခရစ်ယာန်တွေလည်းရှိပါတယ်။ အနောက် ဘင်္ဂေါလ် ပြည်နယ်မှာတော့ ဟိန္ဒူနဲ့ ဗုဒ္မွဘာသာဘင်္ဂါလီက ပိုများပါတယ်။ သမိုင်းကြောင်းအရ စစ်တကောင်းတောင် တန်းဒေသ အပါအဝင် ဘင်္ဂေါလ် ၁၂ မြို့ကို ရခိုင်ဘုရင်များ နဲ့ ဘင်္ဂလားဘုရင်များ ဘတပြန်ကျားတပြန် မင်းလုပ် အုပ်ချုပ်ခဲ့ကြတာ အထင်အရှားရှိပါတယ်။ ရခိုင်တွေက ဗမာပြည်ကို လာ ရောက် အုပ်ချုပ်တဲ့ အကြိမ်ရေ ရှားပေမဲ့ စစ်တကောင်းပြည်ကို သွားအုပ်ချုပ်တဲ့ အကြိမ်ရေ ကများပုံရပါ တယ်။ ရခိုင်ဘုရင်များဟာ မွတ်စလင်ဘွဲ့အမည် ခံယူအုပ်ချုပ်ခဲ့တာတွေလည်း ရခိုင်သမိုင်း မှာရှိပါခဲ့ပါတယ်။ သမိုင်း ကြောင်းအရကလည်း ဆက်စပ်မှုရှိနေတယ်။ နယ်စပ် လည်းဖြစ်နေ တယ်ဆိုရင် လူမျိုးတစ်မျိုးဟာ ဟိုဘက်ဒီ ဘက်နှစ်နိုင်ငံ ခွရှိနေတတ်တာကတော့ သဘာဝ တော့ကျပါတယ်။
ချင်းလူမျိုးတွေ နယ်မြေဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံတွင်းမှာကော မြန်မာနိုင်ငံအတွင်းမှာပါသက်ဆိုင်ရာနိုင်ငံ၏ တိုင်းရင်းသားတွေ အဖြစ် ရှိနေတယ်ဆိုရင်၊ ကချင်လူမျိုးတွေ၊ ဝလူမျိုးတွေ တရုပ်ပြည်ထဲ မှာကော မြန်မာနိုင်ငံထဲ မှာပါ သက်ဆိုင်ရာနိုင်ငံ၏ တိုင်းရင်းသားတွေ အဖြစ်ရှိနေ တယ်ဆိုရင်၊ ဘင်္ဂါလီဆိုတာ ရခိုင်ပြည်နယ်ထဲမှာကော ဘင်္ဂလာဒေရှ့်ထဲမှာကော သက်ဆိုင် ရာနိုင်ငံ  ၏ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတာကို ငြင်းရင်ကော လက်တွေ့ ကျ မလား၊ သဘာဝ ကျမလားဆိုတာ စဉ်းစားဘွယ်ရာဖြစ်ပါတယ်။
လူမျိုးတမျိုးဟာ သူတို့လူမျိုးအားလုံးသဘောတူပြီး လူမျိုးအမည် ကို ပြောင်းလဲသုံး စွဲခေါ်ဝေါ်မယ်ဆိုရင် သူတို့ အခွင့်အရေးဘဲ၊   ခေါ်ဝေါ်ခွင့်ရှိမယ်ထင်ပါတယ်။
 သူတို့က တဖက်က ဘင်္ဂါလီများနဲ့ ပြောစကား ဒိုင်ယာလက် မတူတဲ့အတွက် ဟိုဘက်က လူများနဲ့ သီးခြားဖြစ် ချင် လို့ သူတို့ကိုယ် သူတို့ (ရိုဟင်ဂျာ) လို့ပြောင်း လဲ ခေါ်စေလို တဲ့သဘောဖြစ် မယ်လို့ယူဆရပါတယ်။ သူတို့က ပိုအသိဆုံးဖြစ် မှာပါ။ နောက်တခုက ဘင်္ဂါလီလို့ သတ်မှတ် လိုက်ရင် သူတို့ကို နိုင်ငံခြားသားတံဆိပ်ကပ် ပြီးတွန်းပို့မှာ စိုးရိမ်ပုံရပါတယ်။ လွန်ခဲ့တဲ့   နှစ်နှစ်လောက်က (ရိုဟင်ဂျာ) ဆိုသူပညာတတ်လူငယ် တစ်ယောက် စကားပြောကြည့် တုံးက၊ ..ခင်ဗျားတို့က ရခိုင်အမျိုးသားတွေနဲ့နီးနီးစပ်စပ် ရင်းရင်းနှီးနှီး နေဖို့လိုတာပေါ့…လို့ ကျနော်ပြောတော့၊… ဒီလူငယ်ပြန်ပြောတာက …ကျနော်တို့က နေချင်ပါတယ်..နေတယ်… သူတို့က ကျနော်တို့ ကို တခါတည်းအမျိုးပါပြုတ်အောင် ဘင်္ဂါလီကုလား၊ နိုင်ငံခြားသား ဆိုပြီး မောင်း ထုတ်နေ တယ်လေ…ဗမာကိုခေါ် တယ်၊ ဗမာစစ်တပ်ကိုခေါ်တယ်၊ ကျနော် တို့ကို မောင်းထုတ်တယ်။ ကျနော်တို့က ဒုက္ခတော့ရောက် တယ်လေ… ဒါပေမဲ့ မပြုတ်ဘူး.. သူတို့က ဒုက္ခမရောက်ဘူး… တဖြည်းဖြည်းကုန်လာပြီ..တဲ့။ အင်း…စဉ်းစား စရာတော့   ကောင်းသား။
၉၂ ခုနှစ်လောက်ကထင်ပါတယ်၊ ချင်းမိုင်မှာ လူအခွင့်အရေးသင်တန်းတစ်ခုမှာ ဆရာဦးတင့်ဇော် က ဘာသာပြန်လုပ်ပေးနေတုန်း သူနဲ့ ရိုဟင်ဂျာ ကိစ္စမေးမြန်ကြည့်ဖြစ်တယ်။ ဦးတင့်ဇော် ရှင်းပြတာက ရခိုင်ပြည်မှာ ရှေး အစဉ်အဆက်ကတည်းက မွတ်စလင်တွေ အတူ တကွ နေထိုင်လာခဲ့တယ်ဆိုတာ ငြင်းဘွယ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာ မရှိခဲ့ ဘူး။ ရှေးက ရိုဟင်ဂျာဆိုတာမရှိဘူး၊ လူဦးရေကလည်း ရှိသင့်တယ်ထင်တာထက် များနေ တယ် လို့ဆိုတယ်။ တချို့ကတော့ ၁၉၇၈ ခုနှစ် နဂါးမင်းစစ်ဆင်ရေးတုန်းက ထွက်သွား တာထက်   ပြန်လက်ခံလိုက်ရတာက ပိုများတယ်လို့ဆိုတယ်။ ကိုယ့်ဆီက မဟုတ် ရင် ငြင်း ခွင့်ရှိတာဘဲ (များများလက်ခံလေ ကုလသမဂ ဒုက္ခသည် ပြန်လက်ခံရေး အစီအစဉ်အ ရပေးတဲ့ဒေါ်လာ   ငွေပိုရလေလေ ကြောင့်များလားမသိပါ။)
(ရိုဟင်ဂျာ) ရှိခြင်း၊ မရှိခြင်း လက်ခံခြင်း၊ မခံခြင်း အငြင်းပွားကိစ္စကို ကျနော်အနေ နဲ့ ထောက်ခံခြင်း၊ ကန့်ကွက် ခြင်း မလုပ်ခဲ့ပါ။ အခုလည်းလုပ်မည်မဟုတ်ပါ။ ဘာ့ကြောင့် လဲဆိုတော့ ရှေ့နေကြီး ခိုင်စောထွန်း ရဲ့စကား အသွားအလာ ကိုသတိပြုမိပြီး သကာလ ဒီလူမျိုးစုနှစ်စု(ရခိုင်နှင့်ရိုဟင်ဂျာဆိုသူတို့) တချိန်ချိန်မှာ နားလည်မှုရ ပြေလည်သွားခဲ့ကြရင် ကြားထဲကကျနော်များတို့ ငပေါကြီး ဖြစ်ကျန်ခဲ့မှာစိုးတာကြောင့်၊ ပြီးတော့  ရှေ့ မျက်နှာ နောက်ထားပြီးကျနော် ထောက်ခံမိ(သို့မဟုတ်)မထောက်ခံမိတာ မှားပါတယ် လို့ စိတ်တွင်းကသော် လည်း ကောင်း၊ အပြင်ပန်းအားဖြင့်သော်လည်းကောင်း တောင်း ပန်ရမဲ့အလုပ် မျိုးမလုပ်ခြင် တာကြောင့်လို့ပါ။ ဒါ့အပြင် ကောင်းသော အကြံပြုခြင်း အားဖြင့် အားလုံးနှင့် ထာဝရမိတ်ဆွေ ညီနောင်များ အဖြစ်သာနေလို၍ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုအကြံပြုလိုက်ရပါတယ်။ အထက်တွင် ဆိုခဲ့သည့် အဖုအထစ်တွေရောဂါကြီး   ပျောက်ကင်းဖို့ ဆိုရင် လက်ရှိသွားနေ တဲ့နည်းလမ်း က နိုင်ငံရေးအသပြာဆရာဝန်ကို အားထားကုနေ သလိုဖြစ်နေတယ်။ ပျောက်တော့ပျောက်မယ်။ ရောဂါရော လူနာရော တပါတည်းပါ။ ဒါကြောင့် ရခိုင်ပြည်ညီနောင်အနေဖြင့် မောင်နှစ်မများ အချင်းချင်းအတွင်း  ကိန်းအောင်းနေတဲ့ လူမျိုးရေး၊ ဘာသာရေး အစွဲအလမ်းတွေ၊ အာဃာတ တွေ၊ သံသယတွေ၊ စိုးရိမ်စိတ်တွေကိုဘေးဖယ်ထုတ်ပြီး အရင်းအမြစ် ကို ဓမ္မဒိဌာန်ကျကျ စဉ်းစားအဖြေရှာပါမှ ရခိုင်ပြည်သူတရပ်လုံး ငြိမ်းချမ်းသာယာရေး၊ တိုးတက်ရေးများကို လုပ်ငန်းကို အားသွန်ဆောင် ရွက်နိုင်ကြ မည် သာဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒီကိစ္စကိုစိတ်ဝင်စား ဆွေးနွေးနေ သူများ အနေဖြင့်လည်း၊ ရခိုင်ပြည်သူ ညီ အစ်ကိုမောင်နှစ်မများ စုစည်းညီညွတ်လျှက်၊ တိုးတက် ဖွံ့ဖြိုးသောဒေသ သူ ဒေသသားများ အဖြစ်ရောက်ကြ ရ လေအောင် အပြုသဘောဖြင့် အလေး အနက်ထား စဉ်းစားဆွေးနွေးပေး သင့်ပါကြောင်းတိုက်တွန်းလိုက်ရပါ တယ်။
ဝင်းမောင် (ဟဲဟိုးသား)
၁၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်။

 

 

 

 

အယုံမလွယ်မိစေဖို့၊ မြန်မာနိုင်ငံတိုင်းရင်းသားများဆီသို့

 

 

နိုင်ငံသားတွေက တယောက်ကိုတယောက် အရမ်းမနာလိုဖြစ်နေတယ်။ တခြားနိုင်ငံ သားတွေလဲ မနာလိုစိတ်ရှိတာဘဲ၊ ဒါပေမဲ့ဗမာတွေမှာ နဲနဲပိုတယ်လို့ ပြောရမယ်၊ ဒါကလဲ ကိုယ့်ကိုကိုယ် ယုံကြယ်မှု နည်းလို့ဖြစ်တာပါ။ ဒီလိုဖြစ်တော့ ဘယ်သူ့က ကိုယ်ထက်သာ သွားမလဲ ဆိုဒါ အမြဲကြည့်နေတယ်။ ကိုယ့်ကိုကိုယ် ကြွားနေတဲ့ စိတ်ရှိနေတယ်…………စသဖြင့် ဒီမိုကရေစီ Icon ဒေါ်အောင်ဆန်း စုကြည် ကပြောသွား ပါတယ်။
ဒေါ်စုဟာ အင်မတန် ရိုးသား မွန်မြတ် တည်ကြည်ဖြောင့်မတ်တဲ့ ခေါင်းဆောင်တဦးပီပီ၊ နှလုံးရည်နဲ့ စစ်အာဏာရှင်အစိုးရကို အနိုင်ယူလိုက်ပါပြီ။ ဘာဘဲဖြစ်ဖြစ် ဒီမိုကရေစီ စတင် လျှောက်လှမ်းနေပြီလို့ အများက လက်ခံနေရတာ တွေ့ရပါတယ်။ ဒီလို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရုံနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အပြည့်အ၀ ရမယ်လို့တော့ သတ်မှတ်လို့မရနိုင်ပါ၊ ပယောဂ အမျိုးမျိုးဝင်နေ တဲ့ စစ်အဏာရှင်တွေဟာ ဒီမိုကရေစီရဲ့ အရိပ်ကို ခိုနေတာ လောလောဆယ် တွေ့ရပါတယ်။ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ် စုံစုံလင်လင် နားမလည်သေးတဲ့ ပြည်သူ့ဘက်က အရေခြုံ စစ်ဗိုလ် ချုပ်တွေ လဲ ရှိပါသေးတယ်။
2011 ခု၊ အောက်တိုဘာ (21) ရက်နေ့က RFA မှ ထုတ်လွှင့်သွားတဲ့ အမေးအဖြေ ကဏ္ဍတခု မှာ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး ဦးတင်ဦးက ရိုဟင်ဂျာ အကြောင်း ပြောလာတော့ မိမိတို့နိုင်ငံ သားဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ စွပ်စွဲလိုက်ပြန်ပြီ၊ ရိုဟင်ဂျာ တွေလဲ   ပြည် သူ ပြည်သားတွေပဲ။ ဘာဖြစ်လို့ ပြည်သူ ဘက်က ရပ်တည်မပေးတာလဲ။ ဒီမိုကရေစီ   နိုင်ငံ မှာ ပြည်သူတွေကို အကာ အကွယ်ပေးတဲ့ ပြည်သူ့အစိုးရပါပဲ။ ဒီမိုကရေစီ   နိုင်ငံတော် ကို အာဏာရှင် စစ် စစ်နဲ့ ထုထောင်လို့ မရပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မနာလိုစိတ်ကို မျိုသိပ် မထားနိုင်တာ အံ့သြလောက်ပါရဲ့။ ပါးစပ် က ဒီမိုကရေစီ ဆိုပေမဲ့ ရင်ထဲမှာ ဦးနေ၀င်းရဲ့ စစ်အာဏာ အကြွင်းအကျန်က ရှိနေသေးတယ်။ ဒါဟာ အဏာရှင် ဦးနေ၀င်းရဲ့ ပြုစု ပျိုးထောင်မှု   အောက်မှာ ကြီးပြင်းလာတာကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မပေးနိုင်ဒါ ဖြစ်ပါလိမ့်မယ်။
ဘာဘဲဖြစ်ဖြစ်၊ ဘဂါင်္လီဆိုတဲ့ နုတ်ထွက်စကားကို ရိုဟင်ဂျာဆိုပြီး ပြင်စေချင်ပါတယ်။ ဘင်္ဂလီဆိုတာ ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေကို ခေါ်ဒါပါ။ ကျမတို့ ရိုဟင်ဂျာတွေ မြန်မာပြည်ကို ချစ်တယ်၊ မြန်မာနိုင်ငံ အပေါ် သစ္စာရှိတယ်၊ မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှု ကိုကြိုက်နှစ် သက် တယ်။ မြန်မာပြည်ဖွား ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသား စစ်စစ်ဆိုဒါ ယုံမှား သံသယမရှိစေချင်ပါ။
ရိုဟင်ဂျာလူမျိုးဟာ ရခိုင်ပြည်နယ်မှာ ရှေးခေတ် အဆက်ဆက်က နေထိုင်လာခဲ့ အိစ္စလာမ် ဘာသာဝင် များဖြစ်ကြပြီး၊ ရခိုင်လူမျိုးများနဲ့အတူ ယှဉ်တွဲနေထိုင်လာခဲ့ပါ တယ်။ ကျမတို့ ရိုဟင်ဂျာ လူမျိုးတွေ နိုင်ငံခြားသား အလျဉ်းမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1000 ကျော် ကတည်း ကနေထိုင်လာခဲ့ရာ၊ 17 ရာစုသို့ ရောက်တဲ့အခါ ရခိုင်ပြည်ရဲ့ နန်းတွင်း နန်းပြင် မူဆလင်တွေရဲ့ သြဇာ အာဏာတိကမ္မ ကြီးမားကြောင်း၊ သမိုင်း အထောက်အထား ခိုင်လုံစွာရှိပါတယ်။ 1784 ခုနှစ်၊ မတိုင်မှီကပင် ရခိုင်ပြည်တွင် မူရင်း တိုင်းပြည်အဖြစ် နေထိုင်လာခဲ့သူများပီပီ၊ 1947 ခုနှစ်၊ အခြေခံ ဥပဒေ ပုဒ်မ ၁၁(က)(ခ) နဲ့ (ဂ)အရ၊ နိုင်ငံသားအဖြစ်သို့လည်းကောင်း၊ 1948 ခုနှစ်၊ နိုင်ငံသား အက် ဥပဒေ ၃(၁) အရ၊ တိုင်းရင်းသားလူမျိုးတမျိုးတွင် အကျုံးဝင်ပြီး တိုင်းရင်းသားများ အဖြစ်မှတ် ယူသူများဖြစ်ကြောင်း ထင်ရှားပါတယ်။
1954 ခုနှစ်၊ စကတင်ဘာ(25)ရက်နေ့ ည 8 နာရီအချိန်တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု သည် မြန်မာ အသံလွှင့်ဦးစီးဌာနမှ ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်တဲ့ ရိုဟင်ဂျာ လူမျိုးများ ဟာ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများဖြစ်ကြောင်း အသံလွှင့်မိန့်ကြားခဲ့ပါတယ်။ တဖန် 1959 ခုနှစ်၊ နိုဝင်ဘာ လ 3 ရက်၊ 4 ရက်နေ့၌ ဘူးသီးတောင်၊ မောင်းတောမြို့မှာကျင်းပခဲ့တဲ့ လူထု အစည်းအဝေး မှာ ရိုဟင်ဂျာ လူမျိုးများဟာ တခြားတိုင်းရင်းသားများနဲ့ နည်းတူ သစ္စာ သမာဓိနဲ့ ပြည့်စုံတဲ့ မြန်မာနိုင်ငံ တိုင်းရင်း သား လူမျိုးဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ သူတို့ဟာ တကယ့် မြန်မာ နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ကိုစတေးခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ စွန်းစွန်းစားစား ပါဝင်လှုပ်ရှား လွတ်လပ်ရေး အရယူခဲ့တဲ့ ပုဂ္ဂိုလ်တွေချည်းပါ။ ဗမာ စစ်စစ်ဖြစ်ပါတယ်။
အာဏာရူး မဆလ ဦးနေ၀င်းအစိုးရဟာ အဲဒီလို တိုင်းရင်းသားအဖြစ် သတ်မှတ်လိုက်တဲ့ ရိုဟင်ဂျာ လူမျိုးများတွေကို တချို့သော အစွန်းရောက်ဝါဒီများရဲ့ မဟုတ်မမှန် တိုင်ကြားချက်အပေါ် မဆင်ခြင်   လေ့လာမှုမရှိပဲ၊ ဦးနေ၀င်း အစိုးရဟာ စနစ်တကျ စီမံကိန်းချမှတ်ကာ 1978 ခုနှစ်၊ နဂါးမင်း စီမံချက်ဖြင့် ရိုဟင်ဂျာလူမျိုးများ ကိုတဖက်နိုင်ငံသို့ မောင်းထုတ် ခဲ့ပါတယ်။ ဒါပေမဲ့   မောင်းထုတ် ရင်လဲ တဖန် ဦးနေ၀င်း အစိုးရက ဟံင်္သာစီမံချက်ဖြင့်ရိုဟင်ဂျာတွေကို မိမိတို့ မြန် မာနိုင်ငံ သား အဖြစ် ပြန်လည်ခေါ်ယူ လက်ခံနေရာ ချထားခဲ့တာဟာ တကမ္ဘာ လုံးအသိပါ။
တဖန် မဆလ အမွှေစားအမွှေခံ စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက် အာဏာပိုင် အဖွဲ့အစည်းတွေ ဟာ ရိုဟင်ဂျာလူမျိုးတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်ချုပ်ချယ် ရက်စက် မှုကြောင့် တခြားနယ်စပ်တိုင်း ရင်းသား လူမျိုးတွေလို တဖက်နိုင်ငံသို့ ခိုလှုံနေရာမှ စစ်အစိုးရက တဖက်နိုင်ငံမှ ရိုဟင်ဂျာလူမျိုး တချို့တ၀က် ကို မြန်မာနိုင်ငံသား အထောက် အထားခိုင်လှုံမှုဖြင့် ပြန်လည် ခေါ်ယူလာပြီး တချို့ တ၀က် တဖက်နိုင်ငံမှာ နိုင်ငံမဲ့ဘ၀ရောက်နေပါတယ်။ ဒီလို ဒုက္ခရောက် နေကြတဲ့ ကျမတို့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာမှုမရှိကြပေမဲ့၊ မြန်မာ မိန်းကလေးတွေကို မျှော့စာကျွေးတဲ့ တရုတ်တွေအကြောင်းကြားရင် ကျမမျက် ရည် ကျမိပါတယ်။ ဒီလို ရက်စက်သူတွေဟာ မင်းမှုနေပါ တယ်။ ဒုက္ခရောက်တဲ့ လူတွေဟာ ဒုက္ခပင်လယ်ဝေနေကြပါတယ်။ ဒါကြောင့် လူလိုအဓိပ္ပါယ်ရှိကြတဲ့ လူသားဆန်တဲ့စိတ်မွှေးကြရင် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကိုခံစားနိုင်ရန် အားလုံးစုပေါင်းညီညာ သာယာဝပြောတဲ့ နိုင်ငံတော်ကို ထူထောင်နိုင်မယ်ဆိုရင် အားလုံးသူတွေ ပျော်ရွှင်နေနိုင်ကြရမှာပါ။
လူဖြစ်ပြီး လူဖြစ်ရှုံးနေတာ ကျမတို့မြန်မာနိုင်ငံသားတွေမဟုတ်လား၊ အဲဒီလို အယူသည်း အမှားတွေ ကို စွှန့် လွှတ်ပြီး၊ အမှန်ကို လက်ခံ ကြပါ။ လူအချင်းချင်း အမုန်းတရားကို မျက်ကွယ်ပြုပြီး ချစ်ခင် စွာပြည် သူတရပ်လုံး အတူလက်တွဲ ချီတက်ကြပါစို့။
ဒေါ်ခင်လှ

 

 

 

 

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ၂၀၁၁-ခု အောက်တိုဘာ(၉)ရက် နေ့စွဲပါ သဘောထား ကြေငြာချက်အား ကန့်ကွက်လွှာ …

Written By:မျိုးချစ်မောင်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ၂၀၁၁-ခု အောက်တိုဘာ(၉)ရက် နေ့စွဲပါ သဘောထား ကြေငြာချက်အား ကန့်ကွက်လွှာ

ပြသာနာ၏ မူလရင်းမြစ်မှာ အယူဝါဒကျဉ်းမြောင်းသော ရခိုင်အမျိုးသားရေးဝါဒီများ၏ သမိုင်းကြောင်း အမှန်ကို မသိချင်ယောင်ဆောင် အမှန်တရားကို လက်မခံလိုစိတ်ကြောင့် ဟိုးရှေးပဝေသဏီကတည်းက အတူတကွ လက်တွဲနေထိုင်လာခဲ့သောရိုဟင်ဂျာလူမျိုးများ အား ကြောက်စိတ်၊သံသယစိတ်ဖြင့် ကြည့် ရှု မြင်ယောင်မိသောကြောင့်ဖြစ်သည်။
ဤနေရာတွင် Arakan ၏ မူလအစနှင့် ပတ်သက်၍ မငြင်းခုံလိုပါ…မည်သို့ပင် ဆိုစေ ကမ္ဘာမြေကြီး၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။အမှန်တရားကို လက်ခံရန် ပါမောက္ခ ပညာတက်ကြီးဖြစ်ရန်မလိုပါ။ ဗုဒ္ဓ၏ အဆုံးအမကို တစ်သွေမတိန်း လိုက်နာသူ၊လူသားကောင်း တစ်ယောက်ဖြစ်လျှင် ဤအမှန်တရားကို လက်ခံရန် ခက်ခဲမည်မဟုတ်ပါ။ုအချုပ်အားဖြင့် Arakan တွင် Rohingya လူမျိုးများ ရခိုင်လူမျိုးများထက် ရာစုနှစ်များစွာ စော၍ ရှိနေသည်ကို သက်သေပြနိုင်လျှင် လုံလောက်သည်။

“တတိယစာပိုဒ်”

….ရခိုင်လူမျိုးများရှေး ပဝေသဏီကပင် နေထိုင်လာခဲ့သော ရခိုင်မြေကို လုယူလိုသူ ဘင်္ဂလီလူမျိုး တစ်စုသည် အကြမ်းဖက်နည်း၊အနုနညး၊၀ါဒဖြန့်ချီနည်း အစရှိသည့် နည်းပေါင်းစုံဖြင့် ကြိုးစားလာခဲ့ သည်မှာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပြီဖြစ်သည်။ ရခိုင်နာမည် ဖျောက်ဖျက်လိုသည့် ရည်ရွယ် ချက်ဖြင့်….အာရခိန်ပြည်ဟု ရေးသားမှုများပြုလုပ်လာကြပါသည်။ 

“ချေပချက်”

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်းဆောက်ရေးအဖွဲ့ လက်ထက်တွင် ထုတ်ဝေသော “သာသနာရောင်ဝါ ထွန်းစေဖို့” စာအုပ် စာမျက်နှာ ၆၅ အရ မူဆလင်များသည် နှစ်ပေါင်း ၁၀၀၀၊ ၁၂၀၀ ကျော်ကပင် အခြေချ နေထိုင်လာခဲ့သူများဖြစ်သည်။ မည်သို့မည်ပုံရောက်ရှိ အခြေချနေထိုင်လာခဲ့သည် ကို အားလုံးသောသမိုင်းပညာရှင်များ လက်ခံကြသည် အတိုင်း အာရပ်ကုန်သည်များသည် ထိုအချိန်က ကုန်ကူး သန်းရောင်းဝယ်ရေးအတွက် ရခိုင်ကမ်းရိုးတန်း၊တနင်္သာရီကမ်းရိုးတန်းမှ တဆင့် မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ ရောက်ရှိ အခြေချခဲ့သည်။

Arakan မြေမှာ ရှေးပဝေသဏီ ကတည်းက နေထိုင်လာခဲ့ကြတာ ရခိုင်တွေ စောသလား…? ရိုဟင်ဂျာတွေက စောသလား သမိုင်းအထောက်အထားနဲ့တင်ပြပါမည်။
၁၆ ရာစုတွင် ရေးသော “ဟာနီဖါ နှင့် ခိုင်ယာဖူရီ” စာအုပ်တွင် စာရေးဆရာ Shah Barid Khan က ယ္ခုမောင်တောခရိုင်၊မောင်တောမြို့ လဘောစားရွာ(Arabshah Para) သို့ AD ၆၈၀-ခုနှစ်တွင် Mohammed Ali ၏သား Mohammed Hanif သည် Karbala စစ်ပွဲအပြီး သူ၏ ရဲဘော် ရဲဖက်များနှင့် ရောက်ရှိခဲ့သည်။ထိုအချိန်တွင် Queen ခိုင်ယာဖူရီသည် မေယုတောင်တန်း တလျှောက် လုယက်တိုက်ခိုက်မှုများ နှင့် အုပ်စိုးနေချိန်ဖြစ်သည်။ Mohammed Hanif သည် ထို Queen ကို တိုက်ခိုက်သိမ်းယူပြီး လက်ထက်ယူခဲ့သည်။ထို့ကြောင့် Kaiyapuri နှင့်တကွ သူမ၏ အခြေအရံများသည် အစ္စလာမ်သာသာကို ခံယူပြီး အေးချမ်းစွာ နေထိုင်လာခဲ့သည်။ ယ္ခုထက်တိုင် ထိုမေယုတောင်ကြော တစ်ဝိုက်တွင် Hanifa Tonki နှင့် Kayapuri Tonki ဟူ၍ အထင်အရှား တွေ့မြင်နိုင်ပါသည်။ အချုပ်ဆိုရလျှင် ယနေ့ ရိုဟင်ဂျာ၏ မူလအစသည် ထိုဖြစ်ရပ်မှ မြစ်ဖျားခံလာသည်ဟု ဆိုနိုင်ပါသည်။
တစ်ဖန် အေဒီ (ရ၈၈-ခု )မဟာထိုင် စန္ဒယား မင်းကြီးလက်ထပ်တွင် အာရပ်ကုန်သည် သင်္ဘောများ ရမ်းဗြဲကျွန်း အနီးတွင် ပျက်သွားရာမှ အကူအညီတောင်းလာသော အာရပ်များကို အာရ်ကန်၏ တစ်ခြားနေရာ မြို့ရွာများတွင် နေရာချပေးခဲ့သည်။ ဤသည် မှာ ရိုဟင်ဂျာများ ရေးသော သမိုင်းအထောက်အထားများမှ ကောက်ယူခြင်းမဟုတ် (၁၉၅၇-ခုနှစ် နှင့် ၁၈၇၉-ခုနှစ်) တွင် ထုတ်ဝေခဲ့သော Burma Gazetteers(Akyab District) နှင့် British Burma Gazetteers တို့မှ ကောက်နုတ်ချက်ဖြစ်သည်။

အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ၀လီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ဤသည်များမှာ များစွာသော သမိုင်းအထောက် အထားများမှ အချို့သာ ဖြစ်သည်။
သမိုင်းဆရာ Morris Collis ၏ အဆိုအရ တိဗက်-မြန်မာ အနွယ်ဝင်များသည် Arakan ကို India မှ ခွဲထုတ်၍ ဝေသာလီခေတ် နေထိုင်သူများနှင့် ရောထွေးသွားခဲ့ရာမှ Indo-Mongoloid ဟုခေါ်သော ရခိုင် လူမျိုးဖြစ်ပေါ်လာခဲ့သည်။ ဤအဖြစ်အပျက်မှာ( AD-၉၅၇) ခုနှစ်တွင် ဖြစ်ခဲ့သည်။
အထက်ပါ သမိုင်းထောက်အထားများကို ကြည့်ခြင်းအားဖြင့် Arakan တွင် ရှေးပဝေသဏီ ကပင် နေထိုင် လာခဲ့ကြသူများမှာ ရခိုင်များလား…? ရိုဟင်ဂျာများလား…? ရခိုင် နှင့် ရိုဟင်ဂျာ နှစ်ခုစလုံးများလား ထင်ရှားစွာ သိမြင်နိုင်ပါသည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကပင် ရခိုင်လူမျိုးများထက်စော၍ Arakan တွင် ရောက်ရှိ အခြေချ နေထိုင်လာခဲ့သော ရိုဟင်ဂျာလူမျိုးများသည် မိမိတို့ ဘိုးဘွားစဉ် ဆက် နေ ထိုင်ကျက်စားရာ Arakan ကို Arakan ဟုသုံးခြင်းသည် အလွဲသုံးစားခြင်း မဟုတ်၊ လုယူခြင်းလဲ မဟုတ်၊ နာမည် ဖျောက် ဖျက်လိုခြင်းလဲ မဟုတ်ပါ။ ရက်စက်သော စစ်အစိုးရ အဆက် ဆက်၊ အယူဝါဒ ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒီများ၏ ကိုယ်ကျိုးဖက် လူမဆန်ခြင်းကြောင့် လူသား အခြေခံအခွင့်အရေးများပါ နစ်နာဆုံးရှုံးခြင်း ခံနေကြရသော ရိုဟင်ဂျာ လူထုတစ်ရပ်လုံး၏ အခွင့် အရေးကို ပြန်ရယူပြီး Sister Community ဖြစ်သော ရခိုင်လူမျိုး များ နှင့်   အေးချမ်းစွာ နေထိုင်နိုင်ရန် မျက်မှောက်ခေတ်၏ ဘောင် စည်းမျဉ်း၊စည်းကမ်း နှင့် အညီကြိုးစား ရုန်းကန်ခြင်းသာ ဖြစ်ပါသည်။

Arakan တွင် ဘိုးဘွား စဉ်ဆက်နေထိုင်လာခဲ့သော လူမျိုးများသည် အမိမြေကို Arakan ဟု သုံးနုံးလျှင် ဘယ်ဥပဒေကမှ အပြစ်ပေး အရေးယူ၍ မရပေ။ အယူဝါဒ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီများကြောင့် ထိုကဲ့သို့ မဟုတ်မမှန်ရေးသားပြီး တကမ္ဘာလုံးအား မျက်စိမှိတ်၊နား ပိတ်ရန် ကြိုးစားနေကြ ခြင်းဖြစ်သည်။

“ဆဠမစာပိုဒ် “

ကမ္ဘာတစ်ဝှမ်းက ရခိုင်အမျိုးသားတို့ကို Arakanese ၊ ရခိုင်ပြည်ကို Arakan မြေပုံများတွင်လဲ Arakan ဟုသာ ယနေ့ထိ Arakan နှင့် Arakanese တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်၊ ဘဂါင်္လီ လူမျိုးတစ်ခု သည် Arakan နှင့်ပက်သက်သော သမိုင်းများ၊စာအုပ်များကို လိမ်ညာ ဖြန့်ချီ….။ 

“ချေပချက်”

မည်သည့် သမိုင်းဆရာကမျှ ရခိုင်အမျိုးသားတို့ကို Arakanese ဟူ၍ သုံးခဲ့သည်မရှိပါ။ Magh ဟူ၍သာ ရှိသည်။ ရခိုင်သည် Magh ၏ updated version ဖြစ်သည်။ Arakanese ဟုဆိုလျှင် Arakan တွင်လူမျိုးအားလုံးကို ဆိုလိုသည်။Hindu,Muslim,Buddist အားလုံးအကျုံး ၀င်သည်။ မြေပုံ တွင် Arakan ကိုသုံးခြင်းသည် မဆန်းပါ…။Arakan ကိုသုံးခြင်းဖြင့် Arakan သည် ရခိုင် လူမျိုးအတွက် ချည်းသာ ဖြစ် မသွားပါ။ယခု အချိန်အထိ ကမ္ဘာ့ပညာရှင် မည်သူကမှ Arakan နှင့် Arakanese တို့သည် ဗုဒ္ဓဘာသာဝင် များသာ ဖြစ်သည်ဟု မှတ်ချက်မပေးပါ။ သိလဲမသိကြပါ။ ရိုဟင်ဂျာ လူမျိုးများသည် မိမိတို့၏ သမိုင်းဖြစ်ရပ် အမှန်ကို ရေးခြင်း သာဖြစ်သည်။ဤသို့ ရေးရာတွင်၊ဖြန့်ချီရာတွင် ရိုဟင်ဂျာမဟုတ်သော သမိုင်းဆရာများ ၏ အမြင်နှင့် မဆန့်ကျင်ပါ…။

သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက် မေယုတောင်ကြားက ရိုဟင်ဂျာတွေဖြစ် တယ်။သူတို့ အဲဒီ ဒေသ မှာ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်းထောင်ကျော်ပြီလို့ပြောတယ်။ ပိုမိုသိလိုလျှင် ဒေါက်တာ သန်းထွန်း -Kalya Magazine p-27,1994,August ကိုကြည့်ပါ။ ထိုကြောင့် ရိုဟင်ဂျာများသည် သမိုင်းကို လိမ်ညာဖြန့်ချီခြင်း မဟုတ် ရခိုင်လူမျိုးများ သည်သာလျှင် ရိုဟင်ဂျာ၏ သမိုင်းဖြစ်ရပ်အမှန်ကို လက်မခံ လိုခြင်းကြောင့် ဖြစ်ရပ်မှန်ကို လိမ်ညာလှည်းစားခြင်းဖြစ်သည်။

“အဠမစာပိုဒ်”

ဘင်္ဂလီလူမျိုးတို့သည် တဖြည်းဖြည်း ရခိုင်လူမျိုးတို့၏ နေထိုင်ရဒေသ၊ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေ များ၊ ဘ၀ရပ်တည်ရာ ၀မ်းစာရှာဖွေရေးလုပ်ငန်းများ၊ သဘာဝအရင်းအမြစ်များကို ၀ါးမျိုလာသည် မှာ ဒေသခံရခိုင်လူမျိုးများအဖို့ ဘ၀ရပ်တည်မူ မရနိုင်အောင် ဖြစ်လာနေပါပြီ…။ ရခိုင်လူမျိုးတို့၏ လူ့အခွင့် အရေးကို ကျူးကျော် ချိုးပေါက်ခံလာရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ 

“ချေပချက်”

အထက်ပါ မလိုတမာ ဝေဖန် ရေးသားမှုသည် တကယ်ဖြစ်ပျက်နေသာ Arakan ၏ ရိုဟင်ဂျာ ဖြစ်ရပ်ခံစားမူနှင့် လုံးဝဆန့်ကျင်နေသည်။ ရိုဟင်ဂျာလူမျိုးတို့ ဘိုးဘွားစဉ် ဆက် ကတည်းက ပိုင်ဆိုင် လုပ်ကိုင်လာသော လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများကို သိမ်းပိုက် ၀ါးမျိုးနေသည်မှာ ဘင်္ဂလားမှ ဝင်လာသော ဘဂါင်္လီ ဗုဒ္ဓဘာသာဝင် လူမျိုးများ ၊ ရန်ကုန် အင်းစိန် ကျူးကျော် ရပ်ကွက်မှ နေရာချပေးသော ဗမာလူမျိုးများ နှင့်စစ်အစိုးရတို့ပင် ဖြစ်သည်။

၁၉၉၀ ခုနှစ် ၀န်းကျင်မှ စ၍ ရိုဟင်ဂျာ ပိုင်လယ်ယာမြေများ သိမ်းယူကာ တဘက်နိုင်ငံ မှဝင်ရောက် လာသော ဗုဒ္ဓဘာသာ မော့ဂ် များအတွက် အိမ်အသင့် လယ်အသင့် မြေအသင့် ရိုဟင်ဂျာများက တည်ဆောက်ပေးနေရသည်။ ဥပမာ မောင်တောမြို့   တောင်ပိုင်း နှင့်   မြောက် ပိုင်း  တွင် ထိုကဲ့သို့ စံပြ ကျေးရွာ များကို တွေ့ရှိရမည်ဖြစ် သည်။မောင်တောမြို့၊မြို့မ ကညင် တန်းရှိ မူဆလင် ဘာသာရေး   မောရ်ကောစ် ဗလီ ကျောင်းကြီးကို ဖျက်ဆီး၍ မီးသတ်တပ်ဖွဲ ဌါန အဖြစ်အသုံးပြုနေသည်။ ထိုဗလီကျောင်းကြီး ၏ Mehrab ကို အိပ်သာအဖြစ် သုံးနေသည်။   မောင်တောမြို့ အထက်တန်းကျောင်း အနောက်ဘက်ရှိ ရိုဟင်ဂျာ အိမ်ခြံများကို သိမ်းပိုက်ယူခဲ့ သည်။ ဘူးသီးတောင်မြို့မှ   မောင်တောမြို့သို့ အ၀င်ဝတွင် ရှိသော ရိုဟင်ဂျာပိုင် လယ်မြေများ ကို သိမ်းယူပြီး ဘုရားတည်ခဲ့သည်။ အလယ်သံကျော်မှ မြို့မ ကညင်တန်း အ၀င်တွင် ဘင်္ဂ လားဒေ့ခ်ျ ဘုန်းကြီးကျောင်းတိုက်ကို ရိုဟင်ဂျာတို့၏ လယ်မြေများပေါ်တွင် သိမ်းယူ တည်ထောင်ခဲ့သည်။
တဖန် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်တည်ရှိရာ နေရာသည် ရိုဟင်ဂျာမူဆလင်တို့၏ အိမ်ခြံမြေဖြစ် သည်။ စစ်တွေမြို့မ ဗလီကြီး၏ မြောက်ဘက်တွင် မီးလောင်ရာမှ ဖျက်ဆီး သွားသော ရိုဟင်ဂျာပိုင် အိမ်ယာမြေများကို သိမ်းယူပြီး လူမျိုး ရခိုင်များအတွက် ဆိုင်ခန်း၊ ယဉ်ကျေး မှုပြတိုက် စသည် တို့ကို တည်းဆောက်ပေးခဲ့သည်။
ထိုမှတစ်ပါး ၁၉၉၄-ခုနှစ်တွင် မင်းပြား နှင့် မြောက်ဦးမြို့နယ်များမှ ရိုဟင်ဂျာလူမျိုးများ၏ အိမ်ခြံမြေယာ များကို သိမ်းယူးပြီး ထိုရိုဟင်ဂျာလူမျိုးများကို မောင်တောမြို့သို့ အိုးမဲ့အိမ်မဲ့ ဘ၀သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုမိသားစုမျာားကို ယ္ခုထက်တိုင် မောင်တောမြို့တောင် ပိုင်းရှိ  ကျေးရွာ များ တွင် တွေ့နိုင်ပါသည်။

အထက်ပါ အချက်အလက်များသည် ခိုင်လုံသော အထောက်အထားများဖြစ်ပြီး အများစုထဲမှ အနည်း အကျဉ်းကို တင်ပြခြင်းဖြစ်သည်။

အထက်ပါ တင်ပြချက်များကို ကြည့်ခြင်းအားဖြင့် လူအခွင့်အရေးချိုးဖောက်ခံရသူများမှာ ရခိုင်တွေလား ရိုဟင်ဂျာတွေလား သိသာနိုင်ပါသည်။အစိုးရ နှင့် ရခိုင်လူမျိုးတို့၏ နေ့စဉ်မပြတ် ရက်စက် ချုပ်ချယ်မှုကို ခံနေရသူများမှာ ရိုဟင်ဂျာများပင်ဖြစ်သည်။ ရိုဟင်ဂျာ တို့၏ နေထိုင် ရဒေသ၊ လယ်ယာမြေများ ဥယျာဉ်ခြံမြေများ ကိုသိမ်းယူနေသူများမှာ ရခိုင်လူမျိုး များနှင့် စစ်အစိုးရ တို့ပင်ဖြစ်ကြသည်။ ရိုဟင်ဂျာ လူမျိုးတို့ ဘ၀ရပ်တည်မူ မရနိုင်အောင် ချုပ်ချယ် ကန့်သက် ဖိနှိပ် ရက်စက်နေသူ များမှာ ရခိုင်နှင့် စစ်အစိုးရတို့ပင် ဖြစ်ကြသည်။

“နောက်ဆုံး စာပိုဒ်”

ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများသည် ကမ္ဘာ့ ယဉ်ကျေးမှုပိုင် အဆောက် အအုံး များ ဖြစ်ပါသည်။လူရမ်းကား လူလိမ် ဘင်္ဂလီတစ်ချို့ကြောင့် ရခိုင်ပြည်ရှိ ဗုဒ္ဓသာသနာ အဆောက်အအုံးများသည် ပျောက်ကွယ်ရတော့မည်…။ 




“ချေပချက်”

ယခုမျက်မှောက်ကာလတွင် မည်သည့် ရခိုင်ဘာသာရေး အဆောက်အအုံးများကို တစ်ခြား ရခိုင် မဟုတ်သော လူမျိုးများမှ ဖျက်ဆီးခြင်း မရှိပါ။ ရခိုင်လူမျိုးများ နှင့် စစ်အစိုးရ ပူးပေါင်း၍ ရိုဟင်ဂျာ လူမျိုး အိစ္စလာမ်ဘာသာဝင်တို့၏ ဗလီကျောင်းများ၊သမိုင်းဝင်နေရာများကို ဖျက်ဆီးခြင်း များ၊ သိမ်းပိုက်ခြင်း များ ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော်သွားပြီးဖြစ်သည်။
ဥပမာပြရလျှင် မောင်တောမြို့ မြို့မကညင်တန်းရှိ မေရ်ကောစ် ဗလီကြီး၊မြောက်ပိုင်း   နှင့် တောင် ပိုင်းရှိ ဗလီကျောင်းများ၊မြောက်ဦးမြို့ရှိ စန္ဒီခန် ဗလီကြီးများကို စစ်အစိုးရ အဆက် ဆက်က ပျက်စီးပြီး ရိုဟင်ဂျာ သမိုင်းဝင် အမှတ်အသားများကို တိမ်ကော မှေးမှိန် သွားအောင် ပြု လုပ်လျှက်ရှိနေသည်။ယ္ခု စစ်တွေမြို့ လောကနန္ဒာ ဘုရားတည်ရှိ ရာ နေရာ သည် လည်း ရိုဟင်ဂျာမူဆလင်များ၏ အိမ်ယာမြေများ၊ ဗလီကျောင်း များကို ဖျက်ဆီးသိမ်းပိုက်ပြီး ဘုရား တည်ထားခြင်းဖြစ်သည်။

သမိုင်းဝင်သာသနာ့ အဆောက်အအိုများ ပျောက်ကွယ်အောင် ကြံစည်ဖန်တီးနေသူများမှာ ရခိုင်ပဲလား….စစ်အစိုးရနဲ့ရခိုင်ပဲလား…. သိသာမြင်ရှုနိုင်ပေသည်။
ထို့ကြောင့် အနည်းဆုံး နှစ်ပေါင်း (၁၂၀၀) ခန့်ကပင် Arakan တွင်ရှိနေသော ရိုဟင်ဂျာများသည် Arakanese Rohingya ဟုမသုံးနှိင်လျှင် ရခိုင်များသည်လည်း Arakanese ဟုမသုံးနိုင်ပေ။ ရိုဟင်ဂျာ သည်ဘင်ဂါလီ ဖြစ်လျှင် ရခိုင်များသည် သမိုင်းအထောက်အထားများအရ ရိုဟင်ဂျာ ထက်စော၍ Indian ကုလားဘင်ဂါလီ ဖြစ်သည်။

အထက်ပါ အချက်အလက်များကို ထောက်ရှုခြင်း အားဖြင့် ရခိုင်တိုင်ရင်းသားများ တိုးတက်ရေး ပါတီမှ ထုတ်ပြန်သော ကြေငြာချက်သည် အခြေအမြစ် မရှိ၊လူမျိုးရေး မုန်းတီးမူဝါဒီများ၏ လုပ်ရပ်သာဖြစ်ကြောင့် သက်သေပြအပ်ပါသည်။

Sources:
Rohingyas are not British era settlers, summery of the facts from the Rohingyas of Arakan,AFK Jilani
A Short History of Rohingyas and Kamans of Burma, M.A Tahir Ba Tha (translated by A.F.K Jilani, edited by Mohd. Ashraf Alam)
ကိုယ်တွေ.ဖြစ်ရပ်များ

 

 

 

Wikimyanmar သို့ တုန့်ပြန်ချက် by နေဆန်းလွင်

ကိုလိုနီခေတ်နှောင်းပိုင်းဆိုသည်မှာ၁၉၄၈ခုနှစ်နှောင်းပိုင်းကိုဆိုလိုခြင်းဖြစ်၍ပါလီမန်ခေတ်အတွင်းဆိုသည်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

မောင်းတော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား ၊  စစ်တွေရမ်း ဗြဲနှင့်  ကျောက်ဖြူ မြို့များ တွင်နေထိုင်သူများမှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြသည်။ သို့သော် သံတွဲမြို့ တွင်နေ ထိုင်သူများ မှာ ကမန် လူမျိုးများဖြစ်ကြသည်။

Wikimyanmar ၌အစပိုင်းတွင် ရိုဟင်ဂျာလူမျိုးများကို ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ် အတွင်း တရားမ၀င်အခြေချသူများဟုရေးသားထားသည်။ တဖန် “အဆိုပါ ဘင်္ဂလီလူမျိုးတို့ကို ရခိုင်ဘုရင်အဆက် ဆက်၊ အစိုးရအဆက်ဆက်နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ချေ” ဟုရေး သား ထားပြန်သည်။ ဤသည်မှာ Wikimyanmar သည် ရိုဟင်ဂျာလူမျိုးတို့် ရခိုင်ပြည်၌ ၁၇၈၄ ခုနှစ်မတိုင်မီကတည်းက နေထိုင်လာခဲ့သော လူမျိုးများဖြစ်သည်ဟု သက်သေခံပေး သည့် အထောက် အထားတစ်ခုဖြစ်သည့်အတွက် စာရေးသူမှ   ကျေးဇူးတင် မိပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးရှိခဲ့ရာတွင် ရိုဟင်ဂျာလူမျိုးပါဝင်ခဲ့ သည်ကို ရေး သား ထား သည့် အတွက်လည်း မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ တွင်ရိုဟင်ဂျာလူများပါဝင် သည်ကို ထပ်မံ၍သက်သေခံပေး ခြင်းဖြစ်သည်။
ဦးနုလက်ထက်၌ မဲပေးခဲ့သူများအားလုံးမှာ အမျိုးသားမှတ်ပုံတင် ကပ်ပြား ကိုင်ဆောင် ထားသော မြန်မာနိုင်ငံ သားများဖြစ်ကြသည်စာရေးသူ၏ အဖိုးအဖွားများကိုင်ဆောင်ခဲ့သောထို အမျိုးသား မှတ်ပုံတင်များကို စာရေးသူ ကိုယ်တိုင်မြင်ဖူးခဲ့သည်။ ထိုအမျိုးသားမှတ်ပုံတင်များ ကို၁၉၇၈ခုနှစ် တွင်အာဏာရှင်ဦးနေ၀င်းမှ နဂါးမင်းစီမံ ချက်ဖြင့် ဦးစိန်လွင်အားဦးစီးစေပြီး တအိမ်တက်တအိမ်ဆင်း၍ မတရားသိမ်းစေခဲ့သည်။ ထိုသို့အသိမ်းခံရသော သူများမှာ ယခုထိ အသက်ရှင်နေထိုင် လျက်ရှိသည်ထို အချိန်၌အစိုးရအမှုထမ်းအချို့၏ အမျိုးသားမှတ်ပုံတင် များကိုသာ မသိမ်းဆည်းဘဲ ချန်ခဲ့သည်။
ရိုဟင်ဂျာလူမျိုးတို့ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်များအား မတရားသိမ်းပိုက်၍ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၁ ခုနှစ်များတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထွက်ပြေး၍ ဒုက္ခသည်ဘ၀သို့ရောက်နေရခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် လည်း ထိုဒုက္ခ သည်များကို နိုင်ငံ တွင်းသို့ ပြန်လည် ခေါ်ခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် လည်း အချို့ကိုပြန်လည်ခေါ်ခဲ့ရသည်။ ထိုကဲ့သို့ပြန် လည်ခေါ်ခဲ့ရခြင်းသည် ထိုရိုဟင်ဂျာလူမျိုး တို့သည် မြန်မာနိုင်ငံသားများဖြစ်သောကြောင့်ဖြစ်သည်။ အချို့မှာ ယခုအချိန်ထိ မဲဆောက်   နှင့်အခြားနေရာ များတွင်သောရှိသော ဒုက္ခသည်များနည်းတူ ကုလသ မဂ္ဂ ဒုက္ခသည် စခန်း များတွင် နေထိုင်နေရ ပါသည်။ ထိုသို့နေထိုင်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များပေးသော ဒုက္ခများကိုနေ့စဉ်ရက်ဆက်ခံစားနေကြ ရသည်။
ရခိုင်ဘုရင်အဆက်ဆက်တွင်ရှိနေခဲ့သောသူများအဖြစ် Wikimyanmar မှသက်သေခံပြီးဖြစ်သည့် အတွက် ဗြိတိသျှကိုလိုနီခေတ်တွင် တံခါးမရှိဝင်လာသည့်ကိစ္စကို စာရေးသူမှရှင်းလင်း ရန်မလို အပ်တော့ပါ။
ရိုဟင်ဂျာလူမျိုးတို့သည် မြန်မာပြည်မမှခွဲထွက်ရန် မည်သည့်အခါမှ မတောင်းဆိုခဲ့ပါ။ မေယုခရိုင် ကို ပြည်မနှင့် တွဲ၍အုပ်ချုပ်ရန်တောင်းဆိုခဲ့ခြင်းသည် အလွန်အရေးကြီးသော သက်သေ အထောက်   အထားဖြစ်သည်။
ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးသည် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများအချို့တွင် အခြေ ချ၍ မိမိတို့၏ ဆုံးရှုံး သွားသော နိုင်ငံသားရပိုင်ခွင့်များ ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ၄င်း၊ အခြားသော တိုင်းရင်း သားအဖွဲ့ အစည်းများနှင့်၎င်း ပူးပေါင်း၍ ငြိမ်းချမ်းစွာတောင်း ဆိုနေခြင်းဖြစ် သည်။ မည်သည့်အဖွဲ့အစည်းမှ လက်နက်ကိုင် ဆောင်၍ နယ်စပ်ဒေသတွင် ဒေသ တွင်းစိုးရိမ်ရအောင် တိုက်ခိုက်နေခြင်းမရှိပါ။
ရိုဟင်ဂျာဒုက္ခသည်များသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရစဉ် အိမ်ထောင် ဘက်   မြောက်မြားစွာရှိ သည်ဟူသောစွပ်စွဲချက်ကို စာဖတ်သူတို့မှ ချင့်ချိန်၍ စဉ်းစားလျှင် အဖြေထွက် မည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် တွင် ဒုက္ခသည်များ မည်ကဲ့သို့နေထိုင်နေရသည်ကို Youtube ရှိ ဗီဒီယိုများမှတဆင့် စာဖတ်သူ များလေ့လာနိုင် ပါသည်။ ယခုအခါ ရခိုင်ပြည်နယ် သည် မြန် မာနိုင်ငံ၌ အဆင်းရဲဆုံးပြည်နယ်ဖြစ် သည်ဟု ရခိုင်ပြည်သားဗုဒ္ဓ ဘာသာဝင်များကပင် စာရေး၍ Statement ထုတ်နေရသည့်ကာလဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတို့၏ လက်ထပ် ခွင့်ကို ကန့်သတ်ထားသော်လည်း၊ ထိုကဲ့သို့ စွပ်စွဲပြောဆိုနေခြင်းမှာ ရိုဟင်ဂျာလူမျိုး တို့၏ ဂုဏ်သိက္ခာညိုးနွမ်းအောင် ပြုလုပ်နေခြင်းမှလွဲ၍ အခြားသော ရည်ရွယ် ချက်မရှိသည်မှာ သိသာထင်ရှားပါသည်။ မွေးဖွားလာသော ကလေးငယ်များကို အိမ်ထောင်စုစာ ရင်းထဲ ထည့် မပေးဘဲ ၄င်းတို့၏ဘ၀ကိုပင် နိုင်ငံမဲ့ဘ၀သို့ စနစ်တကျပို့နေသည့်အချိန်တွင် မျိုးဆက်ပွား မှု မြင့်မားမည်လော။ ရှေးခေတ်များတွင် မြန်မာနိုင်ငံအနှံ့အပြား၌ မျိုးဆက် ပွားမှုမြင့်မားခဲ့ပါသည်။ စာဖတ်သူမှ မိမိ ၏အဖိုးအဖွားများ၌ မောင်နှမဘယ်နှစ်ဦး ရှိခဲ့သည် ကို ပြန်လည်ဆန်းစစ်လျှင် အဖြေကိုသိရှိမည်ဖြစ်သည်။ စီးပွားရေး ကျပ်တည်းနေသော မြန်မာနိုင်ငံတွင် ယခုအခါ မည်သူမဆိုမျိုးဆက်ပွားမှုကို ထိန်းချုပ်လျက်ရှိသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအားလုံးမှာ တရွာမှတရွာသို့သွားလျှင် ခရီးသွားခွင့်ပါမစ်တင်ပြီးမှ ခရီးသွားခွင့ှ် ရှိသည်။ ထိုသို့အခြေအနေကြောင့် ဆေးဝါးအချိန်မှီမကုသရဘဲ အသက်ဆုံးရှုံးခဲ့သူ များမနည်း တော့ပါ။ ရိုဟင်ဂျာတို့မှာ ယခင်ခေတ်ကဲ့သို့ အစိုးရ၀န်ထမ်းလုပ်ခွင့် လည်းမရကြတော့ ပါ။ ဤကဲ့သို့အခြေအနေ တွင် ရန်ကုန်မြို့သို့သွား ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်မှာ အိပ်မက်ပင်မမက်နိုင်ကြပါ။ ထို့ကြောင့် ယခုအခါ စားဝတ်နေရေးကို ဖြေရှင်းရန် အသက်စွန့်၍ စက်လှေများဖြင့် ပင်လယ်ပြင်ကိုဖြတ်၍ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများ သို့ရောက် ရန်ကြိုး စားနေကြရသည်။ အများစုမှာ ပင်လယ်ပြင်တွင် အစာရေစာငတ်ပြတ်၍ တဖုံ၊ မုန်တိုင်း ဒဏ်ကြောင့်တမျိုးဖြင့် လမ်းခရီးတွင်ပင်အသက်ဆုံးရှုံးနေရပါသည်။ ထိုနိုင်ငံများတွင် ရိုဟင်ဂျာ များ သာမက အခြားသောမြန်မာနိုင်ငံသားများ သိန်းဂဏန်းနှင့်ရှိပါသည်။ ထိုသို့စွန့်စား သွားနေသော မြန်မာနိုင်ငံသား မြောက်မြားစွာရှိပါသည်။
ဤသည်ကို ရှက်ဖွယ်ကိစ္စသဖွယ်ရေးသားရန်မလိုအပ်ပါ။ မြန်မာနိုင်ငံ၏   နိုင်ငံရေးနှင့်စီးပွားရေး အကျပ် အတည်း တို့ကြောင့်သာဖြစ်သည်။
Wikimyanmar တွင်ရိုဟင်ဂျာလူမျိုးအကြောင်းရေးသားသူသည် Racist တစ်ယောက် သာဖြစ်ပြီး နိုင်ငံ တကာ တွင်အခြေချ၍ အတိုက်အခံအဖြစ်ရပ်တည်နေသော အဖွဲ့အစည်း များ၊ မြန်မာ တိုင်းရင်း သားတို့၏ သဘောထား ကိုသိလျက်နှင့် တဖက်သတ်ရေး သားထားခြင်းဖြစ်ပြီး၊ အခြားသော တိုင်းရင်းသားများ၊ ကမန်လူမျိုးများ၊ မြန်မာမွတ်စလင်မ်များနှင့် အငြင်းပွားအောင် ရန်တိုက်ပေးထားသော ရေးသားချက်များကို စာရေးသူမှတုန့်ပြန် ရန်ဆန္ဒအ လျင်းမရှိဘဲ၊ မည် သည့်မြန်မာနိုင်ငံသားနှင့် မဆိုပူးပေါင်း၍ နိုင်ငံတော်၏ အရေးများအားလုံးကို အခြား သောနိုင်ငံသားများနည်း တူ ရိုဟင်ဂျာလူမျိုးတို့လည်း ၀ိုင်းဝန်းဆောင် ရွက်ရန်ဆန္ဒ သာရှိပါကြောင်း သိစေအပ်ပါ သည်။
စာရေးသူသည် ရိုဟင်ဂျာအဖွဲ့အစည်းများ၊ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများနှင့်တွဲဖက်၍ လှုပ်ရှားနေသော   Activist  တစ်ဦးဖြစ်သည်။ ဆက်သွယ်လိုပါက – rohingya@gmail.com

________________________________________________________________

Wikimyanmar တွင်ရေးသားချက်

ဦးနေဝင်း(မဆလ) အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၄၄)မျိုးရှိရာမှ (၈)မျိုးဖြုတ်ချခဲ့ရာ ရိုဟင်ဂျာ (ဘင်္ဂလီ)လူ မျိုးလည်း အပါအ၀င်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ အဆိုပါလူမျိုးစုတို့ သည် ကိုလိုနီခေတ်နှင့် ပါလီမန်ခေတ်ဦးတွင် ရခိုင်ဒေသ သို့ အလုံးအရင်း ခိုးဝင်အခြေချနေထိုင်ခဲ့သည့် စစ်တကောင်းနှင့် အရှေ့ ဘင်္ဂေါဒေသ (ဘင်္ဂလားဒေ့ရှ်)မှ ဘင်္ဂလီနိုင်ငံခြား သားများဖြစ်သောကြောင့်ဖြစ် သည်။အဆိုပါလူမျိုးစု တို့ သမိုင်း အထောက် အထားမျိုးစုံဖန်တီးက တိုင်းရင်းသားအဖြစ်တောင်းဆိုခြင်း၊ သီးခြားပြည် နယ်တောင်း ဆိုခြင်းတို့ ကို လုပ်ဆောင်နေသော်လည်း ယခုဒီမိုက ရေစီ ထွန်းကား နေသော ပါတီစုံစနစ်အောက် တွင် တိုင်းရင်းသား ဆိုသောဝေါဟာရ ၏အဓိပ္ပါယ် နှင့် ဥပဒေ နှင့် သမိုင်းအထောက်အထား၊လူ့အခွင့်အရေး အရ တိုင်းရင်း သားဖြစ် မဖြစ် ပြည်လွှတ်တော် တွင် အဆုံး အဖြတ်ပေး ရလိမ့်မည်ဖြစ်သည်။့

အဆိုပါလူမျိုးစုသည် ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်အတွင်း ရာသီဥတုဆိုးရွားသော စစ်တကောင်းမြစ်ဝကျွန်းပေါ်ဒေသမှ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် ၊ကျောက်တော် ၊မြောက်ဦး၊ ရသေ့တောင်၊မင်းပြား၊စစ်တွေ၊သံတွဲနှင့် ရမ်းဗြဲ၊ကျောက်ဖြူဒေ သများသို့  တစစစိမ့် ၀င်ပြောင်းရွေ့ လာသော များပြားသည့် တရားမ၀င်ခိုးဝင် အခြေချသူ များဖြစ်ကြသည်။ဖဆပလ၏ ပါလီမန်ရွေးကောက် ပွဲကာလအတွင်း ရခိုင်ဒေသမဲ ဆန္ဒနယ် တွင် အသာစီးမရခဲ့သည့် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၏ မဲနိုင်ရန်ကြိုးပမ်းမှု တစိတ်တဒေသအဖြစ် အဆိုပါ နိုင်ငံခြားသားများအား မဲပေးခွင့်ပြုခဲ့ သည်မှ အစပြု၍ အဆိုပါလူမျိုးစု တို့ ၏ မြန်မာနိုင်ငံအပေါ်ခြေကုပ်ယူမည့် မျှော်လင့်ချက်တို့ ကို ပိုမိုရင့်သန်စေ ခဲ့သည်။ရခိုင် ဘုရင်များလက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတို့ ကို ဌာနေတိုင်းရင်း သားအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း အဆိုပါ ဘင်္ဂလီလူမျိုးတို့ ကို ရခိုင်ဘုရင် အဆက်ဆက်၊ အစိုးရအဆက်ဆက် နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ချေ။ဗြိတိသျှကိုလိုနီအဖြစ် အိန္ဒိယနှင့်မြန် မာပြည်ကို တပေါင်းတည်း အုပ်ချုပ်ခဲ့စဉ်ကာလက တံခါးမရှိ၊ဓားမရှိဝင် ထွက်သွားလာခွင့် ရခဲ့သည် ကို အခွင့်အရေးယူ၍ မြေလွတ်မြေရိုင်းနှင့် သဘာဝအရင်း အမြစ်ပေါကြွယ် လှသည့် ရခိုင်ဒေသ သို့ ပြောင်းရွေ့ အခြေချခဲ့ကြသည့် အဆိုပါလူမျိုးတို့ သည် မျိုးဆက်တစ် ဆက်နှစ် ဆက်ဖြတ် သန်းပြီးနောက် အဆိုပါဒေသကို သူတို့ ၏ ကိုယ်ပိုင်ဒေသအဖြစ် အစ္စလာမစ်ဥပဒေ ကျင့် သုံး၍ အုပ်ချုပ်ခွင့် ရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာသောအခါ ဒေသခံ ရခိုင်လူမျိုးတို့ နှင့် များစွာသော ပဋိပက္ခတို့ ကို ဖြစ်ပွားစေခဲ့သည်။ယခုတိုင်ခွဲထွက်ရေးအတွက် လက်နက်စွဲ ကိုင်တိုက်ပွဲ ၀င်နေကြသည့် အစုအဖွဲ့ တို့ ရှိနေသကဲ့သို့  အနောက်နိုင်ငံများ တွင် ပြောင်းရွေ့  အခြေချကာ အာရပ်အုပ်စု ၏ထောက်ပံ့မှုဖြင့်   ဒေသတွင်း မတည်ငြိမ်မှုများ စွာကို ဖန်တီးကာ နိုင်ငံရေးနည်းဖြင့် ခွဲထွက်ရေးကို ဖန်တီးအားထုတ်နေကြသည့် ပုဂ္ဂိုလ်အများ အပြား လည်း ရှိနေကြသည်။အဆို ပါပုဂ္ဂိုလ်တို့ ကြောင့် နိုင်ငံတော်အစိုးရက နဂါးမင်းစစ် ဆင်ရေး ကိုဆင်နွှဲကာ တရားမ၀င်နိုင်ငံခြားသားများကို မောင်းထုတ်ခဲ့ရသည်။သို့ သော် ထိုလူမျိုးစု ၏ မူလဇစ်မြစ်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံ သားအဖြစ်အသိ အမှတ်မပြုသော အခါ နိုင်ငံမဲ့လူမျိုးများအဖြစ် ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် ယခုတိုင် အခြေချနေထိုင်နေကြရသည်။.ခုချိန်ထိ မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံသားအဖြစ်အသိအမှတ်ပြုမခံရသည့် ဘင်္ဂလီဦးရေ တစ်သန်းခွဲခန့် ဆက်လက်ကျန်ရှိနေသေးသည်။အဆိုပါလူမျိုးစုတို့ ၏ အိမ်ထောင် ဘက်မြောက်မြားစွာယူခြင်း၊မျိုးဆက်ပွားမှု မြင့်မားခြင်းတို့ ကြောင့် ဒေသတွင်း လူဦးရေမှာ တစ်နှစ်ထက် တစ်နှစ်အဆမတန်မြင့်တက်လျှက်ရှိနေသည်။လူဦးရေထူထပ်လာခြင်းကြောင့် အသက်မွေး ၀မ်းကျောင်းရန် ခက်ခဲလာသည့်အတွက် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဘင်္ဂလီတို့ သည် ကပ္ပလီပင် လယ်ပြင်ကိုဖြတ်သန်း၍ မလေးရှားနိုင်ငံနှင့် သြစတြေးလျှ၊န ယူးဇီလန် စသည့် နိုင်ငံများသို့  သက်စွန့် ဆံဖျား ဒုက္ခသည်အဖြစ်လျှောက်ထားရန် ခိုးဝင်လျှက် ရှိနေကြသည်။တဘက်တွင်လည်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ၏ လာဒ်ပေးလာဒ်ယူမှုဖြင့် မြန်မာနိုင်ငံသားဖြစ်လာသူ အမြောက်အမြားရှိနေဆဲဖြစ်သည်။ အစ္စလာမ် ဘာသာ ကို ကိုးကွယ်ခြင်းကြောင့် မဟုတ်ပဲ အဆိုပါလူမျိုးစုတို့ ၏ စရိုက်သ ဘာဝနှင့် ခေတ် အဆက် ဆက်တင် ရှိခဲ့သော လူမျိုးရေးရန်ငြိုးများကြောင့် ရိုဟင်ဂျာပြ သနာသည် ရခိုင်ဒေသ ၏တည်ငြိမ်အေးချမ်းရေးကို အဆိုးဆုံးခြိမ်းခြောက်နေသော အမျိုးသားရေးပြသနာ ဟု   နိုင်ငံရေးစောင့်ကြည့်လေ့  လာသူများက ဆိုကြသည်။ ယနေ့ ချိန်ထိ ရခိုင်ပြည်နယ်မှ အစ္စလာမ်  ဘာသာဝင် များဖြစ်သော ကမန်လူမျိုးစု များနှင့် မြန်မာပြည်မ ရှိ မြန်မာမူဆလင် လူမျိုးများ ကိုယ်တိုင် အဆိုပါလူမျိုးစုကို မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုခြင်း မရှိသေးချေ။

ရည်ညွှန်းကိုးကား

၁။-(၁၈-၇-၁၉၆၁)ခုနေ့ထုတ်တပ်မတော်ခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂-၅၈) ၂။-(၈-၈-၁၉၆၁) ခုနေ့ထုတ်တပ်မတော်ခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊

၃။-တိုင်းရင်းသားလူမျိုးးစုပါတီသတင်းလွှာ(ကင်းလွှတ်ခွင့်အမှတ်-န/သ – ၀၈၅) ၊၃၁-၁၂-၁၉၈၉ ၄။-ရခိုင် ရာဇ၀င် ။ အောင်သာဦး ၅။-စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု ၆။-အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅ ၇။-မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅ ၈။မင်းရာဇာကြီး (mornrazagree.blogspot.com) ၉။anti-rohingha.blogspot.com